← Chapters

အခန်း (၁၂၈၈-၁၂၉၀)

Vol. 86 Ch. 1288-1290

အခန်း (၁၂၈၈-၁၂၉၀)

Vol. 86 Ch. 1288-1290

အခန်း (၁၂၈၈) ထိန်းချုပ်မှု

ယဲ့ဝေနှင့် အကြီးအကဲသုံးဦးက အသစ်ရောက်လာသူကို မြင်သည့်အခါ အမူအရာပြောင်းလဲသွားပြီး တလေးတစား ပြိုင်တူပြောလိုက်ကြသည်။

“မျှော်နန်းသခင်ကို ကြိုဆိုပါတယ်” ယန်နန်၏ တပည့်များ၏ စိတ်ရှုပ်ထွေးနေကြသော်လည်း ယဲ့ကျန်း သေဆုံးသွားသည့်အခါ သူတို့က အကြီးအကဲများကို နာခံရမည်ဖြစ်၏။

သူတို့ကလည်း ဦးညွှတ်ကာ လိုက်လံနှုတ်ဆက်လိုက်ကြသည်။

ထော့ပါမျိုးနွယ်မှ လူများကလည်း ကြောင်အမ်းသွားကြသည်။ ဆရာသခင်လုက အစိမ်းရောင်ကြာနယ်မြေ၌ မည်သည့်အချိန်၌ ပေါ်ထွက်လာသနည်း။

ထို့အပြင် အကြီးအကဲလေးဦး လေးစားရသည့်လူတချို့သာ ရှိလေ၏။ တော်ဝင်မိသားစုများလာလျှင်ပင် ယဲ့ဝေနှင့် တခြားသူများက ဤမျှလေးစားပြနေမည် မဟုတ်ပေ။

လုကျိုးက လေထဲပျံသန်းရင်း လက်နောက်ပစ်ကာ လူအုပ်ကို ကြည့်လိုက်သည်။ သူက အလျင်စလိုဖြစ်နေခြင်း မရှိပေ။

ဤနေရာတွင်ရှိသည့် အစီအရင်များက အတော်လေးထူးဆန်းလှသည်။ သူတို့က သာမန်အစီအရင်များနှင့် မတူပေ။

ရွှေကြာနယ်မြေ၏ ပင်မအင်အားစုများတွင် အကာအရံရှိထားပြီး အံ့ဖွယ်မြို့တော်၏ မဟာအစီအရင်ဆယ်ခု၊ တော်ဝင်နန်းဆောင်၏ နံရံပေါ်တွင် ရေးထွင်းထားသည့် တာအိုသင်္ကေတများ၊ ကြယ်တာရာစုဝေးရေးအစီအရင်၊ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အစီအရင်သုံးထောင်နှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ တာအိုသင်္ကေတသုံးသောင်းတို့က အစီအရင်၏ စွမ်းပကားကို ပြသထားလေသည်။

သူတို့၏ ဆရာသခင် သေဆုံးသွားလျှင်ပင် ဆရာသခင်နှင့် နီးကပ်နေသည့် ထိုသူများက မည်သို့ဝှက်ဖဲ မရှိဘဲ နေမည်နည်း။ ထို့အပြင် သူတို့၏ ဆရာသခင်က သူ မသေဆုံးခင် ခုခံကာကွယ်မှုကို မြှင့်တင်ဖို့ ကူညီပေးခဲ့လောက်သည်။

လုကျိုးက ယဲ့ဝေတို့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ယဲ့ဝေ မင်းကို မတွေ့ရတာကြာပြီ။ မင်းက အတော်လေး မျက်တွင်းတွေ ကျလာတာပဲ”

“…”

ယန်နန်၏ တပည့်များက သူတို့အချင်းချင်းကြား တီးတိုးပြောနေကြသည်။

ထော့ပါမျိုးနွယ်ကလူများကလည်း အသံနိမ့်ကာ ဖြည်းဖြည်းချင်း ပြောဆိုနေကြ၏။ လုကျိုး၏ အပြုအမူ၊ သဘောထားနှင့် အရှိန်အဝါအရ သူသည် အဆင့်မြှင့်ထားသည့်သူ တစ်ယောက်ဖြစ်ကြောင်း ပြသနေသည်။ ထို့ကြောင့် သူတို့က ဝင်ရောက်မစွက်ဖက်ရဲပေ။ ယဲ့ဝေကို ဦးညွှတ်ရအောင် လုပ်နိုင်သည့်သူက မည်သို့သာမန်ဖြစ်မည်နည်း။

ယန်နန်သည် ချင်ရန်ယွဲ့ကို ဖိတ်ကြားပြီးသည့်နောက်တွင် သူတို့က ပြင်ပအကူအညီတောင်းခံခဲ့သည်ဟု ထင်နေကြသည်။

အဆုံးသတ်၌ ယဲ့ဝေက ပြောလိုက်၏။

“မျှော်နန်းသခင်ကို ဂရုစိုက်ပေးတာ ကျေးဇူးပါ။ ကံကောင်းတာက ကျုပ် ဒီနေရာက ကိစ္စတွေကို ဖြေရှင်းနိုင်ပါသေးတယ်”

လုကျိုးက ခေါင်းညိတ်ကာ မေးလိုက်သည်။

“ယဲ့ကျန်းရဲ့ ဦးခေါင်းက ဘယ်မှာလဲ”

ထိုစကားများက တည်ငြိမ်နေသည့် ရေပြင်ထဲ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သလိုမျိုး ဖြစ်၏။

ယန်နန်၏ တပည့်များကလည်း ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။

တခြားတစ်ဖက်တွင် ထော့ပါမျိုးနွယ်မှလူများကမူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ယဲ့ဝေက မျက်နှာသာလုပ်ဖို့ ကြိုးစားသော်လည်း ခပ်အေးအေးတုံ့ပြန်မှုနှင့်သာ ရင်ဆိုင်ရသည့်အတွက် အတော်လေး ကျေနပ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ဝေက သူ့ပတ်ဝန်းကျင်ရှိ လူများကို အာရုံမစိုက်ပေ။ ထိုအစား သူက အမူအရာကင်းမဲ့စွာ ပြောလိုက်၏။

“ယဲ့ကျန်းက ယန်နန်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ သူက ကျုပ်တို့တပည့်တွေကို ခေါ်ပြီးတော့ ခုနစ်စင်ကြယ်အစီအရင် ၃၆ခုနဲ့ ခွင့်ပြုချက်မရှိဘဲ မီးဇာမဏီကို နှိမ်နင်းခဲ့တယ်။ ရလဒ်အနေနဲ့ သူက အလံကိုင်ဆောင်သူ ၃၆ယောက်ကို သေဆုံးသွားစေခဲ့တယ်။

ယဲ့ကျန်းက အမုန်းတရားနဲ့ မျက်လုံးကန်းနေပြီးတော့ မဟာလေဟာနယ်ဆေးလုံးကို သုံးပြီး ထော့ပါစစ်ချန်းကို အလုပ်တွဲလုပ်ဖို့ မျှားခေါ်ခဲ့တယ်။ ပြီးတော့ ဖျက်ဆီးခြင်းတိုင်လုံးနားက ရတနာတွေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်လေ။ ဒီတစ်ကြိမ် သူက ယန်နန်တပည့်တွေကို ပိုပြီးသေဆုံးသွားစေရုံသာမကဘဲနဲ့ထော့ပါမျိုးနွယ်ဝင်တွေကိုလည်း သေဆုံးသွားစေခဲ့တယ်”

ယဲ့ဝေက သက်ပြင်းချကာ ပြောလိုက်သည်။

“ယဲ့ကျန်းက ခေါင်းမာပြီးတော့ ခွင့်လွှတ်လို့မရတဲ့ အမှားအယွင်းကို ကျူးလွန်ခဲ့တယ်။ ယန်နန်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ကျုပ်တို့ဘိုးဘေးတွေက၊ သေဆုံးသွားတဲ့ တပည့် ၅၆ ယောက်နဲ့ ယန်နန်တစ်ခုလုံးကိုယ်စား တရားမျှတမှုကို ရှာဖွေပေးရမယ်”

ထို့နောက် ယဲ့ဝေက လှည့်ကာ ပြောလိုက်သည်။

“ယဲ့ကျန်းရဲ့ ဦးခေါင်းကို ယူခဲ့”

……………………………..

