← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉) - ချင်းတန်နှင့် လင်းကျန်းတို့၏ တိုက်ပွဲ၊ အမှောင်ဘိုးဘေးအဆောင် ထွက်ပေါ်လာခြင်းလော(၁)

ချန်ကွေ့နှင့် ချင်းတန်တို့ ရုတ်တရက် ရောက်ရှိလာမှုက တင်းမာနေသော အခြေအနေကို ယာယီရပ်တန့်သွားစေခဲ့လေသည်။

ချန်ကွေ့က တောင်ဂိုဏ်းကို ဘာကြောင့် ကူညီရန် ရွေးချယ်ခဲ့သနည်း ဆိုသည်ကို လူတိုင်း အံ့ဩနေကြပြီး တစ်ချိန်တည်းမှာပင် ချင်းတန် ဟုခေါ်သော မိန်းမပျိုလေးကိုလည်း သူတို့ စိတ်ဝင်စားလာကြ၏။

သူမသည် ဝူယွမ်၊ လင်းတုန်တို့နှင့် အတော်လေး ရင်းနှီးပုံ ရလေသည်။

“အစ်ကိုကြီးဝူယွမ်၊ အစ်ကိုကြီးလင်းတုန်... ဒါက ညီမလေးရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ကွေ့ပါ... ဒီတစ်ခေါက် ညီမလေး ဒီကိုရောက်လာတာ သူ့ကျေးဇူးတွေမကင်းဘူး...”

ချင်းတန်က ခေါင်းလှည့်လိုက်ပြီး အနောက်တွင် ရပ်နေသော ချန်ကွေ့ကို လက်ညှိုးထိုးပြကာ ထိုနှစ်ဦးနှင့် မိတ်ဆက်ပေးလိုက်လေသည်။

“ကျေးဇူးအများကြီး တင်ပါတယ် ညီအစ်ကိုချန်ကွေ့...”

ဝူယွမ်နှင့် လင်းတုန်တို့က လက်ယှက်ကာ နှုတ်ဆက်လိုက်ကြလေသည်။

“အို... အားနာစရာ မလိုပါဘူး ညီအစ်ကိုဝူယွမ်၊ ညီအစ်ကိုလင်းတုန်... ကျွန်တော်က ဆရာ့ အမိန့်ကို နာခံရုံပါပဲ...” ချန်ကွေ့ကလည်း လျင်မြန်စွာ လက်ယှက်၍ ပြန်လည် နှုတ်ဆက်လိုက်၏။

သူ၏ အပြုအမူက တောင်ဂိုဏ်းမှ ယင်းရှောင်ရှောင်၊ ဝမ်ယန်နှင့် အခြားသူများကို အံ့ဩသွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ချန်ကွေ့သည် ထူးဆန်းပြီး ခပ်ခွာခွာနေတတ်သူ တစ်ဦးအဖြစ် လူသိများကာ ဤမျှ စကားပြောရ လွယ်ကူသူ တစ်ဦး မဟုတ်သောကြောင့်ပင်။

‘ကြည့်ရတာ ချင်းတန် လို့ခေါ်တဲ့ ဒီကောင်မလေးက သာမန်မဟုတ်တဲ့ နောက်ခံ ရှိပုံရတယ်...’

အမှောင်ခန်းမ... မြောက်ဘက် ရွှမ်ဒေသ၏ အုပ်စိုးသူ ဖြစ်ပြီး ဂုဏ်သတင်း အရပြောရလျှင် ယွမ်ဂိုဏ်းကဲ့သို့သော ဧရာမဂိုဏ်းကြီး တစ်ခုထက် မည်သို့မျှ မနိမ့်ကျပေ။

“ဒါတွေက တောင်ဂိုဏ်းက ကျွန်တော့်ရဲ့ ဂိုဏ်းတူညီအစ်ကို မောင်နှမတွေပါ...”

ဝူယွမ်ကလည်း ချန်ကွေ့နှင့် ချင်းတန်တို့ကို တောင်ဂိုဏ်းနှင့် မိတ်ဆက်ပေးလိုက်လေသည်။

နှစ်ဖက်စလုံးက အချင်းချင်း ရင်းနှီးစွာ နှုတ်ဆက်နေကြသည်ကို ကြည့်ရင်း ယွမ်ဂိုဏ်းမှ လူများမှာ လုံးဝ တွေဝေသွားကြသော်လည်း မဆင်မခြင် မလှုပ်ရှားရဲကြပေ။

ချန်ကွေ့က ချင်းတန်၏ ဘေးတွင် ရပ်နေပြီး သူ၏ ညီမလေးကို ကာကွယ်ပေးမည့် ပုံစံမျိုး ပေးစွမ်းနေခဲ့လေသည်။

“အတိတ်က အကြောင်းတွေကို နောက်မှ ပြောကြတာပေါ့... ဒီပြဿနာကို အရင်ဖြေရှင်းရအောင်...”

ဝူယွမ်က ချန်ကွေ့နှင့် ချင်းတန်တို့ကို တောင်ဂိုဏ်း အဖွဲ့နှင့် ပူးပေါင်းရန် စီစဉ်ပေးလိုက်ပြီးနောက် ယွမ်ဂိုဏ်းမှ လူများကို ကြည့်လိုက်လေသည်။

ဝူယွမ် စကားမပြောနိုင်မီ ယွမ်ချန်းက အရင်ဆုံး ပြောဆိုလိုက်၏။ “ချန်ကွေ့က မင်းတို့ကို ကူညီနေရုံနဲ့ ငါတို့ ယွမ်ဂိုဏ်းကို ရန်စဖို့ အခွင့်အရေး ရှိတယ်လို့ မထင်လိုက်နဲ့နော်... ငါထင်တာတော့...”

ဝူယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “မင်း ဘာထင်လဲဆိုတာကို ငါ ဂရုမစိုက်ဘူး၊ ငါ ဘာတွေးလဲဆိုတာကိုပဲ ငါ ဂရုစိုက်တာ... ညီအစ်ကိုချန်ကွေ့ ဒီမှာ ရှိနေတာက ရန်စတာ မဟုတ်ဘူး... ခွေးကို အနိုင်ကျင့်တာကွ၊ နားလည်လား...”

“မောက်မာလိုက်တာ... မင်းက ချန်ကွေ့ကို အရမ်း အထင်ကြီးနေတာ နှမြောစရာပဲ...” ယွမ်ချန်းက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်လေသည်။

ဝူယွမ်၏ ယုံကြည်မှုမှာ ချန်ကွေ့ထံမှ လာသည်ဟု သူ ထင်မှတ်နေပြီး ဝူယွမ်ကိုယ်တိုင်က သူ့ကို လုံးဝ မကြောက်ရွံ့ကြောင်းကိုတော့ သူသတိမထားမိပေ။

ချန်ကွေ့၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မည်းသွားခဲ့၏... ‘မင်းတို့နှစ်ယောက် ရန်ဖြစ်နေတာကို ငါ့ကို ဘာလို့ ဆွဲထည့်နေတာလဲ...’

“စကားများမနေနဲ့တော့... မင်းတို့ လူငယ်ယွမ်ဘုရင်က အရှေ့ဘက် ရွှမ်းဒေသရဲ့ လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်လို့ ငါ ကြားဖူးတာ ကြာပြီ... မင်းရဲ့ နံပါတ်တစ် ဆိုတဲ့ ဂုဏ်သတင်းက တကယ်ပဲ ထိုက်တန်ရဲ့လားဆိုတာ ငါ ကြည့်ချင်သေးတယ်...”

ဝူယွမ်က သူ့ကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ဓားဖြင့် ယွမ်ချန်းကို ချိန်ရွယ်ကာ စိန်ခေါ်လိုက်လေသည်။

“မင်းလား... မင်းက ငါ့အစ်ကိုကြီးရဲ့ အာရုံစိုက်မှုကို ခံရဖို့တောင် မတန်ဘူး... တကယ်လို့ မင်းက ငါ့ကို အနိုင်ယူနိုင်ရင်တော့ မင်းတို့ တောင်ဂိုဏ်းက ဒီမှာနေခွင့်ရှိပါတယ်...” လူငယ်ဝိညာဉ်ဘုရင် လင်းကျန်းက ယပ်တောင်ကို ခတ်ရင်း ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူကိုယ်သူ အလွန်ချောမောသည်ဟု ထင်မှတ်နေကာ ဝူယွမ်ကို မောက်မာစွာ ကြည့်လိုက်လေသည်။

လူငယ်ဝိညာဉ်ဘုရင်က ယွမ်ချန်း၏ ကိုယ်စား တိုက်ခိုက်လိုသည်ကို မြင်သောအခါ ဝူယွမ်၏ ဘေးရှိ လင်းတုန်က ချက်ချင်း ရှေ့ထွက်လာပြီး အေးစက်စွာ ပြောလိုက်လေသည်။

“မင်းရဲ့ အစ်ကိုကြီးက မတိုက်ဘူးဆိုရင် မင်းကလည်း ငါ့အစ်ကိုကြီးကို စိန်ခေါ်ဖို့ အရည်အချင်း မရှိဘူး... ငါ့ရဲ့ လှံရှည်ကို ဖြတ်ကျော်ပြီးမှ စကား...”

“ကျွန်မသွားမယ်...”

လင်းတုန် စကားမဆုံးမီ သူ၏ အနောက်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ချင်းတန်က ဧရာမ အနက်ရောင် တံစဉ်ကြီး တစ်လက်ကို ကိုင်ဆောင်ကာ ရှေ့သို့ ထွက်လာသည်ကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြလေသည်။

တံစဉ်ကြီးမှာ သူမ၏ ကိုယ်လုံးထက်ပင် ကြီးမားနေခဲ့၏။ တံစဉ်၏ ဓားသွားပေါ်တွင် ထူးဆန်းသော ရူန်းစာလုံးများ လင်းလက်နေပြီး အလွန်အမင်း အေးစက်ထက်ရှသော လှိုင်းဂယက်တစ်ခု ပြန့်နှံ့ထွက်ပေါ်နေခဲ့သည်။

အနက်ရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဧရာမ အနက်ရောင် တံစဉ်းကြီးကို ကိုင်ဆောင်ထားသော မိန်းမပျိုလေးမှာ ဤအသွင်အပြင်ဖြင့် အတော်လေး ရယ်စရာကောင်းပြီး ချစ်စရာကောင်းနေခဲ့၏။

“နင်တစ်ယောက်တည်းလောက်က ငါ့အစ်ကိုကြီးနှစ်ယောက် လှုပ်ရှားဖို့ မလိုလောက်ပါဘူး...”

သူမက ကြည်လင်သော အသံလေးဖြင့် ပြောလိုက်သော်လည်း သူမ၏ အမူအရာမှာ ယခင်က လိမ္မာရေးခြားရှိသော ကောင်မလေးနှင့် မတူတော့ပေ။ နတ်ဆိုးမလေး တစ်ပါးအလား မှောင်မိုက်ပြီး အေးစက်သော အရှိန်အဝါတစ်ခုက သူမထံမှ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။

“ညီမလေး... ငါ့ကို ရှင်းခွင့်ပေးလိုက်ပါ...”

