← Chapters

အခန်း (၁၂၇၉-၁၂၈၁)

Vol. 86 Ch. 1279-1281

အခန်း (၁၂၇၉-၁၂၈၁)

Vol. 86 Ch. 1279-1281

အခန်း (၁၂၇၉) မျိုးစေ့တစ်ခုနှင့် အသက်သစ်တစ်ချောင်း

မည်သူမှ မတုံ့ပြန်နိုင်သေးခင် လျှပ်စီးက ပေါ်ထွက်လာပြီး ပျောက်ကွယ်သွားတော့၏။

ဖုန်း

ပေါက်ကွဲသံက လေထဲပြန့်လွင်လာတော့သည်။ ထိုစဉ် မင်ရှစ်ရင်က လေထဲပျံဝဲနေတော့၏။ သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်တွင် စွမ်းအင်အားလုံးစုဝေးနေသောအခါ စွမ်းအင်သည် ပင့်ကူမျှင်ပမာ ရုတ်တရက်ပစ်ထုတ်လျက် သူ၏ခန္ဓာကိုယ်ကို ချည်နှောင်လိုက်တော့သည်။

“ဘာတွေဖြစ်နေတာလဲ”

လူတိုင်းက ထိတ်လန့်အံ့အားသင့်သွားလေ၏။

မင်ရှစ်ရင်ကမူ ဘယ်ညာကြည့်ပြီး ကြက်သေသေနေလေ၏။ ပြီးနောက် သူသည် ခွဲခွာချိတ်ကောက်ကို အမြန်ဆွဲထုတ်ပြီးနောက် အပြာရောင်စက်လုံးထဲ သွားလိုက်ပြန်လိုက်လုပ်နေပြီး စွမ်းအင်ကို ပိုင်းဖြတ်ရန်ကြိုးစားလိုက်သည်။ ခွဲခွာချိတ်ကောက်ကာ လေကိုဖြတ်သွားရုံသာ ပေါ်၏။ အကျိုးသက်ရောက်မှု မရှိပေ။ တစ်ချိန်တည်းတွင် စွမ်းအင်က သူ့ကို ဆက်ဆွဲချနေသည်။

မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်၏။ “ငါ ကောင်းကင်ဘုံကို သွားနေတာလား”

“ရှစ်တိ မင်းကို ကူညီမယ်” ယွီကျန့်ဟိုင်က ပြောလိုက်၏။ သူက ခြေအသာထောက်လျက် လေထဲခုန်တက်လိုက်တော့သည်။ သူသည် လက်နှစ်ဖက်ဖြင့် နဂါးသွဲ့ကျောက်ဓားမော့ကို ကိုင်ဆောင်ထားစဉ် ၎င်းက မိုးနှင့်မြေကို ထက်ခြမ်းခြမ်းနိုင်စွမ်းပိုင်ဆိုင်ထားသည့် ဧရာမစွမ်းအားဓားသွားတစ်ခုကို ပစ်လွှတ်လိုက်တော့သည်။

ဘန်း

စွမ်းအင်ဓားသွားက အပြာရောင်စက်လုံးအပေါ်ကျရောက်သွားသည်နှင့် ၎င်းသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

လူတိုင်းက အကြည့်တစ်ချက် ဖလှယ်ပြီးနောက် သူတို့၏စွမ်းအင်များကို ထုတ်သုံးကာ အပြာရောင်စက်လုံးကို ဖြိုခွဲရန် ကြိုးစားလိုက်သည်။ သူတို့ကြိုးပမ်းမှုအားလုံးက အချည်းနှီး ဖြစ်သွားလေ၏။

ကျောင်းယွိက မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။

“သူက ဖျက်ဆီးခြင်းတိုင်လုံးရဲ့အသိမှတ်ပြုမှုကို ရပြီးပြီဆိုတော့ တိုင်လုံးထိပ်က သင်္ကေလမ်းကြောင်းဆီ ခေါ်သွားခံရတော့မှာမလား”

“အခုက ဒီအကြောင်းပြောရမဲ့အချိန်မဟုတ်ဘူး။ မြန်မြန် စတုတ္ထသခင်လေးကို ကယ်ဖို့စဉ်းစား ခုံဝမ်က ပြောလိုက်၏။

သူတို့သည် အပြာရောင်စက်လုံးဆီ ချဉ်းကပ်ဖို့ကြိုးစားခဲ့သော်ငြား မည်မျှကြိုးစားစေကာမူ တွန်းထုတ်ခံလိုက်ရ၏။ အနားသို့မကပ်နိုင်ခဲ့ပေ။

တစ်ချိန်တည်းတွင် အဖြူရောင်နန်းတော်ထဲ၌ဖြစ်သည်။

အမျိုးသမီးလက်ထောက်က နန်းတော်ထဲသို့ကမန်းကတန်းဝင်လာပြီး ပြောလိုက်တော့သည်။

“ဆရာ” နန်းတော်အပြင်ဖက်က ရံရွေတော်က ဦးညွှတ်လျက် “ဆရာ လေးမြတ်ခန်းမက မဟာလေဟာနယ်မျိုးစေ့တစ်ခု ရင့်မှည့်တဲ့အကြောင်း သတင်းပို့လာတယ်”

တရားထိုင်နေသည့် လန်ရှီဟယ်က မျက်လုံးချက်ချင်းဖွင့်လိုက်တော့သည်။ သူမ မျက်လုံးထဲ ထိတ်လန့်မှုအရိပ်အယောင်ပေါ်လာ၏။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

မဟာလေဟာနယ်မျိုးစေ့တို့သည် နှစ်ပေါင်း သုံးသောင်းလျှင် တစ်ကြိမ်ရင့်မှည့်၏။ ယင်းက သူ၏ပုံစံသာဖြစ်သည်။ မဟာလေဟာနယ်မျိုးစေ့ရင့်မှည့်ပြီး နှစ်သုံးရာသာရှိသေးသည်။ ဤမျှလျင်မြန်စွာရင့်မှည့်ဖို့က မဖြစ်နိုင်ပေ။ ထို့အပြင် မဟာလေဟာနယ်စူးစမ်းရှာဖွေရေးခရီးစဉ်၌ သူ ပါဝင်ခဲ့သည်။ ထိုကြောင့် အခြေအနေက ဘာမှန်း သူမသိ၏။

“အထွတ်အမြတ်ခန်းမရဲ့သတင်းပို့သူ ပြောတာတော့ အမှားအယွင်းမရှိလောက်ဘူးတဲ့။ သူက မဟာပြုန်းတီးမြေကလို့ပြောတယ်။ စုံစမ်းစစ်ဆေးဖို့ လူလွှတ်လိုက်ပြီ” အမျိုးသမီးလက်ထောက်က ပြန်ပြောလိုက်၏။

လန်ရှီဟယ်က ခေါင်းခါလိုက်သည်။ “သူတို့က ဒီကိစ္စကို အတည်ပြုဖို့ပြင်ဆင်နေပြီဆိုတော့ ဒီအကြောင်း လူတွေအများကြီး သိပြီးသားလို့ ဆိုလိုနေတာမဟုတ်လား”

“မဟုတ်ဘူး ... လူအနည်းစုပဲ ဒီကိစ္စကို သိတယ်။ အထွတ်အမြတ်ခန်းမအပြင်ဖက်က သတင်းပို့သူပြောတာက ဆရာနဲ့ကျွန်မပဲ ဒီကိစ္စကို သိတာတဲ့” အမျိုးသမီးလက်ထောက်က ပြောလိုက်၏။

“ဆက်စုံစမ်းထား။ လိုအပ်လာရင် ငါကိုယ်တိုင် မဟာပြုန်းတီးမြေကိုသွားမယ်” လန်ရှီဟယ်က ပြောလိုက်၏။

“နားလည်ပါပြီ”

ယခင်က မဟာပြုန်းတီးမြေဟု သိကြသည့် ယွီကျုံးတွင်ဖြစ်သည်။

ဖျက်ဆီးခြင်းတိုင်လုံးထဲ၌ မိစ္ဆာဝေဟင်မျှော်နန်းထဲမှ လူများက ကူကယ်ရာမဲ့နေစဉ် မင်ရှစ်ရင်က လေထဲ မြင့်တက်သည်ထက် မြင့်တက်သွား၏။ အပြာရောင်စက်လုံးရှိ စွမ်းအင်က သူ့ကို ဆက်ဆွဲချနေသည်။

