← Chapters

အခန်း (၁၂၉၁-၁၂၉၃)

Vol. 87 Ch. 1291-1293

အခန်း (၁၂၉၁-၁၂၉၃)

Vol. 87 Ch. 1291-1293

အခန်း (၁၂၉၁) ပွင့်ပွင့်လင်းလင်းပြောခြင်း

မေးစရာလား။

သူတို့၏အကြီးမားဆုံးမေးခွန်းသည် သူတို့ရှေ့ရှိလူ၏ အထောက်အထားနှင့် နောက်ခံပဲ ဖြစ်သည်။ သို့သော်ငြား သူတို့ယင်းကို မည်ကဲ့သို့မေးရဲမည်နည်း။ သူတို့က ဆိတ်ဆိတ်သာ နေလေ၏။ သူတို့၏ဆရာသခင်များ သေဆုံးသွားပြီး ထော့ပါမျိုးနွယ်နှင့် ယန်နန်၏ဂုဏ်သရေက မကြာခင်၌ မှေးမှိန်သွားလိမ့်မည်။ ယခုအချိန်၌ မေးခွန်း၏အဖြေကို သိလျှင်တောင် ဘာများအသုံးဝင်မည်နည်း။

ထို့အပြင် ထော့ပါစစ်ချန်း၏သေဆုံးခြင်းသည် မည်သူ့ကိုမှ အပြစ်တင်၍မရပေ။

တိတ်ဆိတ်မှုက ကြီးစိုးလာတော့သည်။

ခဏအကြာတွင် ချင်ရန်ယွဲ့က ပြောလိုက်လေ၏။

“အကြီးအကဲထော့ပါ ပြောစရာရှိသေးလား”

ထော့ပါဟုန်က အသက်ပြင်းပြင်းရှူသွင်းလျက် ပြောလိုက်တော့သည်။

“ဒီကိစ္စကို ဆရာသခင်ချင် ကြီးကြပ်နေတော့ ကန့်ကွက်စရာကော မေးစရာပါ မရှိပါဘူး”

“ဒီလိုဆိုရင် ဒီလာပြီး ရုတ်ရုတ်သဲသဲဖြစ်စေတဲ့အတွက် တောင်းပန်သင့်တယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။

ထော့ပါဟုန်က ယဲ့ဝေနှင့် ယန်နန်၏တပည့်များဖက်သို့ လှည့်လိုက်လေ၏။

“အစောတုန်းက နားလည်မှုလွဲခဲ့တယ်။ အကြီးအကဲယဲ့နဲ့ ယန်နန်ကို တောင်းပန်ပါတယ်။ ကျုပ်တို့ကို ခွင့်လွတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ယဲ့ဝေသည် ထိုအကြောင်းကို စကားများချင်စိတ်မရှိတော့ပေ။ ယဲ့ကျန်း၏သေဆုံးခြင်းသည် သူ့ကို ဝန်ပိစေ၏။

ချင်ရန်ယွဲ့က ပြောလိုက်လေ၏။ “ဘာရှိသေးလဲ”

“ဒါက” ထော့ပါဟုန်က စိတ်ရှုပ်ထွေးသွားလေ၏။ သူတောင်းပန်ပြီးဖြစ်သည်။ ဘာများလုပ်စရာ ရှိဦးမည်နည်း။ သူ မော့ကြည့်မိချိန်တွင် ချင်ရန်ယွဲ့က သူ့ကိုမော့ကြည့်နေတာ တွေ့လိုက်ရ၏။ သူက ချက်ချင်းပင် သဘောပေါက်သွားကာ လုကျိုးဖက်အမြန်လှည့်ပြောလိုက်သည်။ “ကျွန်တော်တို့ ဆရာသခင်က မှားခဲ့တာပါ။ စော်ကားတယ်လို့ မမှတ်ယူဖို့ မျှော်လင့်ပါတယ် ဆရာကြီး”

လုကျိုးက ဆိတ်ဆိတ်သာနေလေ၏။ ဆိုရလျှင် သူက ချင်ရန်ယွဲ့ကိုဖြေရှင်းရန် လွဲပြီးသားဖြစ်သည်။

ထော့ပါဟုန်သည် လုကျိုး ဆိတ်ဆိတ်နေသည်ကို မြင်သောအခါ မည်သို့ပြုလုပ်ရမည်မှန်း မသိတော့ပေ။ ချင်ရန်ယွဲ့ကို တစ်ချက်ကြည့်လိုက်သောအခါ ချင်ရန်ယွဲ့က သူ့ကို မျက်စတစ်ချက်ပစ်ပြလိုက်၏။

ထော့ပါဟုန် “...” ပုံမှန်ဆို ထော့ပါဟုန်၏ ဆိုလိုရင်းကို ကျန်သည့်သူများက နားလည်သဘောပေါက်လိမ့်မည်။ ယခုဆို တစ်ဖက်လူ၏ဆိုလိုရင်းကို ဖော်ထုတ်ရမည်ဖြစ်သောကြောင့် သူက ထိုနေရာ၌ မတော်ပေ။

ထော့ပါဟုန်က ချင်ရန်ယွဲ့ မည်သည်ကို ဆိုလိုမှန်းစဉ်းစားနေသေးစဉ် ချင်ရန်ယွဲ့က လှည့်မေးလာ၏။

“အစ်ကိုလု ဒီကိစ္စကို ကျုပ် ဖြေရှင်းတဲ့ပုံကို စိတ်တိုင်းကျရဲ့လား”

“မင်းကို သဘာပတိအဖြစ်ဆောင်ရွက်ခိုင်းတယ်ဆိုမှတော့ မင်းရဲ့ဆုံးဖြတ်ချက်အကြောင်း ဘာမှပြောစရာမရှိဘူး” လုကျိုးက ပြောလိုက်သည်။

ထော့ပါဟုန်က သူ၏အတွေးထဲနစ်နေတော့သည်။ စိတ်ထဲ၌ ဝေဝေဝါးဝါးအကြံဉာဏ်တစ်ခု ဖွဲ့တည်လျက် သူ့နားရှိ လူများဆီမှ အသိဝင်လာတော့၏။ ပြီးနောက် သူက အမြန်ပြောလိုက်သည်။

“ဆရာကြီး ကျွန်တော့်မှာ ဆန်းကြယ်ကျောက်တုံးငယ်နှစ်ခုရှိပါတယ်။ ထော့ပါမျိုးနွယ်က ဒါတွေကိုရှာဖို့ နှစ်ပေါင်းများစွာ ကြိုးစားထားခဲ့ရတာပါ”

ထော့ပါဟုန်က ပြောပြီးသည်နှင့် သူက ကျင့်ကြံသူတစ်ယောက်ကို လက်ဝေ့ယမ်းပြကာ သူတို့အား ဆန်းကြယ်ကျောက်တုံးငယ်များ သွားယူရန် အမိန့်ပေးလိုက်လေ၏။

“ဒါမလိုဘူး” လုကျိုးသည် လက်ဝေ့ယမ်းပြလိုက်၏။ သူက ဤနေရာတွင် ဆန်းကြယ်ကျောက်တုံးငယ်များ ယူလာရန် သူတို့ကို စောင့်နေရန် အချိန်မရှိပေ။ ဆိုရလျှင် မည်သူကမှ သွားလေရာနေရာတိုင်း ဆန်းကြယ်ငယ်များ သယ်ဆောင်နိုင်တာ မဟုတ်ပေ။

ထော့ပါဟုန်က မှင်တက်သွားလေ၏။ လုကျိုးက သူ၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တာ သူ ပျော်ရွှင်နေသင့်သည်။ သို့သော် တစ်ခါတစ်ရံတွင် ငြင်းဆန်ခြင်းက ယခုအချိန်တွင် ကောင်းမွန်သည့်ကိစ္စ မဟုတ်ပေ။ သူ၏တောင်းပန်မှုက စိတ်ရင်းမစစ်မှန်ခြင်း သို့တည်းမဟုတ် ဆန်းကြယ်ကျောက်တုံးနှစ်ခုဖြင့် ပြဿနာကို ဖြေရှင်းရန် မလုံလောက်ဟု သူ့ရှေ့ရှိလူက တွေးမိတာ ဖြစ်လောက်သည်။ ထိုအတွေးဖြင့် သူက ကျောက်စိမ်းဖြူအဆောင်ကို အမြန်ထုတ်ပေးလိုက်၏။ ပြီးနောက် သူက လုကျိုးရှေ့ရောက်လာကာ ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဒါကိုလက်ခံပေးပါ။ အထင်မသေးဖို့ မျှော်လင့်ပါတယ်”

