← Chapters

အခန်း (၁၂၅၈-၁၂၆၀)

Vol. 84 Ch. 1258-1260

အခန်း (၁၂၅၈-၁၂၆၀)

Vol. 84 Ch. 1258-1260

အခန်း (၁၂၅၈) တစ်ယောက်ချင်းစီ၏ အရည်အချင်းကို ထုတ်ပြကြခြင်း

တွမ့်မူရှန်းက နယ်ရှင်လှံကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

“လုဝူ သတ်လိုက်”

“ဝုန်း”

လုဝူက မြေကြီးပေါ်မှ ခုန်တက်လိုက်၏။

သူ့ခန္ဓာကိုယ်က ကောင်းကင်ကို ဖုံးလွှမ်းသွားလေသည်။

တွမ့်မူရှန်းကလည်း တစ်ပြိုင်တည်းဆိုသလို ပျံသန်းထွက်လာသည်။

လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်ရာချီက ခေါင်းကိုမော့ကာ ကြည့်လိုက်ကြသည်။ သူတို့က ဧရာမလုဝူကို မြင်လိုက်ရသည့်အခါ အကြောက်တရားဖြင့် မျက်လုံးအပြူးသား ဖြစ်လာကြသည်။

“လုဝူ”

ဤတစ်ကြိမ် လုဝူက ပါးစပ်ဟကာ အေးခဲနေသည့် စွမ်းအင်များကို ရှူထုတ်လိုက်သည်။ ထို့နောက် မီတာ၁၀၀၀ပတ်လည်အတွင်း နေရာတစ်ခုလုံး၌ အေးစက်မှုတို့ လွှမ်းခြုံသွားကာ လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များကို အေးခဲသွားစေသည်။

“ဝုန်း”

လုဝူက မြေကြီးပေါ်ရောက်ရှိလာပြီး အေးခဲနေသည့် လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များကို ရိုက်ထုတ်လိုက်သည်။ ရေခဲက ကြေမွသွားသည့်အခါ သူတို့ကလည်း ကြေမွသွား‌၏။ အားလုံးက သေဆုံးသွားကြသည်။ သူတို့၏ သေစေလောက်သည့်နေရာကို ပစ်မှတ်ထားနေဖို့ မလိုအပ်ပေ။ အကြွင်းမဲ့စွမ်းအားရှေ့တွင် ခုခံမှုနှင့် လှည့်ကွက်အားလုံးက အသုံးမဝင်ပေ။

“...”

ထိုလေထုက အသက်ရှင်သန်နေသည့် လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များအတွက် မွန်းကြပ်လာစေသည်။

“စန်းရှစ်ရှိုးနှင့် လုဝူတို့က သူတို့ကို ဖြေရှင်းဖို့ လုံလောက်နေတဲ့ပုံပဲ။ ကြည့်ရတာ ညီမတို့ ဘာမှလုပ်စရာ မရှိတော့ဘူး”

ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။ နှိုင်းယှဥ်ကြည့်ပါက သူမအနေဖြင့် စွမ်းအားကို ပြသဖို့ နေရာမရှိပေ။ သူမက ဇာမဏီငယ်လေးကို ပွတ်သပ်ရင်း မေးလိုက်သည်။

“မင်းလည်း မင်းအမေလို ဘယ်အချိန်မှ အားကောင်းလာမှာလဲ”

မီးဇာမဏီငယ်လေးက တောင်ပံကို ခတ်ပြီး နှုတ်သီးကို ဟကာ ကျီကျီကျာကျာ အော်မြည်လိုက်သည်။

“ဝှစ်”

ထို့နောက် မီးဇာမဏီလေး၏ ပါးစပ်မှ မီတောက်များ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာသည်။

ဤတစ်ကြိမ် မင်ရှစ်ရင်က ပြောလိုက်သည်။

“ခွေးလေး သွားကြစို့”

လူသားနှင့် ခွေးကလည်း ပြေးဝင်လာသည်။

ချုံးချီက လုဝူလောက် ကြီးမားခြင်း မရှိသော်လည်း အတော်လေး ကြီးမားနေဆဲသာဖြစ်၏။ ထိုအရာက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များဆီ ကြမ်းကြမ်းတမ်းတမ်း ခုန်အုပ်သွားသည်။

ထို့နောက် ယန်ကျန်းလော့နှင့် လုလီတို့ကလည်း ပြေးဝင်ကာ သူတို့၏ အရည်အချင်းများကို ထုတ်ပြနေကြသည်။

ကြယ်တာရာဒိုင်ခွက်များက လေထုထဲတွင် အလင်းတိုင်လုံးများသဖွယ် တောက်ပလာလေ၏။ ထိုအရာကိုမြင်ကာ ခုံဝမ်ကလည်း သူ့ညီအကိုများကို လှမ်းခေါ်လိုက်လေ၏။

“ညီအကိုတို့ သွားကြစို့”

“သွားကြမယ်”

ညီအကိုလေးယောက်က လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များဆီ ပြေးဝင်သွားကြသည်။

လုဝူက ဦး‌ဆောင်လျက် သူတို့က လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များကို ရှင်းထုတ်နေကြသည်။

“တင်း လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်။ နယ်မြေအပိုရလဒ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ သီးသန့်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

“တင်း လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်။ နယ်မြေအပိုရလဒ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ သီးသန့်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

ဧရာမလေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်က လုဝူကို မြင်သည့်အခါ ကြောင်အမ်းသွားလေ၏။ သူက အသိပြန်ဝင်လာသည့်အခါ လုဝူရှေ့ခုန်ထွက်ပြီး လုဝူ၏ ဦးခေါင်းဆီ လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။

“ထွက်သွားစမ်း”

မိုးချိန်းသံလို ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ခေါင်းဆောင်က ခေတ္တမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် ဆက်လက်ချီတက်လာသည်။ သူ့လက်သီးချက်က လုဝူ၏ခေါင်းကိုကျော်လွန်ကာ မြေကြီးထက်ကျရောက်လာသည်။

ဧရာမ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်က တစ်ခြားသူများကို ‌အေးခဲထားသည့်ရေခဲများကို ချိုးဖောက်ကာ သူတို့ကို လွတ်မြောက်စေလိုက်သည်။ တစ်ခြားသော လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များ လွတ်မြောက်သွားသည်နှင့် သူတို့က တင်းပုတ်များကို လေထဲဝှေ့ယမ်းပြီး နတ်ဆိုးသတ်ဖြတ်ရေး တင်းပုတ်အစီအရင်ကို ဖွဲ့စည်းလိုက်ကြသည်။

“ကြီးထွားစမ်း”

ထိုအခိုက်အတန့်၌ ဧရာမလေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်က အမြင်အားဖြင့် ပေရာချီ မြင့်မားလာသည်။

တစ်ခြားသောလေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များကလည်း လေထဲ ပျံသန်းလိုက်ကြ၏။ ထို့နောက် သူတို့၏ရင်ဘတ်မှ အလင်းတိုင်လုံးများက တစ်ခုပြီးတစ်ခု ထုတ်လွှင့်လာသည်။

“ဝုန်း”

လုဝူက ထိုအလင်းတိုင်လုံးများက ထိမှန်ခံလိုက်ရသည့်အခါ ခြေလှမ်း နောက်အနည်းငယ် ဆုတ်လိုက်ရသည်။

“ဒါက ဘာတိုက်ကွက်လဲ”

