← Chapters

အခန်း (၁၂၄၃-၁၂၄၅)

Vol. 83 Ch. 1243-1245

အခန်း (၁၂၄၃-၁၂၄၅)

Vol. 83 Ch. 1243-1245

အခန်း (၁၂၄၃) မတည်မြဲခြင်းတိုင်လုံး

အဘိုးအိုလေးဦးသည် သူတို့အမြင်အာရုံ၏အောက်ပိုင်းသာ ရှိသည်။ လုကျိုး ဆင်းသက်လာပြီးနောက် သူက သူတို့မြင်ကွင်းထဲ ဝင်လာလေ၏။

လုကျိုးကို မြင်သောအခါ သူတို့က ကိစ္စရပ်များကို မြင်နိုင်ပြီဟု ခံစားမိသွားသည်။ ၎င်းက နောက်ထပ်ထူးခြားသော စွမ်းအားဖြစ်ပြီး သူတို့ယခင်က တစ်ခါမှ မတွေ့ဖူးသော စွမ်းရည်ဖြစ်၏။ ဤခံစားချက်သည် အစစ်အမှန်လူတစ်ဦးဆီမှသာ ခံစားမိတာဖြစ်သည်။ သူတို့၏နှလုံးများ အဆက်မပြတ်ခုန်နေလေ၏။ ယင်းက လူအစစ်ဖြစ်သည်။

သူတို့သည် ဤနေရာတွင် ရတနာအတွက် လူတစ်ယောက်နှင့်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည်လော။

ယဲ့ဝေက ကူးပြောင်းလျက်လေးနက်သောအသံဖြင့်ပြောလိုက်၏။ “အသက်ဖိနှိပ်ထောက်တိုင်ကို လက်လျှော့ပြီး ထွက်သွားဖို့ အခွင့်အရေးယူရအောင်”

သူတို့လေးဦးက သဘောတူညီချက်တစ်ခု လျင်မြန်စွာရလိုက်ပြီး အစောတုန်းက ပဋိပက္ခဖြစ်မှုကို နောက်ပို့ထားလိုက်သည်။

သူတို့သည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သည့် လူအိုကြီးများဖြစ်ပြီး ပါးနပ်သောသူများ ဖြစ်သောကြောင့် ယခင်က အဖြစ်အပျက်ကို စိတ်ထဲထားမှာမဟုတ်ပေ။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ သူတို့သည် သူတို့ရှေ့ရှိ လူဆီမှ လွတ်မြောက်နိုင်၏။

“အမည်မသိကုန်းမြေထဲမှာ ယဲ့ကျန်းတွေ့ခဲ့တဲ့သူက ဘယ်သူလဲ”

“မသိဘူး ... ခုနစ်စင်ကြယ်အစီအရင်အလံ ၃၆ခုလုံး အကောင်းမကျန်တော့ဘူး။ ယဲ့ကျန်းကိုယ်တိုင်ကလည်း ပြောချင်စိတ် မရှိဘူး” ယဲ့ယီကျင်းက သက်ပြင်းချလိုက်၏။

ယဲ့ဝေက မျက်မှောင်ကျုံ့ပြီးပြောလိုက်၏။ "ဒါကို ယူထား"

သူ၏အိတ်ကပ်ထဲမှ ပန်းထိုးသေတ္တာတစ်လုံးကို ယူလိုက်ပြီး ပန်းထိုးသေတ္တာထဲမှ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူကာ ကျန်သည့်လူသုံးယောက်အား ပေးလိုက်၏။

“ဒါက ...” ယဲ့ကန်းက တအံ့တဩပြောလိုက်သည်။ "ကျွန်တော်တို့ တကယ် ဒါသုံးဖို့လိုလို့လား”

“ဒါက သူ့လက်ထဲကနေ လွတ်မြောက်နိုင်မဲ့တစ်ခုတည်းသော နည်းလမ်းပဲ။ ဘာဖြစ်မယ်ဆိုတာ မသိသေးဘူး။ သူဆိုရင် အတူတကွချေမှုန်းရမှာ” ယဲ့ဝေက ပြောလိုက်၏။

“ဟုတ်ပြီ” လူသုံးယောက်က ခေါင်းညိတ်လိုက်၏။

အသံပို့ပြီးနောက် ယဲ့ဝေသည် သူမပါးစပ်ကို သူမရိုက်လိုက်သည်။

နောင်ကျလူတို့ကို မြင်သည့်အခါ သူမသည် သူမကိုယ်သူမ မိတ်ဆက်တော့မှာ မဟုတ်ပေ။

လုကျိုး၏ ကောင်းကင်စိတ်စွမ်းအားသည် သူ့ကို ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှု အနေအထားထဲ ကျရောက်သွားစေ၏။ သူသည် ခွန်အား အားလုံးနီးပါးသုံးပြီး တိုက်ခိုက်ခဲ့သော်ငြား သူ့ရှေ့ရှိ အဘိုးအိုကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။ အသံ၊ အမြင်အာရုံ၊ ရုပ်ခန္ဓာနည်းလမ်းအားလုံးက အသုံးမဝင်ခဲ့ပေ။

သူက ရူးသွပ်စွာအော်လိုက်၏။ သို့သော် လုကျိုး တစ်လှမ်းချင်းလှမ်းလာတာကိုပဲ ကြည့်နေနိုင်သည်။

လုကျိုးသည် ကောင်းကင်စွမ်းအား၏ထုတ်လွင့်မှုကို ခံစားမိသည်။ ဤကောင်းကင်စွမ်းအားအသစ်က အစွမ်းထက်သော်ငြား ၎င်းသည် ကောင်းကင်စွမ်းအားကို ဝန်ပိစေပြီး စွမ်းအင်များစွာ ကုန်ဆုံးစေ၏။ ထို့ကြောင့် သူ တိုက်ပွဲကို အမြန်အဆုံးသတ်ရမည်။ အချိန်ဖြုန်း၍မရပေ။

သူသည် လက်ထဲရှိအမည်မဲ့ကို ထုတ်ယူလျက် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တွန်းပို့လိုက်သည်။ အမည်မဲ့ဓားက လေထဲ အရှေ့အနောက် လျင်မြန်စွာ ထိုးဖောက်သွားတော့သည်။

ဓား၌ ကျယ်ပြန့်ကောင်းကင်စွမ်းအား၏ စွမ်းအားပါဝင်နေသည်။

ယင်းက ယုံဟယ်တန်ပြန်တိုက်ခိုက်စွမ်းမရှိ ဖြစ်စေသည်။

လုဝူ၏စွမ်းအားကို မြင်တွေ့ပြီး မီးဇာမဏီ၏စွမ်းအားကို သူ မျက်မြင်တွေ့ခဲ့သောကြောင့် လုကျိုးသည် ယုံဟယ်ကို လုဝူနှင့်ခွန်အားတစ်တန်းတည်းနီးပါး ရှိမည်ဟု သိလိုက်သည်။ ထို့ကြောင့် သူ အလေးထား ဆောင်ရွက်ရမည်။

ချီး ချီး ချီး

အမည်မဲ့ဓားသည် အပ်ချုပ်သူ၏လက်ထဲရှိ အပ်တစ်ချောင်းပမာပင်။ ယုံဟယ်က အမည်မဲ့ဓားဖြင့် ထိုးဖောက်ခံရသည့် အဝတ်စဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ထဲ၌ အပေါက်ငယ်လေးများ ပြည့်နေ၏။ စူးရှသော အော်သံက အတော်မသတ်တော့ပေ။

ပုံရိပ်ယောင်သည် ပန်းချီကားချပ်တစ်ချပ်ပမာ အေးခဲနေလျက် လေထဲအေးခဲနေတော့သည်။ ယုံဟယ်၏အမူအရာက ဒေါသများ၊ စိတ်ရှုပ်ထွေးမှုများလည်း ရှိနေ၏။ ပြီးနောက် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

ယုံဟယ်၏ ခန္ဓာကိုယ်က လျင်မြန်စွာကျုံ့သွားပြီး ၎င်း၏အရပ်က ပုသွားကာ ပုံမှန်အမြင့် ပြန်ဖြစ်သွားတော့သည်။ ၎င်းက လေးငါးမီတာခန့်သာ ရှိတော့၏။ လုဝူနှင့်ယှဉ်လျှင် မြင့်သည်ဟု သတ်မှတ်၍မရနိုင် တကယ်တော့ သေးငယ်ပြီးပိန်ပါးပုံပေါ်သည်။

ယုံဟယ်က ခေါင်းငုံ့လျက် အမည်မဲ့ဓားဖြင့် ထိုးဖောက်ခံထားရသည့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များကို ကြည့်လိုက်ပြီး အသက်ရှူထုတ်လိုက်၏။

လူသားတစ်ဦးပမာ သူ၏စွဲလမ်းမှု အမုန်းတရားဒေါသတို့သည် ထိုသေစေနိုင်သော ဒဏ်ရာများနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

သူက ရယ်မောလိုက်လေ၏။

အပျက်သဘောခံစားချက်များက သူ၏စိတ်နှလုံးအတွင်းသို့ တိုးဝင်လာ၏။ ပြီးနောက် သူက အော်လိုက်ပြန်၏။ သူ၏အော်သံက ခြောက်ခြားဖွယ်ကောင်းသည်။

“မင်း ငါ ဒီမှာရှိနေတာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲသိလား” ယုံဟယ်က ပြောလိုက်သည်။

လုကျိုးက ဘာမှမပြောခဲ့ပေ။

ယုံဟယ်က ဆက်ပြောလိုက်သည်။ "နှစ်ပေါင်းသုံးသောင်း .... နှစ်ပေါင်းသုံးသောင်း ရှိသွားပြီ။ ဂူသင်္ချိုင်းအောက်မှာ ဘာရှိလဲ သိချင်လား။ ဟား .... ဟား ... ဟား ...”