လူတိုင်းက လှမ်းကြည့်လိုက်၏။

ကျောင်းယွိက ပြုံးလျက်ပြောလိုက်သည်။ “ခင်ဗျား ဒါကို ပေးချင်စိတ်ရှိနေတာပဲ”

“စုဆောင်းခြင်း ကျောက်စိမ်းအဆောင်လား” ယွီကျန့်ဟိုင်သည် ဖန်ကျုံးနှင့်ယန်ကျန်းလော့တွင် ၎င်းကို အသုံးပြုနေတာ မြင်ဖူးသောကြောင့် အတန်ငယ်သိလေ၏။

လုကျိုးက အနည်းငယ်မှင်တက်သွားတော့သည်။ သူက ထိုပစ္စည်းများတောင်းဖို့ လူတိုင်းကို ဤနေရာဆီ ခေါ်လာတာ မဟုတ်ပေ။ ဆိုရလျှင် သူက ဓားပြတိုက်ဖို့လာတာမဟုတ်။ အဘယ်ကြောင့်များ အရာအားလုံးသည် သူ ခြောက်လှန့်တောင်းယူနေသည်ဟု ထင်နေရသနည်း။ သို့သော်ငြား စုဆည်းခြင်း၊ ပို့ဆောင်ခြင်း ကျောက်စိမ်းအဆောင်က ရတနာတစ်ပါးဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းက အသက်ကယ်တင်ပေးနိုင်ရန်သာမက သူ့လူများကိုလည်း ကူညီပေးရန် အမြန်ပြန်ဖို့ အသုံးပြုနိုင်၏။ ယခုမျှခြေမညီမျှမှုက ဆိုးရွားလာပြီး နောင်ကျ ရွှေကြာနယ်မြေတွင် ကပ်ဘေးတစ်ခု အချိန်မရွေးကျရောက်လာနိုင်သည်။

လုကျိုးက တုံ့ဆိုင်းနေစဉ် ထော့ပါဟုန်က ပြောလိုက်လေ၏။

“ဆရာကြီး ကျေးဇူးပြုပြီးမငြင်းဆန်လိုက်ပါနဲ့။ ကျုပ် စိတ်ရင်းအမှန်နဲ့ပြောနေတာပါ”

လုကျိုးက ပြောလိုက်သည်။ “ကြွေးမြီတိုင်းမှာ အကြွေးစရှိတယ်။ ထော့ပါစစ်ချန်းရဲ့အမှားအတွက် မင်းကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ”

ထော့ပါဟုန်သည် ထိုစကားများကြောင့် အပျော်လွန်သွားလေ၏။ သူက ကျောက်စိမ်းအဆောင်ကို ချက်ချင်း တွန်းထုတ်ကာ ပြောလိုက်တော့သည်။

“နားလည်ပေးတာ ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျေးဇူးပြုပြီး ဒီကျောက်စိမ်းအဆောင်ကို လက်ခံပေးပါ”

“ကောင်းပြီ။ လောင်စစ်” လုကျိုးက လက်ဝေ့ယမ်းလိုက်၏။

မင်ရှစ်ရင်က လက်ဝေ့ယမ်းကာ အဆောင်ကို သူ့လက်ထဲယူလိုက်သည်။

ထော့ပါဟုန်က သက်ပြင်းချလိုက်လေ၏။ ထွက်သွားရန် အချိန်တန်ပြီမှန်း သိနေသည်။ သူ ဆက်နေမည်က အခြေအနေပြောင်းလဲသွားမည်လား ဟူသည်ကို မည်သူက သိမည်နည်း။ ထို့ကြောင့် သူက ပြောလိုက်လေ၏။

“အားလုံးပဲ ဒီနေ့ နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ ယန်နန်ကို နောက်နေ့မှာ လာပြီး တောင်းပန်ပါဦးမယ်။ ကျုပ် အခုသွားလိုက်ပါဦးမယ်”

“လိုက်မပို့တော့ဘူး” ယဲ့ဝေက ပြောလိုက်လေ၏။

ထော့ပါဟုန်က သူ၏မျိုးနွယ်ဝင်များကို လက်ဝေ့ယမ်းပြလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

မကြာမီ၌ ထော့ပါမျိုးနွယ်မှ လူတို့သည် တိမ်တိုက်များအကြားပျောက်ကွယ်သွားတော့သည်။

မိုင်တစ်ရာအကွာအထိ ပျံသန်းပြီးနောက် ထော့ပါဟုန်သည် နောက်ဆုံး၌ ရပ်တန့်လိုက်၏။ သူက ယန်နန်ဖက်ကို လှည့်ကြည့်လိုက်တော့သည်။

“အကြီးအကဲထော့ပါ ... ဆရာသခင်ထော့ပါ အချည်းအနှီးသေသွားရတာလား” လက်တွေ့ကို လက်မခံနိုင်သေးသည့် တပည့်တစ်ယောက်က မေးလိုက်လေ၏။

ထော့ပါဟုန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“သခင်လေးကျောင်း နေစရာအကြောင်းမရှိဘူး။ ဆရာသခင်ချင်တောင် သူ့ကို ယုံတယ်။ ငါတို့ ဘာများတတ်နိုင်ဦးမှာလဲ”

လူတိုင်းက တိတ်ဆိတ်သွားလေ၏။

“ပထမအကြီးအကဲ အရာအားလုံး မှန်နေရင် အဲ့ဒီအဖိုးအိုက မကောင်းတဲ့သူတစ်ယောက် ဖြစ်ပုံမပေါ်ဘူး။ သူ့ကို စုစည်းခြင်း ပို့ဆောင်ရေးအဆောင်ပေးဖို့ မလိုဘူးမလား။ သူ လက်မခံရင် ကောင်းမှာပဲ”

ထော့ပါမျိုးနွယ်က ယခုဆို ဆရာသခင်မရှိတော့သောကြောင့် မျိုးနွယ်စုက ကျဆင်းတော့မှာပဲဖြစ်သည်။ ထိုအရာဖြင့်ဆို သူတို့သည် ကျဆင်းချိန်၌ သူတို့ကို နင်းခြေမည့်သူက မပြတ်လပ် လာမည့်နေ့ရက်များက ဆိုးရွားပေလိမ့်မည်။

ထော့ပါဟုန်က သက်ပြင်းချလိုက်လေ၏။ “မင်းက ငယ်လွန်းသေးတယ်”

ထော့ပါမျိုးနွယ်သည် လုကျိုးနှင့် ဘာပတ်သက်ဆက်နွယ်မှုမှ မရှိ။ ထို့အပြင် သူတို့က သူနှင့်မတည့်သည့်ဖက်တွင်တောင် ရောက်နေသည်။ သူတို့က စကားလုံးများဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်ဆိုလျှင် ကျင့်ကြံတာ ဘာများအကျိုးရှိတော့မည်နည်း။

ထော့ပါမျိုးနွယ် ထွက်သွားတာကို ကြည့်ပြီး ချင်ရန်ယွဲ့ကခေါင်းညိတ်လိုက်၏။ သူက လှည့်မေးလိုက်သည်။

“အစ်ကိုလု စိတ်တိုင်းကျရဲ့လား”

လုကျိုးက ခေါင်းခါလိုက်သည်။

ချင်ရန်ယွဲ့က အံ့ဩထိတ်လန့်သွားသည်။ သူက မေးလိုက်တော့သည်။ “အစ်ကိုလု ဘာကိုဆိုလိုတာလဲ”

လုကျိုးက စကားလုံးသုံးလုံးသာ ပြောလိုက်သည်။ "ချင်နိုင်ဟယ်"

ချင်ရန်ယွဲ့သည် ထိုစကားလုံးသုံးလုံးကို ကြားမိသောအခါ မျက်မှောင်ကျုံ့မိသွားသည်။

“အစ်ကိုလု ကျုပ်တို့ ချင်မျိုးနွယ်ရဲ့လွတ်လပ်သူကို သိတာလား”

“သိတာထက်ပိုတယ်”

“သူက ချင်မျိုးနွယ်ရဲ့ သစ္စာဖောက်တစ်ယောက်ပဲ။ မော့ရှန်းသေသွားတာက သံသယဖြစ်ဖို့ကောင်းတယ်။ ဒီတော့ သူ့ရဲ့တာဝန်ကို ရှောင်ဖယ်လို့မရဘူး။ အစ်ကိုလုက သူ့ရဲ့တည်နေရာကို သိရင် ပြောပြပေးဖို့ မျှော်လင့်ပါတယ်” ချင်ရန်ယွဲ့က ပြောလိုက်လေ၏။

“သူက အခုငါ့ရဲ့လူတွေထဲက တစ်ယောက်ပဲ” လုကျိုးက ပြောလိုက်လေ၏။

ချင်ရန်ယွဲ့ “...”

