← Chapters

အခန်း (၁၂၆၁-၁၂၆၃)

Vol. 85 Ch. 1261-1263

အခန်း (၁၂၆၁-၁၂၆၃)

Vol. 85 Ch. 1261-1263

အခန်း (၁၂၆၁) လူသားတွေက ဥစ္စာဓနအတွက်သေတယ်၊ ငှက်တွေက အစာအတွက်သေတယ်

ဖျက်ဆီးခြင်းတိုင်လုံးနား၌ အခြားသောကျင့်ကြံသူများကို တွေ့ရတာ မထူးဆန်းပေ။ ဤနေရာသို့မရောက်လာခင် လုကျိုးက ပြင်ဆင်ပြီးသားဖြစ်သည်။ သူက ဤနေရာသို့လာခြင်းသည် စွန့်စားရာရောက်မှန်း သိနေ၏။ လူသားကျင့်ကြံသူများ၊ ကြမ်းတမ်းခက်ထန်သားရဲများနှင့် ပုံပျက်မျိုးနွယ်စုဝင်များနှင့် တွေ့နိုင်ခြေကို ထည့်စဉ်းစားထား၏။ သူသည် ဆရာသခင်များကို ဖြေရှင်းနိုင်သော်ငြား အံ့ဖွယ်သားရဲတစ်ကောင်နှင့် တွေ့ပါက ဒုက္ခများလိမ့်မည်။

ဤနေရာသည် ဖျက်ဆီးခြင်းတိုင်လုံးတည်ရှိရာနေရာဖြစ်၏။ ယင်းကို မဟာလေဟာနယ်၏စွမ်းအင်က အားဖြည့်ပေးထားသည်။ အထွက်ကောင်းသောမြေသည် မဟာလေဟာနယ်မျိုးစေ့ ကြီးထွားရေးကို ပံ့ပိုးပေးသည်။ အံ့ဖွယ်သားရဲများက ပါးနပ်၏။ သူတို့က ဤကဲ့သို့ရတနာမြေကို လက်လျှော့ပါမည်လော။

လူသားများသည် ဥစ္စာဓနအတွက်သေဆုံးပြီး ငှက်များသည် စားစရာအတွက်သေဆုံး၏။

သူတို့ဤနေရာ၌ အံ့ဖွယ်သားရဲတစ်ကောင်နှင့်တွေ့နိုင်ခြေရှိသည်။

ယွီရှန်းရုန်က အလင်း၏အရှိန်ဖြင့် ပျံသန်းလိုက်၏။

သက်တော်ရှည်ဓားသည် ဝတ်ရုံစိမ်းကျင့်ကြံသူများနောက်တွင် ပိုတောင်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနေ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့လမ်းကြောင်းကို ပိတ်ဆို့သည့် စွမ်းအင်ဓားသန်းချီအဖြစ် ပြောင်းလဲသွားတော့သည်။

“ကျေးဇူးပြုပြီး ခဏလောက်နေပါဦး” ယွီရှန်းရုန်က ခေါ်လိုက်၏။

ဝတ်ရုံစိမ်းကျင့်ကြံသူများက လှည့်ကြည့်ရတော့သည်။ သူတို့က ယွီရှန်းရုန်ကို ကြည့်ပြီးနောက် မျက်နှာထက်တွင် သတိထားသော အမူအရာများပေါ်လာသည်။ သူတို့က သူ၏အစိမ်းရောင်ဝတ်ရုံ၊ နူးညံ့ပြီးယဉ်ကျေးမှုရှိသည့် ဟန်ပန်ကို မြင်သောအခါ အနည်းငယ်စိတ်အေးသွားတော့သည်။

တစ်ချိန်တည်းတွင် လုကျိုးက အမှားမရှိစေရန်အတွက် သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖုံးကွယ်ရန် ဖုံးကွယ်ခြင်းကတ်ကို သုံးလိုက်သည်။ ပြီးနောက် သူက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်လိုက်၏။ သူက ချောမောခန့်ညားပြီး ယောက်ျားဆန်သောကြောင့် ရုပ်ဖျက်ကတ်ကို မသုံးခဲ့ပေ။

သူသည် ကောင်းကင်စွမ်းအားကို ရွှေရောင်ထိုက်ရွှီကြေးမုံထဲ ထည့်လိုက်ပြီးနောက် ၎င်းကို ဝတ်ရုံစိမ်းကျင့်ကြံသူများအပေါ် လင်းထိန်သွားစေသည်။ သူတို့ထဲရှိ ၁၀ယောက်ကျော်က ပထမဆုံးမွေးဖွားစမ်းသပ်ချက်ကိုတောင် မဖြတ်ကျော်ရသေးပေ။ ကျင့်ကြံခြင်းလောကထဲ၌ သူတို့ကျင့်ကြံဆင့်က မဆိုးရွားလောက်ပေ။ သို့သော် အမည်မသိကုန်းမြေထဲက အန္တာရာယ်အများဆုံးနေရာတစ်ခု ဖြစ်သော ယွီကျုံးတွင်မူ သူတို့ခွန်အားက မလုံလောက်ပေ။

ရွှေရောင်ထိုက်ရွှီကြေးမုံကို ဖယ်ပြီးနောက် လုကျိုးက မေးလိုက်၏။ “မင်းတို့ ဘယ်ကလာတာလဲ”

သူတို့ထဲမှတစ်ယောက်က ခေါင်းမော့လိုက်သောအခါ လုဝူကို မြင်သွား၏။ သူ့ရင်ထဲ အကြောက်တရားက ချက်ချင်းပေါ်လာပြီး နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ ပေါ်လာကာ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“ချန်း ... ချန်း ... ချန်းပေ့ ကျွန်တော်တို့က တာ့ချင်ရဲ့တော်ဝင်နန်းတော်က လာ .. လာတာပါ”

“တာ့ချင်ရဲ့တော်ဝင်နန်းတော်လား” ခုံဝမ်က မေးလိုက်၏။ “ဆရာသခင်လေးပါး ဒါကို သဘောတူလား”

ထိုလူက တုန်ယင်နေသော အသံဖြင့် ဆက်ပြောလိုက်သည်။ "မျှ မျှခြေမညီ ... ဆရာသခင်တွေက တခြားကိစ္စကို ဂရုစိုက်ဖို့ အလုပ်များနေတာ။ အခု ကျုပ် ကျုပ်တို့က ကံ ကံစမ်းဖို့ရောက်လာရုံပါ။ ချန်း ... ချန်းပေ့ ကျေးဇူးပြုပြီး ချမ်းသာပေးပါ”

ယန်ကျန်းလော့က ခေါင်းခါပြီးပြောလိုက်၏။

“လူသားတွေက ဥစ္စာဓနအတွက်သေတယ်၊ ငှက်တွေက စားစရာအတွက်သေတယ်။ မင်းတို့ရဲ့ခွန်အားနဲ့ ဖျက်ဆီးခြင်းတိုင်လုံးနား လာရဲတယ်ပေါ့”

ထိုလူက ညင်သာသောအသံဖြင့်ပြောလိုက်လေ၏

“ကျုပ် ကျုပ်တို့ မလာရင် သေ... သေဒဏ်နဲ့ရင်ဆိုင်ရမှာ။ ကျုပ်တို့အကြီးတွေပြောတာကို မနာခံဘဲမနေရဲဘူး”

“ဖျက်ဆီးခြင်းတိုင်လုံး ၁၀ခုရှိတယ်။ ဒီကိုဘာကြောင့်လာတာလဲ” ခုံဝမ်က မေးလိုက်လေ၏။

ယွီကျုံးသည် အစိမ်းရောင်ကြာနယ်မြေနှင့် အလွန်ဝေးသည့်နေရာတွင် တည်ရှိ၏။

“ကျုပ် ကျုပ်တို့က ဆရာသခင်တွေကို ရှောင် ရှောင်ဖို့ကြိုးစားနေရုံပါ” ထိုလူက ပြောပြီး နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်တော့သည်။

