← Chapters

အခန်း (၁၂၂၂-၁၂၂၄)

Vol. 82 Ch. 1222-1224

အခန်း (၁၂၂၂-၁၂၂၄)

Vol. 82 Ch. 1222-1224

အခန်း (၁၂၂၂) နတ်ဘုရားလက်ဝါး

“တိတ်စမ်း တိတ်စမ်း”

ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က စွမ်းအားလှိုင်းကို ထုတ်ဖော်လိုက်သည့်အခါ အားလုံးက ငြိမ်ကျသွားသည်။

လုကျိုးက ယဲ့ကျန်းနှင့် ချင်ရန်ယွဲ့တို့ကို ကြည့်ကာ မေးလိုက်သည်။

“အမည်မသိကုန်းမြေရဲ့ စည်းမျဥ်းတွေအရဆိုရင် အရင်လာတဲ့သူက အရင်ရစတမ်း မဟုတ်ဘူးလား”

ယဲ့ကျန်းက ပြန်မဖြေပေ။ တခြားတစ်ဖက်တွင် ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ပြီလေ။ ငါက မီးဇာမဏီကို တွေ့ပြီးတော့ ဒီကို ပထမဆုံးရောက်လာတဲ့သူပဲ။ စည်းမျဥ်းတွေအရဆိုရင် မီးဇာမဏီက ငါ့အပိုင် ဖြစ်သင့်တာပေါ့”

ယဲ့ကျန်းက ဆိုလိုရင်းကို မည်သို့နားမလည်ဘဲ နေမည်နည်း။ သူက ပြုံးကာ ပြောလိုက်သည်။

“ခင်ဗျားက ပြီးပြည့်စုံတဲ့အချိန်မှာ ပေါ်ထွက်လာတာပဲ။ ဆရာသခင်ချင်နဲ့ ကျုပ်နဲ့ တိုက်ခိုက်နေတုန်းက ခင်ဗျားက ဒီမှာရောက်နေတယ်ဆိုတာကို ဘယ်လိုလုပ် သက်သေပြနိုင်မှာလဲ”

လုကျိုးက ပြောလိုက်သည်။

“တောင်ဘက်က ချောက်နက်ထဲမှာ မီးဇာမဏီရဲ့ အရိပ်အမြွက်ကို ရှာလို့ရတယ်”

ယဲ့ကျန်းက ခေါင်းယမ်းလိုက်သည်။

ခင်ဗျား မသိလောက်ပေမဲ့ ကျုပ်လူတွေက ဒီရောက်နေတာ လွန်ခဲ့တဲ့ လဝက်ခန့်ကတည်းကပဲ။ ပြီးတော့ ဆရာသခင်ချင်က ခင်ဗျားထက် မီးဇာမဏီနဲ့ ထိုက်တန်တယ်။ ကျုပ်တို့၂ယောက်လုံးကလည်း ဒါကို ထိခိုက်အောင် လုပ်နိုင်ခဲ့တာပဲ”

လုကျိုးက ချင်ရန်ယွဲ့ကို ကြည့်လိုက်သည်။ ဤတစ်ကြိမ် ၃ဦးက တစ်ယောက်နဲ့တစ်ယောက် အကဲစမ်းဖို့ ကြိုးစားနေသည်။

ချင်ရန်ယွဲ့နှင့် ယဲ့ကျန်းတို့က လုကျိုးနှင့် မီတာအချို့သာ ကွာဝေး၏။ သူတို့က သူ့ကျင့်ကြံဆင့်ကို မထုတ်ဖော်နိုင်ပေ။

အမည်မသိကုန်းမြေက အမှန်တကယ် ကြီးမားလွန်း၏။

ချင်ရန်ယွဲ့က ယဲ့ကျန်းကို စိတ်ထဲမှ ၁၈ ကြိမ်လောက် ကျိန်ဆဲလိုက်သည်။

“ဟုတ်တယ်”

ထို့နောက် ယဲ့ကျန်းက ပြောလိုက်သည်။

“အစ်ကိုချင်က မီးဇာမဏီကို ကျုပ်ကို ပေးမယ်လို့ သဘောတူပြီးပြီ”

“ကောင်းပြီလေ။ သူ ပြောတာအမှန်ဖြစ်တယ်ဆိုရင် မင်းတို့တွေ သွားလို့ရပြီ”

လုကျိုးက ချင်ရန်ယွဲ့ဆီ ပြောလိုက်ကာ ယဲ့ကျန်းကို လျစ်လျူရှုထားလေသည်။ သူ့လေသံက အကြီးတစ်ယောက်က အငယ်တွေကို ပြောနေသကဲ့သို့ ဖြစ်၏။

“...”

တစ်ချိန်တည်းဆိုသလို လုကျိုးက ယဲ့ကျန်းကို ကြည့်ကာ‌ ပြောလိုက်သည်။

“မီးဇာမဏီကတော့ ငါယူမယ်လို့ ဆုံးဖြတ်ပြီးသွားပြီ”

ချင်ရန်ယွဲ့က ငါ့ကို ပေးဖို့ သဘောတူပြီးပြီဆိုတာကို ဒီလူကြီးက ငါ့ဆီကနေ လုယူချင်နေတာလား...”

ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ချင်ရန်ယွဲ့အား စိတ်ထဲမှ ၁၈ ကြိမ်လောက် ကျိန်ဆဲလိုက်သည်။

ထိုစဥ် ယဲ့ကျန်းက ပြောလိုက်၏။

“ဒီနေရာရဲ့ မြောက်ဘက် ကီလိုမီတာ၁၅၀အကွာမှာ သားရဲဧကရာဇ် လုဝူ ရှိတယ်”

ချင်ရန်ယွဲ့က ယဲ့ကျန်းကို ကြည့်လိုက်သည်။

“မင်းက တစ်လျောက်လုံး သိနေခဲ့တာလား”

ယဲ့ကျန်းက ချင်ရန်ယွဲ့ကို လျစ်လျူရှုထားပြီး ပြောလိုက်သည်။

“အဲ့ဒီ့သားရဲက မီးဇာမဏီနဲ့ ယှဥ်လို့ရတယ်။ မီးဇာမဏီကို လက်လျှော့ပြီး လုဝူဆီ သွားဖို့ မျှော်လင့်တယ်”

ဘေးမှစောင့်ကြည့်သူများက ထိုအရာကို ကြားသည့်အခါ အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။

“မြောက်ဘက်မှာရှိနေတဲ့ သားရဲဧကရာဇ်က လုဝူလား”

“လုဝူလား။ လုဝူက မွန်းစတားအမဲလိုက်အဖွဲ့ကလူတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တဲ့ လုဝူလား”

“သူက လူသား ဘာသာစကားကို ပြောနိုင်တယ်လို့ ကြားတယ်။ ပြီးတော့ အတော်လေးလည်း ဥာဏ်ကောင်းတယ်တဲ့။ ရင်ဆိုင် ဖို့ခက်တယ်”

“ပြီးတော့ ပိုင်ရှင်ရှိတယ်လို့လည်း ကြားတယ်။ အဲဒါဆိုတော့ ယဥ်ပါးအောင် လုပ်ဖို့ လွယ်မှာမဟုတ်ဘူး။ မီးဇာမဏီက လုဝူနဲ့ ယှဥ်လိုက်ရင် ပိုပြီး အားနည်းသေးတယ်။ ဒါပေမဲ့ တန်ကြေးကတော့ မြင့်မားတယ်။ အဲ့ဒီ့အကြောင်းအရင်းတွေကြောင့် မီးဇာမဏီထက် လုဝူကို ဘယ်သူကများ ရွေးမှာတုန်း”

အားလုံးက ဆက်တိုက် ခေါင်းညိတ်လိုက်ကြသည်။

ဤတစ်ကြိမ် လုကျိုးက မုတ်ဆိတ်သပ်ကာ လက်နောက်ပစ်ရင်း ပြောလိုက်သည်။

“မင်း ကြည့်ရတာ တစ်ခုခု အထင်လွဲနေတဲ့ပုံပဲ”

“ဟမ်”

“လုဝူက င့ါလက်အောက်ခံပဲ။ မင်းအနေနဲ့ င့ါကို ယူခိုင်းဖို့ ဘာလို့များ လိုအပ်မှာလဲ”

ယဲ့ကျန်း “...”

