အခန်း (၁၂၅၅-၁၂၅၇)
Vol. 84 Ch. 1255-1257
အခန်း (၁၂၅၅) အထက်အကန့်အသတ်ကို ချိုးဖြတ်ခြင်း
ချင်နိုင်ဟယ်သည် ပြုံးနေသော စီးဝူယာ့ကိုကြည့်ပြီး စီးဝူယာ့ကို လုကျိုးက ပူးကပ်နေသည်ဟု ခံစားလိုက်၏။ ထင်ယောင်ထင်မှားဖြစ်တာများလား … သူ ခေါင်းခါပြီး အတွေးလွန်နေသည်ဟုသာ ခံစားမိလိုက်သည်။ ဆရာတူတပည့်ပဲဖြစ်သည်။
နောက်ဆုံး၌ ချင်နိုင်ဟယ်က လက်သီးဆုပ်မိုးလျက် ပြောလိုက်လေ၏။
“ကျုပ်ကို ဂရုစိုက်ပေးဖို့မျှော်လင့်ပါတယ်”
“စိုက်ပေးရမှာပေါ့”
ပြီးနောက် ချင်နိုင်ဟယ်က ခေါင်းမော့လျက် လေထဲပျံဝဲနေသော ကျူးဟုန်ကုန်းကို ကြည့်လိုက်၏။
“မင်း ဆန်းကြယ်ကျောက်တုံးငယ်တွေကို သွားရှာမယ်လို့ပြောတာမလား”
ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်လေ ... ဘာလုပ်မလို့လဲ”
“ဆန်းကြယ်ကျောက်တုံးငယ်က အင်မတန်ရှားပါးပြီး တန်ဖိုးရှိတယ်။ မီးတောင်ထွက်အဆီအနှစ်ကြောင့် မီးဝိညာဉ်ကျောက်တုံးတွေထက် တန်ဖိုးပိုရှိတယ်။ အမည်မသိကုန်းမြေအစပ်မှာ အချိန်အကြာကြီး ရှာပြီး တစ်ခု ရှာတွေ့ဖို့အတွက် ငါ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တာ” ချင်နိုင်ဟယ်က ပြောလိုက်၏။
ထိုစကားများကို ကြားသောအခါ စီးဝူယာ့က ပြုံးလျက် ပြောလိုက်သည်။
“ညီအစ်ကိုချင်း ... သူ ပြောတာ စိတ်ထဲမထားနဲ့။ ကျုပ်ရဲ့ ရှစ်တိက ပါးစပ် ဘယ်လိုထိန်းရမယ်မှန်း မသိဘူး။ သူက ကြွားရတာ သဘောကျတယ်”
“ကျုပ် ကြွားနေတာ မဟုတ်ဘူး။ ဆန်းကြယ်ကျောက်တုံးငယ်တွေ အများကြီးပဲ” ကျူးဟုန်ကုန်းက စောဒကတက်တော့သည်။
ကျူးဟုန်ကုန်း ဆက်ကြွားတော့မည့်အချိန်တွင် စီးဝူယာ့က ဖြတ်ပြောလိုက်လေ၏။ “ကျောင်းဟုန်ဖု ... သူ့ကိုခေါ်သွားပြီး လိုအပ်တာတွေစီမံလိုက်”
ကျောင်းဟုန်ဖုက ရှေ့သို့ပျံသန်းသွားလျက် ကျူးဟုန်ကုန်း၏ပခုံးကို ပုတ်လိုက်၏။ သူမက သာမန်ကာလျှံကာ ပြောလိုက်တော့သည်။
“အခု ကျွန်မအသက်က ရှင့်အပေါ်မူတည်သွားပြီ”
“စိတ်မပူနဲ့ ... ငါသေရင်တောင် မင်းကို သေခွင့်ပေးမှာမဟုတ်ဘူး” ကျူးဟုန်ကုန်းက လက်သီးနှစ်ဖက်ကို ဆုပ်လိုက်တော့၏။
ပြီးနောက် နှစ်ယောက်သားသည် လိုအပ်သည့် အဆောင်များ၊ အိတ်များနှင့် ကျန်သည့်အရာများ စုစည်းရန် ခန်းမသို့ သွားလိုက်၏။
ချင်နိုင်ဟယ်က နှစ်ယောက်သားထွက်သွားတာကို ကြည့်ပြီးပြောလိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းမှာ ပါရမီရှင်တွေပြည့်နေတယ်လို့ ကြားမိတာ။ တကယ်ပဲ ဒီနေ့ တွေ့လိုက်တော့မှ သူတို့ ထူးခြားတာကို”
စီးဝူယာ့က ခေါင်းညိတ်လိုက်၏။ သူက ကွေ့ဝိုက်မနေဘဲ ပြောလိုက်တော့သည်။ “မျှခြေမညီမျှမှုက ဆိုးလာပြီ။ အစိမ်းရောင်ကြာ ကျင့်ကြံသူတွေက အနက်ရောင်ကြာနယ်မြေနဲ့ အနီရောင်ကြာနယ်မြေထဲမှာ ပေါ်လာနေပြီ။ ကျုပ်ရဲ့ရှစ်စွင်းနဲ့ ရှစ်တိတွေ ဒီမှာမရှိဘူး။ ဒီတော့ ...”
ချင်နိုင်ဟယ်က ပြောလိုက်၏။ "စိတ်မပူနဲ့ ... သင်္ကေတလမ်းကြောင်းနားမှာ ကျုပ်နေနေလိုက်မယ်။ ဆရာသခင်တစ်ပါး ရောက်မလာသရွေ့ ကျုပ်ကို ဘာမှမလုပ်နိုင်ဘူး”
“ကျေးဇူးပါ”
“ရပါတယ်”
၇ ရက်ခန့် ကြာညောင်းပြီးနောက် ...
