← Chapters

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း (၁၃၀၃) ဒဏ္ဍာရီလာပုဂ္ဂိုလ်

သူတောင်းစားသည် ဝင်ပေါက်၌ ရပ်နေသည့်ပုံရိပ်ကို ကြည့်လိုက်လေ၏။ သူက အကြောက်အလန့်မရှိ ပြောလိုက်တော့သည်။

“မင်း ဝင်လာချင်ရင် ဝင်လာလိုက်။ လျှောက်ပျံဝဲနေတာကို ရပ်လိုက်ပြီး ငါ အိပ်နေတာကို နှောင့်ယှက်နေတာ ရပ်လိုက်တော့”

ထိုလူသည် ခဏတာတုံ့ဆိုင်းနေပြီးနောက် ခန်းမထဲဝင်လာ၏။

အတွင်း၌ မှောင်မည်းနေပြီး လေထဲ၌ အောက်သိုးသိုးအနံ့တချို့ရှိနေ၏။ ကြွက်များကလည်း တကျွီကျွီမြည်နေတော့သည်။

ထိုလူသည် ဘေးရှိပျဉ်ချပ်ကို မြင်သောအခါ ထိုင်ပြီးလှမ်းခေါ်လိုက်၏။

“လူကြီးမင်းက ...”

“မောင်ရင် အခြေအနေတွေက မကောင်းမှန်းသိပေမယ့် တစ်ညတာနားခိုဖို့ အဆင်ပြေတယ်။ အပြင်ဖက်မှာ မလုံခြုံဘူး။ ဒီတော့ ညအချိန်မှာ လျှောက်ပြေးသွားမနေနဲ့” သူတောင်းစားက ပြောလိုက်၏။

“ကျုပ် ခင်ဗျားကို မေးစရာတစ်ခုရှိလို့” ထိုလူက မေးလိုက်သည်။

“ဘာမေးခွန်းလဲ” သူတောင်းစားက ထိုင်လိုက်ကာ အတော်လေး စိတ်မရှည်ဖြစ်နေ၏။ သူသည် အအေးဒဏ်ကြောင့် ကျုံ့သွားကာ ဘေးမှထင်းတစ်ချောင်းကို အမြန်ဆွဲထုတ်လျက် မီးသွေးမီးဖိုဟောင်းထဲရှိ မီးတောက်လေးထဲသို့ ပစ်ထည့်လိုက်သည်။ အနည်းငယ်နွေးထွေးသွားသည့်အချိန်ကျမှ သူ့ရှေ့ရှိလူကို ကြည့်ရန် ခေါင်းမော့လိုက်တော့သည်။ အလင်းရောင်နည်းပါးမှုကြောင့် တစ်ဖက်လူ၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

“ဒီနေရာမှာ နေခဲ့တဲ့လူတွေရဲ့မျိုးရိုးက မုန့် ဆိုတာ ကျုပ် မှတ်မိသေးတယ်” ထိုလူက ပြောလိုက်၏။

သူတောင်းစားအိုကြီး၏ စိတ်ဝင်စားမှုက နှိုးဆွခံလိုက်ရသည်။ ညတာကရှည်ပြီး သူက အိပ်ရေးဝနေပြီဖြစ်၏။ ပျင်းရိမှုကို ဖြေဖျောက်ရန် လူငယ်တစ်ယောက်နှင့်စကားစမြည်ပြောကာ ညတာက ဆောင်ယူလာသည့် အထီးကျန်မှုကို ဖယ်ရှားခြင်းကလည်း မဆိုးလှသည့် အကြံဉာဏ်ပင်။

သူတောင်းစားအိုကြီးက မီးပုံနားကပ်သွားသည်။ ၎င်းက သူ၏ရင့်ရောင်နေသော အရေပြားမျက်နှာပြင်ကို လင်းသွားစေ၏။ သူက ပြောလိုက်၏။

“ဟုတ်တယ် ... ဒီမှာနေခဲ့တဲ့ မိသားစုရဲ့မျိုးရိုးနာမည်က မုန့်။ သူတို့တွေက ရှေးဟောင်းပိုင်လီမျိုးနွယ်ကလာတာ”

ထိုလူက သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။

“ဒါဆို လူတိုင်းဘယ်သွားတာလဲ”

“သူတို့အားလုံးသေပြီ” သူတောင်းစားအိုကြီးက ခန်းမကို သာမန်ကာလျှံကာ လက်ညှိုးထိုးပြပြီးပြောလိုက်၏။

“အရင်တုန်းကဆို ဒီနေရာက ရတနာမြေလိုပဲ”

“သူတို့ဘယ်လိုသေသွားတာလဲ” ထိုလူက ထပ်မေးပြန်၏။

သူတောင်းစားအိုကြီးက အဝေးသို့ကြည့်ကာ ပြောလိုက်ပြန်သည်။

“ငါ မသိဘူး”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ဝန်းကျင်တုန်းက ကျုံးကျိုးမှာ ဖရိုဖရဲစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်။ အဲ့ဒီကာလတုန်းက မဟာချင်က နယ်မြေတွေကို စုစည်းချင်ခဲ့တယ်။ အဲ့ဒီတုန်းက မုန့်မင်ရှစ်က ဘယ်ကမှန်းမသိပေါ်လာပြီး မဟာချင်ရဲ့စစ်သူကြီးဖြစ်လာခဲ့တယ်။ သူက တပ်ဖွဲ့ကိုဦးဆောင်ပြီး အစွမ်းထက်တဲ့မဟာကျင်းကို အနိုင်ယူခဲ့တယ်။ သူက ရှောင်တောင်ပေါ်မှာ ရန်သူသန်းချီကို သတ်ဖြတ်ခဲ့တာ။ ဒါပြီးတော့ မဟာချင်က အာဏာရလာတာပဲ”

ထိုလူက လက်မခံဘဲပြောလိုက်၏။

“သူက ရှုံးနိမ့်သွားတဲ့ စစ်သူကြီးတစ်ယောက်ပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်။ သူက တိုက်ပွဲပေါင်းများစွာ ရှုံးနိမ့်ခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ တာ့ကျင်းနဲ့စစ်ပွဲက မမေ့လောက်စရာပဲ။ တစ်ခါတလေကျ တစ်ပွဲတစ်ပွဲက တိုက်ပွဲတစ်ရာထက်သာလွန်တယ်။ မုန့်မင်ရှစ်က သတိထားလွန်းပြီး သူရဲဘောကြောင်လွန်းတယ်။ သူ ရှုံးသွားတာ ပုံမှန်ပဲလေ”

“သူက ကံကောင်းသွားရုံပဲ” ထိုလူက နှာခေါင်းရှုံ့လိုက်လေ၏။

သူတောင်းစားအိုကြီးက ခေါင်းခါလျက် လက်မခံကြောင်းပြောလိုက်၏။

“မဟုတ်ဘူး။ သူက ပါးနပ်ပြီး သည်းခံနိုင်စွမ်းရှိလွန်းတယ်။ သူ သတိထားလွန်းတာကြောင့် သူ့ကိုသတ်ဖို့ဆိုတာ ခက်ခဲတယ်။ သူက တိုက်ခိုက်ဖို့အခွင့်ကောင်းကို ဘယ်လိုစောင့်ရမယ်မှန်းသိတာ။ သူက ချက်ကောင်းကို ရိုက်နိုင်တယ်လေ။ ရှောင်တောင်တန်းပေါ်က တိုက်ပွဲက သူ့ရဲ့စွမ်းရည်ကို ပြသခဲ့တာပဲ။ သူက ဒဏ္ဍာရီတစ်ပါးဖြစ်လာခဲ့တာ”

“သတ်ဖို့ခက်တာလား။ အဆုံးကျ သူ သေသွားတယ်မဟုတ်လား။"

“အင်း ... မင်းရဲ့သူရဲ့ရန်သူကို စဉ်းစားရမယ်လေ။ သူက တာ့ချင်ရဲ့ဧကရာဇ်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”

“ဧကရာဇ်က သူ့ကိုသတ်ခဲ့တယ်လို့ပြောတာလား”

သူတောင်းစားအိုကြီးက ဖြည်းဖြည်းချင်းလှဲချကာ သက်ပြင်းချလျက် ပြောလိုက်တော့သည်။

“ဒါ ကောလာဟလပါပဲ။ အလေးမထားနဲ့”

“အဖိုးကြီး ခင်ဗျားက မရိုးရှင်းဘူးပဲ” ထိုလူက ပြောပြီး ထရပ်လိုက်၏။ ပြီးနောက် သတိမပေးဘဲ တိုက်ခိုက်တော့သည်။ သူ၏လက်က တောက်ပသွားကာ သူတောင်းစားအိုကြီး၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