ဝုတ် ဝုတ် ဝုတ် ဝုတ်

မင်ရှစ်ရင်က ချုံးချီ၏ကျောပေါ်ပျံသန်းသွားလျက် ပြောလိုက်သည်။

“အရူးတွေ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ဖျက်ဆီးခြင်းတိုင်လုံးနား မသွားသင့်ဘူး”

“ဟုတ် ဟုတ် ဟုတ်ကဲ့” ထိုလူသည် မင်ရှစ်ရင်၏စကားကို ပြန်မပက်ရဲချေ။

မင်ရှစ်ရင်က မေးလိုက်၏။ “မင်းတို့ရဲ့ခေါင်းဆောင်က ဘယ်သူလဲ”

“သ ... သခင်လေးကျောင်း”

“သခင်လေးကျောင်းလား ... သူက မင်းတို့လိုတုံးတာပဲ။ သူ ဘယ်မှာလဲ။ ဒီလိုနေရာမှာ အသေခံမယ့်အစား မင်းတို့အားလုံးကို ငါ သတ်လိုက်တာ ပိုကောင်းမယ်” မင်ရှစ်ရင်က လက်မြှောက်လျက် ခွဲခွာချိတ်ကောက်က ပေါ်လာပြီး အေးစက်စက်အလင်းတန်းတို့ ပေါ်ထွက်နေ၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူများသည် မင်ရှစ်ရင်၏သတ်ဖြတ်လိုစိတ်ကို အာရုံခံမိပြီး အဖွဲ့လိုက်နောက်ဆုတ်ကာ ချမ်းသာပေးရန် တောင်းဆိုကြတော့သည်။

“မင်းတို့အားလုံး ဒီလာရဲဖို့ သတ္တိရှိတယ်ဆိုမှတော့ ဘာလို့ကြောက်နေသေးတာလဲ”

“လောင်စစ်” လုကျိုးက ခေါ်လိုက်သည်။

မင်ရှစ်ရင်က အရယ်ရပ်ပြီးနောက် နောက်ထပ်မစနောက်‌ရဲတော့ချေ။

လုကျိုးက လုဝူ၏ကျောပေါ်မတ်တပ်ရပ်လျက် ပြောလိုက်သည်။ “လမ်းပြပေး”

“လမ်း လမ်း လမ်းပြပေးရပေးရမှာလား”

“ဟုတ်တယ် မင်းတို့ရဲ့သခင်လေးကျောင်းဆီ ငါတို့ကို ခေါ်သွားပေး” မင်ရှစ်ရင်က ပြောလိုက်၏။

“ဟုတ် ဟုတ် ဟုတ်ကဲ့”

ပြီးနောက် အစိမ်းဝတ်ကျင့်ကြံသူများသည် မိစ္ဆာဝေဟင်မျှော်နန်း၏ လူများကို တောအုပ်ထဲခေါ်သွားလိုက်၏။

ရှောင်ယွမ်အာက ရှေ့သို့ပျံသန်းသွားတော့သည်။ ပြီးနောက် သူမက ခိုးခိုးခစ်ခစ်ရယ်မောလျက် မေးလိုက်တော့၏။

“စစ်ရှစ်ရှိုး ... ဘာကြောင့်ဒီလောက်ကြမ်းတမ်းခက်ထန်နေတာလဲ” မင်ရှစ်ရင်က ပြုံးလျက်ပြောလိုက်သည်။

“ဒီလိုလူတွေကို ဖြေရှင်းတဲ့အချိန် ရက်စက်ကြမ်းကြုတ်မှရမယ်”

“ဪ ...” မင်ရှစ်ရင်၏စကားက အဓိပ္ပာယ်မရှိသော်ငြား ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။

မကြာမီ၌ မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့သည် ချောက်ကမ်းပါးရှေ့သို့ ရောက်လာ၏။ မြေမျက်နှာသွင်ပြင်က မြင့်မားပြီး ၎င်းသည် တောအုပ်ကိုလွှမ်းခြုံထားကာ သူတို့၏မြင်ကွင်းကိုလည်း ကျယ်စေ၏။ ဤနေရာတွင် သူတို့က ဖျက်ဆီးခြင်းတိုင်လုံးကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

ထိုစဉ် ဝတ်ရုံရှည်ဖြင့် လူတစ်ယောက်က အရှေ့ကို ကြည့်ပြီးပြောလိုက်၏။ “သခင်လေး ကျုပ်တို့လူတွေ ပြန်ရောက်ပါပြီ” ဂုဏ်သိက္ခာရှိရှိဝတ်စားထားသည့်လူက လှည့်ကြည့်ပြီးနောက် တောအုပ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည့်လူများကို လှည့်ကြည့်လိုက်သည်။ သူက မျက်မှောင် အနည်းငယ်ကျုံ့မိသွား၏။ သူ၏လူများသာ ရောက်လာတာမဟုတ်။ သူတို့သည် သူစိမ်းများနှင့် ပြန်လာတာဖြစ်သည်။ ထို့အပြင် သူစိမ်းများက သာမန်လူများ ဖြစ်ပုံမပေါ်ပေ။

ပြန်ရောက်လာသည့် အစိမ်းရောင်ဝတ်ကျင့်ကြံသူများက ချက်ချင်းဒူးထောက်လိုက်ကြသည်။

“သခင်လေးကျောင်း”

ဂုဏ်သိက္ခာရှိရှိဝတ်စားထားသည့်လူသည် သူ့လူများကို လျစ်လျူရှုလျက် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ကြည့်လိုက်တော့သည်။

လုကျိုးက အရင်ဆုံးပြောလိုက်၏။ "မင်းရဲ့နာမည်က ဘာလဲ"

ထိုလူက မကြောက်ရွံ့ဘဲ ထိုအစား လုကျိုးနှင့် ကျန်သည့်သူများဖက် လက်သီးဆုပ်မိုးလျက် ပြုံးလျက်ပြောလိုက်သည်။

“ကျုပ်က တာ့ချင်တော်ဝင်မိသားစုဝင်တစ်ယောက် ... ကျောင်းယွိပါ”

ကျောင်းယွိ၏ အလိုလိုသိစိတ်က ယင်းသည် အန္တရာယ်ကို ထိထိရောက်ရောက်ဖယ်ရှားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောနေ၏။ ယွီကျုံးတွင် ရတနာများအတွက် လူသတ်လေ့ရှိတာ ပုံမှန်ပဲဖြစ်သည်။ အဆင့်အတန်းတစ်ခုမရှိပါက ပိုတောင် မြန်မြန်သေဆုံးလိမ့်မည်။

ဝှစ်

ကျောင်းယွိသည် သူ၏လည်ပင်းဆီသို့ အေးစက်စက်အလင်းတန်းတစ်ခု ကျရောက်လာမည်ဟု မထင်ထားပေ။ သူက အထိတ်တလန့်နောက်သို့ခုန်လျက် တိုက်ခိုက်မှုကို ပိတ်ဆို့ရန် သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ကာကွယ်ရေးစွမ်းအင်ကို ဖော်ထုတ်လိုက်၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ကျောင်းယွိသည် တိုက်ခိုက်မှုအားလုံးကို ဖယ်ရှားလိုက်တော့သည်။ လူတိုင်းက ထိတ်လန့်နေလျက် ဖြစ်စဉ်အလှည့်အပြောင်းကြောင့် ဇဝေဇဝါဖြစ်သွား၏။

တိတ်ဆိတ်မှုက ကြီးစိုးလာတော့သည်။ ကျောင်းယွိသည် တစ်ဖက်လူက သူ့ကို တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားပေ။

လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ သူ့၌ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူက အသံတိုးတိုးဖြင့်ပြောလိုက်၏။ "ထွက်လာခဲ့"