ယဲ့ဝေ၏ နောက်ဆုံးစကားက စွမ်းအားဖြင့် ကိန်းအောင်းနေသည့်အတွက် အသံလှိုင်း ပျံ့နှံ့သွားသည့်အခါ အားလုံးက နားစည်ပင် နာကျင်လာမိသည်။

လုကျိုးက ယဲ့ဝေသည် ဤသို့မှန်ကန်သော စကားမျိုးကို ပြောလိမ့်မည်ဟု ထင်မှတ်မထားပေ။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက သိပ်တော့ အရေးမကြီးပေ။

တူညီလှစွာ ယန်နန်၏ တပည့်များနှင့် ထော့ပါမျိုးနွယ်မှ တပည့်များကလည်း ယဲ့ဝေ၏ စကားကြောင့် တုန်လှုပ်သွားကြသည်။

ဤတစ်ကြိမ် တပည့်တစ်ဦးက လင်ဗန်းတစ်ခုကို သယ်ဆောင်လာလေ၏။ ထိုလင်ဗန်းပေါ်တွင် ဖုဖောင်းနေသည့် ပါဝင်ပစ္စည်းကို အဝတ်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။

သူက သေချာဂရုတစိုက်လျှောက်လှမ်းလာပြီး ကျောရိုးမှ ကြက်သီးပင် ထနေမိသည်။ သူက အကောင်းဆုံးကြိုးစားကာ လျှောက်လှမ်းလာလေ၏။ ထို့နောက် သူက ဒူးထောက်ကာ လင်ဗန်းကို ဒူးနှစ်ဖက်ဖြင့် ပေးလိုက်သည်။

အားလုံးက လင်ဗန်းပေါ်ကိုသာ အာရုံစိုက်ထားကြ၏။

ယဲ့ဝေ့က လုကျိုးကို လှည့်ကြည့်လိုက်ပြီး လက်နှစ်ဖက် ယှက်လိုက်သည်။ ထို့နောက် သူက လင်ဗန်းပေါ်မှ အဝတ်ကို ဖယ်လိုက်၏။

ခြောက်သွေ့နေသည့် ဦးခေါင်းက လင်ဗန်းပေါ်တွင်ရှိနေပြီး မျက်လုံးများက ပွင့်နေဆဲသာ ဖြစ်၏။

“ဆရာသခင်ယဲ့”

ထော့ပါမျိုးနွယ်မှလူများက နောက်ဆုတ်လိုက်ကြသည်။ သူတို့က ထိုမြင်ကွင်းကို လက်ခံဖို့ အခက်တွေ့နေကြ၏။

ထိုစဉ် ယန်နန်တပည့်များက ဒူးထောက်ကာ ခေါင်းငုံ့ထားလိုက်ကြသည်။

“မျှော်နန်းသခင်လုလား” ယဲ့ဝေက ပြောလိုက်သည်။

လုကျိုးက ဘာမှမပြောဘဲ လက်ကိုဝှေ့ယမ်းလိုက်၏။

ယဲ့ဝေက အဝတ်ဖြင့် ပြန်လည်ဖုံးအုပ်လိုက်သည်။

တပည့်က လင်ဗန်းကို တိုးတိုးသက်သက်သာသာ ယူဆောင်သွားလေသည်။

ထိုစဉ် ထော့ပါမျိုးနွယ်မှ လူများကမူ ယဲ့ကျန်းသေဆုံးသွားသည်ကို ယုံကြည်ဖို့ အခက်တွေ့နေကြဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ဤအခိုက်အတန့်၌ သူတို့၏ ဆရာသခင်ပင် သေဆုံးသွားနိုင်ခြေရှိကြောင်း သိလိုက်ကြသည်။

ရုတ်ခြည်းဆိုသလို ထော့ပါမျိုးနွယ်မှ အစိမ်းဝတ်အကြီးအကဲက အတော်လေး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

“ယဲ့ဝေ ဆရာသခင်ယဲ့ကို သတ်ပြီး ဆရာသခင်ထော့ပါရဲ့ သေဆုံးမှုဖြစ်စေတာတောင်မှ မင်းက ဒီလိုကြီးကြီးကျယ်ကျယ် စကားတွေ ပြောနေတုန်းလား။ မင်းက တကယ်ကို အရှက်မရှိတာပဲ”

ယဲ့ဝေက ပြောလိုက်သည်။

“ထော့ပါဟုန် မင်းရောက်ကတည်းက ငါက သည်းခံနေခဲ့တာ။ ငါ မင်းကို ကြောက်လို့တော့မဟုတ်ဘူး။ ဒါက ဆရာသခင်ထော့ပါ ကိုယ်စား ငဲ့ပေးနေတာ။ ဘာပဲဖြစ်ဖြစ် သေဆုံးသူတွေကို လေးစားသမှုတော့ ပြသင့်တယ်လေ။ ဒါပေမဲ့ မင်း ဆက်ပြီး ပြောဆိုနေမယ်ဆိုရင်တော့ ငါ့ကို လာအပြစ်မတင်နဲ့”

ထော့ပါဟုန်က ဒေါသတကြီး ပြောလိုက်သည်။

“မင်းကို ငါက ကြောက်မယ်များ ထင်နေလား။ ယဲ့ကျန်းက သေပြီ။ အလံကိုင် ၃၆ယောက်ကလည်း သေသွားပြီ။ မင်းက ဒီနေရာက ပြုမူဖို့ ဘယ်လောက်တောင် ရဲတင်းနေတာတုံး”

ယဲ့ဝေက မျက်မှောင်ကြုတ်လိုက်သည်။

ထော့ပါဟုန်က ဆက်ပြောလိုက်၏။

“ဆရာသခင်ချင် ရောက်လာတာနဲ့ ယန်နန်ကို သွေးနဲ့ ဆေးကြောပစ်မယ်”

ထော့ပါဟုန်နောက်ရှိ အမျိုးသား၊ အမျိုးသမီးအားလုံးက ပြိုင်တူပြောလိုက်ကြသည်။

“ယန်နန်ကို သွေးနဲ့ ဆေးကြောပစ်မယ်”

အနှစ်ချုပ်အားဖြင့် ယန်နန်တပည့်များက နောက်ဆုတ်သွားကြသည်။

ဟိုးခေတ်အချိန်ကတည်းက တစ်ပါးသူ နိမ့်ဆင်းနေတဲ့အချိန် လာရောက်ကျူးကျော်သူများ မနည်းပါးပေ။ ထိုစဉ်အချိန်ကတည်းက ဤသို့ဖြစ်ခဲ့သလို ယခုအခါတွင်လည်း ဤသို့သာ ဖြစ်၏။

ယဲ့ကျန်းနှင့် အလံကိုင်ဆောင်သူ ၃၆ယောက်၏ သေဆုံးမှုက ယန်နန်အား ပထမအဆင့်မှ တတိယအဆင့်အင်အားစုအဖြစ် လျော့ကျသွားစေသည်။ ပြောရလျှင် သူက တတိယအဆင့် အင်အားစုထက်ပင် ပိုမိုဆိုးဝါးနေလေ၏။

လုကျိုးက ထော့ပါဟုန်ကို ကြည့်ကာ မေးလိုက်သည်။

“မင်းက ယန်နန်ကို သွေးနဲ့ဆေးကြောချင်တာလား”

ထော့ပါဟုန်က လုကျိုးကို ခေါင်းငုံ့ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။

“တရားမမျှတမှုတိုင်းကို ပြန်လည်ဖြေရှင်းဖို့ လိုတယ်။ အကြွေးသမားတိုင်းမှာ အကြွေးရှင်ဆိုတာ ရှိတာပဲ။ ဒီကိစ္စမှာ ဝင်ရောက်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်”

“အဲ့လိုတော့ မဖြစ်လောက်ဘူး” လုကျိုးက ပြောလိုက်သည်။

ထော့ပါဟုန်က မျက်မှောင်ကြုတ်လိုက်၏။

“ဘာကိုပြောတာလဲ”

ဤတစ်ကြိမ် ကျောင်းယွိက အလျင်အမြန် ဖြတ်ပြောလိုက်သည်။

“ထော့ပါဟုန် လောင်ချန်းပေ့ကို မြန်မြန်ဆန်ဆန် တောင်းပန်လိုက်”

“တောင်းပန်တဲ့လား” ထော့ပါဟုန်၏ လေသံက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

ထော့ပါမျိုးနွယ်မှ လူများကလည်း စိတ်ရှုပ်ထွေးနေကြ၏။

ထိုစဉ် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“အဲဒါက သခင်လေးကျောင်းပဲ”

ကျောင်းယွိက လှည့်ပတ်ပြောမနေဘဲ တဲ့တိုးသာ ပြောလိုက်သည်။

“ဆရာသခင်ထော့ပါက လောင်ချန်းပေ့ကို လုပ်ကြံဖို့ ကြိုးစားပြီးတော့ အသတ်ခံလိုက်ရတာ”

“…”

ယဲ့ကျန်း၏ ဦးခေါင်းထက်ပင် ထော့ပါမျိုးနွယ်များထက် ပိုမိုကြောက်ဖို့ကောင်းနေသည်။

အားလုံးက မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်နေကြ၏။

ကျောင်းယွိ၏ စကားများက သူတို့အပေါ် ဒုန်းကျည်ဖြင့် ထုချလိုက်ခြင်းနှင့် မကွဲပြားပေ။

ထော့ပါဟုန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူက ကျောင်းယွိ၏ စကားများကို မကြားလိုက်သကဲ့သို့ ထပ်မံမေးလိုက်သည်။