သူတောင်းစားအိုကြီးက ထိတ်လန့်တုန်လှုပ်သွားလျက် လည်ပင်းကနေကိုင်မြှောက်ခံလိုက်ရ၏။ သူ၏မျက်လုံးက ကြောက်လန့်မှုကြောင့် ပြူးကျယ်နေကာ သတ်ဖြတ်လိုစိတ်များပြည့်နေသည့် မျက်လုံးတစ်စုံနှင့်တွေ့လိုက်ချိန်တွင် သူ၏တစ်ကိုယ်လုံး တုန်ယင်နေ၏။

ယင်းကိုမြင်သောအခါ ထိုလူက ဆုပ်ကိုင်ထားမှုကို ဖြေလျော့ပေးလိုက်သည်။ သူတောင်းစားအိုကြီးက မြေပြင်ပေါ် ပြုတ်ကျသွားကာ ရင်ဘတ်ကို ဆုပ်ကိုင်ထားလျက် ချောင်းအပြင်းအထန်ဆိုးလေ၏။

“ခင်ဗျားက ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူးလား။ ကျုပ် တောင်းပန်ပါတယ်” ထိုလူက ပြောလိုက်၏။ ပြီးနောက် လေထဲပျောက်ကွယ်သွားတော့သည်။

သူတောင်းစားအိုကြီးက ဆွံ့အသွားတော့သည်။ “ဆိုးလိုက်တဲ့ကံ”

ပြီးနောက် နွယ်ပင်များက အရပ်မျက်နှာအနှံ့ရုတ်တရက် ပေါက်ရောက်လာတော့သည်။ တစ်ချိန်တည်းတွင် မီတာတစ်ထောင်အကွာအဝေးအတွင်းရှိ သစ်ပင်က အအေးဒဏ်ကိုပိတ်ဆို့ကာ ဟောင်းနွမ်းနေသည့် စံအိမ်ကို ဖုံးကွယ်ပေးထားလိုက်၏။

နောက်နေ့နံနက်တွင်ဖြစ်သည်။

ကျောင်းဂေဟာထဲတွင် ဖြစ်သည်။

ဖြန်း

ကျောင်းယွိက သူ၏လက်ဖြင့် စားပွဲကို အစိတ်အစိတ်အမွှာမွှာချေမှုန်းလိုက်ပြီးပြောလိုက်သည်။

“ဘာ သွေးဂျင်စင်းနဲ့ မီးကြာပွင့် ပျောက်သွားတယ်ဟုတ်လား”

လက်ထောက်က တုန်တုန်ယင်ယင်ဖြင့် ခေါင်းငုံ့ထားကာ လျှောက်တင်လိုက်သည်။

“စစ်သူကြီးရှီက ပညာရှင်တစ်ယောက်ဖြစ်တဲ့ သူခိုးနဲ့တွေ့ခဲ့တယ်လို့ပြောတယ်။ သာမန်လူတွေအဖို့ အဲ့ဒီလူကို ရင်ဆိုင်ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ စစ်သူကြီးရှီက ရတနာရှာဖို့ထပ်ထွက်သွားတာ သူ့ကို အချိန်တချို့ ပေးလိုက်ပါဦး”

ကျောင်းယွိက ထိုင်ချလျက် မောနေတော့သည်။ သူက ထိုရတနာများရနိုင်ရန်အတွက် ကြိုးစားပမ်းစားဖြင့် အသက်ကို စွန့်စားခဲ့၏။ သူက ဤအတိုင်းမည်ကဲ့သို့ လွှတ်ထားမည်နည်း။ ခဏအကြာတွင် သူက ဒေါသတကြီးပြောလိုက်တော့သည်။

“သူ့ကိုအချိန်ပေးဖို့လား။ ငါ့မှာအချိန်ရှိလား”

လက်အောက်ငယ်သားက တိတ်ဆိတ်နေတော့သည်။

ကျောင်းစံအိမ်ထဲရှိ လူတိုင်းက ကျောင်းယွိ၏မိခင်သည် အပြင်းအထန်နာမကျန်းဖြစ်နေပြီး သဘာဝရတနာများကို အရေးတကြီးလိုအပ်ကြောင်း သိကြသည်။

ကျောင်းယွိက ခေါင်းငုံ့လျက် အချိန်အတော်ကြာကြာ ဆိတ်ဆိတ်နေတော့သည်။ သူက အကောင်းဆုံးကြိုးစားခဲ့သော်ငြား မလုံလောက်ပေ။

လက်အောက်ငယ်သားက မဝံ့မရဲပြောလိုက်သည်။

“စစ်သူကြီးရှီက သူသာ နှင်းကြာပွင့်နဲ့သွေးဂျင်စင်းကို ရှာမတွေ့ရင် အရှင့်ကို ဘယ်လို မျက်နှာချင်းဆိုင်ရမယ်မှန်း မသိဘူးလို့ ပြော ....”

“ထွက်သွား”

လက်အောက်ငယ်သားကို ထွက်သွားခိုင်းပြီးနောက် ကျောင်းယွိက မျက်နှာသေဖြင့် ထရပ်ကာ အပြင်ဖက်သို့ ထွက်သွားသည်။ သူက အခြားအဆောက်အအုံတစ်ခုဆီ ဦးတည်နေသည့် စင်္ကြံဆီလျှောက်သွားလေ၏။

သူက လုကျိုးနေထိုင်ရာ အဆောက်အအုံရှေ့သို့ရောက်သောအခါ တုံ့ဆိုင်းမနေဘဲ ဒူးထောက်လိုက်၏။

“ကျောင်းယွိက ဆရာကြီးကို တွေ့ခွင့်တောင်းပါတယ်”

ဤနည်းဖြင့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း လှစ်ကနဲအမိုးပေါ်ဆင်းသက်လာသည်။

“ကျောင်းယွိလား” ယွီကျန့်ဟိုင်က မျက်ခုံးတစ်ဖက်ပင့်လျက်ပြောလိုက်၏။

ကျောင်းယွိက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“ကျွန်တော် ဆရာကြီးကို အရေးကြီးကိစ္စတစ်ခု ပြောစရာရှိလို့ပါ။ လူကြီးမင်းတို့နှစ်ယောက် ကူညီပေးဖို့ မျှော်လင့်ပါတယ်”

“ငါ့ရဲ့ရှစ်စွင်း ကျင့်ကြံနေရင် သူ့ကို ဘယ်သူမှ နှောင့်ယှက်ခွင့်မရှိဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

ဘန်း

ကျောင်းယွိက သူ၏အသက်စွင်းအင်ကို အသုံးမပြုဘဲ ပြင်းပြင်းထန်ထန် ဦးတိုက်လိုက်တော့၏။ သူက ဆက်ပြောလိုက်တော့သည်။

“ကျုပ် နှင်းကြာပွင့်နဲ့သွေးဂျင်စင်းပျောက်သွားတယ်။ ကျုပ် မိခင်ကို ကယ်တင်မှရမယ်။ ကျုပ် ရွေးချယ်စရာမရှိတော့တာကြောင့် အကူအညီထပ်တောင်းဖို့ ဆရာကြီးဆီရောက်လာတာပါ”

ယွီကျန့်ဟိုင်က ပြောသည်။

“ဒါတွေ ဘယ်လောက်အရေးပါမှန်း မင်း သိတယ်။ ဒါတောင်မှ တခြားလူဆီအပ်ထားရဲတယ်ပေါ့။ မင်းဆီ ပေးသင့်တာကို ပေးပြီးပြီ။ မင်းကို ထပ်ပေးဖို့ မဖြစ်နိုင်ဘူး။ လူတိုင်းက မင်းလိုသာဆို မိစ္ဆာဝေဟင်မျှော်နန်းမှာ သွေးဂျင်စင်းနဲ့နှင်းကြာပွင့်တွေ ဘယ်လောက်များများ လုံလောက်မှာမဟုတ်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ပရဟိတဂေဟာမဟုတ်ဘူး။ မင်း ထွက်သွားသင့်ပြီ”

“...”

