အခန်း (၁၂၃၁-၁၂၃၃)
Vol. 83 Ch. 1231-1233
အခန်း (၁၂၃၁) အရှိန်မြင့်တင်ရန် နည်းလမ်း
အမည်မသိကုန်းမြေထဲ၌ လူသားတို့၏ ဆောင်ရွက်ချက်များစွာ ရှိကြောင်း သတင်းအချက်အလက်များနှင့် သမိုင်းကြောင်းအချက်အလက်များစွာ တင်ပြထားသည်။ ယင်းကို လေ့ကျင့်ရန် နေရာအဖြစ် အသုံးပြုခဲ့၏။ ဤနေရာက ကျင့်ကြံသူတို့အတွက် သူတို့ခွန်အားမြှင့်တင်ရန် ကောင်းမွန်သည့်နေရာတစ်ခုဖြစ်ပြီး အနည်းဆုံးတော့ အစိမ်းရောင်ကြာကျင့်ကြံသူများ၊ အဖြူရောင်ကြာကျင့်ကြံသူများနှင့်အနက်ရောင်ကြာကျင့်ကြံသူများက ထိုသို့ဆောင်ရွက်ခဲ့သည်။ အားနည်းသော ရွှေကြာကျင့်ကြံသူများနှင့် အဝါရောင်ကြာကျင့်ကြံသူများ၌ ထိုခံစားခွင့်မရှိကြပေ။
ခုံဝမ်သည် ယခင်က ဤရှေးတောအုပ်ကို စုံစမ်းစစ်ဆေးခဲ့ဖူး၏။ ခုံဝမ်ပြောတာကို နားထောင်ပြီးနောက် လုကျိုးက ဤနေရာ၌ သူ၏မွေးဖွားဇယားချပ်ကိုအသက်သွင်းရန် ဆုံးဖြတ်လိုက်သည်။ သူက ရုတ်ရုတ်သဲသဲမဖြစ်စေသရွေ့ သူ ဤနေရာ၌ ၈နှစ်မှ ၁၀နှစ်အထိနေလျှင်တောင် သူ့ကိုမည်သူမှ ရှာတွေ့မှာမဟုတ်ပေ။ ထို့အပြင် ဆရာသခင်တစ်ပါးနှင့်ယှဉ်နိုင်သည့်ခွန်အားပိုင်ဆိုင်ထားသော လုဝူ ဤနေရာတွင် ရှိနေလေရာ ဆရာသခင်များတောင် ထိခိုက်နစ်နာမှု ခံစားရလိမ့်မည်။
လူစုခွဲလျက် သူတို့ကျင့်ကြံပြီး အနားယူရန် နေရာရှာလိုက်သည်။
မင်ရှစ်ရင်သည် သင့်တော်သည့် အသက်ဓာတ်နှလုံးသားနှစ်ခုကို ထုတ်ယူပြီး ယွီကျန့်ဟိုင်ကို တစ်ခု၊ ယွီရှန်းရုန်ကို တစ်ခုပေးလိုက်၏။
နေရာနှင့်အချိန်ကို ဂရုမစိုက်ဘဲ နှောင့်ယှက်ခံရမှာကို စိတ်မပူသည့်ပမာ ယွီရှန်းရုန်သည် အသက်ဓာတ်နှလုံးသားကို ချက်ချင်းစုပ်ယူခဲ့၏။
မိစ္ဆာဝေဟင်မျှော်နန်း၏လူများနှင့် ယှဉ်လျှင် ခုံဝမ်က ထိုမျှမရဲတင်းပေ။ ထိုအစား သူသည် အသက်ဓာတ်နှလုံးသားကို ကိုင်ထားပြီး အိမ်မက်မက်နေသည်ဟု တွေးမိနေကာ သဘောကျစွာကြည့်နေ၏။ ၎င်းက အစစ်အမှန်အသက်ဓာတ်နှလုံးသားဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ ဂရုတစိုက်သိမ်းလိုက်၏။ ပြီးနောက် ယန်ကျန်းလော့ကို အဆောင်တချို့တောင်းပြီးနောက် ရှေးတောအုပ်၏အစပ်၌ ထားလိုက်သည်။
ယန်ကျန်းလော့က သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ “ဒါတွေက ဘာအတွက်လဲ”
“ခြေရာခံဖို့” ခုံဝမ်က ပြောလိုက်၏။ "ခြေရာခံအဆောင်တွေက လေထဲမှာ ပစ်မှတ် ချန်ရစ်ခဲ့တဲ့အရှိန်အဝါကို ခြေရာခံနိုင်တယ်။ သူတို့က အရှိန်အဝါကိုလည်း ဖုံးကွယ်နိုင်တယ်။ ဒါပေမဲ့ အရှိန်အဝါကို ဖုံးကွယ်တဲ့အချိန် အဆောင်တွေက ကိုယ်ပိုင်အရှိန်အဝါချန်ရစ်ခဲ့တယ်ဆိုတာ မေ့နေတာ။ ဒါကြောင့် ဒီအဆောင်တွေရဲ့ ခြေရာလက်ရာကို ဖုံးဖို့လိုတယ်”
ယန်ကျန်းလော့က ခေါင်းညိတ်လိုက်၏။
“ခင်ဗျား တကယ်အရည်အချင်းရှိတာပဲ”
ခုံဝမ်က ပြုံးပြီးပြောလိုက်သည်။
“ဆရာကြီးက ကျုပ်ကို ဒီလောက်ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုတော့ သူ့အတွက် ကျုပ်အကောင်းဆုံး လုပ်ပေးရမှာ သဘာဝပဲလေ”
“ခင်ဗျား မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ဖို့ စိတ်ဝင်စားလား” ယန်ကျန်းလော့က ဂရုတစိုက်မေးလိုက်၏။
ခုံဝမ်၏မျက်နှာထက်တွင် ဝမ်းသာသောအမူအရာ ပေါ်လာသည်။ သူသာ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်နိုင်ခဲ့လျှင် တစ်ဘဝလုံး အေးအေးဆေးဆေး နေနိုင်လိမ့်မည်။ လုကျိုး၏ခြေထောက်မှ အမွှေးတစ်မျှင်တည်းဖြင့် သူ့အသက်တစ်ဝက်ကို ကာကွယ်ပေးရန် လုံလောက်နေပြီဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းထဲ၌ ပညာရှင်များစွာ ရှိနေသေးသည်။ လုဝူတောင် လက်အောက်ခံအဖြစ် ဆောင်ရွက်နေရပုံပေါ်သည်။ ထို့ကြောင့် သူ၏အခွင့်အရေးကို သေချာမသိပေ။
“ကျုပ် ကျုပ်တို့ အရည်အချင်းမီလား”
“နောင်ကျ မင်းတို့ရဲ့ဆောင်ရွက်ချက်ပေါ် မူတည်တယ်။ ဒါပေမဲ့ ပြဿနာမရှိဘူးထင်တာပဲ”
ယန်ကျန်းလော့က ပြောလိုက်၏။
“တကယ်” ယခုသည် ခုံဝမ်က ပထမဆုံးအကြိမ် ချီးကျူးခံရတာဖြစ်၏။ သွယ်ဝိုက်ချီးကျူးမှု ဖြစ်နေလျှင်တောင် ပထမဆုံးချီးကျူးခံရတာဖြစ်သည်။ သူက အနည်းငယ်အနေခက်သွားပေ၏။
ယန်ကျန်းလော့က ပြုံးကာ ဘာမှထပ်မပြောတော့ပေ။ ထိုစဉ် ခရုလေးနှင့် ရှောင်ယွမ်အာတို့က အနားယူရန် ရှေးသစ်ပင်နား၌ အတူထိုင်လိုက်သည်။ နတ်ခြင်္သေ့က သူတို့နှင့်အတူ ရှိနေလေ၏။
မင်ရှစ်ရင်က ပျံသန်းလာကာ အိတ်နှစ်အိတ်ချလိုက်၏။
“ရှစ်မေ့တို့ မင်းတို့ခက်ခဲနေမှာပဲ။ အခု ရှစ်ရှိုး အနီးတဝိုက်သွားကြည့်လိုက်ဦးမယ်”
