အခန်း (၁၂၄၆-၁၂၄၈)
Vol. 84 Ch. 1246-1248
အခန်း (၁၂၄၆) အဆုံးမဲ့
နတ်ခြင်္သေ့က သားရဲ့အဆီအနှစ်ကို စားသုံးပြီးကတည်းက သူ့စွမ်းအားက သိသိသာသာ တိုးတက်သွားခဲ့သည်။ သူ့စွမ်းရည်ကလည်း ပိုမိုအားကောင်းလာလေ၏။
ယဲ့ဝေက နတ်ခြင်္သေ့သည် အပေါ်မှ မင်္ဂလာမိုးများ ရွာသွန်းစေသည်ကို မြင်သောအခါ အံ့အားသင့်သွားလေ၏။ သူက အသိပြန်ကပ်လာသည့်အခါ တခြားသူများနှင့်အတူတူ မတည်မြဲခြင်းတိုင်လုံးပေါ် ဖိအား ဆက်ပေးလိုက်သည်။
ဤတစ်ကြိမ် လုကျိုး၏ လက်မှ အံ့ဖွယ်စွမ်းအား ထွက်ပေါ်လာသည်။
ထို့နောက် မိစ္ဆာဝေဟင်မျှော်နန်းရှိ လူအားလုံးက သူတို့၏ အားအကောင်းဆုံး လက်ဝါးစည်းတံဆိပ်များကို ထုတ်လွှင့်လိုက်ကြသည်။
“ဝုန်း”
မတည်မြဲခြင်းတိုင်လုံးက မီတာအနည်းငယ် ကျုံ့သွားခဲ့သည်။
နတ်ခြင်္သေ့၏ ကောင်းချီးမင်္ဂလာ အငွေ့အသက်က လုကျိုး၏ အံ့ဖွယ်စွမ်းရည်နှင့် အားလုံး၏ ကျင့်ကြံရေးကို ပြန်လည်ကောင်းမွန်သွားစေသည်။
လုကျိုးက နောက်ထပ် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်လိုက်သည်။
“ဝုန်း”
မတည်မြဲခြင်းတိုင်လုံးက နောက်ထပ် မီတာအနည်းငယ် ထပ်မံ ကျုံ့သွားခဲ့သည်။
ထင်ထားသည့်အတိုင်း လုကျိုးက စနစ်မှ ပြသနေသည့် သူ့သက်တမ်း လျော့ကျမှုသည် နှေးကွေးသွားကြောင်း မြင်လိုက်ရသည်။
တခြားသူများကလည်း အပြောင်းအလဲကို ခံစားမိ၍ စိတ်ထဲ၌ မျှော်လင့်ချက် ကိန်းအောင်းလာလေ၏။
“မင်းတို့ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ကြ”
စိတ်ဝိညာဥ်သဏ္ဌာန်များက တစ်ခုပြီးတစ်ခုဆိုသလို လေထဲ ထွက်ပေါ်လာသည်။ မတည်မြဲခြင်းတိုင်လုံးအထက် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဥ်သဏ္ဌာန် ၁၀ခုကျော် ရှိနေလေ၏။
သူတို့အားလုံးက မှောင်မည်းမည်း အမည်မသိကုန်းမြေထဲတွင် ထူးဆန်းသည့် မြင်ကွင်းတစ်ခုနှယ် ဖြစ်နေသည်။
စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ထားခြင်း မရှိသည့် တစ်ဦးတည်းသောသူက လုကျိုးသာ ဖြစ်၏။ ထိုအစား သူက အံ့ဖွယ်စွမ်းရည်ဖြင့် မတည်မြဲခြင်းတိုင်လုံးထဲ ထည့်သွင်းလေသည်။
“ဝုန်း ဝုန်း ဝုန်း”
မတည်မြဲခြင်းတိုင်လုံးက တစ်ဝက်ခန့်မျှ ကျုံ့သွားခဲ့သည်။
ဖိအား၏ အောက်တွင် ထိုအရာ၏ အချင်းပတ်လည်ကလည်း သိသိသာသာ ကျုံ့သွားခဲ့သည်။
“ဝှစ်”
မတည်မြဲခြင်းတိုင်လုံးက ရုတ်ချည်းဆိုသလို လှုပ်ခတ်လာသည်။
ဂူဗိမ္မာန်ရှိနေသည့် မြေကြီးပေါ်တွင် ကောင်းကင်ယံ၌ ခဲဖြူရောင်အလင်းတန်းများ တောက်ပလာလေ၏။ သိပ်မကြာခင် သူတို့၏ နှာခေါင်း၌ ထူးထူးဆန်းဆန်းစွမ်းအင်မှ ရနံ့ဆိုးတစ်ခု ရရှိလာသည်။
“ဘာတွေဖြစ်နေတာလဲ”
စွမ်းအင်ထဲတွင် အားကောင်းသည့် အဆိုးမြင်စိတ်၊ လောဘ၊ တစ်ကိုယ်ကောင်းဆန်မှု၊ အမုန်းတရားနှင့် ဒေါသများ ကိန်းအောင်းနေသည့် စွမ်းအားက အားလုံး၏ စိတ်ထဲ ဖြတ်ဝင်လာသည်။
“မင်းတို့ရဲ့ စွမ်းအင်ဗဟိုချက်ရဲ့ ချီပင်လယ်ကို သတိထားပြီး စောင့်ကြပ်ပြီးတော့ အသက်အောင့်ထား”
လုကျိုးက ပြောလိုက်သည်။
“ဟုတ်ကဲ့”
“ယုံဟယ်က ဒီနေရာကို စောင့်ကြပ်လာတာ နှစ် ၃၀၀၀၀ ရှိနေပြီ။ ပြီးတော့ အဆိုးမြင်စိတ်တွေကိုလည်း အများကြီးပေါက်ဖွားလာပြီးပြီ။ အဲဒီစွမ်းအားတွေကို မင်းတို့အပေါ် သက်ရောက်မှု မဖြစ်စေနဲ့”
လုကျိုးက ပြောလိုက်သည်။
လုကျိုးက မဟာသမာဓိ ဓာရာဏိ မန္တန်ကို ရွတ်ဖတ်လိုက်သည်။ ဗုဒ္ဓကျမ်း၏ အသံများက လေထဲပဲ့တင်ထွက်လာကာ အားလုံးကို လွှမ်းခြုံသွားလေသည်။ သိပ်မကြာခင် သူတို့၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို ရွှေရောင်အလင်းတန်းက လွှမ်းခြုံသွားခဲ့ပြီး အဆိုးမြင်စွမ်းရည်များကို ပယ်ဖျောက်ပေးနေသည်။
ခုံဝမ်က ပြောလိုက်၏။
“အခုတော့ နားလည်သွားပြီ။ ယုံဟယ်က မတည်မြဲခြင်းတိုင်လုံးကို စောင့်ကြပ်ပြီးတော့ အညံ့ခံအောင် လုပ်ဖို့ ကြိုးစားနေခဲ့တာပဲ။ အဲဒီရဲ့ အဆိုးမြင်စွမ်းအားက တိုင်လုံးအပေါ် သက်ရောက်မှု ဖြစ်လာပြီးတော့ တိုင်လုံးက ဒီလိုမျိုး ပြင်းထန်လာတာပဲ”
“ဒါက အသိမရှိတဲ့ ပစ္စည်းပဲလေ။ အဆိုးမြင်ခံစားချက်တွေ စွမ်းအားတွေ ဘာလို့သက်ရောက်ခံရတာလဲ”
ရှောင်ယွမ်အာက သိချင်စွာဖြင့် မေးလိုက်သည်။
