← Chapters

အခန်း (၁၂၆၄-၁၂၆၆)

Vol. 85 Ch. 1264-1266

အခန်း (၁၂၆၄-၁၂၆၆)

Vol. 85 Ch. 1264-1266

အခန်း (၁၂၆၄) သခင်ကျန်းနန်

လုဝူက ထိုရှေးကျသည့် သစ်ပင်ကို ခုန်အုပ်လိုက်သည့်အတွက် အားလုံးက မော့ကြည့်လိုက်ကြသည်။

တစ်ချိန်တည်းဆိုသလို မီးတောက်နွယ်ကြိုးများစွာကလည်း လွင့်ထွက်လာ၏။

“အေးခဲစေ”

အရိုးအေးခဲလုမတတ် အေးခဲမှုက ပျံ့နှံ့သွားကာ ရှေးဟောင်းသစ်ပင်ကြီးကို အေးခဲသွားစေသည်။ ထို့နောက် အစိမ်း‌‌ရောင်နွယ်ပင်များက မြေကြီးမှ ထိုးထွင်းထွက်လာကာ ရှေးဟောင်းသစ်ပင်ကို ရစ်ပတ်သွားလေ၏။

မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို ပစ်ခတ်လိုက်သည်။

“ဝှစ်”

ခွဲခွာချိတ်ကောက်က ရှေးဟောင်းသစ်ပင်၏ အောက်ပိုင်းသစ်ခေါက်ကို ထိုးစိုက်သွား၏။

သစ်ခေါက်အပေါ်ရှိ မျက်နှာက မကျေမနပ် သရော်ကာ ပြောလာခဲ့သည်။

“သေစမ်း”

နွယ်ပင်များကို ထပ်မံ ထုတ်လွှတ်လာသည်။

အများစုက လုဝူဆီ ချိန်ရွယ်ထားပြီး အရေအတွက် အနည်းငယ်က မင်ရှစ်ရင်ဆီ ဦးတည်နေလေသည်။

“ကျစ် ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ”

မင်ရှစ်ရင်က အလျင်အမြန် ရှောင်ရှားလိုက်၏။ သူ့လှုပ်ရှားမှုများက ပေါ့ပါးကာ သွက်လက်နေသည်။

ထိုစဥ် လုကျိုးက ထိုမြင်ကွင်းကို ကြည့်နေရင်း တာ့ရန်၏ ယခင်ဧကရာဇ်ဟောင်း လျိုကောကို အမှတ်ရသွားသည်။ ထိုသူကလည်း မသေမျိုးဘဝကို သတ်မှတ်ခဲ့၏။

သူတို့အသုံးပြုသည့် မှော်အတတ်က မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ အနှစ်သာရက အတူတူသာ ဖြစ်နေဆဲဖြစ်၏။။။

“ဘမ်း”

မင်ရှစ်ရင်က နွယ်ကြိုးတစ်ခုကို မရှောင်နိုင်တော့ဘဲ လွင့်ထွက်သွားလေသည်။

ဤတစ်ကြိမ် နွယ်ကြိုးများစွာက လုဝူကို ရစ်ပတ်သွားလေ၏။

“သားရဲဧကရာဇ်တစ်ကောင်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်လား”

ရှေးဟောင်းသစ်ပင်ကြီးက အော်ဟစ်ရင်းဖြင့် နွယ်ကြိုးများကို လုဝူအား တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။

လုဝူက ဒေါသတကြီး ဖြစ်နေ၏။

“မင်းက နတ်သားရဲ မဟုတ်ဘူး”

လုဝူက ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး ရှေးဟောင်းသစ်ပင်ကို ရက်ရက်စက်စက် ကုတ်ခြစ်နေသည်။

ထိုသစ်ပင်မှ သွေးများ စီးကျလာသည်။

လုကျိုးက ရှေးဟောင်းသစ်ပင်သည် လုဝူအတွက် ပြိုင်ဘက် ဖြစ်သည်ကို မြင်သည့်အခါ လက်ဝှေ့ယမ်းလိုက်သည်။

မတည်မြဲခြင်း တိုင်လုံး

တိုင်လုံးက အမြန်အဆန် ကြီးထွားလာပြီး မြေကြီးထဲ ထိုးစိုက်သွားသည်။ ထိုအရာ၏ လုံးပတ်က ဤတစ်ကြိမ် မီတာများစွာ ကြီးမားလာလေ၏။

“ဝုန်း”

“လုဝူ”

“ဝုန်း ဝုန်း ဝုန်း”

လုဝူက မြေကြီးပေါ် ခြေဆောင့်ပြီး နွယ်ကြိုးများ၏ ရစ်ပတ်မှုမှ ထွက်လာလိုက်သည်။

“ငါ တတ်နိုင်တဲ့အရာ ဘာမှမရှိဘူးလို့များ ထင်နေသလား”

ရှေးဟောင်းသစ်ပင်က ပြောလာလေ၏။

လုကျိုးက မတည်မြဲခြင်းတိုင်လုံးနားဆီ သွားကာ ရှေးဟောင်းသစ်ပင်ကို တိတ်တဆိတ်သာ စောင့်ကြည့်လိုက်သည်။

လက်တံများနှင့်တူသည့် နွယ်ကြိုးများက ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်၏။

လုကျိုးက ကောင်းကင်ကျမ်း၏ မန္တန်ကို တိတ်တဆိတ် ရွတ်ဖတ်လိုက်၏။ ဤသို့ဖြင့် နွယ်ကြိုးများက မမြင်သည့် စွမ်းအားတစ်ချို့ကြောင့် ဖြတ်တောက်ခံလိုက်ရသည့်အလား ကောင်းကင်မှ ပြုတ်ကျလာသည်။

ရှေးဟောင်းသစ်ပင်ကြီးက အော်ညည်းလိုက်ရသော်လည်း နွယ်ကြိုးအသစ်များ ထပ်မံ ကြီးထွားလာဖို့ သိပ်မကြာလိုက်ပေ။ ထိုအရာက အော်ဟစ်လိုက်သည်။

“မင်းကို သတ်မယ်”

နွယ်ကြိုးများက ယခင်ကထက် ရှည်လျားကာ ကြမ်းတမ်းလာသည်။

လေထုထဲ ရေနှင့်တူသည့် စွမ်းအားက ရုတ်ခြည်းဆိုသလို ပျံ့နှံ့လာလေ၏။

လုကျိုးက မတည်မြဲခြင်းတိုင်လုံးအထက် ရပ်လိုက်သည်။

“ဝုန်း”

မတည်မြဲခြင်းတိုင်လုံးက မြေကြီးထဲ ပိုမိုထိုးစိုက်သွားပြီး လုကျိုးက လက်ဆန့်ထုတ်ကာ ကြယ်တာရာဒိုင်ခွက်ကို ပုံဖော်လိုက်သည်။

ထိုအရာကို မြင်ကာ မိစ္ဆာဝေဟင်မျှော်နန်းရှိ အဖွဲ့သားများကလည်း သူတို့၏ ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်ကြသည်။

သူတို့က အနည်းငယ် ‌နှေးကွေးသော်လည်း ကျောင်းယွိနှင့် သူ့လူများကလည်း လိုက်လုပ်လိုက်ကြသည်။

သူတို့က လေထုထဲ ပျံသန်းပြီး ကြယ်တာရာဒိုင်ခွက်ကို ပုံဖော်လိုက်ကြသည်။

မည်သူကမှ ချုပ်တည်းမထားဘဲ မွေးဖွားဇယားချပ်စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နေကြသည်။

“ဝှစ် ဝှစ် ဝှစ်”

ရှေးဟောင်းသစ်ပင်ထံ ဥက္ကာမိုးများ ရွာသွန်းလာသကဲ့သို့ ဖြစ်၏။

လုကျိုးက နောက်ဆုတ်ပြီး ကြယ်တာရာဒိုင်ခွက်ကို ထိန်းချုပ်ကာ ရှေးဟောင်းသစ်ပင်၏ နယ်နိမိတ်မှ ထွက်လာလိုက်သည်။

“ဘမ်း ဘမ်း ဘမ်း”

မွေးဖွားဇယားချပ်၏ စွမ်းအားက ၁၅မိနစ်သာ ကြာမြင့်ခဲ့သည်။

လုကျိုးက ကြယ်တာရာဒိုင်ခွက်ကို သိမ်းဆည်းပြီးသည့်နောက်တွင် မလှုပ်မယှက်ဖြစ်နေသည့် သစ်ပင်ကြီးကို ဆက်လက်အကဲခတ်လိုက်၏။

ရုတ်ခြည်းဆိုသလို

“ဝှစ်”

သစ်ခေါက်ကြီးက ရုတ်ခြည်းဆိုသလို ကွာကျသွားပြီး မြေကြီးမှ အစိမ်းရောင်မီးခိုးများ မြင့်တက်လာကာ သစ်ပင်ကို ဖြည်းဖြည်းချင်း ကုစားပေးနေသည်။ ထိုအရာကိုမြင်ကာ မင်ရှစ်ရင်က ကျိန်ဆဲလိုက်၏။

“ကျစ် မင်းက လှည့်ဖျားနေတာပဲ”

ရှေးဟောင်းသစ်ပင်ကြီးက နေရာတွင် ရပ်နေရင်း လုကျိုးကို ကြည့်လာသည်။

“လူသားတွေက မဟာကြပ်တည်းနယ်မြေထဲ ရောက်လာပြီး သူတို့ကိုယ်သူတို့ ငါ စားသုံးစေဖို့ ရောက်လာတာ အရမ်းကိုကြာနေပြီ”

……………..