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
“ဟုတ် ... ကြိုးစားပေးတာ ကျေးဇူးပါပဲ စစ်ရှစ်ရှိုး”
“စိတ်မပူနဲ့” မင်ရှစ်ရင်က သမ်းဝေလျက် အကြောဆန့်ကာ အဝေးရှိ သစ်ပင်များဆီသို့ ပျံသန်းသွားသည်။
ခရုလေးက ပြောလိုက်၏။
“ရှစ်စွင်းက ဝေးဝေးလံလံမသွားဖို့ ပြောထားပေမဲ့ စစ်ရှစ်ရှိုးက လျှောက်သွားနေတယ်”
“အဆင်ပြေတယ်။ ညီမ အသားကျသွားလိမ့်မယ်။ စစ်ရှစ်ရှိုးက သူ ဘာလုပ်နေမှန်းသိတယ်။ ဒီတော့ အဆင်ပြေမှာပါ” ရှောင်ယွမ်အာက အိတ်ကိုဆွဲပြီးပြောလိုက်လေ၏။ “ဒါ ဘာတွေလဲ”
အိတ်ကနေ အနီရောင်အလင်းဖျော့ဖျော့ကို ဖောက်မြင်နေရသည်။
“မသိဘူး ... ဒါပေမဲ့ ဖွင့်ကြည့်ရင် သိမှာပဲ” ရှောင်ယွမ်အာက ပြောပြီး အိတ်တစ်လုံးကို ဖွင့်ကြည့်လိုက်၏။
အနီရင့်ရင့်အလုံးတစ်လုံးလှိမ့်ထွက်လာသည်။
မိန်းကလေးနှစ်ယောက် မျက်လုံးအပြူးသားဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်၏။
ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“ရှစ်စွင်းက ဒီလိုအသက်ဓာတ်နှလုံးသားမျိုး ရထားတယ်လို့ မမှတ်မိပါဘူး”
“ညီမကောပဲ” ခရုလေးက ခေါင်းညိတ်လိုက်၏။
ရှောင်ယွမ်အာသည် သစ်ကိုင်းတစ်ခုကိုယူလျက် ဥကိုထိုးကြည့်လိုက်ပြီး အကြိမ်တချို့ ခေါက်လိုက်သည်။ အသံသဲ့သဲ့ ထွက်လာ၏။
ခရုလေးက ပြောလိုက်၏။ "အခု ညီမ မှတ်မိသွားပြီ။ ရှစ်စွင်းက ဒါကို အစောတုန်းက စစ်ရှစ်ရှိုးဆီ ပေးလိုက်တာ”
ရှောင်ယွမ်အာသည် ကျေနပ်အားရသောအပြုံးဖြင့် မျက်တောင်ခတ်ကာပြောလိုက်သည်။ “ဒါဆို ဒါရတနာပဲဖြစ်ရမယ်” ပြီးနောက် ရှောင်ယွမ်အာက သစ်ကိုင်းခြောက်ကို ပစ်ထုတ်လိုက်ပြီး ပိုစိတ်အေးသွားကာ ဥကို သူမလက်ညှိုးဖြင့်ထိလိုက်၏။ တု့န်ပြန်မှုမရှိဘဲ သူမ ပြင်းပြင်းထန်ထန် ထိလိုက်ချိန်တိုင်းတွင် အနီရင့်ရင့်အလင်းတစ်ခုသာ ထွက်လာ၏။
ဂျွတ်
ဇာမဏီဥပေါ်တွင် အက်ကွဲကြောင်းလေးပေါ်လာ၏။
ရှောင်ယွမ်အာနှင့် ခရုလေးက တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာကြည့်မိလိုက်၏။ “သွားပြီ .. ငါ ဖျက်ဆီးလိုက်ပြီ”
“ကျိုးရှစ်ကျဲ ဒါက ဥတစ်လုံးပဲ”
“ဥတစ်လုံးလား” ရှောင်ယွမ်အာက ဂရုတစိုက်လေ့လာလိုက်သည်။ တကယ်ပင် ဥတစ်လုံးပင်ဖြစ်သည်။ သို့သော် သာမန်ဥထက် အဆပေါင်းများစွာ ပိုကြီး၏။ အခွံက အနက်ရောင်ဖြစ်ပြီး အနီရင့်ရင့်အလင်းဖြာထွက်နေသည်။ ပြီးနောက် သူမက ၎င်းကိုအိတ်ထဲအမြန်ထည့်ပြီး ဘာမှမဖြစ်ခဲ့သလိုပြုမူလျက် လှဲချလိုက်ကာ သူမခေါင်းရင်းရှိ သစ်မြစ်ပေါ်တွင် ထားလိုက်၏။ သူမဘာမှမပြောဘဲ အနားယူရန် မျက်လုံးမှိတ်လိုက်တော့သည်။
“ကျိုးရှစ်ကျဲ” ခရုလေးက စိတ်ရှုပ်ထွေးသွားသည်။ သူာ ဘာလုပ်နေတာလဲ။
သူမအသိစိတ် ပြန်ကပ်လာသောအခါ ရှောင်ယွမ်အာကဲ့သို့ပင် အမြန်မျက်လုံးပိတ်လိုက်တော့သည်။
နောက်နေ့တွင် အမည်မသိကောင်းကင်ထဲ၌ မှောင်မည်းနေသည်။
လုကျိုးက မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ကောင်းကင်စွမ်းအား ၃ပုံ၁ပုံပြန်လည်ရရှိပြီးဖြစ်သည်။ သူသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှ ကောင်းကင်စွမ်းအားကို အသုံးပြုခဲ့သောကြောင့် ဖြစ်ဟန်တူသည်။ ပြန်တက်သည့်အရှိန်က ယခုအခေါက်တွင် အနည်းငယ် နှေးနေသေး၏။ ကံကောင်းသည်မှာ ခရမ်းရောင်တောက်ပသံကျောက်ဖြင့် ၎င်းက သိပ်မနှေးပေ။
ပြီးနောက် သူသည် သူ၏မွေးဖွားနန်းဆောင်ကို ဂရုတစိုက် စစ်ဆေးလျက်စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“မွေးဖွားနန်းဆောင်၏ လူသားဒေတာထဲရှိ မွေးဖွားဇယားချပ်ကို အသက်သွင်းရသည်က အလွန်လွယ်သည်။ ယခုအခါ၌ အသက်ဓာတ်နှလုံးသားကို တစ်ဝက်မြှုပ်ထားပြီးဖြစ်သည်။ ဤနှုန်းဖြင့်ဆို မွေးဖွားနန်းဆောင်ထဲ အပြည့်အဝဝင်ရောက်ရန် အချိန်နှစ်ရက်ယူရမည်ဖြစ်သည်။ သက်တမ်းကိုစုပ်ယူရန် အများဆုံး ၇ရက်မှ ၁၀ရက်အထိသာ ကြာလိမ့်မည်။
သူက ဤနေရာ၌ လူတိုင်းကို ၁၀ရက်အနားယူခိုင်းတာ အကြောင်းအရင်းရှိသည်။
“မွေးဖွားဇယားချပ်ကို အသက်သွင်းသည့်အရှိန်က နှေးလွန်း၏။ လူသားဒေသထဲရှိ မွေးဖွားဇယားချပ်ကို အသက်သွင်းရန် လဝက်ခန့်အချိန်ယူရလိမ့်မည်။
“မွေးဖွားဇယားချပ်ကို အသက်သွင်းတဲ့အရှိန်က နှေးလွန်းသေးတယ်။ လူသားဒေသထဲမှာ မွေးဖွားဇယားချပ်ကို အသက်သွင်းတာက ၁၀ရက်ကနေ လဝက်လောက်အထိ အချိန်ယူရတယ်။ ငါ အရှိန်ကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ ခရမ်းရောင်တောက်ပသံကျောက်ဆိုရင်ကော ...”
