← Chapters

အခန်း (၁၂၇၀-၁၂၇၂)

Vol. 85 Ch. 1270-1272

အခန်း (၁၂၇၀-၁၂၇၂)

Vol. 85 Ch. 1270-1272

အခန်း (၁၂၇၀) နတ်ဝိညာဉ်ပုလဲနှင့် ဒုတိယမြောက်မွေးဖွားစမ်းသပ်မှု

ဖော်ပြ၍မရသောစွမ်းအားတစ်ခုသည် ဧရိယာတစ်ခုလုံးကို ဆူနာမီပမာလွှမ်းခြုံသွားတော့သည်။

“စစ်ရှစ်ရှိုး”

“လောင်စစ်”

လုကျိုးသည် အစကတိုက်ခိုက်ချင်ခဲ့သော်ငြား မင်ရှစ်ရင် ဘေးကင်းလုံခြုံနေပုံပေါ်တာကို မြင်သောအခါ သူ စိတ်အေးသွားပြီး ကျန်သည့်သူများ ရှင်သန်ရေးကိုသာ အာရုံစိုက်တော့သည်။

ထျန်းဝူ၏လွှမ်းမိုးနိုင်သောစွမ်းအားက ကျင့်ကြံသူများကို လွင့်ထွက်သွားစေ၏။

လုဝူက ခုန်တက်လျက် မိစ္ဆာဝေဟင်မျှော်နန်း၏လူများရှေ့၌ တောင်တစ်တောင်ပမာ ပေါ်လာကာ ဆူနာမီလှိုင်းလုံးများကို ပိတ်ဆို့ထားသည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

စွမ်းအင်လှိုင်း တစ်ခုပြီးတစ်ခုပေါ်ထွက်လာတော့သည်။

ဂျွတ်

ထော့ပါစစ်ချန်း၏ရထားလုံးပျံသည် ပြင်းထန်သောဖိအားကို ခံနိုင်ရည်မရှိတော့ဘဲ ချက်ချင်းပြိုကွဲသွားသည်။

ဖန်ကျုံး၏ရထားလုံးပျံကလည်း အပိုင်းပိုင်းအစစကွဲထွက်သွားပြီး မြေပြင်ပေါ်ပြုတ်ကျသွားလေ၏။

ထော့ပါစစ်ချန်းက သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ကာ သူ့ရှေ့သို့ရွေ့လိုက်၏။ သူ၏အစိမ်းရောင်ကြယ်တာရာဒိုင်ခွက်သည် ကောင်းကင်နှင့်မြေကြီးကို ကာနိုင်ပုံပေါ်သည်။

ထိုစဉ် လုကျိုးက စွမ်းအင်လှိုင်းကို ပိတ်ဆို့ရန် ဒိုင်းအသွင်ဖြင့်အမည်မဲ့ကို ကိုင်ဆောင်ထားသည်။ သူ၏မွေးဖွားဇယားချပ်၁၁ခုနှင့် သူ့ကိုယ်သူကာကွယ်ရန် အနည်းငယ်ခက်ခဲသည်။ သူသည် ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်စွမ်းအားကို သုံးကာ သူ့ကိုယ်သူဟန်ချက်ညီအောင် ထိန်းလိုက်၏။ ကောင်းကင်စွမ်းအားက ယခုအချိန်တွင် လုံလောက်သေးသည်။ နတ်ခြင်္သေ့အနားမှာ ရှိနေလေရာ သူသည် ကောင်းကင်စွမ်းအားသုံးကုန်သွားမှာကို သိပ်စိတ်မပူပေ။

ထျန်းဝူ၏ အရူးအမူးတိုက်ခိုက်မှုက ၁၅မိနစ်ကြာညောင်းခဲ့သည်။

တိုက်ခိုက်မှုနောက်ဆုံး၌ လွင့်ပြယ်သွားသောအခါ လူတိုင်းသည် ကြယ်တာရာဒိုင်ခွက်များကို ဖယ်ရှားလိုက်တော့သည်။

ထော့ပါစစ်ချန်းနှင့် ဖန်ကျုံးသည် ဤတိုက်ကွက်တစ်ကွက်တည်းကနေ လူဆယ်ယောက်ကျော် ဆုံးရှုံးခဲ့၏။ သူတို့လူများ၏ ခန္ဓာများသည် ရေခဲပန်းဆွဲများကြောင့် ထိုးဖောက်ခံလိုက်ရသည်။ တုံ့ပြန်ရန်အခွင့်အရေးတောင် မရခဲ့ကြပေ။ ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများကမူ အုပ်စုပြန်ဖွဲ့ပြီး သူတို့ကြည့်ရတာ ကပ်ဘေးမှ ရှင်သန်လာပုံပေါ်၏။

လုဝူ၏အနီရောင်သားမွေးများကလည်း ထောင်ထလာပြီးနောက် သူသည် တိုက်ခိုက်မှုကို အောင်မြင်စွာပိတ်ဆို့လိုက်တော့သည်။

လူတိုင်းက ထိတ်လန့်တုန်လှုပ်နေ၏။ ထျန်းဝူက အထွတ်အထိပ်အခြေအနေတွင် မဟုတ်ပေ။ ၎င်း၏ အထွတ်အထိပ်အခြေအနေတွင်ဆိုပါက ၎င်း၏ခွန်အားသည် နတ်သားရဲသို့မဟုတ် သူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်လောက်သည်။

လူတိုင်းက ထျန်းဝူကို လှည့်ကြည့်မိသောအခါ ၎င်းက အနက်ရောင်မြူအဖြစ်ပြောင်းလဲသွားတာကို တွေ့လိုက်ရပြီး မင်ရှစ်ရင်ဆီ လျင်မြန်စွာရစ်ဝဲနေတာကို တွေ့လိုက်ရ၏။

မင်ရှစ်ရင်က သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ပြီးနောက် သစ်သားပြာနှလုံးသားကျင့်စဉ်မှ နွယ်ပင်များသည် မြေပြင်ပေါ်လျင်မြန်စွာကြီးထားလာပြီး သူ့နားတဝိုက်၌ ဆင်းသက်လာကြ၏။

“အသုံးမဝင်ဘူး” ထျန်းဝူ၏ အနက်ရောင်မြူတို့က နွယ်ကြိုးများကို အလွယ်တကူဖယ်ရှားလိုက်သည်။

“ထျန်းဝူ ... မင်း ဒီနေရာကို အကြာကြီးစောင့်ကြပ်နေတာ မဟာလေဟာနယ်မျိုးစေ့ကို လိုချင်လို့လား”

ထော့ပါစစ်ချန်းက မေးလိုက်လေ၏။

ထျန်းဝူက သူ့ကိုလျစ်လျူရှုထားတော့သည်။ ထော့ပါစစ်ချန်းက နှာခေါင်းရှုံ့ပြီးကောင်းကင်ထဲ ခုန်တက်လိုက်တော့၏။ သူ၏ကြယ်တာရာဒိုင်ခွက်က လက်ထဲတွင်ပေါ်လာသည်။

ကြယ်တာရာဒိုင်ခွက်သည် အချင်းမီတာထောင်ချီရှည်ပြီး ကောင်းကင်ကိုကာထားသည်။

လူတိုင်းက ခေါင်းမော့လိုက်လေ၏။ တြိဂံ၃၆ခုက ထော့ပါစစ်ချန်း၏မွေးဖွားဇယားချပ်ရှေ့၌ လှစ်ကနဲပေါ်လာပြီး ကြယ်တာရာဒိုင်ခွက်ပေါ်၌ ထွန်းလင်းတောက်ပနေတော့သည်။ သူသည် သူ၏မွေးဖွားဇယားချပ် အရေအတွက်ကို တမင်တကာပြသထားတာဖြစ်သည်။

“မွေးဖွားဇယားချပ် အခု၂၀လား”

ဖန်ကျုံးသည် ထော့ပါစစ်ချန်း၏မွေးဖွားဇယားချပ်များကို မြင်သောအခါ မျက်မှောင်ကျုံ့မိသွားသည်။ သူက လက်ဝေ့ယမ်းလျက် သူ့လူများကို နောက်ဆုတ်ခိုင်းလိုက်သည်။

လုကျိုးက အံ့ဩနေလေ၏။ တစ်ချိန်တည်းတွင် သူ ကံကောင်းသည်ဟု ခံစားမိသည်။ သူက အဆင်အခြင်မဲ့လျော့ချရေးကတ်ကို အသုံးပြုပါက သူ ဆုံးရှုံးနစ်နာလိမ့်မည်။ ထော့ပါစစ်ချန်း၌ မွေးဖွားဇယားချပ် အခု ၂၀ရှိသည်။ လျော့ချရေးကတ်ဖြင့် သူသည် မွေးဖွားဇယားချပ်တစ်ခုသာ ဆုံးရှုံးမည်ဖြစ်ကာ သူ့၌ မွေးဖွားဇယားချပ် ၁၉ခုကျန်နေဦးမည်။

