← Chapters

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း (၁၂၄၀) သစ္စာရှိမှုနှင့် သစ္စာဖောက်မှု

လူသားများက ပြစ်ချက်များစွာ ရှိ၏။

လုလီက လူသားများသည် သူတို့အချင်းချင်း တိုက်ခိုက်ရသည်ကို သဘောကျကြောင်း ပြောခဲ့ဖူးသည်။ သူတို့က သူတို့မျိုးနွယ်သူတို့ အချင်းချင်းစောင့်ကြည့်ကာ တိုက်ခိုက်လေ့ရှိပြီး ခက်ထန်သားရဲများကိုမူ လျစ်လျူရှုထားလေ့ရှိသည်။

ဤနည်းဖြင့် ဆရာသခင်ဖြစ်သည့် ယဲ့ကျန်းက နမူနာကောင်း ဖြစ်၏။ သူက ချင်ရန်ယွဲ့ကို ပစ်မှတ်ထားပြီး လုကျိုးကို ရှင်းထုတ်နိုင်သည်ဟု တွေးခဲ့သည်။ သို့သော်လည်း အဆုံးသတ်၌မူ သူ ... မဟုတ်သေးဘူး… အားလုံးက နတ်သားရဲဖြစ်လာနိုင်သည့် မီးဇာမဏီ၏ ကြိုးကိုင်လှုံ့ဆော်မှုကို ခံခဲ့ရသည်။ ရလဒ်အနေဖြင့် သူက မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးသွားခဲ့ရသည်။

ထိုစဥ် ယုံဟယ်က လူသားများကို ကြည့်ရင်း သက်ရှိ၂ယောက်က တစ်ပြိုင်နက်ပြောလိုက်သလိုမျိုး အသံမျိုး ထွက်ပေါ်လာသည်။

“သောက်လူသားတွေ မင်းတို့တွေ ငရဲအရသာ မြည်းစမ်းကြည့်လိုက်”

ယုံဟယ်၏ အကြည့်များက တောက်ပလာလေသည်။ သူတို့က ကောင်းကင်ယံ အနီရောင်အလင်းတန်း၂ခု ပစ်ခတ်လိုက်သည့် နေမင်း၂စင်းနှင့် တူလေသည်။

အားလုံးက မော့ကြည့်လိုက်လေသည်။

“ဘာဖြစ်သွားတာလဲ”

“ငါ မသိဘူး”

လုကျိုးက ကောင်းကင်ယံမှ ထိုအလင်းတန်းကို ကြည့်နေရင်း သူ့စိတ်ထဲ ဝမ်းနည်းမှု၊ သတိထားမှုနှင့် အဆိုးမြင် စိတ်ခံစားချက်များစွာ ဝင်ရောက်လာသည်။

လုကျိုးက ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေထိုင်ရသည်က မည်မျှပင်ပန်းကြောင်း ပြန်လည်အမှတ်ရသွား၏။ ထို့နောက် သူက သူ့တပည့်များ၏ သစ္စာဖောက်မှု၊ သမာသမတ်လမ်းစဥ်အပေါ်မှ သူများအပေါ် မုန်းတီးမှု၊ သူတို့စံနှုန်းနှင့် မကိုက်ညီသည့်သူများကို ရှင်းထုတ်ဖို့ကြိုးစားခဲ့သည့်သူများကို တွေးမိကာ ဒေါသထွက်လာသည်။ သူ့မျက်ဝန်းရှေ့ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး မေ့လျော့ခံ ခံစားချက်များအား ပြန်လည်ပေါ်ထွက်လာစေသည်။

ထိုစဥ် လုကျိုး၏ စွမ်းအင်ဗဟိုချက်ထဲရှိ ချီပင်လယ်မှ အပြာရောင်စိတ်ဝိညာဥ်သဏ္ဍာန်က ဖျတ်ကနဲတောက်ပလာကာ လုကျိုးအား ရေခဲပုံးနဲ့ လောင်းချလိုက်သလိုမျိုး အသိဝင်သွားစေသည်။

လုကျိုးက အသိပြန်ကပ်လာသည့်အခါ သူ့နှလုံးသားက အခုန်မြန်နေသည်ကို တွေ့ရှိသွား၏။

“ဒါက ယုံဟယ်ရဲ့ စွမ်းရည်လား”

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

“နောက်ဆုတ်ကြ”

သို့သော်လည်း မည်သူကမှ လုကျိုး၏ အမိန့်ကို နားမထောင်ကြပေ။

လုကျိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ အမူအရာကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွား၏။ ထိုသူ၂ဦး၏ အမူအရာက အတော်လေးထူးဆန်းနေကာ သူတို့၏မျက်ဝန်းအထက် အကြောက်တရားတချို့ ကိန်းအောင်းနေသည်။

ထိုစဥ် အတိတ်တွင် ပိတ်မိနေဟန်ပေါ်သည့် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ငါ့လမ်းကို တားတဲ့သူတွေအကုန်လုံးကို သတ်ပစ်မှာ”

“ရှစ်စွင်းကိုလား။ တစ်သက်တာ ဆရာဖြစ်ရင် တစ်သက်တာ ဖခင်ပဲတဲ့။ ရှစ်စွင်းကလွဲရင် ဘယ်သူ့ကိုမှ ခွင့်ပြုပေးမှာ မဟုတ်ဘူး”

တစ်ခြားတစ်ဖက်တွင် ယွီရှန်းရုန်က တိတ်ဆိတ်နေလေသည်။ သူ့အမူအရာက အနည်းငယ် ပြောင်းလဲနေသော်လည်း သူ့ပုံမှန် တည်ငြိမ်နေမှုနှင့် ယုံကြည်မှုတို့က သူ့အား အချုပ်အနှောင်မရှိနေဟန် ပေါ်စေသည်။

လုကျိုးက ထိုအရာအကြောင့် အံ့အားသင့်ခြင်း မရှိပေ။ သူကိုယ်တိုင်ပင် အလင်းတန်းကြောင့် သက်ရောက်ခံလိုက်ရလေရာ သူ့တပည့်များဆို ဆိုထားဖွယ် မရှိတော့ပေ။ မဟာလေဟာနယ်မျိုးစေ့ကပင် သူ့တပည့်များအား ပြိုင်ဘက်ကင်းအောင် လုပ်ဆောင်မပေးနိုင်ပေ။

ဒုတိယအတွေးအနေဖြင့် လုကျိုးက ဤသည်မှာ သူ့တပည့်များအတွက် တွေ့ကြုံခံစားရမည့် စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်း တွေးမိသွား၏။ အားနည်းသည့် စိတ်ဆန္ဒရှိသည့်သူများက အတိတ်အတွင်း အလွယ်တကူ ပိတ်မိသွားကြလေ၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ၂ဦးလုံး အတွေ့အကြုံများသူများ ဖြစ်၏။ သူတို့က သေခြင်းရှင်ခြင်း အခြေအနေများစွာကို ကျော်ဖြတ်လာသူများဖြစ်ကာ စိတ်ဆန္ဒအား ကောင်းကြသည်။ ယုံဟယ်အတွက် သူတို့ကို အချိန်အတော်ကြာ ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မည်။ တွမ့်မူရှန်းအတွက်မူ ... လုကျိုးက ဆွံ့အနေမိ၏။

တွမ့်မူရှန်းက နယ်ရှင်လှံကို ဆွဲကိုင်ကာ လုကျိုးကိုထိုးရင်း အော်ပြောလိုက်သည်။

“ရှစ်စွင်း တိုက်ရအောင်”

“ရိုင်းပျလိုက်တာ”

လုကျိုးက တွမ့်မူရှန်းကို လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ချလိုက်သည်။

သူက တွမ့်မူရှန်း၏မျက်ဝန်းအထက် အကြောက်တရား အနည်းငယ်နှင့် အာခံသည့် အပြုအမူတချို့ကို မြင်တွေ့နေရသည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ထပ်မံ ပြေးလာသည်။

လုကျိုးက လက်အသာမြှောက်လိုက်၏။

“ဘမ်း ဘမ်း ဘမ်း”

လှုပ်ရှားမှုအနည်းငယ်ဖြင့် လုကျိုးက တွမ့်မူရှန်း၏ ရင်ဘတ်ပေါ် ရိုက်ချလိုက်သည်။

“ဘမ်း”