ခရမ်းရောင်တောက်ပသံကျောက်သည် ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်၏။ ၎င်းသည် မွေးဖွားဇယားချပ်များ အသက်သွင်းသည့်အရှိန်ကိုလည်း မြှင့်တင်ပေးနိုင်လောက်သည်။
“ကြိုးစားကြည့်တာပေါ”
လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းပြီးနောက် ၎င်း၏စွမ်းအင်ကို သူ၏မွေးဖွားနန်းဆောင်ထဲ လမ်းညွှန်လိုက်၏။
ခရမ်းရောင်တောက်ပသံကျောက်မှ စိမ့်ထွက်လာသည့် စွမ်းအင်တို့သည် ရေစီးကြောင်းတစ်ခုပမာ သူ၏ထူးကဲချီသွေးကြော ရှစ်ခုဆီသို့ စီးဝင်သွားပြီး စွမ်းအားဗဟိုချက်ချီပင်လယ်ထဲရောက်သွား၏။ ၎င်းက စိတ်ဝိညာဉ်သဏ္ဌာန်ဖွဲ့တည်ရန် အဓိကသော့ချက်ဖြစ်သည်။ ထိုစဉ် စွမ်းအင်များစွာက မွေးဖွားနန်းဆောင်ထဲသို့ ဝင်ရန် ကြိုးစားနေ၏။
တစ်နည်းအားဖြင့် မွေးဖွားနန်းဆောင်သည် စွမ်းအားဗဟိုချက်ချီပင်လယ်၏ အမြုတေဖြစ်သည်။ ယင်းက မရှိမဖြစ်အရေးကြီးသော နေရာဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် လူများစွာသည် သူတို့က ရွေးချယ်စရာမရှိဘဲ ခုခံမှုက သန်မာလျှင်တောင် တိုက်ခိုက်ရာ၌ သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကြာပွင့်များကို အလွယ်တကူ သုံးလေ့မရှိတာပဲဖြစ်သည်။
“မရဘူးလား” လုကျိုးက ယင်းကို လက်မခံပေ။ သူသည် ခရမ်းရောင်တောက်ပသံကျောက်ထဲမှ စွမ်းအားကို ထပ်မံဆော်ဩလိုက်၏။
“မရသေးဘူးလား” ၁၀ကြိမ်ကျော်ကြိုးစားပြီးနောက် အာနိသင်မပြသေးပေ။
လုကျိုးက လက်လျှော့တော့မည့်အချိန်တွင် သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်တရက်တွေ့မိသွား၏။ ပြီးနောက် သူက ၎င်းကို ရွေ့လိုက်ပြီးနောက် သူ၏မွေးဖွားနန်းဆောင်ထဲရှိ အသက်ဓာတ်နှလုံးသားသည် ယခု လှည့်ပတ်သည့်နှုန်း နှစ်ဆမြန်နေတာကို တွေ့လိုက်ရ၏။
“ဒီတော့ ဒီလိုကိုး”
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် သူ၏စွမ်းအားဗဟိုချက်၏ ချီပင်လယ်ကို သိမ်းပိုက်ထားကာ စွမ်းအင်စီးဆင်းမှုကို ပိတ်ဆို့ထားသည်။
သူ ကျင့်ကြံနေစဉ် ပြဿနာကို သတိမပြုခဲ့မိပေ။ သူ၏စွမ်းအားဗဟိုချက်ချီပင်လယ် တစ်ဆို့နေသည့်ပြဿနာသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့်လည်း သက်ဆိုင်နေ၏။
ယခု ခရမ်းရောင်တောက်ပသံကျောက်၏အကူအညီဖြင့် မွေးဖွားဇယားချပ်အသက်သွင်းသော အရှိန်က အတော်တိုးလာသည့်တိုင် လုကျိုးက ၎င်းကို မလုံလောက်ဟု ခံစားမိသည်။
သူ၏အရှိန်ကိုမြှင့်တင်ရန် ရှာဖွေဖို့ နည်းလမ်းတစ်ခုလိုအပ်နေသည်။ ဆိုရလျှင် သူ ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ထည့်စဉ်းစားရမည့်အချိန်က မကြာမီရောက်လာတော့မည်။
...
အခန်း (၁၂၃၂) နတ်သားရဲ အကောင်ပေါက်လာခြင်း
လုကျိုးအနေဖြင့် သူ့၁၀ခုမြောက် မွေးဖွားဇယားချပ်ကို လူသားနယ်နိမိတ်အတွင်း သားရဲဘုရင်၏ အသက်ဓာတ်နှလုံးသားကို သုံး၍ အသက်သွင်းဖို့ရာ ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော်လည်း သူက မြေကမ္ဘာနှင့် ကောင်းကင်နယ်နိမိတ်အတွင်း မွေးဖွားဇယားချပ်များကို အသက်သွင်းဖို့ရာ ပိုမိုကောင်းမွန်သည့် အသက်ဓာတ်နှလုံးသားများ လိုအပ်လာလိမ့်မည်။ ထိုအရာက သူ့အင်အားအပေါ် သိသိသာသာ သက်ရောက်မှုရှိလာစေ၏။
လုကျိုးက မီးဇာမဏီအကြောင်း တွေးမိသွားသည်။
မီးဇာမဏီကို မသေမျိုးငှက်ဟုလည်း သိကြ၏။
အဲဒါဆိုတော့ သူက မသေနိုင်ဘူးလို့ ပြောချင်တာများလား...
ထိုသို့လည်း မဖြစ်နိုင်ပေ။ အစစ်အမှန် စောစောလေးက ထွက်ပြေးဖို့ရာ မလိုအပ်ဘဲ ကလေးကိုပင် စွန့်ပစ်ထားခဲ့မည် မဟုတ်ပေ။
“နှမြောစရာပဲ။ တကယ်လို့ ငါသာ နတ်သားရဲရဲ့ အသက်ဓာတ်နှလုံးသားကို ရနိုင်မယ်ဆိုရင်...”
လုကျိုးက ခေါင်းရမ်းလိုက်သည်။
မည်သို့ပင် ဆိုစေကာမူ သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားကလည်း ယခုအခါ ကောင်းနေပြီ ဖြစ်၏။ သူက နတ်သားရဲ၏ အသက်ဓာတ်နှလုံးသားကို နောင်အနာဂတ်မှသာ ထည့်သွင်းစဥ်းစားရမည်။
လုကျိုးက မွေးဖွားနန်းဆောင်ရှိ အပြောင်းအလဲများကို စောင့်ကြည့်လိုက်သည်။ ထိုအရာ၏ နစ်မြုပ်နှုန်းက မဆိုးလှပဲ သူထင်ထားသည်ထက် ကောင်းမွန်နေ၏။ သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
လုကျိုးက အားလပ်ချိန်ကို အခွင့်ကောင်းယူကာ အကြားစွမ်းရည်ကို အသက်သွင်းလိုက်သည်။
အနီးကပ်ဆုံးသူက ရှောင်ယွမ်အာနှင့် ခရုလေးတို့ ဖြစ်ကြသည်။
“အဲဒါက ကွဲမသွားဘူးမလား”
ခရုလေးက တီးတိုးပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ငါ အားအများကြီး မသုံးထားဘူး”
“ဒါက အသက်ဓာတ်နှလုံးသား မဟုတ်မှန်း မသိဘူး။ အသက်ဓာတ်နှလုံးသားတွေက အရမ်းအားကောင်းတယ်လေ” ခရုလေးက ပြောလိုက်သည်။
“ရှစ်စွင်းကို ပြောလိုက်ရမလား” ရှောင်ယွမ်အာက မေးလိုက်သည်။
ဂျွတ်
ယခုအခါ အိတ်ထဲမှ သိသာသည့် အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
မိန်းကလေး၂ဦးက အချင်းချင်း ကြည့်လိုက်ကြ၏။
ရှောင်ယွမ်အာက အိတ်ကိုဆွဲကာ ဖွင့်ကြည့်လိုက်သည်။
ပင့်ကူအိမ်သဖွယ်နှင့်တူသည့် အက်ရာများကို မြင်တွေ့လိုက်ရသည်။
“အား...”
