အခန်း (၁၂၂၅-၁၂၂၇)
Vol. 82 Ch. 1225-1227
အခန်း (၁၂၂၅) ဒုတိယမြောက်စိတ်ဝိညာဉ်သဏ္ဌာန်
မီးဇာမဏီသည် စိတ်ရိုင်းဝင်သွားပုံပေါ်သည်။ ၎င်းက မိုးထိအောင်ပျံသန်းပြီးနောက် ထပ်တလဲလဲ ထိုးစိုက်ဆင်းနေ၏။ ၎င်းက ပါးစပ်ထဲမှ မီးတောက်များကို မှုတ်ထုတ်နေစဉ် လေထဲလှည့်ပတ်နေတော့သည်။
ငါးလွှာရွှေရောင်ဗုဒ္ဓခန္ဓာ၏ကာကွယ်မှုအောက်တွင် လုကျိုးက လုံးဝထိခိုက်ဒဏ်ရာမရပေ။ သို့သော် သူသည် မီးဇာမဏီ၏ကြောက်မက်ဖွယ်အင်အားကြောင့် အနည်းငယ် အံ့ဩနေသေးသည်။ မျက်စိတစ်မှိတ်အတွင်း လုကျိုးနှင့်မီးဇာမဏီ၏တိုက်ပွဲက ကီလိုမီတာ ၁၀၀ကျော်အကွာထိရွေ့သွား၏။
ဝှစ်
ခဏအကြာတွင် မီးဇာမဏီသည် တောင်ပံကိုတဖျပ်ဖျပ်ခတ်လိုက်ပြန်၏။ ၎င်းက ပိုတောင် အစွမ်းထက်သည့် မီးတောက်များကို အရပ်မျက်နှာအနှံ့ပစ်ထုတ်လိုက်သည်။
အဝေးကနေဆို အရာအားလုံးမီးထဲကျရောက်နေသည်ဟု ထင်ရသည်။
မီးဇာမဏီ၏ တိုက်ခိုက်မှုသည် မိုးနှင့်မြေကို ဖျက်ဆီးခဲ့၏။ သက်ရောက်ခံရသည့် သက်ရှိသတ္တဝါများအားလုံး ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ ဝေဟင်ထဲတွင် ပျံသန်းနေသော သားရဲပျံများတောင် ခြွင်းချက်မရှိ အသတ်ခံလိုက်ရကာ ဝေဟင်ထဲမှ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာတော့သည်။ ညော်နံ့များကလည်း အမည်မသိကုန်းမြေတွင် ပျံ့နှံ့သွားတော့သည်။
ထိုစဉ် မှောင်မည်းနေသော အမည်မသိကုန်းမြေက တောက်ပနေပေ၏။ ကီလိုမီတာ ၅၀အတွင်းရှိ ဧရိယာက ထွန်းလင်းတောက်ပနေတော့သည်။
သက်ရောက်ခံဧရိယာမှ ဆုတ်ခွာသွားသည့်ကျင့်ကြံသူများက လေထဲပျံဝဲနေပြီး သူတို့ဘဝ၌ ထပ်တွေ့ရမှာမဟုတ်သည့် မြင်ကွင်းကို ကြည့်ကာ စိတ်ခံစားချက်များ ပြင်းထန်လာတော့သည်။ ၎င်းက မမေ့နိုင်ဖွယ် မြင်ကွင်းတစ်ခုဖြစ်တော့၏။ သူတို့ရင်သပ်ရှုမောဖြစ်နေသောကြောင့် သူတို့သည် အင်မတန်အန္တရာယ်များသည့် အမည်မသိကုန်းမြေထဲတွင် ရှိနေသေးကြောင်း မေ့လျော့သွားသည်။
သက်ရောက်ခံဧရိယာမှထွက်လာသော ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ကျန်သည့်သူများကလည်း မယုံနိုင်စရာကြည့်နေသည်။
ထိုစဉ် ရှောင်ယွမ်အာက မီးပင်လယ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ "အဲ့ဒါက ရှစ်စွင်းရဲ့ ရွှေရောင်ဗုဒ္ဓခန္ဓာပဲ”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ဆိတ်ဆိတ်သာနေလေ၏။
ပြန်လည်မွေးဖွားလာသော မီးဇာမဏီက ယခုဆို နတ်သားရဲဖြစ်နေသည်။ သူတို့က မစိုးရိမ်ဟုဆိုလျှင် လိမ်ညာရာရောက်နေလိမ့်မည်။
သူတို့ရှစ်စွင်း၏ ကျင့်ကြံဆင့်က သူတို့အတွက် အမြဲတစေ ဆန်းကြယ်မှုတစ်ရပ် ဖြစ်ခဲ့သည်။ သူတို့ဖာသာ ခန့်မှန်းပြီး အခေါက်တိုင်း၌ ခန့်မှန်းချက်က မှားယွင်းခဲ့၏။ လုလီက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့ ... မျှော်နန်းသခင်ရဲ့ကျင့်ကြံဆင့်က ဆရာသခင်နှစ်ဦးထက် အားမလျော့ဘူး။ သူက မီးဇာမဏီကို အနိုင်မယူနိုင်ရင်တောင် သူထွက်ပြေးဖို့ ပြဿနာမရှိဘူး”
ယန်ကျန်းလော့က ပြောလိုက်၏။
“မျှော်နန်းသခင်ကို မင်းရဲ့ဘိုးဘေးလို့ တကယ်ထင်နေတုန်းလား”
“အချက်အလက်တွေက စကားလုံးတွေထက် ပိုကျယ်တယ်လေ”
“မင်း လိမ်ညာထားတာတွေကို ဘယ်လိုလုပ်အချက်အလက်ကို ထင်နေရတာလဲ” ယန်ကျန်းလော့က ပြန်ပက်လိုက်၏။
လုလီက ပြောလိုက်သည်။ "မင်းနဲ့ငြင်းရမှာ ပျင်းတယ်”
ရှောင်ယွမ်အာသည် မီးပင်လယ်ကိုကြည့်ပြီးပြောလိုက်၏။
“ရှစ်ရှိုးတို့ အဲ့ဒီငှက်ကိုဖမ်းပြီး ယဉ်ပါးအောင်လုပ်နိုင်မယ်လို့ထင်လား”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန် “...”
ထိုမေးခွန်းကို သူတို့မည်ကဲ့သို့ဖြေနိုင်မည်၏။ မီးဇာမဏီက နတ်သားရဲဖြစ်၏။ သူတို့က ၎င်းကိုမည်ကဲ့သို့ အနိုင်ယူပြီး ယဉ်ပါးအောင်လုပ်ရမည်နည်း။ ဆရာသခင်များတောင် ၎င်းကို မယှဉ်နိုင်ရာ သူတို့ဆို ပိုဆိုးပေလိမ့်မည်။
“ဒါပေါ့ ဖြစ်နိုင်တာပေါ့” ထိုစဉ် ခုံဝမ်က ဝင်ပြောလိုက်၏။
“...”