“ဒီနေ့ ငါက ဒီနေရာရဲ့အရှင်သခင်ပဲ”

ဘီး

ကြယ်တာရာဒိုင်ခွက်သည် တပြိုင်နက်တည်း လုဝူဆီသို့ ၎င်း၏စွမ်းအားအကုန်ထုတ်သုံးလိုက်သည်။

ကောင်းကင်ထဲ ကန်ရေများ မြင့်တက်လာပြီးနောက် ထျန်းဝူ၏ဖက်၈ဖက်ခုမှ အနက်ရောင်မြူများ မြင့်တက်လာတော့သည်။

ဖုန်း

လုကျိုးသည် ဒိုင်းအသွင်ဖြင့် အမည်မဲ့ကိုကိုင်ဆောင်လျက် နှစ်ယောက်ကြားထိပ်တိုက်တွေ့မှုမှ ရိုက်ခတ်မှုလှိုင်းကို ပိတ်ဆို့လိုက်တော့သည်။

“ငါနဲ့နေ မင်းကို အသက်ရှင်ခွင့်ဖို့ထိန်းထားပေးမယ်” လုဝူသည် ထိုက်တောင်တန်းပမာ တည်ကြည်ခိုင်မာနေသေးသည်။ လူတိုင်းအတွက် တိုက်ခိုက်မှုကို ပိတ်ဆို့ပေးချိန်အမူအရာက လေးနက်တည်ကြည်နေ၏။ ပြီးနောက် သူက တွမ့်မူရှန်းဖက်လှည့်ကြည့်လိုက်သည်။

“သခင်လေး”

“လုဝူ”

“ဂရုစိုက် ... မင်းရဲ့အရှိန်အဝါကိုဖုံးကွယ်ထား မင်းတို့အားလုံးအတွက်” လုဝူကပြောပြီး တွမ့်မူရှန်းကနေ လုကျိုး၏ကျန်သည့်တပည့်များကို ကြည့်လိုက်၏။

“ကောင်းပြီ” တွမ့်မူရှန်းက နာခံစွာ ခေါင်းညိတ်လိုက်တော့သည်။ ဤအခြေအနေက သူ ဖြေရှင်းနိုင်သည့်အရာ မဟုတ်မှန်းသိ၏။

လုကျိုး၏ကျန်သည့်တပည့်များကလည်း အလွန်ဂရုစိုက်နေသည်။

ထိုစဉ် ကျောင်းယွိနှင့်ခုံဝမ်တို့က လုဝူ၏စကားများကိုကြားသောအခါ ကြက်သေသေသွားသည်။ သူတို့အရှိန်အဝါကို ဖုံးကွယ်တာ အသုံးဝင်လို့လား။ သူတို့ကို အဲဒါက ကာကွယ်ပေးမှာလား။ အသုံးမဝင်တာ။

ထိုစဉ် ထော့ပါစစ်ချန်းက ဆင်းသက်လာ၏။ သူ၏လက်ထဲ၌ အနက်ရောင်ဓားမောက်ရှည်ကို ကိုင်ဆောင်ထားသည်။

ဘန်း ဘန်း ဘန်း ဘန်း

ဆူညံသံလေးသံပေါ်ထွက်လာ၏။

လုကျိုးသည် ထော့ပါစစ်ချန်း၏တာအိုစွမ်းအားကိုရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။ ထော့ပါစစ်ချန်းက လေထဲပျံဝဲလျက် အပြုံးတစ်ပွင့်ဖြင့် မေးလိုက်တော့သည်။ “ဖန်ကျုံး မင်း ဘာကိုစောင့်နေတာလဲ”

ဖန်ကျုံးက ပြောလိုက်၏။ "အစ်ကိုထော့ပါ ခင်ဗျားက မွေးဖွားဇယားချပ်အခု၂၀ရှိနေပြီးသားပဲ။ ကျုပ် ဘာလို့လိုမှာလဲ”

“မင်း ငါရဲ့ရန်သူဖြစ်မလား။ မဟာမိတ်ဖြစ်မလား အခုရွေးလိုက်” ထော့ပါစစ်ချန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။

ဖန်ကျုံး၏အမူအရာက သုန်မှုန်သွား၏။

တကယ်တော့ ထော့ပါစစ်ချန်းနှင့်ဖန်ကျုံး၏ ဆက်ဆံရေးက မကောင်းပေ။ သူတို့က အပြင်ပန်းတွင် ဖော်ရွေချင်ယောင်ဆောင်နေပြီး အမှောင်ထဲ၌ တိတ်တဆိတ်ယှဉ်ပြိုင်နေတာဖြစ်သည်။

သူတို့နှစ်ယောက်လုံး၌ မွေးဖွားဇယားချပ် ၁၈ခုရှိစဉ်က ဖန်ကျုံးသည် သူ စိတ်တိုင်းကျ လုပ်နိုင်သည်။ သို့သော် မွေးဖွားဇယားချပ်အခု၂၀က ကိစ္စရပ်များကို အနည်းငယ်ခက်ခဲသွားစေသည်။

သိပ်မကြာသေးခင်က ယဲ့ကျန်းသည် သူတို့အတူတကွပူးပေါင်းရန် ဆော်ဩခဲ့၏။ သူက ဖန်ကျုံးကို သူတို့ထဲပူးပေါင်းပါဝင်စေရန် ဖျောင့်ဖျခဲ့တာဖြစ်သည်။ သူတို့က ဖျက်ဆီးခြင်းတိုင်လုံးရှိ အရင်းအမြစ်များကို ရအောင်ကူညီပေးပြီး ယဲ့ကျန်းလက်စားချေရာ၌ ကူညီပေးရန်ဖြစ်သည်။

လုကျိုးက ပြောလိုက်၏။ "ဖန်ကျုံး မင်းလှုပ်ရှားရဲရင် ငါက မင်းအသက်ကို အရင်ဆုံးယူမယ်”

ယခုအချိန်တွင် ဆရာသခင်နှစ်ပါး မဟာမိတ်မဖွဲ့ထားကြောင်း သွယ်ဝိုက်ပြောလိုက်တာပဲဖြစ်သည်။ လုကျိုး၏ကတ်သည် ဆရာသခင်တစ်ပါးကိုသာ ဖြေရှင်းနိုင်ပြီး ထော့ပါစစ်ချန်းက သူ၏ရန်သူဖြစ်နေပြီးသားပင်။ ဖန်ကျုံး၏ရပ်တည်ချက်က မခိုင်မာသောကြောင့် သူ့ကိုလုဝူက ထိန်းချုပ်ထားနိုင်သေးသည်။ နောက်ဆုံး၌ အမှောင်ထဲတွင်ပုန်းနေသည့် ယဲ့ကျန်းရှိ၏။ သူက ထော့ပါစစ်ချန်းကို ဖြေရှင်းပြီးသည်နှင့် ယဲ့ကျန်းကို အလွယ်တကူဖြေရှင်းနိုင်သည်။

လုဝူက လှည့်လာလျက် ပြောလိုက်သည်။ “ဒီမှာ မင်းကိစ္စမရှိဘူး။ ထွက်သွား"

ထျန်းဝူက စူးစူးဝါးဝါးရယ်လိုက်၏။ ပြီးနောက် သူသည် အမျိုးသမီးတစ်ယောက်အဖြစ်ရုတ်တရက် ပြောင်းလဲသွားသည်။ ထျန်းဝူအဖြစ်တဖြစ်လည်း သူမက မင်ရှစ်ရင်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်၏။ သူမ၏အမူအရာတွင် ဒေါသနှင့်ဝမ်းနည်းမှုတို့ရောထွေးနေကာ တပြိုင်နက်တည်း ရယ်သံနှင့်ငိုသံလွှမ်းနေလေ၏။

“ကြမ်းတမ်းခက်ထန်သားရဲတွေက လူသားအဖြစ်တကယ်ပြောင်းလဲနိုင်တယ်” ကျောင်းယွိက ပြောလိုက်၏။

“ဒါပေမဲ့ ဆန်းကြယ်မှုတစ်ရပ်ဖြစ်နေတုန်းပဲ။ ရှေးယခင်ကာလတုန်းက လူသားတွေကော သားရဲတွေကပါ ပညာရှင်တွေ”

“...”

