← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃) - လက်စားချေခြင်းလော ၊ လူသတ်မှုနိယာမ ၊ ရွှီအိမ်တော်၏ အထပ်ခိုးသို့ ညဖက်တွင် စူးစမ်းခြင်း

"အခင်းဖြစ်နေရာကို စစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ ဒါဟာ သာမန်လူသတ်မှုမဟုတ်ဘဲ မိစ္ဆာအနှောင့်အယှက်နဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော် ယူဆမိတယ်၊ ဒါကြောင့် လီတာအိုဆရာ ကျွန်တော်နဲ့အတူ တစ်ခေါက်လောက် လိုက်ခဲ့ပေးဖို့ တောင်းဆိုချင်ပါတယ်"

ဝမ်အရာရှိသည် ထိုကဲ့သို့သော ထူးဆန်းသောအမှုမျိုးကို အမှန်တကယ်ပင် ကြောက်ရွံ့မိသည်။

သတိတစ်ချက်လွတ်သွားရုံနှင့် အကြောင်းရင်းမရှိဘဲ မည်သို့သေဆုံးသွားမည်ကို အလွန်ပင် စိုးရိမ်နေမိ၏။

"ကောင်းပါပြီ၊ ခင်ဗျားနဲ့အတူ ကျုပ် လိုက်ခဲ့မယ်"

လီယန်ချူက ခေါင်းညိတ်လိုက်သည်။

ရုံးတော်မှ ရဟန်း သို့မဟုတ် တာအိုဆရာများကို ဖိတ်ခေါ်၍ မိစ္ဆာနှိမ်နင်းခိုင်းပါက ရှေးယခင်ကတည်းက ဆုလာဘ်များ ပေးလေ့ရှိပြီး ထိုပမာဏမှာလည်း မနည်းလှချေ။

မှန်ပါသည်...

လီယန်ချူသည် ယခုအခါ ဆုလာဘ်ကြောင့် သွားခြင်းမဟုတ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပေါ်တွင် ငွေစက္ကူ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ရာ ဝေမြို့ပတ်ဝန်းကျင်၌ အိမ်ခြေ ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဝယ်ယူနိုင်စွမ်း ရှိနေပြီဖြစ်သောကြောင့်ပင်။

ရွှီအိမ်တော်

ရွှီအိမ်တော်သည် ဝေမြို့ရှိ ထိပ်တန်းသူဌေးကြီးများထဲတွင် မပါဝင်သော်လည်း အခြေအနေမှာ တော်တော်လေး ပြည့်စုံပါသည်။

ဆန်ဆိုင်ဖွင့်ထားသည့် သူဌေးရွှီသည် လူသားချင်းစာနာတတ်သူဖြစ်ပြီး ကုန်ပစ္စည်းဈေးနှုန်းကိုလည်း မတန်တဆ တင်ရောင်းလေ့မရှိသူ ဖြစ်သည်။

ဤကဲ့သို့ လူမျိုး အသတ်ခံလိုက်ရခြင်းမှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှပေသည်။

"သရဲပဲ ဒါ အသေအချာ သရဲလုပ်တာ ဝမ်အာရဲ့ ဝိညာဉ်က လက်စားချေဖို့ ပြန်လာတာ "

သူဌေးရွှီ၏ဇနီး သည် စိတ်လွတ်ကိုယ်လွတ်ဖြစ်နေကာ ရှေ့တွင်ရှိသော ချောမောခန့်ညားသည့် တာအိုဆရာလေး၏ လက်မောင်းကို အတင်းဆုပ်ကိုင်ရင်း ကြောက်လန့်တကြား အော်ဟစ်နေရှာသည်။

သူမသည် သူဌေးရွှီ အသစ်စက်စက် ယူထားသည့် ဇနီးဖြစ်ပြီး အသက် ၁၉ နှစ်သာ ရှိသေးကာ အိမ်ထောင်ကျသည်မှာ တစ်လပင် မပြည့်သေးချေ။

ကြားသိရသည်မှာ သူမသည် ကျန်းနန်ဒေသမှ သူဌေးကြီးတစ်ဦး၏ သမီးဖြစ်ပြီး စောင်း၊ စစ်တုရင်၊ ကဗျာ၊ ပန်းချီတို့တွင် ကျွမ်းကျင်သူဖြစ်သည်ဟု ဆိုသည်။