တွမ့်မူရှန်းက နောက်ကို လွင့်စင်သွားလေ၏။

“ဝုန်း”

တောင်နံရံကြီးက ပြိုကျသွားလေ၏။

လုကျိုးက တိတ်ဆိတ်နေပြီး တွမ့်မူရှန်းကို အပြစ်တင်ခြင်း မရှိပေ။ ထို့အပြင် တွမ့်မူရှန်းက အဆိုးခံစားချက်မျိုး ရှိဟန်မပေါ်ပေ။ တွမ့်မူရှန်းက ဆရာဖြစ်သူကို စိန်ခေါ်ပြီး သူ့စွမ်းအားကို တိုးမြှင့်ဖို့ရာသာ တွေးနေခြင်း ဖြစ်၏။ ဤသည်က တွမ့်မူရှန်းသည် သတ္တိကောင်းကြောင်း ပြသနေသည်။ တစ်ခုတည်းသောအရာက တွမ့်မူရှန်း၏ စိတ်စွမ်းအား အားကောင်းဖို့သာ လိုအပ်နေလေသည်။

“လောင်စစ်က ဘယ်မှာလဲ”

လုကျိုးက လှည့်ကာ ကြည့်လိုက်စဥ် မင်ရှစ်ရင်၏ အရိပ်အယောင်ကို မတွေ့ရပေ။

“ဝုတ် ဝုတ် ဝုတ်”

ချုံးချီကလည်း တူညီသည့် မျိုးစိတ်ဆီမှ တိုက်ခိုက်မှုကို သက်ရောက်ခံရဟန်မပေါ်ပေ။ ထိုအရာက အပြိုအပျက်ကို လှမ်းဟောင်နေ၏။

အပြိုအပျက်ထဲမှ နွယ်ပင်များစွာရှိနေပြီး ပုံရိပ်တစ်ခုကို ဝှက်ထားလေသည်။

မင်ရှစ်ရင်က ဆက်တိုက် ရေရွတ်နေ၏။

“ဘာလို့လဲ ဘာလို့လဲ”

“လုကျိုး...”

“ဘာလို့လဲဆိုတာ ဘာကိုပြောတာလဲ”

“...”

လုကျိုးက ‌နားမလည်နိုင် ဖြစ်နေမိသည်။ သူက သူ့ပထမ၊ ဒုတိယ၊ တတိယ တပည့်တို့အကြောင်း စိုးရိမ်နေခြင်း မရှိသော်လည်း စတုတ္ထတပည့်၏ ထူးထူးဆန်းဆန်း အပြုအမူများကို မြင်သည့်အခါ အနည်းငယ် စိုးရိမ်လာမိသည်။

မိစ္ဆာဝေဟင်မျှော်နန်းကို တည်ထောင်ခါစအချိန်ကို ထည့်တွက်ထားခြင်းမရှိလျှင် စတုတ္ထမြောက် တပည့်ဖြစ်သည့် မင်ရှစ်ရင်က သူ့အယုံကြည်ရဆုံး တပည့်တစ်ဦး ဖြစ်၏။

သူ့တပည့်က ဘာလို့ ဒီလိုမျိုး ထူးဆန်းနေရတာလဲ...

ထိုစဥ် ရှောင်ယွမ်အာက စိတ်ရှုပ်ထွေးသွားပြီး မျက်တောင်ခတ်ကာ ဘယ်ညာကို ကြည့်ပြီး မေးလိုက်သည်။

“ရှစ်စွင်း သူတို့က ဘာဖြစ်နေတာလဲ”

လုကျိုးက သူမကို လှည့်ကြည့်လိုက်သည်။

“မင်း ထူးထူးဆန်းဆန်း မခံစားရဘူးလား”

ရှောင်ယွမ်အာက ခေါင်းယမ်းလိုက်ပြီး အနီရောင်အလင်းတန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ရှစ်စွင်း … တပည့် စောစောက အလင်းတန်း၂ခုကြောင့် အာရုံများသွားပြီး ဘာဖြစ်သွားမှန်းမသိလိုက်ဘူး”

ကောင်းကင်ယံမှ အလင်းတန်း၂ခုက လူများ၏စိတ်ကို အနှောင့်အယှက်ဖြစ်စေသည်။

ယွမ်အာရဲ့စိတ်ကို သက်ရောက်မခံရဖူးလား။ ဒါက အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျမ်းကြောင့်တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မဟာလေဟာနယ်မျိုးစေ့ကြောင့်လည်း မဖြစ်နိုင်ဘူးဆိုတော့ ဘာကြောင့်များလဲ...

လုကျိုးက စိတ်ရှုပ်ထွေးနေမိသည်။

အနီရောင်အလင်းတန်းအောက်တွင် လုကျိုးက ရှောင်ယွမ်အာ၏ ကြည်လင်တောက်ပနေသည့် မျက်ဝန်းကို ကြည့်လိုက်၏။ ဤသည်က လောကီ ကိစ္စများနှင့် အဆိုးမြင်ကိစ္စများနှင့် စွန်းထင်းနေခြင်းမရှိသည့် ကြည်လင်တောက်ပမှုမျိုး ဖြစ်၏။ သူမက အနည်းငယ် တုံးအသည်ဟုပြောလျှင်ပင် မှားယွင်းမည် မဟုတ်ပေ။

ထိုစဥ် ရှောင်ယွမ်အာက ခရုလေးကို ကြည့်ကာ ကြောင်အမ်းသွားလေသည်။

“ရှောင်ရှစ်မေ့”

ခရုလေးက တီးတိုးစွာ ငိုရှိုက်နေသည်။

ထိုစဥ် ယဲ့မျိုးနွယ်မှ အကြီးအကဲ ၄ဦးကမူ ဖရိုဖရဲ ဖြစ်နေလေ၏။

“ယဲ့ဝေ မင်းက ဒီတိုင်လုံးကို မင်းအတွက်မင်း လိုချင်နေတာ မဟုတ်လား”

“ယဲ့ယီချင်း မြေခွေးအိုကြီး ငါ့ကို စော်ကားရဲတယ်လား။ ဒါကိုယူလိုက်”

လက်ဝါးစည်းတံဆိပ်များက လေထဲပျံ့လွင့်နေကာ ထိပ်တိုက် တွေ့ဆုံသွားသည်။

“ဘမ်း ဘမ်း ဘမ်း”

အကြီးအကဲ၄ဦးက အချင်းချင်း စတင်တိုက်ခိုက်ကြ၏။

အကြီးအကဲတစ်ဦးက ရယ်မောပြီး “အဲ့ဒီ့ခွေးကောင် ယဲ့ကျန်း သူက ဆရာသခင်ဖြစ်လာတယ်ဆိုတာနဲ့ ငါတို့အကြီးအကဲတွေကို တစ်ချိန်လုံး အထင်သေးနေတာ။ သူ့ကို ဒီတိုင်လုံး ဘာလို့ပေးရမှာလဲ။ ငါလဲ ဒီတိုင်လုံး လိုချင်တယ်။ ဒီတိုင်လုံးက ငါ့ဟာပဲ”

“ဝုန်း”

“သေစမ်း မင်းတို့အားလုံးကို သတ်ပစ်မယ်”

ယဲ့ဝေက သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်သည်။

ကြယ်တာရာဒိုင်ခွက်က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး မွေးဖွားဇယားချပ် ၁၇ခု ရှိနေနှင့်၏။

လုကျိုးက ထိုအရာကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားလေ၏။ ယဲ့ဝေက မွေးဖွားဇယားချပ် ၁၇ခု ကျင့်ကြံသူ ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ယဲ့ဝေက တတိယမြောက် မွေးဖွားစမ်းသပ်ချက်နှင့် တစ်လှမ်းသာ အလှမ်းကွာတော့ပြီး ဆရာသခင်ဖြစ်လာတော့မည် ဖြစ်၏။ သို့သော်လည်း မွေးဖွားဇယားချပ် တစ်ခုကြား ကွာဟချက်က မိုးမြေလိုမျိုး ဖြစ်၏။