ထျန်းဝူက ပါးစပ်ဟလျက် အနက်ရောင်အလုံးတစ်ခုကို အန်ထုတ်လိုက်သည်။ ထိုအနက်ရောင်အလုံးက သူမ၏လက်ဖဝါးပေါ်၌ ပျံဝဲနေပြီး ထူးဆန်းသည့်အလင်းတစ်ခုဖြာထွက်နေ၏။ ယင်းသည် ပုလဲနက်ထက်တောင် လှပပြီး လထက်တောင်ပိုတောက်ပသည်။

“နတ်ဝိညာဉ်ပုလဲ” ထော့ပါစစ်ချန်းက အသက်ပြင်းပြင်းရှုလိုက်သည်။

“နတ်ဝိညာဉ်ပုလဲလား”

“ရှေးယခင်ကာလတည်းက ကျင့်ကြံမှုတွေက အခုလိုမျိုး အသေးစိတ်ကျ စနစ်ကျတာမဟုတ်ဘူး။ အင်မတန် ရှုပ်ထွေးတယ်။ လူတချို့က မွေးဖွားဇယားချပ် တော်တော်များအသက်သွင်းပြီးနောက် သူတို့ကို ကာကွယ်ပေးနိုင်မဲ့ မွေးဖွားဇယားချပ်အားလုံးကို ပေါင်းစည်းပြီး သူတို့ကိုယ်သူတို့ ကာကွယ်ကြတယ်။ တစ်ခုတည်းပေါင်းစည်းပြီးရင် ဝိညာဉ်ပုလဲရလာလိမ့်မယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေရဲ့ အသက်ဓာတ်နှလုံးသားလိုမျိုးပဲ။ အဲ့တာကို ရအောင်ယူနိုင်ရင် မဟာမွေးဖွားဇယားချပ်အဖြစ် အဲ့တာကို အသက်သွင်းနိုင်ပြီး မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်နိုင်မယ်။"

“တကယ်လား” ခုံဝမ်သည် အံ့ဩမှုကြောင့် မျက်လုံးပြုးကျယ်သွားလေ၏။ ထိုကဲ့သို့ တန်ဖိုးကြီးသည့်ရတနာကို သူ တခါမျှမကြားဖူးပေ။

“ဆရာထော့ပါနဲ့ ဆရာသခင်ဖန်တို့ရဲ့တုံ့ပြန်မှုကိုမင်း မြင်လိုက်တာနဲ့ ငါ လိမ်မလိမ်သိမှာပဲ” ကျောင်းယွိက ပြောလိုက်၏။

အားလုံးက ဆရာသခင်နှစ်ပါးကို လှည့်ကြည့်လိုက်သည်။

ထော့ပါစစ်ချန်းက ရယ်မောလိုက်၏။ “ငါ ဒါကိုမယုံနိုင်ဘူး။ မဟာလေဟာနယ်မျိုးစေ့နဲ့ နတ်ဝိညာဉ်ပုလဲရှိနေတာပဲ။ ဒီကိုလာရတဲ့ ငါ့ခရီးစဉ်က အချည်းအနှီးမဖြစ်တော့ဘူး။ အားလုံးပဲ နားထောင်ကြ”

“ဟုတ်ကဲ့ ဆရာသခင်ထောပါ”

တပည့်တစ်ဒါဇင်ခန့်က သေသပ်သည့်အစီအရင်အခင်းအကျင်းအဖြစ် ချက်ချင်းစုဝေးလိုက်သည်။

“အစီအရင်တည်ဆောက်ကြ ... တစ်ယောက်မှမသွားစေနဲ့”

“နားလည်ပါပြီ”

ထော့ပါစစ်ချန်းရဲ့အပြုံးက တဖြည်းဖြည်းချင်းအေးစက်သွားသည်။ သူသည် မျက်လုံးထောင့်ကနေ ဖန်ကျုံးကို တစ်ချက်ကြည့်ပြီးမေးလိုက်၏။ “မင်း စဉ်းစားပြီးပြီလား”

ဖန်ကျုံးက တုန့်ဆိုင်းနေကာ သူ့ကိုစိုက်ကြည့်နေသည့် လုဝူကိုကြည့်လိုက်တော့သည်။

ဝှစ်

ထိုစဉ် ထျန်းဝူက လက်ထဲတွင် နတ်ဝိညာဉ်ပုလဲဖြင့် ပျံသန်းလာ၏။

“မင်းကို ဘယ်သူကသတ္တိပေးလဲ”

ဝှစ်

အရာအားလုံးအေးခဲသွားတော့သည်။ ယင်းသည် ယခင်က သရုပ်ပြခဲ့သည့်တာအိုစွမ်းအားနှင့်မတူညီဘဲ စစ်မှန်ပေ၏။

ဆရာသခင်များထိန်းချုပ်နိုင်သည့် နိယာမများစွာရှိသည်။ ယခုက လေဟာနယ်နိယာမနှင့် အချိန်နိယာမရှိ၏။ ဆရာသခင်များသည် အချိန်ကို နှေးနိုင်သလို မြန်နိုင်သော်ငြား သူတို့အချိန်ကိုလည်း ပြောင်းပြန်လှန်နိုင်၏။ သူတော်စင်တစ်ပါးသာလျှင် အချိန်ကို ရပ်တန့်နိုင်သည်။ တစ်နည်းအားဖြင့် ထျန်းဝူ၏အဆင့်က သူတော်စင်အဆင့်ရှိသည်။

လုကျိုးသည် အချိန်ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်းခံစားမိပြီး သူသည် အချိန်အတားအဆီးမှ လွတ်ရန်အတွက် ကောင်းကင်ကျမ်းစာအတွက် မန္တာန်ကို တိတ်တဆိတ်ရွတ်ဆိုနေ၏။ ထျန်းဝူက ထော့ပါစစ်ချန်းရှေ့သို့ ရောက်ရှိလာပြီး သူ၏လက်ထဲရှိ နတ်ဝိညာဉ်ပုလဲက ထော့ပါစစ်ချန်း၏ ရင်ဘတ်ကို ထိမှန်သွားတာ တွေ့လိုက်ရသည်။ မထင်မှတ်ထားလောက်အောင် ပြင်းထန်သည့်စွမ်းအင်က ထော့ပါစစ်ချန်း၏ရင်ဘတ်ကို ထိုးဖောက်သွားပြီး လတ်လတ်ဆတ်ဆတ် အသားတစ်ဖဲ့ ပေါ်ထွက်လာသည်။

“...”

ထော့ပါစစ်ချန်းနှင့် ကျန်သည့်သူများ၏အမြင်တွင် ထျန်းဝူက ထော့ပါစစ်ချန်းကို မတိုက်ခိုက်ခင် သူ့ဆီသို့ကူးပြောင်းလာတာဖြစ်ပြီး နေရာရွေ့ပြောင်းလာတာဖြစ်သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ထော့ပါစစ်ချန်းက လွ

င့်ထွက်သွား၏။ ထျန်းဝူက မရပ်တန့်ဘဲ လုကျိုးဘက် လှည့်ကြည့်ပြီး တာအိုစွမ်းအားကို ထုတ်သုံးလိုက်သည်။

ယခင်နည်းတူ အရာအားလုံးအေးခဲသွား၏။

လုကျိုးသည် ထျန်းဝူပျံသန်းလာတာကိုမြင်သောအခါ သူရပ်မနေနိုင်တော့မှန်း သိ၏။ သူသည် ကောင်းကင်စွမ်းအားဖြင့် မဟာနည်းစနစ်ကိုရွတ်ဆိုလျက် လှစ်ကနဲပျံထွက်သွား၏။

ဝှစ်

“ဟမ်”

ထျန်းဝူ၏တိုက်ခိုက်မှုက ချော်ထွက်သွား၏။ သူမထိတ်လန့်သွားတော့သည်။ သူမ တိုက်ခိုက်မှုက သေချာစွာ ထိမှန်မည်ဟု ထင်ထားပြီး သူမအချိန်အအေးခဲပြီးနောက် လုကျိုးရွေ့နိုင်မည်ဟု မထင်ထားပေ။

…

အခန်း (၁၂၇၁) ယှဉ်ပြိုင်ဖက်မရှိသော

အချိန်ထပ်မံစီးဆင်းလာပြီးနောက် လူတိုင်းသည် အနက်ရောင်မြူများလွှမ်းခြုံနေသည့် အမျိုးသမီးကို စိုးရိမ်ပူပန်စွာ စိုက်ကြည့်နေမိ၏။ တစ်ချက်တည်းဖြင့် ရင်ဘတ်အပေါက်ပေါက်သည်အထိ တိုက်ခိုက်ခံလိုက်ရသည့် ထော့ပါစစ်ချန်းကို မည်သူမှ အာရုံစိုက်ရန် အချိန်မရှိပေ။

ထော့ပါစစ်ချန်း၏လူများက သူ့ကို အမြန်ဆီးကြိုဖမ်းပြီးနောက် သူ့ကိုသွေးတိတ်အောင် ကူညီပေးကြသည်။ ကုသသူတချို့က ကြောက်လန့်နေကြကာ ထျန်းဝူထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်နေမိ၏။

ထိုစဉ် ထျန်းဝူ၏ အာရုံစိုက်မှုက လုကျိုးပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေပြီး သူမ၏အကြည့်ထဲတွင် သံသယနှင့် အမေးထုတ်မှုများ ပြည့်နေလေ၏။

