← Chapters

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း (၁၂၉၄) အိမ်ကို ရှင်းလင်းခြင်း

“ချင်သဲ့” ချင်ရန်ယွဲ့က အော်ပြောလိုက်သည်။ သို့သော်လည်း ထိုပုံရိပ်ယောင်က ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူက ဒေါသထွက်သလို စိုးရိမ်နေမိသည်။ သူ ဒေါသထွက်သည်က ချင်သဲ့သည် ဤအနေအထားထိ ပျက်ယွင်းသွားလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။ ထို့အပြင် သူ့အနေဖြင့် ချင်သဲ့က လက်လွတ်စပယ်ပြုမူမိမည်ကို စိုးရိမ်နေလေ၏။ ချင်သဲ့၏ အင်အားဖြင့် သတ်ဖြတ်ဖို့ အင်မတန်လွယ်ကူလှသည်။ ထိုအခိုက်အတန့်၌ သူက လုကျိုးကို ကြည့်လိုက်သည့်အချိန် လုကျိုး၏ အမူအရာက နဂိုအတိုင်း ကျန်ရှိနေသေးပြီး သူနှင့် ဘာမှမသက်ဆိုင်သလိုဖြစ်နေကြောင်း မြင်လိုက်ရသည်။

“အစ်ကိုလု ဒါက…”

“ချောင်ပိတ်ခံရတဲ့ခွေးတောင် ပြန်ကိုက်ဦးမှာပဲလေ” လုကျိုးက မှတ်ချက်ပေးလိုက်သည်။

ချင်ရန်ယွဲ့က သက်ပြင်းချလိုက်၏။

“ချင်သဲ့ကို ဒီလိုဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး”

လူသားများ၏ စိတ်နှလုံးသားက ဖတ်ရှုဖို့ အင်မတန်ခက်ခဲလှသည်။ တစ်ခါတစ်ရံတွင် ဆယ်စုနှစ်ကြာ အတူတကွရှိခဲ့သည့် စုံတွဲဟောင်းက တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နိုင်ကြသည်။ အမုန်းတရားများဖြင့် ပြည့်နှက်နေသည့် ချင်သဲ့က ဤသို့ပြောင်းလဲသွားသည်မှာ အံ့အားသင့်စရာမရှိပေ။

ထိုစဉ် လုကျိုးက သိချင်စွာ မေးလိုက်၏။

“သူက တစ်ခါက မွေးဖွားဇယားချပ် ၁၈ခု ရှိခဲ့တာလား”

ချင်ရန်ယွဲ့က ခေါင်းမခါခင် စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

“အတိတ်တုန်းက ချင်သဲ့နှင့် ကျုပ်က ညီအစ်ကိုလို့ တစ်ယောက်နဲ့ တစ်ယောက် ခေါ်ခဲ့ကြတာပေါ့။ အဲဒီအချိန်တုန်းက ချင်မျိုးနွယ်မှာ ဆရာသခင်ဆိုပြီး မရှိဘူးလေ။ အဲဒါကြောင့် ချင်သဲ့နဲ့ ကျုပ်က တပည့်ထောင်ချီကို အမည်မသိကုန်းမြေဆီ ဦးဆောင်ခေါ်လာခဲ့တယ်။ အဲဒီမှာ ကျုပ်မျိုးနွယ်ရဲ့ အင်အား အားလုံးနဲ့ သားရဲဧကရာဇ် တစ်ကောင်ကို နှိမ်နင်းခဲ့တယ်။ အစပိုင်းမှာ အဲဒီအသက်ဓာတ်နှလုံးသားက သူ့ကို ပေးဖို့လေ။

ဒါပေမဲ့ အဲဒီတုန်းက သူက မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးသွားခဲ့တယ်။ သူ့အခြေအနေက အဲဒီတုန်းက အတော်လေးကို ဆိုးရွားနေခဲ့တာ။ သူ့ကို ကူညီပေးဖို့ လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကိုလည်း ရှာမတွေ့ခဲ့ဘူး။ အဆုံးသတ်မှာ အကြီးအကဲအဖွဲ့အစည်းက ကျုပ်ကို အသက်ဓာတ်နှလုံးသားပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ကျုပ်အနေနဲ့ ၁၈ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ ဆယ်နှစ် ကြာမြင့်ခဲ့တယ်။ ပြီးတော့ မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်ပြီး ဆရာသခင် ဖြစ်လာခဲ့တာပဲ”

ချင်ရန်ယွဲ့က အသက်ပြင်းပြင်းရှူကာ ထပ်ပြောလိုက်သည်။

“အဲဒီအချိန်တုန်းက ချင်သဲ့ကို ကျုပ်ရဲ့ ညာလက်ရုံးလိုမျိုး မှတ်ယူထားခဲ့တာ။ အဲဒါကြောင့် သူ့ကို မျိုးနွယ်ရဲ့ ပထမအကြီးအကဲ ဖြစ်လာအောင် ကူညီပေးခဲ့တယ်။ သူက လူတစ်ယောက်အထက်ပဲ နိမ့်ကျပြီး လူများစွာရဲ့ အထက်မှာရှိနေတာဆိုတော့လေ ကျုပ် ထင်မထားတာက…”

ချင်ရန်ယွဲ့က သက်ပြင်းချလိုက်သည်။

လုကျိုးက ပြောလိုက်၏။

“ဒါက မင်း ဖြေရှင်းရမဲ့ အရာပဲ”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ယဲ့ဝေ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“အကြီးအကဲယဲ့ ကျုပ် ယန်နန်ရဲ့ သင်္ကေတလမ်းကြောင်းကို သုံးလို့ရမလား”

“ဒါပေါ့” ယဲ့ဝေက ပြန်ဖြေလိုက်သည်။

ချင်ရန်ယွဲ့က သူ့လူများကို ပြောလိုက်သည်။

“ငါ့ဂိုဏ်းကို သွားပြီး ရှင်းလိုက်ဦးမယ်”

ချင်ရန်ယွဲ့၏ လူများက ပြိုင်တူဦးညွှတ်လိုက်ကြသည်။

“ဆရာသခင်ချင် ပြန်လာမှာကို စောင့်နေပါ့မယ်”

ဤသို့ဖြင့် ယဲ့ဝေက ချင်ရန်ယွဲ့ကို သင်္ကေတလမ်းကြောင်းဆီ ခေါ်ဆောင်သွားလေသည်။

ထိုစဉ် လုကျိုးက စီးဝူယာ့ကို ကြည့်လိုက်၏။

စီးဝူယာ့က နားမလည်နိုင်စွာ မေးလိုက်သည်။

“ရှစ်စွင်း ဘာလို့ ချင်သဲ့ကို အချိန်ဆွဲမထားတာလဲ”

လုကျိုးက မေးလိုက်သည်။

“ချင်သဲ့က အခု ဘယ်မှာလဲ”

“သူ့ကို နောက်ဆုံးအကြိမ်မြင်တုန်းက မနေ့က ကောင်းကင်သိုင်းပညာကျောင်းတော်မှာပဲ။ သူက အနီးနားမှာပဲ ရှိနေလောက်တယ်လို့ ထင်တယ်။ သူ့ကိုယ်သူ ကာကွယ်ဖို့ ကျွန်တော်တို့တွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားမှာကို စိုးရိမ်နေတာ” စီးဝူယာ့က စိုးရိမ်သည့်အမူအရာဖြင့် ပြောလိုက်သည်။

လုကျိုးက ပြောလိုက်၏။

“လူတချို့ကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ ခေါ်သွားပြီးတော့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလိုက်”

“ကျောင်းဟုန်ဖုနဲ့ ပါးရှစ်တိတို့က အဝါရောင်ကြာနယ်မြေဆီ သွားတယ်။ ကျွန်တော်တို့တွေ လမ်းကြောင်းကို ပိတ်ဆို့နိုင်မယ်မထင်ဘူး”

“အဲဒါဆိုရင် ဖျက်ဆီးပစ်လိုက်”

“ကျွန်တော် ချက်ချင်း လုပ်လိုက်ပါ့မယ်”

ဤသို့ဖြင့် ပုံရိပ်ယောင်ကို ဖြတ်တောက်လိုက်သည်။

သင်္ကေတလမ်းကြောင်းများစွာရှိနေသည့်အတွက် သူတို့က ချက်ချင်း လှုပ်ရှားဖို့ လိုအပ်နေသည်။ သူတို့၏ ကျင့်ကြံဆင့် မည်မျှပင် နက်ရှိုင်းစေကာမူ အချိန်နှင့် ရင်ဆိုင်နေရသည့် တိုက်ပွဲတစ်ခု ဖြစ်၏။

……………………………………………..

