အခန်း (၁၂၉၇-၁၂၉၉)
Vol. 87 Ch. 1297-1299
အခန်း (၁၂၉၇) ထာဝရသေဆုံးခြင်း
ဤနေရာတွင် ရှိနေသူများသည် နတ်သားရဲများအကြောင်း နားလည်သူမရှိ။ ရှင်းရှင်းလင်းလင်း မသိကြပေ။ သူတို့သည် ဗဟုသုတအနည်းအကျဉ်းနှင့် အလိုလိုသိစိတ်ကိုသာ အားကိုးလျက် အကဲဖြတ်ကြရ၏။
နတ်ငှက်သည် ခေါင်းကိုမော့ ရင်ကိုကော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလျက် ၎င်း၏ ရိုက်ချက်တစ်ချက်တည်းဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည့် ချင်သဲ့ကို စိုက်ကြည့်နေသည်။
အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အလုံးစုံခွန်အားက အားမနည်းပေ။ မွေးဖွားဇယားချပ် ၈ခုရှိသည့် စီရင်သူများနှင့် မွေးဖွားဇယားချပ် ၉ခုနှင့် ၁၀ခုရှိသည့် အကြီးအကဲများရှိနေသည်။ သို့သော်ငြား ချင်သဲ့၏မွေးဖွားဇယားချပ် ၁၇ခုနှင့်ယှဉ်လျှင် သူတို့က အတော်လေးသနားစရာကောင်းလှပေ၏။ သို့သော်ငြား မွေးဖွားဇယားချပ်၁၇ခုနှင့် ပညာရှင်တောင် ငှက်မှ ရိုက်ချက်ကို ခံနိုင်ရည်မရှိပေ။ သူက တန်ပြန်နိုင်ရန် အခွင့်အရေးတောင်မရခဲ့။ ယင်းက ခမ်းနားထည်ဝါသည့်တိုက်ပွဲမဟုတ် စွမ်းအင်ပြသမှုလည်းမဟုတ်သလို အလုံးစုံခွန်အားပြသခြင်းသာဖြစ်၏။ သူက မြေပြင်ပေါ် တန်းတန်းမတ်မတ်ပြုတ်ကျသွားတော့သည်။
လူတိုင်းကြက်သေသေသွားတော့၏။ “ဒီဟာက အကောင်ကြီးတွေရဲ့တိုက်ခိုက်မှုပုံစံလား။ ရိုးရှင်းပြီး ရှင်းလင်းသည့်တိုက်ခိုက်မှုတွေပဲလား။ နင်ဝမ်ချင်းက မမြင်နိုင်သော်ငြား သူ၏သာလွန်သော အကြားအာရုံဖြင့် အခြေအနေကိုမှန်းဆနိုင်သည်။ လူတိုင်း၏နှလုံးခုန်နှုန်းက ယခုအချိန်တွင် ပြေလျော့သွားပုံပေါ်ကာ အသက်ရှုနှုန်းက ချောမွေ့လာလေ၏။ သူသည် ပိန်ညင်းနတ်ငှက်၏ မဟာလေဟာနယ်စွမ်းအင်နှင့် ကနဦးချီအတက်အကျကိုလည်း ခံစားကြားနိုင်ပုံပေါ်၏။
ပိန်ညင်းနတ်ငှက်ပေါ်တွင်ရပ်နေသည့် အမျိုးသမီးက ခုန်ဆင်းလာပြီး လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်၏။ “အားလုံးအဆင်ပြေလား”
ယဲ့ထျန်းရှင်းက မေးလိုက်သည်။ “မျှော်စင်သခင်လန်က ဒီလွှတ်လိုက်တာလား”
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်လိုက်၏။
“မဟာလေဟာနယ်ကို ပြန်ရောက်သွားပြီး သူက ကျွန်မကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို စောင့်ကြည့်ခိုင်းထားတာ”
“...”
သူတို့ပျော်သင့်သလား စိုးရိမ်သင့်သလား မသိတော့ပေ။ ထိုကဲ့သို့ အစွမ်းထက်သည့်သူက စောင့်ကြည့်နေသည့်အတွက် ပျော်ရွှင်သင့်သော်ငြား တစ်ချိန်တည်းတွင် တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေသည့်အခြေအနေက သူတို့ကို စိတ်မသက်မသာဖြစ်စေ၏။
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ချင်သဲ့ဆီ လျှောက်လာကာ မေးလိုက်တော့သည်။ “မင်း ဘယ်သူလဲ”
ချင်သဲ့က မြေပြင်ပေါ်တွင် လဲကျနေကာ ချောင်းဟန့်လိုက်သည်။ သူက သူ့ကို လုပ်ခဲ့သည့်သူ မည်သူမည်ဝါကို သိရန်ခေါင်းမော့ဖို့ ကြိုးစားလိုက်သည်။ နောက်ဆုံးတော့ သူကြည့်မိချိန်၌ အော်ပြောလိုက်သည်။ "ပိန်ညင်းနတ်ငှက်လား”
ပိန်ညင်းနတ်ငှက်သည် ချင်သဲ့ကို တုံ့ပြန်သည့်ပမာ အတော်လေး စူးရှစွာအော်လိုက်၏။ သူက အသိဉာဏ်ရှိသည်။ ၎င်းက လူသားများတွင်ရှိသည့် လေးစားရိုသေမှုကို နှစ်ခြိုက်ခံစားနေသည်။
ထိုစဉ် ယဲ့ထျန်းရှင်းက အရင်ဆုံးပြောလိုက်တော့သည်။
“သူက အစိမ်းရောင်ကြာမျိုးနွယ်က ပထမအကြီးအကဲ ချင်သဲ့။ သူ့မှာ မွေးဖွားဇယားချပ် ၁၇ခုရှိတယ်။ သူ ရုတ်တရက် လှုပ်ရှားလာစိုးရိမ်ရတာကြောင့် ဝေးဝေးနေပါ” ပိရှောက ကျန်သည့်သူများကို သတိပေးလိုက်၏။ လူတိုင်း နောက်ဆုတ်လိုက်ကြသည်။
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ပိန်ညင်းနတ်ငှက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“သူက မင်းဟာပဲ” ထိုစကားများကို ကြားသောအခါ ပိန်ညင်းနတ်ငှက်က ပျော်ရွှင်စွာပြေးသွား၏။
ချင်သဲ့က မျက်လုံးအပြူးသားဖြစ်နေကာ ဆက်တိုက်ရေရွတ်ပြောနေတော့သည်။ “မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး”
ချင်သဲ့၏ရှင်သန်လိုစိတ်က ယခုအချိန်တွင် ပေါ်ပေါက်လာသည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော်ငြား သူသည် ငှက်ကို လက်ဝါးစည်းတံဆိပ် တစ်ဒါဇင်ခန့်ဖြင့် ရိုက်နှက်လိုက်၏။
ပိန်ညင်းနတ်ငှက်က ထိခိုက်ဒဏ်ရာမရပေ။ တိုက်ခိုက်မှုက ၎င်း၏ငှက်မွေးကိုတောင် မကျွတ်စေပေ။ ယင်းက ရှေ့သို့ဆက်ပြေးသွားလိုက်သည်။ ချင်သဲ့ရှေ့သို့ ရောက်သောအခါ ၎င်း၏ရှည်လျားစူးရှသည့် နှုတ်သီးဖြင့် ထိုးစိုက်လိုက်၏။
ချင်သဲ့က ငှက်ကို ခုခံရန် ကြယ်တာရာဒိုင်ခွက်ကို အမြန်ဖွဲ့တည်လိုက်သည်။
ဘန်း
ချင်သဲ့က အသဲခိုက်ဖွယ်နာကျင်မှုဖြင့် စူးရှစွာအော်လိုက်သည်။
