Mirror Novel MyanmarMIRRORNOVEL← All Novels
ဝိုင်သောက်ရင်းနဲ့ ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းမယ်

ဝိုင်သောက်ရင်းနဲ့ ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းမယ်

100 chapters· Ongoing· ★ 7.6
SystemXuanhuan

လင်းရီဟာ ဝိညာဉ်ကမ္ဘာကို ကူးပြောင်းလာပြီးနောက်မှာ "ဝိုင်ဝိညာဉ်စနစ်" ကို ရရှိခဲ့ပါတယ်။ တခြားသူတွေက ပင်ပင်ပန်းပန်း ကျင့်ကြံနေရချိန်မှာ ၊ သူကတော့ ဝိုင်သောက်ရုံနဲ့တင် ထာဝရရှင်သန်နိုင်မယ့် အခွင့်အရေးကို ရခဲ့တာပါ သေမျိုးလောကမှာ မွေးဖွားလာတဲ့ လင်းရီဟာ အသက် (၁၆) နှစ်အရွယ်မှာတင် လောကရဲ့အကောင်းဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး သိုင်းလောကရဲ့ ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ တာ့ချန်သိုင်းလောကရဲ့ အင်အားအကြီးမားဆုံး အဖွဲ့အစည်းဖြစ်တဲ့ 'ရီကွမ်အဖွဲ့' ကို တည်ထောင်ခဲ့တယ်... ဒါပေမဲ့ ဒီလိုအောင်မြင်မှုတွေရလာတဲ့အခါ သေမျိုးလောကမှာရှိတဲ့ သာမန်ဝိုင်တွေက သူ့အတွက် အရသာမရှိတော့ဘူး ၊ ဒါကြောင့် သိုင်းလောကကနေ အနားယူပြီး ချင်ဖိန်မြို့လေးမှာ ဝိုင်ရောင်းတဲ့သူအဖြစ် အေးအေးလူလူ နေထိုင်ခဲ့ပါတယ် ၊ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ ၊ အကောင်းဆုံး ဝိုင်တွေချက်မယ်၊ ပြီးရင် အင်မော်တယ်တွေကို ဖမ်းဆီးမယ်ဆိုတဲ့ ရည်မှန်းချက်ပါပဲ... ကြိုးစားသူကို ကောင်းကင်ဘုံက မျက်နှာသာပေးတယ် ဆိုတဲ့စကားအတိုင်း ၊ နတ်ဘုရားဝိုင်တစ်အိုးက သူ့အတွက် ထာဝရရှင်သန်ခြင်း ကံကြမ္မာကို ယူဆောင်လာပေးခဲ့ပြီး ကျင့်ကြံခြင်းလောကရဲ့ တံခါးဝကို ဖွင့်လှစ်ပေးခဲ့ပါတယ် အဲဒီအချိန်ကစပြီး လင်းရီရဲ့ မျက်စိရှေ့မှာ ထူးဆန်းပြီး အရောင်အသွေးစုံလင်လှတဲ့ ကျင့်ကြံသူတွေရဲ့ကမ္ဘာကြီး ထွက်ပေါ်လာတော့တယ်... ဒီကမ္ဘာသစ်ကြီးထဲမှာ... သီချင်းတွေကို အော်ဟစ်သီဆိုရင်း ငိုကြွေးတတ်ပေမယ့် သူတို့ရဲ့ဝိညာဉ်စွမ်းအင်တွေက မိုင်ပေါင်းသုံးသောင်းအထိ လွှမ်းခြုံနိုင်တဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေ.... ကောင်းကင်က