← Chapters

အခန်း (၁၂၅၂-၁၂၅၄)

Vol. 84 Ch. 1252-1254

အခန်း (၁၂၅၂-၁၂၅၄)

Vol. 84 Ch. 1252-1254

အခန်း (၁၂၅၂) ဆရာသခင်တစ်ယောက်၏ လက်စားချေမည့် အစီအစဥ်

အကြီးအကဲ၄ဦးက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က အဖြေကို ပြင်ဆင်ထားပြီးသား ဖြစ်၏။ ယဲ့ဝေက ပြောလိုက်သည်။

“အဲဒီအကြောင်းကို မ‌ပြောဘဲ နေကြစို့”

ယဲ့ကျန်းက သက်ပြင်းချကာ ပြောလိုက်သည်။

“မင်းတို့အားလုံးလည်း အနားယူလိုက်အုံး။ ငါလည်း ငါ့ကျင့်ကြံရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်”

ယဲ့ဝေက ယဲ့ကျန်း ဆိုလိုသည့်အရာကို သိလေသည်။ သူက ဦးညွှတ်ကာ ပြောလိုက်သည်။

“ဆရာသခင် ကျုပ် စကားကို နားထောင်ပါအုံး”

“ပြော”

“တပည့်၃၆ယောက်ရဲ့ သေဆုံးမှုက မီးဇာမဏီကြောင့် ဖြစ်တာလေ။ ကျုပ်တို့တွေ ရွှေကြာနယ်မြေရဲ့ ဆရာသခင်အစား မီးဇာမဏီကို လိုက်ပြီး ရှာဖွေသင့်တယ်”

ယဲ့ဝေက ပြောလိုက်သည်။

ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

ယခင်က အကြီးအကဲ၄ဦးသည် သူ့ထက်ပင် လက်စားချေလိုသည်ဟု ထင်ထားခဲ့မိသည်။ ထိုစကားများက ယဲ့ဝေ၏ ပါးစပ်မှ ထွက်လာလိမ့်မည်ဟု ထင်မှတ်မထားပေ။

“မီးဇာမဏီက ပစ္စည်းတစ်ခုပဲ။ ပြီးတော့ သူက အခု နတ်သားရဲ ဖြစ်နေပြီ။ ငါက မသတ်ချင်ဘူးလို့များ ထင်နေလား”

ယဲ့ကျန်းက အလေးအနက် ပြောလိုက်သည်။

“တကယ်လို့ ဆရာသခင်ချင်နဲ့ အဲဒီလူရဲ့ ပူးပေါင်းမှုကြောင့်သာ မဟုတ်ရင် ငါ မွေးဖွားဇယားချပ်၃ခုကို ဘယ်လိုလုပ် ဆုံးရှုံးသွားမှာလဲ။ ငါသာ ခိုးချောင်ခိုးဝှက် တိုက်ခိုက်မခံရဘူးဆိုရင် တပည့်၃၆ယောက်လုံးကလည်း သေဆုံးသွားမှာ မဟုတ်ဘူး”

ယဲ့ကျန်း၏ စကားများက တည်ငြိမ်သော်လည်း သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်က ရိုးရှင်းလှသည်။ ယဲ့ဝေက ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ဒီကိစ္စကို ဘေးဖယ်ထားသင့်တယ်လို့ထင်တယ်”

ယဲ့ကျန်းက မျက်ခုံးပင့်ကာ ယဲ့ဝေအား စိုက်ကြည့်လိုက်သည်။ တကယ်တော့ ယန်နန်တစ်ခုလုံး၌ သူက ယဲ့ဝေနှင့် အနီးကပ်ဆုံး ဖြစ်၏။ ယဲ့ဝေက သူပြီးလျှင် အားအကောင်းဆုံးဟု မှတ်ယူနိုင်သည်။ ထိုမျှသာမကသေးဘဲ ယဲ့ဝေက ဒုတိယမြောက် ဆရာသခင်ဖြစ်လာဖို့အတွက် အလားအလာအမြင့်ဆုံးသူ ဖြစ်၏။ ထိုလမ်းစဥ်က ရှည်လျားလျှင်ပင် ယဲ့ဝေက အနီးကပ်ဆုံး ဖြစ်နေသည့်အချက်ကို သံသယဖြစ်ဖို့မလိုပေ။ ယဲ့ကျန်းက ယဲ့ယွမ်ကျိုး၊ ယဲ့ကိန်နှင့် ယဲ့ယီချင်းတို့ကို ကြည့်လိုက်မိသည်။ သူက မေးလိုက်မိသည်။

“မင်းတို့ ၃ယောက်ကရော”

“ကျုပ်တော့ ဒီကိစ္စကို ဘေးဖယ်ထားသင့်တယ်လို့ ထင်တယ်”

“ဟုတ်တယ်”

“ကျုပ်လည်း အဲ့လိုထင်တယ်”

ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ခုနစ်စင်ကြယ်အလံအစီအရင်ရဲ့ တပည့်၃၆ယောက်က ယန်နန်ရဲ့ အဓိကအင်အားပဲ။ သူတို့က သာမန်တပည့်တွေ မဟုတ်ဘူး။ အဲဒါတင်မကသေးဘူး။ အစီအရင်အလံတွေကလည်း ဖျက်ဆီးခံလိုက်ရတယ်။ ငါတို့တွေ ဒီကိစ္စကို မေ့ထားလိုက်မှာလား”

“ခင်ဗျားက ဆရာသခင်လေ။ ဆရာသခင်တွေက ရက်ရောပြီးတော့ စိတ်ထားမသေးသိမ်သင့်ဘူး။ နောင်အနာဂတ်ကျရင် ပိုပြီး ကျင့်ကြံဖို့ကြိုးစားပေါ့။ ကျုပ်တို့ကလည်း အကောင်းဆုံး ကူညီပေးမယ်”

ယဲ့ဝေက ပြောလိုက်သည်။ ထိုစကားများက လေးနက်သော်လည်း အနည်းငယ် ထူးဆန်းနေ၏။

ယဲ့ကျန်းက ထိုအကြီးအကဲ၄ဦး၏ သဘောထား ပြောင်းလဲသွားသည့်အချက်ကို နားမလည်နိုင်ပေ။ သူက စိတ်ထဲမှ မကျေနပ်မှုကို ဖိနှိပ်ထားပြီး လက်ဝှေ့ကာ ပြောလိုက်၏။

“မင်းတို့တွေထွက်သွားတော့။ ငါ ဘာလုပ်ရမလဲဆိုတာ သိတယ်”

အကြီးအကဲ၄ဦးက ဦးညွှတ်ကာ ထွက်သွားကြ၏။ ထို့နောက် ယဲ့ကျန်း၏ ပုံရိပ်က လေ့ကျင့်ရေးခန်းမမှ ပျောက်ကွယ်သွားခဲ့သည်။

…………

လေက ညင်သာပြီး နေမင်းက တောက်ပနေကာ ကောင်းကင်ကြီးက ကြည်လင်နေသည်။

ယဲ့ကျန်း၏ ပုံရိပ်က တိမ်တိုက်များကြား ထိုးခွင်းထွက်နေသည့် စင်တစ်ခုအပြင်ဘက်ကို ရောက်ရှိလာ၏။ သူက လှမ်းခေါ်လိုက်သည်။

“အစ်ကိုထော့ပါ ကျုပ်နဲ့စကားပြောရအောင်”

“အထဲဝင်ခဲ့လေ”

စားပွဲရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခု ထိုင်နေသည်ကို မြင်တွေ့နိုင်သည်။ စားပွဲပေါ်၌ အဖန်ရည်၂ခွက်နှင့် လက်ဖက်ရည်အိုး တစ်အိုး ရှိနေလေသည်။

ထော့ပါစစ်ချန်က အဖန်ရည်ကို ကျိုချက်ရင်း ပြောလိုက်သည်။

“ထိုင်အုံးလေ”

ထော့ပါစစ်ချန်က အဖန်ရည်ခွက်ထဲ ငှဲ့ပေးလိုက်သည်။

ယဲ့ကျန်းက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူက အဖန်ရည်ကို သောက်ကာ တစ်ခေါက်တည်းဖြင့် အကုန်သောက်လိုက်သည်။ သူက ဒေါသထွက်နေမှန်း သိသာလှသည်။