ချင်မျိုးနွယ်မှ တပည့်များစွာ၏မျက်နှာထက်တွင် မယုံနိုင်သည့်အမူအရာများဖြစ်နေတော့သည်။

လုကျိုးက ဆက်ပြောလိုက်သည်။

“မင်းက ထက်မြက်တာကြောင့် ပြောပြပေးနေတာ။ တခြားသူသာဆိုရင် ငါက စိတ်ထဲထည့်မှာ မဟုတ်ဘူး”

ချင်ရန်ယွဲ့က သူ့ရင်ထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်ထားကာ ပြောလိုက်လေသည်။ “အစ်ကိုလု ဘာဖြစ်ခဲ့တာလဲ”

လုကျိုးက ထိုင်နေရာမှထကာ လက်နောက်ပစ်ထားလျက် တိမ်တိုက်စင်မြင့်အစွန်းဆီသို့ လျှောက်သွားလိုက်သည်။ သူက တောင်တန်းများနှင့် မြစ်များကို ကြည့်ပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်တော့သည်။

“မကြာသေးခင်တုန်းက ငါ အရင်တုန်းက ငါ အနီရောင်ကြာနယ်မြေထဲက တောင်ထွတ်ပေါ်က အအေးရေကန်ထဲမှာ သီးခြားကျင့်ကြံခဲ့တယ်။ အဲ့ဒီတုန်းက ချင်မော့ရှန်းက ငါ့ကို ချုံခိုတိုက်ခိုက်ခဲ့တာ။ သူ ငယ်နေသေးတာမြင်တော့ သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ပဲ မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးခဲ့တယ်”

“...”

ချင်ရန်ယွဲ့က မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ လျှပ်စီးကြောင်းက သူ၏ခန္ဓာကိုယ်ထဲ ဖြတ်ဝင်သွားသည့်ပမာ သူ ကြက်သီးထသွားတော့သည်။

သူ နောက်သို့ အလိုလိုဆုတ်မိသွားလေ၏။

လုကျိုးသည် ချင်ရန်ယွဲ့၏တုံ့ပြန်မှုကို အာရုံမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အဲ့ဒီကောင်က ဒီလောက်ခေါင်းမာလိုက်မယ်လို့ မထင်ထားဘူး။ သူက နောင်တမရရုံမက လက်စားချေဖို့တောင် ကြိုးစားလိုက်သေးတယ်”

ချင်ရန်ယွဲ့၏အသံက တုန်ယင်နေကာ မေးလိုက်တော့သည်။ “အစ်ကိုလု မော့ရှန်းကို သတ်လိုက်တာလား”

လုကျိုးက လှည့်လာ၏။ သူ၏အကြည့်တို့က နက်ရှိုင်းနေလျက် ချင်ရန်ယွဲ့ကို ကြည့်ကာ ပြန်မေးလိုက်သည်။ “ငါ သူ့ကို မသတ်သင့်ဘူးလို့ ထင်တာလား”

ချင်ရန်ယွဲ့က ဤမေးခွန်းကို မည်သို့ပြန်ဖြေရမည်မှန်းမသိပေ။ ချင်မျိုးနွယ်မှ လူတို့က ဆွံ့အနေ၏။

အခြေအနေက မှုန်မှိုင်းနေသော်ငြား မင်ရှစ်ရင် အေးစက်စက်နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ချင်မော့ရှန်းက အစတုန်းက သရဲအစေခံတစ်ယောက်ကို လွှတ်ခဲ့တယ်။ နောင်ကျ သူက သရဲအစေခံနှစ်ယောက်နဲ့ ချင်နိုင်ဟယ်ကို ခေါ်လာတာ။ ဒီလူတွေရဲ့ခွန်အားကို ခင်ဗျား ကောင်းကောင်းမွန်မွန်သိမှာပဲ”

ချင်ရန်ယွဲ့ “...”

မင်ရှစ်ရင်က ဆက်ပြောလိုက်သည်။ "ချင်မော့ရှန်းက ဆရာသခင်ချင်ရဲ့ဆက်ခံသူလို့ ကြားမိတယ်။ ဆရာသခင်ချင်က သူ့ရဲ့စိတ်နေသဘာထားကို သတိမပြုမိဘူးလို့ မယုံဘူး”

ထိုစကားသည် ချင်ရန်ယွဲ့၏ခေါင်းကို သံဖြင့် ရိုက်နှက်လိုက်တာပဲဖြစ်သည်။

...

အခန်း (၁၂၉၂) မင်း မမှားဘူး

ချင်ရန်ယွဲ့က ချင်မော့ရှန်း၏ သဘောထားကို ကောင်းကောင်းနားလည်ထား၏။ ချင်မော့ရှန်းက သူ့ကို စိတ်မအေးစေသည့်သူ တစ်ယောက် ဖြစ်ပေသည်။ သူက ချင်မော့ရှန်းကို ဆက်တိုက် စိုးရိမ်နေရ၏။

ချင်မော့ရှန်း ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရ၍ စည်းမျဉ်းစည်းကမ်း မရှိပေ။ ထို့အပြင် ချင်ရန်ယွဲ့နှင့် ဆက်ဆံရေးကြောင့် မည်သူကမှ သူ့အား မတင်းကြပ်ရဲကြပေ။ အချိန်ကြာလာသည်နှင့်အမျှ သူက လွှမ်းမိုးကာ အနိုင်ကျင့်တတ်သည့် သဘောထားမျိုး ဖြစ်တည်လာ၏။ သူ လူကြီးဖြစ်လာပြီးသည့်နောက်တွင် ပိုမိုဆိုးရွားလာခဲ့ပြီး ချင်မျိုးနွယ်ဝင်များက ဒေါသထွက်ကြသော်လည်း သူ့အပေါ် များစွာ အပြစ်မတင်ရဲကြပေ။ တကယ်တော့ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့က သူ့အကျင့်စရိုက် ဆိုးရွားသော်လည်း အတတ်နိုင်ဆုံး ကာကွယ်ဖို့ ကြိုးစားခဲ့ကြသည်။ သူတို့က သူ့အတွက် ကာပေးကာ ပြဿနာကြီးကြီးမားမားကို သေးစေခဲ့သည်။

ဆရာသခင်တစ်ယောက်အနေဖြင့် သီးသန့်ကျင့်ကြံရေးအပြင် ကိစ္စများစွာ ရှိလေသည်။ သူ့အနေဖြင့် ချင်ရန်ယွဲ့ကို ပညာပေးဖို့ သင့်တော်သည့်အချိန် ရှာတွေ့ဖို့ မဖြစ်နိုင်ပေ။ သူက ချင်မော့ရှန်းအား ပြဿနာမရှာဖို့ တစ်ခါက အမိန့်ပေးခဲ့ဖူး၏။ တစ်ခါက ချင်မော့ရှန်းက နာနာခံခံဖြစ်သွားခဲ့သည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ချင်မော့ရှန်းက ယခင်သဘောထားအတိုင်း ပြန်လည်ပြောင်းလဲသွားခဲ့သည်။ ထိုအကြောင်းအရင်းအတွက်မူ သူက ချင်မျိုးနွယ်၏ လွတ်လပ်သူဖြစ်သည့် ချင်နိုင်ဟယ်အား ချင်မော့ရှန်းဘေးတွင် နေဖို့ အမိန့်ပေးခဲ့သည်။ ချင်နိုင်ဟယ်က ချင်မော့ရှန်းအား ပြဿနာရှာခြင်းမှ တားဆီးနိုင်လိမ့်မည်။ အဆုံးသတ်၌မူ ထိုအနေအထားထိ ဖြစ်လာခဲ့ရ၏။

ချင်ရန်ယွဲ့က သက်ပြင်းချကာ ပြောလိုက်သည်။

“အစ်ကိုလုရဲ့ စကားတွေကို သံသယဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချင်မော့ရှန်းက မောက်မာပြီး မသိတတ်ဘူးဆိုရင်တောင် သူက သခင်တစ်ယောက်ကို ဘယ်လိုလုပ် လုပ်ကြံဖို့ ကြိုးစားရဲ့ပါ့မလဲ"

ချင်မော့ရှန်းက ကိစ္စများစွာရှိသော်လည်း တုံးအနေခြင်း မဟုတ်ပေ။ သူက ဆရာသခင်တစ်ယောက်ကို တိုက်ခိုက်ဖို့ မည်သို့တုံးအမည်နည်း။ ဤသည်က ကိုယ့်သေတွင်းကိုယ် တူးနေသည်နှင့် မကွာခြားပေ။

လုကျိုးက ခေါင်းယမ်းလိုက်သည်။

“သူက ငါ့ကို စတွေ့တုန်းက မင်းနဲ့ မကွာခြားဘူးလေ”

“…”

