← Chapters

အခန်း (၁၂၇၆-၁၂၇၈)

Vol. 86 Ch. 1276-1278

အခန်း (၁၂၇၆-၁၂၇၈)

Vol. 86 Ch. 1276-1278

အခန်း (၁၂၇၆) ဖျက်ဆီးခြင်းတိုင်လုံး၏ အသိအမှတ်ပြုမှု

သခင်ကျန်းနန်က စိတ်မရှည်စွာ ပြောလိုက်သည်။

“ဒီနေရာက မဟာလေဟာနယ်မျိုးစေ့က လွန်ခဲ့တဲ့နှစ်၃၀၀ခန့်က ငါတို့ရဲ့ နှစ်၁၀၀၀၀သက်တမ်းရှိတဲ့ သွေးအဆီအနှစ်နဲ့ ချီတွေနဲ့ အားဖြည့်ထားခဲ့တာ”

“...”

အားလုံးက အသက်ပြင်းပြင်းရှူကာ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြသည်။

ကျောင်းယွိက သတ္တိစုစည်းကာ ပြောလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့က ပျက်စီးခြင်းတိုင်လုံး ၁၀လုံးအနားမှာ တစ်ခုချင်းစီ ကြီးထွားကြတာ။ ဘာလို့ ဒီနေရာကိုရွေးချယ်ခဲ့တာလဲ။ အဲ့ဒီ့နေရာအပြင် မျိုးစေ့ကို နေ့နေ့ညည စောင့်ကြပ်နေခဲ့တာဆိုတော့ ဘယ်သူကများ လာပြီးတော့ ခိုးယူသွားခဲ့တာလဲ။ အဲ့ဒီ့အချိန်တုန်းက ခင်ဗျားတို့ရဲ့ အင်အားအပေါ် မူတည်ပြီးတော့ သူတော်စင်တစ်ယောက်တောင် မျိုးစေ့ကို ခိုးယူဖို့ ခက်လိမ့်မယ်”

သခင်ကျန်းနန်က ပြောလိုက်သည်။

“ငါတို့တွေ အိပ်ပျော်သွားတာ မ င်းယုံမလား”

အားလုံး “...”

ဘယ်သူက ဒီလိုအကြောင်းပြချက်မျိုးကို ယုံမှာလဲ။ ပိုကောင်းတဲ့အကြောင်းပြချက်မျိုးကို မပေးနိုင်ဘူးလား။ ပြီးတော့ ခင်ဗျားတို့၂ယောက်လုံး တစ်ချိန်တည်းအိပ်ပျော်သွားတာလား။ ဒီအကြောင်းပြချက်က အတုအယောင်ဆန်လွန်းတယ်...

ကျင့်ကြံသူများက အချိန်အတော်ကြာ အစားအစာနှင့် အိပ်စက်မှုမရှိဘဲ နေထိုင်နိုင်ကြသည်။ စွမ်းအားကြီး သခင်ကျန်းနန်နှင့် ထျန်းဝူတို့က မည်သို့ အိပ်ပျော်သွားနိုင်မည်နည်း။

“သွေးအဆီအနှစ်နှင့် ချီဆုံးရှုံးမှုက ငါတို့ကို ပြန်လည်ကုစားမှုအနေအထားကို ဝင်ရောက်သွားစေတယ်လေ”

လုကျိုးက မေးလိုက်သည်။

“ပြင်ဆင်မှုတွေ ကြိုလုပ်မထားဘူးလား”

သခင်ကျန်းနန်က ရယ်မောလိုက်သည်။

“ငါတို့က ပြင်ဆင်မှုတွေ ကြိုလုပ်မထားဘူးလို့ထင်နေတာလား။ ကြောက်ရွံ့ခြင်းတောအုပ်ရဲ့ သတ်ဖြတ်ခြင်းအစီအရင်က အစီအရင်အသေးစားပဲရှိသေးတယ်။ လွန်ခဲ့တဲ့နှစ်၃၀၀၀ခန့်က ငါ လုပ်ထားတဲ့ ပြင်ဆင်မှုတွေက မသိတတ်တဲ့ အနက်ရောင် အနီရောင်နှင့် အဖြူရောင်ကြာကျင့်ကြံသူတွေကို သတ်ပစ်ခဲ့တာ”

အားလုံးက တုန်လှုပ်သွားကြသည်။

ယန်ကျန်းလော့က ဝင်ပြောလိုက်၏။

“မဟာလေဟာနယ် စူးစမ်းရှာဖွေရေးရဲ့ ပစ်မှတ်က ယွိကျုံးလား”

“သူတို့က ကိုယ့်ကိုယ်ကို အထင်ကြီးပြီးတော့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရတာပဲ။ အဆုံးသတ်မှာ သူတို့ကို အသုံးဝင်တဲ့ မြေတစ်ဆုပ်နဲ့ပဲ ထွက်သွားရတယ်လေ။ ကြွားလုံးထုတ်နေလို့ ဘာများထိုက်တန်မှာလဲ”

သခင်ကျန်းနန်က ဂုဏ်ယူစွာ ပြောလိုက်သည်။

“အဲဒါဆိုရင် မဟာလေဟာနယ်မျိုးစေ့ ဘယ်လိုများ ပျောက်သွားတာလဲ”

လုကျိုးက မေးလိုက်သည်။

သခင်ကျန်းနန်နှင့် ထျန်းဝူ “...”

ခေတ္တမျှတိတ်ဆိတ်နေပြီးသည့်နောက်တွင် သခင်ကျန်းနန်က ပြောလိုက်၏။

“အခုအချိန်ထိ မဟာလေဟာနယ်မျိုးစေ့က ဘယ်လိုပျောက်ဆုံးသွားတယ်ဆိုတာ မသိရဘူး”

ကျောင်းယွိက မေးလိုက်သည်။

“မဟာလေဟာနယ်ကလူ တစ်ယောက်ယောက်လား”

အားလုံးက သခင်ကျန်းနန်ကို ကြည့်လိုက်ကြသည်။

“မဖြစ်နိုင်ဘူး”

သခင်ကျန်းနန်က ပြောလိုက်သည်။

“တကယ်လို့ မဟာလေဟာနယ်ကလူတွေသာဆိုရင် သူတို့က အားလုံးကို သတ်ပစ်လိမ့်မယ်။ ဒုတိယအနေနဲ့ မျိုးစေ့တွေဆုံးရှုံးပြီးတဲ့နောက်မှာ သူတို့က ယွိကျုံးကို ‌ရောက်လာတယ်လေ”

ထျန်းဝူက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။

“မဟာလေဟာနယ်ကလူတွေက မင်းကို မျိုးစေ့ ပေးခဲ့တာလား”

မင်ရှစ်ရင်က ခေါင်းယမ်းလိုက်သည်။

“ဘယ်ဟုတ်မလဲ ရှစ်စွင်းက ပေးခဲ့တာပါ”

“...”

ထျန်းဝူနှင့် လုဝူတို့က လုကျိုးအား သံသယဖြစ်မှု၊ တုန်လှုပ်မှုနှင့် မေးခွန်းထုတ်လိုမှုများဖြင့် ကြည့်လိုက်ကြသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ ကြည်ရှန်းတောက်၏ မှတ်ဥာဏ်သလင်းကျောက်မှ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းက ဆုံးရှုံးနေဆဲဖြစ်သည့်အတွက် သခင်ကျန်းနန်နှင့် ထျန်းဝူတို့၏စကားကို အတည်မပြုနိုင်သေးပေ။ ထို့အပြင် လုထျန်းထုံနှင့် ကိစ္စလည်း ရှိနေသေး၏။

“ငါ့ကို မှတ်မိလား”

ထျန်းဝူက ခေါင်းအသာယမ်းလိုက်သည်။

ကျိထျန်းတောက်က ယွိကျုံးကို အရင်ကလာဖူးပေမဲ့ မျိုးစေ့ဆယ်ခုလုံးပိုင်ဆိုင်နေတာ‌တော့ ထူးဆန်းလိုက်တာ...