ထော့ပါစစ်ချန်က ပြုံးကာ မေးလိုက်သည်။

“ဘာတွေ အဲ့လောက်ဒေါသထွက်နေရတာလဲ”

“အဲဒီလူက ကျုပ်မွေးဖွားဇယားချပ်တွေကို ဖျက်ဆီးပစ်ခဲ့တာ။ တကယ်လို့ အစ်ကိုထော့ပါကြောင့်သာ မဟုတ်ရင် ကျုပ်တော့ သေသွားလောက်တယ်။ ပြီးတော့ ကျုပ်တပည့် ၃၆ယောက်ကလည်း အလကားသေဆုံးသွားလို့ မဖြစ်ဘူးလေ”

ယဲ့ကျန်းက ပြောလိုက်သည်။

ထော့ပါစစ်ချန်က ရယ်မောပြီး ပြောလိုက်သည်။

“ဒီလောက် ရက်တွေအများကြီးကြာတာတောင် အခုမှ ဒေါသထွက်ဖို့ သတိရတာလား”

ယဲ့ကျန်းက သက်ပြင်းချလိုက်၏။

“အကြီးအကဲ၄ဦးကလည်း ဒီကိစ္စကို လက်လွှတ်ဖို့ အကြံပေးနေကြတယ်”

ထော့ပါစစ်ချန်က ခေါင်းညိတ်လိုက်သည်။

“ငါတော့ သူတို့ကို နားလည်တယ်”

“သူတို့ကို နားလည်တယ်တဲ့လား”

“အဲဒီလူရဲ့ နည်းလမ်းတွေက ထူးဆန်းတယ်။ ပြီးတော့ သူက ချင်ရန်ယွဲ့ရဲ့ အကူအညီလည်း ရှိသေးတယ်။ အကြီးအကဲတွေက ရန်သူမလုပ်ချင်တာ မထူးဆန်းတော့ပါဘူး”

ထော့ပါစစ်ချန်က ပြောလိုက်သည်။

“တကယ်ကြီး လက်စားချေချင်တာလား”

ယဲ့ကျန်းက တိတ်ဆိတ်နေမိသည်။

ထော့ပါစစ်ချန်က ဆက်ပြောလိုက်သည်။

“ဆရာသခင်တစ်ယောက်အနေနဲ့ အငြိုးတရားတွေကို ဆုပ်ကိုင်မထားသင့်ဘူး။ အဲဒါကြောင့် မင်းက ၁၉ ခုမြောက် မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်သေးတာပဲ”

ယဲ့ကျန်းက ဘာမှမပြောပေ။

ထော့ပါစစ်ချန်က ယဲ့ကျန်းရှေ့တွင် လက်ကိုဖြန့်ကာ ပြောလိုက်သည်။

“မဟာလေဟာနယ် ဆေးလုံး”

အစ်ကို ထော့ပါက အခြေအနေကို အခွင့်ကောင်းယူဖို့ကြိုးစားနေတာလား”

ယဲ့ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

ထော့ပါစစ်ချန်က ပြောလိုက်သည်။

“မင်း အတွေးလွန်နေပြီ။ တကယ်လို့ ငါသာ အခြေအနေကို အခွင့်ကောင်းယူချင်တယ်ဆိုလို့ရှိရင် မင်း မွေးဖွားဇယားချပ်၃ခုပြန်မကောင်းခင် ယန်နန်ဆီ လာခဲ့မှာပေါ့။ မင်းသဘောတူလား မတူဘူးလားဆိုတာပြော”

“ကျုပ်ကို အကြောင်းပြချက် တစ်ခုပေး”

ယဲ့ကျန်းက ပြောလိုက်သည်။

“သေသေချာချာကြည့်ထား”

ထော့ပါစစ်ချန်က ညာဘက်လက်ကိုကြည့်ကာ အသာတွန်းလိုက်၏။

ကြယ်တာရာဒိုင်ခွက်က ထွက်ပေါ်လာသည်။ အစိမ်းရောင် ကြယ်တာရာဒိုင်ခွက်က မွေးဖွားဇယားချပ် ၁၉ ခုဖြင့် တောက်ပနေလေ၏။ အကြီးမားဆုံး မွေးဖွားဇယားချပ်က အတောက်ပဆုံး ဖြစ်လေသည်။

ထော့ပါစစ်ချန်က လက်ကို ဝှေ့လိုက်သည့်အချိန် ကြယ်တာရာဒိုင်ခွက်က ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

“မွေးဖွားဇယားချပ် ၁၉ခုလား” ယဲ့ကျန်းက အနည်းငယ် အံ့အားသင့်သွား၏။

ထော့ပါစစ်ချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ထူးဆန်းတယ်။ ငါမင်းကို အဲဒီနေ့က ကယ်ပြီးတဲ့နောက်မှာ ပြန်ရောက်တာနဲ့ သီးသန့်ကျင့်ကြံရေး ဝင်ခဲ့တယ်။ လွန်ခဲ့တဲ့၃ရက်ခန့်က ငါ ၁၉ခုမြောက် မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့တယ်လေ”

၁၉ခုမြောက် မွေးဖွားဇယားချပ်က ကန့်သတ်ချက် မဟုတ်သော်လည်း အသက်သွင်းဖို့ ခက်ခဲလှသည်။ အခက်အခဲနှုန်းက မြင့်မားရုံသာမက သင့်တော်ကာ အရည်အသွေးမြင့်သည့် သက်တန့်နှလုံးသားကို ရှာဖွေရန်လည်း ခက်ခဲလှ၏။

ယဲ့ကျန်းက အကြည့်များ တောက်ပလာသည်။ သူ့ခေါင်းထဲ မနာလိုမှုနှင့် အားကျမှု ပေါ်ထွက်လာပြီးသည့်နောက်တွင် အလျင်အမြန်ပျောက်ကွယ်သွားလေ၏။ ထို့နောက် သူက ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ်”

ထော့ပါစစ်ချန်က သူ့ခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ငါက ဥာဏ်အလင်းပွင့်သွားတာ။ မဟာလေဟာနယ် ဆေးလုံးနဲ့ဆိုရင် ငါ့ရဲ့ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်နိုင်တယ်။ ငါ ၂၀ခုမြောက် မွေးဖွားဇယားချပ်ကိုတောင် အသက်သွင်းနိုင်လောက်တယ်”

သူက အနည်းငယ် အားကျနေမိသည်။ သို့သော်လည်း အဆုံးသတ်၌ ဘာမှမဟုတ်ပေ။ သူက ထော့ပါစစ်ချန်ကို ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ်”

“ဥာဏ်အလင်းပွင့်တာလား”

ယဲ့ကျန်းက မေးလိုက်သည်။

ထော့ပါစစ်ချန်က ထိုနေ့ရက်က ဖြစ်ပျက်ခဲ့သမျှကိုတွေးပြီး ခေါင်းအသာယမ်းလိုက်သည်။

“ညီအစ်ကိုယဲ့ … ငါ့ကို နားလည်ပေးဖို့ မျှော်လင့်တယ်။ ငါ အဲဒီအကြောင်းကို ပြောပြလို့မရဘူး”

ယဲ့ကျန်းက သက်ပြင်းချလိုက်သည်။

“တစ်ခါနားထောင်ရုံနဲ့ နားလည်သွားတယ်ဆိုတာက ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။ ထားလိုက်ပါ‌တော့။ ဘာပဲဖြစ်ဖြစ် မဟာလေဟာနယ်ဆေးလုံးကို ၃ရက်အတွင်း ပေးမယ်”

“ကျေးဇူးပါ”

ထော့ပါစစ်ချန်က ပြုံးကာပြောလိုက်သည်။

“မင်းရဲ့ကိစ္စက ငါ့ရဲ့ကိစ္စပဲလေ။ မင်းက ဖန်ကျုံးကို သွားပြောတာ ကောင်းလိမ့်မယ်။ အဲဒီလူအိုကြီးရဲ့ ရပ်တည်မှုက မကွဲပြားဘူး”

ယဲ့ကျန်းက ပြောလိုက်သည်။

“ကျုပ်သိပါပြီ”

ထို့နောက် ယဲ့ကျန်းက လေဟာနယ်ထဲ ပျောက်ကွယ်သွားလေ၏။

…………….