လူတိုင်းက ခုံဝမ်ကိုကြည့်လိုက်တော့သည်။ ခုံဝမ်က လေးနက်တည်ကြည်စွာ ပြောလိုက်တော့၏။
“နတ်သားရဲတွေက ဂုဏ်သရေရှိတယ်။ တကယ်တော့ သူတို့ကို အောင်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲတယ်။ ဒါ့အပြင် သူတို့က အမည်မသိကုန်းမြေရဲ့အတွင်းပိုင်းမှာ နေထိုင်တော့ သူတို့ကိုရှာတွေ့ဖို့ ခက်ခဲသွားစေပြီး အနိုင်ယူဖို့က ခက်ခဲတယ်။ ဒါပေမဲ့ အလွန်ခက်ခဲပေမဲ့ မဖြစ်နိုင်တာမဟုတ်ဘူး။ မီးဇာမဏီက ပြန်လည်မွေးဖွားချိန်မှာ အားအနည်းဆုံးပဲ။ ဒီတစ်ခေါက် ရှုံးနိမ့်သွားရင် သူ့ခွန်အား အားလျော့သွားမှာ။ မသေမျိုးငှက်အဖြစ်သိကြတာက ပြာပုံထဲကနေ ထလာနိုင်လို့ပဲ။ ဒါပေမဲ့ သူ့ရဲပြန်လည်မွေးဖွားခြင်းက အကန့်အသတ်မရှိတာ မဟုတ်ဘူး”
“ဘာအကန့်အသတ်လဲ”
ခုံဝမ်က ခေါင်းခါပြီးပြောလိုက်၏။ "ဆရာသခင်နှစ်ပါးတောင် မသိတာ။ ကျုပ်လိုလူက ပိုဆိုးပေါ့။ မဟုတ်ရင် ဒီနေ့ နတ်ငှက်က နတ်သားရဲတစ်ကောင်အဖြစ် ဘယ်လိုလုပ် အောင်အောင်မြင်မြင် မွေးဖွားပါ့မလဲ”
“အဆုံးကျ အောင်မြင်ဖို့နည်းလမ်းမရှိသေးဘူးပဲ” ရှောင်ယွမ်အာက ပြောလိုက်၏။
ခုံဝမ်က ပြုံးပြီးပြောလိုက်တော့သည်။ “တကယ်တော့ ကြမ်းတမ်းခက်ထန်သားရဲတွေက လူသားတွေနဲ့ တူတူပဲ။ သူတို့က သန်မာတဲ့သူကိုလေးစားတယ်။ အကြွင်းမဲ့ခွန်အားနဲ့အနိုင်ယူရင်ယူ မဟုတ်ရင် သူအားနည်းတဲ့အချိန်ကိုစောင့်။ ပြောဖို့တောင်မလိုဘူး ပထမနည်းလမ်းက ဘုရင်တစ်ပါးရဲ့နည်းလမ်းပဲ။ ဒါပေမဲ့ ဒုတိယနည်းလမ်းက သူအောင်နိုင်ပြီးရင်တောင် သစ္စာရှိမှာမဟုတ်ဘူး။ အကြွင်းမဲ့ခွန်အားနဲ့အနိုင်ယူတာအကောင်းဆုံးပဲ။ ဆိုးတာက ဆရာသခင်တွေတောင် ဒါမျိုးလုပ်ဖို့ လုံလောက်အောင် မသန်မာဘူး”
လူတိုင်းက ထိုစကားကိုကြားသောအခါ သက်ပြင်းချလိုက်တော့သည်။
ပေတစ်ထောင်ကျော်ခန့်မြင့်သည့် ဗုဒ္ဓရွှေရောင်ဗုဒ္ဓခန္ဓာများက ဆက်တိုက်ပေါ်လာ၏။
ကောင်းကင်ကို ဖီဆန်နိုင်သော တိုက်ခိုက်မှုကိုဖော်ထုတ်ပြီးနောက် ၎င်းက လေထဲရပ်က တောင်ပံကို ဖြန့်ကားလိုက်၏။ ၎င်းက ခမ်းနားထည်ဝါပြီးလှပကာ ဝိညာဉ်တုန်လှုပ်စေသော်ငြား ဖျက်ဆီးနိုင်သည့် ခွန်အားပိုင်ဆိုင်ထားသည်။ ထိုစဉ် ၎င်း၏မီးတောက်များက အနည်းငယ် မှေးမှိန်သွားပုံပေါ်၏။
လုကျိုးသည် မီးဇာမဏီကို အနီးကပ်လေ့လာလိုက်၏။ ၎င်းကို မီးတောက်များလွှမ်းခြုံသွားကာ အမွေးအတောင်များက မီးတောက်များဖြင့် လုပ်ထားပုံပေါ်သည်။
“ကျယ်ပြန့်ကောင်းကင်စွမ်းအင် လက်ဝါးစည်းတံဆိပ်” လုကျိုးက ကောင်းကင်ထဲ မြင့်မြင့် ပျံသန်းပြီးနောက် လက်ဝါးစည်းတံဆိပ် တစ်ဒါဇင်ခန့်ပစ်လွှတ်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း
လက်ဝါးစည်းတံဆိပ်အားလုံး မီးဇာမဏီ၏ကိုယ်ပေါ် ကျရောက်သွားပြီး မီးတောက်များအားလုံး အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားစေ၏။
လုကျိုး အကြိမ်မည်မျှတိုက်ခိုက်စေကာမူ အချည်းအနှီးဖြစ်သွား၏။ ဆရာသခင်များတောင် ၎င်းကို ထိခိုက်အောင် မလုပ်နိုင်လေရာ မွေးဖွားဇယားချပ်၉ခုသာရှိသည့် လုကျိုးလိုလူမျိုးဆို မည်သို့ထိခိုက်အောင်လုပ်နိုင်မည်နည်း။ ယခုအချိန်၌ သူက အံ့ဖွယ်စွမ်းအားအနည်းငယ်သာကျန်ပြီး နတ်ခြင်္သေ့ကလည်း အနားတွင်မရှိပေ။
နောက်ထပ်အသေရိုက်ချက်ကတ်တစ်ကတ် သုံးသင့်လား။ ဒါပေမဲ့ သူ ပြန်လည်မွေးဖွားလာခဲ့ရင် ...
ထိုစဉ် မီးဇာမဏီကတောင်ပံကို တဖျပ်ဖျပ်ခတ်လျက် ဝေဟင်ထဲပျံသန်းလာ၏။ ၎င်းက တစ်ပတ်လည်ကာ ပိုတောင်ပြင်းထန်စွာတိုက်ခိုက်တော့သည်။ ၎င်းက လုကျိုးကို မနားမနေတိုက်ခိုက်လေ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ကောင်းကင်ကို လုကျိုး၏ ရွှေရောင်ဗုဒ္ဓခန္ဓာနှင့် မီးဇာမဏီက အပြည့်အဝသိမ်းပိုက်ထား၏။
တောင်တန်းများနှင့်တောအုပ်များသည် မီးလျှံထဲ ဝါးမျိုခံလိုက်ရ၏။ သူတို့အားလုံး လောင်ကျွမ်းကုန်ကာ ပြန့်ပြူးသော မြေပြင်များဖြစ်ကုန်တော့သည်။ မရေမတွက်နိုင်သော အသက်များဆုံးရှုံးပြီး တချို့က ဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်၏။
ချင်ရန်ယွဲ့က ဓားသမား ၄၉ယောက်ကို ခဲရာခဲဆစ်ကာကွယ်ပြီးလေထဲပျံဝဲနေ၏။ သူတို့အားလုံးက အဝေးရှိ တိုက်ပွဲကိုကြည့်နေကြသည်။
တစ်ဖက်တွင်မူ အခြေအနေဆိုးရွားနေသည့် ယဲ့ကျန်းက မျက်နှာရှုံ့မဲ့နေတော့သည်။ ဆရာသခင်များက အစွမ်းထက်သော်ငြား မီးဇာမဏီကဲ့သို့နတ်သားရဲများနှင့် ယှဉ်နိုင်ဖို့ကဝေးလွန်းသေးသည်။
“မီးဇာမဏီက နတ်သားရဲအဖြစ် ပြန်လည်မွေးဖွားလာကာစ ... ဒီတော့ ရွှေရောင်ဗုဒ္ဓခန္ဓာရဲ့ခုခံမှုကို ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီအဖိုးကြီးကလည်း မီးဇာမဏီကို ထိခိုက်နိုင်အောင် မလုပ်နိုင်ပုံပဲ” ယွမ်လန်က ပြောလိုက်၏။