တခြားအကြီးအကဲ၃ဦးက လွင့်စင်ကာ သွေးအန်လိုက်ရ၏။

ယုံဟယ်က ထိုအရာကို ကြည့်နေရင်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ထိုအရာ၏ မျက်လုံးမှ အလင်းတန်းများ ထပ်မံထုတ်လွှတ်‌နေသကဲ့သို့ ဖြစ်၏။

မီတာ ၁၀၀၀ဝန်းကျင်ရှိ အပြိုအပျက်အတွင်း အနီရောင်အလင်းဖြင့် ဖုံးလွှမ်းခံထားရကာ သွေးစွန်းနေသကဲ့သို့ ဖြစ်နေသည်။

“ယဲ့ဝေ ငါလည်း မင်းကို သေတဲ့အထိ တိုက်ခိုက်ပြမယ်”

သိပ်မကြာခင် တစ်ခြားအကြီးအကဲ၃ဦးက သူတို့ကြယ်တာရာဒိုင်ခွက်များကို ထုတ်ဖော်လိုက်ကြသည်။ ၂ဦးက မွေးဖွားဇယားချပ် ၁၅ခု ရှိကာ တစ်ယောက်ကမူ မွေးဖွားဇယားချပ် ၁၆ခု ရှိထား၏။

ထိုစဥ် နေရာတစ်ခုလုံးက အကြီးအကဲ၄ဦးအတွက် တိုက်ပွဲမြေပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က ခက်ထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေပြီး မြေကြီးကိုပင် လှုပ်ခတ်သွားစေသည်။

စွမ်းအင်စည်းတံဆိပ်များက လေထဲပြင်းထန်လာကာ ယုံဟယ်ကို သက်ရောက်မှုမရှိပေ။

တိုက်ပွဲက ပြင်းထန်လွန်းသည့်အတွက် စွမ်းအင်စည်းတံဆိပ်များက လုကျိုးနှင့် တခြားသူများဆီ ပျံသန်းရောက်ရှိလာ၏။

လုကျိုးက ချုပ်နှောင်ရေးစည်းတံဆိပ်ကို ထုတ်ဖော်ကာ တောင်တစ်လုံးသဖွယ် ကြီးမားအောင် ချဲ့လိုက်ပြီး အနီရောင်အလင်းတန်းကို ပိတ်ဆို့လိုက်သည်။

“ဝုန်း”

ထို့နောက် လေထုထဲ စူးစူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် ယုံဟယ်က အဆရာချီ ကြီးမားလာပြီး တိမ်တိုက်များကြား ရောက်ရှိသွားလေသည်။

...

အခန်း (၁၂၄၁) ယုံဟယ်မဟာသူတော်စင်

အသံနှင့်အလင်းသည် ပုံမှန်ဆို တဖြောင့်တည်းသွားကြောင်း အခြေခံအသိတရားက ပြောပြနေ၏။ ဤနည်းဖြင့် ကျင့်ကြံသူများသည် ၎င်းတို့ကို ဖြတ်တောက်ရန် ထူးခြားသောနည်းလမ်းများ ရှိလောက်သည်။

လွှမ်းမိုးအဆင့် ချုပ်နှောင်ရေးစည်းတံဆိပ်သည် အသံနှင့် အလင်းကို အလွယ်တကူပိတ်ဆို့နိုင်သော တောင်တစ်တောင်ပမာ ဖြစ်နေ၏။

သို့သော် ယုံဟယ်က အကောင်ပိုကြီးလာသောအခါ ၎င်း၏အသံသည် ၁၀ဆပိုကျယ်လောင်ပြီး ပိုစူးရှလာကာ ၎င်း၏အနီရောင်အလင်းက တောက်ပထွန်းလင်းနေတော့သည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တန်ကို အမြန်ရွတ်ဆိုလိုက်သည်။ မိန့်ခွန်းစွမ်းအားကိုရရှိရန် မတူညီသည့်လောကထဲရှိ သက်ရှိသတ္တဝါတို့၏ နှုတ်ဖြင့်ပြောသောစကားကို နားလည်နိုင်ရန် အကြားစွမ်းအားကို ရရှိနိုင်ရန် သို့မှသာ နယ်ပယ်အားလုံးမှ အသံများကို မိမိကြားနိုင်မည်။

ဉာဏ်အလင်းပွင့်ရန်နှင့် မိန့်ခွန်းစွမ်းအားကို ရရှိရန်။

သို့မှသာ လောကကြီးကို စကားလုံးများဖြင့် ပြောင်းလဲနိုင်ပြီး သာမန်လူတို့ဒုက္ခဝေဒနာခံစားရရှိခြင်းမှ ကင်းလွတ်နိုင်၏။

လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအားကို အသုံးမပြုခဲ့ဘဲ ထိုအစားသူသည် ဆင်ခြင်သုံးသပ်သော အခြေအနေသို့ ဝင်ရောက်ကာ မန္တန်များ ဆက်တိုက်ရွတ်ဆိုနေ၏။ ထိုစဉ် သူ၏ကောင်းကင်စွမ်းအားမှ အလင်းဖျော့ဖျော့သည် တစ်ကိုယ်လုံး လွှမ်းခြုံသွားပြီးနောက် စူးရှသောအော်သံနှင့် အနီရောင်အလင်းတို့ကို ထိန်းထားလိုက်သည်။

ထိုစဉ် လုကျိုး၏အကြီးဆုံးတပည့်များဖြစ်သည့် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က လေထဲပျံဝဲလျက် လုကျိုးဆီတိုးဝင်လာတော့သည်။

ရှောင်ယွမ်အာက လူတိုင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိစဉ် ခရုလေး၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ရှောင်ယွမ်အာကို ခုန်အုပ်လိုက်၏။

နေ့မြင်ညပျောက်မြို့ထဲ၌ ဖရိုဖရဲဖြစ်မှု၊ ကသောင်းကနင်းဖြစ်မှုတို့ ချက်ချင်းကျရောက်လာတော့သည်။

လုကျိုးသည် သူ၏ကာကွယ်ရေးစွမ်းအားကိုသုံးပြီး သူ၏တပည့်များကို နောက်သို့လွင့်ထွက်သွားစေ၏။ သူ၏ကျင့်ကြံဆင့်နှင့် သူ့တပည့်များကြား ကျင့်ကြံဆင့်ကွာဟချက်က ကြီးမားလွန်းသည်။ သူတို့အားလုံး ပူးပေါင်းလျှင်တောင် သူ့ကို ယှဉ်နိုင်မှာမဟုတ်ပေ။

မည်သို့ပင်ဆိုစေ လုကျိုးသည် သူ့တပည့်ကြီးလေးဦး၏ခွန်အားက အမည်မသိကုန်းမြေတွင် ရှိစဉ်ကာလအတွင်း တိုးတက်လာသည်ဟု ခံစားမှုသည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်၏တိုးတက်မှုကြောင့် သူသိပ်ပြီးမအံ့ဩပေ။ သို့သော် မင်ရှစ်ရင်၏တိုက်ခိုက်ရေးခွန်အားက သူ့တပည့်ကြီးနှစ်ဦးနှင့် ယှဉ်နိုင်စွမ်းရှိတာကို သူ တကယ်အံ့ဩမိ၏။

တွမ့်မူရှန်းကမူ သူ၏အကြီးဆုံးတပည့်နှစ်ဦးထက်အားနည်းနေသေးသော်ငြား တွမ့်မူရှန်း၏ လှုပ်ရှားမှုများက အကောင်းဆုံးဖြစ်သည်။ ယိုယွင်းတိုက်စားခြင်းစွမ်းအင်နှင့် မဟာလေဟာနယ်မျိုးစေ့တို့က တစ်သားတည်းပေါင်းစည်းလုနီးပါးဖြစ်သွားပြီး ၎င်းက မွေးဖွားဇယားချပ် လေးခု သို့မဟုတ် ငါးခုနှင့် ညီမျှသည်။

လုကျိုးသည် သူ၏တပည့်များကို နိုးထစေရန်အလျင်မလိုပေ။ ယုံဟယ်၏တိုက်ခိုက်မှုက ပိုအားကောင်းလေ သူ့အတွက်ပိုအကျိုးရှိလေဖြစ်သည်။ သူ၏ကောင်းကင်စွမ်းအားက ယုံဟယ်၏စွမ်းအားကို ဖိနှိပ်ထားနိုင်ပြီး ယုံဟယ်၏စွမ်းအားက ယဲ့မျိုးနွယ်မှ အကြီးအကဲလေးဦးကို ထိန်းထားနိုင်၏။