ဘန်း ဘန်း

ကျောင်းယွိက အားကုန်ထုတ်သုံးပြီး နှစ်ကြိမ်ဦးတိုက်လိုက်ပြန်၏။

ယွီကျန့်ဟိုင်က ယင်းကိုမြင်သောအခါ မျက်မှောင်ကျုံ့သွားသည်။ ကျောင်းယွိက တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်၏။ ထိုသို့တိုင် သူက သူ့ကိုယ်သူ ရက်စက်နိုင်သည်။

ထိုစဉ် ကျောင်းယွိနောက်မှ လူတစ်ယောက်က ပေါ်လာပြီးမေးလိုက်တော့သည်။

“အဲဒါကို ဘယ်လိုပျောက်သွားတာလဲ။"

ကျောင်းယွိက လှည့်ကြည့်လိုက်စဉ် မင်ရှစ်ရင်ဖြစ်နေတာကို တွေ့လိုက်ရ၏။ သူက ဖြစ်ပျက်ခဲ့သမျှကို လျင်မြန်စွာ ပြန်ပြောလိုက်လေ၏။

“ရှီမျိုးရိုးနဲ့လူက ဟန်ဆောင်ကောင်းသားပဲ” မင်ရှစ်ရင်သည် ကျောင်းယွိပြောတာ နားထောင်ပြီးနောက် သာမန်ကာလျှံကာပြောလိုက်တော့သည်။

ကျောင်းယွိက စိတ်ရှုပ်ထွေးသွားလေ၏။ သူ့နဖူးပေါ်ရှိနာကျင်မှုကို လျစ်လျူရှုထားကာ မေးလိုက်တော့သည်။

“စစ်သူကြီးရှီလား ... ဟန်ဆောင်ကောင်းတာလား”

“မင်းက တုံးတာလား ဒါမှမဟုတ် တုံးချင်ယောင်ဆောင်နေတာလား” မင်ရှစ်ရင်က မေးပြီးဆက်ပြောလိုက်သည်။

“ရှီချီရှုက အနည်းဆုံးမွေးဖွားစမ်းသပ်ချက်နှစ်ခု ဖြတ်ကျော်ပြီးပြီ။ သူ့ဆီကနေ တစ်စုံတစ်ယောက်က တစ်ခုခု ခိုးနိုင်လောက်အောင် ဘယ်လောက်အစွမ်းထက်မလဲ။ သူခိုးက အဲ့လောက် အစွမ်းထက်နေတယ်ဆိုရင် သူခိုးဖြစ်ဖို့ လိုပါဦးမလား”

ကျောင်းယွိက အထိတ်တလန့်ပြောလိုက်၏။

“မဖြစ်နိုင်တာ ... စစ်သူကြီးရှီက ကျုပ်အပေါ် အမြဲတမ်းကောင်းခဲ့တာ။ ဒါမျိုးလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“တုံးအလိုက်တာ” မင်ရှစ်ရင်က ထေ့ငေါ့ပြီးပြောလိုက်လေ၏။ “ခင်ဗျား အခုသူ့ကို ဒီနေရာဆင့်ခေါ်ရင် သူ ပေါ်လာမယ်ထင်လား”

ထိုစကားကိုကြားသောအခါ ဒူးထောက်လျက် မင်ရှစ်ရင်ကို ကန်တော့လိုက်သည်။

“ညီအစ်ကိုမင်ရှစ် ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါ။ တောင်းပန်ပါတယ်”

မင်ရှစ်ရင်က လှုပ်ရှားမှုမရှိပေ။

“မင်း ဒူးမထောက်သင့်ဘူး။ ဒီလိုလုပ်ရင် မင်းကို ငါ အထင်သေးတာပဲရှိမယ်”

“ကျုပ် ...” ကျောင်းယွိ၏မျက်နှာထက်တွင် ဒွိဟဖြစ်နေသည့် အမူအရာပေါ်လာပြီး နောက်ဆုံးတွင် ထရပ်လိုက်၏။

“ကျုပ်မှာရွေးစရာမရှိဘူး”

မင်ရှစ်ရင်က ပြောလိုက်သည်။

“ငါ မင်းကို မကူညီဘူးလို့ မပြောဘူး။ ရှီချီရှုကို ဆင့်ခေါ်လိုက်”

ကျောင်းယွိက ခေါင်းခါလိုက်လေ၏။

“စစ်သူကြီးရှီက သွေးဂျင်ဆင်းနဲ့ နှင်းကြာပွင့်ကို သွားရှာနေတယ်။ သူ ပြန်လာဦးမှာမဟုတ်ဘူး”

မင်ရှစ်ရင်က ရှေ့တိုးကာ ကျောင်းယွိ၏ကော်လာကို ဆုပ်ကိုင်လျက် ဖြေးဖြေးချင်းပြောလိုက်၏။

“ငါ မင်းကို သတိပေးနေတာ။ ငါ ပြောတာနားထောင်ရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းကို ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ဘူး”

“...” ကျောင်းယွိသည် မင်ရှစ်ရင်၏အကြည့်ကြောင့် ကြောက်လန့်သွားတော့သည်။ သူတို့ ပထမဆုံးတွေ့ချိန်မှစပြီး မင်ရှစ်ရင်သည် သူ့အပေါ်ရန်လိုခဲ့၏။ မင်ရှစ်ရင်ကို မေးခဲ့သော်ငြား အဖြေမရခဲ့ပေ။ နားလည်မှုလွဲမှားချင်းဟုသာ သူ အမြဲတစေထင်ခဲ့သည်။ သို့သော် ယခုအချိန်၌ သူ မင်ရှစ်ရင်ကို တကယ်ကြောက်ရွံ့နေမိသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့က မင်ရှစ်ရင်၏စိတ်နေသဘောထားနှင့် အလွန်ရင်းနှီးသည်။ မင်ရှစ်ရင်က ဒေါသအလွယ်တကူမထွက်တတ်ဘဲ သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရာ၌ အလွန်တော်သည်။ ထို့အပြင် မင်ရှစ်ရင်က ကိစ္စရပ်များကိုဖြေရှင်းရာ၌ သင့်လျော်မှန်ကန်စွာ ဖြေရှင်းတတ်သည်။ သို့သော်ငြား ယခုအချိန်၌ မင်ရှစ်ရင်က တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပင်။

ထိုစဉ် ....

“စိတ်လိုက်မာန်ပါမလုပ်နဲ့”

လုကျိုး၏အသံကို ကြားသောအခါ နောက်ဆုံး၌ သူ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားကြောင်း သဘောပေါက်သွားလေ၏။ သူက ကျောင်းယွိကို ဆုပ်ကိုင်ထားမှုအား ဖြေလျော့ပေးလိုက်သည်။

ကျောင်းယွိက မြေပြင်ပေါ်ချက်ချင်းပြုတ်ကျသွား၏။

ကျွီ...

လုကျိုးက လက်နောက်ပစ်ထားလျက် အခန်းထဲမှ ထွက်လာသည်။

...

အခန်း (၁၃၀၄) သူက ထော့ပါစစ်ချန်ထက် ပိုပြီးကောင်းလို့လား

မင်ရှစ်ရင်က ဦးညွှတ်ကာ ပြောလိုက်သည်။

“ရှစ်စွင်း ခွင့်လွှတ်ပေးပါ။ ကျွန်တော် တည်ငြိမ်မှု ပျောက်ဆုံးသွားတယ်”

လုကျိုးက မင်ရှစ်ရင်ကို ကြည့်ပြီးသည့်နောက်တွင် ကျောင်းယွီ၏ သွေးသံရဲရဲ နဖူးထံ အကြည့်လွှဲလိုက်သည်။

သူက ပြောလိုက်၏။

“သွေးဂျင်စင်းနဲ့ နှင်းကြာပွင့်တို့က အရမ်းအဖိုးတန်တယ်။ ဒါပေမဲ့ မင်းက တခြားသူဆီ အပ်လိုက်တယ်တဲ့လား”

ကျောင်းယွီက သူ့ဘာသာသူ စိတ်တိုနေသည့်အလား ပြောလိုက်သည်။

“ဒီလိုဖြစ်ခဲ့မှန်းသာ သိရင် ကျွန်တော့်ကို သေတဲ့အထိ ရိုက်လိုက်တယ်ဆိုရင်တောင် သူ့ကို ပေးလိုက်မှာမဟုတ်ဘူး။ အဲ့လိုကိစ္စဖြစ်မလာဖို့ ပိုပြီးဆုတောင်းလေလေ ပိုပြီးဖြစ်ပျက်လာလေလေပဲ။ ဒါက အရင်တုန်းကလိုပဲ”

“အရင်တုန်းကလိုလား”

တစ်ခါအရူးလုပ်ခံရလျှင် သူများအပြစ်ဖြစ်သော်လည်း နှစ်ခါအရူးလုပ်ခံရလျှင် ကိုယ့်အမှားသာ ဖြစ်လေသည်။

မင်ရှစ်ရင်က ဆွံ့အမိသွားသည်။ သူက ကျောင်းယွီကို ဆက်ပြီး မကြည့်တော့ပေ။

“သူတို့က သဘာဝရတနာတွေလေ။ ရတနာဆေးဝါးတွေလေ” ကျောင်းယွီက အသံတိုးတိုးဖြင့် ပြောလိုက်၏။

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“ကိစ္စနှစ်ခုရှိတယ်။ ပထမဦးဆုံး အဲဒီရှီမျိုးရိုးနဲ့လူကို ငါ့ဆီ တွေ့ဖို့ ဆင့်ခေါ်လိုက်။ ဒုတိယတစ်ခုက မင်းအမေဆီ ငါ့ကို ခေါ်သွားပေး”

ကျောင်းယွီက ထိုစကားများကို ကြားသည့်အခါ ပျော်ရွှင်မိသွားသည်။ သူက ဘာမှစကားတစ်ခွန်းမှ မပြောဘဲ မြေကြီးပေါ် သုံးကြိမ်တိုင်တိုင် ဝပ်တွားလိုက်သည်။ သူက နဖူးပေါ်မှ နာကျင်မှုကို လျစ်လျူရှုထားပြီး အလျင်အမြန်ပြောလိုက်သည်။