“နောက်ဆုတ်ကြ” နောက်ဆုံးတွင် လုကျိုးက ပြောလိုက်သည်။

လူတိုင်းက နောက်ဆုတ်လိုက်လေ၏။

လုကျိုးက ရှေ့သို့လျှောက်သွားကာ စက်လုံးပေါ် လက်တင်ထားလိုက်သည်။ သူသည် လျှပ်စီးကြောင်းမှ ထုံကျဉ်သည့်ခံစားမှုကို ရလိုက်ပြီး အနည်းငယ်တွန်းကန်မှုကို ခံစားရသည်။ ကျန်သည့်သူများနှင့် မတူဘဲ သူက တွန်းထုတ်မခံရပေ။ ဖိအားက သူ့ကို တွန်းထုတ်နိုင်လောက်အောင် မပြင်းထန်သောကြောင့် သူ ထိန်းထားနိုင်၏။ သို့သော်ငြား လျှပ်စီးကြောင်းကဲ့သို့စွမ်းအင်က သူ့ကို အနည်းငယ်ထုံကျဉ်ပြီး မသက်မသာဖြစ်စေသည်။

လုကျိုးသည် ကောင်းကင်စွမ်းအင်များ လျော့ပါးသွားသောကြောင့် သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုသာ သုံးလိုက်သည်။ အစောတုန်းက သူ၏ကောင်းကင်စွမ်းအားကို နတ်ခြင်္သေ့က ပြန်လည်ဖြည့်တင်းပေးပြီးနောက် သူသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို စွမ်းအားဖြည့်ပေးရန်သုံးခဲ့ပြီး ကျန်ရှိသည်များကို လုဝူပေါ်တွင် သုံးခဲ့၏။ ကံကောင်းသည်မှာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ယခုဆို ပွင့်ချပ်နှစ်လွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်လာသောကြောင့် ဤမျှအားမနည်းတော့ပေ။

ကောင်းကင်စွမ်းအားထွက်ပေါ်လာပြီး သူ၏ထူးကဲချီသွေးကြောရှစ်ခုကို ဖြတ်ကျော်သွားကာ လက်ဖဝါးမှ ထွက်လာတော့သည်။

ဝှစ်

ဤနည်းဖြင့် အပြာရောင်စက်လုံးက လူတိုင်းရှေ့တွင် ပွင့်လာတော့သည်။

လုကျိုးက အပြာရောင်စက်လုံးထဲဝင်သွား၏။ ဤနေရာရှိစွမ်းအားက ကောင်းကင်စွမ်းအားနှင့် တူသော်ငြား တစ်ချိန်တည်းတွင် ကွာခြားနေ၏။ မြေကြီးထဲမှ မဟာလေဟာနယ်စွမ်းအင်က ဝေ့တက်လာပြီး သူ့ကိုစိတ်မသက်မသာဖြစ်စေသည်။

“ဆင်းလာခဲ့” လုကျိုးက လက်မြှောက်လျက် မိစ္ဆာကိုယ်တော်၏လက်စည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။ သူက ဤလက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးရန် ကိုယ်ပိုင်ကျင့်ကြံဆင့်ကို အသုံးပြုခဲ့သောကြောင့် လွယ်လင့်တကူသုံးနိုင်၏။

လက်ဝါးစည်းတံဆိပ်က မင်ရှစ်ရင်ကို ဖမ်းဆွဲကာ ဆွဲချလိုက်၏။ သို့သော်ငြား အရပ်မျက်နှာအားလုံးမှ စွမ်းအားတို့သည် သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ထဲ ဆက်လက်တိုးဝင်လာပြီး အပြာရောင်အလင်းက တောက်ပသည်ထက် တောက်ပလာ၏။

“ထိုင်လိုက်”

“နားလည်ပါပြီ” မင်ရှစ်ရင်က သူ့ကို ပြောသည့်အတိုင်းလုပ်၏။ သူက အသက်ရှုသွင်းရှုထုတ်လုပ်ကာ အသက်ရှုနှုန်းကို ထိန်းညှိလိုက်၏။ မကြာမီ၌ စွမ်းအင်က ငြိမ်သက်မနေတော့ဘဲ စွမ်းအားဗဟိုချက် ချီပင်လယ်ထဲသို့ တိုးဝင်လာသည်။ ဤနည်းဖြင့် ပတ်ဝန်းကျင်က ပုံမှန်ပြန်ဖြစ်သွားလေ၏။

ကျောင်းယွိသည် ယင်းကြောင့် ဇဝေဇဝါဖြစ်သွားတော့သည်။ သူက မယုံနိုင်စွာ မေးလိုက်တော့သည်။

“ဆရာကြီး အပြာရောင်စက်လုံးထဲ ဝင်နိုင်တယ်လား။"

လုကျိုးသည် ကျောင်းယွိကိုအာရုံမစိုက်ခဲ့ပေ။ သူက တဖြည်းဖြည်းချင်း တည်ငြိမ်သွားသည့် မင်ရှစ်ရင်ကိုသာ စူးစိုက်ကြည့်နေသည်။ ပြီးနောက် သူသည် မျိုးစေ့တစ်စေ့နှင့် တူသည့် မဟာလေဟာနယ်မျိုးစေ့ကို ကြည့်ပြီးနောက် သူ့ဘေးသို့ရွေ့လိုက်၏။ ပြီးနောက် သူက ရှေ့တိုးကာ ၎င်းကို အနံ့ခံလိုက်သည်။ တမူထူးကဲသော ရနံ့က သူ၏နှာခေါင်းဝကို ရောက်လာပြီး သူ့ကို အချိန်နှင့်လေဟာနယ်ကို ဖြတ်သန်းရသလို ခံစားရစေ၏။ ရင်းနှီးနေသော်ငြား စိမ်းသက်နေသော ခံစားချက်က သူ့စိတ်ထဲတွင် ပေါ်လာပြီး ၎င်းက သူ့စိတ်ထောင့်ရှိ ချိတ်ပိတ်ခံ မှတ်ဉာဏ်ကို ဖွင့်လိုက်တော့သည်။ သူက မြင်ကွင်းတစ်ခုကိုသာ မြင်လိုက်ရ၏။ ကျိထျန်းတောက်က မဟာလေဟာနယ်မျိုးစေ့တစ်ခုကို ကောက်ယူနေတာပဲဖြစ်သည်။

လုကျိုးသည် သူ၏တစ်ကိုယ်လုံးဖြတ်သန်းသွားသည့်လျှပ်စီးကြောင်းကို ခံစားမိသောအခါ အနည်းငယ်ထိတ်လန့်သွား၏၊။ သူ၏ခန္ဓာကိုယ် ခြေဖျားကနေ ခေါင်းထိအောင် ထုံကျဉ်သွားသည်။ ပုရွတ်ဆိတ်ပေါင်းများစွာ သူ့ပေါ်တွားသွားတက်လာသလိုပင်။

သူ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ မဟာလေဟာနယ်စွမ်းအင်သည် မှတ်ဉာဏ်အနည်းငယ်ကို ဖွင့်ပေးခဲ့၏။ ယင်းက လုံလောက်ဖို့ဝေးသေးသည်။

လုကျိုးသည် လူတိုင်းတပ်မက်ကာ ယင်းအတွက် အသက်ပေးလိုကြသည့် မဟာလေဟာနယ်မျိုးစေ့ကို စိုက်ကြည့်နေမိသည်။ ရင့်မှည့်ချိန်မှစပြီး ကောက်ယူရမှာဖြစ်သည်။ ယခုအချိန်တွင် ၎င်းစွမ်းအင် ရင်းနှီးနေပြီး သက်တောင့်သက်သာရှိစေ၏။

လုကျိုးသည် မြေပြင်ပေါ်ရှိ မြေဆီလွှာများကို ကြည့်ပြီးနောက် ၎င်းကို လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ဤနည်းဖြင့် ဖျက်ဆီးခြင်းတိုင်လုံးက တုန်ယင်လာပြန်သည်။ ပြီးနောက် ပဉ္စလက်ဆန်သော မြင်ကွင်းတစ်ခု ပေါ်လာ၏။ လုကျိုးက မြေဆီလွှာကို ယူသွားပြီးနောက် အပေါက်ပေါ်လာကာ မှော်ဆန်ဆန်ပင် ပြန်ပြည့်သွားသည်။ ပြီးနောက် သူ၏လက်ထဲရှိ မြေဆီလွှာက အပြာရောင်သလင်းအဖြစ် ခဲသွားပြီးနောက် မဟာလေဟာနယ်စွမ်းအင်ဖြင့် တောက်ပနေတော့သည်။