အဖြူရောင်နန်းဆောင်အတွင်း

အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဦးညွှတ်ကာ ပြောလိုက်သည်။

“သခင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ဘေးကင်းပါတယ်။ မျှောင်စင်သခင် ယဲ့ထျန်းရှင်းကလည်း သူမရဲ့မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းပြီးသွားပြီ။ အခု သူမဆီမှာ မွေးဖွားဇယားချပ် ၃ခု ရှိနေပြီ”

လန်ရှီဟယ်က ခေါင်းညိတ်လိုက်သည်။

“မဟာလေဟာနယ် မျိုးစေ့ကို ပိုင်ဆိုင်ထားတဲ့သူ ဆိုတဲ့အတိုင်းပဲ သူမက တတ်နိုင်သမျှ မြန်မြန်အားကောင်းပြီးတော့ အဲဒီမှာ မျှခြေထိန်းညှိသူ ဖြစ်လာဖို့ မျှော်လင့်ပါတယ်”

“သခင် မျှခြေ မညီမျှမှုက ဆက်ပြီး ကြီးထွားနေတုန်းပဲ။ အခုမျှခြေထိန်းညှိသူ မလိုလောက်ဘူးလို့ ထင်နေတာ”

“ဟုတ်တယ်။ ဒါပေမဲ့ အခုပဲ မလိုတာလေ။ နောင်တစ်ချိန်မှာ မလိုဘူးလို့ မပြောနိုင်ဘူး”

လန်ရှီဟယ်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူမက မေးလိုက်သည်။

“အမည်မသိကုန်းမြေမှာရော အခြေအနေဘယ်လိုလဲ”

“သခင် အဲဒီမှာ နတ်သားရဲတစ်ကောင် ပေါ်လာပြီးတော့ အဆုံးမဲ့ပင်လယ်ရဲ့ အရှေ့ဘက်ခြမ်းကို ပျံသန်းသွားတယ်။ မျှခြေထိန်းညှိသူက မတိုက်ခိုက်ခဲ့ဘူး။ မျှော်နန်းသခင်လုအတွက်ကိုတော့ သူ့သဲလွန်စကို ရှာမတွေ့သေးဘူး”

လန်ရှီဟယ်က သက်ပြင်းချလိုက်ပြီး မျက်လုံးကို အသာမှိတ်ကာ ရေရွတ်လိုက်သည်။

“ကြည့်ရတာ ငါ မှားနေခဲ့တာလား...”

………………

မျက်စိတစ်မှိတ်အတွင်း ၃လခန့် ကုန်ဆုံးသွားခဲ့သည်။

သေးငယ်သည့် တော်ဝင်ကျင့်ကြံရေး နယ်မြေတစ်ခုအတွင်း

အချိန်တစ်ခုခန့် ကြန့်ကြာနေပြီးသည့်နောက်တွင် သူ့မွေးဖွားနန်းဆောင်က တည်ငြိမ်လာကြောင်း ခံစားမိလိုက်သည်။ ထိုအမြန်နှုန်းက အပြင်ဘက်တွင် ၂နှစ်တာ လေ့ကျင့်ခြင်းနှင့် ယှဥ်နိုင်လေ၏။

သူက နောက်မွေးဖွားဇယားချပ်ကို အပြည့်အဝ အသက်သွင်းနိုင်ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်၌ ကျင့်ကြံရေး လမ်းစဥ်သည် မည်မျှရှည်လျားကြောင်း သဘောပေါက်သွားစေသည်။

လုကျိုးက သူ့ကြာပွင့်ကို ထုတ်ဖော်ပြီးသည့်နောက်တွင် သူ့မွေးဖွားနန်းဆောင်နှင့် မွေးဖွားဇယားချပ်များကို ကြည့်လိုက်သည်။

...

အခန်း (၁၂၅၃) ဒုတိယမြောက်မဟာမွေးဖွားဇယားချပ်

လက်ရှိတွင် လုကျိုးက လူသားဒေသတွင် မွေးဖွားဇယားချပ် ၇ခုအသက်သွင်းခဲ့၏။ မပေါ်ပေါက်လာသည့် လူသားဒေသထဲတွင် ဇုန်ငါးခုရှိနေသေးပြီး သူ၏ကြာပလ္လင်ကို ချဲ့ထွင်ပြီးမှသာ ၎င်းတို့ပေါ်လာလိမ့်မည်။ ထိုအရာအပြင် နောက်ထပ်မွေးဖွားဇယားချပ် အသက်သွင်းဖို့က ခက်ခဲလိမ့်မည်။

မွေးဖွားဇယားချပ်ကို အသက်သွင်းရန် အရည်အချင်းရှိဖို့လိုသည်။ မိမိသည် အသက်သွင်းမှု၏ ခက်ခဲမှုအခြေအနေကို ထည့်သွင်းစဉ်းစားထားရမည်။ ပုံမှန်ဆို ခက်ခဲမှုအဆင့်သည် မွေးဖွားဇယားချပ်များ ဆက်လက်အသက်သွင်းသည်နှင့်အမျှ တိုးလာလေ၏။ မွေးဖွားစမ်းသပ်ချက်မှုနား နီးစပ်လာလေ ၎င်းက ပိုခက်ခဲလာလေဖြစ်သည်။ သို့သော် မွေးဖွားစမ်းသပ်ချပ်မှုကို ဖြတ်ကျော်ပြီးနောက် ခက်ခဲမှုက လျော့လာပြန်၏။ ထိုကာလအတွင်းဖြစ်စဉ်က ပိုလွယ်ကူသောကြောင့် မဟာမွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းနိုင်လိမ့်မည်။ တစ်ဖက်တွင်မူ မွေးဖွားစမ်းသပ်ချက်နှင့် နီးလာသည့်အချိန်တွင် ဖြစ်စဉ်၏ခက်ခဲမှုကို လျော့ချရန် လူသားဒေသထဲရှိ မွေးဖွားဇယားချပ်များကို အသက်သွင်းတာ အကောင်းဆုံးဖြစ်၏။

သဘာဝအားဖြင့် ကမ္ဘာပေါ်၌ အကြွင်းမဲ့သည့်နတ္ထိဖြစ်သည်။ ထို့အပြင် မိမိ၏ကြာပလ္လင်ကို ချဲ့ထွင်ဖို့က မလွယ်ကူချေ။

အရှေ့ပိုင်းဒေသ၌ သူသည် မွေးဖွားဇယားချပ် ၃ခုအသက်သွင်းခဲ့၏။ တစ်ခုသည် လုဝူဆီမှ ချေးငှားထားသည့် အသက်ဓာတ်နှလုံးသားကို အသုံးပြုပြီး အသက်သွင်းထားသည့် မဟာမွေးဖွားဇယားချပ်ဖြစ်သည်။

သူသည် ယုံဟယ်၏အားနည်းသော ရုပ်ခန္ဓာကို ထည့်မစဉ်းစားလျှင် ၎င်း၏ထူးချွန်သောစွမ်းရည်က အံ့ဖွယ်သားရဲတစ်ကောင်နီးပါး အစွမ်းထက်လှပေ၏။ ၎င်းသည် လုကျိုးနှင့်တွေ့သွားတာ ကံဆိုးလွန်းလှပေသည်။ ကောင်းကင်ကျမ်းစာက ၎င်း၏သဘာဝရန်သူဖြစ်သည်။

ယုံဟယ်၏ အသက်ဓာတ်နှလုံးသားက သူ့ကို နောက်ထပ်မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းခွင့်ပေးမှာ သံသယဖြစ်ဖွယ် မရှိပေ။

“ဒုတိယမြောက်မွေးဖွားဇယားချပ်က ကောင်းကင်ဒေသမှာ ဖြစ်လောက်တယ်”

သူသည် ခုခံခြင်းပိုင်နက်နှစ်ခုကို သိမ်းပိုက်ပြီး ကျန်သည့်သူများက မပေါ်လာသေးပေ။

“ဒုတိယမြောက်ကောင်းကင်ပင်စည်နဲ့ တောက်ပခြင်း မိုးကြိုးဂိတ်”