“သခင်လေးကျောင်းက ဘာလို့ ပြောလိုက်တာလဲ”

“ဆရာသခင်ထော့ပါကို လောင်ချန်းပေ့က သတ်လိုက်တာ”

ထိုအခိုက်အတန့်၌ တိတ်ဆိတ်မှုက ကြီးစိုးသွားပြီး လေထုက အေးခဲသွားဟန်ပေါ်သည်။

ထော့ပါဟုန်၏ စိတ်ထဲ ဗလာကျင်းသွားလေ၏။ သူတို့က လုကျိုးနှင့် သူတို့နောက်မှ လူများကို တငေးတမောကြည့်လိုက်ကြသည်။ သူတို့က လုကျိုးနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများနှင့် သူတို့၏ စီးတော်သားရဲများကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ရှေ့တွင်ရှိနေသည့်သူက ယုံကြည်ချက်နှင့် ထူးကဲသည့် လေထုမျိုးကို ထုတ်လွှတ်နေလျက်ရှိ၏။

နောက်ဆုံးတွင် လုကျိုးက ကောင်းကင်မှ ဆင်းသက်လာသည်။

ယဲ့ဝေက လုကျိုးအတွက် တစ်စုံတစ်ယောက်အား ထိုင်ခုံယူခိုင်းလိုက်သည်။ ထို့အပြင် သူ ယူခိုင်းလိုက်သည့် ထိုင်ခုံက အတော်လေး ထူးကဲလှသည့် နှစ်သန်းတစ်သောင်းရှိသည့် မဟော်ဂနီသစ်သားဖြစ်ပေသည်။

လုကျိုးက ထိုထိုင်ခုံတွင် ထိုင်နေရင်း မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများက သူ့အနောက်တွင် ညီညီညာညာ ရပ်လိုက်ကြသည်။

ထော့ပါဟုန်က တံတွေးမျိုချလိုက်၏။ ထို့နောက် သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အလျင်စလို မလှုပ်ရှားကြနဲ့။ ငါ့ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားရဲတဲ့သူရှိရင် သူတို့ကို အပြင်းအထန် အပြစ်ပေးပစ်မယ်”

ထော့ပါဟုန်က သူ့ရှေ့တွင်ရှိနေသည့် လူအိုကြီးသည် ထော့ပါစစ်ချန်းကို သတ်ခဲ့လျှင် ဤနေရာတွင် ရှိသည့်သူတိုင်းက သူ့အတွက် ပြိုင်ဘက်ဖြစ်မည် မဟုတ်ကြောင်း ဆိုလိုနေလေ၏။ ယဲ့ဝေ၏ သဘောထားက သိသာလှသည်။ ကျောင်းယွိကလည်း လိမ်ညာနေဖို့ အကြောင်းအရင်းမရှိပေ။ ထိုလူအိုကြီးက ထော့ပါစစ်ချက်ကို သတ်နိုင်ခြေရှိ၏။ အကယ်၍ သူသာ အမုန်းတရားဖြင့် စုံလုံးကန်းပြီး အလျင်စလို လှုပ်ရှားခဲ့ပါက ထော့ပါမျိုးနွယ်ဝင်အားလုံးကို သေဆုံးမှုဖြစ်သွားစေလိမ့်မည်။

အနည်းဆုံးတော့ သူက ချင်ရန်ယွဲ့ ရောက်လာသည်အထိ စောင့်ရမည် ဖြစ်၏။ ထိုအခါမှ ချင်ရန်ယွဲ့အား သူတို့အတွက် တရားမျှတမှု ရှာဖွေဖို့ တောင်းဆိုရမည်။

ထိုစဉ် လုကျိုးက ပြောလိုက်သည်။

“အတိအကျပြောရမယ်ဆိုရင် ထော့ပါစစ်ချန်းက သခင်ကျန်းနန်နဲ့ ထျန်းဝူတို့ကြောင့် ဆိုးဆိုးရွားရွား သေဆုံးသွားတာပဲ”

ထိုစကားကို ကြားကာ ကျောင်းယွိက အလျင်စလို ပြောလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် သခင်ကျန်းနန်နဲ့ ထျန်းဝူတို့က ဆရာသခင်ထော့ပါကို သတ်ခဲ့တာ”

ကျောင်းယွိက သူ၏ အတွေးများကို နားမလည်ပေ။ လုကျိုးက ဤအခြေအနေကို ထိန်းချုပ်ဖို့ရောက်ရှိလာခြင်းဖြစ်ရာ လုကျိုး၏ အံ့မခန်းစွမ်းအားဖြင့် ထော့ပါစစ်ချန်း၏ သေဆုံးမှုကို အခွင့်ကောင်းယူ၍ ဘာမှမမှားယွင်းပေ။ ထိုနည်းဖြင့် လုကျိုးက အားလုံးကို ခြိမ်းခြောက်နိုင်မည် ဖြစ်၏။

လုကျိုးက အဘယ်ကြောင့် ငြင်းဆန်ခဲ့သနည်း။

...

အခန်း (၁၂၈၉) မင်းတရားမျှတမှုကို ရှာဖွေဖို့ ပြင်ဆင်နေတယ်ဆို

ထော့ပါဟုန်က မေးလိုက်လေ၏။

“ဘယ်ဟာလဲ သခင်လေးကျောင်း”

ကျောင်းယွိက လုကျိုး၏စကားကို သံယောင်လိုက်ပြောလိုက်၏။

“ဆရာသခင်ထော့ပါက အရှင်ကျန်းနန်နဲ့ ထျန်းဝူ သတ်တာခံလိုက်ရတာ”

ထော့ပါမျိုးနွယ်ရှိလူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မယုံနိုင်ဖြစ်နေသေးသည်။

ထော့ပါဟုန်နောက်တွင် ရပ်နေသည့် အမျိုးသမီးများထဲမှ တစ်ယောက်က ပြောလိုက်တော့သည်။

“ကျွန်မရဲ့ရှစ်စွင်းက တံခါးပိတ်ကျင့်ကြံနေတာ ကြာလှပြီ။ လွန်ခဲ့တဲ့ လတွေတုန်းက သူ ကျင့်ကြံရာကနေထွက်လာတဲ့အချိန် သူ့မှာ မွေးဖွားဇယားချပ် ၁၉ခုရှိနေပြီးပြီ။ ဆရာသခင်ယဲ့ဆီက မဟာလေဟာနယ်ဆေးလုံးရပြီးတော့ သူ့ရဲ့အချပ်၂၀မြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးပြီ။ သူ အနိုင်မရရင်တောင် သူ မလွတ်မြောက်နိုင်ဘူးဆိုတာ မယုံဘူး”

ကျောင်းယွိက ရယ်မောပြီးပြောလိုက်လေ၏။

“မင်းတို့တွေ ဆရာသခင်ထော့ပါရဲ့ အသက်ကျောက်တုံးကို ပိုင်ဆိုင်ထားတယ်မဟုတ်လား။ ဘာကြောင့် ကိုယ့်ကိုကိုယ် လိမ်ညာနေတာလဲ။ ဒီလောကထဲမှာ ပိုတော်တဲ့သူက အမြဲတမ်းရှိနေမှာပဲ။ ထျန်းဝူနဲ့ အရှင်ကျန်းနန်တို့ ဘယ်လောက်အစွမ်းထက်လဲ မင်းသိလား”

အမျိုးသမီးက ကျောင်းယွိ၏စကားကို မငြင်းဆန်ခဲ့ပေ။

ထော့ပါဟုန်က ပြောလိုက်၏။

“ထျန်းဝူနဲ့ အရှင်ကျန်းနန်က ရှေးခေတ်ကာလတည်းက မွေးဖွားခဲ့တာ။ သူတို့နှစ်ပေါင်း တစ်သောင်းကြာ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပြီးပြီ။ အရှင်ကျန်းနန်က ကပ်ပါးနည်းလမ်းတချို့ကို သုံးပြီး သူ့အသက်ကို ဆွဲဆန့်ဖို့ သစ်ပင်တစ်ပင်နဲ့ပေါင်းစည်းထားပြီး တောအုပ်ထဲမှာ သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို ထိန်းချုပ်ထားတယ်လို့ ကောလာဟလတွေရှိတယ်။ သူတို့ကျင့်ကြံဆင့်က အရင်တုန်းကလို မဟုတ်တော့ဘူး။ လူတစ်ယောက်ရဲ့ဘဝက အကန့်အသတ်တွေရှိပြီးသား ဒီတော့ သူတို့အစောတည်းက သေလောက်ပြီ။ သူတို့က အခုချိန်ထိရှင်သန်ဖို့ မိစ္ဆာနည်းလမ်းတွေ သုံးထားတာ။ ငါ့အမြင်မှာ သူတို့အဲ့လောက်အထိ မသန်မာနိုင်ဘူး”