“အရာအားလုံးမျာ စိတ်ဝိညာဥ်ဆိုင်ရာဆိုတာ ရှိတယ်။ ပစ္စည်းတစ်ခုက ကောင်းကင်အဆင့် ရောက်ရှိလာပြီးတဲ့နောက်မှာ စိတ်ဝိညာဥ်ဆိုင်ရာ ဖွံ့ဖြိုးမှု ရရှိလာလိမ့်မယ်။ အဲဒီစိတ်ဝိညာဥ်ဆိုင်ရာ ဖွံ့ဖြိုးမှုက အဆုံးမဲ့အဆင့် ရောက်တဲ့အထိ ဆက်လက် တိုးတက်လာလိမ့်မယ်။ ပြောရမယ်ဆိုရင် သိသိသာသာ ပြောင်းလဲမှုဖြစ်ပြီးတဲ့နောက်မှာ သူတို့က ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရှိလာကြတာပေါ့”
ခုံဝမ်က ရှင်းပြလိုက်သည်။
“အဲဒါဆိုတော့ လူကြီးတစ်ယောက်လို အရွယ်ရောက်လာသလိုမျိုးလား”
မင်ရှစ်ရင်က ပြောလိုက်သည်။
“စည်းမျဥ်းဥပဒေတွေအရတော့ အားလုံးက ဇာစ်မြစ်နဲ့ ဦးတည်ချက်ဆိုတာ ရှိတယ်။ အရာအားလုံးအတွက်က မျှခြေဆိုတာလည်း ရှိတယ်။ ပစ္စည်းတစ်ခုက ပစ္စည်းတစ်ခုပဲ။ လူတစ်ယောက် ဖြစ်မလာနိုင်ဘူး။ ပစ္စည်းတစ်ခုက ပိုင်ရှင်ရဲ့ စိတ်ခံစားချက်တွေ ရှိပြီးတော့ စိတ်ဝိညာဥ်ဆိုင်ရာဖွံ့ဖြိုးမှုတစ်ခု ရှိလာရုံလောက်ပဲ”
တွမ့်မူရှန်းက ခေါင်းညိတ်လိုက်၏။
“ကျုပ်ရဲ့ နယ်ရှင်လှံက ပိုပြီးတော့ ကြမ်းတမ်းလာတာ မထူးဆန်းတော့ပါဘူး”
အားလုံး “...”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ကောင်းပြီ ထပ်ပြီး လုပ်လိုက်ကြရအောင်”
ဤတစ်ကြိမ် မတည်မြဲခြင်းတိုင်လုံးက မြေကြီးမှ ရုတ်တရက်ဆိုသလို မြင့်တက်လာသည်။ အံ့အခန်းခွန်အားဖြင့် ထိုအရာက အားလုံးနှင့် အားလုံး၏ စိတ်ဝိညာဥ်သဏ္ဌာန်ကို ပင့်မလိုက်၏။
“ဝုန်း”
တိုင်လုံးက မြေကြီးမှ ထွက်ခွာသွားကာ မြှောက်တက်သွားသည်။
“ဘမ်း”
တိုင်လုံးမှ ထွက်ပေါ်နေသည့် အကာအရံက ယခုအခိုက်အတန့်တွင် ဖန်စသဖွယ်လိုမျိုး ဖြစ်နေ၏။ ထိုအရာက ကောင်းကင်ကို ထိုးဖောက်ကာ ထွက်ခွာသွားသည်။ ဤသို့ဖြင့် နေ့မြင်ညပျောက်မြို့ထဲ၌ မှိန်ဖျဖျအလင်းရောင်တစ်ခု ပြန်လည်ရောက်ရှိလာသည်။ အမည်မသိကုန်းမြေ၏ အမှောင်ထုကပင် မတည်မြဲခြင်းတိုင်လုံးဆီမှ အကာအရံထက် တောက်ပနေဟန်ပေါ်သည်။
တိုင်လုံးနှင့် အစီအရင်တို့၏ ပျက်စီးသွားမှုကြောင့် တိမ်တိုက်များကလည်း ရှင်းသွားသလိုမျိုး ခံစားလိုက်ရသည်။
လုကျိုးက တိုင်လုံးကို ရိုက်ချလိုက်၏။ ဤသို့ဖြင့် အသက်ဓာတ်စွမ်းအားများက အားလုံး၏ ခန္ဓာကိုယ်ထဲ ပြန်လည်ဝင်ရောက်သွားသည်။
“ပြန်ရောက်လာပြီ”
တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။
“ငါ ဆုံးရှုံးသွားရတဲ့ နှစ်တွေ ပြန်ရောက်လာပြီ”
အားလုံးက ပျော်ရွှင်နေကြသည်။
ရှောင်ယွမ်အာ၏ ဆံပင်အဖြူရောင်ကလည်း ပြန်လည်မည်းမှောင်သွားကာ အသားအရောင်ကလည်း နှင်းဆီရောင် ပြန်လည်သန်းလာသည်။
လုကျိုး၏ စနစ်တွင်လည်း သူ့သက်တမ်းက အံ့မခန်းအမြန်နှုန်းဖြင့် တိုးတက်နေ၏။
“+ရက်၁၀၀၀၀”
“+ရက်၁၂၀၀၀”
ဒီလောက်တောင် များတယ်လား...
လုကျိုးက စဥ်းစားနေမိ၏။
လုကျိုးက ဘေးပတ်လည်ကို ကြည့်ကာ သူတစ်ယောက်တည်းသာ နှစ်များစွာ ရရှိလိုက်ကြောင်း ခံစားလိုက်မိသည်။
ကျန်သည့်သူ အားလုံးအတွက်မူ သူတို့က ဆုံးရှုံးသွားသည့်အရာကိုသာ ပြန်လည်ရရှိလိုက်ကြ၏။
မတည်မြဲခြင်းတိုင်လုံးက အချိန်အတော်ကြာ ရောက်ရှိနေပြီဖြစ်ကာ သူ စုပ်ယူထားသည့် သက်တမ်းက လူများစွာပေါင်းစည်းထားသည်ထက်ပင် ကျော်လွန်နေလေ၏။ ပမာဏအနည်းငယ်ကပင် အမြောက်အမြား ဖြစ်နေသည်။
နေ့မြင်ညပျောက်မြို့ထဲတွင် အသက်ဓာတ်စွမ်းအား ထွက်ပေါ်လာပြီး ခြောက်သွေ့နေသည့် ပန်းပင်သစ်ပင်များကလည်း ပြန်လည်ကြီးထွားလာသည်။
တိုင်လုံးဝန်းကျင်တွင် ရှိနေသည့် ရှေးဟောင်းသစ်ပင်များကလည်း ပြန်လည်ကြီးထွားလာကာ မြို့အစွန်အဖျားတွင် ရှိသည့် နှစ်၁၀၀၀သက်တမ်းရှိသည့် ရှေးဟောင်းသစ်ပင်များထက်ပင် ပိုမိုမြင့်မားလာသည်။
လုဝူက မတည်မြဲခြင်းတိုင်လုံးကို ကြည့်နေရင်း ပြောလိုက်သည်။
“ခဏနေအုံး။ ခဏ။ အစီအရင်က အခုသွားပြီဆိုတော့ စွမ်းအားက သိသိသာသာ လျော့ကျသွားသင့်ပြီ”
မတည်မြဲခြင်းတိုင်လုံးကို ဗဟိုပြုလျက် ဘေးပတ်ဝန်းကျင်တွင်ရှိသည့် အရာအားလုံးက အသက်ဓာတ်စွမ်းအားဖြင့် လွှမ်းခြုံသွားလေ၏။
ဤတစ်ကြိမ် နတ်ခြင်္သေ့က စွမ်းအားကုန်ဆုံးကာ ပြုတ်ကျလာသည်။
“ဝှစ်”
ရုတ်ချည်းဆိုသလို မတည်မြဲခြင်းတိုင်လုံးက ပြောင်းလဲကာ ရေပြင်ညီအတိုင်း ဝှေ့ယမ်းလာသည်။
“ရှောင်ကြ”
အားလုံးက ရှောင်ရှားလိုက်ကြသည်။
ထို့နောက် တိုင်လုံးက ပေ၁၀၀အရှည်ရှိသည့်တုတ်ချောင်းအဖြစ် ပြောင်းလဲသွားလေသည်။
ထို့နောက် အားလုံးကို တိုက်ခိုက်လာခဲ့သည်။ ခဏအကြာတွင် ထိုအရာ၏ ပစ်မှတ်က သူ့အပေါင်းအဖော်များ ဖြစ်ကြောင်း သိသာလှသည်။
ယဲ့ဝေက စိတ်ရှုပ်ထွေးနေမိသည်။
ဘာလို့ ငါတို့ကို ပစ်မှတ်ထားနေတာလဲ....
