အခန်း (၁၇၀၂-၁၇၀၄)
Vol. 114 Ch. 1702-1704
အခန်း(၁၇၀၂) အရှုံးပေးပြီး ငါ့ကို အရှက်ခွဲခံရတာကနေကယ်ပါ
ဤအချိန်တွင်ဟွားရှန်းယွမ်သည် လေထဲတွင် စစ်နတ်ဘုရားတစ်ပါးနှယ် မတ်တပ်ရပ်နေဆဲဖြစ်သည်။ ခဏတာမျှ အရာအားလုံး တိတ်ဆိတ်သွားသည်။
လက်ကြီးတစ်ဖက်က လူတိုင်း၏ လည်ပင်းကို ဆုပ်ကိုင်ထားသည့်နှယ်ထင်ရသည်။
“ဟွားရှန်းယွမ်က အရမ်းအစွမ်းထက်တယ်။ ရှားဟော်ကျဲက သုံးကွက်တောင် မခံနိုင်ဘူး”
တစ်စုံတစ်ယောက် စကားပြောနေစဥ် လူတိုင်း၏ အကြည့်များသည် ဟွားရှန်းယွမ်ဆီတွင်မဟုတ်ဘဲ တစ်ဖက်တွင်ထိုင်နေသော ချူးယွင်ဖန်းဘက်သို့ရှိနေသည်။ ဤအရာများအားလုံးကို သူခန့်မှန်းပြီးသားဖြစ်၍ သူဂရုမစိုက်ပေ။ ‘ကြည့်လေ ငါပြောတာမှန်တယ်’ ဟု ပြောနေသကဲ့သို့ပင်ဖြစ်သည်။
ယင်းက လူတိုင်းကို စိတ်ပျက်စေခဲ့သည်။
ဟွားရှန်းယွမ်က ရှားဟော်ကျဲကို အကွက်သုံးကွက်နှင့် အနိုင်ယူခဲ့သော်လည်း ချူးယွင်ဖန်းက ယင်းတွင်ပါဝင်နေသည်ဟု အဘယ်ကြောင့် ခံစားရသနည်း။
"အရမ်းအစွမ်းထက်တာပဲ။ အခု ဟွားရှန်းယွမ်က သူ့အစွမ်း သုံးဆယ်ရာခိုင်နှုန်းကိုတောင် မသုံးခဲ့ဘူးလို့ ငါယုံတယ်”
၏"ဒါပေမယ့် ဒါက မယုံနိုင်စရာပဲ။ဟွားရှန်းယွမ်မှာ မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်တဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတယ်လို့ ကောလာဟလတွေ ထွက်နေတာ သာမန်လူတွေက သူ့ကို ယှဉ်လို့မရဘူး။"
"သူ ဒီနှစ်ရဲ့ ချန်ပီယံ ဖြစ်လာမယ့်ပုံပဲ။ ငါတို့ ယွီဝမ်ရှင်းအပေါ် အကောင်းမြင်ခဲ့ကြပေမယ့် အခုတော့ ယွီဝမ်ရှင်းက ဘာမှ မဟုတ်တော့သလိုပဲ။ တကယ့် မြင်းတွေက ချူးယွင်ဖန်နဲ့ဟွားရှန်းယွမ်ပဲ။"
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ အတွင်းစည်းတပည့်ဖြစ်စေ၊ အပြင်စည်းတပည့်ဖြစ်စေ၊ လက်ရွေးစင်တပည့်ဖြစ်စေ၊ ဟွားရှန်းယွမ်၏ အံ့မခန်းတိုက်ခိုက်ရေးအစွမ်းကြောင့် အားလုံး အံ့သြသွားကြသည်။
ဟွားရှန်းယွမ်သည် စစ်မှန်သောတပည့်တစ်ဦးဖြစ်လာလိမ့်မည်ဟု လူအများက သေချာပေါက်ယုံကြည်ကြသည်။ ၎င်းသည် အချိန်တစ်ခုသာဖြစ်ပြီး မကြာမီလာတော့မည်ဖြစ်သည်။
လူတိုင်းအအံ့သြရဆုံးအရာက ယင်းအချက်ပင်ဖြစ်သည်။
စစ်မှန်သော တပည့်များသည် လက်ရွေးစင်တပည့်များနှင့်မတူပေ။ တစ်ယောက်ချင်းစီသည် ဂိုဏ်း၏ မျိုးစေ့များဖြစ်ကာ တပည့်စစ်တစ်ယောက် ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားသော ကိစ္စတစ်ခုပင်ဖြစ်၏။
စစ်မှန်သောတပည့်တစ်ဦးဖြစ်လာပြီးနောက်၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ရာထူးမြင့်မားသူတစ်ဦးဖြစ်လာရုံသာမက တရှရှိ အုပ်ချုပ်သူလူတန်းစား၏အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရမည်ဖြစ်သည်။ ၎င်းတို့၏အဆင့်အတန်းသည် ခုန်ပျံကျော်လွှားကာ တိုင်းတာ၍မရနိုင်လောက်အောင် မြင့်မားလာမည်ဖြစ်သည်။ စစ်မှန်သောတပည့်တစ်ဦးသေဆုံးပါက တရှ၏ဧကရာဇ်တရားရုံးပင် စုံစမ်းစစ်ဆေးရန် ရှေ့သို့ထွက်လာလိမ့်မည်။ ထိုသို့စရိုက်မျိုးသည် ၎င်းတို့ကို စိတ်ပျက်အားငယ်စေသည်။ နှိုင်းယှဥ်ရန် ဘာမှမရှိပေ။
"ဗိုလ်လုပွဲမှာ မင်းကို ငါစောင့်နေမယ်။"ဟွားရှန်းယွမ်က လူအုပ်ကို လှမ်းကြည့်လိုက်ကာ သူ့အကြည့်များက ချူးယွင်ဖန်းဆီရောက်သွားသည်။
အစမှ အဆုံးအထိ သူတကယ်ဂရုစိုက်သော ပြိုင်ဘက်က ချူးယွင်ဖန်းဖြစ်သည်။
လှပသောအမျိုးသမီးက ယင်းကို မြင်လိုက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အံကို တင်းတင်းကြိတ်လိုက်သည်။
