အခန်း (၁၃၀၀-၁၃၀၂)
Vol. 87 Ch. 1300-1302
အခန်း (၁၃၀၀) အသုံးအဆောင် ပစ္စည်းကတ်အသစ်
“ကျောင်းယွဲ့လား”
ထိုမတိုင်ခင် တွမ့်မူရှန်း၊ ကျောင်းယွဲ့၊ စီးဝူယာ့၊ ကျူးဟုန်ကုန်း၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့ကသာ သင်ကြားမှု မပြီးမြောက်သေးသည့် တပည့်များ ဖြစ်ကြလေသည်။ ရှောင်ယွမ်အာနှင့် ခရုလေးတို့က သင်ကြားရေးပြီးမြောက်ဖို့ လိုအပ်ချက် ကိုက်ညီသော်လည်း လုကျိုးက ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
လုကျိုးက သူ့သင်ကြားမှုကို ပြီးမြောက်သည့် နောက်တပည့်သည် တွမ့်မူရှန်းဖြစ်မည်ဟု ထင်ထားခဲ့သည်။ တွမ့်မူရှန်းက နှေးကွေးသော်လည်း မဟာလေဟာနယ်မျိုးစေ့၊ လုဝူ၏ အဆီအနှစ်နှင့် လီလီ၏ တိုက်စားရေးစွမ်းအင်တို့ဖြင့် ပေါင်းစည်းထားနိုင်ခဲ့သည်။ သူ့တိုးတက်မှုက အချိန်တိုအတွင်း သိသိသာသာ အမြောက်အများဖြစ်၏။ သူက အသက်ဓာတ်နှလုံးသား ငါးခု သို့မဟုတ် ခြောက်ခုကိုပင် စုပ်ယူကာ ပွင့်ချပ် ၁၁လွှာကို ထွက်ပေါ်ဖို့ ခြေတစ်လှမ်းမျှသာ ကွာဝေးသည်။ ကျောင်းယွဲ့က တွမ့်မူရှန်းကို ကျော်တက်သွားလိမ့်မည်ဟု ထင်မှတ်မထားမိပေ။
“ယွီရှန်းရုန်က ပွင့်ချပ်၁၁လွှာ ထွက်တုန်းက သင်ကြားမှုကို ပြီးမြောက်ဖို့ လိုအပ်ချက်နှင့် မကိုက်ညီခဲ့သေးဘူး။ သူက ဓားရေးလမ်းစဉ်အသစ်ကို နားလည်ပြီးတော့မှ လိုအပ်ချက်နဲ့ ကိုက်ညီခဲ့တာ။ စနစ်က သူတို့အားလုံးအတွက် ကွဲပြားတဲ့ စံနှုန်းတွေ ရှိနေတာလား”
ယွီရှန်းရုန်၏ လိုအပ်ချက်က ပိုမိုမြင့်မားကြောင်း သိသာလှသည်။ သို့သော်လည်း သူက ပွင့်ချပ် ၁၀လွှာ ရှိစဉ်အချိန်ကတည်းက တည်ငြိမ်မှုအနှောင့်အယှက်ကို ကျွမ်းကျင်ထားခဲ့သည်။
အမြင်နှင့်ပင် သူ့တပည့်များအတွက် သင်ကြားမှုကို ပြီးမြောက်သည့် လိုအပ်ချက် ၂ခုက ပထမတစ်ခုသည် သူတို့၏ စွမ်းအားက ဘုံတစ်ထောင်လေဗွေအဆင့်နှင့် ကိုက်ညီရမည်။ ဒုတိယတစ်ခုကမူ သူတို့၏ ထူးကဲသည့် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို နားလည်ဖို့ရာ ဖြစ်၏။ ပထမတစ်ခုက တိုင်းတာဖို့ရာ လွယ်ကူသော်လည်း ဒုတိယတစ်ခုကမူ ဝေဝါးလွန်းလှသည်။
“သင်ကြားမှု ပြီးမြောက်မယ်”
“တပည့်ကျောင်းယွဲ့က သင်ကြားမှု အောင်အောင်မြင်မြင် ပြီးမြောက်သွားခဲ့ပါပြီ”
“တီ တပည့်တွေက ဆရာဆီကနေ ထွက်ခွာပြီး ကမ္ဘာကြီးထဲ ဝင်ရောက်တဲ့အခေါက်မှာလည်း သူတို့ဆရာအတွက် ဆုလာဘ်တွေကို ထပ်ပြီးတော့ ထောက်ပံ့နေဦးမှာပါ”
“တီ ကြုံရာကျပန်းကတ်တစ်ခုနဲ့ ချီးမြှင့်ခံရပါတယ်။ ဒီကတ်ကို အသုံးပြုတဲ့အခါမှာ ရှားပါးပစ္စည်းက ကြုံရာကျပန်းချီးမြှင့်ခံရမယ်”
“တီ ကျောင်းယွဲ့က သင်ကြားမှုပြီးမြောက်သွားပြီးတဲ့နောက်မှာ သူမက ဂိုဏ်းကို တည်ထောင်ပြီးတော့ တပည့်တွေကို လက်ခံလို့ရပါပြီ။ အများဆုံးအရေအတွက် - သုံးယောက်”
“တီ ကျောင်းယွဲ့ကို သင်ကြားပေးတဲ့အတွက် ကုသိုလ်ရမှတ် ရရှိမှာ မဟုတ်တော့ပါဘူး”
လုကျိုးက လက်ဝှေ့လိုက်၏။ ထို့နောက် သူ့လက်ထဲ ကြည်လင်နေသည့် ကတ်တစ်ကတ် ပေါ်ထွက်လာသည်။ သူက ပြောလိုက်သည်။
“သုံးမယ်”
“တီ ကြုံရာကျပန်းကတ်တစ်ခုကို ယူခဲ့ပါတယ်။ အဆင့်မြင့် ဆင့်ကဲအကြောင်းပြန်လှန်ကတ် ဆယ်ကတ်၊ ပုံတူပွားရေး ကတ်တစ်ကတ်ကို ရရှိပါတယ်”
လုကျိုးက အဆင့်မြင့် အကြောင်းပြန်လှန်ကတ်နှင့် ရင်းနှီးနေလေသည်။ အဆင့်မြင့်နှင့် ဆင့်ကဲပြောင်းလဲထားသောပုံစံက ပိုမိုအားကောင်းသင့်၏။ သူက သက်တမ်းများစွာရှိနေသည့်အတွက် အကြောင်းပြန်လှန်ကတ်များ မလိုအပ်သေးပေ။ မည်သို့ပင်ဆိုစေကာမူ ဘာမှမရှိခြင်းထက် ပိုမိုကောင်းမွန်လေ၏။
သူက အကြောင်းပြန်လှန်ကတ်များကို သုံးစွဲပြီးသည့်နောက်တွင် ပုံတူပွားရေးကတ်ကို ကြည့်လိုက်သည်။
“ပုံတူပွားရေးကတ် မည်သည့် အသုံးအဆောင်ပစ္စည်းမဆို ပုံတူပွားနိုင်သည်။ ပုံတူပွားခံရသည့်ကတ်က မူလ၏ တစ်ရာ ရာခိုင်နှုန်းဖြစ်ပါတယ်။ သက်ရောက်မှုကို နှစ်ဆမြှင့်တင်နိုင်ချေလည်း ရှိပါတယ်”
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုကတ်က အသုံးဝင်လှ၏။ အကယ်၍ သူသာ ပြစ်ချက်မဲ့ကတ်ကို ပုံတူပွားပြီး သက်ရောက်မှုကို နှစ်ဆတိုးမြှင့်နိုင်ခဲ့ပါက သူသည် ငါးလွှာရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ဖြင့် တစ်နာရီကြာ လွတ်ကင်းနေမည်ဟု ဆိုလိုသည် မဟုတ်ပါလော။ ထို့အပြင် အဆင့်မြင့် ဆင့်ကဲပြောင်းလဲထားသော လျှော့ချရေးကတ်လည်း ရှိသေးသည်။ ထိုအရာ၏ သက်ရောက်မှုသာနှစ်ဆတိုးမြှင့်ခံရလျှင် မည်သို့ဖြစ်သွားမည်နည်း။
အသုံးအဆောင်ပစ္စည်းများ - ထိခိုက်ပြင်း ကာကွယ်ရေးကတ် ၁၂၀ ကတ် (အလိုအလျောက်)၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ ဖျက်ဆီးရေးကတ် ၃ကတ်၊ ဖုံးကွယ်ရေးကတ် ၃ကတ်။
ကျန်ရှိနေသည့် ကုသိုလ်ရမှတ် - ၂၈၇၆၀ မှတ်
သူက ပုံတူပွားရမည့် သင့်တော်သည့်ကတ်ကို ရှာမတွေ့ပေ။ သူက ကြာလာလေလေ အသုံးအဆောင်ပစ္စည်းကတ်များအပေါ် မှီခိုလို့မရကြောင်း သိလာလေလေ ဖြစ်သည်။
လျှော့ချရေးကတ်၏ တန်ကြေးက ယခုမှစ၍ ကုသိုလ် နှစ်သောင်းနှစ်ထောင်ဖြစ်သွားလေသည်။ သူ တစ်ခုကို ရွေးသည့်အချိန်တိုင်း ကုသိုလ်ရမှတ်တစ်ထောင်တိုးမြှင့်သွားလေ၏။ ကုသိုလ်ဝယ်ယူသည့်အခါ သူ့အား ကုသိုလ်ရမှတ် ၂၃၄၀၀၀ ကျသင့်စေသည်။ ပေါင်းစည်းရေးမှတ် လေးမှတ်ကမူ ကုသိုလ်ရမှတ် ၈သောင်း ကျသင့်၏။ သူသာ အဆင့်မြှင့်လျှော့ချရေးကတ်ကို ပေါင်းစည်းဖို့အတွက် ကုသိုလ်ရမှတ် ၃၁၄၀၀၀ လိုအပ်ပေသည်။
“…”
ဤသည်က တန်ကြေးကြီးမားလှ၏။
လုကျိုးက သူနှင့် သင့်တော်သည့် အသက်ဓာတ်နှလုံးသားကို ရယူဖို့ လိုအပ်သည့်အတွက် ထိုကတ်ကို ပေါင်းစည်းလိုခဲ့ခြင်းဖြစ်သည်။ ယခု သူ့တွင် မွေးဖွားချက် ၁၃ချက်ဖြစ်နေသော်လည်း ဆရာသခင်ဖြစ်လာဖို့ အလှမ်းဝေးနေဆဲသာဖြစ်၏။
ယခု တွမ့်မူရှန်း၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ရှစ်စွင်း ဆရာသခင်ချင် ပြန်ရောက်လာပါပြီ”
“ကောင်းပြီ”
လုကျိုးက အတွေးများကို စုစည်းပြီးသည့်နောက်တွင် ခန်းမမှ ထွက်ခွာလာလေ၏။
………………………………………….