ကျောင်းယွိက မျက်မှောင်ကျုံ့မိသွား၏။ သူတို့သည် အကြောင်းအရာမှ ဝေးသည်ထက်ဝေးအောင် လုပ်နေသည်ဟု သူ ခံစားမိသွားသည်။

“အကြီးအကဲထော့ပါ ခင်ဗျား ခေါင်းမာလိုက်တဲ့အဖိုးကြီး”

“မင်း ...” ထော့ပါဟုန်သည် ကျောင်းယွိက သူ့ကို ရုတ်တရက် ကျိန်ဆဲလိုက်မည်ဟု မထင်ထားပေ။ သူ အနည်းငယ် ဒေါသထွက်သွားလေ၏။

“ယုံမယုံ ခင်ဗျားပေါ်ပဲ မူတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှားယွင်းတဲ့သေဆုံးခြင်း မဟုတ်ဘူး”

ကျောင်းယွိက ဒေါသတကြီးပြောလိုက်သည်။

ကျောင်းယွိက ဒေါသပုံဆက်ထလာ၏။ ဤလူများ အဘယ်ကြောင့် အကျိုးအကြောင်းမသင့်ရသနည်း။ သူတို့က အမှန်တရားကို မယုံကြည်ကြဘဲ ခေါင်းမာနေကြသည်။ သူက သူတို့နှင့်ဆက်ပြီး စိတ်အနှောင့်အယှက် အဖြစ် မခံချင်တော့ပေ။ သူတို့အားလုံးက တဖြည်းဖြည်းချင်း ပုပ်သိုး ဆွေးမြေ့သွားလိမ့်မည်။ ဆရာသခင်တစ်ပါးမရှိဘဲ ထော့ပါမျိုးနွယ်သည် အနှေးနှင့်အမြန် ကျဆင်းသွားမှာပဲဖြစ်သည်။ သူ သူတို့ကို မကြောက်ရွံ့ပေ။

“သခင်လေးကျောင်း” ထော့ပါဟုန်က အသံမြှင့်လိုက်၏။

ဂျွတ်

လုကျိုးသည် သူ၏လက်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်၏။ ထူးဆန်းသည့် ဆူညံသံက လူတိုင်း၏ အာရုံစိုက်မှုကို ရသွားသည်။

ပြီးနောက် အရာဝတ္ထုတစ်ခုက မြေပြင်ပေါ် ပြုတ်ကျလာ၏။

ယန်နန်ရှိလူများနှင့် ကျန်သည့်သူများက မမှတ်မိလောက်သော်ငြား ထော့ပါမျိုးနွယ်၏လူတို့အဖို့ ယင်းကို မမှတ်မိနိုင်ဖို့ မဖြစ်နိုင်လောက်ချေ။ “အသူရာဓားမောက်ရှည်”

“ဒါ ဆရာသခင်ထော့ပါရဲ့ အသူရာဓားမောက်ရှည်ပဲ”

ထိုစဉ် ထော့ပါစစ်ချန်းကို သူ၏ကိုးကွယ်ရာအဖြစ် မှတ်ယူထားသည့် ဂိုဏ်းသားတစ်ဦးက ဒူးထောက်လိုက်၏။ မျက်ရည်များ ကျဆင်းလာကာ သူက အော်ပြောလိုက်တော့သည်။

“ဆရာသခင်ထော့ပါ”

အသူရာဓားမောက်ရှည်သည် ထော့ပါစစ်ချန်း၏လက်နက် ဖြစ်၏။ ဆရာသခင်တစ်ပါးအနေဖြင့် ဓားမောက်ရှည်က သူ၏အသက်ကဲ့သို့ပင်။ သူ သွားလေရာတိုင်း ၎င်းက လိုက်ပါသွားမှာပဲဖြစ်သည်။

ထော့ပါဟုန်သည် အနောက်သို့ယိုင်သွားကာ နှုတ်ခမ်းများတဆတ်ဆတ်တုန်နေလေ၏။ သူ့ရင်ထဲ ဝမ်းနည်းမှုက ချက်ချင်းပေါ်ထွက်လာတော့သည်။

တကယ်တော့ ထော့ပါစစ်ချန်း သေဆုံးလောက်ပြီမှန်း ထော့ပါမျိုးနွယ်ရှိ လူအများစုက သိထားပြီးသား ဖြစ်သည်။ သို့သော်ငြား သူ့ကို ကိုးကွယ်ကြသည့် လူအချို့က သူ့သေခြင်းတရားကို လက်မခံနိုင်ဘဲ တွင်တွင်ငြင်းဆန်ရန် ရွေးချယ်ခဲ့ကြသည်။ သူ့အသက်ကျောက်တုံး ကြေကွဲသွားခြင်း သို့တည်းမဟုတ် ကျန်သည့်သူများက သူသေဆုံးခြင်းကို သက်သေခံပေးတားမျိုးက သူတို့အတွက် ကိစ္စမရှိ။ သူတို့က သူ့အလောင်းကို မမြင်ရမချင်း လက်ခံမှာမဟုတ်ပေ။ ထိုသို့ဆုံးဖြတ်ချက်ပြတ်သားမှုသည် ကူးစက်တတ်ပေ၏။ သူတို့ကိုယ်သူတို့ မည်မျှလိမ်ညာစေကာမူ သူတို့၏စံပြပုဂ္ဂိုလ်သေဆုံးပြီဆိုသည့်အချက်ကို မပြောင်းလဲနိုင်ပေ။

အသူရာဓားမောက်ရှည်သည် ကုလားအုတ်၏ကျောရိုးကို ကျိုးသွားစေသည့် ကောက်ရိုးတစ်မျှင်ပဲဖြစ်သည်။

ထိုစဉ် နောက်ထပ်မျိုးနွယ်စုဝင်တစ်ယောက်ကလည်း ဒူးထောက်လိုက်၏။ ဝမ်းနည်းမှုက ကူးစက်တတ်ပုံပေါ်၏။

ထော့ပါမျိုးနွယ်ဝင်တို့သည် ယင်းကို လက်ခံနိုင်ရန် ခက်ခဲနေကြပြီး လူအားလုံးထဲတွင် ဝမ်းအနည်းဆုံးဖြစ်နေကြချိန် ယန်နန်မျိုးနွယ်မှလူတို့သည် အသူရာဓားမောက်ရှည်ကြောင့် ထိတ်လန့်နေ၏။

ထိုစဉ် လုကျိုးက အင်္ကျီလက်ကို ဝေ့ယမ်းကာ အသူရာဓားမောက်ရှည်ကို ရုတ်သိမ်းလိုက်သည်။

ထိုလုပ်ရပ်က ထော့ပါဟုန်နှင့် ကျန်သည့်သူများကို အသိစိတ်ပြန်ကပ်သွားစေ၏။

ထော့ပါဟုန်သည် အချိန်အတိုင်းအတာတစ်ခုအထိ သူ၏ဝမ်းနည်းမှုကို ဖိနှိပ်ထားကာ ပြန်ပြောလိုက်သည်။

“ဒီလက်နက်က ဆရာသခင်ထော့ပါ ပိုင်တာပဲ။ ထော့ပါမျိုးနွယ်စု ပြန်ပေးနိုင်မလား”

လုကျိုးက ခေါင်းခါလိုက်ကာ စကားမပြောပေ။

မင်ရှစ်ရင်က ပြောလိုက်လေ၏။

“ခင်ဗျားတို့က တစ်ခုရှင်းအောင်ပြောပြရဦးမယ်ထင်တယ်။ ကျုပ်တို့ ယွီကျုံးမှာ ရှိတုန်းက ထော့ပါစစ်ချန်းက ကျုပ်တို့ရှစ်စွင်းကို ကြိမ်ဖန်များစွာသတ်ဖို့ကြိုးစားခဲ့တယ်။ ကျုပ်ရှစ်စွင်းရဲ့ သဘောထားကြီးမှုကြောင့်သာ မဟုတ်ရင် ထော့ပါမျိုးနွယ်က လူအစုလိုက်အပုံလိုက်သတ်ဖြတ်ဖို့က ဒီနေ့ နေ့ကောင်းလေးတစ်ရက်လေးပဲ။ ခင်ဗျားက အသူရာဓားမောက်ရှည်ကို တောင်းပိုင်ခွင့်ရှိတယ် ထင်နေတယ်ပေါ့”

“...”