“သူတို့ ငါ့ကို လျှော့တွက်နေကြတာလား။
ဟွားရှန်းယွမ်နှင့် ချူးယွင်ဖန်းတို့က သူမကို လျစ်လျူရှု့ထားကြောင်း သူမ ခံစာမးိသည်။ သူမ အလွန်အမင်း ရှက်ရွံ့မိ၏။ သူမသည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း မည်သူမျှ သူမကို မလျှော့တွက်ရဲပေ။ သူမကို လျှော့တွက်ခဲ့သော ယောကျ်ားတိုင်းကို သူမအနိုင်ယူခဲ့သည်။
"စိတ်ဝင်စားစရာပဲ။ ခဏလေးပဲ ကြာလိမ့်မယ်။ တစ်ယောက်ယောက်ကို ငါအနိုင်ယူနိုင်တာ အတော်ကြာပြီ။ မင်းငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်။" ချူးယွင်ဖန်းပြုံးလိုက်သည်။
ဤအချိန်တွင် အခြားကွင်းတစ်ဝိုက်ရှိ အတားအဆီးနှင့် အစီအရီသည် ပြန်လည်အသက်ဝင်လာပြီး ချူးယွင်ဖန်နှင့် အမျိုးသမီး၏အမည်များ ပေါ်လာသည်။
စွန်းယောင်
"နောက်ထပ် ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာပဲ။ စွန်းယောင်က အကြီးအကဲစွန်းရဲ့ မြေးမမို့ တပည့်စစ်ဖြစ်လာနိုင်ခြေအခွင့်အလမ်းများတယ်။ အခု သူ ချူးယွင်ဖန်းနှင့် တွေ့ပြီဖြစ်၍ နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ကို စိုးရိမ်နေသည်။
အချို့လူများသည် ထိုအမျိုးသမီးကို မှတ်မိကြသည်။ သူမသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ မြေးမဖြစ်၍ အကြီးအကဲက စစ်မှန်သော တပည့်မဟုတ်သကဲ့သို့ စစ်မှန်သော တပည့်များထက် အရေးမပါသော်လည်း ခွန်အားသည် အခြား စစ်မှန်သော တပည့်များထက် မနိမ့်ကျပေ။
အကြီးအကဲတစ်ယောက်၏ မြေးတစ်ယောက်အနေနှင့် စွန်းယောင်က သဘာဝအတိုင်းပင် အာရုံစိုက်ခံခဲ့ရသည်။ ကံမကောင်းစွာဖြင့် ထိုအသုတ်တွင် ထူးဆန်းသော လူသစ်များ များစွာ များပြားသည်။ ပထမဆုံးအနေဖြင့် အလွန် လေးစားခံရသော ယွီဝမ်ရှင်း၊ ထို့နောက် ချူးယွင်ဖန်းနှင့် ဟွားရှန်းယွမ်တို့ ပေါ်လာခဲ့သည်။ ၎င်းတို့က သူမ၏ ကျော်ကြားမှုကို ခိုးယူသွားခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သူမ၏ ခွန်အားနှင့် ဤပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာရန် ရေပန်းစားပေလိမ့်မည်ဖြစ်သည်။
စွန်းယောင်သည် ရှေ့သို့တစ်လှမ်းတိုးကာ အားကစားကွင်းအလယ်သို့ ရောက်ရှိသွားသည်။
"မကြာခင်ပြီးသွားမယ်ဟုတ်လား။ ငါ့ကို ဘယ်သူလို့ထင်လဲ။ လမ်းဘေးက ခွေးတစ်ကောင်လား ကြောင်တစ်ကောင်လား? ဒီကိုရောက်ဖို့ ငါ့ခွန်အားကို အားကိုးခဲ့တာ။ ငါ့ကို မထီမဲ့မြင်မလုပ်နဲ့”
ချူးယွင်ဖန်၏ ပါးစပ်က တွန့်သွားသည်။ သူ့စကားများက ဤမီးလျှံဆန်သော အလှတရားကို စော်ကားခဲ့သည်မှာ ထင်ရှားသည်။ သို့သော် ဤအချိန်တွင် သူမအား ကရုဏာပြရန် ရည်ရွယ်ချက်မရှိပေ။ ဤနေရာသည် ထိုသို့ပြုလုပ်ရန် မဟုတ်ပေ။
ချူးယွင်ဖန်းသည် ကွင်းထဲ၌ ပေါ်လာကာ အဝေးမှ စွန်းယောင်နှင့် ရင်ဆိုင်လိုက်သည်။
"ပွဲကို အရှုံးပေးလိုက်ပါ။ ဒါက ကျွန်တော့်ကို လှုပ်ရှားမှုတစ်ခုလုပ်ဖို့နဲ့ စစ်ဆေးခံရဖို့ ဒုက္ခတွေကနေ ကယ်တင်ပေးတယ်" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
လူတိုင်း ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်သွားကာ ဆွေးနွေးမှု အမျိုးမျိုး ပေါ်ပေါက်လာသည်။
"သူ စွန်းယောင်ကို လက်လျှော့ခိုင်းလိုက်တာလား။ အရမ်းမာနကြီးတာပဲ!"
"သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။ သူက ထိပ်တန်းတပည့်လား။"
"မာနကြီးတဲ့ကောင်!"
