အခန်း (၁၂၄၉-၁၂၅၁)
Vol. 84 Ch. 1249-1251
အခန်း (၁၂၄၉) အဆင့်တက်လာခြင်း
ဤနေရာသည် နေ့မြင်ညပျောက်မြို့၏ အပျက်အစီးနယ်မြေကဲ့သို့ ဆန်းကြယ်နေတာ မဟုတ်သော်ငြား အရပ်မျက်နှာအနှံ့မှ စုဝေးလာသည့် အသက်စွမ်းအင်ကို ရှင်းရှင်းလင်းလင်းခံစားမိသည်။ မင်ရှစ်ရင်က စွမ်းအင်ကိုအာရုံခံပြီးပြောလိုက်လေ၏။
“ကျင့်ကြံမှုအရှိန်က သုံးဆပိုမြန်လောက်တယ်”
“တိုင်လုံးရဲ့အခြေခံဝိညာဉ်စွမ်းရည်နဲ့ ရှေးအစီအရင်က ပြတ်လပ်တာကို ထည့်တွေးကြည့်ရင် နေ့မြင်ညပျောက်မြို့ထဲမှာ အဆင့်တက်နိုင်ဖို့က ခက်ခဲမှာစိုးရတယ်” ခုံဝမ်ကပြောလိုက်၏။
“မဟုတ်ဘူး ... မဟုတ်ဘူး။ ဒါက လုံလောက်ပြီ နေ့မြင်ညပျောက်မြို့ထဲမှာဆို လူသတ်နိုင်လောက်တယ်”
မင်ရှစ်ရင်က ပြန်ပြောလိုက်၏။
မည်သူကမှ ထိုအတွေ့အကြုံကို ထပ်မလိုချင်တော့ပေ။ ယင်းကို တွေ့ကြုံပြီးနောက် လောကကြီး ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ မတည်မြဲခြင်းတိုင်လုံးကို လုကျိုးက အညံ့ခံအောင် လုပ်ပြီးဖြစ်သော်ငြား ယခင်က ဖိအားရှိနေသေးဆဲဖြစ်သည်။
“မတည်မြဲခြင်းတိုင်လုံးက တကယ်ရှားပါးတဲ့ ရတနာတစ်ပါးပဲ။ သူက အသက်စွမ်းအင်တွေကို စုဝေးပြီး စုပ်ယူနိုင်၌ရုံမကဘူး လွတ်လပ်တဲ့နယ်မြေလည်းရှိတယ်” ခုံဝမ်က ပြောလိုက်၏။
တကယ်တော့ စွမ်းရည်၊ စကြဝဠာအသက်စွမ်းအင်တို့က အသက်စွမ်းအင်ကို စုဝေးပေးတာ မဟုတ်ပေ။ အချိန်ကိုလည်း အရှိန်မြင့်တင်ပေးသည်။ သို့သော် အချိန်ထိန်းချုပ်ခြင်းနှင့် မတူပေ။ အချိန်သည် သာမန်လူများ ထိန်းချုပ်နိုင်သည့် အရာမဟုတ်ပေ။
ယဲ့ရှောင်သည် အမည်မသိကုန်းမြေထဲ အချိန်တချို့ကြာနေပြီးနောက် ဆရာသခင်တစ်ပါးအပေါ် ပိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာ၏။
လုကျိုးက ယခုအခေါက်၌ လက်မြှောက်လိုက်၏။ "အရှိန်တင်”
မတည်မြဲခြင်းတိုင်လုံးက လုကျိုး၏အမိန့်ကို နာခံ၏။ လူတိုင်းသည် သူတို့အပေါ် ကျရောက်လာသည့် ဖိအားကို ခံစားမိလိုက်သည်။ ၎င်းသည် အနည်းငယ် မသက်မသာဖြစ်စေသော်ငြား အသက်စွမ်းအင် ပိုမိုကြွယ်ဝလာတာကို ခံစားမိ၏။
ဤနည်းဖြင့် သူတို့၏ ထူးကဲချီသွေးကြောရှစ်ခုဆီ ဖြတ်သန်းသွားသည့် စွမ်းအင်က အရှိန် ပိုမြန်လာတော့သည်။
မင်ရှစ်ရင်သည် သူ၏ပတ်ဝန်းကျင်ကို အာရုံခံမိပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
"ဆယ်ဆပိုမြန်သွားပြီ ... ကောင်းလိုက်တာ”
လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်လေ၏။ “ဟုတ်ပြီ ... သွားကျင့်ကြံကြတော့”
“နားလည်ပါပြီ”
“လောင်စစ်၊ ယွမ်အာ၊ ခရုလေး နေခဲ့ဦး”
သုံးယောက်သားကျန်ရစ်ခဲ့စဉ် ကျန်ရစ်သူများက တောအုပ်ထဲ ကျင့်ကြံရန်နှင့် အနားယူရန်နေရာရှာဖို့ ထွက်သွားကြသည်။ သူတို့က လုကျိုးကို မနှောင့်ယှက်ရမည်မှန်း သိနေသောကြောင့် ဝေးဝေးသို့သွား၏။ မည်သူကမှ စောဒကမတက်ခဲ့ပေ။ ထိုကဲ့သို့ လှပသောပတ်ဝန်းကျင်၊ ကောင်းမွန်သော နေရာ၌ လေ့ကျင့်ခွင့်ရတာ အလွန်ကောင်းမွန်သည်။
လူတိုင်းထွက်သွားပြီးနောက် လုကျိုးက လက်ဝေ့ယမ်းလျက် အိတ်ကိုချုံးချီဘေးသို့ ပစ်ပေးလိုက်၏။ ပြီးနောက် သူသည် ယုံဟယ်၏အသက်ဓာတ်နှလုံးသားတစ်ခုကို ထုတ်ကာ မင်ရှစ်ရင်အား ပေးလိုက်သည်။ ယခုတော့ ကျန်နှစ်ခုကို ထိန်းထားမည်။ ပြီးနောက် သူက အလယ်အလတ် အရည်အသွေးရှိ အသက်ဓာတ်နှလုံးသားနှစ်ခုကို ယူပြီးနောက် ရှောင်ယွမ်အာနှင့် ခရုလေးအား ပေးလိုက်၏။
“ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းတဲ့အချိန် အခြေခံအသက်ဓာတ်နှလုံးသားကို သုံးလို့ရတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ပါရမီကို ကြည့်ရင် အလယ်အလတ်အသက်ဓာတ်နှလုံးသားတွေက ပိုသင့်တော်တယ်”
အသက်ဓာတ်နှလုံးသားနှစ်ခုသည် ပျံသန်းခြင်းအမျိုးအစား အသက်ဓာတ်နှလုံးသား ဖြစ်ပြီး သူ၏အငယ်ဆုံး တပည့်နှစ်ယောက်အတွက် အလွန်သင့်တော်သည်။
ရှောင်ယွမ်အာက မေးလိုက်လေ၏။
“ရှစ်စွင်း ... ယုံဟယ်ရဲ့အသက်ဓာတ်နှလုံးသားကကော”
ယုံဟယ်၏ ခွန်အားကို မျက်မြင်တွေ့ပြီးနောက် ၎င်း၏အသက်ဓာတ်နှလုံးသားကို မည်သူက မလိုချင်ဘဲ ရှိမည်နည်း။
လုကျိုးက ပြောလိုက်၏။ "မင်းရဲ့ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ သားရဲဧကရာဇ်ရဲ့ နှလုံးသားကို သုံးတာက မသင့်တော်ဘူး။ ဒါ့အပြင် ယုံဟယ်ရဲ့အသံစွမ်းအင်က ခရုလေးရဲ့အသံစွမ်းအင်နဲ့ ဆန့်ကျင်ဖက်ပဲ။ နောင်ကျ မင်းတို့အတွက် ပိုသင့်တော်တဲ့ အသက်ဓာတ်နှလုံးသား ရှာပေးမယ်”
“ကျေးဇူးပါရှစ်စွင်း" ရှောင်ယွမ်အာက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်၏။ သူ၏ပခုံးပေါ်ရှိ မီးဇာမဏီလေးကလည်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ ... ထွက်သွားလို့ရပြီ”
“နားလည်ပါပြီ”
တပည့်သုံးဦး ထွက်သွားပြီးနောက် ရေကန်ဘေး၌ သူသာကျန်တော့သည်။
လုဝူက အစောင့်အရှောက်အနေဖြင့် မတည်မြဲခြင်းတိုင်လုံး၏အပြင်ဖက်၌ နေနေသောကြောင့် သာမန်ကြမ်းတမ်းခက်ထန်သားရဲများက မချဉ်းကပ်ရဲပေ။ လေထဲရှိ သားရဲပျံတို့သည် အနားသို့ကပ်လာပြီးသောအခါ ကွေ့ပတ်သွားရန် ရွေးချယ်ကြလေ၏။