လုကျိုးက ဘာမှမပြောသေးပေ။ သူ့ကို တိတ်ဆိတ်ငြိမ်သက်စွာကြည့်နေလေ၏။ သူက ပြုံးရုံသာ ပြုံးလိုက်သည်။

သူ၏ သိမ်မွေ့သောစိတ်ခံစားချက်က လူသားများနှင့် အလွန်နီးစပ်၏။ သူသည် လုကျိုး၏ အမူအရာကို မြင်သောအခါ ဒေါသတကြီးပြောလိုက်တော့သည်။

“လူသားတွေရဲ့သဘာဝက လောဘကြီးတယ် ... လောဘက ကြီးလေးတဲ့တန်ကြေးပေးဆပ်ရမယ်။ မင်းက ငါ့ထက်ပိုသန်မာရုံပဲ။ မကြာခင်မှာ မင်းတို့အားလုံး ငါနဲ့မြှုပ်နှံခံရမှာပဲ။ ဟား .... ဟား .... ဟား ....”

ထိုနောက်ဆုံး ဟား ဟူသောအသံသည် သူ့လည်ပင်းထဲတစ်သွားပုံပေါ်သည်။ ယုံဟယ်၏ပါးစပ်က အနည်းငယ်ဟလျက် သူ၏ခန္ဓာကိုယ်က အနည်းငယ်တောင့်တင်းသွားသည်။ သစ်ပင်တစ်ပင်ပမာ သူ၏ လှုပ်ရှားမှုအားလုံး ဆုံးရှုံးသွားတော့သည်။

သူက ဂူဗိမာန်ကို ပြန်ကြည့်လိုက်သော်ငြား အသက်ဖိနှိပ်ထောက်တိုင်သည် ပေါ်မလာဘဲ ပြုတ်ကျသွားလေသည်။

ယုံဟယ်က တကယ်အစွမ်းထက်၏။ သို့သော်ငြား သူ့ကို ယဉ်ပါးအောင်လုပ်ရန်မသင့်တော်ပေ။ တစ်ဖက်တွင်မူ သူ၏ခန္ဓာကိုယ်က ထူးဆန်းပြီး သူ့၌ စုပ်ခွက်တစ်ခုရှိကာ အတော်လေး မနှစ်မြို့စရာကောင်းသည်။ ကျန်တစ်ဖက်တွင် သူ၏အပျက်သဘော ခံစားချက်များက ကြီးမားလွန်းပေ၏။ လူသားများအတွက် သူ၏အမုန်းတရားက ဟင်းလင်းပြင်ရင်ဘတ်လူသားထက်တောင် ပိုပြီးအားကောင်းသည်။

ပြီးနောက် လုကျိုးသည် အသိပေးသံတစ်သံရလိုက်သည်။

“တင်း ... သင်က သားရဲဧကရာဇ်ယုံဟယ်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် သုံးသောင်း ရရှိပါတယ်”

ကျင့်ကြံသူပေါင်းများစွာ၏အသက်နှင့်ယှဉ်လျှင် ဤကုသိုလ်မှတ်က တကယ်မပြောပလောက်ပေ။ သို့သော် တစ်ယောက်တည်းနှင့်ယှဉ်လျှင် ၎င်းက လုကျိုးမြင်တွေ့သမျှထဲ အမြင့်ဆုံးဆုလာဘ်ဖြစ်၏။ ထိုစဉ် ယဲ့ဝေ၏နှလုံးခုန်နှုန်းက ပိုတောင်မြန်လာသည်။ သူ၏အကြည့်က ဂူဗိမာန်ဆီရောက်သွား၏။

လုကျိုးက ယဲ့ဝေနှင့်ကျန်သည့်သူများကို မော့ကြည့်လိုက်၏။

“အောက်မှာ အသက်ဖိနှိပ်ထောက်တိုင်လား”

ယဲ့ဝေက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။

“အဲ့ဒီပစ္စည်းကို အသက်ဖိနှိပ်ထောက်တိုင်လို့ခေါ်တယ်။ ထာဝရအဆင့်ရဲ့ မြင့်မြတ်တဲ့ပစ္စည်းတစ်ခု ဖြစ်ခဲ့ဖူးတာ။ အသက်ဖိနှိပ်ထောက်တိုင်က အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ ဒီလိုနေရာမှ ဖွဲ့တည်နေတာပဲ။ အသက်ဖိနှိပ်ထောက်တိုင်က ကျင့်ကြံရေးအရှိန်ကို မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ သက်တမ်းကို အင်မတန် လျင်မြန်စွာ ကုန်ဆုံးစေတယ်။ ဒီအကြောင်းအရင်းကြောင့် အမျိုးမျိုးသော အကြီးအကဲတွေက ဒါကို မလိုချင်ကြတာ”

ဆရာသခင်အဆင့်သို့ရောက်ကြသည့် ကျင့်ကြံသူတို့သည် အသက်ဖိနှိပ်ထောက်တိုင်ကို အသုံးမလိုတော့ပေ။ အသက်ဖိနှိပ်ထောက်တိုင်က မိမိ၏သက်တမ်းကို စုပ်ယူနေသည့်ကပ်ပါးကောင် ဖြစ်သည်။ ဆရာသခင်က ၎င်းကို လိုချင်နေလျှင် ၎င်းတွင်ပြဿနာရှိမှန်း သိသွားလိမ့်မည်။

ဆရာသခင်နယ်ပယ်သို့မရောက်နိုင်သည့်လူများသည် နူးညံ့သိမ်မွေ့ပြီး လေးစားဖွယ်ကောင်းသည့်သူကို ယှဉ်နိုင်မှာမဟုတ်။ သူတို့သည် အမည်မသိကုန်းမြေထဲရှိ အန္တရာယ်ကို ကြောက်ရွံ့နေလိမ့်မည်။

“ဒီလိုဆိုရင် အသက်ဖိနှိပ်ထောက်တိုင်ကို ဘာကြောင့်လိုချင်နေကြတာလဲ” လုကျိုးက မေးလိုက်လေ၏။

“ဒါက ...” ယဲ့ဝေက ခဏတဖြုတ်စဉ်းစားပြီးနောက် ဖြေလိုက်လေ၏။ “၁၈ခုမြောက် မွေးဖွားဇယားချပ်ကို ဖြတ်ကျော်ချင်လို့ပါ”

ထိုစကားကိုကြားသောအခါ ကျန်သည့်လူသုံးယောက်က အမြန်ခေါင်းညိတ်လိုက်ကြသည်။

လုကျိုး၏အမူအရာကင်းမဲ့သော မျက်နှာထားကိုမြင်သောအခါ ယဲ့ဝေက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ အခု အဲဒါကိုမလိုတော့ဘူး။ ကျုပ်တို့ဒဏ်ရာတွေက ဒီလောက်ပြင်းထန်နေတာ ထွက်ခွာဖို့အချိန်ရောက်ပြီ။ ခင်ဗျားရဲ့ နည်းလမ်းတွေက အလွန်အံ့ဩဖို့ကောင်းတယ်။ တကယ်လေးစားပါပေရဲ့”

သူတို့ထွက်သွားတော့မည်ဟု သွယ်ဝိုက်ပြောဆိုတာပဲဖြစ်သည်။ ထို့ကြောင့် သူတို့လက်သီး ဆုပ်မိုးလိုက်သည်။

“နေဦး” လုကျိုးက လူလေးယောက်ဖက်ကို လှည့်ကြည့်လိုက်သည်။ “မင်းနာမည်က ယဲ့ဝေလား”

ယဲ့ဝေ မမြင်ချင်ဆုံးအရာများက ရောက်လာပြီဖြစ်သည်။

“ဟုတ်ပါတယ်”