ချင်ရန်ယွဲ့ “...”

လုကျိုး၏ စကားများက လှိုင်းလုံးတစ်ထောင် ထသွားစေ၏။ ကျန်သည့်သူများက အုတ်အော်သောင်းနင်း ထပ်ဖြစ်သွားသည်။ အများစုက မယုံကြည်နိုင်ကြပေ။

ယဲ့ကျန်းနှင့် ချင်ရန်ယွဲ့တို့ကပင် လုဝူကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိပေ။ သို့သော် ထိုအားနည်းသည့် ရွှေကြာနယ်မြေမှ ကျင့်ကြံသူက လုဝူကို လက်အောက်ခံဟု ‌ပြောနေလေသည်။ ထိုလူအိုကြီးက သူတို့၏ဥာဏ်ရည်ကို စော်ကားလွန်းရာကျသည်ဟု ခံစားမိနေကြ၏။

လုကျိုးက စိတ်ထဲတွင် ကူကယ်ရာမဲ့စွာ ခံစားနေမိသည်။ သူက အမှန်တိုင်းပြောလျှင်ပင် မည်သူမျှ သူ့ကို ယုံမည် မဟုတ်ပေ။

ယဲ့ကျန်းက သူတို့၏စကားကို မတုန့်ပြန်ဘဲ ထိုအစား တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်သည်။

“အဲဒါဆိုတော့ မီးဇာမဏီကို လက်မလျှော့ချင်ဘူးပေါ့”

လုကျိုးက ယဲ့ကျန်းကို ကြည့်လိုက်သည်။ ထိုစဥ် ချင်ရန်ယွဲ့က ယွမ်လန်ကို တစ်ချက်ကြည့်လိုက်သည်။ ယွမ်လန်က သူ့ဘေးနားရောက်လာသည့်အခါ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“အဲ့ဒီ့လူက အရင်ကလူလား”

ယွမ်လန်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော် သေချာပါတယ်။ သူက ကျူးယန်ကို လွယ်လွယ်လေး သတ်ခဲ့တဲ့သူဆိုတာ သံသယဖြစ်ဖို့ မလိုဘူး”

ချင်ရန်ယွဲ့က လက်ကိုဝှေ့ကာ ယွမ်လန်ကို ထွက်သွားခိုင်းလိုက်သည်။ ယွမ်လန်က သူ့နေရာဆီပြန်သွားပြီးသည့်နောက်တွင် သူက လှမ်းခေါ်လိုက်သည်။

“ယဲ့ကျန်း”

ယဲ့ကျန်းက ပြောလိုက်သည်။

“ခင်ဗျား စဥ်းစား ပြီးသွားပြီလား”

“ငါ သေချာစဥ်းစားပြီးသွားပြီ။ ဒီလူအိုကြီးပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

ယဲ့ကျန်းက ချင်ရန်ယွဲ့ကို လှည့်ကြည့်လိုက်သည်။

“ချင်ရန်ယွဲ့ .. ”

ဤတစ်ကြိမ် ချင်ရန်ယွဲ့ ပြောရမည့်အလှည့် ဖြစ်၏။

စောစောလေးက ငါ့ကို လှည့်ဖျားခဲ့တာ ငါကျတော့ ခွင့်မပြုဘူးတဲ့လား။ ဒါပြီးသွားရင် နင်ဘာဖြစ်မလဲ ကြည့်ရသေးတာပေါ့။ ကျား၂ကောင်တိုက်ခိုက်ရင်လည်း မဆိုးပါဘူး။ ကြားထဲကနေ ငါက အကျိုးအမြတ်ရနိုင်တယ်။

ယဲ့ကျန်းက တောင်နယ်နိမိတ်ဆီ လှမ်းကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျုပ်တို့ဆီမှာ ရန်ကြွေး မရှိဘဲနဲ့ ဘာလို့ ရန်လိုနေရတာလဲ”

“ရန်ကြွေး မရှိဘူးတဲ့လား”

လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။

“ယဲ့ဝူရှန်းက မွန်းစတားအဖွဲ့နဲ့ပူးပေါင်းပြီးတော့ ငါ့သားရဲဧကရာဇ် လုဝူကို ထိခိုက်အောင် လုပ်ခဲ့တယ်။ အဲ့ဒီ့ကိစ္စကိုရော ငါ ဘယ်လိုဖြေရှင်းရမှာလဲ”

“...”

အားလုံးက ထိုစကားကို ကြားသည့်အခါ ဆွံ့အသွားကြ၏။ တစ်ခါ ကြွားလုံးထုတ်သည်က အဆင်ပြေသော်လည်း ထိုလူအိုကြီးက ကြွားလုံးထုတ်ရသည်ကို စွဲလမ်းနေဟန်ပေါ်သည်။

လုကျိုးက ချင်မော့ရှန်းအကြောင်း ထည့်မပြောသေးပေ။ သူက တစ်ယောက်ချင်းစီ ဖြေရှင်းဖို့ ရည်ရွယ်ထား၏။ ဆရာသခင်၂ယောက်က အားကောင်းလွန်းလှသည်။ ၂ယောက်လုံး ပြိုင်တူတိုက်ခိုက်လာလျှင် ရူးမိုက်ရာကျ၏။

လေ့လာအကဲခတ်သူများနှင့် မတူဘဲ ယဲ့ကျန်း၏ အမူအရာက ထိုစကားကို ကြားပြီးသည့်နောက်တွင် ပြောင်းလဲသွားခဲ့သည်။ သူက ယဲ့ဝူရှန်း ပြောခဲ့သည့် အရာများကို ပြန်လည်အမှတ်ရသွား၏။ ထို့နောက် ပြန်လည်မျက်မှောင်ကြုတ်လိုက်သည်။

“ခင်ဗျားကိုး...”

“ငါပဲ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

ထိုစကားဝိုင်းကို မြင်ကာ ချင်ရန်ယွဲ့က သူတို့၂ဦးသည် အချင်းချင်းသိကာ ရန်သူများ ဖြစ်ပုံပေါ်ကြောင်း ကောက်ချက်ချလိုက်သည်။ သူက ဓားသမား၄၉ယောက်အား အလျင်အမြန် နောက်ဆုတ်ခိုင်းလိုက်၏။

ချင်ရန်ယွဲ့၏ အပြုအမူကို မြင်ကာ ယဲ့ကျန်းက စိတ်ထဲမှ ထိုမြေခွေးအိုကြီးကို ကျိန်ဆဲလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

“အလံအစီအရင်ကို အသက်သွင်းဖို့ပြင်ကြ”

ဤတစ်ကြိမ် ကွန်ဖြူးရှပ်ပညာရှင် ၃၆ယောက်က သူတို့၏ သက်ဆိုင်ရာနေရာများတွင် နေရာဝင်ယူလိုက်ကြသည်။

ဤတစ်ကြိမ် ယဲ့ကျန်းက လုကျိုးအား သူနှင့်ယှဥ်နိုင်သည့် လူအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်၏။ သူက လျှပ်တစ်ပြက်အတွင်း အစီအရင်အလံအတွင်း ဝင်ရောက်သွားသည်။

အစီအရင်အလံကို မြေကြီးများတွင် အတိအကျ ထိုးစိုက်လိုက်သည်။

ယဲ့ကျန်းက လျှပ်တပြက် ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် လုကျိုးရှေ့မှောက် ပေါ်ထွက်လာ၏။

သူက လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာ ခုနှစ်စဥ်ကြယ်ပုံရိပ်ကြီး ပေါ်ထွက်လာသည်။

လုကျိုးက ကာလံဒေသံ ရပ်တန့်နိုင်စွမ်းကို အာရုံခံနိုင်ခဲ့၏။ သူ့အပေါ် သက်ရောက်မှု မရှိသလို လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။

သို့သော်လည်း ယဲ့ကျန်းက ချင်နိုက်ဟယ်ထက် သာလွန်နေသည်။ အန္တရာယ်ကို ခံစားမိလိုက်သည်။ မွေးဖွားဇယားချပ် တစ်ခုနှင့်နှစ်ခုကြား ကွာဟချက်က မိုးမြေလိုမျိုး ကြီးမားနေသည်။

