← Chapters

အခန်း (၁၂၂၈-၁၂၃၀)

Vol. 82 Ch. 1228-1230

အခန်း (၁၂၂၈-၁၂၃၀)

Vol. 82 Ch. 1228-1230

အခန်း (၁၂၂၈) အဆင့် လျော့ကျခြင်း (၂)

ချင်ရန်ယွဲ့ ၏မျက်ဝန်းအထက် ထူးထူးဆန်းဆန်း အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။

ဓားသမား၄၉ယောက်ကလည်း နဂိုအရွယ်အစားထက် ၂ဆကျော်ကျုံ့သွားသည့် ကြယ်တာရာဒိုင်ခွက်များကို တုန်လှုပ်တကြီး ကြည့်နေကြ၏။

တခြားတစ်စုံတစ်ယောက်က အံ့သြတကြီး အော်ပြောလိုက်သည် ။

“သူက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားပြီ။ သူက အဆင့်လျော့ကျသွားပြီ”

“ဆရာသခင်တွေတောင် မွေးဖွားဇယားချပ်ကို လုဝူဆီမှာ ဆုံးရှုံးရတာပဲ။ လုဝူက တကယ့်ကို အရမ်း အားကောင်းလွန်းတယ်”

လုကျိုးက ကောင်းကင်အထက် ပေါ်ထွက်လာသည့် ရှေးဦးချီကို ကြည့်ရင်း သူ့ဘာသာသူ တွေးလိုက်သည်။

“တကယ်လို့ ငါ့ရဲ့အသေရိုက်ချက်ကတ်နဲ့ ၂ကြိမ် မရဏလှုံ့ဆော်ရေးနဲ့ မီးဇာမနည်ရဲ့ အကြွင်းမဲ့တိုက်ကွက်ကြောင့်သာ မဟုတ်ဘူးဆိုရင် လုဝူက သူ့မွေးဖွားဇယားချပ်ကို ဆုံးရှုံးအောင် လုပ်နိုင်မှာ မဟုတ်ဘူး...

ဆိုလိုသည်မှာ ယဲ့ကျန်းက သူ့မွေးဖွားဇယားချပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှုကို ၃ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့သည်။

ချင်ရန်ယွဲ့က သူ့ပတ်ဝန်းကျင်မှ စကားဝိုင်းကို ကြားသည့်အခါ ပြောလိုက်၏။

“အဲ့လိုမဖြစ်နိုင်ဘူး”

လုကျိုးက လှည့်ကာ မေးလိုက်သည်။

“သူ့ကို အဲ့လောက်တောင် ယုံကြည်တယ်လား”

ချင်ရန်ယွဲ့ကပြောလိုက်သည်။

“ယဲ့ကျန်းနဲ့ တိုက်ခိုက်လာတာ နှစ် ၅၀၀၀တောင် ရှိတော့မယ်။ ကျုပ်တို့တွေက ကြည်လင်တောင်ထိပ်မှာ တာအို မကြာခဏ ဆွေးနွေးလေ့ရှိတယ်။ ကျုပ်ထက် သူ့ကို ပိုပြီးသိတဲ့သူ ရှိမှာ မဟုတ်ဘူး။ သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းကို မြန်တယ်။ အစောပိုင်း သူ တတိယမွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ပြီးတဲ့နောက်မှာ သူမွေးဖွားဇယားချပ်ကို ကာကွယ်ဖို့ နည်းလမ်း ရှာခဲ့တယ်လေ။ ဆရာသခင်တွေတောင်မှပဲ မွေးဖွားဇယားချပ် ဆုံးရှုံးရတာကို စိုးရိမ်ကြတုန်းပဲ”

ချင်ရန်ယွဲ့က ဆက်ပြောလိုက်သည်။

“ယဲ့ကျန်းက သူ့ရဲ့ ၁၉ခုမြောက် အသက်ဓာတ်နှလုံးသားကို ရှာဖွေနေခဲ့တာ။ ဒီလိုအနေအထားမျိုးမှာ သားရဲဧကရာဇ်ရဲ့ အသက်ဓာတ်နှလုံးသားကို သုံးရင်တောင် ကျရှုံးနိုင်ချေ မြင့်မားတယ်။ နတ်သားရဲရဲ့ အသက်ဓာတ်နှလုံးသားကို သုံးရင် ပိုကောင်းတယ်။ ဒီနှစ်တွေတစ်လျှောက်မှာ သူက နတ်သားရဲကို ရှာဖွေနေခဲ့တာ။ သူက တခြားသူတွေထက်လည်း ပိုပြီးတော့ ရဲတင်းတယ်။ အဲဒါကြောင့် သူက သူ့မွေးဖွားဇယားချပ်ကို ကာကွယ်ဖို့ နည်းလမ်းရှိမှာ သေချာတယ်။ သူက သူတို့ကို ကာကွယ်ဖို့ ဘာမဆို လုပ်လိမ့်မယ်”

လုကျိုးက မေးလိုက်သည်။

“ဘယ်လိုနည်းလမ်းမျိုးလဲ”

ချင်ရန်ယွဲ့က ပခုံးတွန့်ကာ သူ မသိကြောင်း ပြလိုက်သည်။ ဤသည်က ကိုယ်ပိုင်ကိစ္စဖြစ်သည့်အတွက် ယဲ့ကျန်းက အလွယ်တကူ မည်သို့ ထုတ်ဖော်ပြောမည်နည်း။

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်လိုက်စဥ်အခါက ယဲ့ကျန်းရှေ့မှ ကွန်ဖြူးရှပ်ပညာရှင် ၃၆ယောက်သည် ခုခံကာကွယ်ပေးသည်မှာ ထူးဆန်းသည်ဟု မထင်ပေ။

“ဝုန်း”

လုဝူက ဆင်းသက်လာသည်။ ထိုအရာက ကောင်းကင်ကိုပင် လှုပ်ခတ်သွားစေနိုင်သည်။

ကြယ်တာရာဒိုင်ခွက်အောက်တွင် ပြင်းထန်သည့် ရှေးဦးချီတစ်ခု အစပျိုးလာသည်။ စွမ်းအင်များက ရေခဲကို ဖြတ်တောက်နေသည့် ဓားများသဖွယ်ဖြစ်သည်။

ဤတစ်ကြိမ် ယဲ့ကျန်း၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေလေ၏။ သူက အမုန်းတရားနှင့် ဒေါသတရားတို့ဖြင့် တောက်လောင်နေသည်။

ဓားသမား ၄၉ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယွမ်လန်က သက်ပြင်းချလိုက်၏။

“ဒီနေ့ကစပြီး ယဲ့ကျန်းက ဆရာသခင်တစ်ယောက် မဟုတ်တော့ဘူးပဲ။ အဲဒါဆိုရင် အစိမ်းရောင်ကြာနယ်မြေမှ ဆရာသခင် ၄ယောက် မရှိနိုင်တော့ဘူး”

“မဟုတ်ဘူး”

“သူက မွေးဖွားဇယားချပ် ဆုံးရှုံးသွားတယ်ဆိုရင်တောင် နောက်၃ရက်အတွင်းမှာ သူ့သက်တမ်းကို သုံးပြီး ပြန်လည်ကောင်းမွန်‌အောင် လုပ်နိုင်တယ်ဆိုရင် ဆရာသခင် ပြန်ဖြစ်သွားလိမ့်မယ်”

“...”