လုကျိုးက အတွေးများကို စုစည်းပြီးသည့်နောက်တွင် ခန်းမမှ ထွက်ခွာလာလေ၏။
………………………………………….
လုကျိုးက တိမ်တိုက်ရင်ပြင်ဆီ ရောက်ရှိလာသည့်အခါ ချင်ရန်ယွဲ့က ချင်သဲ့၏ အလောင်းကို မြေပြင်ပေါ်ထားပြီး လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“အစ်ကိုလု ချင်သဲ့က ဘာမှ ဆိုးဆိုးရွားရွား မလုပ်ခဲ့လို့ တော်သေးတယ်။ သူက သေသွားတာဆိုတော့ သူ့ကို အစ်ကိုလုဆီမှာ တောင်းပန်ခိုင်းလို့တော့ မရတော့ဘူး” လုကျိုးက ပြောလိုက်သည်။
“ဘာမှမဖြစ်ခဲ့တာ အကောင်းဆုံးပဲပေါ့”
“အစ်ကိုလု မစိုးရိမ်ပါနဲ့” ချင်ရန်ယွဲ့က ဖျောင်းဖျလိုက်သည်။
လုကျိုးက ရထားလုံးပျံဆီ ပျံသန်းသွားလိုက်ပြီးသည့်နောက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလည်း လိုက်ပါလာကြ၏။
ဤတစ်ကြိမ် ချင်ရန်ယွဲ့က မေးလိုက်သည်။
“အစ်ကိုလု ကျုပ်တို့မျိုးနွယ်ဆီ လိုက်ပြီးလည်ပါဦးလား”
“ဘာကိစ္စလဲ” လုကျိုးက မေးလိုက်သည်။ သူက အဓိပ္ပာယ်မရှိသည့် ကိစ္စများအပေါ် အချိန်မဖြုန်းလိုပေ။
ချင်ရန်ယွဲ့က ပြန်ဖြေလိုက်သည်။
“မျှခြေမညီမျှမှုက ပိုပြီးတော့ ဆိုးရွားလာနေပြီ။ အစိမ်းရောင်ကြာနယ်မြေက ငြိမ်းချမ်းနေတယ်လို့ ထင်ရပေမဲ့ စိုးရိမ်နေမိတုန်းပဲ။ ဒီဟာက နှစ်တစ်ထောင်နီးပါး ၅ကြိမ်မြောက် မျှခြေမညီမျှမှုပဲလေ။ ဒီတစ်ကြိမ် မျှခြေမညီမျှမှုက အပြင်းထန်ဆုံးပဲ။ အတိတ်တုန်းက မျှခြေထိန်းညှိသူတွေက ဝင်ရောက်စွက်ဖက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် သူတို့တွေတောင် ထွက်မလာဘူး”
လုကျိုးက လန်ရှီဟယ်ကို တွေးမိသွားလေ၏။ လန်ရှီဟယ်က ချင်သဲ့ကို သတ်ဖို့ ငြိမ်းချမ်းရေးနတ်သားရဲကို စေလွှတ်ခဲ့စဉ်အခါက သူမသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းအတွက် ဝင်ရောက်စွက်ဖက်ခဲ့သည် မဟုတ်ပါလော။
ပုံမှန်အားဖြင့် သူသည် ထိုမေးခွန်းကို မေးမည် မဟုတ်ပေ။
“မင်းက မျှခြေထိန်းညှိသူတွေကို ကြောက်နေတာလား”
“ကျုပ်က မကြောက်ပါဘူး။ ဒါပေမဲ့ မျှခြေထိန်းညှိသူတွေကို ခုခံဖို့ ခက်ခဲတယ်။ လွန်ခဲ့တဲ့ နှစ်သုံးသောင်းခန့်တုန်းက တခြားနယ်မြေက စွမ်းအားကြီး ဆရာသခင်တစ်ယောက် ရှိတယ်လေ။ အဆုံးသတ်မှာတော့ သူ့ကို မျှခြေထိန်းညှိသူက ခေါ်ဆောင်သွားခဲ့တာ” ချင်ရန်ယွဲ့က ပြန်ဖြေလိုက်သည်။
“ထူးချွန်တဲ့ ဆရာသခင်တစ်ယောက်ဆိုပါလား” တချို့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ သူ့ကို တစ်ခါမှတော့ မတွေ့ဖူးပါဘူး။ သူ့အကြောင်းပဲ ကြားဖူးတာ။ တိုက်တိုက်ဆိုင်ဆိုင် သူ့မျိုးရိုးကလည်း လုပဲလေ” ချင်ရန်ယွဲ့က ရှင်းပြလိုက်သည်။
လုလီ၏ အကြည့်များက တောက်ပလာလေ၏။ အကယ်၍ လုကျိုး၏ အမိန့်သာမဟုတ်လျှင် သူက ချင်ရန်ယွဲ့အား ထိုပြောင်မြောက်လှသည့် ဆရာသခင်က သူ့ရှေ့တွင်ရှိနေကြောင်း ပြောပြမိလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူက မနေနိုင်ဘဲ ခေါင်းညိတ်ကာ ပြောလိုက်မိ၏။
“ဟုတ်တယ်။ သူက တကယ်ကို ထူးချွန်ပြောင်မြောက်တယ်”
“မင်းက သူ့ကို သိလား” ချင်ရန်ယွဲ့က မေးလိုက်၏။
ယန်းကျန်လော့က ပြုံးကာပြောလိုက်သည်။
“ဆရာသခင်လုက သူ့ရဲ့ ဘိုးဘေးလေ”
“ဘိုးဘေးလား” ချင်ရန်ယွဲ့က အံ့အားသင့်သွားလေ၏။ မိစ္ဆာဝေဟင်မျှော်နန်းက ဖုံးကွယ်ထားသည့် ပညာရှင်များစွာ ပြည့်နှက်နေလေသည်။ ပထမဦးစွာ ချင်သဲ့ကို သတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ် ပါရမီရှင်တစ်ယောက်လည်း ရှိလေ၏။ ယခုအခါ ထိုကျွမ်းကျင်ပြောင်မြောက်သည့် ဆရာသခင်လု၏ မျိုးဆက်လည်း ရှိနေသေးသည်။ ဆရာသခင်လုက နောက်ထပ် ဆရာသခင်တစ်ယောက်၊ သခင်ကျန်းနန်နှင့် ထျန်းဝေ့တို့ကိုပင် အနိုင်ယူနိုင်သည့်သူမျိုးဖြစ်၏။ ဆရာသခင်လုက မည်မျှပင် ကောင်းကင်ဘုံသွေဖည်နေကြောင်း စိတ်ကူးကြည့်၍ ရနိုင်သည်။ မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ပိုမိုကြားမိလာလေလေ သူက မသိတတ်သလို ခံစားမိလာလေလေဖြစ်၏။
“ဒါတွေအားလုံးက အတိတ်ပါ။ သူရဲကောင်းတွေက အတိတ်က ဂုဏ်ကျက်သရေကို ပြန်ပြီးတော့ မပြောဘူး” လုလီက ပြောလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။
ဤတစ်ကြိမ် လုကျိုးက ဖြတ်ပြောလိုက်၏။
“မျှခြေထိန်းညှိသူတွေက အများကြီးရှိတာလား”
“သူတို့ရဲ့ အရေအတွက်က မနည်းပါးပေမဲ့ များလည်း မများဘူး။ အနည်းဆုံးတော့ နယ်မြေတစ်ခုချင်းစီမှာ မျှခြေထိန်းညှိသူ တစ်ယောက်စီ ရှိတယ်။ သူတို့က မဟာလေဟာနယ်ကနေလာပြီးတော့ မျှခြေကို ထိန်းသိမ်းထားကြတာလေ။ တကယ်လို့ မျှခြေတိမ်းစောင်းသွားနိုင်တဲ့ တည်ရှိမှုမျိုး ပေါ်ထွက်လာတာနဲ့ သူတို့ရဲ့ တာဝန်က ရှင်းထုတ်ပစ်ဖို့ပဲ” ချင်ရန်ယွဲ့က ပြောလိုက်သည်။
