← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁) သောက်ကျိုးနည်း... ဖုန်းလိုင်ဆေးလုံးတစ်လုံး အလကား ရတော့မလို့

တာအို၏ စည်းတံဆိပ်ကဲ့သို့ ရွှေရောင်စာလုံးများ ကျဆင်းလာပြီး လင်းရီ၏ နှလုံးသားနှင့် စိတ်ကို တုန်လှုပ်သွားစေခဲ့၏။

ထို့အပြင် ကြီးမားလှသော သတင်းအချက်အလက် အမြောက်အမြားသည် လင်းရီ၏ မှတ်ဉာဏ်ထဲသို့ ပေါင်းစပ်ဝင်ရောက်လာခဲ့လေသည်။

နတ်ဘုရားခရီးစဉ်။

ပျော်ရွှင်စွာယစ်မူးခြင်း တစ်ကြိမ် သောက်လိုက်ရုံဖြင့် ကောင်းကင်နှင့် မြေကြီးကြားတွင် နတ်ဘုရားခရီးစဉ်ကို သွားလာနိုင်ပြီး စိတ်ရောက်သည့်နေရာသို့ ခန္ဓာကိုယ်ပါ ရောက်ရှိကာ နေရာနှင့် အချိန်၏ ကန့်သတ်ချက်များကို လျစ်လျူရှုနိုင်လေသည်။

နောက်ထပ် အကျိုးသက်ရောက်မှုက ဝိုင်သောက်ခြင်းက အစစ်အမှန်ချီကို အားဖြည့်ပေးနိုင်သည်။

ဝိုင်ချက်နည်း - စစ်မှန်သော တစ်ခုတည်းသောဝိုင်။

အဆင့် - လိမ္မော်ရောင်။

မှတ်ချက် - အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာနု၊ အပြာ၊ ခရမ်း၊ ရွှေရောင်။

"စိတ်ရောက်တဲ့နေရာကို ခန္ဓာကိုယ်ပါ ရောက်နိုင်ပြီး နေရာနဲ့ အချိန်ရဲ့ ကန့်သတ်ချက်တွေကို လျစ်လျူရှုနိုင်တယ် ဟုတ်လား..."

လင်းရီ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး မြေအောက်ကမ္ဘာတားမြစ်နယ်မြေကို မတွေးဘဲ မနေနိုင်တော့ချေ။

ဝှစ်။

လင်းရီက မြေအောက်ကမ္ဘာ တားမြစ်နယ်မြေအကြောင်း တွေးလိုက်သည်နှင့် သူ၏ နတ်ဘုရား စိတ်အာရုံ အနည်းငယ် တုန်ခါသွားပြီးနောက် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ၏ ဝိညာဉ်ပင်လယ်ထဲမှ ခုန်ထွက်သွားကြောင်းကို လင်းရီ တွေ့ရှိလိုက်ရလေသည်။

နောက်တစ်ခဏတွင် လင်းရီသည် မြေအောက်ကမ္ဘာ တားမြစ်နယ်မြေ အတွင်းရှိ ရှေးဟောင်းလက်ဖက်ပင်အောက်သို့ ရောက်ရှိသွားခဲ့၏။

"ဒါက နတ်ဘုရားခရီးစဉ်ရဲ့ စွမ်းအားလား..."

လင်းရီသည် ရှေးဟောင်း လက်ဖက်ပင်နှင့် ထိုအပင်ပေါ်တွင် ချိတ်ဆွဲခံထားရဆဲဖြစ်သော ထန်ကျင်းကျုံးကို ကြည့်ကာ သူ၏ အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။

မြေအောက်ကမ္ဘာ တားမြစ်နယ်မြေသည် အရှေ့ပင်လယ်နှင့် သိပ်မဝေးသော်လည်း အဆင့်ဆယ် တိမ်တိုက်လှေကား ဝင်္ကပါပြားဖြင့်ပင်လျှင် ရောက်ရှိရန် သုံးကြိမ်တိုင်တိုင် ရွှေ့ပြောင်းပေးရလေသည်။

အကယ်၍ ကျင့်ကြံသူ တစ်ယောက်၏ ခြေလျင်အမြန်နှုန်းဖြင့် တိုင်းတာမည်ဆိုလျှင် တိမ်တိုက်များအဆုံးရှိ တောရိုင်းဒေသဟု ခေါ်ဆိုနိုင်ပေသည်။

ယခုအခါ လင်းရီသည် အတွေးတစ်ချက်ဖြင့်ပင် တားမြစ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ပြီ ဖြစ်၏။

သူ ဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်မည်နည်း။

"အဘိုးကြီးစုတ် နှစ်ယောက်.."

“ခင်ဗျားတို့ကို မှတ်ထားတယ်..."

ထန်ကျင်းကျုံးသည် လင်းရီကို လုံးဝ မမြင်ရပုံပေါ်ပြီး တီးတိုးဆဲရေးနေဆဲဖြစ်သည်။

ထိုမသေတဲ့ အဘိုးကြီးနှစ်ယောက်က သူ့ကို ဘာလို့ ဆက်ထားချင်နေတာလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်၏။

သူတို့တစ်ယောက်ချင်းစီ၏ စိတ်ဓာတ်က အပ်ပေါက်လောက်သာရှိ၏။

သူတို့က သူ့ကို ရိုက်ချင်လို့ အချိန်ဆွဲနေခဲ့ကြခြင်းဖြစ်၏။

ရွှတ်။

ထန်ကျင်းကျုံး စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အင်မော်တယ်နန်းတော်အတွင်းမှ တံခါးပျဉ်ပြားနှစ်ချပ် ပျံသန်းထွက်ပေါ်လာပြီး တစ်ချပ်ပြီးတစ်ချပ် ထန်ကျင်းကျုံး၏ နဖူးကို ရိုက်ခတ်သွားကာ သူ့ကို အဆက်မပြတ် အော်ဟစ်သွားစေခဲ့လေသည်။

"ငါတို့က နားပင်းနေတာ မဟုတ်ဘူး..."

"ရှောင်ထန်... ငါတို့က မင်း ကောင်းဖို့အတွက် လုပ်ပေးနေတာ..."

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးနှင့် မြေအောက်ကမ္ဘာ ဘိုးဘေးတို့၏အသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့၏။

"ကျွန်တော် နောက်မလုပ်ရဲတော့ပါဘူး..."