ချင်ရန်ယွဲ့ကသာ ထိုအကြောင်းကို ထုတ်မပြောခဲ့ပါက လုကျိုးအနေဖြင့် သိမည် မဟုတ်ပေ။

ဆရာသခင်များက အင်မတန် အားကောင်းလွန်းလှ၏။ မွေးဖွားဇယားချပ် ၁၈ခုဖြင့် သူတို့၏ အသက်က ‌ရှည်ကြာလွန်းပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ နည်းလမ်းများစွာ ရှိကြသည်။

“သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲဆိုတာ ကြည့်ရသေးတာပေါ့”

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ယူလိုက်သည်။ သူက အံ့ဖွယ်စွမ်းအားတချို့ကို ရွှေရောင်ထိုက်ရွှီကြေးမုံထဲ ထည့်သွင်းလိုက်သည်။ ဤတစ်ကြိမ် သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှ အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်သည် ချက်ခြင်းဆိုသလို အံ့ဖွယ်စွမ်းအားများ ကုန်ခမ်းသွားပြီး ပျောက်ကွယ်သွားလေ၏။

ရွှေရောင်အလင်းတန်းက ယဲ့ကျန်းပေါ် ဖြာကျလာသည်။

ရွှေရောင်အလင်းတန်းအောက်တွင် သေးငယ်သည့် စိတ်ဝိညာဥ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက မျက်လုံး၆လုံး၊ ခြေ၆ချောင်း၊ တောင်ပံ၃စုံရှိထားသည့် ကြက်တစ်ကောင်နှင့် တူလေသည်။ သို့သော်လည်း ထိုခေါင်း၃လုံး ရှိခဲ့ဖူးသည့်နေရာက ငုတ်တိုမျှသာ ကျန်ရှိတော့သည်။

ဤသို့ဖြင့် လုကျိုးက ယဲ့ကျန်းကို အမှတ်ရသွားလေသည်။

ချင်ရန်ယွဲ့က တအံ့တသြဖြင့်‌ ရေရွတ်လိုက်သည်။

“ခေါင်း၃လုံးငှက် ရှန့်ဖူပဲ”

မင်ရှစ်ရင်က ခေါင်းရမ်းလိုက်၏။

“ဒီလူတွေ ဘာတွေစဥ်းစားနေမှန်း မသိဘူး။ သူတို့က သမာသမတ်လမ်းစဥ်ကို မလျှောက်ဘဲနဲ့ ဒိဌိနည်းလမ်းကို ကျင်ကြံနေကြတာပဲ”

ချင်ရန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။

“အဲ့ဒါကြောင့် ငါက ယဲ့ကျန်းကို မကြိုက်တာပဲ။ သူက သမာသမတ်ကျတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းကဆိုပေမဲ့ သူက သူ့ကျင့်ကြံဆင့်အတွက် သူ့နှလုံးသားကိုတောင် မေ့ပစ်ခဲ့တယ်။ အပြင်ပိုင်းမှာတော့ လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်နေပြီးတော့ တကယ်တမ်းကျ သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို အစားထိုးဖို့ ရှန့်ဖူကို သန့်စင်နေခဲ့တာပဲ“

လုကျိုးက မေးလိုက်သည်။

“ခင်ဗျားက ယဲ့ကျန့်ကို သိလား”

“ယဲ့ကျန့်လား”

ချင်ရန်ယွဲ့က ခေါင်းယမ်းလိုက်သည်။ မင်ရှစ်ရင်က ပြောလိုက်သည်။

“ယဲ့ကျန့်ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်က ဒီ့ထက်တောင် ပိုပြီး ဆိုးသေးတယ်။ သူက ခေါင်း၉လုံး မကောင်းဆိုးဝါးလေ။ လူတော်တော်များများက အဲ့ဒီ့နည်းလမ်းကိုသုံးပြီး သူတို့ကိုယ်သူတို့ ကာကွယ်ကြတဲ့ပုံပဲ။ တခြားနယ်မြေက ကျင့်ကြံသူတွေကလည်း တကယ့်ကို မရိုးစင်းကြတာပဲ။ သူတို့က ဘယ်လိုများ အဲ့လိုလုပ်ခဲ့ပါလိမ့်”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အဲဒါက ရှေးဟောင်းစာအုပ်တွေက တားမြစ်နည်းလမ်းတစ်ခုပဲ။ သူက ဒီနည်းလမ်းကို တကယ်ကြီး သုံးလိမ့်မယ်လို့တော့ ထင်မထားမိခဲ့ဘူး။ သူက လက်ရည်စမ်းတိုင်းမှာ စိတ်ဝိညာဥ်သဏ္ဌာန်ကို မသုံးဖို့ အမြဲတမ်း တောင်းဆိုခဲ့တာ မထူးဆန်းတော့ဘူး”

“ဒါပေါ့”

“အဲ့လိုဆိုရင် သူ့ကိုယ်သူ ဖော်ထုတ်မိသလို ဖြစ်သွားမှာပေါ့။ လက်ရည်စမ်းတဲ့အထဲမှာ သူက ဘယ်လိုလုပ် အဲဒါကို သုံးရဲပါ့မလဲ”

မင်ရှစ်‌ရင်က ပြောလိုက်သည်။

“ခင်ဗျားက ယဲ့ကျန့်ကို တစ်ခါမှ မကြားဖူးဘူးလား”

“မကြားဖူးဘူး”

ချင်ရန်ယွဲ့က ခေါင်းယမ်းလိုက်၏။

လုကျိုးကို ထည့်တွက်၍ သူက အတော်လေးကို စိတ်ရှည်ထားရသည်။

“ယဲ့ကျန်း … ယဲ့ကျန့် သူတို့နာမည်တွေက ခပ်ဆင်ဆင် ဖြစ်နေရုံတင်မကဘူး။ ၂ယောက်လုံးက ကွန်ဖြူးရှပ်ပညာရှင်တွေလည်း ဖြစ်နေသေးတယ်။ ပြီးတော့ သူတို့ဝတ်ပုံကလည်း တူတယ်”

မင်ရှစ်ရင်က ပြောလိုက်သည်။

ချင်ရန်ယွဲ့က စဥ်းစားလိုက်၏။

“ယန်နန်ကောင်းချီးနယ်မြေကလူတွေကပဲ အဖြေ ရှိလိမ့်မယ်”

……………..

ရှေးဦးချီမုန်တိုင်းက ဖြည်းဖြည်းချင်း ငြိမ်ကျသွားခဲ့သည်။ ဤတစ်ကြိမ် ကြယ်တာရာဒိုင်ခွက်ကလည်း ပျောက်ကွယ်သွားခဲ့၏။

လုဝူက ကောင်းကင်အထက် ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။

“မင်းက ငါ့ကို သတ်နိုင်မယ်များ ထင်နေလား”

ယဲ့ကျန်းက မောပန်းစွာ ဟောဟဲစိုက်နေရင်း သူ့လက်မောင်းသူ မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက သူ့ရင်ဘတ်သူထိပြီး အိပ်မက်မက်နေတာလားဟု စဥ်းစားနေ၏။

ရုတ်တရက်ဆိုသလို လုဝူက မြေကြီးကို ဆောင့်နင်းလိုက်သည်။

မင်ရှစ်ရင်က ပျော်ရွှင်စွာ ပြောလိုက်သည်။

“သူ့စိတ်ဓာတ်ကိုတော့ သဘောကျသွားပြီ”

“စန်းရှစ်ရှိုး ကျွန်တော်တို့တွေ သားရဲချင်း လဲလို့ မရဘူးလား။ ကျွန်တော့ရဲ့ ခွေးလေးကို ပေးမယ်လေ”

တွမ့်မူရှန်းက မတုံ့ပြန်ပေ။ ထိုအစား သူက ပြုံးလျက် နယ်ရှင်လှံကို ညာဘက်လက်မှ ဘယ်ဘက်လက်ဆီ ပြောင်းကိုင်လိုက်သည်။

“...”