ဂျွတ်
လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်က ချောမွေ့နေပြီး ရွှေရောင်အလင်းဖြင့် နောက်ထပ် မွေးဖွားဇယားချပ်တစ်ခု တောက်ပနေတာကို တွေ့လိုက်ရသည်။ ဆိုလိုသည်က သူ၏ဒုတိယမြောက် မဟာမွေးဖွားဇယားချပ်လည်း ဖြစ်ပြီး ၁၁ခုမြောက်မွေးဖွားဇယားချပ်က အောင်မြင်စွာ အသက်သွင်းလိုက်နိုင်ပြီ ဖြစ်သည်။
လုကျိုးက စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။
ကျန်ရှိသောသက်တမ်း= ၁၇၃၁၆၇၂ရက် (၄၇၇၄၂ နှစ်)
ကုသိုလ်မှတ်= ၃၁၇၆၀
လက်နက်= အမည်မဲ့၊ ကျောက်စိမ်းမြင်းမြီးတုတ် (ကောင်းကင်အဆင့်)၊ ခရမ်းတောက်ပသံကျောက် (လွှမ်းမိုးအဆင့်)၊ ချုပ်နှောင်ရေးစည်းတံဆိပ် (အလယ်အလတ်လွှမ်းမိုးအဆင့်)၊ ခုနစ်စင်ကြယ်ဓား (ပြိုင်ဖက်ကင်းလွှမ်းမိုးအဆင့်)၊ သူတော်စင်တောင်ဝှေး (လွှမ်းမိုးအဆင့်)၊ လေအေးသုံးခွမှိန်း၊ (လွှမ်းမိုးအဆင့်)၊ မတည်မြဲခြင်းတိုင်လုံး (အဆုံးမဲ့အဆင့်)
မတည်မြဲခြင်းတိုင်လုံးကို လက်နက်တစ်ခုလို့ သတ်မှတ်လို့ရတယ်လား ... ငါ ဒါကို လက်နက်အနေနဲ့ သုံးမယ်ဆိုရင် ရွှေတင်းပုတ်နဲ့တူနေမှာမဟုတ်လား။ သူက အခုနေရာနဲ့ပိုကိုက်ညီလောက်တယ်။
ယခုသူသည် ၁၁ချပ်မြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းထားပြီး ဖြစ်သောကြောင့် သူ၏ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ဖို့လိုသည်။ မဟုတ်လျှင် သူ၏မွေးဖွားနန်းဆောင်၏ခံနိုင်ရည် တိုးလာမှုကို တည်ငြိမ်အောင်လုပ်သည့်အခါ နောက်ထပ်မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ရန်က အုတ်မြစ်ပေါ်မူတည်နေသည်။
လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို လက်ဖြင့်ဖိလိုက်၏။
၎င်းက အနည်းငယ်လှုပ်သွားသည်။
လုကျိုးသည် တိုင်လုံးက အရပ်မျက်နှာအနှံ့မှအသက်စွမ်းအင်များ ဆက်တိုက်စုပ်ယူပြီး သစ်ပင်များ၊ တိရစ္ဆာန်များ ကြီးထွားမှုကိုဆော်ဩပေးနေတာ ခံစားမိသည်။ အရာအားလုံးက အဆင့်မြင့်နေပုံပေါ်၏။
“မတည်မြဲခြင်းတိုင်လုံးရဲ့စွမ်းအားက အသက်စွမ်းအင်နဲ့သက်ဆိုင်နေတယ်။ ပိုစုဆောင်းလေ ပိုသန်မာလေပဲ။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဆီ စွမ်းအင်အားလုံးပေးခဲ့မယ်ဆိုရင် ဒါကို အားနည်းသွားစေလိမ့်မယ်” မျှခြေကို မည်သို့ထိန်းသိမ်းရမည်မှန်း သူ သိနေ၏။ သူသည် အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ကျေနပ်စေဖို့လိုသည်။ တစ်ချိန်တည်းတွင် တိုင်လုံး၏ စွမ်းအားကိုလည်း ထိန်းသိမ်းရမည်။
တိုင်လုံး၏ပိုင်ရှင်အနေဖြင့် လုကျိုးက သူ စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်၏။ သူသည် တိုင်လုံးထဲရှိ လေဟာနယ်ကို အာရုံခံမိသည်။ ၎င်းက ဖရိုဖရဲကြွယ်ဝသော အသက်စွမ်းအင်များ ပြည့်နှက်နေသည့်ချိပ်ပိတ်ခံ နေရာတစ်ခုနှင့်တူသည်။ သူက သမုဒ္ဒရာထဲတွင် ကူးခပ်နေရသလိုပင်။ ဝေ့တက်လာသည့် အသက်စွမ်းအင်တို့က သူ့ကို အနည်းငယ် အံ့ဩသွားစေသည်။ သို့သော် သူ လှုပ်ရှားချိန်တိုင်း ကြွယ်ဝသောအသက်စွမ်းအင်နှင့် လေစီးကြောင်းတို့က ရှိနေသေးသည်။
“မတည်မြဲခြင်းတိုင်လုံးရဲ့စွမ်းအားက အသက်စွမ်းအင်နဲ့သက်ဆိုင်နေတယ်။ ပိုစုဆောင်းလေလေ ပိုသန်မာလာလေပဲ။ သူ့ရဲ့စွမ်းအင်အားလုံးကို အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဆီ သုံးလိုက်ရင် အဲဒါကို ပိုအားနည်းသွားစေမှာ” သူသည် မျှခြေကိုမည်သို့ထိန်းရမည်မှန်း သိနေလေ၏။ သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ လိုအပ်ချက်ကို တည်ငြိမ်စေရမည်ဖြစ်ကာ တစ်ချိန်တည်းတွင် တိုင်လုံး၏စွမ်းအားကို ထိန်းထားရမည်။
တိုင်လုံး၏ပိုင်ရှင်အနေဖြင့် လုကျိုးက စိတ်တိုင်းကျ သွားလာနိုင်၏။ သူသည် တိုင်လုံးထဲရှိ လေဟာနယ်ကို အာရုံခံမိသည်။ ယင်းက ဖရိုဖရဲကြွယ်ဝသော အသက်စွမ်းအင်များ ပြည့်နှက်နေသည့်ချိပ်ပိတ်ခံ လေဟာနယ်တစ်ခုကဲ့သို့ပင်။ သူက သမုဒ္ဒရာထဲတွင် ကူးခပ်နေရသလို ခံစားရ၏။ ဝေ့တက်လာသည့် အသက်စွမ်းအင်တို့က သူ့ကို အနည်းငယ် အံ့ဩသွားစေသည်။ သို့သော် သူ လှုပ်ရှားချိန်တိုင်း ကြွယ်ဝသောအသက်စွမ်းအင်နှင့် လေစီးကြောင်းတို့က ရှိနေတာကို ခံစားမိသည်။
“ဟမ်...”
သူက အသိစိတ်ကို ဆက်လက်လှုပ်ရှားလိုက်စဉ် နံရံတစ်ခုနှင့်ထိမိသလို ခံစားလိုက်ရ၏။ ပြီးနောက် သူ၏အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။
“ငါ အာရုံခံမိတဲ့အရတော့ ဒီတိုင်လုံးက နောက်ထပ်သက်တမ်း ၁၀၀၀၀၀ ရှိနေသေးတယ်။ ဒီလိုဆိုရင် တိုက်ပွဲကာလမှာ အသက်စွမ်းအင်တွေ အများကြီးဆုံးရှုံးသွားတဲ့ပုံပဲ"
စုပ်ယူမှုအရှိန်သည် မဆိုးရွားသော်ငြား အသက်စွမ်းအင်တစိတ်တပိုင်းသည် ၎င်းထဲဝင်ရောက်ပြီးနောက် တိုင်လုံးက စုပ်ယူသွားတာဖြစ်သည်။ လုကျိုးက ထိုအရာကို ဂရုမစိုက်တော့ပေ။ သက်တမ်း တစ်သိန်းဖြင့် ၎င်းသည် နောင်ကျအရေးပါသောကဏ္ဍထဲ ပါဝင်လာမှာကြိမ်းသေသည်။
လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးကို ထပ်မံတွန်းထုတ်လိုက်ရာ ၎င်းက ပိုတောင်လျင်မြန်စွာ လှည့်ပတ်သွားတော့၏။ ယခုဆို ၎င်းက အဆ၂၀ ပိုတောင်မြန်လာပြီဖြစ်သည်။
ပြီးနောက် လုကျိုးသည် လူတိုင်းကို ဆက်လေ့လာလိုက်သည်။
ထိုကာလအတွင်း နေ့မြင်ညပျောက်မြို့ထဲတွင် နေသူတိုင်းက တိုးတက်လာ၏။