လုကျိုး၏သိချင်စိတ်က နှိုးဆွခံလိုက်ရသည်။ သူက ခါးညွှတ်လျက် နောက်ထပ် မြေဆီလွှာလက်တစ်ဆုပ်စာယူလိုက်သည်။

ဘန်း

ယခုအခေါက်တွင် တုန်လှုပ်မှုက ပိုအားကောင်းလာကာ အပေါ်ကနေ ကျောက်တုံးတစ်တုံး ပြုတ်ကျလာ၏။ ကျောက်တုံးက အပြာရောင်စက်လုံးနားကျလာသည့်အချိန်တွင် လျှပ်စီးကဲ့သို့စွမ်းအင်က ၎င်းကိုရစ်ပတ်လိုက်သည်။ ဤနည်းဖြင့် ကျောက်တုံးက နတ္ထိဖြစ်သွားလေ၏။ ဘယ်တော့မှ မရှိခဲ့သည့်ပမာပင်။

လုကျိုးက ထပ်ခါးညွှတ်လိုက်ပြန်၏။

လုကျိုးက မြေဆီလွှာကို ထပ်ကောက်ယူတော့မည့်အချိန်တွင် ယန်ကျန်းလော့က လှမ်းခေါ်လိုက်သည်။ “မျှော်နန်းသခင်”

“ဟမ်”

“ကြည့်ပါဦး” ယန်ကျန်းလော့သည် အလယ်ရှိမဟာလေဟာနယ်မျိုးစေ့၏ အလယ်ကို လက်ညှိုးထိုးပြလိုက်သည်။

လုကျိုးက လှည့်ကြည့်လိုက်သည့်အချိန်တွင် မဟာလေဟာနယ်မျိုးစေ့သည် ယခင်ကထက်အနည်းငယ် ပိုတောက်ပလာပုံပေါ်တာကို တွေ့လိုက်ရသည်။ ထိုအရာအပြင် စီးဆင်းနေသော စွမ်းအင်က အနည်းငယ်နှေးသွားပုံပေါ်၏။ တနည်းအားဖြင့် လုကျိုးက မြေဆီလွှာကို ဆက်ယူနေမည်ဆိုပါက သူသည် မဟာလေဟာနယ်မျိုးစေ့ကို နောက်ဆုံး၌ ဖျက်ဆီးမိသွားမည်။

ထားလိုက်တော့ ... လုကျိုးက ခါးပြန်မတ်လိုက်သည်။

တစ်ချိန်တည်းတွင် မင်ရှစ်ရင်က အပြာရောင်အလင်းတောက်ပမနေတော့ပေ။ ပေါင်းစည်းမှုက ပြီးမြောက်သွားပုံပေါ်၏။

ပတ်ဝန်းကျင်စွမ်းအင်က မူလနေရာသို့ပြန်လည်ရောက်ရှိလာပုံပေါ်ပြီး ယခင်ကကဲ့သို့ပင် ပြတ်တောင်းပြတ်တောင်းပေါ်နေကာ စကြဝဠာထဲရှိ ကြယ်များနှင့်တူနေ၏။

“မင်း ဘယ်လိုနေလဲ” လုကျိုးက မေးလိုက်၏။

မင်ရှစ်ရင်က အသက်ပြင်းပြင်းရှုသွင်းကာ အမူအရာကလေးနက်တည်ကြည်နေသည်။ ရှူထုတ်ပြီးနောက် သူကပြောလိုက်၏။

“ကျွန် ကျွန်တော် အရင်က ဒါမျိုးတစ်ခါမှ မခံစားဖူးဘူး”

“ပြန်ရောက်ရင် ကြိုးကြိုးစားစားကျင့်ကြံ” လုကျိုးက ပြောလိုက်သည်။

‘ဟုတ်ကဲ့ရှစ်စွင်း”

လုကျိုးသည် မင်ရှစ်ရင်မည်သို့ခံစားရကြောင်း မမေးခဲ့ပေ။ ယခုကအချိန်မဟုတ် ထိုသို့ပြုလုပ်ခြင်းက မင်ရှစ်ရင်၏ အလားအလာကို ဖော်ထုတ်ခံလိုက်ရမည်။

လုကျိုးက လက်နောက်ပစ်လျက် အပြာရောင်စက်လုံးထဲမှ ထွက်လာစဉ် မင်ရှစ်ရင်က သူ့နောက်မှ ထွက်လာ၏။ နှစ်ယောက်သားအပြန်ရောက်သည်နှင့် အပြာရောင်စက်လုံးက ပိတ်သွားပြန်သည်။ ၎င်းက ချောမွတ်နေပြီး လှိုင်းဂယက်မရှိပေ။

လုကျိုးက အပြာရောင်သလင်းထဲမှ တစ်ခုကို လုလီဆီပစ်ပေးပြီးနောက် ပစ်ပေးပြီးနောက် ပြောလိုက်၏။ "ဒါက အကန့်အသတ်ချိုးဖြတ်နိုင်အောင် မင်းကို ကူညီပေးလိုက်မယ်”

လုလီက ၎င်းကို လက်ထဲအလိုလိုလှမ်းဖမ်းက စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။

“ကျွန်တော့ကို ပေးတာလား”

လုကျိုး ပြောလိုက်သည်။ “မင်းရဲ့အရည်အချင်းနဲ့ မွေးဖွားဇယားချပ်ငါးခုမှာပဲ ပိတ်နေရင် နှမြောဖို့ကောင်းတယ်”

လုလီက ချက်ချင်းဒူးထောက်လိုက်တော့သည်။ “ကျေးဇူးပါ မျှော်နန်းသခင်”

…

အခန်း (၁၂၈၀) ဒုတိယမြောက်မွေးဖွားစမ်းသပ်မှု

“ထတော့” လုကျိုးသည် ပြောပြီးနောက် ခေါင်းမော့ကြည့်လိုက်၏။ သူ့၌ညအမြင်အာရုံ ရှိသော်ငြား သူ့အမြင်အာရုံအတိုင်းအတာသည် အကန့်အသတ်ရှိ၏။ ထို့ကြောင့် သူက အရာအားလုံးကို မြင်နိုင်တာ မဟုတ်ပေ။ ဖျက်ဆီးခြင်းတိုင်လုံးအကြောင်း ထူးဆန်းမှုတစ်ခုရှိနေပြီး သူခံစားမိသော်ငြား ဘာမှန်း သူ မဖော်ထုတ်နိုင်ပေ။

“ဒီမှာကြာကြာနေတာ မကောင်းဘူး” လုကျိုးက နောက်ဆုံး၌ပြောပြီး ထွက်လာတော့သည်။

ကျောင်းယွိမှအပလူတိုင်းလှည့်ထွက်သွား၏။

ကျောင်းယွိသည် မဟာလေဟာနယ်မျိုးစေ့ကို တွန့်ဆုတ်သောအကြည့်များဖြင့် ကြည့်နေမိသည်။ သူ ထွက်သွားရမှာတွန့်ဆုတ်နေ၏။

ထိုစဉ် မင်ရှစ်ရင်က လှည့်ကြည့်ပြီးမေးလိုက်လေ၏။ “ခင်ဗျား အဲ့တာကို ခိုးယူချင်နေတယ်လို့ မပြောနဲ့နော်”

ကျောင်းယွိက လှည့်လာလျက် မဝံ့မရဲပြုံးလိုက်၏။ ပြီးနောက် သူက လက်နှစ်ဖက်ဖြန့်ကာ ကူကယ်ရာမဲ့သောအမူအရာဖြင့် ပြောလိုက်သည်။

“ကျုပ် တကယ်ခိုးချင်ပေမဲ့ ပြဿနာက ခိုးနိုင်တဲ့စွမ်းရည်မရှိတာပဲ"

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့တောင် ကျရှုံးခဲ့သည့်အခြေအနေတွင် ကျောင်းယွိသည် သူနှင့်သူ၏ဒဏ်ရာရထားသော လူတို့သည် အပြာရောင်စက်လုံးထဲ မည်ကဲ့သို့ ဝင်နိုင်မည်နည်း။

