← Chapters

အခန်း (၁၂၈၅-၁၂၈၇)

Vol. 86 Ch. 1285-1287

အခန်း (၁၂၈၅-၁၂၈၇)

Vol. 86 Ch. 1285-1287

အခန်း (၁၂၈၅) ဘေးကြပ်နံကျပ်ဖြစ်ခြင်း

ရထားလုံးပျံက မနှေးမမြန်သောအရှိန်ဖြင့် ပျံသန်းနေ၏။ ပျံသန်းမှုက ချောမွေ့သည်။

ခရီးစဉ်တလျှောက်တွင် လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းနှင့် ကောင်းကင်သိုင်းကျောင်းတော်ကို လေ့လာရန်အတွက် ကောင်းကင်ကျမ်းစာ၏အမြင်စွမ်းအားကို အသုံးပြုခဲ့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၌ အရာအားလုံး အဆင်ပြေနေ၏။ မည်သည့်ပြဿနာမှ မရှိချေ။ ဆန့်ကျင်ဖက်အနေဖြင့် ကောင်းကင်သိုင်းကျောင်းတော်တွင် တစ်စုံတစ်ခုဖြစ်ပွားနေသည်။

“ခင်ဗျား အဆင်ပြေရဲ့လား” စီးဝူယာ့က အိပ်ရာပေါ်တွင် အနားယူနေသော ချင်နိုင်ဟယ်ကို ကြည့်လိုက်လေ၏။

ချင်နိုင်ဟယ်၏ ခန္ဓာကိုယ်၌ ပတ်တီးများလွှမ်းနေကာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတချို့ပေါ်၌ ပတ်တီးများကနေ သွေးများကို မြင်တွေ့နိုင်၏။ သူက ပြုံးလျက် ပြောလိုက်တော့သည်။ “ဒဏ်ရာအသေးအမွှားလေးပါပဲ။ ကုသမှုက ရိုးရှင်းတယ်။ ကျုပ်ရဲ့စွမ်းအင်ပြန်ကောင်းလာတဲ့အထိ စောင့်ရုံပဲ”

“ငါ့ရဲ့ရှစ်စွင်းက ကုသတဲ့နေရာမှ ကျွမ်းကျင်တယ်။ သူ ဒီမှာမရှိတာ နှမြောစရာပဲ။ မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ ဝူဝူကို ပြောပြီးပြီ။ သူ ခင်ဗျားကို ကုသပေးလိမ့်မယ်” စီးဝူယာ့က ပြောလိုက်၏။

“အဲ့ဒီမိန်းကလေးကို လျော့မတွက်နဲ့။ သူက အတော်လေးအရည်အချင်းရှိတယ်။ ခင်ဗျားရဲ့နာကျင်မှုကို ပြေပျောက်စေဖို့နဲ့ ဒဏ်ရာကို ကုသပေးဖို့က သူ့အတွက်ပြဿနာမရှိဘူး” စီးဝူယာ့က ပြောလိုက်၏။

ချင်နိုင်ဟယ်က ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးပါပဲ။"

“ခင်ဗျား မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီဆိုမှတော့ ကျေးဇူးတင်နေဖို့မလိုဘူး။ အဲ့ဒီလူတွေက ခင်ဗျားကိုပဲ ပစ်မှတ်ထားနေတာ။ သူတို့ တခြားသူကို မတိုက်ခိုက်ဘူး။ သူတို့ ချင်မျိုးနွယ်ပဲ ဟုတ်တယ်မလား” စီးဝူယာ့က မေးလိုက်သည်။

ချင်နိုင်ဟယ်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက သက်ပြင်းချကာ ပြောလိုက်တော့သည်။

“သခင်လေးရဲ့ သေဆုံးခြင်းက ကိစ္စကြီးပဲ။ ကျုပ်က ဒီကိစ္စကို ဆရာသခင်ချင်ဆီ ကိုယ်တိုင်မရှင်းပြသရွေ့ တိုက်ခိုက်မှုက ဆက်ဖြစ်နေမှာ”

စီးဝူယာ့က ပြောလိုက်သည်။ "ချင်မော့ရှန်းက ဒီလောက်အရေးကြီးတယ်ဆိုရင် ဆရာသခင်ချင်ကိုယ်တိုင်က တစ်ဦးတည်းသော ယှဉ်ပြိုင်သူဖြစ်တဲ့ခင်ဗျားကို ဘာလို့စကားလာမပြောလဲ”

ချင်နိုင်ဟယ်က ချောင်းဆိုးလိုက်၏။ သူသည် ချောင်းဆိုးနေရာမှ ပြန်ကောင်းလာပြီးနောက် ပြောလိုက်တော့၏။

“ပြောရရင် သူက ဆရာသခင်တစ်ပါးပဲလေ။ နေ့တိုင်း သူလုပ်စရာကိစ္စတွေအများကြီးရှိနေတာ။ ဒါ့အပြင် သူက ပုံမှန်ဆို တံခါးပိတ်ကျင့်ကြံလေ့ရှိတယ်။ ဒီတော့ မျိုးနွယ်စုကိစ္စတွေကို အကြီးအကဲတွေဆီ အပ်ထားတာ။ မျှခြေမညီမျှမှုက ရုတ်တရက်ပေါ်လာတာဆိုတော့ သခင်လေးရဲ့သေခြင်းတရားအကြောင်း စုံစမ်းစစ်ဆေးဖို့ အချိန်မရှိလောက်ဘူး။ သူ အမည်မသိကုန်းမြေကို သွားလောက်တယ်”

“ဒီလိုသာဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ ခင်ဗျား သိုသိုသိပ်သိပ်နေသင့်တယ်” စီးဝူယာ့က ပြောလိုက်၏။

“ဒီကိစ္စကို ကျုပ်ရဲ့ရှစ်စွင်းဆီ သတင်းပို့လိုက်မယ်”

ချင်နိုင်ဟယ်က ပြောလိုက်သည်။

“ငါ ဒုတိယအကြီးအကဲကို အနိုင်ယူပြီးပြီ။ သူတို့အခုလောက်ဆို အဆင်အခြင်မဲ့ မလှုပ်ရှားလောက်တော့ဘူးလို့ ယုံတယ်။ ပထမအကြီးအကဲက အလုပ်များနေတာ။ မျှခြေမညီမျှမှုက ပိုဆိုးလာပြီ။ သူ အခု လေကျင့်ရေးခန်းမမှာ ရှိလောက်တယ်။ သူ အလွယ်တကူထွက်မှာမဟုတ်ဘူး။ ကာလတစ်ခုအထိတော့ သူ့ကို စိတ်ပူနေဖို့မလိုဘူး။ အလုပ်မဖြစ်ရင်လည်း ငါ တောင်တန်းတွေဆီ ခိုးထွက်သွားပြီး သုံးလေးငါးနှစ်လောက် ပုန်းနေလိုက်မယ်”

“ခင်ဗျားက စိတ်မာသားပဲ” စီးဝူယာ့က ပြောလိုက်သည်။

“လွတ်လပ်သူတစ်ယောက်က ပြောရရင် လွတ်လပ်သင့်တယ်လေ” ချင်နိုင်ဟယ်က စနောက်လိုက်၏။

စီးဝူယာ့က သက်ပြင်းချကာ ခေါင်းခါလိုက်တော့သည်။

“ကံဆိုးတာက ခင်ဗျားထင်သလို ကိစ္စတွေက ချောချောမွေ့မွေ့ဖြစ်မယ်မထင်ဘူး။ တစ်ခါတလေကျ အခြေအနေက မထင်မှတ်ထားတာတွေဖြစ်လာပြီး မလိုချင်တဲ့အလှည့်အပြောင်းတွေ ဖြစ်လာနိုင်တယ်”

ဘန်း

ရုတ်တရက် ကောင်းကင်သိုင်းခုံရုံးမှ ဆူညံသံတစ်သံပေါ်ထွက်လာ၏။

“ကျုပ် သွားလိုက်ဦးမယ်” စီးဝူယာ့က လက်ဝေ့ယမ်းပြလိုက်သည်။

ချင်နိုင်ဟယ်က မျက်မှောင်ကျုံ့လိုက်၏။ "ဒါလွန်ကဲတာပဲ။ အနည်းဆုံးတော့ ကျုပ် မျိုးနွယ်စုကို အများကြီးအကျိုးပြုခဲ့တာပဲ။ သူတို့က တကယ်ဒီအတိုင်းတာအထိ ချောင်ပိတ်ဖို့ စီစဉ်နေတာလား”