“ဒါဆိုရင် ယန်နျန်ထျန်းနဲ့ ယဲ့ကျန်းကို သိလား” လုကျိုးက သူတို့လေးယောက်ကိုကြည့်လျက် သူတို့၏စကားပြောပုံ၊ အမူအရာ၊ စိတ်ခံစားချက်၊ မျက်လုံးထဲအကြည့်ပြောင်းလဲမှုတို့ကို ဂရုတစိုက် လေ့လာလိုက်သည်။

သူတို့အားလုံးသည် အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့သည့် အတွေ့အကြုံကြွယ်ဝသည့်သူများဟု ပြောနိုင်သည်။ သူတို့သည် သူတို့၏စိတ်ခံစားချက်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် သူတို့ဘာတွေးနေမှန်း မည်သူမှမပြောနိုင်။

ယဲ့ဝေသည် ထိုမေးခွန်းကို ကြားသောအခါ သူမရှေ့ရှိအဘိုးအိုက ယဲ့ကျန်းကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် လုပ်ခဲ့တာ ဤလူမှန်း သေချာသလောက်ရှိသွား၏။

အမည်မသိကုန်းမြေက ကျယ်ဝန်းလွန်းလှသည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူတို့ တစ်ယောက်နှင့်တစ်ယောက် တွေ့မိရသနည်း။ ရေစက် ....

“မသိပါဘူး” ယဲ့ဝေက မျက်နှာတစ်ချက်မပြောင်းဘဲပြောလိုက်၏။

“ယဲ့ကျန်းက ဆရာသခင်ပဲ။ သူနဲ့ဘယ်လိုလုပ် သိနိုင်မှာလဲ” ယဲ့ယီချင်းက ပြောလိုက်၏။

ယဲ့ကန်းက ပိုတောင်ချဲ့ကားသည်။ “ရိုးရိုးသားသားပြောရရင် ကျုပ်တို့က နေ့မြင်ညပျောက်မြို့ဆိုတော့ လူကြီးမင်းကို နည်းနည်းသတိထားနေခဲ့တာ။ ပြောရရင် ဒီနေရာက အမည်မသိနေရာလေ။ သတိမထားရင် အရူးဖြစ်သွားမှာပေါ့။ ဒါပေမဲ့ လူကြီးမင်းက ယုံဟယ်ကိုသတ်ပြီး ခုနတုန်းက ကျုပ်တို့အသက်ကိုကယ်ပေးလိုက်တာပဲ။ ကျေးဇူးတင်ပါတယ်။" မိမိ၏အတွေးကို ဖုံးကွယ်ရန် အမှန်တရားကို အသုံးပြုခြင်းက လိမ်ညာနည်းတစ်မျိုးဖြစ်သည်။

လုကျိုးက သူတို့လေးယောက်ကို ဂရုတစိုက်ကြည့်လိုက်၏။

သူတို့လေးယောက်က အပေါ်ယံတွင် ပုံမှန်ဖြစ်နေသော်ငြား ရင်ထဲတွင်မူ ထိတ်လန့်နေကြသည်။ သူတို့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ချေမွတော့မှာဖြစ်သည်။

လောကကြီးက မှန်းဆမရပေ။

ခုံဝမ်က သူ့ခေါင်းကိုပုတ်ပြီးပြောလိုက်၏။

“ကျုပ် မှတ်မိပြီ။ အဲ့ဒီ ယဲ့ ... ယဲ့ ... ယဲ့ဝေ .... နေပါဦး ... ကျုပ် မေ့တော့မလို့ နေဦး ... နေဦး ... နေဦး ... ပေါ်လာပြီ ပေါ်လာပြီ”

“...”

လူတိုင်းဆွံ့အနေတော့သည်။

“အစ်ကိုကြီး နောက်ဆုံးတော့ မှတ်မိသွားပြီလား” ခုံဝူက စိတ်လောနေ၏။

“ငါ မှတ်မိနေပြီကို ... မင်း ဖြတ်ပြောလိုက်တော့ မေ့သွားပြန်ပြီ။ စဉ်းစားကြည့်ဦးမယ်”

ဤနေရာရှိလူများအနက် ခုံဝမ်နှင့် ကျန်သည့်လူသုံးယောက်သာလျှင် အစိမ်းရောင်ကြာနယ်မြေမှ လူများဖြစ်သည်။ ကျန်သည့်သူများက ထိုအကြောင်းမစဉ်းစားနိုင်။

ယဲ့ဝေ၏နှလုံးခုန်နှုန်းက မြန်နေလေ၏။ သို့သော် ခုံဝမ် ထပ်မေ့သွားတာကိုမြင်သောအခါ သူမ သက်ပြင်းချလိုက်မိ၏။

ဒါ အန္တရာယ်များလွန်းတယ်.

ဟူးလား ....

အနက်ရောင်ထောက်တိုင်သဏ္ဌာန်အရာဝတ္ထုတစ်ခုက ဂူသင်္ချိုင်းရှိရာမြေပြင်ထဲမှ ဘွားခနဲ ပေါ်ထွက်လာသည်။ ၎င်းက ထူးဆန်းသောအလင်း ဖြာထွက်နေသည်။

“အသက်ဖိနှိပ်ထောက်တိုင်လား”

အကြီးအကဲလေးဦး၏ အကြည့်က လက်သွားတော့သည်။ သူတို့က အသက်ဖိနှိပ်ထောက်တိုင်ကို မြင်သောအခါ ဇဝေဇဝါဖြစ်ကုန်၏။

ဟူးလား ....

အသက်ဖိနှိပ်ထောက်တိုင်က လျင်မြန်စွာကြီးလာတော့သည်။

လူတိုင်းမျက်မှောင်ကျုံ့မိသွား၏။

“အဲဒါ အသက်ရှိနေတာလား” မင်ရှစ်ရင်က မေးလိုက်သည်။

“အသိစိတ် ပေါ်လာတာဖြစ်မယ်။ ယုံဟယ်က အသက်ပြန်ရှင်လာတာများလား”

သူတို့သည် ယုံဟယ်၏စွမ်းအားကို ကိုယ်တိုင်တွေ့ခဲ့ကြတာဖြစ်သည်။ ထိုကဲ့သို့ ရွံ့ရှာဖွယ်အရာဝတ္ထုနှင့် ထပ်မံမတိုက်ခိုက်ချင်တော့ပေ။

...

အခန်း (၁၂၄၄) ဘဝအတွက် ကာကွယ်ခြင်း

လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို လေ့လာကြည့်လိုက်သည်။ အကယ်၍ ထိုတိုင်လုံးက အချိန်စီးဆင်းမှု နှေးကွေးသွားရသည့် အကြောင်းအရင်း ဖြစ်နေပါက ထိုအရာသည် အဆုံးမဲ့အဆင့် အထွတ်အမြတ် ပစ္စည်းတစ်ခု ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း ထိုအရာက လူအများစုအတွက် တန်ဖိုးအနည်းငယ်သာ ရှိသည်ဟု ဆိုရ‌ပေမည်။ သို့သော်လည်း အကြောင်းပြန်လှန်ကတ်ကို ပိုင်ဆိုင်ထားသည့် သူ့အတွက်မူ အကောင်းဆုံးဖြစ်၏။

မတည်မြဲခြင်းတိုင်လုံး အပြည့်အဝ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းနေရင်း လုကျိုးက လက်ကို ဝှေ့ယမ်းကာ ယုံဟယ်၏ ခန္ဓာကိုယ်ကို အမည်မဲ့ဖြင့် ခွဲလိုက်သည်။ ထို့နောက် အသက်ဓာတ်နှလုံးသား၃ခုက ပျံသန်းထွက်လာသည်။

အသက်ဓာတ်နှလုံးသား၃ခုက မဟူရာညအလယ်တွင် ခွေးအများ၏ မျက်လုံးအသွင် မှိန်ဖျဖျအလင်းရောင် ထုတ်လွှင့်နေလေ၏။

“အသက်ဓာတ်နှလုံးသား”

အားလုံးက မျက်လုံးပြူးပြူးဖြင့် လှမ်းကြည့်နေကြသည်။

ဤသည်က သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားများ ဖြစ်၏။ ထိုအရာကို အသုံးပြု၍ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်သည်ဆိုလျှင် သူတို့က ယုံဟယ်၏ စွမ်းအင်တစ်ခုကို ရရှိကောင်း ရရှိနိုင်သည်။ ယုံဟယ်က အားနည်းသည့် ခန္ဓာကိုယ်ရှိထားပြီး ဆရာသခင် မဟုတ်သူများပင် တန်ပြန်ရင်ဆိုင်နိုင်လောက်အောင် အားနည်းသော်ငြား ထိုအရာ၏စွမ်းရည်များက အင်မတန် အံ့သြဖို့ကောင်းလှ၏။