မင်ရှစ်ရင်က တအံ့တသြ ရေရွတ်လိုက်သည်။

“ဒါက လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်ရဲ့ ထူးခြားမှုပဲ။ ဘာမှ စိုးရိမ်စရာမလိုဘူး။ ဆက်တိုက်ကြမယ်”

ခုံဝမ်က ပြောလိုက်သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများလည်း သူတို့ကြယ်တာရာဒိုင်ခွက်များကို ထုတ်ဖော်ပြီး လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များဆီ အလင်းတန်းများ ပစ်ခတ်လိုက်သည်။

“ဘမ်း ဘမ်း ဘမ်း”

“တင်း လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ သီးသန့်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

“တင်း လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ သီးသန့်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

လုကျိုးက အခြေအနေကို သုံးသပ်ရင်း သူ့ ကုသိုလ်ရမှတ်များ တိုးပွားလာသည်ကို မြင်လိုက်ရသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ယေဘုယျစွမ်းအားကလည်း သိသိသာသာ တိုးပွားလာ၏။

လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ရာချီနှင့် ရင်ဆိုင်ရသည့်အခါ သူတို့က အရေးနိမ့်နေခြင်းမရှိပေ။ တစ်ကယ်တော့ အ‌ရေးသာနေလေ၏။ ပုံမှန်အားဖြင့် လုဝူသည် ကြီးမားသည့်ကဏ္ဍ၌ ပါဝင်ပတ်သက်နေသည်ဟု ဆိုရပေမည်။ သို့သော်လည်း တစ်ဖက်လူက ဧရာမ ပြိုင်ဘက်ကြီး ရှိနေသည့်အတွက် ရလဒ်ကို အကဲဖြတ်ဖို့ ခက်ခဲနေဆဲသာဖြစ်၏။

လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်၏ ခုခံမှုက အတော်လေး ခက်ခဲလာသည်။ သူတို့က သွေးသားများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပေ။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်စွမ်းအားက သူတို့၏ ခုခံမှုကို ထိုးဖောက်နိုင်ရုံမျှသာဖြစ်သည်။

“ခေါင်းဆောင်ကို အရင်နှိမ်နင်းကြ”

လုကျိုးက ဧရာမလေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ကိုကြည့်ရင်း ဘေးမှ သတိပေးလိုက်သည်။

တိုက်ပွဲက ဖရိုဖရဲဖြစ်နေသည့်အတွက် လုကျိုးက ရှေ့တိုးလာသည်ကို မည်သူကမှ သတိထားမိဟန်မပေါ်ပေ။

ဤတစ်ကြိမ် ဧရာမလေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်က အော်ပြောလာသည်။

“မင်းတို့က လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်တွေကိုလျှော့တွက်နေတာပဲ”

ဆက်တိုက်ဆိုသလို လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်က မြေကြီးကို ဆောင့်ကန်လိုက်သည့်အခါ မီတာ ၁၀၀ ပတ်လည် မြေကြီး ကျွံသွားလေသည်။

တစ်ချိန်တည်းဆိုသလို လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကလည်း ဝေဟင်အထက်ပျံသန်းကာ စတင်တိုက်ခိုက်လာသည်။ သူတို့၏ အရေပြားက မာကျောသည့်အတွက် သူတို့အပေါ်တိုက်ကွက်ကိုခံယူဖို့၂ကြိမ်စဥ်းစားစရာ မလိုအပ်ပေ။

“ထွက်သွားစမ်း”

ကျယ်လောင်ကာ ကြီးမားသည့် အသံလှိုင်းက ချက်ခြင်းဆိုသလို ပျံ့နှံ့လာ၏။ ထိုအသံလှိုင်းက နားထဲ ပဲ့တင်ထပ်ကာ နားအူလုမတတ် ဖြစ်သွားလေသည်။

လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များ၏ စိတ်ထဲ ဗလာကျင်းသွားလေ၏။

ကံကောင်းစွာဖြင့် အသံလှိုင်းက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များရှိသည့် နေရာ၌သာ ရောက်ရှိသွားသည်။

မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့ဝင်များက ထိုအသံလှိုင်းမှ ကြက်သီးထမှုကိုသာ ခံစားလိုက်ရ၏။

“ဒီအသံနည်းစနစ်က...”

ရှစ်စွင်း၏ အသံနည်းစနစ်က တကယ့်ကို ခက်ထန်နေတုန်းပဲ”

ထို့နောက် အကြောက်တရားက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များ၏ နှလုံးသားကို လွှမ်းခြုံသွားလေ၏။ သူတို့အားလုံးက အမူအရာပျက်ယွင်းနေကြပြီး အနီရောင်မီးတောက်လှိုင်းက သူတို့ဆီရောက်ရှိလာသည်ကို မြင်တွေ့နေရသကဲ့သို့ဖြစ်သည်။

ယုံဟယ်၏ သက်တန့်နှလုံးသားစွမ်းရည်က သူတို့၏ အကြောက်တရားကို တိုးမြှင့်ပေးခဲ့၏။

တစ်ပြိုင်တည်းဆိုသလို နတ်ဆိုးသတ်ဖြတ်‌ရေး တင်းပုတ်အစီအရင်ကို ဖွဲ့စည်းထားသည့် တင်းပုတ်ရာချီကလည်း ကောင်းကင်မှ တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်။

“ဝုန်း ဝုန်း ဝုန်း”

လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များ၏ ရင်ဘတ်ပေါ်မှ အလင်းတန်းကလည်း ပျောက်ကွယ်ကာ မြေကြီးပေါ် ပြုတ်ကျလာလေ၏။

ထိုအရာကို မြင်ကာ မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများက သူတို့ကြယ်တာရာဒိုင်ခွက်များမှ မွေးဖွားဇယားချပ် စွမ်းအားများကို ပြုတ်ကျလာသည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များဆီ ထုတ်လွှင့်လိုက်ကြသည်။

ထိုစဥ် ဧရာမလေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်က လုကျိုး၏ အသံနည်းစနစ်ကြောင့် ကြောင်အမ်းနေဆဲ ဖြစ်၏။ သူက အသိပြန်ဝင်လာသည့်အခါ လုကျိုးက အမည်မဲ့ကို ဓားသဏ္ဌာန်ပြောင်းရန် ရှေ့တိုးလာသည်ကို မြင်လိုက်ရသည်။

ထိုစွမ်းအင်ဓားက ပေ၁၀၀၀ရှည်လျားပြီး အံ့ဖွယ်စွမ်းအားဖြင့် အပြာရောင်လွှမ်းခြုံနေသည်။

“ဘမ်း”

မျက်စိတစ်မှိတ်အတွင်း အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားသည့် စွမ်းအင်ဓားက ဧရာမ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ကို ထိုးဖောက်သွားလေ၏။

ဒဏ်ရာအပြင်းအထန်ရရှိသွားသည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်က လဲကျသွားပြီး မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်သည်။

“ဆရာသခင်လား”

လုကျိုးက ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။

“ဝုန်း”

ဤတစ်ကြိမ် လုဝူက ဆင်းသက်လာပြီး ထိုက်တောင်တန်းလိုမျိုး အလေးချိန်ကို သယ်ဆောင်လာသည့် ခြေ‌ထောက်ဖြင့် ဧရာမလေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်ကို ဖိချလိုက်သည်။

“စောစောလေးက ငါ့ကို တိုက်ခိုက်ရဲတယ်မလား”

တစ်ခါတည်းဖြင့် မလုံလောက်သည့်အလား လုဝူက ထပ်ခါထပ်ခါ ခုန်အုပ်နေသည်။

“ဘမ်း ဘမ်း ဘမ်း”

အားလုံးက ထိုအရာကို မြင်သည့်အခါ တံတွေးမျိုချလိုက်သည်။ လုဝူက ဤသို့ အရွယ်အစား ကြီးမားသော်လည်း ဤမျှ မြန်ဆန်သည်ကို မည်သူက သိမည်နည်း။

သားရဲဧကရာဇ်ဆိုတဲ့အတိုင်းပဲ ခက်ထန်လိုက်တာ...