လုကျိုးက မြေပြင်ပေါ်၌ တင်ပလ္လင်ခွေချိတ်ထိုင်ပြီးနောက် စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်၏။
ကျန်ရှိသောသက်တမ်း= ၂၁၁၃၀၉၇ (၅၇၈၉ နှစ်)
“ငါ သက်တမ်း ၆၀၀ကျော် ရလိုက်တာပဲ” လုကျိုးက တွက်ချက်မှုတချို့ပြုလုပ်ပြီးနောက် သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။ တကယ်ပင် မတည်မြဲခြင်းတိုင်လုံးက သူတို့သက်တမ်းကို ပြန်ပေးခဲ့၏။ မတည်မြဲခြင်းတိုင်လုံးက သက်တမ်းမြှင့်ပေးပြီးနောက် တချို့တလေရှိနေသေးသည်။
“တိုင်လုံးထဲမှာ သက်တမ်းဘယ်လောက်ရှိတာလဲ”
တိုင်လုံးကို အောင်နိုင်ပြီးနောက် လုကျိုးသည် အသက်စွမ်းအင်သည် ပင်လယ်တမျှ ကျယ်ဝန်းလှတာကို အာရုံခံမိသွား၏။ အသက်စွမ်းအင်ဆက်လက်စုဆောင်းနိုင်မည့်ပုံပေါ်သည်။ သို့သော် အသက်စွမ်းအင် စုဆောင်းသည့်အရှိန်သည် ရှေးအစီအရင်ထဲတွင် ရှိတုန်းကလို မဟုတ်တော့ပေ။ သူက အသက်စွမ်းအင် စုဆောင်းချင်ပါက အချိန်လိုအပ်၏။ အသက်စွမ်းအင်စုဆောင်းရန်အတွက် အဆုံးမဲ့အဆင့် ပစ္စည်းတစ်ခုကို တစ်နေရာရာမှ မချန်ထားခဲ့ဖို့ကလည်း သိပ်အဆင်မပြေပေ။
ပြီးနောက် လုကျိုးသည် သူ၏ကုသိုလ်မှတ်များကို စစ်ဆေးလိုက်သည်။
ကုသိုလ်မှတ်= ၉၁၇၆၀
သူ သက်ပြင်းချလိုက်မိသည်။ ထိုအမှတ်က သိပ်မများပေ။ သူသည် အစောတုန်းက အကြောင်းပြန်လှန်ကတ်အတွက် ငါးသောင်းသုံးခဲ့မိ၏။ ကံကောင်းသည်မှာ သူ့၌ တိုးမြှင့်လျော့ချရေးကတ်များ ရှိနေသေးသည်။ ထို့အပြင် လုဝူအနားတွင်ရှိနေသောကြောင့် နောက်ထပ်ဆရာသခင်တစ်ပါးနှင့် ပက်ပင်းတိုးလျှင်တောင် ပြဿနာမရှိ။
မတည်မြဲခြင်းတိုင်လုံး၏အာနိသင်ဖြင့် ခရမ်းရောင်တောက်ပသံကျောက်၏ အကူအညီမပါဘဲ ထူးကဲချီသွေးကြောရှစ်ခုဆီ ဖြတ်သန်းသွားသည့် ကနဦးချီ၏အရှိန်က ရုတ်ခြည်းတိုးလာတော့သည်။ အားနည်းချက်ကတော့ ရှိပေ၏။ မိမိ၏သက်တမ်းလျော့ကျမှုအရှိန်ကလည်း ဆယ်ဆမြန်လာသည်။
“ဒီနေရာမှာ ၁၀နှစ်က အပြင်လောကမှာ ၁နှစ်လိုပဲ” လုကျိုးက သူ့ဖာသာသူရေရွတ်ပြောပြီး ရေကန်မျက်နှာပြင်ကို စိုက်ကြည့်လိုက်၏။
“နည်းနည်းလေးနှေးနေတာ ဖြစ်လောက်တယ်”
လုကျိုးသည် မြေပြင်ကို လက်ဝါးဖြင့်ရိုက်လိုက်ရာ မတည်မြဲခြင်းတိုင်လုံးက ထပ်မံ ကြီးထွားလာပြန်သည်။ ယခုအခေါက်တွင် ၎င်း၏အရွယ်အစားက အနည်းငယ်သာတိုးလာ၏။ ၎င်း၏အကန့်အသတ် ရောက်သွားပုံပေါ်သည်။
ငါ့ရဲ့ကျင့်ကြံဆင့်က သူ့ရဲ့အစွမ်းအပြည့်ပြသရလောက်အောင် မမြင့်မားဘူး။ လုကျိုးသည် သူ့ဖာသာသူ စဉ်းစားလိုက်၏။ မည်သို့ပင်ဆိုစေ အရှိန်ကို ၁၅ဆတိုးနိုင်သည်ကတင် ကောင်းနေပြီဖြစ်သည်။
သူ၏ကျင့်ကြံမှုအရှိန် ၁၅ဆတိုးလာလျှင် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်မှုနှင့် နားလည်သဘောပေါက်မှုအရှိန်က မည်သို့ရှိမည်နည်း။
လုကျိုးက မျက်လုံးမှိတ်လျက် ဆင်ခြင်သုံးသပ်သည့်အခြေအနေထဲ ချက်ချင်းဝင်ရောက်သွားသည်။
ခဏကြာပြီးနောက် သူ၏အရှိန်သည် ယခုဆို ၅ဆမြင့်လာကြောင်းပြောနိုင်သည်။ ယင်းကို အခြေခံကြည့်လျှင် ကောင်းကင်ကျမ်းစာကို နားလည်သဘောပေါက်အောင် ဆင်ခြင်သုံးသပ်ခြင်းက သာမန်ကျင့်ကြံမှုထက် သုံးဆပိုခက်ခဲကြောင်း မြင်တွေ့နိုင်၏။
လုကျိုးသည် အရှိန်၅ဆတိုးလာခြင်းကို စောဒကတက်စရာအကြောင်းမရှိပေ။ ၎င်းသည် ခရမ်းရောင်တောက်ပသံကျောက် တစ်ခုရှိနေခြင်းနှင့် ညီမျှ၏။ ခရမ်းရောင်တောက်ပသံကျောက်က ၎င်း၏စွမ်းအင်ပြန်ရလာပြီးနောက် သူ၏အရှိန်သည် ပိုတောင်မြန်ဆန်လာလိမ့်မည်။
၆နာရီခန့်ကြာပြီးနောက် လုကျိုးသည် သူ၏ကောင်းကင်စွမ်းအားအပြည့်အဝပြန်ရလုနီးပါးဖြစ်လာသည်။ ထိုကဲ့သို့အရှိန်က အတိတ်တုန်းက မမျှော်လင့်နိုင်သည့်အရာဖြစ်သည်။
ပြီးနောက် လုကျိုးသည် ဆင်ခြင်သုံးသပ်တာရပ်တန့်လျက် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။
ရုပ်ဖျက်ကတ်နှင့် ဖုံးကွယ်ခြင်းကတ်က ပျောက်ကွယ်သွားသောကြောင့် အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်သည် သွင်ပြင်အမှန်ပေါ်လာသည်။
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က အပြာရောင်ထွန်းလင်းနေလျက် ၎င်းနားတဝိုက်တွင် ကောင်းကင်စွမ်းအားသည် ထူထဲသောမြူလွာပမာ ဝေ့ဝိုက်နေသည်။
“ထပ်လာခဲ့” လုကျိုးက လက်ဝေ့ယမ်းလိုက်၏။
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က မြေပြင်ပေါ် ဆင်းသက်သွားသည်။ လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်လိုက်၏။ သူသည် ဝဲဂယက်ထဲမှ အသက်စွမ်းအင်တချို့ကို အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပူးလိုက်၏။ ယခုအခေါက်တွင် စိတ်ဝိညာဉ်သဏ္ဌာန်၏ စုပ်ယူမှုသည် ယခင်ကထက် ပိုနှေးသွားတာ သိသာ၏။ ဆိုရလျှင် သူက တိုင်လုံး၏အကျယ်အဝန်းကို ထိန်းသိမ်းရန် လိုအပ်ရုံသာမက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်စွမ်းအင်စုပ်ယူခွင့်လည်း ပေးထားရမည်။
