အခန်း (၁၂၃၄-၁၂၃၆)
Vol. 83 Ch. 1234-1236
အခန်း (၁၂၃၄) ပြောင်းရွှေ့ကြခြင်း
လုဝူက ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။ သူက မသက်မသာဖြစ်သည့် မှတ်ဥာဏ်များကို ပြန်လည်အမှတ်ရသွားသည့်အလား ပြောလိုက်၏။
“ဆရာသခင် တွမ့်မူကလည်း အဲ့ဒီ့ကို တစ်ခါ သွားခဲ့ဖူးတယ်။ သူက အဲ့ဒီ့မှာ သက်တမ်းနှစ် ၁၀၀၀ကို ဆုံးရှုံးသွားတယ်”
“အဲ့ဒီ့မှာ သက်တမ်းနှစ်၁၀၀၀ ဆုံးရှုံးသွားတာလား”
တွမ့်မူရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ ခုံဝမ်က ပြောလိုက်သည်။
“အမှန်ပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကောလဟာလတွေ ရှိတယ်။ အဲ့ဒီ့နေရာက ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိတယ်။ ပြောကြတာကတော့ အဲဒီမှာဆိုရင် မြန်မြန်ဆန်ဆန် အိုမင်းတယ်တဲ့။ အဲဒါကြောင့် နေ့မြင်ညပျောက် မြို့တော်လို့ နာမည်ပေးထားတာ”
“...”
အားလုံးက အချင်းချင်းကြည့်လိုက်ကြသည်။ ရှောင်ယွမ်အာနှင့် ခရုလေးတို့က ပိုမိုပြီး ဂရုစိုက်ကြသည်။ အဆုံးသတ်တွင် ရှောင်ယွမ်အာက အောင့်အီးသည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။
“အဲဒါဆိုရင် မသွားဘဲ နေရအောင်။ တပည့်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘုံတစ်ထောင်လေပွေအဆင့်ကို တက်လှမ်းနိုင်ပါတယ်”
“တပည့်ရောပဲ”
ခရုလေးကလည်း ရှောင်ယွမ်အာအတိုင်း ဝင်ပြောလိုက်သည်။
လုကျိုးက သူ့အငယ်ဆုံး တပည့်၂ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့၂ယောက်လုံးက ဆယ်ခုမြောက် ပွင့်ချပ်ကို ပွင့်ပြီးသွားပြီ။ အဲဒီမှာ မင်းတို့အနေနဲ့ ဘုံတစ်ထောင်လေပွေအဆင့်ကို တက်ဖို့ဆိုတာ ပိုပြီးတော့ လွယ်တယ်။ ပြီးတော့ မင်းတို့အနေနဲ့ အဲ့ဒီ့မှာဆိုရင် ဘုံတစ်ထောင်လေပွေအဆင့်ကို ဖွဲ့စည်းပြီးတော့ ဒုတိယနဲ့ တတိယမြောက် မွေးဖွားဇယားချပ်တွေအထိ အသက်သွင်းလို့ရနိုင်တယ်”
ယွီကျန့်ဟိုင်က ပြုံးကာမေးလိုက်သည်။
“ရှစ်မေ့တို့က နာကျင်မှုကို ကြောက်နေတာလား”
ယွီကျန့်ဟိုင်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဍာန်ကို ပထမဦးဆုံးဖွဲ့စည်းစဥ်အခါက တွေ့ကြုံခဲ့ရသည့် နာကျင်မှုကို ပြန်လည်အမှတ်ရသွားသည်။ ထိုစဥ်က သူသည် စိတ်ဝိညာဥ်သဏ္ဍာန်ကို ဖွဲ့စည်းနိုင်ဖို့ တောင်ပိုင်းတိုင်းပြည် ဖရိုဖရဲကုန်းမြေထဲတွင် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
“အဲ့လိုမဟုတ်ပါဘူး။ ဒါဆိုလည်း သွားကြတာပေါ့” ရှောင်ယွမ်အာက ပြောလိုက်သည်။
“ဝှစ် ဝှစ် ဝှစ်”
မီးဇာမဏီပေါက်လေးက တောင်ပံကို ခတ်ကာ ရှောင်ယွမ်အာနှင့် မတိမ်းမယိမ်း ပျံသန်းလာသည်။ ထို့နောက် သူက နှုတ်သီးကို ဟကာ အနီရောင်အလင်းတန်းကို ပစ်ခတ်လိုက်၏။
ရှောင်ယွမ်အာက လက်ထဲတွင် ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“ကောင်းကောင်းနေ။ နောက်ကျမှ အရသာရှိတာ ရှာပေးမယ်”
အားလုံး “...”
ဤသည်က စိတ်ကူးကြည့်ဖို့ ခက်ခဲလှသည်။ သူ့တို့မျက်စိရှေ့တွင်ရှိသည့် မီးဇာမဏီပေါက်လေးက နောင်အနာဂတ်တွင် နတ်သားရဲ ဖြစ်လာနိုင်သည်။ ထိုအခိုက်အတန့်တွင် ခုံဝမ်က ဆက်ပြောလိုက်သည်။
“တကယ်တော့ ဒါက အခွင့်အရေးကောင်းပဲ။ ထူးကဲသာလွန်မှုမျိုးရဲ့ ထူးဆန်းမှုကြောင့် အဲ့ဒီ့မှာ ရှေးဟောင်းရတနာတွေကို ရှာတွေ့နိုင်တယ်။ ပြီးတော့ ခက်ထန်သားရဲ ၁ကောင်၊ ၂ကောင်လည်း တွေ့နိုင်တယ်။ မျှော်နန်းသခင်ရဲ့ စွမ်းအားနဲ့ဆို သူတို့ကို အလွယ်တကူ နှိမ်နင်းနိုင်မှာ သေချာတယ်”
ဤတစ်ကြိမ် ခုံဝမ်က လုကျိုးသည် ဆရာသခင်တစ်ယောက် ဖြစ်ကြောင်း သံသယမရှိတော့ပေ။ ဆရာသခင်က သူတို့ကို ဦးဆောင်နေသည့်အတွက် အောင်မြင်မှုက လက်တစ်ကမ်းအလိုသာ ရှိ၏။ သူတို့က အန္တရာယ် ကြုံတွေ့ရလျှင်ပင် ဆရာကသခင်က သူတို့ကို အလွယ်တကူ ကာကွယ်ကာ ခေါ်သွားနိုင်လိမ့်မည်။
နမူနာအနေဖြင့် ချင်ယန်ယွဲ့သည် ဓားသမား ၄၉ဦးကို ဘေးကင်းစွာ ခေါ်သွားနိုင်ခဲ့သလို ယဲကျန်းကလည်း လုကျိုးနှင့် လုဝူကိုသာ ရန်မစပါက သူ့လူများကို ကာကွယ်နိုင်လောက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ။ ငါတို့တွေ ဒီမှာ ၂ရက်လောက် နေပြီးရင် သွားကြတာပေါ့”
အားလုံးက ဦးညွှတ်လိုက်ကြ၏။
ထို့နောက် လုကျိုးက လုဝူကို ကြည့်ကာ မေးလိုက်သည်။
“မင်းက ယဲကျန်းကို အဲ့လောက်တောင် မုန်းတာလား”
လုဝူက ပြောလိုက်သည်။
“ဟုတ်တယ်။ သူသာ ထွက်ပြေးမသွားဘူးဆိုရင် သူ့အရိုးတွေကိုချိုးပြီးတော့ အရေခွာပစ်အုံးမှာ”
ထိုစကားကို ပြောပြီးသည့်နောက်တွင် လုဝူက ဘယ်ဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုအရာနှင့် ယဲကျန်းကြားရှိ စိတ်မချမ်းသာဖွယ် မှတ်ဥာဏ်များကို ပြန်လည်တွေးတောသွားမှန်း သိသာလှသည်။
တွမ့်မူရှန်းက ဦးညွှတ်ကာပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော် သူ့ကို ကောင်းကောင်းသင်ပေးပါမယ်”
လုကျိုးက တွမ့်မူရှန်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် မင်း တော်တော်တိုးတက်လာတဲ့ပုံပဲ”
တွမ့်မူရှန်းက သူ့ရှစ်စွင်း၏ ချီးကျူးမှုကြောင့် စိတ်အေးသွားလေသည်။ သူက ပြုံးကာ ပြောလိုက်သည်။
“အခု ဒါတွေအားလုံးက ရှစ်စွင်းရဲ့ လမ်းညွှန်ပြသမှုတွေကြောင့်ပါပဲ”
လုဝူ “...”