လုကျိုး၏ စကားများက ချင်ရန်ယွဲ့အား ဆွံ့အသွားစေသည်။ သူ လုကျိုးနှင့် တွေ့စဉ်အခါက လုကျိုးနှင့် ပတ်သက်ပြီး ထူးဆန်းသည့်အရာရှိလိမ့်မည်ဟု ထင်မှတ်မထားပေ။ အကယ်၍ သူ့လိုလူတစ်ယောက်ကပင် အမှားအယွင်း လုပ်ခဲ့မိပါက အတွေ့အကြုံမရှိသည့် ချင်မော့ရှန်းက အမှားအယွင်း ပြုလုပ်နိုင်ချေရှိ၏။

ထိုစဉ် တပည့်တစ်ဦးက ချင်ရန်ယွဲ့ဘေးနား ရောက်လာကာ စကားတချို့ကို တီးတိုးပြောလိုက်သည်။

ထို့နောက် သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာလေ၏။

ထို့နောက် အဆောင်နှစ်ခုက ချက်ချင်းဆိုသလို ပေါ်ထွက်လာသည်။ ထို့နောက် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။

ချင်သဲ့က အားလုံး၏ မြင်ကွင်းရှေ့ပေါ်ထွက်လာလေသည်။

“ဆရာသခင်ချင် အမှန်တရားကို တွေ့ရပြီ။ အဲဒီသစ္စာဖောက် ချင်နိုင်ဟယ်က အဲဒီမိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရောက်သွားတယ်။ သခင်လေးကို သတ်လိုက်တဲ့သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်…”

ရုတ်ခြည်းဆိုသလို ပုံရိပ်ဆီမှ အသံထွက်မလာတော့ပေ။

ချင်သဲ့က ချင်ရန်ယွဲ့ဘေးတွင် ရပ်နေသည့် လုကျိုးကို မြင်သည့်အခါ အသံတိတ်သွားလေ၏။ ချင်ရန်ယွဲ့က ယန်နန်ကို သွားကြောင်းသိထားလေသည်။ သို့သော်လည်း ချင်ရန်ယွဲ့က သူ့ကို မဆက်သွယ်ခင် သီးသန့်အနေအထားတချို့ရှိသင့်သည် မဟုတ်ပါလော။

ထို့အပြင် သူပြောသည့်သူက ချင်ရန်ယွဲ့ဘေးတွင် ရပ်နေလေ၏။

လုကျိုးက ချင်သဲ့ကို ကြည့်ကာ ပြောလိုက်သည်။

“ငါက ယန်နန်မှာ ရှိနေမယ်လို့ မပြောလိုက်ဘူးလား”

ချင်သဲ့က ကြောင်အမ်းသွားလေ၏။ သူ့ရှေ့တွင် ရှိသည့်သူက ထိုစကားများကို ပြောခဲ့လေသည်။

ထိုစဉ် ချင်ရန်ယွဲ့က ပြောလိုက်သည်။

“မော့ရှန်း ကိစ္စကို ငါ သိပြီးသွားပြီ”

ချင်သဲ့က အံ့အားသင့်စွာ ပြောလိုက်သည်။

“သိပြီးသွားပြီလား”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။

“ချင်နိုင်ဟယ်က ဘယ်မှာလဲ”

“အနီရောင်ကြာနယ်မြေရဲ့ ကောင်းကင်သိုင်းပညာကျောင်းတော်မှာပါ”

“ငါ သူနဲ့ ပြောချင်တယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။

ထိုအရာကိုကြားကာ ယန်ကျန့်က အပြုံးဖြင့် ပြောလိုက်သည်။

“အဲဒါက အလွယ်တကူ စီစဉ်လို့ ရပါတယ်”

ထို့နောက် ယန်ကျန့်လော့က အဆောင်များကို ထုတ်ယူလိုက်၏။ သူက အဆောင်များကို အသုံးပြုလိုက်သည့်အချိန် မြေကြီးပေါ်တွင်ရှိသည့် အလင်းစက်ဝန်းက ပိုမိုကြီးမားလာသည်။

စီးဝူယာ့နှင့် စကားပြောပြီးသည့်နောက်တွင် စီးဝူယာ့က ချင်နိုင်ဟယ်အခန်းဆီ သွားခဲ့၏။

ဤသို့ဖြင့် ချင်ရန်ယွဲ့က ဒဏ်ရာအပြင်းအထန် ရရှိနေသည့် ချင်နိုင်ဟယ်ကို မြင်လိုက်ရသည်။

“ချင်နိုင်ဟယ်”

ချင်နိုင်ဟယ်က ကုတင်ပေါ်မှဆင်းကာ အလျင်စလို ဒူးထောက်လိုက်သည်။ သူက ပြောလိုက်၏။

“သခင်လေးကို ကာကွယ်ဖို့ ကျရှုံးခဲ့တာ ကျွန်တော့်အမှားပါ။ အဲဒီအမှားက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ မဆိုင်ပါဘူး။ ဆရာသခင်ချင် ဒေါသကို ထိန်းထားဖို့ မျှော်လင့်ပါတယ်”

ချင်ရန်ယွဲ့က ထိုစကားများကို ကြားကာ မျက်ခုံးအသာလှုပ်သွားလေသည်။ ချင်မျိုးနွယ်က ချင်နိုင်ဟယ်ကို နှစ်များစွာ ပြုစုပျိုးထောင်ခဲ့သော်လည်း ချင်နိုင်ဟယ်က ဤသို့ပြုမူနေသည်မျိုး တစ်ခါမှ မမြင်တွေ့ခဲ့ရပေ။ ချင်နိုင်ဟယ်က မိစ္ဆာဝေဟင်မျှော်နန်းကို လွန်ခဲ့သည့် နှစ်ပိုင်းခန့်မှ ဝင်ရောက်ခဲ့သော်လည်း ဝန်ထုပ်ဝန်ပိုးအားလုံးကို သူတစ်ယောက်တည်း ခံယူဖို့ ကြိုးစားနေလေ၏။

ထိုစဉ် ချင်ရန်ယွဲ့က ပြောလိုက်သည်။

“မင်းက ချင်မော့ရှန်းကို ငါ ယုံယုံကြည်ကြည် အပ်ထားခဲ့ရတဲ့သူပဲ။ အဲဒီတုန်းက မင်းဆီ အပ်ထားခဲ့တာက မင်းက သူ့ကို တင်းတင်းကြပ်ကြပ် သင်ကြားပြသပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့လို့ပဲ။ သူ့သေဆုံးမှုကြောင့်တော့ စိတ်ပျက်မိတယ်။ တကယ်တော့ ငါတို့ရဲ့ အတိတ်ကို ဆက်ဆံရေးကို အမှတ်ရနေဦးမယ်ဆိုရင် သေသေချာချာရှင်းပြသင့်တယ်”

လုကျိုး၏ အမူအရာက တူညီနေဆဲဖြစ်ကာ ဘာမှမပြောပေ။

ထိုကိစ္စက ချင်နိုင်ဟယ်၏ နှလုံးသားထဲ ကြိုးထုံးတစ်ခုလို ဖြစ်နေခဲ့၏။ ယခုသူက ရှင်းပြဖို့ အခွင့်အရေးရလာပြီဖြစ်သည့်အခါ မည်သို့ချုပ်တည်ထားမည်နည်း။

သူက ချင်မော့ရှန်း၏ သေဆုံးမှုအကြောင်းကို ပြန်လည်ပြောပြခဲ့သည်။ သူက စိတ်ငြိမ်အောင် ထားပြီးသည့်နောက်တွင် မျက်လုံးနီနီဖြင့် ပြောလိုက်၏။

“ကျွန်တော် ပြောသမျှအရာအားလုံးက အမှန်တွေပါ။ ကျွန်တော် စကားတွေကို သက်သေထူဖို့ မွေးဖွားဇယားချပ် သုံးခုကို ဖျက်ဆီးပစ်ဖို့ လိုလားပါတယ်။ ဒါက ဆရာသခင်ချင်ရဲ့ ကြင်နာမှုကို ပြန်လည်ပေးဆပ်တာနဲ့ အတူတူပါပဲ”

ထို့နောက် ချင်နိုင်ဟယ်က တုံ့ဆိုင်းမနေဘဲ သူ့စွမ်းအား အားလုံးကို စုဝေးကာ ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်သည်။ ကြယ်တာရာဒိုင်ခွက် ထွက်ပေါ်လာသည့်အခါ သူက သွေးတစ်ပွက် အန်လိုက်ရ၏။ သိသာစွာဖြင့် သူ့ပြင်းထန်သည့်ဒဏ်ရာများကြောင့် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်ခြင်းက သူ့အား ဝန်ပိသွားစေသည်။