မင်ရှစ်ရင်က မဆင်မခြင် မလှုပ်ရှားရဲပေ။

သူက ချုံးချီကို ဆွဲကာ နောက်ဆုတ်လိုက်၏။

“ခွေးလေး ရှုပ်မနေနဲ့။ ငါတို့က သွားပြီး ရှုပ်လို့မရဘူး။ ငါတို့တွေ ပုန်းလို့ရတယ်”

“ဝုတ် ဝုတ် ဝုတ် “

ရှေးဟောင်းသစ်ပင်ကြီးက ရယ်မောလာ၏။

“ငါက ဒီနေရာမှာသခင်ပဲ။ ဘယ်သူက အမိန့်ကို ဖီဆန်ရဲလဲ”

ထို့နောက် နွယ်ကြိုးများစွာက မိစ္ဆာဝေဟင်မျှော်နန်းမှ လူများဆီ ရောက်ရှိလာသည်။

လုကျိုးက ရှေးဟောင်းသစ်ပင်ကြီးကို ကြည့်နေရင်း လေသံအတက်အကျမရှိ ပြောလိုက်သည်။

“မင်းက မောက်မာလွန်းတယ်”

ထို့နောက် လုကျိုးက လက်ကို ဆန့်ထုတ်လိုက်သည်။

မတည်မြဲခြင်းတိုင်လုံးက အလျင်အမြန် လှည့်ပတ်လာကာ မြေကြီးကိုပင် လှုပ်ခတ်လာစေသည်။

“ဟမ်”

ရှေးဟောင်းသစ်ပင်ကြီးက တစ်စုံတစ်ခု လွဲမှားနေသည်ကို စတင်ခံစားမိလာသည်။

လုကျိုးက မတည်မြဲခြင်းတိုင်လုံး၏ နယ်နိမိတ်ကို မီတာဒါဇင်ချီမျှသာ ထုတ်ဖော်ထား၏။ ထိုအရာက ရှေးဟောင်းသစ်ပင်ကြီးအမြစ် ယူထားသည့် နေရာတစ်ဝိုက်ကို ဖုံးလွှမ်းထားစေသည်။

တိုင်လုံး၏ သက်ရောက်မှုက သိသာလှသည်။

မြေကြီးပေါ်တွင် ‌ပေါင်းပင်များက ကြီးထွားလာပြီး သစ်ပင်ငယ်များက ပိုမိုမြင့်မားလာသည်။

ရှေးဟောင်းသစ်ပင်ကြီးက တစ်အံ့တသြ ရေရွတ်လိုက်သည်။

“မတည်မြဲခြင်းတိုင်လုံးလား”

“မင်းက ဒီတိုင်လုံးကို သိတယ်လား”

“ဒီတိုင်လုံးက မိုးမြေကတောင် သည်းမခံနိုင်တဲ့ ဆုတ်ယုတ်တဲ့အရာပဲ။ ဘယ်လိုသိမ်းပိုက်လာတာလဲ”

ရှေးဟောင်းသစ်ပင်က မေးလာသည်။ လုကျိုးက မထူးမခြားနားပြောလိုက်၏။

“မင်းက မင်းအသက်ဆက်ဖို့ သစ်ပင်ကို ချေးငှားထားပြီး ဘဝရဲ့ အနှောင်အဖွဲ့တွေကို ချိုးဖောက်ဖို့ ကြိုးစားနေတာလေ။ မတည်မြဲခြင်းတိုင်လုံးနဲ့ဆိုရင် မင်းရဲ့အသက်ဓာတ်စွမ်းအားတွေက အနှေးနဲ့အမြန် အပြီးသတ် စုပ်ယူခံလိုက်ရမှာပဲ”

ရှေးဟောင်းသစ်ပင်ကြီးက ဆက်လက်မလှုပ်ရှားတော့ဘဲ ပါးစပ်နဲ့ မျက်လုံး ပိတ်ထားလိုက်သည်။ ဤသို့ဖြင့် နွယ်ပင်များကလည်း ဆက်လက် မလှုပ်ရှားကြတော့ပေ။ ဤတစ်ကြိမ်တွင် သာမန်ရှေးဟောင်းသစ်ပင်နှင့် ဘာမှမကွာခြားတော့ပေ။

“မင်းကို မတည်မြဲခြင်းတိုင်လုံးကို မြည်းစမ်းခွင့်ပြုမယ်”

လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့အံ့ဖွယ်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ဤသည်က မတည်မြဲခြင်းတိုင်လုံးထဲ သူ့အံ့ဖွယ်စွမ်းရည်ပေါင်းစည်းသည့် ပထမဦးဆုံးအကြိမ် ဖြစ်၏။

မတည်မြဲခြင်းတိုင်လုံး၏ စုပ်ယူနှုန်းက အဆ၂၀မှ အဆ ၁၀၀အထိ တိုးပွားလာကာ ရပ်တန့်မည့်ရိပ်အယောင်ဟူ၍ မပြပေ။

မတည်မြဲခြင်းတိုင်လုံးဝန်းကျင်တွင် အသက်ဓာတ်စွမ်းအားများကို စတင်စုဝေးလာပြီး ဝဲကတော့တစ်ခု ဖြစ်တည်လာသည်။

မိစ္ဆာဝေဟင်မျှော်နန်းမှလူများက တိုင်လုံး၏ စွမ်းအားကို တွေ့ကြုံဖူးသည့်အတွက် ထိုအရာက မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားသည်။ ဤတစ်ကြိမ် စုပ်ယူနှုန်းက အဆ၁၀၀မှ ၂၀၀အထိ တိုးပွားလာလေ၏။ လုကျိုး၏ အံ့ဖွယ်စွမ်းအားကုန်ဆုံးနှုန်းကလည်း တိုးမြင့်လာလေသည်။ ဤတစ်ကြိမ် ဘယ်သူအညံ့ခံမလဲအ‌ပေါ် မူတည်နေ၏။

“မင်းက သေချင်မှတော့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

လုကျိုးက မြေကြီးပေါ် လက်ဖြင့် ရိုက်ချလိုက်ပြီး အံ့ဖွယ်စွမ်းရည်ကို ထုတ်ဖော်လိုက်၏။ သူက အံ့ဖွယ်စွမ်းအားကို အသုံးပြု၍ ရှေးဟောင်းသစ်ပင်ကို သတ်ဖို့ရာ မစဥ်းစားထားပေ။ အကြောင်းအရင်းကမူ ထိုအရာသည် ဖြစ်နိုင်ပါ့မလား မသေချာ၍ ဖြစ်၏။ သူ့အနေဖြင့် မတည်မြဲခြင်းတိုင်လုံးကို အသုံးပြုခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေသည်။ အကယ်၍ ထိုအရာက အလုပ်မဖြစ်ပါက သူ့အနေဖြင့် နောက်ထပ် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်၏။

အံ့ဖွယ်စွမ်းအား ပေါင်းထွက်လာသည့်အခါ မတည်မြဲခြင်းတိုင်လုံး၏ စုပ်ယူနှုန်းကလည်း ယခင်ထက် ပိုမိုမြန်ဆန်လာသည်။

အဆ ၂၀၀

အဆ ၅၀၀

အဆ၁၀၀၀

အဆ၂၀၀၀

အဆ၅၀၀၀

ဤသို့ဖြင့် လုကျိုးက သူသည် ကန့်သတ်ချက်သို့ ရောက်ရှိလာကြောင်း ခံစားမိသည့်အချိန် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