လူအများက ကျိန်ဆဲကြသည်။ စွန်းယောင်သည် စွမ်းအားကြီးကာ အလွန်လှပသည်။ သူမအား ဂိုဏ်းရှိ လူများစွာက နတ်ဘုရားမတစ်ပါးအဖြစ် သတ်မှတ်ကြသည်။ ချူးယွင်ဖန်း၏ လုပ်ရပ်များသည် အလွန်လွန်ကဲလွန်းသည်။ လက်ရွေးစင် တပည့်များပင် စွန်းယောင်အား အရှုံးပေးရန် မတောင်းဆိုရဲပေ။
မျှော်လင့်ထားသည့်အတိုင်း၊ ချူးယွင်ဖန်၏ စကားများကို ကြားပြီးနောက်၊ စွန်းယောင်က အလွန်ဒေါသထွက်ကာ အံကြိတ်လိုက်၏။
"ချူးယွင်ဖန်၊ နင် ငါ့ကို လက်လျှော့စေချင်တယ်ဆိုရင် နင် ဘာတွေ လုပ်နိုင်လဲဆိုတာ ပြပါ!"
ချူးယွင်ဖန်အား မမေ့နိုင်မည့် အမှတ်တရတစ်ခု ပေးရန် သူမ ဆုံးဖြတ်လိုက်သည်။
စွန်းယောင်က သူမ၏လှုပ်ရှားမှုကို ပြုလုပ်ပြီး မိုးကြိုးကဲ့သို့ မြန်ဆန်စွာ ထွက်ပေါ်လာသည်။ သူမသည် ချူးယွင်ဖန်ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။ ထို့နောက် သူမသည် လေထဲသို့ လက်ဆန့်တန်းလိုက်ကာ ကြေးတူတစ်ချောင်းကို ထုတ်ယူလိုက်သဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ၁.၅ မီတာမြင့်သော စွန်းယောင်က ဤကဲ့သို့သော လက်နက်ကို အသုံးပြုလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ကျင့်ကြံသူတစ်ဦး၏ အစွမ်းသတ္တိကို အသွင်အပြင်ဖြင့် ဆုံးဖြတ်၍မရသော်လည်း သူမ၏နည်းလမ်းများမှာ အမှန်တကယ် အံ့အားသင့်စရာပင်။
"ဒါကိုခံကြည့်လိုက်”
စွန်းယောင်က သူမ၏တူဖြင့် ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်တွင် တူသည် ဧရာမနတ်ဘုရားဆင်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဤနတ်ဘုရားဆင်ကြီးသည် နင်းခြေချလိုက်သည်။ ဤသည်မှာ သူမ၏ သိုင်းပညာ အယူအဆဖြစ်သည်။ ဤနတ်ဘုရားဆင်ကြီးသည် တောင်တန်းတစ်ခုကို ဖျက်ဆီးနိုင်သည်။ သူမ၏အဆင့်တွင် သူမတွင် အမှန်တကယ်ပင် ခွန်အားကြီးမားသည်။
ချူးယွင်ဖန်းက စွန်းယောင်ကို မကြည့်ဘဲ လက်ကိုမြှောက်ကာ တစ်ချက်တည်းရိုက်ချလိုက်သည်။
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပိန်ပိန်ပါးပါး ချူးယွင်ဖန်းက နတ်ဘုရားဆင်၏ ခြေထောက်ကို လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်သည်။
အခန်း(၁၇၀၃) ဗိုလ်လုပွဲသို့ အလွယ်တကူဝင်ရောက်ခြင်း
နားကွဲမတတ် ပေါက်ကွဲသံနှင့်အတူ ချူးယွင်ဖန်းက နတ်ဘုရားဆင်၏ ခြေထောက်ကို တားဆီးလိုက်သည်။ ထို့နောက် ဆင်၏ တိုက်ခိုက်ရေးဝိဉာဥ်က တစ်လက်မချင်းစီ ပြိုကွဲသွားပြီး နှစ်ဖက်တိုက်မိသည့်နေရာမှ အရပ်လေးမျက်နှာသို့ တိုက်ခတ်လာသော လေပြင်းတိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
တိုက်ခိုက်ရေးကွင်း၏ အတားအဆီးများအားလုံးက နောက်ခဏအတွင်းတွင် ပြိုလဲသွားတော့မည့်အလား တုန်ခါသွားကြသည်။ ဟွားရှန်းယွမ်နှင့် ရှားဟော်ကျဲတို့၏ တိုက်ပွဲနှင့် နှိုင်းယှဥ်ပါက ဤအတိုက်ပွဲက အနည်းငယ်မျှ ပိုအားမနည်းသကဲ့သို့ ပိုလည်းမသာပေ။
"စွန်းယောင်က ဒဏ္ဍာရီတွေပြောသလို ခွန်အားကြီးတယ်။ သံမဏိအမျိုးသမီးပဲ။ သူ တကယ်ကို ခွန်အားကြီးတယ်၊ ဒါပေမယ့် ချူးယွင်ဖန်ရဲ့ ဇာတ်လမ်းကရော ဘယ်လိုလဲ။"