တစ်ချိန်တည်းတွင် လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို စစ်ဆေးရန် သူ၏အသိစိတ်ကို သုံးလိုက်၏။ များပြားလှသည့် အသက်စွမ်းအင်များ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ထဲ တိုးဝင်သွားတာကို ခံစားမိသည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အောက်ရှိ ကြာပွင့်က အစာစားရပြီးနောက် ယခုအခေါက်တွင် စတင်လည်ပတ်လာတော့သည်။
လုကျိုးသည် သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန် အဆင့်တက်သွားတာကို ခံစားမိသည်။
တစ်ချိန်တည်းတွင် တောင်ခြေရှိတောအုပ်ထဲတွင်ဖြစ်သည်။
ရှောင်ယွမ်အာသည် သူမရှစ်ရှိုးတို့၏အကြံပေးချက်ကြောင့် မွေးဖွားဇယားချပ်အသက်သွင်းခြင်းနှင့် ရင်းနှီးတာကြာပြီဖြစ်သောကြောင့် သူမ၏မွေးဖွားနန်းဆောင်တွင် အသက်ဓာတ်နှလုံးသားကို ထားဖို့က ဂရုစိုက်နေသေး၏။ အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်ထဲထားပြီးနောက် သူမ၏လက်ကို ပြန်ရုတ်သိမ်းကာ မျက်လုံးမှိတ်လိုက်တော့သည်။ သူမမွေးဖွားနန်းဆောင်ထဲရှိ ပြောင်းလဲမှုကို မကြည့်ရဲပေ။ သူမ ဆက်တိုက်ရေရွတ်ပြောနေ၏။
“မနာဘူး ... မနာဘူး ... မနာဘူး”
ကလစ်
ရှောင်ယွမ်အာသည် သူမလက်ကို အလိုလိုချလိုက်ပြီး သူမသည် အသံတစ်သံကိုကြားလိုက်ရသောအခါ မွေးဖွားနန်းဆောင်ကို ကြည့်မိသွား၏။ သူမကြာပလ္လင်နှင့် မွေးဖွားနန်းဆောင်က ချောမွေ့နေပြီး အသက်ဓာတ်နှလုံးသား၏ အရိပ်အယောင်တောင် မမြင်ရပေ။
“ငါ့ရဲ့အသက်ဓာတ်နှလုံးသား ဘယ်မှာလဲ”
ရှောင်ယွမ်အာသည် မီးဇာမဏီငယ်လေး၏ လည်ကုတ်ကို ဆုပ်ကိုင်လျက်မေးလိုက်၏။
“မီးဇာမဏီလေး ငါ ကြည့်မနေတုန်း စားလိုက်တာလား”
ကျီ
မီးဇာမဏီလေးက ခေါင်းအနည်းငယ်စောင်းလျက် ဇဝေဇဝါဖြစ်နေပုံပေါ်သည်။
...
အခန်း (၁၂၅၀) အဆင့်မြင့် အသေရိုက်ချက်ကတ် အပိုင်း(၁)
သူမ၏ မျက်နှာအထက် သံသယဖြစ်သည့် အမူအရာတို့ ရှိနေသော်လည်း ရှောင်ယွမ်အာက မီးဇာမဏီငယ်လေးကို ပုတ်ကာ ရေရွတ်လိုက်သည်။
“ငါ နင့်ကို အထင်မှားသွားတာပဲ”
ထို့နောက် သူမက ခေါင်းကုတ်လိုက်ပြီး ပြားချပ်နေသည့် မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။
“ကျွတ်”
မွေးဖွားနန်းဆောင်ထဲတွင် မေးဖွားဇယားချပ်ဇုန်တစ်ခု ဖြစ်တည်လာကာ ကတော့လိုမျိုး ချိုင့်သွားလေသည်။ ထိုအရာက မွေးဖွားဇယားချပ်အသက်သွင်းခြင်း၏ ဒုတိယအဆင့်ဖြစ်သည်။
ရှောင်ယွမ်အာက သက်ပြင်းချပြီးသည့်နောက်တွင် မွေးဖွားဇယားချပ်မြေပုံကို ထုတ်ကာ ရေရွတ်လိုက်သည်။
“ငါ နေရာမှားထားမိတာတော့ မဟုတ်ဘူးမလား။ ဒီမှာပါ။ ငါ အောင်မြင်သွားတာလား”
သူမက ယုံကြည်ဖို့ရာ အနည်းငယ် အခက်တွေ့နေလေ၏။ ရှစ်စွင်းဖြစ်သူ သီးသန့် ကျင့်ကြံနေစဥ်အချိန်အတွင်း သူမက တာ့ရှစ်ရှိုးကို အကြံဥာဏ် တောင်းဆိုခဲ့သည်။ ထိုစဥ် သူက မွေးဖွားဇယားချပ် အသက်သွင်းသည့်ဖြစ်စဥ်သည် နာကျင်ကြောင်း ဆက်တိုက် ပြောပြခဲ့၏။ သူက သူမသာ ထိုအရာကို တောင့်ခံနိုင်သ၍ အရာအားလုံးနှင့် ထိုက်တန်ကြောင်း ပြောခဲ့သည်။ ပထမဆုံး မွေးဖွားဇယားချပ် အသက်သွင်းခြင်းက သူမ၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ လမ်းကို ထွင်းပေးသွားလိမ့်မည်။
ရှောင်ယွမ်အာက နာကျင်မှုကို မခံစားမိသည့်အတွက် မွေးဖွားဇယားချပ်ထဲတွင် နေရာမှားကာ ထားမိသည်လားဟု တွေးမိသွားသည်။
“အာရုံစိုက်ထား”
ရှောင်ယွမ်အာက တင်ပျဥ်ခွေထိုင်ကာ သူ့မွေးဖွားနန်းဆောင်ရှိ အပြောင်းအလဲများကို စောင့်ကြည့်လိုက်သည်။
မတည်မြဲခြင်းတိုင်လုံး၏ သက်ရောက်မှုကြောင့် မွေးဖွားနန်းဆောင်၏ အသက်ဓာတ်စွမ်းအား စုပ်ယူနှုန်းက ၁၅ဆပိုမိုမြန်ဆန်နေလေ၏။
၁နာရီကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ ကြာပွင့်က လည်ပတ်မှု ရပ်တန့်သွားကာ မွေးဖွားနန်းဆောင်၏ အစွန်အဖျားတို့က အလင်းဖြင့် တောက်ပနေသည်ကို မြင်လိုက်ရသည်။
“ဒါပဲလား”
ရှောင်ယွမ်အာက နားမလည်နိုင် ဖြစ်နေလေ၏။
“ဝှစ်”
ဤတစ်ကြိမ် အစိမ်းဝတ်ရုံ ဝတ်ဆင်ထားသည့် ယွီရှန်းရုန်က ဓားကို လက်ထဲတွင် ကိုင်ဆောင်ရင်း သစ်ပင်ကိုင်းဖျားဆီ ရောက်ရှိလာသည်။ သူက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ကျိုးရှစ်မေ့ ပထမဦးဆုံး မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”
“ဟမ် အာ့ရှစ်ရှိုး။ ဒါပဲလား”
“ဟုတ်တယ်လေ”
ယွီရှန်းရုန်က ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေမဲ့ ညီမ ဘာလို့ ဘာမှမခံစားရတာလဲ”
ရှောင်ယွမ်အာက မေးလိုက်သည်။
“ရှစ်စွင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းဖို့ ပထမဦးဆုံး မွေးဖွားဇယားချပ်ကို အသက်သွင်းနှုန်းက ၄နာရီ ကြာမြင့်ခဲ့တယ်။ မင်းရဲ့ တာ့ရှစ်ရှိုးနဲ့ငါနဲ့က ၅ရက် ကြာမြင့်ခဲ့တယ်။ ဒီ မတည်မြဲခြင်းတိုင်လုံးကြောင့် အရှိန်က ၁၅ဆ မြန်ဆန်နေတာ။ ပြီးတော့ ရှစ်မေ့က ငါတို့အကြီးတွေထက် ပါရမီထူးကဲပြီးတော့ ပွင့်ချပ်၁၀လွှာအဆင့်မှာလည်း အချိန်အကြာကြီး နေခဲ့တာလေ။ အဲဒါကြောင့် အထွတ်အထိပ်သန့်စင် ကျောက်စိမ်းကျမ်း၊ မင်းရဲ့ အုတ်မြစ်နဲ့ဆိုရင် တစ်ကယ့်ကို တည်ငြိမ်နေပြီ။ အဲဒါကြောင့် မင်းအတွက် ၁နာရီလောက်နဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တာ အံ့ဩစရာမဟုတ်ပါဘူး”