ရှောင်ယွမ်အာက အမှန်တကယ် ဥကွဲသွားမည်ကို စိုးရိမ်နေမိသည်။ အကယ်၍ ဥကွဲသွားပါက အကျိုးဆက်ကို စိတ်ကူးကြည့်၍ ရမည်မဟုတ်ပေ။ သူမက အလျင်အမြန် ပြောလိုက်သည်။
“ရှစ်စွင်းဆီ သွားရအောင်”
ရှောင်ယွမ်အာက တုံ့ဆိုင်းမနေတော့ပေ။ သူမက အိတ်ကိုသယ်ကာ ရှေးဟောင်းသစ်ပင်ဆီကို ဦးတည်လိုက်သည်။ တစ်ချိန်တည်းဆိုသလို လုကျိုးက အကြားစွမ်းရည်ကို ဖြတ်တောက်လိုက်သည်။
“ဒီကောင်မလေးကတော့ ဘာတွေပြဿနာရှာလာပါလိမ့်...”
လုကျိုးက ရှေးဟောင်းသစ်ပင်ပေါ်မှ ခုန်ဆင်းလာကာ ကြာပွင့်ကို သစ်ပင်ပေါ် ချန်ထားခဲ့သည်။
ခေတ္တမျှ စောင့်ဆိုင်း၍ နေပြီးသည့်နောက်တွင် ရှောင်ယွမ်အာနှင့် ခရုလေးတို့က အိတ်တစ်လုံးနှင့်အတူ ရောက်ရှိလာသည်။
မိန်းကလေး၂ဦးက သူတို့၏ရှစ်စွင်းကို မြင်လိုက်ရသည့်အခါ ချက်ခြင်း ဒူးထောက်လိုက်ကြသည်။
“တပည့်ရဲ့ အမှားကို ဝန်ခံပါတယ်။ တပည့် ရှစ်စွင်းရဲ့ ရတနာကို မတော်တဆ ကွဲအောင်လုပ်မိသွားတယ်”
ရှောင်ယွမ်အာက အမှားကို ဝန်ခံလိုက်သည်။
“ကွဲသွားတာလား”
လုကျိုးထံ အဖြစ်အပျက်ကို ပြောပြီးသည့်နောက်တွင် ရှောင်ယွမ်အာက အိတ်ထဲမှ ဇာမဏီဥကို ထုတ်လိုက်သည်။
လုကျိုးက ပင့်ကူအိမ်သဖွယ် အက်ကြောင်းများရှိနေသည့် ဇာမဏီဥကို ကြည့်လိုက်သည်။ ထိုအရာက ထူးဆန်းသည်ဟု ထင်မိ၏။ ဇာမဏီဥက မည်သို့ အလွယ်တကူ အက်ကွဲသွားမည်နည်း။
ရှေးဟောင်းစာအုပ်ထဲတွင် ခက်ထန်သားရဲများနှင့် ပတ်သက်၍ မှတ်တမ်းများစွာ ရှိလေသည်။ သူတို့၏ အဆင့်အတန်းများ၊ နို့တိုက်သတ္တဝါများနှင့် နို့တိုက်သတ္တဝါ မဟုတ်သူများကလည်း ကမ္ဘာမြေနှင့် တူတူသာ ဖြစ်၏။ ကွဲပြားချက်ကမူ ဤနေရာတွင် ရှိသည့် သားရဲများက ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။
ကျင့်ကြံရေးမှတစ်ဆင့် ခက်ထန်သားရဲများ၏ အရိုး၊ နှလုံးသားနှင့် အရေးကြီးသည့် အစိတ်အပိုင်းများက သာမန်သားရဲများထက် ပိုမိုအားကောင်းကြလေသည်။ ထိုအရာက သူတို့၏ ဥနှင့် မျိုးဆက်အတွက်လည်း တူတူသာ ဖြစ်သင့်သည်။
ထို့အပြင် ဥကို နတ်သားရဲဖြစ်သည့် မီးဇာမဏီက ဥထားသည်ဖြစ်ရာ မာကျောနှုန်းက ကောင်းကင်အဆင့်လက်နက် ထက်မလျော့ကျသင့်ပေ။ တစ်ကြိမ်တစ်ခါ ထိုးကြည့်ရုံမျှဖြင့် အက်ကွဲသွားဖို့ရာ မဖြစ်သင့်ပေ။
“ကောင်းပြီ။ ဘာမှမစိုးရိမ်နဲ့။ ငါ ကြည့်ကြည့်အုံးမယ်”
ဤသို့ဖြင့် ဘာမှမသိသိ မိန်းကလေး၂ဦးက အရာအားလုံးကို သိဟန်ဆောင်ထားသည့် လူအိုကြီးကို အဖော်ပြုကာ ဥကို ကြည့်နေကြသည်။ သူတို့က ဥနားတွင် ဝန်းရံလျက် သေချာလေ့လာ အကဲခတ်နေကြ၏။
ဂျွတ်
ဤတစ်ကြိမ် အက်ကွဲသံက ယခင်တစ်ခေါက်ထက် ပိုမိုကျယ်လောင်သည်။
ရှောင်ယွမ်အာက တအံ့တသြရေရွတ်လိုက်၏။
“ဥပေါက်လာပြီ”
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာက အဓိပ္ပာယ်မရှိလှပေ။ သူက မီးဇာမဏီ ဥဥသည်ကို မြင်တွေ့ခဲ့ရသည့်အတွက် မည်သို့ အလျင်အမြန် ဥပေါက်လာနိုင်မည်နည်း။
ဒါက အတုအယောင်ဆန်လွန်းမနေဘူးလား …
ဤသည်က ဖြစ်နိုင်ခြေတစ်ခုသာ ရှိ၏။ မီးဇာမဏီက ဥဥထားသည်မှာ ကြာမြင့်လှပြီဖြစ်ကာ ထိုအရာကိုကာကွယ်ဖို့ ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း မျှခြေမညီမျှမှုက သူ့အစီအစဥ်ကို ချိုးဖောက်ခဲ့၏။ မျှခြေထိန်းညှိသူ ပေါ်ထွက်လာမှုက ထိုအရာကို ထိတ်လန့်သွားစေသည့်အတွက် ဥကို စွန့်ပစ်ရုံမှအပ ရွေးချယ်စရာ မရှိခဲ့ပေ။
လုကျိုးက ခေါင်းညိတ်လိုက်သည်။
အဲဒါဆိုတော့ ထူးထူးဆန်းဆန်းအသံတွေက ငါ့ကို ဒီကလေး ဂရုစိုက်ဖို့ ပြောနေခဲ့တာလား။ ဒီဟာက အဓိပ္ပာယ်တော့ ရှိတယ်...
လုကျိုးက အင်္ကျီလက်ကို ဝှေ့ကာ လက်ကိုဆန့်ထုတ်လိုက်သည်။
အံ့ဖွယ်စွမ်းရည် ပေါင်းစည်းထားသည့် ကြာပွင့်က ဇာမဏီဥပေါ်ကျဆင်းလာ၏။ ဥက ကြွယ်ဝသည့် အသက်ဓာတ်စွမ်းအားကို စုပ်ယူသွားခဲ့သည်။
ခဏအကြာတွင်
ခလွပ်
ထိုအရာက ထပ်မံ အက်ကွဲသွားပြန်သည်။
“...”