လူအများအပြားက နှစ်ဖက်စလုံးကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ချူးယွင်ဖန်သည် ခွန်အားအပေါ် ၎င်းတို့၏ အမြင်ကို တစ်ဖန်ပြန်လည် ဆန်းသစ်စေခဲ့သည်ဟု ခံစားလိုက်ရသည်။ စွန်းယောင်က ရှားဟော်ကျဲထက် အားမနည်းသော်လည်း ချူးယွင်ဖန်းကိုမူ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
"အစွမ်းထက်တယ်။ သူက အရမ်းအစွမ်းထက်တယ်။ ဒီနှစ်ရဲ့ လူသစ်တွေက ကောင်းကင်ဘုံကို တကယ်စိန်ခေါ်နေကြတာပဲ။ ပြီးခဲ့တဲ့အကြိမ်နဲ့ ယှဉ်ရင် သူတို့က တကယ်ကို ကွာခြားတဲ့အဆင့်မှာ ရှိနေတာကွ" ထိပ်တန်းတပည့်တစ်ယောက်က တံတွေးမြိုချရင်း အော်ဟစ်လိုက်သည်။
တိတိကျကျပြောရပါက ကွင်းထဲက လူလေးယောက်က အလွန်သန်မာကြသည်ဖြစ်ရာ ၎င်းတို့ ထိပ်တန်းတပည့်များ ဖြစ်မလာခင်အချိန်က အများစုထက် ပို၍ သန်မာကြသည်။ ထိုစဥ်က ၎င်းတို့သာ ဆိုပါက ၎င်းတို့အားလုံး ချန်ပီယံဆုရရန် အခွင့်အရေးရှိလိမ့်မည်။
သို့သော် ယခုမူ အင်အားအကြီးဆုံးလူများထဲမှ အင်အားကြီးသူဖြစ်ရခြင်း၏ အဓိပ္ပါယ်ကို ၎င်းတို့ အမှန်ပင် သင်ကြားပေးခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။ တစ်ယောက်ထက် တစ်ယောက် ပိုသန်မာတဲ့သူများ အမြဲတစေရှိသည်။
ထိုအချိန်၌ ဆင်က ပျောက်ကွယ်သွားကာ ချူးယွင်ဖန်း၏ လက်က ကြေးတူကို ထိမိ၍ တစ်လက်မလောက်နက်သော လက်ရာကျန်ခဲ့ကြောင်း လူတိုင်းမြင်လိုက်ရသည်။ ဤမြင်ကွင်းကို လူတိုင်းမြင်သောအခါ ၎င်းတို့၏ အဆုတ်ထဲမှ လေထုက အေးခဲသွားသည်။ ၎င်းတို့က လက်နက်များ၏တန်ဖိုးကို သိ၍ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကျင့်ကြံမှုက အဆင့်မြင့်ဝိဉာဥ်လက်နက်တစ်ခုထက် သာလွန်ကြောင်း သဘာဝအတိုင်း နားလည်ကြသည်။ စွန်းယောင်၏ ကျင့်ကြံမှုနှင့်ပင် သူမ သူ့ကို မည်သို့မျှ မထိခိုက်စေနိုင်ခဲ့ပေ။
"မင်း အရှုံးပေးသင့်တယ်လို့ ငါပြောပြီးပြီ။ မင်းက မိန်းမတစ်ယောက်ဖြစ်ပေမယ့် ငါ မင်းကို ရိုက်မှာပဲ"
ချူးယွင်ဖန်းက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။
လူပေါင်းများစွာ သွေးအန်ချင်လာကြသည်။ ထိုအရှက်မရှိသူက အလွန် အရှက်မဲ့လွန်းသည်။ စင်မြင့်ပေါ်ရောက်ရုံနှင့် အခြားသူများ အရှုံးပေးမည်ကို သူမျှော်လင့်နေသလော။ မည်သို့ လက်ခံနိုင်ကြမည်နည်း။ ၎င်းတို့သာ ဆိုလျှင်လည်း လက်ခံနိုင်မည်မဟုတ်ပေ။
အစောပိုင်းက အုပ်စုလိုက်တိုက်ပွဲက အသက်လုတိုက်ပွဲ မဟုတ်ခဲ့သော်လည်း ချူးယွင်ဖန်က ယွီဝမ်ရှင်းကို တစ်ချက်တည်းနှင့်သတ်ပစ်လိုက်ခြင်းကို လူတိုင်း သတိရသွားကြသည်။ ထိုကွင်းထဲတွင် လူများ သေနိုင်ပုံရသည်။ ၎င်းတို အရင်ကထက် မသေချာကြတော့ပေ။
"မင်း အရမ်းလွန်နေပြီ။ မင်း အနိုင်ရပြီလို့ မထင်နဲ့”
စွန်းယောင်က အံကြိတ်၍ ပြောသည်။ သူမ၏ မျက်လုံးများထဲတွင် ချူးယွင်ဖန်းက အလွန်အမင်း လွန်ကဲနေပြီဖြစ်သည်။
"နတ်ဘုရားဆင်နှိမ်နင်းရေး!"
