← Chapters

အခန်း (၂၁၇-၂၂၀)

Vol. 11 Ch. 217-220

အခန်း (၂၁၇-၂၂၀)

Vol. 11 Ch. 217-220

Chapter 217 : ရည်းစားစာ

ဝမ်းကွဲမောင်နှမနှစ်ယောက်က ကျင်းယွင်ကျောင်းအား အံ့သြစွာ ကြည့်နေစဥ်မှာပင် သူမက ထိုအမျိုးသမီးကြီးအား အဝတ်အစားများကို ပြန်ပေးလိုက်သည်။

“ကျွန်မ လက်ဆောင်ကို လက်မခံနိုင်ပါဘူး၊ ဆိုင်ကို ပြန်ယူသွားပြီး ငွေပြန်အမ်းခိုင်းလိုက်ပါ။”

သူမသည် ဝမ်ရှင်းဖန်းအား ယဥ်ကျေးမနေတော့ပေ။ ထို့အပြင် သူမသည် လူများထံမှ အခွင့်အရေးယူရသည်ကိုလည်း မနှစ်သက်ပေ။

အကယ်၍ သူတို့၏တော်စပ်မှုကိုသာ အတည်ပြုပြီးပါက ယဥ်ကျေးစွာ ဆက်ဆံလာသည်ကို ယဥ်ကျေးစွာ တုံ့ပြန်ပေးရမည်မှာ ပုံမှန်သာဖြစ်သည်။ ထိုသို့သာဆိုလျှင် သူမသည် ဝမ်ရှင်းဖန်း၏ ကောင်းမွန်သော ရည်ရွယ်ချက်က်ို ငြင်းပယ်လိမ့်မည် မဟုတ်ပေ၊ သို့သော် ယခု ပြဿနာမှာ စစ်ဆေးချက်ရလဒ် မထွက်လာသေးခြင်းပင်။

ထိုအချိန်၌ ဝမ်းရှင်းဖန်း၏မျက်နှာမှာ ဖြူဖျော့သွားပြီး ပြိုလဲကျသွားတော့မည့်အလားပင်။

“ရှောင်ယွင်၊ အမေ့မှာ တခြားရည်ရွယ်ချက် မရှိပါဘူးကွယ်၊ ငါက အမေတစ်ယောက်ရဲ့တာဝန်တွေကို ကျေချင်ရုံလေးတင်ပါ။ ငါ မင်းအတွက် ဒီလောက်နှစ်တွေအများကြီးကြာတဲ့အထိ အဝတ်အစားတစ်ထည်မှ မဝယ်ပေးဖူးဘူး၊ ပြီးတော့ မင်းက ဝတ်တတ်စားတတ်တဲ့ အရွယ်လေးလည်း ရောက်နေပြီလေ။ အမေက မင်းကို ပျော်သွားအောင် လုပ်ပေးချင်ရုံပါကွယ်။”

သူမသည် စကားဆုံးသောအခါ အိတ်ထဲမှ အဝတ်အစားများကို ထုတ်လိုက်ပြီး ဖြန့်ပြလိုက်ကာ ကျင်းယွင်ကျောင်းအား လက်ဟန်ခြေဟန်များဖြင့်ပါ ပြောလာ၏။

“ဒီစကတ်လေးကို ကြည့်ပါဦး၊ အရမ်းလှတယ်။ ရှောင်ယွင်၊ မင်းက အသား အရမ်းဖြူတော့ ဒါလေးက မင်းနဲ့ သေချာပေါက် လိုက်မှာပဲ။”

စကတ်သည် ပန်းရောင် ဇာသားဖြစ်၏။ ထိုချစ်စရာကောင်း၍ ဆွဲဆောင်မှုရှိသောပုံစံသည် ကျင်းယွင်ကျောင်းနှင့် လုံးဝမလိုက်ဖက်ပေ။

ကျင်းယွင်ကျောင်း၏ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် မည်သည့်အဝတ်အစားပုံစံနှင့်မဆို လိုက်ဖက်သော်လည်း တစ်ခုည်းသော အဆင်မပြေသည့်အချက်မှာ သူမ၏ အေးစက်ပြီး အထက်စီးဆန်သော အရှိန်အဝါကြောင့် သူမသည် ဤစကတ်နှင့် ကြည့်ကောင်းသည်ဆိုလျှင်တောင်မှ ထူးဆန်းနေလိမ့်မည်။

ထိုအစား ဤစကတ်ကို စူးချူ ဝတ်မှသာ လုံးဝ ပြီးပြည့်စုံလိုက်ဖက်ပေလိမ့်မည်။

“အန်တီဝမ်”

ကျင်းယွင်ကျောင်းက ခေါ်လိုက်သည်။

“ဒီပုံစံက ချစ်စရာကောင်းတဲ့ဘက်ကို သွားတယ်။ ရှင့်ရဲ့သမီးနှစ်ယောက် ဝတ်လို့ရမယ်လို့ ကျွန်မထင်တယ်၊ ဒါကြောင့် အိမ်ပြန်ယူသွားလိုက်တာ ပိုကောင်းမယ်၊ ပြီးတော့ အချိန်လည်း မစောတော့ဘူး။ ကျွန်မ ကျောင်းသွားရဦးမှာ။”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ငါ ဒါကို မင်းအတွက် ဝယ်လာတာ၊ မင်းပဲ သိမ်းထားရမှာပေါ့။ ရှောင်ယွင်၊ မင်း စိတ်ချပါ၊ မင်းရဲ့ညီမလေးနှစ်ယောက်က မင်းကို ဘာကြောင့်မှ ရန်မရှာပါဘူး၊ ငါ သူတို့ကို သေချာလေး ဆုံးမထားလိုက်ပါ့မယ်။ ရလဒ်တွေ ထွက်လာတဲ့အထိ စောင့်ပြီးရင် ပိတ်ရက်မှာပဲ မင်း ငါတို့နဲ့အတူ အိမ်ကို ပြန်လာနေလို့ရတယ်။ ငါ မင်းအတွက် အခန်းသက်သက် ပြင်ပေးထားပြီးသွားပြီ၊ မင်းကို ဒုက္ခမခံခိုင်းပါဘူးကွယ်။”