လုဝူက ဧရာမလေဟာနယ် ရင်ဘတ်မျိုးနွယ်ဝင်ကို ကြေမွအောင်လုပ်ပြီး ရပ်တန့်မည့် အရိပ်အယောင်မပြပေ။ လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်အများစုက သွေးအန်လိုက်ရ၏။ ဧရာမလေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်ကလည်း သေဆုံးလုနီးပါး ဖြစ်နေသည်။

ထိုစဥ် လုကျိုးက ဆက်လက် မလှုပ်ရှားတော့ပေ။ သူက သူ့တပည့်များနှင့် တစ်ခြားသူများဖြေရှင်းဖို့သာ ချန်ထားခဲ့လိုက်သည်။ သူက ဘေးပတ်လည်ကို တည်တည်ငြိမ်ငြိမ်ကြည့်နေပြီး အားလုံး၏ လုပ်ဆောင်ချက်ကို အကဲဖြတ်နေသည်။

“တင်း လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်ကို သတ်နိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်။ သီးသန့်အပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

တူညီသည့် အသိပေးချက်များက လုကျိုး၏ စိတ်ထဲ ဝင်ရောက်လာလေ၏။

ခေတ္တမျှ ကြည့်နေပြီးသည့်နောက်တွင် လုကျိုးက ပြန်လာမိသည်။ သူက ကြည်ချန်းတောက်၏ မှတ်ဥာဏ်ထဲမှ မြင်တွေ့ခဲ့ရသည့် အမှောင်ကောင်းကင်ယံကြီးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

“သူတို့က ဖျက်ဆီးခြင်းတိုင်လုံးအောက်ခြေမှာ ကြီးထွားတယ်ဆိုရင် သူက မဟာလေဟာနယ်မျိုးစေ့ ၁၀ခုကို ဘယ်လိုမျိုး စုဆောင်းခဲ့တာလဲ”

...

အခန်း (၁၂၅၉) မဟာပြုန်းတီးမြေ

လုကျိုးသည် ကောင်းကင်ထဲရှိ လင်းလက်နေသော မြူများကိုကြည့်ပြီး ကျင့်ကြံခြင်းလောကထဲ၌ ပညာရှင်များစွာ ရှိနေသည့်တိုင် အမည်မသိကုန်းမြေက မည်သို့သော ပုံရှိကြောင်း မည်သူမှမသိသည့် အကြောင်းအရင်းကို အံ့ဩနေမိသည်။

အနက်ရောင်မြူတို့သည် အမည်မသိကုန်းမြေပေါ်၌ တစ်နှစ်ပတ်လုံး ရစ်ဝဲနေပြီး နေရောင်မရှိ စိုစွတ်သည်။

ကျင့်ကြံသူများသည် အသက်စွမ်းအင်စုပ်ယူနိုင်ခြင်းကြောင့်သာမဟုတ်လျှင် သူတို့သည် ဤနေရာ၌ ရှင်သန်နိုင်မှာ မဟုတ်ပေ။ သာမန်လူများဆို ပိုဆိုးပေ၏။

လုကျိုးသည် မှောင်မည်းနေသော ဝေဟင်ထဲ၌ သားရဲပျံများ ဧရာမတောင်ပံများ တဖျပ်ဖျပ်ခတ်လျက်ပျံသန်းနေတာကို ကြည့်ပြီးနောက် နောက်ဆုံးတွင် အတွေးများစုစည်းလိုက်တော့သည်။ သူသည် တဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည့် စစ်မြေပြင်ကို လှည့်ကြည့်လိုက်၏။ သူ့ရန်သူများအတွက် အရှုပ်တစ်ခုဖြစ်ခဲ့သည်။ လုဝူတစ်ယောက်တည်းဖြင့် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ် ၁၀၀ကျော်ကို ဖြေရှင်းရန် လုံလောက်ပေ၏။

လုကျိုးက လက်မြှောက်လိုက်၏။ မတည်မြဲခြင်းတိုင်လုံးက သူ၏လက်ထဲတွင် ပေါ်လာပြီး ရွှေရောင်အလင်းတောက်ပနေတော့သည်။ မတည်မြဲခြင်းတိုင်လုံး ပိုသန်မာလာစေရန်အတွက် အကောင်းဆုံးနည်းလမ်းက ၎င်းကိုတစ်နေရာထားပြီး အသက်စွမ်းအင်ကို စုပ်ယူခွင့် ပေးတာပဲဖြစ်သည်။ ယင်းသည် ၎င်း၏ပတ်ဝန်းကျင်အတွင်း ဝင်ရောက်လာသည့် သက်ရှိသတ္တဝါတိုင်း၏အသက်စွမ်းအင်ကို စုပ်ယူပြီး သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြှင့်တင်ရန် အသုံးပြုနိုင်၏။ အမည်မသိကုန်းမြေက မတည်မြဲခြင်းတိုင်လုံးထားခဲ့ရန် အကောင်းဆုံးနေရာဖြစ်၏။ မြို့များတွင် ထားခဲ့လျှင် ၎င်းကလူသားများ၏ အသက်ကို စုပ်ယူသွားလိမ့်မည်။ သို့သော် သူ ဤနေရာတွင် မထားခဲ့နိုင်ပေ။ မည်သည့်အချိန်ကျမှ သူ ပြန်လာနိုင်မည်ဆိုတာကို မည်သူက သိမည်နည်း။

“အခုတော့ ဒါကို သိမ်းထားတာ အကောင်းဆုံးပဲ။ သူ့ရဲ့ဝိညာဉ်စွမ်းအင်ကို တိုးစေတာလည်း မဆိုးပါဘူး။ နောင်ကျ ဒါကို ထားဖို့နေရာရှာလိုက်မယ်” လုကျိုးက ရေရွတ်ပြောလိုက်လေ၏။

လုကျိုးသည် သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်ရန်အလျင်မလိုပေ။ ယခုဆို ပွင့်ချပ်နှစ်လွှာ ဒုက္ခမိုင်တရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ရထားလေပြီ။ မဆိုးရွားတော့ပေ။ သူ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ခွန်အားကို စမ်းသပ်ရန် အချိန်တန်ပြီဖြစ်သည်။

ယခုအချိန်တွင် စစ်မြေပြင်ထဲ၌ တိတ်ဆိတ်မှုသာ ရှိနေ၏။ ခုံဝမ်သည် သူ၏ညီနောင်များကို ဦးဆောင်လျက် စိတ်အားထက်သန်စွာ ပြောလာ၏။ "မျှော်နန်းသခင် ... သူတို့ကို ကျုပ်တို့ ဖြေရှင်းလိုက်ပါပြီ”

ဒီလိုသန်မာတဲ့ကျောထောက်နောက်ခံရှိတာ ခံစားချက်ကောင်းလိုက်တာ ... ခုံဝမ်သည် သူ့ဖာသာသူစဉ်းစားလိုက်၏။ အမည်မသိကုန်းမြေထဲရှိ သူတို့၏နေ့ရက်များက မလွယ်ကူခဲ့ချေ။ သူတို့သည် ဤသန်မာသည့်ကျောထောက်နောက်ခံကို ကပ်တွယ်ထားနိုင်မည့် အခွင့်အရေးလွဲချော်လုနီးပါးဖြစ်ခဲ့သည်။