ထော့ပါဟုန်နှင့် ကျန်သည့်သူများ ကြက်သေသေသွားတော့သည်။

“ထျန်းဝူနှင့် အရှင်ကျန်းနန်က ဆရာသခင်ထော့ပါကို တကယ်သတ်ခဲ့တာလား” နောက်ထပ်တစ်ယောက်က မေးလိုက်ပြန်၏။

“တုံးအတဲ့မေးခွန်းတွေ မေးနေတာရပ်လိုက်တော့” ကျောင်းယွိသည် ထိုအကြောင်းအရာကို တကယ်ထပ်မသွားချင်တော့ပေ။

“အရှင်ကျန်းနန်နဲ့ ထျန်းဝူတို့ ယွီကျုံးမှာ ရှိသေးတုန်းလား”

“သူတို့သေပြီ”

“သေပြီလား”

ကျောင်းယွိက ပြောလိုက်၏။ “ဆရာကြီးက ထျန်းဝူနဲ့ အရှင်ကျန်းနန်ကို သတ်ခဲ့တာ”

“...”

အရှင်ကျန်းနန်နဲ့ ထျန်းဝူသည် ထော့ပါစစ်ချန်းကို သတ်ခဲ့ပြီး သူတို့ရှေ့ရှိ လူအိုကြီးက အရှင်ကျန်းနန်နဲ့ ထျန်းဝူကို သတ်ခဲ့၏။

ထော့ပါမျိုးနွယ်၏လူတို့က ထိုကိစ္စကို တွေးမိချိန်၌ နောက်သို့တစ်လှမ်းဆုတ်မိသွား၏။ ယခုအချိန်တွင် ယဲ့ဝေက ဤမျှ နှိမ့်ချနေရသည့်အကြောင်းအရင်းကိုသူတို့နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။

ထော့ပါဟုန်က အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်စေရန်ဖိအားပေးလိုက်၏။ ပြီးနောက် သူက ပြောလိုက်တော့သည်။

“ဆရာသခင်ထော့ပါက ဆရာကြီးကို ရန်စခဲ့မိရင် ကျုပ်တို့တောင်းပန်ဖို့ ဆန္ဒရှိပါတယ်”

ယဲ့ဝေ “...”

ဟေ့ .. အစောတုန်းက မင်းရဲ့မောက်မာမှုတွေ ဘယ်ရောက်သွားပြီလဲ။ ပျောက်သွားပြီလား။

အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူကို ကြောက်ရွံ့သည်က လူသားတို့သဘာဝပဲဖြစ်သည်။

ထိုစဉ် တောင်ခြေမှ တပည့်တစ်ယောက်သည် ချင်ရန်ယွဲ့ရောက်ရှိကြောင်း အသံပို့အဆောင်ဖြင့် ကြေညာလိုက်သည်။

ထိုစကားကိုကြားသောအခါ ထော့ပါဟုန်က အပျော်လွန်သွား၏။

လူတိုင်းက အသံလာရာဖက်ကို ကြည့်လိုက်သောအခါ အဝေးကနေပျံသန်းလာသည့် ရထားလုံးပျံတစ်စင်းကို တွေ့လိုက်ရသည်။

ထော့ပါဟုန်သည် ဤအခိုက်အတန့်အတွက် အချိန်ကြာမြင့်စွာ သည်းခံနေခဲ့တာပဲဖြစ်သည်။ သူက ချင်ရန်ယွဲ့ကို သူတို့အတွက် ရပ်တည်စေချင်ပြီး တရားမျှတမှုကို ရှာခိုင်းချင်၏။ မည်သို့ပင်ဆိုစေ ချင်ရန်ယွဲ့၏ရောက်ရှိလာမှုက ကိစ္စကောင်းပဲဖြစ်သည်။

ရထားလုံးပျံက တိမ်တိုက်စင်မြင့်ပေါ် ဆင်းသက်သွား၏။

ကျင့်ကြံသူနှစ်တန်းက ကုန်းပတ်၏ဘေးတစ်ဖက်တစ်ချက်စီ၌ ရိုသေလေးစားစွာ ရပ်နေကြသည်။

ထော့ပါစစ်ချန်း၏ သေဆုံးခြင်းက ထော့ပါမျိုးနွယ်၏လူတို့စိတ်ကို ရှုပ်ထွေးသွားတာဖြစ်ဟန်တူသည်။ သူတို့က ချင်ရန်ယွဲ့၏ ရထားလုံးပျံကို တွေ့လျှင်တွေ့ခြင်း အသက်ကယ်ပေးမည့် ကောက်ရိုးပမာ ဖြစ်သွားကြသည်။

ချင်ရန်ယွဲ့ ရထားလုံးပျံပေါ်မှ ဆင်းသက်လာတာကို မစောင့်ဘဲ ထော့ပါဟုန်က တိမ်တိုက်စင်မြင့်ဆီ အမြန်ပြေးသွားကာ ဒူးထောက်လျက် ပြောလိုက်၏။

“ဆရာသခင်ချင် ထော့ပါမျိုးနွယ်အတွက် ရပ်တည်ပေးဖို့ မျှော်လင့်ပါတယ်”

ထော့ပါဟုန်က သာဓကအဖြစ်ဆောင်ရွက်ပေးနေရာ ထော့ပါမျိုးနွယ်မှ အငယ်များသည်လည်း ဒူးထောက်လျက် တညီတညွတ်တည်းပြောလိုက်ကြသည်။

“ဆရာသခင်ချင် ထော့ပါမျိုးနွယ်အတွက် ရပ်တည်ပေးပြီး တရားမျှတမှု ရှာပေးဖို့ မျှော်လင့်ပါတယ်”

“...”

မင်ရှစ်ရင်က ထိတ်လန့်သွားလေ၏။ ပြီးနောက် သူက ကူကယ်ရာမဲ့စွာ ခေါင်းခါလျက် အကြည့်လွဲလိုက်တော့သည်။ သူ့ဖာသာသူ စဉ်းစားလိုက်လေ၏။ ယန်နန်၏အကြီးအကဲလေးယောက်တောင် မျှော်လင့်ချက်ရှိပေမဲ့ ထော့ပါဟုန်က မျှော်လင့်ချက်မဲ့ပြီ။

မြူများ၊ တိမ်တိုက်များ ရစ်ဝဲနေသည့် တိမ်တိုက်စင်မြင့်နားရှိ ရှုခင်းကို နှစ်ခြိုက်ခံစားနေသော လူကျိုးမှအပ လူများသည် ရထားလုံးပျံကို ကြည့်လိုက်ကြသည်။ မျှခြေမညီမျှမှုသည် ဤနေရာကို သက်ရောက်စေပုံမပေါ်။ ယှဉ်ကြည့်လျှင် ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေရှိ ရာသီဥတုက တကယ်ဆိုးရွားလှသည်။

ဤလောကတွင် တရားမျှတမှုနှင့် ညီမျှမှုကဲ့သို့ စစ်မှန်သောမျှခြေက ဘယ်တော့မှမရှိ။

လုကျိုးက ကြမ်းတမ်းခက်ထန်သားရဲများ သေအောင်ကိုက်ဝါးခံရမှာကို စိုးရိမ်ပူပန်စရာမလိုပုံပေါ်သည့်ဤနေရာ၏ ရှုခင်းကို နှစ်ခြိုက်ခံစားနေပုံပေါ်သော်ငြား သူက ၎င်းကိုအချိန်မရွေးသေဆုံးသွားနိုင်သည့် တိုက်ခိုက်နေရသည့် အန္တရာယ်အင်အားများနှင့်ရုန်းကန်နေရသည့် ဘဝတွင် နေထိုင်နေတာပဲဖြစ်သည်။ အငြိမ်းချမ်းဆုံးကာလတွင်တောင် ညအချိန်၌ လူတို့အပြင်ထွက်ရန် အန္တရာယ်များနေသေးသည်။

ချင်ရန်ယွဲ့က ကုန်းပတ်ပေါ်သို့ လျှောက်လာလေသည်။ သူ ရောက်လျှင်ရောက်ခြင်း ထော့ပါဟုန်ဒူးထောက်နေတာကို တွေ့လိုက်ရသည်။ သူက ထော့ပါဟုန်ကို ထခိုင်းတော့မည့်အချိန်တွင် လှပသော တောင်တန်းများနှင့် မြစ်များကို နှစ်ခြိုက်သဘောကျနေသည့် လုကျိုးကို မြင်လိုက်ရသည်။ သူက ထိတ်လန့်အံ့အားသင့်သွားသည်။ သူ့စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့်အတွေးက ဤလူက မည်သူနည်း။

လက်ရှိတွင် လုကျိုး၏သွင်ပြင်က မီးဇာမဏီနှင့် တိုက်ခိုက်စဉ်ကနှင့် အလွန်ကွဲပြားခြားနားနေသည်။ သို့သော်မူ ဟန်ပန်အမူအရာနှင့် အရှိန်အဝါတို့က တူညီနေသေးသည်။ ရုပ်ဖျက်ကတ်၏အာနိသင် ပျောက်ကွယ်သွားပြီးနောက် သူသည် မတည်မြဲခြင်းတိုင်လုံး၏အောက်တွင် ဆက်လက်ကျင့်ကြံခဲ့လေရာ သူ၏သွင်ပြင်ကို ပိုရင့်ကျက်စေပြီး ပိုအားကိုးအားထားချင်ဖွယ် ဖြစ်သွားစေ၏။

