အခန်း (၁၆၉၆-၁၆၉၈)
Vol. 114 Ch. 1696-1698
အခန်း (၁၆၉၆) ယွီဝမ်ရှင်းကို ချက်ချင်းအနိုင်ယူခြင်း
ချူးယွင်ဖန်းသည် ဂိုဏ်းထဲသို့ ဝင်ရောက်ခါစဖြစ်သော်လည်း အတွင်းစည်းပြိုင်ပွဲကဲ့သို့သော ကြီးမားသောပြိုင်ပွဲတွင် ထိပ်ဆုံးဆယ်ဦးစာရင်း၌ ပါဝင်နေပြီဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် သူ၏ပြိုင်ဘက်အားလုံးကို အနိုင်ယူရန် အချိန်မကြာလိုက်ပေ။ မဟုတ်ပါက သူသည် မည်သို့ တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်၍ အနီရောင်တံဆိပ်ကို ရရှိနိုင်မည်နည်း။
"မင်းရဲ့ဒဏ်ရာတွေအတွက် စိတ်မပူပါနဲ့။ ငါမင်းကို ကာကွယ်ပေးမယ်။ ငါဒီမှာရှိနေတုန်း ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်ဘူး" ချူးယွင်ဖန်းးက ပြောသည်။
ယုချူးယွမ်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်းအတွင်း ချူးယွင်ဖန်းး၏ ပထမဆုံးနောက်လိုက်ဖြစ်သည်။ ချူးယွင်ဖန်းးသည် သူ့နောက်လိုက်ပါက အကျိုးကျေးဇူးများစွာရှိမည်ကို လူတိုင်းအား စံနမူနာပြရန် လိုအပ်ခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ စီနီယာချူး။" ယုချူးယွမ်က ဆေးလုံးကို မျိုချလိုက်သည်။
"ဘယ်သူမှ သူ့ကို နာကျင်အောင် မလုပ်ဘူးဟုတ်လား။ ချူးယွင်ဖန်း မင်း ယုံကြည်မှုလွန်ကဲလွန်းတယ်။"
ချူးယွင်ဖန်းရှေ့တွင် အနီရောင်တံဆိပ်ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုပေါ်လာသည်။ လူတိုင်း၏အကြည့်များသည် သူ့ထံတွင် အာရုံစိုက်နေကြသည်။ ဤသူသည် ယွီဝမ်ရှင်းမှလွဲ၍ အခြားမည်သူဖြစ်နိုင်မည်နည်း။
ယွီဝမ်ရှင်းသည် ကောင်းကင်အမြင့်သို့ ပျံသန်းသွားကာ ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် အတွင်းစည်းတပည့်များအားလုံးကို တွန်းထုတ်လိုက်သည်။
ယွီဝမ်ရှင်းက စတင်လှုပ်ရှားလိုက်သည်နှင့် အတန်ငယ် ကျယ်ဝန်းသော တိုက်ပွဲနေရာတစ်ခုကို ရှင်းလင်းလိုက်သည်။ လူတိုင်းက သူ၏ ခြိမ်းခြောက်မှု အရှိန်အဝါကို သတိပြုမိသောအခါ ချက်ချင်း ထွက်ပြေးသွားကြသည်။
သူတို့အားလုံး ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို အစောပိုင်းကတည်ရ မြင်တွေ့ခဲ့ကြပြီးသားဖြစ်သည်။
အထွတ်အထိပ်အဆင့်ဟူသည် အဆင့် မည်မျှနည်း။ ချူးယွင်ဖန်း၏ ခြေရာများကို လုံးဝရပ်တန့်၍ မရပေ။ ယွီဝမ်ရှင်းကလည်း အလားတူ ခြိမ်းခြောက်မှုမျိုးဖြစ်သည်။ ၎င်းတို့နှစ်ဦးကြားတွင် မည်သို့သောလူက ရပ်ရဲမည်နည်း။
ယွီဝမ်ရှင်းက ချူးယွင်ဖန်းထံ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် တိုးဝှေ့လိုက်သည်။
"ဒီလူနှစ်ယောက် ဘာလို့ အစောကြီး မျက်နှာချင်းဆိုင်နေကြတာလဲ။ ဒီအဆင့် ကျွမ်းကျင်သူတွေက အခုချက်ချင်း တိုက်ခိုက်တာကို ရှောင်သင့်တယ်" တစ်ယောက်ယောက်က တွေးလိုက်မိသည်။
ယွီဝမ်ရှင်းက အဘယ်ကြောင့်
ပြိုင်ပွဲအစောပိုင်းတွင် ချူးယွင်ဖန်ကို ရှာနေသနည်း။ မည်သည့်အရာများဖြစ်ပျက်နေသည်ကို နားလည်၍ ရှင်းပြပေးသူများ အားလုံးပေါ်လာသည်။ ထိုအခိုက်မှသာ ဤကိစ္စ၏
အလှည့်အပြောင်းကို လူတိုင်း နားလည်သွားကြသည်။
ချူးယွင်ဖန်းသည် တပည့်အစစ်ဖြစ်သော ဝမ်ယိဖန်ကို ရန်စခဲ့သည်။
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ယွီဝမ်ရှင်း တစ်ယောက်တည်းဆိုလျှင် ကိစ္စမရှိသော်လည်း
ဝမ်ယိဖန် ပါဝင်ပတ်သက်နေပါက အရာအားလုံးက ဒုက္ခရောက်လိမ့်မည်။ စစ်မှန်သော တပည့်တစ်ယောက်အနေနှင့် အတွင်းစည်းတပည့်တစ်ဦးကို
ပစ်မှတ်ထားရန် အလွန်လွယ်လွန်းသည်။ စစ်မှန်သော တပည့်တစ်ယောက်က အတွက်းစည်းတစ်ယောက်ကို လက်ချောင်းတစ်ချောင်းနှင့် နင်းချေပစ်နိုင်သည်။