စီးဝူယာ့က ကောင်းကင်သိုင်းပညာကျောင်းတော်ထဲရှိ သင်္ကေတလမ်းကြောင်းအားလုံးကို ဖျက်ဆီးပြီးသည့်နောက်တွင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ အားလုံးကို ခေါ်ဆောင်သွားလိုက်သည်။

…………………………………………….

နှစ်နာရီကြာမြင့်ပြီးသည့်နောက်

ထင်ထားသည့်အတိုင်း ချင်သဲ့က ကောင်းကင်သိုင်းပညာကျောင်းတော်အထက် ပေါ်ထွက်လာသည်။ သူက ဗလာကျင်းနေသည့် နေရာကို ကြည့်ကာ အေးစက်စက် သရော်လိုက်၏။

“သူတို့က အမြန် ထွက်ပြေးသွားတာပဲ”

ချင်သဲ့က လှည့်ကာ တိမ်တိုက်တောင်ကို လှမ်းကြည့်လိုက်သည်။ အစပိုင်းတွင် သူက တိမ်တိုက်တောင်နှင့် ရင်ဆိုင်ဖို့ စီစဉ်ထားလေ၏။ သို့သော်လည်း ချင်မော့ရှန်းက ထိုနေရာတွင် သေဆုံးခဲ့ပြီး အစိမ်းရောင်ကြာနယ်မြေနှင့် ဆက်သွယ်နေသည့် သင်္ကေတလမ်းကြောင်းက ထိုနေရာတွင် ရှိနေကြောင်း ပြန်လည်အမှတ်ရသွားခဲ့သည်။ ဆိုလိုသည်မှာ ချင်ရန်ယွဲ့က ထိုသင်္ကေတလမ်းကြောင်းမှ ရောက်ရှိလာနိုင်ချေ မြင့်မား၏။ ထို့ကြောင့် သူက ထိုအတွေးကို ဖယ်ရှားခဲ့သည်။

ခေတ္တကြာမြင့်ပြီးသည့်နောက်တွင် သူက သူ့ကိုယ်သူ ရေရွတ်လိုက်၏။

“ရွှေကြာနယ်မြေရဲ့ မိစ္ဆာဝေဟင်မျှော်နန်းတဲ့လား”

သို့သော်လည်း သူက ဤနေရာတွင် သင်္ကေတလမ်းကြောင်းများ ရှိလိမ့်မည်ဟု မသေချာပေ။ အကယ်၍ မည်သည်မှ မရှိပါက သူ့အနေဖြင့် ကြာနယ်မြေကို အဆုံးမဲ့ပင်လယ်ဖြတ်သန်းခြင်း သို့မဟုတ် အနက်ရောင်ရေဆန်းကြယ်ဂူကို ဖြတ်သန်းခြင်းမှ သွားလာနိုင်သည်။ ထိုအရာက အချိန်များစွာ ကြာမြင့်လိမ့်မည်ဖြစ်၏။

ထိုစဉ် ကောင်းကင်သိုင်းပညာကျောင်းတော်အထက် လူအုပ်စုတစ်ခု ပေါ်ထွက်လာသည်။

ချင်သဲ့က လက်ကို ဝှေ့ယမ်းလိုက်၏။

စွမ်းအင်စည်းတံဆိပ်များစွာ ပျံ့နှံ့လာပြီးသည့်နောက်တွင် သူ့တို့ကို ဖမ်းဆီးလိုက်သည်။

ထိုသူများက သာမန်ကျင့်ကြံသူများသာ ဖြစ်၏။ ချင်သဲ့နှင့် ရင်ဆိုင်ရသည့်အခါ သူတို့က ပုရွက်ဆိတ်မျှသာ ဖြစ်လေသည်။

ချင်သဲ့က မေးလိုက်သည်။

“ချင်နိုင်ဟယ် ဘယ်ရောက်သွားလဲ”

“ကျွန်တော်တို့ မသိပါဘူး”

“ငါ စိတ်မရှည်ဘူး။ သင်္ကေတလမ်းကြောင်းက ဘယ်မှာလဲ” ချင်သဲ့က ထပ်မေးလိုက်သည်။

“သတ္တမသခင်လေးက သင်္ကေတလမ်းကြောင်းအားလုံးကို ဖျက်ဆီးပစ်ခဲ့ပါတယ်” ကျင့်ကြံသူက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေလိုက်သည်။

“ဖျက်ဆီးပစ်လိုက်တာလား” ချင်သဲ့က သူ့စိတ်ထဲ စီးဝူယာ့၏ ပုံရိပ်ကို ပြန်လည်တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။

တကယ်ကို ဉာဏ်များတဲ့ လူငယ်လေးပဲ…

“သူတို့တွေ ဘယ်သွားတာလဲ” ချင်သဲ့က မေးလိုက်သည်။

“အ ဖြူ ဖြူ … အဖြူရောင်မျှော်စင်အဖွဲ့အစည်းကိုပါ” ကျင့်ကြံသူက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေလိုက်သည်။

ချင်သဲ့က ထိုကျင့်ကြံသူကို လွှတ်ချလိုက်၏။

“ငါက အဖြူရောင်ကြာနယ်မြေဆီ သွားရမဲ့ လမ်းကြောင်းကိုသိတော့ မင်းကိုယ်မင်း ကံကောင်းတယ်လို့သာ မှတ်ထား”

ချင်သဲ့က ပျံသန်းကာ ထွက်ခွာသွားလေ၏။

………………………………………

တစ်နာရီကြာမြင့်ပြီးသည့်နောက်

ချင်သဲ့က တိတ်ဆိတ်နေသည့် တောအုပ်အတွင်း ပေါ်ထွက်လာသည်။ သူက အင်္ကျီလက်ကို အသာဝှေ့ယမ်းလိုက်သည့်အချိန် မြေပြင်အပေါ်တွင် ခြောက်သွေ့နေသည့် သစ်ရွက်များက လွင့်စင်သွားလေ၏။ ထို့နောက် သူ့မြင်ကွင်းရှေ့ သင်္ကေတလမ်းကြောင်း ပေါ်ထွက်လာသည်။

သူက အချိန်မဖြုန်းဘဲ ထိုစက်ဝန်းအတွင်း ဝင်ရောက်ကာ သင်္ကေတလမ်းကြောင်းကို အသက်သွင်းလိုက်သည်။

………………………………………………….

၁၅မိနစ်ကြာမြင့်ပြီးသည့်နောက် ချင်သဲ့က နှင်းဖုံးနေသည့် တောင်ကုန်း၌ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ရာသီဥတုက မှုန်မှိုင်းနေပြီး အနက်ရောင်တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းထားကာ သားရဲပျံများက ကောင်းကင်ကို ကြီးစိုးထားလေသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသည့်နောက်တွင် သူက လှည့်ကာ လက်ဝါးစည်းတံဆိပ် တစ်ခုကို ထုတ်လွှတ်လိုက်၏။

ဝုန်း

ထို့နောက် သင်္ကေတလမ်းကြောင်းက ချက်ချင်းဆိုသလို မှေးမှိန်သွားလေသည်။

ပြန်လည်ပြုပြင်ခြင်းမှ ကာကွယ်ဖို့အတွက် ချင်သဲ့က နောက်ထပ်အကြိမ်ရေ အနည်းငယ် ရိုက်လွှတ်ခဲ့ပြီး အပြီးတိုင် ဖျက်ဆီးပစ်ခဲ့သည်။

နောက်ထပ် တစ်နာရီကြာမြင့်ပြီးသည့်နောက်

ချင်သဲ့က အဖြူရောင်ကြာ ကျင့်ကြံသူများသည် သားရဲဘုရင်ကို ဝိုင်းပြီး တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။

ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအပြည့်အနှက် ဖြစ်နေလေ၏။

ဤသို့ဖြင့် ချင်သဲ့က သူ့ကြယ်တာရာ ဒိုင်ခွက်ကို ထုတ်ဖော်လိုက်ပြီး ကြယ်တာရာ ဒိုင်ခွက်မှ စွမ်းအင်တိုင်များ ထုတ်လွှတ်လာကာ သားရဲဘုရင်ကို ထိုးဖောက်သွားလေသည်။

သားရဲဘုရင်က ထိုထိုးနှက်ချက်ကို မခံနိုင်ဘဲ မြေပြင်ပေါ် လက်ကျသွားလေ၏။

ထိုအရာကိုမြင်ကာ အဖြူရောင်ကြာ ကျင့်ကြံသူများက ကပ်ဘေးမှ တစ်ခုမှ ရှင်သန်လာသည့်အလား ချင်သဲ့ကို ကယ်တင်ရှင်လိုမျိုး နှုတ်ဆက်လိုက်ကြသည်။

“ချန်းပေ့ ကျွန်တော်တို့ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်”

ချင်သဲ့က အပြုံးဖြင့် ပြောလိုက်သည်။

“ငါ့ကို ကျေးဇူးတင်နေဖို့ မလိုဘူး။ ခက်ထန်သားရဲတွေက လူသားတွေရဲ့ ရန်သူပဲလေ။ လူသားတွေကို ကူညီပေးတာ ဖြစ်သင့်ပါတယ်”

ကျန်သည့်သူများက ထိုစကားများကြောင့် အင်မတန် စိတ်လှုပ်ရှားသွားကြသည်။

ချင်သဲ့က မေးလိုက်၏။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ဘယ်မှာလဲဆိုတာ သိလား”

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းလား။ ချန်းပေ့က အဖြူရောင်မျှော်စင်အဖွဲ့အစည်းဆီ ဘာကြောင့် သွားမှာလဲဆိုတာကို မေးလို့များ ရမလား” အဖြူရောင်ကြာကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

ချင်သဲ့က ထိုကျင့်ကြံသူအုပ်စုကြောင့် မည်သို့အချိန်ကုန်ခံမည်နည်း။ သူက အကြောင်းပြချက်တစ်ခုကို တွေးထားပြီးသား ဖြစ်၏။

ထို့ကြောင့် သူက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“မျှခြေမညီမျှမှုက ပိုပြီးဆိုးရွားလာတယ်လေ။ အဲဒါကြောင့် ငါ့ကဏ္ဍကို သွားပြီး ကူညီပေးချင်ရုံပါ”

“ကျွန်တော်သိပြီ” ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

“ချန်းပေ့ရဲ့ တာဝန်သိတတ်မှုကိုတော့ တကယ်လေးစားပါတယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ဒီနေရာကနေ အရှေ့ဖက် မိုင်သုံးထောင်အကွာမှာ တည်ရှိတယ်။ အဲဒါက ခက်ထန်သားရဲတွေ ကျက်စားတဲ့ သီးသန့်နေရာမှာ တည်ရှိတယ်လေ”

“ကျေးဇူးပါ” ချင်သဲ့က ပြောပြီးသည့်နောက်တွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

ကျင့်ကြံသူများကမူ ချင်သဲ့ထွက်ခွာသွားသည်ကို တလေးတစားဖြင့် လိုက်ကြည့်နေကြသည်။

………………………..

ထိုစဉ် ချင်သဲ့က အမြန်နှုန်းပြည့် အရှိန်ဖြင့် ပျံသန်းလာလေသည်။ မွေးဖွားဇယားချပ် ၁၇ခုဖြင့် သူက အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို ရောက်ရှိဖို့ နေ့တစ်ဝက်တာ ကြာမြင့်ခဲ့သည်။

အဖြူရောင်မျှော်စင်က အနက်ရောင်တိမ်တိုက်များကြားတွင် ထိုးထောင်ထွက်နေပြီး မျက်စိအာရုံဖမ်းစားဖွယ်ကောင်းလှသည်။ နှင်းများဖုံးလွှမ်းနေသည့် တောင်တန်းအလယ်တွင် ထိုအရာက ကောင်းကင်ကို ပင့်မထားသလိုမျိုး ဖြစ်နေလေ၏။

ချင်သဲ့က ပြုံးလိုက်သည်။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်း မင်းတို့တွေ ဘယ်နေရာ ပုန်းနိုင်မလဲ ကြည့်ရသေးတာပေါ့”

...

အခန်း (၁၂၉၅) အားကောင်းသော ရန်သူ၏တိုက်ခိုက်မှု

အဖြူရောင်မျှော်စင်အဖွဲ့အစည်းက တာ့မင်တွင်ရှိကြောင်း လူတိုင်းသိကြပေ၏။

လန်ရှီဟယ်သည် မျှော်နန်းသခင်အဖြစ်ရှိစဉ်က အဖြူရောင်မျှော်စင်အဖွဲ့အစည်းသည် တာ့မင်၏ကျောရိုးအဖြစ် ဖြစ်ခဲ့သည်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ဖရိုဖရဲဖြစ်မှုများကို ထိန်းထားပြီး အနက်ရောင်ကြာနယ်မြေကိုတောင် ထိန်းထားလျက် ၎င်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို အမြဲတစေစောင့်ကြည့်နေခဲ့သည်။ ယင်းက ကျင့်ကြံခြင်းလောကထဲ၌ နာမည်ကျော်သည့် အင်အားစုပဲဖြစ်သည်။

ချင်သဲ့က အဖြူရောင်မျှော်စင်ကိုကြည့်ပြီး အလျင်စလိုမလှုပ်ရှားခဲ့ပေ။ ရှင်သန်ရန် သူ့အတွက် နောက်တဆင့်ကို စဉ်းစားထားပြီးသားဖြစ်သည်။ ယောက်ျားဗျူဟာ ... ထို့အပြင် သူက အခြေကျဖို့နေရာတစ်ခု ရှာမတွေ့ဖို့ စိုးရိမ်ပူပန်ခြင်းမရှိပေ။ လောကကြီးက ကျယ်ပြောလှပေ၏။ ဆရာသခင်များက အစွမ်းထက်သော်ငြား သူသာ သူတို့ကို ရှောင်ရှားသရွေ့ပြဿနာရှိမှာမဟုတ်ပေ။

“မျှော်နန်းသခင်လုရဲ့ တပည့်တွေက ဒီမှာလာခိုလှုံတယ်ဆိုတော့ သင်္ကေတလမ်းကြောင်းက တစ်နေရာရာမှာ ရှိလောက်မှာပဲ။ ငါ ဂရုစိုက်ရမယ်” ချင်သဲ့က သူ့ကိုယ်သူပြောလိုက်သည်။ သူက ချင်ရန်ယွဲ့နှင့် လုကျိုးတို့ သူ့ကို တွေ့သွားပါက ပြဿနာရှိမှာမဟုတ်ပေ။ ဆိုရလျှင် ပုန်းကွယ်နေသည့်ပညာရှင်များကို သူ သတိထားရမည်မှန်းသိနေ၏။

ချင်သဲ့က ရှေ့သို့ပျံသန်းသွားပြီးနောက် အဖြူရောင်မျှော်စင်နှင့် မီတာရာချီအကွာ၌ ရပ်တန့်လိုက်၏။ သူက မှောင်မည်းနေသော ကောင်းကင်ကို ကြည့်လိုက်သည်။ မျှခြေမညီမျှမှုရှိနေသော်ငြား အဖြူရောင်မျှော်စင်သန်မာစွာ ရှိနေခြင်းသည် အဖြူရောင်မျှော်စင်မည်မျှ ထူးကဲကြောင်းပြသနေတာပဲဖြစ်သည်။ မျှခြေမညီမှုက စတင်လာခဲ့တာကြာပြီဖြစ်သည်။ သို့သော် မျှခြေထိန်းသိမ်းသူတို့၏ အရိပ်အယောင်ကို မတွေ့ရပေ။ ထိုလူများက လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများကြား ကိစ္စရပ်များကို လှုပ်ခါချင်နေပုံပေါ်၏။