ထိုနှစ်ခုသည် စွမ်းရည်ဖြင့်အသက်ဓာတ်နှလုံးသားများနှင့် ကိုက်ညီ၏။ ကံဆိုးသည်မှာ အလိုအလျောက်စွမ်းရည်ကို မြှင့်တင်ပေးတာမ ဟုတ်ပေ။ မဟုတ်လျှင် သူသည် သူ၏အရှေ့ပိုင်းဒေသ၌ သူ၏ မွေးဖွားဇယားချပ်ကို အသက်သွင်းရလိမ့်မည်။

“ဒုတိယမြောက်ကောင်းကင်ပင်စည်”

လုကျိုးသည် ယုံဟယ်၏အသက်ဓာတ်နှလုံးသားကို ဒုတိယမြောက်ကောင်းကင်ပင်စည်နေရာတွင် ထည့်လိုက်၏။ ယုံဟယ်၏အသက်ဓာတ်နှလုံးသားက ရှားပါးပြီး တန်ဖိုးရှိသောကြောင့် ၎င်းကို ပြန်လည်အသုံးပြုသင့်သည်။

ကလစ်

မွေးဖွားနန်းဆောင်ထဲတွင် အသက်ဓာတ်နှလုံးသားကို ထားလိုက်သောအခါ ထောင့်က လျင်မြန်စွာ မြှပ်သွားလေ၏။

“မတည်မြဲခြင်းတိုင်လုံးရဲ့ အာနိသင်က တကယ်ထူးကဲတာပဲ။ သူ့ရဲ့အားနည်းချက်က အန္တရာယ်များတာပဲ ရှိတယ်”

ဤနေရာ၌ သုံးလတာနေထိုင်ခြင်းသည် ပြင်ပလောကတွင် ၄၅လနှင့်ညီမျှ၏။ ဤနေရာတွင် သူက ကျင့်ကြံခြင်းသုံးကြိမ်ဆုံးရှုံးခဲ့သော်ငြား အပြန်အလှန်အနေဖြင့် ဤကဲ့သို့ တိုးတက်မှုကြီးရခဲ့လေရာ ယင်းကို လက်ခံနိုင်လောက်သည်။ တကယ်တော့-ကျန်သည့်သူများကလည်း ဤနေရာတွင် နေထိုင်ရတာ ပျော်ရွှင်နေ၏။ အဆင်အခြင်မဲ့မလှုပ်ရှားသရွေ့ ပြဿနာမရှိပေ။

ယခင်က လုကျိုးသည် သူ၏ပထမဆုံး မဟာမွေးဖွားဇယားချပ်ကို အသက်သွင်းရန် အချိန်သုံးလ ယူခဲ့ရ၏။ ယခု ကျင့်ကြံမှုအရှိန်က ၁၅ဆတိုးလာသောကြောင့် ၇ရက်အတွင်း ဒုတိယမြောက် မဟာမွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်လိမ့်မည်။

လုကျိုးသည် မွေးဖွားနန်းဆောင်၏ပြောင်းလဲမှုများကို လေ့လာနေစဉ် စွမ်းအင်များဝေ့တက်လာသံကို ကြားလိုက်ရသည်။

ဤနေရာတွင် သူတို့၏အချိန်က အလွန်တန်ဖိုးရှိ၏။ ခုံဝမ်အပါအဝင် ကျန်သည့်သူများအားလုံးက ရူးသွပ်စွာ ကျင့်ကြံနေကြပြီး ကျန်သည့်သူများကို အာရုံမစိုက်ကြပေ။

လုကျိုးသည် အကြားစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။ သူ၏အကြားစွမ်းအားသည် မီတာ ၁၀၀၀အထိ လျင်မြန်စွာ ဖြန့်ကျက်လိုက်ချိန် အသံရင်းမြစ်ကို လျင်မြန်စွာရှာတွေ့သွား၏။

လုဝူက မေးလိုက်သည်။ “မင်းက ငါ့ကို မင်းရဲ့မွေးဖွားဇယားချပ် ဖြတ်ကျော်တဲ့နေရာမှာ ကူညီပေးစေချင်တာ သေချာလား”

“လာလိုက်တော့ ... မင်းရဲ့ရေခဲစည်းတံဆိပ်ထက် ပိုသင့်တော်တာ မရှိတော့ဘူး” ယွီကျန့်ဟိုင်က ပြုံးပြီးပြောလိုက်၏။

လုကျိုး၏ စိတ်နှလုံးက အနည်းငယ်လှုပ်ရှားသွားတော့သည်။ ယွီကျန့်ဟိုင်သည် ယခင်က မွေးဖွားဇယားချပ် ၄၊၅ခုသာရှိသည်။ သို့သော် ပြန်စဉ်းစားလိုက်ရာ ယင်းက အံ့ဩစရာမဟုတ်ပေ။ နောက်ထပ် ၂နှစ်နီးပါး ကျင့်ကြံပြီးနောက် နောက်ထပ်မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တာ ပုံမှန်ပဲဖြစ်သည်။ ယခုအချိန်တွင် သားရဲဘုရင်၏အသက်ဓာတ်နှလုံးသားများက သူ့တပည့်များနှင့် သင့်တော်၏။ သူသည် နောင်ကျ သူတို့မွေးဖွားဇယားချပ်များ အသက်သွင်းသည့်အချိန်တွင် သူတို့အတွက် ပိုကောင်းမွန်သည့် အသက်ဓာတ်နှလုံးသားများရှာဖို့ ပိုကောင်းမွန်သည့် နည်းလမ်းတစ်ခုစဉ်းစားရလိမ့်မည်။

လုဝူသည် သူ့ရှေ့ရှိ အချုပ်အခြာလောင်းလျာကို ကြည့်ပြီးပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ ... ဟုတ်ပြီလေ မင်းရဲ့ဆန္ဒဖြည့်ပေးမယ်”

ပြီးနောက် သူက ခေါင်းငုံ့ပြီး ပါးစပ်ဟလိုက်ကာ ၎င်း၏အပ်နှင့်တူသည့် သားမွေးတို့က ထောင်ထလာတော့သည်။ ပြီးနောက် အအေးဓာတ်က စိမ့်ဝင်သွားပြီး ယွီကျန့်ဟိုင်ကို လွှမ်းခြုံသွားလေ၏။

ဂျွတ်

ယွီကျန့်ဟိုင်က ချက်ချင်းအေးခဲသွားတော့သည်။ မီတာ ၁၀၀အတွင်းရှိ ဝန်းကျင်ကလည်း အေးခဲသွား၏။ သစ်ပင်ပန်းမန်များကလည်း ရေခဲရုပ်များဖြစ်ကုန်၏။

လုဝူသည် ယွီကျန့်ဟိုင် မလှုပ်နိုင်တာကို မြင်သောအခါ လှည့်မေးလိုက်၏။

“အမ်း ... ငါ အလွန်အကျွံလုပ်မိသွားတာလား”

တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကိုကိုင်က လုဝူ၏ကျောပေါ်ခုန်တက်ပြီး ပြောလိုက်၏။

“မဟုတ်ဘူး”

“သူ့မှာ မွေးဖွားဇယားချပ် ၆ခုပဲရှိတယ်။ ငါ သုံးလိုက်တဲ့ခွန်အားက မွေးဖွားစမ်းသပ်မှု ၂ခုဖြတ်ကျော်ပြီးတဲ့ လူတစ်ယောက်နဲ့ယှဉ်နိုင်တယ်” လုဝူက ပြောလိုက်၏။ သူက အချုပ်အချာလောင်းလျာကို မတော်တဆအေးခဲပြီး သေသွားစေလျှင် လွန်သွားလိမ့်မည်။

တွမ့်မူရှန်းက ပြောလိုက်သည်။ "စိတ်မပူနဲ့. မင်း ငါ့ရဲ့တာ့ရှစ်ရှိုးကို မသိပါဘူး”

“မဟုတ်ဘူး ... မင်း ငါ့ကို မသိတာ”

“မဟုတ်ဘူး ... မင်း ငါ့တာ့ရှစ်ရှိုးအကြောင်းမသိတာ။"

“ကောင်းပြီ .... မင်းနိုင်တယ်”