“ဝုတ် ဝုတ် ဝုတ်”

ချုံးချီက ခေါင်းမော့ကာ အကြိမ်ရေအနည်းငယ် ဟောင်လိုက်သည်။

ဤတစ်ကြိမ် ထိုအရာက လုဝူသည် ယဲ့ကျန်း၏ မွေးဖွားဇယားချပ် နောက်ထပ်တစ်ခုကို ယူတော့မည့်ဆဲဆဲတွင် အဝေးမှ အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“ဆရာသခင်ယဲ့ကို ကျုပ်မျက်နှာကိုထောက်ပြီး လွှတ်ပေးပါ”

တောင်တန်းများကို ပြိုကျသွားပြီး ဆူနာမီကိုပင် ဖြစ်ပေါ်လာစေသည့် လက်ဝါးစည်းတံဆိပ်က အဝေးမှ ပျံ့လွင့်လာသည်။

လုဝူက နောက်ဆုတ်ရုံသာမက အော်ဟစ်ကာ လက်ဝါးစည်းတံဆိပ်ကို ရိုက်ထုတ်လိုက်သည်။

“သားရဲ ကိုယ့်နေရာကိုယ်သိ”

ကြယ်တာရာဒိုင်ခွက်က ကောင်းကင်အထက် ပျံ့လွင့်လာသည်။

ချင်ရန်ယွဲ့နှင့် ယဲ့ကျန်းတို့နှင့် ကွဲပြားသည့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ လုကျိုးက လုဝူသည် ယခင်ထက် အနည်းငယ် နှေးကွေးသွားကြောင်း သတိထားမိလိုက်သည်။ သူ့အနေဖြင့် တစ်စုံတစ်ခု လွဲမှားနေကြောင်း သိလိုက်၏။ သူက ရှေ့သို့ တိုးကာ လျှော့ချရေးကတ်တစ်ကတ်ကို ချေမွလိုက်ပြီး ပြောလိုက်သည်။

“ဘယ်သူက ကိုယ့်နေရာကိုယ် မသိတာလဲဆိုတာကို သိချင်မိသား”

လျှော့ချရေးကတ် ကြေမွသွားပြီးသည့်နောက်တွင် အစိမ်းရောင် အလင်းတန်းက ဖမ်းဆီးဖို့ရန် မြန်ဆန်လွန်းသည့် အနက်ရောင်ပုံရိပ်ထံ ကျရောက်လာသည်။

ဆရာသခင်က မိုးကောင်းကင်မှ မွေးဖွားလာသည်ဟု ဆိုကြလေ့ရှိသည်။ သူက တာအိုစွမ်းအားနှင့် မိုးမြေစွမ်းအားကို အသုံးပြုနိုင်သည်။ သို့သော်လည်း အစိမ်းရောင်အလင်းတန်းက ထိုအနက်ရောင်ပုံရိပ်ဆီ ကျရောက်လာသည့်အခါ ကောင်းကင်မှ သူ့ကို ခွင့်လွှတ်လိုက်သဖွယ်ဖြစ်ကာ ရှေးဦးချီများကို ကုန်ဆုံးသွားစေသည်။

အနက်ရောင်ပုံရိပ်က သူ့မွေးဖွားဇယားချပ်သည် သူ့နှလုံးသားကို ထိုးဖောက်၍ ဆုပ်ကိုင်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည့်အခါ တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။

“မဖြစ်နိုင်တာ”

ဆရာသခင်များက မွေးဖွားဇယားချပ် ဆုံးရှုံးရသည်ကို အကြောက်ဆုံး ဖြစ်၏။ သူတို့ကာကွယ်လိုသည့်အရာများက သူတို့၏ မွေးဖွားဇယားချပ် ၁၈ခုသာ ဖြစ်လေသည်။

အနက်ရောင်ပုံရိပ်က လုကျိုးကို ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်သည်။ သူက လုဝူကို တိုက်ခိုက်ဖို့ကို လက်လျှော့လိုက်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူထွက်မပြေးခင် သူက အနက်ရောင်ဖဲပြားတစ်ခုကို ထုတ်ကာ ယဲ့ကျန်းကို ရစ်ပတ်လျက် ခေါ်ဆောင်သွားလေသည်။

လုဝူက ဒေါသတကြီး ပြောလိုက်သည်။

“ထွက်သွားရဲတယ်လား”

“သူတို့ကို လွှတ်လိုက်”

လုကျိုးက ပြောလိုက်သည်။ ယနေ့အပြီးတွင် ဆရာသခင်များအပေါ် သူ့နားလည်နိုင်စွမ်းက သိသိသာသာ နက်နဲလာသည်။ လျှော့ချရေးကတ်၏ အချိန်က တိုတောင်းပြီး ယဲ့ကျန်းက ဆရာသခင်ဖြစ်သည့် အကူအညီတစ်ယောက် ရှိထားလေသည်။ လုဝူသာ သူတို့နောက်လိုက်သွားပါက သေနိုင်ဖွယ်ရှိ၏။

လုဝူက လုကျိုးစကားကို နားထောင်ကာ ယဲ့ကျန်းကို လိုက်ဖမ်းမည့်အတွေးအား လက်လျှော့လိုက်၏။

သူက ခေါင်းကို ဂုဏ်ယူစွာ မော့ထားပြီး ပြောလိုက်၏။

“နောက်တစ်ကြိမ်ကျရင် အဲ့ဒီ့ခွေးကောင်ရဲ့အသက်ကို ယူပြမယ်”

“ဝုတ် ဝုတ် ဝုတ်”

ချုံးချီက ဆန္ဒပြလိုက်သည်။

“မင်းကို ပြောနေတာမဟုတ်ဘူး။ ဘေးဖယ်စမ်း”

လုဝူက ပြောရင်း ချုံးချီနှင့် မင်ရှစ်ရင်ဘေးကို မှုတ်ထုတ်လိုက်၏။

ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ဦးက တိတ်တဆိတ်နှင့် ကြောင်ကြောင်အမ်းအမ်းသာ ကြည့်နေကြသည်။

...

အခန်း (၁၂၂၉) ဆရာသခင်များ၏ သဘာဝရန်သူ

မင်ရှစ်ရင်နှင့် ချုံးချီကို ဘေးသို့မှုတ်ထုတ်ပြီးနောက် လုဝူသည် ၎င်း၏အဖြစ်ကို သဘောပေါက်သွား၏။ ၎င်း၏လက်ကို အမြန်မြှောက်ကာ မင်ရှစ်ရင်နှင့်ချုံးချီကို ကာကွယ်လိုက်သည်။ ပြီးနောက် သူက ပြောလိုက်တော့၏။ “ငါတောင်းပန်ပါတယ်”

ချင်ရန်ယွဲ့နဲ့ ဓားသမား ၄၉ယောက် “...”

ခမ်းနားထည်ဝါပြီး မောက်မာထောင်လွှားတဲ့ သားရဲဧကရာဇ်လုဝူက ခေါင်းငုံ့ပြီး အငယ်ကို တောင်းပန်တယ်တဲ့လား။

ဆိုရလျှင် ချင်ရန်ယွဲ့သည် ဆရာသခင်တစ်ပါးဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် အစွမ်းထက်လာရုံသာမက ဗဟုသုတအတွေ့အကြုံလည်း ကြွယ်လာသည်။ သားရဲဧကရာဇ်များအပေါ် သူ၏နားလည်သဘောပေါက်ထားမှုအရ သူတို့သည် သာလွန်သည်ဟူသော ခံစားချက်ရှိ၏။ သူတို့မှားခဲ့လျှင်တောင် ဘယ်တော့မှ ဝန်မခံ။ ထို့ကြောင့် သူသည် လုဝူတောင်းပန်လိုက်သည့် ချုံးချီ၏ကျောပေါ်ရှိ မင်ရှစ်ရင်ကို သိချင်စိတ်ဖြင့် လှမ်းမကြည့်ဘဲ မနေတော့ပေ။ မင်ရှစ်ရင်၏အရှိန်အဝါက ဟန်ချက်ညီပြီးတည်ငြိမ်နေတာကို အာရုံခံမိသည်။ တကယ်ပင် သူ့ရှေ့မှ လူသည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မွေးဖွားစမ်းသပ်မှုနှစ်ခုလောက်ကို ဖြတ်ကျော်ရန် ပြဿနာမရှိလောက်ပေ။ သို့သော် လုကျိုးကသာ လုဝူကြောက်ရွံ့ရသည့်သူမှန်း သူသိနေ၏၊။