၎င်းတို့ဆိုပါက ကြယ်ကြွေကောင်းကင် တောင်ထွတ်ရှေ့၌
ဒူးထောက်၍ ဝမ်ယိဖန်၏
ခွင့်လွှတ်မှုကို တောင်းပန်ကြလိမ့်မည်။ သို့သော် ချူးယွင်ဖန်းက
ထိုအဆင့်ကို မရွေးချယ်ခဲ့ပေ။ ယင်းအစား သူက တည့်တည့်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ယွီဝမ်ရှင်းက ချူးယွင်ဖန်းကို ပြဿနာရှာခဲ့ခြင်းဖြစ်သည်။ လူအများစုက သူသည် ဝမ်ယိဖန်၏
ဆန္ဒကို ကိုယ်စားပြုကြောင်း မြင်နိုင်သည်။ ဝမ်ယိဖန်က
ချူးယွင်ဖန်းကို တိုက်ရိုက်တိုက်ခိုက်၍ မရသော်လည်း တပည့်စစ်တစ်ယောက်၏ စွမ်းရည်နှင့် ချူးယွင်ဖန်းကို
ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများ များစွာရှိသည်။
လူများစွာက ခေါင်းခါကြသည်။ ထိပ်တန်းတပည့်များထဲ၌ပင် လူအများက ချူးယွင်ဖန်းကို အထင်ကြီးခဲ့ကြသော်လည်း ယခုမူ ၎င်းတို့၏ အကဲဖြတ်ချက်ကို ရုပ်သိမ်းလိုက်ကြပြီဖြစ်သည်။
သူ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့ မည်သူ့ကို
စော်ကားနိုင်သည် မည်သူ့ကို မစော်ကားနိုင်သည်ကို နားမလည်နိုင်ပေ။ ၎င်းတို့က စစ်မှန်သော တပည့်တစ်ယောက်ကို စော်ကားမိပါက ၎င်းတို့ပင် သေသွားလိမ့်မည်။ သာမန် အတွင်းစည်းတပည့်တစ်ယောင်ကိုပင် ထည့်ပြောရန်မလိုပေ။
ယွီဝမ်ရှင်းက ချူးယွင်ဖန်ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
သူက အေးစက်စက် အသံဖြင့် ပြောလိုက်၏။
"မင်း မာနကြီးတယ်လို့ ငါကြားတယ်၊ ဒါပေမယ့် နောက်ထပ် ဒီလိုလုပ်ဖို့ အခွင့်အရေး မရှိတော့ဘူးလေ။ ဒီနေ့ မင်းကို ငါ အပြီးသတ်ပစ်မယ်"
လူအများက ယင်းကိုကြားသောအခါ ချက်ချင်းသတိထားမိသွားကြသည်။ ၎င်းတို့က ယွီဝမ်ရှင်းက ချူးယွင်ဖန်း ယနေ့ထိ အသက်ရှင်နေမည်မဟုတ်ဟု ကြေငြာလိုက်သည်။
"မင်းငါ့ကို အထင်သေးနေတာလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"တောင်ပေါ်မှာ ကျားမရှိရင် မျောက်က သူ့ကိုယ်သူ ဘုရင်လို့ ပြောလိမ့်မယ်။ မင်းလိုလူတွေက ရေတွင်းအောက်ခြေက ဖားတွေပဲ။ မင်းကိုယ်မင်း တကယ်ပဲ ပြိုင်ဘက်ကင်းလို့ ထင်နေတာလား"
ချူးယွင်ဖန်က ကြုံးဝါးလိုက်သောအခ့ သူ့ခန္ဓာကိုယ်မှ နတ်စွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သို့ ပြောင်းလဲသွားသည်။ ယုချူးယွမ်ကို ကာကွယ်ရန် အတားအဆီးတစ်ခု တည်ဆောက်ပြီးနောက် သူသည် ယွီဝမ်ရှင်းဘက်သို့ လှည့်လိုက်သည်။ ၎င်းတို့၏ ရောင်ဝါများ
တိုက်မိသွား၍ မည်သူက ပိုအားကောင်းသည်ကို ဆုံးဖြတ်ရန် ခက်ခဲသည်။
"ရေတွင်းအောက်ခြေက ဖားလား။ မင်းက ငါ့ကို အဲဒီလိုခေါ်ရဲတာလား။ ငါမင်းကို ဒီမှာသတ်တာကို ကြည့်စမ်း"
ယွီဝမ်ရှင်းက စတင်လှုပ်ရှားလိုက်သည်။ သူသည် ချက်ချင်းပေါက်ကွဲကာ ချူးယွင်ဖန်းထံ ပြင်းထန်စွာ တိုက်ခတ်သော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့လက်ထဲမှ ဓားကို ဆန့်ထုတ်၍ ချူးယွင်ဖန်းထံသို့ တည့်တည့် ဦးတည်သွားသည်။
ထိုတိုက်ခိုက်မှုက ကြောက်စရာကောင်းကာ အရင်က ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ်အဆင့် ဆယ်ယောက်ခန့်၏ ပေါင်းစပ်အင်အားထက် အနည်းငယ်မျှ မလျော့သကဲ့သို့ အနည်းငယ်ပင် ပိုသန်မာနေသည်။ ယင်းက
ဤပြိုင်ပွဲ၏ အချစ်တော်၏ အစစ်အမှန် အစွမ်းဖြစ်သည်။
သူက ခြေလှမ်းတစ်ဝက် ဒြပ်မဲ့ပြီးပြည့်စုံအဆင့်ဖြစ်သည်။
ထိုအဆင့်သို့ အပြည့်အဝေရောက်ရန် အချိန်တစ်ခုသာဖြစ်ကာ ရကြာလှဦးမည်မဟုတ်ပေ။
"ပါးစပ်ဟတဲ့သူတွေ သေကြ”