“ရှစ်မေ့...” ရှောင်ယွမ်အာသည် ခရုလေးကို တိုက်ခိုက်နေစဉ် နိဗာနခါးစည်းကို ပစ်ထုတ်လိုက်သည်။

ခရုလေးက လော့ရွှမ်း၏စွမ်းအင်ကို အမွေဆက်ခံထားသူဖြစ်သော်ငြား ဂီတတွင် ကျွမ်းကျင်သူဖြစ်သည်။ တိုက်ခိုက်ရေးအရာတွင် ရှောင်ယွမ်အာကို မယှဉ်နိုင်ပေ။ အထူးသဖြင့် သူတို့နှစ်ယောက်တွင် တူညီသည့်ကျင့်ကြံမှုရှိနေချိန်တွင်ဖြစ်သည်။

ဝှစ် ဝှစ် ဝှစ်

ရှောင်ယွမ်အာက ခရုလေးနားဆက်တိုက်လှည့်ပတ်နေပြီး ခရုလေးကို ထိန်းချုပ်ရန် နိဗာနခါးစည်းကို သုံးဖို့ ကြိုးစားလိုက်သည်။

လုကျိုး၏လက်ဝါးစည်းတံဆိပ်က ခရုလေးပေါ်ကျရောက်သွားသောအခါ ရှောင်ယွမ်အာက အခွင့်အရေးယူကာ ခရုလေးကို ထိန်းချုပ်လိုက်၏။

ရှောင်ယွမ်အာက စိုးရိမ်ပူပန်စွာ မေးလိုက်တော့သည်။

“ရှစ်စွင်း ... သူတို့အားလုံး ဘာဖြစ်နေတာလဲ”

ရှောင်ယွမ်အာ၏ စိုးရိမ်စိတ်က တိုးလာကာ သူမ ရတက်မအေးနိုင် စိတ်မသက်မသာဖြစ်လာသည်။

ယုံဟယ်၏တိုက်ခိုက်မှုအောက်တွင် လူသားတို့၏ အပျက်သဘောစိတ်ခံစားချက်များနှင့် ဟာကွက်များက အဆပေါင်းထောင်ချီတိုးလာ၏။ ယင်းသည် ယုံဟယ်က ဤမျှ ကြောက်မက်ဖွယ်ကောင်းရသည့် အကြောင်းအရင်းများထဲမှ တစ်ရပ်ဖြစ်သည်။

ရှောင်ယွမ်အာသည် သူမ၏စိတ်ခံစားချက် မူမမှန်မှုကို သတိပြုမိသွားပုံပေါ်၏။ ထို့ကြောင့် သူမ၏စိုးရိမ်ပူပန်မှုကို ဖိနှိပ်ထားလျက် ရေရွတ်ပြောလိုက်သည်။

“အစောတုန်းက ဘာဖြစ်သွားတာပါလိမ့်”

လုကျိုးက ပြောလိုက်၏။ "စိတ်မပူနဲ့ ... ခရုလေးကို စောင့်ကြည့်ထား”

“ဟုတ်” ခရုလေးက လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်သည်။

ချုပ်နှောင်ရေးစည်းတံဆိပ်ပေါ်တွင် ယုံဟယ်က အစွယ်အဖြီးသားဖြင့် ၎င်း၏လက်သည်းကို ဝေ့ယမ်းနေတော့သည်။ ၎င်းက လေထဲ၌ မီးပန်းကခုန်နေသည့်ပမာ ဘယ်ညာရမ်းနေတော့၏။ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသေးဆဲ ဖြစ်သည့် အကြီးအကဲလေးဦးကို အာရုံစိုက်နေတော့သည်။

အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့သည့်သူတို့သည် လူသားဆက်ဆံရေး၏ အေးစက်မှုနှင့် နွေးထွေးမှုကို အသားကျနေပြီဖြစ်သည်။ ဤလူများကို အမျိုးအစားနှစ်ခု ခွဲနိုင်၏။ ပထမအမျိုးအစားမှာ အရာအားလုံးကို တည်ငြိမ်စွာဖြေရှင်းနိုင်ပြီး လောကီရေးရာအထက်တွင် ရှိနေသူများဖြစ်၏။ ဒုတိယတစ်မျိုးမှာ သူတို့လမ်းကြောင်း၌ ခေါင်းမာမှုပိုတိုးလာပြီး နှစ်ပေါင်းများစွာ စုဆောင်းထားသည့် သွေဖည်သောအတွေးများ ပိုများလာသည့်သူတို့ဖြစ်သည်။ ဆိုရလျှင် ကျင့်ကြံသူများက လူသားများ ဖြစ်နေသေး၏။ ပြစ်ချက်မရှိသည့် လူသားများက ရှားပါးနေသည်။

ယဲ့ဝေနှင့် သူ၏အဖော်က ဒုတိယအစုတွင် ပါဝင်သည်။

“သေပေတော့”

ကြယ်တာရာဒိုင်ခွက်လေးခုသည် ဝေဟင်ထဲ၌ တစ်ခုနှင့်တစ်ခု ထိပ်တိုက်ဆုံတွေ့သွားကြသည်။ ကြယ်တာရာဒိုင်ခွက်မှ အလင်းတို့သည့် ဝေဟင်ထဲ ပြည့်နေလေ၏။

လုကျိုးသာ ဤနေရာသို့ ကူးပြောင်းလာတာ အချိန်မကြာခဲ့လျှင် သူသည် စိတ်ကူးယဉ်သိပ္ပံလောကထဲသို့ ရောက်နေပြီဟု တွေးမိလောက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အဆောက်အအုံ၏အပျက်အစီးပုံက ယခုဆို ပိုတောင်အခြေအနေဆိုးလာတော့သည်။ တချို့ကဆို ချိုင့်ဝင်ကုန်ပြီး တချို့ကဆို အပေါက်များဖြင့် ပြည့်နေတော့သည်။

“အဖိုးကြီး ... မင်း ငါ့ကိုသတ်ဖို့ မလုံလောက်သေးပါဘူးကွာ”

ဘီး

ယဲ့ယီချင်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အရင်ဆုံးဖွဲ့တည်လိုက်သူဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ၁၄၅ပေအထိမြင့်ကာ ဘီလူးတစ်ကောင်နှင့် ဆင်တူ၏။

မကြာမီ၌ နောက်ထပ်စိတ်ဝိညာဉ်သဏ္ဌာန်သုံးခု ပေါ်လာတော့သည်။

ထိုစဉ် သင်္ချိုင်းနားတွင် ပျံဝဲနေသော ယုံဟယ်က စူးရှစွာအော်လိုက်ပြန်၏။ ပြီးနောက် ၎င်း၏အရွယ်အစားက ကြီးလာကာ စိတ်ဝိညာဉ်သဏ္ဌာန်များလောက် ဖြစ်လာတော့သည်။ ၎င်းက မေးရိုးကို ဟလျက် ကောင်းကင်ကို မျက်နှာမူကာ အကျယ်လောင်ဆုံးနှင့် အစူးရှဆုံးအော်လိုက်လေ၏။

“...”