ယွီကျန့်ဟိုင်သည် သူ၏မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး သူ၏သတ္တမမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန် ပြင်ဆင်နေသည်။ ယခုသူက ကျင့်ကြံခြင်းမွန်မြတ်သော မြေသို့ရောက်နေသောကြောင့် သူ မည်သို့လက်လျှော့နေနိုင်မည်နည်း။ ထို့အပြင် သတ္တမမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက ပထမဆုံးမွေးဖွားဇယားချပ်ကို အသက်သွင်းသလောက် လွယ်ကူနေ၏။ တစ်ဖက်တွင်မူ ယွီရှန်းရုန်က ပြောင်းလဲမှုမရှိပေ။ သူ့၌ ပွင့်ချပ် ၁၁ခုရှိနေသေး၏။ လုကျိုး၏လက်ဝါးကျရောက်လာလေသည်။ သူ ပြုလုပ်နိုင်သည်က နေ့စဉ်နေ့တိုင်းအသက်စွမ်းအင်များ စုပ်ယူပြီး ဓားလမ်းစဉ်ကို ကျင့်ကြံတာပဲဖြစ်သည်။
ထိုကာလအတွင်းကျန်သည့်သူများကလည်း တိုးတက်လာ၏။
ခဏအကြာတွင် လုကျိုးက လူတိုင်းကို အသက်စွမ်းအင်ပို့လိုက်၏။ “၆လနေရင် ရေကန်မှာ စုကြမယ်”
ထို ၆လသည် သူတို့၏ကျင့်ကြံမှုတည်ငြိမ်အောင် လုပ်ရမှာပဲဖြစ်သည်။
မိစ္ဆာဝေဟင်မျှော်နန်းက ယခုဆို မွေးဖွားဇယားချပ် ၁၆ခု လွတ်လပ်သူ ချင်နိုင်ဟယ်၊ ရှောင်ယွင်ဟယ်၊ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းတို့ ရှိနေသောကြောင့် လုကျိုး စိတ်မပူပေ။
အချိန်က ကုန်ဆုံးသွားပြီး ၆လတာကုန်လွန်သွားလေ၏။ ကျင့်ကြံရေးလမ်းစဉ်က ရှည်ကြာသည်။
ရေကန်က တူညီနေသေးသော်ငြား ယခုဆိုသစ်ပင်များက တိမ်တိုက်များထိအောင် မြင့်မားနေပြီ ဖြစ်သည်။ ဤနေရာတွင် နှစ်ဝက်က အပြင်ဖက်တွင် ၁၀နှစ်နှင့် ညီမျှ၏။
ယခုအချိန်တွင် လုကျိုးက သူ၏အခြေအနေကို တည်ငြိမ်အောင်လုပ်ပြီးဖြစ်သည်။
ဖုန်း
အဝေးကနေ လုဝူက ပျံသန်းလာလျက် တောင်ထွတ်ပေါ် ဆင်းသက်လိုက်သည်။ ပြီးနောက် ၎င်းက ခေါင်းငုံ့ကာ ပြောလိုက်တော့သည်။
“ကျုပ် စုံစမ်းစစ်ဆေးပြီးပြီ”
လွန်ခဲ့သည့်တစ်လခန့်က တစ်စုံတစ်ယောက်သည် ဖြည်းဖြည်းချင်းချဉ်းကပ်လာလျက် ဤနေရာကို သိုသိုသိပ်သိပ် စုံစမ်းစစ်ဆေးရန် ကြိုးစားခဲ့၏။
လုကျိုးက မျက်လုံးဖွင့်လျက် မျက်လုံးထောင့်ကနေ လုဝူကိုကြည့်ပြီး ပြောလိုက်သည်။ "ဘာလဲ။"
“အနောက်မြောက်မိုင်၃၀၀မှာ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စု တစ်စုက ဒီနေရာကို ဦးတည်လာနေတယ်”
“ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုဝင်လား”
လုဝူက အသက်ရှူထုတ်လိုက်၏။ ခဏအတွင်း အအေးဓာတ်က ပျံ့နှံ့သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်း တုန်ယင်ပြီး လျင်မြန်စွာ စုဝေးကုန်၏။
“တိတိကျကျပြောရရင် သူတို့ဒီကိုလာနေတာ လွန်ခဲ့တဲ့တစ်လလောက်က” လုဝူက ပြောလိုက်လေ၏။
“လက်စားချေဖို့လား” လုကျိုးက ပြောလိုက်သည်။
“အဲဒီလူတွေက ကျင့်ကြံဖို့အတွက် နေ့မြင်ညပျောက်မြို့ထဲက အပျက်အစီးနယ်မြေကို ရှာနေတာ။ ဒီနေရာက အပျက်အစီးနယ်မြေနဲ့သိပ်မဝေးဘူး။ သနားစရာမျိုးနွယ်စုပဲ။ သူတို့တွေက လူသားတွေ အမြစ်ပြတ်သုတ်သင်တာ ခံရသလောက်ရှိနေပြီ။ အခုနလံပြန်ထဖို့ကြိုးစားနေတာ” လုဝူက အက်ကွဲသံဖြင့်ပြောလိုက်၏။
“မင်း ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုရဲ့အကြောင်းသိလား”
“ကျုပ် အမြင်မှာ ခင်ဗျားတို့အားလုံး အတူတူပဲ”
“ငါတို့က ကွဲပြားတယ်”
မင်ရှင်ရင်က ပြောပြီး ချုံးချီ၏ကျောကနေ အမြန်ပျံသန်းလာ၏။
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
လုကျိုးသည် မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်၏။ မင်ရှစ်ရင် ယခုကာလအတွင်း မည်သို့ဆောင်ရွက်ခဲ့မှန်း သူ မသိသော်ငြား မင်ရှစ်ရင် ပိုသန်မာလာတာ သိသာ၏။
သူက လုဝူဖက်လှည့်ကာပြောလိုက်၏။ “သူတို့တွေက လူသားတွေမဟုတ်ဘူး။ သူတို့ရင်ဘတ်မှာ အပေါက်တွေရှိတယ်။ ငါက ဗိုက်မှာအပေါက်ရှိတဲ့ကျားတွေကို ကျားလို့ခေါ်ရင် မင်း သည်းခံနိုင်လား”
လုဝူက အံ့ဩမှင်တက်သွား၏။ “မင်း ပြောတာအဓိပ္ပာယ်တော့ရှိသား”
ဝှစ် ဝှစ် ဝှစ်
ထိုစဉ် ပုံရိပ်များစွာက ပျံသန်းလာတော့သည်။
…
အခန်း (၁၂၅၆) ဖျက်ဆီးခြင်းတိုင်လုံး ၁၀ခု
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့သည်အရင်ဆုံး ရောက်လာကြပြီး ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့် ကျန်သည့်သူများက နောက်မှရောက်လာကြ၏။ လုကျိုးက လုလီကို မေးလိုက်တော့သည်။ “မင်းရဲ့ကျင့်ကြံဆင့် ပြန်ရပြီလား”
လုလီက ပြုံးလျက်ပြန်ပြောလိုက်၏။ ”
"ရပြီ ... ကျုပ်ကံကောင်းသွားတာ။ ဒါပေမဲ့ အကန့်အသတ်ကို ဖြတ်ကျော်နိုင်ဖို့က ...”
လုလီသည် ထိုအချက်ကို လက်ခံလိုက်ပုံပေါ်၏။
“မင်းရဲ့ကြာပွင့်ကိုပြ” လုကျိုးက ပြောလိုက်သည်။
လုလီက ခေါင်းညိတ်ပြီးနောက် လူတိုင်းရှေ့တွင် သူ၏ ကြာပွင့်ကို ဖွဲ့တည်ပြလိုက်၏။
အနက်ရောင်ကြာသည် လူတိုင်း၏အာရုံစိုက်မှုကို ဖမ်းစားသွားသည်။ ယင်းက သိပ်မကြီးပေ။ မွေးဖွားနန်းဆောင်ထဲရှိ မွေးဖွားဇယားချပ် ၅ခုက ကွင်း ၅ခုကဲ့သို့ ဆက်နေလေ၏။
လုကျိုးသည် အနီရောင်ကြာနယ်မြေ၏ ကောင်းကင်ခြားတောင်တန်းဒေသထဲတွင် လုလီကို ပထမဆုံးမြင်တွေ့ခဲ့စဉ်အား ရှင်းရှင်းလင်းလင်းမှတ်မိနေသေး၏။ ယင်းသည် မွေးဖွားဇယားချပ် ၅ခုဖြင့် မွေးဖွားနန်းဆောင်တစ်ခုသာ ဖြစ်သော်ငြား မွေးဖွားဇယားချပ် ၁၀ခု ၁၁ခု ရှိသည့်သူများထက် ပိုတောက်ပပုံပေါ်၏။
ခုံဝမ်က သက်ပြင်းချလိုက်တော့သည်။
“ခင်ဗျားက မွေးဖွားဇယားချပ်၅ခုပဲ အသက်သွင်းနိုင်တာဆိုတော့လဲ ...”