“ခင်ဗျား လုပ်ဖို့လိုတာက အနားယူဖို့ပဲ။ ကျန်တာ ကျုပ်ဆီအပ်ထားလိုက်” စီးဝူယာ့က ပြောလိုက်သည်။

“မဟုတ်ဘူး။ ပထမအကြီးအကဲရဲ့ကျင့်ကြံဆင့်က နက်နဲတယ်။ ဆရာသခင်တစ်ပါးရဲ့ ကျင့်ကြံဆင့်ရှိတာ ကျုပ်ရဲ့ကိစ္စတွေကို မိစ္ဆာဝေဟင်မျှော်နန်းကို ငြိစွန်းခွင့်မပေးနိုင်ဘူး”

“မဟုတ်ဘူး။ ချင်မော့ရှန်းသေတာက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ သက်ဆိုင်နေတယ်။ ဒါ့အပြင် အခု ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်း ဂိုဏ်းသားတစ်ယောက်” စီးဝူယာ့က ပြောလိုက်၏။ ချင်နိုင်ဟယ်၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်သော အမူအရာကိုမြင်သောအခါ သူက အာမခံသောအပြုံးဖြင့် ပြောလိုက်တော့သည်။

“စိတ်မပူနဲ့ ရန်သူနောက်ဆုတ်သွားအောင်လုပ်ဖို့နည်းလမ်းတစ်ခုရှိတယ်”

ချင်နိုင်ဟယ်သည် စီးဝူယာ့အခန်းထဲမှ ထွက်သွားတာကို ကြည့်နေမိ၏။ သူသည် စီးဝူယာ့နောက်လိုက်ချင်သော်ငြား သူ၏ဒဏ်ရာမှ နာကျင်မှုသည် သူ ထရပ်ရန်ကြိုးစားချိန်တွင် သူ့ကို အိပ်ရာပေါ် လဲကျသွားစေ၏။ အဆုံးကျ သူသည် နာကျင်မှုကို ပြေပျောက်ရန်အတွက် သူ ရထားကာစ အသက်စွမ်းအင်ကို အသုံးပြုလိုက်ရ၏။

ကောင်းကင်သိုင်းကျောင်းတော်ရှိ ရေအိုင်ထက်တွင်ဖြစ်သည်။

ကောင်းကင်သိုင်းခုံရုံးမှ ပါရမီရှင်တို့သည် ဧရာမအန္တရာယ်တစ်ခုကို ရင်ဆိုင်နေရသည့်ပမာ လေထဲပျံဝဲနေသော မီးခိုးရောင်ဝတ်ရုံဖြင့် အဖိုးအိုကို မော့ကြည့်လိုက်၏။

ထိုစဉ် စီးဝူယာ့က ရောက်လာပြီး လူတိုင်းက အလိုလို လမ်းဖယ်ပေးကြ၏။

“အကြီးအကဲချင်ကို အကြာကြီးစောင့်ခိုင်းမိတာ တောင်းပန်ပါတယ်” စီးဝူယာ့က ပြောလိုက်သည်။

မီးခိုးရောင်ဝတ်ရုံဖြင့် အကြီးအကဲချင်သဲ့ဖြစ်သည်။ သူက အချိန်အတိုင်းအတာတစ်ခုအထိ ပေါ်လာမှာမဟုတ်ဟု ချင်နိုင်ဟယ် မှန်းဆထားသည့်လူဖြစ်သည်။

ချင်သဲ့က လူအုပ်ကြီးထဲမျက်လုံးဖြင့် ရှာဖွေလိုက်သည်။ သူက ချင်နိုင်ဟယ်ကို မတွေ့သောအခါ မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။

“ချင်နိုင်ဟယ်ကို လွှဲပေး ဒါဆို မင်းအတွက် ခက်ခဲအောင် မလုပ်တော့ဘူး”

စီးဝူယာ့က တည်ငြိမ်နေ၏။

“ဟုတ်ပြီ သူ့ကို ခင်ဗျားဆီလွှဲပေးနိုင်တယ်။ ဒါပေမဲ့ ဒီဟာမတိုင်ခင် ခင်ဗျား အခြေအနေတွေကို စုံစမ်းစစ်ဆေးရမယ်”

“အချက်အလက်တွေက စုံနေပြီပဲ။ ဘာတွေစစ်ဆေးဖို့ လိုသေးလဲ” ချင်သဲ့က အသံတိုးတိုးဖြင့်ပြောလိုက်၏။

“ဆရာသခင်ချင်က မှာထားတာကြောင့်ပဲ။ မဟုတ်ရင် မင်းနဲ့လေကုန်ခံနေမယ်ထင်လား။ ငါ မင်းကို သတ်လိုက်မှာ”

စီးဝူယာ့က ထူးမခြားနားပြောလိုက်၏။ "သတ်ဖို့လား။"

ချင်သဲ့က စီးဝူယာ့ကို စိုက်ကြည့်လိုက်၏။ “ငါ နောက်နေတယ်ထင်လား”

“မနောက်ရဲပါဘူး” စီးဝူယာ့က လက်သီးဆုပ်မိုးလိုက်၏။ “အမှန်အတိုင်းပြောရရင် ချင်နိုင်ဟယ်က ကျုပ်တို့ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ပြီးပြီ။ ခင်ဗျားက အစိမ်းရောင်ကြာနယ်မြေဆီကဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း သိပ်မသိလောက်ဘူး။ ဒါကြောင့် မလှုပ်ရှားခင် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း လိုက်ပတ်မေးဖို့ အကြီးအကဲချင်ကို အကြံပြုပါရစေ။ အကြီးအကဲချင်ရဲ့ကျင့်ကြံမှုက နက်နဲတယ်ဆိုတော့ လိုက်မေးဖို့ တစ်ရက်နှစ်ရက်တောင် ကြာမှာမဟုတ်ဘူး”

ချင်သဲ့က ရယ်မောလျက် အထင်တသေးပြောလိုက်သည်။ "မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”

ပြီးနောက် ချင်သဲ့က ရုတ်တရက် သူ၏လက်ဝါးစည်းတံဆိပ်ဖြင့် တိုက်ခိုက်လိုက်သည်။

မဟာလက်ဝါးစည်းတံဆိပ်သည် ဝေဟင်ထဲမှ ရုတ်တရက် ကျဆင်းလာသည်။

စီးဝူယာ့က ဝေဟင်ထဲ နောက်ဆုတ်လျက် အမူအရာအနည်းငယ်ပြောင်းလဲသွားသည်။ ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက်၏လက်ဝါးစည်းတံဆိပ်ကို သူ မည်ကဲ့သို့ ရှောင်နိုင်မည်နည်း။ လက်ဝါးစည်းတံဆိပ်က သူ့ကို ထိတော့မည့်အချိန်တွင် ...

ဘန်း

ရှောင်ယွင်ဟယ်၏ ပုံရိပ်က စီးဝူယာ့ရှေ့တွင် ပေါ်လာ၏။

“ကျေးဇူးပါ မျှော်စင်သခင်ရှောင်” စီးဝူယာ့က ပြောလိုက်တော့သည်။

ချင်သဲ့က ရှောင်ယွင်ဟယ်ကိုကြည့်ကာ အနည်းငယ် အံ့ဩသွားတော့သည်။

“အနီရောင်ကြာနယ်မြေထဲမှာ မွေးဖွားဇယားချပ် ၁၀ခုထက်ရှိတဲ့ ပညာရှင်တွေ ရှိတယ်လား”

တကယ်တော့ ချင်သဲ့၏အစောတုန်းက လက်ဝါးစည်းတံဆိပ်သည် စမ်းရန်သာဖြစ်သည်။

ရှောင်ယွင်ဟယ်က မေးလိုက်လေ၏။

“အကြီးအကဲချင် ဒီလိုပြုမူနေတာ ဘာထူးမှာလဲ”

ချင်သဲ့က နှာခေါင်းရှုံ့လိုက်သည်။ “ချင်မျိုးနွယ်ရဲ့ လွတ်လပ်သူတစ်ယောက်အနေနဲ့ ချင်နိုင်ဟယ်က ခွင့်ပြုချက်မပါဘဲ သခင်လေးကို ခေါ်သွားတာ။ အရေးအကြီးဆုံးက သူက သခင်လေးကို သစ္စာဖောက်ခဲ့ပြီး သခင်လေးကို သေသွားစေတယ်။ ဒီလိုပြုမူနေတာ ဘာကြောင့်လဲလို့ မေးရဲသေးတယ်ပေါ့။ မင်းကို ပြောလိုက်မယ်။ ငါ့ရဲ့သည်းခံမှုက အကန့်အသတ် ရှိတယ်။ ချင်နိုင်ဟယ်ကို ငါ့ဆီလွဲမပေးရင် သက်ညှာမှုမရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့”

