← Chapters

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း (၁၂၁၉) ဆရာသခင်နှစ်ဦး

မီးဇာမဏီကို စောင့်ကြည့်နေကြသည့် အရေအတွက်က လုကျိုးကို အံ့အားသင့်သွားစေသည်။

လုကျိုးသည် မီးဇာမဏီပုန်းအောင်းနေရာ မှောင်မည်းသည့်တောင်အက်ကြောင်းကို ကြည့်လိုက်သည်။

ဓားသမား၄၉ဦးက တောင်အက်ကြောင်းပေါ်၌ ပျံဝဲနေ၏။ သူတို့က အရှေ့အနောက်ပျံဝဲနေလျက် တစ်ခါတစ်ရံတွင် ကပ်သွားတာကို အဝေးကနေမြင်တွေ့ရသည်။ သူတို့က အစီအရင်တစ်ခု တည်ဆောက်နေတာဖြစ်ရမည်။ တစ်ခါတစ်ရံ၌ သူတို့က အခြေအနေကို လေ့လာရန် အောက်သို့ လူတချို့လွှတ်သည်။ သူတို့က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လျစ်လျူရှုထားပေ၏။

သို့သော် ထိုသို့သောအရာမျိုးက အမည်မသိကုန်းမြေတွင်ဖြစ်နေကြပေ။ ရတနာအတွက် တိုက်ခိုက်ပြီး သေဆုံးသွားကြသည့်ကျင့်ကြံသူက မပြတ်လတ်။ အသန်မာဆုံးလှုပ်ရှားမှုက သန်မာသောရန်သူရှေ့၌ နောက်ဆုတ်နေတာပဲဖြစ်သည်။

ထိုစဉ် ခုံဝမ်က လုကျိုးဘေးသို့ ရောက်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဆရာကြီး အနားမှာ လူတွေများလွန်းတယ်။ အဲ့ဒီသူခိုးတွေကို သတိထားပါ”

“အဲ့ဒီသူခိုးတွေက ...”

“သူခိုးတွေက အမည်မသိကုန်းမြေမှာ တွေ့နေကြပဲ။ သူတို့က ခိုးယူဖို့အတွက် ဖရိုဖရဲဖြစ်နေတာကို မကြာခဏအခွင့်ကောင်းယူတတ်တယ်” ခုံဝမ်က ရှင်းပြလိုက်သည်။

အနား၌ရပ်နေသော မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ချုံးချီက အဲ့လောက်မတုံးဘူး”

ဝုတ်

ချုံးချီသည် သူ့သခင်၏ချီးကျူးမှုကြောင့် ပျော်ရွှင်သွားကာ အမြီးရမ်းလိုက်တော့သည်။

“...”

ခုံဝမ်က ပြောလိုက်သည်။ "မီးဇာမဏီက နိဗ္ဗာန်မြေကို ရှာချင်နေတာဖြစ်လောက်တယ်။ ဒါပေမဲ့ သူက အခုတောင်အက်ကြောင်းထဲမှာပုန်းနေတာ”

မင်ရှစ်ရင်က မေးလိုက်၏။ “မီးဇာမဏီရဲ့အဆင့်နဲ့ လူသားဘာသာစကားပြောနိုင်သင့်တယ်မလား”

ခုံဝမ်က ခေါင်းခါလိုက်၏။ “ပြောလို့တော့မရဘူး။ ကြမ်းတမ်းခက်ထန်သားရဲတွေအပေါ်မူတည်နေတာ။ မီးဇာမဏီတွေက မြင့်မြတ်တယ်။ ဒီတော့ သူတို့ကလူသားဘာသာစကားသင်ယူရမှာကို အထင်သေးကြတယ်”

မင်ရှစ်ရင်သည် ကြမ်းတမ်းခက်ထန်သားရဲများကြား၌ ခွဲခြားဆက်ဆံမှုရှိနေလိမ့်မည်ဟု မထင်ထားပေ။

“အဲ့ဒီကြက်ဆင်က ဒီလောက်မောက်မာထောင်လွှားတယ်တဲ့လား”

“ကြက်ဆင်တဲ့လား” ခုံဝမ်သည် သူ၏မျက်နှာထက်၌ မည်ကဲ့သို့ မျက်နှာ ဆင်မြန်းရမည်မှန်းမသိတော့ပေ။ မြင့်မြတ်တဲ့မီးဇာမဏီကို ကြက်ဆင်လို့ခေါ်တာက သိပ်မကောင်းဘူးမလား။

ပတ်ဝန်းကျင်ရှိကျင့်ကြံသူများက ဝေဟင်ထဲရှိဓားသမား ၄၀ကိုကြည့်လိုက်သည်။

“ဆရာသခင်ချင် အနားမှာရှိနေတာ။ ကျန်တဲ့သူတွေက ပွဲကြည့်ရုံပဲတတ်နိုင်တယ်”

“ဆရာသခင်ယဲ့လည်း ဒီကိုရောက်လာနေပြီလို့ကြားတယ်။ ငါတို့တွေ ဆရာသခင်တွေကြား ခမ်းနားတဲ့ တိုက်ပွဲကို မျက်မြင်တွေ့ကောင်းတွေ့ရမှာပေါ့”

“သူတို့တွေက ကြည်လင်ကောင်းကင်တောင်မှာ တာအိုဆွေးနွေးတုန်းက တိုက်ခိုက်ခဲ့တယ်မဟုတ်လား”

“သရေလို့ ငါ ကြားမိတာပဲ။ အနိုင်ရသူမပေါ်မချင်း သူတို့ကျေနပ်မှာမဟုတ်ဘူး။ အခုနတ်ငှက်ပေါ်လာပြီဆိုတော့ ဒီနေ့အနိုင်ရသူတစ်ယောက်က ရှင်းရှင်းလင်းလင်းပေါ်လာမှာကြိမ်းသေတယ်”

လူသစ်များရောက်လာမှု ဆရာသခင်တို့၏တည်ရှိမှုကြောင့် ကျင့်ကြံသူတို့သည် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ သူတို့အတွက် ပွဲကြည့်ရန်ပိုကောင်းသည်။ ကံကောင်းလျှင် ရတနာတွေရနိုင်လိမ့်မည်။

ဇာမဏီ၏ ငှက်မွေးတို့သည် ထူးခြားသောလက်နက်များပြုလုပ်ရာ၌ အသုံးပြုနိုင်ပြီး မီးဒဏ်ခံနိုင်သည်ဟု ကောလာဟလရှိ၏။ ထို့အပြင် မီးဇာမဏီ အနားယူသည့်နေရာကလည်း ရတနာများစွာ ထိန်းသိမ်းထားသည်။

ရှီး...