မိသားစုအခြေအနေ ပျက်စီးသွားသဖြင့် ဆွေမျိုးများထံ လာရောက်ခိုလှုံစဉ် ပွဲစားမှတစ်ဆင့် ရှူးမြို့သို့ မိတ်ဆွေထံ အလည်သွားသော သူဌေးရွှီနှင့် လက်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူမသည် အလှပြင်ထားခြင်း မရှိဘဲ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော်လည်း သူမ၏ လှပကျော့ရှင်းသော အရှိန်အဝါကို ဖုံးကွယ်မရဘဲ နုနယ်ပျော့ပျောင်းသော အလှပိုင်ရှင်လေး တစ်ဦးပင် ဖြစ်သည်။

သူမသည် သီချင်းဆို ကောင်းရုံသာမက ကခြင်း၌လည်း ကျွမ်းကျင်သည်ဟု ဆိုကြရာ အလွန်ပင် ရှားပါးလှသော အလှလေးတစ်ဦး ဖြစ်ပေလိမည်။

လီယန်ချူသည် သူ၏လက်မောင်းကို မသိမသာ ပြန်ထုတ်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ရွှီသခင်မ၊ မစိုးရိမ်ပါနဲ့၊ မနေ့ညက အခြေအနေတွေကို ကျုပ်ကို နောက်တစ်ခေါက်လောက် ပြန်ပြောပြပေးပါဦး"

ထိုရွှီသခင်မသည် သူ၏လက်မောင်းကို ဖက်ထားစဉ် သူမ၏ ရင်သားများနှင့် အမြဲတမ်း ပွတ်တိုက်မိနေစေသဖြင့် လူကို အာရုံထွေပြားစေရန် အလွန်လွယ်ကူလှသည်။

ရွှီသခင်မ သည် မျက်ရည်များဖြင့် ဝေဝါးနေသော မျက်နှာလေးကို မော့ကာ လီယန်ချူကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် လီယန်ချူ၏ လက်မောင်းတစ်ဖက်ကို ပြန်လည်ဖက်တွယ်လိုက်ရင်း...

"ဒါဆိုရင် ကျွန်မ တာအိုဆရာကို ပြောပြပါ့မယ်၊ ရှင် ကျွန်မကို သေချာပေါက် ကာကွယ်ပေးရမယ်နော်"

ဟု ရှိုက်ကြီးတငင် ဆိုရှာသည်။

ဘေးမှ ဝမ်အရာရှိမှာမူ နှုတ်ခမ်းတစ်ချက် တွန့်သွားသည်။

စောစောက သူလာရောက် မေးမြန်းစဉ်တုန်းက ထိုလှပသော မုဆိုးမလေးမှာ ဤကဲ့သို့ အမူအရာမျိုး မပြခဲ့ချေ။

"ဝမ်အာ ဆိုတာ သခင်ကြီးရဲ့ သမီးပါ၊ သူက ဆင်းရဲတဲ့ စာသင်သား လေးတစ်ယောက်နဲ့ ချစ်ကြိုက်နေလို့ အိမ်က စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို ငြင်းဆန်ခဲ့တယ်၊ အဲဒါကို သခင်ကြီးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာပါ"

"ဒါပေမဲ့ အဲဒီကလေးက စိတ်တိုတိုနဲ့ အဆုံးစီရင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ သူက ကြိုးဆွဲချ သေဆုံးသွားခဲ့တာပါ"

"မနေ့ညက ကျွန်မ တစ်ပိုင်းတစ်စ နိုးလာတဲ့အချိန်မှာ ကုတင်ဘေးမှာ အရိပ်တစ်ခု ရပ်နေတာကို တွေ့လိုက်ရတယ်၊ အဲဒါ ဆံပင်ဖရိုဖရဲနဲ့ ဝမ်အာပဲ "

"ကျွန်မ သခင်ကြီးရဲ့ နာမည်ကို ဘယ်လိုပဲ ခေါ်ခေါ် သူက နိုးမလာဘူး၊ အဲဒီနောက်မှာ ကျွန်မ သတိလစ်သွားတယ်၊ ပြန်နိုးလာတဲ့အချိန်မှာတော့ သခင်ကြီး... သခင်ကြီးက သေနေပြီ "

"ဝမ်အာက သခင်ကြီးကို လက်စားချေဖို့ လာတာ သေချာတယ် "

ရွှီလီရှီသည် စကားများပင် ထစ်ငေါ့နေကာ ထိတ်လန့်တုန်လှုပ်နေရှာသည်။

လီယန်ချူသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး ရွှီသခင်မ ၏ ဖက်တွယ်မှုမှ ညင်သာစွာ ရုန်းထွက်ကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