“မဟာလေဟာနယ်က ဘယ်မှာလဲ” မင်ရှစ်ယင်က မေးလိုက်သည်။
ချင်ရန်ယွဲ့က ခေါင်းယမ်းလိုက်၏။
“ကျုပ်လည်း သေချာမသိဘူး။ သေချာတာတစ်ခုက မဟာလေဟာနယ် တည်ရှိတယ်ဆိုတာပဲ”
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီနေ့ လုပ်စရာရှိသေးတယ်ဆိုတော့ နောက်ရက်မှ စကားဆက်ပြောကြတာပေါ့”
ချင်ရန်ယွဲ့၏ မျက်နှာအထက် နှမြောတသဖြစ်သည့် အမူအရာမျိုးပေါ်ထွက်လာသည်။
“ကောင်းပြီလေ။ နောက်ရက်မှ ပြောကြတာပေါ့”
ထိုစဉ် ယဲ့ဝေနှင့် တခြားသော အကြီးအကဲများက လျှောက်လှမ်းလာကာ လက်နှစ်ဖက်ယှက်ပြီး လုကျိုးအား နှုတ်ဆက်လိုက်ကြသည်။
လုကျိုးက ယဲ့ဝေအား ကြည့်ပြီးသည့်နောက်တွင် လှမ်းခေါ်လိုက်၏။
“ယဲ့ဝေ”
“လောင်ချန်းဖေ့ပြောပါ”
“မင်း ယဲ့ကျန်း(အနက်ရောင်ကြာနယ်မြေတုန်းက တစ်ယောက်)ကို သိလား” လုကျိုးက ပြောလိုက်သည်။
“ယဲ့ကျန်းလား” ယဲ့ဝေက ခေါင်းယမ်းလိုက်၏။
“သူ့အကြောင်းကို မကြားဖူးပါဘူး”
ကြည့်ရသည်မှာ လုကျိုးက ခရမ်းရောင်တောက်ပသံကျောက်နှင့် ယဲ့ကျန်း၏ ဇစ်မြစ်ကို ယန်းနန်တွင်ပင် ရှာနိုင်မည့်ဟန် မပေါ်ပေ။
“မင်းကိုယ်မင်း ဂရုစိုက်” လုကျိုးက ပြောပြီးသည့်နောက်တွင် ရထားလုံးပျံပေါ်ဝင်သွားလိုက်သည်။
ရထားလုံးပျံက အဝေးသို့ ပျံသန်းသွားပြီးသည့်နောက်တွင် ယဲ့ဝေနှင့် တခြားသောအကြီးအကဲများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
ထိုအခိုက်အတန့်၌ ချင်ရန်ယွဲ့က ယဲ့ဝေတို့ကို ကြည့်ကာ ပြောလိုက်သည်။
“ငါက ယန်းနန်နဲ့ မတည့်ပေမဲ့ ယဲ့ကျန့်က သေသွားပြီးပြီ။ အခုကစပြီး ငါတို့မျိုးနွယ်နဲ့ ယန်းနန်ကြားမှာ ပဋိပက္ခမရှိတော့ဘူး”
ယဲ့ဝေနှင့် တခြားသောအကြီးအကဲများက တိတ်ဆိတ်နေကြသည်။ ထိုအရာက သူတို့ နိမ့်ကျနေသည့်အချိန် တုတ်ထိုးမချတာကပင် ကောင်းမွန်လှပြီဟု ယူဆ၍ရလေသည်။
ချင်ရန်ယွဲ့က ယန်းနန်မှ ထွက်ခွာသွားပြီး ချင်သဲ့၏ အလောင်းကို သယ်ဆောင်သွားလေသည်။
……………………………………
ရထားလုံးပျံက ကောင်းကင်ယံထဲ အရှိန်အဟုန်ပြည့် ပျံသန်းနေလေ၏။
“လောင်ချန်းပေ့ ယန်းနန်ရဲ့ ကိစ္စတွေကို ဖြေရှင်းပြီးသွားတယ်ဆိုပေမဲ့ အမည်မသိကုန်းမြေဆီကို ပြန်ဖို့ အလျင်မလိုပါနဲ့ဦး။ ကျုပ်အိမ်ကို ဧည့်သည်အဖြစ်နဲ့ လိုက်ခဲ့ပါဦးလား” အောင်းယွီက ပြောလိုက်သည်။
“မင်း အိမ်ကိုလား။ ရှန်းယန်ကို ပြောတာလား” လုကျိုးက သိချင်စွာ မေးလိုက်၏။
ကျောင်းယွီက ပြောလိုက်သည်။
“ကျုပ်ရဲ့ အိမ်က မြို့တော်ထဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှန်းယန်ကို သွားချင်တယ်ဆိုလည်း ရှန်းယန်ကို သွားလို့ရပါတယ်။ ဒီမှာ စံအိမ်တစ်လုံး ကျန်သေးတယ်”
ကျောင်းယွီ၏ စကားသံ ကျရောက်လာသည်နှင့် လုကျိုး၏ နားထဲ သတိပေးချက်တစ်ခု လက်ခံရရှိလိုက်သည်။
“တီ လူ ၁၀၅ ၀၅၀၏ ကိုးကွယ်မှုကို ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ် ရမှတ် ၁၀၅ ၀၅၀ကို ရရှိပါတယ်”
…
အခန်း (၁၃၀၁) မင်းကို ငါ့စွမ်းအား မြည်းစမ်းခိုင်းမယ်
လုကျိုးသည် ဤမျှများပြားသည့် ကုသိုလ်မှတ်များ ရလိမ့်မည်ဟု မထင်ထားပေ။ ယင်းက သူ၏တပည့်များဆီမှ တပြိုင်နက်တည်းရရှိသည့် ကုသိုလ်မှတ်များ ဖြစ်လောက်သည်။ ဤကုသိုလ်မှတ်များဖြင့် သူသည် အဆင့်လျော့ချရေးကတ်ကို ပေါင်းစည်းနိုင်မှာပဲဖြစ်သည်။
လုကျိုး၏အတွေးများက ခရီးနှင်နေတော့၏။ မျိုးစေ့ ၁၀စေ့သည် ဖျက်ဆီးခြင်းတိုင်လုံးမှ မွေးဖွားလာ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက ၁၀စေ့လုံးရလာသည်။
ယွီကျုံးရှိ ဖျက်ဆီးခြင်းတိုင်လုံးက မင်ရှစ်ရင်ကို အသိအမှတ်ပြုခဲ့၏။ သူ၏ကျင့်ကြံမှုက အဆပေါင်းများစွာ တိုးသွားမှာ ကြိမ်းသေသည်။
လုကျိုးက တိုင်လုံး၏အသိအမှတ်ပြုမှုကို ရှာဖွေရန်အတွက် ကျန်ရှိသည့် ဖျက်ဆီးခြင်း တိုင်လုံးကိုးခုဆီ တပည့်များကို ခေါ်သွားသင့်သည်ဟု တွေးနေမိသည်။ သို့သော်ငြား သူက ယွီကျုံးတွင် ရှိစဉ်က ကဲ့သို့ ကံကောင်းမှုကိုသာ အားကိုး၍မရပေ။ ဆရာသခင်များကို မကြောက်သော်ငြား သူသည် ဖြေရှင်းရခက်ခဲ့သည့် အရှင်ကျန်းနန်းလို လူမျိုးကိုတော့ စိုးရိမ်ပေ၏။
အရှင်ကျန်းနန်က သူ့ကိုယ်သူ အမြစ်နှုတ်ပြီးနောက် မွေးဖွားဇယားချပ် အခု၂၀ရှိသည့် ထောပါစစ်ချန်းကတောင် သူ့ကို မယှဉ်နိုင်ပေ။ သူ့အဖို့ ဘာမှမလှုပ်ရှားခင် သတင်းအချက်အလက် ပိုမိုရရှိပြီး ပိုမိုလေ့လာတာက အကောင်းဆုံးဖြစ်သည်။
နောက်ဆုံးတွင် လုကျိုးက ပြောလိုက်သည်။
“ကောင်းပြီ။ မြို့တော်ကို သွားကြမယ်”
ကျောင်းယွိက အပျော်လွန်သွားလေ၏။
“မျက်နှာသာပေးတာ ကျေးဇူးတင်ပါတယ် ဆရာကြီး”
မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်တော့သည်။ “မင်းမှ သေးသိမ်တဲ့အကွက်တွေတော့ မရှိဘူးမလား”