ပန်းတစ်ပွင့်အတွက်နဲ့ ၊ မနက်ခင်းမှာ သမုဒ္ဒရာကိုဖြတ် ညနေခင်းမှာ ချန်ဝူဒေသကို ရောက်အောင်သွားနိုင်တဲ့ ဓားပျံသိုင်းသမားတွေ.... အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားတတ်ပေမယ့် ဝတ်စုံအောက်မှာ မြွေအကြေးခွံတွေရှိပြီး ရွှေတောင်ကြီးကိုတောင် ရေလွှမ်းမိုးပစ်နိုင်တဲ့ အမျိုးသမီး.... မိစ္ဆာလမ်းစဉ်၊ မှော်လမ်းစဉ်ဆိုပြီး ခွဲခြားနေတာတွေကို လှောင်ပြောင်ပြီး ကောင်းကင်နဲ့မြေကြီးကြားမှာ သူတစ်ပါးတည်းသာ အထွတ်အထိပ်လို့ ခံယူထားတဲ့ နတ်ဆိုးစစ်စစ်တွေ... ဒါပေမဲ့ လင်းရီကတော့ ခွက်ထဲမှာကျန်နေတဲ့ ဝိုင်ကို မော့သောက်လိုက်ရင်း ၊ ဒီကျယ်ပြန့်လှတဲ့ ကမ္ဘာသစ်ကြီးထဲကို ပျော်ပျော်ကြီး ဝင်ရောက်လာခဲ့တယ် သူ့ရဲ့ခရီးစဉ်မှာ ရေသူမလေးရဲ့ မျက်ရည်တွေက ဝိုင်ထဲကို စီးဝင်သွားသလိုမျိုး၊ ဝမ်းနည်းကြေကွဲမှုတွေကလည်း လည်ချောင်းထဲကို စီးဆင်းသွားတယ်... နောက်ဆုံးမှာတော့ လောကရဲ့ အဆိပ်ငါးပါး၊ ရမ္မက်ခြောက်ပါး၊ စိတ်ခံစားမှုခုနစ်ပါး၊ ဆင်းရဲဒုက္ခရှစ်ပါး၊ အခက်အခဲကိုးပါးနဲ့ ဘေးအန္တရာယ်ဆယ်ပါး စတဲ့ လောကဓံတရားတွေအားလုံးကို ဝိုင်အဖြစ် ပြောင်းလဲချက်လုပ်နိုင်တယ်ဆိုတာကို သူသဘောပေါက်သွားခဲ့တယ်.. နှစ်ပေါင်းထောင်ချီ ကြာသွားချိန်မှာတော့ တိမ်တိုက်တွေရဲ့အစွန်းမှာ တစ်ယောက်တည်း ထိုင်ရင်း ရယ်မောသီချင်းဆိုနေတဲ့ လင်းရီကို တွေ့ရမှာပါ... "တောင်တန်းနဲ့ မြစ်တွေအတွက် တစ်ခွက်သောက်မယ်.... နေနဲ့လကို ဝါးမျိုဖို့အတွက် နောက်တစ်ခွက်ထပ်သောက်မယ်...ဝိုင်ခွက်တစ်ထောင်သောက်လည်း ငါမမူးဘူး.. ငါဟာ ဝိုင်အင်မော်တယ်ပဲ" ဘာသာပြန်သူ၏မှတ်ချက်။ ။ ဒီဝတ္ထုက သိုင်းလောကနဲ့ ကျင့်ကြံခြင်းလောကကို အခြေခံထားပေမယ့် ဇာတ်လိုက်ဖြစ်သူ လင်းရီရဲ့ အေးအေးဆေးဆေးနဲ့ လောကကြီးကို ဝိုင်တစ်ခွက်နဲ့ အံတုသွားတဲ့ ပုံစံက တော်တော်လေး ဆွဲဆောင်မှုရှိပါတယ် ၊ လောကဓံတရားတွေကို ဝိုင်အဖြစ် ချက်လုပ်တယ်ဆိုတဲ့ ဒဿနဆန်ဆန် အတွေးအခေါ်တွေအပြင်၊ ကျင့်ကြံခြင်းလောကရဲ့ ထူးခြားဆန်းကြယ်တဲ့ ဇာတ်ကောင်တွေကြောင့် ပုံမှန် တိုက်ခိုက်မှုတွေချည်းပဲ ဖတ်ရတာထက် ပိုပြီးခံစားမှုရသစုံလင်မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