မတည်မြဲခြင်းတိုင်လုံး၏နယ်နိမိတ်က မီတာ၁၀၀ဝန်းကျင်မျှ ရှိနေပြီး အဆ ၅၀၀နှုန်းဖြင့် စုပ်ယူနေသည်။ ဆိုလိုသည်မှာ အပြင်ဘက်တွင် နေ့တစ်ရက်က အထဲတွင် ရက် ၅၀၀၀နှင့် ညီမျှသည်။ ဤသို့သော စုပ်ယူနှုန်းက ကျင့်ကြံရေးအတွက် အသုံးမပြုနိုင်ပေ။ အကယ်၍ လူတစ်ယောက်က နှစ်များစွာကို ဖြုန်းတီးလိုက်လျှင်ပင် ကျင့်ကြံဆင့်ကို တိုးတက်နိုင်မည်မဟုတ်ပေ။ အကြောင်းအရင်းကမူ အဆင့်တက်လှမ်းပြီးသည့်နောက်တွင် ကျင့်ကြံဆင့် တည်ငြိမ်စေဖို့အတွက် ခက်ခဲစေ ၍ဖြစ်၏။

ထိုအရာကို မြင်ကာ ကျောင်းယွိက မနေနိုင်ဘဲ လက်ခုပ်တီးလိုက်၏။

“လောင်ချန်းပေ့ဆီမှာ ဒီလိုနည်းလမ်းတွေ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး”

မင်ရှစ်ရင်က ပြောလိုက်သည်။

“လူသားတစ်ယောက်က သစ်ပင်ကိုငှားပြီး ဘာလို့များ အသက်ရှင်ချင်ရတာလဲ”

ကျောင်းယွိက ပခုံးတွန့်ကာ ပြောလိုက်သည်။

“ကျုပ်လည်း မသိဘူး။ သူ့ကို မေးကြည့်ရမှာပဲ”

ရှေးဟောင်းသစ်ပင်က ငြိမ်နေလျက်သားဖြင့် အားလုံးကို လျစ်လျူရှုထားသည်။

လုလီက မြေကြီးကို ကြည့်ပြီး ပြောလိုက်သည်။

“ရုတ်တရက် ထွက်ပြေးမသွားအောင် ဂရုစိုက်လိုက်အုံး”

“သစ်ပင်က လှုပ်နိုင်တာလား”

“အဲဒီမတိုင်ခင်က သစ်ပင်တွေ စကားပြောတတ်တယ်လို့တောင် မထင်ခဲ့မိဘူးလေ”

လုလီက ပြောလိုက်သည်။

“...”

မင်ရှစ်ရင်က ဆွံ့အမိသွား၏။

အကယ်၍ သစ်ပင်က စကားပြောနိုင်မည်ဆိုပါက လှုပ်ရှားနိုင်လောက်သည်။

အမြင်နှင့်ပင် ထိုအရာက လူသားများနှင့် ခက်ထန်သားရဲများကဲ့သို့ လွတ်လွတ်လပ်လပ် ထွက်ပြေးလွတ်မြောက်နိုင်ဟန် မပေါ်ပေ။ မဟုတ်ပါက ထွက်ပြေးသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော်လည်း သေချာသည့်အနေအထား မရှိသည့်အတွက် စောင့်ကြည့်သည်က ပို၍ကောင်းလေသည်။

ထိုစဥ် လုကျိုးက ရှေးဟောင်းသစ်ပင်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာကို ကြည့်ရသေးတာပေါ့”

...

အခန်း (၁၂၆၅) တစ်သက်တာရန်သူများ

လုကျိုးသည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ရှေ့တွင် လက်ထပ်ထားလျက် လေထဲတွင် တင်ပျဉ်ခွေချိတ် ထိုင်နေလေ၏။ ပြီးနောက် သူသည် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းလျက် သူ၏ ကောင်းကင်စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။ သူသည် နတ်ခြင်္သေ့၏ စွမ်းရည်ကို အသုံးမပြုခဲ့ဘဲ ၎င်းကို အရေးကြီးသည့်အချိန်ကျမှသာ သုံးရန် ပြင်ဆင်ထားသည်။

ယင်းကို မြင်သောအခါ ယွီကျန့်ဟိုင်က ပြုံးလျက်ပြောလိုက်တော့သည်။ “လျှောက်မသွားကြနဲ့ ... ဒီနေရာက အရမ်းထူးဆန်းတယ်”

လူတိုင်းက ခေါင်းညိတ်ပြီးနောက် နေရာမှာတင် အနားယူလိုက်ကြသည်။

လုဝူသည် မြင့်မားလှသည့် ရှေးဟောင်းသစ်ပင်ကြီးကို သတိထားကြည့်နေလေ၏။ ကမူးရှူးထိုးထွက်သွားချင်စိတ်က လွှမ်းမိုးနေသော်ငြား ရန်သူက အစွမ်းထက်လွန်းမှန်း သဘောပေါက်သောကြောင့် မဆင်မခြင် မပြုမူရဲပေ။ သူက မြေပြင်ပေါ်တွင် လှဲလျက် အမွေးများကို သန့်ရှင်းနေတော့သည်။ ယခင်က နွယ်ကြိုးများသည် ၎င်းကို ဒဏ်ရာအနည်းငယ်ရစေခဲ့၏။ ကံကောင်းသည်မှာ သူ၏ပြန်လည်ကုသသည့်နှုန်းက အံ့ဩဖွယ်ကောင်းလွန်းသောကြောင့် ဒဏ်ရာများကို ဂရုမစိုက်ခဲ့ပေ။

ထိုစဉ် မင်ရှစ်ရင်က ကျောင်းယွိဖက်လှည့်မေးလိုက်၏။ “သစ်ပင်က အရှင်ကျန်းနန်ဆိုတာ ခင်ဗျား ဘယ်လိုသိလဲ”

“ရှေးစာအုပ်တွေထဲမှာ မှတ်သားထားတာ” ကျောင်းယွိက ပြန်ပြောလိုက်၏။

“တိုက်ဆိုင်လိုက်တာ။" မင်ရှစ်ရင်က စဉ်းစားဆင်ခြင်နေသည်။

ကျောင်းယွိက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်တော့သည်။

“ကျုပ် ဒီကိုလာဖို့ဆုံးဖြတ်ထားတယ်ဆိုတော့ ကြိုတင်ပြင်ဆင်ထားရတာပေါ့။ ဒီနေရာကို မလာခင် ဒီအကြောင်း အများကြီးလေ့လာခဲ့တယ်။ သမိုင်းကြောင်း၊ ကြမ်းတမ်းခက်ထန်သားရဲတွေ၊ အစီအရင်တွေ၊ ဖျက်ဆီးခြင်းတိုင်လုံးနား ချဉ်းကပ်တဲ့နည်းတွေ ကျုပ်အားလုံးလေ့လာခဲ့တယ်”

လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်နေသော်ငြား ကျောင်းယွိ၏စကားကို ကြားရသေး၏။ ကျောင်းယွိက ထိုမျှ တွေးခေါ်တတ်လိမ့်မည်ဟု သူ မထင်ထားပေ။ ထိုကဲ့သို့ မခြွင်းမချန်ပြောလိမ့်မည်ဟု မထင်ထားပေ။

“အရှင်ကျန်းနန်အကြောင်း ငါတို့ကို မင်း မပြောခဲ့ဘူး” မင်ရှစ်ရင်က မေးလိုက်သည်။

“ကျုပ်တို့ ထျန်းဝူကနေ စပြောရလိမ့်မယ်။ ထျန်းဝူကလည်း တာ့ဝူလို့သိကြတဲ့ ဝူရှေးဟောင်းလူမျိုးတွေ ကိုးကွယ်တာခံရတာ။ ရှေးခေတ်ကာလကဆိုရင် အမည်မသိကုန်းမြေက ဒီလိုပုံမဟုတ်ဘူး။ အားလုံးက သဟဇာတကျကျ နေထိုင်ကြတာ။ လောကထဲမှာ ငြိမ်းချမ်းမှုရှိတယ်။ ဒီနေရာကို ဖျက်ဆီးလိုက်တာကြောင့် လူသားတွေကို ကောင်းကင်ဘုံရဲ့အပြစ်ပေးတဲ့နည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထျန်းဝူက ရေကို ထိန်းချုပ်ထားတယ်။ ဒီတော့ သူ့ကို ရေနတ်ဘုရားလို့ လူတွေတွေးကြတာ။ ဒီတော့ ထျန်းဝူက မီးကိုမုန်းတီးတယ်” ကျောင်းယွိက ပြောလိုက်၏။