စွန်းယောင်က သူမ၏ ဧရာမတူကြီးကို ဝှေ့ယမ်းပြီး ရိုက်ခွဲလိုက်သည်။ သူမ၏ သိုင်းပညာသည် ချူးယွင်ဖန်ကို ဖိနှိပ်ထားသည့် ဧရာမနတ်ဘုရားဆင်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ ယခင်တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက ဤတိုက်ခိုက်မှုသည် ပို၍ပင် အစွမ်းထက်သည်။ ချူးယွင်ဖန်၏ စကားများကြောင့် သူမ လုံးဝဒေါသထွက်သွားသည်။
"အဲ့လိုဆို ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။"
ယင်းကိုမြင်သောအခါ ချူးယွင်ဖန်းဘာမှထပ်မပြောတော့ပေ။ သူက ထခုန်၍ နဂါးခြေသည်းများကဲ့သို့ လက်များကို ဖြန့်လိုက်သ်ည။ သူ့လက်ချောင်းများကြားမှ အတိုင်းအဆမဲ့သော ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။
ထို့နောက် လေထဲတွင် သူက နတ်ဘုရားဆင်ကို အပိုင်းပိုင်းဆုတ်ဖြဲနေကြောင်း မြင်လိုက်ကြရသည်။
ဘမ်း
တူသည် စွန်းယောင်၏လက်မှ လွင့်ထွက်၍ ပြင်းထန်သောထိုးနှက်ချက်တစ်ခု ခံရသကဲ့သို့ ဖြစ်နေသည်။ ထို့နောက် ၎င်းသည် အားကစားကွင်းအတားအဆီးကို ဝင်တိုက်မိပြီးနောက် ပြုတ်ကျသွားသည်။
ဘမ်း
တူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် လူတိုင်းသည် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ ဤတူက အလွန်လေးလံကာ
အနည်းဆုံး ပေါင် ၁၀၀၀၀ ကျော်ရှိသည်။ သို့သော် စွန်းယောင်က ဤပေါင် ၁၀၀၀၀ ကို အလွယ်တကူ ဝှေ့ယမ်းနိုင်ခဲ့သည်။ သူမ၏ သေးငယ်သော ခန္ဓာကိုယ်ထဲတွင် မည်မျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ပုန်းအောင်းနေသည်ကို မြင်ယောင်ကြည့်နိုင်သည်။
စွန်းယောင်က မယုံနိုင်စွာ မျက်နှာထားဖြင့် ပြုံးလိုက်သည်။ သူမ၏လက်ဖဝါးသည် ကွဲအက်သွားသောကြောင့် သွေးများဖုံးလွှမ်းနေသည်။ အစောပိုင်းတိုက်ခိုက်မှုတွင် သူမ၏လက်ဖဝါးသည် ပြင်းထန်သောထိုးနှက်ချက်တစ်ခုခံခဲ့ရပြီး အရေပြားများ စုတ်ပြဲသွားခဲ့သည်။ သူမသည် ကြီးမားသောတူကို ဆုပ်ကိုင်ထားနိုင်ခြင်းမရှိပေ။
သူမသည် ချူးယွင်ဖန်းအား ဘီလူးတစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။လ ဟွားရှန်းယွမ်၏ ခန္ဓာကိုယ်သည် ထူးခြားသည်ဟု ဆိုကြသော်လည်း သူမသည် သာမန်လူမဟုတ်သောကြောင့် မယုံကြည်ခဲ့ပေ။ သူမ မိခင်ဝမ်းထဲတွင် ရှိနေစဉ်က သူမ၏မိခင်သည် ထူးဆန်းသော သစ်သီးတစ်လုံးကို မမျှော်လင့်ဘဲ စားမိခဲ့သည်။ ဤအရာက သူမကို အခြားသူများနှင့် ကွဲပြားစေသည်။ သူမမွေးဖွားလာချိန်တွင် ပေါင်တစ်ထောင် မနိုင်နိုင်ပေ။ သူမသည် နတ်ဘုရား၏ ခွန်အားဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။ မဟုတ်ပါက သူမအတွက် ဤမျှကြီးမားသော တူကြီးကို ရွှေ့ရန် မဖြစ်နိုင်ပေ။ သူမ၏ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိသူတိုင်း ပေါင်ထောင်ပေါင်းများစွာ မနိုင်နိုင်သော်လည်း ၎င်းကို မနိုင်ခြင်းနှင့် ၎င်းကို လက်နက်အဖြစ် အသုံးပြုနိုင်ခြင်းမှာ လုံးဝကွဲပြားသော အရာနှစ်ခု ဖြစ်သည်။
အတိတ်ကာလတွင် စွန်းယောင်သည် သူမ၏ ကြီးမားသော ခွန်အားဖြင့် သူမ၏ ပြိုင်ဘက်အားလုံးကို ချေမှုန်းနိုင်ခဲ့သည်။ သို့သော် ယခုအခါတွင် သူမသည် နောက်ဆုံးတွင် သူမ၏ ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့ပြီဖြစ်သည်။ သူမ အလွန်ဂုဏ်ယူသော ခွန်အားကို ချူးယွင်ဖန်းက အလွယ်တကူ အနိုင်ယူခဲ့သည်။ ထို့ကြောင့် စွန်းယောင် အံ့အားသင့်ခဲ့ရသည်။ လူအများက သူမကို ဘီလူးဟု ခေါ်ကြသော်လည်း ယခုအခါတွင် သူမ၏ ကျင့်ကြံမှုထက် များစွာ နိမ့်ကျသော ချူးယွင်ဖန်းက သူမကို ချေမှုန်းခဲ့သည်။
ချူးယွင်ဖန်ကား မည်သူနည်း။
လူ့ဘီလူးတစ်ကောင်လား။
ယင်းကို စဥ်းစားကာ သူမ စကားမပြောနိုင်တော့သော်လည်း သူမ ဆက်မတွေးနိုင်ခင်၌ လက်ကြီးတစ်ချောင်းက သူမဆီကို ရောက်လာသည်။ အခြေအနေကို အခွင့်ကောင်းယူ၍ စွန်းယောင်ကို ပါးရိုက်လိုက်သောကြောင့် သူမ ကွင်းထဲမှ လွင့်ထွက်သွားသည်။ ထိုနေရာတွင် ကွင်းထဲမှ ပြုတ်ကျသည်မှာ မည်သည်ကို ဆိုလိုကြောင်း သံသယဖြစ်ရန်မလိုပေ။
စွန်းယောင် တုန်လှုပ်သွားသည်။
အဓိကအချက်မှာ သူမသည် ထိုကြီးမားသောလက်ကြီးကို ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ သူမ၏မျက်နှာတွင် ခါးသီးသောအပြုံးတစ်ခု ပေါ်လာသည်။ ချူးယွင်ဖန်းက သူမကို သက်ညှာပေးခဲ့သည်။
သူမ မည်မျှပင် မယုံကြည်ချင်စေကာမူ ချူးယွင်ဖန်းက သက်ညှာပေးခဲ့သည်ကို ယုံရမည်။ မဟုတ်ပါက သူမကို ကွင်းထဲမှ တွန်းထုတ်လိုက်ရုံလောက်နှင့် မလွယ်ပေ။ သူမထက် ကျင့်ကြံမှု နိမ့်ကျသော ဤဂျူနီယာနှင့် ယှဥ်ပါက သူမ၏ တိုက်ခိုက်ရေးအစွမ်းက အလွန် ကွာခြားလွန်းသည်။
"တကယ့်ကို ဘီလူးပဲ။ သူ ဘယ်လိုလေ့ကျင့်ခဲ့တာလဲ" ဆွန်ယောင်းသည် ခါးသီးစွာပြုံးလိုက်ပြီး အားကစားကွင်းထဲမှ ပျံသန်းထွက်ခွာသွားစဉ် သူမဘာသာ တွေးနေမိသည်။
ထိုအချိန်၌ အချိန်အတန်ကြာ စောင့်နေပုံရသော ဟွားရှန်းယွမ်က တိုက်ခိုက်ရေးကွင်းထဲသို့ဝင်လာကာ အဝေးမှ ချူးယွင်ဖန်းကို မျက်နှာမူလိုက်သည်။
"နောက်ဆုံးတော့ ငါတို့တိုက်ခိုက်ရမယ့်အလှည့်ပဲ!"