ဤသို့ဖြင့် လုကျိုးက သူ့အံ့ဖွယ်စွမ်းရည်ကို ထုတ်သုံးပြီး အသေရိုက်ချက်ကတ်ကို ထုတ်သုံးဖို့ တုံ့ဆိုင်းမနေပေ။ ထို့နောက် သူ့လက်ဖဝါးထက် ဝဲကတော့တစ်ခု ပေါ်ထွက်လာ၏။

ယဲ့ကျန်း၏ ပထမဆုံးတိုက်ကွက်က လုကျိုး၏ စွမ်းအားကို အကဲစမ်းဖို့ရာသာဖြစ်သည်။ သူက တာအိုစွမ်းအားသည် လုကျိုးအပေါ် သက်ရောက်မှု မရှိမှန်း မြင်သည့်အခါ လုကျိုးသည်လည်း ဆရာသခင်တစ်ယောက်ဖြစ်ကြောင်း မှတ်ယူလိုက်သည်။ သူက လုကျိုးရှေ့ ရပ်နေသည့်အခါ အန္တရာယ်ရှိသည့် အရိပ်အယောင်ကို မခံစားမိပေ။ သို့သော်လည်း ဤတစ်ကြိမ် သူ့ကို အန္တရာယ်ပေးနိုင်သည့် အားကောင်းကောင်း စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။

“ဒါက ဘယ်လို စွမ်းအားမျိုးလဲ...”

ထိုလက်ဝါးစည်းတံဆိပ်က ထူးဆန်းလှသည်။

မည်သူကမျှမသိပေ။ ကွန်ဖြူးရှပ်များ၏ ကျယ်ပြန့်ကောင်းကင်စွမ်းအား လက်ဝါးစည်းတံဆိပ်နှင့် အနည်းငယ်ဆင်တူပြီး ဗုဒ္ဓ၏ စက်ဝန်းလက်ဟန်နှင့်လည်း တူလေသည်။ ထို့အပြင် တာအိုဘာသာ၏ လက်ဝါးစည်းတံဆိပ်နှင့်လည်း အနည်းငယ် ဆင်နေ၏။

ဤတစ်ကြိမ် ယဲ့ကျန်းက လုကျိုး၏ လက်ဝါးစည်းတံဆိပ်ကိုရင်ဆိုင်ဖို့သူ့လက်ဝါးချက်ကို ထုတ်လွှတ်လိုက်သည်။

“ဝုန်း”

ထိပ်တိုက်ရင်ဆိုင်မှုက မီတာ၁၀၀အထိ ပျံ့နှံ့သွားသည်။ ထိုအရာက ကောင်းကင်မှ ပြိုကျလာပြီး မြေကြီးက ပြိုကျသွားသလိုမျိုး ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်မှုမှ စွမ်းအားက မြင်မြင်သမျှ အရာအားလုံးကို တွင်းနက်ကြီး ဖြစ်သွားစေဟန်ပေါ်သည်။ ထို့နောက် လုကျိုး၏ လက်ဝါးစည်းတံဆိပ်က ယဲ့ကျန်းဆီ ရောက်ရှိလာ၏။

အားလုံးက လုကျိုး၏ လက်ဝါးစည်းတံဆိပ်သည် ဆရာသခင်ချင်၏ လက်ဝါးစည်းတံဆိပ်ကို တွန်းလှန်နိုင်ကြောင်း မြင်သည့်အခါ အသက်အောင့်ထားလိုက်ကြသည်။

သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးပေ။

ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာနှင့် တာအိုကျောင်းတော်တို့ ရောနှောထားပုံပေါ်သည့် လက်ဝါးစည်းတံဆိပ်က အရွယ်အစားအားဖြင့် အဆရာချီ ကြီးမားလာခဲ့သည်။ ထို့နောက် စွမ်းအားကလည်း အဆမတန် တိုးပွားလာ၏။

ယဲ့ကျန်းက နောက်ဆုတ်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း ထိုအရာက ယဲ့ကျန်၏ အတွေးကို ဖတ်နိုင်သည့်အလား လက်ဝါးစည်းတံဆိပ်က ပြီးပြည့်စုံသည့် ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။

“ဝုန်း”

လက်ဝါးစည်းတံဆိပ်က မိုးမြေကိုပင် တုန်ခါသွားစေကာ နတ်ဘုရားနှင့် နတ်ဆိုးများကိုပင် နိုးထသွားစေနိုင်သည်။ ဤသည်က နတ်ဘုရားလက်ဝါးချက် ဖြစ်၏။

“...”

ယဲ့ကျန်းက ကောင်းကင်မှ ပြုတ်ကျလာ၏။

ကွန်ဖြူးရှပ်ပညာရှင် ၃၅ယောက်ကလည်း တုန်လှုပ်စွာ အော်ခေါ်လိုက်ကြသည်။

“ဆရာသခင်ယဲ့”

သို့သော်လည်း လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

...

အခန်း (၁၂၂၃) နတ်ငှက်ပြန်လည်မွေးဖွားခြင်း

မွေးဖွားစမ်းသပ်ချက် ၃ခုကိုဖြတ်ကျော်ပြီးနောက် ဆရာသခင်များအဖို့ မွေးဖွားဇယားချပ်များကို အသက်သွင်းရန် အင်မတန်ခက်ခဲသွားတော့သည်။ ကြမ်းတမ်းခက်ထန်သားရဲများ အများစု၏ အသက်ဓာတ်နှလုံးသားများက အသုံးမဝင်ပေ။ အစွမ်းထက်သည့်ကြမ်းတမ်းခက်ထန်သားရဲများသည် သူတို့အတွက်အသုံးဝင်နိုင်သည့် အသက်ဓာတ်နှလုံးသားများပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့ကို ရယူရန်က တုန်လှုပ်ဖွယ်တာဝန်တစ်ခုဖြစ်သည်။

တကယ်တော့ ၁၈ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းပြီး တတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက် အလွန်အနေခက်သည့်အခြေအနေထဲရောက်သွားသည်။ ဆိုရလျှင် မွေးဖွားဇယားချပ်များ ပိုမိုအသက်သွင်းနိုင်ရန် ခက်ခဲလာပြီး မိမိ၏မွေးဖွားဇယားချပ် ဖျက်ဆီးခံလိုက်ရပါက အင်မတန်ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လိမ့်မည်။ ထို့ကြောင့် ဆရာသခင်များသည် သူတို့၏မွေးဖွားဇယားချပ်များကို ကာကွယ်နိုင်ရန် အရာအားလုံး ဆောင်ရွက်လေ့ရှိ၏။

ဆရာသခင်အနေဖြင့် ယဲ့ကျန်းသည် မရေမတွက်နိုင်သောကိစ္စရပ်များကို တွေ့ပြီး အသက်ရှင်ခဲ့သည်။ သူ့ကိုယ်သူကာကွယ်ရန် နည်းလမ်းများ မည်သို့မရှိဘဲ နေမည်နည်း။

လုကျိုးသည် မွေးဖွားဇယားချပ်ဖျက်ဆီးခံလိုက်ရသည့် အသိပေးသံမရပေ။ ထိုအစားသူသည် တူညီသည့် အသိပေးချက်သာရလိုက်၏။

“တင်း ... အသေရိုက်ချက်ကတ်မှ သေစေနိုင်သည့်အာနိသင်နှစ်ဆ ပေါ်ပေါက်လာပါပြီ”

“တင်း ... ပစ်မှတ်တစ်ခုသတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀၀” “ရုပ်သေးလား”

လုကျိုးက စိတ်ရှုပ်ထွေးသွားလေ၏။ အာနိသင်ကနှစ်ဆဖြစ်သွားသောကြောင့် တစ်ခုက ရုပ်သေးကိုဖျက်ဆီးရမည်။ ထိုသို့ဆိုလျှင် နောက်တစ်ခုက မွေးဖွားဇယားချပ်နောက်တစ်ခု ဖျက်ဆီးရမည်။ သို့သော် သူသည် ယဲ့ကျန်း၏မွေးဖွားဇယားချပ် ဖျက်ဆီးခံရသည့်အကြောင်း အသိပေးစာမရပေ။

ခဏတဖြုတ် စဉ်းစားပြီးနောက် လုကျိုးသည် တစ္ဆေဖြစ်စေ၊ နတ်ဆိုးဖြစ်စေ ကိစ္စမရှိဟု တွေးလိုက်သည်။ သူက ရွှေရောင်ထိုက်ရွှီကြေးမုံကို ချက်ချင်းဆွဲထုတ်လိုက်၏။