“ငါ ဂရုစိုက်ပြီး အရင်ဆုံးအခြေအနေကို သိုသိုသိပ်သိပ် စုံစမ်းစစ်ဆေးသင့်တယ်” ချင်သဲ့က သူ့ဖာသာသူ ပြောပြီးနောက် မြင်ကွင်းထဲမှာပျောက်သွားပြန်သည်။

ထိုစဉ် ချင်ရန်ယွဲ့က အနီရောင်ကြာနယ်မြေနားရှိ တိမ်တိုက်တောင်နားတွင် ပေါ်လာသည်။ သူက တိမ်တိုက်တောင်နားရှိ ချင်မျိုးနွယ်၏ သင်္ကေတလမ်းကြောင်းကို သုံးထားပြီး ဤနေရာသို့ ရောက်လာတာဖြစ်သည်။

ချင်ရန်ယွဲ့သည် သူ့နားရှိတောင်ထွတ်၁၂ခုကို ကြည့်မိစဉ် အမူအရာက လေးနက်တည်ကြည်သွားတော့သည်။ ခဏအကြာ၌ သူ ရှေ့သို့တိုးသွားလေ၏။ ဤနေရာ၌ မျှခြေမညီမျှမှုက အတော်လေးပြင်းထန်သည်။

ဖိနှိပ်နိုင်စွမ်းရှိသည့် အနက်ရောင်တိမ်တိုက်များက အရာအားလုံးအပေါ်လွှမ်းမိုးနေကာ သားရဲပျံများက ဝေဟင်ထဲတွင် ပျံသန်းနေ၏။

ချင်ရန်ယွဲ့က ဘာကိုမှဂရုမစိုက်နိုင်တော့ပေ။ သူက ပျံသန်းနေစဉ် ခွန်အားအလုံးစုံကို သုံးခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ကြမ်းတမ်းခက်ထန်သားရဲများ ပြေးလွှားနေသည့် တောင်ထွတ်နားသို့ ရောက်သွားသည်။ သူ တောင်ထွတ်နားချဉ်းကပ်နေသည့်အခါ အနားရှိ ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရ၏။ လှစ်ကနဲပင် သူက ထိုကျင့်ကြံသူရှေ့၌ ပေါ်လာသည်။

ကျင့်ကြံသူသည် ချင်ရန်ယွဲ့၏ရုတ်ခြည်းပေါ်ပေါက်မှုကြောင့် ထိတ်လန့်သွား၏။

“ခင် ခင်ခင်ဗျားက ဘယ် ဘယ်သူလဲ”

ချင်ရန်ယွဲ့က မေးလိုက်သည်။ “ကောင်းကင်သိုင်းကျောင်းတော်ကို ဘယ်လိုသွားရမလဲ”

အချိန်ကြာမြင့်စွာ မြင့်မားသည့်ရာထူး၌ နေလာခဲ့သောကြောင့် ချင်ရန်ယွဲ့အဖို့ သူ၏စကားပြောဟန်နှင့် သဘောထားကို ပြောင်းလဲဖို့ ခက်ခဲသည်။ ယင်းက လူတို့၏ဒေါသကို အလွယ်တကူ နှိုးဆွမိစေ၏။

တောင်ထွတ်၁၂ခုရှိ လူကို ရန်မစချင်သော လူငယ်ကျင့်ကြံသူက ပြောလိုက်သည်။

“တိမ်တိုက်တောင် ၁၂ဂိုဏ်းရဲ့ မိုင် ၁၉၀အကွာမှာ”

“ဒါက တိမ်တိုက်တောင် ၁၂ဂိုဏ်းလား” ချင်ရန်ယွဲ့က အနည်းငယ်အံ့ဩသွားတော့သည်။

ထိုစကားများကို ကြားသောအခါ သူက သတိထားလိုက်၏။ တိမ်တိုက်တောင်သည် ထိပ်တန်းအင်အားစုမဟုတ်သော်ငြား အနီရောင်ကြာနယ်မြေတွင် အတော်လေးနာမည်ကြီးသေး၏။ သူ့ရှေ့ရှိလူက မည်ကဲ့သို့ မသိရသနည်း။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ကျုပ် သွားရတော့မယ်”

“မင်းဘာလို့ အလျင်လိုနေတာလဲ” ချင်ရန်ယွဲ့က မေးလိုက်၏။

“မျှခြေမညီမျှမှုက တကယ်ပြင်းထန်တယ်။ တိမ်တိုက်တောင်၁၂ဂိုဏ်းဆီ ကြမ်းတမ်းခက်ထန်သားရဲတွေ မကျူးကျော်လာအောင် ကင်းလှည့်ရဦးမယ်” ကျင့်ကြံသူက ပြောလိုက်၏။

“မင်းက တိမ်တိုက်တောင် ၁၂ဂိုဏ်းက ကျင့်ကြံသူလား”

“အမ်း” ကျင့်ကြံသူက စကားမှားပြောမိမှန်းသိသွားကာ သူ အချက်အလက်ပိုပေးမိမှန်း သိသွား၏။ သူက ဘာမှထပ်မပြောရဲတော့ပဲ သုတ်သုတ်လေးထွက်သွားတော့သည်။

ကျင့်ကြံသူ၌ ပွင့်ချပ်၆လွှာသာ ရှိသည်။ ချင်ရန်ယွဲ့ရှေ့၌ သူက ပုရွက်ဆိတ်တစ်ကောင်ထက်တောင် ပိုအားနည်းပေ၏။

ချင်ရန်ယွဲ့သည် သူ၏လှုပ်ရှားမှုများကို အမှီမလိုက်နိုင်သည့် ကျင့်ကြံသူရှေ့၌ လှစ်ကနဲပေါ်လာ၏။ သူက အချိန်ကြပ်နေသောကြောင့် ကျင့်ကြံသူကို ဘာမှမရှင်းပြတော့ဘဲ ကျင့်ကြံသူကို ဆွဲခေါ်လိုက်၏။ “သွားကြမယ်”

ကျင့်ကြံသူက အသိစိတ်ပြန်ကပ်လာချိန်တွင် တောင်တန်းများ၊ မြစ်များ၊ သစ်ပင်များက သူ့ကို အနောက်တွင်ဝေဝေဝါးဝါးကျန်ရစ်ခဲ့တာကို တွေ့လိုက်ရ၏။ သူက မူးဝေလာကာ မသက်မသာဖြစ်လာ၏။

ဤအတိုင်း ၁၅မိနစ်ခန့်ကြာညောင်းနေပြီး ချင်ရန်ယွဲ့သည် တောင်ထွတ်၁၂ခုပေါ်၌ ရပ်လိုက်၏။ သူက ကျင့်ကြံသူကို ကြည့်ကာမေးလိုက်၏။

“ဒါ တိမ်တိုက်တောင်လား”

“...”

“မင်းကို မေးနေတာ”

ကျင့်ကြံသူက အလွန်မူးဝေနေပြီး အန်ချင်လာ၏။ ချင်ရန်ယွဲ့သည် ထိုစဉ် တိမ်တိုက်တောင်ကို ကြမ်းတမ်းခက်ထန်သားရဲများစွာ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ တပည့်များက သားရဲပျံများကို တိုက်ခိုက်ရန်နှင့် ခုခံရန် ကြိုးစားနေကြ၏။ အနည်းစုကမူ ဘုံတစ်ထောင်လေပွေအဆင့်တွင်ရှိ၏။ အမြင့်ဆုံးတောင်ထွတ်ပေါ်၌ မွေးဖွားဇယားချပ် ၂ခုဖြင့် ကျင့်ကြံသူ တစ်ထောင်ပျံသန်းနေတာကို တွေ့လိုက်ရသည်။ သူ၏အကြည့်ကိုရွေ့လိုက်သောအခါ တိမ်တိုက်စင်မြင့်ရှိ မြေပြင်က ယခင်က မီးလောင်ကျွမ်းဖူးသည့်ပမာ တူးခြစ်နေတာကို တွေ့လိုက်ရသည်။

တိမ်တိုက်တောင်၏လူများရုန်းကန်နေတာကို မြင်သောအခါ သူ သက်ပြင်းချလျက် ပြောလိုက်သည်။ “မင်းကို ကူညီပေးမယ်”