အခန်း(၁၇၀၄) အပြင်းထန်ဆုံးတိုက်ပွဲ
‘မွန်းစတားနှစ်ကောင်ကြားက တိုက်ပွဲ’
ဤစကားများသည် လူတိုင်း၏စိတ်ထဲတွင် ပေါ်လာသည်။ ချူးယွင်ဖန်နှင့်ဟွားရှန်းယွမ်တို့သည် တပည့်သစ်များဖြစ်သောကြောင့် မည်သူမျှ အထင်မသေးကြတော့ပေ။ အသစ်များသည် အချိန်တိုအတွင်း လေ့ကျင့်ခဲ့ပြီး ၎င်းတို့၏ ကျင့်ကြံမှု အားနည်းသောကြောင့် အထင်သေးခြင်းခံရသည်။ အခြေခံအကြောင်းရင်းမှာ သူတို့၏ အတွေ့အကြုံကြောင့် မဟုတ်ဘဲ သူတို့၏ ခွန်အားကြောင့်ဖြစ်သည်။
သို့သော် ယခု အခုတော့ ချူးယွင်ဖန်းနှင့်ဟွားရှန်းယွမ်တို့သည် ဒြပ်မဲ့လေ့လာသူအဆင့်သို့ မရောက်သေးသော်လည်း တိုက်ပွဲစွမ်းရည်အရ သာမန် ကျင့်ကြံသူ သုံးလေးငါးယောက်ခန့် ရှေ့တိုးလာလျှင်ပင် ရှုံးနိမ့် ရလိမ့်မည်မှာ သေချာနေသည်။
မည်သို့ပင်ဖြစ်စေကာမူ ယွီဝမ်ရှင်း၊ ရှားဟော်ကျဲ သို့မဟုတ် စွန်းယောင်ဖြစ်စေကာမူ ၎င်းတို့အားလုံးက ဤနှစ်ပြိုင်ပွဲ၏ ရေပန်းစားသူများဖြစ်ကြသည်။ ၎င်းတို့က လူတိုင်း၏ အာရုံစိုက်မှုကို ခံကြရသော်လည်း ချူးယွင်ဖန်းနှင့် ဟွားရှန်းယွမ်တို့ကို တိုက်ခိုက်ရာ၌မူ လုံးဝ ရှုံးနိမ့်ခဲ့ကြသည်။
"တချို့လူတွေက ငါတို့က ဒီနှစ်မှာ အခိုင်မာဆုံး လူသစ်တွေလို့ ပြောကြပေမယ့် ငါကတော့ မထင်ဘူး။ ငါတို့က အသန်မာဆုံးဖြစ်နိုင်ပေမယ့် ဒီလို ရောပြောလို့တော့မရဘူး”
ဟွားရှန်းယွမ်က ချူးယွင်ဖန်းကို မီးကဲ့သို့ ရဲရဲတောက်နေသော မျက်လုံးများနှင့်စိုက်ကြည့်လျက် ပြောလိုက်သည်။
"ကဲ အနိုင်ရသူကို ဆုံးဖြတ်ကြရအောင်။"
သူပြောနေစဥ်၌ ဟွားရှန်းယွမ်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခတ်သွားစေခဲ့သည်။ ရှားဟော်ကျဲက ယင်းကိုမြင်သောအခါ ကြောက်ရွံ့သွားသည်။ သူတို့ အစောပိုင်းတိုက်ခိုက်နေခဲ့ကြစဥ်က ဟွားရှန်းယွမ်က သူ့အစွမ်းသတ္တိအပြည့်အဝကို အသုံးမပြုခဲ့ပေ။ ဟွားရှန်းယွမ်ကသာ သူ့ကိုတိုက်ခိုက်ရန် ဤအဆင့် အစွမ်းသတ္တိကို အသုံးချခဲ့လျှင်
သူတစ်ချက်မှ မလှုပ်ရှားနိုင်ဘဲ ချက်ချင်းရှုံးနိမ့်သွားလိမ့်မည်။
ချူးယွင်ဖန်က ဂရုမစိုက်ဟန်ဖြင့်ရှိနေဆဲဖြစ်သည်။ ဟွားရှန်းယွမ်သည် အခြားသူများအတွက် ကြောက်စရာကောင်းပုံရသော်လည်း သူ၏ လျှို့ဝှက်ချက်ကို အသုံးပြုရုံဖြင့် မလုံလောက်ပေ။
သူသည် လက်ရွေးစင်တပည့်တစ်ဦးနှင့် ရင်ဆိုင်နေရသော်လည်း မကြောက်ပေ။ အတင်းအကြပ်ဖိအားပေးခံရပါက ဟုတ်ပုံစံသို့ ချက်ချင်းပြောင်းလဲပစ်မည်ဟုတွေးထားသည်။
တိုက်ခိုက်ခြင်းနှင့် ခုခံကာကွယ်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်သော တောင်မြစ်အိုးနှင့်အတူ သာမန်လက်ရွေးစင်တပည့်များက သူနှင့် ယှဉ်နိုင်စရာမရှိပေ။ သူတို့သည် သူ့ကို ဘာမှ မလုပ်နိုင်ကြပေ။
ဤသည်မှာ ချူးယွင်ဖန်၏ စစ်မှန်သော ယုံကြည်မှုဖြစ်သည်။
ဘမ်း
ချူးယွင်ဖန်၏ ခန္ဓာကိုယ်ကို မိုးကြိုးမုန်တိုင်းတစ်ခုက ဝန်းရံထားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသော မိုးကြိုးတိုင်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်ကိုဖြတ်ကျော်ကာ ပြင်းထန်စွာ မြင့်တက်သွားသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်သည် မိုးကြိုးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒီအဆင့်က သာမန်ရရှိသူတစ်ယောက် ရရှိနိုင်တဲ့အရာမဟုတ်ဘူး။ ဖြစ်နိုင်ချေတစ်ခုပဲရှိတယ်။ ချူးယွင်ဖန်မှာ ထူးခြားတဲ့ခန္ဓာကိုယ်ရှိတယ်!" စီနီယာ လက်ရွေးစင်တပည့်တစ်ဦးက အနီးကပ်ကြည့်ရှုရင်း ပြောလိုက်သည်။