ဘီး

ကောင်းကင်သိုင်းကျောင်းတော်ကို လွှမ်းမိုးလိုက်သည့် ဧရာမကြယ်တာရာဒိုင်ခွက်က ပေါ်လာတော့သည်။ မွေးဖွားဇယားချပ် ၁၇ခုက လှစ်ကနဲပေါ်လာလျက် ကောင်းကင်သိုင်းကျောင်းတော်ရှိ လူတို့ကို ခြိမ်းခြောက်နေသည်။

ခေါင်မိုးပေါ်ကနေ က အထိတ်တလန့်ပြုတ်ကျလာလျက် ဝမ်တာ့ချွေ့လက်ထဲရှိ တူက မြေကြီးပေါ်ပြုတ်ကျသွားတော့သည်။

“ဒါ ဒါက မွေးဖွားဇယားချပ် ၁၇ခုလား”

“ငါ မြင်နေတာ မှန်ရဲ့လား”

ကောင်းသိုင်းကျောင်းတော်၏ပါရမီရှင်များသည် လေ့လာခြင်းနှင့် သုတေသနပြုခြင်းကို စွဲလမ်းနေသော်ငြား သူတို့၏ကျင့်ကြံဆင့်က သိပ်မကောင်းပေ။ မွေးဖွားဇယားချပ် ၁၇ခုကို မြင်သောအခါ သူတို့သည် အမြန်ပြန်လာကြ၏။ ရှောင်ယွင်ဟယ်က တံတွေးမျိုချကာ အနေခက်သောအကြည့်တို့ဖြင့် စီးဝူယာ့ကို တီးတိုးပြောလိုက်လေ၏။

“ငါတို့ သူ့ကိုလွဲပေးလိုက်ကြမလား”

ထိုစဉ် လေထဲ၌ အသံတစ်သံပေါ်ထွက်လာသည်။ “အကြီးအကဲချင် ရပ်လိုက်တော့။ ကျုပ် ခင်ဗျားနဲ့ရပ်မယ်” ချင်နိုင်ဟယ်က သူ့ရင်ဘတ်ကို ထိန်းထားကာ ထွက်လာလေ၏။

ချင်သဲ့က ချင်နိုင်ဟယ်ကို တွေ့သောအခါ ကျေနပ်အားရသည့်အပြုံးပေါ်လာတော့သည်။ သူက ကြယ်တာရာဒိုင်ခွက်ကို ဖယ်ကာ ပြောလိုက်တော့သည်။ “မင်းက အတော်ပါးနပ်တာပဲ”

ချင်နိုင်ဟယ်က သက်ပြင်းချလျက် ခေါင်းခါလိုက်သည်။ ပြီးနောက် သူက ကျန်သည့်သူများကို ကြည့်ပြီးနောက် သူ၏အကြည့်က စီးဝူယာ့ဆီမှာရပ်တန့်သွားသည်။ သူက ပြောလိုက်လေ၏။

“လူတိုင်းကို ကျုပ်နဲ့အတူ ဆွဲချဖို့မလိုဘူး”

ချင်သဲ့က ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။ "ချင်နိုင်ဟယ် မင်းက ချင်မျိုးနွယ်ကို သစ္စာဖောက်ပြီး သခင်လေးကို သေစေခဲ့တယ်။ ဒုတိယအကြီးအကဲကိုတောင် ဒဏ်ရာရစေခဲ့တာ ပထမအကြီးအကဲအနေနဲ့ ငါ မင်းကို ခွင့်မလွှတ်နိုင်ဘူး”

ချင်သဲ့က ပြောပြီးနောက် လက်မြှောက်ကာ တွန်းချလိုက်သည်။

လူတိုင်းက ကောင်းကင်မှ ဧရာမလက်ဝါးဆင်းသက်လာတာကို ကြည့်မိစဉ် ပင့်သက်ရှိက်မိသွား၏။

ချင်နိုင်ဟယ်က ထိတ်လန့်သွားတော့သည်။ သူကလက်ကို တွန်းထုတ်လိုက်ပြီး သူ့အသက်စွမ်းအင်ကို ထိန်းညှိကာ လက်ဝါးစည်းတံဆိပ်ကို ခံနိုင်ရည်ရှိရန် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်၏။

ရှောင်ယွင်ဟယ်သည် ဘေးကနေကူညီရန် လက်ဝါးစည်းတံဆိပ်တစ်ခု တွန်းထုတ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ဓားပူပူက ထောပတ်ကို ဖြတ်သွားသည့်ပမာ လက်ဝါးစည်းတံဆိပ်သည် ရှေ့သို့ပြုတ်ကျလာ၏။

ဘန်း

ရှောင်ယွင်ဟယ်က နောက်သို့လွင့်ထွက်သွား၏။

“ဖယ်နေ ဒါ ခင်ဗျားနဲ့မဆိုင်ဘူး”

ချင်နိုင်ဟယ်က အသံတိုးတိုးဖြင့် ပြောလိုက်၏။

ဘန်း

လက်ဝါးစည်းတံဆိပ်က ချင်နိုင်ဟယ်၏ ကြယ်တာရာဒိုင်ခွက်ကို ချိုင့်ဝင်သွားစေ၏။

“ရပ်လိုက်”

“ရာရာစစ ငါ့ကို တားရဲတယ်ပေါ့” ချင်နိုင်ဟယ်သည် သူ့ဆီတိုးဝင်လာသည့် ခြိမ်းခြောက်နေသော ဖိအားကို ခံစားမိသောကြောင့် ကြယ်တာရာဒိုင်ခွက်ကို အမြန်ဖယ်လိုက်၏။

ဘန်း

လက်ဝါးစည်းတံဆိပ်က ချင်နိုင်ဟယ်၏ရင်ဘတ်ပေါ် ကျလာချိန် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီးနောက် ထပ်မံပျောက်ကွယ်သွားကာ သူ၏မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးကြောင်း ညွှန်ပြနေလေ၏။

…

အခန်း (၁၂၈၆) အကြီးအကဲချင်က ပြိုလဲတော့မယ်

ချင်နိုင်ဟယ်က အစကတည်းက ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့၏။ လက်ဝါးစည်းတံဆိပ်၏ ပြင်းထန်သည့် သက်ရောက်မှုကြောင့် သူက ထပ်မံသွေးအန်ပြီး မြေပြင်ပေါ် လဲကျသွားသည်။

“ချင်နိုင်ဟယ်” စီးဝူယာ့က ချင်နိုင်ဟယ်ကို ထောက်ပံ့ပေးလိုက်သည်။ သူက အလျင်အမြန် ချင်နိုင်ဟယ်အပေါ် လက်တင်ကာ ကုစားပေးလိုက်၏။

ထိုစဉ် မိုးမခဘုံတစ်ထောင်ဘုရားကျောင်းမှ ဝူဝူက ရောက်ရှိလာလေ၏။ သူမရှေ့တွင်ရှိသည့် မြင်ကွင်းကို မြင်တွေ့ပြီးသည့်နောက်တွင် သူမက မျက်မှောင်ကြုတ်လိုက်သည်။ သူမက ချင်နိုင်ဟယ်ထံ အနီရောင်အလင်းလုံးကို အလျင်အမြန် ပို့ဆောင်ပေးလိုက်၏။

ဝူဝူ၏ ကုစားရေးနည်းလမ်းက သိပ်မဆိုးလှပေ။ ထိုအနီရောင်အလင်းလုံးက ချင်နိုင်ဟယ်၏ ကိုယ်ပေါ် ကျရောက်လာသည့်အခါ သူ့နာကျင်မှုကို သိသိသာသာ လျှော့ချပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့မွေးဖွားဇယားချပ် ဆုံးရှုံးမှုကို ပြန်လည်ကုစားဖို့ရာ မဖြစ်နိုင်ပေ။

ဤတစ်ကြိမ် သေးငယ်သည့် အသက်ဓာတ်စွမ်းအား မုန်တိုင်းက စက်ဝိုင်းပြတ်ရေကန်အနီးတွင် ပေါ်ထွက်လာလေသည်။ ပုံမှန်အားဖြင့် နက်နဲသည့် ကျင့်ကြံဆင့်ရှိသည့် မွေးဖွားဇယားချပ် ဖျက်ဆီးခံလိုက်ရသည့်အခါတွင် အသက်ဓာတ်စွမ်းအင်မုန်တိုင်းတစ်ခု ရှိလာလိမ့်မည်။