ဝုတ် ဝုတ် ဝုတ်

ချုံးချီက မင်ရှစ်ရင်ကို သယ်လျက် ရှေ့တိုးလာ၏။ သူက ချုံးချီ၏ကျောပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်ဒူးထောက်ပြီး ပြောလိုက်သည်။ "ရှစ်စွင်း ဒီလူတွေကို အဓိပ္ပာယ်မရှိပြောနေဖို့ မလိုပါဘူး။ သူတို့ကို သတ်လိုက်ရုံပဲ”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ပိုတောင် ဇဝေဇဝါဖြစ်သွားလေ၏။ သူတို့သည် မင်ရှစ်ရင် ကိစ္စရပ်များ ဆောင်ရွက်ပုံကိုသိ၏။ သူသည် စိတ်သဘောထားကြီးသူ မဟုတ်သော်ငြား ယနေ့ကဲ့သို့ သတ်ဖြတ်လိုစိတ်ရှိသူမဟုတ်။

လုကျိုး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားလေ၏။ သူက မင်ရှစ်ရင်ကို ကြည့်ပြီးနောက် မေးလိုက်တော့သည်။

“မင်း သူ့ကို သိလား” မင်ရှစ်ရင်က ကျောင်းယွိကိုတစ်ချက်ကြည့်ပြီးနောက် ပြောလိုက်၏။ "မသိပါဘူး”

ကျောင်းယွိက မျက်မှောင်ကျုံ့မိသွား၏။ သူသည်လည်း မင်ရှစ်ရင်ကို မသိပေ။

လုကျိုးကပြောလိုက်လေ၏။ “မင်း သူ့ကိုမသိဘူးဆိုတော့ အဆင်အခြင်မဲ့ မလှုပ်ရှားနဲ့”

မင်ရှစ်ရင်က ဦးညွှတ်လျက် ပြောလိုက်တော့သည်။ “ဟုတ်ကဲ့ ... ကျွန်တော့အမှားသိပါပြီ”

“သွားတော့”

မင်ရှစ်ရင်သည် တစ်ဖက်သို့ဆုတ်ခွာသွားသည်။

လူတိုင်းက မင်ရှစ်ရင်ကို ကြည့်ပြီးနောက် သူတို့အမြန်အကြည့်လွှဲလိုက်သည်။

ယွီရှန်းရုန်က ပြုံးလျက် ကျောင်းယွိကို ပြောလိုက်သည်။ "ကျုပ်ရဲ့ရှစ်တိက အမြဲတမ်းအဲ့လိုပဲ။ သူ ခင်ဗျားကို ရန်စသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

ကျောင်းယွိက နောက်တွင်ရပ်နေသည့်လုဝူကို တစ်ချက်ကြည့်လိုက်၏။ သူ မည်သို့ ကန့်ကွက်ရဲမည်နည်း။ သူက ... “ရပါတယ်။ နားလည်မှုလွဲတာပဲ”

လုကျိုးသည် ကျောင်းယွိကိုကြည့်မိသောအခါ သူ၏အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။

“မင်း စိတ်ပူစရာမလိုဘူး။ ငါက ရွှေကြာနယ်မြေက ပြီးတော့ တာ့ချင်ရဲ့တော်ဝင်မိသားစုနဲ့ ဘာပတ်သက်မှုမှ မရှိဘူး။ မင်းအတွက် ခက်ခဲအောင်လုပ်မှာ မဟုတ်ဘူး”

ထိုစကားကိုကြားသောအခါ ကျောင်းယွိက သက်ပြင်းချလျက် ဝန်ပေါ့သွား၏။ သူက ကျန်သည့်သူများဖက်လှည့်ကာ လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။

“ဒီတော့ ချန်းပေ့တို့က ရွှေကြာနယ်မြေကကိုး ... နှုတ်ခွန်းဆက်ပါတယ်။"

လူတိုင်းက အပြန်အလှန်နှုတ်ဆက်လိုက်၏။

လုကျိုးက လက်နောက်ပစ်ထားလျက် အဝေးကိုကြည့်ကာ မေးလိုက်တော့သည်။

“တာ့ချင်ရဲ့တော်ဝင်မိသားစုအပြင် ဖျက်ဆီးခြင်းတိုင်လုံးဆီ ဘယ်သူတွေလာသေးလဲ”

ကျောင်းယွိက အမှန်အတိုင်းပြန်ပြောလိုက်၏။ "ဆရာသခင်လေးပါးတော့ မလာလောက်ဘူး။ ကျန်တဲ့ အင်အားစုတွေကတော့ သေချာမသိဘူး”

ဆိုရလျှင် ယင်းသည် အမည်မသိကုန်းမြေထဲရှိ အန္တရာယ်အများဆုံးရှိသည့် နေရာထဲမှ တစ်ခုဖြစ်၏။

လုကျိုးက မေးကာ ဇဝေဇဝါဖြစ်နေတော့သည်။ “ဆရာသခင်လေးပါး မလာဘူးတဲ့လား”

“ဆရာကြီး ဆရာသခင်လေးပါးနဲ့ရင်းနှီးလောက်တယ်” ကျောင်းယွိက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

လုကျိုးက ပခုံးတွန့်လိုက်၏။ သူသည် တစ်ဖက်လူထံမှ သတင်းအချက်အလက်တူးထုတ်ချင်ပါက ဖိအားသိပ်မပေးသင့်ပေ။ အချက်အလက်ကို ဖော်ရွေစွာ ဖလှယ်တာ အကောင်းဆုံးဖြစ်၏။

“ဆရာသခင်ဖန်က ကျန့်ထျန်ကို သွားတယ်။ ဓားသမား ၄၉ယောက်ထိခိုက်သွားတယ်လို့ ပြောတာပဲ။ ဒီတော့ ဆရာသခင်ချင်က ဒီကိစ္စနဲ့ အလုပ်များလောက်တယ်။ ပြီးတော့ ဆရာသခင်ယဲ့က ဒဏ်ရာရနေပြီ။ ဆရာသခင်ထောပါကလည်း တံခါးပိတ်ကျင့်ကြံနေတာ သူ အဆင့်တက်တော့မယ်လို့ ပြောတယ်” ကျောင်းယွိက ရိုးသားစွာပြောလိုက်၏။

“နှမြောစရာပဲ” လုကျိုးက ပြောလိုက်၏။

“နှမြောစရာလား” ကျောင်းယွိသည် ဇဝေဇဝါဖြစ်သွားတော့သည်။ ပြီးနောက် သူက လုဝူကို တစ်ချက်ကြည့်ပြီးနောက် ရဲတင်းစွာပြောလိုက်တော့သည်။ “ဆရာကြီး ကျုပ်တို့ ပူးပေါင်းရအောင်လား”

...

အခန်း (၁၂၆၂) ထျန်းဝူ

လုကျိုးက ကျောင်းယွိကို ခြုံငုံကြည့်လိုက်သည်။

“အတူပူးပေါင်းဖို့လား”

ကျောင်းယွိက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်။ လောင်ချန်းပေ့နဲ့ တွေ့ကတည်းက ရိုးသားခဲ့တာပါ”

သူက ဘယ်ဘက်တွင်ရှိသည့် တောအုပ်ကို ညွှန်ပြရင်း ဆက်ပြောလိုက်သည်။

“အဲ့ဒီ့နေရာကိုကြည့်လိုက်ပါ။ အဲ့ဒီ့မှာ လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်တွေ အများကြီး ရှိတယ်။ ပြီးတော့ အဲ့ဒီ့မှာ အနည်းဆုံး အသက်ဓာတ်မြက် ၅ခုရှိတယ်”

ထို့နောက် ‌ကျောင်းယွိက ညာဘက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“မိုင်၃လံလောက်အကွာမှာ ခက်ထန်သားရဲတွေ အများကြီးရှိတယ်။ သားရဲဘုရင်လည်း အပါအဝင်ဘဲ။ အဲ့ဒီ့နေရာမှာ ကျုပ်ရဲ့လူတွေက သွေးဂျင်ဆင်း၊ မီးတောက်ကြာနဲ့ နှင်းကြာပွင့်တွေကို တွေ့ထားတယ်”