ကျင့်ကြံသူသည် ချင်ရန်ယွဲ့ရှေ့၌ အစိမ်းရောင်ဒိုင်ခွက်တစ်ခုပေါ်လာတာကို မြင်သောအခါ မှင်တက်သွားလေ၏။

ချင်ရန်ယွဲ့က တိမ်တိုက်တောင်၏ထိပ်ဆီသို့ ကြယ်တာရာဒိုင်ခွက်ကို တွန်းတင်လိုက်သည်။ ၎င်းက ကြီးသည်ထက်ကြီးလာပြီး ကောင်းကင်ကို လွှမ်းမိုးသွားကာ မီတာထောင်ချီအကွာအထိ ပြန့်ကားသွားသည်။

တိမ်တိုက်တောင်၏တပည့်များက မော့ကြည့်လိုက်ချိန် ထိုမြင်ကွင်းကို တွေ့ပြီး ထိတ်လန့်ပြီး မယုံနိုင်အောင်ဖြစ်နေလေ၏။

ပြီးနောက် ချင်ရန်ယွဲ့၏ မွေးဖွားဇယားချပ်စွမ်းအားများ ကျဆင်းလာသည်။

ကြယ်တာရာဒိုင်ခွက်သည် တိမ်တိုက်တောင်ရှိ သားရဲပျံများနှင့် ကြမ်းတမ်းခက်ထန်သားရဲများကို သတ်ဖြတ်နိုင်သည့် အလင်းတန်းတစ်ခုပစ်ထုတ်လိုက်သည်။ ခဏတာ တိတ်ဆိတ်မှုက တိမ်တိုက်တောင်အတွင်း ပြန်လည်ရောက်ရှိလာ၏။

“ဘယ်ပညာရှင်က ငါတို့တိမ်တိုက်တောင်ကို ကူညီတာလဲ” အကြီးအကဲများက လေထဲပျံဝဲလိုက်၏။

ကြယ်တာရာဒိုင်ခွက်အရွယ်အစားက သူတို့မှန်းဆနိုင်သည်ထက် ကျော်လွန်သည်။

“ဒီလောက်ကြီးတဲ့ ကြယ်တာရာဒိုင်ခွက်”

“ဂိုဏ်းချုပ် ဘယ်မှာလဲ”

“ဂိုဏ်းချုပ်က သားရဲဘုရင်ကို သတ်ဖို့ တောင်ခြေကိုသွားတယ်”

“မြန်မြန် ဂိုဏ်းချုပ်ကို သွားရှာကြမယ်”

ထိုစဉ် ဝေဟင်ထဲရှိ ကြယ်တာရာဒိုင်ခွက်က ချင်ရန်ယွဲ့၏လက်ထဲကျုံ့သွားပြီး ချင်ရန်ယွဲ့၏လက်ထဲ ပြန်ရောက်လာသည်။

အကြီးအကဲများက ချင်ရန်ယွဲ့ကိုကြိုဆိုရန် တပည့်များကို ခေါ်လာ၏။

“ကူညီပေးတာ ကျေးဇူးပါပဲ ချန်းပေ့”

“မလိုပါဘူး” ချင်ရန်ယွဲ့က ပြောလိုက်၏။

“နာမည်မေးလို့ရမလား ချန်းပေ့” အကြီးအကဲက မေးလိုက်၏။

ထိုစဉ် ချင်ရန်ယွဲ့က ကျောက်စိမ်းအပိုင်းအစတစ်ခုကို ထုတ်ကာပစ်လျက် ပြောလိုက်သည်။

“ခင်ဗျားတို့ အန္တရာယ်တွေ့နေရင် ဒီကျောက်စိမ်းကို ချိုးလိုက်” ပြီးနောက် သူက ခဏတဖြုတ်စဉ်းစားလိုက်ပြီး ဤလူများက သူမည်သူမှန်း သေချာပေါက်သိမှာမဟုတ်ပေ။ ထို့ကြောင့် သူက ပြောလိုက်၏။ "ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းက မျှော်နန်းသခင်လုရဲ့မိတ်ဆွေ”

ထိုစကားကို ကြားသောအခါ ဤနေရာသို့ ချင်ရန်ယွဲ့ခေါ်လာသည့်သူက သက်ပြင်းချလိုက်သည်။ သူက ရင်ဘတ်ကို အသာပုတ်လျက် ပြောလိုက်သည်။

“လက်စသတ်တော့ ခင်ဗျားက မျှော်နန်းသခင်လုရဲ့မိတ်ဆွေကို။ ခင်ဗျား ကျုပ်ကို သေအောင်ခြောက်လှန့်မိတော့မလို့”

ချင်ရန်ယွဲ့က သူ့ဖာသာသူတွေးလိုက်၏။ ထင်တဲ့အတိုင်း အစ်ကိုလုရဲ့ဂုဏ်သတင်းက အနီရောင်ကြာနယ်မြေထဲမှာ ငါ့ဂုဏ်သတင်းထက်ပိုကောင်းတာပဲ။

ချင်ရန်ယွဲ့က စဉ်းစားပြီး ယခုအချိန်တွင် သူ ဤနေရာ၌ ရှိနေစဉ် လုကျိုး၏အမည်ကို အသုံးပြုတာ အကောင်းဆုံးမှန်း သိလိုက်သည်။ ပြီးနောက် သူက ပြောလိုက်၏။

“ကျုပ် သွားစရာကိစ္စလေးရှိသေးတယ်။ နောက်ရက်မှ လာလည်ပါဦးမယ်”

ချင်ရန်ယွဲ့၏လောနေသော အမူအရာကိုမြင်သောအခါ တိမ်တိုက်တောင်၏အကြီးအကဲများက မတားရဲဘဲ ဦးညွှတ်လိုက်သည်။

လျှပ်တပြက်အတွင်း ချင်ရန်ယွဲ့က တိမ်တိုက်များအတွင်း ပျောက်ကွယ်သွားလေပြီး ကြက်သေသေနေသော အကြီးအကဲများကို ချန်ရစ်ခဲ့သည်။

တချိန်တည်းတွင် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ လေ့ကျင့်ရေးခန်းမထဲတွင်ဖြစ်သည်။

“လျှို့ရှစ်ကျဲ ရှစ်ကျဲကို ဒုက္ခပေးရတော့မယ်” စီးဝူယာ့သည် အဖြစ်အပျက်ကို ယဲ့ထျန်းရှင်းဆီ ပြန်လည်ပြောပြပြီးနောက် ပြောလိုက်၏။

“ငါတို့ကြား ဒီစကားတွေမလိုပါဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ကိစ္စက ငါ့ကိစ္စပဲပေါ့” ယဲ့ထျန်းရှင်းက ပြောလိုက်၏။

“သင်္ကေတခန်းမကို စောင့်ကြပ်ဖို့ အဖွဲ့သားတွေကို အမိန့်ပေးပြီးပြီ။ ပြောင်းလဲမှု နည်းနည်းလေးရှိရင်တောင် သူတို့ပြောလိမ့်မယ်”

“ရှစ်စွင်းက အမည်မသိကုန်းမြေထဲရောက်တာ နှစ်ဝက်လောက်ရှိသွားပြီ။ အခု သူက အစိမ်းရောင်ကြာနယ်မြေမှာ။ မြန်မြန်ဆန်ဆန် ပြန်လာမှာမဟုတ်ဘူး။ ချင်သဲ့ကို ဂရုတစိုက်ဖြေရှင်းရလိမ့်မယ်” စီးဝူယာ့က ပြောလိုက်၏။

ယဲ့ထျန်းရှင်းက ဇဝေဇဝါဖြစ်သွားသည်။

“ဒါဆို ဒီကို ဘာလို့တစ်ယောက်တည်း ရောက်လာတာလဲ။ ဒါ့အပြင် ချင်သဲ့က အနီရောင်ကြာနယ်မြေကနေ ဒီလောက်မြန်မြန်ရောက်လာနိုင်မှာမဟုတ်ဘူး”