လုကျိုးက ဆက်ပြောလိုက်သည်။
“ဆက်ပြီးကြိုးစားထား။ ပြီးတော့ လုဝူကို အစီအရင်ချိုးဖောက်ရေး နည်းစနစ်ကို သင်ပေးထားတယ်။ မင်းကို ပြန်သင်ပေးလိမ့်မယ်။ မပျင်းဘဲနဲ့ကြိုးစားထား”
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
ထိုသို့ပြောပြီးသည့်နောက်တွင် လုကျိုးက သစ်ပင်ပေါ် ခုန်တက်သွားလေသည်။
တွမ့်မူရှန်းက လုဝူကျောပေါ် ရောက်လာကာ မေးလိုက်သည်။
“ရှစ်စွင်းက မင်းကို အစီအရင်ချိုးဖောက်ရေး နည်းဗျူဟာအကြောင်း သင်ပေးသွားတယ်ဆို”
လုဝူက လှည့်ကာ တွမ့်မူရှန်းကို ကြည့်ချင်သော်လည်း သူ့ကို မမြင်နိုင်သည့်အခါ သက်ပြင်းအသာချလျက် ပြောလိုက်သည်။
“မင်းကို နောင်ကျမှ သင်ပေးမယ်...”
…………..
ယန်နန်ကောင်းချီးနယ်မြေ
ဆေးရည်ကန်ထဲတွင် စိမ်နေသည့် ယဲကျန်းက ရုတ်ခြည်းဆိုသလို မျက်လုံးပွင့်လာသည်။ သူ့မျက်ဝန်းအထက် ပျော်ရွှင်မှု အရိပ်အယောင်ကို မြင်တွေ့နိုင်လေသည်။
တပည့်၁ဦးက ဦးညွှတ်ကာ ပြောလိုက်သည်။
“ဆရာသခင် ထပ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”
ယဲကျန်းက သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ပြီး မွေးဖွားဇယားချပ် ၁၈ခုလုံး တောက်ပနေသည်ကို ကြည့်လိုက်သည်။ သို့သော်လည်း သူတို့၏အလင်းက ယခင်ကလောက် မတောက်ပတော့ပေ။
ထိုအရာကို မြင်ကာ တပည့်က ပြောလိုက်၏။
“အကြီးအကဲ ပြောတာကတော့ ဆရာသခင် ပြန်ဖြစ်လာပေမဲ့ ကနဦးချီမုန်တိုင်းကြောင့် စွမ်းအားအနည်းငယ် ဆုံးရှုံးသွားတယ်တဲ့။ အဲဒါကြောင့် အထွတ်အထိပ်ကို ပြန်မရောက်ခင် ကျင့်ကြံဖို့ လိုတယ်”
ယဲကျန်းက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ငါ ဘာလုပ်ရမယ်ဆိုတာကို သိပြီ”
“အကြီးအကဲက တောင်ရဲ့အနောက်မှာ သားရဲဘုရင် ၃ကောင်ရှိတယ်လို့ ပြောလိုက်တယ်”
ယဲကျန်းက ခေါင်းညိတ်ကာ အမူအရာကင်းမဲ့လျက် မေးလိုက်သည်။
“သူက အခြားဘာပြောသေးလဲ”
“သူ ပြောတာကတော့ တပည့်တွေရဲ့သေဆုံးမှုနဲ့ ခုနစ်စင်ကြယ်အလံ ၃၆ခု အစီအရင်ဖျက်ဆီးမှုကိုပါ လက်စားချေဖို့ ပြောလိုက်တယ်။ အဲဒါကြောင့်မို့ တက်နိုင်သလောက် စွမ်းအားမြန်မြန် ပြန်လည်ရဖို့ မျှော်လင့်ပါတယ်တဲ့”
တပည့်က ပြန်ဖြေလိုက်သည်။
ယဲကျန်းက သက်ပြင်းချကာ မျက်လုံးမှိတ်လိုက်၏။
သူ့စိတ်ထဲတွင် ကွန်ဖြူးရှပ်ပညာရှင် ၃၆ဦးက မီးကင်ခံလိုက်ရသည်ကိုသာ ပြန်လည် မြင်ယောင်လာမိသည်။ ခဏအကြာတွင် သူက မေးလိုက်သည်။
“အကြီးအကဲ ၄ယောက်ကရော ဘယ်မှာလဲ”
“အကြီးအကဲ ၄ဦးက မတည်မြဲခြင်းတိုင်လုံးကို ယူဖို့ အမည်မသိကုန်းမြေဆီ သွားပါတယ်။ မတည်မြဲခြင်းတိုင်လုံးကပဲ ခင်ဗျားကို ကူညီပေးနိုင်မှာ”
ယဲကျန်းက ထိုစကားများကို ကြားကာ ဘာပြောရမှန်းမသိတော့ပေ။
ယန်နန်က သူ့ပေါ် မျှော်လင့်ချက် စုပုံထားသော်လည်း သူက သူတို့၏ မျှော်လင့်ချက်အတိုင်းနေဖို့ ကျရှုံးခဲ့လေသည်။
“မင်း ထွက်သွားလို့ရပြီ”
“ဟုတ်ကဲ့”
………………….
လုကျိုးက ၁၀ခု မြောက်မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင်အသက်သွင်းပြီးသည့်နောက်တွင် ဤတစ်ကြိမ် သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်တိုးတက်လာမှုက မဟာမွေးဖွားဇယားချပ်လောက် မသိသာကြောင်း ခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သိပ်တော့ မဆိုးလှပေ။
လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်နယ်နိမိတ်၃ခုကို ၁၂ခုအဖြစ် ခွဲခြားထားသည်။ သူက ကောင်းကင်နယ်နိမိတ်ကို အပြည့်အဝဖွင့်လှစ်ပြီးသည့်နောက်တွင်ပင် လူသားနယ်နိမိတ်ဆီ ပြန်လည်သွားနိုင်သေးသည်။ ထို့ကြောင့် ထိုအရာက သူ့အတွက်လည်း အတူတူသာ ဖြစ်၏။
မွေးဖွားဇယားချပ်များကို အသက်သွင်းခြင်းက ပထမပိုင်းတွင် လွယ်ကူလေသည်။ အဓိကအချက်က အသက်ဓာတ်နှလုံးသားများကို သေသေချာချာရွေးချယ်ဖို့ ဖြစ်၏။ တူညီသည့် စွမ်းရည်ရှိသည့် အသက်ဓာတ်နှလုံးသားကို ကောင်းကင်နယ်နိမိတ်ထဲတွင် အသုံးမပြုမိအောင် ရှောင်ရှားသင့်သည်။
ထို့နောက် လုကျိုးက အမြင်စွမ်းအားကို အသုံးပြုလိုက်၏။ ရွှေကြာနယ်မြေရှိ အခြေအနေများက ရာသီဥတု ဆိုးရွားနေသည်ကလွဲ၍ ပုံမှန်သာ ဖြစ်၏။ ထို့ကြောင့် သူက အနီရောင်ကြာနယ်မြေကို စစ်ဆေးကြည့်လိုက်သည်။
လုကျိုးက စီးဝူယာ့သည် ၁၀ခုမြောက် ပွင့်ချပ်ကို ထွက်ဖို့ရာ ကြိုးစားပြင်ဆင်နေကြောင်း တွေ့လိုက်ရ၏။
ကျန်းအိုက်ကျန့်က ကျွန်းမှ ထွက်လာကာ ကောင်းကင်သိုင်းပညာကျောင်းတော်တွင် နေထိုင်နေသည်။ သူက ဓားများစွာကို ယူလာပြီး ဝမ်တာ့ချွေ့အား ပြန်လည်ထုဆစ်ခိုင်းနေသည်။
၂ရက်ကြာမြင့်ပြီးသည့်နောက်
မနက်ခင်းစောစော
အမည်မသိကုန်းမြေဆီက ရာသီဥတုက တည်ငြိမ်သွားသော်လည်း အမှောင်ထုကမူ ပျောက်ကွယ်သွားခြင်း မရှိပေ။ ထိုစဥ် မိစ္ဆာဝေဟင်မျှော်နန်းရှိ လူအားလုံးက စုစည်းပြီးသွားပြီ ဖြစ်၏။
“သွားကြစို့”
နတ်ခြင်္သေ့အပါအဝင် အားလုံးက လုဝူ၏ ကျောပေါ် ခုန်တက်လိုက်ကြ၏။
နတ်ခြင်္သေ့က အသယ်ခံရသည့် ခံစားချက်ကို အတော်လေး သဘောကျနေသည်။