ယဲ့ဝေနှင့် တခြားသော အကြီးအကဲ၃ဦးကလည်း အားကျနေကြသည်။ ထိုစဥ် သူတို့က လုကျိုးသည် ယုံဟယ်၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်ကို မည်သို့ ရင်ဆိုင်ခဲ့ကြောင်း သိချင်နေကြ၏။

လုကျိုးက အသက်ဓာတ်နှလုံးသား ၃ခုကို မင်ရှစ်ရင်ဆီ ပုံမှန်အတိုင်း ပစ်ပေးလိုက်သည်။

အသက်ဓာတ်နှလုံးသားများကို လက်ခံပြီးသည့်နောက်တွင် မင်ရှစ်ရင်က စိတ်အားထက်သန်စွာ ပြောလာခဲ့သည်။

“ကျွန်တော် သေသေချာချာ ဂရုစိုက်ထားလိုက်ပါမယ်”

သူတို့၏ ရှစ်စွင်းက အသက်ဓာတ်နှလုံးသား တစ်ခုကိုသာ အသုံးပြုမည်ဖြစ်သည့်အတွက် ကျန်အသက်ဓာတ်နှလုံးသား၂ခုက သူတို့ဆီ ရောက်ရှိသွားလိမ့်မည်။ မင်ရှစ်ရင်က မည်သို့ ပျော်ရွှင်ဘဲနေမည်နည်း။

“ဝှစ်”

ထိုစဥ် မတည်မြဲခြင်းတိုင်လုံးက အနက်ရောင်အလင်းများဖြင့် တောက်ပလာသည်။ ထို့နောက် ထိုအရာက စတင်လင်းလာပြီး ဝဲကတော့တစ်ခုကို စတင်ထုတ်လွှတ်လာသည်။

“ဘာတွေဖြစ်နေတာလဲ”

မတည်မြဲခြင်းတိုင်လုံးက ဘာတွေလုပ်နေမှန်း မည်သူကမှ မသိကြပေ။ သူတို့က တိတ်တဆိတ်သာ စောင့်ကြည့်နေကြ၏။ တစ်ခါတစ်ရံတွင် သိချင်စိတ်က အကြောက်တရားကို ကျော်လွှားသွားသည်။ ထိုအဖွဲ့က အမြဲ အစကတည်းက အကြောက်အရွံ့ ကင်းမဲ့ကြသူများ ဖြစ်၏။

မတည်မြဲခြင်းတိုင်လုံးက ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာပြီး ဝဲကတော့က ပိုမိုကြီးမားလာသည်။

လုကျိုးက တစ်စုံတစ်ခုလွဲမှားနေသည်ကို ခံစားမိသွားသော်လည်း သူ့အနေဖြင့် အတိအကျ မပြောနိုင်ပေ။

“ဝှစ်”

ထိုစဥ် တိုင်လုံးက ရုတ်ခြည်းဆိုသလို အသံမြည်လာပြီး အဆများစွာ ကြီးမားလာ၏။ လူသားများ၏ ခြေသလုံးလောက်မှ ဆင်၏ ခါးလောက်အထိ ရောက်ရှိသွားသည်။

“ဝဲကတာ့က ပိုပြီး အားကောင်းလာပြီ။ ငါ အရင်နောက်ဆုတ်မယ်”

မင်ရှစ်ရင်က နောက်ဆုတ်ရင်း ပြောလိုက်သည်။

“ဝုတ် ဝုတ် ဝုတ်”

ချုံးချီကလည်း မင်ရှစ်ရင်ဘေးနား ရောက်ရှိလာသည်။

ယဲ့ဝေက မျက်မှောင်ကြုတ်လိုက်သည်။

“အချိန်က မြန်မြန်ဆန်ဆန်စီးဆင်းနေပြီ”

ထိုစကားကို ကြားကာ လုကျိုးက စနစ်ကို ကြည့်ပြီး သူ့သက်တမ်း လျော့ကျသွားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် လျော့ကျသွားသည့်နှုန်းက ပိုမိုမြန်ဆန်လာသည်။

“- ၁”

“- ၁”

“- ၂”

“ဒီတိုင်လုံးက ငါတို့ရဲ့အသက်တွေကို စုပ်ယူနေတာပဲ” မင်ရှစ်ရင်က ညာဘက်လက်ကို ကြည့်ရင်း ပြောလိုက်သည်။ သူက သူ့ဝန်းကျန်တွင် ရှိနေသည့် အပင်များ၏ အပြောင်းအလဲကို ကြည့်နေမိ၏။

“ဝုန်း ဝုန်း ဝုန်း”

မတည်မြဲခြင်းတိုင်လုံးက အရွယ်အစား ထပ်မံကြီးမားလာကာ အဆဒါဇင်ချီ ကြီးမားလာလေ၏။

အားလုံးက အနည်းငယ် နောက်ဆုတ်လိုက်ကြသည်။

ထိုစဥ် တိုင်လုံးမှ အားကောင်းသည့် ဆွဲငင်အားတစ်ခု ပေါ်ထွက်လာလေ၏။

ယဲ့ဝေက ပြောလိုက်သည်။

“လောင်ချန်းပေ့ ကျုပ်တို့ဆီမှာ မတည်မြဲခြင်းတိုင်လုံးကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတစ်ခု ရှိတယ်။ ကျုပ်တို့ကို ယူခွင့်ပေးလို့ ရမလား”

တကယ်တော့ ယဲ့ဝေက မတည်မြဲခြင်းတိုင်လုံးကို လက်လျှော့ဖို့ရာ မလိုလားပေ။

လုကျိုးကလည်း ထိုတိုင်လုံးကို အတော်လေး လိုချင်နေ၏။

“ဒါကို ဖြေရှင်းမှာတဲ့လား။ မင်းတို့လေးနဲ့ပဲလေ”

လုကျိုးက ထိုဒဏ်ရာရရှိထားသည့် လူအိုကြီး၄ယောက်ကို သိပ်အထင်မကြီးကြောင်း သိသာလှသည်။

ယဲ့ဝေနှင့် တခြားသူများကလည်း ထိုအချက်ကို ကောင်းကောင်းသိထားကြ၏။ သူတို့က လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးကို လိုချင်နေကြောင်း ပြောလိုက်လေ၏။

“သွားကြစို့”

ယဲ့ဝေက အဆုံးသတ်၌ လက်လျှော့ဖို့သာ ရွေးချယ်လိုက်သည်။

ထို့နောက် အကြီးအကဲ၄ဦးက ပျံသန်းထွက်ခွာသွား၏။ မီတာ၁၀၀ပျံသန်းလာပြီးနောက်တွင် မမြင်နိုင်ဖွယ် တံတိုင်းတစ်ခု ရုတ်ခြည်း ပေါ်ထွက်လာကာ ထွက်သွားခြင်းမှ တားဆီးထားသည်။

တစ်ချိန်တည်းဆိုသလို နေ့မြင်ညပျောက်မြို့၏ မြေပြင်ပေါ်မှ မျဥ်းကြောင်းများ တောက်ပလာ၏။ ထိုမျဥ်းကြောင်းများက မတည်မြဲခြင်းတိုင်လုံးနှင့် ဆက်နွယ်နေကာ ကောင်းကင်ယံ၌ အကာအရံတစ်ခု ဖြစ်လာစေသည်။ ထိုအကာအရံက ယုံဟယ်ကျရှုံးသွားစဥ်အချိန်ကတည်းက ဖြစ်တည်လာခြင်း ဖြစ်သည်။

နေ့မြင်ညပျောက်မြို့ အပြင်ဘက်တွင် မြို့တစ်ခုလုံးက သိပ်သည်းကာ မှောင်မည်းသည့် ဖန်သားအဖြစ် ကာရံထားသလိုမျိုး ဖြစ်နေသည်။

ထိုဖန်သားပြင်က ဆက်တိုက်ဆိုသလို တောက်ပနေ၏။

မတည်မြဲခြင်းတိုင်လုံးက သက်ရှိအားလုံး၏အသက်ကို ဆက်လက် စုပ်ယူနေသည်။ တကယ်တော့ ထိုအရာက မြေပြင်ပေါ်တွင်ရှိနေသည့် အလောင်းများကိုပင် ချမ်းသာမပေးပေ။ ထိုအရာက လောဘတကြီးဖြင့် အ‌လောင်းများဆီမှ အသက်ဓာတ်ကို စုပ်ယူနေလေ၏။

လုကျိုးနှင့် သူ့တပည့်များက လေထဲ ပျံသန်းလိုက်ကြသည်။

“တကယ်တော့ ငါတို့တွေက နေ့မြင်ညပျောက်မြို့ထဲမှာ ပိတ်ခံထားရပြီပဲ”