ယွီဝမ်ရှင်းသည် ချူးယွင်ဖန်းကို ထိုနေရာတွင်ပင် သတ်ပစ်လိုသော ပြင်းထန်သောထိုးနှက်ချက်ဖြင့် တိုက်ခိုက်ခဲ့သည်။ ချူးယွင်ဖန်းက သူ့လက်ကို လှည့်၍ လေထဲသို့ ဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်သည် လက်ကြီးတစ်ခုအဖြစ် စုစည်းလာပြီး ဆင်းသက်လာသော ဓားအလင်းကို ဆုပ်ကိုင်လိုက်သည်။
ဘမ်း
ဓားအလင်းက ချူးယွင်ဖန်း၏ စွမ်းအင်လက်ဖြင့် ချိုးဖျက်ခံလိုက်ရ၍ ချက်ချင်းပင် ကွဲအက်သွားခဲ့သည်။
ချူးယွင်ဖန်၏ ခန္ဓာကိုယ်က အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ မှော်ကိရိယာတစ်ခုကို သူတိုက်ခိုက်နိုင်ခြင်းမဟုတ်ဘဲ သာမန်မှော်ကိရိယာများထက် များစွာ သာလွန်ကာ မယုံနိုင်စရာအဆင့်ကို ရောက်ရှိနေခြင်းဖြစ်သည်။
"ဒီမှာ၊ ဒါတွေကို ပြန်ယူသွား။"
ချူးယွင်ဖန်က ကျိုးသွားသည့် ဓားအလင်းများကို
ယွီဝမ်ရှင်းထံ ပြန်လည် ချိန်ရွယ်လိုက်သည်။
ဘမ်း
ထိုဓားအလင်းများသည် အလင်းတန်းများနှယ် ပြန်ပေါ်လာသည်။ ယွီဝမ်ရှင်းတွင် တုံ့ပြန်ရန် အချိန်မရှိပေ။ သူ၏ အရှိန်မြှင့်သော အနေအထားတွင် ရှိနေချိန်၌ပင် သူ ထိမှန်သွားကာ
အော်ဟစ်၍ ကြိုးပြတ်နေသော စွန်တစ်စင်းနှယ် မြေပြင်ပေါ် လဲကျသွားသည်။
လူတိုင်း နောက်တစ်ကြိမ်ကြည့်လိုက်ရာ သူ၏ အတွင်းခံချပ်ဝတ်တန်ဆာက ချက်ချင်း ပျက်စီးသွားကြောင်း တွေ့လိုက်ရသည်။ သူ၏
ဓားအလင်းကြောင့် ဒဏ်ရာရပြီးနောက် သူ့ရင်ဘတ်က သွေးများနှင့် ပေပွနေသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချူးယွင်ဖန်း အနိုင်ရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ဟု မဆိုလိုသော်လည်း၊ မည်သို့သော အောင်ပွဲမျိုးပင်ဖြစ်စေကာမူ ဤကဲ့သို့ မဖြစ်သင့်ပေ။ သူတို့၏အမြင်အရ ချူးယွင်ဖန်း အနိုင်ရလျှင်ပင် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် ဖြစ်သင့်သည်။ လူအများစုက ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ဖျက်ဆီးပစ်လိမ့်မည်ဟုပင် ထင်ခဲ့ကြသည်။
သို့သော်လည်း ချူးယွင်ဖန်းက သူ၏ အံ့မခန်းတိုက်ခိုက်ရေးအစွမ်းကို အသုံးပြု၍ ယွီဝမ်ရှင်း၏ မျက်နှာကို ပါးရိုက်ခဲ့သည်။ မည်သူမျှ ကံဆိုးစွာ မနိုင်ခဲ့ကြသကဲ့သို့ အပြန်အလှန်ဖျက်ဆီးခြင်းလည်း မရှိပေ။
ချူးယွင်ဖန်းက ရှေ့သို့ ဦးတည်၍ မြင်ကွင်းကို လွှမ်းမိုးသွားသည်။
အခန်း(၁၆၇၇) ယွီဝမ်ရှင်း သေပြီ
‘မျက်စိတစ်မှိတ်အတွင်း အဆုံးသတ်လိုက်တာပဲ’
ဤနယ်မြေတွင် ချူးယွင်ဖန်းသည် ပြိုင်ဘက်ကင်းသည်။ သာမန် လေ့လာသူအဆင့် အထွတ်အထိပ်များအထက်ရှိသော ယွီဝမ်ရှင်းကဲ့သို့ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူပင် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ ပြန်မတုံ့ပြန်ခဲ့ပေ။
"မဖြစ်နိုင်ဘူး!"
ဒြပ်မဲ့ပြီးပြည့်စုံအဆင့်မှ လူတစ်ယောက်က ထိတ်လန့်တကြားဖြင့် နေရာမှထခုန်လိုက်မိသည်။
"သူ ဒြပ်မဲ့အဆင့်မှာလား။
ဒြပ်မဲ့အဆင့်က ဘယ်လိုလုပ် ဒီ အဆင့်ရှိနိုင်မှာလဲ။ နောက်ပြီး
ငါတို့က ဘာတွေလဲ။ ငါတို့ ခွေးတစ်ကောင်ရဲ့ဗိုက်ထဲမှာ နေနေရတာလား။”
သူက မယုံကြည်နိုင်စွာပြောသည်။
ဤလက်ရွေးစင်တပည့်များသည်
သရဲမြင်လိုက်ကြရသကဲ့သို့ တစ်ယော်ကိုတစ်ယောက်ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် ဒြပ်မဲ့အဆင့်၌သာရှိသေးသည်။
ယင်းက ၎င်းတို့ကို ၎င်းတို့ အတိတ်ကို ဖြုန်းခဲ့သကဲ့သို့ ခံစားရစေသည်။
၎င်းတို့ ဒြပ်မဲ့အဆင့်၌ ရှိခဲ့စဉ်က သာမန် ဒြပ်မဲ့လေ့လာသူအဆင့်များကိုပင်
မယှဉ်နိုင်ခဲ့ပေ။ မိမိထက် အဆင့်မြင့်သော လူတစ်ယောက်ကို စိန်ခေါ်ရမည်မှာ
ကောင်းကင်ရွေးချယ်ထားသည့် လူတစ်ယောက်ဖညစ်နိုင်သည်။ ယင်းကပင် ၎င်းတို့ကို မိမိကိုယ်မိမိ အလွန် စိတ်ပျက်စေသည်။
“အား!"