ချန်ကွေ့က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ချင်းတန်ကို တားဆီးရန် ရှေ့သို့ ထွက်လာခဲ့လေသည်။

သူသည် ညီမလေးကို ကောင်းစွာ ကာကွယ်ပေးမည်ဟု ဆရာဖြစ်သူအား သူ ကတိပေးထားခဲ့သည် မဟုတ်လော။ လူငယ်ဝိညာဉ်ဘုရင်မှာ အားမနည်းသောကြောင့် သူ၏ ညီမလေးကို အန္တရာယ် အဖြစ်မခံနိုင်ပေ...

သူ၏ ညီမလေး သေချာပေါက် ရှုံးနိမ့်မည် မဟုတ်ဟု သူ ခံစားရသော်လည်းပေါ့။

“မင်းတို့တွေ...”

လူငယ်ဝိညာဉ်ဘုရင် လင်းကျန်း၏ မျက်နှာမှာ အလွန်အမင်း အကျည်းတန်နေခဲ့၏။ “ဒီလူတွေက လုယက်နေကြတာ... လင်းကျန်းဆိုတဲ့ ငါ့ကို ဘာလို့များ ထင်နေကြတာလဲ... ငါ လင်းကျန်းက အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်နေကြတာလား...”

ပတ်ဝန်းကျင်ရှိ အခြား ဂိုဏ်းများမှ လူများမှာ မျှော်လင့်နေသော အမူအရာများဖြင့် စောင့်ကြည့်နေကြ၏။ ယွမ်ဂိုဏ်းသည် အမြဲတစေ မောက်မာပြီး အနိုင်ကျင့်တတ်သည် မဟုတ်လော။

ယခုအခါ တောင်ဂိုဏ်းမှ ဤလူများက သူတို့ကို ဤအခြေအနေသို့ ရောက်အောင် တွန်းပို့နေသည်ကို မြင်ရခြင်းက အတော်လေး ကျေနပ်စရာ ကောင်းလှပေသည်။

“ဒီလူတွေက နည်းနည်း ကိုယ့်ကိုကိုယ် အရမ်း အထင်ကြီးလွန်းမနေဘူးလား...”

“အဲ့ဒီ လင်းကျန်းက ယွမ်ချန်းပြီးရင် ဒုတိယ အားအကောင်းဆုံးပဲ၊ အတော်လေး အားကောင်းတယ်..."

“ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်တောင် သူ့ကို အနိုင်ရမယ်လို့ မပြောရဲလောက်ဘူး...”

“ဒါပေမယ့် ကြည့်ရတာ ဒီလူတွေ အားလုံးက လင်းကျန်းကို ကိုင်တွယ်ဖို့ ယုံကြည်မှု ရှိနေကြပုံပဲ...”

“ယွမ်ဂိုဏ်း ဒီလောက် အခြေအနေဆိုးနေတာကို မမြင်ရတာကြာပြီ...”

“ဒီတစ်ခေါက် တောင်ဂိုဏ်းက တကယ်ကို အံ့ဩစရာပဲ...”

... ကိုးကောင်းကင် တိုင်ချင်းနန်းတော် အဖွဲ့ထဲတွင် လင်ချင်းကျူက ချင်းတန်ကို ထက်မြက်ပြီး သိမ်မွေ့သော အကြည့်များဖြင့် စူးစမ်းနေခဲ့လေသည်။

“အဲဒီ ကောင်မလေးက ဘယ်သူလဲ...” သူမ၏ ဘေးရှိ ဝူချွန်းက စုရိုကို မေးလိုက်လေသည်။

“သူမက လင်းတုန်ရဲ့ ညီမလေး ဖြစ်မယ် ထင်တယ်...”

စုရိုက မသေချာသော်လည်း ချင်းတန်ကို ကြည့်သော သူမ၏ အကြည့်တွင် ရန်လိုမှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေခဲ့၏။

ယခုလေးတင် ဝူယွမ်ကို ချင်းတန် စိတ်အားထက်သန်စွာ ပွေ့ဖက်ခဲ့မှုမှတစ်ဆင့် လင်းတုန်၏ ညီမလေးနှင့် ဝူယွမ်၏ ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း သူမ ခံစားလိုက်ရလေသည်။

“ကျွန်မနဲ့ မလုကြပါနဲ့... အစ်ကိုကြီးဝူယွမ်၊ ညီမလေးကို သွားခွင့်ပြုပါ... ညီမလေးရဲ့ လက်ရှိ စွမ်းအားကို အစ်ကိုကြီးကို ပြချင်လို့ပါ၊ ဒီနှစ်နှစ်အတွင်း ညီမလေး အချောင်မခိုခဲ့ဘူး...”

“အစ်ကိုကြီးတို့ နှစ်ယောက်စလုံးတောင် ညီမလေးရဲ့ ပြိုင်ဘက် မဟုတ်လောက်တော့ဘူး... အဲဒီ လူငယ်ဝိညာဉ်ဘုရင်ကို သိုးပေါက်လေး တစ်ကောင်လို ဖြစ်သွားအောင် ရိုက်နှက်ပြမယ်လို့ ညီမလေး အာမခံတယ်...”