သူ၏ မျက်ဝန်းအစုံတွင် နတ်အလင်းတန်းများ လင်းလက်သွားကာ အရှိန်အဝါကြည့်အတတ် နှင့် ဝိညာဉ်မျက်စိ တို့ကို အသုံးပြုလိုက်သည်။

ထိုအခန်းအတွင်း၌ အေးစက်လှသော ဝိညာဉ်အငွေ့အသက်များ ကျန်ရှိနေသည်မှာ လူကို နေရခက်စေသဖြင့် အမှန်တကယ်ပင် သရဲခြောက်နေခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က သရဲယောင်ဆောင်၍ ခြောက်လှန့်နေခြင်းမျိုး မဟုတ်ပေ။

သူ အစောပိုင်းက ဝင်လာစဉ်တုန်းကလည်း ထိုရွှီအိမ်တော်၏ ဖုန်းရွှေ အပြင်အဆင်ကို ကြည့်ခဲ့ပြီးဖြစ်သည်။

လေကောင်းလေသန့်ရ၍ ရေမြေကောင်းမွန်ကာ အိမ်သူအိမ်သားများ အေးချမ်းရမည့် အနေအထားဖြစ်ရာ ဤကဲ့သို့သော လူသားမျိုးနွယ်တို့၏ ကြေကွဲစရာ ဖြစ်ရပ်မျိုး မဖြစ်သင့်ပေ။

"တာအိုဆရာ၊ ရှင် ကျွန်မကို ကယ်ပေးပါဦးနော် "

ရွှီသခင်မ က ငိုယိုကာ တောင်းပန်နေသည်။

"စိတ်ချပါ ရွှီသခင်မ၊ လီတာအိုဆရာက မိစ္ဆာနှိမ်နင်းတဲ့နေရာမှာ တကယ်တော်တဲ့ ပညာရှင်ကြီးပါ၊ သာမန် အမျိုးသမီး သရဲတစ်ကောင်လောက်ကတော့ သူ့အတွက် မခဲယဉ်းပါဘူး "

ဝမ်အရာရှိက ဝင်ပြောလိုက်သည်။

ထိုမှသာ ရွှီသခင်မ မှာ စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်ပြကာ အိမ်စေအမျိုးသမီးများ၏ တွဲကူမှုဖြင့် အတွင်းဆောင်သို့ အနားယူရန် ဝင်သွားတော့သည်။

သူမ ထွက်သွားပြီးနောက် ဝမ်အရာရှိက လီယန်ချူကို ကြည့်ကာ မေးလိုက်သည်။

"လီတာအိုဆရာ၊ ဘယ်လိုလဲ... တစ်ခုခု သဲလွန်စများ တွေ့ပြီလား "

လီယန်ချူက မျက်မှောင်ကြုတ်ကာ...

"ဒီနေရာက ယင်အငွေ့အသက်တွေက တော်တော်လေး ပြင်းထန်တယ်၊ ဒီရွှီအိမ်တော်က သမီးလေးက ခုမှသေတာဆိုတော့ ဒီလောက်အထိ နာကျည်းချက်တွေ များနေဖို့ မသင့်တော်ဘူး"

လူတစ်ယောက်သည် သေဆုံးချိန်တွင် မည်မျှ ရက်စက်စွာ သေရသလဲ၊ မည်မျှ နာကျည်းသလဲ ဆိုသည့်အပေါ် မူတည်၍ သေပြီးနောက် မိစ္ဆာဆိုး ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်။

မိစ္ဆာဆိုး ဖြစ်သွားပြီဆိုလျှင် အသိဉာဏ်များ ပျောက်ကွယ်သွားတတ်ပြီး စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်သာ ကျန်ရှိတော့သဖြင့် လက်စားချေပြီးသွားလျှင်ပင် အပြစ်မဲ့သူများကို ဆက်လက် သတ်ဖြတ်တတ်ကြသည်။

ထို့ကြောင့် သေချာပေါက် အမြစ်ပြတ် သုတ်သင်ရပေမည်

ဝမ်အရာရှိက စဉ်းစားကာ...