စူးရှသည့်အသံတစ်သံသည် တောင်အက်ကြားထဲမှပေါ်ထွက်လာ၏။

ဓားသမား၄၉ယောက်က လှုပ်ရှားတာရပ်တန့်ပြီး တပြိုင်နက်တည်း ငုံ့ကြည့်လိုက်ကြသည်။

လုကျိုးက လှည့်လာကာ လှမ်းခေါ်လိုက်သည်။ “လောင်စစ်”

“အမိန့်ရှိပါ ရှစ်စွင်း”

“မင်းရဲ့ရှစ်မေ့တွေကို ဂရုစိုက်”

“နားလည်ပါပြီ” မင်ရှစ်ရင်နှင့် ချုံးချီက သူ၏ရှစ်မေ့နှစ်ယောက်နားကပ်သွားလိုက်သည်။

ထိုစဉ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ဘယ်နှင့်ညာတွင် အသီးသီးရပ်နေကာ မလှုပ်တော့ပေ။ သူတို့နှစ်ယောက်လုံးက အပေါ်ကိုမော့ကြည့်နေစဉ် လေးနက်တည်ကြည်သည့်အမူအရာရှိနေ၏။

ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့် သူ၏ညီနောင်သုံးဖော်ကမူ အတူတကွရပ်နေလျက် တောင်အက်ကြောင်းကို စိုးရိမ်ပူပန်စွာကြည့်နေသည်။

ထင်သည့်အတိုင်းပင် တောင်အက်ကြောင်းထဲရှိလှုပ်ရှားမှုက ပိုမိုပြင်းထန်လာ၏။ မကြာမီ၌ မီးတောက်များက ပိန်းပိတ်အောင်နက်မှောင်နေသည့် တောင်အက်ကြောင်းထဲမှာ ပေါ်လာတော့သည်။ ပေရာချီကျယ်ဝန်းပြီး ၎င်း၏ ရှည်လျားသောအနီရောင်အမြီးကလည်း ပေရာချီရှည်၏။

မီးဇာမဏီကဝေဟင်ထဲပျံဝဲလာချိန် ၎င်း၏တောင်ပံကို ၄၉ကြိမ်ခတ်ခဲ့သည်။ ပြီးနောက် ၎င်းက လှည့်ပတ်သွားပြီး လေထဲ၌ မီးညွှန့်များကခုန်နေစေ၏။

“သူတိုက်ခိုက်ခဲ့တော့မယ်”

လုကျိုးသည် မီးလျှံများက လေထဲလူးလွန့်နေစဉ် လုကျိုးက တစ်စုံတစ်ခုအေးခဲသွားသည်နှင့်တူသည့် ပေါက်ကွဲသံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူမှအပ လူတိုင်း ရပ်တန့်သွားပုံ ပေါ်၏။

လုကျိုးက စိတ်လှုပ်ရှားသွားသည်။ သူလှည့်ကြည့်လိုက်သည့်အချိန်တွင် မြောက်ပိုင်း တောင်တန်းဒေသ၏ ဓားသမား ၄၉ယောက်ပေါ်၌ လူတစ်ယောက်ပေါ်လာ၏။ သူလေထဲပျံဝဲနေစဉ် သူ၏ဝတ်ရုံရှည်က တလူလူလွင့်နေသည်။ ထိုလူက မွေးဖွားစမ်းသပ်မှုသုံးခုဖြတ်ကျော်ခဲ့ပြီးသည့် ဆရာသခင်ချင်ရန်ယွဲ့ပဲဆိုတာ သူ သိနေ၏။ တခဏတာ ရပ်တန့်သွားစေတာက ချင်ရန်ယွဲ့၏ စွမ်းအားလား။

ကျင့်ကြံသူများအလွန်လျင်မြန်စွာ ပြန်ကောင်းလာသည်။ သူတို့က အမြော်အမြင်ရှိပုံပေါ်၏။ သူတို့က ချင်ရန်ယွဲ့ကို တအံ့တဩကြည့်နေကြသည်။ အချိန်ရပ်တန့်သွားသောကြောင့် သူ လေထဲမှ ပေါ်ထွက်လာသည်ဟု ထင်မှတ်ရသည်။

ထိုစဉ် ချင်ရန်ယွဲ့၏ ထူးမခြားနားအသံက ဝေဟင်ထဲမှ ပြန့်လွင့်လာသည်။

“ဒီမှာကိစ္စမရှိတဲ့သူတွေ ဆုတ်ခွာကြ”

ဓားသမား၄၉ယောက်က ချင်ရန်ယွဲ့နား ပျံဝဲလိုက်ကြသည်။

ထိုစဉ် သူတို့က အသိစိတ်ပြန်ကပ်လာပုံပေါ်ကာ ကျင့်ကြံသူ တစ်ထောင်ကျော်က ဦးညွှတ်လိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်ချင်”

လုကျိုးက ချင်ရန်ယွဲ့ကို ကြည့်လိုက်သည်။ ယခုက ဆရာသခင်ယွဲ့ကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲဖြစ်သည်။

ဆရာသခင်တစ်ပါး ဤမျှအစွမ်းထက်သည့်အကြောင်းအရင်းကို သူ အံ့ဩနေမိသည်။ ၎င်းသည် ဆရာသခင်များပိုင်ဆိုင်ထားသည့် တာအိုစွမ်းအားလားဟု တွေးနေမိသည်။

ဝေဟင်ထဲ၌ ဓားသမား၄၉ဦးက လှစ်ကနဲလှုပ်ရှားသွားလာနေကာ လေထဲ၌ ဧရာမစက်ဝိုင်းတစ်ခု ဖွဲ့တည်ပြီး တောင်အက်ကြောင်းကို ဝိုင်းထားလိုက်သည်။

“မီးဇာမဏီတွေက မသေမျိုးမွေးဖွားမှုတွေနဲ့သိကြတယ်။ သူက အခေါက်တိုင်း ပြန်လည်မွေးဖွားလာပြီး မိုးနဲ့မြေရဲ့အတားအဆီးကနေ လွတ်အောင်ရုန်းနိုင်တယ်လို့ပြောကြတာ။ ဒီတောင်အက်ကြောင်းက သူ ပြန်လည်မွေးဖွားရာနေရာ ဖြစ်လောက်တယ်။ ပြန်လည်မွေးဖွားတဲ့အချိန်ကလည်း သူ့ရဲ့ အားအနည်းဆုံးအချိန် ... ဟုတ်တယ်”

“လက်တွေ့ဘဝမှာ မီးဇာမဏီကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ ဒါကို ရှေးစာအုပ်တွေထဲမှာပဲ တွေ့ဖူးတာ။ ဒီမှာ ဆရာသခင်တွေ ရှိနေတာ ဒီမှာ ငါတို့နေလို့မရဘူး”

တစ်စုံတစ်ယောက်က ပြန်ပက်လိုက်၏။

“ဆရာသခင်တွေအနားမှာ မရှိရင် မီးဇာမဏီတွေကို ဖြေရှင်းနိုင်မဲ့ပုံလိုမျိုးဘာလို့ပြောနေရတာလဲ။ ကြည့်ရုံနဲ့ လုံလောက်နေပြီကိုး”

ကျင့်ကြံသူထောင်ချီက စပ်စုချင်စိတ်တင်းတိမ်စေရန် စိတ်အားထက်သန်စွာကြည့်နေကြသည်။

ဝေဟင်ထဲ၌ ဓားသမား၄၉ယောက်သည် နေရာယူပြီးဖြစ်ပုံပေါ်သည်။

ထိုစဉ် ဓားသမား၄၉ဦး၏အလယ်၌ ပုံရိပ်တစ်ခုပေါ်လာပြီး ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။

“ဓားနဲ့ဓားမော့တွေမှာ မျက်လုံးမရှိဘူး။ မင်းတို့အားလုံး ဝေးဝေးကိုဆုတ်ရင် အကောင်းဆုံးပဲ”

ယခုအခေါက်တွင် ညင်သာသောစွမ်းအင်လှိုင်းက ပေါ်ပေါက်လာပြီး ကျင့်ကြံသူများကို နောက်သို့တွန်းပို့လိုက်သည်။

ချင်ရန်ယွဲ့ ၏သဘောထားက အတော်လေးပျော့ပျောင်း၏။ သူ၏ခွန်အားကလည်း နိုင်လိုမင်းထက် မဆန်။