“တကယ်ကြီး ဥပေါက်လာတော့မဲ့ပုံပဲ”
ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် လုကျိုးက အက်နေသည့် ဥကိုသယ်ထားဖို့ရာ အဆင်မပြေကြောင်း တွေးမိသွားသည်။ ထို့ကြောင့် သူက ဥဖောက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ကြာပွင့်များစွာကိုလွှတ်ကာ အံ့ဖွယ်စွမ်းရည်များကို ထောက်ပံ့ပေးခဲ့သည်။
၂နာရီ ကြာမြင့်ပြီးသည့်နောက်
“ဝုန်း”
ဥခွံ၏ ထိပ်ပိုင်းက ကွဲထွက်သွားပြီး ကြက်နှင့်တူသည့် နီနီရဲရဲ အကောင်ပေါက်လေးက ခေါင်းပြူထွက်လာသည်။ ၃ဦးသားက ကြည့်လိုက်ကြသည်။
“ဒါက ကြက်ပေါက်လေးလား”
“ဒါက မီးဇာမဏီလေ”
လုကျိုးက ရှောင်ယွမ်အာကို အမှန်တိုင်း ပြင်ပေးလိုက်သည်။
ဥကွဲသွားပြီဖြစ်ကာ သေးငယ်သည့် မီးဇာမဏီက ထွက်ပေါ်လာသည်။ ထိုအရာ၏ ခန္ဓာကိုယ်က နီရဲနေပြီး အမြီးရှိ အမွှေးတချို့ကသာ အစိမ်းရောင် ဖြစ်နေသည်။ ထိုအရာက ကြက်တစ်ကောင်ထက် ပိုမိုကြည့်ကောင်းလေ၏။ ထိုအရာတွင် ကောင်းကင်ကို ညွှန်ပြနေသည့် အနီရောင်ဇာမဏီ သရဖူလေးပါ ပါလေသည်။ ထိုဥခွံမှ ဒယိမ်းဒယိုင် ထွက်လာလေသည်။
“ဟေ့ကောင်လေး”
ရှောင်ယွမ်အာက လက်ကို ဝှေ့ယမ်းလိုက်သည်။
မီးဇာမဏီက တောင်ပံကို ခတ်ကာ မြေကြီးပေါ်လဲကျမသွားအောင် ထိန်းလိုက်သည်။ ထိုအရာက ခြေငြိမ်အောင် အကြိမ်အနည်းငယ် ကြိုးစားနေရသည်။
လုကျိုးက မီးဇာမဏီပေါက်လေးကို သေချာအကဲခတ်ကြည့်လိုက်သည်။ မီးတောက်များ ကင်းမဲ့နေသည်ကလွဲ၍ နတ်သားရဲနှင့် အတော်လေးဆင်တူသည်။ မီးဇာမဏီပေါက်လေးက ခေါင်းမော့ကာ ကမ္ဘာကြီးကို သေသေချာချာ ကြည့်လာခဲ့သည်။ ထို့နောက် တောင်ပံကိုဖြန့်ကာ ကျီကျီကျာကျာမြည်တမ်းရင်း ရှောင်ယွမ်အာဆီ ခုန်ဝင်သွား၏။
ရှောင်ယွမ်အာက အလန့်တကြားဖြင့် လေထဲ ခုန်တက်လိုက်သည်။
“ဟေ့ ဟေ့။ ငါက မင်းကို စောစောလေးတော့ နာကျင်အောင် လုပ်ဖို့ မရည်ရွယ်ပါဘူး”
မီးဇာမဏီပေါက်လေးက တောင်ပံကို ဖြန့်ကာ တိုက်ပွဲအတွက် တိုက်ခိုက်ဖို့ပြင်သည့်အလား ပြင်းပြင်းထန်ထန် ခတ်လိုက်သည်။ ထိုအရာက ခက်ထန်သားရဲ၏ နေသားကျနိုင်စွမ်းက တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။ ၁၅မိနစ်အတွင်း အတော်လေးတည်ငြိမ်လာပြီး ယခင်ကဲ့သို့ ဒယီဒယိုင် ဖြစ်မနေတော့ပေ။
ဇာမဏီပေါက်လေးက ရှောင်ယွမ်အာကို ကြည့်ရင်း တောင်ပံကို ခတ်လိုက်သည်။ မီတာအနည်းငယ် မြင့်တက်လာပြီးသည့်နောက်တွင် ခေါင်းငိုက်စိုက်ကျလျက် ပြုတ်ကျသွားလေသည်။
“ဝှစ်”
“...”
ခရုလေးက ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
မီးဇာမဏီပေါက်လေးက တောင်ပံကို ထပ်ကာ ဖြန့်ပြီး ခတ်လိုက်သည်။
“ရှစ်စွင်း တပည့်တို့ ဘာလုပ်ရမလဲ”
ရှောင်ယွမ်အာက မီးဇာမဏီပေါက်လေးကို ကြည့်ရင်း မေးလိုက်သည်။
လုကျိုးကပင် ဘာလုပ်ရမှန်း မသိတော့ပေ။ သူက ခေတ္တမျှ ကြည့်နေလိုက်သည်။ သို့သော်လည်း သူက အချိန်များများစားစား မရပေ။ အဆုံးသတ်တွင် သူက ပြောလိုက်သည်။
“ယွမ်အာ ဒါကို သေချာဂရုစိုက်ထားလိုက်။ တကယ်လို့ အပြောင်းအလဲရှိရင် ငါ့ကိုလာပြီး အကြောင်းကြား”
“အာ တပည့်က ဒါကိုဂရုစိုက်ရမှာလား”
ရှောင်ယွမ်အာက မီးဇာမဏီပေါက်လေးကို ကြည့်လိုက်သည်။
လုကျိုးက ရှောင်ယွမ်အာကို ကြည့်ကာ ပြောလိုက်သည်။
“ဒီမီးဇာမဏီပေါက်လေးက စောစောက နတ်သားရဲ မီးဇာမဏီဆီကပဲ”
ကောင်းကင်ထဲ ဝဲပျံသွားသည့် မီးဇာမဏီ၏ မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည့်အခါ ရှောင်ယွမ်အာ၏ အကြည့်မျာက တောက်ပလာလေသည်။
“အဲဒါဆိုတော့ ဒါကလည်း နောင်ကျရင် နတ်သားရဲ ဖြစ်လာမှာပေါ့”
“အဲ့လိုဖြစ်နိုင်ပါတယ်”
လုကျိုးက ဝေဝေဝါးဝါးသာ ပြန်ဖြေလိုက်သည်။ သားရဲအားလုံးက နတ်သားရဲ ဖြစ်လာနိုင်ခြင်း မဟုတ်ပေ။ ဤမီးဇာမဏီပေါက်လေး၏ မျိုးရိုးက ကောင်းမွန်သည့်အတွက် နတ်သားရဲဖြစ်လာဖို့ အခွင့်အရေး များပြားခြင်းသာ ရှိ၏။
ရှောင်ယွမ်အာက ပျော်ရွှင်စွာ ပြောလိုက်သည်။
“ကောင်းပြီလေ။ တပည့် သေချာစောင့်ကြည့်ထားလိုက်မယ်”
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါက ငယ်သေးတယ်ဆိုပေမဲ့ သူ့လက္ခဏာတွေက ထင်ရှားတယ်။ ရုပ်ဖျက်ဖို့ နည်းလမ်းရှာလိုက်အုံး”
ခေတ္တမျှစဥ်းစားကြည့်ပြီးသည့်နောက်တွင် ရှောင်ယွမ်အာက ပြောလိုက်သည်။
“အဲဒါက လွယ်ပါတယ်။ တပည့် ဂရုစိုက်လိုက်ပါ့မယ်”
“ကောင်းပြီ အခုသွားလို့ရပြီ”
ရှောင်ယွမ်အာက မီးဇာမဏီပေါက်လေးဆီ ပျံသန်းကာ လက်ထဲတွင် ဆုပ်ကိုင်လိုက်သည်။ မီးဇာမဏီပေါက်လေးက ကျီကျီကျာကျာ အော်မြည်ပြီး တောင်ပံခတ်ကာ ရုန်းကန်လာ၏။
“ခရုလေး...”