"ဘိုးဘေးတို့.. ကျွန်တော်မှားသွားပါပြီ၊ နောက်မလုပ်ရဲတော့ပါဘူး..."

ထန်ကျင်းကျုံးက အလျင်အမြန် တောင်းပန်လိုက်သည်။

"အမှားကို ပြင်ဖို့ဆိုတာ ပိုကောင်းလာအောင် ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိရမယ်..."

"ရှောင်ထန်... လာ၊ ဒီလက်ဖက်ရည် တစ်ခွက်ကို သောက်လိုက်..."

ဤအချိန်တွင် အနက်ရောင်ဝတ်ရုံဝတ် တာအိုကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်နန်းတော်အတွင်းမှ ထွက်လာပြီး လင်းရီကို လျစ်လျူရှုကာ လက်ဖက်ရည် တစ်ခွက်ကို ကိုင်ဆောင်ပြီး ထန်ကျင်းကျုံး၏ ရှေ့သို့ ရောက်လာခဲ့၏။

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေး။

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးသည် တကယ့်ကို အံ့မခန်း ပါရမီရှင် ဖြစ်သည်။ ခုနစ်ရက်အတွင်းမှာပင် သူ၏ သရဲတာအိုမှာ အခြေခံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယင်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကိုပင် စုစည်းနိုင်ခဲ့ပြီ ဖြစ်၏။

သူသည် သက်ရှိလူသားတစ်ယောက်နှင့် တူနေပြီ ဖြစ်သည်။

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေး ၏ လက်ထဲရှိ လက်ဖက်ရည်မှာ မွှေးကြိုင်သော ရနံ့ရှိပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ကောင်းကင်နဲ့မြေကြီး ရတနာတစ်ခုခုဟု ထင်ရသော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် ၎င်းအတွင်း၌ အလွန် အားကောင်းသော သေခြင်းတာအို ပါဝင်နေကြောင်းကို တွေ့ရှိနိုင်သည်။

"ဒါက သေခြင်းတာအို လက်ဖက်ရည် လား..."

ထန်ကျင်းကျုံးသည် တတိယမြောက် မျိုးဆက် ဘိုးဘေး၏ လက်ထဲရှိ လက်ဖက်ရည်ကို ကြည့်ကာ အံ့အားသင့်သွားခဲ့၏။

ဒါက အပေါ်ယံ အခွံကိုပဲ ပြောင်းထားတာလေ၊ အတွင်းက အရာဝတ္ထုတွေက မပြောင်းလဲဘူး။

ထန်ကျင်းကျုံးသည် ဤအရာကို ယခင်က မြင်ဖူးခဲ့သည်။

ထိုစဉ်က ထန်ကျင်းကျုံးသည် သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါး အတွင်းသို့ ဝင်ရောက်ခဲ့စဉ်က ထိုသေခြင်းတာအိုဝိုင် သတ္တမမြောက်ခွက် မတိုင်မီမှာပင် ရှုံးနိမ့်သွားခဲ့ရ၏။

ဤအရာသည် သက်ရှိအားလုံးကို အဆိပ်သင့်စေနိုင်စွမ်းရှိသော သေခြင်းတာအို၏ အသန့်စင်ဆုံး သရုပ်ဖော်မှုပင် ဖြစ်သည်။

တတိယမြောက် မျိုးဆက် ဘိုးဘေးသည် သေခြင်းရှင်ခြင်း လမ်းစဉ်ကို မဟာပြီးပြည့်စုံခြင်းအထိ အောင်မြင်ထားသူဖြစ်ရာ သေခြင်းနှင့် ရှင်သန်ခြင်းကို သဘာဝကျကျ ပြောင်းပြန်လှန်နိုင်ပြီး သေခြင်းတာအို လက်ဖက်ရည်ကို ရှင်သန်ခြင်းတာအို လက်ဖက်ရည်အဖြစ် ပြောင်းလဲနိုင်ပေသည်။

သို့သော် ထန်ကျင်းကျုံးတွင် ထိုစွမ်းရည် မရှိချေ။

အကယ်၍ သူသာ ဒါကို သောက်လိုက်မယ်ဆိုရင် သူ သေချာပေါက် သေသွားမှာ မဟုတ်ဘူးလား။

"မှန်တယ်..."

"ဒါက သေခြင်းတာအို လက်ဖက်ရည်ပဲ..."

"မင်း ဒီလက်ဖက်ရည်ကို သောက်လိုက်တာနဲ့ မင်း ငါ့ကို ရိုက်ခဲ့တဲ့ကိစ္စ ကျေပြီလို့ သတ်မှတ်လိုက်မယ်၊ ဘယ်လိုလဲ..."

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေးက ထန်ကျင်းကျုံးအား မကောင်းဆိုးဝါး အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကျုပ် မသောက်ဘူး..."

ခင်ဗျားကျုပ်ကို သေတဲ့အထိ ရိုက်ချင် ရိုက်လိုက်၊ ဒါပေမဲ့ ကျုပ် လုံးဝ မသောက်ဘူး..."

ထန်ကျင်းကျုံးက ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်၏။

သေရုံပဲဟုတ်လား။

အဲဒီလောက် ရိုးရှင်းရင် ကောင်းတာပေါ့။

ဒီသရဲအဘိုးကြီးနှစ်ကောင် ပေါင်းပြီးသွားတဲ့နောက်မှာ ဒီသေခြင်းတာအို လက်ဖက်ရည်က ဘယ်လိုမျိုး အသွင်ပြောင်းသွားပြီလဲဆိုတာကို ဘုရားပဲ သိလိမ့်မယ်။

သူက အသက်ရှင်လို့လည်း မရ၊ သေလို့လည်းမရတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်။

"သောက်တာ မသောက်တာ မင်းသဘောပဲ..."

"အတိုချုပ်ပြောရရင် ငါက လက်ဖက်ရည်ကို ဒီမှာ ထားခဲ့မယ်..."

"မင်း အဲဒါကို သောက်လိုက်တဲ့အချိန်မှာ ငါ မင်းကို အောက်ချပေးမယ်... အဲဒီအချိန် မတိုင်ခင်အထိတော့ တစ်ရက်ကို သုံးချက် အတီးခံရမယ်..."