ချင်သဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ချင်ရန်ယွဲ့က ချင်နိုင်ဟယ်အား တိုက်ခိုက်ဖို့နှင့် ဖမ်းဆီးဖို့ရာ အမိန့်ပေးခဲ့သော်လည်း သူ့ကို သတ်၍မရကြောင်း မပြောခဲ့ပေ။

ချင်နိုင်ဟယ်က အမှားကြီးကြီးမားမား ကျူးလွန်ခဲ့ပြီး ချင်မျိုးနွယ်၏ သစ္စာဖောက် ဖြစ်၏။ ချင်သဲ့၏ အမြင်တွင် ချင်နိုင်ဟယ်၏ မွေးဖွားဇယားချပ်ကို ဖျက်ဆီးလိုက်ခြင်းက ပြစ်ဒဏ်အသေးစားမျှသာ ဖြစ်သည်။ ထိုအရာက ကောင်းကင်သိုင်းပညာခုံရုံးမှ လူများကိုလည်း ခြိမ်းခြောက်နိုင်လိမ့်မည်။

“ဒါက ချင်မျိုးနွယ်ကို သစ္စာဖောက်တဲ့ အကျိုးဆက်ပဲ” ချင်သဲ့က ပြောလိုက်၏။

ဝူဝူက ချင်နိုင်ဟယ်ကို အကောင်းဆုံးကြိုးစားကာ ဆက်လက် ကုစားပေးနေပြီး သူမ၏ မျက်နှာက နီရဲလာသည်။

ဝူဝူက ချင်နိုင်ဟယ်ကို ဆက်လက်ကုစားပေးနေသည်ကို မြင်သည့်အခါ ချင်သဲ့က အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“ထွက်သွားစမ်း။ မင်းနဲ့ ဒီနေရာမှာ မဆိုင်ဘူး”

စွမ်းအင်လှိုင်းက ဝူဝူကို တွန်းပို့လိုက်လေ၏။

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။

“ချင်နိုင်ဟယ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့သားလို့ မပြောဖူးဘူးလား”

ချင်သဲ့က စီးဝူယာ့နှင့် အဓိပ္ပာယ်မရှိသည့်အရာများကို ဆက်မပြောလိုပေ။ သူက ပြောလိုက်၏။

“လူငယ်လေး ငါ မင်းကို သည်းခံပြီးနေလိုက်တာဆိုတော့ အခုရပ်လိုက်တာ ပိုကောင်းမယ်။ ဒီနေရာမှာ အဆုံးသတ်လိုက်ရအောင်”

ချင်သဲ့က လက်ကိုမြှောက်လိုက်သည်။ ချင်နိုင်ဟယ်ဆီ စွမ်းအင်စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာလေ၏။

ချင်သဲ့က ချင်နိုင်ဟယ်အား ချင်မျိုးနွယ်ဆီ တတ်နိုင်သမျှ ခေါ်ဆောင်သွားရမည် ဖြစ်ကာ ချင်နိုင်ဟယ်က အပြစ်ပေးခံရမည်။ သူက ကိစ္စများစွာ ရှိနေသေးသည့်အတွက် ဤနေရာတွင် ကြာကြာနေကာ သိပ်မကောင်းလှပေ။

ထိုစဉ် စီးဝူယာ့က အဆောင်တစ်ခုကို အသက်သွင်းလိုက်သည်။ အကြွင်းမဲ့စွမ်းအားရှေ့တွင် ဝှက်ဖဲနှင့် လှည့်ကွက်များက အသုံးမဝင်ပေ။ သူက တုံ့ဆိုင်းမနေဘဲ သူ့ရှစ်စွင်းကို ဆက်သွယ်လိုက်၏။

“ဟမ်” ချင်သဲ့က တွေဝေသွားမိသည်။ သူ့ရှေ့တွင်ရှိသည့် လူငယ်လေးက အမှန်တကယ် ခေါင်းကြောမာလှ၏။ အကယ်၍ သူသာဆိုပါက ထိုလူငယ်လေးကို လက်ဝါးတစ်ချက်ဖြင့် သတ်ပြီးလောက်လေပြီ။ ထိုစဉ် မည်သူကများ ခုခံရဲမည်နည်း။

ချင်သဲ့က ချင်ရန်ယွဲ့၏ အမိန့်ကို လျစ်လျူရှုပြီး လှုပ်ရှားတော့မည့်ဆဲဆဲတွင် လေထုထဲ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာလေ၏။

အားလုံးက မော့ကြည့်ကာ ဒူးထောက်လိုက်ကြသည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

“ရှစ်စွင်း” စီးဝူယာ့က ဒူးတစ်ဖက်ထောက်လိုက်သည်။

ပုံရိပ်ယောင်ထဲတွင် လုကျိုးက လက်နောက်ပစ်လျက် ကုန်းပတ်ပေါ် ရပ်နေလေ၏။ ထိုအရာက လှပသောအစိမ်းရောင်ကြာနယ်မြေ၏ အပေါ်ဖက်တွင် ရှိနေလေသည်။

လုကျိုးက စီးဝူယာ့သည် မလိုအပ်လာသရွေ့ ဆက်သွယ်မည် မဟုတ်ကြောင်း သိထားလေသည်။ ထို့အပြင် စီးဝူယာ့ မဖြေရှင်းနိုင်သည့်အရာဆိုပါက အင်မတန် အရေးကြီးသည့်အရာသာ ဖြစ်လိမ့်မည်။

လုကျိုးက မေးလိုက်၏။

“ဘာကိစ္စလဲ”

“ချင်မျိုးနွယ်ရဲ့ ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲတို့က ကောင်းကင်သိုင်းပညာကျောင်းတော်ဆီ လာနှောင့်ယှက်ပြီး ချင်နိုင်ဟယ်ကို ဒဏ်ရာပေးထားတော့ မွေးဖွားဇယားချပ်တစ်ခုကိုတောင် ဆုံးရှုံးသွားစေတယ်” စီးဝူယာ့က ရှင်းပြလိုက်သည်။ သူ့အဆောင်များကို အသက်သွင်းလိုက်သည်။

ထိုသို့ဖြင့် မြေပြင်ပေါ်တွင် ရှိသည့် အလင်းစက်ဝန်းက ပိုမိုကြီးမားလာသည်။

လုကျိုးက လေထဲဝဲပျံနေသည့် ချင်သဲ့ကို ကြည့်လိုက်သည်။

ချင်သဲ့က လုကျိုးကို ကြည့်ကာ သူလုပ်လက်စကို ဆက်လုပ်လိုက်ပြီး ပြောလိုက်၏။

“ချင်နိုင်ဟယ်က ချင်မျိုးနွယ်ရဲ့ သစ္စာဖောက်ပဲ။ ဆရာသခင်ချင်က သူ့ကို အပြစ်ပေးဖို့ခေါ်လာဖို့ အမိန့်ပေးထားတာ။ ကျုပ်ကို တားမှာလား”

လုကျိုးက ပြောလိုက်သည်။

“စီးဝူယာ့က မင်းကို ချင်နိုင်ဟယ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့သားလို့ မပြောလိုက်ဘူးလား”

“ပြောတယ်လေ။ အဲ့တော့ ဘာဖြစ်လဲ” ချင်သဲ့က ချင်နိုင်ဟယ်အပေါ်မှာ လက်ဝါးစည်းတံဆိပ်ကို တင်းတင်းကြပ်ကြပ် လက်ဆုပ်ကိုင်လိုက်သည်။

အားလုံးက ချင်နိုင်ဟယ် လေထဲမြင့်တက်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြရသည်။

လုကျိုးက ပြောလိုက်သည်။

“မင်း သတ္တိကတော့ အံ့မခန်းပဲ။ ထော့ပါစစ်ချန်းနဲ့ ယဲ့ကျန်းတောင် ငါ့ကို အဲ့လိုပုံစံမပြောရဲဘူး”

ချင်သဲ့က အနည်းငယ်တုန်လှုပ်သွားလေ၏။ သူ့မျိုးနွယ်၏ ဆရာသခင်ချင်နည်းတူ နာမည်ကျော်ကြားသည့် ဆရာသခင်နှစ်ယောက်ကို မည်သို့မသိဘဲ နေမည်နည်း။ ပုံရိပ်ထဲတွင် ရှိနေသည့်သူက သူ့မျိုးနွယ်၏ ဆရာသခင်ကို အထင်သေးနေတာလားဟု စဉ်းစားနေမိသည်။