ရွှေရောင်ထိုက်ရွှီကြေးမုံမှ အလင်းတိုင်က အမှောင်ထုကိုနှင်ထုတ်လိုက်၏။

ရွှေရောင်အလင်းသည် ကွန်ဖြူးရှပ်စာသင်သား ၃၅ဦးအပေါ် တောက်ပသော လေးတစ်စင်းပမာဖြာကျလာ၏။ မကြာမီ၌ သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များနှင့် ကျင့်ကြံဆင့်များကလည်း အားလုံးရှေ့၌ ပေါ်လာတော့သည်။

“ဒါက” ခုံဝမ်က အံ့ဩထိတ်လန့်သွား၏။

“ရွှေရောင်ထိုက်ရွှီကြေးမုံ ... အရာအားလုံးကိုဖော်ထုတ်နိုင်တဲ့ ရတနာတစ်ပါး” ယွီရှန်းရုန်က ပြောလိုက်၏။

“ဆရာကြီးက သူ့ရဲ့ခွန်အားကို သေချာဖုံးကွယ်ထားတာပဲ” ခုံဝမ်က ရေရွတ်ပြောလိုက်သည်။

“ကျုပ် ပိုသိလာလေလေ ကျုပ် တုံးအလေလေလို့ ခံစားမိလေပဲ”

ခုံဝမ်သည် လုကျိုးကို အလွန်လေးစားသော်ငြား ဆရာသခင်များထက် အနည်းငယ်နိမ့်သည်ဟု ထင်ခဲ့ပြီး လွတ်လပ်သူအဆင့်တွင်သာရှိမည်ဟု ထင်ခဲ့သည်။ သို့သော်ငြား အဖိုးအိုသည် အစိမ်းရောင်ကြာနယ်မြေ၏ ဆရာသခင်လေးပါးထဲမှ တစ်ပါးဖြစ်သော ယဲ့ကျန်းကို အနိုင်ယူခဲ့တာကို မျက်မြင်တွေ့ပြီး သူ မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်။ ထို့အပြင် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့တာဖြစ်၏။ သူ အိပ်မက်မက်နေသလိုခံစားရ၏။ ၎င်းက မည်ကဲ့သို့ခွန်အားမျိုးနည်း ... ထိုကဲ့သို့ ကျောထောက်နောက်ခံမျိုးကို တင်းကျပ်စွာ ဖက်တွယ်သင့်သည်မဟုတ်ပါလော။ စွင်းမူနှင့် သူ၏ညီနောင်များသည် မိစ္ဆာဝေဟင်မျှော်နန်းမှ အဘယ်ကြောင့်ထွက်ခွာသွားသနည်း။

ထိုစဉ် ဘေးတွင်ရပ်နေသောချင်ရန်ယွဲ့က ထိတ်လန့်သွားလေ၏။ သူနှင့်သရေဖြစ်အောင် အမြဲတမ်းနည်းပါး သရေဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့သည့်ရန်သူက ထိုအဖိုးအို၏ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် လွင့်ထွက်သွားတာကို မြင်သောအခါ သူ မည်ကဲ့သို့ မထိတ်လန့်ဘဲနေမည်နည်း။

ဝေဟင်ထဲတွင် လုကျိုးသည် ကွန်ဖြူးရှပ်စာသင်သားများက ယဲ့ကျန်းဆီ ရွှေရောင်ထိုက်ရွှီကြေးမုံနား မရောက်အောင် ပိတ်ဆို့နေတာကိုတွေ့လိုက်ရသည်။ သူကအသံမြှင့်ကာပြောလိုက်တော့သည်။ “ထွက်သွား”

လုကျိုး၏မိုးခြိမ်းသံသည် မြေကမ္ဘာကိုလှုပ်ခါသွားစေလျက် ကွန်ဖြူးရှပ်စာသင်သားများကို ထိတ်လန့်သွားစေသည်။ သို့သော် သူတို့မည်မျှကြောက်လန့်နေစေကာမူ အဝေးသို့မသွားနိုင်ပေ။ သူတို့သေလျှင်တောင် မဖယ်နိုင်ပေ။ သူတို့အားလုံးက ယဲ့ကျန်းကို တညီတညွတ်တည်းကာကွယ်နေ၏။

လုကျိုးက လျင်မြန်သောအသံဖြင့်ပြောလိုက်တော့သည်။

“မင်းတို့မဖယ်ပေးရင် အကုန်လုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်ဆိုပြီး အပြစ်မတင်နဲ့”

ချင်ရန်ယွဲ့ “…”

ချင်ရန်ယွဲ့သည် လုကျိုး၏ လွှမ်းမိုးနိုင်သော သဘောထားကို မြင်သောအခါ လျှာဖျားထိပ်သို့ ရောက်လာသော ဖျောင်းဖျတော့မည့်စကားများကို မျိုချလိုက်ရ၏။ ဘာမှမပြောတာ အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် ယဲ့ကျန်းသေသွားလျှင်လည်း ဆိုးရွားသည့်အရာမဟုတ်။ သူသည် မီးဇာမဏီကို လက်လျှော့လိုက်ရလည်း ကိစ္စမရှိပေ။ သူက ထိုအစား လုဝူကို သွားရှာမှာပဲဖြစ်သည်။

ချင်ရန်ယွဲ့က သူ၏တိတ်ဆိတ်မှုကို ထိန်းသိမ်းထားသည့်တိုင် ကျန်သည့်သူများက ယခုအချိန်ထိ ဆူညံသံပြုလုပ်ရဲမည်နည်း။ မည်သူမှ အသံမထွက်ရဲပေ။ ချင်ရန်ယွဲ့တောင် တိတ်တိတ်နေသောအခါ ကျန်သည့်သူများက ယခုအချိန်၌ မည်ကဲ့သို့အသံထွက်ရဲမည်နည်း။ မည်သူမှအသံတစ်သံမှ မထွက်ရဲချေ။

လုကျိုးသည် ကွန်ဖြူးရှပ်စာသင်သား ၃၅ယောက်က ခြိမ်းခြောက်သည့်တိုင် မလှုပ်ရဲတာကို မြင်သောအခါ တစ်စုံတစ်ခုလွဲချော်နေတာကို ခံစားမိ၏။ သူက နောက်ထပ်အသုံးပစ္စည်းကတ်တစ်ခုကို ထုတ်ယူပြီးနောက် ပြောလိုက်၏။

“ကောင်းပြီ ... မင်းတို့သေချင်တဲ့စိတ်ကို ဖြည့်ဆည်းပေးမယ်”

လုကျိုးက လှုပ်ရှားတော့မည့်အချိန်တွင် ကွန်ဖြူးရှပ်စာသင်သား ၃၅ယောက်ဆီမှ အသံတစ်သံ ပေါ်ထွက်လာ၏။ “အစီအရင်ကို အသက်သွင်း”

“နားလည်ပါပြီ”

ပြီးနောက် ကွန်ဖြူးရှပ်စာသင်သား ၃၅ဦးသည် အမြန်လူစုခွဲလိုက်သည်။ သို့သော် ယဲ့ကျန်း၏ အရိပ်ကိုတောင် မမြင်တွေ့ရပေ။

ခုနစ်စင်ကြယ်အလံ ၃၆ခုအစီအရင်က အတိအကျ လူ၃၆ယောက်လိုမှန်း လုကျိုး၏သိ၏။ ထို့ကြောင့် ယဲ့ကျန်း ထွက်သွားမှာမဟုတ်ပေ။ ထို့ကြောင့် သူက ကြေးမုံကိုကိုင်လျက် လူတိုင်းအပေါ် ကျရောက်သွားစေ၏။

ဘီး

စွမ်းအင်ပဲ့တင်သံက လေထဲ၌ ပေါ်ပေါက်လာ၏။ ထိုစဉ် လုကျိုးသည် အစီအရင်အလံထဲမှ ပေါ်ထွက်လာသည့် လူတစ်ယောက်ကို တွေ့လိုက်သည်။ သို့သော် ရွှေရောင်ထိုက်ရွှီကြေးမုံက ၎င်းကို မဖမ်းနိုင်ခဲ့ပေ။ ပြီးနောက် ထူးဆန်းသော စွမ်းအင်က ပေါ်ထွက်လာ၏။ “တာအိုစွမ်းအားလား”