ချင်နိုင်ဟယ်က ရက်ရက်စက်စက်ဖြင့် မွေးဖွားဇယားချပ်များကို ဖျက်ဆီးတော့မည့်ဆဲဆဲတွင် စီးဝူယာ့က လက်ဝါးစည်းတံဆိပ်ကို ထုတ်ကာ အော်ပြောလိုက်သည်။

“ခင်ဗျားရူးနေလား” ချင်နိုင်ဟယ်က နာကျင်မှုကို တောင့်ခံကာ ပြောလိုက်သည်။

“သခင်လေးက မှားနေခဲ့တာလေ။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်လိုက်တာက ဆရာသခင်ချင်အပေါ်မှာ သစ္စာမရှိတာနဲ့ အတူတူပဲလေ။ ဒါက ကျုပ်ရဲ့ အပြစ်ကြွေးကို ပြန်လည်ပေးဆပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ”

ထိုစဉ် စီးဝူယာ့က ချင်နိုင်ဟယ်ကို များစွာဖျောင်းဖျခဲ့ရသည်။ သူက ထိုသူသည် ထိုကိစ္စသည် ချင်နိုင်ဟယ်၏ နှလုံးသားထဲ ကြိုးထုံးတစ်ခုလိုဖြစ်နေသည့်အချက်ကို အံ့အားသင့်နေမိ၏။

စီးဝူယာ့က ရယ်မောလိုက်သည်။ သူက ဒေါသအသံစွက်ကာ ပြောလိုက်သည်။

“အဲဒီဆရာသခင်အစုတ်ပလုတ်ကို ဘာလို့ အဲ့လောက်ဂရုစိုက်နေတာလဲ။ တကယ်လို့ သူသာ ခင်ဗျားအပေါ် ကြည့်ပေးတယ်ဆိုရင် သူက ခင်ဗျားကို တွေးဖို့ အချိန်မရှိဘဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တကယ်လို့ သူသာ ခင်ဗျားကို အလေးထားတယ်ဆိုရင် ခင်ဗျားကို ရှင်းပြဖို့ ဘာလို့ အခွင့်အရေး မပေးဘဲနေမှာလဲ”

ချင်ရန်ယွဲ့ “…”

ဤသည်က အမှန်တကယ် ထူးဆန်းလှသော်လည်း ချင်ရန်ယွဲ့က စီးဝူယာ့က သူ့အား ဆရာသခင်အစုတ်ပလုတ်ဟု ခေါ်ဆိုသည့်အခါ ဘာအတွက်ကြောင့် စိတ်မဆိုးရမှန်း မသိပေ။

ချင်နိုင်ဟယ်က စီးဝူယာ့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

စီးဝူယာ့က ခိုင်ခိုင်မာမာဆက်ပြောလိုက်၏။

“ခင်ဗျားက အကောင်းဆုံးလုပ်ပြီးသွားပြီ။ တကယ်လို့ ချင်မော့ရှန်း၊ ဆရာသခင်ချင် ဒါမှမဟုတ် ချင်မျိုးနွယ်တွေအားလုံးက ခင်ဗျားစကားကိုနားထောင်တယ်ဆိုရင် ချင်မော့ရှန်းက သေသွားမှာမဟုတ်ဘူး”

ထို့နောက် စီးဝူယာ့က အသံမြှင့်ကာ အေးစက်စက် ပြောလိုက်သည်။

“ခင်ဗျား မမှားဘူး။ ကျုပ် ရှစ်စွင်းလည်း မမှားဘူး။ မိစ္ဆာဝေဟင်မျှော်နန်းကလည်း မမှားဘူး။ မှားတဲ့သူတွေက ချင်မျိုးနွယ်ရဲ့ အကြီးအကဲနဲ့ ချင်ရန်ယွဲ့ကိုယ်တိုင်ပဲ။ တကယ်လို့ ချင်မျိုးနွယ်သာ အကြောင်းအရင်းမရှိဘဲ ခေါင်းမာနေဦးမယ်ဆိုရင် သူတို့က မိစ္ဆာဝေဟင်မျှော်နန်းဆီ လာပြီး လက်စားလာချေလှည့်ပေါ့။ သူတို့ရဲ့အမှားကို တခြားတစ်ယောက်ဆီ ပုံချတာက တုံးအတဲ့ အပြုအမူပဲ”

“…”

တိမ်တိုက်ရင်ပြင်တစ်ခုလုံးက ထူးဆန်းကာ တိတ်ဆိတ်သွားလေသည်။

စီးဝူယာ့ရှိနေသည့်အခန်းက တိတ်ဆိတ်သွားခဲ့၏။ လုကျိုး၏ အမူအရာက နဂိုအတိုင်း ကျန်ရှိနေဆဲသာဖြစ်၏။

ချင်ရန်ယွဲ့က မျက်မှောင်အသာကြုတ်လိုက်သော်လည်း တည်ငြိမ်နေဆဲသာဖြစ်သည်။ သူက ထိုလူငယ်လေး၏ ပြန်လည်ချေပဖို့ စကားကို ရှာမတွေ့ပေ။ လုကျိုးနှင့် ဆက်ဆံရေးကို ဘေးဖယ်လိုက်ပါက သူသည် လုကျိုးကို သတ်ပြီး ချင်မော့ရှန်းအစား လက်စားချေပေးနိုင်လျှင်ပင် သူ့ဘဝ၌ အမဲစက် ဖြစ်သွားရလိမ့်မည်။

ချင်ရန်ယွဲ့က ထိုအကြောင်းကို တွေးမိလေလေ ချင်နိုင်ဟယ်က ပိုမိုရှင်းလင်းသည့် အသိစိတ်ရှိကြောင်း သဘောတူလာလေလေဖြစ်၏။ ထို့အပြင် ဤသို့မဟုတ်ပါက သူ့အနေဖြင့် ဘာများတတ်နိုင်မည်နည်း။

လုကျိုးက သူ့ထက် ပိုမိုတော်နေသည်။ မိစ္ဆာဝေဟင်မျှော်နန်းက ချင်မျိုးနွယ်ကို လျစ်လျူရှုနိုင်စွမ်း ရှိသည့်အတွက် ချင်မျိုးနွယ်က ဘာများလုပ်နိုင်မည်နည်း။

ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် စီးဝူယာ့က လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။

“ရှစ်စွင်း ဂါရဝပြုပါတယ်” လုကျိုးက ပြောလိုက်သည်။

“မရိုင်းပြနဲ့”

“ဆရာသခင်ချင်ကိုလည်း ဂါရဝပြုပါတယ်” စီးဝူယာ့က ပြောလိုက်သည်။ သူ့အမူအရာကမူ သူ့စကားနှင့် ကွဲပြားနေလေ၏။

ချင်ရန်ယွဲ့က မျက်လုံးအသာမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ မျက်လုံးပြန်ဖွင့်လာသည့်အခါ စီးဝူယာ့အား သသက်ပြင်းချကာ ကြည့်လိုက်၏။

“မင်းပြောတာ မှန်တယ်။ ချင်မော့ရှန်းက မှားတဲ့သူ။ ငါကလည်း မှားတဲ့သူ။ အမှားကို ကိုယ်တိုင်ပဲ ပြန်လည်ပေးဆပ်သင့်တယ်”

စီးဝူယာ့က အနည်းငယ် အံ့အားသင့်သွားလေသည်။ ချင်ရန်ယွဲ့က ခေါင်းကြောမာကာ သူ့စကားများကို ပြန်လည်တုံ့ပြန်လိမ့်မည်ဟု ထင်ထားခဲ့မိ၏။ ချင်ရန်ယွဲ့က သူ့အမှား အမှန်တကယ်ဝန်ခံလိမ့်မည်ဟု ထင်မထားပေ။ ချင်နိုင်ဟယ်ပြောသည်က မှန်ကန်နေဟန်ပေါ်၏။ ချင်ရန်ယွဲ့သည်ကား အကျိုးအကြောင်းသင့်သည့်သူတစ်ဦးဖြစ်ပေသည်။

ချင်နိုင်ဟယ်က မြေပြင်မှ ဒူးထောက်နေဆဲဖြစ်ကာ ဘာပြောရမှန်း မသိတော့ပေ။ သူက သတ္တိအားလုံးကို စုစည်းလျက် ပုံရိပ်ယောင်ကို ဖြတ်တောက်ပစ်ချင်၏။ ထို့နောက် သူက ပြောလိုက်သည်။

“ဆရာသခင်”

“ချင်နိုင်ဟယ် သူ ပြောတာ မှန်တယ်။ မင်းက မမှားဘူး” ချင်ရန်ယွဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“မော့ရှန်းနဲ့ ပတ်သက်တဲ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့။ မင်းအချိန်ရတယ်ဆိုရင် ချင်မျိုးနွယ်ကို လာလည်လှည့်ဦးပေါ့”

...