လုကျိုးက ခေါင်းညိတ်ပြီးနောက် စနစ်မျက်နှာပြင်ပေါ်ရှိ ကုသိုလ်မှတ်ကို စစ်ဆေးလိုက်သည်။

ကုသိုလ်မှတ်= ၂၈၆၇၆၀

ယန်ကျန်းလော့က ပြန်ရောက်လာပြီးနောက် ဦးညွှတ်လိုက်၏။

“မျှော်နန်းသခင် ရေတွက်ပြီးတော့ သူတို့ထဲက တစ်ယောက်က ၁၀မီတာကျော်မြင့်ပြီး ၃၀က ၃မီတာကျော် မြင့်တယ်။ အယောက်၅၀က ၂မီတာနဲ့ ၃မီတာကြားမြင့်ပြီး ကျန်တဲ့အယောက်၆၀ရဲ့ အရပ်က ၂မီတာအောက်ပါ”

မင်ရှစ်ရင်သည် သူ့ကိုယ်ပေါ်ရှိဖုန်များကို ခါချလျက်ပြောလိုက်၏။

“ခင်ဗျားက တကယ်ဇွဲရှိတာကိုး။ ၃မီတာနဲ့အထက်က လူတွေကို ဘုံတစ်ထောင်လေပွေကျင့်ကြံသူတွေပဲ ဖြေရှင်းနိုင်တာ။ ၂မီတာပဲရှိတဲ့သူတွေရဲ့ခွန်အားက ပွင့်ချပ်၁၀လွှာကျင့်ကြံသူတွေနဲ့ညီမျှတယ်။ ကျန်တဲ့သူတွေက မပြောပလောက်ဘူး”

လုကျိုးက ခေါင်းညိတ်လိုက်လေ၏။ စိတ်ထဲ၌ တွက်ချက်လိုက်ပြီး သူသည် ဤတိုက်ပွဲ၌ ကုသိုလ်မှတ် ၂သိန်းကျော် ရကြောင်းရှာတွေ့သွားသည်။ သူသည် အမြတ်ရခဲ့သော်ငြား ကုသိုလ်မှတ်များ ပိုရချင်သေးသည်။ သူ၏ လက်ရှိ ကုသိုလ်မှတ်များက မလုံလောက်သေးပေ။

မည်သို့ပင်ဆိုစေ မိစ္ဆာဝေဟင်မျှော်နန်း၏ လက်ရှိအလုံးစုံခွန်အားဖြင့် နယ်ခြားမျိုးနွယ်များမဆိုထားနှင့် ဆရာသခင်များကတောင် သူတို့ကိုမယှဉ်နိုင်လောက်ပေ။

လူတိုင်း သူတို့နေရာပြန်လာပြီးနောက် ရှောင်ယွမ်အာက ပြောလိုက်လေ၏။

“ရှစ်စွင်း ... တပည့် ဒီတစ်ခေါက်များများစားစားမလုပ်ခဲ့ရဘူး”

“နောင်ကျ အခွင့်အရေးရှိလာမှာပါ”

ထိုစဉ် ရှောင်ယွမ်အာပေါ်တွင် နားနေသည့် မီးဇာမဏီလေးက နှာမှုတ်လျက် လက်သီးဆုပ်အရွယ်အစားရှိသည့် မီးလုံးများကို မှုတ်ထုတ်လိုက်သည်။

လူတိုင်း ရယ်မောလိုက်ကြ၏။ ထိုကာလအတွင်း မီးဇာမဏီငယ်လေး၏ တာဝန်က လူတိုင်းအတွက် ဟာဒယရွှင်ဆေးတိုက်ကျွေးရန်ဖြစ်နေသည်။

လုကျိုးသည် မီးဇာမဏီလေး၏ ပြောင်းလဲမှုကို လေ့လာလိုက်သည်။ ၎င်းက စွမ်းအင်ကို အလွန်လျင်မြန်စွာ လှည့်ပတ်နေပြီး မွေးတည်းက လုပ်နိုင်တာဖြစ်သည်။ ကနဦးချီက ၎င်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သောအခါ ၎င်းက အပူကို ထုတ်ပေးလျက် မီးတောက်များ မှုတ်ထုတ်ခွင့်ပေးသည်။ ယင်းက ငါးများ မွေးတည်းက ရေကူးတတ်သကဲ့သို့ပင် ထူးကဲသောအရည်အချင်း ဖြစ်လောက်သည်။

ထိုစဉ် လုကျိုးက ခေါ်လိုက်၏။ “လုဝူ”

“အမိန့်ရှိပါ မျှော်နန်းသခင်”

လုကျိုးက လုဝူဖက်လှည့်ပြီးပြောလိုက်၏။

“ဖျက်ဆီးခြင်းတိုင်လုံးရဲ့အနီးဆုံးနေရာက ဘယ်မှာလဲ”

လုဝူသည် အကွာအဝေးကို ကြည့်ပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။

“အနီးဆုံးတိုင်လုံးက အမည်မသိကုန်းမြေရဲ့ အရှေ့တောင်ဖက်ခြမ်းမှာပါ။ ရှေးယခင်ကာလတည်းက အဲ့ဒီနေရာကို မဟာပြုန်းတီးမြေလို့ သိထားကြတယ်။ နောက်ပိုင်း သူ့ရဲ့နာမည်ကို ယွီကျုံးလို့ပြောင်းလိုက်တယ်”

“ယွီကျုံးလား” လုလီက စိတ်ရှုပ်ထွေးသွားတော့၏။

“မှန်ပါတယ်”

“မဟာပြုန်းတီးမြေကနေ ဘာလို့ယွီကျုံးလို့ နာမည်ပြောင်းသွားတာလဲ” လုလီက မေးလိုက်လေ၏။

လုဝူက လုလီကို လှည့်ကြည့်လိုက်သည်။

လုလီက အနည်းငယ်ကြောက်လန့်သွားတော့သည်။ သူတို့က တဖက်တည်းဖြစ်သော်ငြား သူသည် လုဝူကို မြင်သားမကျသေးပေ။

လုဝူက ရိုးသားစွာဖြေလိုက်၏။ “ငါ မသိဘူး”

ခုံဝမ်က ပြောလိုက်၏။ “မဟာပြုန်းတီးမြေလား ယွီကျုံးလား ဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ။ လမ်းရှာဖို့ ကျုပ်တို့ညီနောင်တွေဆီသာ အပ်ထားလိုက်”

ခုံဝမ်နှင့် သူ၏ညီနောင်များသည် လုဝူမျက်နှာမူရာသို့ ပျံသန်းသွား၏။ လုကျိုးက နတ်ခြင်္သေ့ကို ဆင့်ခေါ်လိုက်ပြီးနောက် အားလုံးပျံသန်းသွားတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများ ထွက်သွားပြီး တစ်နာရီအကြာတွင် ဖြစ်သည်။

အဝေးကနေရထားလုံးပျံတစ်စင်းက ပျံသန်းလျက် အနက်ရောင်မြူနှင့် ကောင်းကင်ထဲရှိ သားရဲပျံများကို ရှောင်ရှားသွားသည်။ ၎င်းလှုပ်ရှားလိုက်ချိန်တိုင်းတွင် အကွာအဝေးတစ်ခုဆီကို လွှမ်းခြုံသွား၏။