လုကျိုးရင်ထဲ မကောင်းသည့်ခံစားချက်ရနေသည်။

ယခုအချိန်၌ ကွန်ဖြူးရှပ်စာသင်သား ၃၅ဦးသည် နေရာယူထားပြီးဖြစ်သည်။ ခုနစ်စင်ကြယ်အစီအရင်ကို ပြီးပြည့်စုံစေရန် မရှိမဖြစ်ကဏ္ဍ၌ ပါဝင်သည့်သူက ယဲ့ကျန်းပဲဖြစ်သည်။

ထိုစဉ် ယဲ့ကျန်းက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ငါတို့ ရန်သူမဖြစ်ချင်ဘူး။ ဒါပေမဲ့ မင်း ငါ့ကို ဖိအားပေးတယ်ဆိုတော့ ငါ့ကို အကြင်နာတရားကင်းမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့”

တကယ်တော့ ယဲ့ကျန်းအစောတုန်းက ပြောခဲ့သလိုပင်။ ယခုတစ်ခေါက် သူ အမည်မသိကုန်းမြေသို့ အပြည့်အဝ ပြင်ဆင်ပြီး လာခဲ့တာ ဖြစ်သည်။ သူက ဤနေရာသို့ ကွန်ဖြူးရှပ်စာသင်သား ၃၆ဦး ခေါ်လာခဲ့ရုံမက ခုနစ်စင်ကြယ်အလံ၃၆ခုကိုလည်း ပြင်ဆင်ထားသည်။ ဆိုရလျှင် ယင်းက မဟာအခွင့်အရေးတစ်ခုဖြစ်၏။ ဤကဲ့သို့အခွင့်အရေးက နောင်ကျ သူ့ဖာသာသူပေါ်လာပါ့မလားဆိုတာ မည်သူက သိမည်နည်း။

အဝေးသို့ဆုတ်ခွာသွားပြီး ချင်ရန်ယွဲ့က တလေးတစားပြောလိုက်၏။

“ခုနစ်စင်ကြယ်အလံ၃၆ခုက ဒီလောက်အစွမ်းထက်တာ ပြောစရာမရှိဘူးပဲ။ ဖြစ်ချင်တော့ အလံနဲ့ လူတွေ နေရာယူပြီးတဲ့အချိန် သူတို့က ကြယ်တာရာဒိုင်ခွက်တစ်ခု ဖွဲ့တည်လိုက်တာ”

အဝေးသို့ဆုတ်ခွာသွားပြီး ချင်ရန်ယွဲ့က တလေးတစားပြောလိုက်၏။

“ခုနစ်စင်ကြယ်အလံ၃၆ခုက ဒီလောက်အစွမ်းထက်တာ အံ့ဩစရာမရှိဘူးပဲ။ ဖြစ်ချင်တော့ အလံနဲ့လူတွေနေရာယူပြီးတဲ့အခါ ကြယ်တာရာဒိုင်ခွက်တစ်ခု ဖွဲ့တည်လိုက်တာကို”

လုကျိုးက အနားကပ်ကြည့်လိုက်၏။ ၎င်းက ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ သဏ္ဌာန်နှင့်ဆင်တူသည်။

အစီအရင်အလံများက တိုးမြင့်လာသောသိပ်သည်းဆများဖြင့် စတင်တောက်ပလာသည်။

လုကျိုးက ဝေဟင်ထဲခပ်မြင့်မြင့်ပျံသန်းပြီးနောက် သူ့လက်ကိုဖိချလိုက်သည်။

စကြဝဠာ၏ဖိအားပါသော လက်ဝါးစည်းတံဆိပ်က ဝေဟင်မှပြုတ်ကျလာတော့သည်။

ယဲ့ကျန်းက လျှပ်တပြက်လက်ဝါးစည်းတံဆိပ်ကိုရှောင်လိုက်လေ၏။ ပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်လေ၏။

“မင်း အရင်ကထက်ပိုနှေးသွားတာပဲ”

ခုနစ်စင်ကြယ်အလံ၃၆ခုအစီအရင်မှ အလင်းသည် ယခုအခေါက်၌ ယဲ့ကျန်းပေါ်ကျရောက်လာ၏။

“အဲ့လိုလား” လုကျိုးသည် မိုးကြိုးသွားကတ်ကိုခြေမွလိုက်၏။

မိုးကြိုးဟူသောစကားလုံးအတွက် အနက်ရောင်သင်္ကေတသည် အမည်မသိကုန်းမြေ၏အမှောင်ထုနှင့် ပေါင်းသွားလျက် ယဲ့ကျန်းဆီတိုးဝင်သွားကာ ၎င်းကို ရှောင်တိမ်းရခက်ခဲသွားစေ၏။ အရှိန်သည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ကာ ယဲ့ကျန်းဆီရောက်သွားသည်။

ဖုန်း

မိုးကြိုးခြိမ်းသံပေါ်ထွက်လာပြီးနောက် ယဲ့ကျန်းသည် သူ၏ခန္ဓာကိုယ်ထုံကျဉ်သွားတာကို ခံစားမိ၏။ ပြီးနောက် သူ ပြုတ်ကျသွားပြန်သည်။

လုကျိုးက သက်ပြင်းချလိုက်လေ၏။ သေဆုံးခြင်းနှင့် ဒဏ်ရာပြင်းထန်ခြင်း နှစ်ခုလုံးမပေါ်လာတာ ကံဆိုးလှပေ၏။

မည်သို့ပင်ဆိုစေ မိုးကြိုးသွားကတ်၏အာနိသင်က ထိတ်လန့်ဖွယ်ကောင်းနေသေး၏။ ၎င်းက ပွဲကြည့်ပရိသတ်အားလုံးကို မှင်သက်သွားစေသည်။ ဘယ်အချိန်ကစပြီး ဆရာသခင်တွေက ဒီလောက်အားနည်းသွားတာလဲ။

ထိုစဉ် ခုနစ်စင်ကြယ်အလံအစီအရင်မှ အလင်းသည် ယဲ့ကျန်းပေါ်ကျလာ၏။ ဤနည်းဖြင့် သူ၏ဒဏ်ရာကို လျင်မြန်စွာကုသပေးတော့သည်။

ယဲ့ကျန်းပြန်ကောင်းလာပြီးနောက် သူက လုကျိုးကို မယုံနိုင်စရာကြည့်ကာ လုကျိုးကို လေးနက်သောအသံဖြင့် ပြောလိုက်၏။ “မင်း ဘယ်သူလဲ”

လုကျိုးက သူ၏ကုသိုလ်မှတ်များကို စစ်ဆေးကြည့်လိုက်ရာ ကုသိုလ်မှတ် တစ်သိန်းခုနစ်သောင်းကျော် ရှိမှန်း တွေ့လိုက်ရ၏။ ပြီးနောက် သူက ပြောလိုက်သည်။

“မင်း လက်ဝါးရိုက်ချက်ဘယ်နှစ်ချက် ခံနိုင်ရည်ရှိမလဲ မြင်ချင်တယ်”

ယခုအချိန်တွင် လုကျိုးထုတ်ဖော်သည့် သတ်ဖြတ်လိုစိတ်က ဖော်ပြ၍မရနိုင်တော့ပေ။ ယဲ့ကျန်းသည် ဤသို့ တစ်ခါမှ မခံစားဖူးချေ။ စိတ်မသက်မသာဖြစ်မှုနှင့် ခြိမ်းခြောက်ခံရမှု။

ဖုန်း

ရုတ်တရက် အလံအစီအရင်များ ဝန်းရံထားသည့် တောင်အက်ကြောင်းမှာ မီးတောက်များ ထပ်မံပေါ်ထွက်လာသည်။

မီးဇာမဏီသည် မီးတောက်ထဲမှ ပြန်လည်မွေးဖွားလာ၏။

တောင်တန်းများလဲပြိုပြီး ကမ္ဘာမြေတုန်လှုပ်ကာ အက်ကြောင်းလိုက်လာကာ မီးတောက်များ နေရာအနှံ့ပျံ့နှံ့သွား၏။