တွမ့်မူရှန်းက အဝေးကြီး ပြေးထွက်သွားပြီးသည့်နောက်တွင် ပြောလိုက်သည်။ သူက လှံဖြင့် အကာအရံကို ထိုးဖောက်လိုက်သော်လည်း အသုံးမဝင်ခဲ့‌ပေ။

လုကျိုးက မတည်မြဲခြင်းတိုင်လုံးကိုကြည့်ကာ ပြောလိုက်သည်။

“ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင် တိုင်လုံးကို အရင်ဖြေရှင်းရမယ်။ ဒါက ပြဿနာအရင်းအမြစ်ပဲ”

“ရှစ်စွင်း ဒီတိုင်လုံးကို ယူဖို့ ရည်ရွယ်ထားတာလား”

“ငါတို့တွေ ဒီကိုရောက်နေမှတော့ ယူရမှာပေါ့။ ဒါက မင်းရဲ့ ကျင့်ကြံရေးအတွက် အထောက်အကူ ဖြစ်တယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ သို့‌သော်လည်း သူတို့က ဤနေရာမှ ထွက်သွားဖို့ မစောင့်နိုင်တော့‌ပေ။ အချိန်တိုမျှ ကုန်ဆုံးရသေးသော်လည်း သူတို့က သက်တမ်း ၁နှစ် ၂နှစ်ခန့် ဆုံးရှုံးသွားကြောင်း ခံစားမိနေကြ၏။

ဤတစ်ကြိမ် မတည်မြဲခြင်းတိုင်လုံးက ထပ်မံကြီးထွားလာကာ ၂ဆဖြစ်လာသည်။

ဤသို့ဖြင့် သူတို့ ဆုံးရှုံးသွားသည့်သက်တမ်းက ပိုမိုမြန်ဆန်လာလေ၏။

“ဘမ်း ဘမ်း ဘမ်း”

ယဲ့ဝေနှင့် တခြားသောသူများကလည်း အကာအရံကို အရူးအမူး စတင်တိုက်ခိုက်နေကြသည်။ သို့သော် အသုံးမဝင်ပေ။

“ငါတို့တွေ မတည်မြဲခြင်းတိုင်လုံးရဲ့ စွမ်းအားကို လျှော့တွက်မိသွားတာပဲ”

ယဲ့ဝေက ပြောလိုက်သည်။

လုကျိုးက တိုင်လုံးအထိ ပျံသန်းလာပြီး သူ့လက်ဝါးဖြင့် ဖိကပ်လိုက်သည်။

“ဝုန်း”

ဧရာမလက်ဝါးစည်းတံဆိပ်က မတည်မြဲခြင်းတိုင်လုံးအပေါ် ကျရောက်လာသည်။ သို့သော် တိုင်လုံးက ဘာမှမဖြစ်သကဲ့သို့ ပြန်ကန်ထွက်လာ၏။ ထို့အပြင် သူတို့၏ သက်တမ်း လျော့ကျနှုန်းက ယခင်ကထက်ပင် ပိုမိုမြန်ဆန်သွားသည်။

“လောင်ချန်းပေ့ ဒီတိုင်လုံးကိုဖြေရှင်းဖို့ နည်းလမ်း၂ခုပဲ ရှိတယ်။ ပထမတစ်ခုက လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီးတော့ လိုအပ်သမျှ သက်တမ်းတွေကို စုပ်ယူခွင့်ပေးဖို့ပဲ။ ဒုတိယတစ်ခုကတော့ သူ့ထက်ကြီးမားတဲ့ စွမ်းအားနဲ့ ဖိနှိပ်ဖို့ “

ယဲ့ဝေက ပြောလိုက်သည်။

“သေချာလား”

လုကျိုးကမေးလိုက်သည်။

“သေချာပါတယ်။ အဲဒါက နှစ်သက်တမ်း ၅၀၀၀ လိုအပ်တယ်”

ယဲ့ဝေက ပြောလိုက်သည်။

လုကျိုးက မတည်မြဲခြင်းတိုင်လုံး လည်ပတ်သည်ကို ကြည့်နေလိုက်သည်။ တစ်ခါတစ်ရံတွင် သူက ကျင့်ကြံရေးလောကတွင် အရာအားလုံးက သေစေနိုင်လောက်ကြောင်း စဥ်းစားနေမိ၏။ ပွင့်ချပ်၉လွှာ ထွက်ပေါ်ြခင်းကလည်း သေစေနိုင်လောက်ပြီး အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန် ထွက်ပေါ်ခြင်းကလည်း သေစေနိုင်လောက်သည်။

ယခုအခါ မတည်မြဲခြင်းတိုင်လုံးကို ဖြေရှင်းရသည်ကပင် သေစေနိုင်လောက်၏။

စွမ်းအင်တွေအားလုံးက ဇစ်မြစ်နဲ့ ဦးတည်ချက်ရှိတယ်ဆိုရင် ဒီသက်တမ်းတွေက ဘယ်ရောက်သွားတာလဲ...

“ဝုန်း”

မတည်မြဲခြင်းတိုင်လုံးက တောက်ပလာကာ ဤတစ်ကြိမ် ထပ်မံတောက်ပသွားသည်။

ဝဲ့ကတော့ထဲရှိ စွမ်းအားကလည်း ပိုမိုကြီးမားလာသည်။ လုကျိုးက စနစ်ကို ကြည့်လိုက်သည်။

“- ရက်၃၀၀”

“- ရက်၅၀၀”

“- ရက်၈၀၀”

မတည်မြဲခြင်းတိုင်လုံးက ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ ဆက်လက်ကြီးထွားနေဆဲ ဖြစ်၏။ ထိုအရာက ဘူဒိုဆာကဲ့သို့ အရွယ်အစားကြီးမားလာကာ သစ်ပင်များနှင့် ကျောက်တံတိုင်းများကလည်း ခြေမွှခံလိုက်ရသည်။

ဤတစ်ကြိမ် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ပျံသန်းလာသည်ကို မြင်လိုက်ရ၏။

“လုဝူလား”

ယဲ့ဝေနှင့် တခြားသူများ၏ အမူအရာက ပြောင်းလဲသွားလေ၏။

လုဝူက ကောင်းကင်ယံထက် ပျံသန်းနေရင်း ငုံ့ကြည့်လိုက်၏။

“မတည်မြဲခြင်းတိုင်လုံးလား”

“မင်းက ဒါကို သိတယ်လား”

လုကျိုးက လုဝူထက် အသံပိုဆောင်းကာ ပြောလိုက်သည်။

လုဝူက ပြောလိုက်၏။

“အဲဒါက သူတော်စင်တစ်ယောက်ရဲ့ အပိုင်ဆိုပြီး ကောလဟာလတွေ ရှိတယ်။ ဒါပေမဲ့ ဆုံးရှုံးသွားပြီး ဒီနေရာမှာ ရောက်သွားတာပဲ။ အမည်မသိကုန်းမြေက ကျယ်လွန်းတော့ ဒါကိုရှာဖွေရတာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာဖွေနေရသလိုပဲ”

ထို့နောက် သူက ထပ်ပြောလိုက်သည်။

“ဒါကို မြန်မြန်ဖြေရှင်းတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ဒါက အားလုံးကို ခြောက်ကပ်သွားအောင် စုပ်ယူသွားလိမ့်မယ်”

ယဲ့ဝေက အသံမြှင့်ကာ တအံ့တသြ ပြောလိုက်သည်။

“ခြောက်ကပ်အောင် စုပ်ယူမှာတဲ့လား။ နှစ်သက်တောင် ၅၀၀၀ပဲ လိုတာမဟုတ်ဘူးလား”

လုဝူက ယဲ့ဝေကို ကြည့်ကာ ပြောလိုက်သည်။

“မင်းကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ။ ဒီတိုင်လုံးက နှစ်၅၀၀၀ပဲ လိုတယ်လို့ ဘယ်သူက ပြောလိုက်တာလဲ”

“...”