“ဒီဖက်ကို ကြွပါ”

ဆက်တိုက်ဆိုသလို ကျောင်းယွီက အားလုံးအား တိတ်ဆိတ်နေသည့် ခြံဝန်းတစ်ခုအတွင်း ခေါ်ဆောင်သွားလေ၏။

လုကျိုးက အဝင်ဝတွင် ရပ်ကာ လေထုကို ရှူရှိုက်လိုက်သည်။

“ဒီနေရာမှာ အရမ်းအားကောင်းတဲ့ ဆေးအနံ့တွေ ရှိနေတာပဲ”

“အမေက တစ်နှစ်ပတ်လုံး ဆေးဝါးတွေ လိုအပ်နေတာလေ။ သူမရဲ့ အခြေအနေက နှစ်တစ်လျှောက်လုံးမှာ ပိုပြီးဆိုးရွားလာတော့ ဆေးပင်တွေကလည်း ပိုပြီးများပြားလာတာ” ကျောင်းယွီက ရှင်းပြလိုက်သည်။

မင်ရှစ်ရင်က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။

“သိတတ်တဲ့ သားပဲ”

သူတို့က အထဲ ဝင်ရောက်လာသည့်အခါ အမျိုးသမီးအစေခံများစွာက အဆောက်အဦ အထဲအပြင် လျှောက်လှမ်းနေသည်ကို မြင်လိုက်ရသည်။

ကျောင်းယွီက ရှီချီရှုအား သတင်းစကားပို့ဖို့ တစ်စုံတစ်ယောက်အား အမိန့်ပေးလိုက်ပြီးသည့်နောက်တွင် လုကျိုးအား အဆောက်အဦအတွင်း ခေါ်ဆောင်သွားလေ၏။

………………………………………………

ရှီချီရှုက ကျောင်းယွီ၏ စကားကို လက်ခံရရှိသည့်အခါ သူက အာရုံမစိုက်ပေ။ သူက သေရည်ခွက်ကို အသာဝှေ့ယမ်းရင်း ပြောလိုက်သည်။

“ငါ အဲဒီကောင်စုတ်ဆီကနေ ယူလိုက်တဲ့ ပစ္စည်းတွေက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ သူတို့ကို စားပြီးတဲ့နောက်မှာတောင် ငါ့ရဲ့ စွမ်းအားတွေက ထွက်နေတုန်းပဲ။ အခုထိ ငြိမ်ကျမသွားသေးဘူး။ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံဆင့်ကလည်း သိသိသာသာ တိုးတက်လာတယ်”

ရှီချီရှုဘေးတွင် ထိုင်နေသည့်သူက ရှန့်ကောင်းဖြစ်ကာ ရှီချီရှုက ညီအစ်ကိုလို သတ်မှတ်ရသည့်သူတစ်ယောက်ဖြစ်၏။ သူက ပြောလိုက်သည်။

“အစ်ကိုကြီးက ဒီအရာတွေနဲ့ ထိုက်တန်တယ်။ ဘာဖြစ်ဖြစ် အဲဒီကောင်စုတ်လေးက အခုတွေ့ချင်တယ်ဆိုတော့ ဘာလုပ်မှာလဲ”

ရှီချီရှုက ပြောလိုက်သည်။

“သူက တွေ့ချင်တာနဲ့ ငါက သွားတွေ့ရမှာလား”

နှစ်ဦးသားက အားပါးတရ ရယ်မောလိုက်ကြသည်။

“အစ်ကိုကြီး ဘာလို့ သူ့ကို သွားမတွေ့တာလဲ။ သူ့ဆီမှာ မီးတောက်ကြာပွင့်ရှိသေးတယ်လို့ ကြားတယ်” ရှန့်ကောင်းက ပြောလိုက်သည်။

ယခင်က ကျောင်းယွီသည် မီးတောက်ကြာပွင့်ကို အရင်ရရှိခဲ့၏။ သွေးကြာပွင့်နှင့် သွေးဂျင်စင်းတို့ကမူ နောက်ပိုင်းမှ ရရှိခဲ့သည့်အတွက် ရှီချီရှုက သိမ်းထားဖို့ ပေးလိုက်ခြင်း ဖြစ်သည်။

ရှီချီရှုက ခေါင်းညိတ်လိုက်၏။

“သွား ဒါပေမဲ့ သူက တာ့ချင်ရဲ့ ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ မြို့စားဆိုတာ မှတ်ထားဦး။ မလွန်စေနဲ့”

“မစိုးရိမ်ပါနဲ့”

ဤသို့ဖြင့် ရှန့်ကောင်းက ကျောင်းစံအိမ်ဆီ ကြည့်လိုက်တော့သည်။

…………………………………..

ကျောင်းစံအိမ်တော်၌

လုကျိုးက သတိမေ့မြောနေသည့် အမျိုးသမီးကို ကြည့်ပြီးသည့်နောက်တွင် လက်နှစ်ချောင်းဖြင့် သူမ၏ သွေးကြောကိုစမ်းသပ်လိုက်သည်။

ထို့နောက် လုကျိုး၏ စိတ်ထဲ အတွေးတချို့ပေါ်ထွက်လာကာ သူ့အံ့ဖွယ်စွမ်းအား ထိုအမျိုးသမီး၏ သွေးကြော၈ခုဆီ ပို့ဆောင်လိုက်သည်။ သူက လက်ကို ပြန်ရုတ်သိမ်းပြီးသည့်နောက်တွင် ကျောင်းယွီအား ကြည့်လိုက်သည်။

ထို့နောက် သူက မေးလိုက်သည်။

“ဆေးပင်တွေက လူကို ကုဖို့ အသုံးပြုတယ်ဆိုတာ သေချာလား”

ကျောင်းယွီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက စိုးရိမ်စွာ မေးလိုက်၏။

“လောင်ချန်းပေ့က ဒီဆေးပင်တွေနဲ့ ပတ်သက်ပြီး တစ်ခုခုများ မှားနေလို့လား”

လုကျိုးက ဘာမှမပြောဘဲ ထိုအစား ရွှေရောင်ထိုက်ရွှီကြေးမုံကို ယူပြီး ဖုံးကွယ်ရေးကဒ်ကို အသုံးပြုပြီးသည့်နောက်တွင် ကြေးမုံဖြင့် ထိုအမျိုးသမီးကို ညွှန်ပြလိုက်သည်။

အလင်းတန်းက သူ့အမေအပေါ် ကျရောက်လာသည့်အခါ ကျောင်းယွီက သူ့အမေ၏ ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များ ထွက်နေသည်ကို မြင်လိုက်ရသည်။ သူက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လုကျိုးက စားပွဲပေါ်တွင်ရှိသည့် ဆေးပင်များကိုလည်း ကြေးမုံဖြင့် ထိုးပြလိုက်သည်။

တူညီလှစွာ ဆေးပင်များကလည်း အနက်ရောင်အခိုးအငွေ့မှ ထုတ်လွှတ်နေသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက သမားတော်ကျုံးကိုယ်တိုင် စပ်ပေးထားတာ။ အစောင့်တွေကလည်း အမိန့်တွေကို တိတိကျကျ လိုက်နာကြတယ်” ကျောင်းယွီက ခေါင်းယမ်းရင်း ဆက်ပြောနေသည်။

လုကျိုးက ပြောလိုက်၏။

“ဒီကြေးမုံက အမှန်တရားကို ထုတ်ဖော်ပြသနိုင်ပေမဲ့ လူတွေရဲ့ စိတ်နှလုံးသားကိုတော့ မထုတ်ဖော်မပြသနိုင်ဘူး”

ကျောင်းယွီက စိတ်ထဲ ဗလာကျင်းသွားသလို ခံစားလိုက်ရ၏။ အကယ်၍ သူ လုကျိုး၏ စကားများကို နားမလည်သေးပါက အင်မတန်တုံးအနေ၍သာ ဖြစ်ရပေမည်။ သူက သူ့ဘေးနားတွင်ရှိသည့်သူများကို တစ်ခါမှ သံသယမဖြစ်ခဲ့ပေ။ သူက စံအိမ်တွင်ရှိသည့် အစောင့်များစွာကို အကြိမ်များစွာ ပြောင်းလဲခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သည်။

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို သိမ်းဆည်းပြီးသည့်နောက်တွင် ပြောလိုက်သည်။

“မင်းအနေနဲ့ သွေးဂျင်စင်း၊ နှင်းကြာပွင့်နဲ့ မီးတောက်ကြာပွင့်တို့ကို သူမကို ကုသပေးဖို့ မလိုအပ်ဘူး”

ကျောင်းယွီက အသိပြန်ဝင်လာကာ မေးလိုက်သည်။

“ဒါ ဆရာသခင်ဖန်း လာတုန်းက ကြည့်ပေးပြီးတော့ သူမက တခြားဆေးပင်တွေ လိုတယ်ဆိုပြီး ပြောခဲ့တာ”