“မိုင်တစ်ရာအဝေးက ဖျက်ဆီးခြင်းတိုင်လုံးရှိတဲ့ နေရာဆိုတော့ ကျုပ်တို့တွေက မချဥ်းကပ်ရဲဘူး။ လောင်ချန်းပေ့က ဒီနေရာကို သဘာဝရတနာတွေကြောင့် လာတာမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိတယ်။ ကျုပ်ရဲ့တောင်းဆိုချက်က ရိုးရိုးလေးပါ။ ကျုပ်က အသက်ဓာတ်မြက်တစ်ခု၊ သွေးဂျင်ဆင်းတစ်ခု၊ မီးတောက်ကြာပွင့်တစ်ခု၊ နှင်းကြာပွင့်တစ်ခုပဲ လိုချင်တယ်။ လောင်ချန်းပေ့ ဘယ်လိုထင်လဲ”

အားလုံးက ထိုစကားများကြောင့် အံ့အားသင့်သွားလေ၏။ သူတို့က ဖျက်ဆီးခြင်းတိုင်လုံးဝန်းကျင်တွင် သဘာဝရတနာများစွာ ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ လူများစွာက ထိုအရာများအတွက် တိုက်ခိုက်ကြလိမ့်မည်။

လုကျိုးက မေးလိုက်သည်။

“ငါက မင်းကိုသတ်လိုက်မှာကို မကြောက်ဘူးလား။ အဲ့ဒီ့အရာတွေက ငါ့လက်ထဲ ရောက်လာမှာပဲလေ”

ကျောင်းယွိက ပြုံးကာ ပြောလိုက်သည်။

“အားလုံးက ဒီနေရာက အကျိုးအမြတ်တွေရဖို့အတွက် မျှော်လင့်ချက်နဲ့ ရောက်လာတာချည်းပဲ။ ကျုပ်က ဗဟိုချက်ဆီ ရောက်နိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်။ အဲ့တာက လောင်ချန်းပေ့တို့ လိုလားလား မလိုလားလားဆိုတဲ့အပေါ်မှာ မူတည်နေတယ်။ လောင်ချန်းပေ့တို့က ကျုပ်ကို ဖမ်းဆီးပြီးတော့ ဝန်ခံလာအောင် နှိပ်စက်လည်း ရတာပါပဲ”

ထို့နောက် သူက လက်ကိုမြှောက်ကာ အညံ့ခံသည့် ပုံလိုမျိုး လုပ်လိုက်သည်။

လုကျိုးက ကျောင်းယွိကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက တော်တော်လေး ဥာဏ်ကောင်းသားပဲ။ ကောင်းပြီလေ။ မင်းရဲ့တောင်းဆိုချက်ကို သဘောတူတယ်။ ဒါပေမယ့် မင်း လှည့်ကွက်တွေ ကစားရဲတယ်ဆိုရင်တော့ သတ်ပစ်မယ်”

ကျောင်းယွိက အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

“ကြွပါ”

ကျောင်းယွိ၏ စကားကိုကြားကာ အစိမ်းဝတ်ကျင့်ကြံသူများက စတင် လမ်းပြလိုက်ကြသည်။

မင်ရှစ်ရင်က သူတို့ကို ကြည့်ပြီးသည့်နောက်တွင် ချုံးချီ၏ ကျောပေါ်မှ လိုက်လာခဲ့သည်။

သူတို့က တောင်တန်းများ၊ မြစ်များနှင့် တောအုပ်များကို ဖြတ်ကျော်ပြီး တောအုပ်အစွန်အဖျားတစ်ခုသို့‌ ရောက်ရှိလာသည်။

လုဝူကလည်း အဖွဲ့နားက လိုက်ပါလာသည်။

ထိုအရာက ဖျက်ဆီးခြင်းတိုင်လုံးဆီ မကြာခဏ လှည့်ကြည့်လေ့ ရှိ၏။

“ကျုပ်တို့တွေရောက်ပြီ”

‌ကျောင်းယွိက ပြောလိုက်သည်။

“အဲ့ဒီ့မှာ လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက် ၅ခု ရှိတယ်”

လုကျိုးက လက်ဝှေ့လိုက်၏။

“ခုံဝမ်”

“ဟုတ်ကဲ့”

ခုံဝမ်က အဆောင်ဒါဇင်ချီကို ထုတ်ပြီး လေဟာနယ်ထဲ ပစ်လွှတ်လိုက်သည်။

အဆောင်များက လိပ်ပြာများသဖွယ် တလူလူကူးခတ်ပြီး အမှောင်ထုအတွင်း တိုးဝင်သွားလေ၏။ နေရာတစ်ဝိုက်ကို ပတ်လည်ဝှေ့နေပြီးသည့်နောက်တွင် ခုံဝမ်ဆီ ပြန်လည်ရောက်ရှိလာသည်။

အဆောင်များကို စုပ်ယူပြီးသည့်နောက်တွင် ခုံဝမ်က သူတို့ကိုရေတွက်ပြီး ပြောလိုက်သည်။

“သူတို့အဆောင်တွေက ပျောက်နေတယ်။ ဒီမှာ လျို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်တွေ ရှိတဲ့ပုံပဲ”

လုကျိုးက တိတ်ဆိတ်စွာဖြင့် အကြားစွမ်းရည်မန္တန်ကို ရေရွတ်လိုက်သည်။ သိပ်မကြာခင် တောအုပ်ထဲ လေဟုန်တိုးသံကို ကြားလိုက်ရ၏။ ထိုအရာက တစ်စုံတစ်ခု ရှေ့နောက် ရွေ့လျားနေသကဲ့သို့ ဖြစ်သည်။

ကျောင်းယွိကပြောလိုက်သည်။

“ယွီကျုံးကို မဟာကျတ်တီးနယ်မြေလို့ခေါ်ခဲ့တာ။ အဲ့တာက မဟာလေဟာနယ်မျိုးစေ့တွေ ရင့်မှည့်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်၃၀၀ခန့်ကတည်းကပဲ။ အဲ့ဒီ့တုန်းက ငြိမ်းချမ်းတယ်။ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်နေတဲ့ နတ်သားရဲတွေ ရှိတယ်လို့ ကြားထားတော့ ကျုပ်တို့လူတွေကလည်း မဆင်မခြင် မလှုပ်ရှားရဲကြဘူး”

“နတ်သားရဲလား”

အားလုံးက ပျော်ရွှင်သွားကြသည်။

လုဝူက ခေါင်းမော့ကာ ထပ်မံ ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ဘာမှမမြင်ရဘူးဆိုတော့ မသေချားဘူး”

ကျောင်းယွိက လုဝူကို ကြည့်ရင်း တုန်လှုပ်စွာဖြင့် နောက်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ကျောင်းယွိ၏ လူများကလည်း လုဝူကို ကြည့်ရင်း အံ့အားသင့်သွားကြ၏။

လုဝူက လူသားဘာသာစကား ပြောလာသည်ကို မြင်သောအခါ မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။

ရှောင်ယွမ်အာက ရယ်မောလိုက်၏။

ကျောင်းယွိက ချောင်းအသာဟန့်ကာ တည်ငြိမ်အောင် ထိန်းလိုက်သည်။

“ကျုပ်လည်း သေချာမသိဘူး”

“ဝှစ်”

ရုတ်ခြည်းဆိုသလို လုဝူက ကောင်းကင်အထက် ခုန်သွားလိုက်သည်။

လေဟုန်တစ်ချက်တိုက်ခတ်သွားပြီး တိမ်မည်းများက မည်းနက်လာသည်။

“ဝုန်း”

လုဝူဆင်းသက်လာသည့်အချိန် မီတာ၁၀၀ဝန်းကျင်က အေးခဲသွားပြီး သစ်ပင်ပန်းမန်၊ ငှက်နှင့် သားရဲအားလုံးက ရိုးရိုးရုပ်တုအဖြစ် ပြောင်းခံလိုက်ရသည်။

ခွန်အားနည်းနည်းစိုက်လိုက်ရုံဖြင့် သူတို့ကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေနိုင်၏။

လုဝူက နဂိုနေရာဆီပြန်လာပြီး ကျော့ရှင်းသည့် အငွေ့အသက်ကို ထုတ်လွှင့်လာလေ၏။

“...”