လူတိုင်းက သက်ပြင်းချမိသွားသည်။
“မွေးရာပါ ပါရမီက အကန့်အသတ်ကို ဆုံးဖြတ်ပေးတယ်။ လူတိုင်းအသက်သွင်းနိုင်တဲ့ မွေးဖွားဇယားချပ်အရေအတွက်က မတူညီကြဘူး။ ဒါကို ပြောင်းလဲဖို့ ဘာမှမတတ်နိုင်ဘူးလေ”
လုလီက ပြုံးလျက်ပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး ... ဒီအကြောင်းအရင်းကြောင့် ကျုပ် စိတ်ပျက်အားငယ်နေခဲ့မယ်ဆိုရင် ကျုပ်ထက် အခြေအနေပိုဆိုးတဲ့သူတွေက သူတို့ကိုသူတို့သတ်သေချင်သွားမယ်လို့ ဆိုလိုတာမဟုတ်ဘူးလား”
လူတိုင်းရယ်မောလိုက်တော့သည်။ ထိုစဉ် လုကျိုးက နောက်ဆုံး၌ ပြောလိုက်၏။ “အပြောမစောနဲ့ဦး”
လူတိုင်းက မှင်တက်သွားတော့သည်။
လုဝူက လုကျိုးကိုကြည့်ပြီးမေးလိုက်လေ၏။ “အဲ့ဒီနည်းလမ်းသုံးတော့မှာလား”
ယခင်လက လုကျိုးသည် သူ၏အမြင်စွမ်းအားဖြင့် ပတ်ဝန်းကျင်အခြေအနေကို လေ့လာခဲ့၏။ ဤနေရာအကြောင်း လျှို့ဝှက်စုံစမ်းနေသည့်လူကို ရှာတွေ့ပြီးနောက် သူက လုဝူကို အပြစ်လွှတ်ခဲ့သည်။ ထိုစဉ်က သူသည် လုဝူအား လုလီ၏မွေးဖွားနန်းဆောင်နှင့် မွေးဖွားဇယားချပ်အကြောင်းပြောခဲ့၏။
လုဝူသည် နှစ်ပေါင်း သုံးသောင်းကြာရှင်သန်နေထိုင်ခဲ့သည့် ကြမ်းတမ်းခက်ထန်သားရဲဖြစ်သည်။ သူက ရှေးနည်းစနစ်တချို့ကို သိပေသည်။
လုဝူက ဆက်ပြောလိုက်လေသည်။
“ဒီနည်းလမ်းက ကျုပ် ဖြတ်သွားရင်း ကြားခဲ့ဖူးတာပဲ။ မကြိုးစားကြည့်ဖို့ အကြံပေးလိုက်မယ်”
“ဘာနည်းလမ်းလဲ” လုကျိုးက မေးလိုက်၏။
“မွေးဖွားနန်းဆောင်ကို ပြန်လည်တည်ဆောက်ဖို့”
“မွေးဖွားနန်းဆောင်ကို ပြန်လည်ဖွဲ့စည်းဖို့လား”
လူတိုင်း မှင်တက်ပြီး စိတ်ရှုပ်ထွေးသွားတော့သည်။
“မွေးဖွားနန်းဆောင်ကိုဖျက်ဆီးပြီး မဟာလေဟာနယ်စွမ်းအားနဲ့ပြန်တည်ဆောက်မယ်”
“...”
ရှောင်ယွမ်အာက အသံတိုးတိုးဖြင့်ပြောလိုက်၏။
“ရှစ်စွင်း ဖြစ်စဉ်က အင်မတန်နာကျင်မှာပဲ”
လုလီက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။
လူတစ်ယောက်၏ မွေးဖွားနန်းဆောင်ကိုဖျက်ဆီးခြင်းသည် ထိုလူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖျက်ဆီးခြင်းနှင့် မခြားပေ။ ဘုံတစ်ထောင်လေပွေကျင့်ကြံသူတစ်ဦးကို သတ်ရန် အမြန်ဆုံးနည်းလမ်းက ထိုလူ၏ မွေးဖွားနန်းဆောင်ကို ဖျက်ဆီးရန်ဖြစ်သည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းပြီး နာကျင်စေသည့်နည်းလမ်းတရပ် ဖြစ်၏။
“စိတ်မပူပါနဲ့ ရှစ်စွင်း ... ကျွန်တော်တို့ ကြိုးစားကြည့်လို့ရမယ်ထင်တယ်” ယွီရှန်းရုန်က ပြောပြီးလက်ဝေ့ယမ်းလိုက်၏။ ပြီးနောက် သူတို့ရှေ့၌ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်လေး ပေါ်လာသည်။
ယွီရှန်းရုန်သည် သူ၏ကြာပွင့်ကို ဖြတ်တောက်ခဲ့သည့် ပထမဆုံးသူဆိုတာ လူတိုင်းသိထားကြသည်။ မည်သို့ပင်ဆိုစေ အများစုက ကြာပွင့်မရှိသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်သောအခါ အံ့ဩနေသေးသည်။
ယွီရှန်းရုန်က လုလီကို ပြောလိုက်၏။
“ဒါက ပြဿနာကြီး မဟုတ်ဘူး။ ခင်ဗျား ကျရှုံးသွားရန် ထပ်စတင်လို့ရတယ်”
လုလီက ခေါင်းညိတ်ပြီး ဦးညွှတ်လိုက်သည်။
“မျှော်နန်းသခင်ဆီ အပ်ထားလိုက်ပါ့မယ်”
လုဝူက ခေါင်းခါလိုက်သည်။ “အဲဒီနေရာကို သွားမယ်ဆိုရင် ...”
လုဝူက ခေါင်းခါလိုက်သည်။ “ကျုပ်တို့ အဲဒီနေရာကို သွားရင် ...”
တွမ့်မူရှန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဘယ်နေရာလဲ”
“အမည်မသိကုန်းမြေကို အပြင်ပိုင်း၊ အတွင်းပိုင်းနဲ့ အလယ်ပိုင်းဆိုပြီး ခွဲခြားထားတယ်။ ဘယ်လောက်ကျယ်လဲတော့ အတိအကျမသိဘူး။ ဒဏ္ဍာရီအရ ဒေသသုံးခုဆီမှာ ဖျက်ဆီးခြင်းတိုင်လုံး ၃ခုရှိတယ်။ ကုန်းမြေအလယ်က တိုင်လုံးပါမယ်ဆိုရင် တိုင်လုံး ၁၀ခုရှိတယ်။ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အခြေက မဟာလေဟာနယ်မျိုးစေ့တွေ ပေါက်ရောက်ရာ ပြုန်းတီးမြေပဲ” လုဝူက ပြောလိုက်၏။
လူတိုင်းက ထိုစကားကို ကြားသောအခါ အသက်ပြင်းပြင်းရှုမိသွား၏။ သူတို့စိတ်ရှုပ်ထွေးကောင်း ရှုပ်ထွေးနေနိုင်သော်ငြား မဟာလေဟာနယ်မျိုးစေ့ဟူသော စကားလုံးကိုကြားပြီးနောက် သူတို့စိတ်ထဲ စိတ်ကူးတစ်ခု ဝေဝါးဝါးပေါ်လာတော့သည်။
“တိုင်လုံးတွေကို ဘယ်သူက တည်ဆောက်ထားမှန်း ဘယ်သူမှ မသိသလို သူတို့ဘာကြောင့်တည်ရှိနေမှန်း ဘယ်သူမှ မသိကြဘူး။ လူတချို့က ဖျက်ဆီးခြင်းတိုင်လုံးတွေထဲ မိုးနဲ့မြေအတားအဆီးရဲ့ လျှို့ဝှက်ချက်တွေ ပါတယ်လို့ မှန်းဆထားကြတယ်” လုဝူကပြောလိုက်၏။
“လူတိုင်းသိတဲ့ တစ်ခုတည်းသောအရာက တိုင်လုံးရဲ့အခြေမှ မဟာလေဟာနယ်မျိုးစေ့တွေ ပေါက်ရောက်တယ်ဆိုတာပဲ”
“မဟာလေဟာနယ်မျိုးစေ့ပေါက်ရောက်ရာနေရာလား ... အဲဒါက အမည်မသိကုန်းမြေရဲ့ ဗဟိုမဟုတ်ဘူးလား”