“တားကြ”
ယခုအခါ တုတ်ချောင်း ဖြစ်နေပြီဖြစ်သည့် တိုင်လုံးက စွမ်းအားအမြောက်အမြား ပါဝင်နေသည်။
“အဲဒါက အဆုံးမဲ့အဆင့်ပစ္စည်းဆိုတာ မမှားနိုင်ဘူး”
ယဲ့ဝေက ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ရင်း ပြောလိုက်သည်။
တခြားသော အကြီးအကဲများကလည်း ကြယ်တာရာဒိုင်ခွက်များကို ထုတ်ဖော်လိုက်ကြသည်။
မတည်မြဲခြင်းတိုင်လုံးက ရုတ်ချည်းဆိုသလို မြင့်တက်သွားသည်။
“ဘမ်း ဘမ်း ဘမ်း”
ကြယ်တာရာဒိုင်ခွက်၄ခုက ချိုင့်ဝင်သွားလေ၏။
ဤသို့ဖြင့် အကြီးအကဲ၄ဦးက ဒဏ်အရာအပြင်းအထန် ထပ်မံရရှိသွားကြပြန်သည်။
“ကျောက်စိမ်းအဆောင်”
၄ဦးသားက တုံ့ဆိုင်းမနေတော့ဘဲ ကျောက်စိမ်းအဆောင်များကို အလျင်အမြန် ချေမွပစ်လိုက်ကြသည်။
ထိုအခိုက်အတန့်၌ အလင်းတန်းက သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး အလင်းတန်းက ကောင်းကင်အထက် မြင့်တက်သွားကာ ထို၄ဦးက လေထုထဲ ပျောက်ကွယ်သွားလေသည်။
“ တစ်ကိုယ်တော် ကူးသန်းပြောင်းရွှေ့ရေး ကျောက်စိမ်းအဆောင်လား”
ခုံဝမ်က ရေရွတ်လိုက်သည်။
“အခုမှ သတိရတယ်။ ယဲ့ဝေက ယန်နန်ကောင်းချီးနယ်မြေထဲက အကြီးအကဲ၄ယောက်ထဲက တစ်ယောက်ပဲ။ သူက ယဲ့ကျန်းရဲ့လူ”
“ဘာ ဘာလို့စောစောစီးစီး မပြောတာလဲ”
မင်ရှစ်ရင်က မေးလိုက်သည်။
“အခုမှ မှတ်မိတာ”
“ခွေးကောင် သူတို့တွေ ကံကောင်းသွားတယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
“စောစောလေးတုန်းက သူတို့တွေက လိမ်ပြီးတော့ ယဲ့ကျန်းကို မသိပါဘူးလို့တောင် ပြောခဲ့သေးတယ်”
“တစ်ကိုယ်တော် ကူးသန်းပြောင်းရွှေ့ရေး ကျောက်စိမ်းအဆောင်တွေက လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ထက်တောင် ပိုပြီးတော့ အဖိုးတန်တယ်။ သူတို့က တစ်ခါတည်းနဲ့ ၄ခုတောင် သုံးတယ်ဆိုတော့ ယန်နန်ကလွဲရင် တခြားသူ အဲ့လောက် မဖြုန်းတီးနိုင်ဘူး”
ခုံဝမ်က အံ့အားသင့်ကာ ပြောလိုက်သည်။
လုကျိုးက “ဘာမှ ဒေါသထွက်နေဖို့မလိုဘူး။ သူတို့၄ယောက် ယုံဟယ်ရဲ့စွမ်းရည်ကို တောင့်ခံပြီးတော့ အသိဝင်လာပြီးတဲ့နောက်မှာ အချင်းချင်းမတိုက်ခိုက်ကြဘူးဆိုတော့ သူတို့တွေက အကျိုးအကြောင်းမသင့်တဲ့ လူ မဟုတ်ဘူးဆိုတာကို ပြနေတာပဲ”
“ရှစ်စွင်း ပြောတာမှန်တယ်။ အဲဒီ၄ယောက်က ရှစ်စွင်းကို နောင်ကျရင် ရန်သူလုပ်ရဲမှာမဟုတ်ဘူး”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ဝှစ်”
မတည်မြဲခြင်းတိုင်လုံးက လုကျိုးထံ ရောက်ရှိလာသည်။
“ဘမ်း”
လုကျိုးက လက်ဆန့်ထုတ်ကာ တားဆီးလိုက်၏။ ထို့နောက် မတည်မြဲခြင်းတိုင်လုံးက ရှေ့နောက် ပျံသန်းနေသည်။ ထိုအရာက မြန်ဆန်လွန်းသည့်အတွက် နေ့မြင်ညပျောက်မြို့မှ ထွက်ခွာသွားလေ၏။ ထိုအရာ၏ အဆိုးမြင်စွမ်းအား အားလုံးက ချန်ခဲ့ဟန်ပေါ်သည်။
“နောက်မကျသေးဘူး...”
လုကျိုးက အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်ပြီး သူ့ဈာနမုဒြာကို ထုတ်လွှင့်လိုက်သည်။
ဈာနမုဒြာက ထွက်ပေါ်လာပြီး မတည်မြဲခြင်းတိုင်လုံးကို ဆွဲယူကာ မီတာ၁၀၀ ရှည်လျားသည့် တိုင်လုံးကနေ တုတ်ချောင်းအသွင် ပြောင်းလဲသွားလေသည်။
ထိုအရာက လုကျိုးထံ ပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် သူ့လက်မှ သွေးစက်တစ်စက် ထွက်ပေါ်လာပြီး မတည်မြဲခြင်းတိုင်လုံးထဲ စီးဝင်သွား၏။ ထိုအရာက အနီရောင်အလင်းတန်းဖြင့် တောက်ပလာသည်။ ဤတစ်ကြိမ် ထိုအရာက အံ့ဖွယ်စွမ်းအားမှ ဖိနှိပ်ခံလိုက်ရပြီး စိတ်ခံစားချက်အသစ်ဖြင့် သက်ရောက်ခံလိုက်ရဟန်ပေါ်သည်။
သိပ်မကြာခင် မတည်မြဲခြင်းတိုင်လုံးက လုကျိုး၏ လက်ထဲမှ ငြိမ်ကျသွားလေ၏။
“တင်း အဆုံးမဲ့အဆင့် မတည်မြဲခြင်းတိုင်လုံးကို ဆက်ပြီးတော့ နာခံအောင်ပြုလုပ်ပါ”
...
အခန်း (၁၀၄၇) အဆင့်ချိုးဖြတ်တက်ခြင်း
မတည်မြဲခြင်းတိုင်လုံးမှ စွမ်းအင်ကို ဖယ်ရှားပြီးနောက် ၎င်းသည် ပိုမိုတောက်ပလာတော့သည်။ လုကျိုးနှင့် ကျန်သည့်သူများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ဟန်တူ၏။ ၎င်း၏ဝိညာဉ်စွမ်းရည်က အနည်းငယ် ပြောင်းလဲသွားပုံရသည်။
၎င်းက လုကျိုးရှေ့၌ ငြိမ်သက်စွာ ပျံဝဲနေ၏။ သွေးစက်တစ်စက်က ၎င်း၏မျက်နှာပြင်ပေါ် ကျသွားပြီးနောက် သွေးရောင်ဖျော့ဖျော့ ကျန်ခဲ့သည်။
စနစ်က လုကျိုးကို အောင်နိုင်အောင်လုပ်ခိုင်းသောကြောင့် သူက အောင်နိုင်အောင်လုပ်သင့်သည်။ သို့သော် ပြဿနာက ယင်းကို မည်ကဲ့သို့ တည်ငြိမ်အောင်လုပ်ရမည်နည်း။ မတည်မြဲခြင်းတိုင်လုံးသည် ရှေးအစီအရင်ထဲတွင် ရှိစဉ်က အလွန်အစွမ်းထက်လွန်းလှ၏။ ယခုအစီအရင်ကိုဖယ်ရှားပြီးသောအခါ ၎င်း၏စွမ်းအားလျော့ကျသွားသည်။ ထိုသို့တိုင် သူ ဖြေရှင်းနိုင်သည့်အရာမဟုတ်ပေ။
ပြီးနောက် လုကျိုးသည် စနစ်မျက်နှာပြင်ကိုကြည့်လိုက်၏။ နတ်ခြင်္သေ့သည် ၎င်း၏စွမ်းရည်ကို အသုံးပြုပြီးနောက် ခါတိုင်းလိုပင် အနားမယူတာကို သတိပြုမိသွား၏။ နတ်ခြင်္သေ့သည် သားရဲအဆီအနှစ်ကို စားသုံးပြီးနောက် ပိုသန်မာလာပုံပေါ်၏။ ယခင်ကဆို အနားယူသည့်အခြေအနေကို ဝင်ရောက်ပြီးနောက် ကျန်သည့်သူများနောက် နောက်ကောက်ကျနေခဲ့သည်။
သားရဲအဆီအနှစ် သူ့ဆီကျွေးလိုက်ရတာ အချည်းအနှီးမဟုတ်ဘူးဘဲ ...