အဲ့လိုဆိုရင် ထျန်းဝူနှင့် သခင်ကျန်းနန်တို့က ဘယ်လိုလုပ်မသိဘဲနေမှာလဲ...

“ငါက အဲ့ဒီ့တုန်းက မဟာလေဟာနယ်စူစမ်းရှာဖွေရေးမှာ ဝင်ရောက်ဆင်နွှဲခဲ့ဖူးတယ်”

လုကျိုးက ပြောလိုက်သည်။

အားလုံးက လုကျိုးအား တအံ့တသြ ကြည့်လိုက်ကြသည်။

မဟာလေဟာနယ်စူစမ်းရှာဖွေရေး အဖွဲ့ဝင်များက သေခြင်းတရားကို မကြောက်ကြပေ။ အသက်ရှင်သည့်သူအားလုံးကလည်း စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်က ထိုသို့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်မျိုးဖြစ်မည်ဟု မည်သူကများ သိမည်နည်း။ လုကျိုးက ခပ်တည်တည်ဖြင့် ဆက်ပြောလိုက်သည်။

“ငါက ကံကောင်းထောက်မပြီးတော့ မဟာလေဟာနယ်မျိုးစေ့ တစ်ခုကို ရခဲ့တာ”

“အဲဒါက ကံကြမ္မာပဲ”

ထျန်းဝူက ခေါင်းယမ်းလိုက်သည်။

“တကယ်လို့ အံ့ဖွယ်ဝိညာဥ်ပုလဲက သူ့အနီးနားမှာ အလင်းရောင်ထုတ်လုပ်လာတယ်ဆိုရင် မဟာလေဟာနယ်မျိုးစေ့ရဲ့ ဇာစ်မြစ်ကို သက်သေပြနိုင်ပြီ”

လုကျိုးက ဘေးပတ်လည်ကို ကြည့်ပြီး အံ့ဖွယ်ဝိညာဥ်ပုလဲကို ထုတ်လွှင့်လိုက်သည်။

အံ့ဖွယ်ဝိညာဥ်ပုလဲက မင်ရှစ်ရင်အနား ပျံသန်းသွားပြီး ရုတ်တရက် တောက်ပလာလေ၏။

ထိုစဥ် သခင်ကျန်းနန်၏ အပေါ်ယံအလွှာက အပိုင်းပိုင်းအစစ ကြေမွသွားလေ၏။

ထျန်းဝူကလည်း ချောင်းဆိုးလိုက်၏။ သူမ၏မျက်နှာက ဖြူဖျော့လာကာ ဆက်တိုက် ရေရွတ်နေသည်။

“ကံကြမ္မာ ဒါက ကံကြမ္မာပဲ”

“ဝုန်း”

သခင်ကျန်းနန်၏ သစ်ပင်လိုခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။ သစ်ပင်၏အလယ်က ထက်ခြမ်းကွဲသွားပြီး သခင်ကျန်းနန်၏ ဂူဗိမ္မာန်ဟူသော စာတမ်းများပါဝင်သည့် စလင်ဒါ‌ကျောက်တုံးတစ်ခု ထွက်ပေါ်လာသည်။ ထိုသစ်ခေါက်အတွင်း အကောင်းတိုင်း ရှိနေသည့် အရိုးခြောက်တစ်ခု လဲလျောင်းနေလေ၏။ ထိုအရိုးပေါ်တွင် ထူးဆန်းသည့် သင်္ကေတများ ရေးထွင်းထားပြီး ခြေလက်များက သစ်ခေါက်အတွင်း နက်နက်နဲနဲ ပေါင်းစည်းနေလျက် ရှိသည်။

ထိုမြင်ကွင်းက အတော်လေးမှောင်မိုက်သော်လည်း အားလုံးကမူ သခင်ကျန်းနန်ကဲ့သို့ တစ်မျိုးစပ် ပါရမီရှင်တစ်ယောက် သေဆုံးသွားသည့်အချက်ကြောင့် ခေါင်းမယမ်းဘဲ မနေနိုင်ကြတော့ပေ။

“ဒါက ကပ်ပါးနည်းစနစ်ဘဲ”

“နှမျောစရာပဲ”

သူတို့က ဆက်တိုက်သက်ပြင်းချကာ ခေါင်းအသာယမ်းနေကြသည်။

ဤကမ္ဘာ၌ အကြွင်းမဲ့မှန်ကန်သည့် အရာမရှိသလို မှားယွင်းသည့် အရာဟူ၍လည်း မရှိပေ။

ထိုစဥ် ထျန်းဝူ၏ ရယ်‌မောသံက လေထဲပျံ့နှံ့လာပြီး အားလုံးက အသိပြန်ကပ်လာကြ၏။ အားလုံးက အနည်းငယ် နောက်ဆုတ်လိုက်ကြသည်။

ထျန်းဝူ၏ ရယ်‌မောသံက ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေလေ၏။ သူမက သခင်ကျန်းနန်ကို ကြည့်နေခြင်း မရှိသလို သူမကိုယ်သူမ တစ်ခြားတစ်နေရာသာ ကြည့်နေလေ၏။ သူမ၏ ဒွါရ(၇)ပါးမှ သွေးများ စီးကျလာပြီး ဆက်တိုက် ရယ်မောနေသည်။

“ဒါက...”

အားလုံးက ထပ်မံ နောက်ဆုတ်လိုက်ကြသည်။

လုကျိုးကသာ အလှုပ်အယှက်မရှိ ဆက်တိုက်ဆက်ရပ်နေလေ၏။ သူက ထျန်းဝူနှင့် ကျန်းနန်တို့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ရှစ်စွင်း သူမက သွားတော့မှာလား”

ရှောင်ယွမ်အာက အသံတိုးတိုးဖြင့် မေးလိုက်သည်။

လုကျိုးက ပြန်မဖြေပေ။

ရှောင်ယွမ်အာက ပြောလိုက်၏။

“အံ့ဖွယ်ဝိညာဥ်ပုလဲ”

“အံ့ဖွယ်ဝိညာဥ်ပုလဲက သူမကို မကယ်နိုင်တော့ဘူး” လုဝူက ပြောလိုက်သည်။

သူမရဲ့ စွမ်းအင်ဗဟိုချက်ရဲ့ ချီပင်လယ်က ပျက်စီးသွားတာ ကြာလှပြီ။ သူမရဲ့ အသက်ဓာတ်အားလုံးကလည်း အံ့ဖွယ်ဝိညာဥ်ပုလဲထဲ စုဝေးသွားပြီ”

ထျန်းဝူ၏ ရယ်မောသံက ရပ်တန့်သွားသည့်အခါ သူမ၏ မျက်ဝန်းမှ အလင်းရောင်ကလည်း ပျောက်ကွယ်သွားလေသည်။

အားလုံးက အမှောင်ထုအတွင်း ရောက်ရှိသွားလေ၏။ မျက်စိတစ်မှိတ်အတွင်း ထျန်းဝူက အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ဖြစ်လာလေသည်။

ထိုစဥ် ထျန်းဝူက လှည့်ကာ သခင်ကျန်းနန်အနား ရောက်ရှိလာသည်။

“မဟာလေဟာနယ်မျိုးစေ့က ကျွန်မတို့ရဲ့ မျှော်လင့်ချက်‌တွေကို သယ်ဆောင်ထားတာပဲ။ ရှင်က ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရဖို့ မျှော်လင့်တယ်”

ထျန်းဝူ၏စကားက မင်ရှစ်ရင်ကို ဦးတည်နေလေ၏။

“ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှုလား။ မင်းဆီမှာ ရှားပါးပြီးတော့ အဖိုးတန်တဲ့ အရည်အသွေးတစ်ခုရှိတယ်ဆိုတာ ယုံကြည်တယ်။ အဲဒါကြောင့် ကြောက်ရွံ့ခြင်းတောအုပ်ရဲ့ အစီအရင်ကြောင့် သက်ရောက်ခြင်းမခံရတာပဲ”