“သတိပေးတာ ကျေးဇူးတင်ပါတယ် ဆရာသခင်ချင်”

လူတိုင်းက ထပ်နောက်ဆုတ်သွားပြန်၏။ ဤနည်းဖြင့် လုကျိုးနှင့်နောက်တွင်ရပ်နေသော ကျန်သည့်သူများက ရှေ့တွင်ရပ်မိနေ၏။ ခုံဝမ်က အမြန်ပြောလိုက်သည်။

“ဆရာကြီး နောက်ဆုတ်ကြရအောင်”

လုကျိုးက ခုံဝမ်ကို လျစ်လျူရှုထားလျက် ချင်ရန်ယွဲ့ကို စိုက်ကြည့်လိုက်သည်။

အမည်= ချင်ရန်ယွဲ့

အထောက်အထား= တာ့ချင်မှလူသား

ကျင့်ကြံဆင့်= ဘုံတစ်ထောင်လေပွေ

ဤသတင်းအချက်အလက်က အသုံးမဝင်နိုင်ပေ။ လူတိုင်းက ဘုံတစ်ထောင်လေပွေအဆင့်၌ ရှိနေ၏။ သို့သော် သူတို့ခွန်အားကမူ မိုးနဲ့မြေတမျှကွာခြားလှသည်။

ရုတ်တရက် ဝေဟင်မှ ရယ်မောသံတစ်သံပေါ်ထွက်လာတော့သည်။ ကျယ်လောင်လွန်းသဖြင့် ကျင့်ကြံသူတချို့၏ နားစည်ကို ထိခိုက်သွား၏။ လူတိုင်းက အသံလာရာဖက်သို့ အလိုလို ကြည့်မိသွားသည်။

ထိုစဉ် ကျင့်ကြံသူဒါဇင်ချီက အနောက်တောင်အရပ်မှ ပျံသန်းလာတာကို တွေ့ရသည်။ သူတို့က စတုရန်းအခင်းအကျင်းဖြင့် ပျံသန်းလာတာဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းရောက်လာ၏။

“ချင်ရန်ယွဲ့ ... အဖိုးကြီး ဒါကို မင်းဖာသာမင်းယူဖို့ ပြင်ဆင်ထားတာလား”

တစ်စုံတစ်ယောက်က ပြောလိုက်၏။ “ယန်နန်ကောင်းချီးမြေက ဆရာသခင်ယဲ့ပဲ”

ကျင့်ကြံသူများက ဦးညွှတ်လိုက်ပြန်၏။

“နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်ယဲ့”

စာသင်သားဝတ်ရုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူ ၃၀ကို ဦးဆောင်လာသည့်သူက ယဲ့ကျန်းပဲဖြစ်သည်။ တစ်နည်းအားဖြင့် ဆရာသခင်ယဲ့ဟု သိကြသည်။

ချင်ရန်ယွဲ့က အေးစက်စက်ပြောလိုက်၏။

“ယဲ့ကျန်း မင်း နေရာတိုင်း ငါ့နောက်လိုက်နေမှရမှာလား။ အမည်မသိကုန်းမြေက ဒီလောက်ကျယ်တာ။ ဒါတောင် ငါ့နောက်လိုက်နေတုန်းပဲ”

ယဲ့ကျန်းက ခေါင်းခါပြီးပြောလိုက်သည်။ “ဒီနေရာကို မင်းပိုင်လို့လား”

ချင်ရန်ယွဲ့က ပြောလိုက်လေ၏။ “ငါ မင်းနဲ့စကားမများတော့ဘူး။ ဒီနေရာရဲ့အနောက်မြောက်မှာ သားရဲဧကရာဇ်ရှိတယ်”

“ဪ ... မင်းက ငါ့ကို သတင်းအချက်အလက်ပြောပြရလောက်အောင် ကြင်နာတယ်ပေါ့” ယဲ့ကျန်းက ပြောလိုက်၏။

...

အခန်း (၁၂၂၀) စွမ်းဆောင်ရည်များ

လုကျိုးက ချင်ရန်ယွဲ့ဆီမှ ယဲ့ကျန်းဆီ အာရုံပြောင်းလိုက်သည်။ သူ ရရှိထားသည့် သတင်းအချက်အလက်က ထင်ထားသည်နှင့် မကွာခြားပေ။ အကယ်၍ ဆရာသခင်တစ်ယောက်ဆိုပါက သူ့အနေနှင့် ဖြေရှင်းဖို့ လွယ်ကူ၏။ သို့သော်လည်း ဆရာသခင်၂ယောက်ကို တစ်ပြိုင်တည်းဖြေရှင်းဖို့ရာ အနည်းငယ် အခက်တွေ့လှသည်။ သူက ကံစမ်းကြည့်ဖို့ တွေးလိုက်၏။

“ကံစမ်းမဲ”

“တင်း ကုသိုလ်ရမှတ်၅၀ကို အသုံးပြုခဲ့ပါတယ်။ ပါဝင်ဆင်နွှဲတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် +၁”

“နောက်ထပ် ကျေးဇူးတင်မှာပဲလား။ ငါ့ဆီမှာ ကံကောင်းမှတ် ၁၁၁မှတ်တောင် ရှိနေပြီ။ ဒီလောက်ဆိုရင် တစ်ခုခုတော့ ကံစမ်းမိလောက်ပြီလေ...”

ကြည့်ရတာ တစ်ခုခုအသုံးဝင်တာ ကံမစမ်းမိခင် ကံကောင်းမှတ်တွေ ထပ်ပြီးစုဆောင်းအုံးမဲ့ပုံပဲ...

၅ကြိမ်မြောက် ကျေးဇူးတင်ကြောင်းရရှိပြီးသည့်နောက်တွင် လုကျိုးက လက်လျှော့လိုက်တော့သည်။

ဝေဟင်ထဲတွင် ပညာရှင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူ ၃၀ကျော်က ယဲ့ကျန်းနောက်တွင် စီစီရီရီ ရပ်နေကြသည်။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အဲ့ဒီ့မှာ သားရဲဧကရာဇ်ရှိတာ အမှန်ပဲ။ တကယ်လို့ င့ါကိုမယုံဘူးဆိုရင် တစ်ယောက်ယောက်ကို လွှတ်ပြီး သွားကြည့်ခိုင်းလို့ရတယ်”

ယဲ့ကျန်းက ခေါင်းရမ်းကာ ပြောလိုက်သည်။

“အဲဒီမှာ သားရဲဧကရာဇ် ရှိတယ်ဆိုရင် ခင်ဗျားကို ယူခွင့်ပြုမယ်။ ကျုပ်ကို ဒါကို ရယူခွင့်ပေးလိုက်ရင်ဘယ်လိုလဲ”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အမည်မသိကုန်းမြေမှာ အရင်ရောက်တဲ့သူက အရင်ရစတမ်းပဲ”

“ယဲ့ကျန်း ငါနဲ့ ဒီမှာတိုက်ခိုက်ချင်နေတာလား”

အမည်မသိကုန်းမြေက မသေချာသည့် အချက်များဖြင့် ပြည့်နှက်နေသည်။

တကယ်တော့ ယဲ့ကျန်းက ချင်ရန်ယွဲ့ကို အတော်လေးမုန်းတီး၏။ သို့သော်လည်း သားရဲဧကရာဇ်၂ကောင်ရှိပါက သူတို့အနေဖြင့် ၁ကောင်ချင်းစီ ယူသည်က သိပ်မဆိုးလှပေ။