“ဆရာသခင်ဖန်းလား”

“ဆရာသခင်ဖန်းတင် မကသေးဘူး။ စစ်သူကြီးရှီ၊ စစ်သူကြီးပိုင်နဲ့ တော်ဝင်သမားတော်တွေ အားလုံးကလည်း အတူတူပြောခဲ့တာ။ သူက အဲဒီအမေကို ကယ်ဖို့ အဲဒီပစ္စည်းကို လိုတယ်လို့ ပြောခဲ့တာ” ကျောင်းယွီက ပြောပြီးသည့်နောက်တွင် သူက လုကျိုး၏ စကားများကို ယုံကြည်ဖို့ အခက်တွေ့နေလေ၏။

“မင်းက ငါ့ကို မယုံဘူးလား” လုကျိုးက ပြောလိုက်သည်။

ကျောင်းယွီက လက်ကို ယမ်းကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ လောချန်းပေ့ကို သေချာပေါက် ယုံတာပေါ့”

လုကျိုးက လက်ကိုမြှောက်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးထဲ ရွှေရောင်ကြာပွင့်တစ်ခု ပွင့်လန်းလာကာ ထိုအမျိုးသမီးဆီ ဦးတည်သွားလေ၏။

ကျောင်းယွီက သူ့အမေနှင့် ရွှေရောင်ကြာပွင့်ကို စိုက်ကြည့်ရင်း အသက်ရှူဖို့ပင် စိတ်လှုပ်ရှားလွန်းနေသည်။

ရွှေရောင်ကြာပွင့်က ထိုအမျိုးသမီးထက် ကျရောက်သွားကာ အသက်ဓာတ်အမြောက်အများ ထုတ်လွှတ်လာပြီး အနက်ရောင်မြူခိုးများကို လှုပ်ရှားလိုက်သည်။

ရုတ်ခြည်းဆိုသလို အပြင်ဘက်မှ တိုက်ခိုက်သံတို့ ထွက်ပေါ်လာလေ၏။

…………………………………………

အဆောက်အဦအပြင်ဘက်တွင် ပုံရိပ်နှစ်ခုက လက်ဝါးချင်း တုံ့ပြန်နေသည်။

“မင်းက ဘယ်သူလဲ။ ငါက သခင်လေးကျောင်းကို လာပြီး တွေ့ထားတာ” ရှန့်ကောင်းက မင်ရှစ်ရင်ကို ကြည့်ကာ သိလိုက်သည်။

မင်ရှစ်ရင်က သူ့ရှေ့တွင်ရှိသည့်လူကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းက ရှီချီရှုရဲ့ လူလား”

“ငါ့ရဲ့ အစ်ကိုကို နာမည်ခေါ်ရဲတယ်ပေါ့။ ထွက်သွား” ရှန့်ကောင်းက လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်ပြီး ပြောလိုက်သည်။

မင်ရှစ်ရင်က သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ အစိမ်းရောင်လက်ဝါးချက်ကို တောင့်ခံလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“ရှီချီရှုကိုယ်တိုင်လာသင့်တယ်”

“သခင်လေးကျောင်းကြောင့်သာမဟုတ်ရင် အသက်ရှင်နေဦးမယ်များ ထင်နေလား” ရှန့်ကောင်းက ပြောလိုက်သည်။

ထိုစဉ် ကျောင်းယွီက ပြေးထွက်လာကာ ပြောလိုက်သည်။

“နားလည်မှုလွဲတာပါ။ ဆက်မတိုက်ခိုက်နဲ့တော့”

ရှန့်ကောင်းက ပြောလိုက်သည်။

“ သခင်လေးကျောင်း အစ်ကိုကြီးက သတင်းစကားကို ရပြီးတော့ ကျုပ်ကို ပို့လိုက်တာ။ ဧည့်သည်တွေ ရှိဦးမယ်လို့ ထင်မထားမိဘူး။ ကျုပ် မရိုမသေဖြစ်သွားတာကို တောင်းပန်ပါတယ်”

ကျောင်းယွီက ပြောလိုက်သည်။

“သူက မိတ်ဆွေပါ။ ဒါနဲ့ စစ်သူကြီးရှီက ဘာလို့ ရောက်မလာတာလဲ”

“စစ်သူကြီးရှီက သတင်းစကား ပို့ခိုင်းလိုက်လို့ပါ။ သူက သဲလွန်စကို တွေ့ထားတယ်တဲ့။ ဒါပေမဲ့ သူခိုးကို မျှားဖို့ မီးတောက်ကြာပွင့်ကို လိုနေတာ။ အဲဒါကြောင့်…”

ရှန့်ကောင်းက အဓိပ္ပာယ်ပါပါ သဲလွန်စပေးလိုက်သည်။

ကျောင်းယွီက မျက်မှောင်ကြုတ်လိုက်၏။

“မီးတောက်ကြာပွင့်လား”

“သခင်လေးကျောင်း မစိုးရိမ်ပါနဲ့။ ကျုပ်တို့တွေက အဲဒါကို ငါးစာအနေနဲ့ပဲ အသုံးပြုမှာပါ။ အစ်ကိုကြီးနဲ့ ကျုပ်နဲ့ လှုပ်ရှားပြီးတဲ့နောက်မှာ သူခိုးသေချာပေါက် ဖမ်းဆီးနိုင်မှာပါ” ရှန့်ကောင်းက ပြောလိုက်သည်။

“ငါ့ဆီမှာ မီးတောက်ကြာပွင့်ရှိတာ ဘယ်လိုသိလဲ”

“…”

ဤသည်က မေးခွန်းတစ်ခု ဖြစ်ပေသည်။

ရှန့်ကောင်းက ချက်ချင်းဆိုသလို အသိဝင်လာကာ အပြုံးဖြင့် ပြောလိုက်သည်။

“သခင်လေးကျောင်းက အမည်မသိကုန်းမြေဆီ သွားပြီး အဲဒီသုံးမျိုးကို ရှာခဲ့တာလေ။ ပစ္စည်းနှစ်မျိုးထဲ ရရုံနဲ့ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား”

မင်ရှစ်ရင်က ခေါင်းယမ်းကာ သက်ပြင်းချပြီး ပြောလိုက်သည်။

“ဒီလိုဆိုးရွားတဲ့ သရုပ်ဆောင်မှုမျိုးနဲ့ ဒီလိုမျိုး ပေါ့ပေါ့တန်တန် အကြောင်းပြချက်မျိုးနဲ့…”

ရှန့်ကောင်းက ဒေါသစွက်ကာ ပြောလိုက်သည်။

“ ယုံချင်ယုံ မယုံချင်နေ။ သွေးဂျင်စင်းနဲ့ နှင်းကြာပွင့်တို့က စစ်သူကြီးရှီရဲ့ လက်ထဲမှာ”

ကျောင်းယွီ၏ အမူအရာက ပြောင်းလဲသွားကာ ပြောလိုက်သည်။

“စစ်သူကြီးရှီကို လာပြီးတွေ့ဖို့ ပြောလိုက်”

“သခင်လေးကျောင်းက လာနောက်နေတာလား” ရှန့်ကောင်းက အံ့အားသင့်သွားလေသည်။

“ငါ တစ်ခါ ထပ်ပြောမယ်။ စစ်သူကြီးရှီကို ငါနဲ့ လာပြီးတွေ့ခိုင်းလိုက်” ကျောင်းယွီက ပြောလိုက်သည်။

ရှန့်ကောင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ အပြင်ဘက်တွင်မူ သူက ပြောလိုက်၏။

“ကောင်းပါပြီ။ သခင်လေးကျောင်းရဲ့ စကားကို ပြန်ပြီး ပို့ပေးလိုက်ပါမယ်”

ရှန့်ကောင်းထွက်မသွားခင် သူက မင်ရှစ်ရင်အား ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ သူက လွတ်သွားတော့မည့်ဆဲဆဲတွင် မိုးခြိမ်းလုမတတ် အသံကြီးကြားလိုက်ရ၏။

“ရပ်စမ်း”

“ဟမ်” ရှန့်ကောင်းက သူ့ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်း ထသွားသည်ကို ခံစားမိလိုက်သည်။ သူက လှည့်ကြည့်လိုက်သည့်အခါ မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က လျှပ်စီးလိုအလင်းဖြင့် သူ့ဆီပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ဘန်း

မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က လျှပ်စီး၏ အလျင်ဖြင့် သူ့ဆီ ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။

ဘန်း

မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က ရှန့်ကောင်းအပေါ် ကျရောက်လာလေ၏။ သူက တုန်လှုပ်နေပြီး သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားတစ်ခုက ဖိနှိပ်ခံလိုက်ရသလို ခံစားမိလိုက်သည်။