မြေပြင်သို့ ခံချလိုက်ရသော ယွီဝမ်ရှင်းက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ အငွေ့အသက်များအားလုံး ပိုမို၍ တောက်ပလာသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လိုက်သော ကြောက်မက်ဖွယ်ရောင်ဝါနှင့်အတူ မျက်လုံးများလည်းသွေးရောင်တောက်လာသည်။
ဤအခိုက်အတန့်၌ လူတိုင်းက
သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများ အမြန်အဆန် ပြန်သက်သာလာသည်ကို မြင်နိုင်သည်။
သူ့နှလုံးသားက ဒေါသဖြင့် လောင်ကျွမ်းနေကာ ချူးယွင်ဖန်းကို သတ်ချင်နေသည်။ သူသည် ဤနေရာသို့ ချူးယွင်ဖန်းကို သတ်ရန် ရောက်လာခြင်းဖြစ်ကာ ချူးယွင်ဖန်းကိုလည်း အထင်သေးခဲ့သည်။
မည်သူက ချူးယွင်ဖန်း သူ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ကာ အရှက်ခွဲလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ယင်းက ရိုးရှင်းစွာပင် အရှက်ခွဲမှုတစ်ခုဖြစ်သည်။
ယွီဝမ်ရှင်းက ထခုန်လိုက်သောအခါ
ခြားနားသော ဓားအလင်းတစ်ခု
သူ့လက်ထဲတွင်ပေါ်လာသည်။
ဓားက ခပ်ပါးပါး နတ်စွမ်းအင်တချို့ ဖျာထွက်နေသည်။ ဤစွမ်းအင်လှိုင်းများသည် ထူးဆန်းသော မန္တန်များ အနိမ့်အမြင့်ဖြစ်နေကာ စိတ်ကူးနိုင်သော အတိုင်းအတာထက် ကျော်လွန်နေသည်။
“အဲ့တာ ဒဏ္ဍာရီလာနတ်ဓားမဟုတ်ဘူးလား” လူတစ်ယောက်က ပြောလိုက်သည်။
“မှန်တယ်။ ဒဏ္ဍာရီလာ နတ်ဓားက ချူးယွ၍်ဖန်းကို သတ်ဖို့ သုံးရမယ့်ဟာပဲ”
လက်ရွေးစင်တပည့်များအားလုံး၏ မျက်လုံးများ ပြူးကျယ်လာကြသည်။ ဤဒဏ္ဍာရီလာနတ်ဓားသည် ၎င်းတို့အကြားတွင် နာမည်ကြီးကျော်ကြားသည်။ ဝမ်ယိဖန်သည် များစွာသော ရန်သူများကို ထိုနတ်ဓားဖြင့် သုတ်သင်နိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့က ဤနတ်ဓားအကြောင်းသိသည်မှာလည်း သဘာဝ ကျလှသည်။
ယု နတ်ဓားသည် ယွီဝမ်ရှင်းဆီတွင် ပြန်ပေါ်လာဲ့ကာ လူများစွာက ကြောင်အတုံ့ဆိုင်းကုန်ကြသည်။ ၎င်းတို့သည် ဓားမှ ထွက်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိကြသည်။ သာမန် ဒြပ်မဲ့လေ့လာသူအဆင့်တစ်ဦးသည် ထိုဓားကို တားပင်တားနိုင်မည်မဟုတ်ပေ။ ယွီဝမ်ရှင်းက အဘယ်ကြောင့် အနိုင်ရမည်ဟု ဤမျှ ယုံကြည်မှုရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။
သို့သော် ၎င်းတို့သည် ထိုသို့သော အခြေအနေများ ဖြစ်လေ့ဖြစ်ထရှိသဖြင့် အလွန်အမင်းအံ့သြခြင်းမရှိပေ။ ထို စစ်မှန်သော တပည့်များအားလုံးက တစ်စုံတစ်ယောက်ကို အနိုင်ရစေချင်လျှင် ၎င်းတို့က ထို မှော်ပစ္စည်းများ ဆေးလုံးများကို ပေးကြလိမ့်မည်။ ယင်းက မထူးဆန်းလှပေ။
“ငါ တိုက်ပွဲကြီးတစ်ခု ဖြစ်တော့မှာ စိုးတယ်။ နတ်ဓားက သာမန် အင်မော်တယ် ဓားတစ်စင်းမဟုတ်ဘူး ချူးယွင်ဖန်းရဲ့ ကျင့်ကြံရေးက အံ့သြဖို့ကောင်းတယ် ဒါပေမယ့် ငါ သူ တစ်ချက်တောင် မခံနိုင်မှာစိုးတယ်”
လူအချို့က တိုက်ပွဲစတော့မည်ဟု တွေးကာ နောက်ဆုတ်လိုက်ကြသည်။ ၎င်းက ၎င်းတို့ ထင်ထားသကဲ့သို့ ခပ်စောစော မပြီးလိုက်ကြပေ။ နတ်ဓားသည် ယွီဝမ်ရှင်း၏ ကိုယ်ပိုင် ွန်အားမဟုတ်သော်လည်း ၎င်းက အရေးမကြီးပေ။ အရေးကြီးဆုံးကိစ္စမှာ မည်သူက အနိုင်ရမည်နည်းဟူသော အချက်ပင်ဖြစ်သည်။