မင်ရှစ်ရင်သည် မဟာလေဟာနယ်မျိုးစေ့ကို နောက်တစ်ခေါက်ကြည့်လိုက်သည်။ သူ၏စိတ်ထဲ၌ အမေးတစ်ခုပေါ်လာ၏။ ကမ္ဘာလောက အစတည်းက ဖန်တီးထားတာလား။ ဒါမှမဟုတ် လူလုပ်ထားတာလား။ အရင်တည်းက ရှိနေတယ်ဆိုရင် ကျန်တဲ့မဟာလေဟာနယ်မျိုးစေ့တွေ ဘယ်ရောက်သွားတာလဲ။ ကိစ္စတစ်ခုလုံးက စိတ်ကူးယဉ်ဆန်လွန်းတယ်။ လူလုပ်ထားတာဆိုရင် ဖျက်ဆီးခြင်းထောက်တိုင် ၁၀ခုကို ဖန်တီးနိုင်စွမ်းရှိတာ ဘယ်သူလဲ။ အဲ့ဒီလူရဲ့ရည်ရွယ်ချက်က ဘာလဲ။

“ညီအစ်ကို” ကျောင်းယွိက လှမ်းခေါ်လျက် မင်ရှစ်ရင်ရှေ့ လက်ဝေ့ယမ်းပြလိုက်သည်။

မင်ရှစ်ရင်က သူ၏နဖူးကို ရိုက်လိုက်၏။ ထိုကဲ့သို့သော မေးခွန်းမျိုးကို သူ၏ချီရှစ်တိထံ ထားသင့်သည်။ သူက ထိုကဲ့သို့သော မေးခွန်းမျိုးကို တွေးရာ၌ မတော်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ ဒုက္ခမပေးတာ အကောင်းဆုံးဖြစ်သည်။

“ငါနားသိပ်မကပ်နဲ့” မင်ရှစ်ရင်က ကျောင်းယွိကို ပြောပြီးနောက် ထွက်သွားလိုက်သည်။

ကျောင်းယွိက သူ့နောက်လိုက်မေးလိုက်လေ၏။

“ညီအစ်ကို ... ကျုပ် မေးခွန်းတစ်ခုလောက်မေးလို့ရမလား။ ခင်ဗျား ကျုပ်ကို ဘာကြောင့်ရန်လိုနေတာလဲ။ အရင်က ကျုပ်တို့ တစ်ခါမှမတွေ့ဖူးဘူး။ ကျုပ်တို့တွေ့ပြီးတဲ့နောက်လည်း ခင်ဗျားကို မစော်ကားမိပါဘူး”

“မင်းကို သဘောမကျရုံပဲ” မင်ရှစ်ရင်က ပြောလိုက်၏။

“ဒါပဲလား”

“ဒါပဲလေ”

“ဘာလို့လဲ ... ဘယ်လိုကြောင့် မျက်စိစပါးမွေးစူးနေတာလဲ။ ကျုပ် ပြောင်းလဲမယ်”

“...”

လူတိုင်းသည် ဖျက်ဆီးခြင်းတိုင်လုံးထဲမှ ထွက်လာပြီးနောက် သူတို့သည် တိမ်စိုင်တိမ်မည်းများ ဖုံးနေသည့် ကောင်းကင်ကိုကြည့်လိုက်သည်။ ဖျက်ဆီးခြင်းတိုင်လုံးက ယခင်ကကဲ့သို့ မြင့်မားထည်ဝါစွာ ရှိနေသေးသည်။

လုဝူက အပြင်ဖက်တွင်စောင့်နေ၏။ ၎င်းက လုကျိုး၏လက်ထဲရှိ အပြာရောင်သလင်းများကို မြင်သောအခါ မေးလိုက်သည်။

“ခင်ဗျား ရတနာရလာတာလား”

“မင်း မေးစရာရှိလား” လုကျိုးက လက်နောက်ပစ်လျက် မေးလိုက်သည်။

“မရှိဘူး” လုဝူက ပြန်ပြောလိုက်၏။

ထိုစဉ် လုကျိုးက ပြောလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့က မမှည့်သေးဘူး။ ခူးလို့မရသေးဘူး။ နှစ်ပေါင်းသုံးသောင်းကြာပြီးတဲ့အချိန် ရေစက်ရှိတဲ့သူ ရမလားဆိုတာ ဘယ်သူကသိမှာလဲ”

“မျှော်နန်းသခင်က အမြော်အမြင်ရှိပါပေတယ်”

လူတိုင်းက ခေါင်းညိတ်လိုက်၏။

“အမှန်အမှားမရှိဘူး” လုဝူက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ကြွက်တွေက လူသားတွေရဲ့အစားအစာကို စားပြီး လူသားတွေက သူတို့ကို ဖမ်းဆီးတယ်။ သေအောင်တက်နင်းတယ်။ လူသားတွေက ပျားတွေဆီက ပျားရည်တွေကို ခူးတဲ့အချိန် သူတို့က ပျားတွေအလုပ်ကြိုးစားတယ်ဆိုပြီး ချီးကျူးတယ်။ အမှန်နဲ့အမှားက အင်အားရှိတဲ့သူတွေပဲ တည်ဆောက်တာ”

“...” လူတိုင်းက လုဝူကို စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်၏။ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်က မည်ကဲ့သို့များ ဤကဲ့သို့နက်နဲသော အတွေးများပိုင်ဆိုင်ထားသနည်း။

လုဝူက ပြောပြီးနောက် လှည့်ကြည့်ကာ ၎င်း၏အနေအထားကို ချိန်ညှိလိုက်၏။ “မင်းတို့အားလုံးကို ခေါ်သွားပြီး တိတ်ဆိတ်တဲ့နေရာရှာမယ်။ အစောတုန်းက ဖျက်ဆီးခြင်းတိုင်လုံးလှုပ်သွားတာ မဟာလေဟာနယ်ကလူတွေ ရောက်လာရင် ငါတို့တွေတစ်ယောက်မှ ဒီနေရာကနေထွက်သွားနိုင်မှာ မဟုတ်ဘူး”

လူတိုင်းက လုဝူ၏ကျောပေါ်တက်လိုက်ကြသည်။

တစ်ဖက်တွင်မူ လုဝူ၏စကားကိုကြားပြီး လုကျိုး၏စိတ်ထဲ ထိတ်လန့်ဖွယ်အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူက မဟာလေဟာနယ်မှ လူတို့ကို တွေ့ချင်၏။ သို့သော် ခဏအကြာတွင် သူလုံလောက်အောင် မသန်မာသေးကြောင်း တွေးမိသွား၏။ သူ့၌ ဝှက်ဖဲများစွာ မရှိသောကြောင့် ထိုအတွေးကို ဖယ်ရှားလိုက်သည်။ ဤနည်းဖြင့် လုဝူက လူတိုင်းကိုသယ်ပြီး အရှေ့အရပ်သို့ ပျံသန်းသွားတော့သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ထွက်သွားပြီးနောက် နာရီတချို့ ကြာညောင်းပြီးနောက်ဖြစ်သည်။

အနောက်ဖက်ရှိ အနက်ရောင်မြူထဲမှ လူနှစ်ယောက်ပေါ်ထွက်လာပြီး မြန်ဆန်သောအရှိန်ဖြင့် ပျံသန်းနေသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က ဖျက်ဆီးခြင်းတိုင်လုံးပေါ် ဆင်းသက်လိုက်၏။ နှစ်ယောက်သားက အကြည့်ချင်းဖလှယ်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာ။

၁၅မိနစ်ခန့်ကြာညောင်းပြီးနောက် နှစ်ယောက်သားဆုံသွားသည်။

“ငါတို့ နောက်ကျလွန်းသွားပြီ”

“ဒီနေရာမှာ ဆရာသခင်တွေကြားက တိုက်ပွဲအကြွင်းအကျန်တွေရှိတယ်။ သူတို့ရဲ့စွမ်းအင်နဲ့ တာအိုစွမ်းအားကို အာရုံခံမိတယ်”

“ထျန်းဝူနဲ့ အရှင်ကျန်းနန် သေသွားပြီ။ အဓိက ရတနာတွေအားလုံးမရှိတော့ဘူး”

“လူသားတွေက အမြဲတမ်းလောဘကြီးနေတာကိုး”

နှစ်ယောက်သားက ခေါင်းခါလိုက်၏။ သူတို့ လှစ်ကနဲပျောက်သွားပြန်ကာ ဖျက်ဆီးခြင်းတိုင်လုံးထဲတွင် ပေါ်လာသည်။ သူတို့က အပြာရောင်စက်လုံးကို ကြည့်ပြီး လေထဲရှိ အပြောင်းအလဲကို အာရုံခံမိပြီးနောက် မဟာလေဟာနယ်မျိုးစေ့ကို လှည့်ကြည့်လိုက်၏။

“စွမ်းအင် ပဲ့တင်မှု ရှိပေမဲ့ ဘာကြောင့်မှန်း မရင့်မှည့်သေးတာလဲ”

“ပုံပြောင်းတဲ့လက္ခာဏာမရှိသလို ထိခိုက်တဲ့လက္ခဏာလည်းမရှိဘူး။ အားလုံးအဆင်ပြေလောက်တယ်” နှစ်ယောက်သားက သူတို့ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာလိုက်သည်။

ထိုစဉ် သူတို့ထဲမှတစ်ယောက်က အဖြူရောင်ခေါင်းစွပ်နှင့် မျက်နှာဖုံးကို ချွတ်ပြီး မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်ကာ ပြောလိုက်တော့သည်။

“ဒီနေရာမှာ လူတော်တော်များများရှိခဲ့တယ်။ သူတို့ရဲ့အရှိန်အဝါကို အာရုံခံမိတယ်။ တချို့က ဖရိုဖရဲဖြစ်နေတာ။ ထူးဆန်းလိုက်တာ”

သူက နှာခေါင်းတရှုံ့ရှုံ့ဖြင့် ရှေ့တိုးသွား၏။ သူက အပြာရောင်စက်လုံးရှေ့သို့ ရောက်သောအခါ ....