ဝမ်ရှင်းဖန်းက ခပ်သွက်သွက် ရှင်းပြလာ၏။

“ပြီးတော့ မင်းရဲ့အဆင့်တွေကောင်းတာကိုလည်း ငါသိပါတယ်ကွယ်။ မင်းက ငါတို့မိသားစုရဲ့ အကောင်းဆုံးအနာဂတ် မျှော်မှန်းချက်လေးပါပဲ။ စာကောင်းကောင်းသင်နော်၊ ငါ မင်းကို နောက်ကျအောင် မလုပ်တော့ဘူး။”

သူမသည် စကားဆုံးသည်နှင့် ထိုအဝတ်အစားအိတ်ကို ကျင်းယွင်ကျောင်း၏ လက်ထဲသို့ ထပ်မံ၍ ထိုးထည့်ပေးလိုက်ပြီးနောက်ပြန်လှည့်ပြေးသွားတော့သည်။

သူမ၏ အလျင်လိုနေသောပုံရိပ်က ကျင်းယွင်ကျောင်းသည် သူမ၏နောက်သို့လိုက်၍ ပစ္စည်းပြန်ပေးမည်ကို ကြောက်နေသည့်အလားပင်။ ထိုအဖြစ်အပျက်ကို ကြည့်နေကြသော စူးချူနှင့် ကန်ကျင်းချန်တို့ နှစ်ဦးစလုံးသည်လည်း ဆွံ့အနေကြသည်။

“ပြောင်ကျဲ...သူက ဘာသဘောလဲ။ ဘာလို့ သူက သူ့ကိုယ်သူ အစ်မရဲ့အမေလို့ ခေါ်နေတာလဲ။”

စူးချူက ဝမ်ရှင်းဖန်း၏နောက်ကျောကို ညွှန်ပြ၍ မေးလိုက်၏။

ကန်ကျင်းချန်က စူးချူအား ချက်ချင်းပင် တံတောင်နှင့်တွက်၍ တားလိုက်ပြီး

“ယွင်ကျောင်း၊ နင် အဆင်ပြေရဲ့လား။”

ချောင်ဝေ့မင်နှင့် ထိုအမျိုးသမီးကြီးမှာ မိသားစုတစ်ခုတည်းမှ မဟုတ်ကြောင်း အရူးတစ်ယောက်ပင် သိနိုင်သည်။ သူမက ကျင်းယွင်ကျောင်း၏အမေအရင်းသာ ဖြစ်နိုင်ချေ အမြင့်ဆုံးပင်။ ရှောင်ဟိုင်ချင်းက မနေ့က သူတို့အား ဖုန်းလှမ်းဆက်စဥ်က ထစ်ထစ်အအနှင့် ကောင်းကောင်းမွန်မွန် စကားမပြောနိုင်သည်မှာ အံသြစရာ မဟုတ်တော့ပေ။ သူမသည် ဤကိစ္စကြောင့် ကျင်းယွင်ကျောင်း စိတ်ညစ်မည်ကို စိုးရိမ်နေခြင်းပင်။

“ငါ အဆင်ပြေပါတယ်။”

ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်ပြီးနောက် တိုက်ခန်းဆီသို့ ပြန်သွား၍ စကတ်ကို ခဏသိမ်းထားလိုက်သည်။

အကယ်၍ သူမသာ ဤစကတ်ကို လက်မခံလိုက်ပါက ဝမ်ရှင်းဖန်းသည် သူမအား ကျောင်းအထိပင် လာရှာနိုင်ချေရှိ၏။ သူမသည် ဤကိစ္စက ဤမျှ ဒုက္ခများလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။

ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့သည် အမှန်တကယ်ပင် သူမနှင့် အတော်လေး သွေးသားတော်စပ်မှုရှိပုံရသော်လည်း အဘယ်ကြောင့်မှန်းမသိ၊ သူမသည် ထိုနှစ်ယောက်အပေါ်၌ စိတ်အားထက်သန်မှုမရှိပေ။ မသိစိတ်အလျောက် သူတို့နှင့် ဝေးဝေးပင် နေချင်သေးသည်။

ကျင်းယွင်ကျောင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျောင်းသွားသည့် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေ၏။

စာသင်နှစ်အသစ်၏ အစဖြစ်သော်လည်း ကျင်းယွင်ကျောင်းအတွက် ကွာခြားချက် များများစားစားမရှိပေ။

သူမသည် အတိတ်ဘဝက လူမှုရေး ဝိဇ္ဇာနှင့်သိပ္ပံဌာနကို ရွေးခြယ်ခဲ့ပြီး အခန်းများကိုလည်း သူမ အထက်တန်းကျောင်း ပထမနှစ်၏ ဒုတိယနှစ်ဝက်တွင် ပြန်လည်ခွဲခြားသတ်မှတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ပိုနေမြဲကျားနေမြဲ အခြေအနေက များများစားစား ပြောင်းလဲမှု မရှိပေ။ သူမ၏အတန်းဖော်များက ပြောင်းလဲမသွားသလို အတန်းခေါင်းဆောင်သည်လည်း ပြောင်းလဲမသွားပေ။ အများဆုံးပြောင်းလဲမှုအနေဖြင့် တာဝန်ကျသည့် ဆရာမနှစ်ယောက်သာ သူတို့ သင်ကြားပေးနေသော ဘာသာရပ်ချင်း ပြောင်းလဲသွားခြင်းဖြစ်သည်။

ကျင်းယွင်ကျောင်း၏ အတန်းပိုင်ဆရာမှာလည်း ပုံမှန်အတိုင်း ဆရာကျီ ဖြစ်၏၊ ထို့ကြောင့် သူတို့ ကျောင်းသို့ရောက်သည်နှင့် အကဲဖြတ်မှတ်တမ်းအချိူ့ ရေးရန် ညွှန်ကြားခံလိုက်ရသည်။

သို့သော် ကျင်းယွင်ကျောင်းအား အံ့သြသွားစေသည်မှာ သူမ သတိမထားမိလိုက်သောအချိန်၌ တစ်စုံတစ်ယောက်က သူမ၏စာရေးစားပွဲအောက်ရှိ အံဆွဲထဲတွင် ရည်းစားစာတစ်စောင်နှင့် မနက်စာဘူးကို ဖွက်ထားခဲ့ခြင်းပင်။