ယွီရှန်းရုန်က ရှင်းပြလိုက်သည်။
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။
“ညီမ သိပြီ။ အာ့ရှစ်ရှိုး ကျေးဇူးပါ”
“အခု ပထမဦးဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းပြီးသွားပြီဆိုတော့ သံပူနေတုန်း နာနာထုသင့်တယ်။ မင်းရဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းလိုက်တော့”
ယွီရှန်းရုန်က ပြောလိုက်သည်။
“အာ့ရှစ်ရှိုးရော ဆက်ပြီး မကျင့်ကြံတော့ဘူးလား” သူမက ဆက်ပြီးမေးလိုက်သည်။
“မင်းရဲ့ စစ်ရှစ်ရှိုးကို လိုက်ရှာနေတာ”
ယွီရှန်းရုန်က ပြောရင်း ထွက်ခွာသွားသည်။ သူက အသက်ဓာတ်နှလုံးသား စုပ်ယူထားသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် မင်ရှစ်ရင်ကို ရှာဖွေကာ နောက်ထပ် အသက်ဓာတ်နှလုံးသား တစ်ခုကို စုပ်ယူချင်မိသည်။ မဟာနွယ်က အစကတည်းက သက်တမ်းတိုတောင်းသူများ ဖြစ်၏။
ကျင့်ကြံခြင်းမှ ရရှိထားသည့်သက်တမ်းက သာမန်ကျင့်ကြံသူများ ရရှိသည်ထက် တစ်ဝက်မျှသာ ရှိလေသည်။ သူ့အတွက် ကျင့်ကြံရေးနှုန်း ၁၅ဆ မြန်ဆန်နေခြင်းက တန်ကြေး ၂ဆမျှ ပေးနေရသလို ဖြစ်နေ၏။ ထို့ကြောင့် သူက ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ကျင့်ကြံရသည်ကို တခြားသူများထက် ပိုမိုတန်ဖိုးထား၏။
ထိုစဥ် ရှောင်ယွမ်အာက ယွီရှန်းရုန်၏ စကားကို နားထောင်ပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။
သူမက တင်ပျဥ်ခွေထိုင်ကာ ပေါင်ပေါ်လက်တင်ပြီး စွမ်းအင်ဗဟိုချက်ထဲရှိ ချည်ပင်လယ်ထဲမှ စွမ်းအားများကို လှည့်ပတ်လိုက်သည်။ ထို့နောက် သူမက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖြည်းဖြည်းချင်း ဖွဲ့စည်းလိုက်၏။
ဒုက္ခမိုင်တစ်ရာရှုကွင်းက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်အဖြစ် ဆင့်ကဲ ပြောင်းလဲသွားသည့်အခါ ထိုအရာက ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် တူလေသည်။ သဘောတရားအရ ထိုအရာက အင်မတန် နာကျင်သင့်၏။
လုကျိုး ဖွဲ့စည်းထားသည့် တစ်ကီလိုမီတာအတွင်း ရှေးဦးချီတို့က ရှောင်ယွမ်အာ၏ ချီသွေးကြောထဲ စီးဝင်လာသည်။ စွမ်းအင်များက အလျင်အမြန် လည်ပတ်နေပြီး သူမ၏ စွမ်းအင်ဗဟိုချက်ထဲရှိ ချီပင်လယ်ဆီ ပြည့်နှက်သွားစေသည်။ စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှ တစ်လျှောက် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာ၏။
ပထမဦးစွာ ကြာပွင့်ပေါ်တွင် မွေးဖွားနန်းဆောင်က စက်ဝိုင်းပြားတစ်ခုနှင့်တူလာသည်။ ထို့နောက် တစ်စုံတစ်ယောက်က ရေးထိုးလိုက်သည့်အလား ပုံသဏ္ဌာန်များ ဖြစ်ပေါ်လာသည်။
“ဒါက မွေးဖွားစက်ဝန်းပြားလား”
“ငါအာရုံစိုက်ဖို့ လိုတယ်။ ရှစ်ရှိုးတို့က မွေးဖွားနန်းဆောင်ရဲ့ စက်ဝန်းပြားက ကြယ်တာရာဒိုင်ခွက်အတွက် အုတ်မြစ်လို့ ပြောဖူးတယ်”
ရှောင်ယွမ်အာက အသက်ရှူနှုန်းကို ထိန်းညှိကာ အင်မတန် အလေးအနက်ထားလိုက်သည်။ သူမအတွက် အလေးအနက်ဖြစ်ဖို့ရာ အင်မတန်ရှားပါးလွန်းလှသည်။
“ဝှစ်”
မီးတောက်ဇာမဏီငယ်လေးက တောင်ပံခတ်ကာ မွေးဖွားနန်းဆောင်အနား ရောက်ရှိလာသည်။ ထို့နောက် နှုတ်သီးကို ဟကာ မီးတောက်ကို ပစ်ခတ်လာသည်။
“...”
ရှောင်ယွမ်အာက ညင်ညင်သာသာ ရိုက်ထုတ်လိုက်သည်။
“လာပြီး မရှုပ်နဲ့”
“ဝှစ်”
မီးဇာမဏီငယ်လေးက သစ်မြစ်ဖြင့် တိုက်မိသွားသည်။
ကြယ်တာရာဒိုင်ခွက်က အင်မတန်အရေးကြီးလှသည်။ အကယ်၍ သူမသာ အာရုံစူးစိုက်မှု ဆုံးရှုံးသွားပါက ကျင့်ကြံရေးအပေါ် ထိနှက်ချက်ကြီး ဖြစ်သွားနိုင်သည်။
ရှောင်ယွမ်အာနှင့် မီးဇာမဏီငယ်လေးတို့က တစ်နည်းနည်းဖြင့် ဆက်သွယ်နေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလာပြီဖြစ်ကာ မီးဇာမဏီငယ်လေးက ရှောင်ယွမ်အာကို မကြောက်တော့ပေ။ ထိုအရာက ပြန်ထပြီးသည့်နောက်တွင် မွေးဖွားနန်းဆောင်ဆီ ပျံသန်းလာ၏။
“ဘာတွေလုပ်နေတာတုံး”
ရှောင်ယွမ်အာက လက်ဝှေ့ကာ ပြောလိုက်သည်။
“ကြည့် ကြည့် ကြည့် တကယ်လို့ ထပ်ပြီး မီးမှုတ်တယ်ဆိုရင် မင်းကို မီးကင်ပစ်မယ်”
ရှောင်ယွမ်အာက ခြိမ်းခြောက်ကာ ပြောလိုက်သည်။ ခဏအကြာတွင် သူမက အော်ပြောလိုက်သည်။
“ခဏနေပါအုံး နင်က အခု မီးမှုတ်နိုင်ပြီလား”
သူမက ထရပ်ကာ မီးဇာမဏီငယ်လေးဆီ ပြေးသွားပြီး လက်နှစ်ဖက်ဖြင့် ဝှေ့ကာ ပြောလိုက်သည်။
“မြန်မြန် ထပ်ပြီးလုပ်ကြည့်အုံး”
မီးဇာမဏီငယ်လေးက မျက်တောင်ခတ်ပြီး ရှောင်ယွမ်အာကို ကြည့်ကာ နှုတ်သီးကို ဟလိုက်သည်။
“ဝှစ်”
လက်သီးအရွယ်အစားရှိသည့်မီးတောက်သည် ရှောင်ယွမ်အာဆီ ပျံသန်းကာ ရောက်ရှိလာ၏။
“ရှောင်ယွမ်အာ”
“...”