လုကျိုးသည် သူ့အကြားစွမ်းအားကို ဖြတ်တောက်လိုက်၏။ သူသည် ယွီကျန့်ဟိုင်၏ အစီအစဉ်အကြောင်း အံ့ဩသွားတော့၏။

လုဝူက အားကုန်ထုတ်သုံးခဲ့လျှင် ၎င်း၏ခွန်အားက ဆရာသခင်တစ်ပါးနှင့် ယှဉ်နိုင်သည်။ သူ့၌ အသက်ဓာတ်နှလုံးသား မရှိချိန်တွင်တောင် မကောင်းဆိုးရွားအမဲလိုက်အဖွဲ့က သူ့ကိုမယှဉ်နိုင်ခဲ့ပေ။ ယင်းကို အသုံးပြုပြီး မွေးဖွားစမ်းသပ်ချက်ဖြတ်သန်းခြင်းက အင်မတန်ကြမ်းတမ်းသည့် ပတ်ဝန်းကျင်၌ မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ခြင်းထက် ပိုကောင်းမွန်ပြီး ဘေးကင်းသည့်အကြံဉာဏ်ဖြစ်သည်။

လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သောအခါ အသက်ဓာတ်နှလုံးသားက မွေးဖွားနန်းဆောင်ထဲ အပြည့်အဝနှစ်မြှုပ်နေတာကို တွေ့လိုက်ရ၏။ သူက လက်ကိုဝေ့ယမ်းလျက် အသက်ဓာတ်နှလုံးသားကို ဆွဲထုတ်လိုက်သည်။

ယခုက သူ၏သက်တမ်းလျော့ပြီး တိုးလာမှုကို စောင့်ရမှာပဲဖြစ်သည်။

သူက လက်ရှိတွင် ၂၀၉၇၆၇၆ရက် ရှိ၏။ ၎င်းက ၅၇၇၄၂ နှစ်နှင့် ညီမျှသည်။ သူအကြောင်းပြန်လှန်ကတ်မှ ရထားသည့်နှစ်တို့ကို မတည်မြဲခြင်းတိုင်လုံးကစုပ်ယူလိုက်ပြီး သူ့ဆီ ပြန်ရောက်လာသောအခါ စနစ်ဇယားကွက်ပေါ်ရှိ သူ၏သက်တမ်းကို သေချာပြသခြင်း မရှိတော့ပေ။

ဤအသက်သွင်းမှုဖြင့် သူသည် သက်တမ်း ၅၀၀မရခင် သက်တမ်း ၁၅၀၀ဆုံးရှုံးလိမ့်မည်။ အဆုံးကျ သူသည် ၄၇၄၄၂နှစ် ကျန်မည်ဖြစ်၏။ ယင်းက မဆိုးရွားပေ။

ထင်သည့်အတိုင်း စနစ်မျက်နှာပြင်ပေါ်ရှိ နံပါတ်များက စတင်ကျဆင်းလာ၏။ ၎င်း၏ လျော့ကျသည့်အရှိန်ကလည်း ပိုမြန်လာ၏။

ယခုအချိန်ထိ လုကျိုးသည် ၎င်းကို အသားကျနေပြီဖြစ်သည်။ သူက မျက်လုံးမှိတ်ထားလျက် မွေးဖွားဇယားချပ်အသက်သွင်းတာကို စောင့်နေလိုက်သည်။

မတည်မြဲခြင်းတိုင်လုံးနှင့် နေ့မြင်ညပျောက်မြို့၏အာနိသင်ကြောင့် နာကျင်မှုက လျော့ကျသွားသည်။ အသက်သွင်းသည့်ဖြစ်စဉ်က ချောမွေ့ခဲ့သော်ငြား သူသည် ၁၁ခုမြောက်မွေးဖွားစမ်းသပ်ချက် အသက်သွင်းမှုမှ နာကျင်မှုသည် ယခင်ကထက်ပိုပြင်းထန်ကြောင်း သိသည်။ နာကျင်မှုသည် ပူလွန်းခြင်း၊ အေးလွန်းခြင်းမဟုတ်ပေ။ ယင်းသည် ၁၀သန်းချီသည့် ပုရွက်များက တွားသွားနေသလို စိတ်ပိုင်းဆိုင်ရာညှင်းပန်းမှုမျိုးဖြစ်သည်။ ယင်းက သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ထဲတွင်လည်း ထိုအတိုင်းဖြစ်သည်။

နာကျင်မှုပပျောက်စေရန်နှင့် အာရုံလွဲရန်အတွက် လုကျိုးသည် သူ့တပည့်များကို အမြင်စွမ်းအားဖြင့် လေ့လာလိုက်သည်။ ယွီကျန့်ဟိုင်က အေးခဲနေသောကြောင့် ဘာမှကြည့်စရာမရှိ။

သူသည် သူ၏စတုတ္ထမြောက်တပည့်ကို လေ့လာရန် ကြိုးစားသောအခါ အမှောင်ထုကိုမြင်ရပြီး ဟောက်သံ ကြားလိုက်ရ၏။

ပြီးနောက် သူ၏တပည့်ယွီရှန်းရုန်သည် သက်တော်ရှည်ဓားကိုင်ထားလျက် တောင်ထိပ်သို့သွားကာ လေကိုဆန်လျက် မတ်တတ်ရပ်နေကြောင်း တွေ့လိုက်ရ၏။ ပြီးနောက် သက်တော်ရှည်ဓားက ဓားအိမ်ထဲမှ ပြန်ထွက်လာ၏။ ၎င်းပြန်ထွက်လာသောအခါ အဝေးသို့ပျံသန်းသွားပြီးနောက် လျှပ်ပြက်သောအရှိန်ဖြင့် ပျံလာသည်။ ယွီရှန်းရုန်က ဓားလမ်းစဉ်အသစ်ကိုလေ့လာနေပုံပေါ်၏။

“ထိန်းချုပ်မှုအကျယ်အဝန်း မီတာ ၁၀၀၀” ယွီရှန်းရုန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။

လုကျိုးသည် ဓားပျံကြောင့် အနည်းငယ်အံ့ဩသွားလေ၏။ ပုံမှန်ဆို ကျင့်ကြံသူတို့သည် ရန်သူကို သတ်ဖြတ်နိုင်ရန် စွမ်းအင်စည်းတံဆိပ်များဖွဲ့တည်ရန် ကနဦးချီကို စွမ်းအင်အဖြစ်ပြောင်းကြသည်။ အကွာအဝေး ဝေးကွာလေ ထိန်းချုပ်ဖို့ ပိုခက်ခဲလေဖြစ်သည်။ သို့သော် ယွီရှန်းရုန်က မီတာ ၁၀၀၀အတွင်း၌ သူ၏ဓားကို ထိန်းချုပ်နိုင်စွမ်းရှိ၏။

လုကျိုးက ယွီရှန်းရုန်ကို ကြည့်လိုက်ပြန်သည်။

ထောင့်တွင် ယွီရှန်းရုန် ရှိနေပြီး ဝေဟင်ထဲ၌ စွမ်းအင်ဓားသန်းချီက ပေါ်လာသည်။ သူတို့က အမျိုးမျိုးသော အစီအရင်များ စီမံထားပြီး ပြီးနောက်ပေါင်းစည်းသွားကာ နောက်ထပ်တောင်ထွတ်ဆီသို့ ပစ်ထုတ်လိုက်သည်။

ယွီရှန်းရုန်က မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်တော့သည်။ ပြီးနောက် သူသည် နောက်ထပ် အလယ်အလတ်အသက်ဓာတ်နှလုံးသားတစ်ခုကို ထုတ်ပြီး ၎င်းကို စုပ်ယူရန် တောအုပ်ထဲ ပျံသန်းသွားတော့သည်။

လုကျိုးက ခေါင်းညိတ်လိုက်သည်။ နေ့မြင်ညပျောက်မြို့ရှိ တပည့်များအားလုံး မတည်မြဲခြင်းတိုင်လုံးကြောင့် အလွန်လျင်မြန်စွာ တိုးတက်လာတော့သည်။