“တစ်ဖက်မှာတော့ စစ်ဟော်လို့အမည်ရတဲ့ အရှင်ကျန်းနန်က မီးနတ်ဘုရားလို့သတ်မှတ်ခံထားရတာ။ ပြောနေဖို့ မလိုဘူး။ တစ်ခုနဲ့တစ်ခု သဟဇာတမဖြစ်တဲ့ ဓာတ်နှစ်မျိုးရဲ့နှတ်ဘုရားနှစ်ပါးက မတည့်ကြဘူးလေ။ အစောတုန်းက ကျုပ်ပြောသလိုပဲ သူတို့နှစ်ယောက် နှစ်ပေါင်း ထောင်သောင်းချီ တိုက်ခိုက်ပြီး ဘယ်သူနိုင်မှန်း ဘယ်သူရှုံးမှန်း မသိကြဘူး။ ထျန်းဝူနဲ့ အရှင်ကျန်းနန်တို့ ရှုံးနိမ့်မှုတို့ကြောင့် ကောလဟလတွေက ပြန့်နှံ့နေတာ ဘယ်လိုပဲဖြစ်ဖြစ် အရှင်ကျန်းနန်ကလည်း လူတွေပြုလုပ်ထားတဲ့ အုတ်ဂူမှာကိုးကွယ်ခံရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျင့်ကြံသူတစ်ယောက်က ယွီကျုံးဆီရောက်လာပြီး ဖျက်ဆီးခြင်းတိုင်လုံးကို မီးရှို့ခဲ့တာ။ ထျန်းဝူက ရေထွက်ငြှိမ်းခဲ့တယ်လို့ ပြောတာပဲ။ ပြီးတော့ ထျန်းဝူက အဲ့ဒီသစ်ပင်နဲ့တွေ့ပြီး တိုက်ခိုက်ကြတာ။"

ကျောင်းယွိက သက်ပြင်းချလိုက်၏။ “သူတို့တွေက တစ်သက်တာရန်သူတွေပဲ”

“ဒါက သစ်ပင်က အရှင်ကျန်းနန်ဖြစ်ကြောင်း သက်သေမပြနိုင်ဘူးလေ။ အားလုံးက တဆင့်စကားတွေပဲလေ” မင်ရှစ်ရင်က ပြောလိုက်၏။

“အရှင်ကျန်းနန်ကလွဲရင် ထျန်းဝူကို ဒီလောက်အကြာကြီးမတိုက်ခိုက်နိုင်ဘူး။ ဒါ့အပြင် အစောတုန်းက သူ ပြောတာမင်းကြားတာပဲ”

ရှောင်ယွမ်အာက ခေါင်းကုတ်လိုက်လေ၏။ “သစ်ပင်တစ်ပင်မှာ ဒီလိုအတိတ်ရှိမယ်လို့ မထင်ထားဘူး။ သူက အစွမ်းထက်တာလား”

ကျောင်းယွိက ပြန်ပြောလိုက်သည်။

“အရှင်ကျန်းနန်က အပင်ရဲ့အသက်စွမ်းအင်ကို ချေးငှားဖို့ လျှို့ဝှက်ချက်တချို့သုံးခဲ့တာ။ ဒါနဲ့ဆို သူ့ရဲ့ခွန်အားက လျော့ကျသွားတဲ့ သစ်ပင်က စွမ်းအားဗဟိုချက် ချီပင်လယ်မရှိတော့ လှုပ်ရှားရတာတောင် ခက်ခဲနေတာ”

ထိုစကားများ ကြားသောအခါ လူတိုင်းက အတိတ်တုန်းက အရှင်ကျန်းနန် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားလေ၏။ စွမ်းအားဗဟိုချက် ချီပင်လယ်မရှိပါက သူ့၌ ကနဦးချီ မရှိပေ။ ဆိုလိုသည်က သူသည် စွမ်းအင်စည်းတံဆိပ်မဖွဲ့တည်နိုင်။ မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ပေ။ မည်သို့ပင်ဆိုစေ ထိုလျှို့ဝှက်ပညာများကို အားကိုးရုံဖြင့်တောင် သူ၏ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းနေသေး၏။ သူ၏အထွတ်အထိပ်ကာလ၌ မည်မျှအစွမ်းထက်ကြောင်း မှန်းဆကြည့်နိုင်သည်။

“ထျန်းဝူကကော”

“ထျန်းဝူက ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်တာဖြစ်လောက်တယ်။ တိုင်လုံးနားမှာ စမ်းအိုင်တစ်ခု ရှိတယ်။ ကျုပ် မှန်းဆတာမှန်မယ်ဆိုရင် ထျန်းဝူက အဲ့စမ်းချောင်းထဲမှာပဲ” ကျောင်းယွိက ပြောလိုက်၏။ ပြီးနောက် သူသည် တိုင်လုံးရှိရာဖက်ကို အလိုလိုကြည့်မိသွားပြီး ထျန်းဝူရုတ်တရက် ပေါ်လာမှာကို စိုးရိမ်နေသည့် ပမာပင်။

ယင်းက ထျန်းဝူနှင့် အရှင်ကျန်းနန်တို့ မည်မျှအစွမ်းထက်ကြောင်း သဘောပေါက်သွားစေ၏။

ရှောင်ယွမ်အာက စပ်စပ်စုစုမေးလိုက်လေ၏။

“အားလုံးက ရှေးတုန်းက ဖြစ်ခဲ့တာလို့ပြောတယ်။ ဒါတွေဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ”

ကျောင်းယွိက ရှောင်ယွမ်အာကို တချက်ကြည့်ပြီးနောက် ပြန်ပြောလိုက်သည်။ “လောကကြီး မကွဲခင်ကပေါ့”

“ဪ” ရှောင်ယွမ်အာ၏ပခုံးပေါ်တွင် ရှိနေသည့် မီးဇာမဏီလေးက တောင်ပံတဖျပ်ဖျပ်ခတ်နေတာကို သတိပြုမိတာ ကြာပြီဖြစ်သည့် ကျောင်းယွိက မေးလိုက်၏။ “ဒါ ဘယ်လို ကြမ်းတမ်းခက်ထန်သားရဲမျိုးလဲ မေးလို့ရမလား”

မင်ရှစ်ရင်က ပြက်ရယ်ပြုလိုက်၏။ “ခင်ဗျား ကြမ်းတမ်းခက်ထန်သားရဲအကြောင်းသိတယ်ဆိုမှတော့ ဒါက မီးဇာမဏီဆိုတာ သိတယ်မဟုတ်လား”

ဝှစ် ဝှစ် ဝှစ်

မီးဇာမဏီလေးက တောင်ပံတဖျပ်ဖျပ်ခတ်လျက် လေထဲ တဖြည်းဖြည်းချင်း ပျံတက်လာ၏။ ပြီးနောက် ၎င်း၏နှုတ်သီးကို ဟကာ အပူလှိုင်းများ မှုတ်ထုတ်လိုက်သည်။ မီးတောက်မပါပေ။

ထောက်

ပြီးနောက် မီးဇာမဏီလေးက မြေပြင်ပေါ်ပြုတ်ကျသွားသည်။

“....”

ကျောင်းယွိက ခေါင်းခါလိုက်တော့သည်။ “မီးငှက်တွေက မီးဇာမဏီတွေနဲ့ဆင်တူတော့ ပြောဖို့ခက်တယ်။ မီးဇာမဏီတွေက မီးကိုထိန်းချုပ်ပြီး လူသားတွေနဲ့ ပြောဆိုဆက်ဆံရာမှာ အထင်သေးကြတယ်။ သူတို့ရဲ့ အထက်တန်းဆန်မှုကြောင့် မောက်မာထောင်လွှားကြတယ်”

ရှောင်ယွမ်အာသည် ကျောင်းယွိ၏သွယ်ဝိုက်ပြောဆိုမှုကို သဘောပေါက်ပြီး သူမက ခြေဆောင့်ပြီး ပြောလိုက်တော့သည်။ “ဒါက မီးဇာမဏီပဲ”

ကျောင်းယွိက ခေါင်းခါလျက် သက်ပြင်းချလိုက်တော့သည်။ ပြီးနောက် သူက တစ်ဖက်သို့သွားကာ အနားယူရန် တင်ပျဉ်ခွေချိတ်ထိုင်လိုက်၏။

နောက်တစ်နေ့တွင်ဖြစ်သည်။ ယွီကျုံး၏အနောက်မြောက်ပိုင်း၌ ....