ချင်းတန်က ဝူယွမ်ကို သနားစရာကောင်းသော မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ကြည့်ကာ တိုက်ခိုက်ခွင့် ပေးရန် တောင်းဆိုနေခဲ့လေသည်။

သူမ၏ အစ်ကိုကြီး နှစ်ယောက် အိမ်ပြန်လာမည့် အချိန်ကို အိမ်မှာ ပုန်းပြီး စောင့်နေရုံသာ တတ်နိုင်သော ညီမငယ်လေး မဟုတ်တော့ဘဲ အစ်ကိုကြီး နှစ်ယောက်နှင့်အတူ အပြင်သို့ ထွက်ကာ စွန့်စားနိုင်သော နတ်ဆိုးမလေး တစ်ပါး ဖြစ်ကြောင်းကို သူမ၏ အစ်ကိုကြီး နှစ်ယောက်ရှေ့တွင် သက်သေပြချင်နေခဲ့၏။

ချင်းတန်၏ မျှော်လင့်တကြီးဖြစ်နေသော မျက်လုံးများကို ကြည့်ရင်း ဝူယွမ်က ခဏတာမျှ တုံ့ဆိုင်းသွားခဲ့လေသည်။ သူက ချင်းတန်၏ စွမ်းအားကို စစ်ဆေးရန် ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်၏။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို ခံစားမိသောအခါ ချင်းတန်၏ မျက်လုံးများ လင်းလက်သွားခဲ့လေသည်။

သူမက ခုခံမှု အားလုံးကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို သူမ၏ ခန္ဓာကိုယ်တစ်လျှောက် ပြန့်နှံ့ခွင့် ပြုလိုက်ကာ သူမ၏ နီ၀မ်နယ်ပယ်ကိုပါ သူ့အရှေ့တွင် ဖွင့်ဟပေးထားလိုက်လေသည်။

အစ်ကိုကြီးဝူယွမ်က သူမ၏ စွမ်းအားကို စဉ်းစားချင့်ချိန်ပြီး စစ်ဆေးနေခြင်း ဖြစ်ကြောင်းကို သူမ သိထားလေသည်။

သူမ၏ စွမ်းအားက လုံလောက်အောင် အားကောင်းနေသရွေ့ အစ်ကိုကြီးဝူယွမ်က သူမကို တိုက်ခိုက်ခွင့် ပြုရန် သေချာပေါက် သဘောတူမည် ဖြစ်သည်။

ချင်းတန်ထံတွင် ယင်ရှခန္ဓာကိုယ် ရှိလေသည်။ ဝူယွမ်က ချင်းတန်ကို မဟာယင် ရူန်းစာလုံး ကျင့်ကြံခြင်း နည်းလမ်းကို သင်ကြားပေးခဲ့ဖူး၏။ ယခုအခါ ချင်းတန်၏ နီ၀မ်နယ်ပယ် အတွင်းတွင် ရူန်းစာလုံး နှစ်ခု ရှိနေလေသည်။

တစ်ခုက မဟာယင်ရူန်းစာလုံး ဖြစ်ပြီး နောက်တစ်ခုက မူလ အမှောင်ရူန်းစာလုံး ဖြစ်လေသည်။

မဟာယင်ရူန်းစာလုံးမှာ သုံးပုံနှစ်ပုံခန့် ပြီးပြည့်စုံနေပြီး အမှောင်ရူန်းစာလုံးမှာလည်း ပြီးပြည့်စုံနေသော်ငြား ထိုရူန်းစာလုံးများ၏ စွမ်းအားမှာ လုံလောက်အောင် မအားကောင်းသေးပေ။

ဝူယွမ်သည် ဝါးမျိုခြင်း ဘိုးဘေးအဆောင်ကို ကြုံတွေ့ခဲ့ဖူးသဖြင့် ၎င်းမှာ အမှောင် ဘိုးဘေးအဆောင်၏ ကူးယူထားသော ရူန်းစာလုံးတစ်ခုသာဖြစ်ကြောင်းကို ချက်ချင်း ဆုံးဖြတ်နိုင်ခဲ့လေသည်။

ဤရူန်းစာလုံး နှစ်ခု၏ အကူအညီနှင့် အမှောင်ခန်းမမှ ကျင့်ကြံခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ချင်းတန်၏ ဝိညာဉ်စွမ်းအင်မှာ အားမနည်းတော့ဘဲ ကောင်းကသင်အဆောင်သခင် အဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယွမ်စွမ်းအင် အရပြောရလျှင်လည်း သူမသည် နိဗ္ဗာန်အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မဟာယင်ရူန်းစာလုံးက သူမ၏ ယင်ရှခန္ဓာကိုယ်ကို လျင်မြန်စွာ မြှင့်တင်ရန် ကူညီပေးနိုင်သဖြင့် သူမ၏ အဆင့်က ဝူယွမ်နှင့် အခြားသူများကို အမီလိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သေချာသည်ကတော့ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်လည်း အားမနည်းပေ။ သူတို့ လမ်းခွဲတော့မည့် အချိန်တွင် ဝူယွမ်က ချင်းတန်ကို လျှို့ဝှက် အခန်းထဲ၌ ခန္ဓာကိုယ်ကျမ်း၏ “ယင်” အက္ခရာကို သင်ကြားပေးခဲ့လေသည်။

ယခု ဝူယွမ်က ချင်းတန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ သူမ၏ ခန္ဓာကိငယ်မှာလည်း အံ့ဩစရာကောင်းလောက်အောင် အားကောင်းနေပြီး သူ ဖြန့်ကျက်ထားသော ဝိညာဉ်စွမ်းအင်ကိုပင် ဝါးမျိုနိုင်စွမ်း ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။

ချင်းတန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် ပြင်ပစွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ သူမ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် မကောင်းဆိုးဝါးဆန်သော စွမ်းအင်တစ်ခု ပါဝင်နေခဲ့လေသည်။

“ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ်...”