ချင်ရန်ယွဲ့သည် တာအိုစွမ်းအားကို ပြသသွားသည့် အနက်ရောင်ပုံရိပ်ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့်လည်း အံ့ဩသွားတော့သည်။ သူလည်း ဆရာသခင်တစ်ပါးဖြစ်မှန်း သိသာ၏။ သို့သော် ထိုအစိမ်းရောင်အလင်းက ပုံရိပ်ပေါ်ကျရောက်ပြီး မကြာမီ၌ အနက်ရောင်ပုံရိပ်က အလျင်စလိုထွက်သွားတော့၏။

ကိစ္စတစ်ခုလုံးက ရှုပ်ထွေးနေသည်ဟု ခံစားမိသည်။

ထိုစဉ် လုကျိုးကလည်း ချင်ရန်ယွဲ့နည်းတူ အတွေးများစွာရှိနေသည်။ သူက အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့၏။ လျော့ချရေးကတ်ကို မေ့လျော့ခဲ့တာကို မယုံနိုင်ပေ။ လျော့ချရေးကတ်သည် ဆရာသခင်များ၏ သဘာဝရန်သူ မဟုတ်ပါလော။ ဆရာသခင်များသည် မွေးဖွားဇယားချပ်ပျက်စီးမှာကို အကြောက်ရွံ့ဆုံးဖြစ်ပြီး လျော့ချရေးကတ်က ကြယ်တာရာဒိုင်ခွက်မှ မွေးဖွားဇယားချပ်တစ်ခုကို တိုက်ရိုက်ဖယ်ရှားနိုင်၏။ ၎င်းက သာလွန်သောလက်နက်တစ်ခုဖြစ်သည်။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ကြည့်ပြီးလျော့ချရေးကတ်၏ တန်ကြေးကို စစ်ဆေးလိုက်သည်။ ၎င်းသည် ကုသိုလ်မှတ် ၂၀၀၀၀ဖြစ်သည်။ ဆိုလိုသည်က သူ အစောတုန်းက တစ်ခုဝယ်ပြီးနောက် ဈေးတက်သွားသည်။ ကတ်၏ပုံမှန်အာနိသင်က လုံလောက်အောင်ကောင်းနေပြီးသားဖြစ်သည်။ သူက အဆင့်မြင့်ဗားရှင်းအဖြစ် ပေါင်းစည်းခဲ့လျှင် ၎င်းက ဆရာသခင်တစ်ပါး၏ အိပ်မက်ဆိုး ဖြစ်လာလိမ့်မည်။

အဆင့်မြင့်လျော့ချရေးကတ်သည် ပစ်မှတ်၏မွေးဖွားဇယားချပ်ထဲမှ တစ်ခုကို ထာဝရ ဖယ်ရှားပေးနိုင်သည်။ တိုးမြှင့် လျှော့ချရေးကတ်တစ်ကတ်သည် ပစ်မှတ်၏မွေးဖွားဇယားချပ်ထဲမှ တစ်ခုကို ထာဝရဖယ်ရှားပေးနိုင်၏။ အဆင့်မြင့်တိုးမြင့်လျော့ချရေးကတ်ကမူ ပစ်မှတ်၏ မွေးဖွားဇယားချပ်ထဲမှ ငါးခုကို ထာဝရဖယ်ရှားပေးနိုင်သည်။ ထို့အပြင် အစွမ်းအထက်ဆုံး မွေးဖွားဇယားချပ်၏ အသက်ဓာတ်နှလုံးသားကို ဖယ်ရှားပေးနိုင်ရန် အခွင့်အလမ်းလည်းရှိသည်။

ပြီးနောက် လုကျိုးသည် လျော့ချရေးကတ်အောက်ရှိ မှတ်စုကို သတိပြုမိသွား၏။ သူတော်စင်များ သို့မဟုတ် သူတော်စင်တို့ထက် ပိုသန်မာသူများကို ရင်ဆိုင်ရာတွင် အသုံးပြုရန် သင်က စနစ်ကို အဆင့်မြှင့်တင်ရန် လိုအပ်သည်။

လုကျိုးက ၎င်းကိုအာရုံသိပ်မစိုက်ခဲ့ပေ။ နောင်အတွက်ထားနိုင်၏။ ပြီးနောက် သူက ကုသိုလ်မှတ်များကို စစ်ဆေးလိုက်သည်။

ကုသိုလ်မှတ်= ၁၉၈၇၆၀

လုကျိုးသည် တွေဝေမနေဘဲ လျော့ချရေးကတ် သုံးခုကို ဝယ်လိုက်ပြီး ပေါင်းစည်းရေးကတ်တစ်ကတ် ဝယ်လိုက်၏။ ၎င်းက သူ့ကို ကုသိုလ်မှတ် ရှစ်သောင်းကျော် ကျသင့်စေပြီး ကုန်ကျစရိတ်ကို သူ လက်ခံနိုင်၏။ ဆိုရလျှင် ဤကတ်သည် ဆရာသခင်တို့၏ သဘာဝရန်သူဖြစ်သည်။

တစ်ချိန်တည်းတွင် ယဲ့ကျန်းကို သယ်ဆောင်ထားသည့်အနက်ရောင်အရိပ်က ရထားလုံးဆီ ပျံသွားတော့သည်။ သူ၏အရိပ်ကို ယခုအချိန်၌ မမြင်ရပေ။ သူက မျက်နှာကိုကာထားသည့် အနက်ရောင်ပုံရိပ်ကို စုတ်ဖြဲလျက် အဝေးကိုကြည့်ကာ သူ့လက်များကို ကြည့်လိုက်သည်။ လက်က တုန်ယင်နေပြီး ချွေးစေးများပြန်နေ၏။

အစောတုန်းက စက္ကန့်၂၀စာကြာအောင် သူသည် ငရဲထဲကျသွားသလို ခံစားရ၏။ မမြင်ရသည့် လက်တစ်စုံက သူ၏နှလုံးသားထဲ တူးထုတ်နေသလိုပင်။ သူ ဧရာမကပ်ဘေးတစ်ခုမှ လွတ်မြောက်လာသည်ဟု ခံစားလိုက်ရသည်။

သူက ကုန်းပတ်ပေါ်တွင်ရပ် မှောင်မည်းနေသောကောင်းကင်ကို အချိန်အတော်ကြာကြာကြည့်ပြီးနောက် အသက်ရှူကာ တဖြည်းဖြည်းချင်း သတိပြန်လည်ဆောက်တည်လိုက်၏။

“မင်း ပြန်ကောင်းသွားပြီလား”

သူသည် ကုန်းပတ်ပေါ်တွင်ထိုင်နေသော ယဲ့ကျန်းကို လှည့်ကြည့်လိုက်၏။

“ကြီးမြတ်တဲ့ ဆရာသခင်တစ်ပါးက ဒီအခြေအနေထိဖြစ်သွားတာကို တွေးကြည့်ရင် ..."