“ရပ်လိုက်”

အနက်ရောင်မြူကြောင့် ပိုတောင်သိသာထင်ရှားပေါ်လွင်ခြင်းမရှိသည့် အနက်ရောင်ရထားလုံးပျံက ရေအိုင်ပေါ်၌ တစ်ချက်ရပ်သွား၏။ ပြီးနောက် ဝေဟင်ပေါ်၌ လူနှစ်ယောက်ပေါ်လာကာ မြေပြင်ပေါ်ရှိ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ဝင်တို့၏ အလောင်းများကိုကြည့်လိုက်၏။

“ကျုပ်တို့ နောက်ကျသွားတဲ့ပုံပဲ” ဝတ်ရုံနက်ဝတ်ထားသည့် ထော့ပါစစ်ချန်းက ပြောလိုက်သည်။

“သူတို့လား” ယဲ့ကျန်းက မေးလိုက်၏။

ထော့ပါစစ်ချန်းက ပြန်မပြောခဲ့ပေ။ ထိုအစား သူက မြေပြင်ပေါ် ဆင်းသက်လိုက်၏။ ပြီးနောက် လက်မြှောက်လိုက်တော့သည်။

ကောင်းကင်ကို လွှမ်းမိုးနိုင်သည့် ကြယ်တာရာဒိုင်ခွက်က ဝေဟင်ထဲ ဖူးပွင့်လာပြီးနောက် အလင်းရောင်ခြည်တန်းတစ်ခုကျဆင်းလာသည်။

ထော့ပါစစ်ချန်းက ပြုံးလျက်ပြောလိုက်၏။

“ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်ထဲမှာ သန်မာတဲ့ခုခံမှုနဲ့ ခိုင်မြဲတဲ့အသက်တွေရှိကြတယ်။ မျှော်လင့်ချက်ရှိသရွေ့ သူတို့တွေကို ငရဲဂိတ်ဝကနေ ခေါ်နိုင်မှာ” ထော့ပါစစ်ချန်း၏ စကားအရ သူသည် အစွမ်းထက်သည့် ကုသရေးကျင့်စဉ်တစ်ခု အသုံးပြုနေတာ သိသာ၏။

ယဲ့ကျန်းက ခေါင်းညိတ်လိုက်၏။ “ဒါ အကွက်ကောင်းပဲ အစ်ကိုထော့ပါ”

အလင်းတန်းပျောက်ကွယ်သွားသောအခါ ထော့ပါစစ်ချန်းက လက်ဝေ့ယမ်းလိုက်တာ သူ၏ ကြယ်တာရာဒိုင်ခွက်ကို ရုတ်သိမ်းလိုက်သည်။ သူက မြေပြင်ကို ကြည့်လိုက်တော့သည်။ တိတ်ဆိတ်နေလျက် လှုပ်ရှားမှုမရှိ အနေခက်မှုကို ခံစားလိုက်ရပြီး သူက ပြောလိုက်၏။ "ထပ်ကြိုးစားကြည့်မယ်”

“ဟုတ်ပြီ”

ထော့ပါစစ်ချန်က သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်ပြီး မွေးဖွားဇယားချပ်၏ စွမ်းရည်တစ်ခုကို သုံးလိုက်၏။ မွေးဖွားဇယားချပ်၏ စွမ်းရည်များထဲမှ စွမ်းရည်တစ်ခုကို သုံးလိုက်ပြန်သည်။

ယခင်နည်းတူ တိတ်ဆိတ်နေပြီး လှုပ်ရှားမှုမရှိပေ။

ယဲ့ကျန်းက မျက်နှာသေဖြင့် ပြောလိုက်၏။ “ရှင်သန်သူမရှိဘူး”

“သူတို့ ဒီလောက်ရက်စက်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီလောက်နိုင်လိုမင်းထက် ရက်စက်တဲ့စွမ်းရည် ... အလောင်းတွေက လုံးဝကြေနေတာကိုကြည့်” ထော့ပါစစ်ချန်းက ပြောလိုက်၏။

ယဲ့ကျန်းက ပြောလိုက်သည်။ “ဒါ သူတို့လုပ်တာ ဖြစ်လောက်တယ်” ပြီးနောက် ယဲ့ကျန်းက တစ်ဖက်လှည့်လျက် ကျန်သည့်နေရာများနှင့် ကွဲပြားခြားနားနေသည့် တောအုပ်နှင့် ရေအိုင်ကို လက်ညှိုးထိုးလိုက်သည်။

ထော့ပါစစ်ချန်က ခေါင်းညိတ်ပြီးနောက် ပြုံးလိုက်၏။ “မင်းက တကယ်ဉာဏ်များတာပဲ။ မင်းကို ကူညီဖို့ ငါတောင် စ တွေဝေလာပြီ”

“ကြောက်နေရင် ဘာမှလုပ်စရာမရှိတော့ဘူး” ယဲ့ကျန်းက ပြောလိုက်၏။

“နောက်နေရုံပါ ဘာကြောင့် ဒေါသထွက်နေတာလဲ” ထော့ပါစစ်ချန်းက ပြုံးလျက်ပြောလိုက်သည်။

“မတည်မြဲခြင်းတိုင်လုံးကို ရထားတာဖြစ်မယ်။ ဒါပေမဲ့ ရတနာတစ်ပါးထက် ဝန်ထုပ်ဝန်ပိုးနဲ့ ပိုတူတယ်ဆိုတာ ငါတို့အားလုံးသိကြတာပဲ”

အစိမ်းရောင်ကြာနယ်မြေထဲတွင် အဓိကအင်အားစုများသည် သူတို့၏ကျင့်ကြံသူများ ကျင့်ကြံဆင့်မြှင့်တင်ရန် အသက်ဖလှယ်ခြင်းကို တားမြစ်ထား၏။ ထို့အပြင် ဆရာသခင်များက မတည်မြဲခြင်းတိုင်လုံးကို အသုံးပြုစရာ အကြောင်းမရှိပေ။

ယဲ့ကျန်းက အဝေးကိုကြည့်ကာ အတွေးနစ်သွားတော့သည်။

ထော့ပါစစ်ချန်းက မေးလိုက်တော့သည်။ “ဖန်ကျုံးရဲ့ ရပ်တည်ချက်က ဘာလဲ”

“အဲဒါကို စိတ်ပူစရာမလိုဘူး” ယဲ့ကျန်းက လက်နောက်ပစ်လျက် တည်ငြိမ်စွာပြောလိုက်၏။

ထော့ပါစစ်ချန်းက သက်ပြင်းချလိုက်တော့သည်။

“သူနဲ့ခင်ဗျားရဲ့ဆက်ဆံရေးက အတော်ကောင်းတာပဲ။ ဒါပေမဲ့ အဲ့ဒီအဖိုးကြီးဖန်ကျုံးနဲ့ ကျုပ် အဆင်မပြေဘူး။ သူ့ရဲ့ရပ်တည်ချက် မကြာခင်ပြလာလိမ့်မယ်လို့ မျှော်လင့်တယ်။ ယဲ့ကျန်း ငါတို့လောင်းကြေးထပ်ရအောင်လား”

“ဘာလောင်းမှာလဲ”

“သူတို့ယွီကျုံးကို သွားမှာလို့လောင်းတယ်”

“ယွီကျုံးလား” ယဲ့ကျန်းက မျက်မှောင်ကျုံ့လိုက်၏။

“ဖျက်ဆီးခြင်းတိုင်လုံးက နေရာကောင်းမှာ ရှိမှာမဟုတ်ဘူး။ ဒါ့အပြင် သူတို့ ယွီကျုံးကိုသွားမှာ ဘယ်လိုလုပ်သိလဲ”

ရထားလုံးပျံဆီမသွားခင် ထော့ပါစစ်ချန်းက စကားတစ်ခွန်းသာပြောလိုက်သည်။ "တာအို"

...