အခန်း (၁၂၉၃) သစ္စာဖောက်၏အတိတ်

ချင်နိုင်ဟယ်သည် ထိုစကားများကို ကြားသောအခါ သူ၏နာကျင်မှုကို မေ့လျော့သွားပုံပေါ်၏။ သူ သဘောတူတော့မည့်အချိန်တွင် စီးဝူယာ့က သူ့ရှေ့တွင်ရပ်ကာပြောလိုက်သည်။

“ကျုပ် ပြောစရာစကားတချို့ရှိတယ်။ ပြောသင့်လားတော့ သေချာမသိဘူး”

စီးဝူယာ့၏ အစောတုန်းက စကားများသည် ချင်ရန်ယွဲ့ကို ဆွံ့အသွားစေ၏။ သို့သော်ငြား စီးဝူယာ့၏စကားများက မှန်ကန်တာ ငြင်းဆန်ဖွယ်မရှိပေ။ သူ့ဘေးတွင် လုကျိုးရပ်နေသောကြောင့် သူက ပြောရုံသာတတ်နိုင်တော့၏။ “ပြောပါ”

“ဆရာသခင်ချင်” စီးဝူယာ့က ယဉ်ကျေးစွာပြောလိုက်၏။ သူက ဦးညွှတ်လျက် ဆက်ပြောလိုက်သည်။ “အရင်ဆုံး ခင်ဗျားပြောတာကို သဘောမတူဘူး။ ချင်မော့ရှန်းရဲ့ကိစ္စက ခင်ဗျား ပြောလိုက်တာနဲ့ ပြီးဆုံးလိုက်လို့မရဘူး။ ချင်မော့ရှန်းက ကျုပ်ရဲ့ရှစ်စွင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရုံပဲဆိုရင် ကိစ္စကြီးတစ်ရပ်လောက်ပဲ ဖြစ်မှာ။ ပြောရရင် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေရုံလောက်ပဲ။ ဒါပေမဲ့ သူက မွေးဖွားဇယားချပ် ၁၄ခုရှိတဲ့ သရဲအစေခံကို လွှတ်ပြီး ကျုပ်တို့ဆီ တိုက်ခိုက်ခိုင်းပြီး သူကိုယ်တိုင် တိမ်တိုက်တောင် ၁၂ဂိုဏ်းဆီ ပညာရှင်သုံးယောက်ကို ခေါ်လာပြီး အဲ့ဒီကလူတွေကို ဓားစားခံအဖြစ် ချုပ်ထားခဲ့တယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် တိမ်တိုက်တောင်ရဲ့တပည့်ပေါင်းများစွာ သေဆုံးပြီး လူပေါင်းရာချီဒဏ်ရာရခဲ့တယ်။ ဒီကိစ္စကို ဘယ်လိုလုပ် ဒီမှာ အဆုံးသတ်နိုင်မှာလဲ။ ခင်ဗျားက ကြီးမြတ်တဲ့ ဆရာသခင်တစ်ပါးပဲ။ ဒီတော့ အနီရောင်ကြာနယ်မြေရဲ့ အလွန်ဆုံးခွန်အားက အစိမ်းရောင်ကြာနယ်မြေထက် နိမ့်တယ်ဆိုတာ သိမှာပဲ။ ဆရာသခင်တွေက အားနည်းသူကို အနိုင်ကျင့်နေမယ်ဆိုရင် ကျုပ်ရှစ်စွင်းကကော အဲ့လိုလုပ်လို့မရဘူးလား။ ကျုပ်ရဲ့ရှစ်စွင်းက အချိန်မှီရောက်မလာနိုင်ခဲ့ရင် ချင်နိုင်ဟယ်ကသာ ချင်မော့ရှန်းကို အချိန်မှီမတားနိုင်ခဲ့ရင် တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ တပည့်ပေါင်းထောင်ချီသေဆုံးမှာ စိုးရတယ်။ သန်မာသူတွေရဲ့ဘဝက တန်ဖိုးရှိပြီး အားနည်းသူတွေရဲ့ဘဝက တန်ဖိုးမဲ့တယ်လား”

ချင်ရန်ယွဲ့သည် ထိုစကားများကိုကြားသောအခါ သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

စီးဝူယာ့က ပြောနေစဉ် သူ့ရှစ်စွင်း၏အမူအရာပြောင်းလဲမှုကို အာရုံစိုက်နေ၏။ သူ့ရှစ်စွင်း၏အမူအရာပြောင်းလဲမှု မရှိတာကို မြင်သောအခါ ဆက်ပြောလိုက်သည်။

“ဒုတိယအချက်အနေနဲ့ ချင်နိုင်ဟယ်က မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ပြီးသား။ သူ ထွက်သွားမသွားက ရှစ်စွင်းအပေါ်မှာပဲ မူတည်တယ်။ ခွင့်ပြုချက်မရဘဲ သူ ထွက်ခဲ့ရင် မိစ္ဆာဝေဟင်မျှော်နန်းက သူ့ကို သစ္စာဖောက်အဖြစ်မှတ်ယူမှာ”

ချင်နိုင်ဟယ်သည် ထိုစကားများကြောင့် မှင်တက်သွား၏။ ချင်ရန်ယွဲ့က သူ ဒီစကားပြောချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းထဲသို့ ဝင်ပြီးဖြစ်ကြောင်း နင်းပြောနေသည်။

စီးဝူယာ့က သူ၏အရှိန်ဖြင့် ဆက်ပြောလိုက်သည်။

“နောက်ဆုံးအနေနဲ့ ခင်ဗျားတို့ရဲ့ ပထမနဲ့ဒုတိယအကြီးအကဲက မိစ္ဆာဝေဟင်မျှော်နန်းကို ထပ်တလဲလဲ ရန်စခဲ့တယ်။ သူတို့က ကျုပ်တို့ကောင်းကင်သိုင်းကျောင်းတော်ရဲ့ အစီအရင်ကိုဖျက်ဆီးခဲ့ပြီး မိစ္ဆာဝေဟင်မျှော်နန်းက လူတွေကို ဒဏ်ရာရစေပြီး ချင်နိုင်ဟယ်ရဲ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးခဲ့တာ။ ချင်နိုင်ဟယ်ကြောင့်သာမဟုတ်ရင် မိစ္ဆာဝေဟင်မျှော်နန်းက လူတွေက ချင်သဲ့သတ်တာခံရလောက်ပြီ။ ဆရာသခင်ချင်က ဒီကိစ္စကို ဒီအတိုင်း အဆုံးသတ်လိုက်ဖို့ ဘယ်လိုလုပ်ဆုံးဖြတ်နိုင်ရတာလဲ။ ကျုပ်ရှစ်စွင်းရဲ့အမြင်ကိုတောင် မတောင်းခံတော့ဘူးလား”

ချင်ရန်ယွဲ့က မျက်မှောင်ပိုကျုံ့မိသွား၏။ ယခုအချိန်တွင် အခြေအနေတွင် သူ တွေးထင်တာထက်ပိုပြင်းထန်ကြောင်း သဘောပေါက်သွား၏။

စီးဝူယာ့သည် ချင်ရန်ယွဲ့ကို ဦးညွှတ်ပြီးနောက် နောက်တစ်လှမ်းဆုတ်လိုက်သည်။ ပြီးနောက် သူက ချင်နိုင်ဟယ်ကို ကြည့်ကာပြောလိုက်၏။ “ညီအစ်ကိုချင် ကျုပ် ပြောနိုင်တာ ပြောသင့်တာ အားလုံးပြောပြီးပြီ”

ပြီးနောက် စီးဝူယာ့သည် အဖြစ်အပျက်နှင့် ဘာမှမသက်ဆိုင်သည့်ပမာ ဘေးသို့ဆုတ်ခွာသွားလေ၏။ ထိုစဉ် စိတ်အနှောင့်အယှက် ဖြစ်နေသော လူနှစ်ယောက်ရှိ၏။ ချင်ရန်ယွဲ့နှင့် ချင်သဲ့ပဲဖြစ်သည်။

ချင်ရန်ယွဲ့သည် ဤကိစ္စက ချင်မော့ရှန်း၏သေဆုံးရသည့် အကြောင်းတစ်ခုပဲဟု အမြဲတစေ တွေးခဲ့တာ ဖြစ်သည်။ သူက အခြေအနေများစွာကို တွေးခဲ့ပြီး အရာများစွာကို လက်ခံခဲ့၏။ သို့သော် အခြေအနေက လွန်ကျူးနေပုံပေါ်သည်။ သူ စဉ်းစားလေလေ ပိုဒေါသထွက်လာလေလေ ဖြစ်၏။