ယဲ့ကျန်းက အတွေးနစ်နေပြီး ရှေ့သို့ အသက်ကင်းမဲ့စွာ စိုက်ကြည့်နေ၏။ ခဏအကြာတွင် သူ၏အတွေးများကို ပြန်လည်ဆောက်တည်ကာ ဆံပင်နှင့်အဝတ်အစားများကို သေသပ်အောင် လုပ်လိုက်၏။ ပြီးနောက် သူက ထရပ်လျက် အနက်ရောင်ပုံရိပ်၏ဘေးတွင် ရပ်လိုက်တော့သည်။

“ကျေးဇူးပါ”

“ယန်နန်ရဲ့ ကောင်းချီးမြေက ချင်ရန်ယွဲ့ကို မယှဉ်နိုင်ဘူးလို့ ငါ ပြောခဲ့သားပဲ” အနက်ရောင်ပုံရိပ်က ပြောလိုက်၏။

“ကျုပ် အားလုံးကို ဂရုတစိုက်ထည့်တွက်ခဲ့တယ်။ ဒါပေမဲ့ သူ အကူအညီပေးနိုင်တဲ့သူ တစ်ယောက် ရှာတွေ့နိုင်မှာကို သတိမမူမိဘူး” ယဲ့ကျန်းက ပြောလိုက်၏။

“အဲဒီလူက ဘယ်သူလဲ”

ယဲ့ကျန်းသည် ယဲ့ဝူရှန်း၏စကားများကို ပြန်တွေးပြီး အစောတုန်းက ဖြစ်ခဲ့သမျှအားလုံးကို ပြန်တွေးလိုက်၏။

“သူက ရွှေကြာနယ်မြေက ပညာရှင်ပဲ”

“ရွှေကြာနယ်မြေလား။ ယဲ့မျိုးနွယ်ရဲ့ လွတ်လပ်သူတွေက သတင်းပို့ခဲ့လား”

“သူတို့တွေ အများကြီးမကျန်ဘူးလေ။ အဲ့ဒီတုန်းက ယဲ့မျိုးနွယ်က တခြားနယ်မြေတွေဆီ လွတ်လပ်သူတွေကို လွှတ်ခဲ့တာ။ နှစ်တစ်ထောင်ကြာပြီးနောက် နည်းနည်းပဲကျန်တော့တယ်။ အဆုံးကျ လွတ်လပ်သူတွေရဲ့တာဝန်ကို ကျုပ် အဆုံးသတ်ပေးခဲ့တယ်” ယဲ့ကျန်းက ပြောလိုက်၏။

ထိုပုံရိပ်က လေးနက်တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။

“အဲ့ဒီလူက လုဝူကို ယဉ်ပါးအောင်လုပ်ပြီး မင်းကို အနိုင်ယူခဲ့တယ်။ သူက ဆရာသခင်တစ်ပါးထက် ပိုသန်မာတယ်”

“သူ့မှာမွေးဖွားဇယားချပ် ၁၉ခု ဒါမှမဟုတ် အခု၂၀ရှိနေတယ်လို့ ပြောတာလား” ယဲ့ကျန်းက မေးလိုက်သည်။

“အခုက မှန်းဆချက်သပ်သပ်ပဲ ငါတို့ သတင်းအချက်အလက် နည်းလွန်းနေတယ်။ သူ့ဆီမှာ ရတနာတွေအများကြီး ရှိတာလည်းဖြစ်လောက်တယ်။ ဒါ့အပြင် မီးဇာမဏီကြောင့်မဟုတ်ရင် မင်း သူ့ကို မရှုံးလောက်တာလည်းဖြစ်နိုင်တာပဲ”

မီးဇာမဏီအကြောင်းထည့်ပြောသောအခါ ယဲ့ကျန်း၏အမူအရာတို့ ချက်ချင်းမှုန်မှိုင်းသွားသည်။ ကွန်ဖြူးရှပ်စာသင်သား ၃၆ဦးသေပြီး ခုနစ်စင်ကြယ်အလံအစီအရင်က ဖျက်ဆီးခံလိုက်ရ၏။ သူ ပြန်သွားသည့်အချိန်၌ သူတော်စင်များက သူက မည်ကဲ့သို့ရှင်းပြရတော့မည်နည်း။ သူ သက်ပြင်းချလိုက်မိသည်။

“မင်းက ဆရာသခင်တစ်ပါးပဲ၊ ဒီတော့ ငါ မင်းကို များများစားစားမပြောတော့ဘူး။ မင်းကို သုံးရက်အတွင်း ယန်နန်ကို ပြန်ပို့ပေးမယ်” အနက်ရောင်ပုံရိပ်က ပြောလိုက်၏။

ယဲ့ကျန်းက စကားဆက်မပြောတော့ပေ။

တိုးမြင့်လျော့ချရေးကတ်ကို ပေါင်းစည်းပြီးနောက် လုကျိုးသည် ယုံကြည်ချက်ရှိသွားတော့သည်။ သူသည် မီးဇာမဏီကြောင့် သက်ရောက်ခံလိုက်ရသည့်နေရာကို လေ့လာလိုက်သည်။

အရာအားလုံးတိတ်ဆိတ်နေ၏။ ဤနေရာသို့ ကြမ်းတမ်းခက်ထန်သားရဲများတောင် ချဉ်းကပ်မလာရဲချေ။ ယခု ကပ်ဘေးလွန်သွားပြီဖြစ်ကာ အနက်ရောင်မြူများက လေထဲဝေ့တက်လာပြီး လေသံများ တောက်ပလာ၏။

နောက်ဆုံးတွင် လုကျိုးက မေးလိုက်တော့သည်။

“ယဲ့ကျန်းကို ဘယ်သူကယ်သွားလဲသိလား”

ချင်ရန်ယွဲ့က ခေါင်းခါလိုက်၏။ “သူ့ရဲ့အရှိန်အဝါကို ဖုံးကွယ်ထားတာကြောင့် ကျုပ် မပြောနိုင်ဘူး”

“အစိမ်းရောင်ကြာနယ်မြေက ဆရာသခင်လေးပါးပဲရှိတယ်။ မင်းနဲ့ ယဲ့ကျန်းအပြင် ထော့ပါစစ်ချန်းနဲ့ ဖန်ကျုံးပဲရှိမယ်” မင်ရှစ်ရင်က မေးလိုက်၏။

ချင်ရန်ယွဲ့က ပြောလိုက်သည်။ “ရှိတာပေါ့ ... ဒါပေမဲ့ အဲ့ဒီလူရဲ့ လှုပ်ရှားမှုက ထူးဆန်းပြီး မူမမှန်ဘူး။ သူ့ရဲ့တာအိုစွမ်းအားက နည်းနည်းနှေးစေတဲ့ ကျင့်စဉ်ဖြစ်ပုံပဲ။ ဒီတော့ ထော့ပါစစ်ချန်နဲ့ ဖန်ကျုံး မဖြစ်နိုင်ဘူး”

လုကျိုးက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ “ဒီတော့ ပဉ္စမမြောက် ဆရာသခင်တစ်ပါးရှိတယ်ပေါ့”

“အစိမ်းရောင်ကြာနယ်မြေ ဒါမှမဟုတ် အမည်မသိကုန်းမြေထဲမှာ သီးသန့်နေနေတဲ့ ဆရာသခင်တစ်ပါး ဖြစ်လောက်တယ်။ ဒါပေမဲ့ သူ့ရဲ့ကြယ်တာရာဒိုင်ခွက်က ကောင်းကင်လို မှောင်မည်းနေတာ။ အစိမ်းရောင်ကြာနယ်မြေနဲ့က ဆင်တူသလိုလိုရှိပေမဲ့ ကွဲပြားနေတယ်”

မင်ရှစ်ရင်က မေးလိုက်သည်။ “တာအိုစွမ်းအားက ဘာများလဲ”

ချင်ရန်ယွဲ့က မင်ရှစ်ရင်ကို ကြည့်ပြီးပြောလိုက်၏။

“မောင်ရင် အခုတော့ ရည်မှန်းချက် သိပ်မကြီးနဲ့ ကြိုးစား။ တာအိုစွမ်းအားက မင်း ရဖို့အလှမ်းဝေးသေးတယ်”

မင်ရှစ်ရင်က စကားပြောတော့မည့်အချိန်တွင် လုဝူကအသံတိုးတိုးဖြင့် ဝင်ပြောလိုက်၏။ "ခင်ဗျား သူ့ကို ဖြေပေးလိုက်ရင် အကောင်းဆုံးပဲ။