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေးက လှည့်ထွက်သွားသည်။

"ခင်ဗျားဆီက တစ်ရက်ကို သုံးချက် အတီးခံရတာကမှ ပိုကောင်းဦးမယ်..."

“ခင်ဗျား ကျုပ်ကို သေတဲ့အထိ ရိုက်နိုင်မယ်လို့ ကျုပ် မယုံဘူး..."

ထန်ကျင်းကျုံးက သွားတင်းတင်းကြိတ်ကာ ပြောလိုက်ပြီး သူ၏ ခေါင်းမာသော စိတ်ကလည်း ထကြွလာခဲ့၏။

"နတ်ဘုရားခရီးစဉ် ရဲ့ အောက်မှာ ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ် ကျင့်ကြံသူတွေတောင် ငါ့ကို မမြင်နိုင်ဘူးပဲ..."

လင်းရီ၏ နှလုံးသားထဲတွင် လှုပ်ရှားသွားခဲ့သည်။

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေးသည် သရဲ တာအို သို့ ယခုလေးတင်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး သူ၏ တာအိုကျင့်ကြံခြင်းမှာ ပြန်လည် မနာလန်ထူသေးသဖြင့် သူ၏ ကျင့်ကြံခြင်းမှာ ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ်သို့ မရောက်သေးချေ။

သို့သော် ထန်ကျင်းကျုံးမှာမူ ကွာခြားလေသည်။ သူသည် ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ်သို့ ယခုလေးတင်မှ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း သေခြင်းရှင်ခြင်း မဟာတာအိုကို ကျင့်ကြံထားသဖြင့် သာမန်ကပ်ဘေးချိုးဖျက်ခြင်းနယ်ပယ် ကျင့်ကြံသူများထက် များစွာ ပိုမို အာရုံခံနိုင်စွမ်း ရှိသော်လည်း လင်းရီကို မမြင်တွေ့နိုင်သေးချေ။

ဤအချိန်တွင် လင်းရီသည် အနက်ရောင် ဝတ်ရုံဝတ် သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေးကို ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် နောက်ပြောင်လိုစိတ် တစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူက လျှပ်တစ်ပြက်အတွင်းမှာပင် သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေး၏ ရှေ့သို့ ရောက်ရှိသွားပြီး ဘိုးဘေး တမင်တကာ မွေးထားသော လှပသည့် မုတ်ဆိတ်မွေးများကို လှမ်းဆွဲလိုက်လေသည်။

"ဟင်..."

လင်းရီ လှုပ်ရှားလိုက်သည်နှင့် သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေးက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး သူ၏ ပုံရိပ်မှာ လျှပ်တစ်ပြက်အတွင်း ကျန်းတစ်ရာ အကွာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

"ဘယ်သူမှမရှိဘူးလား..."

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးသည် သူ၏ ယခင်နေရာကို ကြည့်လိုက်ရာ အနည်းငယ် ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက သေမင်းကို ဖိတ်ခေါ်ရာမှာ ဆရာတစ်ဆူလေ။

သူ့ဘဝမှာ မရေမတွက်နိုင်တဲ့ သေခြင်းရှင်ခြင်း အခြေအနေတွေကို ကြုံတွေ့ခဲ့ဖူးပြီး အခု သရဲတာအိုထဲကို ဝင်ရောက်လာကာ သူရဲ့ကျင့်ကြံခြင်းက ပြန်လည်မနာလန်ထူသေးဘူးဆိုပေမယ့် သေခြင်းနဲ့ ရှင်သန်ခြင်းကြားက မျဉ်းကြောင်းအတွက် သူရဲ့ အလိုအလျောက် သိမြင်နိုင်စွမ်းကတော့ ပြိုင်ဘက်ကင်းနေဆဲပင်။

ကောင်းအောင်ပြောရရင် တိရစ္ဆာန်တစ်ကောင်ရဲ့ အလိုအလျောက် သိမြင်နိုင်စွမ်းမျိုးပေါ့။

ဆိုးအောင် ပြောရရင်တော့ သားရဲတစ်ကောင်ထက်တောင် ပိုပြီး သားရဲဆန်သေးတယ်။

ခုနက သူဆီကို အန္တရာယ် ချဉ်းကပ်လာတာကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလို့ မသိစိတ်အရ လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်တာပဲ။

ဒါပေမဲ့ အဲဒီမှာ ဘာမှမရှိဘူးလေ။

"ဟင်..."

သူ အံ့ဩနေဆဲမှာပင် ထိုခံစားချက်က ထပ်မံရောက်ရှိလာပြန်၏။

သူ့ကို မသိစိတ်အရ ထပ်မံ ရှောင်တိမ်းသွားစေခဲ့သည်။

သို့သော်လည်း ဘယ်သူမှ မရှိသေးချေ။

"အား..."

တတိယအကြိမ်။

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးက ရှောင်တိမ်းရန် ပျက်ကွက်သွားခဲ့၏။

ချက်ချင်းပင် သနားစရာကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မမြင်ရသော စွမ်းအားတစ်ခုက ဆွဲနှုတ်လိုက်သော မုတ်ဆိတ်မွေး အနည်းငယ်သည် သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေး၏ ရှေ့တွင် အထက်အောက် လွင့်မျောနေခဲ့သည်။

"မြေအောက်ကမ္ဘာ..."

"မြန်မြန် ထွက်လာခဲ့..."

"ဒါ တကယ်သရဲခြောက်နေတာပဲ..."

တစ်သက်လုံး ကြောက်ရွံ့မှုကို မသိခဲ့သော သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေးသည် ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

"သရဲဟုတ်လား..."

"သရဲကျင့်ကြံသူ တစ်ယောက်အနေနဲ့ မင်းက သရဲကို ကြောက်နေသေးတာလား..."