ယခုအချိန်တွင် လူတိုင်းတောင့်တနေသည့် မဟာလေဟာနယ်စွမ်းအင်များ ဖြာထွက်နေသည့် မင်ရှစ်ရင်က ထရပ်လိုက်သည်။ “သတ္တိရှိရင် ငါ့ဆီလာလိုက်လေ”

ထျန်းဝူသည် မင်ရှစ်ရင်ပေါ်၌ ကန့်သတ်ချက်တစ်ခုထားပုံပေါ်ကာ သူ၏လှုပ်ရှားမှုများကို ကန့်သတ်ထား၏။ သူမက လုကျိုးကို စိုက်ကြည့်နေတော့သည်။

လုကျိုး၏လက်ရှိသွင်ပြင်က ရင့်ကျက်ပြီး ယောက်ျားပီသ၏။ သူက အသက်ကြီးလွန်းသောကြောင့် ဖြစ်ဟန်တူသည်။ သူ၏ဟန်ပန်အမူအရာ၊ အပြောအဆိုနှင့် အရှိန်အဝါတို့က သာလွန်မြင့်မြတ်မှုများ ဖြာထွက်နေသည်။ ယင်းက ညတွင်းချင်းရနိုင်သည့်အရာမဟုတ်၊ တုပနိုင်သည့်အရာမဟုတ်ပေ။

ရုတ်တရက် နတ်ဝိညာဉ်ပုလဲက မတူညီသည့်အလင်းတစ်ခုဖြင့် တောက်ပလာတော့သည်။ ပြီးနောက် ထျန်းဝူက အနက်ရောင်မြူအသွင်ပြောင်းလဲကာ ပြောလိုက်တော့သည်။

“ရှင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ဒီနေ့ သေရမှာပဲ”

နတ်ဝိညာဉ်ပုလဲက ဖျတ်ခနဲလက်သွားပြီးနောက် လုကျိုးဆီ တိုးဝင်သွားတော့သည်။ အချိန်က ရပ်တန့်သွားပြန်၏။

လုကျိုးသည် ကောင်းကင်စွမ်းအားကိုသုံးကာ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ယင်းကို တွေးထင်ထားပြီးသားဖြစ်သည့် ထျန်းဝူက ပြောလိုက်လေ၏။

“နှေးလွန်းတယ်”

အနက်ရောင်အလင်းတန်းက လုကျိုး၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ၎င်းက အပေါ်အောက် ဘယ်ညာ ရွေ့လျားနေလေ၏။

အားလုံး၏အမြင်တွင် ထျန်းဝူက ရှေ့သို့ရောက်သွားစဉ် လုကျိုးက နောက်သို့ရောက်နေ၏။ ပြီးနောက် သူတို့သည် လုကျိုး၏ခန္ဓာကိုယ်ကို အနက်ရောင်အလင်းတန်းတစ်ခု ထိမှန်သွားတာ တွေ့လိုက်သည်။

နည်းစနစ်အရာတွင်ဖြစ်စေ၊ အရှိန်အရာတွင်ဖြစ်စေ နောက်၌ မည်သည့်ခြေရာလက်ရာမကျန်ဖို့က မဖြစ်နိုင်ပေ။ မိမိက အင်မတန်မြန်ဆန်နေလျှင်တောင် ကနဦးချီအကြွင်းအကျန်က ကျန်ရစ်နေဦးမှာ ဖြစ်သည်။ သို့သော် ထျန်းဝူနှင့် လုကျိုးတို့က နေရာရွေ့ပြောင်း ပို့ဆောင်ခံလိုက်ရသလိုပင်။

လူတိုင်းက လုကျိုး၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဝိညာဉ်ပုလဲမှစွမ်းအားနှင့် အနက်ရောင်မြူတို့ တစ်လှည့်စီ ပေါ်ပေါက်နေတာကို ကြည့်နေမိ၏။

ဘန်း

အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့မှု-၁

လုကျိုး နောက်သို့ လွင့်ထွက်သွားသည်။

ဘန်း

အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့မှုကတ် -၁

လုကျိုး၏ အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့ခြင်းကတ်များ ဆက်တိုက်လျော့ကျနေ၏။ လုကျိုးသည် ထျန်းဝူကို လျှော့တွက်ခဲ့ပြီး သူ့ကိုယ်သူအထင်ကြီးခဲ့မိသည်ဟု ခံစားမိသွားသည်။ ထိုစဉ် လူတိုင်းက ဆွံ့အနေ၏။

ဝှစ် ဝှစ် ဝှစ်

အနက်ရောင်မြူနှင့် နတ်ဝိညာဉ်ပုလဲက ကမူးရှူးတိုး ဆက်လက်တိုက်ခိုက်နေသေးဆဲဖြစ်သည်။

“ငါက မင်း ခေါင်းမာတာ လက်ခံတယ်။ ဒါပေမဲ့ အခုလက်လျှော့လိုက်သင့်ပြီ" ထျန်းဝူက ပြောလိုက်တော့သည်။

ဘန်း

လုကျိုးက တုံ့ဆိုင်းမနေတော့ဘဲ တိုက်ခိုက်မှုကို ဆီးကြိုရန် လက်မြှောက်လိုက်တော့၏။ သူ၏ လက်ဖဝါးထဲတွင် မိုးကြိုးသင်္ကေတပေါ်လာပြီးနောက် တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်တော့သည်။

ထျန်းဝူက ခဏတာ တောင့်တင်းသွားပြီးနောက် ထိတ်လန့်သွားတော့သည်။

လုကျိုးက အနည်းငယ်ဒေါသထွက်သွားလျက် အနည်းငယ် လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်းကို ဘယ်အရာကများ ထင်ယောင်ထင်မှားဖြစ်စေတာလဲ”

“ထွက်သွားစမ်း” လုကျိုးက ပြောပြီး လက်ကိုတွန်းထုတ်လိုက်၏။ မိုးကြိုးသင်္ကေတကလည်း လျင်မြန်စွာ ပြန့်ကားလာသည်။

ဖုန်း

ကောင်းကင်မှ ခရမ်းရောင်မိုးကြိုး ဆင်းသက်လာပြီး ကောင်းကင်၏အရောင်များကို ပြောင်းလဲနေတော့သည်။ ၎င်းက သူမကို ထိမှန်သွားကာ သူမကို နောက်သို့ လွင့်ထွက်သွားစေ၏။ သို့သော် သူမ ထိခိုက်ဒဏ်ရာမရပေ။

ထျန်းဝူက အချိန်ကို ထပ်မံရပ်တန့်တော့မည့်အချိန်တွင် မိုးကြိုးသုံးခု ဆက်တိုက်ပစ်လာ၏။

ဖုန်း

ထျန်းဝူက လွင့်ထွက်သွားပြန်၏။

ဖုန်း ဖုန်း

ကျန်ရှိသည့်ခရမ်းရောင်လျှပ်စီးတန်းနှစ်ခုက ထျန်းဝူကို တိတိကျကျထိမှန်သွားပြန်သည်။

ထျန်းဝူက ခေါင်းမော့ပြီး သွေးတစ်ပွက်အန်လိုက်၏။ တစ်ချိန်တည်းတွင် သူမလက်ထဲရှိ နတ်ဝိညာဉ်ပုလဲကလည်း သူမထိန်းချုပ်မှုမပါဘဲ ရုတ်တရက်ပျံထွက်သွား၏။ သူမ မယုံနိုင်မှုကြောင့် မျက်လုံးပြူးကျယ်နေပြီး ခန္ဓာကိုယ်လျော့ရဲလာမှုကို ခံစားမိသည်။

ဖုန်း

ထျန်းဝူက မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

လုကျိုးသည် တိုးမြှင့်မိုးကြိုးသွားကတ်ကို အသုံးပြုခဲ့၏။ ၎င်းသည် ပစ်မှတ်ကို ဖယ်ရှားရန် ၁၀၀ရာခိုင်နှုန်း အခွင့်အရေး၊ ပစ်မှတ်ကို ဒဏ်ရာရစေရန် ၁၀၀ရာခိုင်နှုန်း အခွင့်အရေးနှင့် ပစ်မှတ်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေနိုင်ရန် ၅၀ရာခိုင်နှုန်း၊ ပစ်မှတ်ကို သတ်ဖြတ်နိုင်ခြေ ၅ရာခိုင်နှုန်း ရှိပြီး ယာယီတုံ့နှေးသွားစေသည့် အာနိသင်လည်းရှိ၏။

ထျန်းဝူရထားသည့် ဒဏ်ရာများက သူမအတွက် မပြင်းထန်ပေ။ သို့သော် ယာယီတုံ့နှေးသွားခြင်းက နတ်ဝိညာဉ်ပုလဲကို သူမ၏ဆုပ်ကိုင်မှုထဲမှ လွတ်အောင် ရုန်းထွက်သွားစေ၏။