လုကျိုးက ဆင်းသက်လိုက်သည်။ တစ်ချိန်တည်းတွင် ခွန်အားတိုင်လုံးက သူနှင့်တူညီသည့်အရှိန်ဖြင့် ဆင်းသက်လာ၏။
“နတ်ခြင်္သေ့”
နတ်ခြင်္သေ့သည် အနားမှပျံသန်းလာတော့သည်။ ၎င်းသည် သူ့သခင်၏ရည်ရွယ်ချက်ကို သိပုံပေါ်သည်။
လူတိုင်းက လေးစားနေကြလေ၏။
ဝုတ် ဝုတ် ဝုတ်
ချုံးချီ၏မျက်လုံး၌ အားကျမှုများပြည့်နေတော့သည်။ သားရဲအဆီအနှစ်ကို ပြန်တွေးမိသောအခါ ၎င်းက အနည်းငယ်မကျေမချမ်းဖြစ်သွား၏။
လုကျိုးသည် သူ၏ကောင်းကင်စွမ်းအားကို စစ်ဆေးကြည့်လိုက်ရာ တဝက်ခန့်ကျန်နေသေးတာ တွေ့လိုက်ရသည်။
တစ်ချိန်တည်းတွင် မတည်မြဲခြင်းတိုင်လုံးက လုကျိုးကို လေ့လာနေသည့်ပမာ လုကျိုးရှေ့၌ ဆက်လက်ပျံဝဲနေ၏။
လူတိုင်းစိတ်ရှုပ်ထွေးသွားကြတော့သည်။
“မတည်မြဲခြင်းတိုင်လုံးက ဘာလုပ်နေတာလဲ”
“အပျက်သဘောစွမ်းအင်တွေကို ဖယ်ရှားပြီးပြီဆိုတော့ သူ့ရဲ့စွမ်းအင်တွေက အားလျော့သွားပြီ။ ယုံဟယ်က အားကောင်းတဲ့သားရဲဧကရာဇ်တစ်ပါးဖြစ်ပေမဲ့ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင် ဖြစ်နေသေးတုန်းပဲလေ။ ယုံဟယ်က သူ့ကိုအောင်နိုင်ဖို့ဆိုတာ ကောင်းကင်ကို တက်လှမ်းသလောက် ခက်ခဲတယ်။ လူသားတွေက ထိတွေ့ခံစားနိုင်တဲ့သဘာဝတွေ။ စိတ်ဝိညာဉ်မြင့်မားမှုနဲ့ မွေးဖွားလာကြတာ။ ဒီတိုင်လုံးက သခင်ရှာနေတာများလား” ခုံဝမ်က ပြောလိုက်၏။
“မင်း ငါ့ကို ကြည့်နေတာလား” မင်ရှစ်ရင်က သူ့ကိုယ်သူ လက်ညှိုးထိုးပြီး မေးလိုက်သည်။
မတည်မြဲခြင်းတိုင်လုံးက လှည့်ပတ်သွားနေ၏။ ၎င်းက စဉ်းစားနေမှန်း မည်သူကသိမည်နည်း။
ဝှစ်
မတည်မြဲခြင်းတိုင်လုံးသည် လုကျိုးဆီ ရုတ်တရက်တိုးဝင်သွားတော့သည်။ လုကျိုးသည် တိုင်လုံးကို ပိတ်ဆို့ရန် သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။ မတည်မြဲခြင်းတိုင်လုံးသည် လုကျိုးဆီ တိုးဝင်သွားသောအခါ အလွန်အစွမ်းထက်နေတော့သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ၎င်းကိုမြင်သောအခါ အမြန်လမ်းဖယ်ပေးလျက် လုကျိုးနောက် ခုန်ဝင်သွားတော့သည်။
“နတ်ခြင်္သေ့” ရှောင်ယွမ်အာက လှမ်းခေါ်ပြီးနောက် နတ်ခြင်္သေ့၏ကျောပေါ် ခုန်တက်လိုက်တော့သည်။
လုကျိုးက အလွန်ဖျတ်လတ်နေကာ တိမ်တိုက်များဆီ ပျံသွားလျက် မတည်မြဲခြင်းတိုင်လုံးကို ရင်ဆိုင်လိုက်၏။ သူတို့က ဝေဟင်ထဲ၌ ကြယ်တံခွန်နှစ်စင်းပမာ ပျံတက်သွားတော့သည်။
“စိတ်ဝင်စားစရာပဲ” လုဝူက ပြောလိုက်၏။
“မျှော်နန်းသခင်က တိုင်လုံးကို သေချာပေါက်အောင်နိုင်လိမ့်မယ်”
လူတိုင်းက လုကျိုးကို အလွန်ယုံကြည်ချက်ရှိနေကြသည်။
လုကျိုးသည် ကီလိုမီတာ ၅၀ခန့်ပျံသန်းသွားလိုက်၏။ ပြီးနောက် သူ၏ကောင်းကင်စွမ်းအားကို အသုံးပြုလိုက်သည်။ သူ၏ကြယ်တာရာဒိုင်ခွက်က တဖျပ်ဖျပ်လင်းလာလျက် လည်ထွက်သွားကာ အဆတစ်ထောင်တိုးလာ၏။
မတည်မြဲခြင်းတိုင်လုံးက လှုပ်ရှားတာ ရပ်တန့်သွားသည့်အခါ လုကျိုးက ငုံ့ကြည့်လိုက်ရာ သူ့ခြေထောက်အောက်၌ ရေကန်တစ်ခုကိုတွေ့လိုက်ရ၏။ ရေကန်က ကြေးမုံတစ်ချပ်ပမာ လှိုင်းဂယက်တစ်ချက်မှ မထ။ ချောမွတ်နေပြီး ကြယ်တာရာဒိုင်ခွက်ကို ရောင်ပြန်ဟပ်နေစေ၏။
လုကျိုးသည် သူ၏ကောင်းကင်စွမ်းအားကို မြှင့်တင်လျက် ရှေ့သို့ထွက်သွားသည်။
ဘီး
မတည်မြဲခြင်းတိုင်လုံးက နောက်သို့တွန်းပို့ခံလိုက်ရ၏။ ပြီးနောက် ရှေ့သို့ပြန်တိုးလာသည်။
လူတစ်ယောက်နှင့် အရာဝတ္ထုတစ်ခုက တစ်ယောက်နှင့်တစ်ယောက်ရင်ဆိုင်နေကြ၏။ ၎င်းက လုကျိုးကို ဆွံ့အနေစေသည်။
ဆရာသခင်တစ်ပါးသာ ဆိုလျှင် သူသည် ၎င်းကို ပညာပေးရန် အသုံးပစ္စည်းကတ်တစ်ခုသုံးနိုင်၏။ ယခုမူ သူက အရာဝတ္ထု သုံးရမည်လော။ အသက်မရှိသည့် အရာဝတ္ထု သူက ၎င်းကို မည်သို့သတ်ရမည်နည်း။
“သွားတော့”
လုကျိုးသည် ကောင်းကင်စွမ်းအားကို ထပ်မံမြှင့်တင်လိုက်သည်။
ဘန်း
မတည်မြဲခြင်းတိုင်လုံးသည် နောက်သို့တွန်းပို့ခံလိုက်ရ၏။ လေထဲလည်ထွက်သွားကာ တောင်ထွတ်နားဆီသို့ ရောက်သွားသည်။ ပြီးနောက် ၎င်းက အရွယ်အစားအဆ ၁၀၀အထိတိုးလာပြီး တောင်ထွတ်ဆီသို့ မြင့်မားလှသည့် ရှေးသစ်ပင်ပမာ ထိုးစိုက်သွားတော့၏။ ကျောက်တုံးများက တောင်ပေါ်မှ ချက်ချင်း လိမ့်ကျလာတော့သည်။ မတည်မြဲခြင်းတိုင်လုံးက မြည်ဟည်းလာပြီးနောက် အရပ်မျက်နှာအသီးသီးမှ ကြမ်းတမ်းခက်ထန်သားရဲများကို သွေးဆောင်လိုက်သည်။ အသက်စွမ်းအင်များ ထုတ်လွင့်တော့သည်။