အခြားထိပ်တန်းတပည့်များလည်း အနီးကပ်ကြည့်ရှုခဲ့ကြသည်။ ဤလျှပ်စီးစွမ်းအားသည် ဂိုဏ်း၏ စစ်မှန်သောတပည့် သို့မဟုတ် လက်ရွေးစင်တစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပါက ထူးဆန်းမည်မဟုတ်ပေ။ နတ်အဆင့်များသည် ဤအဆင့်သို့ ရောက်ရှိနိုင်သည်။ သို့သော်၊ ဒြပ်မဲ့အဆင့်သည် သဘာဝတရား၏ ဥပဒေများကို နားလည်ရန် တံခါးဝသို့ ခြေလှမ်းလှမ်းလိုက်ရုံသာ ရှိသေးသည်။ သူတို့သည် ဥပဒေများကို အပြည့်အဝနားမလည်သေးသောကြောင့် ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ချူးယွင်ဖန်းတွင် ထူးခြားသော ခန္ဓာကိုယ်တစ်ခုရှိသည်။
ထိုကောက်ချက်ကို လူတိုင်းစဉ်းစားလိုက်ပြီးနောက် ချက်ချင်း အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းတွင် ထူးခြားသော ကိုယ်ခန္ဓာရှိကြောင်း ၎င်းတို့အနက် မည်သူမျှ မသိကြပေ။ ဟွားရှန်းယွမ် ချက်ချင်းပင် အံ့သြသွားသည်။
ချူးယွင်ဖန်းတွင် ထူးခြားသော ကိုယ်ခန္ဓာရှိကြောင်း ၎င်းတို့ထဲမှ မည်မျှ မသိကြပေ။ ဟွားရှန်းယွမ်က ထူးခြားရသည့် အကြောင်းရင်းက သူ့တွင် ထူးခြားသည့် ခန္ဓာကိုယ်ရှိကာ တောက်ပသော အနာဂတ်ရှိသောကြောင့်ဖြစ်သည်။ သူသည် အနာဂတ်တွင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကျောရိုးဖြစ်လာလိမ့်မည်။ သူသည်သာ စစ်မှန်သော တပည့်တစ်ယောက်ဖြစ်လာသည်နှင့် သူ၏ အဆင့်အတန်းက သာမန် စစ်မှန်သော တပည့်များထက် သာလွန်သွားလိမ့်မည်။ ၎င်းတို့က လက်ခံရန် ဆန္ဒမရှိကြသောလည်း အချို့သူများသည် မွေးကတည်းက ထူးချွန်ရန် ကံကြမ္မာရှိကြောင်း ဝန်ခံရပေမည်။ သို့သော် ချူးယွင်ဖန်းသည်လည်း ထူးခြားသော ကိုယ်ခန္ဓာရှိပုံပေါ်ကာ အားနည်းသည်ဟု မထင်ရပေ။
"ဒီကိစ္စကို အထက်လူကြီးတွေဆီ တင်ပြရမယ်။ ဒီလိုအဆင့်ရှိတဲ့ အထူးခန္ဓာကိုယ်မျိုးက ရှားပါးတယ်။ ဟွားရှန်းယွမ်နဲ့ ချူးယွင်ဖန်ဆီကနေ ဒီလိုစွမ်းအားတွေ ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။"
ဂိုဏ်းအပေါ် သစ္စာရှိသော ထိပ်တန်းတပည့်အချို့သည် ဂိုဏ်း၏ အထက်လူကြီးများကို အသိပေးပြီးဖြစ်သည်။ ဤသည်မှာ အထူးခန္ဓာကိုယ်ရှိသူများ၏ ကွာခြားချက်ဖြစ်သည်။ ပုံမှန်အားဖြင့် အထူးခန္ဓာကိုယ်ရှိသော ပါရမီရှင်များသည် သာမန်ပါရမီရှင်များထက် များစွာသာလွန်သော အောင်မြင်မှုများ ရှိလေ့ရှိသည်။ ပါရမီရှင်များကြားတွင်ပင် ၎င်းတို့သည် တစ်ထောင်တွင် တစ်ယောက်သာ ရှိသည်။
"သူ့မှာ ဘယ်လိုခန္ဓာကိုယ်မျိုးရှိလဲ။"
စွန်းယောင် ယခု ယုံကြည်လိုက်ရသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအစွမ်းက သူမကို ချေမှုန်းနိုင်သော်လည်း ဤထူးခြားသည့် ခန္ဓာကိုယ်ကို သူမ ယှဥ်နိုင်တော့မည်မဟုတ်ပေ။ သူမသည် နတ်ဘုရား၏ အစွမ်းနှင့်မွေးဖွားလာသော်လည်း သေမျိုးခန္ဓာကိုယ်တစ်ခု၏ အတိုင်းအတာအတွင်း၌ ရှိနေဆဲပင်ဖြစ်သည်။