ယဲ့ဝေက လက်ရမ်းပြီး ခေါင်းငုံ့ထားလိုက်သည်။

“သေချာမသိပါဘူး။ မှန်းဆမိရုံပါပဲ”

ယဲ့ဝေက ခေါင်းငုံ့လိုက်သည့်အချိန် သူက အလျင်အမြန် သက်တမ်းကြီးရင့်သွားသည်ကို တွေ့လိုက်ရသည်။ သူက အချိန်အတော်ကြာ နေခဲ့ပြီး တိုင်လုံးကသာ သူ့သက်တမ်းကို စုပ်ယူနေပါက သူ့အတွက် ထိုးနှက်ချက်ကြီး ဖြစ်သွားလိမ့်မည်။

“ယဲ့ဝေ မြန်မြန်လုပ်ပြီးတော့ အထွတ်အမြတ်အမွေအနှစ်ကို ထုတ်သုံးလိုက်တော့”

ယဲ့ယီချင်းက လောဆော်လိုက်၏။

ယဲ့ဝေက နှစ်သက်တမ်း ၅၀၀၀ပါသည့် အရာတစ်ခုကို ထုတ်ယူလိုက်၏။

“ဝှစ်”

လုကျိုးက ရှေ့နောက်ပျံသန်းကာ ဟာကွက်ကို ရှာဖွေနေ၏။

သူ့တပည့်များကလည်း အကာအရံကို ချိုးဖောက်ဖို့ ကြိုးစားနေကြသည်။

လုဝူက အပြင်ဘက်မှ အကာအရံကို ချိုးဖောက်ဖို့ ကြိုးစားနေသော်လည်း သတ္ထုလိုမျိုး ခိုင်မာနေပြီး အနည်းငယ်သာ တုန်ယင်သွားလေ၏။

“ရှစ်စွင်း”

ရှောင်ယွမ်အာ၏ အသံက အတော်လေးမြင့်မားကာ သူ့အသံထဲတွင် ဂယက်ရိုက်မှုတို့ ပါဝင်နေသည်။

အားလုံးက ရှောင်ယွမ်အာကို လှည့်ကြည့်လိုက်သည့်အခါ သူမ၏ဆံပင်များက အဖြူရောင် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ ခရုလေးကပင် သူမထက် အခြေအနေ ပိုကောင်းနေခြင်း မရှိပေ။

မိန်းကလေး၂ယောက်က ကျင့်ကြံဆင့် အားအနည်းဆုံးဖြစ်ပြီး ပွင့်ချပ်၁၀လွှာသာ ရှိထားသည်။ ၂ဦးလုံးက နှစ်သက်တမ်း ၂၆၀၀ မျှသာရှိပြီး တခြားသူများကမူ နှစ် ၄၀၀၀မှ ၅၀၀၀ အထိ ရှိကြလေသည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက ရှောင်ယွမ်အာနှင့် ခရုလေးတို့က ပထမဦးဆုံး သေဆုံးသွားသူများ ဖြစ်နိုင်သည်။

“ဒါကို ကျုပ် ဖြေရှင်းလိုက်မယ်”

ယဲ့ဝေက တခြားအရာများကို ဂရုမစိုက်တော့ဘဲ လေထဲတွင် ဂရုတစိုက်ဖြင့် ပစ်လွှတ်လိုက်သည်။ ဤတစ်ကြိမ် အသက်ရှင်ခြင်းထက် ဘာမှအရေးကြီးသည့် အရာဟူ၍ မရှိပေ။ သူက မတည်မြဲခြင်းတိုင်လုံးထိပ်သို့ ပျံသန်းသွားပြီး အမွေအနှစ်ကို ထားရှိလိုက်၏။ ဤသို့ဖြင့် တိုင်လုံးထဲ အသက်ဓာတ်စွမ်းအား အမြောက်အမြား စီးဝင်သွားသည်။

၁၅မိနစ်အတွင်း မတည်မြဲခြင်းတိုင်လုံးက နှစ်သက်တမ်း ၅၀၀၀ကို အပြည့်အဝ စုပ်ယူသွားပြီ ဖြစ်၏။

ယဲ့ဝေက မျက်မှောင်ကြုတ်လိုက်သည်။

“မလုံလောက်သေးဘူးလား”

...

အခန်း (၁၂၄၅) လူကြီးလူငယ် ပြောင်းလဲခြင်း

နေ့မြင်ညပျောက်မြို့ထဲရှိ အရာအားလုံးသည် မတည်မြဲခြင်းတိုင်လုံးကြောင့် သက်ရောက်ခံရပြီး လေပွေက ဝေ့တက်လာလေ၏။ လေဟာနယ်က လှိုင်းဂယက်ထလာတော့သည်။ သစ်ပင်ပန်းမန်များ၊ သစ်ပင်အားလုံးသည် ပကတိမျက်လုံးဖြင့် မြင်နိုင်သောနှုန်းဖြင့် ညှိုးခြောက်သွားတော့သည်။ သားရဲပျံများက မြေပြင်ပေါ်ပြုတ်ကျကုန်ပြီး ကြမ်းတမ်းခက်ထန်သားရဲပျံများက မြေကြီးပေါ်ပြုတ်ကျသေဆုံးသွားကြသည်။

မွေးဇယား၁၆ခုဖြင့် အကြီးအကဲနှစ်ဦးသည် အရံအတားကို ပူးပေါင်းတိုက်ခိုက်သောအခါ သူတို့သည် ၎င်းပေါ်၌ လှိုင်းတစ်ခုသာ ထင်ဟပ်စေခဲ့၏။ ယင်းက အကုန်ပဲဖြစ်သည်။

လုဝူက အရံအတားပေါ်ခုန်လိုက်၏။ ၎င်းသည် မှန်ပေါ်၌ ကြောင်တစ်ကောင်ရပ်နေခြင်းနှင့်တူသည်။ ၎င်းသည် ရံဖန်ရံခါ၌ အရံအတားကို တိုက်ခိုက်ကာ အားနည်းချက်ကိုရှာနေသည်။ ခွန်အားက အဖျက်စွမ်းအားရှိသည့် ပိအန်းကဲ့သို့မဟုတ်ပေ။ ၎င်း၏စွမ်းရည်က အအေးစွမ်းရည်ဖြစ်သည်။ ထို့ကြောင့် သူသည် အရံအတားကို ထိခိုက်အောင်မလုပ်နိုင်တာ အံ့ဩစရာမရှိ။ ၎င်းက နောက်သို့ပြန်ခုန်ပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်တော့၏။

“ရှေးဟောင်းအစီအရင်”

လုဝူက မော့ကြည့်ပြီးနောက် လည်ပတ်နေကာ ကြီးထွားလာသည်။ မတည်မြဲခြင်းတိုင်လုံးကို ကြည့်လိုက်၏။ "ရှေးအစီအရင်လား”

သူ အထဲသို့မဝင်ခဲ့မိတာ ကံကောင်းသည်။ မဟုတ်ရင် သူ ပိတ်မိနေလိမ့်မည်။

ယဲ့ဝေက ပြောလိုက်၏။ "တိုင်လုံးက အစီအရင်ရဲ့ဗဟိုဖြစ်လောက်တယ်”

“တိုင်လုံးရဲ့စွမ်းရည်က အသက်ကို အထောက်အကူလိုမျိုးစုပ်ယူနေတာ။ အစီအရင်နဲ့ပေါင်းလိုက်ရင် စွမ်းအားက တိုးသွားတယ်။ ငါ သတိလက်လွတ်နိုင်ခဲ့တာပဲ” ယဲ့ဝေက နောင်တရစွာပြောလိုက်၏။

အမည်မသိကုန်းမြေထဲရှိ အန္တရာယ်အကြောင်း လူတိုင်းသိသည်။ စိုးစဉ်းမျှ သတိမမူမိမှုသည် သေခြင်းတရားသို့ရောက်စေ၏။

နေ့မြင်ညပျောက်မြို့ကြီးကို ကျင့်ကြံရာမွန်မြတ်သော မြေဟူ၍ လူတိုင်းက သတ်မှတ်ထားကြသည်။ သို့သော်ငြား အခုအချိန်သည့်တိုင် ဤနေရာသို့ရောက်လာသည့်သူက များများစားစားမရှိပေ။ တချို့က ဤနေရာကို သိမ်းပိုက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူတို့သည် ဤနေရာ၏ အရှင်သခင် ဖြစ်မလာခဲ့ကြပေ။ ယင်းကိုကြည့်လျှင် ဤနေရာ၌ ပြဿနာတစ်ခုရှိတာကို မြင်နိုင်နေပြီးဖြစ်သည်။

ဖုန်း

မတည်မြဲခြင်းတိုင်လုံးက ဆက်လက်ကြီးထွားလာပြီး ၎င်း၏အချင်းသည် ယခုအချိန်၌ ပေတစ်ထောင်ခန့် ရောက်လာပြီးဖြစ်သည်။

လူတိုင်းက အလုပ်များနေလျက် လေထဲပျံဝဲနေကာ လွတ်လမ်းကိုရှာနေကြ၏။

လုကျိုးသည် စနစ်ဇယားကို တစ်ချက်ကြည့်လိုက်သည်။ လူတိုင်းက အသက်ရှည်မြို့အပေါ်၌ ပျံဝဲနေပြီး အခွင့်အလမ်းကို ဆက်လက်ရှာဖွေနေကြ၏။

-ရက် ၉၀၀ (အနုတ်)