“ဆရာသခင် ကျွန်တော်တို့ ယွီကျုံးကို ရောက်ပါပြီ”

ဝှစ် ဝှစ် ဝှစ်

ထိုစဉ် ကျင့်ကြံသူများစွာက ရထားလုံးပျံအပြင်ဖက်သို့ ပျံထွက်လာလေ၏။

တဖက်ရှိ ကျင့်ကြံသူများက မီးခိုရောင်ဝတ်ရုံများ ဝတ်ဆင်ထားလျက် ကျန်တစ်ဖက်ရှိ ကျင့်ကြံသူများကမူ ဝတ်ရုံဖြူများ ဝတ်ဆင်ထားသည်။

ကုန်းပတ်ပေါ်တွင် ထော့ပါစစ်ချန်းက ရပ်လျက် မှောင်မည်းနေသော ကောင်းကင်ကို ကြည့်ပြီး တိမ်တိုက်များထဲမှ ထိုးထွက်နေသည့် ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်သည်။ ပြီးနောက် သူက ပြောလိုက်တော့သည်။ “ဆရာသခင်ယဲ့ ကျေးဇူးပြုပြီး..."

ယဲ့ကျန်းက လက်နောက်ပစ်လျက် လျှောက်လာသည်။ သူက ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်၏။

“ဒီနေရာမှာ ကျုပ်တို့တွေ ကံကောင်းမှု ကြုံတွေ့ရရင် ကောင်းမှာပဲ”

“ရိုးရိုးသားသားပြောရရင် အဲ့ဒီလူတွေမလာရင်တောင် ကျုပ်က ဒီနေရာကို လာဦးမှာပဲ”

ထော့ပါစစ်ချန်းက ပြောလိုက်တော့သည်။

ယဲ့ကျန်းက ခေါင်းညိတ်လိုက်၏။ “အစ်ကိုထော့ပါ ... သူတို့လက်ရှိတည်နေရာကို သိလား”

ထိုလူများ ယွီကျုံးတွင် ရှိကြောင်း သိသော်ငြား ယွီကျုံးက အလွန်ကျယ်ဝန်းလှပေ၏။

ထော့ပါစစ်ချန်းက ပခုံးတွန့်လိုက်သည်။ “သူတို့ ဘယ်မှာပဲဖြစ်ဖြစ် ဖျက်ဆီးခြင်းတိုင်လုံးနားမှာပဲဖြစ်မှာ။ သူတို့ဖာသာပေါ်လာမှာကို စောင့်နေလိုက်မယ်”

“ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အစောင့်အရှောက်တွေကို ဒေါသထွက်စေမှာ မကြောက်ဘူးလား” ယဲ့ကျန်းက မေးလိုက်၏။

“ဘာလို့လဲ ... ကျုပ်က ဖြတ်သွားရုံပဲလေ”

ရထားလုံးပျံက အရှေ့သို့ဆက်လက်ပျံသန်းနေလျက် ကျင့်ကြံသူများက ဘေးတစ်ဖက်ကနေ လိုက်ပါပျံသန်းလာ၏။ သူတို့သည် မြူထူသော တောင်တန်းတစ်ဒါဇင်ခန့်ကို ဖြတ်ကျော်ပြီးနောက် နှစ်ယောက်သားသည် လေဟာနယ်ထဲရှိ လှိုင်းအတက်အကျကို ခံစားမိသွားသည်။

ထော့ပါစစ်ချန်းက သိနေပြီးသားဟူ၍ ပြုံးလိုက်တော့သည်။ ပြီးနောက် သူက ပဲ့ပိုင်းသို့သွားလျက် လက်ကိုဖိချလိုက်သည်။

ဘီး

မျက်စိတစ်မှတ်အတွင်း ကနဦးချီက ရထားလုံးပျံကို လွှမ်းခြုံသွားတော့သည်။ ပြီးနောက် ရထားလုံးပျံက လေထုထဲပျောက်ကွယ်သွားပြီးနောက် လေထုထဲ တစ်ကီလိုမီတာအကွာ၌ ပြန်ပေါ်လာတော့သည်။

နှစ်ရက်ခန့်ကြာပြီးနောက် ဖြစ်သည်။ လုကျိုးသည် မြေပြင်မှ လှုပ်ရှားသံများကို ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် ခုံဝမ်က ပြောလိုက်တော့သည်။ “မျှော်နန်းသခင် ကျွန်တော်ထပ်ပြီး တောင့်မခံနိုင်တော့ဘူး”

လုကျိုးက မျက်လုံးဖွင့်လျက် သူ၏ကောင်းကင်စွမ်းအားကို စစ်ဆေးလိုက်သည်။ သူ၏ခရမ်းရောင် တောက်ပသံကျောက်ဖြင့် သူသည် သုံးရက်အတွင်း ကောင်းကင်စွမ်းအား အားလုံးနီးပါး ပြန်ရနေပြီဖြစ်သည်။

လုဝူက ထရပ်လိုက်၏။ လူတိုင်းက ရှေးဟောင်းသစ်ပင်ကြီးရှိရာဖက်သို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်မိသည်။ ပြောစရမလိုဘဲ လှည့်ကြည့်လိုက်မိ၏။

မတည်မြဲခြင်းတိုင်လုံးအောက်ဖက်တွင် ရှိသော ရှေးဟောင်းသစ်ပင်ကြီးသည် ရက်ပေါင်း တစ်သောင်းခွဲ သက်တမ်း ၄၁နှစ် ဆုံးရှုံးသွားပြီဖြစ်သည်။ တိုင်လုံးထဲ ထိန်းသိမ်းထားသည့် အသက်စွမ်းအင်၏နှစ်တို့နှင့် ယှဉ်ပါက ထိုအရေအတွက်က ဘာမှမဟုတ်ပေ။ သို့သော် အရှင်ကျန်းနန်အဖို့ သူ ဆုံးရှုံးသွားသည့်နှစ်များက အချည်းအနှီးမဟုတ်ပေ။ သူ ယင်းကို လက်မခံနိုင်ပေ။

ဝှစ်

နွယ်ပင်များက ကြီးထွားလာပြီးနောက် မြေကြီးကိုစတူးကာ မတည်မြဲခြင်းတိုင်လုံးကို ရှာဖွေလိုက်၏။ ယင်းက အချည်းအနှီးဖြစ်နေတော့သည်။

“ငါ့ရဲ့သက်တမ်းပြန်ပေး” အရှင်ကျန်းနန်က ဟိန်းဟောက်လိုက်၏။ သူ၏အသံက မိုးနဲ့မြေထဲတွင် ပဲ့တင်သံထပ်နေတော့၏။

တစ်ချိန်တည်းတွင် ရထားလုံးပျံထဲ၌ ဆရာသခင်နှစ်ပါးက ဖျက်ဆီးခြင်းတိုင်လုံးကို စိတ်ဝင်တစားကြည့်နေကာ ဤနေရာထောင့်ရှိ လှုပ်ရှားမှုကို သတိမပြုမိပေ။

အရှင်ကျန်းနန်က လျင်မြန်စွာ ကြီးထွားလာသည်။ ၎င်းနားတဝိုက်တွင် သစ်ပင်ပန်းမန်များကလည်း ကြီးထွားလာလေလ၏။ ထိုပတ်ဝန်းကျင်ရှိ ရှေးသစ်ပင်များအားလုံးက အရှင်ကျန်းနန်ကို တုန့်ပြန်လာပုံပေါ်သည်။

“မင်းအတွက် ဘာကောင်းမှန်း တကယ်မသိသေးဘူးကိုး” လုကျိုးက ပြောလိုက်၏။

ဖုန်း

လုကျိုးက မြေပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြန်၏။ ဧရာမရွှေရောင်စက်ဝိုင်းတစ်ခုပေါ်လာပြီး လျင်မြန်စွာ ကြီးထွားနေသည့် သစ်ပင်များအားလုံးကို ကြီးထွားမှု ရပ်တန့်သွားစေသည်။

တစ်ချိန်တည်းတွင် မတည်မြဲခြင်းတိုင်လုံးကလည်း ၎င်း၏စုပ်ယူမှုအရှိန်ထပ်မြှင့်တင်ပြီး မတည်မြဲခြင်းတိုင်လုံးက လျင်မြန်စွာကြီးထွားလာ၏။ ၎င်းသည် အဆ ၅၀၀၀မှ အဆ ၈၀၀၀အထိ တိုးလာတော့သည်။

လေထုက ယိုယွင်းလာပြီးနောက် လေပွေတစ်ခု စတင်ဖွဲ့တည်လာပြီး ၎င်း၏ပတ်ဝန်းကျင်အတွင်းရှိ အသက်စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနေတော့သည်။

မတည်မြဲခြင်းတိုင်ထဲရှိ ပြောင်းလဲမှုကို အာရုံခံမိပြီးနောက် လုကျိုးက သူ၏စိတ်စွမ်းအားကို ထုတ်လိုက်၏။