မီးဇာမဏီက တောင်ပံတဖျပ်ဖျပ်ခတ်ကာ မီးတောက်များကို အရပ်မျက်နှာအနှံ့လွင့်စဉ်သွားစေ၏။

မှောင်မည်းနေသော အမည်မသိကုန်းမြေထဲတွင် လူတိုင်းက တောင်ပံတစ်စုံဖြင့် လေးတစ်စင်းတဖြည်းဖြည်းချင်း ပေါ်ထွက်လာတာကို ကြည့်နေမိ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ကွန်ဖြူးရှပ်စာသင်သားတို့သည် စက္ကန့်ပိုင်းခန့်ရုန်းကန်နေပြီးနောက် လွင့်ထွက်သွား၏။ အားလုံးသွေးအန်ကုန်တော့သည်။

မီးဇာမဏီက ပိုသန်မာလာ၏။

“သူက နတ်သားရဲအဖြစ် မွေးဖွားလာပြီ”

“ပြီးသွားပြီ .... မီးဇာမဏီက နတ်သားရဲဖြစ်လာပြီ”

“ပြေးကြဟေ့”

ပွဲကြည့်ပရိသတ်က မနေရဲတော့ဘဲ ကြောက်လန့်တကြား ထွက်ပြေးကုန်၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က လှည့်မေးလိုက်သည်။ “သူ့ကိုစိတ်မပူနဲ့ ... နတ်ခြင်္သေ့ ပြေးတော့”

နှစ်ယောက်သာက နတ်ခြင်္သေ့ကိုဆော်ဩပြီးနောက် ပြေးကြလေ၏။

ယန်ကျန်းလော့နှင့် လုလီကလည်း နားလည်ကြသည်။ သူတို့က အကြည့်ချင်းဖလှယ်ပြီး တညီတညွတ်တည်း ပြောလိုက်ကြ၏။

“ဘာစောင့်နေတာလဲ ပြေးတော့လေ”

ခုံဝမ်နှင့် သူ၏ညီနောင်များ အသိစိတ် ပြန်ကပ်လာသောအခါ ပြေးတော့သည်။

ထိုစဉ် မီးဇာမဏီသည် ကျန်သည့်သူများကို အာရုံမစိုက်ပေ။ သူက ပညာရှင်နှစ်ဦးကိုသာ အာရုံစိုက်နေ၏။ စူးရှစွာအော်မြည်လျက် ဝေဟင်ထဲပျံတက်သွားသည်။ ယခု နတ်သားရဲ ပေါ်လာပြီဖြစ်ရာ ဆရာသခင်များ နောက်ဆုတ်ပေးရလိမ့်မည်။ ချင်ရန်ယွဲ့နှင့်ယဲ့ကျန်းသည် ယခုအချိန်တွင် မီးဇာမဏီမှ ပြင်းထန်သော အန္တရာယ်ကို ခံစားမိ၏။

မီးဇာမဏီက ၎င်း၏နှုတ်သီးမှ မီးတောက်များမှုတ်ထုတ်ကာ မြေပြင်ပေါ်မီးများ လောင်ကျွမ်းသွားစေ၏။ ပြီးနောက် လေထဲ လှည့်ပတ်လျက် အစီအရင်အလံများကို လောင်ကျွမ်းသွားစေတော့သည်။

ကွန်ဖြူးရှပ်စာသင်သားတို့သည် သူတို့ကိုယ်သူတို့ကာကွယ်ရန် စိတ်ဝိညာဉ်သဏ္ဌာန်များကို အလိုလိုအသက်သွင်းမိသွား၏။ သူတို့၏မွေးဖွားဇယားချပ်များ စတေးရမည်ဆိုလျှင်တောင် အသက်ဆုံးရှုံးရတာထက်တော့ တော်သေးသည်။ မီးတောက်များက ၎င်းတို့ကိုလျင်မြန်စွာ လွှမ်းခြုံသွား၏။

ယင်းကိုမြင်သောအခါ ယဲ့ကျန်းသည် တာအိုစွမ်းအားကိုသုံးကာ လှစ်ကနဲပျောက်သွားသည်။ သူ ယခုအချိန်၌ ကျန်သည့်ကိစ္စများကို ဂရုမစိုက်ဘဲ ဆုတ်ခွာဖို့သာ အာရုံစိုက်နိုင်သည်။

ထိုစဉ် ချင်ရန်ယွဲ့က အမြန်ပြောလိုက်၏။ "သွား”

ဓားသမား၄၉ယောက်က အမြန်စုဝေးလျက် ဆုတ်ခွာသွားတော့သည်။

...

အခန်း (၁၂၂၄) ပြိုင်ဘက်ကင်းခြင်းနှင့် မဖျက်ဆီးနိုင်ခြင်း

မီးဇာမဏီက တောင်ပံကို ခတ်သည့်အချိန်တိုင်း မီးပင်လယ်က အသက်ဝင်လာသည်။ တောအုပ်၊ သစ်ပင်ပန်းမန်များကလည်း မီးပင်လယ်ကြား ဝါးမျိုခံလိုက်ရသည်။

လုကျိုးက သူ့ကိုယ်သူ စိုးရိမ်နေခြင်း မရှိသော်လည်း သူ့တပည့်များကိုမူ စိတ်ပူမိလေသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ သူ့တပည့်များက အဝေးကို ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

မီးဇာမဏီကက မီးများကို ပစ်လွှတ်ရင်း ကွန်ဖြူးရှပ်ပညာရှင် ၃၄ယောက်ကို သက်ညှာခြင်းကင်းမဲ့စွာ အညှာအတာမရှိ သတ်ပစ်ခဲ့သည်။

လုကျိုးက မီးတောက်များသည် သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို လောင်ကျွမ်းပြီး မွေးဖွားဇယားချပ်များကို ဖျက်ဆီးပစ်သည်ကို ကြည့်နေရင်းဖြင့် ထိုမီးတောက်က သာမန်မဟုတ်ကြောင်း ပြောနိုင်လေ၏။

နတ်သားရဲတစ်ကောင်၏ စွမ်းအားက အားလုံး၏ မှန်းဆချက်ကို ကျော်လွန်နေလေသည်။

ယဲ့ကျန်းက နောက်ဆုတ်လိုသော်လည်း သူ့တပည့်များက မီးလောင်ကျွမ်းခံရသည်ကို မြင်ရသောအခါ အော်ပြောလိုက်သည်။

“ကောင်းပြီ။ ခင်ဗျားနဲ့အတူတိုက်မယ်”

ယဲ့ကျန်းက လှည့်ကာ လက်နှက်ဖက်ကို ပူးကပ်လိုက်သည်။ ဤတစ်ကြိမ် သူက ဆရာသခင်တစ်ယောက်၏ စွမ်းပကားကို ပြသလာလေ၏။ မီးဇာမဏီထံ လက်ဝါးစည်းတံဆိပ်ထောင်ချီ ထုတ်လွှတ်သည့် ပုံရိပ်များစွာ တစ်ခုပြီးတစ်ခု ထွက်‌ပေါ်လာသည်။

ယဲ့ကျန်းက မီးပင်လယ်ဆီ ပျံသန်းသွားသည်ကို မြင်ရသောအခါ ချင်ရန်ယွဲ့ကလည်း မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

“ဘမ်း ဘမ်း ဘမ်း”

လက်ဝါးစည်းတံဆိပ်က မီးဇာမဏီ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာ၏။ သို့သော်လည်း မီးတောက်များက ထိုအရာကို ကာကွယ်ပေးထားလေသည်။ ထို့နောက် တောင်ပံကို ခတ်ရင်း မိုးမြေကိုပင် လှုပ်ခတ်သွားနိုင်သည့် စူးရှရှ အော်သံကို ထုတ်လွှတ်လာသည်။

နေမင်းကပင် ပေါက်ကွဲထွက်သွားဟန်ပေါ်သည်။

“ဝုန်း ဝုန်း ဝုန်း”

သက်ရှိဖြစ်စေ၊ သို့မဟုတ် သက်မဲ့ဖြစ်စေ အရာအားလုံးက လွင့်စဉ်သွားရသည်။

တောင်အက်ကြောင်းကလည်း မရှိတော့ဘဲ မြေကြီးအထိ ပြာဖြစ်အောင် လောင်ကျွမ်းခံထားရပြီး ချိုင့်တွင်းကြီး ဖြစ်နေလေ၏။ ကျောက်တုံးများနှင့် အပြိုအပျက်များကလည်း လေထဲ ဝဲပျံနေသည်။