ချင်းတန်၏ ကိုယ်ခန္ဓာကျင့်ကြံခြင်း လမ်းကြောင်းမှာ “ယင်” အက္ခရာ၏ အခြားတစ်ဖက်ဖြစ်သော ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ် ဖြစ်ရမည်ဟု ဝူယွမ် ချက်ချင်း ကောက်ချက်ချလိုက်လေသည်။

ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို မိမိကိုယ်ပိုင်အဖြစ် အသုံးပြုရန် ဝါးမျိုနိုင်စွမ်း ရှိလေသည်။

အခန်း (၂၈၀) - ချင်းတန်နှင့် လင်းကျန်းတို့၏ တိုက်ပွဲ၊ အမှောင်ဘိုးဘေးအဆောင် ထွက်ပေါ်လာခြင်းလော(၂)

ဤသည်မှာ မဟာရှေးဟောင်းကျမ်းနှင့် အနည်းငယ် ဆင်တူသော်လည်း မဟာရှေးဟောင်းကျမ်းမှာ ကျင့်ကြံခြင်း နည်းလမ်း တစ်ခုသာ ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြု၍ အချိန်တိုအတွင်း ပေါက်ကွဲထွက်ရန်အတွက်သာ ဖြစ်လေသည်။

သို့သော် ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ်မှာ အခြေခံအုတ်မြစ် တစ်ခု ဖြစ်လေသည်။ ၎င်းကို အလိုအလျောက် အလုပ်လုပ်နေသော မဟာရှေးဟောင်းကျမ်းတစ်ခုဟု ပြော၍ ရနိုင်ပေသည်။

သေချာသည်မှာ လက်ရှိ ချင်းတန်သည် ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ် အဆင့်သို့ မရောက်ရှိသေးသော်လည်း တော်ဝင်ခန္ဓာကိုယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ခန္ဓာကိုယ်ကျမ်း၏ “ယင်” အက္ခရာ ကျင့်ကြံခြင်း နည်းလမ်းအရ သူမသည် ယင်ရှခန္ဓာကိုယ်ကို ခန္ဓာကိုယ်ကျမ်းရှိ မွေးရာပါ ယင်မိစ္ဆာခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ဤအခြေခံအပေါ်တွင် ကျင့်ကြံခဲ့ခြင်း ဖြစ်ရပေမည်။

သူမ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ အားကောင်းလာပြီး ကျန်းရွှယ်၏ ခန္ဓာကိုယ် နှင့် တန်းတူဖြစ်သော တော်ဝင်ခန္ဓာကိုယ် အဆင့်သို့ပင် တက်လှမ်းနေပြီ ဖြစ်သည်။

လက်ရှိ ချင်းတန်၏ တော်ဝင်ခန္ဓာကိုယ်သည် ကောင်းကင်ဝါးမျိုခန္ဓာကိုယ် ဖြစ်ရပေမည်။

သူမ၏ လက်ထဲရှိ အနက်ရောင် တံစဉ်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု သတ်မှတ်၍ရပေသည်။

တံစဉ်ထံမှ ထွက်ပေါ်နေသော အမှောင်အရှိန်အဝါမှာ အလွန်အမင်း အားကောင်းလှပြီး သန့်စင်ယွမ်ရတနာအဆင့်သို့ ရောက်ရှိနေသည်မှာ သံသယဖြစ်ဖွယ် မလိုပေ။

ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်၊ ယွမ်စွမ်းအင်၊ ဝိညာဉ်၊ ကျင့်ကြံခြင်းနည်းလမ်းနှင့် လက်နက်ပိုင်းဆိုင်ရာတို့တွင် ချင်းတန်မှာ တစ်စက်ကလေးမှ အားမနည်းပေ။

ဤစွမ်းအားသည် သူတို့နှင့် ယှဉ်ပြိုင်ရန် တကယ်ပင် လုံလောက်ပြီး လင်းကျန်းကို ကိုင်တွယ်ရန်မှာ ပြဿနာမဖြစ်သင့်ပေ။

“ကောင်းပြီ၊ သွားတော့... လှပတဲ့ တိုက်ပွဲလေးတစ်ခု ဖြစ်ပါစေ...”

ဝူယွမ်က အလွယ်တကူပင် သဘောတူလိုက်လေသည်။

လင်းတုန်ကဲ့သို့ သူသည် အမျိုးသား ကြီးစိုးဝါဒီ တစ်ယောက် မလုပ်နိုင်ပေ။ မိန်းကလေးများ ကိုယ်တိုင်ကိုယ်ကျ စွမ်းဆောင်နိုင်ရန် သင့်တော်သော အခွင့်အရေးများ ပေးရန်လည်း လိုအပ်ပေသည်။

သူတို့သည်လည်း သက်သေပြရန် လိုအပ်လေသည်။

“ရေး... အစ်ကိုကြီးဝူယွမ်၊ ညီမလေးအစ်ကိုကြီးကို သေချာပေါက် စိတ်ပျက်အောင် မလုပ်ပါဘူး...”