မီးဇာမဏီငယ်လေးက တောင်ပံခတ်ကာ သူမ၏ လက်ထဲမှ လွတ်မြောက်ဖို့ ကြိုးစားနေသည်။ ထိုအရာက လွတ်မြောက်သွားသည်နှင့် အဝေးတစ်နေရာဆီ ပျံသန်းသွားသည်။
ရှောင်ယွမ်အာက ဆံပင်ကိုထိလိုက်သည့်အချိန် မီးကျွမ်းသွားသည်ကို တွေ့လိုက်ရသည်။ သူမက မျက်နှာကို ထိလိုက်သည့်အချိန်တွင်လည်း လက်ချောင်းများ၌ အမည်းရောင် မီးခိုးများ ကပ်ပါလာလေ၏။ သူမ၏ တစ်ကိုယ်လုံးက ယခုအခါ တူးနံ့ထွက်နေလေသည်။ သူမက ဒေါသတကြီး အော်ပြောလိုက်၏။
“နင့်ကို ရိုက်ပစ်မယ်”
သူမက ရိုက်ပစ်တော့မည့်ဆဲဆဲတွင် ရွှေရောင်တောက်ပနေသည့် စက်ဝန်းများက သူမ၏ ဒုက္ခမိုင်တစ်ရာရှုကွင်းနောက်တွင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
“ကြယ်တာဒိုင်ခွက်လား”
သူမ၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဥ်သဏ္ဌာန်အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ဤတစ်ကြိမ် သူမ၏ ရွှေကြာနှင့် မွေးဖွားနန်းဆောင်တို့က ရွှေရောင်ဖြင့် တောက်ပနေသည်က တဖြည်းဖြည်း လှည့်ပတ်နေမှု ရပ်တန့်သွားခဲ့သည်။ သူ့တို့မွေးဖွားနန်းဆောင်ထဲရှိ နယ်မြေများက သိသာထင်ရှားကာ လှပလှသည်။ ရှောင်ယွမ်အာက ဘုံတစ်ထောင်လေပွေအဆင့်သို့ တရားဝင် ရောက်ရှိသွားပြီဖြစ်၏။
“...”
“တင်း တပည့်ဖြစ်သူ စီယွမ်အာက ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဥ်သဏ္ဌာန်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဆုလာဘ်အနေဖြင့် ကုသိုလ်ရမှတ် ၁၀၀၀၀ ရရှိပါတယ်”
“တင်း စီယွမ်အာက သင်ကြားမှု ပြီးစီးဖို့အတွက် လိုအပ်ချက်နှင့် ကိုက်ညီနေပါတယ်။ သူမကို သင်ကြားမှု ပြီးဆုံးစေလိုပါသလား”
“တင်း တပည့်တွေက သူတို့ဆရာဆီကနေ ထွက်သွားပြီးတော့ ကမ္ဘာကြီးဆီ ဝင်ရောက်ပြီးသွားတဲ့နောက်မှာလည်း သူတို့ဆရာအတွက် ဆုလာဘ်တွေကို ထပ်ပြီး ပေးနိုင်ပါလိမ့်မယ်”
စနစ်မှ အသိပေးသံကို ကြားကာ လုကျိုးက မျက်လုံးဖွင့်ကြည့်လိုက်သည်။
ရှောင်ယွမ်အာ မွေးဖွားဇယားချပ်ကို ဖွဲ့စည်းပြီး ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ခဲ့သည့် အမြန်နှုန်းက သူ့ကိုပင် အံ့အားသင့်စေ၏။
သူက ရှောင်ယွမ်အာ၏ ပါရမီသည် အင်မတန်မြင့်မားကြောင်း သိထားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ထို့ပြင် မဟာလေဟာနယ်မျိုးစိပ်က သူမအပေါ် သက်ရောက်မှုအကောင်းဆုံးရှိနေသည်။ သို့သော်လည်း ဤမျှကြောက်မက်ဖွယ်ပါရမီမျိုး ရှိလိမ့်မည်ဟု ထင်မှတ်မထားပေ။
သူ့တပည့်များကြား ရှောင်ယွမ်အာက ပါရမီအထူးကဲဆုံးဖြစ်၏။ သူမ၏ ကျင့်ကြံနှုန်းက အမြန်ဆန်ဆုံးဟုပင် ဆိုနိုင်သည်။
ခရုလေးက ပွင့်ချပ်၁၀လွှာအဆင့်ကို ပထမဆုံး ရောက်ရှိခဲ့သော်လည်း သူမက လော့ရွှမ်း၏ ကျင့်ကြံရေးများကို အမွေဆက်ခံထားသည့်အတွက် ထည့်မတွက်နိုင်ပေ။
အစမှအဆုံးထိ ရှောင်ယွမ်အာက ကံအပြောင်းအလဲအပေါ် မှီခိုခဲ့ခြင်းမရှိသလို ဖြတ်လမ်းကိုလည်း လိုက်ခဲ့ခြင်း မရှိပေ။ အချိန်တိုအတွင်း ပွင့်ချပ်၁၀လွှာရောက်ရှိလာသူက သူမ ဖြစ်ကြောင်း သံသယဖြစ်ဖို့ မလိုပေ။
“အဲ့လိုဆိုရင် သူမကို သင်ကြားမှု ပြီးမြောက်စေလိုက်ရတော့မှာလား”
တခြားသူများနှင့် မတူညီဘဲ လုကျိုးက ထိုအရာကို အလေးအနက် စဥ်းစားလိုက်သည်။
ရှောင်ယွမ်အာက ဘုံတစ်ထောင်လေပွေအဆင့်သို့ ရောက်ရှိသော်လည်း သူမက ကမ္ဘာကြီး၏ နည်းလမ်းများကို မသိသေးသလို အတွေ့အကြုံလည်း ကင်းမဲ့နေသေး၏။ ထို့အပြင် သူမ၏ အကျင့်စရိုက်ဖြင့် ကမ္ဘာကြီးထဲဝင်ရောက်ကာ ဂိုဏ်းတစ်ခုတည်ထောင်ဖို့ မသင့်တော်သေးပေ။ သူမအနေဖြင့် တပည့်များကို သင်ပေးဖို့အတွက်လည်း မဖြစ်နိုင်သေးပေ။ သူမက သူတို့ကို လမ်းမှားမရောက်အောင် ဦးဆောင်ခေါ်မသွားသည်ကပဲ ကောင်းမွန်နေသည် ဖြစ်၏။
“တကယ်လို့ ငါသာ သူမရဲ့ သင်ကြားမှုပြီးမြောက်စေတာကို ငြင်းဆန်လိုက်ရင် ဘယ်လိုဖြစ်သွားမှာလဲ”
လုကျိုးက စဥ်းစားလိုက်သည်။ သူတို့၏ သင်ကြားမှုကိုပြီးမြောက်စေဖို့ အရည်အချင်းပြည့်မှီသည့် တပည့်များကို ခွင့်ပြုပေးပြီးသား ဖြစ်၏။
“ငြင်းဆန်မယ်”
“တင်း တပည့်စီယွမ်အာက သင့်ဆီကနေ အရည်အချင်းပြီးမြောက်တယ်လို့ မမှတ်ယူမချင်း ဆက်တိုက် သင်ယူသွားပါလိမ့်မယ်”
“တင်းမ် ကြုံရာကျပန်းကတ်တစ်ခုနှင့် ချီးမြှင့်ခံရပါမယ်။ တပည့်ဖြစ်သူက သင်ကြားမှု ပြီးမြောက်မသွားသေးတဲ့အတွက် ဒီကတ်ကို အသုံးပြုတဲ့အခါမှာ သာမန်ပစ္စည်းအနေနဲ့ ကြုံရာကျပန်းဆုလာဘ် ချီးမြှင့်ခံရပါမယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက ထိုအရာဖြစ်မည်မှန်း မှန်းဆထားပြီးသား ဖြစ်သည်။
“တကယ်လို့ သင်ကြားမှုကို ပြီးမြောက်စေလိုက်တယ်ဆိုရင် ငါက ရှားပါးပစ္စည်းကို လက်ခံရရှိလိမ့်မယ်။ တကယ်လို့ ငြင်းဆန်မယ်ဆိုရင်တော့ ပုံမှန်ပစ္စည်းပဲ ရလိမ့်မယ်”
ဤသည်က အကျိုးအကြောင်း သင့်ပေသည်။ ထို့အပြင် ရှောင်ယွမ်အာက နောင်အနာဂတ်တွင် သင်ကြားမှုကို ပြီးမြောက်မည်သာ ဖြစ်၏။ ထိုစဥ်မှ သူက ရှားပါးပစ္စည်းဖြင့် ဆုချီးမြှင့်ခံရလိမ့်မည်။ ယခု သူက ထိုအရာကို တွေးရင်း ပုံမှန်ပစ္စည်းကို ရယူနိုင်ကြောင်း တွေးလိုက်မိ၏။
“ကြုံရာကျပန်းကတ်ကို အသုံးပြုမယ်”
“တင်း အသေရိုက်ချက်ကတ် ၃ကတ်ကို လက်ခံရရှိပါတယ်”
…
အခန်း (၁၂၅၁) အဆင့်မြင့် အသေရိုက်ချက်ကတ် (၂)
လုကျိုးသည် အသေရိုက်ချက်ကတ်သုံးကတ်ကြောင့် အံ့ဩသွားတော့သည်။ သူ၏ နားလည်သဘောပေါက်မှုအရ အသေရိုက်ချက်ကတ်များသည် ရှားပါးသောအသုံးပစ္စည်းကတ်အဖြစ် သတ်မှတ်နိုင်သည်။ ဆိုရလျှင် ၎င်းက အလွန်အသုံးဝင်ပြီး တန်ကြေးက ဆက်တိုက် မြင့်တက်နေသောကြောင့် ဖြစ်၏။ ယင်းကို ကြည့်လျှင် နောင်ကျ ထိုကတ်များသည် ပိုရှားပါးလာလိမ့်မည်။
လုကျိုးသည် ကိစ္စတစ်ခုကို ရုတ်တရက်တွေးမိသွား၏။ သူသည် ရှောင်ယွမ်အာ၏ပညာသင်ကြားမှု ပြီးမြောက်ခြင်းကို ငြင်းဆန်လိုက်သည်။ ထို့ကြောင့် သူက အသေရိုက်ချက်ကတ်သုံးကတ် ဆုရရှိသည်။ ၎င်းသည် စနစ်ပြောပုံအရ သာမန်ပစ္စည်းများဖြစ်၏။ နောင်ကျ သူမ ပညာသင်ကြားမှု ပြီးဆုံးသွားသည့်အခါ ရှားပါးသော အသုံးပစ္စည်းတစ်ခု ဆုရရှိလိမ့်မည်။ အတိတ်တုန်းက ကျန်သည့်တပည့်များကို ပညာသင်ကြားမှု ပြီးမြောက်ခွင့် ပေးလိုက်ခြင်းက အလျင်စလိုနိုင်လွန်းသည်ဟု ခံစားမိသွား၏။ ခဏအကြာတွင် သူက ပြောလိုက်တော့သည်။ “ပညာသင်ကြားမှု ပြီးဆုံးစေမယ်”
“တင်း ... ပညာသင်ကြားမှု မပြီးဆုံးစေချင် အနည်းဆုံးအချိန်တစ်နှစ် စောင့်ရပါမယ်”
“...”