ချင်သဲ့၏ အစပိုင်းအတွေးကမူ သူတို့သည် လျှောက်လိမ်ညာနေခြင်းသာ ဖြစ်၏။ သို့သော်လည်း လုကျိုး၏ တည်တည်ငြိမ်ငြိမ်အမူအရာကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက လိမ်ညာနေဟန် မပေါ်တော့ပေ။ သူက ပြောလိုက်သည်။

“ချင်နိုင်ဟယ်ကိုပဲ ပစ်မှတ်ထားတာပါ။ တခြားသူတွေ ဘယ်သူ့ကိုမှ အကျပ်မရိုက်စေဘူး။ ဒါကို အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ စိတ်ထဲမထားဖို့လည်း မျှော်လင့်ပါတယ်။ တကယ်လို့ အားတဲ့အချိန်ကျရင် ချင်မျိုးနွယ်ဆီကို ဖိတ်ကြားပါဦးမယ်။ အဲဒီအခါမှ သေချာပေါက် ဧည့်ခံပါ့မယ်”

လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

“ချင်ရန်ယွဲ့ကို ငါ ယန်နန်မှာ စောင့်နေမယ်လို့ ပြောလိုက်”

“…”

ချင်သဲ့က လုကျိုးသည် ချင်ရန်ယွဲ့နာမည်ကို‌ ပြောသည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ လုကျိုးက ယန်နန်ကို ပြောသည့်အခါ ပိုမိုအံ့အားသင့်သွားလေသည်။

ဤတစ်ကြိမ် အဆောင်မှ ပုံရိပ်က နောက်ခံက တိမ်တိုက်များကြား ထိုးဖောက်နေသည့် တောင်တစ်လုံးကို ပြသနေလေသည်။ တိမ်တိုက်ရင်ပြင်ကိုပင် မြင်တွေ့နေရ၏။ ထိုစက်ဝိုင်းပြတ်ထိပ်တွင် ထိုအရာပေါ်တွင် စာလုံးသုံးလုံးကို မြင်တွေ့နိုင်လေ၏။

ယန်နန်ကောင်းချီးနယ်မြေ

ထို့နောက် ပုံရိပ်ယောင်ကို ဖြတ်တောက်လိုက်သည်။

“အစ်ကိုလု ဒါပဲလား” ရှောင်ယွင်ဟယ်က ကြောင်အမ်းနေလေသည်။

ဒီကိစ္စကို မဖြေရှင်းရသေးဘူးလေ။ ဘယ်နေရာသွားတာလဲ။ သူက ရန်သူကို ခြိမ်းခြောက်ဖို့ သူ့ပညာတွေ ထုတ်မပြတော့ဘူးလား…။

“…”

ရှောင်ယွင်ဟယ်နှင့် တူညီသော တခြားသူများကလည်း ကြောင်အမ်းနေကြသည်။

စီးဝူယာ့က ကျောမတ်မတ်ရပ်ကာ ချင်သဲ့ကို ကြည့်လိုက်၏။

“ကျုပ် ရှစ်စွင်းက ပြောလိုက်ပြီဆိုတော့ ချင်နိုင်ဟယ်ကို ခင်ဗျားဆီပဲ ထားလိုက်မယ်”

ချင်သဲ့က စီးဝူယာ့က သူ့အား ချင်နိုင်ဟယ် ခေါ်ဆောင်သွားခြင်းမှ မတားဆီးတော့သည့်အတွက် အနည်းငယ် မသက်မသာဖြစ်နေမိသည်။ သူမြင်လိုက်ရသည့် ယန်နန်၏ ပုံရိပ်၏ အတု မဟုတ်ကြောင်း သိထားလေ၏။ ထိုအရာကို တွေးမိကာ သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ သူက စိတ်ငြိမ်ဖို့ ကြိုးစားလိုက်သည်။ သူက မည်သို့ပင်ဆိုစေကာမူ ချင်နိုင်ဟယ်ကို ခေါ်ဆောင်သွားရမည် ဖြစ်၏။

ထိုစဉ် စီးဝူယာ့က ပြောလာခဲ့သည်။

“အကြီးအကဲချင် ကျုပ် ရှစ်စွင်းရဲ့စကားကို ဆရာသခင်ချင်ဆီ ပို့လိုက်တာ ကောင်းတယ်လို့ ထင်တယ်။ မဟုတ်ရင် ခင်ဗျားရဲ့ အပြုအမူတွေကို နောင်တရဖို့ နောက်ကျလွန်းသွားလိမ့်မယ်။ ကဲ ဒါပဲ ပြောစရာရှိတာပါ။ ခင်ဗျားတို့တွေ သွားလို့ရပြီ”

“…”

ချင်သဲ့က အနည်းငယ် တုံ့ဆိုင်းသွားလေ၏။ ရုတ်ခြည်းဆိုသလို သူ့ခါးပေါ်ရှိ အဆောင်ဆီမှ လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ သူက အဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည့်အချိန် စာတမ်းအနည်းငယ် ပေါ်ထွက်လာသည်။

စာတမ်းတွင်မူ ဆရာသခင်ထော့ပါနှင့် ဆရာသခင်ယဲ့ကျန်းတို့က သေဆုံးသွားပြီ ဖြစ်၏။

ဒုတိယစာတမ်းကမူ ဆရာသခင်ချင်က ယန်နန်ကောင်းချီးနယ်မြေဆီ သွားရောက်ခြင်း ဖြစ်သည်။

တတိယစာတမ်းကမူ တကယ်လို့ မိစ္ဆာဝေဟင်မျှော်နန်းနှင့် တွေ့ဆုံခဲ့ပါက မဆင်မခြင်မပြုမူဖို့ မှတ်ထားဖို့ရာ ဖြစ်သည်။ ထိုအရာက အင်မတန် အရေးကြီးကြောင်း ပြောထားလေ၏။

“…”

ချင်နိုင်ဟယ်က မျက်လုံးအပြူးသားဖြစ်သွားလေ၏။ သူ့လက်ချောင်းများက တုန်ယင်လာလေသည်။ သူက ယခုအခိုက်အတန့် ပြိုလဲလုနီးပါးဖြစ်နေလေ၏။ အစိမ်းရောင်ကြာနယ်မြေ၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦးက သေဆုံးသွားပြီ ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသော စာတမ်းနှစ်ခုက သူ့စိတ်ထဲမှ နိမိတ်ဆိုးကို ပိုမိုကြီးထွားလာစေသည်။ သူက မျက်လုံးကို မှိတ်ကာ အသက်ပြင်းပြင်းရှူပြီး စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

“ဒါက တိုက်ဆိုင်မှုပါ။ ဟုတ်တယ် တိုက်ဆိုင်မှုပဲ”

ချင်နိုင်ဟယ်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင်ထိန်းလိုက်၏။ ထို့နောက် ချင်ရန်ယွဲ့က အမည်မသိကုန်းမြေဆီ ဓားသမား ၄၉ယောက်ကို ဦးဆောင်လျက် ခေါ်သွားပြီး ပညာရှင်တစ်ယောက်နှင့် တွေ့ဆုံခဲ့ကြောင်း ပြန်လည်အမှတ်ရသွားသည်။ ထိုပညာရှင်က နတ်သားရဲနှင့် တိုက်ခိုက်ကာ သရေကျခဲ့၏။ ချင်ရန်ယွဲ့က ထိုပညာရှင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ပြီး ယဲ့ကျန်းနှင့် ထော့ပါစစ်ချန်းတို့နှင့် အကွာအဝေးကိုချထားခဲ့သည်။ ထိုစဉ်အခါက ချင်ရန်ယွဲ့သည် သူ့အား ပညာရှင်နာမည်က လုမျိုးရိုးဟု ပြောခဲ့ဖူးကြောင်း အမှတ်ရလိုက်သည်။

“မင်း ရှစ်စွင်းရဲ့ နာမည်က ဘယ်သူလဲ” ချင်ရန်ယွဲ့က စီးဝူယာ့အား မေးလိုက်သည်။

“ကျုပ်ရှစ်စွင်းရဲ့ မျိုးရိုးက ကျိ” စီးဝူယာ့က ပြန်ဖြေလိုက်သည်။

ချင်ရန်ယွဲ့က အသက်ပြင်းပြင်းရှူကာ စိတ်သက်သာရာရသွားလေ၏။

ထိုစဉ် တစ်စုံတစ်ယောက်က ထပ်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မျှော်နန်းသခင်က လုမျိုးရိုးကိုပဲ သုံးနေတာလေ။ သူ့ကို မျှော်နန်းသခင်လုလို့လည်း သိကြတယ်”

“…”

ချင်သဲ့၏ လက်က တုန်ယင်သွားပြီး သူ့စွမ်းအင်စည်းတံဆိပ်အပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားလေသည်။

စွမ်းအင်စည်းတံဆိပ် ပျောက်ကွယ်သွားသည့်အခါ ချင်နိုင်ဟယ်က ကောင်းကင်မှ ပြုတ်ကျလာလေ၏။

...