ကမ္ဘာပေါ်တွင် ထာဝရရန်သူဟူ၍ မရှိဘဲ အကျိုးမြတ်တူ စုဝေးကြရုံသာ ဖြစ်သည်။

ယဲ့ကျန်းက ပြုံးကာ ပြောလိုက်သည်။

“ဘာမှစိတ်လှုပ်ရှားနေဖို့ မရှိဘူး။ ငါတို့ရန်‌ကြွေးတွေကို ဘေးဖယ်ထားတာပေါ့။ အခု သားရဲဧကရာဇ်၂ကောင်ကို နှိမ်နင်းဖို့ အတူအကွ ပူးပေါင်းရင် ဘယ်လိုလဲ”

ချင်ရန်ယွဲ့က စိတ်ထဲမှ မြေခွေးအိုကြီးကို ကျိန်ဆဲလိုက်သည်။

“ကောင်းပြီလေ”

ယဲ့ကျန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

ပညာရှင်ကျင့်ကြံသူ ၃၆ယောက်က ဓားသမား၄၉ယောက်နှင့် အတူတူ သွားရပ်လိုက်ကြသည်။

ကွန်ဖြူးရှပ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပညာရှင်တစ်ယောက်က ပြောလာခဲ့သည်။

“ဒီမှာ မသက်ဆိုင်တဲ့သူတွေ ထွက်သွားကြပါ”

ဤတစ်ကြိမ် ခုံဝမ်က တိုးတိုးပြောလိုက်သည်။

“လောင်ချန်းပေ့ ထွက်သွားရအောင်”

တခြားညီအစ်ကို၃ယောက်က လှည့်နေပြီဖြစ်သော်လည်း လုကျိုးက မလှုပ်ရှားသေးပေ။ သူက ကောင်းကင်ကို ဆက်လုက်ကြည့်နေသည်။ လုကျိုးက မလှုပ်ရှားသေးသည်ကို မြင်သောအခါ ကျန်သည့်တပည့်များကလည်း မလှုပ်ရှားရဲကြပေ။

ယန်ကျန်းလော့နှင့် လုလီတို့ကလည်း ခုံဝမ်နှင့် တခြားသူများကိုကြည့်ကာ သူတို့၏ အမူအရာမှတစ်ဆင့် နားလည်ကြောင်း ဖော်ပြလိုက်သည်။

မီးဇာမဏီက ရုတ်ခြည်းဆိုသလို တောင်ကြားမှ ပျံသန်းထွက်လာသည်။ ထိုအရာ၏ တောင်ပံက မှောင်မည်းနေသည့် ဝေဟင်ကိုပင် ဖုံးလွှမ်းသွားလေ၏။

ကွန်ဖြူးရှပ်ပညာရှင်၃၆ယောက်နှင့် ဓားသမား၄၉ယောက်တို့က သူတို့၏ ကာကွယ်ရေးစွမ်းအားများကို ချက်ချင်း ဖော်ထုတ်လိုက်ကြသည်။ သို့‌သော်လည်း မီးဇာမဏီက ထိုအရာကို စောင့်ဆိုင်းနေဟန်ပေါ်၏။ ထိုအရာက သူတို့ကို ဖြတ်ကျော်သွားခဲ့သည်။

“ဘမ်း ဘမ်း ဘမ်း”

ကျင့်ကြံသူ ၈၅ယောက်က ပွင့်ချပ်လွှာများသဖွယ် ကြေမွသွားပြီး အဖက်ဖက်သို့ လွင့်စဉ်သွားလေသည်။ အများစုက သူတို့၏ ခန္ဓာကိုယ်အထက် မီး‌လောင်ကျွမ်းနေပြီး အများစုက ဒဏ်ရာရကာ သွေးအန်လိုက်ရသည်။ ချင်ရန်ယွဲ့နှင့် ယဲ့ကျန်းတို့ကမူ ကောင်းကင်အထက် မြင့်မြင့်ပျံသန်းလိုက်ကြ၏။ တစ်ပြိုင်တည်းဆိုသလို အချိန်က ရပ်တန့်သွားဟန်ပေါ်သည်။ သူ ချင်ရန်ယွဲ့နှင့် ယဲ့ကျန်းတို့ကသာ ထိုခိုက်မှုမရှိခြင်းဖြစ်သည်။ အခြားသူများက အသက် ၂ရှိုက်စာမျှ ရပ်တန့်သွားသည်။ တခြားသူများနှင့်မတူဘဲ သူက အသိစိတ်ပြန်ဝင်လာကာ သူ့အသက်ရှူနှုန်းနှင့် နှလုံးတို့က အဆင်ပြေနေ၏။ သူက မလှုပ်ရှားနိုင်ပေ။ အရာအားလုံးက သူ့အတွက် ပုံမှန်သာ ဖြစ်၏။ အချိန်ရပ်တန့်ထားသည့် သူကလွဲ၍ ကျန်သည့်သူအားလုံးက အသိစိတ် မရှိကြောင်း ခံစားမိလိုက်သည်။ ၂ဦးသားက ထိုစွမ်းအားကို ခံစားမိသည့်အခါ မီးဇာမဏီကလည်း ရုတ်ခြည်း တောင့်တင်းသွားလေသည်။

ထို့နောက် ၂ဦးသားက လက်ဝါးစည်းတံဆိပ်ကို ထုတ်ဖော်လိုက်ကြ၏။ သူတို့၏ လက်ဝါးစည်းတံဆိပ်က မီးဇာမဏီ၏ ဘယ်နှင့်ညာဆီ ကျရောက်လာသည်။

မီးဇာမဏီက အော်ဟစ်ပြီးသည့်နောက်တွင် တောင်အက်ကြောင်းထဲ ထပ်မံတိုးဝင်သွားသည်။

မီးတောက်များက နေရာအနှံ့ပျံ့နှံ့နေပြီး တောအုပ်နှင့် မြေကြီးကိုပင် လောင်ကျွမ်းစေသည်။

အားလုံးက ဆရာသခင်၂ယောက်လှုပ်ရှားနေသည်ကို ကြည့်နေရင်း အသက်အောင့်ထားလိုက်ကြ၏။

တစ်ချိန်တည်းဆိုသလို ယဲ့ကျန်းက ပြောလိုက်သည်။

“အစီအရင် ခင်းကြ”

ဓားသမား ၄၉ယောက်နှင့် ကွန်ဖြူးရှပ်ပညာရှင် ၃၆ ယောက်တို့က အလျင်အမြန်နေရာယူကာ သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို ထုတ်ဖော်လိုက်ကြသည်။ ဘေးမှစောင့်ကြည့်နေသည့် ကျင့်ကြံသူများကလည်း အကြည့်များတောက်ပလျက် ကြည့်နေကြသည်။ သူတို့အဖို့ ဤသို့ အံ့သြဖွယ်မြင်ကွင်းများကို ကြည့်ရသည်မှာ တစ်ခုတည်းသောအချိန် ဖြစ်လိမ့်မည်။ တစ်ခုပြီးတစ်ခုဆိုသလို ကြယ်တာရာဒိုင်ခွက်များက အလင်းရောင်ဖြင့် တောက်ပလာသည်။ အားအနည်းဆုံးကပင် မွေးဖွားဇယားချပ် ၄ခု ပိုင်ဆိုင်ထားသည်။

ကြယ်တာရာဒိုင်ခွက်က ညကောင်းကင်ယံတွင် ကြယ်တာရာများသဖွယ် တောက်ပလာပြီး စက်ဝန်းကြီးတစ်ခုဖွယ် တောက်ပလာသည်။