ထိုစဉ် ထော့ပါစစ်ချန်းက နတ်ဝိညာဉ်ပုလဲရှိရာဆီသို့ ပျံသန်းလာ၏။ သူက ရူးသွပ်စွာ ရယ်မောလျက် သူ့လက်ထဲတွင် ပုလဲကို ကိုင်ထားလိုက်သည်။ သူ၏ကျန်လက်တစ်ဖက်တွင်မူ ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်ပြီးနောက် ထျန်းဝူဆီပစ်ထုတ်လိုက်သည်။

လေဟာနယ်က ပြိုင်ဖက်ကင်း စွမ်းအားများဖြင့် လှိုင်းဂယက်များထလာတော့သည်။

မွေးဖွားဇယားချပ်အခု၂၀၏ စွမ်းအားက တပြိုင်နက်တည်းပေါက်ကွဲလာ၏။

ထော့ပါစစ်ချန်းသည် သူ ယခင်က တစ်ခါမှအသုံးမပြုခဲ့ဖူးသည့် တာအိုစွမ်းအားအလုံးစုံကို ထုတ်သုံးလျက် သူ၏ကြယ်တာရာဒိုင်ခွက်မှ အလင်းတိုင်များ ပေါ်ထွက်လာတော့သည်။ သူ၏တိုက်ခိုက်မှုက လေဟာနယ်ကို ဆုတ်ပြဲသွားစေကာ အနက်ရောင်မြူကို ထိမှန်သွားပြီး ထျန်းဝူ၏ခန္ဓာကိုယ်ကို ထိမှန်သွားလေ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

မြေကမ္ဘာက တုန်လှုပ်သွားတော့သည်။

လူတိုင်းက အာခြောက်လာကာ အသက်ရှူအောင့်ထားမိသည်။ သူတို့ပျော်ရွှင်သင့်လား စိုးရိမ်သင့်လား မသိတော့ပေ။

ထျန်းဝူအဖို့ နတ်ဝိညာဉ်ပုလဲကို ဆုံးရှုံးခြင်းက သူမ၏စွမ်းအားများ ဆုံးရှုံးသွားခြင်းနှင့် တူသည်။ သူမက ရွေးချယ်စရာမရှိတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ကာ အနက်ရောင်မြူအဖြစ်ပြောင်းလဲသွားပြန်၏။ သူမ ထပ်မံဖွဲ့တည်လာသောအခါ ငြီးတွားပြီးသွေးအန်လိုက်ရတော့သည်။

တိတ်ဆိတ်သွားချိန်တွင် ထော့ပါစစ်ချန်းက သူ၏ကြယ်တာရာဒိုင်ခွက်ကို ဖယ်ရှားပြီး သူ့လက်ထဲရှိ နတ်ဝိညာဉ်ပုလဲကို ကြည့်လိုက်သည်။

ထျန်းဝူပြုတ်ကျသွားသောအခါ သူမက မင်ရှစ်ရင်နား ကျသွား၏။

မင်ရှစ်ရင်က ကြက်သေသေနေတော့သည်။ သူက ပြန့်နှံ့နေသည့် မြူများကိုကြည့်ပြီး မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။ နောက်ဆုံး၌ မြူများကအပြည့်အဝပြန့်နှံ့သွားသည့်အခါ သူသည် သွေးများလွှမ်းနေသည့် အမျိုးသမီးတစ်ဦး လှုပ်ရှားမှုကင်းမဲ့စွာ လှဲနေတာတွေ့လိုက်ရ၏။

“...”

မင်ရှစ်ရင်က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

ထိုစဉ် ထျန်းဝူက ခဲရာခဲဆစ်ဖြင့် လက်ဆန့်ထုတ်ကာ ပြောလိုက်တော့သည်။ “မဟာလေဟာနယ်မျိုးစေ့”

မင်ရှစ်ရင်၏ပုံရိပ်သည် သူမ၏မျက်လုံးထဲ ရောင်ပြန်ဟပ်နေကာ သူမခေါင်းစောင်းကျသွားတော့သည်။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးများ မြေပြင်ပေါ် စီးကျသွားလေ၏။

တစ်ဖက်တွင်မူ နှစ်ပေါင်းသိန်းချီကြာ ကံကြမ္မာအပြောင်းအလဲကို တွေ့ခဲ့ဖူးသည့် ထော့ပါစစ်ချန်းက မြေပြင်ပေါ် ထျန်းဝူလဲကျတာ မြင်သောအခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ သူ ထျန်းဝူကို အနိုင်ရသွားပြီ။ သူ နတ်ဝိညာဉ်ပုလဲ အနိုင်ရသွားပြီ။

ထော့ပါစစ်ချန်း၏မျက်လုံးထဲ သွေးဆာလာမှုများပြည့်နေကာ ပြောလိုက်တော့သည်။

“ဒီနေ့ ငါက ဒီနေရာရဲ့ အရှင်သခင်လို့ မပြောခဲ့ဘူးလား”

ထော့ပါစစ်ချန်းက လက်ဝေ့ယမ်းလိုက်လေ၏။

သူ၏လက်များက လုကျိုးကို လျင်မြန်စွာ ဝိုင်းထားသော်ငြား သူတို့သူ့ကို မတိုက်ခိုက်ရဲချေ။

နတ်ဝိညာဉ်ပုလဲကို ပိုင်ဆိုင်ထားသည့်လက်ကို ထော့ပါစစ်ချန်းက တွန်းထုတ်လျက် ညာဖက်ခြမ်းဆီ အစွမ်းထက်သည့် စွမ်းအင်စည်းတံဆိပ်တစ်ခု ပစ်ထုတ်လိုက်၏။ သူ၏ပစ်မှတ်က လုကျိုးမဟုတ်ဘဲ ဘယ်ဖက်မှ မပါသည့် ဖန်ကျုံးပဲဖြစ်သည်။ ဖန်ကျုံးက ယင်းကို မထင်ထားပေ။ သူ၏လက်ကို အမြန်မြှောက်လျက် သူ၏ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်စွမ်းအင်များ ပေါ်ထွက်လာသည်။

ဘန်း

တိုက်ခိုက်မှုကျရောက်သွားသည့်အခါ တောက်ပသည့်ရိုက်ခတ်လှိုင်းတို့က မီတာသောင်းချီအကွာအထိ လှိုင်းထသွားစေသည်။ တောင်တန်းများ၊ မြစ်များ၊ သစ်ပင်များ လဲပြိုသွားစေ၏။

ဆရာသခင်တစ်ပါးဖြစ်သည့် ဖန်ကျုံးက နောက်သို့လွင့်ထွက်သွားတော့သည်။

ပြောရန်မလို ဖန်ကျုံးကို ကူညီရန်ကြိုးစားခဲ့သည့် တပည့်များကလည်း လွင့်ထွက်သွားလေ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ဖန်ကျုံးနှင့်သူ၏တပည့်များသည် အလဲလဲအပြိုပြိုဖြစ်ပြီး သွေးအန်သွား၏။

“မင်းကို အခွင့်အရေးတစ်ခုပေးခဲ့တာပဲ။ ဒါပေမဲ့ မင်းက တန်ဖိုးမထားတာ” ထော့ပါစစ်ချန်းက ယခုအခေါက်တွင် အကျိုးရှိခဲ့၏။ သူက ကျန်သည့်သူများကို အမြတ်ထုတ်ခွင့်ပေးမှာ မဟုတ်ပေ။ ထို့ကြောင့် သူ ဖန်ကျုံးကို အရင်ဆုံးတိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

“မင်း ...” ဖန်ကျုံးက လက်ဝေယမ်းလိုက်ကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးတို့သည် ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားလေ၏။ “မင်းမှာ နိမ့်ကျတဲ့အကွက်တွေရှိတာ သိသားပဲ။ ယဲ့ကျန်း ဘယ်မှာလဲ”

“ယဲ့ကျန်းက ပြီးရင်လာလိမ့်မယ်။ မင်းကို အရင်ဆုံးဖြေရှင်းမှာ” သူ့လက်ထဲတွင် နတ်ဝိညာဉ်ပုလဲဖြင့် ထော့ပါစစ်ချန်း၏ ယုံကြည်ချက်တို့က တိုင်းဆ၍မရနိုင်တော့သည်အထိ မြင့်တက်သွားတော့သည်။

ထိုစဉ် ဖန်ကျုံးကလက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ ပြီးနောက် အစိမ်းဖျော့ဖျော့အလင်းတန်းက လူတိုင်းကို လွှမ်းခြုံလျက် ဝေဟင်ဆီမြင့်တက်သွားတော့၏။

“မင်း ထွက်သွားချင်တာလား”

နတ်ဝိညာဉ်ပုလဲမှ အနက်ရောင်အလင်းတန်းတို့က ပေါက်ကွဲထွက်လာပြီး ဖန်ကျုံးဆီ ဦးတည်သွားတော့သည်။