အခန်း (၁၂၈၇) မျှော်နန်းသခင်လု ရောက်လာခြင်း

စီးဝူယာ့သည် အံ့ဩနေရာမှ ပြန်သတိဝင်လာပြီး ချင်နိုင်ဟယ်ကို အမြန်ပြေးဖမ်းလိုက်၏။ ပြီးနောက် သူသည် ချင်နိုင်ဟယ်၏ထူးကဲချီသွေးကြောရှစ်ခုကို ပိတ်ရန်အတွက် ချင်နိုင်ဟယ်၏အကြောများကို ပိတ်ကာ ကနဦးချီများ ယိုစိမ့်ထွက်မှုကို ဖိနှိပ်ထားလိုက်သည်။ မွေးဖွားဇယားချပ်ဆုံးရှုံးမှုက ပြင်းထန်လွန်းသဖြင့် သူ သတိလက်လွတ်နေ၍မရပေ။ ချင်နိုင်ဟယ်က ကနဦးချီထိန်းထားလေလေ နောင်ကျ သူ၏ကျင့်ကြံမှုကောင်းရန် ပိုလွယ်ကူလေဖြစ်သည်။ မိမိ၏မွေးဖွားဇယားချပ်ကို ပြန်လည်ဖွဲ့တည်နိုင်လျှင်တောင် ကျင့်ကြံဆင့်သည် ၎င်း၏အထွတ်အထိပ်သို့ ပြန်မရောက်နိုင်သေးသည့် အနေအထားရှိ၏။

ကျန်သည့်သူများက တအံ့တဩကြည့်နေလေ၏။

ကနဦးချီက ယိုစိမ့်ထွက်တာ ရပ်တန့်သွားပြီး ချင်နိုင်ဟယ်က မြေပြင်ပေါ်ရောက်သွားချိန်တွင် ချင်သဲ့က နောက်ဆုံးတော့ သတိကပ်လာလေ၏။ သို့သော်ငြား သူ ဆွံ့အနေသည်။ ယခုအချိန်တွင် သူ မည်သို့ပြောရမည်မှန်း မသိတော့ပေ။ သူ ဘာလုပ်ရမည်မှန်း မသိတော့ပေ။

စီးဝူယာ့က သူ့ရှစ်စွင်း၏ သွင်ပြင်ကို ပြန်တွေးမိပြီး ယန်နန်၏ ကောင်းချီးမြေဟူသည့် စကားလုံးကို တွေးကာ ပြုံးလျက် မေးလိုက်သည်။

“အကြီးအကဲချင် ကောင်းကင်သိုင်းကျောင်းတော်ထဲမှာ အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ဖို့ စီစဉ်ထားတာလား”

ချင်သဲ့က အင်မတန်အနေခက်သွားကာ ရှက်ရွံ့သွား၏။ သူက အရှက်ရမှုကို ဖုံးကွယ်ရန် အားတင်းပြုံးကာ ပြောလိုက်၏။

“ဖြစ်ချင်တော့ မင်းက မျှော်နန်းသခင်လုရဲ့တပည့်ကို”

လူတိုင်းက ခေါင်းခါလိုက်ကြကာ စိတ်ထဲရှုတ်ချလိုက်လေ၏။ စီးဝူယာ့က အစောတုန်းက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ဘယ်နှကြိမ်လောက်ထည့်ပြောခဲ့လဲ။ ဒါပေမဲ့ ချင်သဲ့က ဂရုမစိုက်တဲ့ပုံပဲ။ ဘာကြောင့် အခုကျမှ သတ္တိကြောင်သလို ဖြစ်သွားရတာလဲ။

“ဆရာသခင်ချင်နဲ့ ဆရာသခင်လုက မိတ်ဆွေတွေလို့ သတ်မှတ်လို့ရတယ်။ ဒီနေ့ဖြစ်ခဲ့တာက နားလည်မှုလွဲတာပဲ”

“နားလည်မှုလွဲတာလား” စီးဝူယာ့သည် ဘေးကို ခဏတဖြုတ်ကြည့်ပြီးနောက် မည်သို့ ဆက်လုပ်သင့်ကြောင်း စဉ်းစားနေ၏။

အစ၌ စီးဝူယာ့သည် သူ၏ရှစ်စွင်းက ချင်သဲ့ကို တိုက်ရိုက်ခြိမ်းခြောက်နေတာဟု ယူဆခဲ့သည်။ ထို့ကြောင့် ချင်သဲ့သည် အဆင်အခြင်မဲ့ မပြုမူရဲတော့ပေ။ ဤနည်းဖြင့် အနည်းဆုံးတော့ ချင်နိုင်ဟယ်၏ အသက်ကို ကယ်တင်နိုင်မှာပဲဖြစ်သည်။ ချင်သဲ့၏သဘောထားက ၁၈၀ ဒီဂရီပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားပေ။

စီးဝူယာ့သည် ချင်သဲ့က အဆောင်မှော်စာကို ရလိုက်သည့်အချိန်တွင် ဖြစ်ပေါ်သွားသည့် ချင်သဲ့၏အမူအရာကို တွေးမိသွားလေ၏။ သူ၏ရှစ်စွင်းက ဤချင်သဲ့ကို ဖိနှိပ်ထားနိုင်အောင် တစ်စုံတစ်ခု ပြုလုပ်ထားတာဖြစ်ရမည်။ မည်သို့ပင်ဆိုပေ ချင်သဲ့၏သဘောထားက ပြောင်းလဲသွားသော်ငြား သူ့ကို တွန်းပို့၍မရကြောင်း နားလည်၏။

“ဒါ နားလည်မှုလွဲတာဆိုမှတော့ ဒီကိစ္စကို ဖြေရှင်းဖို့က လွယ်ကူသွားပြီ။ အကြီးအကဲချင်က ချင်နိုင်ဟယ်ကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ” စီးဝူယာ့က မေးလိုက်တော့သည်။

စီးဝူယာ့က ပိုယဉ်ကျေးပြီး တည်ငြိမ်လေ ချင်သဲ့က စိတ်မသက်မသာဖြစ်လေလေ။ စီးဝူယာ့က သူ့ကို ထောင်ချောက်ထဲကျအောင် တိတ်တဆိတ်ခံစားမိ၏။ စီးဝူယာ့၏နူးညံ့သိမ်မွေ့မှုကြောင့် သူ အရူးလုပ်မခံရဟု တွေးထားသည်။ သူက အမှန်တကယ်တောင်းပန်ခြင်းဖြစ်ကြောင်း အရင်ဆုံး ပြသရမည်။ ထို့ကြောင့် သူ အမြန်ပြောလိုက်၏။

“မိတ်ဆွေ အစောတုန်းက ကျုပ်ရဲ့လုပ်ရပ်ကို စော်ကားတယ်ဆိုပြီး မတွေးပါနဲ့။ ကိစ္စတွေကို ကောင်းကောင်းမွန်မွန်မဖြေရှင်းနိုင်တာ ကျုပ်အမှားပဲ။ လူတိုင်းကို တောင်းပန်ပါတယ်”

ပြီးနောက် ချင်သဲ့က ပြောလိုက်၏။ “အစောတုန်းက ချင်နိုင်ဟယ်ကို နည်းနည်းအပြစ်ပေးပြီးသွားပြီ။ သူက မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီးသွားပြီဆိုတော့ မျှော်နန်းသခင်လုကြောင့် ဒီကိစ္စကို ဆက်မပြောတော့ပါဘူး။ ဒီကိစ္စကို ဆရာသခင်ချင်နဲ့ မျှော်နန်းသခင်လုဆီပဲ အပ်ထားလိုက်မယ်”

ချင်သဲ့က စီးဝူယာ့က ပြန်မပြောတာကို မြင်သောအခါ သူ ထပ်ထည့်ပြောလိုက်၏။ "ဘယ်လိုထင်လဲ မိတ်ဆွေ”

စီးဝူယာ့က ပြုံးလိုက်၏။ “အကြီးအကဲချင် ပြောသလိုလုပ်မယ်လေ”

စီးဝူယာ့က ပြုံးလိုက်လေ၏။ “အကြီးအကဲချင် အကြံပေးတဲ့အတိုင်း လုပ်မယ်”

“ဒါကောင်းတယ်”