ခုံဝမ်သည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားလေ၏။ သူက အမည်မသိကုန်းမြေထဲ ရှိတာကြာပြီ ဖြစ်သော်ငြား ထိုနေရာကိုသွားရန် သတ္တိမရှိပေ။
လုဝူက လူတိုင်းကို တချက်ကြည့်ပြီးနောက် မေးလိုက်၏။
“မဟာလေဟာနယ်မျိုးစေ့တွေ အဲ့ဒီမှာပဲ တန်ဖိုးရှိတယ် ထင်နေတာလား”
လူတိုင်းက တိတ်ဆိတ်သွားတော့သည်။
ခဏအကြာတွင် ခုံဝမ်က ပြောလိုက်၏။
“မဟာလေဟာနယ်မျိုးစေ့ကို အသာထားလိုက်ဦး ... လူတိုင်းက အဲ့ဒီက မြေဆီလွှာအတွက်တောင် တိုက်ခိုက်ကြတာ။ အဲ့ဒီမှာ ရတနာတွေအများကြီးရှိတယ်။ မျှခြေညီနေတဲ့အချိန်တုန်းက အခြေအနေက သိပ်မဆိုးရွားဘူး။ အခု မျှခြေမညီတော့ဘူးဆိုတော့ အဲ့ဒီနေရာမှာ သွေးချောင်းစီးနေမှာပဲ”
ထိုစကားကို ကြားသောအခါ လုလီက ပြောလိုက်၏။
“ဒါဆို မသွားကြရအောင် ... ဒီအတိုင်းလည်း အဆင်ပြေပါတယ်။ မဟာလေဟာနယ်စွမ်းအင်နဲ့ ကျုပ်ရဲ့မွေးဖွားနန်းဆောင်ကို ပြန်လည်ဖွဲ့စည်းဖို့ စိတ်မပူပါနဲ့”
လုကျိုးက ခေါင်းခါလိုက်၏။ “မင်းအတွက်တင် မဟုတ်ဘူး”
လုလီ၏မွေးဖွားနန်းဆောင်ကို ပြန်လည်တည်ဆောက်ဖို့အတွက်သာဆိုလျှင် လုကျိုးသည် သူ့တပည့်များ၏ မဟာလေဟာနယ်မျိုးစေ့တစ်ခုကို ယူပြီး လုလီကို ပြန်ကူညီပေးနိုင်၏။ ယင်းသည် မဟာလေဟာနယ် စွမ်းအင် တည်ရှိမှုကို ပေါ်ပေါက်သွားစေနိုင်သောကြောင့် ကောင်းမွန်သည့်အကြံဉာဏ်တစ်ခု မဟုတ်ပေ။ သူက စွမ်းအင်များစွာ သုံးစွဲရန်လည်း လိုအပ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းက လက်ရှိ၌ အဆင့်မြင့်အသက်ဓာတ်နှလုံးသားများစွာ လိုအပ်၏။ လုကျိုးက သူ၏၁၂ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန် သင့်တော်သည့်အသက်ဓာတ်နှလုံးသားကို ရှာဖို့လိုသည်။ ဖျက်ဆီးခြင်းတိုင်လုံးရှိရာသို့ သွားရန်က အကောင်းဆုံးရွေးချယ်မှုဆိုတာ သံသယမရှိပေ။
လုလီက သူ့ကိုယ်သူ အထင်ကြီးမိသွားသည့်အတွက် အရှက်ရသွား၏။ ဘိုးဘေးရယ် ... ဒီလောက်ပွင့်ပွင့်လင်းလင်း ပြောလို့မရဘူးလား။
ထိုစဉ်က ရှောင်ယွမ်အာက လုကျိုးဘေးသို့ရောက်လာပြီး ပြောလိုက်လေ၏။ “ရှစ်စွင်း သွားတဲ့နေရာတိုင်း တပည့်သွားမယ်”
လုကျိုးက မှန်းဆမရအောင်သန်မာကြောင်း သူတို့သိသော်ငြား သူတို့ထိုနေရာသို့ သွားရမည်ဟု တွေးမိသောအခါ အနည်းငယ်စိတ်မသက်မသာဖြစ်နေလေ၏။
ထိုစဉ် လုကျိုးသည် သူမြင်တွေ့ခဲ့ဖူးသည့် သူ မြင်တွေ့ခဲ့ဖူးသည့် ဝေဟင်မှ အနက်ရောင်ကြာပွင့်များ ကျဆင်းလာသည့်မြင်ကွင်းကို ပြန်တွေးမိသွား၏။ ယင်းသည် ဖျက်ဆီးခြင်းတိုင်လုံးများထဲမှ တစ်ခုလောဟု တွေးမိသွားသည်။
“အရင်တုန်းက အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေက မဟာလေဟာနယ်ချဲ့ထွင်ရေးတွေ စီမံခဲ့တယ်။ ပါဝင်ချင်တဲ့ ကျင့်ကြံသူမချို့တဲ့ခဲ့ဘူး။ အရင်ခရီးစဉ်ကို လန်ရှီဟယ် ဦးဆောင်ခဲ့တာ။ အဲ့ဒီတုန်းက သူက မဟာလေဟာနယ်စွမ်းအင်အကြွင်းအကျန် ရခဲ့တယ်။ စွမ်းအင်က မင်းရဲ့မွေးဖွားနန်းဆောင်ကို ပြန်လည်တည်ဆောက်ပေးပြီး မွေးရာပါ ပါရမီကို မြှင့်တင်ပေးမှာ။ အဲဒါက တခြားရတနာတွေထက် ပိုကောင်းတယ်”
လူတိုင်းက ခေါင်းညိတ်လိုက်၏။
မင်ရှစ်ရင်က စပ်စပ်စုစုမေးလိုက်တော့သည်။
“ရှစ်စွင်း ... လန်ရှီဟယ်က မျှခြေထိန်းသိမ်းသူ မဟုတ်လား။ မျှခြေထိန်းသိမ်းသူက မဟာလေဟာနယ်စူးစမ်းရှာဖွေရေးထဲ ဘယ်လိုလုပ် ပါနိုင်တာလဲ”
“မျှခြေထိန်းသိမ်းသူတွေက မျှခြေထိန်းသိမ်းဖို့တာဝန်ယူထားတာ။ သူက မျှခြေမညီမျှမှုကို ကာကွယ်ဖို့ အပြာရောင်သလင်းတွေ ယူသွားတာ”
“အမှန်ပဲ။ မဟာလေဟာနယ်မျိုးစေ့ပိုင်ဆိုင်ထားတဲ့သူတွေက အချုပ်အခြာတည်ရှိမှုတွေဖြစ်လာမှာ ဒီတော့ ကျွန်တော်သွားဖို့မလိုဘူးမလား” မင်ရှစ်ရင်က သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။ သူ့၌ မဟာလေဟာနယ်မျိုးစေ့ ရှိသောကြောင့် အပြာရောင်သလင်းများ အသုံးပြုရန် မလိုဟု ပြောချင်သည်။ ထို့အပြင် ယခုအချိန်၌ မဟာလေဟာနယ်မျိုးစေ့အသုတ်အသစ်က ရင့်မှည့်ဦးမှာမဟုတ်ပေ။
လုဝူက ခေါင်းငုံ့လျက်ပြောလိုက်၏။ "အမှန်ပဲ”
ခုံဝမ်က ဇဝေဇဝါဖြစ်သွားတော့သည်။ “စတုတ္ထသခင်လေး မဟာလေဟာနယ်မျိုးစေ့အကြောင်း ကျုပ်တို့ပြောနေတာလေ။ ခင်ဗျား မမက်မောဘူးလား”
“ကျုပ်က ဘာကြောင့် မက်မောရမှာလဲ” မင်ရှစ်ရင်က ရှေ့သို့တိုးလျက် ခုံဝမ်၏ပခုံးပေါ်လက်တင်လျက် ပြုံးကာ ပြောလိုက်၏။ “လျှို့ဝှက်ချက်တစ်ခုပြောပြမယ် ... ကျုပ်က အချုပ်အခြာလောင်းလေ”
ခုံဝမ် “...”
လုကျိုးက မျက်မှောင်ကျုံ့လျက်ပြောလိုက်တော့သည်။ “မင်းတို့အားလုံးကို အမိန့်ပေးဖို့ စုဝေးလိုက်တာ။ မင်းတို့အမြင်ကို မေးဖို့မဟုတ်ဘူး”
မင်ရှစ်ရင်၏အမူအရာက လေးနက်တည်ကြည်သွားကာ အမြန်ပြောလိုက်၏။
“ရှစ်စွင်းအတွက် ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်လိုပါတယ်။ ဘာမဆိုလုပ်ပါ့မယ်”
ထိုစဉ် ...