Chapter 218 : ချစ်ရပါသော ကျောင်းအာ

ချောင်ဟုန်ယဲ့ ကျောင်းထွက်သွားပြီးကတည်းက ကျင်းယွင်ကျောင်း၏ မကောင်းသတင်း အတော်များများသည်လည်း ပျောက်ကွယ်သွား၍ လက်တွေ့ ၌ မည်သူကမှ အစမဖော်ရဲကြတော့ပေ။ သူမ၏အဆင့်များက ကောင်း၍ အမူအကျင့်ကလည်း ကောင်းမွန်သည်။ များသောအားဖြင့် သူတို့အတန်းတံခါးဝ၌ ကျောင်းသားအချို့ အမြဲတမ်း ပေါ်လာတတ်သော်လည်း လက်တစ်ဆုပ်စာကသာ မျက်နှာပြောင်တိုက်၍ သူတို့၏ရည်းစားစာများကို အမှန်တကယ် ပေးရဲကြ၏။

ကျင်းယွင်ကျောင်းသည် သတိလက်လွတ်ဖြင့် စာနှင့် မနက်စာကို စားပွဲပေါ်သို့ တင်လိုက်မိသည်။ သူမ အချိန်မီ မတုံ့ပြန်လိုက်နိုင်မီမှာပင် သူမ၏ဘေးတွင် ထိုင်နေသော ရှောင်ဟိုင်ချင်းက စာကို မြင်သွားပြီး ဆတ်ခနဲ ဆွဲယူသွားလေ၏။

“ဝိုး...ယွင်ကျောင်း၊ စန်းပွင့်လိုက်တာ။ ကျောင်း ပထမဆုံးရက်မှာတင် နင်က ရည်းစားစာရပြီးနေပြီ။ ဒီကောင်က နင့်ကို ကြိတ်ကြိုက်နေတာ အတော်လေးကြာနေပြီဆိုတာ အသေအချာပဲ။”

ရှောင်ဟိုင်ချင်းက အော်လိုက်သည်။

သူမသည် ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်၍ သူမ၏အဓိကရည်ရွယ်ချက်မှာ ကျင်းယွင်ကျောင်း၏ ရှက်သွေးဖြာနေသော အမူအယာကို မြင်ရစေရန်ဖြစ်၏။

သို့သော် မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်းအား မျက်ခုံးတစ်ဖက်သာ ပင့်ပြလိုက်သည်။ ဤကိစ္စက သူမနှင့် မဆိုင်သည့်အလား အလွန်ပင် တည်ငြိမ်လှ၏။

“နင် တစ်ခုခုများ မှားနေတာလား။ ရည်းစားစာရတာကို မပျော်ဘူးလား။ ငါတော့ မကြာခင် နင်ရဲ့လိင်အမျိုးအစားနဲ့ပတ်သတ်ပြီး သံသယဝင်မိတော့မယ်နော်။”

ရှောင်ဟိုင်ချင်းက အံ့အားသင့်စွာ မေးလိုက်သည်။

သူမသည်လည်း ယခင်က ရည်းစားစာများ ရခဲ့ဖူးသည်၊ သို့သော် ရှက်တတ်သော ကောင်လေးများမှာ သူမအား မချဥ်းကပ်ရဲသောကြောင့် အများစုမှာ လူဆိုးလေးများ ရေးသည့် ရည်းစားစာများသာဖြစ်သည်။ သူမသည် ကူးစက်ရောဂါပိုးတစ်မျိုးဖြစ်သောကြောင့် သို့မဟုတ် သူမ ဒေါသထွက်သောအခါ သူတို့အား ရိုက်မည်ကို ကြောက်သောကြောင့် ဖြစ်နိုင်၏။ လက်သီးနှင့် တစ်ချက်အထိုးခံနိုင်သူများကသာ သူမအပေါ် သူတို့၏ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဝန်ခံရဲကြသည်။

သို့ရာတွင် သူမသည် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်ပြီး တစ်ခါတစ်ရံ၌ ရဲရင့်၍ ကြံ့ခိုင်သန်မာပုံပေါ်သော်လည်း ရည်းစားစာများကို လက်ခံရရှိသည့်အခါတိုင်း အနည်းငယ် စိတ်လှုပ်ရှားတတ်ဆဲပင်။

ငြင်းပယ်ခြင်းက သက်သက်၊ ဤကဲ့သို့ ကိုယ့်အပေါ် စိတ်ဝင်စားခြင်းကို နှစ်သက်ခြင်းက သက်သက် ဖြစ်သည်။

သူမသည် နိုင်လိုမင်းထက်ပြုမူတတ်သော မိန်းကလေးတစ်ယောက်ဖြစ်သည်မှာ သံသယဖြစ်စရာမရှိသော်လည်း မည်မျှပင် နိုင်လိုမင်းထက်ပြုတတ်စေကာမူ သူမသည် မိန်းကလေးတစ်ယောက်ပင် ဖြစ်သည်။

ရှောင်ဟိုင်ချင်း၏မျက်ခုံးတန်းများက မြင့်တက်သွားပြီး သတင်းအသစ်အဆန်းတစ်ခုကို တွေ့သွားသည့်အလား ဖြစ်သွားရာ ကျင်းယွင်ကျောင်းသည် ပြောစရာစကား ဆွံ့အသွား၍ သူမ၏ထင်မြင်ချက်ကြောင့် အီလည်လည်ဖြစ်သွား၏။

“ငါရဲ့လိင်အမျိုးအစားက ဘာမှ မမှားပါဘူး။ စာပေးခံရလို့ လူတိုင်း ပျော်နေတာမှ မဟုတ်တာ။”

သူမသည် ယခင်ဘဝက အသက်နှစ်ဆယ်ကျော်အထိ ရှင်သန်နေထိုင်ခဲ့၍ အထိုက်အလျောက် အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်ခဲ့သည်။ သူမ၏လက်ရှိခန္ဓာကိုယ်သည် ငယ်ရွယ်၍ နုနယ်နေလျှင်တောင်မှ သူမ၏စိတ်သည် ရင့်ကျက်ပြီးသား ဖြစ်၏။ ယောက်ျားလေးတစ်ယောက်ထံမှ ရည်းစားစာလေးတစ်စောင်ရရုံနှင့် အဘယ်ကြောင့် လွယ်လွယ်ကူကူ စိတ်လှုပ်ရှားရမည်နည်း။