ဘန်း

မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်က ရှန့်ကောင်းအား ဖိနှိပ်ထားလေ၏။

ရှန့်ကောင်းက အံကြိတ်ကာ ပြောလိုက်သည်။

“ခင်ဗျား လုပ်ရဲတယ်လား”

ရှန့်ကောင်း၏ စကားမဆုံးခင် မိစ္ဆာ၏ လက်ဝါးစည်းတံဆိပ်က သူနှင့် ထပ်မံနီးကပ်နေသည်။

ဝုန်း ဝုန်း ဝုန်း

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

“တင်း မွေးဖွားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

ဤသို့ဖြင့် ရှန့်ကောင်းက မွေးဖွားဇယားချက် ၉ခုမှ ၀သို့ ရောက်သွားလေသည်။ သူက အကြောက်တရားဖြင့် ကြည့်လိုက်၏။

သူက ခေါင်းမော့ကြည့်လိုက်သည့်အခါ လုကျိုးသည် တည်တည်ငြိမ်ငြိမ် ရပ်နေသည်ကို မြင်လိုက်ရသည်။

“…”

ကျောင်းယွီက ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားလေ၏။ သူက မေးလိုက်သည်။

“လောင်ချန်းပေ့ ဘာလို့ သူက စစ်သူကြီးရှီရဲ့ လူလေ။ သူ့ကို သတ်လို့မရဘူး”

လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။

ဘန်း

မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်က ရှန့်ကောင်းအပေါ် နောက်ဆုံးအကြိမ် ကျရောက်လာလေ၏။

ဤတစ်ကြိမ် သူက ပြောလိုက်သည်။

“သူက ထော့ပါစစ်ချန်ထက်ပိုပြီး တော်လို့လား”

လုကျိုး၏ အဓိပ္ပာယ်က ရှင်းလင်းလှသည်။ သူက ထော့ပါစစ်ချန်ကို သတ်နိုင်သည့်အတွက် သူ့အနေဖြင့် ရှန့်ကောင်းလိုမျိုးလူ သို့မဟုတ် သူ့လိုလူမျိုးက ရှီချီရှုလိုလူမျိုးကို ချမ်းသာပေးစရာ လိုအပ်မည်နည်း။

ဝုန်း

“တင်း ပစ်မှတ်ကို သတ်နိုင်သည့်အတွက် ကုသိုလ်ရမှတ် ၂၀၀၀ ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၁၀၀၀ ရရှိပါတယ်”

…

အခန်း (၁၃၀၅) လူကြီးမင်းရှီ၏ ပေါက်ကွဲခြင်းစွမ်းအား

ရှန့်ကောင်းကဲ့သို့ လူတစ်ယောက်သည် လုကျိုးအတွက် ပြိုင်ဖက်မဟုတ်တာသေချာ၏။ သူသည် သူ၏ကောင်းကင်စွမ်းအားကို အသုံးပြုဖို့တောင် မလိုအပ်ပေ။ သူသည် သူ၏စွမ်းအားဖြင့် သူက ဤနေရာကို တစဆီဖြစ်သွားအောင်မလုပ်ချင်။ ကောင်းကင်စွမ်းအားမပါပင်လျှင် မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က ခြံဝန်းထဲ၌ ဧရာမလက်သဏ္ဌာန်တွင်းတစ်ခု ကျန်ရစ်ခဲ့တော့သည်။ ရှန့်ကောင်းသေတော့မည့်အချိန်၌ သူက ကျောင်းယွိသည် သူ့ကိုကူညီပေးရန် ပညာရှင်တစ်ယောက် ရှာတွေ့မှန်း နောက်ဆုံးတော့ သဘောပေါက်သွား၏။ ကံဆိုးသည်မှာ နောက်ကျလွန်းသွားပြီဖြစ်သည်။

လုကျိုးက လက်ဝေ့ယမ်းလိုက်သောအခါ ရှန့်ကောင်း၏အိပ်ကပ်ထဲမှ တစ်စုံတစ်ခု ပျံထွက်လာ၏။

၎င်းက လူတိုင်းမျက်စိရှေ့မှောက်လေထဲပျံဝဲလာ၏။ ထိုအရာက သွေးဂျင်စင်းဖြစ်သည်။ တိတိကျကျ ဆိုရပါက သွေးဂျင်စင်း သုံးပုံတစ်ပုံသာဖြစ်သည်။

“...”

ကျောင်းယွိသည် ထိတ်လန့်မှုကြောင့် မျက်လုံးအပြူးသားဖြစ်နေပြီး မျက်နှာမည်းမှောင်သွားလေ၏။

“ရှန့်ကောင်းက စစ်သူကြီးရှီရဲ့ညာလက်ရုံးပဲ။ ဒါ ဒါ မှားနေတာပဲဖြစ်ရမယ်။ ဒါမဖြစ်နိုင်ဘူး။ တစ်နေရာမှာ နားလည်မှုလွဲနေတာ”

မင်ရှစ်ရင်က ကျောင်းယွိကို လှည့်ရိုက်လိုက်လေ၏။

ကျောင်းယွိသည် ကြောက်လန့်မှုကြောင့် နောက်သို့ယိုင်သွားသည်။ မင်ရှစ်ရင်က သူ၏တုံ့ပြန်မှုကို မှန်းဆပြီးဖြစ်ကာ ရှေ့တိုးပြီးကန်လိမ့်မည်ဟု မထင်ထားပေ။ သူက သူ၏ပါးကို ကြောင်အစွာကိုင်ထားမိသည်။

လုကျိုးသည်လည်း မင်ရှစ်ရင် ရုတ်တရက်လှုပ်ရှားမည်ဟု မထင်ထား။ ထို့အပြင် မင်ရှစ်ရင်က သူ့ရှေ့တွင် ဆောင်ရွက်ခဲ့တာဖြစ်သည်။ အမှန်ပင် မင်ရှစ်ရင်၏အမူအရာက ပိုပိုပြီးမူမမှန်ဖြစ်လာ၏။

မင်ရှစ်ရင်က ကျီစယ်လိုက်သည်။

“ရှီချီရှုက မင်းရဲ့သွေးဂျင်စင်းနဲ့ နှင်းကြာပွင့်ကို ခိုးခဲ့ရုံသာမကဘူး သူက မင်းရဲ့အမေကိုတောင် ထိခိုက်အောင်လုပ်ခဲ့တယ်။ ငါ့ရဲ့ရှစ်စွင်းက မင်းအတွက် လက်စားခြေပေးဖို့ ဒီကောင့်ကို သတ်ခဲ့တာ။ မင်း ကျေးဇူးမသိတတ်ရင်ရပြီ။ ဒါပေမဲ့ ဘာကြောင့် ဆက်ငြီးတွားနေသေးတာလဲ”

“...”

မင်ရှစ်ရင်က အေးစက်စက်ပြောလိုက်၏။

“မင်းက ဘာမှမဟုတ်တဲ့ အရူးတစ်ယောက်ပဲ”

“...”

ကျောင်းယွိက သူ၏ပါးကိုကိုင်ထားကာ နောက်သို့ဆုတ်သွားလေ၏။ သူ ဝန်မခံချင်သော်ငြား မင်ရှစ်ရင်သည် သူ့ကို အသိဝင်အောင်ရိုက်ခဲ့တာပဲဖြစ်သည်။

“သူ သူတို့တွေက ကျုပ်ကို လိမ်နေတာလား”

“သိသားနေတာကို ဘာလို့မေးနေသေးတာလဲ”

“ဒါ ဒါ ဒါပေမဲ့ ဘာလို့လဲ”

“မင်း အဲ့ဒီရှီမျိုးနွယ်ကို သွားမေးရမှာလေ” မင်ရှစ်ရင်က ပြောလိုက်သည်။

ထိုစဉ် လုကျိုးက လှမ်းခေါ်လိုက်၏။ “လောင်စစ်”

မင်ရှစ်ရင်က ရင်ထဲ ထိတ်ကနဲဖြစ်သွား၏။ သူ ကမန်းကတန်းပြောလိုက်တော့သည်။

“ရှစ်စွင်း တပည့်မှားမှန်းသိပါပြီ”

“မင်း မှားတယ်လို့ ငါ မပြောဘူး” လုကျိုးက ပြောလိုက်၏။ စီးဝူယာ့နည်းတူ သူကလည်း မလိုအပ်သည့်အရာများ မေးရမှာ ပျင်း၏။ သူ၏တပည့်များသည် ထိန်းချုပ်ရမည့်ကလေးများမဟုတ်ပေ။ သူတို့၌ ကိုယ်ပိုင်အတွေးများရှိကြသည်။ သူတို့က စည်းမကျော်သရွေ့ သူတို့စိတ်တိုင်းကျ လုပ်နိုင်သည်။

လုကျိုးက လှည့်ထွက်သွားကာ အဝေးသို့ထွက်သွားလေ၏။ သူက ဆက်လက်ကျင့်ကြံရန် ပြင်ဆင်နေသည်။

မင်ရှစ်ရင်က ခေါင်းကုတ်နေလေ၏။

ကျောင်းယွိက စိတ်တည်ငြိမ်သွားပြီးနောက် မေးလိုက်သည်။

“အစ်ကိုမင်ရှစ် ကျုပ်အခု ဘာလုပ်သင့်လဲ။"

“မင်း ငါ့ကို ယုံလား”

မင်ရှစ်ရင်၏မျက်လုံး၌ အေးစက်မှုများပေါ်လာကာ ပြောလိုက်၏။

“သူ့ခေါင်းကို ရှီချီရှုဆီ ပို့လိုက်”

“...”