ချင်သဲ့က လက်သီးဆုပ်မိုးလျက် ဦးညွှတ်လိုက်၏။ “အားလုံးပဲ ကျုပ်တို့ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်”

ဘီး

ပြီးနောက် ကြာပွင့်တစ်ပွင့် ဖူးပွင့်လာပြီး ပေ ၁၆၅ခန့်မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်က မိစ္ဆာဝေဟင်မျှော်နန်း၏ သိုင်းကျောင်းတော်ထဲတွင် ပေါ်လာ၏။

မျှခြေမညီမျှမှုကြောင့် ပတ်ဝန်းကျင်ရှိ သားရဲပျံများက စွမ်းအင်ပဲ့တင်မှုကြောင့် ကြောက်လန့်ကုန်သည်။

ဘီး

ခဏအတွင်း ချင်သဲ့နှင့် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ပျောက်ကွယ်သွားတော့သည်။

ထိုစဉ် မိုးမခတစ်ထောင်ဘုရားကျောင်း၏ ဘုရားကျောင်းသခင် ရှားချန်းချိုးက လူအုပ်ကြီးထဲမှ ထွက်လာကာ ရှင်းလင်းနေသော ဝေဟင်ကို မော့ကြည့်ကာ နှာခေါင်းရှုံ့လိုက်တော့၏။

“မသွားခင်မှာ အင်အားပြချင်သေးတယ်ပေါ့။ မင်းအတွက် ဘာကောင်းမှန်း မသိဘူးပဲ”

ပြီးနောက် ရှားချန်းချိုးက ဝူဝူဘေးသို့သွားကာ မေးလိုက်တော့သည်။ “ခင်ဗျား အဆင်ပြေရဲ့လား”

“မင်း အဆင်ပြေရဲ့လား”

“ကျွန်မ အဆင်ပြေပါတယ်” ဝူဝူက ခေါင်းညိတ်လျက် ချင်နိုင်ဟယ်ဘေးသို့ အမြန်သွားကာ ပြောလိုက်၏။

“ကျွန်မ ရှင့်ကို ဆက်ကုသပေးမယ်” ပြီးနောက် ဝူဝူသည် ချင်နိုင်ဟယ်ဆီ ကုသရေးနည်းစနစ်အားလုံးကို စတင်ရွတ်ဆိုပေးလိုက်၏။ ခဏအကြာတွင် စီးဝူယာ့က လက်ဝေ့ယမ်းကာ ပြောလိုက်၏။

“အနားယူဖို့ ခေါ်သွားလိုက်”

ချင်နိုင်ဟယ်က သက်ပြင်းချလိုက်သည်။ “ကျုပ် ကောင်းကင်သိုင်းကျောင်းတော်ကနေ ထွက်သွားပြီး ခဏတဖြုတ် ပုန်းစရာနေစရာ တစ်ခုရှာလိုက်တာက အကောင်းဆုံးပဲ”

“မင်း ဘာလို့ပုန်းရမှာလဲ” ရှားချန်းချိုးက မေးလိုက်၏။

ချင်နိုင်ဟယ်က ပြောသည်။ “မျှော်နန်းသခင်လုက ချင်မော့ရှန်းကို သတ်ထားတာ။ ဆရာသခင်ချင်က ဘယ်လိုလုပ် ဒီကိစ္စကို အလွတ်ပေးပါ့မလဲ”

ယခုအချိန်ထိတိုင် နှစ်ဖက်က ဤကိစ္စကို ပွင့်ပွင့်လင်းလင်းမဆွေးနွေးသေးပေ။ တကယ်တော့ ယင်းက ချင်နိုင်ဟယ်၏စိုးရိမ်ပူပန်ရသည့်အကြောင်းအရင်းဖြစ်သည်။

ရှားချန်းချိုးက လက်နောက်ပစ်ထားလျက် ရယ်မောကာ ပြောလိုက်တော့သည်။ “မင်း အတွေးလွန်နေတာပဲ”

“ဟမ်” ချင်နိုင်ဟယ်က စိတ်ရှုပ်ထွေးသွားတော့သည်။

“ငါသာ ဆရာသခင်ချင်ဆိုရင် တရားမျှတမှုအတွက် မျိုးနွယ်ကို ပြင်းပြင်းထန်ထန်ဖြေရှင်းမှာ။ ဒါတင်မကဘူး ဒီလိုထိန်းမနိုင်သိမ်းမရ လက်အောက်ငယ်သားတွေကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးဦးမှာ” ရှားချန်းချိုးက ပြောလိုက်သည်။

“...”

ရှားချန်းချိုးက ချင်နိုင်ဟယ်၏အတွေးကို မည်ကဲ့သို့သတိမပြုမိဘဲ နေမည်နည်း။ သူက မေးလိုက်၏။

“ငါ နောက်နေတယ်လို့ ထင်နေလို့လား”

ချင်နိုင်ဟယ်က သက်ပြင်းချပြီးနောက် သူ နောက်ထပ်ချောင်းဆိုးလေ၏။ သူ ဤကိစ္စကို စဉ်းစားချင်စိတ် မရှိပေ။ အထူးသဖြင့် သူက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးထားကစဖြစ်သည်။ ထို့အပြင် ဤကိစ္စကို မဖြေရှင်းပါက သူ၏စိတ်ခံစားချက် ဆိုးရွားနေလိမ့်မည်။

ထိုစဉ် ချင်သဲ့က ကောင်းကင်သိုင်းကျောင်းတော်မှ ထွက်သွားပြီးနောက် သူသည် အစိမ်းရောင်ကြာနယ်မြေသို့ ချက်ချင်းမပြန်ခဲ့ပေ။ ထိုအစား တောအုပ်ထဲတွင် ဝေးလံသည့်နေရာတစ်ခုကို ရှာကာ အဆောင်တစ်ခုကို မီးမြှိုက်လိုက်သည်။

မြေပြင်ပေါ်၌ အလင်းကွင်းတစ်ခုပေါ်လာပြီး ရုပ်ပုံတစ်ခုပေါ်လာလေ၏။

“နှုတ်ခွန်းဆက်ပါတယ် ပထမအကြီးအကဲ” ရုပ်ပုံလွှာထဲရှိလူက ဦးညွှတ်လိုက်သည်။

“အစောတုန်းက မင်း သတင်းပို့တာ ဘယ်လောက်တိကျလဲ”

“မှားစရာမရှိဘူး ၁၀၀ရာခိုင်နှုန်း တိကျတယ်။ ဆရာသခင်နဲ့ပတ်သက်တဲ့ကိစ္စကို ကျုပ် ဘယ်လိုလုပ် နောက်နိုင်ပါမလဲ။ ထော့ပါစစ်ချန်းက ယွီကျန်းမှာသေသွားတာ။ ပြီးတော့ ထော့ပါမျိုးနွယ်က လူတွေက တရားမျှတမှုကို ရှာဖို့ ယဲ့မျိုးနွယ်ကို သွားပြီ”

ချင်သဲ့က မျက်မှောင်ကျုံ့လိုက်၏။

“ဆရာသခင်တွေ သေသွားတာလား”

“သူ သေသွားရုံတင်မကဘူး။ သူ့ကို ယန်နန်ထဲက အကြီးအကဲလေးယောက်က သတ်လိုက်တာ”

“ဘာ အကြီးအကဲလေးယောက်က ဆရာသခင်ယဲ့ကို သတ်လိုက်တာလား” ချင်သဲ့၏မျက်လုံးသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ အတန်ငယ်တိတ်ဆိတ်နေပြီးနောက် သူ မေးလိုက်တော့သည်။ ‘ဆရာသခင်ချင်က ယန်နန်ကို ထွက်သွားတာလား”

“ဟုတ်တယ် သူ မနက်အစောတည်းက ထွက်သွားပြီ”

“ထော့ပါမျိုးနွယ်နဲ့ ယန်နန်ကြားက ကိစ္စကို ဆရာသခင်ချင် ဘယ်လိုလုပ်မလဲ” ချင်သဲ့က မေးလိုက်၏။ သူ၏အမြင်တွင် ဝင်မစွက်ဖက်ဘဲ နှစ်ဦးနှစ်ဖက်တိုက်ခိုက်ခိုင်းတာ အကောင်းဆုံးဖြစ်သည်။

“ကျွန်တော် သေချာမသိဘူး”

ချင်သဲ့သည် သက်ပြင်းချလိုက်သည်။ “စောစောတည်းက စာပို့ခဲ့သင့်တာ”

“အမ်း ... ကျွန်တော် တောင်းပန်ပါတယ်”