အော်သံသည် နေ့မြင်ညပျောက်မြို့ထဲရှိ ကီလိုမီတာ ၅၀အကျယ်အဝန်းကို ဖြတ်ကျော်သွားသည်။ လေနှင့်တိမ်တိုက်တို့က ဝေ့တက်လာပြီး ကောင်းကင်က အရောင်ပြောင်းသွားတော့၏။

ထွက်ပြေးလွတ်မြောက်သွားသည့် ကျင့်ကြံသူတွေလည်း စိတ်ရိုင်းဝင်ကုန်သည်။ သူတို့က ငရဲထဲ ပစ်ချခံလိုက်ရ၏။ သူတို့က စိတ်လွတ်သွားပြီးနောက် သွေးဆာလောင်လာကာ တစ်ယောက်နှင့် တစ်ယောက် စတင်သတ်ဖြတ်တော့သည်။

နေ့မြင်ညပျောက်မြို့အပြင်ဖက်ရှိ ဖြတ်သန်းသွားလာသော ကျင့်ကြံသူအားလုံးနှင့် ကြမ်းတမ်းခက်ထန်သားရဲများက အနည်းငယ်ဝေဝါးကုန်သည်။ သူတို့သည်လည်း ယုံဟယ်ကြောင့် သက်ရောက်ခံလိုက်ရသည်။ အသံလှိုင်းသည် ဒီရေလှိုင်းပမာမြင့်တက်လာပြီး ကျဆင်းလာ၏။ ကမ္ဘာပျက်ကပ်ရောက်လာသလိုပင်။

မြေပြင်ပေါ်တွင် ပျင်းရိပျင်းတွဲလှဲနေသည့် လုဝူက ဆူညံသံကို ပိတ်ဆို့ရန် နားရွက်ကိုအုပ်ထားလိုက်၏။ ပြီးနောက် သူ၏အနေအထားကို ချိန်ညှိကာ ဆက်အိပ်လိုက်တော့သည်။

ထိုစဉ် လုကျိုးက ဤသန်မာသောအသံလှိုင်းသည် သူ၏တပည့်များ ခံနိုင်ရည်ရှိမည်မဟုတ်မှန်း သိနေသောကြောင့် လေထဲပျံဝဲကာ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်တော့သည်။

“မဟာသမာဓိဓာရနီ”

“ကောင်းကင်စွမ်းအား”

လုကျိုးသည် ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုကျောင်းတော်များမှ နည်းစနစ်များကို ကျွမ်းကျင်သော်ငြား မဟာဓာရနီကဲ့သို့ ကျင့်စဉ်မျိုးကို အသုံးပြုတာရှားပါးသည်။

သူက မန္တန်ကို စတင်ရွတ်ဆိုတော့၏။ သူ ရွတ်ဆိုနေစဉ် သူ၏အသံက အားကောင်းလာတော့သည်။ ကောင်းကင်စွမ်းအားဖြင့်မန္တန်က သူ့တပည့်များ၏ နားနှင့် စိတ်နှလုံးကို အလွယ်တကူ ထိုးဖောက်သွားတော့သည်။ မကြာမီ၌ လုကျိုး၏တပည့်များ စိတ်တည်ငြိမ်သွားပြီး မြေပြင်ပေါ် တစ်ယောက်ပြီး တစ်ယောက် ဆင်းသက်လာ၏။

လုကျိုးက ဆက်လက်ရွတ်ဆိုလျက် အဘိုးအိုလေးယောက်ကိုကြည့်ရန် ရှေ့သို့ တစ်ချက် တိုးသွားလိုက်သည်။

သူတို့က သွေးများရွဲနစ်နေပြီး မျက်လုံးများနီရဲနေ၏။ အားလုံးဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်။ ယဲ့ဝေမှအပ ကျန်သည့်သုံးယောက်သည် သူတို့၏မွေးဖွားဇယားချပ်များဆုံးရှုံးသွားတော့သည်။ ထိုစဉ် ယုံဟယ်က နှဲသဏ္ဌာန်နှင့် တူသည့်ပါးစပ်ကို ပိတ်လိုက်ပြီး လှည့်ကြည့်လိုက်တော့သည်။ သူ၏မျက်လုံးက ငရဲရှိအနီပမာ နီမြန်းနေပြီး သွေးများစွန်းထင်းနေသော ပုလဲပမာဖြစ်နေတော့၏။

“မင်း မင်း ဘာလို့ အဆင်ပြေနေတာလဲ”

လုကျိုးက ဝေဟင်ထဲခပ်မြင့်မြင့်ပျံသန်းပြီးနောက် ယုံဟယ်၏ခေါင်းပေါ်ရောက်သောအခါ ရပ်လိုက်သည်။

“ရပ်လိုက်”

ယုံဟယ်က ရယ်မောလိုက်သည်။ ၎င်း၏ရယ်မောသံက စွမ်းအင်မပါဝင်ပေ။ ရယ်သံက လည်ချောင်းနာနေသည့်ပမာ အက်ကွဲသံသာ ပေါ်နေ၏။ ၎င်း၏အရယ်ရပ်သွားပြီးနောက် ပြောလိုက်၏။

“ငါက ယုံဟယ် .... မဟာသူတော်စင်ပဲ”

“ဒီတော့ ဘာဖြစ်လဲ” လုကျိုးက ယုံဟယ်ကို တည်ငြိမ်စွာကြည့်လိုက်၏။

“နိမ့်ကျတဲ့လူသားတွေ ... ဆရာသခင်တစ်ပါးက နေ့မြင်ညပျောက်မြို့ကို လာရင်တောင် ဒီလောက် အဆင်အခြင်မဲ့ မလှုပ်ရှားရဲဘူး” ယုံဟယ်က နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။

ဤနေရာက ကျင့်ကြံခြင်း၏မွန်မြတ်သောမြေဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းလူသားများစွာ ရောက်လာသော်ငြား မည်သူမှ အချိန်ကြာမြင့်စွာမနေခဲ့ကြပေ။ ဤကဲ့သို့နေရာကောင်းတစ်ခုကို သိမ်းပိုက်သည့်သူက မည်သို့ မရှိရသနည်း။ နေ့မြင်ညပျောက်မြို့၏ ပိုင်ရှင်တစ်ယောက်မဟုတ် မဟာသူတော်စင် ယုံဟယ်ဖြစ်နေသောကြောင့်ဖြစ်သည်။

“သာမညောင်ည သားရဲဧကရာဇ်က မဟာသူတော်စင်လို့ခေါ်ဖို့ ထိုက်တန်တယ်လား” လုကျိုးက မေးလိုက်၏။

လုကျိုး၏စကားသည် ယုံဟယ်၏အမျက်ဒေါသကို အောင်မြင်စွာနှိုးဆွလိုက်နိုင်သည်။

“ငါက အစတည်းက အံ့ဖွယ်သားရဲတစ်ကောင် အားလုံးက လူသားတွေရဲ့အမှားပဲ”

လုကျိုးက မြူအမည်းရောင်များလွှမ်းခြုံနေသော ကောင်းကင်ကိုမော့ကြည့်လိုက်သည်။

“အံ့ဖွယ်သားရဲလား ... မင်း သေသွားရင် အံ့ဖွယ်သားရဲဖြစ်ကောင်းဖြစ်မှာပေါ့”

ယုံဟယ်က ရူးသွပ်စွာ ရယ်မောလိုက်၏။ “တုံးအတဲ့လူသား ... မင်း သူတို့ကို သတိလစ်အောင် လုပ်လိုက်တာကြောင့် ငါ သူတို့ကို မထိန်းချုပ်နိုင်တော့ဘူး ထင်နေလား။ မင်း ပွဲကြည့်ဖို့ မျှော်လင့်တယ်”

ယုံဟယ်၏အရွယ်အစားပိုကြီးမားလာပြီးနောက် တိမ်တိုက်မျာအထိတောင်မြင့်လာ၏။ ထိုစဉ် ၎င်း၏ကိုယ်မှလက်တံများသည် လူတိုင်းဆီတိုးဝင်သွားတော့သည်။ လုကျိုးက မျက်မှောင်အနည်းငယ် ကျုံ့မိသွားတော့သည်။

ယုံဟယ်သည် သူတို့၏စိတ်ကို ထိန်းချုပ်နိုင်သည်သာမက သူတို့ကို ရုပ်သေးပမာလည်း ထိန်းချုပ်နိုင်သည်လော။

လုကျိုးသည် ယုံဟယ်၏ ပထမဆုံးလေ့ကျင့်ရေးကို သူ့တပည့်များအတွက် လေ့ကျင့်ရေးအဖြစ် သတ်မှတ်ထားသေးသည်။ သို့သော် သူ၏တပည့်များ ဤလိုပုံစံဖြင့် ထိန်းချုပ်ခံနေရတာကို သူ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ထို့အပြင် သူ ကြာကြာမစောင့်နိုင်တော့ပေ။ မဟုတ်လျှင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ဒဏ်ရာပြင်းပြင်းထန်ထန်ရလိမ့်မည်။ သူ့တပည့်များသည် မဟာလေဟာနယ်မျိုးစေ့ကို အားကိုးပြီး ယခုအချိန်ထိ ရှင်သန်လာခဲ့ရာတာ မလွယ်ကူပေ။ မွေးဖွားဇယားချပ် ၁၅ခု မှ ၁၇ခုအထိ ပိုင်ဆိုထားသည့် ယဲ့မျိုးနွယ်မှ အကြီးအကဲလေးဦးနှင့် ယှဉ်ပြိုင်ဖို့က ခက်ခဲသွားလိမ့်မည်။ ကံကောင်းသည်မှာ ထိုလူလေးယောက်က ဒဏ်ရာရထားပြီးသားဖြစ်၏။