အခန်း (၁၂၆၀) အန္တရာယ်အများဆုံး နေရာထဲမှ တစ်ခု

ယဲ့ကျန်းက ထိုစကားကို ကြားသည့်အခါ အံ့အားသင့်သွားလေသည်။ သူက ရထားလုံးပျံဆီ ပျံသန်းသွားပြီး ကုန်းပတ်ဆီ ဆင်းသက်ကာ ပြောလိုက်သည်။

“ယန်နန်ရဲ့ အကြီးအကဲနဲ့ တပည့်တွေကို လွှတ်လိုက်မယ်”

ထုံပါစစ်ချန်က တုံ့ပြန်သည့်အနေဖြင့် ပြုံးပြလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

“နားလည်ပါပြီ”

လှည်းထိန်းနေသည့် ကျင့်ကြံသူက ရထားလုံးပျံကို မောင်းနှင်သွားလိုက်သည်။

…………….

တစ်လကြာမြင့်ပြီးနောက်

မဟူရာတိမ်တိုက်များက တောင်နယ်နိမိတ်တစ်ဝိုက် လွှမ်းခြုံထားသည်။

တောင်တစ်လုံးအထက်

မိစ္ဆာဝေဟင်မျှော်နန်းမှလူများက အဝေးတစ်နေရာမှ အနက်ရောင်မြူခိုးများ ထုတ်လွှတ်နေသည့် တိုင်လုံးကြီးကို လှမ်းကြည့်လိုက်ကြ၏။ ထိုအရာ တိမ်တိုက်များကြား ထိုးထွက်နေသည့် တောင်ကြီးသဖွယ် ဖြစ်နေသည်။

“ဖျက်ဆီးခြင်းတိုင်လုံးလား”

မည်သူကမှ သူတို့၏ဘဝ၌ ဤသို့ကြီးမားကာ ထူးကဲသည့်တိုင်လုံးကို မမြင်တွေ့ဖူးကြပေ။

ယွီကျုံးဆီ သွားလာသည့် ခရီးစဥ်အတွင်း ယွီကျုံးနှင့် နီးကပ်နေသ၍ သစ်ပင်များက ပိုမိုပေါများလာသည်။ အသက်ဓာတ်စွမ်းအားများကလည်း ပိုမိုကြွယ်ဝလာကာ ခက်ထန်သားရဲများ၏ ခွန်အားကလည်း ပိုမိုအားကောင်းလာလေ၏။

ထို့ကြောင့် သူတို့က တောင်ထိပ်ဆီ ဆင်းသက်လိုက်ရခြင်း ဖြစ်သည်။ ထိုအရာက သူတို့အား ခက်ထန်သားရဲများနှင့်တွေ့ခြင်းမှ ကာကွယ်ပေးနိုင်သည်။

လုကျိုးက လက်နောက်ပစ်ကာ ဖျက်ဆီးခြင်းတိုင်လုံးကို လှမ်းကြည့်လိုက်သည်။ သူက ထိုအခိုက်အတန့်၌ အတွေးနက်နေမိသည်။ ထိုအရာက သူ့မှတ်ဥာဏ်ထဲမှ ရင်းနှီးပြီးသားမြင်ကွင်းနှင့် ဆင်တူနေ၏။ အကယ်၍ ဤနေရာသာ အနည်းငယ် ပိုမှောင်ပါက မြင်ကွင်းက အတူတူ ဖြစ်နေလိမ့်မည်။

တစ်နည်းအားဖြင့် ကျိချန်းတောက်က အနည်းဆုံး မဟာလေဟာနယ် မျိုးစေ့တစ်ခုကို ယွီကျုံးမှ ရရှိခဲ့ခြင်း ဖြစ်၏။ ထိုနေရာကို မဟာကျတ်တီးနယ်မြေဟု ခေါ်ဆိုခဲ့ဖူးသည်။

ဖျက်ဆီးခြင်းတိုင်လုံးရှိနေသည့်နေရာက အန္တရာယ်အများဆုံးနေရာထဲမှ တစ်ခု ဖြစ်၏။ ထိုနေရာက မဟာလေဟာနယ် စူးစမ်းရှာဖွေသူအများစုအတွက ပစ်မှတ်နေရာ ဖြစ်ကြပေသည်။

ထိုအခိုက်အတန့်၌ လုကျိုးက မေးလိုက်သည်။

“ခုံဝမ် ဖျက်ဆီးခြင်းတိုင်လုံးအကြောင်း ဘယ်လောက်သိထားလဲ”

ခုံဝမ်က ဦးညွတ်ကာ ပြောလိုက်သည်။

“ကျုပ်တို့၄ယောက်က အစိမ်းရောင်ကြာနယ်မြေက ဂိုဏ်းမဲ့ကျင့်ကြံသူတွေပါပဲ။ အသက်ကိုစတေးပြီး‌တော့ ဘုံတစ်ထောင်လေပွေအဆင့်ကျင့်ကြံစဥ်ကို ချိုးဖောက်ပြီး အမည်မသိကုန်းမြေထဲမှ မွေးဖွားဇယားချပ်တွေကို အသက်သွင်းနိုင်ခဲ့တာ။ ဒီနေရာမှာ နေထိုင်တယ်ဆိုပေမယ့် နေ့မြင်ညပျောက်မြို့၊ မီးဇာမဏီ၊ သုခဘုံနဲ့ ဖျက်ဆီးခြင်းတိုင်လုံးလို နေရာတွေကိုတော့ ရှောင်ရှားရတယ်။ အဲဒါကြောင့် ဒါတွေက ကျုပ်တို့ မတွေးတောင် မတွေးဖူးတဲ့ နေရာမျိုးတွေဆိုတော့ တိုင်လုံးတွေအကြောင်း ဘယ်လိုလုပ်သိမှာလဲ။ တောင်းပန်ပါတယ်”

လုကျိုးက ညီအစ်ကို၄ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့တွေက လတ်တလော ကောင်းကောင်းလုပ်ဆောင်ခဲ့တယ်။ ငါတို့ ခရီးစဥ်မှာ ရလာတဲ့ ပစ္စည်းတွေထဲက မင်းတို့တွေလည်း ဝေစုရလိမ့်မယ်”

ခုံဝမ်က ထိုစကားများကြောင့် ကြောင်အမ်းသွားလေ၏။ သူက အသိပြန်ကပ်လာသည့်အခါ ခေါင်းကုတ်ပြီး ပြောလိုက်သည်။

“ဒါက မသင့်တော်ပါဘူး”

“ဘာက မသင့်တော်ရမှာလဲ”

“မိစ္ဆာဝေဟင်မျှော်နန်းက ဆုလာဘ်နဲ့ အပြစ်ဒဏ်ကို အမြဲတမ်း ရှင်းရှင်းလင်းလင်းလုပ်နေကျ။ မင်းနဲ့ ထိုက်တန်တယ်” လုကျိုးက ပြောလိုက်သည်။

ခုံဝမ်က ထိုစကားများကြောင့် ပျော်ရွှင်မိသွားသည်။ သူက ဒူးထောက်ကာ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်”