“ငါ ပထမက ဒီဓားကို ပြိုင်ပွဲနိုင်ဖို့ပဲ သုံးဖို့ ရည်ရွယ်ထားတာ။ ဒီမှာ သုံးရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
ယွီဝမ်ရှင်းက သွေးတစ်ပွက်အန်ထုတ်လိုက်ပြီးနောက် သူ၏ မူလက ခွန်အားပြည့်သော ပုံစံသို့ ပြန်လည်ရောက်ရှိသွားကာ ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ခဲ့သ်ည။ နတ်ဓားသာ လက်ထဲတွင် ရှိပါက ကမ္ဘာကြီးက သူ့အပိုင်ဖြစ်လိမ့်မည်ဟု သူ ယုံကြည်သည်။
“ဆိုတော့ မင်းက အင်မော်တယ်ဓားကို အားကိုးနေတာပဲ။ အံ့သြစရာမဟုတ်ဘူး”
ချူးယွင်ဖန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“ဒါပေမယ့် အဲ့လိုဆိုရင်တောင် မင်း အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ထင်လား”
“ အခြေအနေကို ပြောင်းလဲမယ်ဟုတ်လား။ ငါမင်းကို သတ်ပစ်မယ်”
ယွီဝမ်ရှင်း၏ မျက်လုံးများတွင် ပြင်းထန်နသော သတ်ဖြတ်လိုစိတ်များ တောက်ပသွားသည်။ မူလက သူ ချူးယွင်ဖန်းကို သတ်ချင်ရခြင်းမှာ အမိန့်အရသာဖြစ်သည်။ သတ်ဖြတ်လိုစိတ် ပြင်းပြင်းထန်ထန်မရှိပေ။ ယခုမူ သူ့ကို အရှက်ခွဲခဲ့သော ချူးယွင်ဖန်းကို အမှန်တကယ် သတ်ချင်နေပြီဖြစ်သည်။
“နတ်ဓား”
ယွီဝမ်ရှင်းက အော်လိုက်ပြီးနောက် သူ့လက်ထဲမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။ လေထဲတွင် ၎င်းက ထောင်ပေါင်းများစွာသော ဓားအလင်းများအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ယံတစ်ခုလုံးကို စုတ်ဖြဲပစ်၍ ချူးယွင်ဖန်း၏ ခေါင်းတည့်တည့်သို့ ဦးတည်သွားသည်။ ပြင်းထန်သော ဓားအလင်းများ မိုးကဲ့သို့ရွာကျလာကာ တစ်နေရာလုံးကို ဖုံးလွှမ်းသွားသည်။
“သနားစရာလှည့်ကွက်”
ချူးယွင်ဖန်းက နတ်ဓား၏ စွမ်းအားကို ခံစားမိသည်။ ၎င်းသည် ဒြပ်မဲ့အဆင့်တစ်ဦးကို ခြေမှုန်းရာ၌ အသုံးပြုခဲ့သော ကျွမ်းကျင်သူတစ်ဦး၏ နတ်လက်နက်ဖြစ်သည်။ ၎င်းက ဝိဉာဥ်လက်နက်တစ်ခု မဟုတ်တော့ပေ။ သာမန်လူများသည် ဤအင်မော်တယ် နတ်ဓားကို ရင်ဆိုင်ရပါက အကူအညီမဲ့နေနိုင်သော်လည်း သူသည်မူ ကွာခြားသည်။
ဤအခိုက်အတန့်တွင် တောင်မြစ်ပန်းချီကားက ချူးယွင်ဖန်း၏ ခေါင်းပေါ်တွင် ပြန်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် တောင်မြစ်ပန်းချီကား သည် ကောင်းကင်တခွင်ပြည့်နေသော ဓားအလင်းများကို စုပ်ယူသွားသည်။ ကမ္ဘာကြီးတစ်ခုလုံးကို စုတ်ဖြဲပစ်နိုင်ကာ မည်သည့် မန္တန်ကမျှ မတားဆီးနိုင်လောက်သော ဓားအလင်းများသည် တောင်မြစ်ပန်းချီကားကို အနည်းငယ်မျှ အန္တရာယ်မဖြစ်စေခဲ့ပေ။ နောက်ဆုံးတွင်မူ ထို မှော်လက်နက်ကို ဖန်တီးခဲ့ချိန်၌ ထိုပုဂ္ဂိုလ်က ဉာဏ်အလင်းမပွင့်ခဲ့သေးပေ။ ၎င်းက ယင်းမတိုင်မီ ပြုလုပ်ခဲ့သော နတ်လက်နက်တစ်ခုဖြစ်သည့်တိုင် သာမန်လူများက ယင်းကို စိတ်ကူးပင် မယဥ်နိုင်ပေ။
“အဲ့တာ ဆေးပညာ နေရာလွတ်တစ်ခုနဲ့တာတယ်”
လူတစ်ယောက်က သေသေချာချာ တွေးလိုက်ပြီးနောက် ၎င်းမှာ ဆေးပညာနေရာလွတ် ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ သို့သော် ၎င်းတို့က ထပ်မံမတွေးနိုင်ခင်တွင် ချူးယွင်ဖန်းက ထို ရှေးဟောင်း ပန်းချီကားကို ဆွဲကိုင်ကာ လေထဲသို့ ပစ်လိုက်သည်။ ပန်းချီကားက လေထဲသို့ ပျံသန်းလာပြီးနောက် မရေမတွက်နိုင်အောင် များပြားလှသော ဓားများ ထိုနေရာမှ ထွက်လာကာ ယွီဝမ်ရှင်းထံသို့ ရေတံခွန်ကဲ့သို့ စီးကျလာသည်။