ကမ္ဘာ၏ အဆုံးသတ် ရောက်ရှိလာသကဲ့သို့ ဖြစ်၏။

မီးတောက်က အရာအားလုံးကို လွှမ်းခြုံထားလေ၏။

မီးဇာမဏီက အကြွင်းမဲ့တိုက်ကွက်ကို ထုတ်လွှင့်ပြီးသည့်နောက်တွင် လေထဲတွင် ရုပ်ထုလိုမျိုး ပျံနေကာ နောက်တိုက်ကွက်အတွက် ပြင်ဆင်နေသည်။

ကျင့်ကြံသူများက နတ်သားရဲ၏ စွမ်းအားကို တွေ့ကြုံမခံစားခဲ့ဖူးပေ။ ထိုစဥ် ထိုအရာ၏စွမ်းအားက သူတို့ကို အာရုံဖမ်းစားသွားခဲ့၏။ အကြွင်းမဲ့တိုက်ကွက်က အားလုံး၏ မွေးဖွားဇယားချပ်များကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။

ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်များက ကောင်းကင်ထဲတွင် ပေါ်လိုက်ပျောက်လိုက်နှင့် ဆက်တိုက်ဖြစ်ပေါ်နေသည်။

ဒဏ်ရာရကျင့်ကြံသူများကလည်း ညည်းတွားနေကြသည်။

လုကျိုး၊ ယဲ့ကျန်းနှင့် ချင်ရန်ယွဲ့တို့၏ စိတ်ဝိညာဥ်သဏ္ဌာန်ကသာ ပေါ်မလာခြင်းဖြစ်သည်။

လုကျိုးက စနစ်ကို ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း သူ့တွင် အထိအခိုက်ပြင်း ကာကွယ်ကတ် တစ်ကတ်နည်းသွားလေသည်။

ဤတစ်ကြိမ် ယဲ့ကျန်းနှင့် ချင်ရန်ယွဲ့တို့ကလည်း မီးဇာမဏီ၏ လှုံ့ဆော်မှုကို ခံနေရကြောင်း သဘောပေါက်သွားခဲ့၏။ ထိုအရာက အစကတည်းက အင်မတန်ဥာဏ်ကောင်းသည့် သားရဲတစ်ကောင် ဖြစ်ပေသည်။ ထိုအရာက မြင့်မြတ်လွန်း၍ လူသားဘာသာစကားကို သင်ယူဖို့ရာ စက်ဆုပ်နေသော်လည်း တုံးအနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိုအရာက ပြန်လည်မွေးဖွားလာခါက အားအနည်းဆုံးအချိန်ကို မည်သို့ မသိဘဲနေမည်နည်း။

ထိုအရာက တည်နေရာကို ထုတ်ဖော်ဖို့ အဘယ်ကြောင့် အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ခဲ့ရသနည်း။

အဖြေက သိသာလှသည်။

တမင်လုပ်ခဲ့ချင်တာ ဖြစ်၏။

“ဘာကြောင့်လဲ”

ထိုအရာက ဆရာသခင်များ၏ စွမ်းအားကို အသုံးပြုကာ ပြန်လည်မွေးဖွားမှုကို ပြီးမြောက်စေလို၍ ဖြစ်သည်။

ကွန်ဖြူးရှပ်ပညာရှင် ၃၅ယောက်အပြင် ဓားသမား၄၉ယောက်ကလည်း မွေးဖွားဇယားချပ် တစ်ခုဆီ ဆုံးရှုံးလိုက်ရသည်။ သူတို့က လေထဲတွင် ဝဲပျံရင်း ပြိုလဲလုနီးပါး ဖြစ်နေ၏။

ယဲ့ကျန်းက သူ့တပည့်များကိုကြည့်ရင်း ဝမ်းနည်းမှုနှင့် ဒေါသတို့ ထွက်ပေါ်လာသည်။ သူက ဤနေရာမှ ထွက်သွားလိုသော်လည်း မလှုပ်ရှားနိုင်ကြောင်း တွေ့လိုက်ရ၏။ မြင့်မားသည့် အပူချိန်က သူ့ခန္ဓာကိုယ်ကို တောင့်တင်းစေလေ၏။

လုကျိုးက မီးဇာမဏီကို လိုက်ဖမ်းရမည်လား စဥ်းစားနေစဥ် ကောင်းကင်ကျမ်းစွမ်းအားကို တိတ်တဆိတ် ရွတ်ဖတ်လိုက်သည်။ အံ့ဖွယ်စွမ်းအားက သူ့ကို လွှမ်းခြုံသွားပြီး ပြန်လည်လှုပ်ရှားနိုင်စွမ်း ရရှိလာသည်။

ဤတစ်ကြိမ် ချင်ရန်ယွဲ့က အော်ပြောလိုက်သည်။

“ချိုးဖောက်မယ်”

ဓားသမား ၄၉ယောက်ကို ထူးဆန်းသည့် စွမ်းအားတစ်ခုက လွှမ်းခြုံသွားကာ သူတို့၏ လှုပ်ရှားနိုင်စွမ်းက ပြန်လည်ရောက်ရှိလာသည်။

ချင်ရန်ယွဲ့က ဓားသမား ၄၉ယောက်ကို မီးပင်လယ်အဝေးသို့ တွန်းကာ အော်ပြောလိုက်သည်။

“သွားမယ်”

ချင်ရန်ယွဲ့က ယဲ့ကျန်းကို ကြည့်ကာ ပြောလိုက်သည်။

“ဒါက မင်းဘာသာ မင်း ဖြစ်စေခဲ့တာပဲ”

ယဲ့ကျန်းက မီးပင်လယ်ထဲမှ သူ့တပည့်များကို မျှော်လင့်ချက်ကုန်ဆုံးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက အလျင်အမြန် ဆင်းကာ တချို့ကို ကယ်တင်လိုက်၏။

တစ်ချိန်တည်းဆိုသလို ချင်ရန်ယွဲ့က လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။

“လူကြီးမင်း ကျုပ်နောက် လိုက်ခဲ့ပါ”

“မင်းနဲ့လား”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

“တကယ်လို့ အခုထွက်မသွားဘူးဆိုရင် နောက်ကျသွားလိမ့်မယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် ကျုပ်ဆီမှာ ကျုပ်တို့ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်တစ်ခု ရှိတယ်”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

လုကျိုးက မီးပင်လယ်ကို ကြည့်လိုက်သည်။

ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ မြောက်ဘက်ဆီ ပျံသန်းသွားလိုက်သည်။

ယဲ့ကျန်းကလည်း သူနှင့်အတူ လုများကို သယ်ဆောင်လျက် မြောက်ဘက်ဆီ ပျံသန်းလာလေသည်။ လုဝူက ထိုနေရာတွင် ရှိနေသည်။ သားရဲဧကရာဇ်၂ကောင် တိုက်ခိုက်လျှင် သူတို့ကို ထွက်ပြေးဖို့ အချိန်ဆွဲထားပေးနိုင်လိမ့်မည်။

မီးဇာမဏီက ကျည်ဆံလိုမျိုး ပျံသန်းထွက်လာကာ အားလုံးနောက်မှ လိုက်ပါလာသည်။ ထိုအရာ ပျံသန်းလာရင်းဖြင့် မီးတောက်များကို ချန်ထားခဲ့သည်။

ချင်ရန်ယွဲ့က လုကျိုး၏ အမြန်နှုန်းနှင့်ပတ်သက်ပြီး ထူးဆန်းနေကာ မျက်မှောင်ကြုတ်လိုက်သည်။

“သွားကြစို့”

လုကျိုးက တစ်ချက် လှည့်ကြည့်လိုက်သည်။

မီးဇာမဏီ၏ အရှိန်က အံ့မခန်း ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက သူတို့နှင့် မီတာ၁၀၀၀၀အကွာသို့ ရောက်ရှိလာသည်။ ထိုအရာက ‌တောင်ပံကို ဖြန့်ကာ လေဟုန်ခွင်းလာလေ၏။ တောင်ပံနှင့် ထိတွေ့သမျှအရာအားလုံးက မီး‌လောင်ကျွမ်းသွားလေသည်။