“ဒါပို့ဖို့ ကူညီပေးမယ်” မင်ရှစ်ရင်သည် သူ၏ခွဲခွာချိတ်ကောက်ကို ဆွဲထုတ်လျက် ရှန့်ကောင်းကို အလွယ်တကူ ခေါင်းဖြတ်လိုက်သည်။ ပြီးနောက် သူက ကျောင်းယွိ၏ဝတ်ရုံကို လှမ်းဆွဲကာ ဝတ်ရုံစကို ဖြဲလျက် ရှန့်ကောင်း၏ခေါင်းကို ပတ်လိုက်၏။

“...”

“ငါ မေ့တော့မလို့ သူ ဘယ်မှာနေတာလဲ” မင်ရှစ်ရင်က မေးလိုက်၏။

ကျောင်းယွိက ပြန်ပြောလျက် မှင်သက်နေတော့သည်။

“သူ့ရဲ့အိမ်က ဪ မြို့ရဲ့တောင်ပိုင်း ၁၀မိုင်”

ဤနည်းဖြင့် မင်ရှစ်ရင်သည် လှစ်ကနဲထွက်သွားကာ အဝေး၌ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းတွင် ကျောင်းအိမ်တော် အပြင်ဖက်တွင်ဖြစ်သည်။

အဝေးသို့ပျံသန်းသွားသည့် မင်ရှစ်ရင်ကို ကြည့်ပြီး ဝတ်ရုံစိမ်းဓားသမားက ရေရွတ်ပြောလိုက်သည်။

“လောင်စစ် မင်းက အဆင်အခြင်မဲ့လွန်းတယ်” ပြီးနောက် သူက ခေါင်းအနည်းငယ်စောင်းလျက် အသံပို့လိုက်သည်။

“တာ့ရှစ်ရှိုး ဒီနေရာကို ရှစ်ရှိုးဆီအပ်ခဲ့မယ်။ ကျွန်တော် လောင်စစ်ဆီ သွားစစ်ကြည့်လိုက်မယ်”

မကြာမီ၌ သူ၏နားထဲ အသံတစ်သံရောက်လာသည်။ “ကောင်းပြီ”

ညအချိန်တွင်ဖြစ်သည်။

အစိမ်းရောင်ကြာနယ်မြေထဲရှိ ညတာက အလွန်ငြိမ်းချမ်းခြင်းမရှိပေ။ လေအေးများက မြို့ထဲတိုက်ခတ်နေပြီး မြို့ပြင်ဖက်၌ ကြမ်းတမ်းခက်ထန်သားရဲများ လှည့်လည်သွားလာနေ၏။

ရှီချီရှု၏ဂေဟာထဲတွင် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် အလင်းများတောက်ပနေ၏။ ရှီချီရှုက မျက်နှာပြင်တစ်ခုနောက်တွင် တင်ပလင်ခွေချိတ်ထိုင်လျက် ကျင့်ကြံနေ၏။

ဘန်း

ထိုစဉ် လူခေါင်းတစ်ခေါင်းက ပြတင်းပေါက်ကနေ ဝင်လာသည်။

ရှီချီရှုက မျက်လုံးဖွင့်ကာ သူ၏လက်ကိုမြှောက်လိုက်ပြီး လူခေါင်းကို စွမ်းအင်စည်းတံဆိပ်ဖြင့် ပိတ်ဆို့လိုက်၏။ ဤနည်းဖြင့် လူခေါင်းက မြေပြင်ပေါ်ပြုတ်ကျသွားကာ သူ၏ခြေဖျားနားအထိ လိမ့်ကျလာ၏။

ထိုခေါင်းကိုမြင်သောအခါ ရှီချီရှု၏မျက်လုံး၌ သတ်ဖြတ်လိုစိတ်များ လင်းလက်လာ၏။

“ရှန့်ကောင်းလား”

ထိုစဉ် ပြတင်းအပြင်ဖက်ကနေ အသံတစ်သံထွက်ပေါ်လာသည်။

“နောက်တစ်ယောက်က မင်းပဲ”

ဝှစ်

ရှီချီရှုက ပြတင်းပေါက်အပြင်ဖက်သို့ ထွက်လျက် အသံလာရာနောက်လိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက စံအိမ်အပြင်ဖက်ရောက်သွားလေ၏။ သူက ခပ်နိမ့်နိမ့်ပျံသန်းနေသည့် ပုံရိပ်ကို မြင်သောအခါ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကြွက် မင်း ဘယ်နေရာပြေးမလဲ ကြည့်ကြသေးတာပေါ့”

ရှီချီရှုက အရှိန်မြင့်မြင့်ဖြင့်ပျံသန်းကာ ထိုလူနောက်လိုက်သွား၏။ ခဏအကြာတွင် သူက ရုတ်တရက် ရပ်တန့်လိုက်လေ၏။

“မင်းက ငါ့ကို ထောင်ချောက်ထဲကျဖို့ မျှားနေတာလား။ မင်းက အတွေ့အကြုံနည်းလွန်းတယ်”

သူ့ကိုလိုက်ဖမ်းနေသည့်သူက လှည့်လာလျက် ပြောလိုက်သည်။ "သူရဲဘောကြောင်တဲ့သူ”

ရှီချီရှုက မျက်မှောင်ကျုံ့လျက် အဆောင်ကို ခြေမွလိုက်သည်။ ပြီးနောက် သူက ပြန်ပြောလိုက်၏။

“ဟမ် ... တခြားတစ်ယောက်နောက်လိုက်တဲ့ သူရဲဘောကြောင်တဲ့သူကို တွေ့ဖူးလား”

“ကျုပ် အခု ခင်ဗျားကို ကြည့်နေတာပဲမဟုတ်ဘူးလား”

“...”

ရှီချီရှုသည် စစ်မြေပြင်၌ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာဖြစ်သည်။ သူသည် စကားလုံးအနည်းငယ်ဖြင့် မည်သို့ဒေါသထွက်မည်နည်း။ သူက မေးလိုက်၏။

“မင်း ဘယ်သူလဲ”

“မင်းကိုသတ်ချင်တဲ့သူ”

“မင်း တစ်ယောက်တည်းနဲ့လား”

“ခင်ဗျား ဒီမှာသေရမှာ” ထိုလူက မြေပြင်ပေါ်ဆင်းသက်ပြီးနောက် လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ဘန်း

နွယ်ကြိုးများ နွယ်ပင်များ လျင်မြန်စွာ ကြီးထွားလာ၏။ ရှီချီရှုက တအံ့အဩပြောလိုက်သည်။

“ကြီးထွားမှုကို အရှိန်မြင့်စေတဲ့ နည်းစနစ် မင်း ဘယ်သူလဲ”

ထိုလူက ရှီချီရှုကို ပြန်မတုံ့ပြန်ပေ။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် လက်ဝါးဖြင့် ရိုက်ချလိုက်၏။ သူက နွယ်ကြိုးများကို ထိန်းချုပ်ကာ ရှီချီရှုကိုတိုက်ခိုက်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်

ရှီချီရှုက ရှေ့နောက်ရှောင်တိမ်းလျက် နွယ်ပင်များကြား ဖြတ်သန်းသွားလာနေသည်။ ထိုစဉ် အလင်းတန်းတစ်ခု လှစ်ကနဲပေါ်လာလျက် သူ၏ကြယ်တာရာဒိုင်ခွက်ကို ထုတ်လိုက်သည်။

ဘန်း

ကြယ်တာရာဒိုင်ခွက်သည် အဆတစ်ထောင်ပြန့်ကားလာလျက် နွယ်ပင်များကို ဖြတ်တောက်လိုက်၏။

“မောင်ရင် မင်းက အတွေ့အကြုံနည်းလွန်းတယ်” ရှီချီရှုက ပြောပြီး ကြယ်တာရာဒိုင်ခွက်ကို ရုတ်တရက်ပစ်ထုတ်လိုက်သည်။

မွေးဖွားဇယားချပ်၁၂ခုက ကြယ်တာရာဒိုင်ခွက်ပေါ်၌ လင်းလက်လာ၏။ ၎င်းက ဆက်လက်ပြန့်ကားသွားပြီး မီတာတစ်ရာအကျယ်အဝန်းကို လွှမ်းခြုံသွားကာ ပြန့်ကားသွားလေ၏။ တစ်ချိန်တည်းတွင် မွေးဖွားဇယားချပ် ၁၂ခုစွမ်းအားကလည်း ပေါ်ထွက်လာသည်။

ဖုန်း

ရှီချီရှုက မြေပြင်ပေါ် ဆင်းသက်လာ၏။ ကြယ်တာရာဒိုင်ခွက်ပျောက်ကွယ်သွားသောအခါ တွင်းပေါက်လေးတစ်ခုကို မြေပြင်ပေါ်၌ မြင်တွေ့နိုင်သည်။

ရှီချီရှု၏မျှော်လင့်ချက်နှင့် ဆန့်ကျင်ဖက်ပင်။ သူက အလောင်းကို မတွေ့ခဲ့ပေ။ သူက မျက်မှောင်ကျုံ့လျက် အရှေ့သို့ဆက်သွားလိုက်၏။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း ပတ်ဝန်းကျင်ပြောင်းလဲသွားတာကို အာရုံခံမိသည်။ သူက တွင်းပေါက်နှင့် သုံးပုံတစ်ပုံခန့်သာကွာဝေးတော့သည့်အချိန်တွင် ...