ဟတ်ချိုး

တစ်စုံတစ်ယောက်က နှာချေလိုက်သည်။

ကျောင်းယွိက အသိဝင်လာသည့်အခါ မေးလိုက်၏။

“နတ်သားရဲတွေကို ထိတ်လန့်စေမှာကို မစိုးရိမ်ဘူးလား”

လုဝူက ကျောင်းယွိကို ကြည့်ရင်း ပြောလိုက်၏။

“ငါ ဒီနယ်မြေကို အုပ်စိုးနေတုန်းက...”

ရှောင်ယွမ်အာက လုဝူ၏ စကားကို အဆုံးသတ်ပေးလိုက်သည်။

“မင်းက မင်းအမေဗိုက်ထဲမှာပဲ ရှိသေးတယ်”

ထို့နောက် သူမက လုဝူကို ကြည့်ကာ ပြောလိုက်၏။

“လူဝူ အသစ်အဆန်းလေး မပြောနိုင်တော့ဘူးလား”

“လုဝူ”

“...”

မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများက ရယ်မောလိုက်ကြသည်။

ကျောင်းယွိက လုဝူနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

သူက ရှေးခေတ်အချိန်ကတည်းက လူသားနှင့် ခက်ထန်သားရဲများသည် အတူတကွ ငြိမ်းချမ်းစွာ မတည်ရှိနိုင်ကြောင်း သိထားသည့်အတွက် အံ့အားသင့်နေမိ၏။ လူသားများနှင့် ခက်ထန်သားရဲများက အတူတကွ တည့်ရှုနေသည့်မြင်ကွင်းမျိုးကို မြင်ရဖို့ရာ ရှားပါးလှလေသည်။

အားလုံးက အာရုံများနေစဥ် ခုံဝမ်က အမှောင်ထုထဲဆီ တိုးဝင်သွားပြီး ရေခဲကို ထိုးခွင်းလိုက်သည်။

၁၅မိနစ်အတွင်း သူနှင့် သူ့ညီကိုများက လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်နှင့် အသက်ဓာတ်နှလုံးသားတစ်ခုကို ကိုင်ဆောင်ပြီး ပြန်လည်ရောက်ရှိလာသည်။

“မျှော်နန်းသခင် ကျုပ်တို့တွေ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ဝန်းကျင်မှာ မီတာ၁၀၀ကျော်ရှည်လျားပြီး ခွေနေတဲ့ မြွေဘုရင်ကိုပါ တွေ့ခဲ့တယ်။ ဒါပေမယ့် သူလည်း အေးခဲပြီး သေသွားပြီ။ အသက်ဓာတ်နှလုံးသားနဲ့ လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်အပြင် မြွေသည်းခြေကိုပါ ထုတ်ယူခဲ့တယ်။ မြွေသည်းခြေက ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်ပြီးတော့ အပူကင်းစေတယ်”

“...”

မင်ရှစ်ရင်က ရှေ့တိုးလာလေ၏။ သူက အသက်ဓာတ်နှလုံးသားနဲ့ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်များကို သိမ်းဆည်းပြီးသည့်နောက်တွင် ပြောလိုက်သည်။

“မြွေသည်းခြေကို သိမ်းထားလိုက်လေ”

ခုံဝမ်က ပြုံးလိုက်သည်။

“မလိုချင်ဘူးလား။ ကျေးဇူးပါ။ ကျေးဇူးပါ”

မြွေသည်းခြေက သိပ်မကြီးသော်လည်း ခုံဝမ်က ပိုင်းကာ မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများအား လိုက်ပေးနေသည်။

“မလိုချင်ပါဘူး”

ရှောင်ယွမ်အာက လက်နှက်ဖက်ဖြင့် မျက်လုံးကို အုပ်ထားပြီး ပြောလိုက်သည်။

“ကျွန်မလည်း မလိုချင်ဘူး”

ခရုလေးကလည်း အကြည့်လွှဲကာ ပြောလိုက်သည်။

ထိုစဥ် တစ်ခြားသူများကလည်း မမြင်သကဲ့သို့ ပြုမူနေကြသည်။

ခုံဝမ်က ပြုံးလိုက်၏။

“အဲ့တာဆိုရင် ကျုပ်တို့ ညီအစ်ကိုတွေက အားမနာတော့ဘူးနော်။ မြွေသည်းခြေအတွက် ကျေးဇူးပါ”

ခုံဝမ်နှင့် သူ့ညီအစ်ကိုများက အမည်မသိကုန်းမြေတွင် နေထိုင်ခဲ့သည်မှာ နှစ်များစွာကြာပြီး အသက်ရှင်သန်ဖို့ရာအတွက် အရာများစွာကို စားသုံးခဲ့ဖူးသည်။ သူတို့က အချိန်မဖြုန်းဘဲ မြွေသည်းခြေကို သူတို့အချင်းချင်းကြား ဝေမျှကာ စားသုံးလိုက်ကြ၏။

ဘေးမှကြည့်နေသည့် ကျောင်းယွိက မေးလာခဲ့၏။

“အဆိပ်သင့်မှာကို မဆိုးဘူးလား”

“ကျုပ်တို့၄ယောက်က အတိတ်တုန်းက အဆိပ်မျိုးစုံကို ခြေဖျက်ပြီးသားဆိုတော့ အနည်းနဲ့အများ ခံနိုင်ရည် ရှိနေပြီ”

ခုံဝမ်က ပြုံးကာ ပြောလိုက်သည်။

လုကျိုးက အချိန်မဖြုန်းဘဲ ပြောလိုက်သည်။

“ဆက်သွားကြစို့”

ကျောင်းယွိက ဖျက်ဆီးခြင်းတိုင်လုံးဘက်ကို လှမ်းကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူက လေထဲပျံသန်းသွားလိုက်၏။

“ဝှစ် ဝှစ် ဝှစ်”

အားလုံးက နောက်မှ လိုက်ပါသွားကြသည်။

ခေတ္တမျှ ပျံသန်းပြီးသည့်နောက်တွင် ကျောင်းယွိက နောက်ဆုံးတွင် ဆင်းသက်လိုက်သည်။

ထို့နောက် သူက သားရဲအုပ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“သွေးဂျင်ဆင်း၊ မီးတောက်ကြာပွင့်နဲ့ နှင်းကြာပွင့်တို့က အဲ့ဒီ့မှာလေ”

ဤတစ်ကြိမ် လုဝူက ခေါင်းငုံ့ကာ ပြောလာသည်။

“ငါ့ဆီ အပ်ထားလိုက်”

သို့သော်လည်း လုဝူက လှုပ်ရှားတော့မည့်ဆဲဆဲတွင် အနက်ရောင်တိမ်တိုက်များက လှိမ့်တက်လာသည်။

ခက်ထန်သားရဲများက ထိုအရာကို ကြောက်လန့်သည့်အလား ထွက်ပြေးသွားကြသည်။

မြေကြီးက စတင်လှုပ်ခတ်လာသည်။

“ကျင့်ကြံသူတွေ”

ဤတစ်ကြိမ် အနက်ရောင်မြူခိုးရှေ့တွင် ကျင့်ကြံသူများစွာကို မြင်တွေ့လိုက်ရ၏။ သူတို့က အနက်ရောင်မြူခိုးများမှ လိုက်ဖမ်းခံနေရသကဲ့သို့ ဖြစ်နေသည်။ ထို့နောက် လေထုထဲ အော်သံများ ထွက်ပေါ်လာဖို့ သိပ်မကြာလိုက်ပေ။

“ဝုန်း”

ကျင့်ကြံသူများက မလွတ်မြောက်နိုင်ကြဘဲ အားလုံးက အသက်မဲ့စွာ မြေပြင်ပေါ် ပြုတ်ကျလာလေ၏။

ထိုမြင်ကွင်းကို မြင်ကာ မင်ရှစ်ရင်က မေးလိုက်သည်။

“ရှစ်စွင်း ကျွန်တော်တို့တွေ နောက်ဆုတ်ရမလား”

တွမ့်မူရှန်းက လုဝူခေါင်းအထက် ပေါ်ထွက်လာသည်။ သူ့လက်မောင်းပေါ်တွင် မှိန်ဖျဖျ ခရမ်းရောင်နဂါးပုံရိပ်ရှိနေပြီး ပြောလိုက်၏။

“စစ်ရှစ်တိ ငါတို့တွေက ဒီရောက်နေပြီ။ ဘယ်လိုလုပ် နောက်ဆုတ်လို့ရမှာလဲ”

“...”