“သူက ခုခံမှုမှာကျွမ်းတာဖြစ်လောက်မယ်။ သူက ဆရာသခင်ထက်ပိုသန်မာပေမဲ့ သူတောင်စင်တစ်ပါးထက် အာနည်းတယ်”
မီးဇာမဏီက မထိန်းထားဘဲ လုကျိုး၏ငါးလွှာရွှေရောင်ဗုဒ္ဓခန္ဓာကို အားကုန်တိုက်တော့၏။
ငါးမိနစ်မှ ခြောက်မိနစ်ကြာပြီးနောက် သစ်ပင်များ၊ တောင်တန်းများရှိ ပတ်ဝန်းကျင်က သားရဲများလောင်ကျွမ်းကုန်တော့သည်။
မီးဇာမဏီကအားကုန်သုံးတိုက်ပြီးနောက် ၎င်းက မသေမျိုးငှက်ဖြစ်လျှင်တောင်အနည်းငယ် ကူကယ်ရာမဲ့နေပုံပေါ်ပြီး မောပန်းပုံပေါ်နေ၏။
ထိုစဉ် လုကျိုးက အချိန်မှရှိတော့မှန်း သိလိုက်သည်။ သူက ငါးလွှာရွှေရောင်ဗုဒ္ဓခန္ဓာ ပျောက်ကွယ်သွားသည်နှင့် မီးဇာမဏီကို ပြန်လည် ရင်ဆိုင်နိုင်တော့မှာ မဟုတ်ပေ။ သူသည် အသေရိုက်ချက်ကတ်တစ်ကတ် ဝယ်ယူနိုင်သေးသည်။ သို့သော် ဖြုန်းတီးရာရောက်လိမ့်မည်။
“မျိုးမစစ် ငါ မင်းကိုဘာမှမလုပ်နိုင်ဘူးများ ထင်နေလား”
မီးဇာမဏီက ခေါင်းမော့လျက် ကောင်းကင်ကိုတုန်လှုပ်သွားစေသည့်စူးရှသောအသံပြုလိုက်သည်။ ၎င်းက လုကျိုးကို ကြည့်လျက် လုကျိုးနှင့်ဆက်သွယ်ရန် ထူးဆန်းသောအသံများပြုလိုက်တော့သည်။ ပြီးနောက် တောင်ပံတဖျပ်ဖျပ်ခတ်ကာ ပျံသန်းသွား၏။
လုကျိုးက အဝေးသို့ပျံသန်းတော့မည့်အချိန်တွင် မီးဇာမဏီက ရုတ်တရက်စူးရှစွာအော်လျက် လုကျိုးဖက်လှည့်လာကာ မီးများမှုတ်ထုတ်တော့သည်။
လုကျိုးက လျင်မြန်စွာတုန့်ပြန့်ပြီး ကျန်ရှိသည့် အံ့ဖွယ်စွမ်းအား အားလုံးကိုသုံးကာ သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။
လက်ဝါးစည်းတံဆိပ်သည် လုကျိုး၏အံ့ဖွယ်စွမ်းအားနှင့်ပေါင်းစည်းသွားပြီးတောင်တစ်တောင်ပမာ မီးဇာမဏီ၏မီးတောက်များကိုဖြတ်ကျော်လျက် ၎င်း၏ရင်ဘတ်ပေါ်ကျရောက်သွားသည်။
ဖုန်း
မီးဇာမဏီက နောက်သို့ လွင့်ထွက်သွား၏။
ထိုနည်းတူ လုကျိုး၏ရွှေရောင်ငါးလွှာဗုဒ္ဓခန္ဓာကလည်း မီတာတစ်ရာကျော်လွင့်ထွက်သွား၏။ ပြီးနောက် ပြိုင်ဖက်နှစ်ယောက်သည် အဝေးကနေ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်မိသည်။
ထိုစဉ် အဝေးရှိ ကျင့်ကြံသူများက များများစားစားမမြင်နိုင်ပေ။ သူတို့မြင်နိုင်သည်က ရွှေရောင်အလင်းနှင့် မီးပင်လယ်သာ ဖြစ်သည်။ လုကျိုး၏ဒုတိယစိတ်ဝိညာဉ်သည် သေးလွန်းသောကြောင့် ၎င်းကို သူတို့မမြင်နိုင်ပေ။
ထိုစဉ် မီးဇာမဏီသည် လုကျိုး၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ အနည်းငယ် တောင့်တင်းသွားပုံပေါ်ပြီး ၎င်းမျက်လုံးထဲရှိမီးများ အနည်းငယ်မှိန်ဖျော့သွားပုံပေါ်၏။ ပြီးနောက် ၎င်းသည် ကြက်ဆင် သို့မဟုတ် ခိုနှင့်တူသည့် ဆူညံသံမျိုးပြုလိုက်သည်။
“ဟမ်” လုကျိုးကစိတ်ရှုပ်ထွေးသွား၏။
ထိုစဉ် မီးဇာမဏီက တောင်ပံကိုဖြန့်လိုက်ပြီး ၎င်းကိုယ်ပေါ်ရှိ မီးတောက်များက မရှိတော့ပေ။ ကမ္ဘာလောကကြီးက တိတ်ဆိတ်သွားပြီး မှောင်မည်းသွား၏။ ဝေဟင်ထဲရှိ အနက်ရောင်မြူများ ပေါ်ထွက်လာပြီး တစ်စုံတစ်ခုက ၎င်းကို နှောင့်ယှက်နေသလိုပင်။
လုကျိုးသည် မြူထဲရှိ ထူးဆန်းသောစွမ်းအင်ကို အာရုံခံမိသောအခါ မျက်မှောင်ကျုံ့မိသွား၏။
“ပိုတောင်သန်မာတဲ့ ကြမ်းတမ်းခက်ထန်သားရဲလား”
…
အခန်း (၁၂၂၆) သားရဲဧကရာဇ်ထွက်ပေါ်လာခြင်း
အနက်ရောင်မြူခိုးများက ရုတ်ခြည်းဆိုသလို ကွဲထွက်သွားပြီး မြူခိုးကြားမှ အလျင်စလိုထွက်လာသည့် ဧရာမပုံရိပ်ကြီးတစ်ခုကို ခံစားမိသည်။
ဒါကြောင့် မီးဇာမဏီက မောက်မာမှုကို သိမ်းပြီး မီးတောက်တွေကို ငြှိမ်းလိုက်တာလား။
လုကျိုးက သူ့ ၅လွှာ ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကို ကြည့်လိုက်၏။ ဤသည်က မျက်စိစူးလွန်းလှသည်။ သူက ပြစ်ချက်မဲ့ကဒ်၏ အာနိသင်ကို ဖယ်ရှားလိုသည်။ သို့သော်လည်း မီးဇာမဏီက သူ့ရှေ့တွင်ရှိနေသည့်အတွက် သူသာ အာနိသင်ကို ဖယ်ရှားလိုက်သည်နှင့် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ခက်ခဲသွားလိမ့်မည်။
ထွက်ပြေးရမှာလား...
လုကျိုးက ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် ထွက်ပြေးခြင်းက သူ့ပုံစံ မဟုတ်ကြောင်း ခံစားမိသည်။
ဒီကြက်ကို မသတ်နိုင်ရင် ငါ့ရဲ့ဂုဏ်သတင်းက ဘယ်လိုဖြစ်သွားမလဲ...
တစ်ချိန်တည်းဆိုသလို မီးဇာမဏီက တဖြည်းဖြည်း လှိမ့်တက်လာသည့် အနက်ရောင်မြူခိုးများကို ကြည့်နေလေ၏။ သူ့ဥာဏ်ရည်များက လူသားများထက် မနိမ့်ကျကြောင်း သိသာလှသည်။ ရုတ်ခြည်းဆိုသလို ထိုအရာက တစ်ကျီကျီအော်မြည်ရင်း မြေကြီးပေါ် ဝပ်ဆင်းလာသည်။
“အဲဒါဘာလဲ”
လုကျိုးက အမှန်တကယ် နားမလည်ဖြစ်နေလေ၏။
ထို့နောက် လေထုထဲ ထူးထူးဆန်းဆန်း အသံတစ်သံ ထွက်ပေါ်လာလေသည်။
လုကျိုးက ငုံ့ကြည့်လိုက်သည့်အခါ မီးဇာမဏီက တောင်ပံကို ရုတ်သိမ်းသွားပြီး ဖြည်းဖြည်းချင်း ထရပ်လာသည်။ မြေကြီးပေါ်တွင် မီးဇာမဏီဥတစ်လုံး ရှိနေလေသည်။
“...”