လုကျိုးသည် သူ၏ကျန်သည့်တပည့်များကို စစ်ဆေးရန် ဆုံးဖြတ်လိုက်တော့သည်။

ရွှေကြာနယ်မြေတွင်ရှိနေသည့် ကျောင်းယွဲ့ကလည်း ဘုံတစ်ထောင်လေပွေအဆင့်ကို ချိုးဖြတ်တက်နေပြီ ဖြစ်သည်။ လတ်တလော၌ မွေးဖွားဇယားချပ်တစ်ခုအဖြစ် ယဲ့ထျန်းရှင်းကလည်း အဖြူရောင်အဖွဲ့အစည်းထဲရှိ ပညာရှင်များနှင့် လေ့ကျင့်နေသည်။

စီးဝူယာက သူ၏ဒဿမမြောက်မွေးဖွားဇယားချပ်ကို အောင်မြင်စွာ ဖူးပွင့်ခဲ့၏။ ကျူးဟုန်ကုန်းက ပျင်းရိနေပြီး ဘာမှမလုပ်ပေ။ ထိုအရာအပြင် မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ အကြီးအကဲလေးဦးက တံခါးပိတ်ကျင့်ကြံနေ၏။ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူအားလုံးအဆင်ပြေနေပုံပေါ်သည်။

လုကျိုး စိတ်ရှုပ်ထွေးတာတစ်ခုရှိသည်။ အစိမ်းရောင်ကြာကျင့်ကြံသူများသည် အနက်ရောင်ကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေထဲတွင် ပေါ်လာပြီးဖြစ်သည်။ မျှခြေမညီမျှမှုက ပြင်းထန်ပြီး ရာသီဥတုက ဆိုးရွား၏။ သူတို့အဘယ်ကြောင့်မလှုပ်ရှားသနည်း။ သူတို့က ပုန်းကွယ်နေသည်လော။

ခဏအကြာတွင် လုကျိုးက အမြင်စွမ်းအားကို အသက်သွင်းလျက် စီးဝူယာကို လေ့လာလိုက်ပြန်၏။

“ချီရှစ်ရှိုး ... ရှစ်ရှိုးနဲ့တခြားသူတွေ သွားတာ ကြာလှပြီ။ အစိမ်းရောင်ကြာက လူတွေ ကျွန်တော်တို့ကို တိုက်ခိုက်လာရင်ကော” ကျူးဟုန်ကုန်းက စိုးရိမ်ပူပန်စွာမေးလိုက်၏။

စီးဝူယာ့က ခေါင်းခါပြီး ပြောလိုက်သည်။ “လက်ရှိ ဒီကို လွှတ်လိုက်တဲ့ အစိမ်းရောင်ကြာ ကျင့်ကြံသူတွေက သူတို့ရဲ့ ဒုတိယမြောက်မွေးဖွားစမ်းသပ်ချပ် မဖြတ်ကျော်ရသေးတဲ့ပုံပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အခု သူတို့ကို ထိန်းထားနိုင်တယ်။ ရှောင်ယွင်ဟယ်ရှိနေရင် စိုးရိမ်စရာမလိုဘူး”

“သူတို့တွေ ပိုအစွမ်းထက်တဲ့သူကို လွှတ်လာရင်ကော ... ချင်နိုင်ဟယ်လို့ခေါ်တဲ့ လွတ်လပ်သူတစ်ယောက်က မွေးဖွားဇယားချပ် ၁၆ခုရှိတယ်လို့ လုချန်းရှန်းပြောတာ ကြားဖူးတယ်” ကျူးဟုန်ကုန်းက ပြောလိုက်တော့သည်။

...

အခန်း (၁၂၅၄) မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမဦးဆုံးလွတ်လပ်သူ

စီးဝူယာ့က ပြုံးလိုက်၏။

“အဲဒီလူကို အရင်က တွေ့ဖူးတယ်”

“...”

ကျူးဟုန်ကုန်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

စီးဝူယာ့က သူ့အိတ်ကပ်ထဲမှ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။

ကျူးဟုန်ကုန်းက ခေါင်းငုံ့ကာ စိတ်ရှုပ်ထွေးနေမိ၏။

“လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်လား”

“သူက ရှစ်စွင်းကို လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ် ၁၀ခုနဲ့ လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက် ၁၀ခုပေးမယ်လို့ ကတိပေးခဲ့တာ။ ကံဆိုးတာက သူ့ဆီမှာ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ် တစ်ခုကိုပဲ တွေ့ခဲ့တယ်လေ။ ရှစ်စွင်းက ကတိမတည်တဲ့လူတွေကို ဘယ်လောက်မုန်းလဲဆိုတာ မင်းလည်း ကောင်းကောင်းသိပါတယ်။ ငါတို့တွေ ရှစ်စွင်းရဲ့ ဆုံးဖြတ်ချက်ကိုစောင့်တာ အကောင်းဆုံးပဲ”

စီးဝူယာ့က ပြောလိုက်သည်။

“အဲဒါက ပျက်စီးနေတဲ့ ကျောက်တုံး မဟုတ်ဘူးလား” ကျူးဟုန်ကုန်းက မေးလိုက်၏။

“ပျက်စီးနေတဲ့ ကျောက်တုံးတဲ့လား။ ဒီပစ္စည်းက လက်နက်တွေကို အဆုံးမဲ့အဆင့်အဖြစ် အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့အရာပဲ။ မျှော်စင်သခင်ရှောင်က ဒီဟာတွေကို ဆုံးရှုံးပြီးတဲ့နောက်မှာ ငါ့ဆီ လာပြီး၃ရက်၃ည လာငိုသေးတယ်။ ဒီဟာ ဘယ်လောက်အဖိုးတန်လဲဆိုတာ မင်း မသိပါဘူး”

စီးဝူယာ့က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။

ကျူးဟုန်ကုန်းက အကြည့်များ တောက်ပလာလေ၏။

“အဲဒါကို တစ်နေရာရာမှာ တွေ့ဖူးတယ်လို့ ထင်တယ်”

“ပြဿနာမရှာစမ်းနဲ့”

“သြော် မဟုတ်ဘူး။ အဝါရောင်ကြာနယ်မြေမှာ တကယ် တွေ့ဖူးတယ်။ ကျွန်တော် လိမ်ညာနေတာ မဟုတ်ဘူး”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

စီးဝူယာ့က မေးလိုက်သည်။

“မင်း‌ သေချာရဲ့လား။ ဒီပစ္စည်းက အတော်လေးကို ရှားတယ်။ အဝါရောင်ကြာနယ်မြေမှာ ရှိတယ်ဆိုရင်တောင် အများကြီးတော့ မဖြစ်နိုင်ဘူး”

“မဟုတ်ဘူး။ တကယ်ကို အများကြီးပဲ”

ကျူးဟုန်ကုန်းက တကယ်ကို အလေးအနက်ပြောလိုက်သည်။

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်လည်း ကျူးဟုန်ကုန်း၏ လေးနက်သော အမူအရာကို မြင်ပြီး သူစနောက်နေကြောင်း မဟုတ်မှန်း သိပြီးသည့်နောက်တွင် ခေတ္တမျှ တွေးပြီး အပြင်ဘက်မှ တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

“တစ်ယောက်ယောက် မိန်းကလေးကျောင်းကို လှမ်းခေါ်လိုက်”

ကျူးဟုန်ကုန်းက စိတ်ရှုပ်ထွေးသွားလေ၏။

“ရှစ်ရှိုး ဘာတွေလုပ်နေတာလဲ”

စီးဝူယာ့က ပြောလိုက်သည်။

“တကယ်လို့ မင်းပြောတာသာ အမှန်ဆိုရင် ငါ မင်းကို အဝါရောင်ကြာနယ်မြေဆီ ပို့ပေးမယ်။ မင်းက အဲဒီနေရာနဲ့ ရင်းနှီးပြီးသားဆိုတော့ မိန်းကလေးကျောင်းကို ခေါ်သွားပြီးတော့ သင်္ကေတလမ်း‌ကြောင်း တည်ဆောက်ခဲ့”

ကျူးဟုန်ကုန်းက ပြုံးပြီး ပြောလိုက်သည်။

“ကောင်းပြီ။ ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်စေရမယ်လို့ ကတိပေးတယ်”