ထျန်းဝူ၏ အသံက အားနည်းသည်ထက် အားနည်းလာသည်။

ထိုစဥ်လုကျိုးက သူ့စိတ်ထဲ ရှိနေသည့်မေးခွန်းကို ထုတ်မေးလိုက်သည်။

“မင်းနဲ့ သခင်ကျန်းနန်တို့က လင်မယားတွေလား”

ထျန်းဝူက တိတ်ဆိတ်နေလျက်ရှိသည်။

အားလုံးက အချင်းချင်းကြည့်ကာ မယုံကြည်နိုင်ဖြစ်နေကြသည်။

ရှောင်ယွမ်အာက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“အဲ့လိုဆိုရင် ဘာလို့ တိုက်ခိုက်ကြတာလဲ”

ဤရန်သူတော်၂ဦးက လင်မယား ဖြစ်နေကြလေသည်။ အဆုံးသတ်၌ ထျန်းဝူက ပြောလိုက်သည်။

“ဒီလျှို့ဝှက်ချက်ကို ထာဝရမြှုပ်နှံထားလိုက်ပါ။ ကျွန်မမှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ “

တခြားသူများက မေးခွန်းများရှိနေဆဲ ဖြစ်သော်လည်း လုကျိုးက လက်မြှောက်ကာ ပြောလိုက်သည်။

“ပြောပါ”

“ကျွန်မတို့ကို ရေကန်ရဲ့ အောက်ခြေမှာ စည်းပိတ်ပေးပါ”

“ကောင်းပြီ”

“ကျေးဇူးပါ”

ထျန်းဝူ၏မျက်နှာက ထပ်မံ အသက်ကြီးရင့်လာလေ၏။ သူမမျက်ဝန်းမှ အလင်းတန်းက ပျောက်ကွယ်သွားလေသည်။

“ကြည့်ရတာ ရှင်က ကမ္ဘာကြီးကို ပြောင်းလဲပစ်မဲ့လူပဲ နေမယ်”

ထိုစကားများပြောပြီးသည့်နောက်တွင် သူမက ကျောက်တုံးအဖြစ် မာကျောသွားလေသည်။

“...”

အားလုံးက ထာဝရနေထိုင်လိုသည့် အချိန်အခါမျိုး ရှိလေသည်။

ကျင့်ကြံသူများက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုသော်လည်း သူတို့၏ အကြွင်းမဲ့ရည်မှန်းချက်က မည်သို့ဖြစ်မည်နည်း။

သူတို့ပင် အဖြေမသိပေ။ အဆုံးသတ်၌ အားလုံးက မြေကြီးထဲ ပြန်လည်ရောက်ရှိသွားကြ၏။

အမည်မသိကုန်းမြေထဲ တိတ်ဆိတ်မှုက ကြောက်ဖို့ကောင်းလှသည်။

မြောက်လေပြင်းက ရပ်တန့်မည့် အရိပ်ယောင်မရှိဘဲ ဆက်လက်တိုက်ခတ်နေလေ၏။ ခက်ထန်သားရဲတစ်ကောင်မှပင် မမြင်ရပေ။

မည်မျှအချိန်ကုန်သွားမှန်းပင် မသိရတော့ပေ။ နောက်ဆုံးတွင် လုကျိုးက လက်ဝှေ့ကာ ပြောလိုက်၏။

“လောင်စစ်”

“ဟုတ်ကဲ့ ရှစ်စွင်း”

လုကျိုးက သက်ပြင်းချကာ ပြောလိုက်သည်။

“ဒါကိုသူတို့ကို မြှုပ်နှံဖို့ကိစ္စကို မင်းဆီ အပ်ထားလိုက်မယ်”

“ဟုတ်ကဲ့”

ပုံမှန် မင်ရှစ်ရင်၏ ခပ်ပြုံးပြုံးအနေအထားက ယခုအခိုက်အတန့်တွင် ရှာမတွေ့ရတော့ပေ။ ထိုအစား သူ့အမူအရာက အလေးအနက် ဖြစ်နေလေ၏။

…

အခန်း (၁၂၇၇) ဖျက်ဆီးခြင်းတိုင်လုံးတွင်

မင်ရှစ်ရင်သည် ခမ်းခြောက်သွားသော ရေကန်ထဲခုန်ဆင်းပြီးနောက် နေရာတစ်ဝိုက်ကိုရှင်းလင်းပြီး တွင်းတစ်တွင်းတူးကာ မြေပြင်ပေါ်သို့ ပြန်လာလေ၏။ ပြီးနောက် သူသည် အရှင်ကျန်းနန်နှင့် ထျန်းဝူ၏အကြွင်းအကျန်များကို ဂရုတစိုက်စုဆောင်းလိုက်သည်။

ကျန်သည့်သူများက ကူညီပေးချင်သော်ငြား အခြေအနေ၏လေးနက်မှုကို ခံစားမိပြီး သူတို့က သေသူက အရေးကြီးဆုံးဟူသည့် စည်းမျဉ်းအရ တိတ်တဆိတ်သာ ကြည့်နေ၏။ တကယ်တော့ သူတို့သည် အရှင်ကျန်းနန်နှင့် ထျန်းဝူတို့ကို မနှစ်သက်တာမျိုးမရှိပေ။ သူတို့ကို ဂရုဏာသက်မှုတချို့တောင်၌ရှိပေ၏။ သူတို့နှစ်ယောက်သား ဤအခြေအနေထိကျဆင်းသွားရတာ သနားကောင်းလှပေသည်။ သူတို့သက်ပြင်းချရုံသာ တတ်နိုင်၏။

မင်ရှစ်ရင်က အရှင်ကျန်းနန်နှင့် ထျန်းဝူ၏အကြွင်းအကျန်များကို ရေကန်အောက်ခြေ၌ ဘေးချင်းယှဉ်ထားပြီးနောက် မေးလိုက်တော့သည်။

“ရှစ်စွင်း ကျွန်တော်တို့တွေ သူတို့အုတ်ဂူအတွက် အမှတ်အသားထားခဲ့ရမလား”

“မလိုအပ်ဘူး” လုကျိုးက ပြောလိုက်သည်။

သူတို့ထွက်သွားပြီးလျှင် ယွီကျုံးသို့ သိုင်းပညာရှင်များနှင့် စွန့်စားသူများ ရောက်လာလိမ့်မည်။ သူတို့အုတ်ဂူအတွက် အမှတ်အသားချန်ထားမည့်အစား သူတို့ကို သဘာဝဆီပြန်သွားခွင့်ပေးလိုက်တာက ပိုကောင်းလိမ့်မည်။

ပြီးနောက် မင်ရှစ်ရင်သည် သူ၏ရှစ်စွင်းညွှန်ကြားသည့်အတိုင်းပင် ပြုလုပ်လိုက်ကာ ကန်ထဲတွင် မြေဆီလွှာများဖြင့် စပြည့်လာတော့သည်။ ပြီးနောက် သူသည် သစ်သားပြာနှလုံးသားကျင့်စဉ်ကို သုံးပြီး မီတာတစ်ထောင်အတွင်း သစ်ပင်နှင့်မြက်ပင်တို့၏ ပေါက်ရောက်မှုနှုန်းကို တိုးသွားစေ၏။

တိုက်ပွဲပြီးနောက် ပြုန်းတီးသွားသော မြေပြင်သည် မကြာမီ၌ အစိမ်းရောင်သစ်ပင်၊ မြက်ပင်တို့ဖြင့် လွှမ်းမိုးလာတော့သည်။