ထို့နောက် တိုင်လုံးသည် ယခင်ကထက်ပိုတောင်လျင်မြန်စွာ လည်ပတ်လာပြီးနောက် လေပွေက ကြီးထွားလာ၏။

“ဒီတော့ ဒီလိုသုံးတာကိုး”

တိုင်လုံးအပြင် သူသည် လေပွေကိုလည်း ထိန်းချုပ်နိုင်၏။ ၎င်းသည် သန်မာသောထိန်းချုပ်မှုလိုအပ်ပြီး အသက်စွမ်းအင်များစွာကို ကုန်ဆုံးစေ၏။

မြေပြင်ပေါ်ရှိ သစ်ပင်ပန်းမန်များ ညှိုးခြောက်လာတော့သည်။ လူတိုင်းအံ့ဩသွားလေ၏။

“တော်လောက်ပြီ” အရှင်ကျန်းနန်က ပြောလိုက်သည်။

နွယ်ပင်များ တစ်နေရာတွင်စုဝေးပြီး လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။

လုကျိုးက လက်တစ်ဖက်မြှောက်ထားလျက် ကျန်တစ်ဖက်ကို ကျောတွင်ကပ်ထား၏။

“မင်း အခုလက်ခံသွားပြီလား”

“အင်း”

“သိပ်ကောင်းတယ်” လုကျိုးသည် ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်ပြီးနောက် မေးလိုက်၏။

“ဒီနေရာမှာအစီရင်တွေအားလုံး မင်း တည်ဆောက်ထားတာလား”

“ဒါအတွက် အချိန်မရှိဘူး။ အဲ့ဒီ စုန်းမအိုကြီး ထျန်းဝူ ... သူက ငါ့ကို ချုပ်နှောင်ထားချင်တာ” အရှင်ကျန်းနန်က အခဲမကြေပြောလိုက်လေ၏။

“စုန်းမကြီးလား ... ထျန်းဝူလား” လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ ထိုစဉ် နွယ်ပင်များက သွေး မီးကြာပွင့်နှင့် နှင်းကြာပွင့်များကို ထုတ်လာ၏။

လုကျိုးက သာမန်ကာလျှံကာ အားလုံးကို စုဆောင်းသိမ်းဆည်းကာ မင်ရှစ်ရင်အား ပေးလိုက်သည်။

ကျောင်းယွိသည် ထိုအရာများကို မြင်သောအခါ သွားရည်ကျလုနီးပါးဖြစ်လာ၏။

အရှင်ကျန်းနန်က ပြောလိုက်တော့သည်။ “ဒါတွေက ခင်ဗျားကို လျော်ပေးတာ ... အဲ့ဒီစုန်းမကြီးကို သတ်ဖို့ ကူညီပေးရန် သေချာပေါက် ဆုပေးမှာပါ”

“မင်း ထျန်းဝူကို အရမ်းမုန်းလား”

“သူက ငါ့ရဲ့တစ်သက်တာ ရန်သူပဲ။ ငါ သူ့ကို တစ်သက်လုံးတိုက်ခိုက်နေမှာ နောက်ဘဝမှာတောင်ကောပဲ”

“...”

ဒါက ဘယ်လိုအခဲမကြေမှု မုန်းတီးမှုမျိုးလဲ။

ထိုစဉ် အရှင်ကျန်းနန်က ပြောလိုက်၏။ "မင်းရဲ့မတည်မြဲခြင်းတိုင်လုံးကို ဖယ်ထားလိုက်”

…

အခန်း (၁၂၆၆) ပျက်စီးခြင်းဂိတ်

အရှင်ကျန်းနန်၏ နွယ်ကြိုးများက ထပ်မံလှုပ်ရှားလာပြန်၏။ လုကျိုးက ခေါင်းခါလိုက်တော့သည်။

“မတည်မြဲခြင်းတိုင်လုံးက နေမှာ။ ဒါပေမဲ့ သူ့ရဲ့စုပ်ယူမှုအရှိန်ကို ချိန်ညှိလိုက်မယ်”

“ဟေ့ ငါက စကားတည်တဲ့လူတစ်ယောက် မင်းက ဘယ်လိုလုပ် ...”

လုကျိုးက ဖြတ်ပြောလိုက်၏။

“ဒါက ငါ့ရဲ့လုပ်ထုံးလုပ်နည်းပဲ။ ငါက သူ့ကို မင်းကို ခြောက်ကပ်သွားအောင် စုပ်ယူခွင့်ပေးလိုက်ရမလား။ ငါက စိတ်ရှည်တယ်နော် အချိန်လည်းရှိတယ်”

“...”

အရှင်ကျန်းနန်သည် လုကျိုးက ယခုအသာစီးရနေမှန်း သိထား၏။ သူ တည်ငြိမ်နေဖို့က အလွန်အရေးကြီးသည်။ ပြီးနောက် သူက သုန်မှုန်စွာ ဆက်ပြောလိုက်သည်။

“ကောင်းပြီလေ”

နွယ်ကြိုးများသည် ရှေးဟောင်းသစ်ပင်ထဲသို့ ပြန်ကျုံ့ဝင်သည်အထိ ဆက်ကျုံ့သွား၏။ ဤနည်းဖြင့် သစ်ပင်အားလုံးသည် အစွမ်းထက်သည့်ကျင့်ကြံသူတစ်ယောက် အသုံးပြုပြီး အသက်ဝင်လာခဲ့ကြောင်း မည်သူမှ မပြောနိုင်တော့ပေ။

“သွားကြမယ်”

လုကျိုးက လက်နောက်ပစ်ထားလျက် ရှေးဟောင်းသစ်ပင်ကြီးဆီ လျှောက်သွားလိုက်သည်။

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ကျန်သည့်သူများသည် နောက်မှ နီးကပ်စွာလိုက်ပါလာ၏။

သူတို့က သစ်ပင်အောက် ရောက်သောအခါ ကျောင်းယွိက တံတွေးမျိုချလျက် သစ်ပင်ကို မော့ကြည့်လိုက်ကာ သစ်ကိုင်းများ သူ့ကိုသတ်မှာကို စိုးရိမ်နေသည်။

အရှင်ကျန်းနန်က ပြောလိုက်လေ၏။

“မင်းတို့ကို သတိပေးလိုက်မယ်။ ရှေ့ကတောအုပ်ထဲ သတ်ဖြတ်လိုရိပ်တွေ လွှမ်းမိုးနေတယ်။ အဲ့ဒီ စုန်းမအိုကြီးက ဒုက္ခများတဲ့ အစီအရင်တစ်ခုတည်ဆောက်ထားတယ်။ အဲ့ဒီအစီအရင်ကို ဖြေရှင်းဖို့ မလွယ်ဘူး"

မတည်မြဲခြင်းတိုင်လုံး၏ စုပ်ယူမှုအရှိန်က နှေးသွားသော်ငြား လုကျိုးသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့လျှင် သူ့တစ်သက်လုံး ဤအသက်စုပ်ယူသည့်တိုင်လုံးကို ပျိုးထောင်ပေးနေရမှာပဲဟု ဆိုလိုတာပဲ ဖြစ်သည်။ ထို့ကြောင့် သူသည် လုကျိုးကို မည်သို့မှ မထိခိုက်စေချင်တာ ကြိမ်းသေ၏။ ကျန်သည့်သူများအတွက်မူ သူတို့အားလုံးသေလျှင်လည်း ဂရုမစိုက်ပေ။ တကယ်တော့ သူသာ အလိုရှိလျှင် သူတို့အားလုံးကို တစ်ချက်တည်းဖြင့် သတ်နိုင်သည်။ လုကျိုး၏ နက်နဲပြီး ဆန်းကြယ်သည့် အရှိန်အဝါကို သူ အာရုံခံမိသောကြောင့် သူ မသတ်ရဲတာပဲဖြစ်သည်။ သူက လုကျိုးကိုသတ်ရန် ယုံကြည်ချက်မရှိပေ။ သူ့ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်မည့်အစား ရန်သူကိုသုံးကာ အမြတ်ထုတ်တာက ပိုကောင်းမည်မဟုတ်ပါလော။

လုကျိုးက ထူးဆန်းသောတောအုပ်ဆီသို့ သွားစဉ် လူတိုင်းက သူ့နောက်မှ လိုက်ပါလာ၏။

လုဝူသည် တစ်ချက်တည်းဖြင့် ကီလိုမီတာ ၁၅၀ခန့်ကို ခုန်ကျော်လိုက်သည်။

ကျောင်းယွိက ပြောလိုက်လေ၏။

“ဒါက အရှင်ကျန်းနန်ပြောတဲ့ ထူးဆန်းတဲ့တောအုပ်ပဲ။ သူပြောသလိုမျိုး အဲ့ဒီမှာ ထူးဆန်းတဲ့အစီအရင်တစ်ခု ရှိနေတယ်”