ချင်ရန်ယွဲ့က မှင်သက်သွားတော့သည်။ ပြီးနောက် မျက်လုံးထောင့်နေ လုကျိုးကိုတစ်ချက်ကြည့်လိုက်ရာ လုကျိုး သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အလေးအနက်ပြောလိုက်၏။

“တာအိုက အရာအားလုံးကို ပျိုးထောင်တယ်။ တာအိုက နေနဲ့လကို လှည့်ပတ်စေတယ်။ တာအိုက ရာသီတွေ ပြောင်းလဲပေးတယ်။ တာအိုက မိုးနဲ့မြေရဲ့အုတ်မြစ်ပဲ။ သူက နေရာအနှံ့မှာတည်ရှိတယ်။ လူသားတွေက ကျင့်ကြံတဲ့အချိန် မိုးနဲ့မြေကို ဖီဆန်ပြီး မိုးနဲ့မြေရဲ့ အတားအဆီးတွေကို ဆက်တိုက်ဖျက်နေမိတာ”

“ဥပမာအနေနဲ့ ဒီဓား” ချင်ရန်ယွဲ့က လက်နှစ်ချောင်းမြှောက်လိုက်၏။ ယွဲ့နန်၏လက်ထဲရှိဓားက သူ့ဘေးသို့ ရောက်လာသည်။ “ကျုပ် ဒါကို လျစ်လျူရှုလိုက်ရင် သူက မြေပြင်ပေါ်ပြုတ်ကျသွားမှာ။ ဒါက တာအိုစည်းမျဉ်းကို လိုက်နာတာပဲ”

ဝှစ်

ဓားက ပြုတ်ကျပြီး မြေကြီးထဲထိုးစိုက်သွား၏။ “ကျုပ် ဒါကို စွမ်းအင်နဲ့ထိန်းချုပ်ရင် သူက မူလစည်းမျဉ်းတွေကို သွေဖည်တယ်”

ချင်ရန်ယွဲ့သည် လက်နှစ်ချောင်းဖြင့် ဓားကို ထိန်းချုပ်လိုက်၏။

ဝှစ်

ဓားကိုယ်တိုင် ပျံတက်လာပြီး လေထဲရောက်လာပြန်၏။

“ဆရာသခင်မဟုတ်တဲ့ ကျင့်ကြံသူတွေက အတားအဆီးတွေကို ဆက်တိုက်ချိုးဖြတ်နေတာ။ ဆရာသခင်တွေက အတားအဆီးတွေကို အသုံးချနိုင်တယ်။ တာအိုက သူ့ရဲ့အထွတ်အထိပ်အချိန်မှာ သူထုတ်သုံးတဲ့စွမ်းအားက တာအိုစွမ်းအားပဲ” ချင်ရန်ယွဲ့က ရှင်းပြလိုက်၏။

မင်ရှစ်ရင်က လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။ "ရှင်းပြချက်အတွက် ကျေးဇူးပါပဲ။ တာအိုစွမ်းအား ဘယ်နှမျိုးရှိလဲ”

ချင်ရန်ယွဲ့က ပြန်ပြောလိုက်၏။ "အများကြီးပဲ။ တာအိုက နိယာမဖြစ်ရမယ်လို့ တွေးထားလိုက်။ ရှေးသူတော်စင်က အစွမ်းအထက်ဆုံးနိယာမက အချိန်လို့ ယုံကြည်ကြတယ်”

...

အခန်း (၁၂၃၀) စည်းမျဥ်းများ

“ဆရာသခင် မဟုတ်တဲ့ ကျင့်ကြံသူတွေက ကျင့်ကြံရေးကနေတစ်ဆင့် သူတို့ရဲ့သက်တမ်းကို တိုးမြှင့်နိုင်တယ်။ အဲဒါက အချိန်စည်းမျဥ်းကို ချိုးဖောက်ခြင်းလို့ မှတ်ယူနိုင်တယ်”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

မင်ရှစ်ရင်က ခေါင်းကုတ်ကာ

“အော် သိပြီ။ ဆရာသခင်တွေက အချိန်တွေကို ပြောင်းပြန်လှန်နိုင်တယ်လို့ ပြောနေတာလား”

ချင်ရန်ယွဲ့က ခေါင်းယမ်းလိုက်သည်။

“အချိန်ကို ပြောင်းပြန်လှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့က နှေးအောင်လုပ်နေတာ။ အချိန်ဆိုတာက တာအိုတစ်ခုပဲ။ သူ‌တော်စင်တွေတောင်မှပဲ အချိန်ကို နောက်ပြန်ဆုတ်နိုင်တယ်လို့ ပြောရဲမှာ မဟုတ်ဘူး”

ချင်ရန်ယွဲ့၏ စကားအဆုံးတွင် သူက လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။

“တကယ်လို့ ကျုပ်စကားတွေက မှားတယ်ဆိုရင်လည်း လောင်ချန်းပေ့က မှန်အောင် ပြန်ပြင်ပေးဖို့ မျှော်လင့်ပါတယ်”

ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးက ခင်ဗျားရဲ့ တပည့်ပဲလေ။ ကျုပ်သာ မှားသွားတယ်ဆိုရင် ခင်ဗျားရဲ့တပည့်တွေကို လမ်းမှား ဦးတည်သလို ဖြစ်မနေဘူးလား

“...”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ ကမ္ဘာမှာ စည်းမျဥ်းထောင်ချီ ရှိတယ်။ အချိန်က အားကောင်းတဲ့တစ်ခုတည်း အရာ မဟုတ်ဘူး”

ချင်ရန်ယွဲ့က ကြောင်အမ်းသွားသည်။ သူက လက်နှက်ဖက်ယှက်ကာ ပြောလိုက်သည်။

“ကျုပ် ရှင်းပြချက်ကို ကြားချင်ပါသေးတယ်”

ဓားသမား၄၉ယောက်ကလည်း ထိုပညာရှင်၏ စကားများကို နားစိုက်ကာ ထောင်လိုက်ကြသည်။ မည်သို့ပင် ဆိုစေကာမူ ပညာရှင်တစ်ယောက်၏ အတွေးအမြင်များက အကူအညီ ဖြစ်စေ၏။ ထို့ကြောင့် သူတို့အားလုံးက ဥာဏ်အလင်းပွင့်ဖို့ရာ နှိမ့်ချစွာ စောင့်ဆိုင်းနေကြသည်။ လုကျိုးက ပြောလိုက်၏။

“အချိန်က ကမ္ဘာကြီးအတွက် ‌အပြောင်းအလဲကို ဖြစ်စေတယ်။ အချိန်က လူတွေကို သက်တမ်းကြီးရင့်စေပြီးတော့ သေခြင်းတရားကိုလည်း ဆောင်ကြဥ်းပေးတယ်။ တကယ့်ကို အားကောင်းလွန်းတယ်။ အဲ့ဒီ့မှာ စကြာဝဠာထဲ အာကာသစည်းမျဥ်းဆိုတာလည်း ရှိနေတယ်။ မျှခြေစည်းမျဥ်းနဲ့ ရှေးရိုးစည်းမျဥ်းတွေလိုမျိုး အားကောင်းတဲ့ စည်းမျဥ်းတွေလည်း ရှိတာပဲ။ ရှင်သန်မှုဆိုတာ ရှိနေသ၍ စည်းမျဥ်းတွေဆိုတာလည်း အမြဲတမ်း တည်ရှိနေမှာ”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်။

“ကျုပ်လည်း သဘောတူတယ်။ လူသားမျိုးနွယ်က စည်းမျဥ်းတွေနဲ့ ကန့်သတ်ခံထားရတာ။ လောင်ချန်းပေ့ပြောသလိုမျိုး သူတို့က တောအုပ်စည်းမျဥ်း မျှခြေစည်းမျဥ်းတွေနဲ့ ချုပ်နှောင်ခံထားရတယ်။ တကယ်ကို စွမ်းအားကြီးပုဂ္ဂိုလ်ကပဲ အဲ့ဒီ့စည်းမျဥ်းတွေကို ချိုးဖောက်နိုင်လိမ့်မယ်”