“မင်း ဒါလည်းလုပ်နိုင်တယ်လား” အဆုံးမဲ့အဆင့်သည် လွှမ်းမိုးအဆင့်ထက်ပိုပြီးသန်မာကြောင်း လုကျိုး သိထား၏။ သို့သော် ဤမျှသန်မာလိမ့်မည်ဟု မထင်ထားပေ။
မတည်မြဲခြင်းတိုင်လုံးကြောင့် သွေးဆောင်ခံလိုက်ရသည့် သားရဲများသည် အားနည်းသော ကြမ်းတမ်းခက်ထန်သားရဲများ ဖြစ်၏။
လုဝုက ဟိန်းဟောက်လျက် သားရဲဧကရာဇ်တစ်ပါး၏အရှိန်အဝါကို ထုတ်သုံးကာ ကြမ်းတမ်းခက်ထန်သားရဲများကို ခြောက်ထုတ်လိုက်သည်။
ဖုန်း
မတည်မြဲခြင်းတိုင်လုံးသည် တောင်ထွတ်ဆီကနေ ပြန်ဆွဲထုတ်လျက် လုကျိုးဆီ ထပ်မံတိုက်ခိုက်တော့သည်။ ၎င်းက လျှပ်စီးပမာမြန်ဆန်လွန်းလှသည်။ ဝေဟင်ထဲ၌ ကြယ်ကြွေတစ်စင်းပမာ ဖြတ်သန်းသွားလာနေသည်။
လုကျိုးက အမည်မဲ့ကို ထုတ်လိုက်၏။
“မင်းက အမည်မဲ့ထက် ပိုသန်မာတယ်များ ထင်နေလား” အစကနေ ယခုအချိန်ထိ လုကျိုးသည် အမည်မဲ့၏ ခွန်အားကို မသိပေ။ သူ သိသည်က အမည်မဲက ပြိုင်စံရှားပုံစံရှိပြီး အသွင်သဏ္ဌာန်မျိုးစုံ ပြောင်းလဲနိုင်၏။ ၎င်း၏ခွန်အားသည် မတည်မြဲခြင်းတိုင်လုံးနှင့် ကွဲပြားခြားနားပေ၏။ သူတို့ ထိပ်တိုက်တွေ့သည့်အခါ မည်သူအနိုင်ရမည်နည်း။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ရေကန်ပေါ်၌ လုကျိုးသည် ပုံရိပ်ယောင်များစွာချန်ရစ်ခဲ့၏။ ကျင့်ကြံဆင့်နိမ့်သည့်သူများက လိုက်မီနိုင်မှာ မဟုတ်ပေ။ သူတို့သည် ရွှေရောင်စွမ်းအင်ဓားက ကောင်းကင်ထဲ၌ မတည်မြဲခြင်းတိုင်လုံးနှင့် ထိပ်တိုက်တွေ့နေတာကိုပဲ မြင်ရလိမ့်မည်။
“မတည်မြဲခြင်းတိုင်လုံးက ဒီလောက်အားကောင်းတယ်လား” မင်ရှစ်ရင်က အံ့ဩသွားတော့သည်။
“ဒါက အဆုံးမဲ့အဆင့် အရာဝတ္ထုတစ်ခုပဲ။ ယုံဟယ်က အဲ့ကို နှစ်ပေါင်းသုံးသောင်းလုံး လက်မလျှော့ခဲ့ဘူး” ခုံဝမ်က ပြောလိုက်၏။
တိုက်ပွဲသံများ ဆက်လက်ထွက်ပေါ်လာသည်။
“ရှေးအစီအရင်ထဲမှာ မဟုတ်တာ တော်သေးတယ်”
အစောတုန်းက အဖြစ်အပျက်ကိုတွေးမိသောအခါ လူတိုင်းရင်ထဲ အကြောက်တရားရှိနေသေး၏။ ထိုကဲ့သို့ စွမ်းအင်မျိုးက ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။
လူသားတစ်ယောက်နှင့် အရာဝတ္ထုတစ်ခုကြား ပြင်းထန်စွာ တိုက်ပွဲသည် နှစ်နာရီကြာ ဆက်လက်ဖြစ်ပွားခဲ့၏။ ၎င်းသည် အဆုံးမရှိသည့်တိုက်ပွဲတစ်ပွဲဟု ထင်ရသည်။
“မျှော်နန်းသခင်ရဲ့ဓားက အခုဆို မတည်မြဲခြင်းတိုင်လုံးနဲ့ တိုက်ခိုက်နေနိုင်တာ အနည်းဆုံးတော့ အဆုံးမဲ့အဆင့်မှာ ရှိတာ သေချာတယ်”
“ရှစ်စွင်းရဲ့ဓားလား” ရှောင်ယွမ်အာက ကြည့်ပြီးပြောလိုက်၏။
“ကျန်းအိုက်ကျန့်က အဲဒါကို ဒီလောက်ဆိုးဆိုးရွားရွား လိုချင်နေတာ အံ့ဩစရာမရှိဘူးပဲ။ ဒါပေမဲ့ ရှစ်စွင်းက သူ့ကို မပေးခဲ့ဘူး”
နုနယ်သည့် တမူထူးကဲစွာ သေးငယ်သောဓားက အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြမ်းတမ်းလာသည်။ ၎င်းက ရန်သူနှင့် ထိပ်တိုက်တွေ့လေ ပိုခက်ထန်လေဖြစ်သည်။
ဘန်း
မတည်မြဲခြင်းတိုင်လုံးက နောက်သို့ မီတာတစ်ရာအထိ ဆုတ်ခွာသွား၏။ ၎င်းက ရပ်တန့်သွားပြီးနောက် ဖြည်းဖြည်းချင်း ဆက်လက်ဆုတ်ခွာသွားသည်။
လုကျိုးက လက်ဖြန့်လျက် အမည်မဲ့ကို ဆွဲထုတ်လိုက်သည်။
လူတိုင်း၏မျက်လုံးက လင်းလက်သွားလေ၏။
ခုံဝမ်က ရယ်မောလိုက်တော့သည်။ “ကြောက်သွားပြီ ... တကယ်ကြောက်သွားပြီ”
ထိုစဉ် လုကျိုးက ပြောလိုက်၏။ "မင်း အညံ့မခံရင် မင်းကို နုပ်နုပ်စဉ်းပစ်မယ်"
တကယ်တော့ လုကျိုးသည် ထိုစကားများပြောရတာ အလွန်ရူးမိုက်သည်ဟု ခံစားမိသည်။ မတည်မြဲခြင်းတိုင်လုံး က အရာဝတ္ထုတစ်ခုမျှသာ ဖြစ်၏။ သို့သော် သူက ၎င်း နားလည်နိုင်သည့်ပမာ စကားပြောနေခဲ့မိ၏။
ဝှစ်
မတည်မြဲခြင်းတိုင်လုံးသည် ရုတ်တရက်အဆတစ်ရာပိုကြီးမားလာပြီးနောက် ရေကန်ထဲ တိုးဝင်သွားကာ ဧရာမလှိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
ဗွမ်း
ရေဆူပွက်လာပြီးနောက် မျက်နှာပြင်က ပူဖောင်းများ ပေါ်လာတော့သည်။
လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို သုံးပြီး ၎င်းကို ငြိမ်သက်သွားစေ၏။
“အေးခဲစေ”
ခွမ်း ....