ဓားသမား ၄၉ယောက်ကလည်း သူတို့၏ ကြယ်ဝာာရာဒိုင်ခွက်များကို ပြိုင်တူ ထုတ်ဖော်လိုက်ကြ၏။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“ထုတ်လွှင့်လိုက်”

ကြယ်တာရာဒိုင်ခွက်များက အသံများ မြည်လာပြီး ဓားသမား၄၉ယောက်ရှေ့တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာက စတိတ်စင်ပေါ် အလင်းထိုးထားသကဲ့သို့ ဖြစ်သည်။ သို့သော် ဧရာမကြီး ဖြစ်ပေသည်။

အလင်းတန်းက တောင်ကြားကို ထိုးဖောက်ကာ တောင်ဆီကျရောက်လာပြီး ‌တောင်ကိုပင် ပျားအုံသဖွယ်ဖြစ်သွားစေသည်။ ထို့နောက် ကျန်ရှိနေသည့်အလင်းတန်းက မီးဇာမဏီအပေါ် ကျရောက်လာသည်။ မီးဇာမဏီက နာကျင်စွာ အော်ြငီးပြီး မီးတောက်များဖြင့် ပစ်ခတ်လိုက်သည်။

ဓားသမား၃၆ယောက်က ကြယ်တာရာဒိုင်ခွက်မှ သူတို့၏ စွမ်းအင်များကို အသက်သွင်းကာ အစိမ်းရောင်စက်လုံးအဖြစ် ဖွဲ့စည်းပြီး မီးတောက်များကို တားဆီးလိုက်၏။

၂ဖက်လုံးက ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။ ထိုစဥ် ခုံဝမ်က တံတွေးမျိုချကာ ပြောလိုက်သည်။

“သူတို့က ဒီလောက်တောင် အားကောင်းတာလား”

“ဘာလို့အံ့သြနေတာလဲ။ ကျင့်ကြံသူ ၈၅ယောက်ကနေ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးနဲ့ ခုခံရေးနည်းစနစ်တွေပဲလေ။ မီးဇာမဏီဆို တစ်ကောင်တည်း ”

မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။

“ဟုတ်တယ်။ မီးဇာမဏီက တကယ့်ကို အားကောင်းတာပဲ” ခုံဝမ်က ပြောလိုက်သည်။

ရှောင်ယွမ်အာက စိတ်ရှုပ်ထွေးစွာ ဝင်မေးလိုက်သည်။

“ဆရာသခင်၂ယောက်က ဘာလို့ ဘာမှမလုပ်ရတာလဲ”

လုလီက စိတ်ရှုပ်ထွေးစွာ ဝင်မေးလိုက်သည်။

“ဆရာသခင်၂ယောက်ရဲ့စွမ်းအားက တာအိုရဲ့ စွမ်းအားဆီကနေရောက်လာတာ။ အရင်တုန်းက လုမျိုးနွယ်ဘိုးဘေးကလည်း...”

ဤတစ်ကြိမ် ယန်ကျန်းလော့က ချောင်းအသာဟန့်လိုက်သည်။

လုလီက သဘောပေါက်သွားကာ ပြောလိုက်သည်။

“ဒီလိုဆိုရင် သူတို့က ဆရာသခင်အဆင့်ပဲ ရှိသေးတာလေ။ မျှော်နန်းသခင်နဲ့ ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ နှစ်၃သောင်းခန့်တုန်းက သူတို့တွေက ရွှံ့ထဲမှာ ကစားနေတုန်းပဲ ရှိအုံးမှာ”

“...”

ရှောင်ယွမ်အာက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။ သူမက လုလီ၏ စကားများကို နားမလည်ပေ။

ဝေဟင်အထက် မီးဇာမဏီက အစိမ်းရောင်အကာအရံအတွင်း တိုးဝင်လာခဲ့သည်။

“ဝုန်း”

ဆရာသခင်၂ယောက်နဲ့အတူ နောက်ဆုတ်လိုက်ရသည်။

“ခွေးကောင်။ ငါက စွမ်းအား မပြသေးတာနဲ့တင် အားနည်းတယ်ထင်နေလား”

ယဲ့ကျန်းက အစိမ်းရောင်အကာအရံအပြင်ဘက်သို့ ထွက်လာကာ လက်ဝါးကို ပူးကပ်လိုက်သည်။

စောင့်ကြည့်နေသူများ၏ လက်နက်များက တုန်ခါလာကာ ယဲ့ကျန်းဆီ ဆွဲဆောင်ခံလိုက်ရသည်။

လုကျိုးက အမည်မဲ့ဆီမှ မကျေနပ်မှုကို ခံစားမိလိုက်၏။ သူက ထိုစွမ်းအားကို ဖိနှိပ်ပြီးသည့်နောက်တွင် အမည်မဲ့က ငြိမ်ကျသွားခဲ့သည်။

ယွီရှန်းရုန်၊ ယွီကျန့်ဟိုင်၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က သူတို့၏လက်နက်များကို အသာကိုင်ထားလိုက်ရ၍ သူတို့၏လက်နက်များက ပျံသန်းသွားခြင်း မရှိပေ။

ခုံဝမ်တို့ ညီအစ်ကိုများကမူ သိပ်ကံမကောင်းလှပေ။ သူတို့က အကောင်းဆုံးကြိုးစားကာ ကိုင်ဆွဲထားသော်လည်း ရလဒ်အနေဖြင့် လက်နက်များက ပါသွားခဲ့သည်။

လုကျိုးက သူတို့ကို တစ်ချက်ကြည့်ကာ အင်္ကျီလက်ကို အသာဝှေ့လိုက်၏။ အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားသည့် စွမ်းအားလှိုင်းက ထိုညီအစ်ကို ၄ယောက်ကို သူတို့လက်နက်များ ပြန်လည်ယူခွင့်ပြုလိုက်သည်။

ခုံဝမ်က ဦးညွှတ်ကာပြောလိုက်သည်။

“လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ်”

တခြားညီအစ်ကို၃ယောက်ကလည်း ဦးညွတ်ကာ ပြောလိုက်သည်။

“လောင်ချန်းပေ့ကို ကျေးဇူးတင်ပါတယ်”

ထိုစဥ် လက်နက်များက ကောင်းကင်အထက် ပြည့်နှက်နေပြီး မီးဇာမဏီဆီ ဝင်ရောက်လာသည်။

မီးဇာမဏီက လက်နက်များဖြင့် ထိပ်တိုက်ရင်ဆိုင်နေလေ၏။ တစ်ချိန်တည်းဆိုသလို အပူချိန်က အဆများစွာမြင့်တက်လာသည်။ ဤသို့ဖြင့် လက်နက်များက ရွေ့လျားလာသည့်အခါ တချို့က ပျက်စီးသွားပြီး တချို့က အရည်ပျော်သွားကာ တချို့က မြေကြီးပေါ်ပြုတ်ကျသွားသည်။

ဤတစ်ကြိမ် ယဲ့ကျန်းက မီးဇာမဏီအထက် ပေါ်ထွက်လာ၏။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်ထွက်လာပြီး အော်ပြောလိုက်သည်။

“ထုတ်လွှင့်လိုက်”