ဖုန်း ဖုန်း ဖုန်း
မြေကမ္ဘာတုန်လှုပ်သံသည် အနောက်မြောက်အရပ်ဆီမှ ပျံ့လွင့်လာ၏။
လုဝူက ခေါင်းမော့ပြီးကြည့်လိုက်တော့သည်။ ပြီးနောက် သူက ခေါင်းခါကာ ပြောလိုက်တော့သည်။
“သူတို့ဒီရောက်လာပြီ”
“သူတို့လား”
လုဝူက ဖြည်းဖြည်းချင်းလှည့်လာလျက် ပြောလိုက်၏။
“ဪ ... ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တွေ လာနေတာ ပြောဖို့မေ့သွားတယ်”
လုကျိုးက လက်ဖြင့်ရိုက်ချလိုက်တော့သည်။
မတည်မြဲခြင်းတိုင်လုံးသည် မြေပြင်မှ ကြွတက်လာပြီးနောက် ရွှေအပ်တစ်ချောင်းအသွင်ပြောင်းလျက် လုကျိုး၏အင်္ကျီလက်ဆီ လှမ်းလာတော့သည်။ ပြီးနောက် တိုင်လုံးမှ အာနိသင်က ချက်ချင်းက ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်က အနည်းငယ်တောက်ပသွားတော့သည်။
ပြီးနောက် လူတိုင်းသည် လုကျိုးနောက်လိုက်ကာ ပျံသန်းလိုက်၏။ သူတို့အနောက်မြောက်ဖက်ဆီ ကြည့်မိသောအခါ မီတာ၃၀ကျော်ခန့်မြင့်မားသည့် ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ဦးက သေးငယ်သည့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များစွာကို ဦးဆောင်လာတာ တွေ့လိုက်ရသည်။ သူတို့ခြေလှမ်းလှမ်းလိုက်တိုင်း မြေပြင်က တုန်လှုပ်သွားတော့၏။
...
အခန်း (၁၂၅၇) သူတို့ကိုရှင်းလင်းလိုက်
နေ့မြင်ညပျောက်မြို့ထဲတွင် သူတို့မြင်တွေ့ခဲ့ဖူးသည့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များက အတော်လေး အရပ်မြင့်နေပြီဟု သူတို့ထင်ခဲ့သည်။ ဆိုရလျှင် သူတို့က ၃မီတာ ၄မီတာခန့်မြင့်ကြလေ၏။ သို့သော် မီတာ၃၀ခန့်မြင့်သည့် ဤဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်ကမူ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့၏အမြင်ကို ဆန်းသစ်သွားစေသည်။
သူတို့သည် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်၏ ခွန်အားကို သူတို့အရပ်အမြင့်ပေါ် အခြေခံပြီး တွက်ချက်မည်ဆိုပါက ၃၊၄ မီတာခန့်မြင့်သည့် မျိုးနွယ်ဝင်က မွေးဖွားဇယားချပ် ၃ခု၊ ၄ခုရှိသည့် ဘုံတစ်ထောင်လေပွေကျင့်ကြံသူတစ်ယောက်ကဲ့သို့ သန်မာလိမ့်မည်။ ထိုသို့ဆိုလျှင် ဤမီတာ ၃၀ခန့်မြင့်မားသည့် ဤဧရာမလူကြီးက မည်မျှအစွမ်းထက်မည်နည်း။
“သူတို့ကို လူလို့သတ်မှတ်လို့မရတော့ဘူးမလား” မင်ရှစ်ရင်က မေးလိုက်၏။
“သူတို့က လူပုံစံပဲ ... လူသားမဟုတ်ဘူး"
ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်၏ အရေပြားက ကျောက်တုံးကဲ့သို့မာကျောနေပြီး သူတို့က ရွှံစေးရုပ်များနှင့် အနည်းငယ်ဆင်တူသည်။ မျက်လုံး၌ အစိမ်းရောင်အလင်းရှိနေကာ သူတို့မျက်နှာက အမုန်းတရားများ ဒေါသများပြည့်နေသောကြောင့် ရှုံ့မဲ့နေသည့်အမူအရာမျိုးဖြစ်နေသည်။
ယွီရှန်းရုန်က အနည်းငယ်မြင့်မြင့်ပျံသန်းပြီးနောက် ပြောလိုက်၏။ “ဒါကောင်းတာပဲ။ ကျုပ်ရဲ့ဓားလမ်းစဉ်အသစ် စမ်းသပ်ဖို့ သူတို့ကို အသုံးချလို့ရတယ်”
နာရီလက်တံပမာ ယွီကျန့်ဟိုင်က ပြောလိုက်၏။ “ရှစ်တိ ... ငါကလည်း ဓားမော့ကျင့်စဉ်အသစ် သင်ယူထားတာ။ ငါတို့ပြိုင်ကြမလား”
ကျန်သည့်သူများသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်၏အပြုအမူများကြောင့် ဆွံ့အသွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၌ အချိန်အတော်ကြာရှိလာပြီးနောက် လူအများစုသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က မည်သည့်အခြေအနေတွင်မဆို ယှဉ်ပြိုင်တတ်ကြောင်း သူတို့သိထားကြ၏။
ယွီရှန်းရုန်က ပြုံးပြီးမေးလိုက်တော့သည်။
“ဘယ်လိုပြိုင်ချင်လဲ တာ့ရှစ်ရှိုး”
“အများဆုံးသတ်နိုင်တဲ့သူက အနိုင်ပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ကျွန်တော် တွေးနေတာလည်း အဲဒါပဲ” ယွီရှန်းရုန်က ခေါင်းညိတ်လိုက်တော့သည်။
ကျင့်ကြံသူများသည် ခွန်အားကို ကြိုးစားပမ်းစားမြှင့်တင်ပြီး အရည်အချင်းနှင့် ကျင့်ကြံမှုများကို မြှင့်တင်ခြင်းမှ သူတို့ခန္ဓာကိုယ်ကို မြှင့်တင်ရန်မဟုတ်ဘဲ ရန်သူကို သတ်ဖြတ်ရန် တိုက်ပွဲဝင်နေစဉ် အသုံးချနိုင်ဖို့ဖြစ်သည်။ ဓားကျင့်စဉ် ဒါမှမဟုတ် ဓားမော့ကျင့်စဉ်ဆိုလျှင် ရန်သူကို အများဆုံး သတ်နိုင်သည့်သူက အရည်အချင်းအရှိဆုံးဖြစ်လိမ့်မည်။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က တပြိုင်နက်တည်း လှည့်လာလျက် လုကျိုးကို ပြောလိုက်၏။
“ရှစ်စွင်း ... သူတို့ကိုဖြေရှင်းဖို့ ကျွန်တော်တို့ကို ခွင့်ပြုပေးပါ”
လုကျိုးသည် ယခင်ကနေယခုချိန်အထိ ချစ်ကြည်ရေးယှဉ်ပြိုင်ပွဲကို မကန့်ကွက်ခဲ့ပေ။ ဆိုရလျှင် သိုးအုပ်ထဲ၌ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေကို ပျိုးထောင်ဖို့က မဖြစ်နိုင်။ ကျင့်ကြံခြင်းလောကက ရက်စက်ကြမ်းကြုတ်ပေ၏။ သိုးဖြူလေးတစ်ကောင်အတွက် ရှင်သန်ဖို့ရာ ခက်ခဲလိမ့်မည်။ ထို့ကြောင့် သူက အင်္ကျီလက်ကို ဝေ့ယမ်းလျက် လက်ခံကြောင်းပြလိုက်တော့သည်။
ဝှစ် ဝှစ်
လုကျိုး၏ တပည့်ကြီးနှစ်ယောက်က အလင်းတန်းအသွင် ပြောင်းလဲလျက် ဟင်းလင်းပြင်ရင်ဘတ် မျိုးနွယ်ဝင်များဆီ ပျံသန်းသွားတော့သည်။
ယွီကျန့်ဟိုင်က မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို ရွတ်ဆိုလျက် ရှေ့သို့တဟုန်ထိုး ထွက်သွားတော့သည်။
ထိုစဉ် ယွီရှန်းရုန်ကမူ သူ၏ သက်တော်ရှည်ဓားကို ထိန်းချုပ်ရန် ကွေ့ယွမ်ဓားသိုင်းကို အသုံးပြုလျက် လူအုပ်ကြီးဆီသို့ ကြယ်တံခွန်တစ်စင်းပမာ တိုးဝင်သွားလေ၏။
မျက်စိတစ်မှိတ်အတွင်း နေရာတစ်ခုလုံးက စစ်မြေပြင်အဖြစ်ပြောင်းလဲသွားတော့သည်။
ခုံဝမ်က ကြည့်နေလျက် ပြောလိုက်၏။
“ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တွေက ကြောက်ဖို့ကောင်းလောက်အောင် သန်မာတဲ့ခုခံမှုတွေ ရှိတယ်။ သူတို့ရဲ့ သေကွင်းသေကွက်က သူတို့ချိုင်းအောက် သုံးလက်မနားမှာ ရှိတာကြောင့် ပထမသခင်လေးနဲ့ ဒုတိယသခင်လေးတို့က သူတို့ကိုသတ်ဖို့ အားစိုက်ထုတ်ရမှာပဲ”