“နင်က တကယ် ပျော်စရာမကောင်းတာပဲ။ ရည်းစားစာထဲမှာ ဘာရေးထားလဲဆိုတာ ငါ နင့်ကို ကူကြည့်ပေးမယ်။”

ရှောင်ဟိုင်ချင်းက ကြိတ်ရယ်လိုက်၍ ရည်းစားစာကို ဖင်ပြန်ခေါင်းပြန် ကြည့်လိုက်ပြီး သူမ၏မျက်နှာက သိချင်စိတ်များနှင့် ပြည့်နေသည်။

သူမသည် ရုပ်ဆိုး၍ မနှစ်မြို့ဖွယ်ကောင်းသော ယောက်ျားလေးများက သူတို့မိသားစု၏ ယွင်ကျောင်းကို လိုချင်တပ်မက်နေသည်အား မမြင်ချင်ပေ။ ရည်းစားစာတစ်စောင်သည် လူတစ်ယောင်၏ အကျင့်စရိုက်နှင့် အကြိုက်ကို ဖော်ပြနေသောကြောင့် သူမသည် ဤစာကို သေသေချာချာ ဖတ်ရှုစစ်ဆေးရန် လိုအပ်ပေသည်။

ရှောင်ဟိုင်ချင်းသည် စကားဆုံးသောအခါ ကျင်းယွင်ကျောင်းကလည်း သူမကို မတားသည်နှင့် စာကို ဖွင့်လိုက်၏။

စာအိတ်မှာ အဖြူရောင်ဖြစ်ပြီး ချိတ်ပေါ်တွင် အနီရောင်အသည်းပုံတစ်ခုကို ရေးဆွဲထားရာ ဤမိန်းကလေးနှစ်ယောက်အတွက်မူ အနည်းငယ် ကလေးဆန်ပုံပေါ်နေသည်။

ထို့နောက် သူတို့သည် စာရွက်ကို ကြည့်လိုက်ရာ ပန်းရောင်ဖြစ်သည်ကို မြင်လိုက်ကြရသည်။

ရှောင်ဟိုင်ချင်း စိတ်ပျက်သွား၏။ ကျင်းယွင်ကျောင်းနှင့် တွဲဖက်၍ မရဆုံးသော အရောင်မှာ ပန်းရောင်ဖြစ်ရာ တစ်ဖက်လူက စေ့စေ့စပ်စပ် မစဥ်းစားမတွေးခေါ်တတ်သည်မှာ အသေအချာပင်။

ရှောင်ဟိုင်ချင်းသည် စာကို ဖွင့်လိုက်ပြီး သူမ၏နှုတ်ခမ်းများက မဲ့ကျသွားသည်။ ထိုအခါ သူတို့၏နောက်တွင် ထိုင်နေသော စူးချူနှင့် ကန်ကျင်းချန်သည်လည်း မနေနိုင်ဘဲ ရှေ့တိုးလာ၏။

ထို့နောက် သူတို့၏မျက်နှာများသည် ချက်ချင်းပင် ယင်ကောင်အသေများကို စားခိုင်းခံလိုက်ရသည့်အလား ရှုံ့တွသွားသည်။

သူတို့၏အမူအယာများကို မြင်သောအခါ ကျင်းယွင်ကျောင်းသည်လည်း အလွန်သိချင်လာ၏။

ခဏကြာသောအခါ ရှောင်ဟိုင်ချင်းက သူမအား ကရုဏာသက်စွာဖြင့် ကြည့်လာပြီးနောက် စာကို အသံထွက်၍ စတင်ဖတ်ပြလိုက်သည်။

“ချစ်ရပါသော ကျောင်းအာ၊ မင်းမရှိတဲ့ ဒီနေ့ရက်တွေမှာ မင်းအပေါ် ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကို ဆက်ထိန်းမထားနိုင်တော့လို့ ကိုယ့်ရဲ့ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။ ကိုယ်လေ..မင်းရဲ့ရေလိုကြည်လင်တဲ့ မျက်ဝန်းလေးတွေကို လွမ်းနေခဲ့တာ၊ မင်းရဲ့ ဖောင်းအိပြီး ညှို့ဓါတ်ပါတဲ့ နှုတ်ခမ်းလေးတွေကို တောင့်တနေခဲ့တာ၊ မင်းရဲ့ နူးညံ့ချောမွေ့ပြီး ဖြူဝင်းနေတဲ့ အသားအရေကိုလည်း တမ်းတနေခဲ့တာပါ။ မင်းရဲ့ သိမ်မွေ့တဲ့ပုံစံလေးက ကိုယ့်ရဲ့စိတ်ထဲမှာ နေ့တိုင်း စိုးမိုးနေတာ ကိုယ့်ကိုကိုယ်တောင် ထိန်းမထားနိုင်တော့တဲ့ အထိပါပဲ။”

“မင်းလည်း ထပ်တူပဲ ခံစားနေရမယ်ဆိုတာ ကိုယ်သိပါတယ်။ မင်းရဲ့အကြည့်တွေက ကိုယ့်ဆီကို ရောက်ရောက်လာတယ်လို့ မကြာခဏ ခံစားမိတယ်၊ အဲဒီလိုအချိန်တိုင်းမှာ ကိုယ့်ရဲ့ရင်ခုန်သံတွေကလည်း မြန်ဆန်လာတယ်။”

“မင်းနဲ့ပတ်သတ်သမျှ အရာရာတိုင်းက အဖိုးတန်ပါတယ်။ မင်းကို ကိုယ့်ရဲ့လက်ဖဝါးတွေထဲမှာ ထည့်ထားပြီး ယုယချင်တယ်၊ မင်းက ကိုယ့်ရဲ့အရိုးထဲထိစွဲအောင် နေရာယူနေတယ်လို့ ခံစားရတယ်လေ။ မင်းကို ကိုယ့်ရဲ့လက်မောင်းတွေကြားထဲ ဆွဲထည့်ပြီးတော့ ကိုယ့်ရဲ့အချစ်နဲ့ ကောင်းကောင်းမွန်မွန် ယဥ်ပါးလာအောင် လုပ်ချင်တဲ့အကြောင်းကို မတွေးဘဲ ခဏလေးတောင် မနေနိုင်ဘူး။”