မီးဇာမဏီက သတိလက်လွတ်ဖြစ်သွားပြီး စွမ်းအင်ဓား ကျဆင်းလာကာ သူ့ညာဘက်တောင်ပံဆီ ထိုးဖောက်ခံလိုက်ရသည်။ ထိုအရာက တောင်ပံကိုခတ်ကာ ယဲ့ကျန်းအား မတည်မငြိမ် ဖြစ်သွားစေသည်။

ဤသို့ဖြင့် ယဲ့ကျန်းက ပြန်လည်နောက်ဆုတ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

ရုတ်ခြည်းဆိုသလို မီးဇာမဏီက တောင်ပံကို ဖြန့်ကာ နေရာ ထိန်းညှိလိုက်သည်။ ထို့နောက် ငှက်နှုတ်သီးကို ဟလိုက်၏။

…

အခန်း (၁၂၂၁) လှုပ်ရှားခြင်း

မီးတောက်များသည် မီးတောင်ပေါက်ကွဲသည့်ပမာ ပေါ်ထွက်လာပြီး မွေးဖွားဇယားချပ်၏ စွမ်းအားမှ အစိမ်းရောင်အရံအတားကို လွှမ်းခြုံလိုက်၏။ အပူလှိုင်းက မီတာတစ်သောင်းအထိ ဖြန့်ကျက်သွားကာ အနက်ရောင်မြူများကို ခမ်းခြောက်သွားစေသည်။

ဝေဟင်ထဲရှိ သားရဲပျံများက အဝေးသို့ပျံသန်းသွားကြသည်။ မြေပြင်ပေါ်ရှိ အပင်များကလည်း ညှိုးခြောက်ကုန်သည်။ မြေဆီလွှာများ မည်းမှောင်ကာ ချက်ချင်းပင်မာကျောကုန်သည်။

ကျင့်ကြံသူများက အရံအတားကို ခွန်အားမြှင့်တင်ပေးလျက် မြင့်မားလှသည့်အပူဒဏ်ကို ခုခံနေကြသည်။

လုကျိုးက အပူဒဏ်အတွက် အင်မတန်မြင့်မားသော ခံနိုင်ရည်ရှိသည်။ အသက်ဓာတ်နှလုံးသားမှ မီးခုခံမှုစွမ်းအင်အပြင် သူသည် ပထမဆုံးမွေးဖွားစမ်းသပ်မှုအတွက် ကောင်းကင်ခြားတောင်တန်းဒေသထဲရှိ ချော်ရည်အတွင်းပိုင်း၌ နှစ်ဝက်နီးပါး နေခဲ့ရသည်။ ထို့ကြောင့် မီးဇာမဏီ၏ မီးတောက်က သူ့ကို သိပ်ပြီးမထိခိုက်စေပေ။

လုကျိုးက အပူကိုဟန့်တားရန် နတ်ခြင်္သေ့နားတဝိုက်ကာကွယ်ရေးအရံအတားတစ်ခုဖွဲ့တည်လိုက်သည်။

ကြည့်နေသည့်သူများက အဝေးသို့ဆုတ်ခွာသွား၏။ ထို့ကြောင့် သူသည် သက်ရောက်မှု မခံစားလိုက်ရပေ။

ဆန့်ကျင်ဖက်အနေဖြင့် ဓားသမား ၄၉ယောက်နှင့် ကွန်ဖြူးရှပ်စာသင်သား ၃၆ယောက်တို့က မသက်မသာဖြစ်နေကြသည်။ ပြင်းထန်သော မီးတောက်၏အပူအောက်၌ တချို့ဆို လဲပြိုကုန်ပြီး သူတို့က အချိန်မရွေးဝေဟင်မှပြုတ်ကျတော့မည့်ပုံပေါ်၏။

မီးဇာမဏီက ရပ်တန့်မည့်လက္ခဏာ မပြပေ။ ၎င်းက ပေထောင်ချီရှည်ပြီး ၎င်း၏ခန္ဓာကိုယ်ထက် ပိုကြီးမားသော မီးတောက်များကို ဆက်လက်မှုတ်ထုတ်နေသည်။

ထိုစဉ် အရံအတားမှ အက်သံတစ်သံကြားလိုက်ရ၏။ ဓားသမား ၄၉ယောက်ထဲမှ တစ်ယောက်က အံကြိတ်လျက်ပြောလိုက်၏။ "တောင့်ထားကြ”

အရံအတားလဲပြိုကျသွားခဲ့လျှင် ကျင့်ကြံသူ ၈၅ယောက်လုံး မီးပင်လယ်ထဲပြုတ်ကျသွားလိမ့်မည်။ နောက်ဆက်တွဲက မမှန်းဆနိုင်စရာဖြစ်လိမ့်မည်။ သူတို့တွင်ရှိသည့် မွေးဖွားဇယားချပ် မည်မျှဖြစ်စေကာမူ၊ သူတို့တွင် ကျင့်ကြံဆင့်မည်မျှမြင့်စေကာမူ မီးဇာမဏီ၏ ပြင်းထန်သောမီးတောက်များကြောင့် လောင်ကျွမ်းသွားသည်နှင့် သူတို့ဘာမှမကျန်တော့သည်အထိ ဆက်တိုက်အရှို့ခံလိုက်ရမှာပဲဖြစ်သည်။

ချင်ရန်ယွဲ့နှင့် ယဲ့ကျန်းက အခြေအနေကို ဆက်လက်လေ့လာနေပြီး အဆင်အခြင်မဲ့မလှုပ်ရှားရဲပေ။

ယင်းကို ကြည့်လျှင် သားရဲဧကရာဇ်များက ဆရာသခင်များထက် မနိမ့်ကျမှန်းမြင်နိုင်သည်။

ယဲ့ကျန်းက မျက်မှောင်ကျုံ့လိုက်၏။ “ဒီသားရဲ သူက ပြန်လည်မွေးဖွားတော့မှာဆိုတော့ အားအနည်းဆုံးဖြစ်နေသင့်တာမဟုတ်လား။ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေသေးတာလဲ”

ချင်ရန်ယွဲ့က ပြန်ပြောလိုက်၏။ "မင်းမသိရင် ငါက အဖြေသိမယ်လို့ ဘာကများ မင်းကို တွေးမိစေတာလဲ”

ယဲ့ကျန်းသည် မျက်လုံးထောင့်ကနေ ချင်ရန်ယွဲ့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“ငါတို့အတူပူးပေါင်းတာအကောင်းဆုံးပဲ။ တာအိုစွမ်းအားက အကန့်အသတ်ရှိတယ်”

ချင်ရန်ယွဲ့က ယဲ့ကျန်းကို လျစ်လျူရှုထားလိုက်၏။

နှစ်ယောက်လုံးက အစီအစဉ်ကိုယ်စီရှိကြသည်။ သူတို့ဂရုမစိုက်လျှင် တစ်ဖက်လူအမြတ်ထုတ်တာခံပြီး အဆုံးသတ်သွားလိုမ့်မည်။

ထိုစဉ် ကွန်ဖြူးရှပ်၃၆ဦးထဲမှ တစ်ဦးက ရုတ်တရက်ပျို့အန်တော့၏။ ဤနည်းဖြင့် မွေးဖွားဇယားချပ်တစ်ခု ပျောက်ကွယ်သွားကာ အစိမ်းရောင်အရံအတား၌ ဟာကွက်တစ်ခု ပေါ်လာတော့သည်။

ဖုန်း

အပေါက်ကိုတွေ့သွားသည့် မီးတောက်များက ချက်ချင်းထိုးနှက်လာတော့သည်။

ယဲ့ကျန်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး မီးတောက်များရှေ့သို့သွားကာ သူ၏မွေးဖွားဇယားချပ်ကို ဖွဲ့တည်လိုက်၏။