ကန်ရေက ချက်ချင်းအေးခဲသွား၏။
လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကိုသိမ်းပြီးနောက် အော်ပြောလိုက်၏။
“ချုပ်နှောင်ရေးစည်းတံဆိပ်”
ဖုန်း
ချုပ်နှောင်ရေးစည်းတံဆိပ်က ကောင်းကင်မှကျလာက မတည်မြဲခြင်းတိုင်လုံးကို ဖိနှိပ်ထား၏။ လုကျိုးက ချုပ်နှောင်ရေးစည်းတံဆိပ်ပေါ် ဆင်းသက်လျက် ၎င်းအပေါ် ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။
ဖုန်း
မတည်မြဲခြင်းတိုင်လုံးသည် ၎င်းမလှုပ်နိုင်သည့်အနေအထားသည့်ရောက်အောင် ဖိနှိပ်ခံလိုက်ရ၏။ ယခုအခေါက်တွင် ကျုံ့သွားသည်။ ပြီးနောက် ၎င်းက သေးငယ်သည့်လမ်းကြောင်းတစ်ခုကို ရှာတွေ့ပြီးနောက် ကောင်းကင်ဆီပျံသန်းသွားလျက် အဝေးသို့ထွက်ပြေးသွားပုံပေါ်သည်။
လုကျိုးက တည်ငြိမ်နေသည်။ သူသည် လေးအသွင်ဖြင့်အမည်မဲ့ကို ဆွဲထုတ်ပြီး မြှားများ လျင်မြန်စွာ ပစ်လိုက်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ကောင်းကင်စွမ်းအားနှင့် ပေါင်းစည်းထားပြီဖြစ်သော မြှားတို့သည် မတည်မြဲခြင်းတိုင်လုံးအပေါ် ဆက်တိုက်ကျရောက်သွားပြီး ၎င်း၏ကိုယ်ထည်ကို နီရဲသွားစေကာ အရှိန်လျော့ကျသွား၏။
ပြေးစရာ မရှိတော့သောကြောင့် မတည်မြဲခြင်းတိုင်လုံးက နောက်လှည့်လာလျက် လုကျိုးဆီ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာ၏။
“သတိထား”
မတည်မြဲခြင်းတိုင်လုံး၏စွမ်းအားလျော့ကျသွားပြီဖြစ်သော်ငြား ၎င်းက သန်မာနေသေးသည်။ ၎င်းက အခြားသောလှည့်ကွက်များ ဝှက်ထားဦးမည်ဆိုတာ မည်သူက သိမည်နည်း။
လုကျိုးက ကောင်းကင်စွမ်းအားပါရှိသည့်လက်ဝါးစည်းတံဆိပ်ကို ထုတ်လိုက်၏။
ဘန်း
ထိပ်တိုက်တွေ့မှုမှ တန်ပြန်သက်ရောက်မှုသည် အေးခဲနေသော ရေကန်ကို ထက်ခြမ်းခြမ်းလိုက်သည်။ တစ်ဖန် သူတို့ကိ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေထဲရောက်သွားပြန်၏။
ဘီး
ထိုစဉ် မတည်မြဲခြင်းတိုင်လုံးပေါ်၌ လေပွေတစ်ခုဖွဲ့တည်လာတော့သည်။
“ထပ်ပြီးတော့လား” လုကျိုးသည် သူ၏သက်တမ်းလျော့သွားတာကို ခံစားမိသည်။ အစောတုန်းက သူ၏အမှားမှ သင်ယူခဲ့သည်။ ထို့အပြင် သူက ရှေးအစီအရင်ထဲတွင် မရှိတော့ပေ။ ထို့ကြောင့် ၎င်းကို သူ မည်သို့သည်းခံနိုင်မည်နည်း။
လက်ဝေ့ယမ်းလျက် လက်ဝါးစည်းတံဆိပ်ကို အရပ်မျက်နှာအသီးသီးပျံနှံ့သွားစေ၏။
သို့သော်ငြား မတည်မြဲခြင်းတိုင်လုံးက လက်ဝါးစည်းတံဆိပ်ကို ဖက်တွယ်သွားကာ လုကျိုး၏ သက်တမ်းကို စုပ်ယူနေသည်။
တစ်ဖန် လုကျိုး၏ သက်တမ်းက လျော့ကျလာ၏။ သူ အစောတုန်းက ရထားသည့် သက်တမ်းထောင်ချီက ၁၅မိနစ်မပြည့်မီ၌ အပြည့်အဝစုပ်ယူခံလိုက်ရသည်။ သူ၏သွင်ပြင်က အိုမင်းလာပြန်၏။ သို့သော် ယခုအခေါက်တွင် ပြောင်းလဲမှုက ညင်သာသည်။
ထိုစဉ် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်မှ အေးမြမှု ပျံ့လွင့်လာသည်။ ပြီးနောက် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်လာသည်။
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က လောကကြီးထဲ၌ အရသာအရှိဆုံး အစားအစာကို မြင်တွေ့လိုက်ရသည့်ပမာ အသက်စွမ်းအင်ကို လောဘတကြီး စတင်စုပ်ယူတော့သည်။
“...”
ငါ ဘာစောင့်နေတာလဲ။
လူအများစုသည် သူတို့ကိုယ်သူတို့ ကာကွယ် စောင့်ရှောက်ကြလိမ့်မည်။ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း ထိုအတိုင်းသာဖြစ်သည်။
“အဆင့်မြှင့်တင်မယ်”
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် အသက်စွမ်းအင်ကို ရူးသွပ်စွာ စတင်စုပ်ယူ၏။ အပြာရောင် အသွင်ပြောင်းလဲမှုကိုးပါး ယင်ယန်စိတ်ဝိညာဉ်သဏ္ဌာန်သည် မတည်မြဲခြင်းတိုင်လုံး၏ အသက်စွမ်းအင်ကို စုပ်ယူနေတာ မယုံနိုင်စရာကောင်းလှပေ၏။ ၎င်းသည် ပုရွက်ဆိတ်က ဆင်ကို စားသုံးနေသလိုပင်။
လုကျိုးသည် သူ၏ လက်ဝါးစည်းတံဆိပ်မှ အသက်စွင်းအင်သည် သူ၏လက်ထဲကနေ စွမ်းအားဗဟိုချက်ချီပင်လယ်ထဲ ရောက်သွားကာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ကျွေးမွေးနေတာ ခံစားရသည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဆက်လက်ကြီးထွားလာ၏။
“တင်း ... အဆင့်မြှင့်တင်မှု အောင်မြင်ပါပြီ”
လုကျိုးသည် အနည်းငယ်အံ့ဩသွားတော့သည်။ ယခုအချိန်၌ သူက တကယ်အဆင့်မြင့်သွားတော့၏။
“တင်း ... ကမ္ဘာဆယ်ခုစိတ်ဝိညာဉ်သဏ္ဌာန် ... နောက်ထပ်အဆင့်မြှင့်တင်ဖို့ သက်တမ်း တစ်သောင်း လိုအပ်သည်”
သက်တမ်းတစ်သောင်းက ရှည်ကြာလွန်းတယ် နှစ်ပေါင်းများစွာ စုဆောင်းရလိမ့်မယ်။
ယခုအချိန်တွင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ယခင်ကထက်ကြမ်းတမ်းလာပြီး မတည်မြဲခြင်းတိုင်လုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထား၏။ အသက်စွမ်းအင်သည် မတည်မြဲခြင်းတိုင်လုံးဆီကနေ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ဆက်လက်စီးဆင်းသွား၏။
လူတိုင်း ကြက်သေသေနေတော့သည်။
“ဘာတွေဖြစ်ကုန်တာလဲ"
...
အခန်း (၁၂၄၈) အညံ့ခံခြင်း
“မဆုတ်သာမတိုးသာ အခြေအနေလား”
“ဒါက မဆုတ်သာမတိုးသာ အခြေအနေနဲ့တော့ မတူဘူး။ မတည်မြဲခြင်းတိုင်လုံးက ရပ်တန့်သွားတဲ့ပုံပဲ”
ခုံဝမ်က ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မျှော်နန်းသခင်က အဆုံးမဲ့အဆင့်ပစ္စည်းကို အညံ့ခံစေဖို့ ကြိုးစားနေတာ။ မဟုတ်ရင် အလွယ်တကူ ဖျက်ဆီးပြီးလောက်ပြီ”
အားလုံးက အလွယ်တကူ ခေါင်းညိတ်လိုက်ကြသည်။ တစ်ယောက်က ထိုစကားများ ပြောရဲသလို ကျန်သူများကလည်း ယုံကြည်ရဲကြ၏။
လုလီက ထပ်ပြောလိုက်သည်။
“ခင်ဗျား ပြောတာဟုတ်တယ်။ မျှော်နန်းသခင်က ဘာပဲဖြစ်ဖြစ် ဆရာသခင်တစ်ယောက်လေ။ သူ့ဆီမှာ သူ့နည်းလမ်းနဲ့သူ ရှိမှာပဲ။ အရင်တုန်းကလည်း ...”
ယန်ကျန်းလော့က ချောင်းအသာဟန့်ကာ လုလီကို ဝင်တားလိုက်သည်။ သူက ယခင်ကနှင့် သူ့ဘိုးဘေးဆိုသည့် စကားကို ကြားရသည်မှာ ငြီးငွေ့နေပြီ ဖြစ်၏။
သူ့လိုမျိုး မိတ်ဆွေအပေါင်းအသင်းကသာ ထိုအရာကို တောင့်ခံနိုင်လိမ့်မည်။ တခြားသူများက သည်းခံနိုင်မည် မဟုတ်ပေ။
“...”