မီးဇာမဏီက တိုက်ခိုက်လိုစိတ်များ ဆုံးရှုံးသွားဟန်ပေါ်သည်။ ထိုအရာက လုကျိုး နားမလည်နိုင်သည့် ထူးထူးဆန်းဆန်းအသံများကို ပြုလုပ်ကာ တောင်ပံကို ခတ်ကာ တောင်ဘက်သို့ ပျံသန်းသွားလေ၏။
လုကျိုးက နားမလည်ပေ။ သူက လှမ်းခေါ်ချင်မိ၏။
“ထွက်မသွားနဲ့အုံး။ မင်းရဲ့ကလေး ဒီမှာကျန်နေခဲ့တယ်”
သို့သော် မီးဇာမဏီ၏အရှိန်က မြန်ဆန်လွန်းလှသည်။
ဤတစ်ကြိမ် လုကျိုးကလည်း မီးဇာမဏီကို အာရုံမစိုက်တော့ပေ။ အနက်ရောင်မြူခိုးထဲတွင် မီးဇာမဏီထက် ပိုမိုအားကောင်းသည့် ခက်ထန်သားရဲတစ်ကောင် ရှိနေဟန်ပေါ်၏။ အကယ်၍ ဤသို့သာဆိုပါက သူ့အနေနှင့် အဆုံးသတ်သွားနိုင်သည်။
အဆုံးသတ်၌ လုကျိုးက ယခု ထွက်ခွာသွားရမည့်အချိန်ဖြစ်ကြောင်း တွေးလိုက်သည်။ ဤသို့သော အခြေအနေမျိုးအောက်တွင် သူ့ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူက ဥကို ကြည့်လိုက်၏။ ခဏအကြာတွင် သူက ထိုအရာကို သိမ်းဆည်းပြီးသည့်နောက် ပျံသန်းထွက်လာလိုက်သည်။
လုကျိုးက ပြစ်ချက်မဲ့ကတ်၏ အာနိသင်ကို ဖယ်ရှားလိုက်၏။ အဝေးတစ်နေရာဆီ ပျံသန်းပြီးသည့်နောက်တွင် သူက တစ်ချက်လှည့်ကြည့်လိုက်သည်။
အရာအားလုံးက ငြိမ်ကျသွားဟန်ပေါ်သည်။
ကောင်းကင်ယံရှိ မြူခိုးများက ရပ်တန့်သွားပြီး ပုံမှန် ပြန်ဖြစ်သွား၏။
“မျှခြေထိန်းညှိသူလား”
အကယ်၍ ခက်ထန်သားရဲဆိုပါက စောစောလေးက တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲလိမ့်မည်။ မီးဇာမဏီ၏ စွမ်းအားက မျှခြေကို ချိုးဖောက်နေသည်လား။ ထို့ကြောင့် မျှခြေထိန်းညှိသူ ရောက်လာရခြင်းလား။
လန်ရှီဟယ်က မျှခြေထိန်းညှိသူတစ်ယောက် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ မျှခြေထိန်းညှိသူတစ်ယောက်က ပြိုင်ဘက်ကင်းနေခြင်း မဟုတ်သော်လည်း သူတို့က သေချာသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေ၏။ အဆုံးမဲ့ပင်လယ်ထဲက ခွန်သည် သဘာဝမျှခြေထိန်းညှိသူ ဖြစ်၏။ လူသားများ သို့မဟုတ် ခက်ထန်သားရဲများထက် ပိုမိုအားကောင်းလှသည်။ စနစ်ကပင် ခွန်ကိုသတ်ဖို့ရာအတွက် စွမ်းအားအကုန်လုံးကို သုံးစွဲရလိမ့်ဟု ပြသခဲ့ဖူးသည်။ ထို့အပြင် ထိုအရာအနေဖြင့် ခွန်ကို သတ်နိုင်ချင်မှ သတ်နိုင်လိမ့်မည်။ ခွန်က အဆုံးမဲ့ပင်လယ်ထဲ အချိန်အတော်ကြာ နေထိုင်ခဲ့သည့်အတွက် အသက်ရှင်ဖို့ရာ နည်းလမ်းမရှိဘဲ မည်သို့နေမည်နည်း။
လုကျိုး၏ အတွေးများက ယဲ့ကျန်းဆီ ရောက်ရှိလာသည်။ ယဲ့ကျန်းကလည်း သေခြင်းရှင်ခြင်းအခြေအနေကို ကျော်ဖြတ်ဖို့ရာအတွက် နည်းလမ်းမရှိသည့်သူမဟုတ်ပေ။ ခဏ၌ သေဘေးနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယဲ့ကျန်းက အသက်ရှင်နေဆဲသာ ဖြစ်၏။
ယဲ့ကျန်းက ရုပ်သေးရုပ်၃ခု ရှိနေတာများလား...
ယဲ့ကျန်းအနေဖြင့် အသေရိုက်ချက်ကတ်၂ကြိမ်နှင့် မီးဇာမဏီဆီမှ တိုက်ခိုက်မှုတို့ကို ရင်ဆိုင်ရင်း အသက်ရှင်သန်ခဲ့သည်ကို ရှင်းပြပြီးသား ဖြစ်သွားလေ၏။
လုကျိုးက ဆက်လက်ပျံသန်းလာသည်။ သူက မီးလောင်ကျွမ်းရာများမှတစ်ဆင့် အပြန်လမ်းကြောင်းကို ရှာဖွေခဲ့၏။ ၁၅မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်ထဲ ချင်ရန်ယွဲ့နှင့်ဓားသမား ၄၉ဦးကို မြင်လိုက်ရသည်။ ထို့နောက် မီးသွေးတုံးနှင့်တူသည့် ယဲ့ကျန်းက တင်ပျဥ်ခွေထိုင်လျက် ရှိသည်ကို မြင်လိုက်ရ၏။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပါက သူ့အနေဖြင့် နောက်ဆုံးကျန်ရှိနေသော ကုသိုလ်ရမှတ်များကို ထုတ်သုံးရုံမှအပ ရွေးချယ်စရာမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူက အမူအရာအပြောင်းအလဲမရှိဘဲ ပျံသန်းသွားလိုက်သည်။
ထိုစဥ် ချင်ရန်ယွဲ့က လုကျိုးကို မြင်သည့်အခါ ပြုံးလိုက်၏။
“လောင်ချန်းပေ့ မီးဇာမဏီကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”
ဓားသမား၄၉ယောက်က လုကျိုးထံ ပြိုင်တူဦးညွတ်လိုက်ကြသည်။ အားလုံးက မွေးဖွားဇယားချပ်တစ်ခုဆီ ဆုံးရှုံးပြီးသည့်နောက်တွင် အခြေအနေ ဆိုးရွားနေလေ၏။ သူတို့က ယခင် ခံ့ညားဖွယ်အမူအရာပင် ပျောက်ဆုံးသွားလေသည်။
ဤတစ်ကြိမ် ယဲ့ကျန်းက မျက်လုံးဖွင့်လာသည်။ သူက လေထဲတွင် ဝဲပျံနေသည့်လုကျိုးကို ကြည့်လိုက်၏။ သူက လုကျိုး၏ ကြောက်မက်ဖွယ်စွမ်းအားအကြောင်း သိထားသော်လည်း သူ့မျက်ဝန်းမှ အမုန်းတရားကို ဖုံးကွယ်ဖို့ အခက်တွေ့နေသည်။ ကွန်ဖြူးရှပ်ပညာရှင် ၃၆ယောက်အနက် ၃၊ ၄၊ ၅ယောက်သာ ကျန်ရှိတော့သည်။ သူက ထိုသူများကို ကယ်ဖို့အတွက် စွမ်းအားအကုန် အသုံးပြုခဲ့ရသည်။ သို့သော် သူတို့၏ အသက်ကို ကယ်တင်နိုင်လျင်ပင် နဂိုအခြေအနေကို ပြန်လည်ရရှိဖို့ ခက်ခဲလှသည်။ ထိုအတွေးတို့ဖြင့် သူ့အကြည့်တို့က ပိုမိုခက်ထန်လာလေသည်။
ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က ယဲ့ကျန်းကို ဆွဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဆရာသခင်ယဲ့ သည်းခံရမယ်”
ဤသို့ဖြင့် ယဲ့ကျန်း၏ မျက်ဝန်းမှာ အမုန်းတရားက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုက အစားထိုးဝင်ရောက်လာသည်။ သူ့အနေဖြင့် ယနေ့ကဲ့သို့ စိတ်ခံစားချက်အတက်အကျမျိုး မခံစားခဲ့သည်မှာ အချိန်အတော်ကြာမြင့်လာပြီဖြစ်၏။ ကွန်ဖြူးရှပ်ပညာရှင်များ သေဆုံးသွားသည်ကို မြင်သည့်အခါ သူ့အတွက် ထိနှက်ချက်ကြီး ဖြစ်လာခဲ့သည်။
“နောက်ကျနေတဲ့အတွက် အားနာပါတယ်”
အားကောင်းသည့် အသံတစ်သံက ထွက်ပေါ်လာသည်။
အားလုံးက လှည့်ကြည့်လိုက်သည့်အခါ တစ္ဆေသင်္ဘောနှင့်တူသည့် ရထားလုံးပျံကို မြင်လိုက်ရသည်။
ချင်ရန်ယွဲ့က မျက်မှောင်ကြုတ်လိုက်၏။
“ထော့ပါစစ်ချန်လား”
လုကျိုးကလည်း လှမ်းကြည့်လိုက်သည်။
အခြေအနေက ပိုမိုရှုပ်ထွေးလာဟန်ပေါ်သည်။
ယဲ့ကျန်းက စိတ်ခံစားချက်များကို မပြသော်လည်း သူ့မျက်ဝန်းက ဖျတ်ခနဲလက်သွားကာ ပြောလိုက်သည်။
“ညီအစ်ကိုထော့ပါ ဘယ်လိုလဲ”
“ဆရာသခင်ယဲ့လည်း ဒီမှာရောက်နေတာလား။ ကြည့်ရတာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြပွဲတစ်ခု လွတ်သွားတဲ့ပုံပဲ”
ထော့ပါစစ်ချန်က အေးအေးသက်သက်သာသာ ပြောလိုက်သည်။
ချင်ရန်ယွဲ့က ပြောလိုက်သည်။
“မင်းက တကယ်ကို နောက်ကျနေတာပဲ။ မင်း နောက်ကျသွားတာလည်း ကောင်းပါတယ်လေ”
“အဲဒါက ဘာကိုပြောတာလဲ”
“ပြန်လည်မွေးဖွားလာတဲ့ မီးဇာမဏီက ၇စင်ကြယ်အလံအစီအရင် ၃၆ခုကို ဖျက်ဆီးပစ်ခဲ့တယ်။ ဆရာသခင်ယဲ့က သူ့လူ၄ ၊ ၅ယောက်လောက်နဲ့ပဲ ကျန်နေတာ”
ချင်ရန်ယွဲ့က ပြောလိုက်သည်။ သူ့စကားများက လျှို့ဝှက်ထားသည့် ဆိုးကျိုးများ ကိန်းအောင်နေလေ၏။ သူ့စကားများက တစ်ဖက်လူကို ခြိမ်းခြောက်လိုက်ရုံမျှမကဘဲ ယဲ့ကျန်း၏အနာကို ဆားဖြင့်ဖြူးလိုက်ခြင်းသာ ဖြစ်၏။
ယဲ့ကျန်းက စိတ်ထဲ ဒေါသများ တောက်လောင်လာသော်လည်း အမူအရာကမူ နဂိုအတိုင်း ကျန်ရှိနေသည်။
ထော့ပါစစ်ချန်က တအံ့တသြဖြင့် ရေရွတ်လိုက်သည်။
“နတ်သားရဲ မွေးဖွားလာတာလား။ အာ တကယ့်ကို ကပ်ဘေးတစ်ခုကို ရှောင်လိုက်နိုင်တာပဲ။ ဆရာသခင်၂ယောက် အားတဲ့အချိန်ကျရင် ကျုပ်ရဲ့ နန်းဆောင်ဆီ လာလည်လှည့်ပါအုံး။ အခုတော့ ကျုပ်သွားလိုက်ပါအုံးမယ်”
ချင်ရန်ယွဲ့က ပြောလိုက်သည်။
“မင်းက လုဝူကို နှိမ်နင်းချင်တာလား”
ထော့ပါစစ်ချန်က ပြုံးလိုက်သည်။
“ဆရာသခင်ချင်က တိုက်ခိုက်ဖို့ စီစဥ်ထားတာလား”
ထော့ပါစစ်ချန်က မီးဇာမဏီကို တိုက်ခိုက်ခြင်းက သူတို့၏ စွမ်းအားများ ကုန်ဆုံးသွားကြောင်း သေချာနေလေသည်။ သူက အချိန်မှန်တွင် ရောက်လာသည်ဟု တွေးနေလေသည်။
“ဝုန်း ဝုန်း ဝုန်း”
ထို့နောက် ဧရာမ ကြီးကြီးမားမားတစ်စုံတစ်ခု ရွေ့လျားလာသည့်အသံက ပဲ့တင်ထွက်လာကြောင်း။ ထို့နောက် အမှောင်ထုထဲမှ ဧရာမခေါင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အသံတစ်သံ ပျံ့လွင့်လာသည်။
“မင်းက ငါ့ကို နှိမ်နင်းချင်တာလား”
“လုဝူလား”
“နောက်ဆုတ် နောက်ဆုတ်”
ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ဦးက အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။
ယဲ့ကျန်းကလည်း သူ့လူတချို့ကို အလျင်အမြန်စုဝေးပြီး နောက်ဆုတ်လိုက်၏။
ထော့ပါစစ်ချန်ကလည်း အံ့အားသင့်နေလေသည်။ သူက လုဝူသည် ဤနေရာရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။ သူကလည်း အလျင်အမြန် နောက်ဆုတ်လိုက်၏။
အားလုံးက ပြိုင်ဘက်ကင်းရန်သူနှင့် ရင်ဆိုင်နေရသည့်အလား ခံစားနေရသည်။
လူတစ်ယောက်တည်းကသာ မလှုပ်မယှက် ကျန်ရှိနေလေ၏။ သူက လုကျိုး ဖြစ်လေသည်။ သူက မုတ်ဆိတ်ကိုသပ်ကာ အားလုံးကို တည်တည်ငြိမ်ငြိမ်ကြည့်နေသည်။
ချင်ရန်ယွဲ့က လုကျိုးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး လုကျိုးကို အလျင်အမြန်လာဖို့ လက်ဟန်ပြလိုက်သည်။
“လောင်ချန်းပေ့ ”
ချင်ရန်ယွဲ့က လုကျိုးထံ ထိခိုက်မှု မဖြစ်ပွားစေလိုပေ။ လုကျိုးတစ်ယောက်တည်းဖြင့် မီးဇာမဏီကို ရင်ဆိုင်ပြီး အထိခိုက်မရှိ လွတ်မြောက်လာနိုင်သည့် အချက်က မိတ်ဆွေဖွဲ့ဖို့ လုံလောက်နေပြီဖြစ်၏။ ထိုစဥ် နယ်ရှင်လှံကို ကိုင်ဆောင်ထားသည့် တွမ့်မူရှန်းက လုဝူခေါင်းအထက် ပေါ်ထွက်လာသည်။ သူက ဦးညွတ်ကာ ပြောလိုက်၏။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“ဘာမှ လောကွတ်ချော်နေစရာ မလိုဘူး”
လုကျိုးက ပြောလိုက်သည်။
ထို့နောက် လုဝူက ခေါင်းငုံ့ကာ ပြောလာသည်။
“မျှော်နန်းသခင်ကို ဂရဝပြုပါတယ်”
လုဝူက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်ပြီးပြီဖြစ်သည့်အတွက် လူသားကဲ့သို့ မျှော်နန်း၏ စည်းမျဥ်းများကို လိုက်နာရမည်။ ခြွင်းချက်ဟူ၍ မရှိပေ။
“...”