ဤစာကြောင်းကို ရောက်သောအခါ ကျင်းယွင်ကျောင်း၏အမူအယာက ကြောက်စရာကောင်းလောက်အောင် ပျက်ယွင်းသွားသည်။

Chapter 219 : ခပ်လေးလေး အရသာများ

ရှောင်ဟိုင်ချင်းသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။ ရည်းစားစာ၏ ပထမတစ်ဝက်သည် အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ရာ မကောင်းဘဲ အဆုံးသတ်ရောက်မှသာ သူတို့အား အန်ချင်အောင် လုပ်သွားခြင်းပင်။

“ဆက်မဖတ်တော့နဲ့။”

ကျင်းယွင်ကျောင်းက တင်းမာနေသော မျက်နှာထားဖြင့် ပြောလာ၏။ ထို့နောက် သူမသည် ရှောင်ဟိုင်ချင်းဆီမှ စာကို ပြန်ဆွဲယူလိုက်ပြီး ဆက်ဖတ်လိုက်သည်။

“နေ့တစ်နေ့ရဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ ကိုယ် မင်းရဲ့ သလင်းကျောက်လို မျက်လုံးကြည်ကြည်လေးတွေကို အိပ်မက်မက်တယ်။ ကိုယ့်ရဲ့အာရုံကြောတွေက တင်းထောင်လာပြီးတော့ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့သိုဝှက်ထားတဲ့ စိတ်ခံစားချက်တွေကို ဆက်ထိန်းမထားနိုင်တော့ဘူး။ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်တွေကို ကိုယ့်ရဲ့အသားပေါ်မှာ ထွင်းထားချင်ပြီးတော့ နေ့ရောညပါ ပွတ်သပ်ပေးနေချင်တယ်။ မင််းရဲ့လှပခြင်း၊ မင်းရဲ့ကောင်းမွန်ခြင်းတွေက ကိုယ့်ကို သရေကျတဲ့အထိ လိုချင်တပ်မက်စေတယ်။၊ မင်းက ကိုယ့်ဘေးမှာ၊ ကိုယ့်ရဲ့အောက်မှာ၊ က်ုယ့်ရဲ့နှလုံးသားထဲမှာဆိုပြီး မရေမတွက်နိုင်အောင် အိပ်မက်မက်တယ်။ မင်းရဲ့ချိုသာတဲ့အသံလေးက ကိုယ့်ရဲ့ အသည်းကြိုးလေးတွေကို ဆွဲငင်နေပြီးတော့ မင်းရဲ့အချစ်နွံထဲမှာ ထပ်ခါထပ်ခါ ကျဆင်းစေတယ်။”

ဤစာတစ်စောင်လုံးသည် ညစ်ညမ်းသော စကားလုံးများနှင့်သာ ပြည့်နှက်နေရာ ဤကဲ့သို့သောစာမျိုးကို ရည်းစားစာဟု ခေါ်နိုင်သေးသည်လား။

စာတစ်စောင်လုံးအား ဖတ်ပြီးသောအခါ စူးချူနှင့်ကန်ကျင်းချန်တို့အပြင် အစောပိုင်းက ပြောင်စပ်စပ်ဖြစ်နေသော ရှောင်ဟုန်ချင်းသည်လည်း လုံးဝ ဒေါသထွက်သွား၏။

သူတို့၏စိတ်ထဲ၌ ကျင်းယွင်ကျောင်းကဲ့သို့ သန့်စင်၍ ဂုဏ်ကျက်သရေရှိသောသူသည် တိမ်တိုက်များ၏ဘေးရှိ တောင်စွန်းတစ်ခုပေါ်တွင် ရပ်နေသူနှင့်တူပြီး တိတ်ဆိတ်ငြိမ်သက်လွန်းသောကြောင့် ဖုန်မှုန့်လေးများကပင် မနှောက်ယှက်နိုင်ပေ၊ သို့သော် ဤရည်းစားစာသည် လူများအား အန်ချင်စိတ်ဖြစ်စေသည်အထိ ယုတ်ညံ့လွန်းလှသည်။

‘မင်းကို ကိုယ့်ရဲ့လက်မောင်းတွေကြားထဲ ဆွဲသွင်းပြီး ညှင်းပန်းမယ်’ ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒါ့အပြင် ‘ငါ့ရဲ့ဘေးမှာ’ နဲ့ ‘ငါ့ရဲ့အောက်မှာ’ ဆိုတာကရော ဘာကိုဆိုလိုတာလဲ။ ဒါက လူတစ်ယောက်ရဲ့ အထိန်အကွပ်မဲ့စ်ိတ်ကူးယဥ်မှုဆိုတာ ရှင်းနေတာပဲလေ။

“ငါ ဖတ်ပြီးသွားပြီ။ အောက်မှာ လက်မှတ်ထိုး မပါဘူး။”

ရှောင်ဟိုင်ချင်းက အံကြိတ်ရင်း ပြောလိုက်သည်။

ဤညစ်ညမ်းသည့် ရည်းစားစာပေးသူသာ သူမလက်ထဲ ရောက်လာခဲ့ပါက ကျိုးပဲ့ဒဏ်ရာရသည်အထိ ရိုက်ပစ်မည်ဖြစ်၏။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည်လည်း ဤရည်းစားစာကို ဖတ်ပြီးနောက် အရှက်ခွဲခံလိုက်ရသကဲ့သို့ ဒေါသထွက်သွားသည်။ ဤစာသည် အချစ်ကို ဝန်ခံသည်ဟု ခေါ်မည့်အစား သူမအား သိက္ခာချနေသည့် စာသာဖြစ်၏။ ထို့အပြင် သူတို့အသက်အရွယ်၌ ရည်းစားစာအများစုမှာ ချိုမြိန်သော စကားလုံးများ၊ ဖြူစင်သော မျှော်လင့်ချက်များ၊ သန့်စင်သော ခံစားချက်များနှင့်သာ ပြည့်နေသည်။ ဤကဲ့သို့ တဏှာရာဂများ ပြည့်လျှမ်းနေသော ရည်းစားစာနှင့် အဘယ် တူနိုင်မည်နည်း။ သူမကဲ့သို့ တည်ငြိမ်သော လူတစ်ယောက်သည်ပင် ဒေါသထွက်လာ၏။