ယဲ့ကျန်း၏ ကြယ်တာရာဒိုင်ခွက်က ကြီးမားလွန်းပြီး မီးတောက်များကို အလွယ်တကူပိတ်ဆို့နိုင်သည်။

ယင်းက မလုံလောက်သေးပေ။ ဒဏ်ရာရထားသော ကွန်ဖြူးရှပ်စာသင်သားက ပြုတ်ကျသွားပြီး မီးတောက်များကြား ချက်ချင်းဝါးမျိုခံလိုက်ရသည်။

လေထဲ၌ အသည်းခိုက်ဖွယ်အော်သံပေါ်လာပြီး ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး ပျောက်ကွယ်သွားလေ၏။ သူ့၌ မွေးဖွားဇယားချပ်မည်မျှများစေကာမူ မကြာမီ၌ သုညဖြစ်သွားတော့သည်။ အဆုံးကျ ကျန်ရှိသည်က တူးခြစ်နေသည့်အလောင်းတစ်ခုသာဖြစ်သည်။

ယဲ့ကျန်းက လှည့်အော်လိုက်သည်။ “ချင်ရန်ယွဲ့”

ချင်ရန်ယွဲ့က ခုန်ဝင်လာလျက် သူ၏တောက်ပနေသော ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။ အရွယ်အစား အလွန်ကြီးမားသော လတစ်စင်းနှင့်တူသည်။ မကြာမီ၌ မွေးဖွားဇယား၁၈ခုက ကြယ်တာရာဒိုင်ခွက်ပေါ်၌ လှစ်ကနဲပေါ်လာသည်။

ထိုစဉ် လုကျိုးက ဧရာမကြယ်တာရာဒိုင်ခွက်ကိုကြည့်ပြီး သူ့ကိုယ်သူရေရွတ်ပြောလိုက်၏။

“မွေးဖွားဇယားချပ် ၁၈ခု၊ မွေးဖွားစမ်းသပ်ချက် ၃ခု”

ယှဉ်ကြည့်လျှင် လုကျိုး၏မွေးဖွားဇယားချပ်အရေတွက်က သနားစရာတကယ်ကောင်းလှသည်။

လုလီက လေးစားမှုများပြည့်နေသော လေသံဖြင့်ပြောလိုက်သည်။ "ဒီတတိယမွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်နေတာက မိုးနဲ့မြေကို ဖက်ပြိုင်နေတာနဲ့တူတယ်။ သူ ဘယ်လိုကျော်ဖြတ်ခဲ့လည်း သိချင်လိုက်တာ”

“မိုးနဲ့မြေကို ဖက်ပြိုင်တာတဲ့လား” လုကျိုးက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

လုလီက ခေါင်းညိတ်လိုက်သည်။ “ဖြတ်ကျော်တဲ့အကြောင်းကြားဖူးရုံပါပဲ။ ရှေးလူတွေပြောဖူးတာက မိုးကြိုးက ကောက်ကျစ်တဲ့သူကို ပစ်ခတ်တယ်တဲ့။ တကယ်တော့ လူအများစုက မိုးကြိုးပစ်ချက်က မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ဖို့နည်းလမ်းတစ်ခုဆိုတာ သတိမပြုမိကြဘူး”

“...”

ဆိုလိုတာက တတိယမြောက်မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ ငါ ဓာတ်လိုက်ခံရမှာလား။ လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။ သူသာ မော်ဒန်လောကထဲဆိုလျှင် မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ရန် သင့်တော်သည့်နေရာရှာမတွေ့မှာစိုးရမည်။ ယန်ကျန်းလော့က ဝင်ပြောလိုက်၏။

“လုလီပြောတာမှန်တယ်။ ဒီဟာအပြင် သန်မာတဲ့မွေးဖွားနန်းဆောင်ရှိတဲ့သူတွေက မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်လောက်တယ်။ ဒါပေမဲ့ မွေးဖွားနန်းဆောင်က သန်မာလေ မွေးဖွားစမ်းသပ်ချက်ကိုဖြတ်ကျော်ဖို့ လိုအပ်ချက်တွေက ပိုတင်းကြပ်လေပဲ။ တတိယမြောက် မွေးဖွားစမ်းသပ်မှုကာလအတွင်း တာအိုစွမ်းအားကို တတ်ကျွမ်းထားတဲ့သူတွေက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အများစုက သူတို့အပေါ်သက်ရောက်မှုမရှိတာကြောင့် သင့်တော်တဲ့နေရာ ရှာဖို့ ခက်ခဲတယ်”

ဝေဟင်ထဲတွင် ချင်ရန်ယွဲ့က မွေးဖွားဇယားချပ် ၁၈ခုဖြင့် သူ၏ကြယ်တာရာဒိုင်ခွက်ကို ထိန်းထားသည်။ ၎င်းက တောက်ပနေပြီး အစိမ်းရောင်အလင်းတန်း ၁၈ခုပေါ်ထွက်လာ၏။ မီးဇာမဏီက တောင်ပံကို တဖျတ်ဖျတ်ခတ်လျက် မီးညွန့်များတက်လာစေကာ လေထဲ၌ဆုတ်ခွာသွားသည်။ ထိုစဉ် တောက်ပသည့်အဖြူရောင်အလင်းသည် ၎င်း၏ရင်ဘတ်မှပေါ်ထွက်လာလျက် မီးတောက်မှအလင်းကို သိပ်သည်းသွားစေ၏။

ယဲ့ကျန်းက သူ၏ကြယ်တာရာဒိုင်ခွက်ကိုဖွဲ့ပြီးနောက် မီးဇာမဏီနားသွားကာ ပုံရိပ်ယောင် ကျန်ရစ်ခဲ့စေ၏။ ပုံရိပ်ယောင်က မျဉ်းတစ်ခု ဖွဲ့တည်ချိန်တွင် ထူးခြားသည့်အချိန်ရပ်တန့်မှုစွမ်းအား ပေါ်ထွက်လာပြန်သည်။ မီးဇာမဏီက အလယ်တွင်ရပ်နေတော့သည်။

ဤနည်းဖြင့် ချင်ရန်ယွဲ့၏ အလင်းတန်း၁၈ခုက မီးဇာမဏီအပေါ် အလွယ်တကူကျသွားသည်။

ဖုန်း

မီးဇာမဏီက ကောင်းကင်ကနေ တောင်အက်ကွဲကြောင်းထဲ ပြုတ်ကျသွားတော့သည်။ ၎င်း၏ မီးတောက်များ ချက်ချင်း ငြိမ်းသွားတော့သည်။ ဤနည်းဖြင့် အမှောင်ထုက ချက်ချင်းကျရောက်လာ၏။

ချင်ရန်ယွဲ့က ကောင်းကင်ကနေငုံ့ကြည့်လိုက်သည်။ ယဲ့ကျန်းက ရယ်မောပြီးနောက် ခုန်ဆင်းလိုက်သည်။

ချင်ရန်ယွဲ့က မျက်မှောင်ကျုံ့လိုက်၏။ “မင်း ဘာလုပ်နေတာလဲ”

“မီးဇာမဏီက အခု ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်။ ငါ သူ့ကိုဖြေရှင်းရမှာပေါ့” ယဲ့ကျန်းက ပြောလိုက်သည်။