“သေစမ်း။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ယွီဝမ်ရှင်းက ချူးယွင်ဖန်းတွင် ထိုသို့သော နည်းလမ်းရှိလိမ့်မည်ဟု တစ်ခါမျှ မတွေးထာခဲ့ဖူးပေ။ ထို့ကြောင့် သူ ရှောင်ပင် မရှောင်နိုင်တော့ဘဲ မရေမတွက်နိုင်အောင် များပြားလှသော ဓားအလင်းများ၏ ဝါးမြိုခြင်းကို ချက်ချင်း ခံစလိုက်ရသည်။
ဘမ်း
ယွီဝမ်ရှင်းက ဓားဖြင့် ခုတ်ပိုင်းခံရကာ အပိုင်းပိုင်းပြတ်၍ သွေးအမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။ လွတ်မြောက်ခြင်းအလင်းကပင် သူ့ကို အချိန်မီ ပြန်လည်း မပို့ဆောင်နိုင်ခဲ့ပေ။
“သူ သေပြီ … ယွီဝမ်ရှင်း သေပြီ”
လူတိုင်းက ထိတ်လန့်ကာ ကြောင်အလျက် မိမိတို့ရှေ့မှ မြင်ကွင်းကို ကြည့်နေကြသည်။
သူ၏ လက်သီးများနှင့် ခြေထောက်များက အသုံးမဝင်ကြောင်း သူသိလိုက်သောအချိန်၌ သူ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် သူသည် မရေမတွက်နိုင်အောင် များပြားလှသော လူများက ချန်ပီယံဖြစ်လာလိမ့်မည်ဟု ခံမှန်းခြင်းခံထားရဆဆသာ သူတစ်ဦးလည်းဖြစ်သည်။ များစွာသော အထက်အကြီးအကဲများက သူ့ကို အာရုံစိုက်နေကြသည်။
လူအများက ချူးယွင်ဖန်းကို ကြည့်လိုက်သောအခါ ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ကြရသည်။ ၎င်းတို့က ယွီဝမ်ရှင်း အလွယ်တကူ အသတ်ခံလိုက်ရသည်ကို မြင်သောအခါ တံတွေးမြိုချလိုက်ကြ၏။
အခန်း(၁၆၉၈) နတ်ဓားကို လွှဲပြောင်းယူခြင်း
“ယွီဝမ်ရှင်း သေပြီ”
လူတိုင်းက ၎င်းတို့ရှေ့မှ မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ဤအပိုင်း၌ ကောင်းမွန်လှသည်။ အတိတ်တွင် မည်သည့် ပြဿနာမှမရှိခဲ့သော်လည်း ယွီဝမ်ရှင်း အသတ်ခံခဲ့ရသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ များစွာ သော နည်းလမ်းများသည် အသုံးမဝင်ပေ။ ၎င်းတို့အားလုံးက ယွီဝမ်ရှင်း အသတ်ခံရသည်ကို ကြည့်နေကြသည်။
ထိုသို့ပင် သူသည် လူတိုင်း၏ရှေ့၌ သေဆုံးသွားခဲ့သည်။ ဤအခိုက်အတန့်၌ လူတိုင်းက နောက်ဆုံးတွင် တိုက်ပွဲက မည်မျှ အန္တရယ်ကြီးကြောင်း နားလည်လာခဲ့သည်။ တိကျစွာ ပြောရပါက ယွီဝမ်ရှင်းသည် သူ့လက်နှင့်သူ သေသွားခြင်းဖြစ်သည်။ အကယ်၍ ထို တိုက်ခိုက်မှုများသာ ချူးယွင်ဖန်းကို ထိမှန်ခဲ့လျှင် သေသွားသူက ချူးယွင်ဖန်းဖြစ်ပေလိမ့်မည်။
သို့သော် မည်သူကမျှ ထိုသို့သော မှော်ရတနာမျိုးရှိနေကြောင်းမသိခဲ့ပေ။ ထိုတိုက်ခိုက်မှုများက ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်ခဲ့ပေ။ ယွီဝမ်ရှင်းက သူတိုက်ခိုက်ဲ့စဥ်က အနည်းငယ်မျှ တုံ့ဆိုင်းနေခဲ့ခြင်းမရှိကာ ချူးယွင်ဖန်းကို အပြီးသတ်ချင်ခဲ့သည်။ ယခုမူ ခံလိုက်ရသူကား သူပင်ဖြစ်၏။
“ဘာဖြစ်သွားတာလဲ။ သူ့လက်နဲ့သူ သေသွားတာလား”
လူတိုင်းက ကြောင်အသွားသည်။ ဤသည်က ပထမဆုံးအကြိမ်အဖြစ် လူတစ်ဦးက အတွင်းစည်းတပည့့်ပြိုင်ပွဲတွင် သေဆုံးရခြင်းဖြစ်သည်။