ရှောင်ယွမ်အာက မေးလိုက်သည်။
“ရှောင်ရှစ်မေ့က သားရဲဘာသာစကားကို သိတယ်ဆိုတော့ သူက ဘာပြောနေတာလဲ”
ခရုလေးက ခေါင်းယမ်းလိုက်ပြီး မသိကြောင်း ညွှန်ပြလိုက်သည်။ ရှောင်ယွမ်အာက တောင်ပံလေးကို အသာပွတကာ ပြောလိုက်သည်။
“မကြောက်နဲ့။ ငါက သေသေချာချာ ဂရုစိုက်ပေးမယ်”
...
အခန်း (၁၂၃၃) နေ့မြင်ညပျောက်မြို့၏ ရှေးအပျက်အစီးများ
သူ၏အငယ်ဆုံးတပည့်နှစ်ယောက် ထွက်သွားပြီးနောက် လုကျိုးသည် ရှေးသစ်ပင်သို့ ပျံသွားလိုက်၏။
“ဟမ်” လုကျိုးသည် သူ၏အသက်ဓာတ်နှလုံးသားအပြည့်အဝနှစ်မြှုပ်နေသည့် မွေးဖွားနန်းဆောင်ထဲ ချောချောမွေ့မွေ့ ထွက်သွားတာကို ရှာတွေ့သွား၏။ ဤနည်းဖြင့် သူသည် မွေးဖွားဇယားချပ် အသက်သွင်းခြင်း၏ ဒုတိယအဆင့်သို့ ရောက်သွားပြီးဖြစ်သည်။ သူက စနစ်မျက်နှာပြင်ကို ကြည့်လိုက်ပြီး ကျန်ရှိသော သက်တမ်းက လျော့သွားတာကို တွေ့လိုက်ရသည်။
ဖြစ်စဉ်က သူထင်ထားတာထက် ချောမွေ့၏။
ယခုအချိန်တွင် သူ လုပ်ရန်လိုအပ်သည်က မွေးဖွားနန်းဆောင်အတွက် သက်တမ်း လုံလုံလောက်လောက် စုပ်ယူတာကို စောင့်ပြီး မွေးဖွားဇယားချပ်အသက်သွင်းမှု ပြီးပြည့်စုံစေရန် ဖြစ်သည်။
တစ်ချိန်တည်းတွင် အဖြူရောင်နန်းတော်အပြင်ဖက်၌ ဖြစ်သည်။
လန်ရှီဟယ်က မိုးပြာရောင်ကောင်းကင်ကို မော့ကြည့်ပြီး အတွေးနစ်နေလေ၏။
အချိန်အတော်ကြာပြီးနောက် အမျိုးသမီးလက်ထောက်တစ်ဦးက လျှောက်လာလျက် ဦးညွှတ်ကာ ပြောလိုက်တော့သည်။
“ရှစ်စွင်း ... အထွတ်အထိပ်ခန်းမက ပြောတယ်။ မျှခြေမညီညွတ်မှုက တိုးလာလိမ့်မယ်တဲ့။ အမည်မသိကုန်းမြေထဲ ဖရိုဖရဲဖြစ်မှုတွေ ရောက်လာတော့မှာ”
“သူတို့တွေ မူမမှန်တာ တစ်ခုခုရှာတွေ့သေးလား”
“အမည်မသိကုန်းမြေက ကျယ်ဝန်းလွန်းတယ်။ အထွတ်အမြတ်ခန်းမက လူတွေအဖို့ အရာအားလုံးကို စောင့်ကြည့်ဖို့က ခက်ခဲပါတယ်” အမျိုးသမီးလက်ထောက်က ပြောလိုက်၏။
လန်ရှီဟယ်က သက်ပြင်းချလိုက်သည်။ မျှခြေမညီမျှမှုက ဖရိုဖရဲဖြစ်မှုကို ဆောင်ယူလာမှုဖြင့် အချိန်အလက်ထိန်းသိမ်းဖို့က ခက်ခဲသွားတော့သည်။
၅ရက်ကြာပြီးနောက်ဖြစ်သည်။
ဂျွတ်
လေထဲ၌ ကြွပ်ဆပ်ဆပ်အသံတစ်သံကြားလိုက်ရပြီး လုကျိုးသည် သူ၏စွမ်းအားဗဟိုချက်ရှိ ချီပင်လယ်ထဲရှိ စွမ်းအင်များဝေ့တက်လာတာကို ခံစားမိသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဒဿမမြောက် မွေးဖွားဇယားချပ် မှိတ်တုပ်မှိတ်တုတ်ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူ၏ကြာပလင်က အနည်းငယ်ကျယ်ဝန်းလာတာကိုလည်း ရှာတွေ့သွား၏။ ဆိုလိုသည်က သူ၏မွေးဖွားဇယားချပ်ကို ဆက်လက်အသက်သွင်းနိုင်တာပဲဖြစ်သည်။
သူ၏ဒဿမမြောက် မွေးဖွားဇယားချပ်ကို အာရုံခံပြီးနောက် သူသည် မွေးဖွားဇယားချပ်၁၀ခုဖြင့် တဖျပ်ဖျပ်လက်နေသည့် ကြယ်တာရာဒိုင်ခွက်ကို ယူလိုက်၏။ အတောက်ပဆုံးက သူ၏နဝမမြောက်မွေးဖွားဇယားချပ်ဖြစ်ပြီး ၎င်းသည် သူ၏ပထမဆုံးမဟာမွေးဖွားဇယားချပ်လည်း ဖြစ်၏။ သူ၏ နဝမမြောက်မွေးဖွားဇယားချပ်ကလည်း လုဝူ၏အသက်ဓာတ်နှလုံးသားမှ လာတာဖြစ်သည်။
လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူ၏ကြယ်တာရာဒိုင်ခွက်နှင့် ကြာပွင့်ကို သိမ်းပြီးနောက် သူက ခုန်ဆင်းလိုက်သည်။ သူ၏နောက်ထပ် မွေးဖွားဇယားချပ်ကို ကျင့်ကြံရမည့်နေရာအကြောင်း စတင် စဉ်းစားနေပြီးဖြစ်သည်။
လုကျိုးက လူတိုင်းကို စုဝေးရန် အမိန့်ပေးလိုက်တော့သည်။
မင်ရှစ်ရင်မှလွဲလျှင် လူတိုင်းက ရှေးသစ်ပင်ရှေ့၌ စုဝေးနေသည်။
ရှောင်ယွမ်အာသည် ခရုလေးနှင့် ဇာမဏီလေးကိုခေါ်ပြီး ရှေ့တွင်ရပ်နေ၏။
ဇာမဏီလေး၏သွင်ပြင်က အနည်းငယ်ပြောင်းလဲသွား၏။ ၎င်း၏အမြီးများကို အဝိုင်းသဏ္ဌာန် စည်းထားပြီး အမွှေးများကလည်း လုံးဝပြောင်းလဲသွားတော့သည်။
လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “ဒါက မီးဇာမဏီလား”
“ရှစ်စွင်း .. တပည့် ဒါကို ဆေးခြယ်လိုက်တော့ အခုသူ့ကို ဘယ်သူမှမမှတ်မိတော့ဘူး။ ဂရုတစိုက်စဉ်းစားထားတာပါ။ ပြန်ရောက်တဲ့အချိန် ထပ်ပြီးဆေးခြယ်လိုက်မယ်”
“...”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် ပိုတောင်ဆွံ့အသွားသည်။ ၎င်းက မီးဇာမဏီမှန်း သူတို့မသိခဲ့လျှင် ယင်းက သာမန်အိမ်ထောင်စုမှ ကြက်ဆင်တစ်ကောင်ဟုသာ တွေးမိလိမ့်မည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း လူတိုင်းသည် ထိတ်လန့်မှုကနေ လက်ခံနားလည်မှု အားကျမှုတို့ဖြစ်လာ၏။ မီးဇာမဏီလေးအရွယ်ရောက်လာချိန်တွင် လုဝူထက်အားမနည်းလောက်ပေ။ ထိုကဲ့သို့သားရဲကို မည်သူက သဘောမကျဘဲနေမည်နည်း။ ထို့အပြင် လေထဲ မီးဇာမဏီပျံတက်သွားသည့် မြင်ကွင်းနှင့် ဆရာသခင်နှစ်ပါးကို ရိုက်နှက်ခဲ့သည့်မြင်ကွင်းက သူတို့စိတ်ထဲ စွဲထင်နေသေးဆဲဖြစ်သည်။ ထို့ကြောင့် ရှောင်ယွမ်အာလေးလုပ်ခဲ့တာကို မြင်သောအခါ သူတို့အနည်းငယ်ဆွံ့အသွားတော့သည်။