တွမ့်မူရှန်းက ရှေ့ဆုံးတွင် ထိုင်ကာ နယ်ရှင်လှံကို ကိုင်ထားပြီး ပြောလိုက်သည်။
“လုဝူ ဒီတစ်ခေါက် မင်းအတွက် ခက်ခဲသွားရပြီ”
ထိုစဥ် ခုံဝမ်နှင့် သူ့ညီအစ်ကိုများကလည်း စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်နေကြရသည်။ သူတို့ရဲ့အိပ်မက်ထဲတွင်ပင် သားရဲဧကရာဇ်၏ ကျောပေါ်တွင် ထိုင်နိုင်လိမ့်မည်ဟု စိတ်ကူးမထားကြပေ။
လုဝူက စိတ်ကြီးဝင်စွာ ပြောလိုက်သည်။
“သေချာထိုင်ကြ”
“ဝုန်း”
လုဝူက မြေပေါ် ဆောင့်ကန်ကာ အနက်ရောင်မြူခိုးထဲ ခုန်ဝင်သွားသည်။ အားလုံးက တအံ့တသြ ဖြစ်သွားကြ၏။
လုဝူက သူ့စွမ်းအားကို ထုတ်ပြခဲ့သည်။
သူ ဆင်းသက်သည့်အချိန်တိုင်း မရပ်မနားဘဲ ထပ်မံ တိမ်တိုက်ထဲ ခုန်ဝင်သွားလေ့ရှိသည်။
၁၀ရက်ကနေ လတစ်ဝက်အထိ အချိန်ယူရမည့်ခရီးက လုဝူ၏ အမြန်နှုန်းဖြင့် ၂ရက်မှ ၃ရက်အတွင်း ရောက်ရှိသွားလေသည်။
ထိုချိန်အတွင်း လုကျိုးက ရုပ်ဖျက်ကတ်နှင့် ဖုံးကွယ်ရေးကတ်ကို အသုံးပြုကာ သူ့ရုပ်ဖျက်မှုကို ထိန်းသိမ်းထားလေ၏။
ခရီးတစ်ဝက်တွင် လုကျိုးက သားရဲများစွာ ရွှေ့ပြောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ အရေအတွက်က အမည်မသိကုန်းမြေထံ ပထမဆုံးလာရသည်ထက်ပင် ပိုမို ကြောက်ဖို့ကောင်းနေလေ၏။ ခက်ထန်သားရဲများသည် အရှေ့ဘက်သို့ ဦးတည်နေကြလေသည်။
“ဒီလိုမျိုး ကြီးကြီးမားမား ပြောင်းရွှေ့တာမျိုးကိုမမြင်ရတာ အတော်လေးကြာပြီ” ခုံဝမ်က ပြောလိုက်သည်။
“ပြောင်းရွှေ့မှုက မျှခြေမညီတဲ့ ပြဿနာကို ဖြေရှင်းနိုင်လို့လား”
လုလီက ခက်ထန်သားရဲများ အရှေ့ဘက် ဦးတည်နေသည်ကိုကြည့်ရင်း မေးလိုက်သည်။
“အဲဒါကတော့ ကျုပ်လည်း မသိဘူး။ ဆရာသခင်တွေတောင် မသေချာဘူးလေ”
ခုံဝမ်က သက်ပြင်းချကာပြောလိုက်သည်။
“တကယ်လို့ သူတို့မပြောင်းရွှေ့ဘူးဆိုရင် ဘာဖြစ်သွားမှာလဲ”
အားလုံးက ထိုမေးခွန်းကြောင့် တိတ်ဆိတ်သွားကြသည်။
“ကျင့်ကြံရေးကမ္ဘာမှာ ပြဿနာတွေအများကြီး ရှိတယ်။ မျှခြေမညီမျှမှုက အခက်ခဲဆုံး မဟုတ်သေးဘူး။ ဖရိုဖရဲက အထွတ်အထိပ်ရောက်ရှိသွားတဲ့အခါမှာ ငြိမ်းချမ်းရေးက ပြန်လည် ဖြစ်တည်လာမှာပဲ။ နှိုင်းယှဥ်ပြောရမယ်ဆိုရင် မိုးမြေအနှောင်အဖွဲ့တွေက နားလည်ဖြေရှင်းဖို့ ပိုပြီး ခက်ခဲလာလိမ့်မယ်”
ခုံဝမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ယခုအချိန်အထိ မည်သူကမှ မိုးမြေ၏ အနှောင်အဖွဲ့များ၏ လျှို့ဝှက်ဆန်းကြယ်မှုအကြောင်း မဖြေရှင်းနိုင်ကြပေ။
……………
၃ရက်ကြာမြင့်ပြီးသည့်နောက်
မိစ္ဆာဝေဟင်မျှော်နန်းရှိလူများက နေ့မြင်ညပျောက်မြို့အနား နီးကပ်လာလေသည်။
“ငါတို့ရဲ့ခရီးစဥ်က အတော်လေးကို ချောမွေ့နေတာ။ လူသားကျင့်ကြံသူလည်း မတွေ့ရသလို အားကောင်းတဲ့ သားရဲဧကရာဇ်တွေကိုလည်း မတွေ့ရဘူး”
“လုဝူက သားရဲဧကရာဇ်ဆိုတော့ တစ်ခြားသူတွေက ရှောင်သွားမှာ သေချာတယ်။ ပြီးတော့ အမည်မသိကုန်းမြေက ကျယ်ပြောတယ်ဆိုတော့ လူသားတွေနဲ့တွေ့ဖို့ သိပ်မလွယ်ဘူး”
ဤတစ်ကြိမ် လုဝူက ပြောလိုက်သည်။
“ငါတို့တွေ နေ့မြင်ညပျောက်မြို့ကို ရောက်တော့မယ်”
ထိုစဥ် လုဝူက ကြောင်တစ်ကောင်လိုမျိုး ပေါ့ပါးသွက်လက်ပြီး တိတ်ဆိတ်စွာ ဆင်းလိုက်သည်။
တွမ့်မူရှန်းက မှတ်ချက်ပေးလိုက်သည်။
“ဒီလိုမျိုး အမြဲတမ်းတိတ်ဆိတ်နေရင် ကောင်းမှာ”
လုဝူ “...”
မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်သည်။
“စန်းရှစ်ရှိုး လူသားနဲ့ သားရဲတွေက မတူဘူးလေ။ သူတို့က နေရာအသစ်ကိုရောက်တိုင်း သူတို့က အားလုံးကို သူတို့နေရာ သိအောင်လုပ်တာ။ ပြီးတော့ သူတို့ရဲ့ ပိုင်နက်ကို ကြေငြာလိုက်တာပေါ့”
“အဲဒါဆိုရင် ဒီတစ်ကြိမ်က...”
တွမ့်မူရှန်းက ခေါင်းကုတ်လိုက်သည်။
“ဒါက နေ့မြင်ညပျောက်မြို့လေ။ ဒီမှာ ရတနာတွေအများကြီးရှိတယ်ဆိုတော့ သားရဲဧကရာဇ်လည်း ရှိနေနိုင်တယ်”
ခုံဝမ်က အားလုံးကို သတိပေးလိုက်သည်။ အားလုံးက မြူခိုးဆိုင်းနေသည့် နေရာကို လှမ်းကြည့်လိုက်ကြ၏။ ထိုနေရာတွင် အမည်မသိကုန်းမြေမှ မြို့တစ်ခုလုံးကို ပိုင်းခြားထားသည့် အကာအကွယ်တစ်ခု ရှိနေသဖွယ် ဖြစ်သည်။
ရုတ်ခြည်းဆိုသလို အော်သံတစ်ခု ထွက်ပေါ်လာလေ၏။ အားလုံး၏မြင်ကွင်းအောက်တွင် မြို့ထဲမှ ပုံရိပ်တစ်ခုက မြေကြီးပေါ် ကျရောက်လာသည်။ ထိုပုံရိပ်က သွေးများဖြင့် ရွှဲနစ်နေသည်။
ထိုသူက မော့ကြည့်ကာ သည်းထိတ်ရင်ဖိုဖြင့် ပြောလိုက်သည်။
“မသွားနဲ့ မသွားနဲ့ အဲ့ဒီ့ကိုမသွားနဲ့”
လုကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဘာတွေ အဲ့လောက်ကြောက်နေတာလဲ”
ထိုသူက အသက်ပြင်းပြင်းရှူလိုက်သည်။
“တစ်ခါမှမမြင်ဖူးတဲ့ မကောင်းဆိုးဝါး”
လုဝူက ခေါင်းငုံ့ကာ ထိုထိတ်လန့်နေသည့် ကျင့်ကြံသူကို ကြည့်လိုက်၏။ အကယ်၍ လုဝူက ခေါင်းငုံ့မလာပါက သူ့ခြေ၄ဖက်သည် ကောင်းကင်ကို ထောက်ပံ့ပေးနေသည့် တိုင်လုံးများသဖွယ် ဖြစ်၏။
လုဝူက ခေါင်းငုံ့လာသည့်အခါ ကျင့်ကြံသူက မော့ကြည့်လိုက်သည့်အချိန် အကြည့်ချင်း ဆုံသွားလေသည်။ ထို့နောက်သူက မျက်ဖြူစိုက်ကာ သတိမေ့သွားလေ၏။
“...”