ဘန်း

မြေပြင်ထဲမှ လူတစ်ယောက်ပေါက်ထွက်လာ၏။ သူ၏လက်ထဲ၌ အလင်းတန်းတစ်ခုပေါ်လာပြီး ရှီချီရှု၏ သေကွင်းသေကွက်ကို တိုက်ခိုက်တော့သည်။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ထိုပုံရိပ်က တိုက်ခိုက်နေ၏။ အရှိန်၊ နည်းလမ်း၊ ချိန်သားကိုက်မှုပြီးပြည့်စုံသည်။

“ထွက်သွား” ရှီချီရှုက စွမ်းအင်ပေါက်ကွဲမှုများ ထုတ်လွင့်လျက် ရန်သူကို တွန်းထုတ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။

ထိုလူက နောက်ကျွမ်းပစ်သွားကာ မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး ချိတ်ကောက်နှင့်တူသည့်လက်နက်ကို ကိုင်ထား၏။

ရှီချီရှုက မည်းမှောင်သောအမူအရာဖြင့် ပြောလိုက်သည်။

“ငါ မင်းနဲ့ရန်ငြိုးမရှိဘူး။ ဘာကြောင့် ငါနဲ့ငါ့လူကို ပစ်မှတ်ထားရတာလဲ”

“အငြိုးမရှိဘူးတဲ့လား” ထိုလူက ရယ်မောလိုက်၏။

ရယ်သံတစ်ချက်မျှသာဖြစ်သော်ငြား ရှီချီရှုသည် ရယ်သံထဲ၌ အထင်သေးမှုနှင့်ရန်လိုမှုတို့ ပါဝင်တာကို ခံစားမိသည်။ သူက မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “မင်းရဲ့နာမည်ကို ပြော”

“ငါ့ရဲ့မျိုးရိုးက ရီ”

“ရီ လား”

“ဟုတ်တယ် မျိုးမစစ်က ငါက မင်းအဖိုးပဲ။ အာ မင်းလိုသောက်တုံးက ဘယ်လိုလုပ် ငါ့ရဲ့မြေးဖြစ်နိုင်မှာလဲ”

ရှီချီရှု၏ ရင်ထဲ၌ အမျက်ဒေါသမီးများတောက်လောင်လာ၏။ သူသည် ထိုကဲ့သို့စော်ကားမှုမျိုး မည်ကဲ့သို့ ခံနိုင်မည်နည်း။

ဝှစ်

ရှီချီရှုက မင်ရှစ်ရင်ကို တဟုန်ထိုးတိုက်ခိုက်လိုက်၏။

မင်ရှစ်ရင်က လေထဲ၌ ကျွမ်းပစ်သွားသည်။ လက်ဝေ့ယမ်းမှု အနည်းငယ်ဖြင့် သစ်ပင်ပေါင်း ထောင်ချီက ကြီးထွားလာကာ တောအုပ်ငယ်လေးတစ်ခု ဖွဲ့တည်လိုက်သည်။

ရှီချီရှုက သူ၏ကြယ်တာရာဒိုင်ခွက်ကို ထပ်မံဆွဲထုတ်ကာ ၎င်းက အဆတစ်သောင်းထပ်မံပြန့်ကားလာ၏။ သူက တူညီသည့်ဗျူဟာကို အသုံးပြုတော့မည့်အချိန်တွင် မင်ရှစ်ရင်က သူ့ကို တိုက်ခိုက်လာပြီး ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်များကို ပစ်မှတ်ထားလိုက်သည်။

ထိုစဉ် မင်ရှစ်ရင်က ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေတော့သည်။

ရှီချီရှုက နှာခေါင်းရှုံ့လိုက်၏။ “မင်းက မင်းကိုယ်မင်း သေတွင်းထဲပို့နေတာလား။ သေပေတော့”

ကြယ်တာရာဒိုင်ခွက်က အလင်းတန်းတစ်ခု ရုတ်တရက်ပစ်ထုတ်လျက် မင်ရှစ်ရင်ကို လွင့်ထွက်သွားစေသည်။

ဘန်း

မင်ရှစ်ရင်က သူ့ရှေ့၌ ခွဲခွာချိတ်ကောက်ကို ကာထား၏။ သူက ငြီးတွားသံသဲ့သဲ့ ပေါ်ထွက်လာလျက် သူ၏လက်က ထုံကျဉ်သွားသည်။ သူက တောအုပ်ထဲလျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။

ရှီချီရှုက သူ၏ကြယ်တာရာဒိုင်ခွက်ကို တွန်းထုတ်လျက် မြေပြင်ပေါ် ဆင်းသက်ကာ သူ၏ပတ်ဝန်းကျင်ရှိ ပျံသန်းမှုများကို အာရုံခံလိုက်သည်။ အရှေ့သို့တိုးလာပြီးနောက် သူက ပြက်ရယ်ပြုလိုက်သည်။

“မင်းက ဒီလောက်ကျင့်ကြံဆင့် နိမ့်နိမ့်လေးနဲ့ ငါ့ကို သတ်ချင်တယ်ပေါ့။ မင်း စားခဲ့တဲ့ထမင်းထက် ငါ သတ်ခဲ့တဲ့လူက ပိုများတယ်”

တောအုပ်က ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေသည်။ လရောင်က တောအုပ်ထဲရှိ ၎င်း၏ငွေရောင်အလင်းကို ဖြန့်ကျက်နေတော့သည်။

ရှီချီရှုက လက်မြှောက်လျက် သစ်သားပြာကို ဆုပ်ကိုင်လိုက်သည်။ သူ၏အသက်စွမ်းအင်တို့က စွမ်းအင်ဓားမော့တစ်ခုကို ဖွဲ့တည်လျက် သူ့လက်ထဲရှိ သစ်သားပြာကိုလျင်မြန်စွာ ဖျက်ဆီးနေ၏။

အလင်းတစ်ခု လျင်မြန်စွာ ပေါ်ထွက်လာသည်။ ရှီချီရှုက နှာခေါင်းရှုံ့လိုက်၏။ “ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတယ်ပေါ့”

ရှီချီရှုက လက်ဝါးစည်းတံဆိပ်တွန်းထုတ်လိုက်၏။

သို့သော် ထိုအခိုက်အတန့်တွင် မင်ရှစ်ရင်ပေါက်ကွဲခြင်းစွမ်းအားက မှန်းဆမရသောအဆင့်ထိရောက်သွားသည်။ သူ၏ခွဲခွာချိတ်ကောက်က လက်ဝါးစည်းတံဆိပ်ကို ပိုင်းဖြတ်လိုက်၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

မျက်စိတစ်မှိတ်တွင် မင်ရှစ်ရင်က ပိုင်းဖြတ်မှုရာချီပြုလုပ်လိုက်၏။

ရှီချီရှုသည် မင်ရှစ်ရင်၏တိုက်ခိုက်မှု ဤမျှပြင်းထန်လိမ့်မည်ဟု မထင်ထားပေ။ လက်ဝါးစည်းတံဆိပ်က သူ့ကိုတွန်းထုတ်လျက် သူ့ကိုနောက်သို့လန်သွားစေကာ မင်ရှစ်ရင်က ဆက်လက်တိုက်ခိုက်တော့သည်။ ထိုစဉ် မင်ရှစ်ရင်က ရွှေရောင်စွမ်းအင်ကို ထုတ်ပြလိုက်၏။

ရှီချီရှုက ရွှေရောင်အလင်းကြောင့် လင်းထိန်သွားသည့် မင်ရှစ်ရင်၏မျက်နှာကို မြင်သောအခါ အံ့ဩမှုကြောင့် မျက်လုံးပြူးကျယ်သွားတော့သည်။

“ရွှေရောင်စွမ်းအင် စည်းတံဆိပ် ... မင်းလား”

All Chapters