“ကိစ္စမရှိဘူး ... သူတို့အားနည်းချက်ကို သိနေသရွေ့ သူတို့ကို သတ်နိုင်မှာပဲ” မင်ရှစ်ရင်က ပြုံးလျက်ပြောလိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
“တင်း ... ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပိုကုသိုလ်မှတ် ၁၅၀၀၊ မျိုးနွယ်စုအပိုကုသိုလ်မှတ် ၁၀၀၀”
“တင်း ... ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပိုကုသိုလ်မှတ် ၁၅၀၀၊ မျိုးနွယ်စုအပိုကုသိုလ်မှတ် ၁၀၀၀”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တပြိုင်နက်တည်းနီးပါး သူတို့၏ သက်ဆိုင်ရာပစ်မှတ်များကို သတ်လိုက်ကြသည်။ အကြည့်တစ်ချက်ဖလှယ်ပြီးနောက် သူတို့၏နောက်ထပ်ပစ်မှတ်များဆီ ရွေ့လိုက်ကြသည်။
ထိုစဉ် မီတာ၃၀မြင့်မားသည့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က မိုးခြိမ်းသံပမာ ကျယ်လောင်သောအသံဖြင့် အော်လိုက်၏။ “သူတို့ကို ချေမှုန်းကြ”
ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း
ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တို့က ရှေ့တိုးလျက် သူတို့၏တင်းပုတ်များဖြင့် ထိုနှစ်ယောက်ကို တိုက်ခိုက်ကြတော့သည်။ ခဏအကြာ၌ သူတို့၏တင်းပုတ်များကို လေထဲမြှောက်လိုက်၏။
ပြီးနောက် တင်းပုတ်များသည် ဝေဟင်ထဲ၌ အစီအရင်တစ်ခု ဖြစ်သွား၏။
“နတ်ဆိုးသတ်ဖြတ်သူရဲ့ တင်းပုတ်အစီအရင်လား”
“ဒီဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တွေက ဗုဒ္ဓကျင့်စဉ်ကို ကျွမ်းကျင်တယ်လား စိတ်ဝင်စားစရာပဲ”
“သူတို့က ကတုံးတွေဆိုတော့ ဘုန်းတော်ကြီးတွေနဲ့တူတယ်”
ဝေဟင်ထဲရှိ တင်းပုတ်အစီအရင်သည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ပိတ်ဆို့ထား၏။ ထိုအရာဖြင့် စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့တို့သည် ဝေဟင်ထဲရှိတင်းပုတ်အစီအရင်ကို ပူးပေါင်း တိုက်ခိုက်ကြတော့သည်။
ယခုအချိန်တွင် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်များသည် သူတို့၏အားနည်းချက်ပေါ်သွားပြီမှန်း သိသောကြောင့် သူတို့ကိုယ်သူတို့ကာကွယ်ရန် ဖြည်းဖြည်းချင်းရှေ့တက်တော့၏။
မကြာမီ၌ သူတို့နှစ်သား အဝိုင်းခံလိုက်ရ၏။ သူတို့၏သက်တော်ရှည်ဓားနှင့် နဂါးသွဲ့ကျောက်ဓားမော့တို့သည် တင်းပုတ်အစီအရင်ထဲ ပိတ်မိသွားလေ၏။
“သူတို့ ကောင်းကောင်းပြင်ဆင်လာတာပဲ”
“တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုး အဆင်ပြေမှာလား” ရှောင်ယွမ်အာက စိတ်မအေးနိုင်ဖြစ်နေပြီး သွားကူညီချင်၏။
“စိတ်မပူနဲ့ ... အခုတော့ ကြည့်နေဦးမယ်”
ဖုန်း
အရပ်အမြင့်ဆုံး ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က ရုတ်တရက်ခုန်ကျော်လာလျက် လေထဲ ခပ်နိမ့်နိမ့်ပျံဝဲနေ၏။
တောက်ပသည့်စွမ်းအင်စည်းတံဆိပ်တစ်ခုသည် သူ၏ရင်ဘတ်ပေါ်ရှိအပေါက်မှ ပေါ်ထွက်လာပြီး ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ဆီ တိုးဝင်သွားသည်။
“သွားကြမယ်” နှစ်ယောက်သားက လေထဲပျံတက်သွား၏။
နဂါးသွဲ့ကျောက်ဓားမော့က လည်ပတ်သွားပြီးနောက် အရပ်မျက်နှာအနှံ့စွမ်းအင်ဓားမော့များ ပစ်ထုတ်လိုက်၏။ နှစ်ယောက်သား၏လက်မောင်းများ ထုံကျဉ်သွားကာ တင်းပုတ်အစီအရင်ထဲမှ ထွက်လာတော့သည်။
ယွီရှန်းရုန်သည် အခွင့်အရေးကို ဘယ်တော့မှ အလွတ်ခံသူမဟုတ်။ သူက အပြင်သို့ရောက်သည်နှင့် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ စွမ်းအင်ဓားတို့သည် သက်တော်ရှည်ဓားဆီတိုးဝင်လာပြီး စွမ်းအင်ဓားသောင်းချီက ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်ဆီသို့ ဦးတည်သွားပြီး သူ့ရင်ဘတ်ထဲမှ ပစ်လိုက်သည့် စွမ်းအင်စည်းတံဆိပ်ကို အောင်မြင်စွာ ရှောင်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားတို့သည် ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်၏ ဝမ်းဗိုက်ပေါ်ကျရောက်သွားပြီး လှိုင်းဂယက် အနည်းအကျဉ်းသာ ကျန်ခဲ့လျက် နောက်သို့ လွင့်ထွက်သွား၏။
ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က ဟိန်းဟောက်လျက် သူ့လက်ကို လွှဲကာ ယင်ကောင်တစ်ကောင်ကို ရိုက်လိုက်သည့်ပမာ လက်ကိုလွှဲယမ်းလိုက်၏။ “သေပေတော့”
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လျက် တစ်ယောက်လက်ဝါးတစ်ယောက် ရိုက်လျက် ပျံသန်းရန် အားသုံးလိုက်၏။
ဘန်း
ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်၏ လက်က မြေပြင်ပေါ်ရိုက်ချလိုက်ချိန်တွင် မြေငလျင် လှုပ်သွားစေ၏။
“စိတ်ဝိညာဉ်သဏ္ဌာန်”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က တညီတညွတ်တည်းအော်လိုက်၏။ သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်က ထိုအခြေအနေများအောက်၌ သူတို့၏အကြီးမားဆုံးစွမ်းအားကို ထုတ်လွင့်ရန် ကူညီပေးနိုင်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခု လေထဲခုန်တက်လျက် သူတို့က ပေရာချီအထိ ရောက်သွားတော့သည်။
ဖုန်း
အားနည်းသည့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တချို့သည် စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုမှ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားလေ၏။
“တင်း ... ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပိုကုသိုလ်မှတ် ၁၅၀၀၊ မျိုးနွယ်စုအပိုကုသိုလ်မှတ် ၁၀၀၀”
“တင်း ... ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပိုကုသိုလ်မှတ် ၁၅၀၀၊ မျိုးနွယ်စုအပိုကုသိုလ်မှတ် ၁၀၀၀”