မြေအောက်ကမ္ဘာ ဘိုးဘေးမှာ စကားပြောစရာ စကားလုံးပင် မရှိတော့ဘဲ သူ့ကို မလှောင်ပြောင်ဘဲ မနေနိုင်တော့ချေ။

ကောင်းကင်နဲ့ မြေကြီးကြားမှာ အစွမ်းအထက်ဆုံး သရဲတွေအားလုံးက ဒီမှာရှိနေတာ မဟုတ်ဘူးလား။

မင်းက ဘာလို့ ဒီလောက် သတ္တိကြောင်နေရတာလဲ။

မြေအောက်ကမ္ဘာဘိုးဘေးက စကားပြောနေစဉ်မှာပင် သေခြင်းရှင်ခြင်းတံခါး ၏ တတိယမြောက်မျိုးဆက် ဘိုးဘေး၏ ရှေ့သို့ ဆင်းသက်လာခဲ့သည်။

မြေအောက်ကမ္ဘာ ဘိုးဘေးသည် သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေး၏ ရှေ့တွင် လွင့်မျောနေသော မုတ်ဆိတ်မွေးများကို ကြည့်လိုက်ရာ သူလည်း အံ့အားသင့်သွားပြီးနောက် သူ၏ နှလုံးသားထဲတွင် ဝမ်းမြောက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

လင်းရီ။

သူ၏ ရှေ့ရှိ ဤ မမြင်ရ၊ မကိုင်တွယ်ရနိုင်သော မသန့်ရှင်းသည့်အရာတွင် လင်းရီ၏ အရှိန်အဝါ ရှိနေသည်။

ဒါက စိတ်ဝင်စားစရာပဲ။

ပြိုင်ဘက်ကင်းပါရမီရှိတဲ့ ဒီကောင်လေး လင်းရီက အမြင့်ဆုံး သရဲတာအိုနည်းစနစ် တစ်ခုခုကိုများ သုတေသန လုပ်ထားတာလား။

"တောင်သခင်လင်းရီ... ရောက်နေမှတော့ ဘာလို့ ကိုယ်ထင်မပြတာလဲ..."

မြေအောက်ကမ္ဘာ ဘိုးဘေးက လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။

"တကယ့်ကို ဘိုးဘေးကို ဖုံးကွယ်ထားလို့ မရတာပဲ..."

လင်းရီက အံ့အားသင့်စွာ ရေရွတ်လိုက်သော်လည်း အပြုံးဖြင့် ပြောလိုက်၏။

ရှေးဟောင်း လက်ဖက်ပင်အောက်တွင် သေခြင်းတာအို လက်ဖက်ရည်သည် လေထဲတွင် အလိုအလျောက် မြင့်တက်လာပြီး လူတစ်ယောက်က ၎င်းကို တစ်ကျိုက်တည်း သောက်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"တောင်သခင်..."

သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံထားရသော ထန်ကျင်းကျုံးသည်လည်း အလွန် ထိတ်လန့်သွားခဲ့၏။

သူတို့ဂိုဏ်းက အရမ်းထူးခြားတယ်။

သူတို့က သေခြင်းရှင်ခြင်းကို ကျင့်ကြံကြပြီး ကြောက်ရွံ့မှု ကင်းမဲ့နေသင့်ပေမယ့် သူတို့ အားလုံးက သရဲတွေကို အနည်းငယ် ကြောက်ကြတယ်။

ပိုမှန်အောင် ပြောရရင် သူတို့က မသိရသေးတဲ့ အရာတွေကို ကြောက်ကြတာပါ။

ဒါမှမဟုတ်ရင် သရဲကျင့်ကြံသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဖြစ်တဲ့ သေခြင်းရှင်ခြင်းတံခါးရဲ့ တတိယမြောက်မျိုးဆက် ဘိုးဘေးက ဘယ်လိုလုပ် သရဲတွေကို ကြောက်နေဦးမှာလဲ။

"မင်းလား ကောင်လေး..."

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေး၏ မျက်နှာမှာ မှောင်မိုက်သွားခဲ့လေသည်။

"စီနီယာ... ဒီမျိုးဆက်သစ်က ဒီနည်းလမ်းကို အခုမှ နားလည်သွားလို့ စီနီယာ့ကို မနေနိုင်ဘဲ နောက်ပြောင်လိုက်မိတာပါ... စီနီယာ ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့..."

လင်းရီက တောင်းပန်လိုက်၏။

"နောက်တစ်ခါ ထပ်မလုပ်နဲ့..."

"ငါ့ရဲ့ဒီမုတ်ဆိတ်မွေးတွေက သေချာ ဒီဇိုင်းဆွဲထားတာ... တစ်ပင်လောက် ပျောက်သွားရင်တောင် ကြည့်မကောင်းတော့ဘူး..."

"ဒါနဲ့... ဒါက ဘယ်လို နည်းလမ်းမျိုးလဲ..."

"မင်းလည်း မင်းရဲ့ ရုပ်ခန္ဓာကို စွန့်လွှတ်ပြီး ငါတို့ သရဲကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်လာဖို့ စီစဉ်နေတာလား..."

သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက် မျိုးဆက် ဘိုးဘေးက အံ့ဩစွာ လျှာသပ်လိုက်ပြီး ဤနည်းလမ်းကို အလွန် စိတ်ဝင်စားနေကြောင်း သိသာထင်ရှားနေသည်။

"ဒုက္ခပဲ..."

ဤအချိန်တွင် လင်းရီ၏ နှလုံးသား တုန်ခါသွားပြီး သူ၏ အတွေးတစ်ချက်ဖြင့် သူ၏ နတ်ဘုရားခရီးစဉ် စွမ်းအားကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်၏။

လင်းရီ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ ရှေ့တွင် ခေါင်းခုနစ်လုံး၊ ရှစ်လုံးခန့်ကို မြင်တွေ့လိုက်ရပြီး တာလော့ဂိုဏ်းချုပ် ၊ ဖုန်းလိုင်ကျွန်းသခင်နှင့် ကျိုးယွင်တို့က အလယ်တွင် နေရာယူထားကြကာ အထူးသဖြင့် ဖုန်းလိုင်ကျွန်းသခင်မှာ လေးနက်သော အမူအရာဖြင့် သူ၏ ပါးစပ်ထဲသို့ ဖုန်းလိုင် အင်မော်တယ်ဆေးလုံးတစ်လုံးကို အတင်း ထိုးထည့်ရန် ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသည်။

အခန်း (၁၁၂) ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာခြင်း၊ သဘာဝနှင့် အသက်ကို တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်း

"စီနီယာ... အကယ်၍ ဒီ ဖုန်းလိုင် အင်မော်တယ်ဆေးလုံးကို ကျွန်တော့်လို မျိုးဆက်သစ်တစ်ယောက်အတွက် အသုံးပြုရမယ်ဆိုရင် တကယ့်ကို နှမြောစရာ ကောင်းလွန်းပါတယ်..."