မင်ရှစ်ရင်က ပြောလိုက်သည်။
“သူက ဒီလိုကြောက်နေတာတောင် ဒီနေရာလာရဲသေးတယ်ပေါ့။ အိမ်ပြန်ပြီးတော့ ကလေးထိန်းနေတာမှ ကောင်းအုံးမယ်”
လုကျိုးက အံ့ဖွယ်စွမ်းအားကို ထိုကျင့်ကြံသူဆီ ထည့်သွင်းပေးလိုက်သည်။ ကျင့်ကြံသူက အသိဝင်လာသည့်အခါ ရုတ်ခြည်းဆိုသလို ထရပ်ပြီး ဘာမှမပြောဘဲ ထွက်ပြေးသွားတာ့သည်။
ရုတ်ခြည်းဆိုသလို
“ဝုန်း”
နေ့မြင်ညပျောက်မြို့၏ ရှေးဟောင်းအပြိုအပျက်များထဲမှ ကျောက်တုံးလိမ့်ကျသံများ ကြားလိုက်ရသည်။
...
အခန်း (၁၂၃၅) ထူးဆန်းသော မကောင်းဆိုးရွား
ချေမှုန်းသံများ ပေါ်လာပြီးနောက် တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုးလာသည်။
လူတိုင်းတစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး အမူအရာများလေးနက်တည်ကြည်နေ၏။ လုကျိုး၏ အမူအရာသာလျှင် ပြောင်းလဲမှုမရှိပေ။ သူက မုတ်ဆိတ်သပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာပြီး အကြားစွမ်းအားအတွက် မန္တာန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။
တစ်ကီလိုမီတာအတွင်းရှိ လေတိုးသံများ၊ မြက်သံများ သူ၏နားထဲတိုးဝင်လာ၏။ လေသံအပြင် နေ့မြင်ညပျောက်မြို့က အပြည့်အဝတိတ်ဆိတ်နေတော့သည်။
ဘယ်လိုမကောင်းဆိုးရွားလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ ... တစ်ချက်သွားကြည့်တာပေါ့။
အကြားစွမ်းအားကို ဖြတ်တောက်ပြီးနောက် လုကျိုးသည် လက်နောက်ပစ်ထားလျက် ကျန်သည့်သူများကို ခေါ်ကာ နေ့မြင်ညပျောက်မြို့၏အပျက်အစီးနယ်မြေထဲ ဝင်သွားတော့သည်။
နေ့မြင်ညပျောက်မြို့ထဲ ခြေချလိုက်သောအခါ ထူးဆန်းသော အထိအတွေ့က ကျရောက်လာ၏။ သူတို့နားတစ်ဝိုက်တွင် ရေစီးဆင်းနေသလိုပင် ကနဦးချီက ကြွယ်ဝပြီး အရာအားလုံး လှုပ်ရှားမှု ပိုမြန်ဆန်နေ၏။
ယွီရှန်းရုန်က ခြေအသာဖျော့နင်းလျက် မျက်စိတစ်မှိတ်အတွင်း ပြိုလဲနေသော ကျောက်တိုင်ပေါ်တွင် ရပ်လိုက်တော့၏။ သူက လှည့်ကြည့်ပြီးနောက် ပြောလိုက်တော့သည်။
“ကျင့်ကြံခြင်းရဲ့မွန်မြတ်တဲ့မြေဆိုတော့ ထင်တဲ့အတိုင်းပဲ”
ယွီရှန်းရုန်သည် ကျန်သည့်နေရာများနှင့်ယှဉ်လျှင် ကနဦးချီစုဆောင်းမှု အဆများစွာပိုမြန်ဆန်တာကို အာရုံခံမိတာဖြစ်သည်။
ဘီး
ယွီရှန်းရုန်က သူ၏ရွှေရောင်ရောင်ခြည်ကို ဖွဲ့တည်လိုက်သည်။ ပွင့်ချပ်၁၁ခုက သူ၏ ရောင်ခြည်နားတစ်ဝိုက် ရစ်ဝဲနေတော့၏။
ဝှစ် ဝှစ် ဝှစ်
ပြီးနောက် စွမ်းအားဓားသန်းချီက ပျံဝဲလျက် သက်တော်ရှည်ဓားထဲ တိုးဝင်သွားသည်။
ယွီရှန်းရုန်၏လှုပ်ရှားမှုများက ချောမွေ့ပြီးသေသပ်သည်။ သူတို့က ပြီးပြည့်စုံမှု အထွတ်အထိပ်တွင် ရှိသည်။
ခုံဝမ်သည် ယွီရှန်းရုန်၏ခွန်အားကို မျက်မြင်တွေ့ခဲ့ဖူးပြီး သူ၏ခွန်အားကို သံသယမဝင်သော်ငြား ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် ဤမျှသန်မာနေတာကို နားမလည်နိုင်သေးပေ။
ဖုန်း ဖုန်း ဖုန်း
ကျောက်တုံးကျောက်ခဲများ ပြိုလဲသံများကို ကြားရပြန်၏။
“လှုပ်ရှားမှုရှိတယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
ယွီရှန်းရုန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေ၏။
“ငါ တစ်ချက်သွားကြည့်လိုက်မယ်”
ယွီရှန်းရုန်က ကျော့ရှင်းစွာလှုပ်ရှားလျက် ပျံသန်းလိုက်၏။ အသက်ရှိုက်စာတစ်ချက်အတွင်း လေထဲ၌ စွမ်းအင်ဓားများ ပေါ်ပေါက်လာပြီးဖြစ်သည်။
လုကျိုး၏ပုံရိပ်က လှစ်ခနဲပျောက်သွား၏။ ပြီးနောက် ကျန်သည့်သူများလည်း တုံ့ဆိုင်းမနေတော့ဘဲ အတူတကွ ပျံသန်းလိုက်သည်။
မြေပြင်ပေါ်တွင် လှဲနေသည့် လုဝူသာလျှင် စိတ်ဝင်စားမှုမရှိပေ။ အချိန်ကြာမြင့်စွာ ခရီးဆက်ပြီးနောက် ၎င်းက အနားယူရန် နေ့မြင်ညပျောက်မြို့၏ ထူးခြားသောပတ်ဝန်းကျင်ကို အမြတ်ထုတ်နေသည်။
လုကျိုးက ဝေဟင်ထဲပျံဝဲကာ ငုံ့ကြည့်လိုက်တော့သည်။ ယွီရှန်းရုန်က သူ၏သက်တော်ရှည်ဓားကို ဖယ်လျက် ရှစ်စွင်းဖက်ဆီ ပြန်လည်ဆုတ်ခွာလိုက်၏။ လူတိုင်းရောက်လာသောအခါ သူတို့က လူတိုင်း၏စိတ်နှလုံးကို ကြောက်လန့်တုန်လှုပ်စေသည့် ထူးဆန်းသော မကောင်းဆိုးရွားတစ်ကောင်ကို တွေ့လိုက်၏။
ထိုသတ္တဝါ၏ခန္ဓာကိုယ်က မြင့်မားပြီး သုံးလေးမီတာခန့်မြင့်သည်။ လူသားအသွင်ရှိ၏။ ၎င်း၌ နှာခေါင်း၊ မျက်လုံးတစ်စုံ၊ ခြေလေးချောင်းရှိသည်။ သို့သော်ငြား ၎င်း၏မျက်လုံးများက ဇီးကွက်များနှင့်ဆင်တူ၏။ ထူးဆန်းပြီးနားလည်ရန်ခက်ခဲသောအရာက ၎င်းရင်ဘတ်ပေါ်ရှိ ဧရာမအပေါက်ပဲဖြစ်သည်။
ရှောင်ယွမ်အာက လုကျိုးနောက် ဆုတ်သွားလျက် ချောင်းကြည့်ကာ မေးလိုက်တော့သည်။ “ဒါ ဒါ ဘယ်လိုသားရဲလဲ”
နှစ်ဖက်က တစ်ဖက်နှင့်တစ်ဖက်ကြည့်နေ၏။
ထိုစဉ် သတ္တဝါ၏အချက်အလက်များက လုကျိုး၏မျက်လုံးရှေ့တွင် ပေါ်လာတော့သည်။
အမည်= ဂေါ်ဘယ်
အထောက်အထား= ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်
ကျင့်ကြံဆင့်= ဘုံတစ်ထောင်လေပွေ
တကယ်တော့ တစ်လျှောက်လုံး လုကျိုးက သိချင်စိတ်ပြည့်နေလေ၏။ သူတို့က နယ်ခြားမြို့နယ်မှ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူ တွေ့ဖူးသမျှလူတိုင်းကို လူသားအဖြစ် ခွဲခြားထား၏။ သုံးဆမျိုးနွယ်မှ ချန်ကျူးသာလျှင် ကွဲပြား၏။ တာ့ယန်မှထွက်ခွာလာပြီးနောက် အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေနှင့် အဖြူရောင်ကြာနယ်မြေသို့ရောက်ပြီးချိန်၌ အားလုံးက တူညီနေ၏။ မည်သည့်မျိုးနွယ်ဖြစ်စေကာမူ လူသားအဖြစ်သာ ခွဲခြားပေးသည်။
ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်က ဘာလဲ။