ဘန်း

ဖန်ကျုံးက ညည်းတွားလိုက်သော်ငြား မရှောင်ခဲ့ဘဲ သူက ထိပ်တိုက်တိုက်ခိုက်လိုက်၏။ ပြီးနောက် အစိမ်းရောင်အလင်းဖျော့ဖျော့ လှစ်ကနဲပေါ်လာသည်။ အလင်းပျောက်ကွယ်သွားသောအခါ ဖန်ကျုံးနှင့် ကျန်သည့်သူများ ပျောက်သွားလေ၏။

“ဆက်တိုက်ပို့ဆောင်ရေး ကျောက်စိမ်းအဆောင်လား။ သိပ်ကောင်းတယ် .... နောင်ကျ မင်းနဲ့စာရင်းရှင်းရမယ်”

ထော့ပါစစ်ချန်းက ဖန်ကျုံးကြောင့် ခေါင်းစားမခံတော့ပေ။ ဆက်တိုက်နေရာရွေ့ပြောင်းပို့ဆောင်ရေး အဆောင်က တစ်လမ်းတည်းသာအလုပ်ဖြစ်သည်။ ယခုဖန်ကျုံးသွားပြီဖြစ်သောကြောင့် သူ၏ပန်းတိုင်ရပြီ ဖြစ်၏။ ထော့ပါစစ်ချန်းက လုကျိုးဖက်လှည့်ပြောလိုက်သည်။ "အခု မင်းတစ်ယောက်ပဲ ကျန်တော့တယ်”

နတ်ဝိညာဉ်ပုလဲမှ စွမ်းအားမြင့်တက်လာပြီး အရှိန်မြင့်တက်လာပုံပေါ်၏။

ထိုစဉ် ပုံရိပ်တစ်ခုက ရုတ်တရက် တိုးဝင်လာ၏။

“မင်း ငါ့ကို မေ့နေတာပဲ”

...

အခန်း (၁၂၇၂) ငါတစ်ယောက်ပဲ သူ့ကိုသတ်လို့ရ

လုဝူက မြေပြင်ပေါ်ဆောင့်နင်းလျက် ထော့ပါစစ်ချန်းကို ခုန်အုပ်သောအခါ မြေကမ္ဘာက တုန်လှုပ်သွားတော့သည်။

ယခုအခေါက်တွင် ကျင့်ကြံသူများက ဆရာသခင်တစ်ပါးနှင့် ယှဉ်နိုင်သည့်ခွန်အားပိုင်ဆိုင်ထားသည့် သားရဲဧကရာဇ်လုဝူ ရှိနေသေးကြောင်း နောက်ဆုံး၌ အမှတ်ရသွားတော့သည်။ သူတို့က လေထဲပျံဝဲလာသည်။ လုဝူကို ကြည့်ပြီး ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်နေတော့သည်။ သူတို့အသက်အောင့်ထားလျက် နှလုံးခုန်နှုန်းမြန်လာကာ ကျောစိမ့်လာ၏။

ထော့ပါစစ်ချန်းက နတ်ဝိညာဉ်ပုလဲကို ဆုပ်ကိုင်ထားကာ စွမ်းအားများပေါက်ကွဲထွက်လာတော့သည်။

လုဝူ၏အေးခဲခြင်းစွမ်းအင်နှင့် နတ်ဝိညာဉ်ပုလဲတို့၏ စွမ်းအင်တို့က ပြင်းထန်စွာတိုက်မိသွားသည်။

ဖုန်း

ထိပ်တိုက်တွေ့မှုမှ ရိုက်ခတ်မှုလှိုင်းတို့သည် ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့သည်။

လုကျိုးသည် ကောင်းကင်စွမ်းအားကိုသုံးလျက် နောက်ဆုတ်လိုက်သည်။ ပြီးနောက် သူသည် ကောင်းကင်စွမ်းအားအတွက် မန္တန်ကိုရွတ်ဆိုပြီး အော်ပြီးပြောလိုက်တော့သည်။

“မတည်မြဲခြင်းတိုင်လုံး”

မိုင်ဒါဇင်အကွာတွင် ရှိသည့် အရှင်ကျန်းနန်ဖြစ်သော ရှေးသစ်ပင်နားရှိ မြေပြင်က လှုပ်ခါလာပြီးနောက် မတည်မြဲခြင်းတိုင်လုံးက လှုပ်ခါလာကာ လျှပ်ပြက်သောအရှိန်ဖြင့် လုကျိုးဆီသို့ပျံသန်းသွားတော့သည်။

ဤနည်းဖြင့် အရှင်ကျန်းနန်ပေါ် တိုင်လုံး၏ ဖိနှိပ်မှုက မရှိတော့ပေ။ ယင်းကို အာရုံခံမိသောအခါ သူက ထိတ်လန့်ဖွယ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့၏။

နွယ်ကြိုးများနှင့် သစ်ကိုင်းများက စတင်လှုပ်ရှားလာပြီးနောက် သူတို့သည် အရှင်ကျန်းနန်ကို ပင့်မြှောက်ပေးကာ သူ၏အမြစ်များကို မြေကြီးထဲမှ ဆွဲထုတ်ပေးသည်။

ဖုန်း

ဤနည်းဖြင့် အရှင်ကျန်းနန်က လွတ်မြောက်သွားပြီး လှုပ်ရှားနိုင်စွမ်းရရှိလာသည်။ သူက အချိန်မဖြုန်းတော့ဘဲ ဖျက်ဆီးခြင်းတိုင်လုံးဆီ သွားလိုက်တော့သည်။

တစ်ချိန်တည်းတွင် လုဝူ၏အေးခဲစွမ်းအင်နှင့် နတ်ဝိညာဉ်ပုလဲ၏စွမ်းအားက အားပြိုင်နေသေးဆဲ ဖြစ်၏။

လုဝူက သူ၏စွမ်းအင်ဖြင့် မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့ ထိခိုက်မှုမရှိအောင် အထူးတလည် ဂရုစိုက်ထားသော်ငြား နတ်ဝိညာဉ်ပုလဲ၏ ပေါက်ကွဲခြင်းစွမ်းအားက သူတို့ကို လွင့်ထွက်သွားစေပြီး သူတို့ကို နောက်ဆုတ်အောင် ဖိအားပေးနေ၏။

မင်ရှစ်ရင်က ထိပ်တိုက်တွေ့မှုနှင့် အနီးဆုံးနေရာတွင် ရပ်နေတာဖြစ်သည်။ ထူးဆန်းသည်မှာ နတ်ဝိညာဉ်ပုလဲ၏စွမ်းအား သူ့ပေါ်ကျရောက်လာသည့်အချိန်တွင် သူက ထိခိုက်မှုမရှိ လှိုင်းဂယက်ငယ်များကိုသာ မြင်တွေ့ရတာ ဖြစ်သည်။ သူက လုဝူ၏အေးခဲခြင်းစွမ်းအင်မှ အအေးဓာတ်ကိုသာ ခံစားမိသည်။

ဆန့်ကျင်ဖက်အနေဖြင့် ထော့ပါစစ်ချန်း၏တပည့်များက ကံမကောင်းခဲ့ပေ။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀”

လုကျိုးသည် အသိပေးစာ ၂၅ကြိမ် ဆက်တိုက်ရလိုက်၏။

၎င်း၏ရေခဲချိတ်ပိတ်မှုစွမ်းအင်ကို အသုံးပြုပြီး ရိုက်ချက်တစ်ချက်တည်းဖြင့် လုဝူသည် တပည့် ၂၅ယောက်၏ မွေးဖွားဇယားချပ် တစ်ခုစီကို ဖျက်ဆီးခဲ့သည်။

ဝှစ်

လုကျိုးသည် သူ့နားတဝိုက်ရှိ စွမ်းအားများကို အာရုံခံမိပြီး ၎င်းက လောကကိုဖျက်ဆီးနိုင်ကြောင်း သိသောအခါ မတည်မြဲခြင်းတိုင်လုံးက သူ့လက်ထဲရောက်လာ၏။ ပြီးနောက် သူသည် သူ့တွင်ကျန်ရှိသည့် ကောင်းကင်စွမ်းအားများ အားလုံးကို မတည်မြဲခြင်းတိုင်လုံးထဲ ထည့်လိုက်တော့သည်။

ဖုန်း

ဖျက်ဆီးတိုင်လုံးနီးပါး အရွယ်အစားကြီးမားလာသည့် မတည်မြဲခြင်းတိုင်လုံးက ပျံထွက်သွားပြီး လုဝူနှင့်ထော့ပါစစ်ချန်းနား ဆင်းသက်လိုက်တော့သည်။ တိုင်လုံးက နတ်ဝိညာဉ်ပုလဲမှစွမ်းအားတချို့ကို ဖိနှိပ်ရန် ကူညီပေးပြီး လုဝူပေါ်ရှိ စွမ်းအားတချို့ကို လျော့ပါးစေသည်။