Chapters (100)

Vol. 1 Ch. 1-2အခန်း (၁-၂)Vol. 1 Ch. 3-4အခန်း (၃-၄)Vol. 1 Ch. 5-6အခန်း (၅-၆)Vol. 1 Ch. 7-8အခန်း (၇-၈)Vol. 1 Ch. 9-10အခန်း (၉-၁၀)Vol. 2 Ch. 11-12အခန်း (၁၁-၁၂)Vol. 2 Ch. 13-14အခန်း (၁၃-၁၄)Vol. 2 Ch. 15-16အခန်း (၁၅-၁၆)Vol. 2 Ch. 17-18အခန်း (၁၇-၁၈)Vol. 2 Ch. 19-20အခန်း (၁၉-၂၀)Vol. 3 Ch. 21-22အခန်း (၂၁-၂၂)Vol. 3 Ch. 23-24အခန်း (၂၃-၂၄)Vol. 3 Ch. 25-26အခန်း (၂၅-၂၆)Vol. 3 Ch. 27-28အခန်း (၂၇-၂၈)Vol. 3 Ch. 29-30အခန်း (၂၉-၃၀)Vol. 4 Ch. 31-32အခန်း (၃၁-၃၂)Vol. 4 Ch. 33-34အခန်း (၃၃-၃၄)Vol. 4 Ch. 35-36အခန်း (၃၅-၃၆)Vol. 4 Ch. 37-38အခန်း (၃၇-၃၈)Vol. 4 Ch. 39-40အခန်း (၃၉-၄၀)Vol. 5 Ch. 41-42အခန်း (၄၁-၄၂)Vol. 5 Ch. 43-44အခန်း (၄၃-၄၄)Vol. 5 Ch. 45-46အခန်း (၄၅-၄၆)Vol. 5 Ch. 47-48အခန်း (၄၇-၄၈)Vol. 5 Ch. 49-50အခန်း (၄၉-၅၀)Vol. 6 Ch. 51-52အခန်း (၅၁-၅၂)Vol. 6 Ch. 53-54အခန်း (၅၃-၅၄)Vol. 6 Ch. 55-56အခန်း (၅၅-၅၆)Vol. 6 Ch. 57-58အခန်း (၅၇-၅၈)Vol. 6 Ch. 59-60အခန်း (၅၉-၆၀)Vol. 7 Ch. 61-62အခန်း (၆၁-၆၂)Vol. 7 Ch. 63-64အခန်း (၆၃-၆၄)Vol. 7 Ch. 65-66အခန်း (၆၅-၆၆)Vol. 7 Ch. 67-68အခန်း (၆၇-၆၈)Vol. 7 Ch. 69-70အခန်း (၆၉-၇၀)Vol. 8 Ch. 71-72အခန်း (၇၁-၇၂)Vol. 8 Ch. 73-74အခန်း (၇၃-၇၄)Vol. 8 Ch. 75-76အခန်း (၇၅-၇၆)Vol. 8 Ch. 77-78အခန်း (၇၇-၇၈)Vol. 8 Ch. 79-80အခန်း (၇၉-၈၀)Vol. 9 Ch. 81-82အခန်း (၈၁-၈၂)Vol. 9 Ch. 83-84အခန်း (၈၃-၈၄)Vol. 9 Ch. 85-86အခန်း (၈၅-၈၆)Vol. 9 Ch. 87-88အခန်း (၈၇-၈၈)Vol. 9 Ch. 89-90အခန်း (၈၉-၉၀)Vol. 10 Ch. 91-92အခန်း (၉၁-၉၂)Vol. 10 Ch. 93-94အခန်း (၉၃-၉၄)Vol. 10 Ch. 95-96အခန်း (၉၅-၉၆)Vol. 10 Ch. 97-98အခန်း (၉၇-၉၈)Vol. 10 Ch. 99-100အခန်း (၉၉-၁၀၀)Vol. 