“အဝါရောင်ကြာနယ်မြေက အဲဒီမှာ ရှိသင့်တယ်”

စီးဝူယာ့က သူ ဆွဲထားသည့်မြေပုံကိုထုတ်ကာ ပြောလိုက်သည်။

“ဒါက တိကျတယ်။ ဒါပေမဲ့ ရှစ်စွင်းရဲ့ ရှေးဟောင်းမြေပုံပေါ် အခြေခံပြီးဆွဲထားတာ။ မှားတော့မမှားသင့်ဘူး။ မင်း ထွက်မသွားခင် ဆက်သွယ်ရေးအစီအရင်ကိုပါ ယူသွား”

“ဟုတ်ကဲ့”

ကျူးဟုန်ကုန်းက ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။

စီဝူယာ့က ကျူးဟုန်ကုန်း၏ အတွေးများကို မည်သို့မသိဘဲနေမည်နည်း။

“အဲဒီမှာ အာဏာရှင်လုပ်ဖို့ စိတ်တောင်မကူးနဲ့။ မျှခြေမညီမျှမှုက အတော်လေး ပြင်းထန်နေတာ။ ဖော်ပြလို့မရတဲ့ ကပ်ဘေးက ချဥ်းကပ်လာတယ်ဆိုတာကို ခံစားမိတယ်။ မင်း အဲဒါကို အလေးအနက် မှတ်ယူရမယ်”

“ကျွန်တော် နားလည်ပါပြီ။ ချီရှစ်ရှိုးက အတော်လေးကို စကားများတာပဲ”

ကျူးဟုန်ကုန်းက ပြောလိုက်သည်။

“ကျောင်းဟုန်ဖုကိုလည်း ကောင်းကောင်းကာကွယ်ထား။ ဖြုန်းတီးဖို့ အချိန်မရှိဘူး။ မင်း ၂ရက်အတွင်း ထွက်သွား”

စီးဝူယာ့က ပြောလိုက်သည်။

ထိုစဥ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေ၏။

“သတ္တမသခင်လေး စကားပြောလို့ရမလား”

စီဝူယာ့က ပြုံးကာ ထွက်လာလေသည်။

သူက လေထဲ ဝဲပျံရင်း ကောင်းကင်သိုင်းပညာကျောင်းတော်၏ အကာအရံအပြင်ဘက်တွင် ရှိနေသည့် ကျင့်ကြံသူကို လှမ်းကြည့်လိုက်၏။

စီးဝူယာ့မှတစ်ဆင့် လုကျိုးက ရောက်ရှိလာသည့်သူအသစ်ကို မြင်လိုက်ရသည်။ ထိုသူက ချင်နိုင်ဟယ်ကလွဲ၍ တခြားသူ မဟုတ်ပေ။ ချင်နိုင်ဟယ်က ပင်ပန်းနေဟန် ပေါ်၏။ သူက ဤတစ်လျှောက်လုံးအတွင်း အလုပ်ရှုပ်နေဟန်ပေါ်၏။ သူ့မျက်ဝန်းများက သွေးဆာနေသည်။

ချင်နိုင်ဟယ်က သံသယဖြစ်စွာ မေးလာလေ၏။

“မျှော်နန်းသခင် မရှိဘူးလား”

“အမှန်တိုင်းပြောရမယ်ဆိုရင် ရှစ်စွင်းက အမည်မသိကုန်းမြေဆီကို သွားတော့ မကြာခင် ပြန်လာနိုင်အုံးမှာ မဟုတ်ဘူး။ ဒီမှာပဲ နေပြီးတော့ အနားယူအုံးပေါ့”

စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။

“မျှော်နန်းသခင်ရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူးဆိုတာကို သိတယ်။ အစိမ်းရောင်ကြာနယ်မြေရဲ့ ပညာရှင် တော်တော်များများကလည်း အမည်မသိကုန်းမြေဆီကို အခွင့်အရေးတွေ သွားရှာနေကြပြီ”

ချင်နိုင်ဟယ်က သက်ပြင်းချကာ ပြောလိုက်၏။

စီးဝူယာ့က ပြောလိုက်၏။

“တကယ်လို့ ပြောစရာရှိတယ်ဆိုရင် ကျုပ်ဆီ ပြောခဲ့လို့ရတယ်”

“မင်းက ဆုံးဖြတ်ချက် ချနိုင်လား” ချင်နိုင်ဟယ်က ပြောလိုက်သည်။

“ဒါပေါ့” စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။

ချင်နိုင်ဟယ်က စီးဝူယာ့ကို ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးချင် သေဆုံးပြီးတဲ့နောက်မှာ ချင်မျိုးနွယ်တစ်ခုလုံးက ငါ့ကို သစ္စာဖောက်အဖြစ် ထင်နေကြတာ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မျှော်နန်းသခင်ကို ဒီကိစ္စရှင်းပေးဖို့ အကူအညီ တောင်းချင်တယ်။ မျှော်နန်းသခင်က ငါ့ကိုသာ ပြောပေးမယ်ဆိုရင် ဆရာသခင်ချင်က ငါ့အခက်အခဲတွေကို နားလည်မယ်လို့ ထင်တယ်”

“ဘာလို့ ကိုယ်တိုင် ရှင်းမပြလိုက်တာလဲ”

စီးဝူယာ့က ပြောလိုက်သည်။

“ငါက သူနဲ့တွေ့ဖို့ အခွင့်အရေး မရှိဘူး။ လွန်ခဲ့တဲ့ ၁လတုန်းက ချင်မျိုးနွယ်ရဲ့ အကြီးအကဲတစ်ဦးက ငါ့ကို ဖမ်းဆီးဖို့ လွှတ်လိုက်တယ်လေ။ ငါတို့တွေ ၇ရက် ၇ည တိုက်ခိုက်ခဲ့ပြီးတော့ သရေအဖြစ် အဆုံးသတ်သွားခဲ့တာ။ ဆရာသခင်ချင်ကလွဲရင် ကျန်တဲ့သူအားလုံးက ငါ့ကို သေဖို့ရာ မစောင့်နိုင်ကြတော့ဘူး”

ချင်နိုင်ဟယ်က အကူအညီမဲ့စွာ ပြောလိုက်သည်။

“အဲဒီလိုဆိုရင် ဒါက ဆရာသခင်ချင်ရဲ့ ရည်ရွယ်ချက်ဖြစ်နေမယ်လို့ရော မထင်မိဘူးလား”

စီးဝူယာ့က မေးလိုက်သည်။

ချင်နိုင်ဟယ်က စီးဝူယာ့ကို ကြည့်လိုက်သည်။

“မင်း ကြည့်ရတာ အဆိုးမြင်စိတ်နဲ့ လူတွေကို အကဲဖြတ်တတ်တဲ့ပုံပဲ”

စီးဝူယာ့က ထိုစကားများကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပေ။ သူက လက်နောက်ပစ်ထားပြီး ပြောလိုက်သည်။

“လူသားတွေရဲ့ စိတ်နှလုံးသားက ခန့်မှန်းလို့ မရဘူး။ အဆိုးမြင်စိတ်နဲ့ အကဲဖြတ်မှသာ ကြီးနိုင်ငယ်ညှဉ်းကမ္ဘာကြီးမှာ ရှင်သန်နိုင်မှာ။ ခင်ဗျားဆီမှာ မွေးဖွားဇယားချပ် ၁၆ ခုရှိတယ်ဆိုတော့ ဒါကို ကျုပ်ထက် ကောင်းကောင်းသိမှာပါ”

ချင်နိုင်ဟယ်က သက်ပြင်းချလိုက်သည်။

“မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ ဆရာသခင်ချင်က အဲ့လိုမဟုတ်ဘူးလို့ ယုံကြည်နေတုန်းပဲ။ မင်းက မျှော်နန်းသခင်လုအပေါ်မှာ ယုံကြည်နေသလိုမျိုးပေါ့”

ချင်နိုင်ဟယ်က ပြောလိုက်သည်။ စီးဝူယာ့က ထိုစကားများကို ပြန်လည်ချေပနိုင်သည်။ ဤကမ္ဘာကြီးထဲ၌ ဆိုးသွမ်းသည့် ကိစ္စများစွာရှိပြီး နေမင်းကသာ အမှောင်ထုကို ထိုးခွင်းနိုင်သည်။