နောက်ဆုံး၌ သူ စိတ်လွတ်သွားကာ ကျိန်ဆဲလိုက်တော့သည်။ “မျိုးမစစ်”

လူတိုင်းက အံ့ဩထိတ်လန့်သွားသည်။

“မော့ရှန်းက တကယ်စည်းကျော်နေတာပဲ”

ချင်သဲ့သည် ထိုစကားများကြောင့် ကြောက်လန့်သွားတော့သည်။

“မော့ရှန်းက မရင့်ကျက်သေးရုံလို့ ကျုပ်ထင်ခဲ့တာ။ သူ အရွယ်ရောက်လာရင် ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆခဲ့မိတာ။ ဒီလိုမျိုးမစစ်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အစ်ကိုလုကို တောင်းပန်ချင်ပါတယ်။ တိမ်တိုက်တောင်က သေဆုံးသွားတဲ့သူနဲ့ ဒဏ်ရာရသွားတဲ့ တပည့်တွေအတွက်တော့ ဘယ်လိုလျော်ကြေးပေးရမလဲပြောပါ။ ကျုပ် တတ်နိုင်တဲ့အတိုင်းအတာထဲ ရှိသရွေ့ သေချာပေါက်ဖြည့်ဆည်းပေးပါ့မယ်” ချင်ရန်ယွဲ့က ကြည်လင်သောအသံဖြင့် ပြောလိုက်၏။

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ သူတို့အမူအရာက ထောက်ခံကြောင်းပြသနေသည်။

ချင်မျိုးနွယ်၏ ဆရာသခင်တစ်ပါးအနေဖြင့် သူက မှန်ကန်ဖြောင့်မတ်ကာ အမှန်အမှားကို ခွဲခြမ်းနိုင်စွမ်းရှိ၏။ ထော့ပါစစ်ချန်းသာဆိုလျှင် သူက အချက်အလက်များကို ပြောင်းပြန်လှန်ပြီး ရိုးသားသည့်သူများကိုတောင် သတ်လောက်သည်။

လုကျိုးက ပြောလိုက်သည်။

“တိမ်တိုက်တောင်ရဲ့ဂိုဏ်းချုပ် နျဲ့ချင်းယွင်နဲ့ ကျုပ်ဆက်ဆံရေးကောင်းတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူအတွက် ဆုံးဖြတ်ချက်ချပေးလို့မရဘူး။ သူနဲ့ဆွေးနွေးရင် အကောင်းဆုံးပဲ”

“ကျေးဇူးပါပဲ” ချင်ရန်ယွဲ့က ပြောလိုက်၏။ ပြီးနောက် သူက လေထဲရှိ ရုပ်ပုံလွှာထဲလှည့်ကြည့်ကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။ "ချင်သဲ့"

ချင်သဲ့က ထိတ်လန့်အံ့အားသင့်သွားကာ တုန်ယင်နေလျက် ဦးညွှတ်လိုက်တော့သည်။

“ဆ ဆရာသခင်”

“မင်းရဲ့မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးပြီး မျှော်နန်းသခင်လုကို တောင်းပန်လိုက်” ချင်ရန်ယွဲ့က ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည်။

ချင်သဲ့ “...”

အစောပိုင်း၌ ချင်သဲ့သည် ချင်ရန်ယွဲ့က သူ့ကို သင်ခန်းစားပေးလျှင်ပေး မဟုတ်လျှင် အကျယ်ချုပ် ချုပ်ထားရုံသာ လုပ်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ ထို့ကြောင့် သူ့အမှားများကိုသာ ပြန်သုံးသပ်ရုံသာရှိ၏။ မွေးဖွားဇယားချပ်တစ်ခုဖြင့် ပြန်ပေးဆပ်ရလိမ့်မည်ဟု မထင်ထားပေ။ သူ နားမလည်နိုင်ဆုံးအချက်က သူကမူ ဤကဲ့သို့ ကြီးလေးသောပြစ်ဒဏ်များရရှိစဉ် ချင်မျိုးနွယ်၏ သစ္စာဖောက် ချင်နိုင်ဟယ်က အထိအခိုက်မရှိ လွတ်သွားတာပဲဖြစ်သည်။

ချင်သဲ့သည် ယခုအချိန်၌ ချင်ရန်ယွဲ့မည်မျှ ဒေါသထွက်နေကြောင်း သတိမပြုမိပေ။

လက်ရှိတွင် ချင်ရန်ယွဲ့၏ရင်ထဲ၌ ချင်မော့ရှန်း၏သေဆုံးခြင်း၌ ပထမနဲ့ဒုတိယအကြီးအကဲကို အပြည့်အဝအပစ်တင်နေတာဖြစ်သည်။ ထို့အပြင် သူက အတိတ်တုန်းက ချင်နိုင်ဟယ်နှင့် ချင်မော့ရှန်းကို တွေ့ချင်ခဲ့သော်ငြား အကြီးအကဲနှစ်ယောက်အရူးလုပ်တာ ခံခဲ့ရ၏။

“ချင်သဲ့ မင်းဘာကိုစောင့်နေတာလဲ” ချင်ရန်ယွဲ့က အသံမြှင့်လိုက်၏။

“ကျုပ်” ချင်သဲ့၏လက်က တုန်နေတော့သည်။ သူက လက်မြှောက်လျက် ၎င်းကိုအချိန်အတော်ကြာ စိုက်ကြည့်နေသည်။ သူ အခဲမကြေဖြစ်နေလေ၏။

ချင်ရန်ယွဲ့နှင့် ချင်မျိုးနွယ်ရှိလူများက ကျိုးကြောင်းသင့်သည့်လူများဟု ခံစားမိသည်။ သူတို့က ပိုအကျိုးအကြောင်းသင့်လေ မဟာမိတ်ဖွဲ့ရန် ပိုအခွင့်အရေးမြင့်မားလေဖြစ်သည်။ ထို့ကြောင့် ကိစ္စရပ်များကို အလွန်အကျွံ လုပ်လျှင် မကောင်းပေ။ သူက ချင်သဲ့ကို တားတော့မည့်အချိန်တွင် လေထဲ၌ ရူးသွပ်သော ရယ်သံတစ်သံကပေါ်ထွက်လာ၏။

ချင်သဲ့က လက်သီးကျစ်ကျစ်ဆုပ်ကာ ရယ်မောလိုက်၏။

“တော်လောက်ပြီ”

ချင်သဲ့က ဒေါသတကြီးကျိန်ဆဲလိုက်၏။

“ဆရာသခင်ချင် ခင်ဗျားက အသက်ကြီးတော့ ချို့တဲ့လာပြီပဲ။ ခင်ဗျားက အရူးတစ်ယောက်ပဲ”

ချင်ရန်ယွဲ့၏အမူအရာက မည်းမှောင်သွားတော့သည်။

ချင်သဲ့က ဆက်လက်ရယ်မောလိုက်လေ၏။

“ခင်ဗျားက ကျုပ်ကို ကြိုးစားပမ်းစားအသက်သွင်းထားရတဲ့ မွေးဖွားဇယားချပ်ကို ဖျက်ဆီးချင်တယ်လား”

ချင်မျိုးနွယ်အတွက် ကျုပ်နှစ်ပေါင်းများစွာ အကျိုးဆောင်ပေးခဲ့တာ ခင်ဗျားမျက်စိထဲမှာ ဘာမှမဟုတ်ဘူးလား”

လုကျိုး၊ မိစ္ဆာဝေဟင်မျှော်နန်း၏လူများနှင့် ယန်နန်၏လူများသည် ယခုအချိန်၌ ဇာတ်ထုတ်အဖြည်ခံလိုက်ရပြီဟု မထင်ထားပေ။

စီးဝူယာ့က လျင်မြန်စွာတုံ့ပြန်လိုက်၏။ သူက သူ့ကျောနောက်တွင် မျဉ်းတချို့ရေးဆွဲကာ အဆောင်တချို့ မီးညှိလိုက်၏။

တစ်ချိန်တည်းတွင် ယန်ကျန်းလော့ကလည်း သူ၏ခါးထဲရှိ အဆောင်များထဲမှာ တစ်ခုဆီ လှုပ်ရှားမှုပို့လိုက်၏။ လူတိုင်း၏အာရုံစိုက်မှုက ချင်သဲ့ဆီရောက်နေစဉ် သူက စီးဝူယာ့၏စာကို သိုသိုသိပ်သိပ် ဖတ်လိုက်၏။ ပြီးနောက် သူ၏အမူအရာကို ထိန်းထားပြီးနောက် လုကျိုးဘေးသို့ သာမန်ကာလျှံကာသွားကာ စီးဝူယာ့၏သတင်းစကားကို လုကျိုးဆီပို့လိုက်၏။