အားလုံးက ဥာဏ်အလင်းပွင့်သွားသည့် အမူအရာမျိုး ရှိနေကြသည်။

သူတို့က တခြားသူများကို ချုပ်နှောင်ထားသည့် စည်းမျဥ်းများကို လျစ်လျူရှုလိုက်ထားသည်။ သူက အမှန်တကယ် အားကောင်းသည်ဟု ဆိုရပေမည်။

ဤသို့ဖြင့် ဆရာသခင်များကပင် အနည်းငယ် လိုအပ်နေသေး၏။

လုကျိုးက မုတ်ဆိတ်သပ်ကာ သူ့ဘာသာသူ တွေးလိုက်သည်။

တော်သေးတာပေါ့။ ကမ္ဘာမြေက အတွေးအခေါ်တချို့ကို မှတ်မိလို့။ အတွေးအခေါ်တွေက ဝေဝါးနေတာဆိုတော့ ငါဘယ်လိုပဲပြောပြော မှားမှာမဟုတ်ဘူး...

“လောင်ချန်းပေ့ရဲ့ နာမည်ကို သိပါရစေ”

ချင်ရန်ယွဲ့က လုကျိုးနှင့် သိကျွမ်းလိုသည်။ သူက လုကျိုးနှင့် ရှိလို၏။ ယဲ့ကျန်းက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားသော်လည်း ပြန်လည် ကောင်းမွန်လာလိမ့်မည်။ ပို၍အရေးကြီးသည်က သူသည် ယနေ့ ယဲ့ကျန်းကို ရန်စခဲ့မိ၏။ ထို့ပြင် ယဲ့ကျန်းက လျှို့ဝှက်ဆန်းကြယ် ကူညီထောက်ပံ့သူတစ်ယောက် ရှိနေလေသည်။

“ငါ့ရဲ့ မျိုးရိုးက လု”

လုကျိုးက ပြောလိုက်သည်။

“ဆရာသခင်လုကို ဂါရဝပြုပါတယ်”

ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ဦးက ပြိုင်တူ ပြောလိုက်ကြသည်။

“...”

ထားလိုက်ပါတော့။ သူတို့ကို နားလည်မှုလွဲအောင်ပဲ ပစ်ထားလိုက်တော့မယ်။

လုကျိုးက ဆရာသခင်ဟု ခေါ်ဆိုရခြင်းကို နေသားမကျသေးပေ။ သူ့စွမ်းအားက ဆရာသခင်ထက် နိမ့်ကျခြင်း မရှိသော်လည်း သူ့ တကယ့်ကျင့်ကြံစဥ်ကမူ ထိုအနေအထားထိ မရောက်ရှိသေးပေ။ သို့သော် သူတို့ကို ရှင်းပြလျှင်ပင် သူတို့က နားလည်မည် မဟုတ်သလို ယုံမည်လည်း မဟုတ်ပေ။ ထို့အပြင် သူက မီးဇာမဏီနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို မြင်တွေ့ခဲ့သည့်အတွက် သူက ဆရာသခင် မဟုတ်ဘူးလို့ ပြောလျှင် မည်သူကများ ယုံမည်နည်း”

ဓားသမား ၄၉ဦးဘက်လှည့်ကာ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ကျုပ်နေရာကို လိုက်ချင်ကြလား မသိဘူး”

လုကျိုးက ပြောလိုက်သည်။

“ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်”

“ကောင်းပါပြီ။ အဲဒါဆိုလည်း နောက်မှ တွေ့ကြတာပေါ့”

ချင်ရန်ယွဲ့က အဆောင်တစ်ခုကို ထုတ်ကာ ပြောလိုက်သည်။ မင်ရှစ်ရင်က ထိုအရာကို လက်ထဲဖမ်းဆုပ်လိုက်သည်။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“တကယ်လို့ လိုအပ်တယ်ဆိုရင် ဆက်သွယ်ဖို့ တုံ့ဆိုင်းမနေပါနဲ့”

“ကောင်းပြီ”

လုကျိုးကပြောလိုက်သည်။ ထို့နောက် ချင်ရန်ယွဲ့က ဓားသမား ၄၉ဦးကို ခေါ်ကာ မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေသည်။

“ဆရာသခင်တွေက တကယ်ကို အားကောင်းတာပဲ”

မင်ရှစ်ရင်က အားကျစွာ ရေရွတ်လိုက်သည်။

သူက လုကျိုးသည် မီးဇာမဏီနှင့် တိုက်ခိုက်ခဲ့သည်ကို မမြင်လိုက်ရသည်မှာ နှမျောဖို့ ကောင်းလှ၏။

လုကျိုးက ပြောလိုက်သည်။

“မင်းရဲ့ ရှစ်ရှိုးနဲ့ ဆက်သွယ်လိုက်”

“ဟုတ်ကဲ့”

“...”

မင်ရှစ်ရင်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို အဆောင်ဖြင့် ဆက်သွယ်ပြီးသည့်နောက်တွင် တခြားသူများက ပျံသန်းကာ ရောက်ရှိလာကြသည်။

သူတို့က ပျံသန်းကာ ရောက်ရှိလာသည့်အချိန် မီးကျွမ်းနေသည့် နယ်မြေအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့် သူ့ညီအစ်ကို၃ယောက်ကလည်း တအံ့တသြ ဖြစ်နေကြသည်။

“ခဏနေပါအုံး”

ခုံဝမ်က တအံ့တသြ ရေရွတ်လိုက်သည်။

“ဘာများလဲ”

“အဲဒါက သားရဲဧကရာဇ်နဲ့ တူတယ်”

ခုံဝမ်က လုဝူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“အဲဒါက သားရဲဧကရာဇ်ပဲ”

ခုံဝူက မျက်လုံးအပြူးသား ဖြစ်သွားလေ၏။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မစိုးရိမ်ကြပါနဲ့။ လုဝူက ရှစ်စွင်းရဲ့ လက်အောက်ခံလေ”

“...”

သိပ်မကြာခင် အားလုံးက လုကျိုးဘေးနား ရောက်ရှိလာကြသည်။

ရှောင်ယွမ်အာက နတ်ခြင်္သေ့ပေါ်မှ ခုန်ဆင်းလာကာ ပြေးလာသည်။

“ရှစ်စွင်း အဆင်ပြေရဲ့လား”

လုကျိုးက ခေါင်းယမ်းလိုက်သည်။

“မီးဇာမဏီက ထင်ထားတာထက်ပိုပြီး ခက်ထန်တယ်။ ငါ သူ့ကို နောက်ဆုတ်အောင်ပဲ လုပ်နိုင်ခဲ့တာ”

သူအသက်ရှင်တာတောင် ကံကောင်းနေပြီကို နောက်ဆုတ်အောင် လုပ်နိုင်ခဲ့တယ်ဆိုတာက ဘာကိုပြောတာလဲ

ခုံဝမ်က ပျင်းရိနေသည့် လုဝူကိုကြည့်ကာ တံတွေးမျိုချလိုက်သည်။ သူက မျက်လုံးကို ထပ်ပွတ်ကာ အမှန်တကယ် လုဝူဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။

ဤတစ်ကြိမ် လုကျိုးက ဇာမဏီဥကို မင်ရှစ်ရင်ဆီ ပေးကာ ပြောလိုက်သည်။

“ရော့ ဒါကို ကောင်းကောင်းသိမ်းထား”

“ဒါက ဘာများလဲ”

“အဲဒါက လျှို့ဝှက်ချက်”

လုကျိုးက ပြောလိုက်သည်။

“အိုး”