လုကျိုးက ခေါင်းခါလိုက်၏။ ဒီစနစ်က ဟာကွက်တွေကနေ အမြတ်ထုတ်ခွင့်မပြုဘူးပဲ။ ထားလိုက်တော့ ... တစ်နှစ်ပဲကို။
ကျင့်ကြံခြင်းလမ်းကြောင်းက ရှည်ကြာ၏။ ရှေ့သို့တိုးတက်လေလေ တန်ဖိုးရှိသည့်အချိန်က လျော့နည်းလာလေဖြစ်သည်။ နှစ်ပေါင်း ၁၀၀ သို့တည်းမဟုတ် နှစ်ပေါင်း ၁၀၀၀သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားမည်ဖြစ်ရာ တစ်နှစ်ဆိုပြောရန်မလိုအပ်တော့ပေ။
ပြီးနောက် လုကျိုးသည် ကောင်းကင်ကျမ်းစာ၏ အမြင်စွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ် ရွတ်ဆိုနေတော့သည်။ မကြာမီ၌ ရှောင်ယွမ်အာက သူမ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အပေါ်ကနေအောက်အထိ လေ့လာနေတာကို တွေ့လိုက်ရ၏။
ရွှေရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်သည် ရှောင်ယွမ်အာနှင့် ဆင်တူပြီး ယင်းက တမူထူးကဲကာ ခမ်းနာထည်ဝါသည့်အငွေ့အသက်ရှိသည်။ ၎င်းဖြာထွက်နေသည့် ရွှေရောင်အလင်းတန်းတို့သည် လေးစားဖွယ်ကောင်းကာ မြင့်မြတ်ထည်ဝါပုံပေါ်၏။ ကြယ်တာရာဒိုင်ခွက်က ထွန်းလင်းတောက်ပနေပုံပေါ်ပြီး အနောက်တွင် လည်ပတ်နေတော့သည်။
“ကြယ်တာရာဒိုင်ခွက်ကို လွတ်လွတ်လပ်လပ်သုံးနိုင်တယ်။ စမ်းကြည့်ရအောင်” ရှောင်ယွမ်အာက လက်ကိုဝေ့ယမ်းလျက် သူမ၏ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကြယ်တာရာဒိုင်ခွက်ကို ရုပ်သိမ်းလိုက်သည်။ ပြီးနောက် လက်မြှောက်ကာ ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။ သူမက တစ်ချက်ကြိုးစားကြည့်ရုံမျှဖြင့်အောင်မြင်သွားသည်။
“ပျော်စရာကြီး”
လုကျိုး “...”
အစတည်းက လေးနက်သည့်ကိစ္စတစ်ရပ်ဖြစ်သည့် ကျင့်ကြံခြင်းသည် သူမစိတ်ထဲ ပျော်စရာ ဖြစ်သွားသည်။
ရှောင်ယွမ်အာက ကြယ်တာရာဒိုင်ခွက်နှင့်ကစားပြီး ပျော်မြူးနေ၏။ သူမ ၎င်းကိုထိန်းချုပ်ပြီးနောက် အရွယ်အစားကို အလွယ်တကူပြောင်းလဲခဲ့သည်။
တကယ်တော့ ဘုံတစ်ထောင်လေပွေအဆင့်သို့ ဝင်ရောက်ကာစလူတစ်ယောက်အတွက် သူတို့၏ ကြယ်တာရာဒိုင်ခွက်ကို ထိန်းချုပ်ဖို့က လွယ်ကူသည်။
ထိုမျှ လွယ်ကူသည်မဟုတ်။ ရှောင်ယွမ်အာက ပါရမီရှင်တစ်ယောက်ဆိုတာ သိသာနေ၏။ သူမသည် ကြယ်တာရာဒိုင်ခွက်နှင့်အသားကျရန် အချိန်အနည်းငယ်သာ ယူလိုက်ရသည်။
ထိုစဉ် မီးဇာမဏီက ရှောင်ယွမ်အာပျော်မြူးနေတာကို မြင်သောအခါ ပျံသန်းလာလျက် တကျီကျီအော်မြည်လိုက်သည်။ ၎င်းက တောင်ပံကို တဖျပ်ဖျပ်ခတ်လျက် ပျက်စီးနေသည့် ဟယ်လီကော်ပတာ ပမာပျံသန်းနေတော့သည်။ ပြီးနောက် ၎င်း၏နှုတ်သီးကို ဟလျက် သူမဆီနောက်ထပ်မီးလုံး ပစ်ထည့်လိုက်သည်။
ဝှစ်
မီးလုံးက ယခင်ကထက်ပိုကြီး၏။
ရှောင်ယွမ်အာသည် သူမအမှားမှ သင်ယူခဲ့ပြီးဖြစ်သည်။ ယခင်က မီးဇာမဏီလေးသည် မီးမှုတ်ထုတ်တတ်မှန်း မသိပေ။ ထို့ကြောင့် သူမ အငိုက်မိသွား၏။ ယခုအခေါက်တွင်မူ သူမ အောင်မြင်ခွင့်ပေးမှာမဟုတ်ပေ။
ရှောင်ယွမ်အာက တစ်ဖက်လှည့်လျက် မီးလုံးကိုပိတ်ဆို့ရန် ကြယ်တာရာဒိုင်ခွက်ကို သုံးလိုက်သည်။
ဝှစ်
ကြယ်တာရာဒိုင်ခွက်ပေါ်ကျသွားသည်နှင့် မီးတောက်များက ချုပ်ငြိမ်းသွားတော့သည်။
ရှောင်ယွမ်အာက ရယ်မောလိုက်လေ၏။ “မရပ်နဲ့ ဆက်သွားလေ”
မီးဇာမဏီလေးက နားထောင်ပြီး မီးများဆက်လက်မှုတ်ထုတ်သည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ၎င်း၏စွမ်းအင်များ လျော့ပါးသွားကာ လေထဲမှ ပြုတ်ကျလာလျက် အသက်ငင်နေတော့သည်။
ရှောင်ယွမ်အာက အရှေ့ရှိမီးတောက်များကို မြင်သောအခါ ကြယ်တာရာဒိုင်ခွက်ကို သိမ်းရန် ပြင်ဆင်လိုက်၏။ သူမက ကြယ်တာရာဒိုင်ခွက်ကို သိမ်းမည့်အချိန်၌ မီးစွဲနေတာကို တွေ့လိုက်ရသည်။ သူမ အထိတ်တလန့်အော်လိုက်မိ၏။ “မီး … မီး”
သူမ လက်အမြန်ဝေ့ယမ်းလိုက်ကာ ကြယ်တာရာဒိုင်ခွက်ကို ပျောက်ကွယ်သွားစေ၏။
သူမ လက်ဝေ့ယမ်းလိုက်ရာ မီးလောင်နေလျက်ရှိသည့် ကြယ်တာရာဒိုင်ခွက်က ပေါ်လာ၏။
သူမ မီးငြိမ်းရန် ကြိမ်ဖန်များစွာ ကြိုးစားသော်လည်း အချည်းနှီးပေ။ သူမ ထူးဆန်းနေလေ၏။ မီးတောက်ကို အချိန်ကြာမြင့်စွာ ကြည့်ပြီးနောက် မဝံ့မရဲမီးတောက်ကို ထိလိုက်သည်။ သူမ မီးမလောင်ကြောင်း ရှာတွေ့သွား၏။ မီးတောက်များသည် မီးဇာမဏီငယ်လေး ထွေးထုတ်သည့် မီးတောက်များနှင့် မတူပေ။ ၎င်းက ရွှေရောင်ဖြစ်၏။
“ကံမီးတောက်လား” ရှောင်ယွမ်အာက အထိတ်တလန့် ပြောလိုက်တော့သည်။