ကျင်းယွင်ကျောင်းသည် ထိုလူပေးသော မနက်စာကိုစားရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် သူမသည် မနက်စာစားခဲ့ပြီးသား ဖြစ်၏။ တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ချင်းသည် ရည်းစားစာကို ဖတ်ပြီးသောအခါ ထိုမနက်စာသည် ညှီစို့စို့ဖြစ်လာသည်ဟု ခံစားရသဖြင့် ပို၍ပင် အော်ဂလီဆန်လာသည်။ ထို့ကြောင့် သူမသည် တွေဝေခြင်းမရှိဘဲ ထိုမနက်စာဘူးကို လွှင့်ပစ်လိုက်၏။

“အစားအသောက်ကို ဖြုန်းတီတာ ရှက်စရာကောင်းတယ်ဆိုပေမယ့် ငါ ဒီရွံစရာကောင်းတဲ့ကောင် ပို့တဲ့ မနက်စာစားကို စားမယ့်အစား ငရဲကြီးခံလိုက်မယ်။”

ရှောင်ဟိုင်ချင်းသည် ဒေါသူပုန်ထနေသည်။

သို့သော် ခဏကြာသောအခါ ကျင်းယွင်ကျောင်းသည် ရည်းစားစာကို သိမ်းထားရန် ဆုံးဖြတ်လိုက်၏။

သူမသည် အရူးမဟုတ်ပေ။ ဤရည်းစားစာကို ဆရာ့ဆီသို့ အပ်လျှင် စာပို့သူအား မည်သူကမှ မသိသောကြောင့် အဆင်ပြေမည်မဟုတ်ပေ။ အများဆုံးအနေဖြင့် ဆရာကျီက အတန်းထဲ၌ သတိပေးငေါက်ငမ်းရုံသာ လုပ်လိမ့်မည်။ အဆုံးတွင် လူများက သူမသည် တိုင်ကြောထူ၍ ကိစ္စအသေးအမွှားများကို ပုံကြီးချဲ့တတ်သူဟုပင် ထင်သွားနိုင်သည်။

ထိုသို့ဆိုပါက သူမသည် ဤကိစ္စကို လျစ်လျူရှုပြီး လွှတ်ပေးထားသင့်သလား။ လုံးဝ မဖြစ်နိုင်ပေ။

“ဟိုင်ချင်း၊ နင် ဘာလို့ လွှင့်ပစ်လိုက်တာလဲ။ ငါ အဲဒါလေးကို တကယ် စားချင်နေတာ။”

ကျင်းယွင်ကျောင်းက သူမ၏ဒေါသကို ထိန်းချုပ်လိုက်ပြီး ရှောင်ဟိုင်ချင်းဘက်သို့ လှည့်ကာ ရှက်သွေးဖြာနေသောပုံစံ သရုပ်ဆောင်လိုက်ပြီး စကားဆိုလိုက်သည်။

ထိုအခါ ရှောင်ဟိုင်ချင်းသည် ကြောင်အ၍ ထိတ်လန့်သွား၏၊ သေချာကြည့်ပါက သူမ၏ခေါင်းပေါ်တွင် စိတ်ရှုပ်မှုကို ဖော်ပြနေသည့် မေးခွန်းသင်္ကေတလေးကိုပင် မြင်နိုင်လိမ့်မည်။

“ဒါ..ဒါပေမယ့် ဒါက...”

ရှောင်ဟိုင်ချင်းသည် စကားများပင် ထစ်သွားသော်လည်း သူမသည် ကျင်းယွင်ကျောင်း၏ အကျင့်စရိုက်ကို သတိရသွားသောအခါ ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အိုး..ငါသိပြီ။ ယွင်ကျောင်း နင်က ဒီလို ခပ်လေးလေး အရသာတွေ ကြိုက်တတ်မှန်း ငါ တစ်ခါမှ မသိခဲ့ဘူး။”

သူမ၏တုံ့ပြန်မှုက ကျင်းယွင်ကျောင်းကဲ့သို့ မလျင်မြန်ပေ။ တစ်ဖက်လူက အဘယ်ကြောင့် ရည်းစားစာ ရေးသနည်း။ ဤကိစ္စသည် သူ၏ခံစားချက်များကို ရိုးရိုးသားသား ဝန်ခံခြင်းကဲ့သို့ မရိုးရှင်းနိုင်ပေ။

လက်ရှိအချိန်၌ ကျင်းယွင်ကျောင်းသည် ရှက်သွေးဖြာနေသည့်ပုံစံဖြစ်နေပြီး ဤသို့သရုပ်ဆောင်ရခြင်းက သူမအား စိတ်မသက်မသာဖြစ်စေသော်လည်း မျက်လုံးပါသူတိုင်းက သူမ၏မျက်နှာတွင် အချစ်များ၊ ပျော်ရွှင်မှုများနှင့် ပြည့်နေသည်ကိုသာ မြင်ရလိမ့်မည်ဖြစ်သည်။ အကယ်၍ သူမနှင့် ရည်းစားစာရေးသူသည် အခန်းတူဖြစ်ပါက သူသည် သူမ၏တုံ့ပြန်မှုကို မြင်သောအခါ အဆင့်ထပ်တက်လာခြင်းမရှိဘဲ ဒီအတိုင်း ဆက်၍ ငြိမ်နေနိုင်မည်လား။

ထိုအခါကျမှ တရားခံသည် သူ့ကိုယ်သူ ထုတ်ဖော်ပြောကြား၍ သူမဆီသို့ သူကိုယ်တိုင် လိုလိုလားလား လည်စင်းပေးလာမည် မဟုတ်လား။

သို့သော် သနားစရာကောင်းသည့် ကျင်းယွင်ကျောင်းကတော့ အထင်လွဲခံရရန် လိုအပ်၏။ သူမသည် ရွံစရာကောင်းသည့် တရားခံကို ဖမ်းမိရန်အတွက် အနစ်နာခံရမည်ဖြစ်သည်။

ကောင်းသည့်ဘက်မှ တွေးကြည့်ပါက ကျင်းယွင်ကျောင်း၏ ယခု အမူအယာသည် ချစ်စရာကောင်းလွန်းလှ၏။ သူမအား ဤပုံစံဖြင့် မြင်ရခြင်းက ပထမဆုံးအကြိမ်ပင်။