လေထဲတွင် မီးလောင်ညှော်နံ့၊ သွေးရနံ့တို့ကျန်ရစ်နေသေးပြီး ဤနေရာ၌ ဆိုးဆိုးရွားရွားတိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့ဖူးကြောင်း တစ်ခုတည်းသော ညွှန်ပြချက်ဖြစ်နေတော့သည်။ နောက်ဆုံး၌ အားလုံးက ဖျက်ဆီးခြင်းတိုင်လုံးကို လှည့်ကြည့်လိုက်၏။

တစ်ဖက်တွင်မူ လုကျိုးက လူတိုင်း၏အခြေအနေကို စစ်ဆေးလိုက်သည်။ အနည်းငယ် ဖရိုဖရဲဖြစ်နေသည်မှအပ အားလုံးအဆင်ပြေနေသည်။

လုဝူသည် ဒဏ်ရာရပြီးနောက် အစတည်းက အဆိုးဆုံးအခြေအနေတွင် ရှိနေတာဖြစ်သည်။ သို့သော် နတ်ခြင်္သေ့၏အကူအညီဖြင့် ၎င်းက ပြန်ကောင်းမွန်လာ၏။

လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို ဖယ်ပြီးနောက် ပြောလိုက်လေ၏။ “အားလုံးစုဆောင်း”

“နားလည်ပါပြီ”

ယခုအခါ သူတို့စစ်အကြွင်းအကျန်ကို ရိတ်သိမ်းရမည့်အချိန်ဖြစ်သည်။ ယင်းက မိစ္ဆာဝေဟင်မျှော်နန်းဂိုဏ်းသားများအတွက် စိတ်အလှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်လည်းဖြစ်၏။

အားလုံးက အရပ်မျက်နှာအနှံ့ခွဲထွက်သွားကြသည်။ သူတို့သည် သေဆုံးသွားသော ကျင့်ကြံသူများ၏ လက်နက်များအပါအဝင် အရာအားလုံးစုဆောင်းကြသည်။ သူတို့က မီးကြာပွင့်၊ နှင်းကြာပွင့်၊ သွေးဂျင်ဆင်း၊ ဆန်းကြယ်အသက်မြက်နှင့် ကျန်သည့်သဘာဝရတနာများအတွက် နေရာအနှံ့ရှာဖွေကြတော့သည်။ ကံဆိုးသည်မှာ အများစုသည် အရှင်ကျန်းနန်၏ မီးတောက်ကြောင့် ဖျက်ဆီးခံလိုက်ရ၏။

သူတို့သိုလှောင်မှု၌ သိမ်းစရာများမရှိမှာ စိတ်မပူပေ။ လုဝူကဲ့သို့ ဧရာမကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ဖြင့် သူတို့သည် ဖျက်ဆီးခြင်းတိုင်လုံးဆယ်ခုမှ ရတနာအားလုံးကိုတောင် ယူသွားနိုင်၏။

ထိုစဉ် ယန်နန်က ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေတော့သည်။

ယဲ့မျိုးနွယ်၏အကြီးအကဲလေးဦးသည် ဘေးတွင်ရပ်လျက် ကောင်းကင်ထဲရှိ မျှခြေမညီမျှမှုဖြစ်စဉ်ကို မော့ကြည့်နေကြသည်။

လေများတိုက်ခတ်နေလျက် တိမ်စိုင်တိမ်မည်းများက ကောင်းကင်ကိုလွှမ်းခြုံနေတော့သည်။

ခုနစ်စင်ကြယ်အလံ ၃၆ခု အစီအရင်၏ အလံကိုင်သည် ၃၆ယောက်သေဆုံးပြီးနောက် ကျန်ရှိသည့်တပည့်များသည် ယဲ့ကျန်းနှင့်အတူ ယန်နန်မှ ထွက်သွားကြသည်။

အကြီးအကဲလေးဦးဖြစ်သည့် ယဲ့ဝေ၊ ယဲ့ယီချင်း၊ ယဲ့ယွမ်ကျိုးနှင့် ယဲ့ကန်းတို့က လေးနက်တည်ကြည်သော အမူအရာများဖြစ်နေကြကာ ဆိတ်ဆိတ်နေလေ၏။

ရုတ်တရက် ကောင်းကင်မှဥက္ကာခဲတစ်စင်းကြွေကျသည့်ပမာ စုတ်ပြတ်သပ်နေသော သွင်ပြင်ဖြင့် အပေါ်ပိုင်းဗလာဖြင့် ယဲ့ကျန်းက ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့သည်။

ဖုန်း

ယဲ့ကျန်း ပြုတ်ကျလာသောအခါ သူက မရပ်တန့်နိုင်ခဲ့ဘဲ ပြုတ်ကျပြီး အတော်ကြာသည်အထိ လျှောတိုက်သွား၏။ ပြီးနောက် သူက သွေးတစ်ပွက်အန်လိုက်တော့သည်။

သဘောတရားအရ ဆရာသခင်တစ်ပါးအနေဖြင့် ယဲ့ကျန်းသည် ဤကဲ့သို့ ဆိုးရွားသည့် အခြေအနေမျိုးတွင် မရှိသင့်ပေ။ သူက မွေးဖွားဇယားချပ်တစ်ခုဆုံးရှုံးခဲ့လျှင်တောင် သူသည် ဘုံတစ်ထောင်လေပွေအဆင့်တွင် ရှိသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသေး၏။ သူ မည်ကဲ့သို့ မည်သို့များ ဤအခြေအနေသို့ ကြုံတွေ့လာရသနည်း။ သူက ဆရာသခင်တစ်ပါး၏ ဟန်ပန်အမူအရာအားလုံး ဆုံးရှုံးသွားပြီဖြစ်သည်။

“ဆရာသခင်ယဲ့လား” အကြီးအကဲလေးဦးက တညီတညွတ်တည်း ထုတ်ပြောလိုက်သည်။

ယဲ့ကျန်းက အမြန်ရောက်လာကာ ပြောလိုက်တော့သည်။ “မမေးနဲ့။ ဆန်းကြယ်အသက်မြက်နဲ့ ဆေးပုံးမြန်မြန်ပြင်ထားပေး။ ကျုပ် မွေးဖွားဇယားချပ်တွေ ပြန်ကောင်းအောင်လုပ်ဖို့လိုတယ်”

“ဘာတွေဖြစ်နေတာလဲ” ယဲ့ဝေက မေးလိုက်တော့သည်။

ယဲ့ကျန်းက မျက်မှောင်ကျုံ့မိသွား၏။ သူသည် သူ့လူများအပေါ် ဒေါသပေါက်ကွဲတတ်သည့်သူမျိုးမဟုတ်ပေ။ ဆိုရလျှင် သူက ကျန်သည့်သူများအထက်တွင်ရှိသည်။ မြင့်မြတ်ကာ ကြီးမြတ်သည့်ဆရာသခင်တစ်ပါးဖြစ်သည်။ သူက ထိုကဲ့သို့နိမ့်ကျသောအပြုအမူမျိုးလုပ်မှာမဟုတ်ပေ။ သူက ကြည်ညိုလေးစားခံရပြီး ဂုဏ်သတင်းကောင်းတစ်ခုရှိခဲ့သည်။ သို့သော် ယခုအချိန်၌ သူ စိတ်လွတ်ခါနီးဖြစ်သည်။ ကံကောင်းသည်မှာ နာကျင်မှုက ဒေါသများ၏အစွန်ကို ထုံသွားစေတော့သည်။ နောက်ဆုံး၌ သူက ပြောလိုက်တော့သည်။ “မဟာလေဟာနယ်ဆေးလုံး ယူလာခဲ့”

ထိုစကားကိုကြားသောအခါ ယဲ့ယီချင်းက မေးလိုက်တော့သည်။

“ဆရာသခင်ထောပါဆီ မဟာလေဟာနယ်ဆေးလုံးပေးလိုက်တာ မေ့သွားပြီလား”