“မင်းက အညံ့မခံဘူးဆိုတော့ အားသုံးရတော့မှာပဲ”

လုကျိုးက ချုပ်နှောင်ရေးစည်းတံဆိပ်ကို သုံးလိုက်၏။

ဘီး

၎င်းသည် အသံမြည်ဟည်းလာပြီးနောက် ဂူသင်္ချိုင်းဆီ ပြုတ်ကျသွားတော့သည်။

ဖုန်း

…

အခန်း (၁၂၄၂) အကြွင်းမဲ့စွမ်းအားဖြင့် လွှမ်းမိုးခြင်း

ချုပ်နှောင်ရေးစည်းတံဆိပ်၏ အလေးချိန်အောက်တွင် ဂူဗိမ္မာန်တစ်ဝက်ကျော်က ပြိုလဲသွားလေသည်။

ထိုအရာကို မြင်ကာ ယုံဟယ်က အစွယ်ဖြဲပြီး လက်သည်းဖြင့် ‌ဝှေ့ယမ်းလာ၏။ ထို့နောက် အရိပ်တစ်ခုက လုကျိုးဆီ ခုန်ဝင်လာသည်။

အရိပ်က အရိပ်မျှသာဖြစ်ပြီး လုကျိုးကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ပေ။

ထိုအရာက ယုံဟယ်ကို ဒေါသထွက်စေ၏။ ဂူဗိမ္မာန်က ထိုအရာ၏ ဇစ်မြစ်ဖြစ်သည့်အတွက် ဂူဗိမ္မာန်သာ အဖျက်ဆီးခံလိုက်ရသည်နှင့် သွားစရာဟူ၍ ရှိမည်မဟုတ်ပေ။ ထိုအရာက ဂူဗိမ္မာန်မှ ကိုယ်ထည်မဲ့ လက်တံများကို ဆက်လက်ဖြန့်ကျက်ရင်း အောက်ဟစ်နေသည်။

“ဝုန်း ဝုန်း ဝုန်း”

ယုံဟယ်၏ တကယ်ခန္ဓာကိုယ် ထွက်ပေါ်လာသည့်အလား ချုပ်နှောင်ရေးစည်းတံဆိပ်ကို ပင့်မလိုက်၏။ ထိုအရာက ဂူဗိမ္မာန်အတွင်း တစ်လျှောက်လုံး ပုန်းအောင်းနေခဲ့ပြီး အပြင်ဘက်တွင် ပုံရိပ်ယောင်ကို ချမှတ်ထားခဲ့သည်။

လုကျိုးက လက်ဖြင့် တွန်းလိုက်သည်။

အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားသည့် စွန့်ပစ်ခံဥာဏ်ပညာက ကောင်းကင်မှ ဆင်းသက်လာကာ ယုံဟယ်၏ လည်ပင်းအနောက်ဘက်သို့ ကျရောက်သွားသည်။

ယုံဟယ်က နာကျင်မှုဖြင့် မူးနောက်သွား၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုအရာက သူ့အားနည်းချက် ဖြစ်နေသည်။ အရိပ်က လုကျိုးကို တစ်စုံတစ်ခုလုပ်ဖို့ရာ ဆုံးရှုံးသွားသည့်အတွက် ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်လေ၏။ ထိုစဥ် ကောင်းကင်ယံမှ အလင်းတန်း၂ခုက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်ထဲ ပြန်လည်ဝင်ရောက်သွား၏။

အနီရောင်ကောင်းကင်ကြီးက ယခုအခါ မှုန်မှုန်မှိုင်းမှိုင်း အသွင်ပြင်သို့ ပြန်လည်ပြောင်းသွားသည်။

လုကျိုးက ယုံဟယ်၏ တကယ်ခန္ဓာသည် အားနည်းလွန်း၍ တိုက်ကွက်တစ်ခုကိုပင် တောင့်မခံနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။

ထိုစဥ် ယဲ့မျိုးနွယ်မှ အကြီးအကဲ၄ဦးကလည်း အသိဝင်လာကာ သူတို့မျက်ဝန်းမျ အနီရောင်အလင်းတန်းက ပျောက်ကွယ်သွားသည်။ သူတို့က အချင်းချင်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြ၏။

ယဲ့ယီချင်း၊ ယဲ့ယွမ်းကျိုနှင့် ယဲ့ကိန်တို့က သူတို့၏ ကျင့်ကြံဆင့်အပြောင်းအလဲကို ခံစားမိသည့်အခါ သွေးအန်လိုက်ရသည်။

“ငါ့မွေးဖွားဇယားချပ်”

“ယဲ့ဝေ မင်း”

အကြီးအကဲ၃ဦးက ယဲ့ဝေကို ကြည့်လိုက်ကြသည်။

ယဲ့ဝေ၏ အမူအရာကလည်း နာကျင်စွာ ပျက်ယွင်းနေ၏။

“အဲဒါက ယုံဟယ်”

သူတို့က ဂူဗိမ္မာန်ရှိရာဘက် လှမ်းကြည့်ပြီး ဆူဆူညံညံ အသံများကြားလိုက်သည့်အခါ သဘောပေါက်သွားလေ၏။ ထိုစဥ် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့ကလည်း အသိဝင်လာကြသည်။ ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က သဘောပေါက်သွားကြသည်။

ထို့နောက် ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့် သူ့ညီကလည်း အသိပြန်ကပ်သွားကြသည်။ တခြားသူများနှင့် တူညီစွာ သူတို့ကလည်း စိတ်ရှုပ်ထွေးနေကြ၏။

ထိုစဥ် ရှောင်ယွမ်အာနှင့် ခရုလေးတို့က အဝေးမှ ပျံသန်းရောက်ရှိလာသည်။ ရှောင်ယွမ်အာက မေးလိုက်၏။

“ရှစ်ရှိုး”

“ငါတို့ အဆင်ပြေပါတယ်”

မင်ရှစ်ရင်က အဝေးကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ငါတို့က အဲ့ဒီ့သားရဲကြောင့် စိတ်လွတ်သွားတာလား” အားလုံးက မကျေမနပ်ဖြစ်နေကြပြီး သူတို့ကိုယ်သူတို့ စိတ်လွတ်သွားသည်ကို လက်ခံဖို့ ခက်ခဲနေကြသည်။

“သတိထား သတိလက်လွတ်မဖြစ်စေနဲ့”

ခုံဝမ်က ထရပ်ပြီးသည့်နောက်တွင် ပြောလိုက်၏

“ငါ စိတ်လွတ်သွားရင် ငါ့ကို ချက်ချင်း သတိမေ့အောင် လုပ်လိုက်တော့”

“ခုံဝူ...”