Chapter 220 : ရွံစရာ လူရမ်းကားကောင်

ကျင်းယွင်ကျောင်း၏ မျက်နှာတစ်ခုလုံးက ပန်းရောင်သန်းနေပြီး သူမသည် စာကို ဂရုတစိုက်ဖြင့် သိမ်းဆည်းထားလိုက်သည်။ သူမ၏လုပ်ရပ်များက နုံအအလေးဖြစ်သည့် စူးချူကို အထင်လွဲသွားစေ၏။

စူးချူသည် ရိုးသားသည့် စိတ်ထားရှိသူဖြစ်ရာ နားလည်သဘောပေါက်လွယ်ခြင်း မရှိဘဲ ကျင်းယွင်ကျောင်း၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်၏အဓိပ္ပါယ်ကို ရှောင်ဟိုင်ချင်းကဲ့သို့ ခပ်မြန်မြန် သဘောမပေါက်ပေ။ သူမသည် ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်း၏ သရုပ်ဆောင်မှုကို ကြောင်အစွာ ကြည့်နေပြီး တစ်ချိန်တည်းမှာပင် သူမ၏ဝမ်းကွဲအစ်ကို ကန်ကျင်းချန်၏ သာမန်ကာလျှံကာ သဘောထားကို မြင်သောအခါ ခဏအတွင်းမှာပင် သူမသည် ဘာကိုမှ မတွေးခေါ်နိုင်ဖြစ်သွားသည်။

ပြောင်ကျဲက ဘယ်လိုလုပ်ပြီး ဒီလိုရွံစရာကောင်းတဲ့ ရည်းစားစာရေးတဲ့သူကို သဘောကျနိုင်တာလဲ။ ဒါ လုံးဝ အမှန်မဖြစ်နိုင်ဘူး။

စာသင်ချိန်အချို့ပြီးသည့်နောက်အထိ စူးချူသည် စိိုးရိမ်နေသေးသည်။ ထို့ကြောင့် သူမက ကျင်းယွင်ကျောင်း ထွက်သွားသည်အထိ စောင့်နေပြီးနောက် ရှောင်ဟိုင်ချင်းဆီသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွား၏။ ထို့နောက် ရှောင်ဟိုင်ချင်း၏လက်မောင်းကို ဆွဲလိုက်ပြီး သူမ၏ချစ်စရာကောင်းမှုများက စတင်ထုတ်သုံးတော့သည်။

“ရှောင်ဟိုင်ချင်း၊ ပြောင်ကျဲက အဲဒီရွံစရာကောင်ကို သေချာပေါက် မကြိုက်ဘူး မဟုတ်လားဟင်။”

ရှောင်ဟိုင်ချင်းက တစ်ချက်ရယ်လိုက်၏။ စူးချူသည် အမှန်တကယ်ပင် တုံးလွန်းလှသည်။

ထို့အပြင် ကန်ကျင်းချန်သည် ဥာဏ်ကောင်းသောကြောင့် ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးသားဖြစ်သော်လည်း သူသည် စူးချူအား ယခုအချိန်ထိ ရှင်းမပြခဲ့ပေ။ သူက သူမအား စနောက်ချင်နေသည်မှာ အသိအသာပင်။

သို့ရာတွင် စူးချူ၏ စိုးရိမ်တကြီးဖြင့် ဆူပုတ်နေသော မျက်နှာကို မြင်သောအခါ ရှောင်ဟိုင်ချင်းသည်လည်း သူမအား အနည်းငယ် စနောက်ချင်လာသည်။ ထို့ကြောင့် သူမ၏မျက်လုံးများက တောက်ပသွားပြီး စိတ်လျှော့လိုက်သည့်ပုံစံဖြင့် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်ပြလိုက်၏။

“ဟူး၊ ငါလည်း အဲဒါကို ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ။ ယွင်ကျောင်းက အဲဒီလူယုတ်မာကို ချစ်မိသွားမယ်လို့ ဘယ်သူကထင်မှာလဲ။ နင်က မသိလို့ရယ်၊ ခုနတုန်းက ငါတို့ စာသင်နေတုန်း ယွင်ကျောင်းက စိတ်လွတ်နေပြီး အတန်းချိန်တစ်ချိန်လုံး စိတ်ကူးယဥ်နေတာလေ။ ငါကြောင့်သာ မဟုတ်ရင် သူ သေချာပေါက် ဆရာကျီရဲ့မေးခွန်းတွေကိုတောင် ဖြေနိုင်မှာ မဟုတ်ဘူး။”

ရှောင်ဟိုင်ချင်းက ဆက်၍ ပေါက်ကရပြောနေသည်။ သူမက ထိုသို့ပြောလေလေ စူးချူက ပို၍ ပျာယာခတ်လာလေလေပင်။

ယခုအချိန်တွင် စူးချူ၏ခေါင်းထဲ၌ စကားလုံးနှစ်လုံးသာ ရှိတော့သည်။

ငါတို့တော့ ဂြိုလ်ဆိုးဝင်ပြီ။

သူမ၏မိသားစုမှ ပြောင်ကျဲသည် အလွန်ခေါင်းမာကြောင်း သူမသိ၏။ သူမ၏စိတ်ဓါတ်ကလည်း ပြင်းထန်၍ မာကျောသည်။ အကယ်၍ သူမသာ လူတစ်ယောက်ကို ချစ်မိသွားပါက မည်သူမှ တားနိုင်မည်မဟုတ်ပေ။

ပြောင်ကျဲက ဒီရွံစရာကောင်းတဲ့လူရမ်းကားဆီကနေ အခွင့်ရေးယူခံရရင်ရော။

စူးချူသည် သူမကိုယ်တိုင်လည်း မရေမတွက်နိုင်သော ရည်းစားစာများစွာကို လက်ခံရရှိဖူးသော်လည်း ထိုစာများသည် ယခု ကျင်းယွင်ကျောင်းရသည့် စာနှင့်ယှဥ်ကြည့်ပါက တခြားစီပင်။ သူမ ရသောစာများသည်် သူတို့၏အသက်အရွယ်နှင့် သင့်လျော်မှုရှိကာ ရိုးစင်းပြီး သူမအား မနှစ်မြို့စိတ်နှင့်ရွံရှာစိတ် တစ်ခါမှ မဖြစ်စေပေ။