ကောင်းကင်ယံ၌ လုကျိုး၏ လက်ဝါးအထက် အသက်ဓာတ်စွမ်းအားနှင့် ရစ်ပတ်နေသည့် အားကောင်းကောင်း ဝဲကတော့တစ်ခု ပေါ်ထွက်လာသည်။
မတည်မြဲခြင်းတိုင်လုံးက လက်လျှော့လိုသည့်အလား အပြင်းအထန် ရုန်းကန်လာသည်။
အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်ကို စူးစမ်းလိုက်သည်။ ထိုအရာက အဆများစွာ ကြီးမားလာ၏။ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲမှ အက်ကွဲသံကို ကြားလိုက်ရဖို့ သိပ်မကြာလိုက်ပေ။
“တင်း အဆင့်မြှင့်တင်မှု အောင်မြင်ပါတယ်။ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန် နောက်ထပ်အဆင့်မြှင့်တင်မှုက သက်တမ်းနှစ် ၁၀၀၀၀လိုအပ်ပါမယ်”
မတည်မြဲခြင်းတိုင်လုံးက အထိအခိုက် မလုပ်နိုင်ခင် နောက်ထပ် နှစ်သက်တမ်း ၁၅၀၀၀ကို ဆုံးရှုံးလိုက်ရသည်။
ထိုအရာက မည်သို့လိုလားမည်နည်း။
ထိုအရာက ထပ်မံ ရုန်းကန်လာခဲ့၏။
သို့သော်လည်း လုကျိုးက ထိုအရာကို စိတ်တိုင်းကျ မည်သို့ပြုမူခွင့် ပေးထားနိုင်မည်နည်း။
ရှေးဟောင်းအစီအရင်အတွင်းတွင် ရှိစဥ်အခါက တိုင်လုံးဆီမှ စုပ်ယူခံလိုက်ရသည့် သက်တမ်းက ပြန်ရောက်လာသော်လည်း ပမာဏအမြောက်အမြား ကျန်ရှိနေဆဲဖြစ်၏။
ယဲ့ဝေ၏ အထွတ်အမြတ်အမွေအနှစ်မှ နှစ် ၅၀၀၀သက်တမ်းနှင့် အကြောင်းပြန်လှန်ကတ် ၂၀၀ကျော် ရှိသေးသည်။
ရှေးဟောင်းအစီအရင်၏ အားဖြည့်မှုဖြင့် ထိုအရာက အနည်းဆုံး နှစ်သက်တမ်း ၁၀၀၀၀ ကို စုပ်ယူထားသေး၏။
လုကျိုးက သူ့အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်ကိုတွေးကာ ပိုမိုစိတ်အေးလာမိသည်။
“ထွက်သွားဖို့ မစဥ်းစားနဲ့”
လုကျိုးက ထိုအရာကို လျစ်လျူမရှုထားခင် ပြောလိုက်သည်။
“...”
တစ်နာရီ ကြာမြင့်ပြီးသည့်နောက်
လုကျိုးက အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်သည် အသက်ဓာတ်စွမ်းအား အလုံအလောက် စုပ်ယူပြီးသွားပြီ ဖြစ်ကြောင်း ခံစားမိလိုက်၏။ အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်ဝန်းကျင်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်ထွက်လာကာ ပြုတ်ကျလာသည်။
“ဝှစ်”
“...”
လုကျိုးက ပွင့်ချပ် ထွက်လာသည့်အသံကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားလေ၏။ ထိုအရာက အလင်းစက်ကွင်းတစ်ခု ကျဆင်းလာသည့်နှင့် ချက်ချင်း ထွက်ပေါ်လာသည်။
ပွင့်ချပ်ထွက်သည့်ဖြစ်စဥ်ကို တွေ့ကြုံဖူးသည့် တစ်စုံတစ်ယောက်အနေဖြင့် သူက အလင်းစက်ဝန်း တစ်ကြိမ်တစ်ခါမျှ ပြုတ်ကျလာသည့်အခါ ပွင့်ချပ်တစ်ခုထွက်လာဖို့ရန်အတွက် မဖြစ်နိုင်ကြောင်း သိထားလေသည်။
သူက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ယခင်က ဆင့်ကဲပြောင်းလဲနိုင်ဟန်ပေါ်၏။ ထို့ကြောင့် အဆင့်မြှင့်တင်ထားသည့် ဒုတိယမြောက် စိတ်ဝိညာဥ်သဏ္ဌာန်က အတော်လေး မြန်ဆန်နေသည်။
သူ့စိတ်ထဲ တစ်စုံတစ်ခု ထွက်ပေါ်လာကာ သူက ထိုအရာပေါ် လက်တင်ကြည့်လိုက်၏။
“တင်းမ် အဆင့်မြှင့်တင်မှု အောင်မြင်ပါတယ်။ ပွင့်ချပ်၁လွှာ ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဥ်သဏ္ဌာန်။ ဒုတိယပွင့်ချပ်ကို ထွက်ဖို့အတွက် သက်တမ်းနှစ် ၁၀၀၀ လိုအပ်ပါလိမ့်မယ်”
ကံကောင်းစွာဖြင့် အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်၏ အဆင့်မြှင့်တင်မှုအတွက် လိုအပ်သည့်နှစ်များက တိုးတက်လာခြင်း မရှိပေ။
နောက်ဆုံးတွင် လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို ကြည့်ပြီးမေးလိုက်သည်။
“မင်း အညံ့ခံပြီလား”
ဤတစ်ကြိမ်တွင် တိုင်လုံးက အရေပြားတစ်လွှာကို ဖယ်ရှားခံလိုက်ရသည့်အလား ဖြစ်နေ၏။ အနက်ရောင်အရည်ပြားကို ခွာပြီးသည့်နောက်တွင် ယခုအခါ ကြေးနီရောင် ဖြစ်နေလေသည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
အနက်ရောင်အရည်ကွင်းက လေထဲမျောလွင့်နေကာ တောက်ပနေသည့် အနက်ရောင် သင်္ကေတများအဖြစ် ပြောင်းလဲသွားလေသည်။
“သူ့ရဲ့ စိတ်ဝိညာဥ်ဆိုင်ရာဖွံ့ဖြိုးမှုက ပျောက်ကွယ်သွားပြီ”
ခုံဝမ်က ရေရွတ်လိုက်၏။
“အဲဒါဆို အခု အသုံးမဝင်တော့ဘူးလား”
“မဟုတ်ဘူး။ အတိအကျ ပြောရရင်တော့ ဆန့်ကျင်ဘက်ပဲ။ မတည်မြဲခြင်းတိုင်လုံးရဲ့ စိတ်ဝိညာဥ်ဆိုင်ရာဖွံ့ဖြိုးမှုကို သခင်က ပေးထားတာလေ။ အဲ့လိုဆိုတော့ ယခင်သခင်ရဲ့ စိတ်ဝိညာဥ်ဆိုင်ရာက ပျောက်ကွယ်မသွားဘူးဆိုရင် အညံ့ခံအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ အခု အဲဒါက ပျောက်ကွယ်သွားပြီဆိုတော့ မျှော်နန်းသခင်က အညံ့ခံအောင်လုပ်လို့ရပြီလေ”
ယန်ကျန်းလော့က မေးလိုက်သည်။
“စိတ်ဝိညာဥ်ကို ဘယ်လိုထည့်သွင်းရမှာလဲ”
“ဒါက ...”
ထိုမေးခွန်းက ခုံဝမ်၏ အသိညာဥ်ထက် ကျော်လွန်နေသည်။ သို့သော်လည်း သူက ဥာဏ်ပညာကြီးမားသည့် လူတစ်ယောက်အသွင်ဖြင့် ပြောထားလေရာ မသိဘူးပြောလျှင် မျက်နှာပူဖို့ကောင်းလှသည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ် လုဝူက ပြောလာခဲ့၏။
“အခြေခံစိတ်ဝိညာဥ်သဏ္ဌာန်ကို ပေးဖို့ဆိုတာက သွေးတစ်စက်ပဲ လိုအပ်တယ်။ မြင့်မားတဲ့ စိတ်ဝိညာဥ်ကို ပေးဖို့ဆိုရင်တော့ စိတ်ခံစားချက်တွေပါ ပါလာလိမ့်မယ်။ အဲဒီအရာက တစ်နှစ်ပတ်လုံး သူ့ဘေးနားမှာထားပြီးတော့ အရှိန်အဝါနဲ့ အားဖြည့်ပေးတာမျိုးပေါ့”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
မင်ရှစ်ရင်က လုဝူကို ကြည့်ကာ ပြောလိုက်၏။
“ဒီလူတွေရဲ့ အသိဉာဏ်က ...”
“ဘာလဲ”
လုဝူက ခေါင်းညိတ်ကာ ပြောလာခဲ့သည်။
“သားရဲဧကရာဇ် တစ်ယောက်ထက် နိမ့်ကျနေတယ် ”
လုဝူက ပြောလိုက်သည်။
“ငါ ကုန်းမြေထဲလမ်းလျှောက်သွားနေတုန်းက မင်းတို့ အားနည်းတဲ့လူသားတွေက အမေ့ဗိုက်ထဲမှာပဲ ရှိအုန်းမယ်”
မည်သူကမှ လုဝူ၏ စကားကို ပြန်လည်မချေပနိုင်ကြပေ။ ထိုအရာက အမှန်တရားသာ ဖြစ်၏။
“...”