“ဒါဆို ငါတို့မှာရှိတဲ့ဆေးလုံးယူလာခဲ့။ ငါ တံခါးပိတ်ကျင့်ကြံတော့မယ်” ယဲ့ကျန်းက သုန်မှုန်သောလေသံဖြင့် ပြောလိုက်တော့သည်။ “ကျုပ် ဘယ်သူ့ကိုမှ နှစ်၁၀၀လောက်တွေ့မှာမဟုတ်ဘူး”

ယဲ့ဝေက စိုးရိမ်ပူပန်စွာ မေးလိုက်တော့သည်။ “ဘာဖြစ်ခဲ့တာလဲ ... အနည်းဆုံးတော့ ကျုပ်တို့ကိုရှင်းပြနိုင်မလား”

ကျန်သည့်အကြီးအကဲများ ယဲ့ဝေဘေးတွင်ရပ်ကာ ဦးညွှတ်လျက် ‌ယဲ့ကျန်း၏လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ သူတို့၏ အပြုအမူအရ သူတို့သည် ယဲ့ကျန်းက သူတို့ကို ဖြေရှင်းချက်မပေးခင်အချိန်အထိ လှုပ်ရှားမှာမဟုတ်တာ သိသာနေသည်။

ယဲ့ကျန်းက ဒေါသထွက်နေပြီဖြစ်သည်။ သူ နောက်ဆုံး၌ စိတ်လွတ်သွားကာဒေါသတကြီး အော်လိုက်၏။ “ယဲ့ဝေ ... ရာရာစစ”

ယဲ့ဝေက ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။ “ဆရာသခင် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”

“ထွက်သွား” ယဲ့ကျန်းက အော်ပြောလိုက်၏။

သို့သော်ငြား ယဲ့ဝေက မလှုပ်ခဲ့ပေ။ ကျန်သည့်အကြီးအကဲသုံးဦးကလည်း ဒူးထောက်ကာ တညီတညွတ်ကာ ပြောလိုက်တောာ့သည်။ “ဆရာသခင် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”

ယင်းသည် ယဲ့ကျန်း၏ဒေါသထဲ လောင်စာထည့်လိုက်ခြင်းနှင့်ဆင်တူသည်။ သူက အဝေးကို လက်ညှိုးထိုးပြီး ဒေါသတကြီးပြောလိုက်၏။ "မင်းတို့အားလုံးထွက်သွား”

ယဲ့ဝေက အဝေးကိုကြည့်ပြီး မေးလိုက်သည်။ “မင်းတစ်ယောက်တည်း ပြန်လာတာလား”

“မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား” ယဲ့ကျန်းသည် အကြီးအကဲလေးဦး၏ သဘောထားတစ်စုံတစ်ခု လွဲချော်နေကြောင်း ရုတ်တရက်ခံစားမိသွား၏။

“သူတို့သေသွားပြီလား” ယဲ့ဝေက ထပ်မေးလိုက်ကာ မဖြုံပေ။

ယဲ့ကျန်းက ယဲ့ဝေကို လျစ်လျူရှုထား၏။ သူက နာကျင်မှုကို တောင့်ခံပြီး အကြီးအကဲလေးဦးကို ဖြတ်ကျော် သွားသည်။ သူက ယဲ့ဝေကို ကျော်တော့မည့်အချိန်တွင် ...

ဝှစ်

စွမ်းအင်ဓားတစ်လက်က ရုတ်တရက်ပေါ်ထွက်လာပြီး ယဲ့ကျန်း၏ကျောကို ထိုးစိုက်လိုက်ရာ ရှေ့မှဓားဖျားက ထွက်လာ၏။ ၎င်းက သူ၏သွယ်လျသည့် ဒဏ်ရာရထားသည့် ခန္ဓာကိုအလွယ်တကူထိုးဖောက်သွားသည်။

ယဲ့ကျန်း၏မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာသည် ချက်ချင်းပင် ထိတ်လန့်မှု၊ မယုံနိုင်မှုတို့ အစားထိုးဝင်ရောက်လာ၏။

တောက်

အစိမ်းရောင်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာမှ လတ်လတ်ဆတ်ဆတ်သွေးများ စီးကျလာတော့သည်။ သူ့ဒဏ်ရာမှသွေးများသည် ခန္ဓာကိုယ်ထဲမှ အသက်ထွက်သည့်ပမာ စီးကျလာတော့၏။

ယဲ့ဝေက နာကျင်နေသော အမူအရာဖြင့် ထပ်လှုပ်ရှားလိုက်၏။ သူက ယန်နန်၏အမြန်ဆုံးဓားသိုင်းကို သုံးကာ ထိုးစိုက်လိုက်တော့သည်။

ယဲ့ကျန်းသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး သူသည် အစတည်းက ပြိုလဲလုနီးပါး ဖြစ်နေပြီးသားပေ။ သူက အစိမ်းရောင်စွမ်းအင်ဓားဖြင့် ထိုးစိုက်ခံလိုက်ရသည်။ ယခုသူက ချက်ချင်းပင် ဟန်ချက်ပျက်သွားကာ ဒူးထောက်ကျသွားတော့သည်။ သူက အကြောင်းအရင်းကို မေးချင်သော်ငြား ယင်းက အရေးမကြီးတော့ဟု ရုတ်တရက်ခံစားလိုက်မိသည်။ အရာအားလုံးအရေးမကြီးတော့ပေ။

“မင်းရဲ့သေခြင်းတရားနဲ့ပဲ ငါတို့ယန်နန်ကို ကာကွယ်ပေးနိုင်မှာ” ယဲ့ဝေက ပြောလိုက်၏။

အမည်မသိကုန်းမြေ၏ ယွီကျုံးထဲရှိ ဖျက်ဆီးခြင်းတိုင်လုံးတွင်ဖြစ်သည်။

“မျှော်နန်းသခင် ကျုပ်တို့တွေ နေရာအနှံ့ရှာပြီးပါပြီ။ ဆန်းကြယ်အသက်ဓာတ်မြက်ပင် ၂၃ခု၊ ဆန်းကြယ်ကျောက်တုံးငယ် ၆ခု၊ မီးကြာပွင့် ၁၂ခု၊ နှင်းကြာပွင့် ၁၅ပွင့်၊ သွေးဂျင်ဆင်း ၅ခု၊ ကောင်းကင်အဆင့်လက်နက် ၆ခုနဲ့ သားရဲဘုရင်နှစ်ကောင်ရဲ့အသက်ဓာတ်နှလုံးသား ရလာပါတယ်” ယန်ကျန်းလော့က သတင်းပို့လာ၏။

“အသက်ဓာတ်နှလုံးသားတွေလား”

“သားရဲဘုရင်တွေက တိုက်ပွဲထဲ မိသွားတာဖြစ်မယ်” ယန်ကျန်းလော့က ပြောလိုက်၏။

ကျောင်းယွိသည် ထိုစကားများကို ကြားသောအခါ သားရေကျလုနီးပါးဖြစ်နေသည်။ သူက အမြန်ရှေ့တိုးလျက် ဦးညွှတ်လျက်မေးလိုက်တော့သည်။

“ဆရာကြီး ကျုပ်တို့အရင်သဘောတူညီချက်ကကော”

“မင်းက အိမ်မက်မက်နေတာပဲ” မင်ရှစ်ရင်က စိတ်လေသွား၏။

“မင်းလို ခြံစည်းရိုးခွထိုင်တဲ့ကောင်ကို ရှစ်စွင်းက မသတ်တာတော်လှပြီ။ ဒါတောင် မင်းက ရတနာတွေ တောင်းရဲသေးတယ်ပေါ့”

ကျောင်းယွိ “...”