“တင်း ... ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပိုကုသိုလ်မှတ် ၁၅၀၀၊ မျိုးနွယ်စုအပိုကုသိုလ်မှတ် ၁၀၀၀”
“တင်း ... ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀၊ နယ်မြေအပိုကုသိုလ်မှတ် ၁၅၀၀၊ မျိုးနွယ်စုအပိုကုသိုလ်မှတ် ၁၀၀၀”
အားနည်းသည့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တချို့က ချက်ချင်း သေဆုံးကုန်၏။ သူတို့၏အားနည်းချက်များကို အထူးတလည်ပစ်မှတ်ထားရန် မလိုအပ်ပေ။
ပေ၃၀ခန့်မြင့်မားသည့် ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကြောင့် ပုသွားတော့သည်။ သူက ဟိန်းဟောက်လိုက်သည်။ “သူတို့ကိုသတ်ဟေ့”
သူသည် စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖျက်ဆီးနိုင်သရွေ့ သူ့ရှေ့ရှိ လူသားနှစ်ယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေမည်ဆိုတာ သိနေသည်။
ယွီရှန်းရုန်က ပြုံးလိုက်လေ၏။ “နောက်ကျသွားပြီ”
ဝှစ်
ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင် နောက်၌ ပြန်ပေါ်လာသည်။ ၎င်းက ရွှေရောင်ပွင့်ချပ်များကို ပစ်ထုတ်လျက် ဓားက ရွှေရောင်စက်ဝန်းပမာ ဝေ့ယမ်းနေတော့သည်။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က တအံ့တဩ ပြောလိုက်တော့သည်။
“အာ့ရှစ်ရှိုးရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က ဒီလောက်ဖျတ်လတ်တယ်လား”
“သူ့ရဲ့လှုပ်ရှားမှုတွေက မူလခန္ဓာနီးပါး ဖျတ်လတ်နေတာပဲ။ ကြာပွင့်ဖြတ်တာက ဒီလောက်အကျိုးအမြတ် ရှိလိမ့်မယ်လို့ မထင်ထားဘူး” ယန်ကျန်းလော့က ပြောလိုက်၏။
တွမ့်မူရှန်းက ပြုံးလျက်ပြောလိုက်သည်။
“စစ်ရှစ်တိ ... မင်းရဲ့ရွှေကြာကိုဖြတ်တောက်ဖို့က သိပ်နောက်မကျသေးဘူးနော်”
“အမ်”
ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က ရှေ့သို့ချီတက်လာ၏။ သူက လက်သီးဖြင့် ထိုးလိုက်သော်ငြား သူ၏လက်သီးသည် လေကိုသာ ထိုးမိ၏။
ယွီရှန်းရုန်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းပြီး ဖြစ်သည်။ သို့သော် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က လက်သီးကို ပြန်ဆွဲထုတ်လိုက်သောအခါ သူသည် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ပြီး ထပ်မံတိုက်ခိုက်လိုက်၏။ ယင်းက အကြိမ်ရေအနည်းငယ် ဖြစ်ပွားနေ၏။
ယခုအချိန်တွင် ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က ဒေါသထွက်နေတော့သည်။ သူက ကျောမတ်လျက် ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို သူ့အားတိုက်ရိုက် ရိုက်ခွင့်ပေးလိုက်တော့သည်။ ပြီးနောက် သူ၏လက်နှစ်ဖက်ကို ဆွဲထုတ်ကာ ပြင်းထန်စွာ ဆောင့်ချလိုက်၏။ ဤနည်းဖြင့် သူ၏ခါးပေါ်၌ ထူးဆန်းသော အမှတ်အသားတစ်ခု ရုတ်တရက်ပေါ်လာတော့သည်။
ဖုန်း
ကြောက်မက်ဖွယ်ကောင်းသည့် ရိုက်ခတ်မှုလှိုင်းက ချက်ချင်းပြန့်လွင့်သွား၏။ ရိုက်ခတ်မှုလှိုင်းထဲ ဝင်ပါသွားသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ရုတ်သိမ်းလိုက်သည်။
ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်၏ အမူအရာက ဒေါသကြောင့် ရှုံ့မဲ့နေတော့သည်။
“မင်းတို့က ငါ့မျိုးနွယ်ဝင်တွေကို သတ်လိုက်တယ်။ ငါ မင်းတို့ကို သူတို့နဲ့အတူ မြှုပ်ပစ်မယ်”
ထိုစဉ် လုကျိုးက အသံပို့လိုက်၏။ “ဒါက မင်းလိုချင်တာလား”
လုကျိုး၏အသံက မကျယ်သော်ငြား ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်၏နားထဲ ရောက်နိုင်သည်။ သူက လှည့်ကြည့်လိုက်ချိန် လုကျိုး၏လက်ထဲ၌ ရွှေရောင်မတည်မြဲခြင်းတိုင်လုံးကို တွေ့သောအခါ တအံ့တဩပြောလိုက်၏။ “ခင်ဗျားအဲဒါကို အညံ့ခံအောင် လုပ်နိုင်ခဲ့တာလား” လုကျိုးက လက်ဝေ့ယမ်းလိုက်ရာ မတည်မြဲခြင်းတိုင်လုံးက ပျောက်ကွယ်သွားလေ၏။ ပြီးနောက် သူက လေသံအတက်အကျမရှိပြောလိုက်သည်။
“ဒါက အခုငါ့အပိုင်ဖြစ်နေပြီ။ ငါ စိတ်မပြောင်းခင် မင်းတို့ ထွက်သွားသင့်တယ်။ မလှုပ်ရှားခင် စဉ်းစားတာ အကောင်းဆုံးပဲ”
“...”
ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်သည် ညီညီညာညာ ရပ်နေကြသည့် မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့ဝင်များနှင့် လုကျိုးကို ကြည့်ပြီး မျက်မှောင်ကျုံ့မိသွားကာ ထပ်မံတိုက်ခိုက်ရန် ပြင်နေသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို ကြည့်လိုက်၏။ ရိုးရိုးသားသားပြောရလျှင် ယခုအချိန်၌ သူ တုန့်ဆိုင်းနေမိသည်။ ဆိုရလျှင် မတည်မြဲခြင်းတိုင်လုံးကို အောင်နိုင်သည့်သူက မည်ကဲ့သို့အားနည်းမည်နည်း။ သို့သော် ယခုအချိန်တွင် မြှားပစ်ပြီးဖြစ်သောကြောင့် ပြန်လှည့်ဖို့က နောက်ကျလွန်းသွားသည်။
ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်က လုကျိုးကိုကြည့်ကာ ပြောလိုက်၏။
“ရှေးတုန်းတည်းက လူသားတွေက ကျုပ်တို့ကို ကျဉ်ထားတာ။ ကျုပ်တို့မျိုးနွယ်ဝင်တွေက မတည်မြဲခြင်းတိုင်လုံးကြောင့် တန်ကြေးပေးဆပ်ခဲ့ရတယ်။ ကျုပ်တို့အဲဒါကို ဒီလောက်အလွယ်တကူ လက်လျှော့နိုင်ပါ့မလဲ” ပြီးနောက် သူက မေးလိုက်၏။
“ခင်ဗျား ဂေါ်ရယ်ကို သတ်ခဲ့လား”
မင်ရှစ်ရင်က ပြောလိုက်သည်။ “သူက သေချင်နေတာလေ။ ဒီတော့ သူသေချင်နေတာကို ငါတို့ကို အပြစ်လာမတင်နဲ့”
ဧရာမဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်၏ မျက်လုံး၌ ဒေါသများပြည့်သွားတော့၏။
“မတည်မြဲခြင်း တိုင်လုံးပေးလိုက် ... မဟုတ်ရင် သေလိုက်”
လုကျိုးက သက်ပြင်းချပြီးနောက် အင်္ကျီလက်ကို ဝေ့ယမ်းပြီး ပြောလိုက်သည်။
“သူတို့ကို ရှင်းလိုက်တော့”
“နားလည်ပါပြီ” မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် တညီတညွတ်တည်း ဦးညွှတ်လိုက်တော့သည်။
...