လုကျိုးက စာကိုဖတ်ပြီးနောက် သူ့လက်ထဲရှိ စာကို ဖျက်ဆီးလိုက်သည်။ စီးဝူယာ့၏ရည်ရွယ်ချက်ကို ခန့်မှန်းမိ၏။ ချင်သဲ့က စိတ်ရိုင်းဝင်ပြီး စတင်သတ်ဖြတ်မှာကို စိုးသောကြောင့်ဖြစ်သည်။

တစ်ဖက်တွင်မူ ချင်ရန်ယွဲ့က ဒီကိစ္စရပ်များကို မစဉ်းစားပေ။ သူ၏ဒေါသကို ဖိနှိပ်နိုင်စွမ်းမရှိတော့ဘဲ အော်ပြောလိုက်သည်။

“ရာရာစစ ငါ့ကို မတိုင်ပင်ဘဲ မလှုပ်ရှားဖို့ ခင်ဗျားကို ထပ်တလဲလဲပြောခဲ့တယ်။ ခင်ဗျား ကျုပ်စကားကို ဘာအတွက်မှတ်ယူနေတာလဲ။ မော့ရှန်းကို တင်းတင်းကြပ်ကြပ် သွန်သင်ဖို့ပြောခဲ့တာ မှတ်မိသေးလား”

ချင်သဲ့က ရယ်မောကာ ထိုစကားများကြောင့် မယိမ်းယိုင်သွားပေ။

“လူတစ်ယောက်ကို စာရိတ္ထပျက်ပြားအောင် ဖျက်ဆီးနိုင်အောင် ဘယ်လိုလုပ်ရမလဲ သိလား။ အဖြေက သူတို့ကို သတ်ဖို့မဟုတ်ဘူး။ ဆန့်ကျင်ဖက်အနေနဲ့ သူတို့လိုချင်တာပေး။ သူတို့လိုသမျှကို ခြွင်းချက်မရှိ ထောက်ပံ့ပေးလိုက်။ သူတို့အဖတ်ဆယ်လို့မရတဲ့အထိ သူတို့ကို အလိုလိုက်ပေးလိုက်”

ချင်သဲ့သည် သူ၏ထိတ်လန့်ဖွယ် ထုတ်ဖော်မှုကြီးကို ဆက်ပြောနေသေးသည်။

“သူ့ဘက်ကလူတိုင်းကို ငါ တမင်တကာစီစဉ်ထားတာပဲ။ သူ့အဝတ်အစား၊ အစားအသောက်၊ နေရာထိုင်ခင်းအားလုံးကို ငါ စီမံပေးထားတာ။ သူ လိုချင်သမျှအားလုံးပေးခဲ့တယ်။ သူ့ကို မိုးထိအောင် ချီးကျူးတယ်။ အဲ့ဒီအရူးက ငါအဲ့လိုဆက်ဆံတာ အရမ်းပျော်နေတာလေ။ မင်း သူ့ကို ဆူပူတဲ့အချိန်တိုင်း ငါ့ဆီရောက်လာလိမ့်မယ်။ ငါက သူ့ရဲ့လုံခြုံတဲ့နေရာဖြစ်လာလိမ့်မယ်။ ချင်နိုင်ဟယ်ကို မလွှတ်ခင်အထိ အရာအားလုံးက ငါ့ရဲ့ဆုပ်ကိုင်မှုအတွင်း ရှိနေတာ။ ကံကောင်းစွာနဲ့ အဲ့ဒီတုန်းက သိပ်နောက်ကျလွန်းသွားပြီ”

ချင်သဲ့က အရူးတစ်ယောက်ပမာ ဆက်လက်ရယ်မောနေသေး၏။

ချင်ရန်ယွဲ့သည် ဒေါသထွက်လွန်းသောကြောင့် သူသည် အလိုလိုလက်မြှောက်မိကာ လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်သုံးလိုက်သည်။

ဝှစ်

လက်ဝါးစည်းတံဆိပ်သည် လေထဲရှိရုပ်ပုံလွှာကနေ ထိခိုက်မှုမရှိဖြတ်သွားသည်။

ချင်သဲ့က မဲ့ပြုံးပြုံးလိုက်၏။ ယခုအချိန်တွင် ချင်မျိုးနွယ်၏ ပင်မတပည့်အနေဖြင့် ဒေါသကို ဖိနှိပ်ထားခြင်းမရှိဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။

“ချင်မျိုးနွယ်ရဲ့ ပထမအကြီးအကဲအနေနဲ့ ဒါမျိုးကို ဘာကြောင့်လုပ်နိုင်ရတာလဲ။ ချင်မျိုးနွယ်က ခင်ဗျားကို ကောင်းကောင်းမွန်မွန်ဆက်ဆံရဲ့သားနဲ့”

ချင်သဲ့က လက်မြှောက်လိုက်သည်။

ဘီး

လူတိုင်းရှေ့၌ ကြယ်တာရာဒိုင်ခွက်တစ်ခုပေါ်လာသည်။ အားလုံးက ဒိုင်ခွက်ကိုမြင်သောအခါ မှင်တက်သွား၏။ မွေးဖွားဇယားချပ် ၁၇ခုတောက်ပနေပြီး သူတို့သည် မှိန်နေသည့် မွေးဖွားဇယားချပ်တစ်ခုကို တွေ့ရ၏။ ဆိုလိုသည်က ချင်သဲ့သည် ဆရာသခင်တစ်ပါးဖြစ်ခဲ့ဖူးသည်။

ဝှစ်

ချင်သဲ့က သူ၏ကြယ်တာရာဒိုင်ခွက်ကို တွန်းထုတ်ပြီးမေးလိုက်သည်။

“ဒီအဖြေကို ကျေနပ်ရဲ့လား”

ချင်ရန်ယွဲ့က ပြောလိုက်သည်။ "ဒီကိစ္စကို ခင်ဗျားစိတ်ထဲမှတ်ထားလိမ့်မယ်လို့ မထင်ထားဘူး”

ချင်သဲ့က ချင်ရန်ယွဲ့၏ စကားကို ကြားသောအခါ တံတွေးထွေးလိုက်သည်။ သူက အခဲမကြေ ပြောလိုက်၏။

“မင်းကသာ တိုက်မတွန်းခဲ့ရင် ငါမွေးဖွားဇယားချပ်တစ်ခုက ဆုံးရှုံးမှာ မဟုတ်ဘူး။ ငါက ချင်မျိုးနွယ်ထဲမှာ ဒုတိယမြောက်ဆရာသခင်တစ်ပါး ဖြစ်လောက်ပြီ”

“...”

လူတိုင်းက ထိုအဖြစ်အပျက်အလှည့်အပြောင်းကြောင့် သက်ပြင်းချလိုက်၏။

ချင်ရန်ယွဲ့က မေးလိုက်သည်။ “ပြီးတော့ကော”

“ဒီတော့ အခုကစပြီး ငါ ချင်မျိုးနွယ်စုဝင် မဟုတ်တော့ဘူး။ မင်းရဲ့အမိန့်ကို နာခံစရာအကြောင်း မရှိတော့ဘူး” ချင်သဲ့က ပြောလိုက်သည်။

“မင်း လုပ်ရဲလား” ချင်ရန်ယွဲ့က အမူအရာ မည်းမှောင်နေကာ ပြောလိုက်သည်။ နှစ်ယောက်သားက ဝေးကွာလွန်း၏။ တစ်ယောက်က အနီရောင်ကြာနယ်မြေတွင် ရှိကာ တစ်ယောက်က အစိမ်းရောင်ကြာနယ်မြေတွင် ရှိ၏။

ချင်သဲ့က ပြောလိုက်သည်။

“ငါ့ကို ရန်မစနဲ့။ မဟုတ်ရင် မိစ္ဆာဝေဟင်မျှော်နန်းတစ်ခုလုံးကို ခင်ဗျားနဲ့အတူ မြှုပ်လိုက်မယ်”

ပြီးနောက် ချင်သဲ့က တချိန်လုံးတိတ်ဆိတ်နေသည့် လုကျိုးဖက်လှည့်လိုက်သည်။ သူက လက်သီးဆုပ်မိုးလျက် ပြောလိုက်၏။

“မျှော်နန်းသခင်လု ကျုပ်ကိုကျုပ် ကာကွယ်ဖို့အတွက် ခင်ဗျားကို စော်ကားရုံပဲရှိတော့တယ်” ပြီးနောက် ချင်သဲ့က အင်္ကျီလက်ကို ဝေ့ယမ်းလျက် ပျောက်ကွယ်သွားသည်။ ရုပ်ပုံလွှာက ဖြတ်တောက်ခံလိုက်ရ၏။

All Chapters