လုကျိုးသည် အချိန်မဖြုန်းတော့ဘဲ ဒိုင်းအသွင်ဖြင့် အမည်မဲ့ကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် သူ၏ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။

လုကျိုး၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာသောအခါ ၎င်း၏ခန္ဓာကိုယ်ထဲရှိ ကောင်းကင်စွမ်းအား အားလုံးကို အမည်မဲ့ထဲပို့လိုက်တော့သည်။

ဘန်း

အမည်မဲ့သည် ရွှေရောင်အလင်းဖြင့် လှစ်ကနဲတောက်ပလာက ရိုက်ခတ်မှုလှိုင်းကို ပိတ်ဆို့လိုက်၏။ ထိုသို့တိုင် လုကျိုးက နောက်သို့ တွန်းပို့ခံလိုက်ရသေးသည်။

ရိုက်ခတ်မှုလှိုင်းများ နောက်ဆုံး၌ တည်ငြိမ်ကျသွားသောအခါ ထော့ပါစစ်ချန်းက သူ့လက်ကို အဆက်မပြတ်တွန်းထုတ်လျက် သူ၏တပည့်များကို လွှမ်းခြုံထားသည့် ရေခဲကို ဖြိုခွဲရန် စွမ်းအင်စည်းတံဆိပ်များ ထုတ်လွင့်နေတော့သည်။ သူက သူတို့ကိုမကယ်ခဲ့လျှင် မွေးဖွားဇယားချပ်တစ်ခုစီ ဆုံးရှုံးမှာလောက်ပဲ ဖြစ်မှာမဟုတ်ပေ။

ထိုစဉ် လုကျိုးက မတည်မြဲခြင်းတိုင်လုံးနှင့် သူ၏ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို တွန်းထုတ်လိုက်သည်။ သူက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။ အနည်းဆုံးတော့ ဤအကွက်က လုဝူကို ကယ်တင်ပေးခဲ့သည်။

“နတ်ခြင်္သေ့”

လျှပ်ပြက်သောအရှန်ဖြင့် နတ်ခြင်္သေ့က ပျံသန်းလာ၏။ ၎င်း၏ကိုယ်ထဲ၌ မင်္ဂလာချီများ လွှမ်းခြုံနေသည်။

လေထဲပျံဝဲနေသည့် ထော့ပါစစ်ချန်းက မျက်မှောင်ကျုံ့မိသွားသည်။ “နတ်ခြင်္သေ့လား”

နတ်ခြင်္သေ့၏မင်္ဂလာချီက လုကျိုးကို လွှမ်းခြုံသွားပြီး သူ၏ကောင်းကင်စွမ်းအားကို လျင်မြန်စွာ ဖြည့်တင်းပေးနေသည်။ ပြီးနောက် နတ်ခြင်္သေ့က တစ်ဖက်လှည့်လျက် လုဝူပေါ် အဖြူရောင်အလင်းတန်း ထွေးထုတ်လိုက်၏။ ထိုအလင်းတန်းက တောက်ပသည့်နေတစ်စင်းပမာ လုဝူဆီသို့ ပျံသန်းသွားတော့သည်။

ထော့ပါစစ်ချန်းစတင်လှုပ်ရှားပြီး နတ်ခြင်္သေ့က အဖြူရောင်အလင်းတန်း တွန်းထုတ်သည့်အချိန်တွင် အသက်ရှိုက်စာအနည်းငယ်ကုန်လွန်သွားပြီဖြစ်သည်။

အဖြူရောင်အလင်းတန်းက လုဝူကို ထိမှန်သွားသောအခါ ၎င်းက ပြန့်ကားသွားပြီး ဧရာမလုဝူကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။ ၎င်းက နောက်ဆုံး၌ မှေးမှိန်သွားသောအခါ လုဝူ၏ သွေးထွက်နေသော ဒဏ်ရာများပျောက်ကွယ်သွား၏။ နတ်ဝိညာဉ်ပုလဲကြောင့် ဖြစ်ပေါ်လာသည့် ပိုမိုပြင်းထန်သည့် ဒဏ်ရာများကတောင် ပျောက်ကွယ်သွားသည်။

ပြီးနောက် နတ်ခြင်္သေ့က မြည်သံရှည်ပြုလိုက်လေ၏။ လုဝူက မောက်မာထောင်လွှားသော်ငြား ခေါင်းအနည်းငယ်ငုံ့လျက် အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကျေးဇူးပါပဲ”

ပြီးနောက် နတ်ခြင်္သေ့က အဝေးသို့လှည့်ထွက်သွားတော့သည်။

လုဝူသည် နတ်ခြင်္သေ့ကို ကျေးဇူးတင်စကားပြောချိန်တွင် တည်ငြိမ်နေပုံပေါ်သော်ငြား ၎င်း၏ တောက်လောင်နေသော မျက်လုံးနှင့် အစွယ်အဖီးသားကို ကြည့်လျှင် သူ ဒေါသထွက်တာ သိသာ၏။ ၎င်းက အလျင်အမြန်ပင် တိုက်ခိုက်လိုစိတ်ပြင်းပြလာပြီး ထပ်မံတိုက်ခိုက်ရန် အသင့်ဖြစ်နေ၏။

ထိုစဉ် လုကျိုးက လှမ်းခေါ်လိုက်သည်။ “လုဝူ အဆင်အခြင်မမဲ့နဲ့”

လုကျိုးသည် အစောတုန်းက လုဝူကို ကယ်တင်ရန်နှင့် ကုသပေးရန် ၎င်း၏ခွန်အားအကုန်သုံးလိုက်ရသည်။ သူက ၎င်းကို ဒဏ်ရာထပ်မရစေချင်ပေ။

“ကျေးဇူးပြုပြီး ကျုပ်ကို ယုံပေးပါ” လုဝူက လုကျိုး၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဖက်ပင်။

လုဝူ၏ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်သောအခါ လုကျိုးက ၎င်းကို မတားဖို့ ဆုံးဖြတ်လိုက်၏။ ပြီးနောက် သူသည် တိုးမြှင့်မိုးကြိုးသွားတစ်ကတ်ကို လျင်မြန်စွာ ဖွဲ့တည်လိုက်သည်။ ယခုအချိန်တွင် သူက ကုသိုလ်မှတ်များကို တွက်ဆနေခြင်းမရှိတော့။ အကျိုးအမြတ် တွက်ဆနေခြင်းမရှိတော့။

ထိုစဉ် ထော့ပါစစ်ချန်းက နတ်ဝိညာဉ်ပုလဲကို တင်းကြပ်စွာဆုပ်ကိုင်လျက် လုဝူကို လှည့်ကြည့်လိုက်၏။

ဖုန်း

လုဝူက လေထဲခုန်တက်လိုက်သည်။ တစ်ချိန်တည်းတွင် ၎င်း၏အမြီးကိုးချောင်းက ယပ်တောင်တစ်တောင်ပမာ ပြန့်ကားလာလျက် ၎င်း၏မျက်လုံးများသည် နေနှင့်လပမာ တောက်ပနေသည်။

ထော့ပါစစ်ချန်းက နတ်ဝိညာဉ်ပုလဲဖြင့် အဝေးသို့ ခုန်ထွက်သွားတော့သည်။

ဟမ် .... ထော့ပါစစ်ချန် မျက်မှောင်ကျုံ့မိသွား၏။ နတ်ဝိညာဉ်ပုလဲရဲ့စွမ်းအား လျော့နည်းသွားတာလား။

ထော့ပါစစ်ချန်းက အမြန်ဗျူဟာပြောင်းလဲလျက် သူ၏မွေးဖွားဇယားချပ် အခု ၂၀ ကြယ်တာရာဒိုင်ခွက်ကို ဆွဲထုတ်လိုက်သည်။

တစ်ချိန်တည်းတွင် လုဝူက ၎င်း၏အအေးစွမ်းအင်များ ထပ်မံမှုတ်ထုတ်လိုက်၏။

“လုဝူက ကြောက်စရာကောင်းလွန်းတယ်” ကျောင်းယွိက တုန်ယင်နေတော့သည်။

ရှောင်ယွမ်အာ၏ ပခုံးပေါ်ရှိ မီးဇာမဏီလေးက ကြောက်လန့်လွန်းသောကြောင့် သူမ၏ ခေါင်းနောက်တွင် ပုန်းနေသည်။

ရှောင်ယွမ်အာက အာမခံလိုက်သည်။ “မကြောက်နဲ့”

တွမ့်မူရှန်းက မျက်မှောင်ကျုံ့မိသွား၏။ "လုဝူ ဒီလောက်ဒေါသထွက်နေတာကို အရင်တုန်းက တစ်ခါမှ မတွေ့ဖူးဘူး"

“ဒါက လုဝူရဲ့အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်လောက်တယ်” ခုံဝမ်က တအံ့တဩပြောလိုက်သည်။