ပိန်ညင်းနတ်ငှက်၏နှုတ်သီးက ချိတ်ကဲ့သို့ ကောက်နေကာ ဓားသွားကဲ့သို့ ထက်မြေ့၏။ မမျှော်လင့်ထားမှု မရှိဘဲ ၎င်း၏နှုတ်သီးက ချင်သဲ့၏ကြယ်တာရာဒိုင်ခွက်ကို ထိုးဖောက်သွားတော့သည်။ ၎င်းက အောက်သို့ဆက်တွန်းသွားလျက် သူ၏ရင်ဘတ်ကို ဖောက်ကာ နှလုံးထိရောက်သွား၏။ ပြီးနောက် ခေါင်းမော့ကာ ချင်သဲ့၏နှလုံးကို ဝါးမျိုလိုက်တော့သည်။
ဂလု
ပိန်ညင်းနတ်ငှက်က နှလုံးကို အစာအိမ်အထိရောက်အောင် မျိုချလိုက်သည်မှာ စွန်ပလွန်သီးကို မျိုချလိုက်သလိုပင်။
ပြီးနောက် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်တစ်ခုက ပေါ်လာပြီး ပျောက်ကွယ်သွားကာ ချင်သဲ့သည် မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားကြောင်း ညွှန်ပြနေ၏။
လူသားကျင့်ကြံသူတစ်ဦးသည် သတ်မှတ်ထားသောနယ်ပယ်သို့ ရောက်လျှင် သူတို့နှလုံးကို ဆုံးရှုံးသွားလျှင်တောင် ချက်ချင်းမသေဆုံးပေ။ မှန်ကန်သည့်နည်းလမ်းကို သိသရွေ့ဆက်လက်ရှင်သန်နိုင်၏။ ဥပမာအနေဖြင့် နှလုံးအစားထိုးခြင်းကဲ့သို့ လျှို့ဝှက်နည်းစနစ်များ၊ သွေးစတေးခြင်းများ၊ မိမိ၏အသက်ကို ထိန်းထားနိုင်သည့် ကပ်ပါးနည်းစနစ်များ စသည်တို့ရှိသည်။ အသက်ရှင်နေထိုင်ရန် နှလုံးကို အားကိုးစရာမလိုသည့် ဟင်းလင်ပြင်ရင်ဘတ်မျိုးနွယ်ကဲ့သို့ ထူးခြားသော မျိုးစိတ်တချို့လည်းရှိ၏။
ချင်သဲ့၏နှလုံးမှ သွေးများပန်းထွက်လာကာ မျက်နှာကို စင်သွားကာ ၎င်းသည် ပိန်ညင်းနတ်ငှက်၏ လည်ချောင်းထဲ ပျောက်ကွယ်သွားလေ၏။ သူ၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နေကာ အော်ပြောလိုက်တော့သည်။ “ထွက်သွား”
သေရေးရှင်ရေးအခြေအနေ၌ ချင်သဲ့သည် သူ၏မွေးဖွားဇယားချပ် ၁၆ခုစွမ်းအားကို ထုတ်သုံးလိုက်သည်။
ပြင်းထန်သော စွမ်းအင်လှိုင်းများပေါ်ထွက်လာပြီး ကျန်သည့်သူများအား သူတို့၏ ကြယ်တာရာဒိုင်ခွက်ထုတ်သုံးရန် ဖိအားပေးနေတော့သည်။
ဝှစ်
ထူးဆန်းသည်မှာ သူတို့သည် စွမ်းအင်လှိုင်းကြောင့် သက်ရောက်မခံရတာ ရှာတွေ့သွား၏။ ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည်။ သူတို့က ပိန်ညင်းနတ်ငှက်၏ကြေးသွေးရောင် တောင်ပံတစ်စုံသည် ထိုးဖောက်၍မရသော မြို့ရိုးတစ်ခုပမာ ရပ်နေလျက် ထိုက်တောင်တန်းပမာ စွမ်းအင်လှိုင်းကို ကာကွယ်ပေးထားကို တွေ့လိုက်ရသည်။
ပိန်ညင်းနတ်ငှက်၏ ကြေးသွေးငှက်မွေးများက သူတို့အပေါ် အဖြူရောင်နှင်းများပေါ်တွင် ရောင်ပြန်ဟပ်နေချိန်တွင် တောက်ပနေလေ၏။ တောက်ပနေသည့်ပတ္တမြားနှင့်တူနေတော့သည်။
ဝှစ်
ပိန်ညင်းနတ်ငှက်က အတောင်ပံကိုဖြန့်လိုက်တော့သည်။
မဟာလေဟာနယ်စွမ်းအင်ကို ၎င်းတို့အာရုံခံမိသည့်ပမာ သူ၏တိုက်ခိုက်မှုကို မမြင်သလို တောင်ပံကိုဖြန့်လိုက်ချိန်တွင်လည်း ခမ်းနားထည်ဝါသောသွင်ပြင်ကို မမြင်ခဲ့လျှင် သူတို့ရှေ့တွင်ရှိ ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်က နတ်သားရဲတစ်ကောင်ဖြစ်လိမ့်မည်ဟု သူတို့ခန့်မှန်းမိမှာမဟုတ်ပေ။ သို့သော် ထိုအပြုအမူများအားလုံးသည် ၎င်းက အစစ်အမှန်နတ်သားရဲဖြစ်ကြောင်း ညွှန်ပြနေ၏။
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ပြုံးလျက်ပြောလိုက်သည်။
“သခင်ကိုယ်တိုင် ဒီလာဖို့အဆင်မပြေတာကြောင့် ဒီနေရာဆီ နတ်သားရဲ စီးလာဖို့အမိန့်ပေးလိုက်တာ။ မကြောက်ပါနဲ့။ သူက သခင်ကိုနာခံပါတယ်”
လူတိုင်းက ခေါင်းညိတ်လိုက်၏။
ပိရှောက ပြောလိုက်သည်။
“တကယ်မယုံနိုင်စရာကောင်းတယ်။ ဒီလောက် သေးသေးလေးနဲ့”
“မင်း မှားသွားပြီ” ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ပြောလိုက်သည်။ "နတ်သားရဲတွေက ဆန္ဒရှိသလို သူတို့အရွယ်အစားကို ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ မဟာလေဟာနယ်ထဲမှာ သူတို့ကို ကန့်သတ်ထားတဲ့စည်းမျဉ်းတွေ ရှိတယ်”
စီးဝူယာ့က သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။ “မဟာလေဟာနယ်က ဘယ်မှာလဲ”
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်သည် စီးဝူယာ့က ဖြေရှင်းဖို့ခက်ခဲမှန်း သိနေသောကြောင့် ဆင်ခြေတစ်ခုပေးလိုက်၏။
“အခုအချိန်တော့ မဟာလေဟာနယ်က မင်းနဲ့အလှမ်းဝေးသေးတယ်။ သိတာနည်းလေလေ ပိုဘေးကင်းလေပဲ”
“ကျုပ် နားမလည်ဘူး။ မျှော်စင်သခင်လန်က မဟာလေဟာနယ်ကပဲ။ ဒါပေမဲ့ သူက အဖြူရောင်မျှော်စင်ရဲ့ မျှော်စင်သခင်ဖြစ်လာတယ်” စီးဝူယာ့က ဖိပြောလိုက်၏။
“ငါက လက်ထောက်တစ်ယောက်ပဲ။ ဒီတော့ ငါ မသိတဲ့ကိစ္စတွေများတယ်”
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ပြောလိုက်သည်။
စီးဝူယာ့က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ အမျိုးသမီးလက်ထောက်ဆီမှာ သတင်းအချက်အလက်များ တူးထုတ်ရန် ခက်ခဲမှန်း သူ သိလိုက်သည်။