ချင်းတန်က စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားခဲ့လေသည်။

ထို့နောက် သူမက အနက်ရောင် အရိပ်တစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားပြီး ပြေးထွက်သွားလေတော့သည်။

“နင်က အဲ့ဒီ သိုးပေါက်လေး မဟုတ်လား... ဒီကိုလာခဲ့၊ ငါ့ရဲ့ တံစဉ်နဲ့ နင့်ရဲ့ သိုးမွေးတွေကို ရိတ်ပေးမယ်...”

ချင်းတန်က အဖြူရောင်ဝတ်စုံနှင့် လင်းကျန်းကို စိုက်ကြည့်ရင်း ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။

“မင်းက သေချင်နေတာပဲ... မိန်းမတစ်ယောက်ဆိုပြီး ငါက အလျှော့ပေးမှာ မဟုတ်ဘူး...”

လင်းကျန်းက သူ၏ ယပ်တောင်ကို ပိတ်လိုက်ရာ သူ၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မည်းသွားခဲ့၏။

သူက ချင်းတန်ထံသို့ လက်ဝါးတစ်ချက် ချက်ချင်း ပစ်လွှတ်လိုက်လေသည်။

“အစ်ကိုကြီး... ဒါက သင့်တော်ပါ့မလား...” လင်းတုန်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“ညီအစ်ကိုဝူယွမ်... ချင်းတန်ကို ဘယ်လိုလုပ် မဆင်မခြင် လှုပ်ရှားခွင့် ပေးလိုက်ရတာလဲ... တကယ်လို့ သူမ တစ်ခုခု ဖြစ်သွားရင် ကျွန်တော် ဆရာ့ကို ရှင်းပြနိုင်မှာမဟုတ်ဘူး...” ချန်ကွေ့က ဝင်ရောက် တားဆီးရန် ပြင်လိုက်လေသည်။

“မင်းတို့နှစ်ယောက်... ချင်းတန်အပေါ် မင်းတို့ရဲ့ အတွေးတွေနဲ့ အတင်းအကျပ် လိုက်မကွပ်ကဲနေနဲ့တော့... သူမက ကလေး မဟုတ်တော့ဘူးလေ၊"

“အမြဲတမ်း အလိုလိုက်ထားလို့ သူမ ကြီးထွားလာမှာ မဟုတ်ဘူး... ဒါ့အပြင် သူမက မင်းတို့ရဲ့ အလိုလိုက်တာကို လိုအပ်တော့မှာ မဟုတ်ဘူးထင်တယ်၊ သူမက မင်းတို့ ထင်ထားသလောက် အားမနည်းပါဘူး..."

“ဒီတိုင်းပဲ ကြည့်နေပါ၊ စိတ်မပူပါနဲ့... မင်းတို့ နှစ်ယောက်တည်း သူမကို ဂရုစိုက်တာ မဟုတ်ပါဘူး၊ သူမကို ငါဘာမှ အဖြစ်မခံပါဘူး...” ဝူယွမ်က ထိုနှစ်ဦးကို တည်ငြိမ်စွာဖြင့် ချေပလိုက်လေသည်။

သူ၏ ချင်းတန်လေးမှာ ငယ်သေးပုံရသော်လည်း သူမတွင် သူမ၏ အစ်ကိုကြီးနှင့် ဂိုဏ်းတူအစ်ကိုကြီးတို့ထက် များစွာ ပိုမို အားကောင်းသော တော်ဝင်ခန္ဓာကိုယ် ရှိနေလေသည်။

ဤနေရာတွင် ဝူယွမ်၏ တောင်တန်းခန္ဓာကိုယ် တစ်ခုတည်းကသာ သူမကို အပြတ်အသတ် ဖိနှိပ်ထားနိုင်လိမ့်မည်ဟု ခန့်မှန်းရပေသည်။

သူမ၏ အစ်ကိုကြီး နှစ်ယောက်ရှေ့တွင် စွမ်းဆောင်ရည် ပြသရန် အခွင့်အရေးတစ်ခု နောက်ဆုံးတွင် ရရှိသွားသဖြင့် ချင်းတန်၏ ကိုယ်တွင်းမှ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏ အမူအရာ ပြောင်းလဲသွားပြီး အေးစက်သော ယင်ရှအရှိန်အဝါ တစ်ခုက သူမ၏ ကိုယ်တွင်းမှ လှိုင်းတံပိုးများအလား ထွက်ပေါ်လာခဲ့လေသည်။

ချင်းတန်က တိတ်ဆိတ်နေပြီး သူမ၏ မျက်နှာအမူအရာမှာ အလွန် လေးနက်နေခဲ့၏။

အလွန်အမင်း အေးစက်နေသော အနက်ရောင် အလင်းတန်း တစ်ခုက သူမ၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ပြန့်နှံ့ထွက်ပေါ်လာခဲ့သည်။

အနက်ရောင် အလင်းတန်း ပြန့်နှံ့သွားသော နေရာများတွင် လေထုပင်လျှင် အနည်းငယ် အေးခဲသွားသကဲ့သို့ ဖြစ်နေခဲ့၏။

ချင်းတန်က ပြတ်သားစွာ လှုပ်ရှားလိုက်လေသည်။ သူမ၏ လက်ထဲရှိ ဧရာမတံစဉ်းကြီးကို ဝှေ့ယမ်းလိုက်ရာ အလွန်အမင်း အေးစက်နေသော အနက်ရောင် အလင်းတန်း တစ်ခုက လင်းကျန်း၏ ခေါင်းဆီသို့ ပြင်းထန်စွာ တိုး၀င်သွားခဲ့သည်။

လေထုထဲတွင် လင်းကျန်း၏ မျက်နှာမှာ ချင်းတန်၏ လှုပ်ရှားမှုကို မြင်သောအခါ ချက်ချင်း အေးစက်သွားခဲ့၏။

သူက ယပ်တောင်ကို ရုတ်တရက် ဖွင့်လိုက်ရာ ယွမ်စွမ်းအင် အကာအကွယ် တစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့လေသည်။

ရွှစ်...