လုဝူက ခေါင်းငုံ့ပြီး စွမ်းအားတစ်ချို့ကို ထုတ်လွှတ်လိုက်သည်။

“ဝှစ်”

အားကောင်းသည့် လေဟုန်တစ်ချက် တိုက်ခတ်သွားကာ နေရာတစ်ဝိုက် အနက်ရောင်မြူခိုးများနှင့် တိတ်ဆိတ်မှုတို့ ပြန်လည်ရောက်ရှိလာသည်။

“အဲ့တာဘာကြီးလဲ”

“သေချာမကြည့်လိုက်ရဘူး”

ကျောင်းယွိက ခေါင်းခါကာ အလေးအနက် ပြောလာသည်။

“အဲဒါက ထျန်းဝူပဲ”

“ထျန်းဝူလား။ ကြည့်ရတာ ဒါက ထျန်းဝူရဲ့ ပိုင်နက်ဖြစ်ပုံပဲ။ လောင်ချန်းပေ့ ကျုပ်တို့ကြားက အပေးအယူကို ဖျက်သိမ်းလိုက်ပြီ။ ကျုပ် ဒီဟာတွေကိုလည်း မလိုချင်တော့ဘူး။ ဒီနေရာမှာပဲ လမ်းခွဲကြတာပေ့ါ”

ကျောင်းယွိက လက်ကိုဝှေ့ကာ ပြောလိုက်သည်။‌

‌ကျောင်းယွိ၏လူများကလည်း သူ့အမိန့်အောက်တွင် အလျင်အမြန် စုဝေးလိုက်ကြ၏။

...

အခန်း (၁၂၆၃) အစီအရင်ကို ဖြိုခွဲခြင်း

ကျောင်းယွိက စကားပြောအလွန်မြန်ပြီး သူက မစဉ်းစားဘဲလှုပ်ရှားလိုက်တာဖြစ်သည်။ သူက အနက်ရောင်မြူကို ကြောက်လန့်နေတာ သိသာ၏။ သူပြောနေသည့်အချိန်တွင်တောင် နောက်သို့ ဆက်တိုက်ကြည့်နေမိ၏။

လုဝူက နောက်တွင်ထိုင်နေကာ အနက်ရောင်မြူများပေါ်လာသည့်နေရာကို စိုက်ကြည့်လိုက်၏။ အနက်ရောင်မြူများ မရှိတော့သည့်အခါ ကျောင်းယွိရှေ့၌ သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် ဧရာမခြေရာတစ်ခုရှိနေသည်။

ကျောင်းယွိ “...”

အခြေအနေက ချက်ချင်းပင် ကသိကအောက်ဖြစ်သွားလေ၏။

ကျောင်းယွိက လက်နှစ်ဖက်ရှေ့ထုတ်လျက် တောင်းပန်လိုက်သည်။

“စကားပဲပြောကြရအောင် ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”

မည်သူကမျှ လုဝူ၏ခွန်အားကို သံသယမဖြစ်ကြပေ။ လုဝူက ခေါင်းငုံ့လျက်ပြောလိုက်၏။

“ကနေ့ခေတ်လူငယ်တွေက စကားမတည်ကြတာ ဆိုးတာပဲ။ ကတိဖျက်ပြီးတော့ ထွက်သွားချင်နေတာလား”

ကျောင်းယွိကလည်း ရှက်ရွံ့နေလေ၏။ သူက အားတင်းပြုံးလျက် မျက်လုံးထောင့်မှ လှုပ်ရှားမှုများကို ကြည့်လိုက်သည်။ သူ၏ ခါးပေါ်ရှိခါးပတ်ပေါ်လက်တင်ကာ ပြောလိုက်တော့သည်။

“နားလည်မှုလွဲတာပါပဲ”

လုကျိုးက ပြောလိုက်သည်။ "မင်း သွားချင်တယ်ဆိုရင် သိထားသမျှအားလုံးပြောပြ”

ကျောင်းယွိက မေးလိုက်လေ၏။ “ထျန်းဝူအကြောင်းပြောတာလား”

ဝှစ်

မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကိုသုံးကာ တွမ့်မူရှန်း၏အမူအရာများကို တုပလိုက်သည်။ သူက သက်ပြင်းချလျက် ချိတ်ကောက်ကို အင်္ကျီလက်ဖြင့်သုတ်လိုက်၏။ သူ၏မျက်လုံးများက ချိတ်ကောက်ပေါ်၌ အေးစက်စက်ရောင်ပြန်ဟပ်နေကာ ပြုံးလျက်ပြောလိုက်တော့သည်။

“ရှစ်စွင်း ... သူက မသိကျိုးကျွံပြုနေတဲ့ပုံပဲ။ တစ်ချက်တည်းနဲ့ သူ့ကို သတ်လိုက်ရင်ကော”

ကျောင်းယွိက သက်ပြင်းချလျက် ပြောလိုက်သည်။

“မင်း ငါ့ကိုသတ်ရင်တောင် အသုံးမဝင်ဘူး။ ထျန်းဝူက နာမည်ကျော်နတ်သားရဲပဲ။ ရှေးစာအုပ်တွေထဲမှာဆို နေထွက်ရာတောင်ကြားက လူတွေက ထျန်းဝူရွှေကောလို့ ခေါ်ကြတာ။ ခေါင်း၈လုံး၊ ခြေ၈ရှစ်ခု၊ အမြီး၈ခု ရှိတဲ့ လူသားတစ်ယောက်လို့ ပြောကြတယ်။ အရောင်က အစိမ်းရောင်နဲ့ အဝါရောင်”

“လူသားလား”

လူသားများသည် မည်ကဲ့သို့ ခေါင်း၈လုံး၊ ခြေ၈ရှစ်ခု၊ အမြီး၈ချောင်း ရှိနိုင်မည်နည်း။

“စာအုပ်တွေထဲမှာ ပြောထားတဲ့ပုံပဲလေ။ ကျုပ် အရင်က တစ်ခါမှမတွေ့ဖူးဘူး။ ကြမ်းတမ်းခက်ထန်သားရဲဖြစ်ပေမယ့် လူသားလို့ အကြီးအကဲတွေ ရည်ညွှန်းတာပဲကြားဖူးတာ” ကျောင်းယွိက ရှင်းပြလိုက်သည်။

“မျိုးဆက်လား” မင်ရှစ်ရင်က မျက်ခုံးတစ်ဖက်ပင့်မိသွား၏။

ကျောင်းယွိသည် သူ့အပေါ် မင်ရှစ်ရင်၏ရန်လိုမှုကြောင့် စိတ်ရှုပ်ထွေးသွားတော့သည်။ မည်သို့ပင်ဆိုစေ သူက ပြောလိုက်လေ၏။

“ဘယ်သူသိမှာလဲ ... အရေးကြီးတာက ထျန်းဝူက ရှေးခေတ်ကာလက အစစ်အမှန်အံ့ဖွယ်သားရဲပဲ။ နောက်ပိုင်း သူက မဟာပြုန်းတီးမြေရဲ့ အရှင်ကျန်းနန်နဲ့ ရန်သူတွေဖြစ်လာတယ်။ နှစ်ယောက်သားနှစ်ပေါင်း ထောင်သောင်းချီတိုက်ခိုက်ခဲ့တယ်လို့ပြောတယ်။ လူတချို့အဆိုအရ အရှင်ကျန်းနန်နိုင်သွားပြီး ထျန်းဝူသေသွားတယ်။ ထျန်းဝူအနိုင်ရသွားပြီး အရှင်ကျန်းနန်သေသွားတယ်လို့လည်း ပြောတဲ့သူတွေရှိတယ်”