အဆုံးကျ ကျောင်းယွိက ပြောလိုက်သည်။ "ညီအစ်ကို ... ကျုပ်က လူသားတစ်ယောက် သေမှာကို ကြောက်တာပေါ့။ အသက်မရှင်ချင်တဲ့သူ ရှိလို့လား။ ကျုပ်က ဆရာကြီးကို သစ္စာမဖောက်ခဲ့သလို မင်းကို ထိခိုက်အောင်လည်း မလုပ်ခဲ့ဘူး။ အစတည်းက ကျုပ် ရိုးသားခဲ့တာပဲ”

လုကျိုးက ကျောင်းယွိကို တစ်ချက်ကြည့်ပြီးနောက် မေးလိုက်သည်။

“ငါ မေးတာ ရိုးရိုးသားသားဖြေ”

ကျောင်းယွိ၏မျက်နှာထက်တွင် ရွှင်ပြုံးနေသော အမူအရာကပေါ်လာပြီး အမြန်ပြောလိုက်၏။

“ကျွန်တော်သိထားသမျှ ပြောပြပါ့မယ် ဆရာကြီး”

“မင်းက မင်းကိုယ်မင်း တာ့ချင်တော်ဝင်မိသားစုရဲ့တစ်စိတ်တစ်ပိုင်းလို့ပြောတယ်။ မင်းရဲ့အထောက်အထားက မရိုးရှင်းဘူး။ မင်းက တော်ဝင်မိသားစုရဲ့ဆွေမျိုးသားချင်းလား ဒါမှမဟုတ် မင်းက အိမ်ရှေ့စံလား” လုကျိုးက မေးလိုက်၏။

ကျောင်းယွိက မှင်သက်သွားသည်။ မေးခွန်းက တဲ့တိုးဆန်၏။

လုကျိုး၏အကြည့်က ကျောင်းယွိ၏လူများဆီ ရောက်သွားသည်။ သူတို့သည် အစကနေအဆုံးထိ ကျောင်းယွိကို ရိုသေလေးစားသည်။ ကျောင်းယွိ၏လူတချို့ကဆို သူ့ထက်ကျင့်ကြံဆင့်ပိုမြင့်သော်ငြား လေးစားမှုမလျော့ကျပေ။ ယင်းက ကျောင်းယွိ၏အထောက်အထား ထူးကဲသာလွန်ကြောင်း သက်သေပြနေ၏။

စဉ်းစားပြီးနောက် ကျောင်းယွိက နောက်ဆုံး၌ ပြောလိုက်သည်။

“ဆရာကြီး အတွေးလွန်နေပြီ။ ကျုပ်က အင်အားနဲ့လွှမ်းမိုးမှုမရှိတဲ့ လူတစ်ယောက်ပါပဲ”

“သူ့ကို မီးကြာပွင့်တချို့ပေးလိုက်” လုကျိုးက ပြောလိုက်၏။ ယခုအချိန်တွင် သူ ကျောင်းယွိနှင့် ဖြုန်းစရာအချိန်မရှိပေ။ ဖျက်ဆီးခြင်းတိုင်လုံးက သူ့ရှေ့တွင် ရှိနေ၏။ သွားကြည့်ရမည့်အချိန်ရောက်ပြီဖြစ်သည်။

…

အခန်း (၁၂၇၈) ပေါင်းစည်းမှု

ယန်ကျန်းလော့က ကျောင်းယွိထံ မီးတောက်ကြာပွင့်တစ်ခု ပေးလိုက်သည်။ ကျောင်းယွိက ဆွံ့အသွားလေ၏။ သူက အသိပြန်ကပ်လာသည့်အခါ ပြောလိုက်သည်။

“လောင်ချန်းပေ့ ကျုပ်က အရာအားလုံးရဲ့တစ်ခုဆီကိုရဖို့ သဘောတူထားတာ မဟုတ်ဘူးလား။ ဒါက ‌ပြောထားသလို...”

“ဟမ်”

“အား ဘာမှမဟုတ်တော့ပါဘူး”

ကျောင်းယွိက မီးတောက်ကြာပွင့်ကို သိမ်းဆည်းပြီး အလျင်အမြန် ပြောလိုက်သည်။

ထို့နောက် သူက ယန်ကျန်းလော့က အိတ်ကို ချည်‌နှောင်နေသည်ကို စိုက်ကြည့်လိုက်၏။

ထိုစဥ် လုလီက လျှောက်လှမ်းလာ၏။ သူက ဖျက်ဆီးခြင်းတိုင်လုံးကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“မျှော်နန်းသခင် ကျုပ်တို့တွေ အဲ့ဒီ့ကို သွားမှာလား”

လုကျိုးက ခေါင်းညိတ်ပြီး ဖျက်ဆီးခြင်းတိုင်လုံး၏ အရှေ့ဘက်ဆီ ပျံသန်းသွားလိုက်သည်။

တိုင်လုံး၏ ထိပ်ကို လုံးဝမမြင်ရပေ။ ထိုအရာက အမှောင်ထုတိမ်တိုက်များကြား ထိုးထွက်နေသည့် တောင်သဖွယ် ဖြစ်နေလေ၏။

ဤအချိန်တိုအတွင်း အားလုံးက ဖျက်ဆီးခြင်းတိုင်လုံး၏ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာကြသည်။

တိုင်လုံး၏ အပေါ်ယံမျက်နှာပြင်က မညီမညာ ဖြစ်နေလေ၏။

“တိုင်လုံးရဲ့ပတ်လည်က မီတာ၁၀၀၀လောက် ရှိတယ်”

အဝေးမှကြည့်လျှင် သူတို့က ဖျက်ဆီးခြင်းတိုင်လုံးကို များများစားစား မတွေ့ကြပေ။ သို့သော်လည်း အနီးရောက်သွားသည့်အခါ ထိုအရာက မည်မျှတုတ်လဲ သဘောပေါက်သွားလေ၏။

“ရှစ်စွင်း ဒီဘက်မှာ”

ရှောင်ယွမ်အာက ဖျက်ဆီးခြင်းတိုင်လုံးထဲတွင် ရေးထိုးထားသည့် အဝင်ဝကို လက်ညှိုးထိုးကာ ခေါ်လိုက်သည်။

အားလုံးက ပြေးသွားလိုက်ကြသည်။ အဝင်ဝက လူလုပ်ထားသည်နှင့် တူညီသည်။

လုဝူ၏ အရွယ်အစားကြောင့် တစ်ခြားသူများက ဖျက်ဆီးခြင်းတိုင်လုံးအတွင်း ဝင်ရောက်သွားစဥ် သူကမူ အပြင်ဘက်၌သာ စောင့်နေခဲ့ရသည်။

“ထောင်ချောက်တွေကို သတိထားအုံး”

တိုင်လုံး၏ပတ်လည်က မီတာ၁၀၀၀ရှိသည်ကိုမှတ်ယူကာ သူတို့က မီတာ၃၀၀ ၄၀၀အတွင်း ရောက်ရှိသွားလေသည်။ ထောင်ချောက်များများစားစား မရှိပေ။

အားလုံးက တိုင်လုံး၏အထဲကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြ၏။ မည်သို့ပင်ဆိုစေကာမူ အထဲက စက်ဝိုင်းသဏ္ဍာန်သာ ဖြစ်နေသည်။ ဘာကိုကြည့်ကြည့် မမြင်ရပေ။ တိုင်လုံး၏ အလယ်ဗဟို၌ မီတာ၂၀၀ပတ်လည်ရှိသည့် မြေကြီးပေါ်တွင် စက်ဝိုင်းတစ်ခု ရှိနေလေ၏။ ထိုနံရံများက ထူးထူးဆန်းဆန်းသင်္ကေတများဖြင့် ပြည့်နှက်နေသည်။