စီးဝူယာ့က ခေါင်းခါလိုက်၏။ “တိမ်တိုက်တောင်နားက နှင်းတောင်တန်းတောင်ထွတ်ပေါ်မှာ အစိမ်းရောင်ကြာနယ်မြေနဲ့ ဆက်ထားတဲ့လမ်းကြောင်း တစ်ခုရှိတယ်။ ဒီတော့ သူတို့ဒီနေရာမှာ သင်္ကေတလမ်းကြောင်းတစ်ခုရှိလောက်တယ်။ ကျန်တဲ့သူတွေကတော့ သူတို့အရှိန်အဝါတွေကို ပိတ်ထားပြီး ကောင်းကင်သိုင်းကျောင်းတော်ရဲ့ မြေအောက်အကျဉ်းခန်းထဲမှာ ပုန်းခိုင်းထားတယ်။ ချင်သဲ့က ဆရာသခင်ချင်နဲ့ ရှစ်စွင်းတို့ကို တွေ့မှာ စိုးရိမ်နေတယ်။ ဒီတော့ သူက အနီရောင်ကြာနယ်မြေထဲမှာ ကြာကြာနေမှာမဟုတ်ဘူး”

စီးဝူယာ့က စကားပြောခဏရပ်ပြီးပြောလိုက်သည်။

“ကျွန်တော်ပဲ အဖြူရောင်မျှော်စင်အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ဖို့ ဒုက္ခပေးရတော့မှာပဲ”

“ဒါကြောင့်မို့ သင်္ကေတလမ်းကြောင်းမှာ လူတိုင်းကို စုဝေးခိုင်းထားတာလား။ တစ်ခုခုသတိပြုမိတာနဲ့ ထွက်သွားနိုင်အောင်လို့လေ”

စီးဝူယာ့က ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ကျွန်တော်တို့မှာ ရွေးစရာနှစ်ခုရှိတယ်။ ပထမတစ်ခုက ဒီနေရာကို အမည်မသိကုန်းမြေကို သွားပြီး လုဝူရဲ့အကူအညီကိုတောင်းမယ်။ ဒုတိယအချက်က ကောင်းကင်သိုင်းကျောင်းတော်ကို ပြန်မယ်။ ပြောရရင် ချင်သဲ့က ကောင်းကင်သိုင်းခုံရုံးထဲမှာ ကျွန်တော် သင်္ကေလမ်းကြောင်းဘယ်နှခုချထားလဲ သူ မသိလောက်ဘူး”

“...”

“ဒါက တူတူပုန်းတိုင်း ကစားနေတာမျိုး မဟုတ်ဘူးလား”

ကောင်းကင်သိုင်းကျောင်းတော်ထဲတွင် သင်္ကေတလမ်းကြောင်းများစွာ ရှိနေလေရာ ချင်သဲ့အဖို့ သူတို့အားလုံးကို ရှာဖွေရန် အနည်းဆုံး နေ့ဝက်ခန့် အချိန်ယူရလောက်သည်။

…

အခန်း (၁၂၉၆) ငြိမ်းချမ်းရေးနတ်သားရဲ

စီးဝူယာ့၏ စကားအဆုံးတွင် အပြင်ဘက်မှ မိုးခြိမ်းသံကြီးသဖွယ် ထွက်ပေါ်လာလေ၏။

“ချင်နိုင်ဟယ်ကို ပေးစမ်း။ မင်းတို့ အသက်တွေကို ချမ်းသာပေးမယ်”

ယဲ့ထျန်းရှင်းနှင့် စီးဝူယာ့တို့က ချက်ချင်းဆိုသလို ထရပ်ကာ အဖြူရောင်မျှော်စင်အပြင်ဘက်ကို ကြည့်လိုက်ကြသည်။

“မြန်လိုက်တာ။ သူက အဖြူရောင်ကြာနယ်မြေဆီ ဦးတည်တဲ့ သင်္ကေတလမ်းကြောင်းရှိနေတာပဲ” စီးဝူယာ့က ပြောလိုက်သည်။

“သွားကြစို့”

ဝှစ် ဝှစ်

နှစ်ဦးသားက အဖြူရောင်မျှော်စင်မှ ချက်ချင်းဆိုသလို ထွက်လာလိုက်ကြသည်။

………………………………

တစ်ချိန်တည်းဆိုသလို

ချင်သဲ့က အဖြူရောင်မျှော်စင်ကို အချိန်တော်ကြာ ရှာဖွေခဲ့သော်လည်း မည်သူ့ကိုမှ ရှာမတွေ့ပေ။ သူက လှည့်စားခံလိုက်ရသလို ခံစားနေမိ၏။ သူက ချင်နိုင်ဟယ်နှင့် စီးဝူယာ့ကို တတ်နိုင်သမျှမြန်မြန် ရှာဖွေဖို့ လိုအပ်နေသည်။

သူ့စကားအဆုံးတွင် မည်သူကမှ တုံ့ပြန်လာခြင်း မရှိပေ။

ရုတ်ခြည်းဆိုသလို သူက ထူးဆန်းသည့် အသက်ဓာတ်စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက စွမ်းအား ထွက်ပေါ်လာသည့်နေရာကို ပစ်မှတ်ထားကာ ပြေးသွားလိုက်သည်။

သိပ်မကြာခင် ချင်သဲ့က စီးဝူယာ့နှင့် ယဲ့ထျန်းရှင်းအနီးတွင် ပေါ်ထွက်လာလေ၏။ သူက အချိန်မဖြုန်းဘဲ လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်သည်။

“မင်းတို့ ဘယ်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့”

လက်ဝါးစည်းတံဆိပ်က တောင်တန်းသဖွယ် ဖြစ်၏။

စီးဝူယာ့က သူ့ဒေါင်းမြီးယပ်တောင်ကို ဖြန့်ကျက်ကာ လေထဲ ခပ်လိုက်သည်။ ထို့နောက် သူ့နောက်ကျော၌ ပေတစ်ရာရှိသည့် ရွှေရောင်တောင်ပံတစ်စုံ ပေါ်ထွက်လာလေ၏။ စည်းတံဆိပ်က ယဲ့ထျန်းရှင်းကို ပစ်မှတ်မထားသည့်အတွက် သူမက ရှောင်ရှားဖို့ ပြဿနာမရှိပေ။ ထို့အပြင် သူမ၏ ကျင့်ကြံဆင့်က စီးဝူယာ့ထက် ပိုမိုမြင့်မားလေ၏။ သူမက ဆင်းသက်လာသည့်အခါ ချက်ချင်းဆိုသလို ကြည့်လိုက်၏။ ထို့နောက် သူမက လိပ်ပြာချစ်ခြင်းမေတ္တာပန်းပွင့်ကို အသုံးပြုပြီး စီးဝူယာ့ကို ဆွဲချလိုက်သည်။

ဝုန်း

လက်ဝါးစည်းတံဆိပ်က အဖြူရောင်မျှော်စင်ဆီ ကျရောက်သွားလေ၏။

သို့သော်လည်း စီးဝူယာ့က တုန်လှုပ်နေခြင်း မရှိပေ။ ထိုအစား သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာလေ၏။

“အကြီးအကဲချင် လှည့်စားခံလိုက်ရပြီ”

ချင်သဲ့က အံ့အားသင့်သွားလေ၏။

“လှည့်စားခံရတာလား”

“ချင်နိုင်ဟယ်ကို အစိမ်းရောင်ကြာနယ်မြေဆီ ပို့လိုက်ပြီလေ”

“…”

ချင်သဲ့က ထိုစကားများကို ကြားပြီးသည့်နောက်တွင် စိတ်တိုမှုတို့ ထွက်ပေါ်လာလေ၏။ သူက သူ့ရှေ့တွင် ရှိနေသည့် ဉာဏ်များသော လူငယ်လေးကို ကြည့်လိုက်သည်။ ထို့နောက် သူက အော်ပြောလိုက်၏။

“မင်းက ငါ့ကို လာပြီး ကစားရဲတယ်လား”

ဝှစ်

ချင်သဲ့က ပျံသန်းထွက်လာရင်း ပုံရိပ်ယောင်များသာ ချန်ထားခဲ့သည်။ သူက ဒေါသတကြီးပြောလိုက်၏။

“မင်းကို ဖမ်းမိရင်လည်း အတူတူပဲ”