“ဘယ်သူမဆို ဆင်းနိုင်တယ်ဆိုရင် ဆင်းရမဲ့လူက ငါပဲဖြစ်သင့်တယ်” ချင်ရန်ယွဲ့က အခဲမကြေ ပြောလိုက်၏။ သူ၏လက်ကိုဝေ့ယမ်းလိုက်ရာ ဓားသမား ၄၉ဦးက အစီအရင်ဖွဲ့တည်လျက် တောင်အက်ကြောင်းကို ဝိုင်းထားလိုက်သည်။ စွမ်းအင်ဓားများက ဝေဟင်ထဲ ပျံတက်လာ၏။

ယဲ့ကျန်းက အေးစက်စက်ပြောလိုက်သည်။

“မင်း အခုထိ သဘောတူညီချက်ကို လိုက်နာမှာ မဟုတ်မှန်း ငါ သိသားပဲ” ယဲ့ကျန်းက လက်ဝေ့ယမ်းလိုက်၏။ ယခုဆို ကွန်ဖြူးရှပ်စာသင်သား ၃၅ဦးက မြေပြင်ပေါ် လျင်မြင်စွာ ဆင်းသက်ကာ အစီအရင်အလံများ မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။

ချင်ရန်ယွဲ့က မျက်မှောင်ကျုံ့လိုက်သည်။ “ခုနစ်စင်ကြယ်အလံအစီအရင် ၃၆ခုလား”

“အဟုတ်ပဲ။ ပြောရရင် လုံလောက်အောင်မပြင်ဆင်ထားခဲ့ရင် မင်းရဲ့ဓားသမား ၄၉ယောက်ကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ” ယဲ့ကျန်းကပြောလိုက်သည်။

“ဒါပေမဲ့ မင်း လူတစ်ယောက် လိုနေတယ်လေ”

“မှားတယ်” ထိုသို့ပြောပြီးနောက် ယဲ့ကျန်းသည် အစီအရင်အလံတစ်ခုကို ထုတ်ယူလိုက်သည်။

“ခုနစ်စင်ကြယ်အလံအစီအရင်၃၆ခုက ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့အရာပဲ။ ကောင်းကင်က ခုနစ်စင်ကြယ်ရဲ့ ကြယ်တာရာနဲ့ဖွဲ့တည်ထားတာလို့ သူတို့ယုံကြည်ကြတယ်။ ကြယ်ပွင့်တိုင်းက စွမ်းအားတစ်ခုကို ကိုယ်စားပြုတယ်။ ဒါကြောင့် စွမ်းအား၃၆ခုရှိတယ်။ ချင်ရန်ယွဲ့ မီးဇာမဏီကို ယူဖို့ဆုံးဖြတ်ထားပြီးသား”

“မင်း ...” ယဲ့ကျန်းက ဤနေရာ၌ ခုနစ်စင်ကြယ်အလံအစီအရင် ၃၆ခုကို သုံးလိမ့်မည်ဟု မထင်ထားပေ။ သူက လေထဲ လွင့်နေသည့်အစီအရင်အလံများကို မော့ကြည့်ပြီးနောက် ဒေါသကိုဖိနှိပ်ကာ ပြောလိုက်တော့သည်။

“ကောင်းပြီ ... မီးဇာမဏီက မင်းဟာပဲ”

ချင်ရန်ယွဲ့သာ တကယ်ထွက်သွားခဲ့လျှင် သုံးပြည်ထောင်သရုပ်ပြမှုရှိလာမှာမဟုတ်ဟု လုကျိုးတွေးလိုက်မိသည်။ ထို့ကြောင့် သူက လှမ်းခေါ်လိုက်သည်။ “နေပါဦး”

အဝေးရှိ ပွဲကြည့်ပရိသတ်များက ထိတ်လန့်သွား၏။ ဆရာသခင်တွေကို နှောင့်ယှက်ရဲတဲ့ လူတစ်ယောက် တကယ်ရှိနေတယ်တဲ့လား။ အားလုံး၏အာရုံစိုက်မှုက လုကျိုးဆီ ချက်ချင်း ရောက်သွားတော့သည်။ ဤမတိုင်မီ လုကျိုးက သူ၏အသုံးပစ္စည်းကတ်များကို လေ့လာပြီးဖြစ်သည်။ အထူးသဖြင့် သူ၏စနစ်က အဆင့်မြှင့်တင်ပြီးနောက်ဖြစ်သည်။ အဆင့်မြှင့်တင်ပြီးနောက် အသုံးပစ္စည်းကတ်များလည်း အဆင့်မြှင့်တက်သွားသည်။

“အဲဒါဘယ်သူလဲ”

ဆရာသခင်နှစ်ဦးက လုကျိုးကို တပြိုင်နက်တည်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် လုကျိုး၏ အသံပို့ဆောင်မှုက ထူးကဲကြောင်း အာရုံခံမိသည်။

လုကျိုးက လေထဲ အသာခုန်တက်လိုက်၏။ သူသာ ဆံပင်ဖြူများဖြင့် ကောင်းကင်မျိုးနွယ်တစ်ဦးနှင့်တူနေစေကာ သူ့အား လူတို့ အလေးထားလာစေသည်။

ထိုစဉ် ဓားသမား၄၉ဦးထဲမှ တစ်ဦးက ပြောလိုက်သည်။ “ဆရာသခင်ချင် သူက ကျူးယန်ကိုသတ်ခဲ့တဲ့ အဘိုးအိုပါ”

ပြောလိုက်သည့်သူက ယွဲ့နန်ဖြစ်သည်။ ချင်ရန်ယွဲ့က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ “ငါ သိပြီ”

ယဲ့ကျန်းက ဇဝေဇဝါမေးလိုက်တော့သည်။ “မင်း ဘယ်သူလဲ”

ထိုစဉ် ပွဲကြည့်ပရိသတ်များက လုကျိုးကို မှတ်မိသွား၏။

“သူက တာ့ယန်ရဲ့အသန်မာဆုံးကျင့်ကြံသူ မိစ္ဆာအိုကြီးကျိမဟုတ်လား ... အား ငါ ဆိုလိုတာ ကျိချန်းပေ့”

“ကျိချန်းပေ့က ဘာလဲ။ သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းက အဖွဲ့သားတွေကို ဆက်တိုက်သေဆုံးစေခဲ့တဲ့ လုချန်းပေ့ပဲ။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လုလည်းဟုတ်တယ်”

အနီရောင်ကြာကျင့်ကြံသူတချို့က ဗဟုသုတကြွယ်ဝ၏။ သူတို့၏ရွှေကြာနယ်မြေမှ လုကျိုးကို သိကြ၏။ သူ၏မျိုးရိုးက လုဖြစ်စေ ကျိဖြစ်စေ ကိစ္စမရှိပေ။ သူက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ဆိုတာ သေချာသည်။

“သူက အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အသန်မာဆုံးလူ လန်ရှီဟယ်ကို အနိုင်ယူခဲ့တဲ့သူလည်း ဟုတ်တယ်”

ပတ်ဝန်းကျင်ရှိဆွေးနွေးမှုများကိုကြားသောအခါ အစိမ်းရောင်ကြာကျင့်ကြံသူများက သိချင်စိတ်ဖြင့် ခေါင်းမော့လာကြသည်။

ပြီးနောက် အစိမ်းရောင်ကြာကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ "သူက အားနည်းလွန်းနေတယ်။ သူက အောင်မြင်မှုလေးတချို့ရလိုက်တော့ကော ဘာဖြစ်လဲ။ သူက အသန်မာဆုံးလူဖြစ်တော့ကော ဘာအရေးလဲ”

All Chapters