ဤသည်က ထူးဆန်းသော်လည်း လိုအပ်သည့် တောင်းဆိုချက် ဖြစ်လေသည်။

ခုံဝမ်က ပြောလိုက်သည်။

“မျှော်နန်းသခင်က သက်ရောက်မခံရဘူးပဲ။ အ‌တော်လေး အံ့သြဖို့ကောင်းတယ်။ ငါတို့တွေ သူ့ကို ထပ်ပြီး ပုန်းအောင်းခွင့်ပေးလို့ မဖြစ်ဘူး။ တကယ်တော့ အဲ့ဒီ့သားရဲရဲ့ ခန္ဓာကိုယ်က အင်မတန်အားနည်းတယ်။ သားရဲဧကရာဇ်ထက်တောင် အားနည်းတယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ထိုစဥ် လုကျိုးက ကျုံ့လာသည့် ယုံဟယ်ကို ကြည့်နေလေသည်။ အချိန်တစ်ခုမှ တစ်ခုအထိ သူက လက်ဝါးစည်းတံဆိပ် တစ်ခုမဟုတ်တစ်ခု ထုတ်လွှတ်ကာ ထိုအရာကို ရိုက်နှက်နေသည်။

“သွားတော့ “

လုကျိုးက မိစ္ဆာကိုယ်တော် လက်ဟန်စည်းတံဆိပ်ကို ယုံဟယ်ဘက် ပစ်လွှတ်လိုက်၏။

“ဝုန်း”

ဂူဗိမ္မာန်က အပိုင်းပိုင်းအစစ ကြေမွသွားပြီး မိစ္ဆာကိုယ်တော် လက်ဟန်စည်းတံဆိပ်က ယုံဟယ်ကို အောင်အောင်မြင်မြင် ဆွဲထုတ်လာနိုင်သည်။ ထိုအရာ၏ တကယ့် သွင်ပြင်ကို အားလုံးက မြင်တွေ့လိုက်ရ၏။

ယုံဟယ်၏ မျက်လုံးနှင့် ပါးစပ်တို့က နီရဲနေပြီး အမွှေးက အဝါရောင် ဖြစ်၏။ ထိုအရာက ပိန်ပါးကာ အပေါ်ပိုင်းတွင် ဧရာမမျောက်ဝံတစ်ကောင်နှင့် တူပြီး အောက်ပိုင်းခန္ဓာကိုယ်ကမူ ရွှံ့ထဲတွင် ရစ်ပတ်နေသည့် သစ်ပင်အမြစ် သို့မဟုတ် စွပ်ခွက်နှင့် တူလေသည်။

ယုံဟယ်က အသံသြသြဖြင့်‌ ပြောလိုက်သည်။

“ငါ့ကိုလွှတ်စမ်း။ ငါ့ကို ပြန်လွှတ်ဖို့ အမိန့်ပေးနေတယ်”

“သတိထား”

ခုံဝမ်က ပြောလိုက်သည်။ အကြီးအကဲ၄ဦးအပါအဝင် အားလုံးက နောက်ဆုတ်လိုက်ကြ၏။ သူတို့က ယခင်အမှားမှ သင်ယူထားကြသည်။ သူတို့က ပညာရှင်များဖြစ်သော်လည်း ယုံဟယ်၏စွမ်းရည်နှင့် ပတ်သက်လာသည့်အခါ ကူကယ်ရာမဲ့နေ၏။

ထိုစဥ် လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်၏။

“မင်းကိုယ်မင်း ဘယ်အခြေအနေရောက်နေလဲဆိုတာ နားမလည်သေးဘူးလား”

လုကျိုးက နောက်ထပ် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဝုန်း”

လက်ဝါးစည်းတံဆိပ်က ယုံဟယ်၏ ဦးခေါင်းပေါ် ကျရောက်လာကာ သူ့အား ကြယ်တွေလတွေ မြင်သွားစေသည်။ ထိုအရာ၏ စွမ်အားကို ပြန်လည်ကောင်းမွန်အောင် လုပ်ဖို့ မလွယ်ကူလှပေ။ သူက ထပ်မံအော်တော့မည့်ဆဲဆဲတွင် လုကျိုးက နောက်ထပ် တစ်ချက် ရိုက်လွှတ်လိုက်ပြန်သည်။ ထိုစဥ် ယဲ့ဝေက ပြောလိုက်၏။

“အဲ့ဒီ့သားရဲကို သတိထားအုံး။ ဘာပဲဖြစ်ဖြစ် သားရဲဧကရာဇ်ဆိုတော့ ဝှက်ဖဲ မရှိဘဲတော့မနေဘူး”

လုကျိုးက ယုံဟယ်ကို ဆက်လက်စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်း ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ”

ယုံဟယ်က ပြန်မဖြေပေ။

လုကျိုးက ဆက်မေးလိုက်သည်။

“မင်းက နေ့မြင်ညပျောက်မြို့မှာ ဘာလို့နေနေတာလဲ”

ယုံဟယ်က ဆက်လက်မဖြေသေးပေ။ လုကျိုးက မေးလိုက်၏။

“ငါ့လက်မှာ သွေးစွန်းနေတာ များလှပြီ။ မင်းသွေးကို ပေါင်းလိုက်လို့လည်း ဘာမှဖြစ်မသွားဘူး”

လုကျိုးက လက်ကိုမြှောက်ကာ အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားသည့် စွမ်းအင်ဓားမော့တစ်ချောင်းကို ဖန်တီးလိုက်သည်။ ထိုစွမ်းအင်ဓားမော့ကို ခုတ်ချလိုက်သည်နှင့် ယုံဟယ်က သေလုနီးပါး ဖြစ်သွားနိုင်၏။

ထင်ထားသည့်အတိုင်း ယုံဟယ်က တုံ့ပြန်လာသည်။ စုတ်ခွက်နှင့်တူသည့် အောက်ပိုင်းခန္ဓာက အလိုလို စတင်လှုပ်ရှားပြီး မြစ်ပွားများက စတင်လှုပ်ခတ်လာကာ မျက်လုံးကလည်း အနီရောင် တောက်ပလာသည်။

“ပြန်လည်ပေးဆပ်စေရမယ်”

ထို့နောက် အပေါ်ပိုင်းခန္ဓာကိုယ်မှ သွေးများ စတင်စီးထွက်လာပြီး အောက်ပိုင်းခန္ဓာကိုယ်ထဲ စီးကျသွားသည်။ အပေါ်ပိုင်းခန္ဓာကိုယ်က သိသိသာသာ ကျုံ့သွားပြီး နဂိုခန္ဓာကိုယ်၏ တစ်ဝက်သာ ကျန်ရှိတော့သည်။

ဤသို့ဖြင့် လုကျိုး၏ စွမ်းအင်ဓားမော့က အသုံးမဝင် ဖြစ်သွားလေသည်။

ယုံဟယ်၏ စုတ်ခွက်နှင့်တူသည့် အောက်ပိုင်းခန္ဓာက မြေကြီးကို အုတ်မြစ်အနေဖြင့်ထားကာ နေ့မြင်ညပျောက်မြို့၏ အသက်ဓာတ်စွမ်းအားကို အာဟာရအနေဖြင့် စုပ်ယူပြီး ပုံရိပ်ယောင်ပုံရိပ်က ထပ်မံကြီးထွားလာသည်။

“ယုံဟယ်ရဲ့ ဂုဏ်ကျက်သရေနဲ့ ဂုဏ်သိက္ခာက ရန်စလို့ မရဘူး

လေထုထဲမှ အသံသြသြ ထွက်ပေါ်လာ၏။

ယဲ့ဝေက အော်ပြောလိုက်သည်။

“မိတ်ဆွေကြီး ဂရုစိုက်အုံး”

ထိုစဥ် ယဲ့ဝေက လုကျိုးထံ တစ်စုံတစ်ခုဖြတ်သွားသည်ကို အလိုမရှိပေ။ သူတို့အားလုံးက ယုံဟယ်ကို လျှော့တွက်မိခဲ့ကြ၏။ အကယ်၍ သူတို့သာ ထပ်မံထိန်းချုပ်ခံရပါက သူတို့အတွက် ထိနှက်ချက်ကြီး ဖြစ်လာလိမ့်မည်။

“မြန်မြန်ငါ့ကို မေ့အောင် လုပ်လိုက်တော့”

ခုံဝမ်က ပြောလေ၏။

“...”