တချိန်တည်းတွင် ချင်သဲ့က ပိန်ညင်းနတ်ငှက်၏ခွန်အားကြောင့် လက်လျှော့သွားပြီဖြစ်သည်။ သူ မလှုပ်နိုင်တော့ပေ။ သူ၏မွေးဖွားဇယားချပ် ၁၆ခုစွမ်းအားကို အသုံးပြုလျှင်တောင် ငှက်ကို လှုပ်ခါအောင်မလုပ်နိုင်ပေ။
ယခုအချိန်၌ ပိန်ညင်းနတ်ငှက်၏နှုတ်သီးက ရုတ်တရက်မြင့်တက်လာပြီး ချင်သဲ့၏ရင်ဘတ်ကို ထပ်မံ ထိုးဖောက်သွားပြန်သည်။ သူ၏အမြင်တွင် ချင်သဲ့က မြေပြင်ပေါ်ရှိ ပိုးကောင်တစ်ကောင်မျှသာ ဖြစ်နေသည်။ ၎င်းက ယန္တာရားပမာ အမိန့်ကိုသာနာခံလျက် သက်ညှာမှုမရှိတိုက်ခိုက်လေ၏။
ချင်သဲ့၏မွေးဖွားဇယားချပ် တစ်ခုပြီးတစ်ခုဖျက်ဆီးခံလိုက်ရသည်။
တိုက်ခိုက်တော့မည့် ကနဦးချီမုန်တိုင်းကလည်း ပိန်ညင်းနတ်ငှက်၏လည်ပင်းထဲ စုပ်ယူခံလိုက်ရပြီး ၎င်း၏အစာအိမ်ထဲရောက်သွားသည်။
ချင်သဲ့ကနောက်ဆုံး၌ မခုခံနိုင်တော့ပေ။ သူ စတင်ရယ်မောလိုက်၏။ သူ၏ရယ်မောသံ၌ ဝမ်းနည်းမှုနှင့် ရူးသွပ်မှုတို့ ရောထွေးနေသည်။
“မဟာလေဟာနယ် ဘယ်လောက်ကြီးမြတ်သလဲ”
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က မျက်မှောင်ကျုံ့လိုက်၏။
“ရှင် ဘာရယ်နေတာလဲ”
“ကျုပ်က ကြိုးစားပမ်းစားကျင့်ကြံပြီး ရှင်သန်ဖို့အတွက် ကြိုးစားခဲ့တယ်။ ကျုပ်ရဲ့လမ်းကြောင်းမှာရှိတဲ့ အတားအဆီးအားလုံးကို ဖယ်ရှားခဲ့တာ” ချင်သဲ့သည် ပြောနေစဉ် သူ၏ရင်ဘတ်မှ သွေးများပန်းထွက်လာ၏။ “ဒါပေမဲ့ မင်းရဲ့ရှေ့မှာ ကျုပ်က ပိုးကောင်လေးတွေနဲ့ မခြားဘူး။ ရယ်စရာမကောင်းဘူးလား”
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ခေါင်းခါလိုက်၏။ “ရှင် သေမင်းခံတွင်းဝရောက်နေပြီ။ ဒါပေမဲ့ နောင်တမရသေးဘဲကိုး”
ချင်သဲ့က သွေးသံရဲရဲကြား ဆက်လက်ရယ်မောလိုက်၏။
“မင်းတို့အားလုံးက ကြောင်သူတော်တွေပဲ။ ဘယ်လောက်တောင် ယုတ္တိမတန်လောက်သလဲလို့”
သေခါနီးအချိန်တွင် ထိုလူ၏စကားများက မကြင်နာလောက်။
အတွေးတစ်ချက်ဖြင့် ချင်သဲ့က ဆက်ပြောလိုက်၏။
“မင်းတို့အားလုံးက ကိုယ်ကိုကိုယ် မိုးနဲ့မြေရဲ့သခင်လို့ ထင်နေကြတာ။ တားမြစ်ကျင့်ကြံခြင်းမြေတစ်ခု တည်ဆောက်ပြီး အပြင်လူတွေကို ခြိမ်းခြောက်ခဲ့တယ်။ ဒါပေမဲ့ မြင့်မားတဲ့ပလင်ထက်မှာ တစ်ယောက်တည်းထိုင်နေပြီး လူသားတွေနဲ့ ကြမ်းတန်းခက်ထန်သားရဲတွေကြားထဲ တိုက်ခိုက်မှုကို ဖျော်ဖြေမှုလို့ မှတ်ယူနေတာ မင်းတို့အားလုံးက မောက်မာထောင်လွှားလွန်းတယ်”
...
အခန်း (၁၂၉၈) နောက်ဆက်တွဲကို ဖြေရှင်းခြင်း
ချင်သဲ့၏ မျက်ဝန်းများက သွေးဆာနေလေသည်။ ထို့နောက် သူ့ဒွာရ ၇ပေါက်မှ သွေးများစီးကျလာသည်။
“ငါသာ လုံလုံလောက်လောက် အားကောင်းရင် မင်းတို့အားလုံးကို သတ်ပစ်မှာ။ မင်းတစ်ယောက်ထဲကပဲ ထိပ်ဆုံးမှာ ရပ်တည်မယ်လို့ ဘယ်သူကများ ဆုံးဖြတ်ထားလို့လဲ။ မင်းတို့ကို ကျိန်စာတိုက်တယ်။ မင်းတို့အားလုံး ဆိုးဆိုးရွားရွား သေရပါစေလို့ ကျိန်စာတိုက်တယ်”
ထိုစဉ် ငြိမ်းချမ်းရေးနတ်သားရဲက စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ချင်သဲ့၏ ရင်ဘတ်ကို ထိုးဖောက်ကာ သူ့နောက်ဆုံးသော ထွက်သက်ကို ယူဆောင်သွားခဲ့သည်။ သူ့ပါးစပ်က ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသော်လည်း အသံထွက်မလာတော့ပေ။ တစ်ချိန်တည်းဆိုသလို သူ့မျက်လုံးက ဖြည်းဖြည်းချင်း အာရုံစိုက်မှု ပျောက်ဆုံးသွားကာ အသက်မဲ့သွားလေ၏။ သူ မသေဆုံးခင် သေခြင်းတရားကို မြင်လိုက်ရသည်။
ဝုန်း
ချင်သဲ့က မြေပြင်ပေါ်လဲကျသွားပြီး သူ့ဦးခေါင်းက ဘေးဖက်သို့ ယိမ်းကျသွားလေ၏။ ထိုအခိုက်အတန့်၌ သူ့ထဲ အသက်မရှိတော့ပေ။
နှင်းဖြူရောင်မြေကြီးပေါ်၌ အနီရောင်သွေးများ စွန်းထင်းသွားလေသည်။ ထို့နောက် သွေးနံ့တို့က လေထုထဲ ပျံ့နှံ့လာပြီး တခြားသူများက အော်ဂလီဆန်လာစေသည်။
ထိုစဉ် ငြိမ်းချမ်းရေးနတ်သားရဲက ဘာမှမဖြစ်ပျက်သကဲ့သို့ အပြာဝတ်အမျိုးသမီးနား ပြန်လည်ရောက်ရှိလာလေ၏။
အပြာဝတ်အမျိုးသမီးက ချင်သဲ့၏ အလောင်းကို ကြည့်ကာ ပြောလိုက်သည်။
“ငြိမ်းချမ်းရေးနတ်သားရဲက ဒီနေရာမှာ ကြာကြာနေဖို့ အဆင်မပြေဘူး။ ပြီးတော့ ကျွန်မတို့ဆီမှာ အချိန်မရှိတော့ဘူးဆိုတော့ ကျန်တဲ့ကိစ္စကို ရှင်တို့ဘာသာ ရှင်တို့ ဖြေရှင်းလိုက်တော့။ ကျွန်မ သွားနှင့်မယ်”
အပြာဝတ်အမျိုးသမီးက ငြိမ်းချမ်းရေးနတ်သားရဲအပေါ် ခုန်တက်လိုက်ပြီးသည့်နောက်တွင် အဖြူရောင်မျှော်စင်အဖွဲ့သားများအားလုံးက ပြိုင်တူဦးညွှတ်လိုက်ကြသည်။
ငြိမ်းချမ်းရေးနတ်သားရဲက တောင်ပံကို ခတ်လိုက်၏။ သို့သော် ချက်ချင်းပျံသန်းထွက်ရမည့်အစား စီးဝူယာ့ဆီ ရောက်ရှိလာသည်။ ထို့နောက် ခေါင်းနှင့် နှုတ်သီးကို ငုံ့လာခဲ့သည်။
စီးဝူယာ့က နောက်တစ်လှမ်း ဆုတ်လိုက်ပြီး ငြိမ်းချမ်းရေးနတ်သားရဲကို သတိထားကာ ကြည့်လိုက်သည်။
အပြာဝတ်အမျိုးသမီးက ငြိမ်းချမ်းရေးနတ်သားရဲကို ခေါ်လိုက်၏။