“ဒါ သူ့အပြစ်ပဲ။ လူတိုင်းက ဒီအတားအဆီးကို ထူးထူးခြားခြားပြင်ထားမှန်းသိတယ်။ စွမ်းအားသာ ဒြပ်မဲ့လေ့လာသူအဆင့်ကို အများကြီး ကျော်မသွားရင် ဘာမှ မဖြစ်လောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဓားကို သူသုံးခဲ့တာ။ အဲ့ဓားရဲ့အစွမ်းက ဒြပ်မဲ့ပြီးပြည့်စုံအဆင့်ကို ရောက်နေပြီ။ သူ ချူးယွင်ဖန်းလက်ချက်နဲ့သေတာလို့ ပြောဖို့ထက် သူ့လက်နဲ့သူ သေသွားတယ်လို့ ပြောတာ ပိုမှန်လိမ့်မယ်”
ထိုလက်ရွေးစင်တပည့်များထဲမှ တစ်ဦးက ပြောလိုက်သည်။ ဤသည်က ကြယ်ကြွေကောင်းကင်မှ တစ်ဖက်ပြိုင်ဘက်ကို သတ်ခွင့်မရှိဟု စည်းမျဥ်းထုတ်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင်မူ လက်သီးတွင် မျက်လုံးမရှိပေ။ တကယ်လို့ ၎င်းတို့ တကယ်သာ တိုက်ခိုက်ကြပါက ဘာမဆိုဖြစ်ပျက်သွားနိုင်သည်။ ထို့ကြောင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ပြင်ဆင်မှုများကိုသာ လုပ်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းက ဂိုဏ်း၏ စည်းမျဥ်းများကို ဖောက်ဖျက်ခြင်းမရှိပေ။ ဤသည်က အလွန် ထိတ်လန့်ဖွယ်ကောင်း၏။
လူများစွာသည် ယင်းကိုတွေး၍ ကိုယ့်နေရာကိုယ် ပြန်သွားလိုက်ကြသည်။ သို့သော် သူသည် ချက်ခြင်းပင် အခြားကိစ္စတစ်ခုကိုတွေးလိုက်မိသည်။ ဤကိစ္စက ယွီဝမ်ရှင်းတစ်ယောက်တည်း ပါနေခြင်းမဟုတ်ပေ။ သူ့နောက်တွင် ကြောက်မက်ဖွယ် ဝမ်ယိဖန်လည်းရှိသည်။
“ချူးယွင်ဖန်း ပြဿနာတက်ပြီ။ သူ ဒီနေ့နိုင်တော့ရော ဘာဖြစ်လဲ။ စီနီယာဝမ်က ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး”
“နှစ်ဖက်လုံးက မရိုးရှင်းဘူး တိတိကျကျပြောရရင် နှစ်ဖက်လုံးက ကိုင်တွယ်ဖို့မလွယ်ဘူး နှစ်ဖက်လုံးက အချင်းချင်းသတ်ချင်နေကြတာ ပြီးတော့ အလျှော့လည်းမပေးကြဘူး”
ဤလက်ရွေးစင်တပည့်များသည် ချူးယွင်ဖန်းကို ကြောက်လန့်စိတ်ဖြင့်ကြည့်လိုက်ကြသည်။ ၎င်းက ချူးယွင်ဖန်းက ၎င်းတို့အပေါ် အလွန်ကောင်းလွန်းသောကြောင့်ဖြစ်သည်။
“သူငယ်ငယ်နဲ့မသေရင် စစ်မှန်တဲ့တပည့်ဖြစ်လာဖို့ အခွင့်အရေးရှိတယ်”
လူအချို့က ယင်းကို ခန့်မှန်းရုံသာ တတ်နိုင်ကြသည်။ သို့သော် ၎င်းက ခန့်မှန်းချက်သာဖြစ်သည်။ နောက်ဆုံးတွငက်မူ လူတိုင်းက ဝမ်ယိဖန်က သာမန်လူမဟုတ်ကြောင်း သိကြသည်။ သူသည် ဤကိစ္စကို လွယ်လင့်တကူ အလျော့ပေးမည်မဟုတ်ပေ။ သို့သော် အလွန်ပျော်နေကြသော လူများစွာလည်း ရှိသည်။ ဝမ်ယိဖန်က မောက်မာသဖြင့် မကြိုက်သော သူများစွာရှိနေသည်မှာ သဘာဝသာဖြစ်သည်။ ၎င်းတို့က ဤအချိန်တွင် ထုတ်မပြောရဲကြသော်လည်း ချူးယွင်ဖန်းကို များစွာပို၍ နှစ်သက်ကြသည်။
“ဝမ်ယီဖန် နှစ်ခါရှုံးတာပဲ။ အစတည်းက အနိုင်ရသူကို ဆုံးဖြတ်ထားကြပြီးသား ဒါပေမယ့် ချူးယွင်ဖန်းက ဘယ်ကမှန်းမသိ ထွက်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ဝမ်ယိဖန် ကြယ်ကြွေကောင်းကင်သစ်သီးကို ဒီတစ်ခေါက် ဆုကြေးအဖြစ်ပေးထားတာ တန်ကြေးကြီးကြီးပေးလိုက်ရပြီပဲ”
လက်ရွေးစင် တပည့်များအားလုံးက စကားလုံးများကြောင့် ထိတ်လန့်သွားကြသည်။ ဤအခိုက်အတန့်၌ ယွီဝမ်ရှင်းက ချူးယွင်ဖန်း၏ သုတ်သင်မှုကို ခခံလိုက်ရသည်ကို ကြောင်အစွာကြည့်နေကြသည်။
“သူက သန်မာလွန်းတယ်။ နံပါတ်တစ်အတွင်းစည်းတပည့်တောင် သူ့ကြောင့် သေသွားပြီ”
“ချူးယွင်ဖန်း ဒီလောက်သန်မာမယ်လို့ မမျှော်လင့်ထားမီဘူး။ ယွီဝမ်ရှင်းတောင် သူနဲ့မယှဥ်နိုင်ဘူး။ သူ မကြာခင်မှာ အတွင်းစည်းတပည့်ဖြစ်လာလိမ့်မယ်လို့ မဆိုလိုဘူးလား” လူတစ်ယောက်က မယုံကြည်နိုင်စွာမေးလိုက်သည်။