ချက်ချင်းဆိုသလို တိတ်ဆိတ်မှုတို့ ကြီးစိုးသွားလေ၏။
လေတိုက်သံကသာ နားထဲ ကြားနေရသည်။
လုဝူ၏ စကားက ဆရာသခင်၃ယောက်လုံးကို ကြောင်အမ်းသွားစေသည်။
ဒီလူအုပ်ကြီးက ညာနေတာမဟုတ်ဘူးပဲ။ သားရဲဧကရာဇ် လုဝူက သူ့ရဲ့လက်အောက်ခံပဲ...
လုကျိုးသည် ကြွားလုံးထုတ်နေသည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါ အမှန်တကယ်ဖြစ်နေလေ၏။
...
အခန်း (၁၂၂၇) အဆင့် လျော့ကျခြင်း (၁)
လူသားများသည် ရွှေငွေများစွာ ပြည့်နေလျှင်တောင် အထင်သေးခံရတတ်ကြ၏။ သာမန်လူများကမူ သူတို့မည်မျှမွဲတေစွာ ဝတ်စားထားစေကာမူ သူတို့က လေးစားခံရသေးသည်။ သူတို့အတွက် အကြွင်းမဲ့ခွန်အားက အရာရာပဲဖြစ်သည်။
လုကျိုးသည် ချင်ရန်ယွဲ့နှင့် ယဲ့ကျန်း၏အမူအရာပြောင်းလဲသွားပုံကို သတိပြုမိသွား၏။ ယဲ့ကျန်း၏ အမူအရာက အတော်လေး သုန်မှုန်နေတော့သည်။
ရထားလုံးပျံထဲတွင်ရှိနေသော ထော့ပါစစ်ချန်က မှင်သက်သွား၏။ ပြီးနောက် သူက ရထားလုံးပျံ၏ ကုန်းပတ်ဆီသို့ ထွက်လာပြီးနောက် အမှောင်ထုထဲရပ်လိုက်သည်။ သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ခင်ဗျား ...”
ချင်ရန်ယွဲ့က ပြုံးလျက်ပြောလိုက်သည်။
“ဆရာသခင်ထော့ပါ ... ဒါက မီးဇာမဏီကို အနိုင်ယူခဲ့တဲ့သူ...”
ယခုအချိန်တွင် ချန်ရန်ယွဲ့က လုကျိုး၏အမည်ကို သူ မသိသေးမှန်း သဘောပေါက်သွား၏။ သူ၏မျက်နှာထက်၌ အနေခက်သောအမူအရာဖြစ်သွားသည်။
လုကျိုးက ရထားလုံးပျံထဲရှိလူကိုကြည့်ကာမေးလိုက်သည်။ “မင်းက ငါ့ရဲ့သားရဲဧကရာဇ်ကို လိုချင်တာလား”
ထော့ပါစစ်ချန်က သူ့ဖာသာသူ စဉ်းစားလိုက်၏။ ဒီအဖိုးကြီးက ရိုးရှင်းတဲ့ပုံမပေါ်ဘူး။ သူက တည်ငြိမ်လွန်းနေတယ်။ အစွမ်းထက်တယ်လို့မခံစားရပေမဲ့ သူ့ရဲ့အမူအရာ အပြောအဆို၊ အပြုအမူတွေက ခွန်အားကိုပြောသွားပြီ။ ဒါတွေက ညတွင်းချင်းကျင့်ကြံလို့ရတဲ့အရာ မဟုတ်ဘူး။ ဒါ့အပြင် ချင်ရန်ယွဲ့က အရူးတစ်ယောက်မှ မဟုတ်တာ။ ချင်ရန်ယွဲ့က သူ့ကို ဒီလောက် ဖော်ရွေနေတယ်ဆိုတော့ သူက အားနည်းသူ မဟုတ်တာ ကြိမ်းသေတယ်။ အမည်မသိကုန်းမြေမှာ ပညာရှင်တွေ များလွန်းတယ်။ ဒါပေမဲ့ သူက အစိမ်းရောင်ကြာနယ်မြေက မဟုတ်တာသေချာတယ်။ ဒီလိုဆိုရင် သူ ဘယ်နေရာက လာတာပါလိမ့် ... ထော့ပါစစ်ချန်က လုကျိုး၏ဇာစ်မြစ်ကို မမေးခဲ့ပေ။ ဆိုလိုသည်က သူက နောက်ပိုင်းမှ စုံစမ်းစစ်ဆေးရန် သူ့လူများကို လွှတ်နိုင်သည်။ ထိုအစား သူက ယဉ်ကျေးစွာပြောလိုက်သည်။
“မိတ်ဆွေ နားလည်မှုမလွဲပါနဲ့။ လုဝူမှာ သခင်ရှိတယ်ဆိုတာ သတိမပြုမိလိုပါ။ ပြောရရင် လုဝူက ရှားပါးတဲ့သားရဲဧကရာဇ်ပဲ။ သူ့ကို မတပ်မက်တဲ့သူရှိလို့လား”
ချင်ရန်ယွဲ့က စိတ်ထဲရှုတ်ချလိုက်၏။ ‘ဒီအဖိုးကြီးက အခြေအနေနဲ့ ဘယ်လိုလိုက်လျောညီထွေနေရမှန်း တကယ်သိတာကိုး’
ဆရာသခင်၃ဦးသည် အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့၏။ သူတို့က မည်သည့်အချိန်တွင် ရှေ့တက်ရမည်။ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ဆိုတာကို မသိဘဲနေမည်နည်း။
အစ၌ ယဲ့ကျန်းသည် ထော့ပါစစ်ချန်၏ ရောက်ရှိလာမှုက အခြေအနေကို များစွာ ပြောင်းလဲပစ်နိုင်သည်ဟု ထင်ခဲ့သည်။ ထို့အပြင် လုကျိုးက မီးဇာမဏီကို အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့၏။ သူတို့လက်စားချေရန် အခွင့်အရေးများစွာရှိသည်။ သို့သော် လုဝူ၏ ပေါ်ပေါက်လာမှုနှင့် ထော့ပါစစ်ချန်၏ သဘောထား ရုတ်တရက်ပြောင်းလဲမှုတို့က သူ၏အစောပိုင်းအတွေးများကို ဖျက်ဆီးလိုက်သည်။ သူက သည်းခံပြီး ပြောလိုက်၏။
“ဖြစ်ချင်တော့ ဆရာကြီးက အမှန်အတိုင်းပြောနေတာကိုး။ အစောတုန်းက အဖြစ်ကို ခွင့်လွှတ်ပေးပါ”
လုကျိုးက ယဲ့ကျန်းကို တစ်ချက်ကြည့်လိုက်၏။ ယဲ့ကျန်း၏သည်းခံနိုင်စွမ်းက အတော်လေး ကြောက်မက်ဖွယ်ကောင်းသည်ဟု တွေးမိသွားသည်။
ဆရာသခင်တစ်ပါးက ဤကဲ့သို့ သနားစဖွယ်အခြေအနေထဲ ကျရောက်နိုင်မည်ဟု မည်သူမှ မထင်ထားပေ။ သူ၏ဆံပင်များက မသေမသပ်ဖြစ်နေပြီး ရှုပ်ပွနေ၏။
ထော့ပါစစ်ချန်က ရယ်မောပြီးပြောလိုက်၏။
“လုဝူရဲ့ အရင်သခင် ဆရာသခင်တွမ့်ကို မှတ်မိသေးတယ်။ လုဝူကို အညံ့ခံလာအောင် လုပ်နိုင်တာ တကယ်အံ့ဩဖို့ကောင်းတာပဲ”
လုဝူက အတော်လေး စိတ်မပျော်ဖြစ်သွားကာ လျစ်လျူရှုထား၏။ ၎င်းက ညည်းတွားပြီး ပြောလိုက်တော့သည်။ “မင်း ဘာသိလို့”
ထော့ပါစစ်ချန် “...”