“ဒါဆိုရင် အနက်ရောင်မြူက ထျန်းဝူဆိုတာ ဘယ်လိုသိလဲ” မင်ရှစ်ရင်က မေးလိုက်တော့သည်။

“ကျုပ် အမြီးရှစ်ချောင်းကို ရိပ်ခနဲတွေ့လိုက်တယ်” ကျောင်းယွိက ပြောလိုက်၏။ သူ၏ဘယ်လက်က ခါးပေါ်ရှိခါးပတ်ကို မြဲမြံစွာကိုင်ထားသေးဆဲဖြစ်သည်။

ထူထပ်နေသောတောအုပ်နှင့် အမှောင်ထုသည် ယခုအချိန်တွင် ပတ်ဝန်းကျင်အခြေအနေကို ပိုတောင်မှုန်မှိုင်းသွားစေ၏။

“ဖျက်ဆီးခြင်းတိုင်လုံးက အခြေအနေအကြောင်း ဘာသိလဲ” လုကျိုးက မေးလိုက်လေ၏။

“ကျုပ် နည်းနည်းပဲသိတာ။ တော်ဝင်စာကြည့်တိုက်ထဲမှာ ဖတ်ဖူးတယ်။ တိုင်လုံးကို စောင့်ကြပ်နေတဲ့ အစီအရင်တွေအများကြီးရှိတယ်လို့ ဖတ်ဖူးတယ်။ အစီအရင်တွေကို ဖြေဖို့နည်းလမ်းတွေ ကျုပ် ဖတ်ထားဖူးပေမယ့် အခုမဖြစ်နိုင်တော့ဘူး” ကျောင်းယွိက ပြောလိုက်၏။ သူက အစောတုန်းက အနက်ရောင်မြူပေါ်ပေါက်လာရာဖက်ကိုလက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်၏။

“တကယ်အံ့ဖွယ်သားရဲထျန်းဝူသာဆိုရင် ကျုပ်တို့တတ်နိုင်တာ ဘာမှမရှိဘူး။ အဲ့တာက ကျုပ်တို့ဖြေရှင်းနိုင်တဲ့ဟာ မဟုတ်ဘူး”

လူတိုင်းက တိတ်ဆိတ်သွားလေ၏။ သူတို့သည် အံ့ဖွယ်သားရဲမီးဇာမဏီ၏ခွန်အားကို သူတို့မျက်စိဖြင့် မျက်မြင်တွေ့ခဲ့ကြသည်။ လှုပ်ရှားမှုတစ်ချက်တည်းဖြင့် ချင်ရန်ယွဲ့၏ ဓားသမား ၄၉ဦးနှင့် ယဲ့ကျန်း၏တပည့် ၃၆ယောက်လုံးကို ပျောက်ကွယ်သွားစေသည်။ ယွီကျုံးတွင် ထျန်းဝူရှိနေလေရာ သူတို့အဖို့ ဖျက်ဆီးခြင်းတိုင်လုံးနား ကပ်ဖို့ ခက်ခဲနေ၏။

လုကျိုးက ရှေ့ကို ကြည့်လျက် အတွေးနစ်နေတော့သည်။ တကယ်ပင် အတော်လေး ဒုက္ခများလှ၏။ အကြီးမားဆုံးပြဿနာက သူတို့သည်ထျန်းဝူအကြောင်း ဘာမှမသိတာပဲဖြစ်သည်။ အမည်မသိကုန်းမြေထဲတွင် မသေချာမရေရာမှုများစွာရှိနေပြီး မှားယွင်းသွားနိုင်သည့် ကိစ္စများစွာရှိ၏။

ဝုတ် ဝုတ် ဝုတ်

ချုံးချီသည် တောအုပ်ရှိရာဖက်ကို မျက်နှာမူလျက် ဟောင်နေလေ၏။

“ခွေးလေး လိမ်လိမ်မာမာနေ” မင်ရှစ်ရင်က ချုံးချီ၏ခေါင်းကို ပုတ်လိုက်သည်။

ချုံးချီက ဆောင့်ကြောင့်ထိုင်လျက် ခေါင်းငုံ့ကာ အစွယ်အဖြီးသားဖြစ်နေ၏။ သူ၏မျက်လုံး၌ ကြောက်လန့်မှုအရိပ်အယောင်များပေါ်နေသည်။ သူက ရန်လိုနေတာ သိသာ၏။

မင်ရှစ်ရင်က တောအုပ်ဖက်ကို ကြည့်လိုက်တော့သည်။

ကျောင်းယွိက ချုံးချီကိုကြည့်လိုက်၏။ “ဒါ ချုံးချီလား”

မင်ရှစ်ရင်က ကျောင်းယွိဖက်လှည့်ကြည့်လိုက်၏။ သူက ဖော်ရွေမနေပေ။ “ဪ ... ခင်ဗျားက ဗဟုသုတနည်းနည်းရှိပုံပဲ”

ကျောင်းယွိက ရန်စမခံခဲ့ရပေ။ သူက ပြုံးရုံသာပြုံးလိုက်၏။ "ချုံးချီက ကြမ်းတမ်းခက်ထန်ပြီး ခေါင်းမာတယ်” သူက စကားပြောခဏရပ်ပြီးနောက် ဆက်ပြောလိုက်၏။

“သူက မကောင်းဓာတ်တွေကို စားတာသဘောကျတယ်။ များများစားလေ ပိုသန်မာလေပဲ”

မင်ရှစ်ရင်က ဘာမှမပြောပေ။ သူက ချုံးချီ၏ခေါင်းကိုပုတ်လျက် စိတ်တည်ငြိမ်စေရန် ကြိုးစားနေ၏။

ချုံးချီက ဆက်လက်မာန်ဖီနေလျက် ကျန်သည့်သူများ မမြင်ရသည့်အရာကို မြင်နေသလိုပင်။

လုကျိုးက လေထဲပျံဝဲကာ ရွှေရောင်ထိုက်ရွှီကြေးမုံကို ဆွဲထုတ်လိုက်သည်။ ယခုဆို ဖုံးကွယ်ခြင်းကတ်အာနိသင်ကြောင့် ကောင်းကင်စွမ်းအားသည် ရွှေရောင်ဖြစ်နေပြီး ရွှေရောင်ထိုက်ရွှီကြေးမုံမှ အလင်းတို့သည် နေရောင်ကဲ့သို့ ဖြာကျလာ၏။ မှောင်မည်းနေသော အမည်မသိကုန်းမြေထဲတွင် အလင်းက ပိုတောင်တောက်ပနေတော့သည်။

ရွှေရောင်ထိုက်ရွှီကြေးမုံမှ အလင်းအောက်တွင် သူတို့က ကောင်းကင်ထဲရှိလေထဲတွင် ရေလှိုင်းများနှင့် ဆင်တူသည့် စွမ်းအင်လှိုင်းတစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာအပြင် အကြီးဆုံးရှေးသစ်ပင်အောက်၌ အနီရောင်အလင်းစက်တစ်ခုကို တွေ့နိုင်၏။

“အဲ့တာအစီအရင်တစ်ခုပဲ။ အနီရောင်အလင်းက မီးကြာပွင့်ဖြစ်လောက်တယ်” ခုံဝမ်က ပြောလိုက်သည်။

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို သိမ်းပြီးနောက် လေထဲရှိ ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာလိုက်၏။

ကျောင်းယွိက မဝံ့မရဲပြောလိုက်သည်။

“ထျန်းဝူလို့ ထင်နေတာ .... ဖြစ်ချင်တော့ အစီအရင်တစ်ခုပဲကိုး”

လုလီက ပြောလိုက်၏။ "ပုံရိပ်ယောင်အစီအရင်တချို့ ဖြစ်လောက်တယ်”

ပြီးနောက် လုလီသည် အဆောင်တချို့ထုတ်ပြီးနောက် လေထဲပစ်ထုတ်လိုက်၏။ ၎င်းတို့မြေပြင်ပေါ်ကျသွားသောအခါ အလင်းစက်ဝန်းများက မြေပြင်ပေါ်တွင် စတင်လင်းလက်လာ၏။ သူက မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။ “မြောက်မြားမျက်လုံးအစီအရင်"