သို့သော် မည်သူကမျှ ကျယ်ကျယ်မပြောရဲကြပေ။ ၎င်းတို့အားလုံးက ဤပိန်ပါးသော လူအကြောင်းသကာ ၎င်းတို့၏သက်တမ်းတစ်လျှောက် မေ့ထားမည်မဟုတ်ကြောင်းကိုလည်း ကောင်းစွာ သဘောပေါက်သည်။ ယွီဝမ်ရှင်းကီု သတ်ပြီးနောက် ချူးယွင်ဖန်းက လက်ကို ဆန့်ထုတ်လိုက်သောအခါ နတ်ဓားက သူ့ထံသို့ ရောက်လာသည်။
“ဒါ နတ်လက်နက်ပဲ” ချူးယွင်ဖန်းက ပြုံးလိုက်သည်။
သာမန် ဒြပ်မဲ့များသည် ဝိဉာဥ်လက်နက်များကိုသုံးကြကာ ယင်းအဆင့်အထက်လက်နက်များကို နတ်လက်နက်များဟု ခေါ်ကြသည်။ ဒြပ်မဲ့အဆင့်ကို ကျော်လွန်သွားကြသော စစ်မှန်သော တပည့်တိုင်းက နတ်လက်နက်ကို ပိုင်ဆိုင်ရနိုင်ကြမည်မဟုတ်ပေ။ ယခုတင် ယွီဝမ်ရှင်းက ဤနတ်ဓားကြောင့် ပြိုင်ပွဲကို အနိုင်ရနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ အကယ်၍ ကောင်းစွာ အသုံးပြုပါက ၎င်းသည် စစ်မှန်သော တပည့်နှင့်ညီမျှသည့် တိုက်ခိုက်မှုတစ်ခုကို ထုတ်ပေးနိုင်သည်။
“ဒီဝမ်ယိဖန်က ယွီဝမ်ရှင်းကို ဒီလိုလက်နက်မျီုးပေးလီုက်တာ တော်တော်ရက်ရောတာပဲ။ ငါ့ကို တော်တော် မုန်းနေတဲ့ပုံပေါ်တယ်။ ဟားဟား ကံမကောင်းစွာနဲ့ပဲ ဒီလက်နက်က ငါ့လက်ထဲမှာ အဆုံးသတ်သွားပြီ”
ချူးယွင်ဖန်းက ခပ်ပါးပါးပြုံးလိုက်သည်။ နတ်လက်နက်၏ အဆင့်သည် တောင်မြစ်ပန်းချီကားနှင့် တောင်မြစ်အိုးတို့ကို မမှီသော်လည်း ၎င်းက သူ့အတွက် အလွန်လက်တွေ့ကြသည်။ ယင်းက အထူးသဖြင့် များစွာသော သိုင်းပညာနည်းလမ်းများကို အသုံးပြုတော့မည့်အချိန်၌ဖြစ်သည်။ သူ ထိုသို့သော လက်နက်တစ်မျိုးကို လိုအပ်သည်။
ချူးယွင်ဖန်း၏ တိုက်ပွဲခွန်အားက အနည်းဆုံး ငါးဆယ်ရာခိုင်းနှုန်းခန့် တိုးလာနိုင်သည်။
ထို့ကြောင့် သူသည် လေ့လာသူများအနက် ပြိုင်ဘက်ကင်းလှကာ ယခု နတ်ဓားဖြင့်ဆိုပါက သူသည် ပြီးပြည့်စုံအဆင့်များကိုပင် အနိုင်ယူနိုင်ချေရှိသည်။
ရုတ်တရက် နတ်ဓားက ပျံသန်း၍ သူ့လက်ထဲမှ လွတ်ထွက်သွားသည်။
“ဘယ်သူက ငါ့ဓားကို ယူရဲတာလဲ”
ဓားထဲမှ ဝမ်ယိဖန်၏ ကြုံးဝါးသံထွက်ပေါ်လာသည်။
“ငါ ဝမ်ယိဖန်မှာ ဒီလိုဝှက်ဖဲမျိုးရှိနေဦးမယ်လို့ မမျှော်လင့်ထားဘူး” ချူးယွင်ဖန်းက လှောင်ရယ်ကာ ချက်ချင်း နားလည်လိုက်သည်။
ဝမ်ယိဖန်က သူ၏ နတ်ဓားကို ယွီဝမ်ရှင်းကို ပေးလိုက်သော်လည်း တကယ်တမ်းတွင် သူ့လက်ထဲတွင်သာ ရှိေသးသည်။ သူသည် နတ်ဓား၏ အလေးနက်ဆုံးနေရာ၌ ရှေးဟောင်းဝိဉာဥ်အသိဉာဏ်တစ်ခုကို ထည့်သွင်းထားသည်။ ယွီဝမ်ရှင်းပင် ယင်းကို သတိမထားမိခဲ့ပေ။ လိုအပ်ပါက နတ်ဓားက ဝမ်ယိဖန်၏ လက်ထဲသို့ ချက်ချင်းပြန်သွားလိမ့်မည်။
ကံမကောင်းစွာဖြင့် သူသည် ချူးယွင်ဖန်းနှင့် ကြုံရသည်။ ချူးယွင်ဖန်းက နတ်ဓားကိုကိုင်းလိုက်ကာ မရေမတွက်နိုင်အောင်များပြားလှသော နတ်စွမ်းအင်များကို သူ့လက်ထဲမှ ထွက်လာစေခဲ့ပြီးနောက် ချိပ်စည်းတစ်ခု ပြုလုပ်လိုက်သည်။ အစက တုန်ယင်နေကာ ကျယ်လောင်စွာ အော်နေသော နတ်ဓားသည် ချက်ချင်းပင် ငြိမ်ကျသွားသည်။ ထို့နောက် ချူးယွင်ဖန်း ဆက်လက်၍ လုပ်ဆောင်ခဲ့ရာ အကွက်အနည်းငယ်အတွင်း၌ပင် သူသည် ရှေးဟောင်းစိတ်ဝိဉာဥ်ကို ထုတ်နိုင်ခဲ့သည်။
နတ်ဓားက ယခု သူ့လက်ထဲသို့ အပြည့်အဝရောက်ရှိသွားပြီဖြစ်၏။