တူညီလှစွာ ခုံဝူ၊ ကျန့်ချင်းနှင့် ကျန့်လောင်စစ်တို့ကလည်း ဒူး‌ထောက်ကာ သူတို့‌ကျေးဇူးတင်မှုကို ဖော်ပြလိုက်ကြသည်။

“ထကြပါ”

“ဟုတ်ကဲ့ပါ”

ညီအစ်ကို ၄ယောက်က ထကာ ခုံဝမ်က ပြောလိုက်သည်။

“ကျုပ်ကြားဖူးသလောက်ကတော့ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အစွန်အဖျားနေရာတွေကို မဟာလေဟာနယ်စွမ်းအားနဲ့ မကြာခဏ နောက်ချန်ထားလေ့ရှိတယ်တဲ့။ မဟာလေဟာနယ်စွမ်းအားရဲ့ အားဖြည့်မှုကြောင့် အဲ့ဒီ့နေရာမှာရှိတဲ့ အရာအများစုက အင်အားကြီးတယ်။ ခက်ထန်သားရဲတွေပဲဖြစ်ဖြစ် သစ်ပင်တွေပဲဖြစ်ဖြစ် သူတို့က အခြားနေရာတွေထက် အားလုံး သာလွန်ကြတယ်လေ။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီနေရာက တိုက်ခိုက်ရေးနယ်မြေဖြစ်လာတယ်။ လူသားတွေနဲ့ သားရဲတွေက အရင်းအမြစ်တွေနဲ့ ကုန်းမြေအတွက် တိုက်ခိုက်ကြတယ်။ အဲဒါက ဘယ်တော့မှ အဆုံးမသတ်တဲ့ သံသရာစက်ဝန်းတစ်ခုလိုပဲ။ ဒီနေရာက နောက်ထပ် အင်အားကြီး ခက်ထန်သားရဲနဲ့လူသားတွေက မတိုက်ခိုက်သ၍တော့ ငြိမ်းချမ်းနေလိမ့်မယ်။ ဖျက်ဆီးခြင်းတိုင်လုံးရှိတဲ့နေရာကတော့ ကျင့်ကြံရေးလောကရဲ့ သွေးစွန်းနေရာအဖြစ် အသိများတယ်”

ယန်ကျန်းလော့က ပြောလိုက်သည်။

“လူတွေက ပိုက်ဆံအတွက် သေပြီး ငှက်တွေက အစာအတွက် သေတယ်။ အမြဲတမ်း အဲ့လိုပါပဲ”

ခုံဝမ်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

“မျှခြေရှိနေတယ်ဆိုရင် ဆရာသခင်နဲ့ ဆရာသခင်ထက်အားကောင်းတဲ့လူတွေက ဒီနေရာမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု မျှခြေမညီမျှမှု ဖြစ်လာပြီဆိုတော့ ကြည့်လိုက်ကြပါအုံး”

မိစ္ဆာဝေဟင်မျှော်နန်းမှလူများက ‌‌တောင်ထိပ်မှ ငုံ့ကြည့်လိုက်ကြသည်။

ဖျက်ဆီးခြင်းတိုင်လုံးအနီးတွင် အနီရောင်တစ်စုံတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက မျက်စိဖမ်းစားဖွယ် မကောင်းလွန်းသော်လည်း သေချာအနီးကပ်မကြည့်လျှင် လွတ်မြောက်သွားနိုင်သည်။

“ဒါက အနီရောင်ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ တောင်နယ်နိမိတ်တစ်ခုပေါ့။ အဲဒါက မိုင်တစ်ရာပတ်လည် ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီစည်းမျဥ်းက ဆရာသခင်နဲ့အထက် အားကောင်းတဲ့လူတွေကို အနီရောင်မျဥ်းကို ဖြတ်ကျော်ခွင့် မပြုဘူးဆိုတာပဲ။ ခုံဝမ်က ဆက်ပြောလိုက်သည်။

“ဘယ်လိုပဲပြောပြော မျှခြေမညီမျှမှုနဲ့ စည်းမျဥ်းတွေက သက်ရောက်မှု မရှိတော့ဘူးလေ။ အားနည်းနဲ့ ကျင့်ကြံဆင့်ရှိတဲ့လူတွေက လုဝူနဲ့ နေဖို့ အကြံပြုချင်တယ်”

လုကျိုးက ခေါင်းညိတ်ကာ လှည့်ပြောလိုက်၏။

“မင်းတို့ ကြားကြတယ်မလား”

“ဟုတ်ကဲ့”

“သွားကြစို့”

“ဝှစ် ဝှစ်”

အားလုံးက လုဝူ၏ ကျောပေါ် ပျံသန်းသွားလိုက်ကြသည်။ ယခင်က လုဝူသည် သစ်ပင်များကို လွှမ်းမိုးထားသော်လည်း ဤနေရာ၌ လုဝူသည် တောအုပ်ထဲ ဖြတ်သန်းနေစဥ် သာမန်ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။ ထိုအရာ၏အမြင်က သစ်ပင်၏ ၁၀ ပုံတစ်ပုံပင် မရှိပေ။

ထိုအရာက သစ်ပင်သာလျှင်မကဘဲ ယွီကျုံးတွင် ရှိသမျှ အရာအားလုံးကို စကား၂လုံးဖြင့်သာ ဖော်ပြနိုင်သည်။ အင်မတန် ကြီးမားလွန်းသည်ဟူ၍သာ ဖြစ်၏။

လုဝူက ဘေးပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်။

“ဖြည်းဖြည်းသွားလိုက်မယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ထိုအခိုက်အတန့်၌ ယွီရှန်းရုန်က ခြေဖျားထောက်ကာ ရှေ့သို့ ပျံသန်းလိုက်သည်။

“အရှစ်ရှိုး”

ရှောင်ယွမ်အာက ယွီရှန်းရုန်ကို စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်သည်။

ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်သည်။

“ငါ့ရဲ့အမြန်နှုန်းက လုဝူထက် မနိမ့်ကျဘူးလေ”

လုကျိုးက ယွီရှန်းရုန်၏ အမြန်နှုန်းကို လေ့လာကြည့်လိုက်သည်။ ယွီရှန်းရုန်က မတည်မြဲခြင်း တိုင်လုံးအနီးတွင် အပြောင်းအလဲ မတွေ့ကြုံရသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ သို့‌သော်လည်း အပြောင်းအလဲ မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ သူက ခေါင်းညိတ်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“မင်းရဲ့ကျင့်ကြံဆင့်က အ‌တော်လေးတိုးတက်လာတာပဲ”

“ကျေးဇူးပါ ရှစ်စွင်း”

ထို့နောက် ယွီရှန်းရုန်က ရှေ့ကို ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့လဲတော့မသိဘူး။ ဒီရက်တွေမှာ အဲ့ဒီခံစားချက်ကို ရနေတာ”

ရှောင်ယွမ်အာက သိချင်စွာ ဝင်မေးလိုက်သည်။

“ဘယ်လိုခံစားချက်လဲ”

ယွီရှန်းရုန်က ရှောင်ယွမ်အာကို ပြုံးကာ ပြောလိုက်သည်။

“အဲဒါက ခံစားကြည့်လို့ပဲ ရတာ။ ရှင်းပြလို့ မရဘူး”

ရှောင်ယွမ်အာက နှုတ်ခမ်းဆူကာ မျက်လုံးဝှေ့ကြည့်လိုက်သည်။ ထိုစဥ် ယွီကျန့်ဟိုင်ကလည်း ဝင်ပြောလိုက်၏။