ကြမ်းတမ်းခက်ထန်သားရဲများနှင့် ပတ်သက်ပြီး လမ်းလျှောက်နေသော စွယ်စုံကျမ်းကြီးနှင့်တူသည့် ခုံဝမ်က မှင်တက်သွားလေ၏။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ "ဒါက ဟင်းလင်းပြင် ရင်ဘတ်မျိုးနွယ်ပဲ”
“ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်လား”
ခုံဝမ်က တံတွေးမျိုချပြီးပြောလိုက်တော့သည်။
“အရင်တုန်းက ကျုပ် ပြောဖူးသလိုပဲ အမည်မသိကုန်းမြေမှာ လူသားတွေနေကြတယ်။ ရာသီတွေ ပြောင်းလဲပြီး နေဝင်တယ် နေထွက်တယ်။ အဲ့ဒီတုန်းက ဒီနေရာမှာ သက်ရှိတွေအများကြီး နေခဲ့ကြတယ်။ နောက်ပိုင်း ကပ်ဘေးတစ်ခုကျရောက်လာပြီး မျိုးနွယ်စုတချို့ တဖြည်းဖြည်း ပျောက်ကွယ်သွားတာ။ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်က မဟာအသွင်ပျက်မျိုးနွယ်ခြောက်ခုထဲက တစ်ခုပဲ”
“မဟာအသွင်ပျက် မျိုးနွယ်တွေလား”
“ခင်ဗျားတို့တွေ့တဲ့အတိုင်း သူက လူပုံစံနဲ့ယောင်ယောင်လေးတူပေမဲ့ လူသားတွေမဟုတ်ဘူး။ ဒါကြောင့် အသွင်ပျက်မျိုးနွယ်တွေလို့ ခေါ်ကြတာ။ အူမကြီးမျိုးနွယ်နဲ့ မဂဏန်းလက်မျိုးနွယ်က အရင်ပျောက်သွားတယ်။ သူတို့အမည်မသိကုန်းမြေထဲက ထွက်သွားတယ်လို့ပြောကြတာပဲ။ နောက်ပိုင်းမှာ ခန္ဓာသုံးခုမျိုးနွယ်၊ ခေါင်းသုံးလုံးမျိုးနွယ်နဲ့ လက်တစ်ဖက်မျိုးနွယ်၊ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်တို့ပဲ ကျန်ခဲ့တယ်။ ဒါပေမဲ့ သူတို့တွေ မျိုးသုဉ်းပျောက်ကွယ်သွားတာ ကြာပြီလို့လည်း ပြောတယ်” ခုံဝမ်က မယုံနိုင်စရာပြောလိုက်၏။
ရှောင်ယွမ်အာက မျက်လုံးမှိတ်ထားလျက် ရင်ဘတ်တွင် အပေါက်ရှိနေသော သတ္တဝါကို မကြည့်တော့ပေ။ ခုံဝမ်ပြောသည့် အခြားသော အသွင်ပျက်မျိုးနွယ်အကြောင်း သူမ စဉ်းတောင်မစဉ်းစားချင်ပေ။ သူတို့နာမည်ကြားရုံဖြင့်ပင် မည်သည့်ပုံဖြစ်မည်ဆိုတာ သူမ မှန်းဆနိုင်ပြီ ဖြစ်၏။ စိတ်ကူးကြွယ်ဝလွန်းခြင်းက ကောင်းမွန်သည့်အရာမဟုတ်ပေ။ ၎င်းက သူမ၏ရသာခံစားမှုနှင့် မကိုက်ညီပေ။
ဝှစ်
ထိုစဉ် တုတ်တစ်ချောင်းက ရင်ဘတ်ဗလာဖြင့် လေးမီတာခန့်မြင့်မားသည့် လူရှေ့သို့ ပျံဝဲသွားသည်။ ပြီးနောက် ထိုတုတ်က အပေါက်ထဲဝင်သွားတော့သည်။ ပြီးနောက် မူလတစ်ကောင်ထက် အရပ်ပိုပုသည့် ရင်ဘတ်တွင် အပေါက်ရှိသည့် ကျန်သည့်လူနှစ်ယောက်က ပြေးထွက်လာသည်။ သူတို့က ခုန်ထွက်လာလျက် ရှေ့သို့ပြေးထွက်လာကာ သူတို့၏ရင်ဘတ်ပေါ်ရှိ အပေါက်များထဲ ဝင်ခွင့်ပေးလိုက်သည်။
သုံးယောက်သားက တံစို့ကင်ထားခြင်းနှင့်တူသည်။ သူတို့ထဲမှတစ်ယောက်က ပြောလိုက်၏။
“နေ့မြင်ညပျောက်မြို့က ထွက်သွား”
“ဘာလို့လဲ” လုကျိုးက လေသံအတက်အကျမရှိမေးလိုက်၏။
“ဒီဟာက လူသားဘာသာစကားကို သိတာပဲ”
“ဒါက မင်းနေသင့်တဲ့နေရာမဟုတ်ဘူး” ဂေါ်ရွယ်က ပြောလိုက်၏။ "မင်းတို့က အမည်မသိကုန်းမြေက ယူနိုင်သမျှယူခဲ့ပြီးပြီပဲ။ ဘာလိုချင်သေးတာလဲ”
ခုံဝမ်က အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
“ရှေးမှတ်တမ်းတွေအရ ကျန်ရှိတဲ့ မဟာအသွင်ပျက်မျိုးနွယ်လေးစုကို လူသားတွေက ကျဉ်ထားကြတယ်တဲ့။ ဒါကြောင့် သူတို့က လူသားတွေကို အလွန်မုန်းတီးနေလောက်တယ်”
လုကျိုးက မအံ့ဩခဲ့ပေ။ သူတို့က လူသားအသွင်သဏ္ဌာန်၏ စံသတ်မှတ်ချက်နှင့် လိုက်လျောညီထွေ မဖြစ်သောကြောင့် လူသားများသည် သူတို့၏ပုံပန်းသွင်ပြင်ကို လက်ခံနိုင်ရန် ခက်ခဲနေတာ သဘာဝပဲဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် ထိုမျိုးနွယ်များကလည်း လူသားများ၏အသွင်သဏ္ဌာန်ကို လက်ခံရန် ခက်ခဲလိမ့်မည်။ ဥပမာအနေဖြင့် ဟင်းလင်းပြင်ရင်ဘတ်မှ ထိုသတ္တဝါများသည် လူသားများ၌ မာကျောသော ရင်ဘတ်များရှိနေတာကို ရွံ့ရှာနေလောက်၏။
လုကျိုးက ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်သားများကိုကြည်ပြီး မေးလိုက်၏။
“နေ့မြင်ညပျောက်မြို့က မင်းတို့မြို့လို့ဆိုလိုတာလား”
ဂေါ်ဒယ်က ခေါင်းညိတ်လိုက်သည်။
ခုံဝမ်က ချက်ချင်းကန့်ကွက်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ ... နေ့မြင်ညပျောက်မြို့က လွတ်လပ်တယ်။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းနှစ်သောင်းတုန်းက ဒီနေရာကို လူသားတွေသိမ်းပိုက်ခဲ့တာ။ ဘယ်အချိန်က စပြီး ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ် အပိုင်ဖြစ်သွားတာလဲ”
ဂေါ်ဒယ်က ခုံဝမ်ကိုကြည့်ပြီး ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်၏။
“ဒီနေရာက အခု ငါတို့အပိုင်ဖြစ်သွားပြီ”
ထိုကဲ့သို့ကိစ္စမျိုးသည် ကမ္ဘာမြေပေါ်ရှိ သမိုင်းကြောင်းထဲတွင် ကြုံတွေ့နေကြဖြစ်၏။ မြို့တစ်မြို့အတွက် သွေးလွှမ်းနိုင်စေရာ ကျင့်ကြံရာ မွန်မြတ်သည့်မြေဖြစ်သည့် နေ့မြင်ညပျောက်မြို့ဆို ပိုဆိုးပေလိမ့်မည်။
ထိုစဉ် အဝေးကနေ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်သား ငါးယောက်ခြောက်ယောက်ခန့် ပြေးလာ၏။
“သူတို့ကို မောင်းထုတ်”
ထိုလူငါးယောက်က ကျောမတ်မတ်ရပ်နေလျက် သူတို့၏ရင်ဘတ်ပေါ်ရှိ ဟောင်းလောင်းပေါက်များက လင်းလာတော့သည်။
“မွေးဖွားဇယားချပ် စွမ်းအားလား”
တဆက်တည်းပင် အလင်းတန်းငါးခုက မိစ္ဆာဝေဟင်မျှော်နန်း၏လူများဆီ တိုးဝင်သွားတော့သည်။
လုကျိုးက လက်မြှောက်လျက် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
အချင်းမီတာတစ်ရာဖြင့် ကြယ်တာရာဒိုင်ခွက်သည် ရွှေရောင်အလင်း တောက်ပနေလျက် အလင်းတန်းငါးခုကို ပိတ်ဆို့လိုက်သည်။
သူတို့နှင့်အနီးဆုံးတွင် ရပ်နေသော ဂေါ်ဒယ်က ရုတ်တရက် လှည့်သွား၏။
ပိုသေးသည့် ဟင်းလင်းပြင်မျိုးနွယ်စုဝင်နှစ်ဦးကလည်း သူတို့ဆက်ထားသည့်တုတ်ချောင်းကနေ ရုတ်တရက် ထွက်လာလျက် အမြှောက်ဆံပမာတိုးဝင်လာသည်။ သူတို့အစွယ်များ ထုတ်ပြလျက် လက်သည်းများကို ဝေ့ယမ်းလျက် ခုန်အုပ်လာသည်။