ချင်ရန်ယွဲ့က တုံးအသူမဟုတ်ပေ။ သူ၏အကြည့် အနည်းငယ်ရွေ့လိုက်ရုံနှင့် မင်္ဂလာစွမ်းအင်များရစ်ဝဲနေသော နတ်ခြင်္သေ့၊ မြေပြင်ပေါ်တွင် လှဲနေလျက် တစ်စုံတစ်ခုကို ကိုက်ဝါးနေသော ချုံချီ၊ လူအုပ်ကြီးထဲမှ ရပ်နေသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် လုကျိုး မည်သူမှန်းမဖော်ထုတ်နိုင်သေးလျှင် သူ အသက်ရှည်ကြာစွာ ရှင်သန်နေထိုင်လာခဲ့တာ အချည်းနှီးဖြစ်သွားလိမ့်မည်။

ချင်ရန်ယွဲ့က ရထားလုံးပျံကုန်းပတ်ပေါ် ချက်ချင်းသွားပြီး တိမ်တိုက်စင်မြင့်ပေါ် ဆင်းသက်လိုက်၏။ သူက ပြုံးလျက် လျှောက်သွားလိုက်တော့သည်။

ချင်မျိုးနွယ်၏ တပည့်များကလည်း ရထားလုံးပျံပေါ်မှ တစ်ယောက်ပြီးတစ်ယောက်ဆင်းသက်လာ၏။

ထော့ပါဟုန်သည် ချင်ရန်ယွဲ့က ရထားလုံးပျံပေါ်မှ ထွက်လာတာကိုမြင်သောအခါ အပျော်လွန်သွားသည်။ သူက စကားပြောတော့မည့်အချိန်တွင် ချင်ရန်ယွဲ့က သူ့ကိုဖြတ်ကျော်သွားကာ လျစ်လျူရှုသွားလေ၏။

ထော့ပါဟုန် “...”

ထော့ပါဟုန်သည် အမြန်ထရပ်ကာ ချင်ရန်ယွဲ့နောက် လိုက်ဖမ်းတော့သည်။ သူက လက်မြှောက်လျက် ပြောလိုက်တော့သည်။

“ဆရာသခင်ချင်”

“ငါ့လမ်းကို မပိတ်နဲ့” ချင်ရန်ယွဲ့က အသံတိုးတိုးဖြင့်ပြောကာ သူ၏အမူအရာက မဲမှောင်နေတော့သည်။

“...”

“ညီအစ်ကိုလု မတွေ့ရတာကြာပြီ။ ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး”

ထော့ပါဟုန်၊ ထော့ပါမျိုးနွယ်၊ ယဲ့ဝေ၊ ယန်နန်၏တပည့်များ “...”

လုကျိုးသည် သူ၏အကြည့်ကို ချင်ရန်ယွဲ့ဆီရွေ့ပြီးနောက် သာမန်ကာလျှံကာ မှတ်ချက်ချလိုက်တော့၏။

“မင်းမှာ အတော်လေးကောင်းတဲ့ အမြင်ရှိတာပဲ”

“ဆရာသခင်တစ်ပါးအနေနဲ့ မိမိရဲ့ရုပ်သွင်ကို ဖျက်ဖို့က မခက်ခဲဘူး။ ဒါ့အပြင် နတ်ခြင်္သေ့က ထူးကဲတယ်လေ။ ညီအစ်ကိုလုကို မမှတ်မိသေးရင် ကျုပ် ကန်းနေတာဖြစ်မှာပေါ့”

“...”

ထော့ပါဟုန်က မှင်တက်သွား၏။ သူ ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

လုကျိုးက ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။ “ထော့ပါမျိုးနွယ်အတွက် မင်း တရားမျှတမှု ရှာချင်နေတာဆို”

...

အခန်း (၁၂၉၀) လက်မခံတဲ့သူ ဘယ်သူရှိသေးလဲ

ချင်ရန်ယွဲ့က လုကျိုး၏ စကားများကြား ကြောင်အမ်းသွားလေ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ဟုတ်ပါတယ်။ အစ်ကိုလုက ဒီမှာရောက်နေပြီဆိုတော့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းလိုက်ရင် ဘယ်လိုလဲ”

ထော့ပါဟုန် “…”

ချင်ရန်ယွဲ့က ထော့ပါဟုန်ကို လျစ်လျူရှုသွားသည်က ကိစ္စဆိုးတစ်ခု မဟုတ်သော်လည်း ထော့ပါမျိုးနွယ်မှ လူများကမူ ချင်ရန်ယွဲ့သည် ထိုလူကြီးအား အစ်ကိုလုဟု ခေါ်ဆိုရင်း ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုနေသည်ကို ကြားသည့်အခါ မည်သို့ခံစားရမည်နည်း။

လုကျိုးက ခေါင်းအသာယမ်းပြီး ပြောလိုက်သည်။

“ငါက အကျိုးအကြောင်းမသင့်တဲ့သူ မဟုတ်ဘူး။ ထော့ပါမျိုးနွယ်က သူတို့အတွက် ရပ်တည်ဖို့ မင်းကို ဖိတ်ခေါ်ထားမှတော့ လုပ်သင့်တာပေါ့”

“ဒါက …” ချင်ရန်ယွဲ့က အနည်းငယ် နေရခက်လာမိသည်။

ထိုစဉ် ထော့ပါဟုန်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်၏။

“ပထမအကြီးအကဲ”

ထော့ပါမျိုးနွယ်မှ အဖွဲ့ဝင်နှစ်ယောက်က ထော့ပါဟုန်ကို သွားကူပေးလိုက်ကြသည်။

“ငါ အဆင်ပြေပါတယ်” ထော့ပါဟုန်က အသံတိုးတိုးဖြင့် ပြောလိုက်၏။ သူက ဤအခိုက်အတန့်၌ ပြိုလဲသွား၍ မဖြစ်ကြောင်း သိထားလေသည်။ အကယ်၍ သူသာ ပြိုလဲသွားပါက ထော့ပါမျိုးနွယ်သည် အဆုံးသတ်သွားလိမ့်မည်။

သူက သူ့အသက်ဆုံးရှုံးသွားလျှင်ပင် တောင့်ခံထားရမည် ဖြစ်၏။

လုကျိုးက အမူအရာ ပျက်ယွင်းနေသည့် ထော့ပါဟုန်ကို ကြည့်လိုက်သည်။

“ငါ့ကို စိတ်ထဲထားဖို့မလိုဘူး။ မင်းက တရားမျှတမှုကို ရှာဖွေချင်မှတော့ သေချာမြင်အောင် ကြည့်ပေါ့။ မင်းကိုယ်မင်း ဟာသမလုပ်မိစေနဲ့”

ထော့ပါဟုန်က နဖူးပေါ်မှ ချွေးများကို သုတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ လောင်ချန်းပေ့”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“ကောင်းပြီ။ စလိုက်ကြရအောင်”

ချင်ရန်ယွဲ့က ထော့ပါမျိုးနွယ်ဝင်များအား ကြည့်ပြီးသည့်နောက်တွင် ယန်နန်၏ တပည့်များကိုပါ ကြည့်လိုက်သည်။

ထို့အပြင် မင်ရှစ်ရင်က ရုတ်တရက် ထပြောလိုက်၏။

“ကျောင်းယွိ ဆရာသခင်ချင် ရောက်လာပြီ။ မင်းက တော်ဝင်မိသားစုဝင်ဆိုတော့ ကြားနေအဖြစ်သင့်ဆုံးပဲ။ ဆရာသခင်ချင်ကို မင်းမြင်ခဲ့သမျှ၊ ကြားခဲ့သမျှအရာတွေအားလုံးကို ပြန်ပြောပြလိုက်။ အဲ့ဒါမှ ဆရာသခင်ချင်က မျှမျှတတ ဆုံးဖြတ်ပေးလို့ရမှာ”

ချင်ရန်ယွဲ့က အကြည့်ကို လွှဲလိုက်သည်။

“သခင်လေးကျောင်းကလည်း ဒီရောက်နေတာကိုး”

ကျောင်းယွိက ပြောလိုက်၏။

“မြင်ခဲ့ကြားခဲ့တာတွေကို ပြန်ပြောပြပေမဲ့ ဒီလူတွေက မယုံကြဘူးလေ။ ဘာများပြောနိုင်ဦးမှာလဲ”

ချင်ရန်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“တော်ဝင်မိသားစုရဲ့ စကားတွေကို ဘယ်သူကများ မယုံတာလဲ”