ကျောင်းယွိက မဝံ့မရဲပြောလိုက်၏။ "ကျုပ်မှာ ရဲတင်းတဲ့တောင်းဆိုချက် တစ်ခုတော့ရှိပါတယ်”
“ဒီကောင့်ကို တကယ်ယုံလို့မရဘူးဘဲ။ သူ ကောင်းနေတယ်ဆိုရင် သူက အကောက်ကြံစည်နေတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် ခိုးနေတာပဲ။ ရှစ်စွင်း သူ့ကို ကျွန်တော်တို့ ယုံလို့မရဘူး။ သူ့ကို သတ်လိုက်ရအောင်လား” မင်ရှစ်ရင်က ပြောလိုက်သည်။
လုကျိုးသည် ကျောင်းယွိအပေါ် မင်ရှစ်ရင်၏ ကျိုးကြောင်းမသင့်ရန်လိုမှုက ထူးဆန်းလှသည်ဟု တွေးမိသည်။ မင်ရှစ်ရင်သည် အဆင်အခြင်မဲ့သူမဟုတ် တွမ့်မူရှန်းနှင့် လုံးဝဆန့်ကျင်ဖက်ပင် အဆုံးကျ သူက ပြောလိုက်၏။
“ရှုပ်နေတော ရပ်လိုက်တော့”
မင်ရှစ်ရင်က ကျောင်းယွိကို စိတ်မချမ်းမြေ့စွာ စိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။
ကျောင်းယွိက ပြောလိုက်၏။
“အစ်ကိုမင်ရှစ် ဒေါသမထွက်ပါနဲ့။ အမှန်အတိုင်းပြောရရင် ကျုပ်ရဲ့အမေက ထူးဆန်းတဲ့နာမကျန်းမှု ဖြစ်ပြီး တစ်နှစ်ပတ်လုံးအိပ်ရာထဲ လဲနေတာပါ။ နှစ်ပေါင်းများစွာကြာပြီးတော့ နာမကျန်းမှုက ပိုဆိုးလာတယ်။ သမားတော်တွေကတော့ အမည်မသိကုန်းမြေက မီးကြာပွင့်၊ ရေခဲကြာပွင့်နဲ့ သွေးဂျင်စင်းကို သူတို့ကုသဖို့အတွက် လိုတယ်လို့ပြောတယ်။ ဒီသုံးမျိုးက အလွန်တန်ဖိုးရှိတာ ကြွက်တချို့ လုယူသွားမှာ စိုးရိမ်မိတယ်။ ဆရာကြီးကသာ ကျုပ်ရဲ့နိမ့်ကျတဲ့နေရာကို လိုက်လည်ခဲ့မယ်ဆိုရင် ကျုပ်မိခင်ရဲ့နာမကျန်းမှု ပျောက်ကင်းသွားမှာ သေချာတယ်”
“တကယ်လား” မင်ရှစ်ရင်က ကျောင်းယွိကို တွေးတွေးဆဆဖြင့် ကြည့်လိုက်၏။
“ကျုပ် လိမ်ခဲ့ရင် မြှုပ်စရာမြေမရှိဘဲ သေပါစေ။ ကျုပ်သားကလည်း အဖမဲ့မယ်”
“တော်ပြီ .... မင်းရဲ့သစ္စာဆိုတာ လုံလောက်တယ်။ မင်းကို ယုံတယ်” မင်ရှစ်ရင်က ပြောလိုက်၏။
ရထားလုံးပျံကို ထိန်းညှိလျက် တာ့ချင်၏မြို့တော်ဖြစ်သည့် ရှန်ယန်ဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားကာ မြင့်မားလှသည့် တောင်တန်းများနှင့် တိမ်ပင်လယ်ကို ဖြတ်ကျော်သွားသည်။
လုကျိုးက မေးလိုက်တော့သည်။
“မင်းက တော်ဝင်မိသားစုကပဲ။ အဲ့ဒီကြွက်တွေကို ဘာကြောင့်ကြောက်နေတာလဲ”
“ဆရာကြီးရှေ့မှာ ကျုပ်ကိုကျုပ် ဟာသလုပ်မိမှာ မစိုးရိမ်တော့ပါဘူး။ တော်ဝင်မိသားစုက ဒီလိုပဲလေ သစ္စာပိုရှိလေလေ မင်းကို ယုံကြည်တဲ့သူ ပိုနည်းလေလေပဲ”
ကျောင်းယွိက သက်ပြင်းချလျက် ပြောလိုက်၏။
“ကျုပ်မှာ သတင်းပေးတစ်ယောက်ရှိတယ်။ သူ့ရဲ့နာမည်က ကျန်းအိုက်ကျန့် မင်းက သူနဲ့အတော်လေး တူတယ်”
“ကျန်းအိုက်ကျန့်လား”
“သူ့နာမည်အရင်းက လျှိုချန်း။ သူက တာ့ယန်ရဲ့တတိယမင်းသားလေ။ သူက အတွင်းပဋိပက္ခကြောင့် လူတစ်သောင်းကျော် အသတ်ခံရမှုမှာ တစ်ဦးတည်းသော ရှင်ကျန်ရစ်သူပဲ။ သူက တကယ်စိတ်ပျက်ဖို့ကောင်းတာ” မင်ရှစ်ရင်က ပြောလိုက်သည်။ ကျန်းအိုက်ကျန့်အကြောင်း မည်သူမှ ထုတ်မပြောခဲ့လျှင် အဆင်ပြေနေသေးသည်။ သို့သော် ကျန်းအိုက်ကျန့်နာမည်ပါလာသောအခါ မင်ရှစ်ရင်သည် သူ့ကို အတော်လေးသတိရသွားမိသည်။ အနည်းဆုံးတော့ ကျန်းအိုက်ကျန့်က ကျောင်းယွိထက် ပိုသဘောကျစရာကောင်း၏။ သူ ပြန်ရောက်ချိန်၌ ကျန်းအိုက်ကျန့်နှင့် တစ်ခွက်သွားသောက်မည်ဟု ဆုံးဖြတ်ထားသည်။
လုကျိုးသည် စကားပြောခန်းထဲ ဝင်မပါတော့ပေ။ ထိုအစား သူသည် အသုံးပစ္စည်းကတ်တစ်ခုခု ပေါင်းစည်းပြီး အလုပ်များနေ၏။ ကုသိုလ်မှတ်တစ်သိန်းဖြင့် သူသည် အဆင့်မြှင့်လျော့ချရေးကတ်တစ်ခုကို ပေါင်းစည်းနိုင်သည်။
ကုသိုလ်မှတ်= ၃၈၇၈၁၃၇
အဆုံးကျ သူသည် လျော့ချရေးကတ်ကိုးခုနှင့် ပေါင်းစည်းရေးကတ်လေးခု ဝယ်ခဲ့၏။
ပြီးနောက် သူသည် ၇၃၈၁၀သာ ကျန်တော့သည်။
လုကျိုးသည် ယခင်က ကတ်ကို ပွားရန်မျှော်လင့်ချက် ရှိခဲ့၏။ အာနိသင်က မကောင်းသော်ငြား သူသည် ကုသိုလ်မှတ်များကို ခြွေတာပြီး နတ်ခြင်္သေ့ကို မြှင့်တင်ရန် သားရဲအဆီအနှစ်များ ဝယ်နိုင်၏။
လုကျိုးက ပုံတူပွားကတ်ကို ထုတ်လာပြီး ၎င်းကို သူ ပေါင်းစည်းထားသည့်ကတ်ပေါ် ထားလိုက်၏။
“ပုံတူပွားမယ်”
“တင်း .... ပုံတူပွားမှုအောင်မြင်သွားပါပြီ”
လုကျိုးသည် သူ၏လက်ထဲရှိဖောက်ထွင်းမြင်ရသော အထူးအသုံးပစ္စည်းကတ်က မှေးမှိန်သွားပြီး အဆင့်မြှင့်လျော့ချရေးကတ်အဖြစ် ပြောင်းလဲသွားတာကို တွေ့လိုက်ရ၏။ ယင်းက မူလနှင့် တထပ်တည်းပင်။ ကတ်၏အလယ်တွင် နှလုံးသားကို တူးထုတ်နေသည်ဟု ထင်မှတ်ရသည့် ဧရာမလက်တစ်ဖက်ပါဝင်နေသည်။ နောက်ကျောဖက်ရှိ ပုံသဏ္ဌာန်များကလည်း တူညီနေ၏။