ဘီး

အပြာရောင်စက်လုံးက သူ့ကိုတွန်းကန်နေသည်။ သူက ခေါင်းခါပြီး ဇဝေဇဝါဖြစ်နေ၏။

“ဒါကို မဖော်ထုတ်နိုင်ဘူး”

“ဒီလူတွေက အရှင်ကျန်းနန်နဲ့ ထျန်းဝူကို သတ်နိုင်ခဲ့တာ။ ဒီတော့ သူတို့ရဲ့ကျင့်ကြံဆင့်က နက်နဲမှာပဲ။ မျှခြေမညီမျှမှုက ဆိုးလာပြီ။ အစိမ်းရောင်ကြာနယ်မြေရဲ့ဆရာသခင်တွေ တစ်ခုခုဖြစ်နေတာပဲဖြစ်မယ်”

“ဘုရားကျောင်းဆီ သတင်းမပို့ခင် သေချာအတည်ပြုဖို့လိုတယ်”

“အထက်အရာရှိတွေက မျှခြေမညီမျှမှုထဲ ဘယ်သူမှ ဝင်မစွက်ဖက်ရဘူးလို့ အမိန့်ပေးထားတာရှိတယ်။ ငါတို့က ဖျက်ဆီးခြင်းတိုင်လုံးနဲ့ မဟာလေဟာနယ်ကို စစ်ဆေးဖို့ပဲ ဒီရောက်လာတာ။ မျိုးစေ့က အကောင်းပကတိပဲ။ အထက်အရာရှိတွေ မစွက်ဖက်မှာစိုးရတယ်”

နှစ်ယောက်သားကလက်နောက်ပစ်လျက် ထရပ်ကာ အပြာရောင်အလင်းကို ကြည့်လိုက်၏။ သူတို့မျက်လုံးများ လက်ကနဲဖြစ်သွားတော့သည်။

“သွားကြမယ်”

လှစ်ကနဲ သွားလာလျက် နှစ်ယောက်သား လေထဲပျောက်ကွယ်သွားပုံပေါ်သည်။

ထိုစဉ် လုဝူက အဖွဲ့ကို တိတ်ဆိတ်ငြိမ်သက်သော နေရာသို့ ဦးဆောင်သွားသည်။ မျှခြေမညီမျှမှုကြောင့် ကြမ်းတမ်းခက်ထန်သားရဲများများစားစားမရှိ။ လုဝူသည် တိုက်ပွဲကာလအတွင်း အသုံးပြုခဲ့၏။ ထို့ကြောင့် ၎င်းသည် နေရာတစ်ခု လျင်မြန်စွာရှာပြီးနောက် ပြန်လည်ကုစားရန် လှည့်လိုက်တော့သည်။ ယခင်နည်းတူ လုကျိုးက နေရာတစ်နေရာရှာပြီး မတည်မြဲခြင်းတိုင်လုံးကို ထုတ်လိုက်၏။ မကြာမီ၌ လုဝူသည် သူတို့အဖွဲ့ကို တိတ်ဆိတ်ငြိမ်သက်သော နေရာဆီသို့ခေါ်သွားသည်။ မျှခြေမညီမျှမှုကြောင့် အနား၌ ကြမ်းတမ်းခက်ထန်သားရဲ များများစားစားမရှိပေ။

လုဝူသည် တိုက်ပွဲကာလအတွင်း စွမ်းရည်များစွာ အသုံးပြုခဲ့၏။ ထို့ကြောင့် သူသည် ပြန်လည်ကုစားရန် နေရာတစ်ခုအမြန်ရှာပြီး လှဲချလိုက်တော့သည်။ ယခင်နည်းတူ လုကျိုးကလည်း နေရာတစ်နေရာရှာပြီး ဖျက်ဆီးခြင်းတိုင်လုံးထုတ်လိုက်၏။ မကြာမီ၌ ကျောင်းယွိက သူတို့ကို နှုတ်ဆက်စကားပြောကာ အစိမ်းရောင်ကြာနယ်မြေသို့ ပြန်သွားသည်။

လုကျိုးနှင့်ကျန်သည့်သူများက သူ ထွက်သွားတာကို ကြည့်နေ၏။

“ရှစ်စွင်း သူက သံသယဖြစ်ဖို့ကောင်းတယ်။ သတင်းရအောင် ဘာလို့သူ့ကို ဖမ်းပြီး နှိပ်စက်ရအောင်လား” မင်ရှစ်ရင်က မေးလိုက်၏။

“မင်း သူ့ကိုအရမ်းမုန်းတာလား”

“ကျွန်တော် လူတွေအများကြီးကို မုန်းတယ်။ သူက သူတို့ထဲကတစ်ယောက်ပဲ” မင်ရှစ်ရင်က ရိုးရိုးသားသားပြောလိုက်၏။

“သူက ရက်စက်တဲ့သူတစ်ယောက်မဟုတ်ဘူး။ နောင်ကျ သူ အသုံးတည့်ရင်တည့်မှာပေါ့” လုကျိုးက ပြောလိုက်၏။ ပြီးနောက် သူက လူတိုင်းကိုကြည့်ပြီး ပြောလိုက်သည်။ “သွားနားရင်နား ဒါမှမဟုတ် ကျင့်ကြံကြ။ အရင်တုန်းကလိုပဲ တိုင်လုံးရဲ့အရှိန်ကို မြှင့်တင်လိုက်မယ်”

“နားလည်ပါပြီ”

လူတိုင်း ဦးညွှတ်ပြီးနောက် ထွက်သွား၏။

လူတိုင်းထွက်သွားပြီးနောက် လုကျိုးသည် နတ်ဝိညာဉ်ပုလဲကို ထုတ်လိုက်သည်။ ယင်းက တိုက်ပွဲမှ အကြီးမားဆုံး အကျိုးအမြတ်ဖြစ်သည်။ နတ်ဝိညာဉ်ပုလဲက မဟာမွေးဖွားဇယားချပ်တစ်ခုနှင့် ညီမျှသည်။ ထို့အပြင် သူသည် ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို တိုက်ရိုက်ဖြတ်ကျော်နိုင်သည်။ ကျင့်ကြံသူတစ်ယောက်အဖို့ ယင်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်၏။

မွေးဖွားဇယားချပ် ၁၁ခုကို အသက်သွင်းထားသော လုကျိုးအဖို့ နတ်ဝိညာဉ်ပုလဲသည် သူ့အတွက် တန်ဖိုးရှိတာထက်ပိုသည်။

လုကျိုးသည် နတ်ဝိညာဉ်ပုလဲကို အသုံးပြုဖို့ အလျင်မလိုပေ။ ထိုအစားသူသည် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းပြီးနောက် သူ၏ကောင်းကင်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် မတည်မြဲခြင်းတိုင်လုံး၏အာနိသင်ကို အသုံးပြုလိုက်သည်။

နေ့ဝက်ခန့်ကြာပြီးနောက်ဖြစ်သည်။

လုကျိုးက ကောင်းကင်စွမ်းအားတချို့ပြန်ရလာပြီးနောက် သူ၏အခြေအနေတည်ငြိမ်ကြောင်း အတည်ပြုပြီးချိန်တွင် မွေးဖွားနန်းဆောင်ကို ဖွဲ့တည်လိုက်၏။

မွေးဖွားဇယားချပ်များ၏တည်နေရာ၊ သူတို့၏အမည်နှင့် အသုံးပြုပုံများက သူ့စိတ်ထဲပေါ်လာသည်။