လုကျိုးက ညအမြင်ရှိသည့်အတွက် သူက ထိုနေရာကို သေသေချာချာ ကြည့်လိုက်သည်။

ထိုနေရာက မြင့်မားလာလေလေ အထဲ၌ ပိုမိုကျဥ်းမြောင်းလာလေ ဖြစ်၏။

အံ့သြဖို့အကောင်းဆုံးအရာက မြေကြီးအထက် ၅၀မီတာခန့်ပတ်လည်ကို လွှမ်းခြုံထားသည့် အပြာရောင်အလင်းတစ်ခု ရှိနေလေသည်။ မြေကြီးကို အပြာရောင်သလင်းကျောက်များဖြင့်ပြည့်နှက်နေသည့် အပြာရောင်အလင်းစက်လုံးဖြင့် လွှမ်းခြုံထားလေ၏။ သူတို့ကို သေသေချာချာ စီရင်ထားပြီး အလယ်ကို ညွှန်ပြနေသည်။ အပြာရောင်သလင်းကျောက်များ၏ စွမ်းရည်ကို စုပ်ယူနေသည့် အပြာရောင်ပုလင်းတစ်ခု ရှိနေလေသည်။ အပြာရောင်အလင်းစက်လုံးကြားတွင် စွမ်းအင်များက တစ်ခုနှင့်တစ်ခုရစ်ပတ်ပြီး သဟဇာတဖြစ်စွာ စီးဆင်းနေလေ၏။ ထိုအရာက ကျယ်ပြောလှသည့် စကြာဝဠာကြီးနှင့် တူလေသည်။ ထို့နောက် စွမ်းအင်များက ဖျတ်ကနဲ လက်သွားကာ ညအခါမှ ကြယ်တာရာများနှင့် တူနေလေသည်။

“အထဲမှာ စကြာဝဠာတစ်ခု ရှိနေသလိုပဲ”

အားလုံးက သူတို့ရှေ့တွင်ရှိနေသည့်မြင်ကွင်းကြောင့် ကြောင်အမ်းသွားကြ၏။

“ဒါက မဟာလေဟာနယ်မျိုးစေ့မလား”

ကျောင်းယွိက အပြာရောင်သလင်းကျောက်နှင့် တူသည့်ပုလင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ သူက ထိုနေရာဆီ သွားကာ ထိတွေ့ဖို့ကြိုးစားလိုက်၏။ သို့သော်လည်း သူ့လက်ချောင်းက အပြာရောင်စက်လုံးနှင့် ထိတွေ့သွားသည့်အခါ လျှပ်စီး စီးဆင်းသွားသလို ခံစားမိပြီး လွင့်စဉ်သွားလေသည်။

“ဘမ်း”

ကျောင်းယွိက လွင့်စဉ်သွားပြီး အတွင်းနံရံနှင့် ဝင်တိုက်မိသွားလေသည်။

နံရံက အလွန်မာကျောဟန်ပေါ်သည်။ ကျောင်းယွိ၏အလေးချိန်ကြောင့် အက်ကြောင်းပင် ဖြစ်မလာခဲ့ပေ။

ကျောင်းယွိက ချောင်းအသာဟန့်ပြီ အပြာရောင်စက်လုံးကို တအံ့တသြကြည့်လိုက်သည်။ နာကျင်မှုက စာမဖွဲ့လောက်ပေ။

တစ်ခြားသူများ ကျောင်းယွိကို ကြည့်ရင်း သူတို့ရှေ့မှ မြင်ကွင်းကို ထပ်မံကြည့်လိုက်ကြသည်။

လုကျိုးက သက်ပြင်းအသာချလိုက်သည်။ သူက ဤနေရာတွင် အပြာရောင်သလင်းကျောက်များစွာ ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အကယ်၍ သူသာကိုယ်တိုင် မမြင်ရလျှင် မဟာလေဟာနယ်မျိုးစေ့အတွက် အပြာရောင်သလင်း‌ကျောက်များက မြေကြီးဖြစ်လိမ့်မည်ဟု မည်သူကများ ယုံမည်နည်း။

အကယ်၍ အနီးကပ်ကြည့်ပါက အပြာရောင်သလင်း‌ကျောက်များကိုသာ မြင်တွေ့နိုင်လေသည်။ ထိုအရာက သလင်းကျောက်မဟုတ်ဘဲ မြေကြီးသဖွယ် ဖြစ်နေလေ၏။ မြေကြီးက ထိုသို့ဖြစ်နေရသည်မှာ အပြာရောင်အလင်းစက်လုံးမှ အလင်းရောင်ကြောင့် ဖြစ်သည်။ ထိုအရာက ဖျက်ဆီးခြင်းတိုင်လုံး၏အထဲမှ ထွက်လာပြီးသည့်နောက်တွင် သလင်းကျောက်အဖြစ် ဖွဲ့စည်းသွားလိမ့်မည်။

“ဒါက မဟာလေဟာနယ်မျိုးစေ့ မျိုးဆက်အသစ်ပဲ။ နောက်နှစ်၃၀၀အတွင်းမှာ အရမ်းကို ကြီးထွားလာလိမ့်မယ်။ နောက်နှစ် ၃၀၀၀၀ နေရင် ဘယ်လိုများဖြစ်နေမလဲ”

မဟာလေဟာနယ်မျိုးစေ့များအတွက် ရင့်မှည့်ဖို့ နှစ် ၃၀၀၀၀ ကြာမြင့်လေသည်။ လူအများစုက ထိုမျှ ကြာကြာမနေနိုင်ကြပေ။ ဆရာသခင်ပင် နှစ်၃၀၀၀၀မျှသာ နေထိုင်နိုင်လေ၏။

ထိုစဥ် အားလုံးက မဟာလေဟာနယ်မျိုးစေ့ကို သူတို့အတွက်သူတို့ယူဖို့ အတွေးမျိုး တွေးမိကြသည်။

သူတို့ရှေ့တွင် မဟာလေဟာနယ်မျိုးစေ့ရှိနေလေရာ ထိုသို့အတွေးမျိုး မတွေးမိသူဟူ၍ မည်သူကများ ရှိမည်နည်း။

လုကျိုးတစ်ယောက်တည်းကသာ ထိုအတွေးမျိုး မရှိပေ။

သူက မဟာလေဟာနယ်မျိုးစေ့ ၁၀ စေ့ရရှိထားလေသည်။

“ရှစ်စွင်း အဲဒါကို ယူသွားမှာလား”

ရှောင်ယွမ်အာက ရှေ့တိုးကာ သိချင်စွာမေးလိုက်သည်။

သို့သော်လည်း သူမက မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသော်လည်း တွန်းထုတ်ခံလိုက်ရသည်။ ကျောင်းယွိနှင့် မတူဘဲ သူမက အကွာအဝေးတစ်ခုမျှသာ တွန်းပို့ခံလိုက်ရသည်။

“မြေကြီးပဲ ယူလိုက်” လုကျိုးက ပြောလိုက်သည်။

“ကျုပ် ကြိုးစားကြည့်ပါရစေအုံး”

ယန်ကျန်းလော့က ပြောလိုက်သည်။ သို့သော်လည်း သူကလည်း လွင့်စဉ်သွားခဲ့၏။ ခုံဝမ်နှင့် တစ်ခြားသူများကလည်း တူညီသည့်ရလာဒ်သာ ရလိုက်သည်။

အဆုံးသတ်၌ မိစ္ဆာဝေဟင်မျှော်နန်း၏ အနည်းငယ်တွန်းပို့ခံရသည့် တပည့်၉ယောက်ကလွဲ၍ ‌ကျောင်းယွိလူများကလည်း လွင့်စဉ်သွားကြလေသည်။ လုကျိူး တပည့်များ၏ မူမမှန်မှုကို မည်သူကမျှ သတိမထားမိကြပေ။

ဤတစ်ကြိမ် မင်ရှစ်ရင်က မကြိုးစားကြည့်ရသေးသည့် တစ်ဦးတည်းသောသူ ဖြစ်၏။

“စစ်ရှစ်ရှိုး ကြိုးစားကြည့်သင့်သည်”