"ရွှီအိမ်တော်က သမီးလေး သေတာက အဲဒီလောက် မရိုးရှင်းဘဲ သူ အသက်ရှင်စဉ်က ကြီးမားတဲ့ မတရားမှုတွေ ကြုံခဲ့ရတာများလား "

ခင်ဗျားက အရာရှိပဲ၊ ကျုပ်ကို ပြန်မေးနေတာလား...လီယန်ချူသည် ဝမ်အရာရှိကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။

ဝမ်အရာရှိမှာလည်း စဉ်းစားနေရင်း ခေါင်းမော့ကြည့်လိုက်ရာ လီယန်ချူ၏ အကြည့်ကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိသည်။

သူကိုယ်တိုင်ကသာ ရုံးတော်၏ အရာရှိဖြစ်ပြီး တစ်ဖက်လူမှာ သရဲဖမ်းရန် ဖိတ်ခေါ်ထားသူသာ ဖြစ်သည်၊ အမှုစစ်ရန် မဟုတ်ပေ။

လီယန်ချူနှင့် ဝမ်အရာရှိတို့သည် သေဆုံးသူ၏ အလောင်းကို သွားရောက် စစ်ဆေးကြသည်။

တစ်ကိုယ်လုံးမှာ သွေးအိုင်ထဲတွင် ဝေဝါးနေပြီး လူပုံပင် မပေါ်တော့ချေ

ဒါက ဘယ်လောက်တောင် များတဲ့ နာကျည်းချက်တွေလဲ...လီယန်ချူ မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသည်။

လောကတွင် မိစ္ဆာများမှာ အမျိုးမျိုးအဖုံဖုံ ရှိကြပြီး လူသတ်ပုံ နိယာမများမှာလည်း ထူးဆန်းကြသည်။

ဥပမာ ကျန်းရွာက လူခေါင်းဖြတ်သရဲသည် လူ့ခေါင်းကို ဖြတ်ရန်သာ ဝါသနာပါသူဖြစ်သည်။

ငိုယိုနေသူများကိုသာ ရွေးသတ်သည့် ငိုကြွေးသရဲလည်း ရှိတတ်သည်။

လမ်းမေးတတ်သည့် တောသရဲများလည်း ရှိသည်။

အချို့သော မိစ္ဆာများက လူ၏ ယန်စွမ်းအင်ကို စုပ်ယူရန် ဝါသနာပါပြီး အချို့ကတော့ လူကို နောက်ပြောင်ရုံသာ ဝါသနာပါကြသည်။

သို့သော် အများစုမှာတော့ လူသားတို့၏ နှလုံး၊ အသည်း၊ အဆုတ် စသည့် ကလီစာများကို စားသုံးရန် စိတ်ဝင်စားကြပြီး ထိုလတ်ဆတ်သော အရသာကို နှစ်သက်ကြသူများ ဖြစ်သည်။

ထိုရွှီအိမ်တော်မှ မိစ္ဆာမှာမူ လက်ရှိအခြေအနေအရ ယောက်ျားများကိုသာ ရွေးသတ်နေပုံရသည်

သို့သော်လည်း မသေချာသေးပေ၊ စိတ်ဖောက်ပြန်နေသည့် မိစ္ဆာမျိုးဖြစ်ပါက ယောက်ျားများကို အရင်သတ်ပြီးမှ မိန်းမများကို ဆက်သတ်မည်လည်း ဖြစ်နိုင်သည်။

လူတွင် စိတ္တဇရောဂါ ရှိသကဲ့သို့... မိစ္ဆာတွင်လည်း ရှိနိုင်သည် မဟုတ်ပါလား။

အခင်းဖြစ်နေရာတွင် အလောင်းပုပ်နံ့၊ မိစ္ဆာနံ့နှင့် သွေးနံ့များ ရောယှက်နေသဖြင့် ခွဲခြားရန် ခဲယဉ်းလှသည်။

"ဒီလို မိစ္ဆာဆိုးမျိုးက သူ့ရဲ့ သတ်ဖြတ်မှု စည်းကမ်းချက်ကို ထိတွေ့လိုက်တာနဲ့ ပြန်ပေါ်လာဦးမှာပဲ၊ ဒီည ကျုပ် ဒီမှာပဲနေပြီး သားကောင်ကို စောင့်ဖမ်းမယ်"

လီယန်ချူက ပြောလိုက်သည်။

"လီတာအိုဆရာ ကိုယ်တိုင် လုပ်ဆောင်နိုင်မှာဆိုတော့ အောင်မြင်မှာ သေချာပါတယ် ရွှီအိမ်တော်က အမျိုးသမီးတွေကိုတော့ ကျွန်တော့်ဆီသာ အပ်ထားလိုက်ပါ၊ သူတို့ကို ဘေးကင်းတဲ့ နေရာတစ်ခုဆီ ကျွန်တော် ခေါ်သွားလိုက်မယ်"