သူမက ခရုလေးနှင့်အချိန်ကြာမြင့်စွာ နေခဲ့ဖူးသောကြောင့် ခရုလေး၏အနီရောင်ကံမီးတောက်ကို တွေ့ခဲ့ဖူးသည်။ သူမရှစ်စွင်း၏ရွှေရောင်ကံမီးတောက်ကိုလည်း မြင်တွေ့ဖူး၏။ သူမမျက်နှာပေါ်၌ အပြုံးတစ်ခုချက်ချင်းပေါ်လာပြီး လက်ခုပ်လက်ဝါးတီးလိုက်လေ၏။ “ငါက တကယ်ကံမီးတောက် ပိုင်သွားပြီလား”
သူမသည် ပေါင်းပင်များရှိရာဖက်သို့ လက်ဖျောက်တီးလိုက်ရာ ကံမီးတောက်က ချက်ချင်းပင် ၎င်းတို့ကို လောင်ကျွမ်းသွားစေ၏။ ပြီးနောက် သူမသည် ကံမီးတောက်ကို အနည်းငယ် ပိုကြီးသည့်သစ်ပင်ဆီသို့ပစ်လွှတ်လိုက်သည်။ မီးမပြန့်စေရန်အတွက် သူမသည် မီးငြှိမ်းရန် နိဗာနခါးစည်းကို သုံးလိုက်တော့သည်။ “ဒါပျော်စရာပဲ”
သူမသည် မြေပြင်ပေါ်တွင်လှဲနေသော မီးဇာမဏီငယ်လေးကို ကြည့်ကာ ပြုံးလိုက်တော့သည်။ “ဟေ့ ကောင်လေး”
ကျိ
မီးဇာမဏီငယ်လေးက ခေါင်းမော့လိုက်သောအခါ သူ၏မျက်နှာဆီ ဦးတည်လာသည့် ရွှေရောင်မီးလုံးကို တွေ့လိုက်ရသည်။
ကျိ
လုကျိုးသည် အမြင်စွမ်းအားကို ဖြတ်တောက်လိုက်တော့သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရှားရှားပါးပါး ဖြစ်တည်လာသည်။
ဒီကလေးမက တကယ်ဆော့လွန်းသည်။
လုကျိုးသည် မီးဇာမဏီလေး၏ဘေးကင်းမှုကို စိတ်မပူပေ။ ဆိုရလျှင် မီးဇာမဏီတို့သည် မီးလောင်နိုင်စွမ်းမရှိ၊ ရှောင်ယွမ်အာ၏လုပ်ရပ်များက ငါးကို ရေထဲနှစ်နေခြင်းနှင့် တူသည်။
“တင်း ... သင်၏တပည့်လော့ရှစ်ယင်းက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်မြင်စွာ ဖွဲ့တည်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀၀”
“တင်း ... လော့ရှစ်ယင်းက ပညာသင်ကြားမှုပြီးမြောက်ရန် လိုအပ်ချက်ပြည့်မီပါပြီ။ သင် သူမကို သင်ကြားမှု ပြီးဆုံးပါစေလိုသလား”
“တင်း ... တပည့်တွေက သူတို့ဆရာဆီကနေထွက်သွားပြီးနောက် သူတို့ကမ္ဘာဆီ ဝင်ရောက်ပြီးတဲ့နောက်မှာလည်း သူတို့ဆရာအတွက် ဆုလာဘ်တွေကို ထပ်ပြီးပေးနိုင်ပါလိမ့်မယ်”
လုကျိုးက ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ ခရုလေးကော ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို အောင်အောင်မြင်မြင်ဖွဲ့တည်ပြီးတာလား။ ဒါမထင်မှတ်စရာပဲ။
ရှောင်ယွမ်အာနှင့်ခရုလေးက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်နိုင်မည်မှန်း သေချာပေါက် သိနေသော်ငြား နှစ်ယောက်လုံးတစ်နေ့တည်း ဖွဲ့တည်နိုင်လိမ့်မည်ဟု မထင်ထားပေ။
ရှောင်ယွမ်အာနည်းတူ လုကျိုးက ပြောလိုက်သည်။
“ငြင်းဆန်မယ်”
“တင်း ... သင့်တပည့်လော့ရှစ်ယင်က သင့်ဆီကနေ အရည်အချင်းပြီးမြောက်တယ်လို့ မမှတ်ယူမချင်း ဆက်တိုက်သင်ယူသွားပါလိမ့်မယ်”
“တင်း ... ကြုံရာကျပန်းကတ်တစ်ကတ် ဆုရရှိပါမယ်။ တပည့်ဖြစ်သူက သင်ကြားမှု ပြီးမြောက်မသွားသည့်အတွက် ဒီကတ်ကို အသုံးပြုတဲ့အခါမှာ ဆုလာဘ်အနေနဲ့ ကြုံရာကျပန်း ဆုချီးမြှင့်ခံရပါမယ်”
“ကျပန်းကတ်ကို သုံးမယ်”
“တင်း ... အသေရိုက်ချက်နှစ်ကတ်ရရှိပြီး တစ်ခုက အခြေခံတိုးမြှင့်အသေရိုက်ချက်ကတ်တစ်ကတ်ပါ”
ခရုလေးဆီမှ ရရှိသည့်ဆုလာဘ်သည် ရှောင်ယွမ်အာဆီမှ ရထားသည်ထက်အနည်းငယ်ပိုများသည်။ ကျပန်းကတ်က တကယ်ကျပန်းကတ်ဖြစ်၏။ သူ့ကို အဘယ်ကြောင့်များ အသုံးပစ္စည်းကတ်တစ်ရာ မပေးရသနည်း။
အခြေခံတိုးမြှင့်အသေရိုက်ချက်ကတ်သည် အစတည်းက ၎င်း၏အာနိသင်ဆုံးရှုံးနေပြီးဖြစ်၏။ မွေးဖွားဇယားချပ် ရှစ်ခုနှင့်အောက် လူများတွင်သာ အကျုံးဝင်သည်။ လက်ရှိတွင် သူ့၌ မွေးဖွားဇယားချပ် ၁၀ခုရှိပြီးဖြစ်သည်။ သူက ကောင်းကင်စွမ်းအားကိုအသုံးမပြုလျှင်တောင် မွေးဖွားဇယားချပ် ၈ခုကျင့်ကြံသူများကို ဖြေရှင်းရန် လွယ်ကူနေသည်။
“ပေါင်းစည်းဖို့လား”
ယခုသူ့၌ အသေရိုက်ချက်ကတ် ၅ကတ်ရှိနေပြီးဖြစ်သည်။ သူက နှစ်ကတ်ပေါင်းစည်းဖို့ တစ်ကတ်သာလိုသည်။
“ဝယ်မယ်” လုကျိုးသည် အသေရိုက်ချက်ကတ်တစ်ကတ်နှင့် ပေါင်းစည်းရေးတစ်ကတ် ဝယ်လိုက်၏။
သူသည် ကုသိုလ်မှတ် တစ်သိန်းနှစ်သောင်းထဲတွင် နှစ်သောင်းစွန်းစွန်းသာကျန်သည်။ သူက ညတွင်းချင်း မွဲတေသွားတော့သည်။ သို့သော် ယခုသူ့၌ဝှက်ဖဲများ လုံလုံလောက်လောက် ရှိနေသောကြောင့် ကုသိုလ်မှတ်များအတွက် စိတ်ဓာတ်သိပ်မကျတော့ပေ။
ရှေးဦးစွာ သူက အသေရိုက်ချက်ကတ် ၆ကတ်ကို အခြေခံတိုးမြှင့်အသေရိုက်ချက်ကတ်များအဖြစ် ပေါင်းစည်းလိုက်သည်။ ပြီးနောက် အခြေခံအသေရိုက်ချက် ၃ကတ်ကို ပေါင်းစည်းလိုက်၏။