“ကျွန်တော် သူတို့ကို ဖြေရှင်းလိုက်မယ်”
တွမ့်မူရှန်းက နယ်ရှင်လှံကို ကိုင်ထားပြီး သူ၏လက်ပေါ်၌ ခရမ်းရောင်နဂါးက တောက်ပလာတော့သည်။ သူ၏မျက်လုံးက လင်းလက်နေကာ လှစ်ကနဲပျောက်သွား၏။
ဘန်း ဘန်း ဘန်း
တွမ့်မူရှန်းက နယ်ရှင်လှံကို ပိုသေးငယ်သည့်ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုဆီ ထိုးစိုက်လိုက်သည်။
ရုတ်တရက် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စု၏ ရင်ဘတ်ပေါ်ရှိအပေါက်က စွမ်းအင်နှစ်ခု ပေါ်ထွက်လာသည်။
ဖုန်း ဖုန်း
လူတိုင်းနောက်ဆုတ်လိုက်သည်။
တွမ့်မူရှန်းက လှံကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ထိုစဉ် သူ၏ခန္ဓာကိုယ်မှ အမှောင်အရှိန်အဝါများ ထုတ်လွင့်နေကာ သူသည် တခြားလူတစ်ယောက်ဖြစ်သွားသလိုပင်။ သူသည် လေထဲ၌ ပျံဝဲနေလျက် ပေါက်ကွဲမှုကြောင့် ထိခိုက်မှုမရှိပေ။
ဂေါ်ဒယ်က ခေါင်းမော့လိုက်၏။ “နတ်ဆိုးလား”
တွမ့်မူရှန်းသည် အမှောင်အရှိန်အဝါ ထုတ်ဖော်ပြီးသည်နှင့် သူ၏လှုပ်ရှားမှုများက အထိန်းအချုပ် မရှိတော့ပေ။ နယ်ရှင်လှံက အရွယ်အစား တိုးလာလျက် ခရမ်းရောင်နဂါးနှစ်ကောင်က ပေါ်ထွက်လာ၏။ ပြီးနောက် သူသည် ဂေါ်ဒယ်ကို ဆက်လက်တိုက်ခိုက်တော့သည်။
ဘန်း
စွမ်းအင်လှံတို့က ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုဝင်ကို ဘန်းကနဲထိသွားပြီး မီးပွင့်များ အရပ်မျက်နှာအနှံ့လွင့်စင် သွားတော့သည်။
“အံ့ဩစရာပဲ” လူတိုင်းက ချီးကျူးနေ၏။
ထိုစဉ် မင်ရှစ်ရင်က ခုံဝမ်ဘေးသို့သွားကာ အသံတိုးတိုးဖြင့် မေးလိုက်၏။
“ဒီသတ္တဝါတွေရဲ့ အားနည်းချက်က ဘာလဲ”
ခုံဝမ်က ခေါင်းခါပြီးပြောလိုက်သည်။
“ကျုပ် မသိဘူး။ ဒါပေမဲ့ သူတို့က မင်း ခုနတုန်းက မေးသလိုမျိုးလို အလွန်သန်မာတဲ့ ပေါက်ကွဲမှုမျိုး ထုတ်သုံးနိုင်တယ်။ သူတို့က မယုံနိုင်စရာကောင်းတဲ့ တိုက်စားခြင်းအဆိပ်လည်း ထုတ်သုံးနိုင်သေးတာ”
တွမ့်မူရှန်းနှင့်ဂေါ်ဒယ်သည် အလှည့်ရေတစ်ရာခန့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်ငြား သူတို့လက်ရည်ညီနေပုံပေါ်၏။
“လှိုင်းလုံးတစ်ထောင်” တွမ့်မူရှန်းက ရှေ့သို့ချီတက်လိုက်သည်။ ထိုစဉ် သူ၏နယ်ရှင်လှံကို ဂေါ်ဒယ်၏ပခုံးပေါ် ပြင်းထန်စွာရိုက်ချပြီး ဂေါ်ဒယ်၏ကိုယ်တဝက်ကို မြေပြင်ထဲ နစ်ဝင်သွားစေသည်။ သူ၏ကြံ့ခိုင်သော ခန္ဓာနှင့်အစွမ်းထက်သော ခုခံမှုက ကျန်သည့်သူများကို လေးစားသွားစေသည်။
ထိုစဉ် ငါးမီတာခန့်မြင့်သည့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုများက ရုတ်တရက်ခုန်ဝင်လာက တွမ့်မူရှန်းကို ဝိုင်းထားလိုက်သည်။
...
အခန်း (၁၂၃၆) အစီအရင်ကို ချိုးဖောက်ကာ သေစေလောက်သည့် အနေအထားကို ရှာဖွေခြင်း
တွမ့်မူရှန်း၏လက်ထဲမှ နယ်ရှင်လှံက အဆများစွာ ကြီးမားလာသည်။ နယ်ရှင်လှံနှင့်အတူ ခရမ်းရောင်နဂါး၂ကောင်ကလည်း အရှေ့နောက် ကူးခတ်နေ၏။
ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသည့် ခက်ထန်သားရဲများကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်ကုန်ကြသည်။
တွမ့်မူရှန်းက တစ်ယောက်တည်းဖြင့် လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင် ခြောက်ယောက်နှင့် တိုက်ခိုက်နေသော်လည်း သူက အရေးနိမ့်နေခြင်း မရှိပေ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း ချက်ခြင်း ဝင်မတိုးသေးဘဲ လေထဲမှဝဲပျံကာ စောင့်ကြည့်နေကြသည်။ ဤသည်က တွမ့်မူရှန်းအတွက် စစ်ဆေးမှုအဖြစ် မှတ်ယူနိုင်သည်။ မိစ္ဆာဝေဟင်မျှော်နန်းတွင် ရှိနေသည့်သူများက သူ့ထက် အလုပ်ကြိုးစားသည့်သူဟူ၍ မရှိပေ။ ဇွဲလုံ့လက လိုအပ်သည်နှင့် အလှမ်းကွာနေသည်က ကံဆိုးလှလေသည်။ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်တို့နှင့် ယှဥ်လိုက်ပါက သူ့တကယ်တိုက်ခိုက်နိုင်စွမ်းက နည်းပါးလွန်း၏။ တ ကယ့် လက်တွေ့တိုက်ပွဲက သေခြင်း ရှင်ခြင်းတိုက်ပွဲမျှသာ ဖြစ်ကြသည်။
“မီးသင့်ကွင်းပြင် ရိုက်ချက်၁၀၀”
တွမ့်မူရှန်းက ကြာကြာတိုက်ခိုက်လေလေ ပိုမိုရဲတင်းလာလေလေ ဖြစ်၏။ သူက တစ်ဖက်လူ၏ ကြောက်မက်ဖို့ကောင်းသည့် ခုခံမှုမှ နောက်ဆုတ်ခြင်းမရှိဘဲ သူ့တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်လိုက်သည်။
“လှိုင်းလုံးထောင်ချီ”
တွမ့်မူရှန်းက ဂေါ်ရမ်၏ ဝမ်းဗိုက်ကို ထိုးစိုက်လိုက်သည်။ စွမ်းအင်လှံက အရေအတွက် တိုးပွားလာပြီး သူတို့က မုန်တိုင်းသဖွယ် တိုက်ခိုက်လာသည်။
“စန်းရှစ်ရှိုး မပင်ပန်းဘူးလား”
ရှောင်ယွမ်အာက လုကျိုးနောက်မှ ခေါင်းလေးပြူထွက်ကာ မေးလိုက်သည်။ မီးဇာမဏီပေါက်လေးကလည်း သူမပခုံးပေါ်တွင် ရှိနေကာ သူမ၏ ပုံစံအတိုင်း လိုက်လံအတုခိုးကာ ချောင်းကြည့်လိုက်၏။
ယွီရှန်းရုန်က လှည့်ကာ ပြောလိုက်သည်။
“စန်းရှစ်တိက အကြီးအကဲ၄ဦးနဲ့ တစ်နှစ်ပတ်လုံး သူ့လှံနည်းစနစ်တွေကို လေ့ကျင့်နေခဲ့တာလေ။ ပြီးတော့ အကြီးအကဲဟွာရဲ့ ခုခံမှုက ရှစ်စွင်းရဲ့ လေးထောင့်သေတ္တာရပြီးတဲ့နောက်မှာ ပိုပြီးတော့ အားကောင်းလာတယ်။ အတွေ့အကြုံနဲ့ တိုက်ခိုက်မှုတွေနဲ့ ယှဥ်မယ်ဆိုရင် ငါကတောင် သူ့ထက် နောက်ကျအုံးမယ်”
ယွီကျန့်ဟိုင်ကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်၏။
“မင်းပြောတာ မှန်တယ်။ စန်းရှစ်တိက ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်လို့ ထင်မှတ်မထားမိဘူး”
ရှောင်ယွမ်အာက တိုက်ပွဲကို ကြည့်ကာ မေးလိုက်သည်။
“အဲ့လိုဆိုရင် စန်းရှစ်ရှိုးက တိုက်ပွဲကို နိုင်နိုင်တာလား”
“ဒါကတော့...”