ချင်သဲ့ကို ထိုစာကို ၁၅မိနစ်စောပြီး ရခဲ့လျှင် သူက ချင်နိုင်ဟယ်ကို တိုက်ခိုက်ခဲ့မှာမဟုတ်ပေ။ ပို့ထားသည့်အချက်အလက်က အမှန်အကန်ဖြစ်နေသောကြောင့် သူ မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စမိခဲ့သည်ဟု ဆိုလိုတာမဟုတ်ပါလော။ ချင်သဲ့က ထိုအကြောင်းကို တွေးမိသောအခါ သက်ပြင်းချမိသွားပြန်၏။

ယန်နန်၏တိမ်တိုက်ပေါ် ဆင်းသက်ပြီးနောက် လုကျိုးနှင့် ကျန်သည့်သူများသည် ရထားလုံးပျံပေါ်မှ ဆင်းသက်လိုက်တော့သည်။

ထိုစဉ် တပည့်တစ်ယောက်က အမြန်လှမ်းခေါ်လိုက်တော့၏။

“သခင်လေး ကျောင်းယွိ "

“မျှော်နန်းသခင်လု ရောက်လာပြီ။ သူ့ကိုကြိုဆိုဖို့ အကြီးအကဲလေးယောက် ဘာလို့ထွက်မလာတာလဲ”

ထိုစကားကို ကြားသောအခါ တပည့်သည် လုကျိုးနှင့် ကျန်သည့်သူများကို စိုးရိမ်ပူပန်စွာ တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် သူက ပြောလိုက်သည်။

“အကြီးအကဲလေးယောက်က အခုမလာနိုင်သေးပါဘူး။ ထော့ပါမျိုးနွယ်က လူတွေ ဒီရောက်လာတယ်”

“ထော့ပါမျိုးနွယ်လား” ကျောင်းယွိက မေးလိုက်၏။

ယန်ကျန်းလော့က ပြုံးလိုက်တော့သည်။ “ထော့ပါစစ်ချန်းနဲ့ ယဲ့ချန်းက ကြံရာပါတွေလေ။ အခု ထော့ပါစစ်ချန်းသေပြီဆိုတော့ သူ့ရဲ့မျိုးနွယ်ဝင်တွေက ယဲ့ကျန်းရဲ့လူတွေကို ပြဿနာလာရှာတာ အံ့ဩစရာမရှိဘူး။ ဒီလောကထဲမှာ ကိုယ့်ရန်သူလေးတွေနဲ့ ပက်ပင်းတိုးမိဖို့ကို တကယ်မရှောင်နိုင်ဘူးပဲ”

ခဏအကြာတွင် ကျောင်းယွိက လုကျိုးကို ပြောလိုက်တော့သည်။

“ဒီလမ်းပါ ဆရာကြီး”

လုကျိုး၏ လှုပ်ရှားမှုများသည် ပျံလွှားပမာပေါ့ပါးနေလျက် ယန်နန်တောင်ထွတ်ပေါ်သို့ ပျံသန်းသွားတော့သည်။

ကျန်သည့်သူများက လုကျိုးနောက်မှ နီးကပ်စွာလိုက်ပါလာသည်။

ယန်နန်ထဲရှိ တောင်တန်းများတဝိုက် တိမ်တိုက်နှင့်မြူများရစ်ဝဲသည်။ ယင်းက တကယ်လှပသည့်မြင်ကွင်း ဖြစ်သည်။

ဝတ်ရုံစိမ်းအကြီးအကဲက ပြောလိုက်တော့သည်။

“အကြီးအကဲယဲ့ ဆရာသခင်ယဲ့အသက်ရှင်နေသေးရင် သူ့ကို တွေ့ရမယ်။ သူ သေသွားရင် အလောင်းကို တွေ့ရမယ်။ ဆရာသခင်က အရင်တုန်းက ယန်နန်ကို ကူညီပေးနေတာ။ ဘာပဲဖြစ်ဖြစ် ဖြေရှင်းချက်တစ်ခု ပေးရမယ်”

ယဲ့ဝေနှင့် ကျန်သည့်အကြီးအကဲသုံးယောက်က အစိမ်းရောင်ဝတ်ရုံဖြင့် အကြီးအကဲနှင့် မျက်နှာချင်းဆိုင်ပြီး ရပ်နေ၏။ သူတို့နောက်တွင် ယန်နန်၏တပည့်များ ရပ်နေသည်။

ယဲ့ဝေက ပြန်ပြောလိုက်သည်။

“ဆရာသခင်ထော့ပါရဲ့ခွန်အားက တစ်ဖက်သူထက်နိမ့်တာ သူသေတာကို ယန်နန်ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲ”

“မင်းက ဒီလောက် ခေါင်းမာနေဦးမှာလား။ ဆရာသခင်ထော့ပါ မရှိဘဲ ငါတို့တတ်နိုင်တာ ဘာမှမရှိတော့ဘူး ထင်နေလား”

ထော့ပါမျိုးနွယ်သည် ထော့ပါစစ်ချန်း၏အသက်ကျောက်တုံး ပြိုကွဲသွားသော်ငြား သူ သေသွားပြီဆိုတာ မယုံနိုင်သေးပေ။

ယခုအချိန်တွင် ထော့ပါမျိုးနွယ်၏ပင်မအဖွဲ့ဝင်များက ဝတ်ရုံစိမ်းအကြီးအကဲနောက်တွင် ရပ်နေ၏။ သူတို့အားလုံးက ခန့်ညားသည့် အမျိုးသားများနှင့် လှပသည့် အမျိုးသမီးများဖြစ်ကာ မျက်လုံးများ မီးဝင်းဝင်းတောက်နေပြီး ငယ်ရွယ်မှုများ ဖျတ်လတ်မှုများပြည့်နေသည်။

ဆန့်ကျင်ဖက်အနေဖြင့် သူတို့အရှေ့ဖက်တွင် ရပ်နေသည့် အဖိုးအိုတစ်သိုက်က တည်ငြိမ်နေသည်။ သူတို့၏ စကားလုံးများနှင့် အပြုအမူများတွင် ရိုးသားမှုများပြည့်နေသည်။ ရန်လိုမှုများ ပြည့်နေ၏။ ယဲ့ဝေက မေးလိုက်သည်။ “ဒါဆို မင်း ဘာလုပ်ချင်လဲ”

“မင်းတို့ရဲ့ အထက်လူကြီး ဆရာသခင်ယဲ့ကို သတ်ခဲ့တာ။ မင်းတို့အတွက် အခြေအနေတွေ ခက်ခဲအောင် မလုပ်ရင်တောင် ဒီလိုသစ္စာဖောက်အပြုအမူကို ကျူးလွန်ပြီး နောင်ကျ ကျင့်ကြံခြင်းလောကထဲ ဆက်လက်ရပ်တည်နိုင်ဖို့ မေ့ထားလိုက်လို့ရပြီ” ဝတ်ရုံစိမ်းအကြီးအကဲက ပြောလိုက်၏။

“ဒီနေရာမှာ တရားမျှတမှုကို ဖြေရှင်းပေးဖို့ ဆရာသခင်ချင်ကို ဖိတ်ပြီးပြီ”

“ဆရာသခင်ချင်လား” ယဲ့ဝေက မျက်မှောင်ကျုံ့လိုက်သည်။

ယန်နန်ရှိလူအားလုံး တပည့်များနှင့် လူများသည် ယဲ့ကျန်းနှင့် ဆရာသခင်ချင်ရန်ယွဲ့တို့က ဆက်ဆံရေးကောင်းမရှိကြောင်း သိကြ၏။ သူတို့သည် ကြည်လင်ကောင်းကင်တောင်တန်းပေါ်၌ တာအိုဆွေးနွေးပြီး လက်ရည်ယှဉ်၏။ လက်ရည်ယှဉ်သည်ဟုသာ ခေါ်သော်ငြား သူတို့၏လက်သီးချက်များကို ထိန်းချုပ်မထားတာ သေချာသည်။ တကယ်တော့ ဆရာသခင်လေးဦးကြား ဆက်ဆံရေးက အလွန်ရှုပ်ထွေးသည်။ သို့သော် ယဲ့ကျန်းနှင့် ချင်ရန်ယွဲ့ကြား ပဋိပက္ခက အသိသာဆုံးဖြစ်၏။

ဝှစ် ဝှစ် ဝှစ်

ပုံရိပ်တစ်ခုပြီးတစ်ခု ပေါ်လာသည်။

“မိစ္ဆာဝေဟင်မျှော်နန်းက မျှော်နန်းသခင်လုရောက်ပါပြီ”

All Chapters