“ဒီမှာနေ” လုကျိုးက ပြောပြီး အရှေ့သို့တဟုန်ထိုးထွက်သွားလေ၏။ သူသည် လေထဲရောက်သောအခါ သမုဒ္ဒရာထဲနစ်ဝင်သွားသလို ခံစားရသည်။ ကံကောင်းသည်မှာ သူ့၌ ခရမ်းရောင်တောက်ပသံကျောက်နှင့် သူ၏ရေအောက်စွမ်းအင်ရှိနေ၏။ ဤနည်းဖြင့် မွန်းကြပ်သည့်ခံစားချက်က မကြာမီ၌ မှေးမှိန်သွားတော့သည်။

လုကျိုးက လက်မြှောက်လျက် အမည်မသိကို လေးအသွင်ဖြင့်ဆွဲထုတ်လိုက်၏။

ဘီး

ပေသုံးရာခန့်ရှည်သည့် စွမ်းအင်မြားက လေးညှို့မှထွက်သွားလေ၏။

လူတိုင်းက တအံ့တဩ မော့ကြည့်လိုက်သည်။ အမှောင်ထုက လုကျိုးနှင့် အမည်မဲ့အတွက် ပေါက်ကွဲမှု ဖြစ်နေတော့သည်။ လုကျိုးက လေးကြိုးကိုဆွဲလျက် အနည်းငယ်လှည့်ကာ ကြိုးကိုလွှတ်လိုက်တော့သည်။ ဧရာမမြားက ပေါ်ထွက်လာ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်မြားသည် လေထဲရှိ ရေပုံရိပ်ယောင်ခန္ဓာကိုထိုးဖောက်သွားပြီး အစီအရင်မျက်လုံးအားလုံးကို ထိမှန်သွားသည်။

အမှောင်ထုထဲတွင် ပွင့်နေသည့် မျက်လုံးများနှင့် ဆင်တူသည့်မျက်လုံးများက မြားကြောင့် ထိုးဖောက်ခံရပြီးနောက် တစ်ခုပြီးတစ်ခုပိတ်သွားတော့သည်။ မူလက တိတ်ဆိတ်နေသောနေသော နေရာသည် ဆူညံလာ၏။ ပတ်ဝန်းကျင်ရှိ ကနဦးချီကလည်းဝေ့တက်လာတော့သည်။

လုကျိုး၏ ထူးကဲသောအကြားစွမ်းအားသည် ကနဦးချီအလယ်တွင် ဒေါသတကြီးဟိန်းသံများကို ကြားရစေ၏။ ကြမ်းတမ်းခက်ထန်သားရဲများသည် မာန်ဖီလျက် အစွယ်များဝေ့ယမ်းနေကြောင်း သူ တွေးကြည့်မိနိုင်သည်။ သို့သော် ကနဦးချီငြိမ်ကျသွားသောအခါ ဆူညံသံပျောက်ကွယ်သွားလေ၏။

အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသောအခါ လူတိုင်းသည် သူတို့မြင်လိုက်သည့်အရာကြောင့် ထိတ်လန့်သွားလေ၏။

အရှေ့ရှိကွင်းပြင်တွင် လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများ၏ အလောင်းများ၊ အရိုးများ လက်လက်ထနေတော့သည်။

“အစီအရင်ပြိုကွဲသွားပြီလား” ကျောင်းယွိက မယုံမကြည်မေးလိုက်တော့သည်။

လုလီက ပြောလိုက်တောာ့သည်။ “မျှော်နန်းသခင်က တကယ်အရည်အချင်းရှိတာ ဒီအစီအရင်ကို ဖြိုခွဲနိုင်တဲ့ တစ်ဦးတည်းသောသူက ခင်ဗျားပဲ။ အစီအရင်မျက်လုံးတွေက တိတိကျကျထိမှရမှာ”

ကျောင်းယွိက အသိစိတ်ပြန်ကပ်လာသောအခါ သူသည် မြင့်မားသည့်ရှေးသစ်ပင်ဆီသို့ ပြေးထွက်သွားသည့် ချုံးချီကို တွေ့လိုက်ရ၏။ ချုံးချီက ခုန်အုပ်လိုက်ပြီးနောက် ၎င်းရောက်လျှင်ရောက်ချင်း အကြီးဆုံးနွယ်ပင်ကို ကိုက်ဝါးလိုက်၏။

ဂျွတ်

မင်ရှစ်ရင်က ထိတ်လန့်သွားတော့သည်။ ချုံးချီ ဤမျှရန်လိုနေတာ ယခင်က တစ်ခါမှမတွေ့ဖူးပေ။

ချုံးချီသည် နွယ်ပင်ကို ကိုက်ကာ ၎င်းကိုကိုက်ဖဲ့နေလေ၏။

ထိတ်လန့်စရာကောင်းလောက်အောင်ပင် နွယ်ပင်က သွေးများထွက်လာတော့သည်။

“မသိတတ်တဲ့ သတ္တဝါတွေနဲ့ အရသာရှိတဲ့လူသားတွေ သေပေတော့”

ရှေးသစ်ပင်က မျက်လုံးရုတ်တရက်ပွင့်လာ၏။ ပြီးနောက် နွယ်ကြိုးများသည် မင်ရှစ်ရင်နှင့် ချုံးချီဆီသို့ တိုးဝင်လာ၏။

မရေမတွက်နိုင်သည့် စွမ်းအင်ဓားတို့နှင့် စွမ်းအင်ဓားမော့များတို့သည် နွယ်ကြိုးဆီ တိုးဝင်သွားလေ၏။ ခုံဝမ်က လက်ခုပ်တီးလိုက်ကာ စွမ်းအင်စည်းတံဆိပ်များကို ရှေးသစ်ပင်ဆီ ပို့လွှတ်လိုက်၏။

“အသက်ဝင်နေတဲ့ သစ်ပင်လား။ ငါ နေလာတာကြာပြီဆိုပေမယ့် ဒါကို ယုံနိုင်ဖို့ ခက်ခဲနေသေးတယ်”

“ဒါ ... ဒါက သစ်ပင်မဟုတ်ဘူး။ ဒါက မဟာပြုန်းတီးမြေရဲ့ အရှင်ကျန်းနန်ပဲ”

“အရှင်ကျန်းနန်လား”

“ထျန်းဝူရဲ့ရန်သူတော်ကြီးလေ ... ကျုပ် အရင်တုန်းက ပြောခဲ့တာမှတ်မိလား။ ထျန်းဝူနဲ့ အရှင်ကျန်းနန်က နှစ်ပေါင်းတစ်သောင်းတိုက်ခိုက်ပြီး ပျောက်ကွယ်သွားတာ ဘာဖြစ်သွားမှန်း ဘယ်သူမှမသိဘူး။ အခုအရှင်ကျန်းနန် ဒီမှာရှိနေတယ်ဆိုတော့ ထျန်းဝူက အနားမှာ ရှိလောက်တယ်” ကျောင်းယွိက ပြောပြောဆိုဆိုဖြင့် စိုးရိမ်ပူပန်ကာ နောက်ဆုတ်တော့သည်။

“ဘာ ... ဒီတော့ အရှင်ကျန်းနန်က လူလား၊ တစ္ဆေလား၊ သစ်ပင်လား”

“ကျုပ် မသိဘူး။ နောက်မှရှင်းပြမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ လူတစ်ယောက်မဟုတ်တော့ဘူး”

ထိုစဉ် မြေပြင်မှအနက်ရောင်မြူများ ပေါ်ထွက်လာပြီးနောက် နွယ်ကြိုးများသည် အစိမ်းရောင်မီးတောက်များဖြင့် စတင်လောင်ကျွမ်းလာလေ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

မရေမတွက်နိုင်သော နွယ်ကြိုးများသည် ချက်ချင်းပင် မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများကို တိုက်ခိုက်တော့၏။ မကြာမီ၌ သူတို့ အကွာအဝေးခြားသွားသည်။ မဟုတ်လျှင် သူတို့ ထိခိုက်နစ်နာလိမ့်မည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တောင် ရှောင်လိုက်ရ၏။

ဖုန်း

ထိုစဉ် လုဝူက နောက်ဆုံး၌ လှုပ်ရှားလိုက်၏။

All Chapters