ချင်ရန်ယွဲ့၏ အသံထွက်ပေါ်လာသည့်အခါ ထော့ပါမျိုးနွယ်ဝင်များက ခေါင်းငုံ့ထားကြသည်။

ထော့ပါဟုန်က အလျင်စလို ပြောလိုက်၏။

“မဟုတ်ပါဘူး။ ဒါက နားလည်မှု လွဲတာပါ။ ဆရာသခင်ထော့ပါ သေသွားတဲ့အချက်ကို လက်ခံဖို့ ကျုပ်တို့တွေ အခက်တွေ့နေဦးမှာပဲ။ သခင်လေးကျောင်းရဲ့ စကားတွေကို မယုံကြည်တာ မဟုတ်ပါဘူး”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“သခင်လေးကျောင်းကို ကျေးဇူးတင်ပါတယ်။ အခုမြင်ခဲ့သမျှအားလုံးကို ပြန်လည်ပြောပြဖို့ ဒုက္ခပေးရဦးမှာပဲ”

“ကောင်းပါပြီ” ကျောင်းယွိက အပြုံးဖြင့် ပြောလိုက်သည်။

တကယ်တော့ ကျောင်းယွိက မဟာချင်ဧကရာဇ်၏ ၂၃ယောက်မြောက်သား ဖြစ်၏။ သူက မွေးဖွားလာကတည်းက မြို့စားဟူသော ဂုဏ်ပုဒ်ဖြင့် ချီးမြှင့်ခံထားရသည်။ လူအများစုက သူ့ကို သခင်လေးကျောင်းဟုသာ ခေါ်ဆိုကြ၏။ သူက တော်ဝင်မိသားစုအတွင်း အတော်လေး သဘောကျခံရသည်။ အစောပိုင်းနှစ်များအတွင်း တော်ဝင်မိသားစုထဲရှိ အတွင်းရေး ပဋိပက္ခများက သူ့အပေါ် သက်ရောက်မှု မဖြစ်စေခဲ့ပေ။ ထို့အပြင် သူက ရည်ရွယ်ချက်မရှိသည့် မြို့စားတစ်ပါးသာ ဖြစ်၏။ သူက အတော်လေး ဖော်ရွေသည့်အတွက် နာမည်ကျော်ကြားလေသည်။

ကျောင်းယွိက ယွီကျုံးထဲတွင် မြင်ခဲ့သမျှနှင့် ကြားခဲ့သမျှ အရာအားလုံးကို ချင်ရန်ယွဲ့ဆီ ပြန်လည်ပြောပြလိုက်သည်။ သူက ထော့ပါစစ်ချန်းသည် ထျန်းဝူကြောင့် အံ့ဖွယ်ဝိညာဉ်ပုလဲကို အသုံးပြုရင်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် အကြောင်းနှင့် သူ့ကို တိုက်ရိုက် ထိုးဖောက်သွားသည့်အကြောင်းကို ပြောပြလိုက်စဉ် ထော့ပါမျိုးနွယ်ဝင်များ၏ အမူအရာက ပျက်ယွင်းသွားကြ၏။

ကျောင်းယွိက အရိုးသားဆုံးပြောကာ ဖုံးကွယ်ထားခြင်း မရှိပေ။ သူက ထော့ပါစစ်ချန်းနှင့် ယဲ့ကျန်းတို့ လုကျိုးကို သတ်ဖြတ်ဖို့ ပူးပေါင်းခဲ့သည့်အကြောင်းကိုပင် အသေးစိတ်ပြောပြခဲ့သည်။

ကျောင်းယွိက စကားပြောကောင်းသူဖြစ်ကြောင်း ဝန်ခံရပေမည်။ သူ ပြောလိုက်သည့်ဇာတ်ကြောင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းလှ၏။

“ဆရာသခင်ထော့ပါက မွေးဖွားဇယားချပ် ၂၀ ရှိတယ်ဆိုပြီးတော့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ထျန်းဝူရဲ့ အင်အားကိုတော့ လျှော့တွက်ထားမိတယ်။ ပြီးတော့ သခင်ကျန်းနန်က ထျန်းဝူရဲ့ ခင်ပွန်း ဖြစ်နေလိမ့်မယ်လို့လည်း ထင်မထားခဲ့မိဘူးလေ။ သခင်ကျန်းနန်က ပေါ်လာပြီးတော့ ဆရာသခင်ထော့ပါရဲ့ မွေးဖွားဇယားချပ်တွေကို ပျက်စီးအောင် တိုက်ခိုက်ခဲ့တယ်။ သူ့တိုက်ကွက်ရဲ့ အင်အားစုက ကောင်းကင်ကိုတောင် ထိုးဖောက်သွားနိုင်လောက်တယ်။ အဲဒါကြောင့် သခင်ကျန်းနန်က သူ့စွမ်းအား အများစုကို သုံးခဲ့ရတာပေါ့။ ဒါက မမေ့နိုင်ဖွယ် မြင်ကွင်းတစ်ခုပဲလေ”

ကျောင်းယွိက စိတ်အားထက်သန်စွာ ထပ်မံ ပြောဆိုလိုက်သည်။

“ကံကောင်းတာက မျှော်နန်းသခင်လုက ထျန်းဝူနဲ့ တိုက်ခိုက်ပေးတာပဲ။ သဘောတရားအရ ပြောရမယ်ဆိုရင်တော့ ဆရာသခင်ထော့ပါက သခင်ကျန်းနန်ရဲ့ တိုက်ကွက်မှာ အသက်ရှင်မှာ မဟုတ်ဘူးလေ။ မျှော်နန်းသခင်လုက ကြီးမားတဲ့ တိုက်ကွက်ကို သုံးပြီးတော့ ထျန်းဝူကို နှိမ်နင်းနေတုန်း ဆရာသခင်ထော့ပါနဲ့ ဆရာသခင်ယဲ့ကျန်းတို့က မျှော်နန်းသခင်လုကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တာ”

“…”

လေထုက အေးခဲသွားဟန်ပေါ်သည်။ ပတ်ဝန်းကျင်ကလည်း ပန်းချီကားသဖွယ် ဖြစ်လာလေ၏။

ယန်နန်၏ တပည့်များနှင့် ထော့ပါမျိုးနွယ်ဝင်များက မလှုပ်မယှက်ဖြင့် ပန်းချီကားထဲမှ ပုံရိပ်များသဖွယ် ရပ်နေကြသည်။

တခြားတစ်ဖက်တွင် ချင်ရန်ယွဲ့က မျှော်လင့်စောင့်စားစွာဖြင့် နားထောင်နေ၏။

ကျောင်းယွိက ဆက်ပြောလိုက်သည်။

“ဘာဖြစ်ခဲ့လဲဆိုတာကို မှန်းကြည့်ပေါ့။ မျှော်နန်းသခင်လုက အဲဒီအချိန်လှည့်ပြီးတော့ လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်တယ်လေ။ လက်ဝါးစည်းတံဆိပ်က ကောင်းကင်လောက် ကြီးမားပြီးတော့ တောင်ထိပ်လိုမျိုး လက်ငါးချောင်းနဲ့ ကျရောက်လာတာ။ လက်ဝါးစည်းတံဆိပ်က ဆရာသခင်ထော့ပါကို ဖိနှိပ်ထားခဲ့တယ်။ အဲဒီနောက် ဆရာသခင်ထော့ပါက သူ့မွေးဖွားဇယားချက်‌တွေအားလုံးကို ဆုံးရှုံးလိုက်ရပြီးတော့ မွေးဖွားဇယားချပ် မကျန်တော့ဘူးလေ”

“…”

နားထောင်နေသည့် မင်ရှစ်ရင်ကပင် အနည်းငယ် မျက်နှာပူလာမိသည်။ ကျောင်းယွိက အချက်ကျကျပြောဆိုနေသော်လည်း အင်မတန် ပုံကြီးချဲ့သလို ဖြစ်နေသနည်း။

ချင်ရန်ယွဲ့က မေးလိုက်သည်။

“အဲဒါဆိုရင် ဆရာသခင်ယဲ့ကရော”

“အဲဒီအချိန်တုန်းက ဆရာသခင်ယဲ့က ခိုးကြောင်ခိုးဝှက် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ သူက တာအိုရဲ့ စွမ်းအားကို သုံးပြီးတော့ မျှော်နန်းသခင်လူနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လေ” ကျောင်းယွိက ပြောလိုက်သည်။

ထို့နောက် သူက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။

“ဆရာသခင်ယဲ့က မျှော်နန်းသခင်လုအတွက် ပြိုင်ဖက် မဟုတ်ဘူး။ သူတို့စွမ်းအားထဲက ကွာဟချက်က အရမ်းကြီးမားလွန်းတော့ ဆရာသခင်ယဲ့က လက်ဝါးတစ်ချက်တည်းနဲ့ လွင့်စင်သွားခဲ့တာပဲ။ အဲဒီမှာ မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားတယ်”