တွမ့်မူရှန်းက အရေးနိမ့်နေခြင်း မရှိသော်လည်း ထိုမျိုးနွယ်ဝင် ၅ယောက်၊ ၆ယောက်ကို ရင်ဆိုင်ဖို့ရာ ခက်ခဲလှသည်။
“ဘမ်း “
တွမ့်မူရှန်းက လေထဲခုန်တက်လိုက်၏။
နယ်ရှင်လှံဝန်းကျင်တွင် ကူးခတ်နေသည့် ခရမ်းရောင်နဂါးများကလည်း ဆက်လက်ကူးခတ်နေကာ သူက ၁၈၀ ဒီဂရီလှည့်ကာ ပစ်ခတ်လိုက်သည်။
“မပြီးပြည့်စုံသည့် နတ်ဒေဝါ ဖျန်ဖြေခြင်း”
စွမ်းအင်လှံများက မျိုးနွယ်ဝင်တစ်ယောက်ဆီ ရောက်ရှိသွားလေသည်။
ဘမ်း ဘမ်း ဘမ်း
စွမ်းအင်လှံများက မျိုးနွယ်ဝင်၏ ခန္ဓာကိုယ်တစ်ဝက်ကို မြေကြီးပေါ် ဖိကပ်လိုက်နိုင်သည်။
တစ်ချိန်တည်းဆိုသလို တစ်ခြားသော မျိုးနွယ်ဝင်များက ထိုအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ဝိုင်းကာ တိုက်ခိုက်လိုက်ကြ၏။
ဤသို့ဖြင့် တွမ့်မူရှန်းက လှံကို ရေပြင်ညီအတိုင်း ဝှေ့ယမ်းကာ မျိုးနွယ်ဝင်များကို မောင်းထုတ်နေသည်။
ဘမ်း ဘမ်း ဘမ်း
မျိုးနွယ်ဝင်များက နောက်ဆုတ်လိုက်ကြသည်။ သူတို့က နောက်ဆုတ်လိုက်သည်နှင့် သူတို့ရင်ဘတ်ထဲမှ လေဟာနယ်က ထပ်မံတောက်ပလာသည်။
ထိုစဥ် လုကျိုးက အမည်မဲ့ကို ဓားသဏ္ဍာန်ကိုင်ကာ ဝင်ရောက်လိုက်သည်။
“ထိုးထွင်းသိမြင်ကတ်”
ဤသည်က ထိုးထွင်းသိမြင်ကတ်ကို သုံးဖို့ရာ အကောင်းဆုံးအချိန် ဖြစ်သည်။ သူက မျိုးနွယ်ဝင်များ၏ အားနည်းချက်ကို မြင်တွေ့ထားရုံမျှမကဘဲ သူတို့၏ အားနည်းချက်များက သူ့ထံ ထင်ထင်သာသာ ရှိလာလိမ့်မည်။
ထင်ထားသည့်အတိုင်း ထိုမျိုးနွယ်ဝင်များ၏ ချိုင်းကြားအောက် ၃လက်မအကွာတွင် အနီရောင်အစက် ၁ခု ပေါ်ထွက်လာသည်။ ထို့နောက် အနီရောင်အစက် ၂ခုမှ ၃ခုအထိ ရှိနေကြသည်။
လုကျိုးက ပျံသန်းလာကာ ပြောလိုက်သည်။
“နောက်ဆုတ်”
တွမ့်မူရှန်းက အမိန့်နာခံကာ နောက်ဆုတ်လိုက်သည်။ ဤတစ်ကြိမ် မျိုးနွယ်ဝင်၅ဦး၏ ရင်ဘတ်မှ အလင်းတန်း၅ခု ထွက်ပေါ်လာသည်။
အမည်မဲ့က ဒိုင်းကာအဖြစ် ပြောင်းလဲကာ အလင်းတန်းများကို ပိတ်ဆို့လိုက်သည်။
တွမ့်မူရှန်းက ပုံမှန်ပြန်ဖြစ်လာပြီးသည့်နောက်တွင် ပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ။ သေချာပေါက် သူတို့ရဲ့ အားနည်းချက်ကို ရှာတွေ့မှာပါ”
လုကျိုးက ခေါင်းယမ်းလိုက်သည်။
“ဒါက မင်းကို မယုံလို့ မဟုတ်ဘူး။ သူတို့အပေါ် အချိန်ဖြုန်းဖို့ မလိုဘူး”
“ဝှစ်”
အမည်မဲ့က ဒိုင်းကာမှ လှံအဖြစ် ပြောင်းလဲလိုက်သည်။
“သေချာကြည့်ထား”
အမည်မဲ့က မီတာ၃၀ရှည်လျားသည့် လှံတစ်ချောင်းအသွင် ဖြစ်လာလေသည်။ ထိုအရာက ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေလေ၏။ လုကျိုးက ရွှေရောင်နဂါးတစ်ကောင်ကို လက်ထဲတွင် ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။
သိပ်မကြာခင် အလင်းတန်းများထွက်သွားကာ မျိုးနွယ်ဝင် ၆ယောက်၏ ရင်ဘတ်ထဲ ထိုးစိုက်သွားလေသည်။
ဘမ်း ဘမ်း ဘမ်း
စွမ်းအင်လှံများက တွမ့်မူရှန်း၏ စွမ်းအင်လှံများထက် ပိုမိုအားကောင်းလှ၏။
“လှံနည်းစနစ်”
“ရှစ်စွင်းက လှံနည်းစနစ်တွေကို သုံးခဲတယ်။ သူက လှံနည်းစနစ်မှာလည်း ထူးချွန်လိမ့်မယ်လို့ ထင်မှတ်မထားခဲ့ဘူး”
လုကျိုး၏ လှံနည်းစနစ်က အမှန်တကယ် မြင်တွေ့ရခဲ၏။ စွမ်းအင်လှံများက ထောင်ချီထွက်ပေါ်လာလေသည်။ သူတို့က ကြီးကျယ်ခမ်းနားလှပြီး လုကျိုးက တိုက်ပွဲကွင်းပြင်ထံ စေလွှတ်လိုက်သည့် တပ်သားများနှင့် တူလေသည်။ စွမ်းအင်လှံတစ်ခုချင်းဆီက ထိုမျိုးနွယ်ဝင်များ၏ ချိုင်းအောက်မှ ၃စင်တီမီတာအကွာကို တိတိကျကျ ထိုးဖောက်ဝင်ရောက်သွားလေသည်။
မျိုးနွယ်ဝင်များကလည်း သူတို့ရှေ့တွင် ရှိနေသည့် လူအိုကြီးက ဤမျှ မြန်ဆန်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။ အားလုံးက တုန်လှုပ်တကြီး ဖြစ်နေကြ၏။
ဘမ်း ဘမ်း ဘမ်း
ဟင်းလင်းပြင်ရင်ဘတ် မျိုးနွယ်ဝင်က စွမ်းအင်လှံများကြောင့် ထိုးစိုက်ပြီး လွင့်စင်သွားကြသည်။
လုကျိုးက ရုတ်ခြည်းဆိုသလို ရပ်တန့်လိုက်၏။ သူက လှဲကာ လက်တစ်ဖက်တွင် လှံကို ကိုင်လျက် ၄ဒီဂရီ ပစ်လွှတ်လုက်သည်။
ဘမ်း
လှံက ကောင်းကင်မှ ပြုတ်ကျလာသည့် မျိုးနွယ်ဝင်တစ်ယောက်၏ ၃လက်မအကွာသို့ အတိအကျ ထိုးစိုက်သွားလေသည်။
တိုက်ပွဲက ဤသို့ဖြင့် အဆုံးသတ်သွားလေ၏။
နေ့မြင်ညပျောက်မြို့အတွင်း တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုးလာသည်။
လူများက အံ့သြမိသော်လည်း ဤသို့သောမြင်ကွင်းမျိုးကို နေသားကျနေကြဟန်ပေါ်သည်။ လုကျိုး၏ ဤတစ်ကြိမ် စွမ်းအားပြသမှုက ကမ္ဘာကို ဖျက်ဆီးပစ်နိုင်လောက်အောင် ထင်ရသည်လောက် မကြမ်းတမ်းပေ။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက သူ့အရည်အချင်းနှင့် သိပ်မကွာဘဲ ကြီးကျယ်ခမ်းနားနေဆဲသာဖြစ်၏။
လှုပ်ရှားမှုတိုင်းက တိကျပြီး မလိုလားသည့် လှုပ်ရှားမှုဟူ၍ မရှိပေ။
ဤတစ်ကြိမ် လုကျိုးက တွမ့်မူရှန်းကို မေးလိုက်သည်။
“မင်း သေချာကြည့်ထားလား။ ဒီလှံနည်းစနစ်ကို အစီအရင် ချိုးဖောက်ရေးလို့ ခေါ်တယ်”
တွမ့်မူရှန်းက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
“ရှစ်စွင်း ကျေးဇူးတင်ပါတယ်”
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခုံဝမ်က လက်ခုပ်တီးလိုက်သည်။
ထိုတိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် လက်ခုပ်တီးသံက သူတို့၏အာရုံကို ပြန်လည်ဆွဲခေါ်လာသည်။
ခုံဝမ်က မလုံမလဲပြုံးကာ ယန်ကျန်းလော့ကိုကြည့်ရင်းပြောလိုက်သည်။
“အားနာပါတယ်။ မနေနိုင်ဘဲနဲ့ လက်ခုပ်တီးမိသွားတယ်”
ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင် တစ်ယောက်က ကျောက်တုံးလိုမျိုး ပြိုလဲသွား၏။
“တိမ်န် ဘုံတစ်ထောင်လေပွေ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်နိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ မျိုးစိတ်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ရရှိပါတယ်”
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ သူက နယ်မြေအပိုဆုလာဘ်ကို နားလည်သော်လည်း သီးသန့်အပိုဆုလာဘ်ဆိုသည်မှာ ဘာကိုဆိုလိုနေသနည်း။
ခက်ထန်သားရဲများက တစ်ခြားမျိုးနွယ်မှဖြစ်သော်လည်း သူက သီးသန့်ချီးမြှင့်ခြင်း မခံရပေ။
နောက်ထပ် မျိုးနွယ်ဝင်များက တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ပြိုလဲသွား၏။
“တင်မ် ဘုံတစ်ထောင်လေပွေ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ မျိုးစိပ်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ရရှိပါတယ်”
“တင်မ် ဘုံတစ်ထောင်လေပွေ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ မျိုးစိပ်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ရရှိပါတယ်”
“တင်မ် ဘုံတစ်ထောင်လေပွေ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ မျိုးစိပ်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ရရှိပါတယ်”
“တင်မ် ဘုံတစ်ထောင်လေပွေ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၅၀၀ ရရှိပါတယ်။ အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ မျိုးစိပ်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ရရှိပါတယ်”
လုကျိုးက အံ့အားသင့်သွားလေ၏။ မည်သို့ပင်ဆိုစေကာမူ ဆုလာဘ် ရရှိသည်က ကောင်းလေ၏။ ထိုမျိုးနွယ်ဝင်များကို သတ်လိုက်ခြင်းက ထိုးထွင်းသိမြင်ကတ်ကို ဝယ်ဖို့ရန် ကုန်ကျသွားသည့် ကုသိုလ်ရမှတ် ၃၀၀၀၀ အတွက် ကာမိသွား၏။
ဤတစ်ကြိမ် ဟင်းလင်းပြင်ရင်ဘတ် မျိုးနွယ်ဝင်တစ်ယောက်ကသာ အသက်ရှင်နေသည်။ ထိုသို့ဆိုလျှင် သူက သေလုနီးပါး ဖြစ်နေလေ၏။ သူက သူ့ရှေ့တွင် ရှိနေသည့် လူအိုကြီးက မျိုးနွယ်ဝင်များ၏ ခုခံမှုကို အလွယ်တကူ ထိုးဖောက်နိုင်ကြောင်း အံ့အားသင့်နေဆဲသာ ဖြစ်၏။ ထိုစဥ် အားလုံးက ပြေးကာ နောက်ဆုံးသော မျိုးနွယ်ဝင်ကို ဝိုင်းထားလိုက်ကြသည်။ သူတို့က ကြည့်ရင်း တအံ့တသြဖြင့် လျှာသပ်လိုက်ကြသည်။
“ဒါက ဘယ်လိုလုပ် လူသားဖြစ်နိုင်မှာလဲ။ သူက မကောင်းဆိုးရွားဘဲ”
သူတို့က တုန်ယင်နေသည့် မျိုးနွယ်ဝင်ကို ကြည့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်အပေါ်ယံက ကျောက်တုံးများနှင့်တူပြီး အတွင်းအင်္ဂါနှင့် သွေးများက အစိမ်းရောင် ဖြစ်သည်။ ထိုအရာက တစ်စစီ ကြေမွနေသော်လည်း သွေးနည်းနည်းသာ ရှိ၏။
ထိုအရာက မြေကြီးနှင့် တူလေသည်။
လုကျိုးက လက်ဝှေ့လိုက်ပြီး နောက်ဆုံးသော စွမ်းအင်လှံကို အသက်ရှင်နေသည့် မျိုးနွယ်ဝင်ထံ ပစ်ခတ်လိုက်သည်။
ဝုန်း
ထိုမျိုးနွယ်ဝင်က မြေပြင်ပေါ် လဲကျလာကာ အသက်ရှင်နေဆဲ ဖြစ်၏။
မိစ္ဆာဝေဟင်မျှော်နန်းရှိသူများက ချဥ်းကပ်လာကြသည်။
“ရှစ်စွင်း သူတို့ရဲ့ခုခံမှုကို ဘယ်လိုချိုးဖောက်ခဲ့တာလဲ”
“သူတို့ရဲ့ သေစေနိုင်တဲ့နေရာက သူတို့ရဲ့ ချိုင်းကြားအောက် ၃လက်မအကွာမှာ ရှိတယ်။ သူတို့က စိတ်ဝိညာဥ်သဏ္ဍာန်လည်း မရှိသလို မွေးဖွားဇယားချပ်လည်း မရှိဘူး”
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
“သူတို့ရဲ့ အားနည်းချက်က ချိုင်းကြားအောက် ၃လက်မအကွာမှာ ရှိတယ်ဆိုတော့ အဲဒါကိုသာ ထိတယ်ဆိုရင် သူတို့ကို အလွယ်တကူ သတ်နိုင်နေတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား” မင်ရှစ်ရင်က သိချင်စွာဖြင့် မေးလိုက်သည်။
လုကျိုးက ခေါင်းယမ်းလိုက်သည်။
“ကောင်းကင်ဘုံက မျှတတယ်။ ငါ သူတို့နဲ့ တိုက်ခိုက်တုန်းက သူတို့ဆီမှာ သေစေလောက်တဲ့ နေရာတွေကို တွေ့ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ခုခံမှုက အင်မတန်မြင့်မားတော့ အလွယ်တကူ ချိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ သူတို့ဆီမှာ သေစေနိုင်တဲ့အရာက တစ်ခုထက် ပိုပြီးတော့ရှိတယ်။ ဒီနေရာကို ကြည့်ထား”
လုကျိုးက ဟင်းလင်းပြင်ရင်ဘတ် မျိုးနွယ်ဝင်တစ်ယောက်၏ ရင်ဘတ်ကို ညွှန်ပြလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။
“၃လက်မအကွာတိုင်းမှာ သေစေလောက်တဲ့ အမှတ်အသားရှိတယ်။ သူဆိုရင် စုစုပေါင်း အမှတ်အသား ၄ခု ရှိတယ်”
ထိုစကာများကိုကြားကာ ဟင်းလင်းပြင်ရင်ဘတ် မျိုးနွယ်ဝင်က မျက်လုံးအပြူးသားဖြင့် လုကျိုးအား မကောင်းဆိုးရွားတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ကြည့်လာသည်။