စီးဝူယာ့က ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ရှစ်စွင်းအပေါ် ကတိစကားမတည်ဘူး။ ပြီးတော့ ခင်ဗျားရဲ့ သေရေးရှင်ရေးက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မပတ်သက်ဘူး။

ချင်နိုင်ဟယ်က သက်ပြင်းချလိုက်၏။

“ငါက ကတိစကားကို မတည်နိုင်ခဲ့တာကို သိပါတယ်။ အဲဒါကြောင့် အခုတောင်းဆိုနေတာပါ”

ချင်နိုင်ဟယ်၏ စကားအဆုံး၌ သူက ဒူးတစ်ဖက် ထောက်လိုက်၏။

စီးဝူယာ့က လူငယ်လေးတစ်ယောက် မဟုတ်သည့်အတွက် တစ်ဖက်သူ၏ အပြုအမူများကြောင့် သူ့ရပ်တည်မှုကို အလွယ်တကူ ပြောင်းလဲပစ်မည့်သူ မဟုတ်ပေ။ ခေတ္တမျှ စောင့်ဆိုင်းကြည့်ပြီးသည့်နောက်တွင် သူက ပြုံးကာ ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော”

“ပြောပါ”

“ရှစ်စွင်းက ခင်ဗျားကို ရွေးချယ်စရာ ၂ခု ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ပထမရွေးချယ်စရာကို မရွေးခဲ့ဘူး။ ပုံမှန်ဆိုရင်တော့ ခင်ဗျားကို နောက်ထပ်အခွင့်အရေးပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်က ရှစ်စွင်းရဲ့ကိုယ်စား ပြောရမယ်ဆိုတော့ ခင်ဗျားကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ မြန်မြန်ဆန်ဆန်နဲ့တော့ မငြင်းဆန်နဲ့အုံး”

“ခင်ဗျားက သစ္စာဖောက်အနေနဲ့ နာမည်တပ်ခံရတာ မကြိုက်ဘူးဆိုတာ သိတယ်။ တကယ်လို့ ဒါကိုလက်ခံမယ်ဆိုရင် ကျုပ် ရှစ်စွင်းဆီပြောပြီးတော့ ဆရာသခင်ချင်ရဲ့ ရှေ့မှာ ခင်ဗျားနာမည်ကို ရှင်းလင်းပေးဖို့ တောင်းဆိုပေးမယ်။ တကယ်လို့ ဆရာသခင်ချင်က ငြင်းဆန်စရာ မရှိဘူးဆိုရင်တော့ အားလုံးပျော်ရွှင်ရမှာပေါ။ တကယ်လို့ ဆရာသခင်ချင်က ငြင်းဆန်မယ်ဆိုရင်‌တော့ ကျုပ်ရှစ်စွင်းကလည်း ခင်ဗျား ထွက်သွားတာကို တားဆီးနေမှာ မဟုတ်ဘူး။ ဘယ်လိုထင်လဲ”

စီးဝူယာ့ကို မေးလိုက်သည်။

ချင်နိုင်ဟယ်က စီးဝူယာ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ကိစ္စများစွာက သူ ထင်ထားသ‌လောက် ရှုပ်ထွေးမနေခဲ့ပေ။ အထူးသဖြင့် ဥာဏ်ကောင်းသည့်သူများ၏ လက်ထဲတွင် ဖြစ်သည်။

စီးဝူယာ့က ချင်နိုင်ဟယ် တုံ့ဆိုင်းနေသည်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းအနေနဲ့ အကြီးမားဆုံး လိုက်လျောမှုပဲ။ ခင်‌ဗျား ကောင်းကောင်းစဥ်းစားတာ ကောင်းလိမ့်မယ်”

“ဝှစ်”

ထိုစဥ် ကျူးဟုန်ကုန်းက ထွက်ပေါ်လာပြီး လေထဲ ဝဲပျံကာ ပြောလိုက်သည်။

“ချီရှစ်ရှိုး ဘာလို့ သူနဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောနေမှာတုံး။ ကျွန်တော်တို့ရဲ့ အရေးကြီးကိစ္စတွေကို နှောင့်နှေးမနေနဲ့လေ။ ကျွန်တော် တွက်ချက်ပြီးသွားပြီ။ ကျွန်တော်တို့တွေ သေချာဂရုစိုက်ပြီး ရှာမယ်ဆိုရင် လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ် ၅၀လောက်တော့ ရနိုင်တယ်။ သေသေချာချာ ရှာနိုင်မယ်ဆို ထပ်ပြီး တွေ့နိုင်သေးတယ်”

“...”

ချင်နိုင်ဟယ်က ဆွံ့အမိသွား၏။ သူက များစွာ အားစိုက်ထုတ်လာပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ် တစ်ခုကိုသာ ရှာတွေ့ခဲ့သည်။

ဒီလူက လာနောက်နေတာလား။

လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ် ၅၀တဲ့လား...

ချင်နိုင်ဟယ်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ချင်နိုင်ဟယ်က ခေါင်းညိတ်ကာ ပြောလာသည်။

“ကောင်းပြီ။ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

ထိုအရာကိုကြားကာ စီးဝူယာ့က သူ့အိတ်ကပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

လုကျိုးက အမြင်စွမ်းအားကို ဖြတ်တောက်ပြီး စီးဝူယာ့ဆက်သွယ်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။

ထို့နောက် သူက စီးဝူယာ့၏ သတင်းစကားကို လက်ခံရရှိလိုက်သည်။ ပါဝင်အကြောင်းအရာများက သူ မြင်ခဲ့သည့်အရာနှင့် တူညီ၏။

လုကျိုး၏ တုံ့ပြန်မှုက အလွန်တစ်ရာ ရိုးရှင်းလှသည်။ ဤသည်က စကားတစ်လုံးသာဖြစ်၏။

“ကောင်းပြီ”

“...”

ရှစ်စွင်း၏ တုံ့ပြန်မှုရရှိပြီးသည့်နောက်တွင် စီးဝူယာ့က အဆောင်ကို လက်ဝှေ့လိုက်ပြီး ချင်နိုင်ဟယ်ဆီ ပေးလိုက်သည်။

ချင်နိုင်ဟယ်က အဆောင်ကို ဖမ်းကာ ကြည့်လိုက်၏။

သူက ကောင်းပြီဟူသော စကားကို မြင်သောအခါ ဦးညွှတ်ပြီး ပြောလိုက်သည်။

“သတ္တမသခင်လေး ကျေးဇူးပါ။ ဒါက မျှော်နန်းသခင်လုအပေါ်ကို ကျုပ် ကျေးဇူးသိတတ်ပါမယ်။ ကျုပ်အနာဂတ်က ဘယ်လိုပဲဖြစ်ဖြစ် မိစ္ဆာဝေဟင်မျှော်နန်းအတွက် အကောင်းဆုံး လုပ်ပေးပါ့မယ်။ ဒါပေမဲ့ ဆရာသခင်ချင်ကိုတော့...

စီးဝူယာ့က ရှေ့တိုးလာပြီး သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“စိုးရိမ်မနေပါနဲ့။ ဆရာသခင်ချင်က ကျုပ်ရှစ်စွင်းကို ငြင်းဆန်မှာ မဟုတ်ဘူး။ “

အာ...

ချင်နိုင်ဟယ်က စီးဝူယာ့၏ အပြုံးကို မြင်လိုက်ရသည့်အခါ ထူးဆန်းသလို ခံစားလိုက်ရသည်။

သူက အပေးအယူ မမျှမတ ဖြစ်သွားတာလား..

သို့သော်လည်း စီးဝူယာ့က စာဝါငှက်ကို စားထားသည့် ကြောင်တစ်ကောင်ကဲ့သို့ မည်သို့ဖြစ်နေသနည်း။

...

“တင်း လက်အောက်ငယ်သား တစ်ယောက်ကို လက်ခံရရှိပါတယ်။ မွေးဖွားဇယားစမ်းသပ်ချက် ၂ခုကို ဖြတ်ကျော်ထားတဲ့ လက်အောက်ငယ်သားကို ရရှိတဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀၀ ရရှိပါတယ်”

All Chapters