-ရက် ၁၀၀၀

-ရက် ၁၁၀၀

ဤအတိုင်းဆက်သွားနေပါက သူတို့အားလုံးသေသွားလိမ့်မည်။

လုကျိုးက ရှောင်ယွမ်အာကိုကြည့်လိုက်မိ၏။ ရှောင်ယွမ်အာနှင့်ခရုလေးက ယခုဆို ဆံပင်ဖြူများဖြင့် အဖွားအိုများ ဖြစ်နေလေပြီ။ လူတိုင်းက ယခုအချိန်၌ သက်တမ်း ၂၀၀၀ ဆုံးရှုံးသွားပြီး မြင့်မြတ်သောအမွေအနှစ်မှ အသက်စွမ်းအင်နှင့်ပေါင်းလိုက်လျှင် မတည်မြဲခြင်းတိုင်လုံးက သက်တမ်း လေးသောင်းနီးပါး စုပ်ယူထားပြီးဖြစ်သည်။

လုကျိုးက တင်းမာခက်ထန်စွာပြောလိုက်၏။ "ဒီတိုင်လုံးက ဘာများတတ်စွမ်းနိုင်လဲ မြင်ချင်တယ်”

ပြီးနောက် သူက ရှေ့တိုးကာ လက်ဝါးဖြင့်ရိုက်ချလိုက်၏။

ဘန်း

မတည်မြဲခြင်းတိုင်လုံးက ပြင်းထန်စွာလှုပ်ခါသွားပြီး လုကျိုး၏ကောင်းကင်စွမ်းအားသည် သူ၏လက်ဖဝါးထဲ ဝင်သွားသည်။

၎င်းက စတင်ခုခံနေပြီး ကောင်းကင်စွမ်းအား၏ဖိနှိပ်မှုကိုခံစားမိသောကြောင့် စတင်ခုခံလာတော့သည်။

ထိုစဉ် လေဟာနယ်က လှိုင်းဂယက်ထတာ ရပ်သွား၏။ ပြီးနောက် တိုင်လုံးက လုကျိုးပေါ်တွင် ၎င်း၏ဖိအားအလုံးစုံကို အားပြုလိုက်ဟန်တူ၏။

လုကျိုး၏ခေါင်းပေါ်တွင် လေပွေတစ်ခုပေါ်လာပြီး သူ၏သက်တမ်းကို တိုင်လုံးက လျင်မြန်စွာ ဝါးမျိုသွားတော့သည်။

“ရှစ်စွင်း”

“မျှော်နန်းသခင်”

လူတိုင်းသည် လုကျိုးကို ကြည့်လိုက်မိစဉ် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်ကုန်၏။ သူတို့သည် သူက မတည်မြဲခြင်းတိုင်လုံးကို သူ့ဖာသာသူ ဖြေရှင်းဖို့ စီစဉ်နေတာ သိသာ၏။ ယဲ့ဝေနှင့် အကြီးအကဲသုံးဦးကတောင် လုကျိုး၏အပြုအမူကြောင့် ထိတ်လန့်သွားတော့သည်။

သူတို့အသက်အားလုံးကို အတူတကွထည့်လိုက်လျှင်တောင် သူတို့အားလုံးသည် မတည်မြဲခြင်းတိုင်လုံးကို ဖြေရှင်းနိုင်မှာမဟုတ်။ ဆရာသခင်တစ်ပါးကတောင် အခြေအနေကို ပြန်လှည့်နိုင်စွမ်းရှိမှာ မဟုတ်ပေ။ သို့သော် ဆရာသခင်တစ်ပါးက နှစ်ပေါင်းသုံးသောင်းကြာအောင် ရှင်သန်နေထိုင်နိုင်၏။ ထို့ကြောင့် သူသည် အခြေအနေကို ဖြေရှင်းနိုင်မည်လော။ မည်သူမှ အဖြေကိုမသိပေ။

လုကျိုးက လူတိုင်းကို လျစ်လျူရှုထားလိုက်၏။ စနစ်မျက်နှာပြင်ပေါ်ရှိ သက်တမ်းအရေအတွက်က လျင်မြန်စွာ ကျဆင်းလာသည်။ ရက်ပေါင်းထောင်ချီက ပျောက်ကွယ်သွား၏။

ယခုအချိန်တွင် လူတိုင်း၏အသက်က လုကျိုးပေါ် မူတည်နေသည်ဟု ဆိုသည်။ လုကျိုးက ယဲ့ကျန်းကို ဒဏ်ရာရစေခဲ့သည့်သူဆိုတာ ယဲ့ဝေသိထားလျှင်တောင် ယခုအချိန်တွင် လုကျိုးကို ထိခိုက်အောင် လုပ်ချင်စိတ်မရှိပေ။

လုကျိုးသည် သူ၏လက်ဖဝါးကို ဆက်လက်ဖိချထား၏။ သူ၏သက်တမ်းက လျင်မြန်စွာ လျော့ကျလာတော့သည်။ သက်တမ်းနှစ်ထောင်ဆုံးရှုံးပြီးနောက် သူသည် နောက်ထပ်သက်တမ်း နှစ်ထောင်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရုပ်ဖျက်ကတ်၏ အာနိသင်ကလည်း ယခုအချိန်တွင် ပျောက်ကွယ်သွားလေ၏။

ကြည့်နေစဉ် လူတိုင်းက အသက်အောင့်ထားမိသည်။ လေပွေနှင့် အမှောင်ထုအောက်တွင် သူတို့မျက်ဝန်းထဲရှိ အတွေးများက သူတို့သည် သူတို့မျက်စိလှည့်စားခံလိုက်ရသည်ဟု ထင်လိုက်ကြတော့သည်။ အကြောင်းမှာ လုကျိုး၏သွင်ပြင်က နုပျိုနေရာမှ အသက်ကြီးသွားသောကြောင့်ဖြစ်၏။ သူတို့ကြည့်မိချိန်၌ သူ၏မျက်နှာပေါ်၌ ရင့်ရော်မှုကိုမြင်လိုက်ရပြီး သူ၏အနက်ရောင်ဆံပင်များက ဖြူသွားတာကို တွေ့လိုက်ရသည်။

လုကျိုးသည် သူ စုဆောင်းထားသည့် အကြောင်းပြန်လှန်ကတ် ၁၀၀ကို အသုံးပြုရန် တုံ့ဆိုင်းမနေပေ။ စနစ်မြှင့်တင်ပြီးနောက် ကတ်တစ်ခုစီသည် ရက် ၁၀၀၀ ထောက်ပံ့ပေး၏။ ရက်တစ်ရာသည် ရက်ပေါင်း တစ်သိန်းညီမျှပြီး ၎င်းသည် သက်တမ်း ၂၇၀ဖြစ်သည်။

မတည်မြဲခြင်းထောက်တိုင်ကြောင့် ပေလောမသိ အကြောင်းပြန်လှန်ကတ်သည်လည်း လုကျိုး၏ ကိုယ်ထဲ တိုးဝင်သွားပြီး သူ့ကို ငယ်ရွယ်နုပျိုသွားစေပြန်သည်။ သို့သော် မကြာမီ၌ သူက အိုမင်းလာပြန်၏။

လုကျိုးသည် သူ၏ကုသိုလ်မှတ်များကို စစ်ဆေးလိုက်သည်။

ကုသိုလ်မှတ် ၁၄၁၇၆၀

အကြောင်းပြန်လှန်ကတ်တစ်ခုစီသည် ကုသိုလ်မှတ် ၅၀၀ကျသင့်သည်။

လုကျိုးသည် တုံ့ဆိုင်းမနေဘဲ အကြောင်းပြန်လှန်ကတ် ၁၀၀ကို ချက်ချင်းဝယ်ယူပြီးနောက် ၎င်းတို့ကို သုံးလိုက်သည်။ ပြီးနောက် နေ့မြင်ညပျောက်မြို့ထဲရှိ အသက်စွမ်းအင်အားလုံးကို စုပ်ယူလိုက်၏။ ဤနည်းဖြင့် သူက နုပျိုလာပြန်သည်။

ဤနည်းဖြင့် လူတိုင်းက ဝေ့တက်လာသောအသက်စွမ်းအင်များကို သတိထားကြည့်ပြီး စိုးရိမ်ပူပန်လာတော့သည်။ တိုင်လုံး၏စွမ်းအားက သူတို့မှန်းဆချက်ထက်ကျော်လွန်နေ၏။ ယခုအချိန်တွင် ကူကယ်ရာမဲ့မှုက ပေါ်လာတော့၏။ သူတို့ယနေ့သေတော့မည်လော။

နောက်ထပ်ရက်ပေါင်း တစ်သိန်းကို မတည်မြဲခြင်းတိုင်လုံးက စုပ်ယူသွားသည်။ ၎င်းက မပြည့်နိုင်သော အဆုံးမဲ တွင်းတစ်တွင်းပမာပင်။