လင်းရီက ဖုန်းလိုင်ကျွန်းသခင်၏ လက်ကို အလျင်အမြန် တားဆီးလိုက်၏။

တာလော့ဂိုဏ်းချုပ် နှင့် အခြားသူများအားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာများ ထွက်ပေါ်လာခဲ့သည်။

"တောင်သခင်လင်းရီ... တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ..."

ဖုန်းလိုင်ကျွန်းသခင်က လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်၏။

လွန်ခဲ့သော အခိုက်အတန့်လေးက လူတိုင်းသည် လင်းရီက ရွှေအမြူတေ ဖွဲ့စည်းပြီး အင်မော်တယ် ဆရာသခင် အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုရန် ရည်ရွယ်ထားခဲ့သော်လည်း လင်းရီ၏ ခန္ဓာကိုယ်တွင် အသက်ဓာတ် ရှိနေသေးသော်လည်း သူ၏ နတ်ဘုရား စိတ်ဝိညာဉ် အရှိန်အဝါမှာ ပျောက်ကွယ်သွားကြောင်း တွေ့ရှိလိုက်ရသည်။

သူ၏ အခြေအနေမှာ နတ်ဘုရားတစ်ပါး၏ ပြန်လည်ရှင်သန်ခြင်း မပြုမီက ဖုန်းဟွာ၏ အခြေအနေနှင့် အတိအကျ တူညီနေသဖြင့် လူတိုင်း သဘာဝကျကျပင် ထိတ်လန့်သွားကြခြင်း ဖြစ်၏။

သို့သော် မထင်မှတ်ဘဲ လျှပ်တစ်ပြက်အတွင်းမှာပင် လင်းရီ၏ နတ်ဘုရား စိတ်ဝိညာဉ်က ပြန်လည် နာလန်ထူလာခဲ့သည်။

"ဒီမျိုးဆက်သစ်က ရွှေအမြူတေ နယ်ပယ်ကို အခုလေးတင် ရောက်ရှိလာတာပါ၊ ပြီးတော့ ကောင်းကင်နှင့် လူသား အပြန်အလှန် သက်ရောက်မှုအောက်မှာ ကျွန်တော့်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ထွက်သွားအောင် လုပ်နိုင်တယ်ဆိုတာကို ကျွန်တော် တွေ့ရှိခဲ့တယ်... ခုန်ပေါက်မှု တစ်ချက်တည်းနဲ့ ကျွန်တော့်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ကျွန်တော့်ရဲ့ ရုပ်ခန္ဓာ ထဲကနေ ခုန်ထွက်သွားပြီး မြေအောက်ကမ္ဘာတားမြစ်နယ်မြေ ထဲမှာ သွားပေါ်လာခဲ့တာပါ..."

"ကျွန်တော် တကယ်ပဲ အားလုံးကို စိတ်ပူအောင် လုပ်မိသွားပြီ..."

လင်းရီက အပြုံးဖြင့် ရှင်းပြလိုက်သည်။

"နတ်ဘုရား စိတ်ဝိညာဉ်က ရုပ်ခန္ဓာထဲကနေ ခုန်ထွက်သွားတယ် ဟုတ်လား..."

တာလော့ဂိုဏ်းချုပ်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြပြီး အနည်းငယ် ကြောင်သွားကြသည်။

ဝိညာဉ်ပင်လယ်။

စိတ်ဝိညာဉ်နေထိုင်ရာနေရာ။

ကောင်းကင်ဝိညာဉ် သုံးပါးနှင့် ရုပ်ပိုင်းဆိုင်ရာ ဝိညာဉ်ခုနစ်ပါး အားလုံး ၎င်းအတွင်း၌ ရှိနေကြ၏။

နတ်ဘုရား စိတ်ဝိညာဉ်က ရုပ်ခန္ဓာထဲမှ ခုန်ထွက်သွားခြင်း။

အချို့သော ကျင့်ကြံသူများသည် ဤသို့ လုပ်ဆောင်နိုင်သည်မှာ မှန်သော်လည်း ၎င်းမှာ လင်းရီ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် လုပ်ဆောင်နိုင်သောအရာ မဟုတ်ချေ။

ထို့အပြင် နတ်ဘုရား စိတ်ဝိညာဉ်က ရေသူနိုင်ငံတော်မှ မြေအောက်ကမ္ဘာ တားမြစ်နယ်မြေ သို့ တစ်ချက်တည်း ခုန်ကူးသွားခြင်းမှာ တကယ့်ကို အံ့မခန်း ဖြစ်လေသည်။

"တောင်သခင်လင်းရီ... မင်းက မူလဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာခြင်း နည်းလမ်းကို ကိုယ်တိုင် နားလည်သဘောပေါက်သွားတာများလား..."

ဖုန်းလိုင်ကျွန်းသခင်က လင်းရီကို စဉ်းစားဟန်ဖြင့် ကြည့်ကာ မေးလိုက်၏။

"မူလဝိညာဉ်ခန္ဓာကိုယ်မှ ထွက်ခွာခြင်း နည်းလမ်း ဟုတ်လား..."

လင်းရီ၊ တာလော့ဂိုဏ်းချုပ်နှင့် ကုန်းတွင်းပိုင်းမှ အခြားသော ကျင့်ကြံသူများအားလုံး ဖုန်းလိုင်ကျွန်းသခင်ကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

"မှန်တယ်..."

"ပင်လယ်ထဲက ကျွန်းသုံးဆယ့်ခြောက်ကျွန်းမှာရှိတဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေက ကုန်းတွင်းပိုင်း သတ္တဝါတွေရဲ့ နည်းလမ်းတွေနဲ့ အများကြီး ကွာခြားပါတယ်..."

"ကုန်းတွင်းပိုင်း သတ္တဝါတွေက ချီကနေတစ်ဆင့် တာအိုထဲ ဝင်ရောက်ပြီး ကျင့်ကြံကြတာ..."

"ကောင်းကင်နဲ့ မြေကြီးရဲ့ ချီကို ကောင်းကင်တာအို ကို နားလည်ဖို့ သော့ချက်တစ်ခုအနေနဲ့ အသုံးပြုကြတာလေ..."