“တင်း .... အဆင့်မြှင့်လျော့ချရေးကတ်ကို ပုံတူပွားပြီးပါပြီ။ ပုံတူပွားပြီးနောက် အာနိသင်သစ်ရရှိပါပြီ။ ပစ်မှတ်၏အကောင်းဆုံး အသက်ဓာတ်နှလုံးသားနှစ်ခုကို ဖျက်ဆီးနိုင်ရန် အခွင့်အရေးတစ်ခုရှိပါတယ်။ မှတ်ချက် ... သူတော်စင်ထက် အားနည်တဲ့သူတွေအတွက်ပဲ အသုံးဝင်ပါတယ်”
“သူတောင်စင်ထက် အားနည်းတာလား”
လုကျိုးသည် မျက်ခုံးပင့်မိသွား၏။ ယခုအချိန်၌ ကတ်က ကန့်သတ်ချက်မရှိပေ။
နည်းဥပဒေသအရ စွမ်းအင်အားလုံး၌ အရင်းအမြစ်တစ်ခုရှိသည်။ ထိုသို့ဆိုလျှင် သူ၏စွမ်းအင်က မည်သည့်နေရာမှ လာသနည်း။
အထွတ်အထိပ်တည်ရှိမှုက ငါ့ကို တိတ်တဆိတ်ကူညီပေးနေတာများလား။
သူ ရွှေကြာနယ်မြေတွင်ရှိစဉ်က သူ ရင်ဆိုင်ရသည့် ရန်သူများသည် ပွင့်ချပ်ရှစ်ခုအောက်သာ ရှိသည်။ ထိုစဉ်က သူ၏ ကျင့်ကြံဆင့်ဖြင့် သူသည် ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက်၏ နှာမှုတ်ချက်ကိုတောင် ခံနိုင်ရည်ရှိမှာမဟုတ်။ ထို့အပြင် အသေရိုက်ချက်ကတ်ကလည်း ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ဦးဆီမှ ပေါ်ပေါက်လာသည့်လက်ဝါးကို မယှဉ်နိုင်။
ပုန်းကွယ်နေတဲ့ အထွတ်အထိပ်တည်ရှိသူလား။ လုကျိုးက အမြင်စွမ်းအား၊ အကြားစွမ်းအားနှင့် အနံ့စွမ်းအားတို့ကို တပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ရထားလုံးပျံက အလယ်သို့ရောက်သည့်အချိန်တွင် အရပ်မျက်နှာအနှံ့တွင် ထူးကဲသော စွမ်းအင်တစ်ခု ဖြာထွက်သွားလျက် မီတာတစ်ထောင်ကို လွှမ်းခြုံသွားသည်။ ဤနည်းဖြင့်သူက အရာအားလုံးကို မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင်၏။
လေထဲတွင် တောင်ပံတဖျပ်ဖျပ်ခတ်နေသည့် ငှက်တချို့မှအပ မူမမှန်သည့် လှုပ်ရှားမှုမရှိပေ။ အရာအားလုံးက ပုံမှန်ဖြစ်နေပုံပေါ်သည်။
လုကျိုးက ကောင်းကင်ကျမ်းစာစွမ်းအားကို ဖြတ်တောက်လိုက်သည်။ သူက ခေါင်းခါပြီးနောက် အတွေးလွန်နေသည်ဟုသာ ခံစားမိသွားသည်။
သူ၏စွမ်းအားနှင့်စနစ်သည် အထွတ်အထိပ်တည်ရှိမှုမှလာခဲ့လျှင် ထိုအထွတ်အထိပ်တည်ရှိမှုသည် မည်မျှ အစွမ်းထက်မည်နည်း။
လုကျိုးက ထိုအကြောင်းကို တွေးကြည့်မိသောအခါ သူသည် အဆုံးတွင် သမုဒ္ဒရာထဲရှိ ခွန်ကို သတိရသွားတော့သည်။ ယခုသူ၏စနစ်က အဆင့်မြှင့်တင်ထားပြီးဖြစ်သောကြောင့် ခွန်ကိုဖြေရှင်းနိုင်ပြီလားဟု သိချင်မိသည်။ နောင်ကျ သူ ကြိုးစားကြည့်နိုင်လောက်၏။ သူက ခွန်၏အသက်ဓာတ်နှလုံးသားကို ရခဲ့လျှင် သူ၏ကျင့်ကြံမှုက မြင့်တက်သွားမှာ သေချာ၏။
ခဏအကြာတွင် လုကျိုးသည် ကျူးဟုန်ကုန်းကို လေ့လာရန်အတွက် အမြင်စွမ်းအားကို ရွတ်ဆိုလိုက်သည်။
လုကျိုး ပထမဆုံးမြင်ရသည့်အရာက ကျူးဟုန်ကုန်းသည် ပလင်ထက်တွင် ပျင်းရိပျင်းတွဲ ထိုင်နေတာပဲဖြစ်သည်။
မဟာချင်၏ ဧကရာဇ်ဖြစ်သော ကျိုက်ဟုန်ကမူ သူနှင့်တတန်းတည်း ထိုင်နေသည်။
ခန်းမထဲရှိ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများက ဘေးတွင် တလေးတစားရပ်နေကြ၏။
ကျိုက်ဟုန်က ကျူးဟုန်ကုန်း၏လက်ကို ဆွဲလျက် ပြောလိုက်သည်။
“ညီလေး ငါ မင်းကို သေလောက်အောင် လွမ်းနေတာကွာ။ မင်း ပြန်လာတဲ့အချိန် မဟာချင်ရဲ့ကပ်ဘေးကို ချက်ချင်း ဖြေရှင်းခဲ့တယ်။ မင်းက မဟာချင်ရဲ့ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ”
ကျူးဟုန်ကုန်းက ရယ်မောလိုက်၏။ သူ၏မျက်နှာပေါ်၌ ကျေနပ်အားရသော အမူအရာကို မြင်တွေ့နိုင်သည်။
“ကပ်ဘေးကိုဖြေရှင်းဖို့က အေးဆေးပါပဲ။ ကျုပ် ထွက်သွားပြီးတော့ ဒီနေရာကို လွမ်းနေတာ။ ဒီနေရာကို ပြန်လာတဲ့အချိန် အိမ်ပြန်လာရသလိုပဲ။ ဒီကိုလာတဲ့အချိန် တကယ်သက်တောင့်သက်သာရှိလှတယ်”
ကျိုက်ဟုန်က ပြောလိုက်၏။ "အခု မင်း ပြန်လာပြီဆိုတော့ ထပ်ထွက်သွားလို့ မရဘူးနော်”
“ကျုပ် မသွားပါဘူး” ကျူးဟုန်ကုန်းက ပြောလိုက်၏။
“ကောင်းတယ် ... ငါ မင်းအတွက် နန်းတော်တစ်ခုတည်ဆောက်ဖို့အတွက် လူတွေကို အမိန့်ပေးပြီးသား။ အခုကစပြီး ငါတို့တတန်းတည်းနေနိုင်ပြီ။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလိုပဲ သဘောထားကြမယ်။ ဘယ်လိုထင်လဲ”
“ဒါ မသင့်တော်ဘူးမလား”
ကျိုက်ဟုန်က ပြောလိုက်၏။
“ဘယ်လိုလုပ် မသင့်တော်ဘဲ နေမှာလဲ။ ငါ့အမိန့်ကို ဘယ်သူက ဖီဆန်ရဲမှာလဲ။ ဒါ့အပြင် မင်းက မြင့်မြတ်သောအရှင်လေ။ မင်းက တာ့ချင်နဲ့သူ့ရဲ့လူတွေကို ဘယ်လောက်တောင် အကျိုးပြုပေးခဲ့လဲ။ မင်းကို လူပေါင်းသန်းချီလေးစားနေကြတာ”
ကျိုက်ဟုန်က ပလင်ကို အချိန်တိုအတွင်း လက်လျှော့လိုက်၏။
“မင်း ထွက်သွားပြီးနောက် ငါ့ရဲ့အစ်မက ရက်ပေါင်းများစွာ မအိပ်နိုင် မစားနိုင်ခဲ့ဘူး။ အခုမင်းပြန်လာပြီဆိုတော့ မင်းတို့နှစ်ယောက်အတွက် လက်ထပ်ပွဲစီစဉ်ပေးမယ်။ ဘယ်လိုလဲ”
ကျူးဟုန်ကုန်းသည် မျက်လုံးမမြင်ရလောက်သည်အထိ ရယ်မောလိုက်၏။ သူ သဘောတူတော့မည့်အချိန်တွင် ....