လုကျိုးက ပြောလိုက်၏။
“ဒီမီးဇာမဏီလေးကို လျှို့ဝှက်ထားရမယ်ဆိုတာ မှတ်ထား ဒီသတင်းကို ဘယ်သူမှ ပေါက်ကြားခွင့်မပေးနိုင်ဘူး”
လူတိုင်းက ဦးညွှတ်လိုက်၏။
ထိုစဉ် ခုံဝမ်နှင့် သူ့ညီနောင်တို့က ရှေ့တိုးကာ ဒူးထောက်လိုက်ပြီးပြောလိုက်လေ၏။
“ဆရာကြီး ကျွန်တော့မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်”
“ပြော”
“ကျွန်တော်တို့လေးယောက် မိစ္ဆာဝေဟင်မျှော်နန်းထဲကို ဝင်ချင်ပါတယ်။ အခွင့်အရေးပေးမယ်လို့ မျှော်လင့်ပါတယ်” ခုံဝမ်က ကွေ့ဝိုက်မနေဘဲပြောလိုက်၏။
တကယ်တော့ လုကျိုးသည် ဤလူလေးယောက်အဖို့ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ဖို့ အနည်းငယ် ခက်ခဲမည်ဟု ခံစားမိသည်။ ခွန်အားအရာတွင် သူတို့သည် စွင်းမူနှင့် သူ၏ ညီနောင်များလောက် မတော်။ သို့သော် သူတို့ဆောင်ရွက်ချက်က ချီးကျူးလောက်ဖွယ်ရှိ၏။ ဤနည်းဖြင့် သူ၏ လူစုဆောင်းရမည့်ဗျူဟာကို အနည်းငယ် ပြောင်းလဲရမည်မှန်း သဘောပေါက်သွားသည်။ လူစုဆောင်းမှုက ခွန်အားတစ်ခုတည်းကို အခြေမခံသင့်ဘဲ အကျင့်စရိုက်ကိုလည်း ကြည့်သင့်သည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် သူ့ရှေ့ရှိလူလေးယောက်ကို စစ်ဆေးလိုက်၏။
“မင်းတို့လေးယောက် မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ချင်တာသေချာလား”
ခုံဝမ်က ပြောလိုက်တော့သည်။
“တမန်တော်ယန်နဲ့အရင်ရက်တွေတုန်းက စကားပြောခဲ့တာပါ။ ဒါကြောင့် စည်းမျဉ်းတွေကို နားလည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ညီနောင်တွေကလည်း ဂရုတစိုက်စဉ်းစားပြီးပါပြီ။ ကျွန်တော်တို့ရဲ့စိတ်ရင်း စစ်မှန်မှုကို ပြဖို့အတွက် ဒီအသက်ဓာတ်နှလုံးသားပေးပါ့မယ်”
ခုံဝမ်သည် သူ့အားလုကျိုးဆုချီးမြှင့်ခဲ့သည့် အသက်ဓာတ်နှလုံးသားကို ထုတ်လိုက်၏။
လုကျိုးသည် ထိုအရာကြောင့် အံ့ဩသွားတော့သည်။ ဆိုရလျှင် ကျူးယန်၏ အသက်ဓာတ်နှလုံးသားသည် သားရဲဘုရင်တစ်ပါး၏ အသက်ဓာတ်နှလုံးသားပဲ ဖြစ်သည်။
ခုံဝမ်က ဆက်ပြောလိုက်လေ၏။
“ဆရာကြီးတို့အားလုံး သန်မာပြီးသားမှန်း သိတယ်။ ဒီတော့အသက်ဓာတ်နှလုံးသားက ဆရာကြီးတို့အတွက် အသုံးဝင်လိမ့်မယ်။ ကျွန်တော် သိမ်းထားရင်ဖြုန်းတီးရာရောက်မှာ”
ပြီးနောက် ညီနောင်လေးဖော်က တညီတညွတ်တည်းဦးညွှတ်လိုက်တော့သည်။ “ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ လောင်ချန်းပေ့”
လူတိုင်းက ခေါင်းညိတ်လိုက်၏။ ခုံဝမ်နှင့်သူ၏ညီနောင်များက စွင်းမူနှင့်ညီနောင်များထက် ပိုတွေးတတ်သည်။
သူတို့ဒီလောက်လေးစားမှုပြနေတယ်ဆိုတော့ ငါ မျက်နှာသာပေးရမှာပေါ့။
လုကျိုးက မုတ်ဆိတ်သပ်ပြီး ပြောလိုက်၏။
“ငါ ပေးပြီးသားအရာကို ဘယ်လိုလုပ်ပြန်လက်ခံပါ့မလဲ”
“အမ်” ခုံဝမ်က စိုးရိမ်စိတ်တိုးလာတော့သည်။ “ဆရာကြီးက ကျွန်တော်တို့ကို လက်မခံချင်တာလား”
လုကျိုးက ခေါင်းခါလိုက်သည်။
“မင်းတို့တွေ စဉ်းစားပြီးပြီဆိုတော့ မင်းတို့ကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ခွင့်ပေးမယ်”
ညီနောင်လေးဖော်သည် ထိုစကားများကိုကြားသည်နှင့် မှင်တက်သွားလေ၏။
ခုံဝမ်သည် သူတို့ကို လက်ခံမည်ဟု မထင်ထားပေ။ ဆိုရလျှင် သူတို့၏ကျင့်ကြံဆင့်က လုံလောက်အောင် မမြင့်မားပေ။ ထို့အပြင် သူတို့က ခြေရာခံနည်းစနစ်တစ်ခုသာ ကျွမ်းကျင်တာဖြစ်သည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူသည် မိစ္ဆာဝေဟင်မျှော်နန်းက အလွန်စည်းကမ်းတင်းကြပ်ကြောင်း ယန်ကျန်းလော့ဆီမှ ကြားထား၏။ ထို့ကြောင့် သူ ငြင်းဆန်ခံရဖို့ပြင်ထားပြီးသားဖြစ်သည်။
ထိုစဉ် ယန်ကျန်းလော့က သူတို့ကို သတိပေးလိုက်၏။
“မင်းတို့ ဘာစောင့်နေတာလဲ”
ခုံဝမ်က အသိကပ်သွားကာ ကန်တော့ရန် သူ၏ညီနောင်များကို ဦးဆောင်လိုက်၏။ “မျှောင်နန်းသခင် ကျေးဇူးတင်ပါတယ်”
“တင်း ... လက်အောက်ငယ်သားလေးယောက်ခေါ်ယူပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၄၀၀၀”
လုကျိုးသည် မုတ်ဆိတ်သပ်ပြီး ခေါင်းညိတ်လိုက်၏။
“မင်းတို့ထတော့”
“နားလည်ပါပြီ”
ညီနောင်လေးဖော်ထရပ်ပြီးနောက် ခုံဝမ်က ပြောလိုက်၏။
“ဒီအသက်ဓာတ်နှလုံးသားက ....”