စစ်မြေပြင်တွင် တိုက်ခိုက်နေသည့် လူနှစ်ဦးက သေမျိုးခန္ဓာကိုယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။ အနာဂတ်တွင် ၎င်းတို့သည် အချိန်မတန်ခင် မသေဆုံးသရွေ့ ဂိုဏ်းခေါင်းဆောင် ဖြစ်မလာနိုင်လျှင်ပင် အနည်းဆုံး ကြီးကျယ်ခမ်းနားသော အကြီးအကဲများအနက် အဆင့်သတ်မှတ်ခံရနိုင်မည်ဖြစ်သည်။ စစ်မှန်သော တပည့်တစ်ယောက်ဖြစ်လာရန်မှာ ဤသို့သော သူများ၏ လိုအင်ဆန္ဒဟုတ်တော့မည်မဟုတ်ပေ။
ချူးယွင်ဖန်က သူမအပေါ် ဤမျှထိ ဂရုမစိုက်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ခွန်အားကွာခြားမှုက အလွန်ကြီးမားလှသဖြင့် မည်သည့်စကားမျှ ပြောရန် မလိုပေ။
"ဟားဟားဟား၊ စိတ်ဝင်စားစရာပဲ! ချူးယွင်ဖန်၊ ဒါက စိတ်ဝင်စားစရာပဲ။ ငါ့ရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကိုသုံးတာက အနိုင်ကျင့်တာလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် အခု မင်းမှာလည်းထူးခြားတဲ့ခန္ဓာကိုယ်ရှိပြီဆိုတော့ ဒါကလွယ်သွားလိမ့်မယ်။"
ဟွားရှန်းယွမ်၏ အရှိန်အဝါက ပို၍ ကြောက်စဖွယ်ကောင်းလာသည်။ မရေမတွက်နိုင်အောင် များပြားလှသော ဝိဉာဥ်စွမ်းအင်များက သူ့ကို ဝိုင်းရံထားသည့် လေပြင်းမုန်တိုင်းတစ်ခုအဖြစ် မြင်လိုက်ကြသည်။
သူ့တစ်ဖက်မှ ချူးယွင်ဖန်း၏ လျှပ်စီးပင်လယ်ကလည်း နိမ့်ကျနေခြင်းမရှိပေ။ ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူ့တွင် ထူးခြားသော ကိုယ်ခန္ဓာရှိရုံသာမက တစ်ခုထပ်ပင်ပိုရှိသည်။ သာမန်ထူးခြားသော ခန္ဓာကိုယ်များသည် သူနှင့် မည်သို့ယှဥ်နိုင်မည်နည်း။
နောက်တစ်ခဏအတွင်း၌ ဟွားရှန်းယွမ်၏ အရှိန်အဝါက ချူးယွင်ဖန်းဆီသို့ ရောက်သွားသည်။ မရေမတွက်နိုင်အောင် များပြားလှသည့် လေပြင်းများသည် ချူးယွင်ဖန်းကို နင်းခြေနေသည့် ဧရာမလူထွားကြီးတစ်ကောင်အဖြစ် စုစည်းသွားခဲ့သည်။
ချူးယွင်ဖန်းက ထိုတိုက်ခိုက်မှုကို တစ်ချက်ပင်မကြည့်ဘဲ လက်သီးနှင့် ထိုးလိုက်သောကြောင့် ဧရာမ လူထွားကြီးလည်း လွင့်ထွက်သွားတော့၏။
လှိုင်းလုံးနှစ်ခုသည် နောက်သို့ လိမ့်ကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသော ရေလွှမ်းမိုးမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
တိုက်ခိုက်ရေးကွင်းအတားအဆီးပင် အချိန်မရွေး ပြိုကျတော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထိပ်တန်းတပည့်များသည် ချက်ချင်းပင် ခုန်တက်ကာ နတ်ဘုရားစွမ်းအားများကို အတားအဆီးထဲသို့ ထိုးထည့်၍ ခိုင်မာအောင် ပြုလုပ်လိုက်ကြသည်။ သူတို့၏မျက်လုံးများထဲမှ အံ့အားသင့်မှုမှာ ဖော်ပြ၍မရနိုင်အောင် ပြင်းထန်လွန်းသည်။ ဤနှစ်ယောက်ကြား အပြန်အလှန်ဖလှယ်မှုသည် အလွန်ပြင်းထန်လွန်းပြီး စိတ်ကူး၍ပင်မရနိုင်ပေ။
"ငါ မင်းကို အနိုင်ယူမယ်!"ဟွားရှန်းယွမ်က အော်ဟစ်ကာ ချူးယွင်ဖန်းထံသို့ အပြေးသွားလိုက်သည်။ သူက လေပြင်းတစ်ချက်ကို တက်နင်း၍ သူ၏ နတ်ဘုရားစွမ်းအားအားလုံးကို ချူးယွင်ဖန်ကို တိုက်ခိုက်ရန် ထုတ်လွှတ်လိုက်သည်။
"ချူးယွင်ဖန်း ငါ့ရဲ့ခန္ဓာကိုယ်က လေဝိညာဉ်ခန္ဓာကိုယ်ပဲ။ ရှေးခေတ်တုန်းက ဒါက ဘုရင်တစ်ပါးရဲ့ခန္ဓာကိုယ်ပဲ!"ဟွားရှန်းယွမ် အော်ပြောလိုက်သည်။
ဤအချိန်တွင် လူတိုင်းကဟွားရှန်းယွမ်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သိကြပြီး သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။