သူ့ရည်ရွယ်ချက်က တစ်စုံတစ်ယောက်အား ဓားစာခံအနေဖြင့် ဖမ်းဆီးထားဖို့ ဖြစ်သည်။ သူ့ဓားစာခံက လုကျိုး သို့မဟုတ် ချင်နိုင်ဟယ်ကို တားဆီးနိုင်သရွေ့ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပေ။ သူက ထိုအရာကို ပိုမိုတွေးမိလေလေ သူ့ရှေ့တွင်ရှိနေသည့် လူငယ်လေးက ပိုမိုကောင်းမွန်သည့် ဓားစာခံ ဖြစ်လိမ့်မည်ဟု တွေးမိလာလေလေဖြစ်၏။ ချင်နိုင်ဟယ်က ဒဏ်ရာရရှိထားသည့်အတွက် သူ့ကို ဖမ်းဆီးမိလျှင်ပင် ချင်နိုင်ဟယ်၏ ဒဏ်ရာများကို ပြန်လည်ကုစားနေရဦးမည်သာ ဖြစ်၏။ အကယ်၍ ချင်နိုင်ဟယ် သေဆုံးသွားပါက သူ့အနေဖြင့် ဓားစာခံ ဆုံးရှုံးသွားရလိမ့်မည်။

မွေးဖွားဇယားချပ် ၁၇ခုဖြင့် ချင်သဲ့၏ အမြန်နှုန်းက အတော်လေး မြန်ဆန်လှသည်။ သူ့လှုပ်ရှားမှုများကို ဖမ်းယူဖို့ပင် မဖြစ်နိုင်ပေ။

စီးဝူယာ့က ချင်သဲ့သည် သူ့ကို တိုက်ရိုက်ပစ်မှတ်ထားလိမ့်မည်ဟု ထင်မှတ်မထားပေ။ ထို့ကြောင့် သူက အလျင်စလို တားလိုက်၏။

“သွားကြစို့”

သင်္ကေတခန်းမက အဖြူရောင်မျှော်စင်အောက်ခြေတွင်ရှိလေသည်။

“ထွက်သွားဖို့ မတွေးနဲ့” ချင်သဲ့က မြေကြီးပေါ် လက်ဝါးဖြင့် ရိုက်ချကာ ပြောလိုက်သည်။

ဝုန်း

မြေကြီးက တုန်ခါသွားလေ၏။

………………………………………….

သင်္ကေတခန်းမ

အဖြူရောင်မျှော်စင်အဖွဲ့သားအားလုံးက ထိုခန်းမအတွင်း ရှိနေကြလေသည်။

အကဲဖြတ်သူများ၊ နဉ်ဝမ်ချင်းနှင့် ပိရှောတို့က သင်္ကေတလမ်းကြောင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်းဆိုသလို အာရုံခံမိလိုက်ကြသည်။

“သူက သင်္ကေတလမ်းကြောင်းနဲ့ အတော်လေးကို ရင်းနှီးကျွမ်းဝင်နေတာ။ မြန်မြန်အသက်သွင်းလိုက်ကြ” နဉ်ဝမ်ချင်းက လက်ကိုရိုက်ချကာ အော်ပြောလိုက်သည်။

ဘန်း

သင်္ကေတလမ်းကြောင်းက ရုတ်ခြည်းဆိုသလို တောက်ပလာလေ၏။ ထို့နောက် အလင်းက ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားသည်။

“သွားပြီ။ ငါတို့ရဲ့ သင်္ကေတလမ်းကြောင်းထဲ စွမ်းအင် ထည့်လို့မရတော့ဘူး”

……………………….

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ ထွက်မပြေးတော့တာလဲ” ချင်သဲ့က လှောင်ပြောင်လိုက်၏။

စီးဝူယာ့က မျက်ခုံးပင့်ကာ လက်နောက်ပစ်လျက် ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူ ဖြစ်ချင်တာ သေချာပြီလား”

“ငါ့ဆီမှာ ရွေးချယ်စရာ မရှိဘူး။ မင်းဆရာကြောင့်သာ မဟုတ်ရင် ငါ ဒီလိုအခြေအနေ အဆုံးသတ်သွားမှာမဟုတ်ဘူး။ မစိုးရိမ်နဲ့ မင်းကို မသတ်ပါဘူး” ချင်သဲ့က ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ကို မသတ်ရဲရုံတင်မကဘဲနဲ့ ကျုပ်ကို ထိရဲမှာ မဟုတ်ဘူး” စီးဝူယာ့က ခန်းမထဲတွင် ရှိနေသည့် လူများအား လှည့်ကြည့်လိုက်ပြီး သူတို့အား လှုပ်ရှားဖို့ ခွင့်မပြုကြောင်း ညွှန်ပြနေလေ၏။

ထို့နောက် စီးဝူယာ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေပြီး သူ့အကြည့်တို့က တောက်ပနေလေ၏။ ထို့နောက် သူက သင်္ကေတခန်းမထဲ ထပ်မံ ကြည့်လိုက်သည်။ မှောင်မဲနေသည့် ကောင်းကင်ယံကြောင့် အထဲကို မြင်တွေ့ဖို့ရာ မဖြစ်နိုင်ပေ။

တခြားတစ်ဖက်တွင် ချင်သဲ့က စီးဝူယာ့၏ စကားများကြားသည့်အခါ အံ့အားသင့်သွားလေ၏။

တစ်ချိန်တည်းဆိုသလို စီးဝူယာ့က သင်္ကေတခန်းမ အဝင်ဝဆီ လျှောက်လှမ်းသွားလိုက်သည်။ သူ့အရှိန်က အေးအေးဆေးဆေး သက်သက်သာသာ ဖြစ်နေလေ၏။ တစ်လအကြာတွင် တိတ်ဆိတ်မှုက အဖြူရောင်မျှော်စင်ထဲ ကြီးစိုးသွားလေ၏။

ယဲ့ထျန်းရှင်းက အော်ပြောလိုက်သည်။

“ချီရှစ်တိ မစိုးရိမ်ပါနဲ့”

စီးဝူယာ့က အတော်လေး ယုံကြည်ချက်ရှိနေဟန်ပေါ်သည်။

ယဲ့ထျန်းရှင်းက စီးဝူယာ့သည် ကိုင်တွယ်ဖြေရှင်းရာ၌ မည်မျှပင် ဉာဏ်ထက်ကြောင်း သိထားလေ၏။ သို့သော်လည်း ဤတစ်ကြိမ်က သူ့အစီအစဉ်များက မည်သို့ပင် ပြောင်မြောက်စေကာမူ အကြွင်းမဲ့အင်အားရှေ့၌ အသုံးမဝင်ပေ။ တစ်ဖက်သူက မွေးဖွားဇယားချပ် ၁၇ခု ကျင့်ကြံသူဖြစ်၏။

ချင်သဲ့က လှောင်ပြောင်ကာ ပြောလိုက်သည်။

“လူငယ်လေး ငါ လှည့်ကွက်တွေနဲ့ ကစားနေတုန်းက မင်းတောင် မမွေးသေးဘူး”

ချင်သဲ့က သူ့ညာဖက်လက်ဖြင့် ကနဦးချီကို အသက်သွင်းလိုက်သည်။

စီးဝူယာ့က ဆက်လက်လျှောက်လှမ်းသွားလေ၏။ သူက အဝင်ဝနှင့် ဆယ်မီတာခန့်သာ ကွာဝေးတော့သည့်အချိန် နှင်းဖြူရောင်မြေကြီးက သူ့အောက်ပိုင်းကို ပုံရိပ်ယောင်ထပ်နေလေသည်။

ချင်သဲ့က လှုပ်ရှားတော့မည့်ဆဲဆဲတွင် စီးဝူယာ့၏ မျက်ဝန်းအထက် အနီရောင်အလင်းတန်း ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။

“ဟမ်” ထိုအလင်းတန်းက သာမန်မဟုတ်ပေ။ ထိုအရာက တောက်လောင်နေသည့် အလင်းတန်းသဖွယ် ဖြစ်၏။ ထူးဆန်းလှစွာ ချင်သဲ့က ထိုအနီရောင်အလင်းတန်းကို မြင်သည့်အခါ တုံ့ဆိုင်းသွားလေ၏။ တစ်ချိန်တည်းဆိုသလို သူ့နှလုံးသားထဲ အဆိုးမြင်ခံစားချက်တို့ ကြီးစိုးလာလေသည်။