ဟု ဝမ်အရာရှိက ဆိုသည်။

ဝမ်အရာရှိ မှာ လီယန်ချူသည် အလွန်အားကိုးရသော ပညာရှင်ကြီးဖြစ်ကြောင်း စောစောကတည်းက သိထားပြီးဖြစ်သည်။

ထို့ကြောင့် သူသည်လည်း ဝင်မရှုပ်တော့ဘဲ နောက်တန်းတာဝန်ကိုသာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

လီယန်ချူသည် ရင်ဘတ်ထဲမှ မိစ္ဆာနှိမ်နင်းခြင်း အဆောင် နှစ်ရွက်ကို ထုတ်ယူကာ ဝမ်အရာရှိအား ကမ်းပေးလိုက်သည်။

"ဒါက မိစ္ဆာနှိမ်နင်းတဲ့ အဆောင်ပါ၊ ဝမ်အရာရှိ ဒါကို ကိုယ်နဲ့မကွာ ဆောင်ထားပါ၊ အရေးကြုံရင် အကာအကွယ် ဖြစ်တာပေါ့"

ဝမ်အရာရှိမှာ အလွန်ပင် ဝမ်းသာသွားတော့သည်။

သူသည် ဝါဂွမ်းရောင် အဆောင် နှစ်ရွက်ကို လှမ်းယူကာ သေသေချာချာ သိမ်းဆည်းလိုက်သည်။

ယခုအခါ လီယန်ချူ၏ ကျင့်ကြံမှု စွမ်းအားမှာ အလွန်နက်နဲလှပြီး သန့်စင်သော ယန်လျှပ်စီးမီး အရှိန်အဝါများ ပါဝင်နေသဖြင့် သူကိုယ်တိုင် ရေးဆွဲထားသော အဆောင်များ၏ စွမ်းအားမှာလည်း လျှော့တွက်၍ မရချေ။

ညရောက်သောအခါ...

ရွှီအိမ်တော်၏ အတွင်းဆောင်။

ဤသည်မှာ နှစ်ထပ်ရှိသော အထပ်ခိုးလေး တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်အေးချမ်းလှသည်။

မူလက ရွှီအိမ်တော် သမီးလေး၏ အိပ်ဆောင်ဖြစ်ခဲ့ခြင်းပင်။

သူမ သေဆုံးသွားပြီးနောက်ပိုင်း ဤနေရာမှာ လူသူကင်းမဲ့သွားခဲ့သည်။

အခန်းအတွင်းရှိ ထုတ်တန်းတစ်ခုမှာ ရွှီသမီးလေး ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည့် နေရာဖြစ်ရာ နာကျည်းချက် အငွေ့အသက်များမှာ အလွန်ပင် ထူထပ်လှသည်။

အထပ်ခိုး တစ်ခုလုံးမှာ လူကို စိမ့်တက်သွားစေလောက်သည့် အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်းနေ၏။

သို့သော်လည်း...

လီယန်ချူအတွက်မူ ဤမျှ နာကျည်းချက်မှာ ဘာမှမဟုတ်ချေ။

သူသည် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ စိတ်ကို စုစည်းနေသည်။

ကျန့်ကျောင်းဓား ကိုလည်း သူ၏ ဒူးရှေ့တွင် တင်ထား၏။

သူသည် အမှောင်ဖုံးကွယ်ခြင်း နတ်စွမ်းအား ကို အသုံးပြု၍ သူ၏ အရှိန်အဝါများကို ဖုံးကွယ်ထားရာ ကြည့်ရသည်မှာ သာမန် သွေးကြွနေသော လူငယ်တစ်ယောက်နှင့်သာ တူနေတော့သည်။

"ကျွတ် ကျွတ် ကျွတ်"

ပတ်ဝန်းကျင် တစ်ခုလုံးမှာ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေသည်။

အထပ်ခိုးအတွင်းမှ အရိုးများကို ဝါးစားနေသလို၊ အစာစားနေသလို အသံများသာ အဆက်မပြတ် ထွက်ပေါ်နေ၏။

ထိုအေးစက်စက် လေထုအတွင်း၌ ထိုအသံကို ကြားရခြင်းမှာ တစ်စုံတစ်ယောက်က မိမိ၏ ဦးခေါင်းခွံကို ဝါးစားနေသကဲ့သို့ ခံစားရစေသဖြင့် လူကို ကြက်သီးမွေးညင်း ထစေသည်။