ယခုအချိန်တွင် စူးချူ၏မျက်နှာသည် သေလောက်အောင် ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။ ကျင်းယွင်ကျောင်း ပြန်လာသောအခါ အစွန့်ပစ်ခံထားရသည့် သနားစရာကြောင်ပေါက်လေးနှင့်တူသော မျက်ဝန်းတစ်စုံက သူမအား ကြည့်နေသည်။ စူးချူက ကန်ကျင်းချန်နှင့် ရှောင်ဟိုင်ချင်းတို့ သူမအား စိတ်ရှုပ်အောင် လုပ်ထားသည်ကို ကျင်းယွင်ကျောင်းက ပြန်ရှင်းပြပေးလိမ့်မည်ဟု မျှော်လင့်နေ၏။

သို့သော် သူမ၏ အကျင့်မကောင်းသော သူငယ်ချင်းဆိုးနှစ်ယောက်၏ ဇွဲကောင်းကောင်းနှင့် တောင်းဆိုမှုကြောင့် ကျင်းယွင်ကျောင်းသည် စူးချူအား ကိစ္စများကို ရှင်းမပြနိုင်ပေ။ သို့သော် ရိုးရိုးသားသား ဝန်ခံရလျှင် စူးချူ၏ စိုးရိမ်နေသော အမူအယာက သူမအား နွေးနွေးထွေးထွေး ခံစားရစေပြီး အချစ်ခံရသော ခံစားချက်ကို ပေးသည်။ ဤကဲ့သို့ သူငယ်ချင်းများကြားရှိ ချောက်ချမှုလေးက သူတို့အား အမှန်တကယ် ပျော်ရွှင်စေ၏။

သုံးရက် ကြာသွားသည်။

ထိုအချိန်အတောအတွင်း ကျင်းယွင်ကျောင်း၏ စာရေးစားပွဲအံဆွဲသည် မုန့်များ၊ ရည်းစားစာများ မပြတ်ဘဲ စာတစ်စောင်ချင်းဆီက ယခင်စာများထက် ပို၍ ရွံစရာကောင်းကာ ညစ်ညမ်းလာ၏။

ကျင်းယွင်ကျောင်းအတွက် ကံဆိုးသည်မှာ သူမသည် မနက်စာဘူးကို လက်ခံရရှိသည့် အချိန်တိုင်း မစားရက်သော အမူအယာနှင့် ထိုလက်ခံရရှိသော စားစရာကို ဘူးတစ်ခုအတွင်း၌ ဂရုတစိုက် သိမ်းဆည်းထားသည့်ပုံစံကို သရုပ်ဆောင်နေရခြင်းပင်။

နောက်ဆုံး လေးရက်မြောက်သောနေ့၌ ကျင်းယွင်ကျောင်း လက်ခံရရှိသော ရည်းစားစာထဲတွင် လက်မှတ်တစ်ခုပါလာသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမရရှိနေသည့် ရွံစရာကောင်းသော စာများသည့် သူ့ဆီမှ ဖြစ်ပုံပင်။ အမှန်တကယ် မျှော်လင့်မထားခဲ့ပေ။

ကျင်းယွင်ကျောင်းနှင့်ယှဥ်ပါက ရှောင်ဟိုင်ချင်းသည် ထိုကိစ္စအပေါ်တွင် ပို၍ စိတ်ခံစားမှုများသည်။ သူမသည် ထိုစာပေးသူကို သိသည်နှင့် ချက်ချင်းပင် ထပေါက်ကွဲတော့၏။ ကျင်းယွင်ကျောင်းသာ သူမကို တားမထားပါက ထိုသူအား ချက်ချင်းပင် သွားရိုက်နှက်ပြီးဖြစ်လိမ့်မည်။

“ငါကိုယ်တိုင်ပဲ လုပ်လိုက်ပါ့မယ်။”

ကျင်းယွင်ကျောင်းက ခပ်တိုးတိုးပြောလိုက်ရာ သူမ၏အနီးနားရှိ လူများသည် ပြောမပြတတ်လောက်သော အေးစိမ့်မှုကို ခံစားလိုက်ရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဟန်ဆောင်နေခဲ့ရခြင်းကြောင့် သူမ မည်မျှ အော်ဂလီဆန်ခဲ့ရသည်ကို ဘုရားသာ သိလိမ့်မည်။ ထိုရည်းစားစာများထဲရှိ ထိန်းမနိုင်သိမ်းမရဖြစ်နေသော ရမ္မက်များကြောင့် သူမသည် အမြဲတမ်း အစာစားချင်စိတ်ပျောက်ခဲ့ရသည်။ ထို့အပြင် ဤရက်များအတွင်း သူမ လုပ်နေကျအတိုင်း ဒေါသများကို ဖြေလျှော့ရန် ထိုလူအား မရိုက်နှက်၊ မကန်ကျောက်ရခြင်းက သူမအား မချင့်မရဲနှင့် စိတ်ပျက်စေသည်။ ယခုအချိန်၌ ထိုလူက သူ၏နာမည်ကို ထုတ်ဖော်ပြသပြီး သူကိုယ်တိုင် အရိုက်ခံဖို့ ကမ်းလှမ်းလာသည်ဖြစ်ရာ သူမက သူ၏ကမ်းလှမ်းချက်ကို လက်မခံဘဲနေလိုက်လျှင် ဤရက်များအတွင်း သူမ ခံစားရခဲ့သော ဝေဒနာများက မည်သို့ဖြစ်သွားမည်နည်း။

မနက်ခင်းအစောတွင် ကျင်းယွင်ကျောင်း၏မျက်နှာသည် အအေးဆုံးသော ဆောင်းရာသီထက်ပင် ပို၍အေးစက်နေ၏။ သူမက လက်ခံရရှိသော ရည်းစားစာကို ပုံမှန်အတိုင်းပင် သိမ်းထားလိုက်၍ ပုံနှိပ်စာအုပ်ခပ်ကြီးကြီးတစ်အုပ်ကို ယူကာ မတ်တပ်ထရပ်လိုက်ပြီး စာသင်ခန်း၏အနောက်သို့ လှည့်လိုက်ကာ စတင်လျှောက်သွားလေသည်။

All Chapters