တပည့်များသည် ကြီးတလှည့်ငယ်တလှည့်ဖြစ်နေသည့် သူတို့ရှစ်စွင်းကို ကြည့်မိချိန် မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ အချိန်ကို ပြန်တွေးမိသွားသည်။ ထိုစဉ်က သူတို့ရှစ်စွင်းကို မကြည့်ချင်ခဲ့ပေ။ သူတို့က အရိုက်ခံရပြီး ကြိမ်းမောင်းခံရလျှင်တောင် ယခုချိန်သည့်တိုင် သူတို့ရှစ်စွင်းက သူတို့ကိုအမြဲတစေကာကွယ်ပေးခဲ့ကြောင်း မည်သူမှ မငြင်းဆန်နိုင်။

တောတွင်းဥပဒေသက တဝက်သာမှန်ကန်သည်။

သစ်ပင်ကြီးတစ်ပင်အောက်ရှိ သစ်ပင်ငယ်လေးများအတွက် နေရာရှိနိုင်သည်ဟု ဆိုနိုင်သည်။ သို့သော် သစ်ပင်ငယ်လေးများက ကောင်းကင်ထဲမြင့်တက်လာပြီး သူတို့ဖာသာ အန္တရာယ်နှင့် ရင်ဆိုင်သည့်အချိန်၌ သစ်ပင်ကြီး၏အကာအကွယ်ပေးမှုမပါဘဲ သူတို့မည်ကဲ့သို့ ရှင်သန်နိုင်မည်နည်း။

ဘန်း

မတည်မြဲခြင်းတိုင်လုံးက လှုပ်ခါသွားလေ၏။

ဘန်း

မတည်မြဲခြင်းတိုင်လုံးက လှုပ်ခါသွား၏။ လူတိုင်းက အလိုလိုလှည့်ကြည့်မိရာ ယွီကျန့်ဟိုင်က မတည်မြဲခြင်းတိုင်လုံးကို ဖြတ်ကျော်သွားပြီး လက်ဝါးဖြင့်ရိုက်ချလိုက်တာကို တွေ့လိုက်ရသည်။

“ငါ ဘယ်လိုလုပ် မကူညီဘဲနေနိုင်မှာလဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။

ယွီရှန်းရုန်ကလည်း အပြုံးတစ်ပွင့်ဖြင့် သက်တော်ရှည်ဓားကို ဆွဲကိုင်လျက် သူ၏လက်ကို တိတ်တဆိတ်မြှောက်လိုက်သည်။

“ဟေ့ .... ကျွန်တော့ကိုလည်း မမေ့နဲ့” မင်ရှစ်ရင်က ပြောလိုက်သည်။

“ငါလည်း သုံးနိုင်တာပဲ။" တွမ့်မူရှန်းက ပြောပြီး ပျံသန်းသွားလေ၏။

လုကျိုးသည် သူ၏တပည့်ကြီးလေးဦးက လက်များဖိချလာချိန်၌ ဖိအားလျော့ပါးသွားတာကို ခံစားမိသည်။ စနစ်မျက်နှာပြင်ပေါ်ရှိ သူ၏သက်တမ်းအရေအတွက်က အရှိန်လျော့သွားတော့၏။

ခုံဝမ်က အံကြိတ်လျက်ပြောလိုက်သည်။ "သေစမ်း ... ညီနောင်တို့ ဘာများကြောက်နေစရာရှိမှာလဲ သွားကြစို့”

“သွားကြစို့”

နောက်ထပ်စကားတစ်ခွန်းမှ မပြောဘဲ ညီနောင်လေးဖော်သည် တွမ့်မူရှန်းဘေးသို့ပျံသန်းသွားပြီး သူတို့လက်များကို ဖိချလိုက်သည်။

ပြောရန်မလို ယန်ကျန်းလော့နှင့် လုလီကလည်း ရောက်ချလာ၏။

ထိုစဉ် ယွီကျန့်ဟိုင်က ခေါင်းမော့လျက် အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။ "ကျိုရှစ်မေ့၊ စွတ်ရှစ်မေ့ .... ကြည့်ထား”

အတိတ်တုန်းက ရှောင်ယွမ်အာသည် ဘေးထွက်ရပ်ပြီး ကြည့်ကောင်းကြည့်လိမ့်မည်။ ဆိုရလျှင် သူမရှစ်စွင်းနှင့် ရှစ်ရှိုးတို့ကအားကောင်းလွန်းသောကြောင့် သူမ များများစားစား လုပ်ရန် မလိုအပ်ပေ။ သို့သော် ယခုအခေါက်တွင်မူ သူမက တကယ် ရပ်တည်ပေးနိုင်၏။ အန့်ယန်နည်းတူ မိစ္ဆာဝေဟင်မျှော်နန်းကလည်း သူမ၏အိမ်ဖြစ်သည်။ ဂိုဏ်းသားများကလည်း သူမမိသားစုဝင်များဖြစ်၏။ သူမရှစ်စွင်းက သူမဖခင်လိုပင် သူမ၏ ရှစ်ရှိုးနှင့်ရှစ်ကျဲများက သူမ၏ညီအစ်ကိုမောင်နှမများပမာ ဖြစ်သည်။

“မဟုတ်ဘူး” ရှောင်ယွမ်အာက တွန့်ဆုတ်စွာပြောပြီးနောက် ပျံသန်းသွား၏။ ခရုလေးက မည်ကဲ့သို့ဘာမှမလုပ်ဘဲ နေမည်နည်း။ သူမကလည်း ရှောင်ယွမ်အာနောက်လိုက်ကာ ပျံသန်းသွားသည်။

“...”

ယဲ့ဝေသည် ယင်းကိုမြင်သောအခါ အနည်းငယ်ထိတ်လန့်အံ့အားသင့်သွားပြီး ရင်ထဲထိသွား၏။ ရန်နန်၏ ကောင်းချီးမြေရှိ တပည့်ပေါင်းသောင်းချီက မည်သည့်အချိန်ကများ ဤကဲ့သို့ စည်းလုံးဖူးသနည်း။ တစ်ခါတရံတွင် အကြွင်းမဲ့ခွန်အားက မလုံလောက်ပေ။ ခွန်အားသည် လူတို့အညံ့ခံအောင် လုပ်နိုင်သော်ငြား သူတို့သစ္စာရှိအောင်မလုပ်နိုင်ပေ။

ယဲ့ကျန်းသည် ရင်သပ်ရှုမောဖွယ်လူတစ်ယောက်ဆိုတာ မှန်ပေ၏။ သူသည် ယန်နန်၏ ထောက်တိုင် ဖြစ်ပြီး သူတို့အားလုံး အစိမ်းရောင်ကြာနယ်မြေတွင် ရပ်တည်နိုင်သည့် အကြောင်းအရင်းလည်း ဖြစ်သည်။ သို့သော် တချိန်တည်းတွင် လူမည်မျှများစွာက သူ့ကို ကျိန်ဆဲနေသေးသနည်း။ တကယ်တော့ အကြီးအကဲလေးဦးတောင် ဤနေရာသို့လာစဉ် စောဒကတက်မှုများ အခဲမကြေမှုများ ပြည့်နေ၏။

ယဲ့ဝေက သက်ပြင်းချလိုက်တော့သည်။

“ယဲ့ကျန်းက ဒီလိုလူတစ်ယောက်ကို ရှုံးနိမ့်သွားတာ ဘာမှ အထွန့်တက်စရာမရှိဘူး”

လူအုပ်ကြီးက ထင်းမီးကို စုဝေးလိုက်သောအခါ မီးတောက်က မြင့်တက်လာ၏။ လူအုပ်ကြီးက သစ်ပင်စိုက်ပျိုးသောအခါ တောအုပ်ဖြစ်လိမ့်မည်။

ယဲ့ဝေက ဦးဆောင်လျက် ပျံထွက်သွား၏။

“သွားကြစို့”

အကြီးအကဲသုံးဦးက တွေဝေမနေဘဲ ပျံထွက်လာ၏။

လူတိုင်းအတူတကွဆောင်ရွက်တော့သည်။

ဘီး

အလင်းစက်ဝိုင်းတစ်ခုပေါ်လာပြီး မတည်မြဲခြင်းတိုင်လုံးက မြည်ဟည်းလာ၏။

လုကျိုးက ခေါင်းအနည်းငယ်ညိတ်လျက် နတ်ခြင်္သေ့ကို ဆင့်ခေါ်လိုက်သည်။ နတ်ခြင်္သေ့က အဝေးက ပျံသန်းလာကာ လူတိုင်းအပေါ်၌ ပျံဝဲလာ၏။

“အခု"

နတ်ခြင်္သေ့က တစ်ချက် အော်လိုက်ပြီးနောက် မင်္ဂလာစွမ်းအင်တို့သည့် ကောင်းကင်မှ ရွာသွန်းကျလာတော့၏။

All Chapters