"ငါတို့ကျွန်းက ကျင့်ကြံသူတွေရဲ့ အခြေခံ ကျင့်ကြံခြင်းကတော့ 'မူလအစ'ဆိုတဲ့ စာလုံးပေါ်မှာပဲ မူတည်ပါတယ်..."

ဖုန်းလိုင်ကျွန်းသခင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

"မူလအစ ဟုတ်လား..."

လင်းရီက မျက်ခုံးပင့်လိုက်သည်။

"မူလအစ... အသက်ရဲ့ မူလအစက မူလအစပဲ..."

"မူလအစဆိုတာ 'မူလ၊ ပျံ့နှံ့၊ သဟဇာတ၊ ဇွဲလုံ့လ'ကို းဆိုလိုတာ..."

"မူလအစဆိုတာ 'အစ'၊ အရာအားလုံးရဲ့ အစကိုဆိုလိုတာ..."

"ပျံ့နှံ့ခြင်းဆိုတာ 'ထိုးဖောက်ဝင်ရောက်ခြင်း'၊ အရာအားလုံးရဲ့ ကြီးထွားမှုကို ဆိုလိုတာ..."

"သဟဇာတဖြစ်ခြင်းဆိုတာ 'သဟဇာတ'၊ အရာအားလုံးရဲ့ အောင်မြင်မှုကို ဆိုလိုတာ..."

"ဇွဲလုံ့လရှိခြင်းဆိုတာ 'မှန်ကန်မှု'၊ အရာအားလုံးရဲ့ ပြီးမြောက်မှုကို ဆိုလိုတာ..."

"ဒါတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ဂုဏ်ကျေးဇူး လေးပါးဖြစ်ပြီး လောကမှာရှိတဲ့ အမြင့်ဆုံး ယန်ချီဖြစ်ကာ ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ အရာအားလုံးကို မွေးဖွားပေးတယ်..."

ဖုန်းလိုင်ကျွန်းသခင်၏ အသံမှာ ရှင်းလင်းပြတ်သားနေပြီး သူ၏ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်းတွင် တာအို စည်းချက်များ သဘာဝအလျောက် စီးဆင်းနေကာ ကောင်းကင်နှင့် မြေကြီးတို့နှင့် ပေါင်းစပ်နေသည်။

"ဒီလိုကိုး..."

"မူလဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာခြင်းနဲ့ ဒါနဲ့က ဘာဆက်စပ်မှုရှိလို့လဲ..."

လင်းရီက နှိမ့်ချစွာဖြင့် လမ်းညွှန်မှု တောင်းခံလိုက်၏။

"အရာအားလုံးဟာ မူလယန်ရဲ့ စွမ်းအားကနေ မွေးဖွားလာတာဖြစ်ပြီး မူလ ဘိုးဘေးချီလို့ခေါ်တဲ့ ချီတစ်ခုကို ထုတ်လုပ်ပေးတယ်..."

"မူလဘိုးဘေးချီကို မူလဝိညာဉ် ၊ မူလချီနဲ့ မူလအနှစ်သာရဆိုပြီး သုံးမျိုး ခွဲခြားထားတယ်..."

"မူလဝိညာဉ်က စိတ်ဝိညာဉ်ဖြစ်ပြီး၊ မူလချီက ခန္ဓာကိုယ်တွင်းက ချီဖြစ်ကာ၊ မူလအနှစ်သာရက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အသက်ရဲ့ မူလအစ ဖြစ်တယ်..."

"ဒါကြောင့် ငါတို့ရဲ့ တာအိုဟာ မူလအစပေါ်မှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ အလေးထားတာ..."

"ဒါကြောင့် မူလဝိညာဉ်ဟာ လူတစ်ယောက်ရဲ့ အခြေခံ သဘာဝဖြစ်ပြီး စစ်မှန်တဲ့ အသက်ရှူခြင်းဟာ အသက်အနှစ်သာရ ဖြစ်တယ်..."

"မူလဝိညာဉ်က မူလအနှစ်သာရကို သန့်စင်ပြီး အသက်အနှစ်သာရကို ခိုင်မာစေတယ်... မူလဝိညာဉ်က မူလချီကို သန့်စင်ပြီး အခြေခံသဘာဝကို အာဟာရ ဖြည့်တင်းပေးတယ်... ပြီးတော့ မူလဝိညာဉ်က သူ့ကိုယ်သူ သန့်စင်ပြီး သူ့ရဲ့စစ်မှန်တဲ့ သဘာဝဆီကို ပြန်လည် ရောက်ရှိသွားတယ်... စကားတစ်ခွန်းတည်း ပြောရရင် - သဘာဝနှင့် အသက်ကို တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းပဲ..."

"ငါတို့ကျွန်းရဲ့ တာအိုအားလုံးက ဒီအထဲမှာ ပါဝင်နေတာ..."

ဖုန်းလိုင်ကျွန်းသခင်က လင်းရီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"သဘာဝနှင့် အသက်ကို တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်း ..."

"ဒီလိုကိုး..."

"ငါတို့ ကုန်းတွင်းပိုင်း သတ္တဝါတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုကို အောင်မြင်ဖို့အတွက် ချီကို ကြားခံတစ်ခုအနေနဲ့ အသုံးပြုကြတာ..."

"ကျွန်းရဲ့တာအိုကတော့ အသက်ရဲ့ အနှစ်သာရကနေ စတင်တာကိုး... ဒါကြောင့် ဖုန်းလိုင်အင်မော်တယ်ဆေးလုံးက လူတွေကို နတ်ဘုရားတစ်ပါးနဲ့ ပြန်လည်ရှင်သန်အောင် ကူညီပေးနိုင်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး..."

လင်းရီက အံ့ဩစွာ ချီးကျူးလိုက်၏။

အင်မော်တယ်ကျွန်းသုံးဆယ့်ခြောက်ကျွန်း၏ တာအိုသည် အသက်၏ အနှစ်သာရဆီသို့ တိုက်ရိုက် ရောက်ရှိသွားသော တာအိုတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သေးငယ်သော ကောင်းကင်နှင့် မြေကြီးတစ်ခုအဖြစ် သတ်မှတ်ကာ သေးငယ်သော ကောင်းကင်နှင့် မြေကြီးကို အသုံးပြု၍ အပြင်ဘက်ရှိ ပိုမိုကြီးမားသော ကောင်းကင်နှင့် မြေကြီးကို လေ့လာစောင့်ကြည့်ခြင်း ဖြစ်၏။ ၎င်းမှာ တကယ်ကို ထူးခြားလှပေသည်။

"တောင်သခင်လင်းရီ ပြောသလိုပါပဲ၊ ငါတို့ ကျွန်းရဲ့တာအိုက ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရကို အတည်ပြုဖို့ အသက်ရဲ့ အနှစ်သာရကို အသုံးပြုတာပါ..."