နတ်ဝိညာဉ်ပုလဲသည် မွေးဖွားဇွယားချပ်အားလုံး၏ ပေါင်းစည်းမှုပမာပင်။ ထို့ကြောင့် ၎င်းက တည်နေရာအများစုအတွက်သင့်တော်သည်။ သို့သော် နောင်ကျခက်ခဲမှုကို ရှောင်ရှားရန်အတွက် လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်ပေါ်တွင် ဝေးလံသည့်တည်နေရာကို ရွေးလိုက်တော့၏။ ပုလဲက ပင်လယ်ထဲသွားလိမ့်မည်။

ပြီးနောက်သူသည် နတ်ဝိညာဉ်ပုလဲကို သူရွေးထားသည့်နေရာတွင် ထားလိုက်သည်။

ကလစ်

အသံတစ်သံပေါ်ထွက်လာပြီး ပုလဲက မွေးဖွားနန်းဆောင်ထဲ မြှုပ်သွားသည်။

…

အခန်း (၁၂၈၁) နံရံကို ဖြိုခွဲခြင်း

ဖြစ်စဉ်က မယုံနိုင်စရာကောင်းလောက်အောင် ချောမွေ့ပေ၏။

လုကျိုး၏ ယခင်မွေးဖွားဇယားချပ်များကို အသက်သွင်းမှုကို အခြေခံကြည့်ပါက အသက်ဓာတ်နှလုံးသား အခြေခံပြီး မွေးဖွားနန်းဆောင်ထဲတွင် သိသာသော နေရာတစ်ခုဆွဲလိုက်သည်။ သို့သော် နတ်ဝိညာဉ်ပုလဲကို မွေးဖွားနန်းဆောင်ထဲ မြှုပ်သည့်အချိန်၌ ၎င်းသည် အဝိုင်းပတ်သဏ္ဌာန်ကို ဆွဲလိုက်၏။ ထို့အပြင် မွေးဖွားနန်းဆောင်ထဲတွင် ၎င်းကိုမြှုပ်သည့်အချိန်၌ နာကျင်မှုမရှိ၊ မသက်မသာဖြစ်တာမျိုး မရှိပေ။

ကျွီ ...

လေထဲ၌ ဆူညံသံတစ်သံပေါ်ထွက်လာပြီး မွေးဖွားနန်းဆောင်ထဲရှိ အဝိုင်းပေါက်ထဲတွင် နတ်ဝိညာဉ်ပုလဲက အပြည့်အဝဝင်သွား၏။ ပြီးနောက် ၎င်းသည် စတင်တောက်ပလာတော့သည်။

ပြီးနောက် လေထဲ၌ သိသာသည့်ဆူညံသံသုံးသံပေါ်ထွက်လာပြီးနောက် အပေါက်က နတ်ဝိညာဉ်ပုလဲကို အပြည့်အဝကာသွားတော့သည်။

“...”

၎င်းသည် လုကျိုး၏နားလည်သဘောပေါက်မှုကို ကျော်လွန်နေသည်။ သူ၏အတွေ့အကြုံအရ နတ်ဝိညာဉ်ပုလဲကို သူ၏မွေးဖွားနန်းဆောင်ထဲတွင် မြှုပ်ပြီးနောက် ၎င်းသည် သူ၏၁၂ခုမြောက် မွေးဖွားဇယားချပ်ကို ဖွဲ့တည်ရန် အသက်စွမ်းအင်ကို စတင်စုပ်ယူသင့်သည်။ သို့သော် နတ်ဝိညာဉ်ပုလဲကို သူ၏မွေးဖွားနန်းဆောင်ထဲတွင် မြှုပ်ပြီးဖြစ်၏။ သူက မွေးဖွားနန်းဆောင်ကို ထိမိချိန်၌ ၎င်းက ပြားကပ်ပြီးချောမွတ်နေကာ နတ်ဝိညာဉ်ပုလဲမြှုပ်နှံထားသည့် အရိပ်အယောင်မပြပေ။ မွေးဖွားနန်းဆောင်က နတ်ဝိညာဉ်ပုလဲကို ဥတစ်လုံးကဲ့သို့ ဝါးမြိုလိုက်သည့်ပမာ ထင်မှတ်ရ၏။ မည်သို့ဖြစ်သွားသနည်း။

သူ ခဏတဖြုတ်လေ့လာလိုက်၏။ သို့သော် လှုပ်ရှားမှုမရှိပေ။ ပြီးနောက် သူ၏ ၁၂ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးဖြစ်လောက်သည်ဟု တွေးမိသွားသည်။ သူက တစ်ချက်ကြည့်ရန် ကြယ်တာရာဒိုင်ခွက်ကို ကြည့်လိုက်၏။ သို့သော် ၁၂ခုမြောက်မွေးဖွားဇယားချပ်ကို မတွေ့ရပေ။

လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ ပြီးနောက် သူက ပြောင်းလဲမှုကို စောင့်ရန်ဆုံးဖြတ်စဉ် စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။

ကုသိုလ်မှတ် ၂၈၂၇၆၀

သူသည် တိုးမြှင့်မိုးကြိုးသွားကတ်နှစ်ခုကို မပေါင်းစည်းခဲ့လျှင် ကုသိုလ်မှတ်ပိုရှိလောက်ပေ၏။

လုဝုသည် စုစုပေါင်း မွေးဖွားဇယားချပ်၅၀ကို ဖျက်ဆီးခဲ့ပြီး သူ ကုသိုလ်မှတ်များစွာ ရခဲ့၏။

ကျန်ရှိသောသက်တမ်း= ၁၇၂၈၀၄၂ ရက် ( ၄၇၃၄နှစ်)

လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်ကို ထပ်ကြည့်လိုက်သည်။

“နတ်ဝိညာဉ်ပုလဲက ထျန်းဝူရဲ့စွမ်းအင်အားလုံးကို ထိန်းထားတယ်။ ဒါပေမဲ့ ငါ အဲ့ဒီကနေ မွေးဖွားဇယားချပ်တစ်ခု ရနိုင်တာ နှမြောစရာက ပုလဲထဲက စွမ်းအင်ကို ပြန်ဖြည့်နိုင်မယ်ဆိုရင် ဒါ လက်နက်ကောင်းတစ်ခု ဖြစ်မှာပဲ”

လုကျိုးသည် ထောပါစစ်ချန်းက အစောတုန်းက နတ်ဝိညာဉ်ပုလဲအသုံးပြုခဲ့တာကို ပြန်တွေးမိသွား၏။ ၎င်းက တကယ်ပင် အစွမ်းထက်လှပေ၏။

“ငါ အရည်အသွေးကောင်းတစ်ခု ရဖို့မျှော်လင့်ရတာပဲ"

လုကျိုးက အတွေးနစ်နေစဉ် သူ၏မွေးဖွားနန်းဆောင်၌ ရုတ်တရက်တောက်ပလာသည်။ ပြီးနောက် သူ၏ စွမ်းအားဗဟိုချက် ချီပင်လယ်ထဲသို့ စွမ်းအားများတိုးဝင်လာတာကို ခံစားမိသည်။ ယင်းက သူ့ကို အငိုက်မိသွားစေသည်။

သူ၏ချီပင်လယ်နံရံသို့ ရိုက်ခတ်လာသည့် ကနဦးချီပထမလှိုင်းက နာကျင်မှုကို ဆောင်ယူလာသည်။ သူက နာကျင်မှုကို ပြေလျော့စေရန် ကောင်းကင်စွမ်းအားကို အမြန်သုံးလိုက်၏။ ပြီးနောက် ဒုတိယလှိုင်း၊ တတိယလှိုင်းနှင့် စတုတ္ထမြောက်စွမ်းအင်လှိုင်းတို့ကို ကြံ့ကြံ့ခံလိုက်သည်။ သူ၏ကျင့်ကြံမှုက သိသိသာသာတိုးလာနေ၏။

ဘန်း

သက်ရောက်မှု၏ဖိအားက လှိုင်းတစ်ခုပြီးတစ်ခုပိုသန်မာလာသည်။

ချီပင်လယ်သည် ထည့်စရာခွက်တစ်ခုပမာပင်။ ချီပင်လယ်၏နံရံပြိုကွဲနိုင်သည့် အခြေအနေနှစ်ခုရှိ၏။ တစ်ခုက ဖိအားကြောင့် ကွဲထွက်သွားတာဖြစ်ပြီး ရလဒ်အနေဖြင့် သေလျှင်သေ မဟုတ်လျှင် ဒဏ်ရာရ၏။ ဒုတိယက အရွယ်အစားချဲ့ထွင်ရန် ၎င်းက အလိုအလျောက်ကွဲထွက်သွားတာပဲဖြစ်သည်။ ဒုတိယအခြေအနေက ချီပင်လယ်နံရံအသစ်ဖွဲ့တည်ခြင်းတွင် ဖြစ်ပေါ်လာတတ်ပြီး ချီပင်လယ်နံရံဟောင်းကို ပြိုကွဲစေ၏။