11 Ch. 101-102အခန်း (၁၀၁-၁၀၂)Vol. 11 Ch. 103-104အခန်း (၁၀၃-၁၀၄)Vol. 11 Ch. 105-106အခန်း (၁၀၅-၁၀၆)Vol. 11 Ch. 107-108အခန်း (၁၀၇-၁၀၈)Vol. 11 Ch. 109-110အခန်း (၁၀၉-၁၁၀)Vol. 12 Ch. 111-112အခန်း (၁၁၁-၁၁၂)Vol. 12 Ch. 113-114အခန်း (၁၁၃-၁၁၄)Vol. 12 Ch. 115-116အခန်း (၁၁၅-၁၁၆)Vol. 12 Ch. 117-118အခန်း (၁၁၇-၁၁၈)Vol. 12 Ch. 119-120အခန်း (၁၁၉-၁၂၀)Vol. 13 Ch. 121-122အခန်း (၁၂၁-၁၂၂)Vol. 13 Ch. 123-124အခန်း (၁၂၃-၁၂၄)Vol. 13 Ch. 125-126အခန်း (၁၂၅-၁၂၆)Vol. 13 Ch. 127-128အခန်း (၁၂၇-၁၂၈)Vol. 13 Ch. 129-130အခန်း (၁၂၉-၁၃၀)Vol. 14 Ch. 131-132အခန်း (၁၃၁-၁၃၂)Vol. 14 Ch. 133-134အခန်း (၁၃၃-၁၃၄)Vol. 14 Ch. 135-136အခန်း (၁၃၅-၁၃၆)Vol. 14 Ch. 137-138အခန်း (၁၃၇-၁၃၈)Vol. 14 Ch. 139-140အခန်း (၁၃၉-၁၄၀)Vol. 15 Ch. 141-142အခန်း (၁၄၁-၁၄၂)Vol. 15 Ch. 143-144အခန်း (၁၄၃-၁၄၄)Vol. 15 Ch. 145-146အခန်း (၁၄၅-၁၄၆)Vol. 15 Ch. 147-148အခန်း (၁၄၇-၁၄၈)Vol. 15 Ch. 149-150အခန်း (၁၄၉-၁၅၀)Vol. 16 Ch. 151-152အခန်း (၁၅၁-၁၅၂)Vol. 16 Ch. 153-154အခန်း (၁၅၃-၁၅၄)Vol. 16 Ch. 155-156အခန်း (၁၅၅-၁၅၆)Vol. 16 Ch. 157-158အခန်း (၁၅၇-၁၅၈)Vol. 16 Ch. 159-160အခန်း (၁၅၉-၁၆၀)Vol. 17 Ch. 161-162အခန်း (၁၆၁-၁၆၂)Vol. 17 Ch. 163-164အခန်း (၁၆၃-၁၆၄)Vol. 17 Ch. 165-166အခန်း (၁၆၅-၁၆၆)Vol. 17 Ch. 167-168အခန်း (၁၆၇-၁၆၈)Vol. 17 Ch. 169-170အခန်း (၁၆၉-၁၇၀)Vol. 18 Ch. 171-172အခန်း (၁၇၁-၁၇၂)Vol. 18 Ch. 173-174အခန်း (၁၇၃-၁၇၄)Vol. 18 Ch. 175-176အခန်း (၁၇၅-၁၇၆)Vol. 18 Ch. 177-178အခန်း (၁၇၇-၁၇၈)Vol. 18 Ch. 179-180အခန်း (၁၇၉-၁၈၀)Vol. 19 Ch. 181အခန်း ၁၈၁Vol. 19 Ch. 182အခန်း ၁၈၂Vol. 19 Ch. 183အခန်း ၁၈၃Vol. 19 Ch. 184အခန်း ၁၈၄Vol. 19 Ch. 185အခန်း ၁၈၅Vol. 19 Ch. 186အခန်း ၁၈၆Vol. 19 Ch. 187အခန်း ၁၈၇Vol. 19 Ch. 188အခန်း ၁၈၈Vol. 19 Ch. 189အခန်း ၁၈၉Vol. 19 Ch. 190အခန်း ၁၉၀