“သွားကြစို့ အချိန်ဖြုန်းမနေနဲ့”
ငြိမ်းချမ်းရေးနတ်သားရဲက ခေါင်းညိတ်ပြီးသည့်နောက်တွင် တောင်ပံခတ်ကာ စီးဝူယာ့အား လွင့်စဉ်သွားစေသည်။
ထို့နောက် အားလုံးက ငြိမ်းချမ်းရေးနတ်သားရဲသည် တောင်ပံကို ခတ်ကာ ကောင်းကင်ဆီ လျှပ်စီးလိုအရှိန်ဖြင့် ပျံသန်းသွားသည်ကို ကြည့်နေလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်ကြား ပျောက်ကွယ်သွားလေသည်။
ထိုအရာ၏ အရှိန်က အံ့မခန်း မြန်ဆန်လှ၏။
တစ်ချိန်တည်းဆိုသလို အဖြူဝတ်ကျင့်ကြံသူနှစ်ဦးက စီးဝူယာ့အား ဖမ်းယူပေးလိုက်ကြသည်။ သူတို့က ခေါင်းမော့ကြည့်လိုက်သည့်အခါ ငြိမ်းချမ်းရေးနတ်သားရဲကို မမြင်ရတော့ပေ။
ယဲ့ထျန်းရှင်းက အပြုံးဖြင့် ပြောလိုက်၏။
“သူက မင်းကို စနေတာ”
စီးဝူယာ့က ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် ကောင်းကင်ယံမှ မရှိတော့ပေ။ သူ့အမူအရာက ရှုပ်ထွေးနေဆဲသာ ဖြစ်၏။
“ဒီသားရဲက မရိုးရှင်းဘူး”
အားလုံးက တိတ်ဆိတ်သွားကြသည်။ သူတို့က ငြိမ်းချမ်းရေးနတ်သားရဲသည် အတော်လေး ထူးဆန်းကြောင်း မြင်နိုင်၏။
နဉ်ဝမ်ချင်းကသာ မေးလိုက်သည်။
“သတ္တမသခင်လေးက ငှက်ရဲ့ ရန်လိုမှုအပေါ်ကို ပြောချင်တာလား”
စီးဝူယာ့က နဉ်ဝမ်ချင်းသည် သူ့စကားကို နားလည်သည့်အတွက် အနည်းငယ် အံ့အားသင့်မိသွားလေ၏။ သူက နဉ်ဝမ်ချင်းကို ကြည့်ကာ မေးလိုက်၏။
“ဘယ်လိုသိတာလဲ”
နဉ်ဝမ်ချင်းက ပြုံးကာ ပြောလိုက်၏။
“ကျုပ်က မျက်လုံးမမြင်ရပေမဲ့ တခြားအာရုံကောင်းတယ်လေ။ သူ့ရဲ့ ရန်လိုမှု ခံစားမိတယ်။ နတ်သားရဲအနေနဲ့ တစ်စုံတစ်ယောက်ကို သတ်ဖို့ဆိုတာ အရမ်းကို လွယ်ကူတယ်။ ဒါပေမဲ့ သူက ခင်ဗျားကို မသတ်ခဲ့ဘူး”
စီးဝူယာ့က ပြောလိုက်သည်။
“အဲဒါက သူ ကျုပ်ကို မသတ်ရဲလို့လေ”
“…”
တကယ်တော့ အဖြူရောင်မျှော်စင်အဖွဲ့သားများက စီးဝူယာ့၏ စကားများကို ကြားပြီးသည့်နောက်တွင် ပြောလိုသည့် စကားများစွာရှိလေသည်။ ထို့အပြင် သူက အတော်လေးကို ယုံကြည်ချက်ရှိနေလေ၏။
ထိုအရာက လူများအား မသက်မသာဖြစ်သွားစေသည်။ သို့သော်လည်း ကျင့်ကြံရေးလောက၌ အားကောင်းသူများကသာ အကြွင်းမဲ့ဖြစ်၏။ စွမ်းအားမရှိဘဲ သူတို့က အကျိုးအကြောင်း ဆင်ခြင်မှုရှိလျှင်ပင် အသုံးမဝင်ပေ။ ထို့ကြောင့် သူ့စကားကို မည်သူကမှ မချေပရဲဘဲ ခေါင်းညိတ်လိုက်ရ၏။
စီးဝူယာ့က ကောင်းကင်မှ အကြည့်လွှဲပြီး မြေကြီးပေါ်မှ အလောင်းကို ကြည့်လိုက်သည်။
“ရှင်းလိုက်တော့”
တပည့်များစွာက ထွက်လာလေ၏။
ထိုစဉ်
ဝှစ်
စွမ်းအင်ပဲ့တင်သံ ထွက်ပေါ်လာသည်။
အားလုံးက ခေါင်းမော့ကြည့်လိုက်စဉ် တစ်စုံတစ်ယောက်က သူတို့၏ မဟာနည်းစနစ်များကို ဆက်တိုက်ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း ထိုသူက အဖြူရောင်မျှော်စင်၌ ရောက်ရှိလာလေ၏။
“အထဲဝင် မြန်မြန်ဝင်” စီးဝူယာ့က ပြောလိုက်သည်။
အားလုံးက အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏။
ထိုစဉ် ကောင်းကင်ယံထဲတွင် ရှိနေသည့်ပုံရိပ်က အောက်ဆင်းသက်လာသည်။
“ကျုပ်က မျှော်နန်းသခင်လုရဲ့ မိတ်ဆွေပါ။ ဘာမှထိတ်ထိတ်ပျာပျာ ဖြစ်နေဖို့ မလိုဘူး”
စီးဝူယာ့က အနီးကပ်ကြည့်လိုက်စဉ် တအံ့တဩရေရွတ်လိုက်သည်။
“ခင်ဗျားပဲ”
ရောက်ရှိလာသည့်သူက အစိမ်းရောင်ကြာမျိုးနွယ်မှ ချင်၏ ဆရာသခင် ချင်ရန်ယွဲ့သာ ဖြစ်၏။ စီးဝူယာ့က အဆောင်ပုံရိပ်မှတဆင့် ထိုသူ့ကို မြင်တွေ့ခဲ့ဖူးသည်။
ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“မင်းကို မှတ်မိတယ်”
“ဆရာသခင်ချင်က သစ္စာဖောက်ကို လိုက်ဖမ်းတာလား” စီးဝူယာ့က မြေကြီးပေါ်မှ အလောင်းကို ကြည့်ကာ မေးလိုက်သည်။
“ငါ ကောင်းကင်သိုင်းကျောင်းတော်ဆီ ရောက်ခဲ့ပေမဲ့ ဘယ်သူမှ မတွေ့လို့လေ။ အဲဒါကြောင့် ဒီနေရာဆီ သင်္ကေတလမ်းကြောင်းသုံးပြီး ရောက်လာတာ” ချင်ရန်ယွဲ့က ပြောလိုက်သည်။ သူက စီးဝူယာ့၏ အကြည့်အတိုင်းလိုက်ကြည့်လိုက်သည့်အခါ ချင်သဲ့၏ အလောင်းကို မြင်လိုက်ရ၏။
“ချင်သဲ့က သေသွားပြီလား”
စီးဝူယာ့က ပြောလိုက်သည်။
“ခင်ဗျားရောက်တာ နောက်ကျလွန်းသွားတယ်”
ချင်ရန်ယွဲ့၏ အမူအရာက များစွာ ပြောင်းလဲသွားခြင်း မရှိသော်လည်း စိတ်ထဲ၌မူ အံ့အားသင့်နေမိသည်။ လုကျိုးကသာ မိစ္ဆာဝေဟင်မျှော်နန်းထဲ ကြောက်ဖို့ကောင်းသည့်သူတစ်ဦးဟု ထင်ခဲ့မိသည်။ တခြားပုန်းကွယ်နေသည့် ပညာရှင်များ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားပေ။ ချင်သဲ့ကို သတ်နိုင်ဖို့ရာအတွက် ပညာရှင်ကလည်း ဆရာသခင်တစ်ယောက် ဖြစ်ရလိမ့်မည်။
ချင်ရန်ယွဲ့က စီးဝူယာ့ကို သေချာအကဲခတ်လိုက်သော်လည်း သူ့ဆီမှ ဆရာသခင်တစ်ယောက်၏ အငွေ့အသက်ကို မခံစားမိပေ။ စီးဝူယာ့၏ ကျင့်ကြံဆင့်က သူ့ထက်မြင့်မားသည့်အတွက် စီးဝူယာ့၏ ကျင့်ကြံဆင့်ကို အာရုံမခံမိတာလားဟုပင် စဉ်းစားနေမိ၏။ သို့သော်လည်း ထိုအတွေးကို အလျင်အမြန် ဖယ်ရှားလိုက်သည်။