ဖုန်းလိုင်ကျွန်းသခင်က လင်းရီကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးယွင်က လင်းရီကို ဘာကြောင့် ဒီလောက်တောင် အထင်ကြီးရသလဲ ဆိုတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။

သူက တကယ်ကို ဉာဏ်ရည်ထက်မြက်လွန်းလှ၏။

သူသည် တာအို နှင့် သဘာဝအလျောက် နီးစပ်မှုရှိပြီး သတင်းအချက်အလက် အနည်းငယ်မျှမှနေ၍ ကျင့်ကြံခြင်း၏ အနှစ်သာရကို အမြဲတမ်း သိမြင်နိုင်စွမ်း ရှိသည်။

"မူလဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာခြင်း ဟာ မူလဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုပဲ..."

"အဲ့တာကက လူတစ်ယောက်ရဲ့ မူလဝိညာဉ်ကို ရုပ်ခန္ဓာထဲကနေ ခုန်ထွက်သွားစေပြီး မူလဝိညာဉ်က ကောင်းကင်တာအို နဲ့ ပေါင်းစပ်သွားကာ ကောင်းကင် မူလအစရဲ့ စွမ်းအားကို ဆွဲယူပြီး မူလဝိညာဉ် ၊ မူလချီ နဲ့ မူလအနှစ်သာရဆိုတဲ့ စွမ်းအားသုံးရပ်ကို အားဖြည့်ပေးကာ အတူတကွ တိုးတက်စေတာ..."

"အရာအားလုံးမှာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရှိတယ်၊ မူလအစ တစ်ခုတည်းကသာ မွေးဖွားခြင်းလည်း မရှိသလို သေဆုံးခြင်းလည်း မရှိဘူး... အရာအားလုံးမှာ တိုးတက်ခြင်းနဲ့ ဆုတ်ယုတ်ခြင်း ရှိတယ်၊ မူလအစ တစ်ခုတည်းကသာ တိုးတက်ခြင်းလည်း မရှိသလို ဆုတ်ယုတ်ခြင်းလည်း မရှိဘူး..."

"မူလတာအိုကနေ မွေးဖွားလာပြီး မူလ တာအို ဆီကို ပြန်သွားတာ၊ ဒြပ်စင်ငါးပါးကို စုစည်းပြီး သင်္ကေတ လေးပါးကို သဟဇာတဖြစ်အောင် လုပ်လိုက်ရင် အဆုံးအစမရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ မူလအသွင်အပြင်ကို သဘာဝကျကျ နားလည်သွားလိမ့်မယ်..."

ဖုန်းလိုင်ကျွန်းသခင်၏ အသံမှာ ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး မူလအစတာအိုအပေါ် သူ၏ တစ်သက်တာလုံး သိမြင်နားလည်မှုများ အားလုံးကို ရှင်းလင်းစွာ ပြောပြနေခဲ့လေသည်။

လင်းရီနှင့် အခြားသူများသည် ၎င်းအတွင်း၌ နစ်မြုပ်နေခဲ့ကြပြီး ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်ကာ သိမြင်နားလည်မှု မြောက်မြားစွာ စီးဝင်လာခဲ့၏။

"ငါတို့ ကျွန်းပေါ်က ကျင့်ကြံသူ အများစုဟာ သူတို့ရဲ့ မူလဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ထွက်သွားစေပြီး တာအိုနဲ့ ပေါင်းစပ်ပြီး ကျင့်ကြံကြတာ..."

"ဒါပေမဲ့ ဒီနည်းလမ်းက လူတစ်ယောက်ရဲ့ မူလဝိညာဉ်ဟာ ထူးခြားနေဖို့ လိုအပ်ရုံတင်မကဘူး၊ ဝိညာဉ် ထွက်ပေါ်လာတဲ့အချိန်မှာတောင် ခေါင်းအထက် သုံးပေလောက်ပဲ ရောက်တာ..."

"တောင်သခင်လင်းရီရဲ့ မူလဝိညာဉ်က အရှေ့ပင်လယ်ကနေ မြေအောက်ကမ္ဘာ တားမြစ်နယ်မြေထဲကို ခုန်ကူးသွားတာကတော့ တကယ်ကို မကြားဖူး၊ မမြင်ဖူးတဲ့ ကိစ္စပဲ..."

"အကယ်၍ တောင်သခင်လင်းရီသာ ငါတို့ရဲ့ ဖုန်းလိုင်တာအိုကို ကျင့်ကြံမယ်ဆိုရင် သမိုင်းတစ်လျှောက်မှာ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်တယ်လို့ ငါ ထင်ပါတယ်..."

ဖုန်းလိုင်ကျွန်းသခင်က လင်းရီကို ကြည့်ကာ သူ၏ လေးစားမှုကို အနည်းငယ်မျှ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။

"စီနီယာ... ဖုန်းလိုင်အင်မော်တယ်ကျွန်းက ကျွန်‌ေတာ်တို့ တာလော့ နဲ့ သဘောတူညီမှု ရရှိသွားပြီဆိုတော့ အနာဂတ်မှာ ကျွန်တော်တို့ကြားမှာ သဘာဝကျကျပဲ ခြားနားမှု ရှိတော့မှာ မဟုတ်ပါဘူး..."

"တာအိုဟာ ကျင့်ကြံလေလေ ပိုမို ရှင်းလင်းလာလေလေပါပဲ..."

"ဒီသာယာဝပြောတဲ့ ခေတ်ကြီးမှာ ကျွန်တော်ပါဝင်ခွင့် ရတာကပဲ လုံလောက်နေပါပြီ..."

လင်းရီက အပြုံးဖြင့် ပြောလိုက်၏။

ဖုန်းလိုင်ကျွန်းသခင်၏ နှလုံးသားက တုန်ရင်သွားပြီးနောက် သူက လက်ခုပ်တီးကာ ပြုံးလိုက်သည်။

"တောင်သခင်လင်းရီ ရဲ့ စကားက အဓိပ္ပာယ်ရှိပါတယ်... အနာဂတ်မှာ ငါတို့ရဲ့ ဖုန်းလိုင်နဲ့ တာလော့ဟာ သဘာဝကျကျပဲ ခွဲခြားလို့ရမှာ မဟုတ်တော့ပါဘူး..."