“ရှစ်မေ့ ကျင့်ကြံစဥ်က သေချာတဲ့ အနေအထားတစ်ခု ရောက်လာတဲ့အချိန်မှာ ခံစားချက်တွေကို အာရုံစိုက်ရမယ်။ တစ်ကယ်လို့ အလွယ်တကူ ရှင်းပြလို့ရမယ်ဆိုရင် အားလုံးက မင်းရဲ့ အာ့ရှစ်ရှိုးလိုမျိုး အားကြီးကာ အံ့သြဖို့ ကောင်းနေတော့မှာပေါ့” ယွီကျန့်ဟိုင်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“တာ့ရှစ်ရှိုး ပြောတာကို သဘောတူတယ်”

“လတ်တလောလေး ငါလည်း အဲ့လိုခံစားချက်မျိုးရနေတာ။ “ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အဲလိုလား။ တာ့ရှစ်ရှိုးက အဲ့လိုအဆင့် ရောက်ဖို့ အချိန်ကြာအုံးမယ်လို့ ထင်နေတာ” ယွီရှန်းရုန်က ပြောလိုက်သည်။

အားလုံး. “...”

နှစ်ဦးသားက ထိုသို့သောအရာမျိုးကို စကားနိုင်လုနေကြပြန်သည်။

“ဝှစ်”

လုဝူက ရုတ်ခြည်းဆိုသလို ရပ်တန့်လိုက်၏။ အားလုံးက ရုတ်ခြည်းဆိုသလို တိတ်ဆိတ်သွားကြသည်။

“ခက်ထန်သားရဲတွေ သတိထားကြအုံး”

သိပ်မကြာခင် ခက်ထန်သားရဲတွေက အဝေးမှ ဖြတ်သန်းသွားကြသည်။

အားလုံး၏အရွယ်အစားက ကြီးမားလွန်းလှ၏။

ရုတ်ခြည်းဆိုသလို ခုံဝူက အဆောင်များစွာကို ပစ်လွှတ်လိုက်သည်။ ထိုအဆောင်က လိပ်ပြာများသဖွယ် လေထဲ တစ်လူလူ လွင့်သွားပြီး တောအုပ်၏ ထောင့်တစ်နေရာသို့ ကျရောက်သွားလေသည်။

ထိုအရာကို မြင်ကာ ခုံဝူက စိတ်အားထက်သန်စွာ ရေရွတ်လိုက်၏။

“လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်”

ခုံဝူက အဖွဲ့မှ ထွက်ခွာကာ ထိုနေရာသို့ တက်တော့မည့်ဆဲဆဲတွင် ခုံဝမ်က ပြောလိုက်သည်။

“အလျင်မလိုနဲ့”

ခုံဝူက ရုတ်ခြည်းဆိုသလို ရပ်တန့်ပြီး သူ့အမှားကို သဘောပေါက်သွားခဲ့သည်။

“ငါ့ဆီ အပ်ထားလိုက်”

ယွီရှန်းရုန်ကပြောပြီး အဆောင်များရှိရာဆီ သွားလိုက်သည်။

တစ်ချိန်တည်းဆိုသလို ယွီရှန်းရုန်၏အထက် ကောင်းကင်ယံမှ ဧရာမအရိပ်ကြီးတစ်ခု ပေါ်ထွက်လာလေသည်။

ထို့နောက် ဧရာမလက်တံကြီးက ကောင်းကင်အထက်မှ ဆင်းသက်လာကာ သစ်ပင်များကို ပိုင်းခွဲပြီး ယွီရှန်းရုန်ဆီ ကျရောက်လာသည်။

“အာ့ရှစ်ရှိုး”

ရှောင်ယွမ်အာနှင့် ခရုလေးတို့က တစ်ပြိုင်နက် အော်ခေါ်လိုက်ကြသည်။ ယွီရှန်းရုန်က ကောင်းကင်ကို မော့မကြည့်ဘဲ အသစ်ရှည်ဓားကို ထုတ်လွှတ်လိုက်သည်။

အသက်ရှည်ဓားကို ဝှေ့ယမ်းလိုက်ပြီးနောက် ယွီရှန်းရုန်က ဓားအိမ်ထဲ ပြန်လည်ထည့်လိုက်သည်။

ထိုလက်တံ၏ အောက်ပိုင်းက မြေကြီးပေါ်ပြုတ်ကျသွားပြီး ထိုလက်တံ၏ အထက်ပိုင်းက သွေးများစီးကျနေသည်။

ယွီရှန်းရုန်က လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကို ယူလိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူက နဂိုနေရာသို့ ပြန်လည်ရောက်ရှိလာသည်။

“ဝုန်း”

တစ်ပြိုင်တည်းဆိုသလို ယွီရှန်းရုန် ထွက်ခွာသွားသည့်နေရာ၌ ဧရာမ ပင့်ကူကြီးတစ်ကောင် ဆင်းသက်လာလေသည်။

ဧရာမ ပင့်ကူကြီးက အားလုံးကို မျက်လုံးများစွာဖြင့် စိုက်ကြည့်နေသည်။

“ဒီပင့်ကူကြီးက သောက်ရမ်းကြီးတာပဲ။ ငါ့ကို လာနောက်နေတာလား”

မင်ရှစ်ရင်က ‌ရေရွတ်လိုက်သည်။

ဧရာမ ပင့်ကူကြီးက အဖြူရောင်ကြိုးမျှင်များကို ထွေးထုတ်လာသည်။

ယွီရှန်းရုန်က လှည့်ပတ်ပြီး အသက်ရှည်ဓားကို ထုတ်လွှတ်လိုက်သည်။

စွမ်းအင်ဓားရာချီက ပျံ့နှံ့သွားကာ ကြိုးမျှင်များကို ဖြတ်တောက်ပြီး ပင့်ကူကြီးဆီ ထိုးစိုက်သွားလေသည်။

အသက်ရှိုက်စာအနည်းငယ်အပြီးတွင် အသက်ရှည်ဓားက ဓားအိမ်ထဲ ပြန်လည်ရောက်ရှိလာလေ၏။

ရှောင်ယွမ်အာက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“အာ့ရှစ်ရှိုး ဒီလိုမကောင်းဆိုးရွားမျိုးကို ညီမကို ကိုင်တွယ်ခိုင်းသင့်တာပေါ့။ ရှစ်ရှိုးချည်းပဲ တိုက်ခိုက်နေတာ မတရားဘူးလေ”

ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်သည်။

“ပင့်ကူတွေက အဆိပ်ရှိတယ်။ သူတို့ကို လျှော့မတွက်သင့်ဘူး”

ထိုစဥ်

“ဝှစ် ဝှစ် ဝှစ်”

အစိမ်းရောင်ကျင့်ကြံသူများစွာက ပျံသန်းကာ ရောက်ရှိလာသည်။ သူတို့က ရုတ်ခြည်းဆိုသလို ရပ်တန့်ကာ ပင့်ကူ၏ အကြွင်းအကျန်များကို ကြည့်လိုက်ကြ၏။

“လုဝူလား။ မြန်မြန်နောက်ဆုတ်ကြ”

ထိုအရာကို မြင်ကာ လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။

“သူတို့ကိုဖမ်းလိုက်”

“ဟုတ်ကဲ့ ရှစ်စွင်း”

ယွီရှန်းရုန်က ပျံသန်းကာ ထိုအစိမ်းဝတ်ကျင့်ကြံသူများနောက် လိုက်ပါသွားသည်။

…

All Chapters