အနက်ရောင် အလင်းတန်းက ယွမ်စွမ်းအင် အကာအကွယ်ကို တိုက်ခိုက်လိုက်ပြီး တိုက်ရိုက် ဖောက်ထွင်းသွားကာ လင်းကျန်း၏ ယပ်တောင်ပေါ်တွင် အက်ကွဲကြောင်း တစ်ခုကို ဖန်တီးလိုက်လေသည်။

“သန့်စင်ယွမ်ရတနာလား...”

လင်းကျန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချင်းတန်ကို အထင်မသေးရဲတော့ပေ။ သူက လေထဲသို့ ချက်ချင်း တက်လိုက်ပြီး လက်သင်္ကေတများကို ဖန်တီးလိုက်လေသည်။

ကြီးကျယ်ခမ်းနားပြီး ထက်ရှလွန်းသော ယွမ်စွမ်းအင် တစ်ခုက လှံရှည်တစ်လက်၏ ပုံသဏ္ဍာန်အဖြစ်သို့ စုစည်းသွားပြီး ချင်းတန်၏ မျက်ခုံးနှစ်ခုကြားဆီသို့ လျှပ်စီးတစ်ခုအလား ပြေး၀င်သွားခဲ့၏။

အနက်ရောင်တံစဉ်းကြီး၏ ဓားသွားပေါ်တွင် ထူးဆန်းသော အေးစက်သည့် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့လေသည်။ နောက်တစ်ခဏတွင် သူမက ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

ဘုန်း...

အမှောင်ဓားအလင်းတန်းက လင်းကျန်း၏ လှံရှည်ကို တိုက်ရိုက်ပင် နှစ်ပိုင်း ပိုင်းဖြတ်ပစ်လိုက်လေသည်။

ချင်းတန်၏ တိုက်ခိုက်မှု အရှိန်အဟုန်မှာ မလျော့ကျသွားပေ။ သူမ၏ ကျောက်စိမ်းရောင်လက်လေးဖြင့် အနက်ရောင် တံစဉ်းကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လျင်မြန်စွာ ခုတ်ပိုင်းချလိုက်၏။

သူမ၏ အရှေ့ရှိ လေဟာနယ်မှာ လှိုင်းထသွားပြီး အရိုးကွဲမတတ် အေးစက်မှုကို ထုတ်လွှတ်နေသော ထက်ရှသည့် ဓားအလင်းတန်း တစ်ခုက လေဟာနယ်ကို တိုက်ရိုက်ထိုးဖောက်သွားကာ လင်းကျန်း၏ ခေါင်းထက်တွင် ထူးဆန်းစွာ ပေါ်လာပြီး သူ့ကို ခုတ်ပိုင်းချလိုက်လေသည်။

သူမ၏ အနက်ရောင် တံစဉ်းကြီးမှ အနက်ရောင် အလင်းတန်း ပစ်လွှတ်ထွက်ပေါ်လာပြီး သူမ၏ တိုက်ခိုက်မှုမှာ အလွန် ထူးဆန်းလှပေသည်။

လင်းကျန်းနှင့် အနည်းငယ် ဝေးသေးသော်လည်း ထက်ရသော ဓားအလင်းတန်းမှာ လေဟာနယ်နှင့် အတားအဆီးကို လျစ်လျူရှုကာ လင်းကျန်းကို ထူးဆန်းစွာ လွှမ်းခြုံသွားတော့မည့်ဟန် ရှိနေလေသည်။

လင်းကျန်းက အလျင်စလို ရှောင်တိမ်းလိုက်သော်လည်း သူ၏ ဆံပင်များမှာ ပြတ်တောက်သွားခဲ့၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်သွားပြီး ချောမောမှု အားလုံး ပျောက်ကွယ်သွားကာ ဖရိုဖရဲ ဖြစ်သွားလေတော့သည်။

“ဟူး...”

ဤမြင်ကွင်းက လူတိုင်းကို အေးစက်စက် လေကများ ရှူသွင်းမိသွားစေခဲ့လေသည်။

“ဒီအနက်ရောင် တံစဉ်ကြီးက အကွာအဝေးကို လျစ်လျူရှုပြီး တကယ်ကြီး တိုက်ခိုက်နိုင်တာပဲ... တကယ်ကို ထူးဆန်းလွန်းတယ်...”

“ကြောက်စရာကောင်းတဲ့ ကောင်မလေးပဲ... သူမက အရမ်း ငယ်သေးပုံရပေမယ့် သူမရဲ့ ပေါက်ကွဲထွက်နိုင်တဲ့ အဖျက်စွမ်းအားက ဒီလောက် အားကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...”

“ဒီခေတ်ကြီးအှာ မိန်းမပျိုလေးတွေကို အထင်သေးလို့ မရတော့ဘူးပဲ...”

... လင်းကျန်း၏ မျက်နှာမှာ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သွားခဲ့၏။ သူက လေသံကိုနှိမ့်ကာ ပြောလိုက်လေသည်။

“မင်း ငါ့ကို ဒေါသထွက်အောင်လုပ်တာ အောင်မြင်သွားပီ... သန့်စင်ယွမ်ရတနာလား... ဒီလောက်နဲ့ မလုံလောက်သေးဘူး...”