"တောင်သခင်လင်းရီ... မင်းက မူလဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာခြင်း ကို လုပ်နိုင်ပြီဆိုတော့ ဒီအဘိုးကြီးက ဘာမှ မပြောဘဲ နေလို့ မဖြစ်တော့ဘူး..."

"ဒါက ငါတို့ ဖုန်းလိုင်ရဲ့ မူလဝိညာဉ် နည်းလမ်းပါ၊ တောင်သခင်ရဲ့ ကျင့်ကြံခြင်းအတွက် အသုံးဝင်ပါလိမ့်မယ်..."

"အနာဂတ်မှာ ဖုန်းလိုင် အင်မော်တယ်ကျွန်းက တပည့်တွေ တောင်တစ်ရာကို ကျင့်ကြံဖို့ လာတဲ့အခါ သဘာဝကျကျပဲ အချင်းချင်းဆီကနေ သင်ယူနိုင်ပါတယ်... အကယ်၍ တောင်သခင်လင်းရီမှာ ရှင်းလင်းမှု မရှိတဲ့ အချက်တွေ ရှိနေရင် တစ်နေ့ ဖုန်းလိုင် အင်မော်တယ်ကျွန်းကို လာခဲ့ပါ၊ ဒီအဘိုးကြီးက တောင်သခင် ရဲ့ သံသယတွေကို ဖြေရှင်းပေးဖို့ သေချာပေါက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."

ဖုန်းလိုင် ကျွန်းသခင်က ကျမ်းစာလိပ်တစ်ခုကို ထုတ်ယူကာ လင်းရီအား ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ..."

လင်းရီကလည်း သဘာဝကျကျပင် ယဉ်ကျေးမနေဘဲ ကျမ်းစာကို လက်ခံလိုက်ပြီးနောက် ကျောက်စိမ်းစာလိပ် တစ်ခုကို ထုတ်ယူကာ ဖုန်းလိုင် ကျွန်းသခင်ထံသို့ ကမ်းပေးလိုက်၏။

"လူကြီးတစ်ယောက်က တစ်ခုခုကို ပေးသနားတဲ့အခါ ငြင်းဆန်ဖို့ မသင့်တော်ပါဘူး... ဒီမျိုးဆက်သစ်က စီနီယာ့ရဲ့ လက်ဆောင်ကို လက်ခံပါတယ်... ဒီကျောက်စိမ်းစာလိပ် ထဲမှာ ဒီမျိုးဆက်သစ် ဖန်တီးထားတဲ့ နှလုံးသားမေးမြန်းခြင်းဝိုင်လို့ အမည်ရတဲ့ ဝိုင်ချက်နည်းတစ်ခု ပါဝင်ပါတယ်... ၎င်းက လောကမှာရှိတဲ့ တာအိုအားလုံးကို မေးမြန်းနိုင်ပြီး ကိုယ်ပိုင်တာအိုကို ရှင်းလင်းသွားစေနိုင်ပါတယ်..."

"ဒီနေ့မှာ ငါတို့ ဂိုဏ်းနှစ်ခုကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပြသတဲ့အနေနဲ့ စီနီယာ့ကို ဒါကို ပေးအပ်ပါတယ်..."

လင်းရီက အပြုံးဖြင့် ပြောလိုက်သည်။

"ဒီလိုဝိုင်ချက်နည်းမျိုးက အရမ်းကောင်းတာပဲ..."

ဖုန်းလိုင်ကျွန်းသခင်က သဘာဝကျကျပင် ဝိုင် ချက်နည်းကို လက်ခံလိုက်ပြီး လေးစားစွာဖြင့် ပွတ်သပ်နေခဲ့၏။

"အားလုံးပဲ..."

"ဒီအဘိုးကြီး ရဲ့ ဒီတစ်ကြိမ် လည်ပတ်မှုက ပထမအချက်အနေနဲ့ ဖုန်းဟွာရဲ့ ပြန်လည်ရှင်သန်ခြင်း ကိစ္စအတွက်ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ငါတို့ ဂိုဏ်းနှစ်ခုကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးအတွက်ပါ..."

"အခု ကိစ္စနှစ်ခုလုံး ပြီးမြောက်သွားပြီဆိုတော့ ဒီအဘိုးကြီးက ခွင့်ပြုပါဦး... တာလော့မှာ ပညာသင်သွားမယ့် တပည့်တွေရဲ့ ကိစ္စကို ကိုင်တွယ်ဖို့ ဖုန်းလိုင်အင်မော်တယ်ကျွန်း ကို ပြန်သွားပါတော့မယ်..."

ဖုန်းလိုင်ကျွန်းသခင်က လူတိုင်းကို ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။

"ဖုန်းလိုင်ကျွန်းသခင်ကို နှုတ်ဆက်ပါတယ်..."

လင်းရီနှင့် အခြားသူများကလည်း ပြန်လည် ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။

ဖုန်းလိုင် ကျွန်းသခင်က အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ ပုံရိပ် လျှပ်တစ်ပြက် လင်းလက်သွားသည်နှင့် သူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"လင်းရီ... မင်း တာလော့ကို ပြန်တော့မလို့လား..."

"ဒီဘိုး‌ဘေးကြီးက မင်းကို လိုက်ပို့ပေးနိုင်တယ်နော်..."

တာလော့ဂိုဏ်းချုပ်က လင်းရီကို ကြည့်ကာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး ... တပည့်မှာ မပြီးသေးတဲ့ ကိစ္စလေးတွေ ရှိသေးလို့ အချိန်နည်းနည်းလောက် ထပ်ကြာပါဦးမယ်..."

လင်းရီက အပြုံးဖြင့် ပြောလိုက်သော်လည်း သူ၏ နှလုံးသားထဲတွင်မူ လေ၊ ပန်း၊ နှင်း နှင့် လ တားမြစ်နယ်မြေ နှင့် ၎င်း၏ လေမြစ် ပန်းပင်လယ် အကြောင်းကို တွေးနေမိလေသည်!

All Chapters