ချင်ရန်ယွဲ့က ပတ်ဝန်းကျင်ကို အကဲခတ်ကာ လေထုထဲမှ အတက်အကျလှိုင်းကို ခံစားလိုက်မိသည်။ ထိုအတက်အကျလှိုင်းက အားမကောင်းလှပေ။ တခြားနည်းဖြင့်ပြောရလျှင် ချင်သဲ့က ပြန်လည်တိုက်ခိုက်မှုပင် မလုပ်နိုင်ဘဲ သေဆုံးသွားရခြင်းဖြစ်၏။
ဆရာသခင်ကပင် ထိုသို့သော အရာမျိုးကို မလုပ်ဆောင်နိုင်ပေ။
ချင်ရန်ယွဲ့က မေးလိုက်၏။
“သူက ဘယ်လိုသေသွားတာလဲ”
စီးဝူယာ့က ချင်ရန်ယွဲ့၏ စိတ်ထဲမှ အတွေးကို သိထားလေသည်။ ထို့ကြောင့် အပြုံးဖြင့်သာ ပြန်ဖြေလိုက်၏။
“ဒါက ဆရာသခင်ချင် စိုးရိမ်ရမဲ့အရာ မဟုတ်ပါဘူး။ အခု ချင်သဲ့ရဲ့ သေဆုံးမှုကို ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ”
ချင်ရန်ယွဲ့က ပြန်လည်ပြောလိုက်သည်။
“သူက သေဖို့ထိုက်တန်တယ်”
ထိုစကားကိုကြားကာ အဖြူရောင်မျှော်စင်အဖွဲ့သားအားလုံးက စိတ်သက်သာရာရစွာ သက်ပြင်းချပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ထို့နောက် သူတို့က ချင်ရန်ယွဲ့ကို ပြိုင်တူနှုတ်ဆက်လိုက်ကြ၏။
“ဆရာသခင်ကို ဂါရဝပြုပါတယ်”
ချင်ရန်ယွဲ့က လူအုပ်ကြားရပ်နေသည့် ယဲ့ထျန်းရှင်းဆီ အကြည့်ကျရောက်လာသည်။ အဖြူရောင်ကို ဝတ်ဆင်ထားသည့်အတွက် သူမက သေမျိုးလောကနှင့် မသက်ဆိုင်သလို ခံစားနေရ၏။ သူက မေးလိုက်သည်။
“မင်းက”
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ လက်ရှိမျှော်စင်သခင် ယဲ့ထျန်းရှင်းပါ” ယဲ့ထျန်းရှင်းက ပြန်ဖြေလိုက်သည်။
နဉ်ဝမ်ချင်းက ထပ်ပြောလိုက်၏။
“သူမက မျှော်နန်းသခင်လုရဲ့ ၆ယောက်မြောက် တပည့်လေ”
ချင်ရန်ယွဲ့က ပြောလိုက်သည်။
“အစ်ကိုလုကို ပိုပြီးတော့ အားကျလာမိပြီ။ သူ့ဆီမှာ ထူးချွန်တဲ့ တပည့်တွေအများကြီး ရှိနေတာပဲ”
ယခင်က ချင်ရန်ယွဲ့သည် လုကျိုး အမည်မသိကုန်းမြေဆီ ခေါ်ဆောင်လာသည့် တပည့်များကိုသာ တွေ့ဆုံခဲ့ဖူးသည်။ သူတို့အားလုံးက ထူးကဲလွန်းလှ၏။ အဖြူရောင်ကြာနယ်မြေထဲတွင်လည်း တစ်ယောက်ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
“ဆရာသခင်ချင်က ချီးကျူးလွန်းနေပါပြီ”
“တကယ်သိချင်တာ ချင်သဲ့ကို ဘယ်လိုသတ်လိုက်တာလဲ။ ချင်ရန်ယွဲ့က ထပ်မေးလိုက်သည်။ သူက တစ်စုံတစ်ခု လိုအပ်နေကြောင်း ခံစားမိသော်လည်း ဘာမှမဖြစ်နိုင်ပေ။
ထိုစဉ် စီးဝူယာ့က သူ့ခါးမှ အဆောင်၏ လှုပ်ရှားမှုကို ခံစားမိ၍ အလျင်အမြန် အသက်သွင်းလိုက်သည်။
ထို့နောက် အားလုံး၏ မြင်ကွင်းရှေ့ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“မျှော်နန်းသခင်လုကို ဂါရဝပြုပါတယ်”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ဆရာသခင်ချင် ဒီကိစ္စက နောက်ဆုံးတော့ အဆုံးသတ်သွားပြီဆိုတော့ အဲဒီမှာ ကြာကြာနေလို့မဖြစ်ဘူး”
ချင်ရန်ယွဲ့က နေရခက်စွာပြုံးပြီး ပြောလိုက်သည်။
“ချင်သဲ့က ချင်မျိုးနွယ်ရဲ့ အကြီးအကဲလေ။ သူက အမှားလုပ်ခဲ့မှတော့ ကျုပ်က တာဝန်ယူရမှာပေါ့။ ဒါက မင်းတို့အားလုံးအတွက် လျော်ကြေး”
ထို့နောက် ချင်ရန်ယွဲ့က လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်နှင့် လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်ကို ထုတ်ကာ ပေးလိုက်သည်။
စီးဝူယာ့က ထိုအရာကို ဖမ်းယူပြီးသည့်နောက်တွင် ချင်ရန်ယွဲ့က ပြောလိုက်သည်။
“လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက်က ချင်နိုင်ဟယ်ရဲ့ မွေးဖွားဇယားချပ်ကို ပြန်လည်ကုစားလိမ့်မယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ သူနဲ့ တွေ့ချင်သေးတယ်”
စီးဝူယာ့က ပြောလိုက်သည်။
“နောက်ကျမှ ဆက်ပြီးဆွေး နွေးကြတာပေါ့။ နောက်ထပ် သူက ဒဏ်ရာအပြင်းအထန်ရရှိထားလို့ အားဖြည့်နေတုန်းပဲ”
“ကောင်းပြီလေ။ တကယ်လို့ လိုအပ်လာရင် နောင်ကျရင် မင်း ငါ့ကို လာရှာလို့ရတယ်။ ကျန်တဲ့သူအားလုံးကိုလည်း ထပ်ပြီး တောင်းပန်ရဦးမယ်” ချင်ရန်ယွဲ့က ပြောပြီးသည့်နောက်တွင် လက်ဝှေ့ကာ ထွက်သွားလေ၏။
ထို့နောက် ချင်သဲ့၏ အလောင်းကို စွမ်းအားလှိုင်းတစ်ခုက ခေါ်ဆောင်သွားသည်။
“နှုတ်ဆက်ပါတယ်” အားလုံးက ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
ချင်ရန်ယွဲ့ ထွက်သွားပြီးသည့်နောက်တွင် အားလုံးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
“ဆရာသခင်တစ်ယောက်က ဒီလောက်အကျိုးအကြောင်းသင့်လိမ့်မယ်လို့ ထင်မှတ်မထားဘူး”
“ငါလည်း ထင်မထားဘူး”
“သူသာ ချင်သဲ့လိုမျိုးဆိုရင် ငါတို့အားလုံး သေပြီးလောက်ပြီ”
စီးဝူယာ့က ခေါင်းယမ်းကာ ပြောလိုက်သည်။
“လူတစ်ယောက်ကို သူတို့ရဲ့ သွင်ပြင်အလိုက် အကဲခတ်ဖို့ဆိုရင် ခက်ခဲတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်မိကြစေနဲ့”
အားလုံးက ခေါင်းညိတ်လိုက်ကြ၏။