သူ စကားပြောနေစဉ် အပြာနှင့် ရွှေရောင် ရောယှက်နေသော လှံရှည် တစ်လက် သူ၏ လက်ထဲတွင် ပေါ်လာခဲ့၏。

ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံမှာ ချက်ချင်းပင် အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မှေးမှိန်သော အစိမ်းရောင် အရိပ်တစ်ခုက လင်းကျန်း၏ အနောက်ဘက်တွင် ပေါ်လာခဲ့လေသည်။ လင်းကျန်း၏ အရှိန်အဝါမှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့၏

“ဝိညာဉ်ဧကရာဇ်ကျမ်းပဲ...”

“လင်းကျန်းက အလေးအနက်လုပ်လာပီ...”

“ဝိညာဉ်ဧကရာဇ်ကျမ်းကို ဒီလောက် မြန်မြန် ထုတ်သုံးဖို့ ဖိအားပေးခံရတာဆိုတော့... ဒီကောင်မလေး ခံနိုင်ရည်ရှိပါ့အုံးမလား သိချင်မိတယ်...”

“သူ့ရဲ့ အရှိန်အဝါကို ကြည့်ရတာ ဒီအချိန်မှာ လင်းကျန်းက ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်နဲ့တောင် ယှဉ်နိုင်လောက်တယ်...”

... အခြားသူများ အားလုံးမှာ အံ့ဩသွားကြလေသည်။

တောင်ဂိုဏ်းဘက်ရှိ လူများမှာမူ အားလုံးက စိုးရိမ်ပူပန်နေသော အမူအရာများကို ပြသနေကြ၏။ လင်းတုန်နှင့် ချန်ကွေ့တို့သည် ပေါက်ကွဲတော့မည့်အလား ဖြစ်နေပြီး တစ်ခုခု မှားယွင်းသွားပါက ချက်ချင်း လှုပ်ရှားရန် အသင့်ရှိနေပုံ ရလေသည်။

လူအများအပြားက ဝူယွမ်ကို ကြည့်လိုက်ရာ သူသည် တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး လုံးဝ စိုးရိမ်နေပုံ မရပေ။

သို့သော် သူ၏ ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်ထားပြီး ဖြစ်ကြောင်းကိုတော့ သူတို့ မသိရှိကြချေ။

“ဝိညာဉ်ဧကရာဇ်ကျမ်း၊ ကောင်းကင်ခွဲဖြာ ဝိညာဉ်လှံ...”

လင်းကျန်းက ဟိန်းဟောက်လိုက်ပြီး ယွမ်ဂိုဏ်း၏ အမြင့်ဆုံးသော သိုင်းပညာရပ် သုံးခုထဲမှ တစ်ခုဖြစ်သည့် ဝိညာဉ်ဧကရာဇ်ကျမ်းကို ထုတ်လွှတ်လိုက်လေသည်။

သူ၏ လက်ထဲရှိ လှံရှည်မှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များမှာ သူ၏ လှံထဲသို့ လျင်မြန်စွာ စုစည်းလာကြ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လှံထဲတွင် စုစည်းသွားသော ယွမ်စွမ်းအင်များမှာ နိဗ္ဗာန်အဆင့် ၉ အားကောင်းသည့် သိုင်းပညာရှင် တစ်ဦးကို ကျော်လွန်ကာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်းကို မြင်သောအခါ ချင်းတန်မှာ အလျင်စလို မဖြစ်သွားပေ။ သူမက နက်နဲသော လက်သင်္ကေတ တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ရာ သူမ၏ မျက်ခုံးနှစ်ခုကြားမှ အနက်ရောင် အလင်းတန်းများ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။

နောက်ဆုံးတွင် ရှေးဟောင်း အနက်ရောင် ရူန်းစာလုံး တစ်ခုက သူမ၏ နီ၀မ်နယ်ပယ်အတွင်းမှ ဖြည်းညင်းစွာ ပျံသန်းထွက်ပေါ်လာခဲ့လေသည်။

ဤရှေးဟောင်း အနက်ရောင် ရူန်းစာလုံး ထွက်ပေါ်လာသည်နှင့်အမျှ ကမ္ဘာကြီးမှာ ချက်ချင်း မှောင်မိုက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အလင်းတန်းများက ၎င်းအတွင်းမှ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။

အနက်ရောင် အလင်းတန်းများက ကောင်းကင်ယံကို လွှမ်းခြုံသွားပြီး အံ့ဩတကြီး ကြည့်နေသော အကြည့်များမှာ ကောင်းကင်ယံတွင် ပျံဝဲနေသည့် ရှေးဟောင်း အမှောင်ရူန်းစာလုံးဆီသို့ ရောက်ရှိသွားကြလေသည်။

၎င်းထံမှ အံ့ဩစရာကောင်းသော လှိုင်းဂယက်တစ်ခု ပြန့်နှံ့ထွက်ပေါ်နေခဲ့သည်။

“အမှောင်ဘိုးဘေးအဆောင်လား...”

ရူန်းစာလုံး ထွက်ပေါ်လာသည်နှင့် လူအများအပြားက အံ့ဩတကြီး ရေရွတ်လိုက်ကြလေသည်။

သူတို့အားလုံးက ထိုရူန်းစာလုံးကို ဘိုးဘေးအဆောင် အစစ်အမှန်ဟု ထင်မှတ်သွားကြခြင်းပဲ ဖြစ်လေတော့သည်။

All Chapters