“တင်း ... အဆင့်မြင့်တိုးမြှင့်အသေရိုက်ချက်ကတ်ရွေးချယ်မှုတစ်ခု ပစ်မှတ်၏မွေးဖွားဇယားချပ်ကို သုညအဖြစ်လျော့ချပေးနိုင်သည့် ရုပ်သေးနယ်ခြားစိတ်ဝိညာဉ်သဏ္ဌာန်နှင့် အခြားသော အသက်ကယ်နည်းစနစ်များ ပါဝင်၏။ မွေးဖွားဇယားချပ်၏အမြင့်ဆုံးအရေအတွက်က ၁၈ခုဖြစ်သည်။ ဒုတိယကွဲပြားသည့် ပစ်မှတ် ၂၀ပေါ်၌ အသုံးပြုနိုင်၏။ လူတစ်ယောက်ထဲကို ဖိအားပေး၍မရနိုင်”
“မဆိုးဘူးပဲ” တစ်နည်းအားဖြင့် ဤကတ်နှင့်လျော့ချရေးကတ်ကို တိုးသုံးလိုက်ပါက ဆရာသခင်တစ်ပါးကို သတ်နိုင်၏။
အဆင့်မြင့်တိုးမြှင့်အသေရိုက်ချက်ကတ်မပါဘဲ လုကျိုးသည် ရုပ်သေးများ ထူးဆန်းသောစိတ်ဝိညာဉ်သဏ္ဌာန်များနှင့် ကျန်သည့်လျော့ချရေးကတ်ကိုသာ အသုံးပြုမည်ဆိုလျှင် ရုပ်သေးများ ထူးဆန်းသောစိတ်ဝိညာဉ်သဏ္ဌာန်များနှင့် ကျန်သည့်ထူးဆန်းသော စိတ်ဝိညာဉ်သဏ္ဌာန်များကို ထည့်စဉ်းစားရဦးမည်။ ထို့အပြင် လျော့ချရေးကတ်သည် တပြိုင်နက်တည်း မွေးဖွားဇယားချပ်များစွာကို ဖျက်ဆီးနိုင်မှာမဟုတ်ပေ။ လျော့ချရေးကတ်ကို အသုံးပြုပြီးနောက် ဆရာသခင်တစ်ပါးသည် မွေးဖွားဇယားချပ် ၁၇ခု ရှိနေဦးမှာပဲဖြစ်သည်။
မွေးဖွားဇယားချပ် ၁၇ချပ်ကျင့်ကြံသူနှင့် မွေးဖွားဇယားချပ်ဆုံးရှုံးသွားသည့် ဆရာသခင်တစ်ပါးတို့က ကွဲပြားခြားနား၏။ မွေးဖွားဇယားချပ်တူညီသော်ငြား အလွန်ကွဲပြားခြားနားသည်။
လုကျိုးသည် သူ့လက်ကို မြှောက်လိုက်ပြီး အဆင့်မြင့်တိုးမြှင့်အသေရိုက်ချက်ကတ်ကို ဂရုတစ်စိုက် ရွေ့လာလိုက်သည်။ ၎င်းပေါ်ရှိ ပုံသဏ္ဌာန်များက ထင်ရှားနေကာ အပြာရောင်အလင်းဖျော့ဖျော့ ထွက်နေ၏။ ယင်းက ပိုကာကတ်နှင့်ဆင်တူသည်။
“ဟမ် ... ကြာပွင့်လား” မကြာမီ၌ လုကျိုးသည် ထူးကဲသောသဏ္ဌာန်များသည် ကြာပွင့်တစ်ပွင့်ပုံ ဖွဲ့တည်ထားတာ သတိပြုမိသွား၏။ စုတ်ချက်များနှင့် ကြာပွင့်နှင့်ဆက်နွယ်ထားသည့် လိုင်းတို့က ဆံချည်မျှင်များကဲ့သို့ပင် စုတ်ချက်တိုင်း၌ ဆန်းကြယ်သောစွမ်းအားများပါနေ၏။ ပြီးနောက် လုကျိုးက ကတ်ကိုသိမ်းလိုက်သည်။ ယခုဆို သူက ပိုတောင်ယုံကြည်ချက်ရှိလာသည်။
လုကျိုးသည် သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည်။ သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဒုတိယမြောက်ပွင့်ချပ် ဖူးပွင့်လာသည်။ ဖူးပွင့်လာသည့်အရှိန်က မဆိုးပေ။ ၎င်း၏အရှိန်က ယခင်ကနှင့်တော့မယှဉ်နိုင်။
သူ၏ယခင်အတွေ့အကြုံနှင့် ကောင်းကင်ကျမ်းစာစွမ်းအား၏ ခွန်အားကိုကြည့်ပြီး သူ၏ အပြာရောင်ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်က ယခုဆို သူ ကောင်းကင်စွမ်းအားအသုံးမပြုလျှင်တောင် ပိုသန်မာသည့်ရန်သူများကို ရင်ဆိုင်နိုင်နေပြီဖြစ်သည်။
“တင်း ... အဆင့်မြှင့်တင်မှု အောင်မြင်သွားပါပြီ”
“တင်း ... ပွင့်ချပ်နှစ်လွှာဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန် တတိယမြောက်ပွင့်ချပ်ဖူးပွင့်ရန် သက်တမ်း တစ်သောင်းလိုအပ်ပါတယ်”
ဒီတော့ ပွင့်ချပ်တစ်လွှာက သက်တမ်းတစ်သောင်းကုန်တာလား။ လုကျိုး ခေါင်းခါလိုက်သည်။ ထိုသို့ကောက်ချက်ချဖို့က စောလွန်းသည်။ နောင်ကျတန်ကြေးက နှစ်ဆဖြစ်လာလောက်သည်။
အပြာရောင်ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖယ်ပြီးနောက် လုကျိုးသည် ခဏတဖြုတ်စောင့်ဆိုင်းပြီးမှ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်လက်မြှင့်တင်ရန် ဆုံးဖြတ်လိုက်၏။ စုပ်ယူမှုအရှိန်က အတော်လေးလျော့ကျသွားတာကို ခံစားမိသည်။ ထို့အပြင် သူ စုပ်ယူနေမည်ဆိုပါက မတည်မြဲခြင်းတိုင်လုံးကို ထိခိုက်စေလိမ့်မည်။
ရန်နန်၏ကောင်းချီးမြေတွင်ဖြစ်သည်။
ယဲ့ကျန်းက လေထဲပျံဝဲလျက် လေ့ကျင့်ရေးခန်းမထဲ၌ တင်ပလ္လင်ခွေချိတ်ထိုင်နေ၏။
ထိုစဉ် အပြင်မှတပည့်တစ်ယောက်ဝင်လာပြီး ဦးညွှတ်ကာပြောလိုက်တော့သည်။
“အကြီးအကဲလေးယောက်က တွေ့ခွင့်တောင်းပါတယ်”
ယဲ့ကျန်းက မျက်လုံးဖွင့်ကာပြောလိုက်တော့သည်။ “သူတို့ကို ဝင်ခိုင်းလိုက်"
“ဟုတ်ကဲ့”
များမကြာမီ၌ ယဲ့ဝေနှင့်ကျန်သည့်သုံးယောက်က လေ့ကျင့်ရေးခန်းမထဲဝင်လာကာ ယဲ့ကျန်းကို နှုတ်ခွန်းဆက်လိုက်၏။
ယဲ့ကျန်းက အကြီးအကဲလေးယောက်ကို တစ်ချက်ကြည့်ပြီးမေးလိုက်သည်။ “ခင်ဗျားတို့အားလုံး ဒဏ်ရာတွေရလာတာလား”
ယဲ့ဝေက ပြောလိုက်၏။ "မတော်တဆပါပဲ။ နေ့မြင်ညပျောက်မြို့ထဲမှာ ယုံဟယ်လို့ခေါ်တဲ့ အစွမ်းထက်တဲ့ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်နဲ့တွေ့ခဲ့တယ်”
ယဲ့ကျန်းက ပြောလိုက်၏။ "ခင်ဗျားတို့ရဲ့ခွန်အားအရဆို သားရဲဧကရာဇ်ကို ဖြေရှင်းနိုင်လောက်တယ်။"