ထိုစဉ် ပုံရိပ်ယောင်ထဲတွင်ရှိနေသည့် လုကျိုးက ပြောလိုက်သည်။
“လောင်ချီ”
“ဟုတ်ကဲ့ ရှစ်စွင်း”
“မင်းနဲ့ ပြောစရာရှိသေးတယ်” လုကျိုးက ပြောပြီးသည့်နောက်တွင် ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်၏။
စီးဝူယာ့က ထိုစကားကို ကြားပြီးသည့်နောက်တွင် နှလုံးခုန်မြန်လာမိသည်။
အားလုံးက ဦးညွှတ်ပြီးသည့်နောက်တွင် တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ထွက်ခွာသွားကြ၏။
ထို့နောက် စီးဝူယာ့က ခန်းမအထဲ ပျံသန်းလာကာ ဆက်သွယ်ရေးအဆောင်ကို ထပ်မံအသက်သွင်းလိုက်သည်။
“ရှစ်စွင်း အမိန့်ရှိပါ။ ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ပေးပါ့မယ်” စီးဝူယာ့က ပြောလိုက်သည်။
…
အခန်း (၁၂၉၉) ပညာသင်ကြားမှု ထပ်မံပြီးမြောက်ခြင်း
တကယ်တော့ လုကျိုးသည် စီးဝူယာ့နှင့် ကျန်သည့်သူများကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာဖြစ်သည်။ ပိန်ညင်းနတ်ငှက်အစွမ်းထက်ပုံကြောင့် သူအံ့ဩသွားခဲ့သလို စီးဝူယာ့၏ရဲတင်းမှုကိုလည်း အံ့ဩမိသည်။
“မင်းက အမြဲတမ်းယုံကြည်ချက်ရှိနေတာ ငါ သိတယ်။ ဒါပေမဲ့ မင်းရဲ့ပြိုင်ဖက်က ချင်သဲ့ သူ မင်းကို သတ်လိုက်မှာမကြောက်ဘူးလား”
စီးဝူယာ့သည် လုကျိုးက သူ့ကိုတချိန်လုံးစောင့်ကြည့်နေတာကိုမသိသောကြောင့် သူ့ရှစ်စွင်း၏ မှန်းဆချက်မျှသာ ဖြစ်မည်ဟု ယူဆလိုက်သည်။ သူက ပြောလိုက်၏။
“ချင်သဲ့က အသက်ကယ်ကတ် လိုချင်နေတာဆိုတော့ ကျွန် ကျွန်တော့်ကို သေချာပေါက်သတ်မှာ မဟုတ်ဘူး”
“သူ ထဖောက်မှာ မစိုးရိမ်ဘူးလား။ ဘာမှမသေချာဘူးလေ”
“သူက ကျွန်တော်ထင်ထားတဲ့အတိုင်း မလုပ်ခဲ့ရင်တောင် ကျွန်တော့်မှာ အစီစဉ်တစ်ခုရှိနေသေးတယ်” စီးဝူယာ့က ပြန်ပြောလိုက်၏။ ပြီးနောက် သူသည် ပုံတစ်ခုကို ထုတ်ပြလာ၏။ ယင်းက သိပ်မကြီးဘဲ ရွံ့ဖြင့်ပြုလုပ်ထားပုံပေါ်၏။ ၎င်းက အလွန်ကောင်းစွာ ပြုလုပ်ထားပုံမပေါ်။
လုကျိုးသည် ထိုအရာကို ချက်ချင်းမှတ်မိသွားသည်။ “ရုပ်သေးလား”
လုကျိုးသည် စီးဝူယာ့က ဤကဲ့သို့အရာကို သိမ်းထားလိုက်မည်ဟု မထင်ထားပေ။
စီးဝူယာ့က စတင်ရှင်းပြလိုက်လေ၏။
“ဒါက ကျွန်တော်တို့သိတဲ့ ရုပ်သေးတွေနဲ့မတူဘူး။ ရုပ်သေးတွေကို မိမိရဲ့ခန္ဓာကိုယ်ထဲမှာ မြှုပ်ရင်မြှုပ် မဟုတ်ရင် ပုံစံတူထွင်းထားလေ့ရှိတာ။ ဒါပေမဲ့ ဒီရုပ်သေးက အဲ့လိုလုပ်ဖို့မလိုဘူး။ ကိုယ်နဲ့သယ်သွားဖို့ပဲ လိုတယ်။ ချင်သဲ့က ဗဟုသုတကြွယ်ဝပြီး ရုပ်သေးတွေအကြောင်း သေချာပေါက် သိမှာပဲ။ ဒါပေမဲ့ ဒီရုပ်သေးတွေအကြောင်း သေချာပေါက် သိမှာမဟုတ်ဘူး။ ဒီရုပ်သေးက နောက်ထပ်သုံးမျိုးသုံးလို့ရသေးတယ်။ တစ်ခုက လူတွေကို မျက်စိကျိန်းသွားလောက်တဲ့ တောက်ပတဲ့အလင်းတန်းတစ်ခု ထုတ်လွှတ်ပေးတယ်။ ဒုတိယအချက်က ...”
လုကျိုးသည် ဖြတ်ပြောလျက် လက်ဝေ့ယမ်းပြလိုက်၏။ “ဟုတ်ပြီ တော်လောက်ပြီ”
လုကျိုးသည် စီးဝူယာ့၏ရှည်လျားသော စကားများကို နားထောင်ပြီး ခေါင်းကိုက်လာတော့သည်။ နောင်ကျ မင်း အထာကျချင်ယောင်ဆောင်မယ်ဆိုမှတော့ မင်းကို ထပ်ဂရုမစိုက်တော့ဘူး”
လုကျိုးက အကြောင်းအရာပြောင်းပြောကာ မေးလိုက်၏။
“ချင်သဲ့ကို ဘယ်သူသတ်တာလဲ”
“ပိန်ညင်းနတ်ငှက် ... မျှော်စင်သခင်လန်ရဲ့ စီးတော်သားရဲ” စီးဝူယာ့က ရိုးသားစွာပြောလိုက်၏။
“ပိန်ညင်းနတ်ငှက်လား”
“နတ်ငှက်ဖြစ်လောက်တယ်။ သူ့မှာအလွန်ကြွယ်ဝတဲ့ မဟာလေဟာနယ်စွမ်းအင်ရှိတယ်။ ချင်သဲ့က သူ့ပြိုင်ဖက်မဟုတ်ဘူး” စီးဝူယာ့က ပြောလိုက်၏။
စီးဝူယာ့က ဆက်ပြောလိုက်လေ၏။
“ဒါကို ကြည့်ရင် မျှော်စင်သခင်လန်က အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို အနီးကပ် စောင့်ကြည့်နေတာမှန်း သိသာတယ်။ လူတိုင်းကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ခေါ်သွားဖို့ စီစဉ်ထားတယ်”
ဆိုရလျှင် တချိန်လုံး စောင့်ကြည့်ခံရခြင်းက စိတ်မသက်မသာဖြစ်စေ၏။
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ဆုံးဖြတ်ချက်ကို မင်း ဆီအပ်ထားလိုက်မယ်။ အားလုံးရဲ့ကျင့်ကြံဆင့်ကကော ဘယ်အခြေအနေရှိလဲ”
စီးဝူယာ့က ပြုံးလျက်ပြောလိုက်သည်။
“အကြီးအကဲလေးယောက်လုံးက အံ့အားဖွယ်ကောင်းလောက်တဲ့ အရှိန်နဲ့တိုးတက်နေတာ။ အရင်လတုန်းက သူတို့ ၁၁ချပ်မြောက်ပွင့်ချပ်ဖူးပွင့်ပြီး မျှခြေမညီမျှမှုကြောင့် နေရာအနှံ့ ကြမ်းတမ်းခက်ထန်သားရဲတွေ ရှိနေတယ်။ ဒါကြောင့် မိစ္ဆာဝေဟင်မျှော်နန်းက အသက်ဓာတ်နှလုံးသား မပြတ်လပ်ဘူး။ ထပ်တိုးလာဖို့ သိပ်မကြာတော့ဘူးလို့ ယုံတယ်”