“အဋ္ဌမသခင်လေး ... အသိစိတ်ကပ်ပါဦး။ ကျွန်မတို့ လုပ်စရာရှိသေးတယ်”
အရပ်ဖက်နှင့်စစ်ဖက်အရာရှိများကြားထဲမှ အသံတစ်သံထွက်ပေါ်လာ၏။ ပြောလိုက်သည့်သူက ကျူးဟုန်ကုန်းနှင့်အတူ အဝါရောင်ကြာနယ်မြေသို့ ရောက်လာသည့်ကျောင်းဟုန်ဖုပဲဖြစ်သည်။
“ဘယ်သူလဲ” ကျိုက်ဟုန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မိန်းကလေးကျောင်းပါ။ ကျုပ် လက်အောက်ငယ်သားတွေထဲက တစ်ယောက်”
ကျိုက်ဟုန်က မျက်မှောင်ကျုံ့မိသွား၏။
“မြင့်မြတ်တဲ့အရှင်ကို ဒီလိုပုံစံနဲ့လက်အောက်ငယ်သားတစ်ယောက်က ဘယ်လိုလုပ် ပြောရဲရတာလဲ”
ကျောင်းဟုန်ဖုက ကျူးဟုန်ကုန်း၏စကားကြောင့် မကျေမနပ်ဖြစ်သွားတော့သည်။ သူမက ...
“အဋ္ဌမသခင်လေး ဒါက ကျွန်မတို့မလာခင် ရှင်ပြောခဲ့တဲ့ပုံမဟုတ်ပါဘူး”
ကျူးဟုန်ကုန်းက လက်ဝေ့ယမ်းလျက် ပြောလိုက်၏။ “သူ့ကို အခုချုပ်ထားလိုက်။ ကျုပ် လက်အောက်ငယ်သားရဲ့ဦးနှောက်က တစ်ခုခု မှားနေတယ်”
“နားလည်ပါပြီ”
ကျောင်းဟုန်ဖု “...”
ကျောင်းဟုန်ဖုသည် ယင်းကို တွေ့ကြုံရပြီးနောက် ကျူးဟုန်ကုန်း၏မျက်နှာပြောင်းသည့် ဗျူဟာကို အံ့ဩမိသွား၏။ သူမ စောဒကတက်လိုက်တော့သည်။
“အစ်ကိုကျူး ကျုပ်တို့က ညီအစ်ကိုတွေမဟုတ်ဘူးလား။ ဘာလို့ ဒီလိုမျိုးဆက်ဆံနိုင်ရတာလဲ”
“ဘာလို့ အဲ့မှာ ရပ်နေသေးတာလား။ သူ့ရဲ့ဦးနှောက်က ယောက်ျားလား မိန်းမလားတောင် မခွဲနိုင်တော့ဘူး။ ပိုပြီး ရှုပ်ထွေးလာပြီ” ကျူးဟုန်ကုန်းက လက်ဝေ့ယမ်းလျက် ပြောလိုက်၏။
“...”
အစောင့်များစွာက ပင်မခန်းမထဲဝင်လာ၏။ သို့သော် ဤအစောင့်များသည် အားနည်းကြ၏။ သူတို့သည် အဝါရောင်ကြာနယ်မြေ၌ ပညာရှင်များဖြစ်နိုင်လောက်သော်ငြား ကျောင်းဟုန်ဖုရှေ့တွင် သူတို့က ဘာမှမဟုတ်ပေ။
ကျောင်းဟုန်ဖုက တပတ်လှည့်ကာ သူတို့ကို အလွယ်လေးကန်ထုတ်လိုက်သည်။
ယင်းကို မြင်သောအခါ ကျိုက်ဟုန်က မျက်မှောင်ကျုံ့မိသွား၏။ သူက ကျူးဟုန်ကုန်းကို ကြည့်ကာ အကူအညီတောင်းလိုက်သည်။
ကျူးဟုန်ကုန်းက ကျောင်းဟုန်ဖုကို လက်ညှိုးထိုးကာ ပြောလိုက်တောာ့သည်။
“ကျောင်းဟုန်ဖု ငါ့ရဲ့စွမ်းရည်တွေကို မပြတာကြောင့် ငါ့ကို ပေါ့သေးသေးထင်နေတာလား”
ကျူးဟုန်ကုန်းက သူ၏အပေါ်ဝတ်ရုံကိုဖယ်ကာ လှေကားဆင်းလာလေ၏။
ကျောင်းဟုန်ဖုက ပြန်ဆုတ်လိုက်သည်။ "သတိပေးနေရုံပဲ။ ငါ့ကို ရိုက်ရင် သတ္တမသခင်လေးကို ပြောမှာ”
“သွားပြီးစောဒကတက်လိုက်လေ။ သူ့အဆင့်ထိနှိမ့်ချမှာ မဟုတ်ဘူး။ ငါက ရိုက်လိုက်ရင် သူ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး” ကျူးဟုန်ကုန်းက ပြောပြီးရှေ့တိုးလာသည်။
ပင်မခန်းမ၏တံခါးက ကျွီခနဲမြည်ပြီးပိတ်သွားကာ အရပ်ဖက်နှင့်စစ်ဖက်အရာရှိများက ဘေးသို့ရွေ့သွားလေ၏။
ကျူးဟုန်ကုန်းက ပြုံးပြီးပြောလိုက်၏။
“ငါ့ကိုရက်နည်းနည်းလောက် ပျော်ခွင့်မပေးတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အဝေးကြီးမှာရှိနေတာ သူတို့မသိဘူး”
ကျောင်းဟုန်ဖုက ပြောလိုက်၏။
“မျှခြေမညီမျှမှုက ပြင်းထန်တယ်။ ဒီမှာ ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီးရှိနေတာ။ အကယ်၍ ...”
ကျူးဟုန်ကုန်းက လက်ဆစ်ချိုးလိုက်တော့သည်။
အစောင့်များက ကြည့်နေ၏။
“ကြောက်စရာမလိုသလို စိတ်ပူစရာမလိုဘူး။ မိုးပြိုကျရင် ငါ့ရဲ့ရှစ်စွင်း ဖြေရှင်းလိမ့်မယ်။ ငါ ပြောတာနားမထောင်ရင် မင်းကို ငါ့စွမ်းအား မြည်းစမ်းခိုင်းမယ်”
ကျူးဟုန်ကုန်းက ပြောပြီးနောက် ရှေ့သို့တိုးကာ လက်သီးဖြင့် ထိုးချလိုက်၏။
ထောက်
ကျူးဟုန်ကုန်းက ရုတ်တရက်ဒူးထောက်ချကာ အရှေ့သို့လျောကျလျက် ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။
ကျောင်းဟုန်ဖု "..."
ကျိုက်ဟုန်နှင့် ကျန်သည့်သူများ “...”
…
အခန်း (၁၃၀၂) ပျက်စီးနေသည့် စံအိမ်
ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။
အစောင့်များ၊ အရာရှိအမတ်များနှင့် စစ်သူကြီးများ အပါအဝင် ဧကရာဇ်ကျိုက်ဟုန်သည်ပင် ကြောင်အမ်းသွားလေသည်။ သူတို့အားလုံးက ကိစ္စများ မြင်ချင်ရာမြင်နေသည်ဟု ထင်ကာ မျက်လုံးကို ပွတ်ကာ ထပ်မံကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ အမြင်က လိမ်ညာနေခြင်းမဟုတ်ကြောင်း တွေ့လိုက်ရ၏။ သူတို့လေးစားရသည့် အံ့ဖွယ်သခင်က မြေကြီးပေါ် အမှန်တကယ် ဒူးထောက်နေလေသည်။ ထိုအခိုက်အတန့်၌ သူတို့သည် မည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ။
ကျူးဟုန်ကုန်းက ဒူးထောက်လျက် ဖြစ်သွားသည့်အခါ အပြုံးတို့ အေးခဲသွားလေသည်။ သူက အဝင်ဝကို လှမ်းကြည့်လိုက်၏။