ဤနေရာသည် အရှင်ကျန်းနန် အုတ်မြစ်ချထားရာနေရာနှင့်ဆင်တူပေ၏။ အနက်ရောင်မြူများက ပတ်ဝန်းကျင်ထဲ ရစ်ဝဲနေသည်။ ကွဲပြားခြားနားချက်က ရေထဲတွင် နစ်မြှပ်နေသည့် ခံစားချက်အထိအတွေ့က ပိုခိုင်မာနေတာပဲဖြစ်သည်။ ယခင်နည်းတူ ‌လုကျိုးသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ဆွဲထုတ်လျက် သူ၏ပတ်ဝန်းကျင်၌ လင်းထိန်သွားစေ၏။ သို့သော်ငြား သူက မူမမှန်တာ မတွေ့ခဲ့ပေ။

ခုံဝမ်သည် ခြေရာခံအဆောင်များ သုံးခဲ့သော်ငြား အစီအရင်မျက်လုံးကို ရှာမတွေ့ခဲ့ချေ။

“ကျွန်တော်တို့ ပြန်ဆုတ်ကြရအောင်လား ဆရာကြီး။ အရှင်ကျန်းနန် မလှုပ်နိုင်လို့ တော်သေးတာ။ ဒါပေမဲ့ ထျန်းဝူကတော့ မတူဘူး” ကျောင်းယွိက စိုးရိမ်ပူပန်စွာပြောလိုက်၏။

“ထျန်းဝူက လှုပ်နိုင်တယ်ဆိုရင် ဘာကြောင့် သူက အရှင်ကျန်းနန်ကို လာမသတ်တာလဲ”

“သူတို့ကြားထဲ သိပ်မကွာပေမဲ့ ကန့်သတ်ချက်တချို့ ရှိတာကြောင့်ဖြစ်မယ်။" လုလီက စဉ်းစားဆင်ခြင်လိုက်၏။

“ဒါ့အပြင် ထျန်းဝူက သူ့ကို မသတ်နိုင်တာ ဖြစ်လောက်တယ်။ ပြောရရင် လူတိုင်းက မတည်မြဲခြင်းတိုင်လုံး ပိုင်ဆိုင်တာမှ မဟုတ်တာ”

အရှင်ကျန်းနန်သည် ၎င်း၏နယ်မြေထဲ၌ အသန်မာဆုံးဖြစ်တာ သဘာဝကျသည်။

“ပတ်ကြည့်ပါရစေဦး” ယွီကျန့်ဟိုင်က ပြောလိုက်၏။ သူက နဂါးသွဲ့ကျောက်ဓားမော့ကို ဆွဲထုတ်ပြီးနောက် ထောက်လှမ်းရန် ပျံသန်းသွားတော့သည်။ မူမမှန်သည့်လှုပ်ရှားမှု မရှိကြောင်း အတည်ပြုပြီးနောက် လှည့်လာ၏။

ဖုန်း

ယွီကျန့်ဟိုင်က ကျန်သည့်သူများဆီ ပျံသန်းသွားစဉ် ရေလှိုင်းကဲ့သို့ စွမ်းအင်က သူ့ကိုနောက်သို့ လွင့်ထွက်သွားစေ၏။

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့မိသွားပြန်၏။ “ထပ်လာခဲ့”

ယွီကျန့်ဟိုင်သည် ၁၀ကြိမ် ကြိုးစားခဲ့သော်ငြား မကျရှုံးခဲ့ဘဲ သူသည် အခေါက်တိုင်း၌ နောက်သို့ ပြန်ပို့ခံလိုက်ရသည်။

ယင်းကို မြင်သောအခါ ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်လေ၏။ “စိတ်ဝင်စားစရာပဲ”

ပြီးနောက် ယွီရှန်းရုန်က ပျံသန်းလာတော့သည်။ သူက ယွီကျန့်ဟိုင်နှင့်ယှဉ်လျှင် ပိုမြန်ဆန်ပြီး ပိုဖျတ်လတ်သော်ငြား သူ၏ရလဒ်က ယွီကျန့်ဟိုင်နှင့်တူညီနေ၏။ ၁၀မီတာခန့်သာ ပျံသန်းနိုင်ပြီး နောက်သို့ တွန်းပို့ခံလိုက်ရ၏။

ယင်းက အတော်လေးထူးဆန်းလှပေသည်။ မကြာမီ၌ တောအုပ်တစ်ခုလုံးသည် ရေလှိုင်းများဖြင့် ပြည့်နေသလို ခံစားလိုက်ရသည်။

ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့် သူ၏ညီနောင်များသည်လည်း ပျံသန်းသွား၏။

စွမ်းအင်အကျယ်အဝန်းထဲတွင် မရှိသည့် ရှောင်ယွမ်အာနှင့် ခရုလေးကမူ တွန်းလှန်နေသည့် ဖိအားဖျော့ဖျော့ကို ခံစားမိနေ၏။

ကျောင်းယွိနှင့် သူ၏လူများကမူ ပိုတောင် အားနည်းနေကြသည်။

“ဒီနေရာက တကယ်ထူးဆန်းတာပဲ”

“ရှစ်စွင်း... ကျွန်တော်တို့ ဘာလုပ်သင့်လဲ။"

ကျောင်းယွိက အမြန်ဖြတ်ပြောလိုက်၏။ "ကျုပ်တို့နောက်ဆုတ်သင့်တယ် ထင်တယ်”

လုကျိုးက ကျောင်းယွိကို ကြည့်လိုက်၏။ “အဲ့ဒီနေရာကို သွားဖို့နည်းလမ်းတစ်ခုရှိတယ်လို့ မင်း ပြောခဲ့တယ်မလား”

“အမ်း”

“ပြော” လုကျိုးက ကျောင်းယွိကို မျက်တောင်မခတ်စိုက်ကြည့်နေလိုက်၏။

ကျောင်းယွိက အိုးတိုးအမ်းတန်းပြုံးလိုက်တော့သည်။

“ဆ ဆရာကြီး ကျုပ် ကျုပ်က အဲ့ဒီတုန်းက နောက်နေရုံပါ။ ကျေးဇူးပြုပြီး အလေးမထားပါနဲ့”

လုကျိုးက အသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်တော့သည်။

“ငါ့ရဲ့စိတ်ရှည်သည်းခံမှုက အတိုင်းအတာတစ်ခု ရှိတယ်နော်။ ငါ့ကို မစမ်းသပ်နဲ့”

ကျောင်းယွိသည် အရင်ဆုံးပူးပေါင်းရန် ပြောလာသူဖြစ်ပြီး သဘောတူညီမှုကို ချိုးဖြတ်ရန် ဆုံးဖြတ်သည့်သူကလည်း ကျောင်းယွိပင်ဖြစ်သည်။ လုကျိုးအမြင်တွင် ဤလူက ရိုးသားဖြောင့်မတ်မှု မရှိပေ။ ကျောင်းယွိကသာ သူ သည်းခံနေသည့်အချိန်တွင် မနာခံခဲ့ပါက ကျောင်းယွိသည် သူ ဖိအားသုံးခဲ့လျှင်လည်း သူ့ကို အပြစ်တင်၍မရတော့ပေ။

ကျောင်းယွိက သက်ပြင်းချလိုက်၏။

“ဒါက ... ဒီနည်းလမ်း အလုပ်ဖြစ်မဖြစ် သေချာမသိလို့ပါ။ ဒဏ္ဍာရီတွေအရ ဖျက်ဆီးခြင်းတိုင်လုံး ၁၀ခုက ဖျက်ဆီးခြင်းဂိတ်တွေပဲ။ လောကကိုပြောင်းလဲဖို့ သူတို့ရဲ့စွမ်းအားကို သုံးဖို့အတွက် ဖျက်ဆီးခြင်းတိုင်လုံးတွေရဲ့ အသိအမှတ်ပြုမှုကို ရအောင်ယူရမယ်” ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်၏။ "လူသားတွေက ကောက်ကျစ်ပြီး ကြမ်းတမ်းခက်ထန်သားရဲတွေက သန်မာလွန်းတာကြောင့် ကောင်းကင်ဘုံက လောကကြီးကို နှစ်ခြမ်းခွဲပြီး ပြစ်ဒဏ်အနေနဲ့ အခု အမည်မသိကုန်းမြေလို့ သိနေကြတဲ့နေရာကို ပြောင်းလဲလိုက်တာနေမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးကို ပြောင်းလဲဖို့ ကျုပ်တို့က တိုင်လုံးတွေရဲ့အသိအမှတ်ပြုမှုကို ရအောင်ယူရမယ်”