“အစောင့်အရှောက်မုန့်ကလည်း ဘုံတစ်ထောင်လေပွေအဆင့်ထိရောက်ပြီ။ ဒါပေမဲ့ သူက အကြီးအကဲလေးယောက်လောက် ပါရမီမထူးဘူး။ ဒီတော့ သူတို့ကြားထဲ ကွာဟချက်တစ်ခုရှိတယ်။ အစောင့်အရှောက်ရှန်နဲ့ အစောင့်အရှောက်လီတို့က လတ်တလောမှာ မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းထားတယ်။ သူတို့ရဲ့မွေးဖွားနန်းဆောင်က မကြီးတာ နှမြောဖို့ကောင်းလွန်းတယ်။ ဒီတော့ သူတို့အသက်သွင်းနိုင်တဲ့ မွေးဖွားဇယားချပ်အရေအတွက်က အကန့်အသတ်ရှိတယ်။ နောင်ကျ သူတို့တိုးတက်မှုက ကန့်သတ်ခံလိုက်ရမှာ”
“ကျိုးရှစ်ဖုန်းနဲ့ ဖန်ကျုံးက အတော်လေးပါရမီရှိတယ်။ ပထမမြောက်ပွင့်ချပ်ဖူးပွင့်နေကြပြီ”
“ဝူရှစ်ကျဲက ဆဌမမြောက်ပွင့်ချပ် ဖူးပွင့်ဖို့ ကြိုးစားနေလောက်တယ်။ သူ အောင်မြင်လား မအောင်မြင်လားတော့ မသိဘူး”
“ပါ့ရှစ်တိကတော့ သူ့ကို အဝါရောင်ကြာနယ်မြေဆီပို့ထားတယ်။ သူ ထွက်မသွားခင်တုန်းကတော့ ပွင့်ချပ် ၁၁ခုရှိနေတာ။ အချိန်ကို ကြည့်ရင် သူ အဝါရောင်ကြာနယ်မြေကိုရောက်ပြီ”
အဝါရောင်ကြာနယ်မြေ၌ သင်္ကေတလမ်းကြောင်းမရှိသောကြောင့် ကျူးဟုန်ကုန်းနှင့် ကျောင်းဟုန်ဖုတို့သည် ထိုနေရာသို့ ပျံသန်းသွားရုံသာတတ်နိုင်သည်။ အနည်းဆုံးသူတို့ရောက်ရှိရန် သုံးလေးငါးလလောက် အချိန်ယူရမည်။ ကံကောင်းသည်မှာ ကျောင်းဟုန်ဖုက လိုက်သွားသည်။ ထိုနေရာ၌ သင်္ကေလမ်းကြောင်းတစ်ခု တည်ဆောက်ပြီး ပြန်လာချိန်တွင် ပိုမြန်ဆန်လိမ့်မည်။
လုကျိုးက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။
“မင်းကကော”
စီးဝူယာ့က အိုးတိုးအန်းတန်းဖြစ်သွားကာ ပြောလိုက်သည်။ "တစ်လအတွင်း ဘုံတစ်ထောင်လေပွေ အဆင့်ချိုးဖောက်ဖို့ ကြိုးစားမှာပါ”
လုကျိုးက စီးဝူယာ့ကို ခဏတဖြုတ်လေ့လာပြီး နောက်ဆုံးတွင် ပြောလိုက်၏။
“လောင်ချီ တစ်ခုခုဖုံးကွယ်ထားသေးလား”
“...” စီးဝူယာ့က အံ့ဩထိတ်လန့်သွားသည်။ သူက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။
“ရှစ်စွင်း တပည့်က သစ္စာရှိပြီး ရှစ်စွင်းနဲ့ မိစ္ဆာဝေဟင်မျှော်နန်းပေါ် မြှုပ်နှံထားတာပါ။ ရှစ်စွင်းကို ဘာမှမဖုံးကွယ်ထားပါဘူး။"
စီးဝူယာ့သည် သူ၏အတိတ်မှအမှားကို သင်ယူခဲ့ပြီးဖြစ်သည်။ သူ၏ရှစ်စွင်းက သစ္စာတရားကို အလေးထားကြောင်း သိ၏။ ထို့အပြင် ဆိုရိုးစကားရှိသည့်အတိုင်း တစ်ရက်ဆရာက တစ်သက်တာ ဖခင်ကဲ့သို့ပင်။ ထိုအရာက လုကျိုးပြုလုပ်သမျှ အရာအားလုံးက မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့လေးစားမှုနှင့် ထိုက်တန်သည်။
“မင်းက အမှန်အတိုင်းပြောချင်စိတ်မရှိသေးဘူးလား” လုကျိုးက မေးလိုက်၏။
စီးဝူယာ့က စိတ်ရှုပ်ထွေးသွားတော့သည်။ သူက ကန်တော့ကာ ပြောလိုက်ပြန်သည်။
“ရှစ်စွင်း ကျွန်တော့်မှာရှင်းလင်းတဲ့ အသိစိတ်ရှိပါတယ်” စီးဝူယာ့၏ထူးဆန်းသော အပြုအမူအကြောင်းကို သူ ရှာတွေ့ကြောင်းမပြောနိုင်ပေ။ စီးဝူယာ့က ပြောချင်စိတ်မရှိသောကြောင့် သူသည် ဖိအားသိပ်မပေးချင်ပေ။ လူတိုင်း၌ ကိုယ်ရေးကိုယ်တာရှိကြပေ၏။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ထိခိုက်အောင် မလုပ်သရွေ့ လူတိုင်းဆန္ဒရှိရာ လုပ်နိုင်သည်။
ထိုစကားကို ကြားသောအခါ စီးဝူယာ့က လေးနက်တည်ကြည်စွာပြောလိုက်၏။ “ကျေးဇူးပါ ရှစ်စွင်း”
လုကျိုးက ပြောလိုက်၏။
“ငါ့မှာ စုပေါင်းပို့ဆောင်ရေးအဆောင်တစ်ခုရှိတယ်။ ကျောက်စိမ်းအဆောင်မှာ ထွင်းထုဖို့အတွက် သတ်မှတ်ထားတဲ့သင်္ကေတလမ်းကြောင်းတစ်ခုအတွက် သင်္ကေထွင်းစာတွေ လိုအပ်တယ်။ ပြီးရင် သင်္ကေတထွင်းစာတွေ ပို့လိုက်”
“စုပေါင်းပို့ဆောင်ရေးကျောက်စိမ်းအဆောင်လား” စီးဝူယာ့၏မျက်လုံးက လက်သွားကာ သူ ယခင်တစ်ခါမှ မကြားဖူးသည့်ထိုအရာအကြောင်း လေ့လာချင်စိတ်ပြင်းထန်သွားသည်။
လုကျိုးက ပြောလိုက်သည်။
“ဒီပစ္စည်းက အလွန်တန်ဖိုးရှိတယ်။ ရွေ့ပြောင်းသင်္ကေတလမ်းကြောင်း တစ်ခုရှိနေတာနဲ့ အတူတူပဲ။ ထူးကဲစွမ်းအင်ကို ထိန်းထားနိုင်တဲ့ ထူးခြားတဲ့ကျောက်စိမ်းတစ်ခုနဲ့လုပ်ထားတာ”
ထိုစကားများကို ကြားသောအခါ စီးဝူယာ့၏မျက်နှာထက်တွင် အနည်းငယ် နောင်တရသည့်အမူအရာပေါ်လာပြီး သူက ပြောလိုက်၏။
“တပည့်နားလည်ပါပြီ။ ကျောင်းဟုန်ဖုကို ပြောပြီး တတ်နိုင်သမျှ မြန်မြန် သင်္ကေတထွင်းစာ ပြင်ဆင်ပေးဖို့ ပြောလိုက်ပါ့မယ်။"
လုကျိုးက ခေါင်းညိတ်လိုက်သည်။
လုကျိုးက ဆက်သွယ်မှုလမ်းကြောင်းကို ဖြတ်တောက်ပြီးနောက် သူ၏ချွေးများကို သုတ်ကာ ခန်းမထဲမှာ ထွက်လာသည်။ ယဲ့ထျန်းရှင်းကို နှုတ်ဆက်ပြီးနောက် သူသည် သင်္ကေတလမ်းကြောင်းကနေ ကောင်းကင်သိုင်းကျောင်းတော်ကို ပြန်လာ၏။
ကောင်းကင်သိုင်းကျောင်းတော်ထဲရှိမြေအောက်အကျဉ်းခန်းထဲတွင် ဖြစ်သည်။
ရှောင်ယွင်ဟယ်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ “စိတ်မပူပါနဲ့။ စီးဝူယာ့က အရည်အချင်းအလွန်ရှိတယ်။ သူ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကြောင့် မင်း အံ့ဩသွားမှာ။"
ချင်နိုင်ဟယ်က နံရံကိုမှီထားလျက် ပြောလိုက်သည်။