“ဒါအစွမ်းထက်မှန်း ငါတို့သိပေမဲ့ သူ့ရဲ့ခွန်အားကို လျှော့တွက်ခဲ့မိတယ်လို့ ခံစားမိတုန်းပဲ”

လုဝူ၏အမြီးကိုးချောင်းက လေထဲလှုပ်ရှားနေကာ လေများနှင့်တိမ်တိုက်များကို ရှုပ်သွားစေသည်။

အအေးစွမ်းအင်က ပြန့်နှံ့လာလျက် အရာအားလုံးကို အေးခဲသွားစေပြန်သည်။ အအေးဓာတ်သည် ယခင်ထက် ပိုတောင်ပြင်းထန်ပုံပေါ်၏။

“ကံမီးတောက်”

ကံမီးတောက်ကို ပိုင်ဆိုင်ထားသည့် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာ၊ ခရုလေးနှင့် ကျန်သည့်သူများသည် ကံမီးတောက်ကို လျင်မြန်စွာ ဖွဲ့တည်လိုက်၏။ ပြီးနောက် သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းသားများ တဝိုက်တွင် မီးကွင်းတစ်ခုကို ဖွဲ့တည်ပေးလိုက်၏။

မီးကွင်းအပြင်ဖက်၌ အဖြူရောင်များသာ ရှိနေသည်။ မျက်စိတစ်မှိတ်အတွင်း နေရာတစ်ခုလုံး ရေခဲလွင်ပြင်အဖြစ် အသွင်ပြောင်းလဲသွားတော့သည်။

“အွန်း ... မဟုတ်တော့ဘူး။ ငါတို့စစ်ရှစ်ရှိုးကို မေ့နေပြီ”

လူတိုင်းက ရေကန်စပ်ဖက် လှည့်ကြည့်လိုက်မိသောအခါ ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားသည့် မင်ရှစ်ရင်ကို ရှာတွေ့သွားသည်။

“...”

ထိုစဉ် လုဝူက ဟိန်းဟောက်လျက် ၎င်း၏အသံနည်းစနစ်ကို ရွတ်ဆိုလိုက်သည်။

အသံလှိုင်းက ကမ္ဘာမြေ၊ သစ်ပင်များနှင့် တိုင်များကို လှုပ်ခါသွားစေသည်။

“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၃၅၀၀”

ယခင်နည်းတူ လုကျိုးသည် အသီးသီးတူညီသည့် အသိပေးစာ ၂၅ခုကို ဆက်တိုက်ရလိုက်တော့သည်။

လုဝူက ထပ်မံခုန်တက်ကာ အေးခဲသွားပြီဖြစ်သည့် ကြယ်တာရာဒိုင်ခွက်ပေါ် ခုန်တက်လိုက်၏။ ၎င်းက သူ၏လက်ရာကို အလွန်စိတ်တိုင်းကျနေတော့သည်။

ဂျွတ်

ထိုစဉ် ထော့ပါစစ်ချန်း၏ကြယ်တာရာဒိုင်ခွက်ကို လွှမ်းခြုံထားသည့် ရေခဲက အက်ကွဲသွားပြီး ရေခဲစများမြေပြင်ပေါ်ပြုတ်ကျလာတော့သည်။

“ဒီနေ့ မင်းတို့အားလုံးကို သေစေချင်တယ်” ထော့ပါစစ်ချန်းက လက်ဆန့်ထုတ်လျက် သူ၏ ကြယ်တာရာဒိုင်ခွက်ကို ရိုက်ချလျက် ၎င်းကို ဝေဟင်ထဲပို့လိုက်သည်။

ကြယ်တာရာဒိုင်ခွက်က ပြန့်ကားလာပြီးနောက် ဝေဟင်ထဲပြန့်ကားသွားကာ မွေးဖွားဇယားချပ်၂၀၏ စွမ်းအားကို ပြသနေတော့သည်။ အလင်းတိုင်များက ကောင်းကင်ကနေ ချက်ချင်း ရွာသွန်းကျလာလေ၏။

ယင်းကို မြင်သောအခါ လုဝူက လှည့်လာလျက် မိစ္ဆာဝေဟင်မျှော်နန်းဂိုဏ်းသားများအပေါ်ခုန်တက်ကာ ထော့ပါစစ်ချန်း၏တိုက်ခိုက်မှုကနေ သူတို့ကို ကာပေးလိုက်သည်။

“စစ်ရှစ်ရှိုး” ရှောင်ယွမ်အာက လှမ်းအော်လိုက်၏။ သူမက ရှေ့သို့ပြေးထွက်ကာ နိဗာနခါးစည်းကို ပစ်ထုတ်လိုက်၏။ နိဗာနခါးစည်းက မင်ရှစ်ရင်ကို ရစ်ပတ်လျက် သူ့ကို လုဝူအောက်သို့ ဘေးကင်းစွာ ဆွဲခေါ်သွားလိုက်သည်။

လူတိုင်း မော့ကြည့်လိုက်သောအခါ ဝေဟင်ထဲတွင် လုကျိုးက ရပ်နေလျက် ဒိုင်းအသွင်ဖြင့် အမည်မဲ့ကို ကိုင်ဆောင်ထားတာ တွေ့လိုက်ရသည်။ “ဒီနေ့မင်းကို သာဓက ပြလိုက်မယ်”

လုကျိုးက တိုးမြှင့်မိုးကြိုးသွားကတ် အသုံးပြုတော့မည့်အချိန်တွင် လေထဲရုတ်ရုတ်သဲသဲ အသံ ပေါ်လာတော့သည်။

ကောင်းကင်ထဲတွင် ၎င်း၏အမြစ်များနှင့် နွယ်ကြိုးများကြောင့် ထူးဆန်းသည့် ပင့်ကူတစ်ကောင်နှင့် တူနေသည့် မီးတောက်ရှေးသစ်ပင်က ခုန်ဝင်လာကာ ထော့ပါစစ်ချန်း၏ ကြယ်တာရာဒိုင်ခွက်ပေါ် ကျလာသည်။

အရှင်ကျန်းနန်က ဟိန်းဟောက်လိုက်တော့သည်။ “မင်း ထျန်းဝူကိုသတ်ရင် မင်းကို ငါ သတ်မယ်။ ငါပဲ ငါ့ရန်သူကို သတ်လို့ရတာ”

သစ်မြစ်များက ကြယ်တာရာဒိုင်ခွက်နားတဝိုက်ရစ်ပတ်ထားလျက် ၎င်းကို တင်းကြပ်စွာ ချုပ်ကိုင်ထားသည်။

ဂျွတ်

ကြယ်တာရာဒိုင်ခွက်က အနည်းငယ်ချိုင့်ဝင်သွားတော့သည်။

“အရှင်ကျန်းနန်”

အရှင်ကျန်းနန်သည် ထော့ပါစစ်ချန်း၏လက်ထဲရှိ နတ်ဝိညာဉ်ပုလဲကို မြင်သောအခါ ပိုတောင် ဒေါသထွက်သွားသည်။

“ငါ့ကိုသတ်နိုင်မယ်ထင်နေလား။ မင်းကိုယ်မင်း အထင်ကြီးနေတာပဲ” ထော့ပါစစ်ချန်းက ဟိန်းဟောက်လိုက်၏။

ဝှစ်

ထော့ပါစစ်ချန်း၏ ကြယ်တာရာဒိုင်ခွက်က လျင်မြန်စွာ ကျုံ့သွားတော့သည်။

အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့သည့် အရှင်ကျန်းနန်က အတွေ့အကြုံကြွယ်ဝသည်။ သူက အေးစက်စက် ပြောလိုက်လေ၏။ “မင်းက လက်မခံနိုင်သေးဘဲကိုး ... ငါ့ရှေ့မှာ လှည့်ကွက်တွေ သုံးရဲတယ်ပေါ့ သေပေတော့”

အမြစ်တို့သည် စွမ်းအင်အဖြစ်ပေါက်ကွဲသွားပြီးနောက် ကောင်းကင်ထဲ မီးတောက်မီးလျှံတို့ လွင့်ထွက်သွားစေ၏။

ဘန်း

ကျုံ့သွားသည့် ကြယ်တာရာဒိုင်ခွက်သည် ပေါက်ကွဲစွမ်းအင်နှင့်ထိမှန်သွားပြီး ချက်ချင်း အက်သွားတော့သည်။

ထော့ပါစစ်ချန်းက ကြောက်လန့်မှုကြောင့် မျက်လုံးအပြူးသားဖြစ်ကာ သွေးအန်တော့သည်။ ဤနည်းဖြင့် သူမွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားလေ၏။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ရုတ်တရက် ပေါ်လာပြီးနောက် ထော့ပါစစ်ချန်း၏ ကိုယ်ထဲ ကျုံ့ဝင်သွားတော့သည်။

All Chapters