မင်ရှစ်ရင်က အမှန်တကယ် ဖြေကာ ကြည့်ကြည့်ချင်သော်လည်း သူ့ရှစ်စွင်း၏ အမူအရာကို မြင်ပြီးသည့်နောက်တွင် သေသေချာချာ သိမ်းဆည်းထားလိုက်သည်။

“စန်းရှစ်ရှိုး”

ရှောင်ယွမ်အာနှင့် ခရုလေးတို့က လှမ်း‌ခေါ်လိုက်သည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို သိမ်းဆည်းကာ ပြောလိုက်သည်။

“ရှစ်မေ့တို့ မတွေ့ရတာကြာပြီ”

“စန်းရှစ်ရှိုးက အရင်ကထက် ပိုပြီး အားကောင်းလာတာပဲ”

ရှောင်ယွမ်အာက ပြောလိုက်သည်။

တွမ့်မူရှန်းက ခေါင်းယမ်းလိုက်၏။

“ရှစ်ရှိုးတို့နဲ့ မယှဥ်နိုင်သေးပါဘူး”

ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်သည်။

“မင်းက အမြဲတမ်း ကြိုးစားနေတဲ့သူဆိုတော့ ငါ့နဲ့ မင်းရဲ့ တာ့ရှစ်ရှိုးတို့ကို အချိန်တိုအတွင်း ‌ကျော်တက်သွားနိုင်မှာပါပဲ”

“အာ့ရှစ်ရှိုးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”

တွမ့်မူရှန်းက အတော်လေး စိတ်အခြေအနေ ကောင်းနေလေ၏။

လုကျိုးက အဝေးတစ်နေရာ ကောင်းကင်ထဲ လှမ်းကြည့်လိုက်သည်။ သူတို့က အနားယူဖို့နေရာ ရှာဖွေဖို့ လိုအပ်နေဆဲ ဖြစ်၏။

လုဝူက သူတို့အား မိုင်ရာချီကွာဝေးသည့် လျှို့ဝှက်နေရာတစ်ခုသို့ ခေါ်ဆောင်သွားလိုသော်လည်း ပတ်ဝန်းကျင်က ဆိုးရွားလွန်းသည့်အတွက် လူသားများနေထိုင်ဖို့ မသင့်တော်ပေ။ ကံကောင်းစွာဖြင့် ခုံဝမ်က အတွေ့အကြုံကြွယ်ဝသူဖြစ်သည့်အတွက် အနားယူဖို့နေရာကို အကြံပြုခဲ့သည်။ ထိုနေရာတွင် တောင်နှင့်မြစ်များဖြင့် နီးကပ်ရာ ရှေးဟောင်းတောအုပ်ကြီးတစ်ခု ရှိ၏။

တစ်ချိန်တည်းဆိုသလို သူတို့က လူသားတချို့ကသာ အရှေ့ပိုင်းတောအုပ်အတွင်းသို့ သွားလှလိုကြောင်း အတည်ပြုလိုက်သည်။ ဤနေရာက အင်မတန် တိတ်ဆိတ်နေ၏။ မျှခြေမညီမျှမှုအပြီးတွင် ဤနေရာက ဗလာကျင်းနေခဲ့သည်။ အမည်မသိကုန်ုးမြေ၏ ကျယ်ပြောမှုကို ထည့်တွက်ပါက ဤနေရာတွင် ၃၊ ၄၊ ၅နှစ်နေလျှင်ပင် မည်သူမျှ ရောက်လာမည် မဟုတ်ပေ။

“...”

ယခင်ကဲ့သို့ ကောင်းကင်က မည်းမှောင်နေဆဲဖြစ်ကာ ကြယ်ရောင်နှင့် လရောင်ဟူ၍မရှိပေ။ လုဝူက တောအုပ်ကို ကြည့်ကာ ပြောလိုက်သည်။

“လူသားတွေက တကယ့်ကို ဇီဇာကြောင်လွန်းတယ်”

“မင်းက ခက်ထန်သားရဲတွေဆိုတော့ ဘယ်နေရာမှာမဆို အိပ်လို့ရတယ်လေ။ လူသားတွေက အဲ့လိုမလုပ်နိုင်ဘူး”

တွမ့်မူရှန်းက ပြောလိုက်သည်။

“အရင်တုန်းက ငါ့ဆရာသခင်တွမ့်မူ မြေကြီးကို ခေါင်းအုံးပြီး ကောင်းကင်ကို စောင်အဖြစ် သုံးခဲ့တာပဲ။ သူက ရေထဲမှာတောင် အိပ်နိုင်တယ်”

လုဝူ၏ စကားက ပိုမိုချောမွေ့လာသည်။

“...”

ခုံဝမ်က ဆွံ့အမိသွားသည်။ သူက မင်ရှစ်ရင်ဘေးနားရပ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

“အဲဒါက သားရဲဧကရာဇ် ဟုတ်ရဲ့လား။ ဘာလို့ ကလေးကလားဆန်နေပါလိမ့်”

“ မင်းရော ဘယ်လိုထင်လဲ”

မင်ရှစ်ရင်က ပြန်ကာမေးလိုက်သည်။

ဤတစ်ကြိမ် လုကျိုးက အသံမြှင့်ကာ ပြောလိုက်သည်။

“ငါတို့တွေ ဒီမှာ ခဏနေမယ်။ သီးသန့်ကျင့်ကြံကြ။ ဒါပေမဲ့ ဝေးဝေးတော့မသွားနဲ့”

“ဟုတ်ကဲ့”

အားလုံက ဦးညွတ်လိုက်ကြသည်။ ထို့နောက် လုကျိုးက ရှေးဟောင်းသစ်ပင်တစ်ခုကို ရှာကာ တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံလိုက်သည်။ ထို့နောက် သူက ခရမ်းရောင် တောက်ပသံကျောက်ကို သုံးပြီး သူ့အံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်သည်။

“တစ်ချိန်တည်းဆိုသလို သူက ကြာပလ္လင်ကို ထုတ်ဖော်ကာ မွေးဖွားနန်းဆောင်ကို လေ့လာကြည့်လိုက်သည်။ အမည်မသိကုန်းမြေတွင် အချိန်အတော်ကြာ ကျင့်ကြံပြီးသည့်နောက်တွင် သူ့ကျင့်ကြံဆင့်က တည်ငြိမ်လာ၏။ ထို့ကြောင့် သူက ကျူးယန်၏ သက်တန့်နှလုံးသားကို သူ့မွေးဖွားနန်းဆောင်အတွက် ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်သည်။

သူ ကျရှုံးသွားလျှင်ပင် ကိစ္စမရှိပေ။ ရှေးဟောင်းတောအုပ်နှင့် အမည်မသိကုန်းမြေ၏ ကျယ်ပြောမှုတို့ကြောင့် သူက ဤနေရာတွင် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ဆုံးဖြတ်လိုက်သည်။

လက်ရှိ သူ့မွေးဖွားဇယားချပ်အရေအတွက်က ဆရာသခင်တစ်ယောက်နှင့် အလှမ်းကွာနေသေးသည်။

မွေးဖွားနန်းဆောင်ရှိ လူသားနယ်နိမိတ်မှ မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက သိပ်မခက်ခဲ‌ပေ။ သို့သော် ကောင်းကင်နယ်နိမိတ်ထဲ မွေးဖွားဇယားချပ်များကို အသက်သွင်းခြင်းက ရှည်ကြာကာ နာကျင်မှုများသည့် ဖြစ်စဥ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သူက အသက်ဓာတ်နှလုံးသားကို လူသားနယ်နိမိတ်အတွင်း ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်သည်။

“ကလစ်”

အသက်ဓာတ်နှလုံးသားက နေရာထဲ နစ်မြုပ်သွားလေသည်။ ဤသို့ဖြင့် လုကျိုးက သူ့ ၁၀ခုမြောက် မွေးဖွားဇယားချပ်ကို စတင်အသက်သွင်းလိုက်သည်။

All Chapters