ထိုစဉ် စီးဝူယာ့၏ ကျောဖက် ဒေါင်းမြီးယပ်တောင် ကျရောက်လာသည်။

ဝှစ်

ထို့နောက် ပေတစ်ရာရှိသည့် တောင်ပံတစ်စုံက ခန်းမ၏ အဝင်ဝကို ပိတ်ဆို့လိုက်လေသည်။

စီးဝူယာ့၏ အမူအရာက နဂိုအတိုင်းရှိကာ အသံက ယုံကြည်ချက်ရှိပြီး မေးလိုက်သည်။

“ခင်ဗျား လုပ်ရဲလား”

စီးဝူယာ့၏ စကားက ချင်သဲ့အား နောက်တစ်လှမ်းဆုတ်သွားစေသည်။ ထို့နောက် မျက်လုံးအပြူးသားဖြင့် ပြောလိုက်၏။

“မဖြစ်နိုင်ဘူး။ သူက ဟိုးကတည်းက သေသွားပြီးပြီ”

ထို့နောက် ချင်သဲ့က သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။ သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားလေ၏။ သူက ထိုအရာကို ထိုးဖောက်မြင်ရဖို့ ကြိုးစားနေဟန်ပေါ်သည်။

ထို့နောက် သူက ဒေါသတကြီး ပြောလိုက်၏။

“ဟန်ဆောင်ရဲတယ်လား။ ဘာဖြစ်ဖြစ် မင်းကို ဖမ်းမှာ”

ဝှစ်

ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာကာ ပင်မခန်းမထဲ ရောက်ရှိလာသည်။

စီးဝူယာ့က တောင်ပံခတ်လိုက်သည့်အချိန် ရွှေရောင်အပ်ထောင်ချီကို ပစ်ခတ်လိုက်၏။

ဘန်း ဘန်း ဘန်း

ရွှေရောင်အပ်များစွာက ချင်သဲ့၏ ခန္ဓာကိုယ်ဆီ ခန္ဓာကိုယ်ဆီ အထိအခိုက်မရှိ ကျရောက်လာသည်။

ချင်သဲ့က အောက်ကျလာသည့်အခါ ယဲ့ထျန်းရှင်း၊ နဉ်ဝမ်ချင်းနှင့် ပိရှောတို့က လက်ဝါးစည်းတံဆိပ်ကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။

ဘန်း

အဖြူရောင်မျှော်စင်က အနည်းငယ် တုန်ခါသွားလေ၏။

ချင်သဲ့က မလှုပ်မယှက်ကျန်ရှိနေဆဲဖြစ်သည်။

သုံးဦးသားက သူတို့၏ သွေးနှင့်ချီကို ထုတ်ဖော်လိုက်ကြသည်။

အဖြူရောင်မျှော်စင်အဖွဲ့သားများ၏ ကျင့်ကြံဆင့်က ချင်သဲ့ ထင်ထားသည်ထက် ပိုမိုမြင့်မားနေလေ၏။ သူတို့၏ လက်ဝါးချက်က သူသည် တစ်ဖက်သူကို လျှော့တွက်မိကြောင်း ပြသနေသည်။

ချင်သဲ့က စီးဝူယာ့ကို ကြည့်ပြီး စီးဝူယာ့က တန်ပြန်သက်ရောက်မှုကနေ အထိအခိုက်မရှိ ကျန်ရှိနေကာ ဆုံးဖြတ်ဖို့ ကြည့်လိုက်သည်။ သူက စီးဝူယာ့ကို မသတ်လိုပေ။ သူက စီးဝူယာ့ကို ဓားစာခံအဖြစ် ဖမ်းဆီးလိုခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူက အပြုံးဖြင့် ပြောလိုက်သည်။

“မင်း ငါနဲ့ လိုက်မလာရင် သူတို့ကို သတ်ပစ်မယ်”

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်သည်။

ဝှစ်

ထိုစဉ် အဖြူရောင်မျှော်စင်အဖွဲ့အစည်းပေါ်ရှိ တာအိုသင်္ကေတသုံးသောင်းကျော်က ရုတ်ခြည်းဆိုသလို တစ်ခုပြီးတစ်ခု လင်းလက်လာလေ၏။

ချင်သဲ့က မော့ကြည့်လိုက်သည်။ ထိုစဉ် အပြာဝတ်အမျိုးသမီးတစ်ဦးက ကောင်းကင်ယံမှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

“နောက်ထပ် ကိုယ့်သေတွင်းကိုယ် တူးနေတဲ့လူ တစ်ယောက်ပဲ”

ချင်သဲ့က လက်ကိုတွန်းလိုက်ပြီး လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုအမျိုးသမီးက လက်ဝါးစည်းတံဆိပ်ကြောင့် သေဆုံးသွားခြင်း မရှိလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

လက်ဝါးစည်းတံဆိပ်က ကောင်းကင်ဆီ မြင့်တက်လာပြီး ဆက်လက်တောက်ပနေဆဲသာ ဖြစ်၏။

ဂီး

ထို့နောက် ကောင်းကင်ယံထဲ နားကွဲလုမတတ် အော်သံထွက်ပေါ်လာလေသည်။ အသံလှိုင်းက လက်ဝါးစည်းတံဆိပ်ကို ချက်ချင်းဆိုသလို ဖျက်ဆီးပစ်လိုက်၏။

ချင်သဲ့က တုန်လှုပ်သွားလေသည်။ သူက မော့ကြည့်လိုက်သည့်အခါ အနီရောင်ခက်ထန်သားရဲက သူ့ဆီ ပျံသန်းထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုအရာ၏ ခန္ဓာကိုယ်က ကြက်တစ်ကောင်သဖွယ်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်စွမ်းအားများ ထုတ်လွှတ်နေလေ၏။

ချင်သဲ့က လက်ကို မြှောက်လိုက်သည်။

ဝုန်း

ချင်သဲ့က လွင့်စဉ်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ ထို့နောက် သူက နှင်းမြေကြီးအပေါ် လဲကျသွားလေသည်။

ထို့နောက် အဖြူရောင်မြေကြီးပေါ် အနီရောင်သွေးစက်များကို မြင်တွေ့နိုင်သည်။

တစ်ချိန်တည်းဆိုသလို အနီရောင်ငှက်ကလည်း မြေကြီးပေါ် ဆင်းသက်လာလေ၏။ ထို့နောက် အပြာဝတ်အမျိုးသမီးက အနီရောင်ငှက်၏ ကျောပေါ် ကျရောက်လာသည်။

“သခင်ရဲ့ အမိန့်က အဖြူရောင်မျှော်စင်ကို ကျူးကျော်တဲ့သူအားလုံးကို သက်ညှာခြင်းမရှိ သတ်ပစ်ရမယ်တဲ့”

သင်္ကေတခန်းမထဲတွင်ရှိသည့်သူအားလုံးက ချက်ချင်းဆိုသလို ကြောင်အမ်းသွားကြသည်။ ခေတ္တကြာမြင့်ပြီးသည့်နောက်တွင် သူတို့က အကူရောက်လာကြောင်း သဘောပေါက်သွားကြ၏။ ထို့နောက် သူတို့က တစ်ဦးပြီးတစ်ဦးဆိုသလို ပြေးထွက်သွားကြသည်။

ယဲ့ထျန်းရှင်းနှင့် စီးဝူယာ့တို့က အနီရောင်ခက်ထန်သားရဲကို ကြည့်လိုက်ကြသည်။ သူတို့မြင်တွေ့ဖူးသည့် ခက်ထန်သားရဲများနှင့် ယှဉ်ပါက ထိုအရာသည် သိပ်မကြီးမားလှပေ။ ထိုအရာက လူသားအရွယ်အစားမျှသာ ရှိပြီး ငှက်မွှေးများက နူးညံ့ကာ အလင်းရောင်အဖြစ် တောက်ပနေလေ၏။

စီးဝူယာ့က လွဲ၍ အဖြူရောင်မျှော်စင်အဖွဲ့သားများက ထိုခက်ထန်သားရဲကို ချက်ချင်းမှတ်မိကြသည်။

“ငြိမ်းချမ်းရေး နတ်သားရဲ”

“တကယ်ကို အားကောင်းတဲ့ မဟာလေဟာနယ်စွမ်းအားပဲ”

All Chapters