“ချင်သဲ့က ဖြေရှင်းဖို့မလွယ်ဘူး။ သူက အကွက်ချရာမှာတော်တယ်။ သူက ဆရာသခင်ချင်ကို နှစ်ပေါင်းများစွာ လှည့်စားလာပြီး ဆရာသခင်ချင်က အဲ့တာကိုတောင် သတိမပြုမိဘူး”
“မင်းက ငယ်လွန်းသေးတာကို” ရှောင်ယွင်ဟယ်က သက်ပြင်းချကာပြောလိုက်၏။
“ဆရာသခင်ချင်က ဘယ်လောက်နေခဲ့လဲ။ မင်း ဘယ်လောက်ရှင်သန်ခဲ့လဲ။ သူ့ရဲ့အတွေ့အကြုံ ဗဟုသုတတွေက မင်းထက်သာတယ်။ သူ တကယ်သတိမပြုမိဘူးလို့ မင်းထင်လား”
ချင်နိုင်ဟယ်က မယုံနိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားလေ၏။
“သူ သူက ချင်သဲ့အကြောင်းသိတယ်လို့ ပြောတာလား”
ရှောင်ယွင်ဟယ်က ချင်နိုင်ဟယ်ကို တချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“မင်းရဲ့စိတ်ထဲမှာ ဒါကို သိလာမှာပဲ”
ဆရာသခင်တစ်ပါးအနေဖြင့် ချင်ရန်ယွဲ့သည် နှစ်ပေါင်းသုံးသောင်းနီးပါး ရှင်သန်နေထိုင်ခဲ့၏။ အတိတ်တုန်းက သူသည် ဆုံးရှုံးမှုများ ခံစားခဲ့ရကာ လောကကြီးကို မြင်တွေ့ခဲ့ဖူးသည်။ ဖုံးကွယ်နေသောအရာကို သူ ဖောက်မြင်နိုင်သည်။ သို့သော် သူက ချင်သဲ့၏လှည့်ဖျားမှုကို သတိပြုမိလျှင် သူ့ကို ချင်မျိုးနွယ်၏ပထမအကြီးအကဲအဖြစ် အဘယ်ကြောင့် ဖြစ်ခွင့်ပေးထားသနည်း။ ချင်မော့ရှန်းက မောက်မာထောင်လွှား အစိုးမရ နိုင်လိုမင်းထက်နိုင်ကြောင်း သူ သိလျှင် အဘယ်ကြောင့် ချင်မော့ရှန်းကို မသွန်သင်ခဲ့ရသနည်း။ ချင်နိုင်ဟယ်က ချင်မျိုးနွယ်အတွက် အကျိုးဆောင်ပေးခဲ့ချိန်တွင် သူက ချင်နိုင်ဟယ်အား အဘယ်ကြောင့် အမဲလိုက်ခွင့်ပေးထားသနည်း။ အဖြေက စကားလုံးသုံးလုံးသာရှိသည်။ သူတို့က အရေးမကြီး။ သူ့အဖို့ ဘယ်အရာကမှ အရေးမကြီးပေ။ သူ့အတွက် လိုအပ်သည်က သူကသာ အရေးမကြီးလျှင် သူ ဘာကိုများ အရေးစိုက်စရာလိုတော့မည်နည်း။ ချင်မျိုးနွယ်က အရေးကြီးသည့် မျှခြေမညီမျှချက်ကို ထိန်းထားနိုင်ချိန်တွင် သူ့ကို သက်ရောက်စေမည်ဖြစ်ကာ အရေးကြီးလာချိန်တွင် သူ ပေါ်လာလိမ့်မည်။
ချင်နိုင်ဟယ်က ခေါင်းခါလိုက်၏။ “တစ်ကိုယ်ကောင်းဆန်တာက လူသားတွေရဲ့မွေးရာပါပဲ”
ကျွီ
တံခါးပွင့်လာပြီး စီးဝူယာ့က အထဲသို့ဝင်လာ၏။
လူတိုင်း ချက်ချင်းထရပ်လိုက်သည်။
“သတ္တမသခင်လေး အဆင်ပြေရဲ့လား”
“ကျုပ် အဆင်ပြေတယ်။ ချင်သဲ့သေသွားပြီ” စီးဝူယာ့က ပြောလိုက်သည်။
“ဘာ” ချင်နိုင်ဟယ်က ထရပ်ရန်ရုန်းကန်လိုက်ရ၏။ သူ မတ်တတ်ရပ်လိုက်သည်နှင့် ယိုင်သွားကာ ဟန်ချက်ပျက်လုနီးပါးဖြစ်သွားသည်။
“ချင်သဲ့ သေသွားပြီ။ ဆရာသခင်ချင်က သူ့အလောင်းကို ယူသွားတယ်။ ဒါ့အပြင် ဆရာသခင်ချင်က မင်းကို ဒါပေးခဲ့တာ” စီးဝူယာ့က ပြောလျက် ဆန်းကြယ်အသက်မြက်ကို ထုတ်လာသည်။
“ဆန်းကြယ်အသက်မြက်လား” ချင်နိုင်ဟယ်က ယင်းကို ကြည့်လိုက်၏။ သူက လှမ်းမယူပေ။
“ခင်ဗျား မယူချင်ဘူးလား” စီးဝူယာ့က မေးလျက် ချင်နိုင်ဟယ်၏အပြုအမူကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။
“ကျုပ်က ငယ်ရွယ်နေသေးပြီး တက်လမ်းရှိနေတဲ့ ဘ၀ ရထားတာ၊ အခု ဒီလိုဖြစ်နေတာ စဉ်းစားကြည့်မိရင်”
“ခင်ဗျား လိုချင်လားမလိုချင်ဘူးလား” စီးဝူယာ့က မေးလျက် ဆန်းကြယ်အသက်မြက်ကို ပစ်မြှောက်လိုက်သည်။
“...”
ဆန်းကြယ်အသက်မြက်ကို လှမ်းဖမ်းလိုက်ပြီးနောက် ချင်နိုင်ဟယ်က ပြောလိုက်သည်။
“ကျုပ် စိတ်မကောင်းဖြစ်နေတာ။ တစ်နေ့ကျရင် ဆန်းကြယ်အသက်မြက် လိုလာလိမ့်မယ်လို့ မထင်ထားဘူး”
စီးဝူယာ့က ပြောလိုက်၏။
“ခင်ဗျား ဆရာသခင်ချင်ဆီ သွားလည်လို့ရကြောင်း ကျုပ်ရဲ့ရှစ်စွင်းက ပြောတယ်”
“မလိုဘူး” ချင်နိုင်ဟယ်က ပြောလိုက်သည်။ “အခုကစပြီး ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တစိတ်တပိုင်းပဲ။ ထွက်သွားမှာမဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ ရှောင်ယွင်ဟယ်က တသိမ့်သိမ့် ရယ်မောလိုက်၏။ “ဒါမှဟုတ်သား”
တချိန်တည်းတွင် ယန်နန်ရှိ တိတ်ဆိတ်သော လေ့ကျင့်ရေးခန်းမထဲတွင်ဖြစ်သည်။
လုကျိုးက ကောင်းကင်သိုင်းကျောင်းတော်ထဲရှိမြေအောက်အကျဉ်းခန်းထဲရှိ မြင်ကွင်းကို မြင်သောအခါ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
“အနည်းဆုံးတော့ မင်းနေရာမင်းသိတာပဲ”
လုကျိုးက အပြင်ဖက်ကို ကြည့်လိုက်ရာ သူ ယန်နန်က ထွက်သွားရန် အချိန်တန်ပြီမှန်း သိလိုက်သည်။ ယဲ့ကျန်း၏သေဆုံးခြင်းက သူနှင့်သက်ဆိုင်နေသောကြောင့် ဤနေရာတွင် ဆက်နေတာက ထူးဆန်းနေလိမ့်မည်။
လုကျိုးထရပ်လျှင် ထရပ်ခြင်း ...
“တင်း ... သင်၏တပည့်ကျောင်းယွဲ့က ၁၁ခုမြောက် ပွင့်ချပ်အောင်မြင်စွာ ဖူးပွင့်ပြီး ဓားမြှောင်ကျင့်စဉ်ကို နားလည်သဘောပေါက်သွားပါပြီ။ ပညာသင်ကြားမှုပြီးမြောက်ရန် လိုအပ်ချက်ပြီးမြောက်ပါပြီ”
“တင်း ... ကျောင်းယွဲ့က ပညာသင်ကြားမှုပြီးမြောက်ရန် လိုအပ်ချက် ပြည့်မှီပါပြီ။ ပညာသင်ကြားမှု ပြီးမြောက်စေလိုပါသလား”