ထင်ယောင်ထင်မှားဖြစ်နေတာလား။ အသံထင်ယောင်ထင်မှားဖြစ်တာလား…
ကျူဟုန်ကုန်းက သူ့ကိုယ်သူ ဆွဲဆိတ်ပြီးသည့်နောက်တွင် အမှန်တကယ် ထင်ယောင်ထင်မှား ဖြစ်နေကြောင်း ဆုံးဖြတ်လိုက်သည်။ ထိုအရာက အတိတ်မှ စိတ်ဒဏ်ရာများနှင့် ပတ်သက်နေလိမ့်မည်။ ထို့ကြောင့် သူက ထရပ်တော့မည့်ဆဲဆဲတွင် သူ့နားထဲ မိုးခြိမ်းလုမတတ် အသံကျယ်ကြီးကို ထပ်မံကြားလိုက်ရ၏။
“ဒူးထောက်စမ်း”
ကျူးဟုန်ကုန်း၏ မျက်လုံးက အပြူးသားဖြစ်သွားကာ တုန်တုန်ယင်ယင်ဖြစ်သွားလေ၏။ ထို့နောက် သူက ကျယ်လောင်စွာ ပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော် စနောက်နေတာပါ။ ကျွန်တော်တာဝန်ကို အပြီးသတ်ဖို့ ကတိပေးပါတယ်”
ကျူးဟုန်ကုန်းက အံ့ဖွယ်သခင် တစ်ယောက်အနေဖြင့် ဂုဏ်ကျက်သရေကို ဂရုမစိုက်တော့ပေ။ သူက ဧကရာဇ်နှင့် အဆင့်တူသည့် လေထုမျိုး ဆုံးရှုံးသွားလေ၏။
“…”
ကျိုက်ဟုန်က တာ့ချင် အုပ်ချုပ်သူ ဖြစ်၏။ ကျူးဟုန်ကုန်းက သူ့ပုံရိပ်ကို လျစ်လျူရှုလိုက်သည်ကို မြင်သည့်အခါ သူက အနည်းငယ်မျက်နှာပူမိသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက မည်သည့်အတွေးမျိုးမှ ထုတ်မတွေးရဲသလို ထုတ်လည်းမပြောရဲပေ။
ကျောင်းဟုန်ဖုက ခေါင်းကုတ်ကာ ပြောလိုက်သည်။
“အဋ္ဌမသခင်လေးက တကယ်ရီရတာပဲ။ ကျွန်မကို ဖမ်းမယ်လို့ ထင်နေတာ။ တကယ်တမ်းတော့ ဟာသတစ်ခုဖြစ်နေခဲ့တာပဲ”
ကျူးဟုန်ကုန်းက ပြုံးကာ ပြောလိုက်သည်။
“မိန်းကလေးကျောင်းက ဒီနေရာအသစ်မှာ နေသားမကျမှာ စိုးလို့ စနောက်ဖို့ ဆုံးဖြတ်လိုက်တာပါ”
ထိုအရာကို ကြားကာ ကျောင်းဟုန်ဖုက စိတ်လှုပ်ရှားမိသွားသည်။ သူမက ပြောလိုက်၏။
“ဖြစ်ချင်တော့ ညီအစ်ကိုကျူးက ကျွန်မအပေါ်မှာ အကောင်းဆုံးပဲကို။ သတ္တမသခင်လေးက အမြဲတမ်း အလေးအနက်ကြီးဖြစ်နေတာ။ ပြီးတော့ သူက ကျွန်မကို တာဝန်တွေလည်း ပေးပြီးတော့ လေ့လာခိုင်းသေးတယ်။ အဲဒါက အရမ်းကို ပင်ပန်းစရာပဲ။ ပြီးတော့ ဆဌမသခင်မလေးရဲ့ နေရာကိုလည်း တစ်ခေါက်ရောက်ဖူးတယ်။ ဒါပေမဲ့ သူမက အေးစက်လွန်းတော့ ပျော်စရာမကောင်းဘူး။ ပဉ္စမသခင်မလေးက ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းသေးတယ်။ သူမက ဧကရာဇ်လိုမျိုးပဲ။ အိုး ဒီဟာတွေ ပြောလို့တော့ သိပ်မသင့်တော်ပါဘူးလေ”
ကျူးဟုန်ကုန်း “…”
ကျောင်းဟုန်ဖုက ဆက်ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက အတော်လေး ကောင်းတယ်။ ညီအစ်ကိုကျူးက ဒီနေရာမှာ ဒီလိုမျိုး အခွင့်ကောင်းရလိမ့်မယ်လို့ ထင်မထားဘူး။ အဲ့လိုဆိုရင်တောင် ကျွန်မကို မေ့သွားလို့မရဘူးနော်”
ညီအစ်ကိုကျူးတဲ့လား။ မင်းက မိန်းကလေးလေ။ ငါ့တို့ကို ညီအစ်ကိုလို့ တစ်ချိန်လုံးခေါ်နေတာ သင့်တော်လို့လား…
ကျူးဟုန်ကုန်းက ဆွံ့အသွားလေသည်။
ကျောင်းဟုန်ဖုက ပြောလိုက်၏။
“ကောင်းပြီလေ။ ဒီလိုဆိုရင် ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်မလည်း သက်တောင့်သက်သာ ဘဝကို ခံစားလို့ရအောင် ရာထူးတစ်ခုလောက် မြန်မြန်ပေးပါဦး”
ထိုအရာကို မြင်ကာ ကျိုက်ဟုန်က ပြောလိုက်သည်။
“အော် ကျုပ် သိပြီ။ အံ့ဖွယ်သခင်က မိန်းကလေးကျောင်းကို အားပေးဖို့ လုပ်နေတာပဲ။ ခင်ဗျားရဲ့ ရက်ရောမှုက တကယ်ကို အဆုံးအစမရှိဘူးပဲ။ ကျုပ်တို့တွေက ညီတူညီမျှတယ်ဆိုပေမဲ့ ခင်ဗျားက ပိုပြီးတော့ စိတ်သဘောထား ကြီးမားတယ်။ ကျုပ်တော့ ခင်ဗျားနဲ့ မယှဉ်နိုင်ပါဘူး။ ဒါက ခင်ဗျားတို့လိုလူမျိုးရှိတာ တာ့ချင်ရဲ့ ကောင်းချီးပဲ”
ထို့နောက် ကျိုက်ဟုန်က ပြောလိုက်သည်။
“မိန်းကလေးကျောင်း ကျုပ် အခုပဲ အမိန့်တော်ကို…”
ကျူးဟုန်ကုန်းက အလျင်အမြန်ထရပ်ကာ ကျောင်းဟုန်ဖုကို ဆွဲပြီး ဖြတ်ပြောလိုက်သည်။
“ဟာသက ဟာသပါပဲ။ အလေးအနက်ယူလို့ မရဘူးလေ။ ကျုပ်တို့ဆီမှာ အရေးကြီးတဲ့အရာတွေ လုပ်စရာရှိသေးတယ်”
“ဟမ်”
“ဟမ်ဆိုတာ ဘာတုန်း။ လဝက်အတွင်းမှာ ငါတို့တွေ သင်္ကေတလမ်းကြောင်းကို ပြီးမြောက်ရမှာလေ” ကျုးဟုန်ကုန်းက အလျင်အမြန် ပြောလိုက်သည်။
ကျောင်းဟုန်ဖု “…”
ကျိုက်ဟုန်ကလည်း ဆွံ့အမိသွားသည်။
ညီအစ်ကို တစ်ချိန်လုံးပြောင်းလဲနေတာ ကျုပ်တော့ အမှီမလိုက်နိုင်တော့ဘူး…
လုကျိုးက အမြင်စွမ်းအားကို ဖြတ်တောက်လိုက်သည်။ ၈ယောက်မြောက် တပည့်က ယုံကြည်စိတ်ချ၍ မရပေ။ လုလီ၏ စောင့်ကြပ်ကွပ်ကဲမှုမရှိဘဲ သူက ပျင်းရိမှုသာ ကြီးထွားလာလိမ့်မည်။ သူ့၇ယောက်မြောက်တပည့်အား ၈ယောက်မြောက်တပည့်ကို စောင့်ကြည့်ခိုင်းသည်က အကောင်းဆုံးဖြစ်၏။
ထို့နောက် လုကျိုးက သူ့အသက်ရှူနှုန်းကို ထိန်းညှိကာ ဆက်လက်ကျင့်ကြံလိုက်သည်။
………………………….