ရှောင်ယွမ်အာက စပ်စပ်ဆော့ဆော့ မေးလိုက်သည်။

“ကျွန်မတို့ကို တိုင်လုံးအသိအမှတ်ပြုအောင် ဘယ်လိုလုပ်ရမလဲ”

ကျောင်းယွိက ခြောက်ကပ်ကပ်ပြုံးလိုက်၏။ “ကိုယ်ကျင့်သိက္ခာရှိဖို့ပေါ့။ ဒါပေမဲ့ လူသားတွေက ကိုယ်ကျင့်သိက္ခာရှိတာ ရှားတယ်။ သူတို့တွေက ကျင့်ဝတ်မရှိဘဲ ဆိုးရွားစွာမွေးဖွားလာတာ။ သူတို့တွေကို အစဉ်အလာတွေနဲ့ ကန့်သတ်ထိန်းချုပ်ထားရုံပဲ။ ဒီလောကထဲမှာ ကိုယ်ကျင့်သိက္ခာ ဖြူစင်တဲ့သူ ရှိတယ်ဆိုတာ မယုံဘူး”

လုလီက ခေါင်းခါလိုက်၏။ “တခြားနည်းရှိမယ်ထင်တယ်။ လူသားတွေမွေးလာတဲ့အချိန် သူတို့က စာရွက်ဖြူတစ်ရွက်လိုပဲ။ ဆိုးယုတ်မှုက မွေးရာပါ မဟုတ်ဘူး။ သူတို့ကြီးပြင်းလာတဲ့အချိန် သူတို့တွေက လောကကြီးကြောင့် စွန်းထင်းလာရုံပဲ။"

ကျောင်းယွိသည် ထိုစကားများကို မတုန့်ပြန်ခဲ့ပေ။ ထိုအစား သူက ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် အကြောက်တရားတောအုပ်က အခက်ခဲဆုံးနဲ့ အရေးကြီးဆုံးအပိုင်းပဲ။ ဒါပေမဲ့ ခင်ဗျားတို့တွေ အဲ့တာကို ဖြတ်ကျော်နိုင်ပြီဆိုတာနဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီရောက်မယ်”

“မင်း ပြောသလိုဆို မဟာလေဟာနယ်စူးစမ်းရှာဖွေရေးထဲ ပါဝင်ခဲ့တဲ့သူတွေက အဲ့ဒီတိုင်လုံးနား ဘယ်လိုသွားခဲ့တာလဲ။ သူတို့က တစ်စုံတစ်ခု ခိုးယူဖို့လာ အသိသာကြီးကိုး။ ဒါက ကိုယ်ကျင့်သိက္ခာရှိတယ်လို့ ပြောဖို့က ခက်ခဲပါတယ်” ယန်ကျန်းလော့ မေးလျက် ဇဝေဇဝါဖြစ်သွားတော့၏။

“မဟာလေဟာနယ်မျိုးစေ့ ရင့်မှည့်တဲ့အချိန် ဖျက်ဆီးခြင်းတိုင်လုံးတွေက ပျောက်ကွယ်သွားမှာ”

ကျောင်းယွိက ပြောလိုက်၏။

လူတိုင်း တိတ်ဆိတ်သွားတော့သည်။

လုကျိုးက ထူးဆန်းသော တောအုပ်ကို လေ့လာနေစဉ် သူ၏အမူအရာက ပြောင်းလဲမှုမရှိပေ။ ယင်းကို ခဏတဖြုတ်စဉ်းစားပြီးနောက် သူ ပျံသန်းလိုက်၏။

ဘီး

မကြာမီ၌ ဆန်းကြယ်သောစွမ်းအင်သည် သူ့ကို နောက်သို့တွန်းပို့တာ ခံစားမိ၏။

ကျောင်းယွိသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်တော့၏။

လုကျိုးသည် ကောင်းကင်စွမ်းအားကို အသုံးပြုပြီး သူ မပျံသန်းခင် သူ၏ခန္ဓာကိုယ်ထဲ မြှုပ်ထားတော့၏။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်က ရွှေရောင်အလင်းဖြင့် တလက်လက် တောက်ပနေတော့သည်။ တစ်စက္ကန့်အတွင်း သူက အတားအဆီးမရှိပျံသန်းသွား၏။

လူတိုင်းက ကျောင်းယွိဖက် အလိုလိုလှည့်ကြည့်မိသွားကာ သူတို့မျက်နှာထက်တွင် ထိတ်လန့်မှုများ အထင်းသားပေါ်နေတော့သည်။

ကျောင်းယွိကလည်း ထိတ်လန့်နေ၏။ “သူ ဘယ်လိုလုပ်လိုက်တာလဲ”

လုကျိုးက ထူးဆန်းသောတောအုပ်ထဲ ဝင်သွားပြီးသည်နှင့် အနက်ရောင်မြူများက တလိမ့်လိမ့်ကျလာတော့သည်။ သူသည် ကောင်းကင်စွမ်းအားကို အသုံးပြုလျက် မီးတောက်ရွှေကြာကို ဖွဲ့တည်လိုက်၏။ ကံမီးတောက်လောင်ကျွမ်းနေသည့် ရွှေကြာက အနက်ရောင်မြူများကို အောင်မြင်စွာ ဖယ်ရှားလိုက်နိုင်သည်။

ထိုစဉ် တောအုပ်အတွင်းပိုင်းထဲမှ ဒေါသတကြီးအသံက ပေါ်ထွက်လာ၏။

“မီး မီး တကယ်မီးပဲ”

တောအုပ်အစွန်း၌ ရပ်နေသည့် ကျောင်းယွိက ခေါင်းခါလိုက်တော့သည်။ “ပြီးသွားပြီ။ ထျန်းဝူက မီးကိုအမုန်းဆုံးပဲ”

ထိုစဉ် အနက်ရောင်ရေလှိုင်းတစ်လှိုင်းက ကောင်းကင်ကို လွှမ်းမိုးလာတော့သည်။ လူတိုင်းက အနောက်သို့ မီတာတစ်ထောင်တွန်းပို့ခံလိုက်ရ၏။ ဖိအားက သူတို့မှန်းဆနိုင်သည်ထက် ကျော်လွန်နေ၏။ သားရဲဧကရာဇ်လုဝူတောင် နောက်သို့တွန်းပို့ခံလိုက်ရသည်။

ထူးဆန်းသောတောအုပ်ထဲတွင် တိတ်ဆိတ်မှုက ကျရောက်လာပြန်သည်။

လူတိုင်းက သတိထားကြည့်လိုက်၏။

တောအုပ်ထဲတွင် လုကျိုး၏ခန္ဓာကိုယ်က ရွှေရောင်အလင်းထင်းထွက်နေသေးကာ လေထဲသို့ ပျဲဝဲနေသေးဆဲ ရှိသေးသည်။

လုကျိုးမှအပ ဘေးကင်းလုံခြုံစွာရပ်နေပြီး ဝေခွဲမရဖြစ်နေသည့်အမူအရာဖြင့် လူတစ်ယောက် ရှိနေသည်။ ထိုလူကမူ မိစ္ဆာဝေဟင်မျှော်နန်း၏ စတုတ္ထတပည့်မင်ရှစ်ရင်ပဲဖြစ်သည်။

“...”

“ကျုပ်ကို အဲ့လိုမကြည့်ကြနဲ့ ... ကျုပ်လည်းစိတ်ရှုပ်နေတာပဲ။ ဟေ့ ဟေ့ ... မယုံရင်ပြမယ်”

မင်ရှစ်ရင်က ပြောလိုက်သည်။ ပြီးနောက် မင်ရှစ်ရင်က ရှေ့သို့ ဆက်လက်ပျံသန်းသွား၏။ ဘာမှမဖြစ်လာပေ။ သူ ထပ်မံပျံသန်းသွားသည်။ ဘာမှမဖြစ်လာသေးပေ။

ထိုစဉ် လုကျိုးက ထူးဆန်းသော တောအုပ်ထဲ သွားလိုက်ပျံလိုက်လုပ်နေသည့် မင်ရှစ်ရင်ကို ကြည့်နေမ၏။ သူက သက်ရောက်မခံရတာ သိသာသည်။

ခဏအကြာတွင် မင်ရှစ်ရင်က ပြောလိုက်တော့သည်။ “အစီအရင်က ပျက်သွားတာလား။ ဒါက ဘယ်လိုတုံးအတဲ့ အစီအရင်မျိုးလဲ”

“...”

All Chapters