ချင်ရန်ယွဲ့ “...”
ထိုစဉ် နောက်ထပ်ပုံရိပ်တစ်ခု ပျံသန်းလာသည်။
လူတိုင်းက ချက်ချင်းသတိထားလိုက်သည်။ စတုတ္ထမြောက်ဆရာသခင် ရောက်လာသည်ဟု သူတို့ ထင်လိုက်ကြတာဖြစ်သည်။
ထိုစဉ် ပုံရိပ်က ရောက်လာပြီးလက်ဝေ့ယမ်းလိုက်၏။ သူက ပြုံးပြီးပြောလိုက်တော့သည်။
“တောင်းပန်ပါတယ် ... ကျေးဇူးပြုပြီးဆက်ပြောကြပါ။ ခွေးလေး ဒီကိုလာခဲ့” မင်ရှစ်ရင်က ချုံးချီကို ဆုပ်ကိုင်ပြီးနောက် မဝံ့မရဲခေါ်လိုက်၏။
“ရှစ်စွင်း”
လုကျိုးက မင်ရှစ်ရင်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်၏။ မင်ရှစ်ရင်က ပြောလိုက်သည်။ "လုဝူကို ကျွန်တော်သွားရှာတာ စန်းရှစ်ရှိုးက ဒါကိုသက်သေခံပေးနိုင်ပါတယ်။ လုဝူ ဒီလောက်မြန်လိမ့်မယ်လို့ မထင်ထားဘူး”
တကယ်ပင် မင်ရှစ်ရင်က ဖရိုဖရဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး လုဝူကို ရှာရန် မြောက်ပိုင်းသို့ သွားလိုက်၏။ လုဝူက တွမ့်မူရှန်းအနားတွင် ရှိနေသရွေ့ သူ့ကို ထိခိုက်အောင်လုပ်မည် မဟုတ်မှန်း သိနေသည်။
မင်ရှစ်ရင်က ခေါင်းသုံးလျက်မေးလိုက်သည်။ “အမ် .... အဲ့ဒီကြက်ဆင်က ဘယ်မှာလဲ”
လူတိုင်း “...”
ဆရာသခင်သုံးပါးက မင်ရှစ်ရင်က လုကျိုး၏တပည့်ဖြစ်ကြောင်း သတိပြုမိသောအခါ သူတို့က သူ့ဖက်လှည့်ကာ လက်သီးဆုပ်မိုးလိုက်၏။
မင်ရှစ်ရင် ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့သည်ဟု ဆိုရမည်။ လုဝူ၏ပေါ်ပေါက်လာမှုက အချိန်ကိုက် ဖြစ်သည်။
ယဲ့ကျန်းသည် အသေရိုက်ချက်ကတ်ဖြင့် သုံးကြိမ်ဆက်တိုက် အရိုက်ခံလိုက်ရပြီး သူ့လူအများစု ဆုံးရှုံးထားကာ ချင်ရန်ယွဲ့ကလည်း လုကျိုးအပေါ်ဦးညွှတ်နေပုံပေါ်ပြီး ထော့ပါစစ်ချန်က ကြားနေဖြစ်နေစဉ် လုကျိုးနှင့် လုဝူက ခိုင်မာသည့်မဟာမိတ်ဖြစ်နေ၏။ ဤတစ်ချက်ဖြင့် မည်သည့်အင်အားစုက အားသာနေသည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ထိုစဉ် ထော့ပါစစ်ချန်က ပြောလိုက်၏။ “ဒီနေ့ ကျုပ်အချည်းနှီးလာခဲ့တဲ့ပုံပဲ ... သွားလိုက်ပါဦးမယ်”
မည်သူကမှ ဆရာသခင်ကို မတားကြပေ။
ထော့ပါစစ်ချန်က ရထားလုံးပျံဆီသွားပြီးနောက် ရထားလုံးပျံက လှည့်ထွက်သွားကာ အဝေး၌ ပျောက်ကွယ်သွားသည်။
ယဲ့ကျန်းသည် အခြေနေထူးဆန်းမှုကို ခံစားလိုက်ရ၏။ သူက ပြောလိုက်တော့သည်။ “ဒီနေ့ ဖြစ်ခဲ့သမျှက နားလည်မှုလွဲတာပဲ။ နှုတ်ဆက်ပါတယ်”
သို့သော် ...
“နေဦး” လုဝူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဟမ်” ယဲ့ကျန်းက မျက်မှောင်ကျုံ့မိသွားသည်။
လုဝူက ယဲ့ကျန်းကို စိုက်ကြည့်လိုက်သည်။
လုဝူ၏ ဉာဏ်ရည်က လူသားများထက်မနိမ့်ကျမှန်း လူတိုင်းသိသည်။ သို့သော် သူက သေးသိမ်ပြီး အငြိုးအတေးကို မမေ့မှန်း သူတို့မသိပေ။ လူသားဘာသာစကားကို ကျွမ်းကျင်လျှင်တောင် လူသားများကို ရွံ့ရှာစက်ဆုပ်၏။ ၎င်းသည် လူသားများ၏စည်းမျဉ်း၊ ကျင့်ဝတ်သိက္ခာ၊ ဆင်ခြင်တုံတရားများဖြင့် ခြေချုပ်မခံရပေ။ ထို့ကြောင့် ...
ဖုန်း
သတိမပေးဘဲ လုဝူက ခြေကိုဆောင့်နင်းကာ မြေကိုဆောင့်နင်းလျက် ခုန်တက်လိုက်၏။ မြေပြင်မှ မီတာတစ်ရာတက်သွားသည့်အချိန်၌ မေးရိုးကိုဟကာ ယဲ့ကျန်းဆီသို့ မြူတိမ်တိုက်ကို ထွေးထုတ်လိုက်သည်။
ဂျွတ်
လေထဲအေးခဲသည့်အသံပေါ်လာပြီး အပူချိန်က လျင်မြန်စွာလျော့ကျသွား၏။ အအေးဓာတ်များ စိမ့်ဝင်လာတော့သည်။
ယဲ့ကျန်းက လက်မြှောက်ပြီး သူ့ရှေ့၌ ကြယ်တာရာဒိုင်ခွက်ကိုထားလိုက်၏။
မည်သည့်ကျင့်ကြံဆင့်ဖြစ်စေကာမူ ကျင့်ကြံသူအများစုသည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များကို ရိုးရှင်းစွာဖွဲ့စည်းနိုင်ပုံမပေါ်။ ဆိုရလျှင် သူတို့၏မွေးဖွားဇယားချပ်ကို ကာကွယ်ရန်က အရေးအကြီးဆုံးဖြစ်၏။ ထို့ကြောင့် ကြယ်တာရာဒိုင်ခွက်များသည် စိတ်ဝိညာဉ်သဏ္ဌာန်နေရာ၌ အစားထိုးရန် အဓိကအခန်းကဏ္ဍဖြစ်လာ၏။
လေကအေးခဲသွားသည်။
ယဲ့ကျန်းက တာအိုစွမ်းအားကိုအသုံးပြုပြီး တည်ငြိမ်နေလေ၏။
ဘန်း
ယဲ့ကျန်းသည် ကြယ်တာရာဒိုင်ခွက်ဖြင့် ဝေဟင်ထဲ ခပ်မြင့်မြင့်ပျံသန်းသွားတော့သည်။ အအေးစွမ်းအင်က ဆက်လက်ပြန့်ကားသွား၏။
လုဝူသည် ခွန်အားအပြည့်မသုံးရသေးပေ။ ထိုသို့တိုင်ဤမြင်ကွင်းက မကောင်းဆိုးဝါး အမဲလိုက်အဖွဲ့ပေါ်၌ အမြင့်ဆုံးတိုက်ကွက်အသုံးပြုသည်နှင့် မယှဉ်နိုင်ပေ။
လုကျိုးက လုဝူလှုပ်ရှားလိမ့်မည်ဟု မထင်ထားပေ။ သို့သော် သူသည်လည်း ယဲ့ကျန်းကို ထွက်သွားခွင့်ပေးချင်စိတ်မရှိကြောင်း မငြင်းနိုင်ပေ။ ယဲ့ကျန်းက ဆရာသခင်တစ်ပါးဖြစ်၏။ ထို့ကြောင့် သူ၏ဆုံးဖြတ်ချက်ကို သတိထားရမည်။ ချင်ရန်ယွဲ့ သို့မဟုတ် ထော့ပါစစ်ချန်က ဝင်စွက်ဖက်ခဲ့လျှင် ဒုက္ခရောက်လိမ့်မည်။
လုကျိုးက ချင်ရန်ယွဲ့ဖက်ကြည့်ပြီး ချက်ချင်းပြောလိုက်၏။ ချင်ရန်ယွဲ့က ပြုံးကာ ယဲ့ကျန်းကိုပြောလိုက်သည်ကို မြင်ပြီး အတွေးလွန်သွားသည်ဟု ခံစားလိုက်ရသည်။
“ဟ ... မင်းလည်း ဒီလိုနေ့ရှိသေးတာပဲ”
“...”