ကုန်းပတ်ပေါ်
ကျောင်းယွီက ဘေးနားတွင် ရပ်နေသည့် ယွီရှန့်ဟိုင်နှင့် ယွီကျန့်ရုန်တို့ကို လက်ညှိုးထိုးကာ သိချင်စွာ မေးလိုက်သည်။
“ခင်ဗျားရဲ့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့က အမြဲတမ်း အဲ့လိုပဲလား”
“ခင်ဗျား နေသားကျသွားပါလိမ့်မယ်” မင်ရှစ်ရင်က ပျင်းရိစွာ ပြောလိုက်သည်။
ကျောင်းယွီက အပြုံးဖြင့် ပြန်ဖြေလိုက်၏။
“မဟာချင်မှာ ဓားသမား အများကြီးရှိတယ်။ တကယ်တော့ မြို့တော်ထဲမှာတောင် တစ်ယောက် ရှိသေးတယ်။ သူက အစိမ်းရောင်ကြာနယ်မြေကလေ။ သူက ဆရာချိုးဆီကနေ ဓားရေးကို သင်ယူခဲ့တာ။ နောက်ပိုင်း သူက မဟာချင်ရဲ့ နာမည်ကျော် စစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့တာပဲ”
“သူ့ဓားရေးအရည်အချင်းကို မေးလို့ရမလား” ယွီရှန်းရုန်က မေးလိုက်သည်။
“ကျုပ်တို့ ကျင့်ကြံဆင့်ကို ထည့်မစဉ်းစားဘဲနဲ့ ဓားရေးပဲဆိုရင် သူက မဟာချင်မှာ အကောင်းဆုံးလို့ ပြောနိုင်တယ်” ကျောင်းယွီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်သည်။
“အဲ့လိုဆိုရင်တော့ သူနဲ့ တွေ့ချင်ပါသေးတယ်”
ကျောင်းယွီက မိစ္ဆာဝေဟင်မျှော်နန်းရှိလူများနှင့် နီးကပ်ဖို့ မလွယ်ကူကြောင်း ကောက်ချက် ချထားလေသည်။ ယွီရှန်းရုန်က ဤမျှ ယဉ်ကျေးကာ ညင်သာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။
ကျောင်းယွီက သူသည် မင်ရှစ်ရင်နှင့် အဆင့်တူလောက်ဖြစ်ကြောင်း မှန်းဆမိ၍ ခေါင်းငုံ့ကာ ပြောလိုက်သည်။
“အာ့ရှစ်ရှိုးက တကယ်ကို စကားပြောကောင်းတာပဲ”
မင်ရှစ်ရင်က ချက်ချင်းပြောလိုက်သည်။
“မင်းစိတ်ထဲ ရောက်လာတဲ့ဟာတွေကို အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ”
“…”
ထိုစဉ် ယွီကျန့်ဟိုင်က မေးလိုက်သည်။
“ဓားမော့ပညာရှင်ရော မရှိဘူးလား”
ကျောင်းယွီက ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ပြောလိုက်သည်။
“စစ်သူကြီးရှီက အတော်လေးတော့ အရည်အချင်းရှိတယ်”
“အတော်လေး အရည်အချင်းရှိတယ်လား။ အဲဒါဆို ထားလိုက်ပါတော့။ အတော်လေး အရည်အချင်း ရှိတယ်ဆိုတာက သူက သာမန်လောက်ပဲလို့ ဆိုလိုနေတာပဲ။ သူက ပညာရှင်တစ်ယောက် ဖြစ်ဖို့ အလှမ်းဝေးသေးတယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ကျောင်းယွီက ပြောရင်း မျက်နှာပူမိသွား၏။
“စစ်သူကြီးရှီရဲ့ ဓားမော့အရည်အချင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး မဟုတ်ဘူးဆိုပေမဲ့ သူက သာမန်တော့ မဟုတ်ဘူး။ တစ်ခါတုန်းက ဓားမော့ကို သယ်ပြီး မြောက်ပိုင်း ကန္တာရကို ဖြတ်ပြီး ကျုံးကျိုးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့ဝင် တစ်သောင်းကို သတ်ဖူးတယ်။ သူ့ရဲ့ ဓားမော့အရည်အချင်းက သွေးနဲ့ စစ်ပွဲကြားကနေ အရည်အချင်း မြှင့်တင်ထားတာလေ။ သူက တခြားနည်းစနစ်တွေကို မကြိုက်ဘူး။ အဲဒါတွေက အမှိုက်သရိုက်တွေလို့ပဲ တွေးနေတာ”
“ငါလည်း သဘောတူတယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“တကယ်လို့ အခွင့်အရေးရှိရင်တော့ သူနဲ့ လက်ရည်စမ်းချင်ပါသေးတယ်”
“အဲ့လိုတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်” ကျောင်းယွီက ပြောလိုက်သည်။
“သူက လက်ရည်စမ်းရတာ မကြိုက်ဘူး။ သူက သတ်ဖြတ်ရင်းနဲ့ပဲ လေ့ကျင့်တာ”
ယွီကျန့်ဟိုင်က ခေါင်းယမ်းလိုက်သည်။
“နှမြောစရာပဲ။ ငါ့ရဲ့ ဓားမော့အရည်အချင်းကို သက်သေပြဖို့ သူ့ကို သတ်လို့လည်း မရဘူး။ ထားလိုက်ပါတော့”
“…”
ထိုစဉ် ကျောင်းယွီ၏ လက်အောက်ငယ်သားက လက်ညှိုးထိုးကာ ပြောလိုက်သည်။
“သခင်လေးကျောင်း ကျုပ်တို့ရောက်ပြီ”
ကျောင်းယွီက တခြားသူများနှင့် မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။
“အားလုံး ကျုပ်တို့ ရှန်းယန်ကို ရောက်ပြီ”
အားလုံးက ကုန်းပတ်ပေါ်ကို ရောက်ကာ ငုံ့ကြည့်လိုက်ကြသည်။
ရှောင်ယွမ်အာနှင့် ခရုလေးတို့က စိတ်လှုပ်ရှားနေကြ၏။
…………………………………….
ညနေဖက်၌
ကျောင်းယွီက မိစ္ဆာဝေဟင်မျှော်နန်းမှ လူများအတွက် နေထိုင်ရာ စီစဉ်ပေးထားခဲ့သည်။
လုကျိုးက သူ့အတွက် စီစဉ်ပေးထားသည့်အခန်းအတွင်း ဆက်လက် ကျင့်ကြံနေလေ၏။ သူက ၁၃ခုမြောက် မွေးဖွားဇယားချပ်ကို တည်ငြိမ်စေလိုသည်။
သူက မဟာချင်မြို့တော်အတွင်း ရှိနေသည့်အတွက် မတည်မြဲခြင်းတိုင်လုံးကို အသုံးမပြုခဲ့ပေ။ ထိုအရာက သာမန်လူများအပေါ် သက်ရောက်မှုရှိလာစေနိုင်၏။
……………………………
တစ်ချိန်တည်းဆိုသလို ပုံရိပ်တစ်ခုက နန်းဆောင်မှ ထွက်ကာ လမ်းကြားထဲ ရောက်ရှိလာသည်။ ထိုအရာက အလျင်အမြန် လှုပ်ရှားနေသည့်အတွက် မျက်စိဖြင့် မြင်နိုင်ဖို့ ခက်ခဲလှ၏။ ရှည်လျားသည့် လမ်းကြီးကို လျှောက်လှမ်းပြီးသည့်နောက်တွင် ထိုအရာက လူများသည့် နေရာအတွင်း ရောက်ရှိလာကာ တိတ်ဆိတ်သည့် မြောက်ပိုင်းသို့ ရောက်ရှိလာလေသည်။ နောက်ဆုံးတွင် သူက နွယ်ပင်များနှင့် မြက်ပင်များ ပေါက်ရောက်နေသည့် ပျက်စီးနေသည့် စံအိမ်တစ်လုံးရှေ့ ရပ်တန့်လိုက်၏။
ပုံရိပ်က ထိုစံအိမ်အဝင်ဝ၌ အချိန်အတော်ကြာ ရပ်နေပြီး အဝင်ဝကိုသာ ကြည့်နေလေသည်။ ထိုတံခါးဝ၌ ချိတ်ဆွဲထားသည့် ပျက်စီးနေသော ဆိုင်းဘုတ်တစ်ခု ရှိနေလေ၏။ ထိုဆိုင်းဘုတ်ပေါ်၌ မုံ့ ဟူသော စကားကို ရေးထွင်းထားသည်။
ထို့နောက် ပုံရိပ်က တံတိုင်းအပေါ် ခုန်တက်သွားပြီး ပျံလွှားငှက်သဖွယ်ပေါ့ပါးစွာ ဝင်ရောက်လိုက်သည်။
ဥယျာဉ်ကလည်း လူတစ်ယောက်ထက် ရှည်လျားသည့် ပေါင်းပင်များဖြင့် ပြည့်နှက်နေလေ၏။ သို့သော် လမ်းကျဉ်းကျဉ်းလေးကို မြင်တွေ့နိုင်သည်။
“တစ်ယောက်ယောက် ရောက်လာတာလား”
ထိုပုံရိပ်က လမ်းကျဉ်းလေးထဲ လျှောက်လှမ်းလာပြီးသည့်နောက်တွင် ပျက်စီးနေသည့် ပင်မခန်းမထဲ ရောက်ရှိလာသည်။ တံခါးနှင့် ပြတင်းပေါက်များက မရှိတော့ပြီဖြစ်သည့်အတွက် ခေါင်မိုးပေါ်မှ အပေါက်ကြီးကိုပင် မြင်နေရသည်။
ထိုစဉ် ခန်းမထဲမှ ဟောက်သံတစ်ခု ထွက်ပေါ်လာလေ၏။
ပုံရိပ်က အခန်းအတွင်းဝင်ကာ အထဲကို လျှောက်ကြည့်လိုက်သည်။ သူက ခေါင်းကို ယမ်းပြီး ပြောလိုက်၏။
“သူတောင်းစားတစ်ယောက်ပဲ”
သို့သော်လည်း သူတောင်းစား၏ နားက အတော်လေးကောင်းလှသည်။ သူက ရုတ်ခြည်းဆိုသလို ခေါင်းမော့ကာ ပြောလာခဲ့၏။
“ဘယ်သူလဲ”
“ကျုပ်က ဖြတ်သွားဖြတ်လာပါပဲ။ အနားယူဖို့ နေရာတစ်ခု ရှာချင်လို့”
“အိပ်ချင်ရင် အိပ်လို့ရတယ်။ ကျုပ်ကို လာပြီး မနှောင့်ယှက်နဲ့” သူတောင်းစားက ပြောပြီးသည့်နောက်တွင် ဆက်လက်အိပ်သွားလေ၏။
ပုံရိပ်က ခန်းမထဲ မဝင်သေးဘဲ မေးလိုက်သည်။
“ခင်ဗျား ဒီနေရာမှာနေတာ ဘယ်လောက်ကြာပြီလဲ”