ဘန်း

လုကျိုးက ငြီးတွားလျက် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

“ကနဦးချီက ပြင်းထန်လွန်းတယ်”

လုကျိုး၏မျက်လုံးများ ပူလောင်နေကာ သူ့ဖာသာသူ ရေရွတ်ပြောလိုက်သည်။ ဤမျှကြမ်းတမ်းလိမ့်မည်ဟု မထင်ထားပေ။

ဤစွမ်းအင်လှိုင်းက သူ့ကို ဒဏ်ရာအနည်းငယ်ရစေသော်ငြား သူ၏ကျင့်ကြံမှုက သိသိသာသာတိုးတက်လာ၏။ ပြီးနောက် သူသည် တိုက်ခိုက်မှုနောက်တစ်လှိုင်းကိုကြံ့ကြံ့ခံရန် ပြင်ဆင်ထားတော့သည်။ သူက လက်မြှောက်ပြီးနောက် ကုသရေးစွမ်းအားအတွက် မန္တာန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်တော့သည်။ ခဏအကြာတွင် ဒဏ်ရာက ကုသပျောက်ကင်းသွားလေ၏။ သူ၏ကောင်းကင်စွမ်းအားက ယခင်ကထက် ပိုသန်မာလာတာကိုလည်း အာရုံခံမိသည်။

ဘန်း

တိုက်ခိုက်မှု၏လှိုင်းအတွင်း သူသည် အသံတစ်သံကြားလိုက်ရပြီး ချီပင်လယ်နံရံပြိုကွဲသွားတော့သည်။ ကနဦးချီက စွမ်းအားဗဟိုချက်၏ချီပင်လယ်ထဲ ချက်ချင်းပေါ်လာသည်။ သူ၏ထူးကဲချီသွေးကြော ရှစ်ခုထဲ လှည့်ပတ်နေတော့သည်။ သူက ကောင်းကင်စွမ်းအားဖြင့် ချီသွေးကြောများကို အမြန်ခွန်အားမြှင့်တင်ပေးလိုက်၏။ သူ၏ချီပင်လယ်များသည် အရောင်ပြောင်းလဲသွားပုံပေါ်ကာ ကနဦးချီများ ဝေ့တက်လာ၏။

ကနဦးချီက အဆုံးမရှိဆက်လက်ဝေ့တက်လာသော်ငြား ရပ်တန့်မည့်အရိပ်အယောင်မပြပေ။

လုကျိုးက မျက်လုံးမှိတ်ထားလျက် သူ၏ကောင်းကင်စွမ်းအားကို အသုံးပြုပြီး စွမ်းအင်မှသက်ရောက်မှုကို ကြံ့ကြံ့ခံနေသည်။

တစ်ချိန်တည်းတွင်ဖြစ်သည်။

မင်ရှစ်ရင်က လူရှင်းသည့်နေရာတစ်ခုကို ရှာပြီးနောက် သူက ချုံချီကိုပုတ်ကာ ပြောလိုက်တော့သည်။

“နောက်တစ်ခါ ပြဿနာမရှာနဲ့။ အရှင်ကျန်းနန်က မင်း ရန်စနိုင်တဲ့သူမဟုတ်ဘူး”

ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်

“ငါ မင်းအဆင့်ထိ နိမ့်ပြီး မင်းနဲ့စကားများမှာ မဟုတ်ဘူး။ ဒါမျိုးထပ်မဖြစ်စေနဲ့” မင်ရှစ်ရင်က ပြောလိုက်၏။

ချုံချီက နှစ်ချက်ဟောင်ပြီးနောက် မြေပြင်ပေါ်တွင် လှဲကာ တစ်စုံတစ်ခုကို စတင်ကိုက်ဝါးတော့သည်။

“ဟေ့ မင်း ဘာစားနေတာလဲ”

ဝုတ်

ချုံချီက ကိုက်ဝါးလျက် မာန်ဖီနေတော့သည်။

“ဟေ့ မင်းက မင်းရဲ့အစာကို ငါ့ဆီကနေကာကွယ်ဖို့ကြိုးစားနေတာလား” မင်ရှစ်ရင်က မေးလိုက်၏။ ပြီးနောက် သူက လက်မြှောက်ကာ ချုံချီကိ လက်ဝါးစည်းတံဆိပ်ပို့လွှတ်လိုက်သည်။ လက်ဝါးစည်းတံဆိပ်၏ဖိအားက မပြင်းထန်ဘဲ ၎င်းကို ဘေးသို့တွန်းပို့ရုံသာဖြစ်သည်။

ချုံချီက ငြီးတွားလျက် အခဲမကြေကြည့်နေကာ ၎င်းပါးစပ်ထဲမှ အရာကို ထွေးထုတ်လိုက်၏။

မင်ရှစ်ရင်က ၎င်းကို မမြင်တွေ့ရန် ဆုတောင်းနေမိသည်။ မမြင်တွေ့ချင်ပေ ယင်းက အတော်လေး ရွံ့စရာကောင်းလှပေ၏။ ၎င်းက မီးကင်ထားသည့်ဝက်အူချောင်းနှင့်တူကာ အနံ့က ထူးဆန်းနေ၏။ သူက လက်ဝေ့ယမ်းလျက် နှာခေါင်းပိတ်လိုက်တော့သည်။ “အဲဒါဘာလဲ။ ဒါကို မင်းဘယ်လိုလုပ်စားနိုင်ရတာလဲ။ မြန်မြန်သယ်သွား”

ချုံချီက ၎င်းကို ကိုက်ချီပြီးနောက် မင်ရှစ်ရင်ကို အထင်တသေးကြည့်ကာ ဘေးသို့လျှောက်သွားပြီးနောက် ဆက်လက်ကိုက်ဝါးတော့သည်။

“နောင်ကျ ငါ့အချိန်ကို လာမဖြုန်းနဲ့” မင်ရှစ်ရင်က အထင်တသေးပြောလိုက်လေ၏။

ချုံချီက သူ့ကိုလျစ်လျူရှုထားကာ ဆက်လက်ကိုက်ဝါးနေတော့သည်။

မင်ရှစ်ရင်က တင်ပျဉ်ခွေထိုင်ပြီးနောက် စတင်ကျင့်ကြံတော့သည်။ ဖျက်ဆီးခြင်းတိုင်လုံးနှင့် ပေါင်းစည်းပြီးနောက် သူသည် သူ၏ကျင့်ကြံမှုအရှိန် အဆပေါင်းများစွာ တိုးလာတာ ရှင်းရှင်းလင်းလင်းခံစားမိသည်။ မတည်မြဲခြင်းတိုင်လုံး၏အာနိသင်နှင့်ပေါင်းပြီးနောက် သူ ယခုအချိန်တွင် ဘာမှမလုပ်ရင်တောင် သူ၏ကျင့်ကြံမှုအရှိန်က တောင်ပေါ်၌ ကြိုးစားပမ်းစားကျင့်ကြံသည့်အချိန်နှင့် ယှဉ်လျှင် မြန်ဆန်နေသေး၏။

“မဟာလေဟာနယ်မျိုးစေ့က အံ့ဩစရာပဲ” မင်ရှစ်ရင်က သူ၏ကြာပွင့်ကို ဖွဲ့တည်လိုက်၏။ သူက သားရဲဘုရင်၏အသက်ဓာတ်နှလုံးသားကိုထည့်တော့မည့်အချိန်တွင် ...