ရှောင်ယွမ်အာက ပြောလိုက်သည်။

ယွီကျန့်ဟိုင်က ဝင်ပြောလိုက်သည်။

“ထျန်းဝူပြောတာ ဟုတ်နိုင်တယ်။ မင်းကပဲ ဒီအပြာရောင်စက်လုံးကို ကျော်ဖြတ်နိုင်လောက်တယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

လုကျိုးက ပြောလိုက်သည်။

“လောင်စစ် စမ်းကြည့်အုံး”

“ဟုတ်ကဲ့ ရှစ်စွင်း”

မင်ရှစ်ရင်က သိပ်ယုံကြည်ချက် မရှိပေ။ သခင်ကျန်းနန်နှင့် ထျန်းဝူတို့က သူ့ခန္ဓာကိုယ်ထဲရှိ မဟာလေဟာနယ်မျိုးစေ့သည် ဤနေရာမှဖြစ်ကြောင်း အတည်ပြုထားသော်လည်း သူက ယုံကြည်ဖို့ ခက်ခဲနေဆဲသာ ဖြစ်၏။ သူက တွန်းထုတ်ခံရဖို့ ရည်ရွယ်ချက်နှင့် ရှေ့တိုးသွားလိုက်သည်။ သို့သော်လည်း သူက အပြာရောင်စက်လုံးနှင့် ထိတွေ့မိသည့်အခါ သူ့လက်က ပင်လယ်ထဲနစ်မြုပ်သွားသလို ခံစားလိုက်ရ၏။ အပူချိန်က သက်တောင့်သက်သာဖြစ်လွန်းလှသည်။ သူက မလွင့်စဉ်သွားရုံမျှသာမက သက်တောင့်သက်သာ ဖြစ်နေလေ၏။

အားလုံးက ထိုအရာကိုမြင်ကာ ပျော်ရွှင်သွားကြသည်။ မင်ရှစ်ရင်က ဆက်လက်ရှေ့တိုးလာလေသည်။ သူက အပြာရောင်စက်လုံးကို ခြေတစ်ဖက်ကြွကာ ဝင်ရောက်လိုက်သည်။

မင်ရှစ်ရင်က လှည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။

“ကြည့်ရတာ ကျွန်တော်က တကယ့်ကို ရွေးချယ်ခံ ထင်တယ်”

“...”

“ဒီနေရာမှာ အရမ်းကို သက်တောင့်သက်သာ ရှိတယ်”

မင်ရှစ်ရင်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

သူက အရမ်းကို စွမ်းအားပြည့်နှက်နေသလို ခံစားလိုက်ရသည်။

“စတုတ္တသခင်လေး ဂုဏ်ပြုပါတယ်”

“စစ်ရှစ်ရှိုး ဂုဏ်ပြုပါတယ်”

မင်ရှစ်ရင်က လက်ဝှေ့ကာ ပြောလိုက်သည်။

“ဘာမှ လောကွတ်ချော်နေဖို့ မလိုပါဘူး”

မင်ရှစ်က အပြာရောင်မြေကြီးမှ အပြာရောင်စွမ်းအားက လွင့်ထွက်လာပြီး သူ့ဆီတိုးဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုအရာက သူ့ခန္ဓာကိုယ်ထဲမှ မဟာလေဟာနယ်မျိုးစေ့မှ စွမ်းအားနှင့် တူညီနေ၏။ သူ့ရှေ့တွင်ရှိနေသည့် မဟာလေဟာနယ်မျိုးစေ့က သူ့ခန္ဓာကိုယ်ထဲမှာရှိနေသည့်တစ်ခုနှင့် သဟဇာတဖြစ်နေတာလားဟု စဥ်းစားနေစဥ် စွမ်းအားများက အဆုံးမဲ့ စီးဆင်းလာလေသည်။ ထိုစွမ်းအားက သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲ ဝင်ရောက်သွားလေ၏။

ကျောင်းယွိက တအံ့တသြ ရေရွတ်လိုက်၏။

“သူက ဖျက်ဆီးခြင်းတိုင်လုံးကနေ အသိအမှတ်ပြုခံရပြီဆိုတော့ ဒီမဟာလေဟာနယ်မျိုးစေ့က သူနဲ့ပေါင်းစည်းသွားတော့မှာ”

“သူနဲ့ပေါင်းစည်းသွားမှာလား”

“မဟာလေဟာနယ်မျိုးစေ့က ဆေးဖက်ဝင်ဆေးလုံးပဲလေ။ လူတိုင်းအတွက်တော့ ဘယ်တူပါ့မလဲ။ တစ်ချို့လူတွေက စွမ်းအားရဲ့ ၁၀ပုံ၁ပုံလောက်ကိုပဲ ပြသနိုင်ပေမဲ့ တစ်ချို့ကျ စွမ်းအားအပြည့်ပြသနိုင်တယ်။ ပေါင်းစည်းပြီးတဲ့နောက်မှာ သူက မဟာလေဟာနယ်မျိုးစေ့ရဲ့အလားအလာကိုထုတ်လွှတ်တိုင်လိမ့်မယ်။ အခုကစပြီး သူ့ကျင့်ကြံစဥ်က ရူးလောက်‌‌အောင် မြင့်တက်သွားတော့မှာ”

ကျောင်းယွိက ပြောလိုက်သည်။

မင်ရှစ်ရင်က လက်ဝှေ့ကာ နှိမ့်ချ ပြောလိုက်သည်။

“အဲ့‌လောက်ကြီးလည်း မဟုတ်ပါဘူး။ တကယ်တော့ ကျုပ် ကျင့်ကြံဆင့်က နဂိုတည်းက အတော်လေးမြန်ဆန်နေပြီးသား”

“...”

ထိုသို့ နှိမ့်ချပြောနေသော်လည်း ထိုစကားများက အင်မတန် ကြွားလုံးထုတ်နေကြောင်း သိသာလှသည်။

လုကျိုးလည်း အံ့အားသင့်နေမိ၏။ သူ့တပည့်များအားလုံးအနက် မဟာလေဟာနယ်မျိုးစေ့က ရှောင်ယွမ်အာနှင့်မင်ရှစ်ရင်တို့အပေါ် အကောင်းဆုံးသက်ရောက်မှုမျိုးရှိကြောင်း သိထားလေသည်။ သို့သော်လည်း အစောပိုင်းနေ့ရက်များ၌ မင်ရှစ်ရင်၏ ကျင့်ကြံရေးနည်းလမ်းက ပစ်ချက်များဖြင့် ပြည့်နှက်နေပြီး ကျင့်ကြံနှုန်း လျော့ကျနေခဲ့သည်။ အဆိုးဆုံးသူက တွမ့်မူရှန်း ဖြစ်၏။ ကံကောင်းစွာဖြင့် လုဝူ၏ အကူအညီဖြင့် တွမ့်မူရှန်း၏ မဟာလေဟာနယ်မျိုးစေ့က သူ့ခန္ဓာကိုယ်ထဲရှိ ကွဲပြားသော စွမ်းအင်များနှင့် ပေါင်းစည်းသွားခဲ့သည်။

အကယ်၍ ထျန်းဝူပြောသည်သာ အမှန်ဖြစ်နေပါက သူ့တပည့် ၁၀ယောက်လုံးသည် ဖျက်ဆီးခြင်းတိုင်လုံးကနေ အသိအမှတ်ပြုခံရပြီး သူတို့ခန္ဓာကိုယ်ထဲမှ မဟာလေဟာနယ်မျိုးစေ့၏ အလားအလာကို အပြည့်အဝထုတ်လွှတ်နိုင်မည် မဟုတ်ပါလော

ထိုစဥ် အပြာ‌ရောင်စက်လုံးမှ စွမ်းအားတို့က အသံမြည်လာပြီး အပြာရောင်လျှပ်စီး မြင့်တက်လာသည်။ ထို့နောက် ဖျက်ဆီးခြင်းတိုင်လုံးက စတင် လှုပ်ခတ်လာလေ၏။

All Chapters