လုလီက ဖြတ်ပြောလိုက်သည်။ “မျှော်နန်းသခင်က မင်းဆီပေးထားတယ်ဆိုမှတော့ မင်း သိမ်းထားလို့ရတယ်။ ငါတို့ မင်းဆီက ယူမှာ မဟုတ်ဘူး”
ယန်ကျန်းလော့က ထပ်ပြောလိုက်၏။ ”
"စိတ်မပူနဲ့။ မိစ္ဆာဝေဟင်မျှော်နန်းက ဒီပစ္စည်းတွေ မပြတ်လပ်ဘူး”
ခုံဝမ်သည် ခေါင်းကုတ်လိုက်စဉ် ကျန်သည့်သူများက ပြုံးနေလေ၏။ ခုံဝမ်နှင့် သူ၏ညီနောင်များသည် အမည်မသိကုန်းမြေ၌ အလှည့်အပြောင်းများစွာ တွေ့ကြုံခဲ့ဖူးပြီး လူသားများ၏ ဆက်ဆံရေးအတက်အကျကို မြင်တွေ့ခဲ့ဖူးတာ ဖြစ်ဟန်တူ၏။ ထို့ကြောင့် သူတို့သည် ဤမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်နေကြသည်။ ခဏကြာပြီးနောက် သူတို့လေးယောက်သားက ကျန်သည့်သူများနှင့်အတူ ရယ်မောလိုက်၏။ သူတို့သစ္စာရှိမှုများကလည်း တိုးလာသည်။
လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ ... အလုပ်သွားလုပ်ရအောင်။ အမည်မသိကုန်းမြေထဲမှာ မွေးဖွားဇယားချပ်တွေကို အသက်သွင်းဖို့ သင့်တော်တဲ့နေရာရှိလား”
“မျှော်နန်းသခင် ဘာကိုဆိုလိုတာလဲ” ခုံဝမ်က လုကျိုး၏ရည်ရွယ်ချက်ကို နားမလည်ပေ။
“ရှောင်ယွမ်အာနဲ့ခရုလေးက အခုအချိန်မှာ သူတို့ရဲ့ဒဿမမြောက်ပွင့်ချပ်ဖူးပွင့်နေပြီ။ ပြောရရင် သူတို့နှစ်ယောက်လုံးအတွက် အခုက ဘုံတစ်ထောင်လေပွေအဆင့်ထဲပထဆုံး ဝင်ရောက်ရမှာ” လုကျိုးက ပြောလိုက်၏။
ခုံဝမ်က သဘောပေါက်သွားတော့သည်။ “တကယ်တော့ သင့်တော်တဲ့နေရာတစ်ခုရှိပါတယ်”
“ပြော”
“လူသားတွေက အမည်မသိကုန်းမြေထဲမှာ နေနေကြဆိုပေမဲ့ အချိန်က ပြောင်းလဲမှုများစွာ ဆောင်ယူလာတယ်။ ရှေးသူတောင်စင်တွေ ချန်ရစ်ခဲ့တဲ့ ပစ္စည်းတွေ တော်တော်များများ ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ တချို့တလေ ရှိနေတုန်းပဲ။ အနောက်အရပ် ကီလိုမီတာ ၅၀၀၀ ဝန်းကျင် အမည်မသိကုန်းမြေအတွင်းပိုင်းနားမှာ နေ့မြင်ညပျောက်မြို့လို့ခေါ်တဲ့ နေရာတစ်ခုရှိတယ်။ သူတော်စင်တွေ ချန်ရစ်ခဲ့တဲ့ ရှေးမြို့တော်လေ ... ကျင့်ကြံမှုနဲ့မွေးဖွားဇယားချပ်အသက်သွင်းတဲ့အရှိန်ကို မြှင့်တင်ပေးတဲ့ ရှေးအစီအရင်တစ်ခု ရှိတယ်လို့ပြောတယ်” ခုံဝမ်က ရှင်းပြလိုက်၏။
“ဒီလို အံ့ဩဖို့ကောင်းတဲ့နေရာတစ်ခု ရှိတယ်တဲ့လား။ ဒါဆို လူတိုင်းအဲ့ဒီကို ဘာကြောင့်မသွားတာလဲ” ယန်ကျန်းလော့က သိချင်စိတ်ဖြင့်မေးလိုက်၏။
ခုံဝမ်က ခေါင်းခါလိုက်သည်။ “အားနည်းချက်တွေလည်းရှိတယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေက များလွန်းတော့ သာမန်ကျင့်ကြံသူတွေက အဲ့ဒီဖက်ကို သွားဖို့မျှော်လင့်ချက်မရှိဘူး။ တစ်ဖက်မှာ ဆရာသခင်တွေ ဒါမှမဟုတ် ပိုသန်မာတဲ့သူတွေက အနီရောင်စည်းကို မဖြတ်ကျော်နိုင်ဘူး။ သူတို့ဘယ်လိုလုပ် အဲ့ကို သွားနိုင်ပါ့မလဲ။ သူတို့တွေက မျှခြေထိန်းသိမ်းသူတွေရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မည်။ ဒါပေမဲ့ မျှခြေမညီမျှမှုပေါ်လာပြီဆိုတော့ ကိစ္စရပ်တွေ ပြောင်းလဲသွားလိမ့်မယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ ဤနေရာများက သူ့လိုအပ်ချက်နှင့်ကိုက်ညီသည်။ ယခုသူက တိုးမြှင့်လျော့ချရေးကတ်တစ်ခု ရှိနေသောကြောင့် ဆရာသခင်များကို မကြောက်ပေ။
ထို့အပြင် ရှောင်ယွမ်အာနဲ့ ခရုလေးက ဘုံတစ်ထောင်လေပွေကျင့်ကြံသူများဖြစ်လာလျှင် သူတို့၏ ဆရာတူတပည့်များနှင့် ယှဉ်ပြိုင်ပါက သူသည်လည်း အမည်မသိကုန်းမြေထဲ၌ သူ့ကိုအကျိုးရှိစေမည့် ထူးခြားသောအသုံးပစ္စည်းများဖြင့်ဆုချီးမြှင့်ခံရလောက်သည်။
ထိုစဉ် လုဝူ၏ခေါင်းက ဝေဟင်မှဆင်းသက်လာကာ မေးလိုက်တော့သည်။
“ခင်ဗျား နေ့မြင်ညပျောက်မြို့ရဲ့အပျက်အစီးနယ်မြေဆီ သွားတော့မလို့လား”
“နေ့မြင်ညပျောက်မြို့အကြောင်း မင်းသိလား” လုကျိုးက ခေါင်းမော့ပြီး လုဝူကို ကြည့်လိုက်၏။
“အဲ့ဒီနေရာက ဆိုးယုတ်တယ်။ အဲ့ဒါက ရှေးကတွားသွားသတ္တဝါတွေရဲ့ မွန်မြတ်သောမြေ။ မိစ္ဆာတွေ” လုဝူက ပြောလိုက်၏။
တွမ့်မူရှန်းက မျက်မှောင်ကျုံ့လျက်မေးလိုက်သည်။
“လူသားတွေလို့ ဖော်ပြဖို့ တွားသွားသတ္တဝါတွေလို့သုံးတာ ရပ်တန့်ဖို့ ဘယ်နှခေါက်ရှိနေပြီလဲ”
“သခင်လေး”
“ငါ့ကို သခင်လေးလို့မခေါ်နဲ့” တွမ့်မူရှန်းက ပြောလိုက်၏။
လုဝူက သက်ပြင်းချလိုက်၏။ “ထပ်မပြောတော့ပါဘူး”
လူတိုင်းသည် ထိုစကားကိုကြားသောအခါ ရယ်မောလိုက်၏။
လုကျိုးက စိတ်အနှောင့်အယှက် မဖြစ်သွားပေ။ ဆိုရလျှင် လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများသည် တွေးခေါ်သည့်နည်းလမ်း မတူညီမှန်း သူနားလည်ပြီးသားဖြစ်၏။ သူက ပြောလိုက်တော့၏။
“မင်း နေ့မြင်ညပျောက်မြို့ကို ရောက်ဖူးတာလား”