ထိုစဉ် ကျောင်းယွိက အဖြစ်အပျက်ကို ပြန်လည်တွေးတောရင်း အနည်းငယ် ဒေါသထွက်လာမိသည်။ ထို့ကြောင့် သူ့ကိုယ်ပိုင်အတွေးအမြင်များကိုပါ ဇာတ်ကြောင်းထဲ ထည့်ပေါင်းလိုက်၏။

“တကယ်လို့ ကျုပ်သာဆိုရင်တော့ ထွက်ပြေးမှာပေါ့။ ဒါပေမဲ့ ဘယ်သူသိမှာလဲ။ ဆရာသခင်တွေရဲ့ အတွေးက သာမန်လူတွေနဲ့ ကွဲပြားနေတာလေ။ သူတို့က နောက်ဆုတ်ရမဲ့အစား ဆရာသခင်ယဲ့က တပည့်တွေအားလုံးကို ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ မျှော်နန်းသခင်လုရဲ့ လက်အောက်ငယ်သားဖြစ်တဲ့ လုဝူကို မေ့နေတဲ့ပုံပဲ”

“လုဝူရဲ့ ခန္ဓာကိုယ်က ပေထောင်ချီ ကြီးမားတယ်။ သူက လေထဲခုန်အုပ်ပြီး အမြီးကိုးချောင်းကို ထုတ်လိုက်တယ်လေ။ အဲဒီနောက် ရေခဲစွမ်းရည်ကို ထုတ်ပြီးတော့ ဆရာသခင်အဆင့်အောက်က တပည့်တွေအားလုံးကို ချက်ချင်းသတ်ပစ်လိုက်တာပဲ” ကျောင်းယွိက သွေးများဆူပွက်လာပြီး တိုက်ခိုက်လိုစိတ်တို့ ထကြွလာသလို ခံစားနေရသည်။

“အဲဒါက တကယ်ကို ကြီးကျယ်တယ်။ သားရဲဧကရာဇ်ဆိုတဲ့အတိုင်းပဲ။ သားရဲဧကရာဇ် ရောက်ရှိလာတော့ ဘယ်သူကများ အညံ့မခံဘဲ နေရဲမှာလဲ”

“…”

လေထုက ပိုမိုတင်းကြပ်လာလေ၏။

နားထောင်သူအားလုံးက အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။ ကျင့်ကြံသူများက အချိန်အတော်ကြာ အသက်အောင့်နိုင်ကြလေ၏။ သူတို့က ကျောင်းယွိ၏ ဇာတ်ကြောင်းအတွင်း မျောပါသွားကာ အရာအားလုံးကို မေ့လျော့သွားကြလေသည်။

ကျောင်းယွိက အားပါးတရဖြင့် ဆက်လက်ပြောပြနေသည်။ ယန်နန်၏ တပည့်များနှင့် ထော့ပါမျိုးနွယ်ဝင်များကမူ ရေခဲရေနှင့် လောင်းချခံလိုက်ရသလို ခံစားနေရ၏။

ထိုစဉ် ကျောင်းယွိက လူအုပ်ကို ကြည့်ကာ သူတို့မျက်နှာက မသက်မသာအမူအရာများကို သတိထားမိခဲ့သည်။ သူက ထိုဇာတ်ကြောင်းကို ပြန်လည်ပြောပြနေရင်း အလွန်စိတ်လှုပ်ရှားခဲ့ကြောင်း ခံစားမိလိုက်၏။ ယခု သူက ဆရာသခင်များ သေဆုံးသွားမည့်အကြောင်းကို ပြောသည့်အတွက် အနည်းငယ် ဝမ်းနည်းသင့်ကြောင်း တွေးလိုက်မိသည်။ ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။

“ဆရာသခင်နှစ်ယောက်က ဒီလိုအခိုက်အတန့်မျိုးမှာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်မျိုးကို ချခဲ့တာပဲ။ သူတို့ကို အမှန်တကယ် လေးစားပါတယ်။ ဒါပေမဲ့လည်း ထင်တော့ ထင်မထားတာက”

ကျောင်းယွိက ထပ်မံ သက်ပြင်းချလိုက်ပြန်သည်။

“…”

ဆက်တိုက်ဆိုသလို ကျောင်းယွိက ချင်ရန်ယွဲ့ကို ဦးညွှတ်ကာ ပြောလိုက်၏။

“ဒါပဲ ကျုပ်ပြောစရာရှိတာပါ”

ထို့နောက် သူက တခြားသူများနှင့် မျက်နှာချင်းဆိုင်ကာ အသံမြှင့်ပြီး ပြောလိုက်သည်။

“ကျုပ်ပြောခဲ့တဲ့ စကားတိုင်းအတွက် တာဝန်ယူနိုင်တယ်။ တကယ်လို့ ကျုပ်စကားကို သံသယရှိတယ်ဆိုရင် ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ အတည်ပြုကြည့်နိုင်တယ်။ ပြီးတော့ ဆရာသခင်ဖန်းကလည်း အများစုမှာရှိနေတာဆိုတော့ သူ့ကိုလည်း မေးကြည့်လို့ရတယ်”

“ဆရာသခင်ဖန်းကလည်း အဲဒီမှာ ရှိနေခဲ့တာလား” ချင်ရန်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“ဆရာသခင်ထော့ပါက အံ့ဖွယ်ဝိညာဉ်ပုလဲကို ပိုင်ဆိုင်ထားတော့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းနေတယ်လို့ ထင်နေခဲ့တယ်လေ။ အဲဒါကြောင့် သူက ဆရာသခင်ဖန်ကို ရင်ဆိုင်ခဲ့တာ။ ဒါပေမဲ့ ဆရာသခင်ဖန်က ကူးသန်းပြောင်းရွှေ့ရေး ကျောက်စိမ်းအဆောင်ကို သုံးပြီးတော့ လွတ်မြောက်သွားခဲ့တယ်”

ကျောင်းယွိက ပြောလိုက်သည်။

ထို့နောက် သူက မူလနေရာဆီ နောက်ပြန်ဆုတ်လိုက်သည်။ သူက သူ့တာဝန်ပြီးမြောက်သွားပြီ ဖြစ်၏။

ယန်နန်၏ တပည့်များနှင့် ထော့ပါမျိုးနွယ်ဝင်များက အမူအရာ ပျက်ယွင်းနေကြသည်။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အခု ဖြစ်ပျက်သမျှကို ကောင်းကောင်းဖမ်းဆုပ်ပြီးပြီလို့ ထင်တယ်”

ချင်ရန်ယွဲ့က စင်မြင့်အလယ်ကိုသွားကာ ထော့ပါဟုန်နှင့် တခြားသူများကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“ကျင့်ကြံရေးလောကမှာ ကြီးနိုင်ငယ်ညှင်း သဘောတရားက ရှိတာပဲ။ ဆရာသခင်ထော့ပါက အမှားအယွင်းပြုလုပ်ပြီး သူ့ကိုယ်သူ သေဆုံးမှုကို ဖြစ်စေခဲ့တာ။ ဒီအကဲဖြတ်ချက်ကို လက်ခံလား”

ထော့ပါဟုန်က ဆက်လက် နောက်ဆုတ်လိုက်သည်။ သူက ဆက်လက်တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ် လဲကျသွားလေ၏။

အားလုံး၏ ခံစားချက်များကလည်း ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီး မည်သူကမှ ဘာမှမပြောကြပေ။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ထော့ပါဟုန်က ပြောလိုက်၏။

“ဆရာသခင်ချင်ရဲ့ အကဲဖြတ်ချက်ကို နားထောင်ပါမယ်”

ထို့နောက် ဆရာသခင်ချင်က ယဲ့ဝေ့ကို ကြည့်ကာ မေးလိုက်သည်။

“အဲဒါက ဆရာသခင်ယဲ့အတွက်လည်း အတူတူပဲ။ အကြီးအကဲယဲ့ ခင်ဗျားမှာ ဘာငြင်းဆန်စရာ ရှိသေးလဲ”

ယဲ့ဝေ့က ရုန်းကန်နေရသည့် အနေအထားကို နေသားကျနေခဲ့သည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

ယဲ့ကျန်းက ယန်နန်၏ တပည့်အများကြီးကို သူ့ကိုယ်ပိုင်အတ္တနဲ့ ထိခိုက်စေခဲ့တာ။ အဲဒါကြောင့် ကျုပ်တို့ ဘိုးဘေးကိုယ်စား သူ့ကို သုတ်သင်ပြီးသွားပါပြီ”

ချင်ရန်ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျုပ် ဒီရောက်နေမှတော့ မေးစရာရှိရင် ဒါမှမဟုတ် ငြင်းဆန်စရာရှိရင် ထုတ်ပြောလို့ရတယ်”

All Chapters