အအေးစွမ်းအင်သည် ကွန်ဖြူးရှပ်စာသင်သားငါးဦးကို ရေခဲရုပ်တုအဖြစ် ခဲသွားစေ၏။
ယဲ့ကျန်း၏အမူအရာက ကြောက်လန့်နေလျက် သူသည် ရေခဲစည်းတံဆိပ်စွမ်းအင်စက်ဝန်းမှ အဝေးသို့ပျံသန်းသွားသည်။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၀၀၀”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပို ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပို ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပို ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပို ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀”
“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပို ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀”
လုကျိုးသည် စနစ်အသိပေးသံ ဆက်တိုက်ကြောင့် အံ့ဩသွားလေ၏။ သူသည် လုဝူ၏သတ်ဖြတ်ခြင်းကြောင့် သူ ဆုရခြင်းသည် လုဝူက တွမ့်မူရှန်းကို ၎င်း၏အရှင်သခင်အနေဖြင့် အမှန်တကယ်အသိအမှတ်ပြုထားကြောင်း ဆိုလိုသည်။
လုဝူသည် ယဲ့ကျန်းက ၎င်း၏ရေခဲစည်းတံဆိပ်စွမ်းရည်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်မှန်း တွေးထင်ထားပြီးဖြစ်ပုံပေါ်၏။ သူက ခုန်တက်လိုက်တော့သည်။
အားကောင်းသည့်အသံလှိုင်းက ပေါ်ထွက်လာပြီး လုဝူက မြေပြင်ပေါ်ဆင်းကာ ခုန်အုပ်လိုက်၏။ ၎င်းက ဤခုန်ချက်တစ်ချက်တည်းဖြင့် မီတာတစ်ထောင်ကို လွှမ်းမိုးသွားသည်။ ၎င်း၏အစွယ်များက ယဲ့ကျန်း၏ ကြယ်တာရာဒိုင်ခွက်ဆီ ဦးတည်နေတော့သည်။
ယဲ့ကျန်းက လေးနက်သောအသံဖြင့်ပြောလိုက်သည်။ “မင်းက ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူး”
အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်က ကြီးမားလာပြီး ကောင်းကင်ကို လွှမ်းမိုးသွား၏။ မွေးဖွားဇယားချပ် ၁၈ခုက တစ်ခုပြီးတစ်ခု လင်းထိန်လာသည်။
ယဲ့ကျန်းကို ဗဟိုပြုလျက် ကြယ်တာရာဒိုင်ခွက်မှအလင်းသည် သူ့အပေါ် ထွန်းလင်းတောက်ပလာတော့သည်။ အလင်းတိုင်က တောက်ပလာပြီး လှောင်ချိုင့်တစ်ခု ဖွဲ့တည်လိုက်၏။ လုဝူက မကြောက်ရွံ့သွားပေ။
“ယဲ့ကျန်း မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်တော့”
မြေပြင်ပေါ်ရှိ တွမ့်မူရှန်းက လုဝူကို မျက်တောင်မခတ်ကြည့်နေ၏။
တွမ့်မူရှန်း၏ စိုးရိမ်ပူပန်နေသောအမူအရာကိုမြင်သောအခါ မင်ရှစ်ရင်က ပြောလိုက်သည်။ “စိတ်မပူနဲ့ ... ဒီဆရာသခင်က သန်မာပေမဲ့ သူ ကြာကြာတောင့်ထားနိုင်မယ်မထင်ဘူး”
လုဝူ၏အမွှေးများ ထောင်ထလာတော့သည်။ သူ၏ခန္ဓာကိုယ်မှ အလင်းဖျော့ဖျော့ဖြာထွက်နေပြီး အစွယ်နှင့်လက်သည်းတို့က စိမ်းလက်နေ၏။
ယဲ့ကျန်းက ကြယ်တာရာဒိုင်ခွက်၏စွမ်းအားကို တွန်းထုတ်လိုက်သည်။
အပေါ်၌ ထူးဆန်းသောသင်္ကေတများထွင်းထုထားသည့် တောက်ပနေသည့်အစိမ်းရောင်အုတ်ခဲများနှင့် ဆင်တူသည်။
လုဝူက ဒေါသတကြီးဟိန်းဟောက်ပြီးနောက် ထိန်းချုပ်မထားဘဲ၎င်း၏စွမ်းအားကို ထုတ်သုံးလိုက်သည်။
ဖုန်း
လူတိုင်းသည် ပေါက်ကွဲမှုအလင်းတန်းများကြောင့်မျက်စိကြိမ်းသွားပြီးနားများအူလာသည်။ သူတို့က အဖြစ်အပျက်ကို မမြင်နိုင်သော်ငြား လုဝူနှင့်ယဲ့ကျန်းတို့ အသန်မာဆုံးတိုက်ကွက်ထုတ်သုံးမှန်း သိလိုက်၏။
ထိုစဉ် လုကျိုးက သူ့ကိုယ်ကာရန် ချုပ်နှောင်ရေးစည်းတံဆိပ်သုံးလိုက်သည်။
အရာအားလုံးငြိမ်သက်သွားချိန်တွင် ချင်ရန်ယွဲ့နှင့်ဓားသမား၄၉ယောက်က ထိတ်လန့်သွား၏။ သားရဲဧကရာဇ်လုဝူက အစွမ်းထက်လွန်းသည်။ မျက်စိတဆုံးမြင်သမျှ မြေပြင်က အေးခဲသွားသည်။
ထိုစဉ် လေထဲ၌အက်ကွဲသံပေါ်လာပြီး မွေးဖွားဇယားချပ် ၁၈ခုဖြင့် အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်က မြေပြင်ပေါ် မြှောက်တက်လာသည်။
ယဲ့ကျန်းကလည်း ဝေဟင်ထဲပျံသန်းနေတော့သည်။
ဘန်း
ပုံမှန်မဟုတ်သည့် ဧရာမရေခဲများသည် သူ၏ကြယ်တာရာဒိုင်ခွက်ကို တိကျစွာထိမှန်သွား၏။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆရာသခင်တစ်ဦး၏မွေးဖွားဇယားချပ်ကို ဖျက်ဆီးခြင်းအတွက် ဆုလာဘ်ကုသိုလ်မှတ် ၅၀၀၀ ရရှိပါတယ်”
“...”
ထိုစဉ် လူတိုင်းက မိုးကြိုးပစ်ခံလိုက်ရသလိုပင် မော့ကြည့်နေကြသည်။