“စစ်ရှစ်တိ”

မင်ရှစ်ရင်က ထိတ်လန့်အံ့အားသင့်သွား၏။ သူ၏ကြာပွင့်ကို အမြန်သိမ်းကာ အသံလာရာဖက်ကို လှည့်ကြည့်လိုက်၏။

“အမ်း ... အာ့ရှစ်ရှိုး”

“မင်း ကျင့်ကြံနေတာကို နှောင့်ယှက်ဖို့မရည်ရွယ်ပါဘူး။" မင်ရှစ်ရင်က ပြုံးလျက်ပြောလိုက်၏။

“မဟုတ်ဘူး ... မဟုတ်ဘူး ရပါတယ်။ အာ့ရှစ်ရှိုး ကျွန်တော့်ကို ဘာလို့လာရှာတာလဲ” မင်ရှစ်ရင်က ပြောလိုက်၏။

“စစ်ရှစ်တိ ... မင်းက ဖျက်ဆီးခြင်းတိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရပြီး မဟာလေဟာနယ်စွမ်းအင်နဲ့ ပေါင်းစည်းပြီးပြီ။ မင်းရဲ့ကျင့်ကြံမှု သိသိသာသာတိုးတက်လာတယ်ဆိုတာ ယုံတယ်။ ငါတို့ လက်ရည်ချင်းယှဉ်လို့ရမလား။ သိချင်လို့” ယွီရှန်းရုန်က ရိုးရိုးသားသားပြန်ပြောလိုက်၏။

“အမ်” မင်ရှစ်ရင်က နောက်တစ်လှမ်းဆုတ်လိုက်၏။

“အာ့ရှစ်ရှိုးက ကျွန်တော့်ကို အထင်ကြီးလွန်းနေတာပဲ။ ကျွန်တော့်ကို မဟာလေဟာနယ်မျိုးစေ့ အစေ့ ၁၀၀ပေးရင်တောင် ကျွန်တော်က ရှစ်ရှိုးနဲ့ယှဉ့်နိုင်ဦးမှာမဟုတ်ဘူး။ ကျွန်တော်တို့ ခွန်အားကွာဟချက်က ကြီးမားလွန်းတယ်”

ယွီရှန်းရုန်က ပြုံးလိုက်၏။ “ဒါဆိုရင် လက်ရည်ယှဉ်ပြီး မင်းရဲ့အရည်အချင်းကိုသွေးဖို့ အကြောင်းပြချက်တစ်ခုရှိလာပြီ။ မနက်ဖြန်ဒီအချိန်တွေ့မယ်။ မင်းကို မတွေ့ရရင် ကောင်းမှာမဟုတ်ဘူး”

ဤနည်းဖြင့် ယွီရှန်းရုန်သည် ပျံလွှားတစ်ကောင်ပမာ ပျံသန်းသွား၏။

“အာ့ အာ့ရှစ်ရှိုး” မင်ရှစ်ရင်က လှမ်းခေါ်ပြီးနောက် ကြက်သေသေနေသော အမူအရာဖြင့် ထိုင်ချမိ၏။ သူ့ဖာသာသူရေရွတ်ပြောလိုက်တော့သည်။

“ဆိုးလိုက်တဲ့ကံ။’

ဒီအတိုင်းဆက်သွားနေရင် ငါ အာ့ရှစ်ရှိုး သေအောင်ညှင်းပန်းတာ ခံရလိမ့်မယ်။ ငါက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှုကို ရပြီး မဟာလေဟာနယ်စွမ်းအားနဲ့ပေါင်းစည်းပြီးသားဆိုရင်တောင် ငါ့ရဲ့ကျင့်ကြံမှုက ချက်ချင်းတိုးတက်လာမှာ မဟုတ်ဘူး။

“ငါ ပထမဆုံးမွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ခဲ့ရင်တောင် မလုံလောက်ဘူး။ ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို တတ်နိုင်သမျှ မြန်မြန် ဖြတ်ကျော်ရမယ်”

“မွေးဖွားစမ်းသပ်မှုလား” ထိုစဉ် ယွီကျန့်ဟိုင်က လက်ပိုက်ထားလျက် သစ်ပင်နောက်မှထွက်လာ၏။ သူက စွမ်းအင်တစ်ချက်မှအသုံးမပြုဘဲ ခြေကျင်လျှောက်လာလေရာ မင်ရှစ်ရင်ကို ထိတ်လန့်သွားစေ၏။

သွားပြီ ... အာ့ရှစ်ရှိုးလို့ပဲ။ တာ့ရှစ်ရှိုးကလည်း ငါ့ကို လေ့ကျင့်ရေးကိရိယာအဖြစ် သုံးချင်နေတာဖြစ်မယ်။ မဟုတ်ဘူး ... မဟုတ်ဘူး။ ငါ အရင်ဆုံးထိုးနှက်ရမယ်။

ယခင်အမှားမှသင်ယူပြီး မင်ရှစ်ရင်က အရင်ဆုံးပြောလိုက်၏။ “တာ့ရှစ်ရှိုး .. ရှစ်ရှိုး နောက်ကျသွားပြီ”

“အမ်း ... ဘာနောက်ကျတာလဲ”

“ကျွန်တော် မနက်ဖြန်ကျ အာ့ရှစ်ရှိုးနဲ့လက်ရည်ယှဉ်ဖို့ သဘောတူပြီးသွားပြီ” မင်ရှစ်ရင်က ပြောလိုက်၏။

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လိုက်သည်။ “အဲ့လိုလား”

“ရှစ်ရှိုးကို ကျွန်တော်ဘာလို့လိမ်ရမှာလဲ။ အာ့ရှစ်ရှိုးအကြောင်းမသိတာမှ မဟုတ်တာ။ သူနဲ့လက်ရည်ယှဉ်ပြီးရင် ကျွန်တော် အိပ်ရာထဲလဲလောက်တယ်” မင်ရှစ်ရင်က သက်ပြင်းချလျက် ဝမ်းနည်းပက်လက် အမူအရာဆင်မြန်းထားသည်။ သူက ယွီကျန့်ဟိုင်ခေါင်းကုတ်လိုက်တာကို မြင်သောအခါ မျက်နှာထက်တွင် သနားစဖွယ်မျက်နှာအနေထားရှိနေသော်ငြား ရင်ထဲ အပျော်ပန်းများဖူးပွင့်နေ၏။

ယွီကျန့်ဟိုင်က မင်ရှစ်ရင်၏ပခုံးကို ပုတ်ကာ ပြောလိုက်တော့သည်။

“ဒီလိုဆိုရင်ကော နေ့လည်ကျ မင်းနဲ့လက်ရည်ယှဉ်မယ်။ သူ့ရဲ့ဓားသိုင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သင်ပေးမယ်။ ဒါဆို မနက်ဖြန်ကျ ဆိုးဆိုးရွားရွားရှုံးနိမ့်မှာမဟုတ်ဘူး”

“...”

“ဟုတ်ပြီနော် ... ဒါဆို အတည်ဖြစ်ပြီ။ စိတ်မပူနဲ့ ငါ့ရဲ့ခွန်အားကို ထိန်းထားမှာ” ယွီကျန့်ဟိုင်က ပြောပြီးနောက် လက်နောက်ပစ်လျက် ထွက်သွားလေ၏။

မင်ရှစ်ရင် “...”

လုကျိုးသည် သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်တွင် ဝေ့တက်လာသည့်ကနဦးချီလှိုင်းများကို ဆက်လက်သည်းခံနေ၏။ သူ၏မွေးဖွားဇယားချပ် အသက်သွင်းမှုက အရေးကြီးသည့်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ခံစားမိသည်။ သူက ခရမ်းရောင်တောက်ပသံကျောက်ကို အမြန်အသက်သွင်းလျက် မတော်တဆမှုဖြစ်မလာအောင် ကာကွယ်ထားသည်။

ဘန်း

လုကျိုးက နာကျင်မှုကြောင့် ညည်းတွားလိုက်ပြန်၏။

ဘာတွေဖြစ်ကုန်တာလဲ ... နံရံက ပြိုကွဲသွားကာစလေ ဒါဆို အဲဒါကို ဘာကြောင့်မတားနိုင်တာလဲ။

ချီပင်လယ်ပြိုကွဲခြင်းက တဆင့်ချင်းသွားရမည်။ နံရံဟောင်းမပြိုကွဲခင် နံရံအသစ် ပိုကြီးသည့်နံရံက နံရံဟောင်းအပြင်ဖက်၌ အရင်ဆုံးဖွဲ့တည်ရမည်။ သို့သော် သူ၏နံရံသည် မဖွဲ့တည်ရုံမက နံရံဟောင်းကို အပြည့်အဝဖြိုခွဲရန်ကြိုးစားနေ၏။ ယင်းက သတ်သေရာရောက်သည်။

“နတ်ဝိညာဉ်ပုလဲက တကယ်အန္တရာယ်များတာပဲ”

လုကျိုးသည် သူ၏အခြေအနေကို တည်ငြိမ်စေရန် နည်းလမ်းမျိုးစုံစဉ်းစားလျက် စိတ်အာရုံက ရှုပ်ထွေးနေတော့သည်။

All Chapters