မည်သူကမှ ခုံဝမ်ကို ဂရုမစိုက်ကြပေ။ ဤတစ်ကြိမ် လုကျိုးက ကောင်းကင်ယံကို လက်ညှိုးထိုးလိုက်၏။

မဟူရာကောင်းကင်ယံထဲ ကြယ်တာရာဒိုင်ခွက်တစ်ခု ထွက်ပေါ်လာသည်။

“မြေဆွဲအား”

တစ်ချိန်တည်းဆိုသလို ယုံဟယ်ကလည်း တူညီသည့်ဝှက်ဖဲကို အသုံးပြုလာသည်။ ထိုအရာက နားကွဲလုမတတ်အော်သံကြီး ထုတ်လွှတ်လာကာ အနီရောင်အလင်းတန်း၂ခုကို ပစ်ခတ်လာ၏။ ဤတစ်ကြိမ် တိုက်ကွက်က လုကျိုးကို အာရုံစိုက်ထားခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုတိုက်ကွက်က တခြားသူများအပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်၏။ ကံကောင်းစွာဖြင့် ယခင်မှ အမှားများကို သင်ယူခဲ့သည့်အတွက် သူတို့က ယုံဟယ်၏ အော်သံကို ပိတ်ဆို့ပြီး သူတို့၏ မျက်လုံးကို မှိတ်ကာ အနီရောင်အလင်းတန်းကို တားဆီးခဲ့သည်။

“ဟုတ်သားပဲ။ ငါ ဒါကို ဘာလို့ မစဥ်းစားမိပါလိမ့််”

ခုံဝမ်က သူ့ပေါင်ကို ရိုက်ရင်း ပြောလိုက်၏။ ထို့နောက် သူက မျက်လုံးမှိတ်ပြီး ဆူညံသံများကို ပိတ်ဆို့လိုက်သည်။

“ဝုန်း”

မြေဆွဲအားက ယုံဟယ်ကို ဖိနှိပ်ထားလေ၏။

“ကံမီးတောက်”

ယုံဟယ်၏အော်သံက လုကျိုးအပေါ် သက်ရောက်နေဆဲဖြစ်သော်လည်း သူ့စိတ်ကို လှုပ်ခတ်ဖို့ရာ ကျရှုံးခဲ့လေသည်။ သူက ပထမဦးဆုံး အနီရောင်အလင်းတန်းကို မြင်စဥ်အခါက အနည်းငယ် အာရုံထွေပြားသွားသည်ကလွဲ၍ သက်ရောက်မှု မခံရပေ။ သူက ဘဝ၂ခုကို တွေ့ကြုံခံစားပြီး ကောင်းကင်ကျမ်းစွမ်းအားကို တစ်နှစ်ပတ်လုံး ဆင်ခြင်နေသည့်အတွက် သူ့စိတ်က သံမဏိလို ခိုင်မာနေပြီဖြစ်ကာ သူ့စိတ်ဓာတ်ကလည်း နှစ်၁၀၀၀၀ သက်တမ်းရှိသည့် ဆရာသခင်များထက်ပင် အားကောင်းလေ၏။ သူ့စိတ်နှင့် စိတ်ဆန္ဒတို့က သူတော်စင်နှင့်ပင် ယှဥ်နိုင်လေသည်။

“ဘာလို့လဲ။ မင်းက ဘာလို့ အဆင်ပြေနေတာလဲ။ ဘာလို့လဲ” ထိုအရာက ဘာလို့လဲဆိုသည့် စကားကိုသာ ထပ်ခါ ထပ်ခါ ရေရွတ်နေ၏။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ယုံဟယ်၏ အော်ဟစ်သံသည် ထိုအရာ၏စွမ်းရည်ထက် နားကလောကြောင်း တွေ့ရှိသွား၏။

ထိုစဥ် ကံမီးတောက်က ဂူဗိမ္မာန်ပေါ် ကျဆင်းလာ၏။

“ကံမီးတောက်။ မဟုတ်သေးဘူး။ ဒါက မွေးဖွားဇယားချပ်ကို အောင်မြင်ထားတဲ့သူဆီက ကံမီးတောက်ပဲ”

ယဲ့ဝေက ပြောလိုက်သည်။

“မထူးဆန်းတော့ဘူး။ မထူးဆန်းတော့ဘူး။ သူက ရွှေကြာနယ်မြေက အဆင့်မြင့်ကျင့်ကြံသူပဲ”

“မထူးဆန်းတော့တာဘာလဲ”

“မျှခြေမညီမျှမှု ဖြစ်နေတာ မထူးဆန်းတော့တာ”

ပုံမှန်အားဖြင့် လုကျိုးက အကြီးအကဲ၄ဦး၏စကားကို မကြားပေ။ သူက ယုံဟယ်ကို ဖြေရှင်းဖို့ရာသာ အာရုံစိုက်ထားလေသည်။

တခြားသူများကလည်း ဆူညံသံကို ပိတ်ဆို့ဖို့ရာသာ အာရုံစိုက်ထားကြသည်။

“အေးခဲစေ”

“ဝုန်း”

ယုံဟယ်က ချက်ချင်းဆိုသလို အေးခဲသွားသည်။ ရေခဲ့နှင့် မီးတောက်က တစ်ချိန်တည်းဆိုသလို ထွက်ပေါ်လာပြီး လုကျိုးက ကောင်းကင်ယံထက်ပျံသန်းကာ အမည်မဲ့ကို ဓားအသွင် ထုတ်ယူလိုက်သည်။

ထို့နောင် ပေ၁၀၀၀ ရှည်လျားသည့် စွမ်းအင်ဓားက ကောင်းကင်မှ ဆင်းသက်လာသည်။

“ဘမ်း”

စွမ်းအင်ဓားက ယုံဟယ်ကို တိတိကျကျ ထိုးဖောက်သွားသည်။

ယုံဟယ်က အသက်ဓာတ်နှလုံးသား ၁ခုထက်ပိုရှိနေကြောင်း သိသာလှသည်။

လုကျိုးက သူ့ကြယ်တာရာဒိုင်ခွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

ကြယ်တာရာဒိုင်ခွက်က ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး မွေးဖွားဇယားချပ်၁၀ခုက တစ်ခုပြီးတစ်ခုဆိုသလို တောက်ပလာသည်။ မွေးဖွားဇယားချပ် ၁၀ခုအတွင်း မဟာမွေးဖွားဇယားချပ်က အတောက်ပဆုံး ဖြစ်၏။ ထို့နောက် တစ်ချိန်တည်းဆိုသလို အလင်းတိုင်လုံး၁၀တိုင်က တောက်ပလာသည်။

“ဝုန်း”

ဤသည်က လုကျိုး၏ မွေးဖွားဇယားချပ် စွမ်းရည်မှ အပြည့်အဝတိုက်ခိုက်မှုဖြစ်၏။

ထိုစဥ် ဂူဗိမ္မာန် ရှိခဲ့သည့်နေရာ၌ စက်ဝိုင်းပုံသဏ္ဌာန် တွင်းနက်ကြီးကို မြင်တွေ့နိုင်သည်။

လုကျိုးက ကြယ်တာရာဒိုင်ခွက်ကို သိမ်းဆည်းပြီးသည့်နောက်တွင်ပင် မရပ်တန့်ခဲ့ပေ။ သူ့ကျင့်ကြံစဥ်က ယုံဟယ်ကိုဖြေရှင်းဖို့ရာ လုံလောက်နေပြီဖြစ်၏။ ဤသည်က သူ့အနေဖြင့် အသုံးပြုပစ္စည်းကတ်များကို အသုံးမပြုဘဲ ဖြေရှင်းဖူးသည့် ပထမသားရဲဖြစ်ပေသည်။

ထိုစဥ် ယဲ့ဝေနှင့် တခြားသူများက တုန်လှုပ်နေကြသည်။

“သူက ဆရာသခင်ဆိုတာက မမှားဘူး။ စောစောလေးက မွေးဖွားဇယားချပ်စွမ်းရည်က မွေးဖွားဇယားချပ် ၁၀ခု ရှိထားသူတွေထက်ကို ပိုပြီး အားကောင်းနေတယ်။

“အဲဒါဆိုရင် သူက တာအိုစွမ်းအားကို ဘာလို့မသုံးရတာလဲ”

ထိုစဥ် လုကျိုးက ယုံဟယ်အနား ရောက်ရှိလာသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် အသိဥာဏ်ဖြင့် ကျယ်ပြောသည့် စွမ်းအားကို ထုတ်ဖော်နိုင်၏။

ဤသည်က လုကျိုး၏ နောက်ဆုံး ကောင်းကင်ကျမ်းစွမ်းအား ဖြစ်လေသည်။

ယုံဟယ်၏ လက်တံများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော်လည်း သူက ကိုယ်ထည်မဲ့အခြေအနေတွင် ရှိနေသည့်အလား ထိခိုက်အောင် မလုပ်ဆောင်နိုင်ပေ။

ယဲ့ဝေနှင့် တခြားသူများ “...”

“ဒါက တာအိုစွမ်းအား မဟုတ်ဘူးလား”

All Chapters