မတည်မြဲခြင်းတိုင်လုံး၏ စိတ်ဝိညာဥ်က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ထိုအရာက ငြိမ်သက်သွား၏။
ထို့နောက် လုကျိုးက အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်ကို သိမ်းပြီးသည့်နောက်တွင် အသက်ဓာတ်စွမ်းအားကို ဆက်လက် မစုပ်ယူတော့ပေ။ သူက မတည်မြဲခြင်းတိုင်လုံးတွင် နှစ်ဘယ်လောက် ပါဝင်နေကြောင်း အရင်ဆုံး အတည်ပြုဖို့ လိုအပ်သည်။ မဟုတ်ပါက အပြာရောင်စိတ်ဝိညာဥ်သဏ္ဌာန်သည် နှစ်အားလုံး စုပ်ယူလိုက်ပါက နှစ်အားလုံးသည် သတ္ထုတိုင်လုံးသာ ဖြစ်သွားလိမ့်မည်။
လုကျိုးက ဆုပ်ကိုင်ထားမှုကို အနည်းငယ် ဖြေလျှော့လိုက်၏။ မတည်မြဲခြင်းတိုင်လုံးဆီမှ တုံ့ပြန်မှုဟူ၍ မရှိပေ။
“ဟမ်”
သိပ်မကြာခင် လုကျိုးက စောစောလေးက သွေးစက်ကို ပြန်လည်အမှတ်ရသွား၏။ ထိုအရာက တိုင်လုံး၏ စိတ်ဝိညာဥ်ကြောင့် တားဆီးခံထားရဟန်ပေါ်သည်။ ယခုအခါ သူက လက်ချောင်းမှ သွေးစက်ကို ဖောက်ကာ တိုင်လုံးပေါ်ချလိုက်၏။ ထိုသွေးစက်က တိုင်လုံးပေါ် ကျရောက်သွားသည်နှင့် နေရောင်သဖွယ် တောက်ပလာကာ ချက်ချင်းဆိုသလို အလင်းတန်းက ပြန်လည်ပျောက်ကွယ်သွား၏။ ထို့နောက် ထိုအရာက လှုပ်ရှားမှုမရှိတော့သည့် ပစ္စည်းနှင့် တူလာသည်။
“တင်းမ် အဆုံးမဲ့အဆင့် မတည်မြဲခြင်းတိုင်လုံးကို အညံ့ခံအောင် ပြုလုပ်ပြီးပါပြီ။ စွမ်းရည် - စကြာဝဠာရဲ့ အသက်ဓာတ်”
“တင်း စကြာဝဠာရဲ့ အသက်ဓာတ်။ မိုင်တစ်ရာပတ်လည်က သက်ရှိအားလုံးရဲ့ အသက်ဓာတ်စွမ်းအားကို စုစည်းနိုင်ခြင်း”
လုကျိုးက နောက်ဆုံး သူ လိုချင်သည့်အရာကို ရလာပြီဖြစ်သည့်အတွက် စိတ်အေးမိသွားသည်။ သူက တိုင်လုံးကို သေသေချာချာ ဆုပ်ကိုင်ပြီးသည့်နောက်တွင် အသိစိတ်ဖြင့် စူးစမ်းကြည့်လိုက်သည်။ ထိုအရာ၏အထဲတွင် ပင်လယ်လောက် နက်ရှိုင်းသည့် နေရာလွတ်တစ်ခုရှိနေသည်ကို တွေ့ရှိသွား၏။ မတည်မြဲခြင်းတိုင်လုံး၏ အတွင်းနေရာလွတ်ထဲတွင် အသက်ဓာတ်ပမာဏအမြောက်အမြားကို ခံစားမိလိုက်သည်။
လုကျိုးက သူ့အသိစိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ယခုက မတည်မြဲခြင်းတိုင်လုံးကို လေ့လာစူးစမ်းဖို့ အချိန်မဟုတ်သေးပေ။ သူ့အတွေးတစ်ချက်ဖြင့် တိုင်လုံးက ပျောက်ကွယ်သွားလေ၏။
မတည်မြဲခြင်းတိုင်လုံးကဲ့သို့သော အဆုံးမဲ့အဆင့်ပစ္စည်းမျိုးကို အမည်မဲ့ကဲ့သို့ အတွေးတစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်သည်။
ထိုအရာကို မြင်ကာ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများက ပျော်ရွှင်သွားကြသည်။
သူတို့က တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ဦးညွှတ်လိုက်ကြ၏။
“မျှော်နန်းသခင် မတည်မြဲခြင်းတိုင်လုံးကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”
“ရှစ်စွင်း မတည်မြဲခြင်းတိုင်လုံးကို အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”
လုကျိုးက ရေကန်ဆီ ပြန်လာပြီး အားလုံးကို ကြည့်လိုက်သည်။
“မင်းတို့အားလုံးလည်း ကြိုးစားခဲ့ရတယ်”
ဒါက ကျုပ်တို့အားလုံးရဲ့တာဝန်ပါပဲ”
ခုံဝမ်ကပြောလိုက်သည်။
လုကျိုးက ရေကန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“လူတော်တော်များများက နေ့မြင်ညပျောက်မြို့အကြောင်းကို သိကြတယ်။ ပြီးတော့ ဒီမှာ ရှေးဟောင်းအစီအရင်တစ်ခုလည်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာက ပတ်ဝန်းကျင်က အရမ်းကောင်းတော့ ငါတို့တွေ အနီးအနားမှာ နားကြတာပေါ့”
“ဟုတ်ကဲ့”
အားလုံးက ဦးညွှတ်လိုက်ကြသည်။
လုကျိုးက ဦးဆောင်ပျံသွားပြီး ရေကန်ဆီ ဦးတည်လိုက်၏။
“ဝှစ် ဝှစ် ဝှစ်”
အားလုံးက နောက်မှ အနီးကပ် လိုက်ပါလာကြသည်။ သိပ်မကြာခင် သူတို့က တောင်ဘေးဘက်သို့ ရောက်ရှိလာကြသည်။ ထိုနေရာက ရေကန်နှင့် သိပ်မဝေးကွာဘဲ အနားယူဖို့ရာအတွက် နေရာကောင်းတစ်ခု ဖြစ်၏။
လုဝူ၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့်ပင် ထိုအရာက တောင်ခြေ၌ ပုန်းအောင်နိုင်မည့်နေရာကို ရှာဖွေနိုင်ဆဲ ဖြစ်၏။ တကယ်တော့ ထိုနေရာက လုဝူအား သာမန်အရွယ်အစားဖြင့် မြင်ရအောင် ပြုလုပ်ပေးထားပြီး လူသားများစွာကို ပုရွက်ဆိတ် အရွယ်အစားသဖွယ် ဖြစ်နေသည်။
လုကျိုးက နေရာကောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ဤတစ်ကြိမ် လုကျိုးက အားလုံးကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့ရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ပြဿနာရှိသေးလား”
အားလုံးက ခေါင်းခါလိုက်ကြသည်။
“ကျုပ်တို့ဆီမှာ ပြဿနာမရှိရုံတင် မကဘူး။ မတည်မြဲခြင်းတိုင်လုံးဆီကနေ နည်းနည်းတောင် ရလိုက်သေးတဲ့ပုံပါပဲ။ ကျုပ်တော့ အခု စွမ်းအားတွေ ပြည့်ဝနေတယ်”
ယန်ကျန်းလော့က ပြောလိုက်သည်။
“ကောင်းပြီ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“အဲဒါဆိုရင် ဒီနေရာကို ကျင့်ကြံရေးအတွက် နေရာအသစ်အဖြစ် အသုံးပြုမယ်။ ငါက တစ်ကီလိုမီတာဝန်းကျင် နယ်နမိတ် ချမှတ်ပေးထားမှာဆိုတော့ ကောင်းကောင်းကျင့်ကြံကြ”
အားလုံးက ထိုစကားများကြောင့် စိတ်အေးသွားကြသည်။
“ဟုတ်ကဲ့”
လုကျိုးက ညာဘက်လက်ကို မြှောက်လိုက်သည့်အချိန် သူ့လက်ဖဝါးအထက် ရွှေရောင် မတည်မြဲခြင်းတိုင်လုံး ထွက်ပေါ်လာသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်၏။
မတည်မြဲခြင်းတိုင်လုံးက ပျံသန်းသွားကာ မြေကြီးထဲ ထိုးစိုက်သွားပြီး ဝဲကန်တော့တစ်ခု ထုတ်လွှင့်လာသည်။
လုကျိုး၏ ထိန်းချုပ်မှုအောက်တွင် တိုင်လုံး၏သက်ရောက်မှုက ၁ကီလိုမီတာအထိ ကန့်သတ်ခံထားရသည်။
ဤသို့ဖြင့် သေးငယ်သည့် ကျင့်ကြံရေး ကောင်းကင်နယ်မြေတစ်ခု ဖြစ်တည်လာသည်။