“ဘမ်း ဘမ်း ဘမ်း”

လုကျိုးက လက်ကိုမြှောက်ကာ အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းလိုက်သည်။

ချင်ရန်ယွဲ့က ဖျတ်ကနဲပျောက်ကွယ်သွားသော်လည်း မီးဇာမဏီ၏တောင်ပံမှ စွမ်းအားက ကြီးမားလွန်းသဖြင့် သူ့ကို မြေကြီးပေါ် လွင့်စဉ်သွားစေသည်။

ယဲ့ကျန်းကလည်း ခြွင်းချက် မဟုတ်ဘဲ အောက်သို့ ပြုတ်ကျသွား၏။

လုကျိုးတစ်ယောက်တည်းကသာ လေထဲတွင် ဆက်လက်ပျံသန်းနေပြီး သူ့လက်ထဲ မီးတောင်ပံနှင့် ရင်ဆိုင်နေသည်။

အံ့ဖွယ်စွမ်းအားနှင့် မီးဇာမဏီတို့က မဆုတ်သာမတိုးသာအခြေအနေတွင် ရောက်ရှိနေ၏။

အံ့ဖွယ်စွမ်းအားက အားကောင်းလွန်းသော်လည်း မကုန်ခမ်းနိုင်ခြင်း မဟုတ်ပေ။ ဤသို့သော ကုန်ခမ်းမှုမျိုးဖြင့် လုကျိုးက အံ့ဖွယ်စွမ်းရည် အပြီးတိုင်ကုန်ခမ်းသွားဖို့ အချိန်သိပ်ကြာမည် မဟုတ်ကြောင်း သိလေသည်။

လုကျိုးက စိတ်ထဲ သက်ပြင်းချလိုက်၏။ သူက လောဘကြီးလွန်းခဲ့သည်။ အဆုံးသတ်၌ သူက အကျိုးယုတ်သည့် အနေအထားသို့ ရောက်ရှိသွားရသည်။ ဤအခြေအနေတွင် သူ့အံ့ဖွယ်စွမ်းအားက ကုန်ဆုံးလုမတက် ဖြစ်နေလေသည်။ သူက နတ်ခြင်္သေ့ကို ဆင့်‌ခေါ်ဖို့ တွေးခဲ့သော်လည်း နောက်ကျလွန်းသွားနိုင်ကြောင်း တွေးလိုက်သည်။

အဆုံးသတ်၌ လုကျိုးက ရွေးချယ်စရာ မရှိဘဲ သူ့တွင် ကျန်ရှိနေသည့် တစ်ခုတည်းသော ဝှက်ဖဲကိုသာ အသုံးပြုရတော့မည်။

အဆင့်မြင့် ပြစ်ချက်မဲ့ကတ် ဖြစ်၏။ ထိုအရာကိုသုံးဖို့ လိုအပ်လာသည်။ ပထမဦးစွာ မီးဇာမဏီက မသေမျိုးငှက်အဖြစ် နာမည်ကျော်ကြား၏။ ထိုအရာက အလွယ်တကူ သေဆုံးမည် မဟုတ်ပေ။ ဒုတိယအနေဖြင့် နတ်သားရဲ၏စွမ်းအားက လွှမ်းမိုးမှုအားကောင်းလာသည်။ လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် သူက အထိခိုက်ကင်း ကာကွယ်ကတ်ကို ဆုံးရှုံးလိုက်ရသည်။ ထို့ကြောင့် အကောင်းဆုံးရွေးချယ်မှုက ငါးလွှာ ရွှေရောင်ဗုဒ္ဓခန္ဓာကို အသုံးပြုဖို့ ဖြစ်၏။

“ဝှစ်”

ပထမရွှေရောင်ဗုဒ္ဓခန္ဓာက မီတာ၃၀ မြင့်မားပြီး မီးဇာမဏီ၏ တောင်ပံကို ပင့်မထားသည်။

ယခုတစ်ကြိမ်က ယခင်တစ်ခေါက်နှင့် ကွဲပြားနေဟန်ပေါ်သည်။ ထိုစဥ် ယဲ့ကျန်းနှင့် ချင်ရန်ယွဲ့တို့က တအံ့တသြဖြင့် ကြည့်လာကြသည်။

“ဝှစ်”

ဒုတိယ ရွှေရောင်ဗုဒ္ဓခန္ဓာက ပေါ်ထွက်လာပြီး မီတာ၂၀၀ မြင့်မားလေသည်။ ထိုအရာက မီးဇာမဏီ၏တောင်ပံကို ထပ်မံပင့်မထားသည်။

မီးဇာမဏီက အင်မတန် ဥာဏ်ကောင်းလှသည်။ တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိထားမိသည့်အခါ တောင်ပံကို စတင်ခတ်လိုက်၏။

“ဘမ်း ဘမ်း ဘမ်း”

မည်သို့ပင်ဆိုစေကာမူ လုကျိုးက ထိုက်တောင်တန်းလိုမျိုး နည်းနည်းလေးမှ မရွေ့လျားပေ။

တတိယနှင့် စတုတ္ထမြောက် ရွှေရောင်ဗုဒ္ဓခန္ဓာက ပေါ်ထွက်လာသည်။ နောက်ဆုံးဖြစ်သော ပဥ္စမမြောက် ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကလည်း ချက်ချင်းဆိုသလို ပေါ်ထွက်လာကာ မီတာ ၁၀၀၀ မြင့်မားလေသည်။

ထို့နောက် ရွှေရောင်ဗုဒ္ဓခန္ဓာ ၅ခုလုံးက ပြိုင်တူလှုပ်ရှားပြီး မီးဇာမဏီအား သူတို့လက်ဖြင့် ဆုပ်ကိုင်ကာ အဝေးသို့ ပစ်လွှတ်လိုက်သည်။

“ဝုန်း”

“...”

ဆရာသခင်၂ယောက်က ကြောင်အမ်းသွားကြ၏။

ပြိုင်ဘက်ကင်းလှသည့် မီးဇာနည်က ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကြောင့် ဤသို့ လွင့်စဉ်သွားရလေသည်။

လုကျိုးက ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ် ၅လွှာအလယ်တွင် ရပ်နေရင်း မီးဇာမဏီကို ကြည့်လိုက်သည်။ သူက ၁၀မိနစ်မျှသာ အချိန် ရှိ၏။ မည်သို့ပင်ဆိုစေကာမူ သူက အနည်းဆုံးတော့ ကြိုးစားကြည့်ရမယ်။

“သားရဲကောင်။ လူသားတွေက အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ဘာလို့ရှိနေလဲဆိုတာ ပြရသေးတာ‌ပေါ့”

ဒါက ငါ့ရဲ့ ကျော်ကြားမှုကို ခိုးယူတဲ့အတွက် မင်းပေးဆပ်ရမဲ့တန်ကြေးပဲ...

လုကျိုးက ၅လွှာ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ဖြင့် ပျံသန်းသွားလိုက်သည်။

ဤတစ်ကြိမ် မီးဇာမဏီက မြေကြီးပေါ် ကျရောက်လာလေသည်။ ထိုအရာက မာနထိခိုက်သည်ဟု ခံစားနေမိသည်။ ထို့နောက် ဒေါသတကြီးဖြင့် တောင်ပံကို ခတ်လိုက်သည်။

“ဘမ်း ဘမ်း ဘမ်း”

မီးဇာမဏီက တောင်ပံကို အံ့မခန်းအလျင်ဖြင့်ခတ်ရင်း မုန်တိုင်းတစ်ခုကို စတင်အစပျိုးလာသည်။ သို့သော် ၅လွှာ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်က မုန်တိုင်းအလယ်တွင် ရောက်နေသော်လည်း နည်းနည်းလေးမှ ထိခိုက်ပျက်စီးမှုမရှိပေ။

မီးဇာမဏီက မည်သို့ပင်တိုက်ခိုက်စေကာမူ ၅လွှာ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကို ဖျက်ဆီး၍ မရနိုင်ပေ။

မီးတောက်များက နေရာအနှံ့ပျံ့နှံ့သွားပြီး မြေကြီး၌ပင် နောက်ထပ် တွင်းနက်ကြီးတစ်ခု လောင်ကျွမ်းသွားလေသည်။

All Chapters