ရုတ်တရက်

စူးရှလှသော ဝါးစားသံကြီးမှာ ရပ်တန့်သွားပြီး ပတ်ဝန်းကျင်မှာ ပြန်လည်၍ သေလူကဲ့သို့ တိတ်ဆိတ်သွားပြန်သည်။

လီယန်ချူသည် မျက်လုံးကို ဖွင့်ကာ တံခါးဝသို့ ကြည့်လိုက်သည်။

ဆံပင်ဖရိုဖရဲနှင့် လူရိပ်တစ်ခုမှာ တံခါးဘောင်တွင် မည်သည့်အချိန်ကတည်းက လာ၍ ကပ်နေမှန်းမသိဘဲ... အမည်းရောင်

လူရိပ်ကြီးတစ်ခုအဖြစ် ထင်ဟပ်နေသည်ကို သူ မြင်လိုက်ရတော့သည်။

အခန်း (၃၇၄) - အတိတ်ဖြစ်ရပ် ပြန်လည်ပေါ်ပေါက်လာခြင်း၊ မုတ်ဆိတ်နှင့် လူလတ်ပိုင်းအမျိုးသား၊ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီး၊ ဇီးကွက်နှင့် နောက်ထပ်တစ်ဦး

ထိုသူသည် ဖရိုဖရဲဖြစ်နေသော ဆံပင်များ၊ ညစ်ပတ်ပေရေနေသော မျက်နှာနှင့်ဖြစ်ရာ အမျိုးသားလား၊ အမျိုးသမီးလားဆိုသည်ကို ခွဲခြား၍မရချေ။

သွေးကြောများ ယှက်သန်းနေသည့် မျက်လုံးတစ်စုံသည် တံခါးအက်ကွဲကြောင်းနောက်မှနေ၍ လီယန်ချူကို ချောင်းကြည့်နေခြင်း ဖြစ်သည်။

လီယန်ချူ၏ မျက်ဝန်းအစုံမှာ အေးစက်လှသော လျှပ်စီးတန်းများအလား ဝင်းလက်သွားသည်။

တံခါးနောက်မှ ချောင်းကြည့်နေသူမှာ သူ၏ အကြည့်တစ်ချက်အောက်မှာတင် ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးသွားတော့သည်

အထပ်ခိုးအတွင်း၌ သေလူကဲ့သို့ တိတ်ဆိတ်မှုကြီးက ပြန်လည်ဖုံးလွှမ်းသွားပြန်သည်။

လီယန်ချူ လှုပ်ရှားလိုက်သည်နှင့် ကုတင်ပေါ်မှ ပျောက်ကွယ်သွားပြီး...

နောက်တစ်ကြိမ် ပြန်ပေါ်လာသည့်နေရာမှာ တံခါးအပြင်ဘက်ရှိ စင်္ကြံလမ်းပေါ်တွင် ဖြစ်သည်။

တာအိုအတတ်

နတ်ဘုရားခြေလှမ်း

တံတိုင်းဖြတ်ကျော်ခြင်း

သို့သော် သူ သေသေချာချာ ကြည့်ရှုရန် မအားလပ်ခင်မှာပင် ရှေ့မှ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

လီယန်ချူသည် မိမိကိုယ်ကိုယ် ရွှီအိမ်တော်၏ အထပ်ခိုးပေါ်တွင် ရှိမနေတော့ဘဲ အမျိုးသမီးတစ်ဦး၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

စောင်များမှာ နွေးထွေးနေပြီး အဖြူရောင် ခြင်ထောင်ဇာများ ချိတ်ဆွဲထားကာ အခန်းတွင်း၌ သင်းပျံ့သော ရနံ့လေးတစ်ခု ထွက်ပေါ်နေသည်။

လီယန်ချူ အံ့အားသင့်သွားရသည်။

ထိုမြင်ကွင်းမှာ ရင်းနှီးနေသလိုပင်။

ဤသည်မှာ သူ အစောပိုင်းက နေခဲ့သည့် ရွှီအိမ်တော် သမီးလေး၏ အိပ်ဆောင် မဟုတ်ပါလား။

ရွှီသမီးလေး ကြိုးဆွဲချ သေဆုံးသွားခဲ့သဖြင့် ထိုအခန်းမှာ လူသူမရှိတော့ဘဲ မိစ္ဆာအိမ်ကဲ့သို့ အေးစက်ခြောက်ခြားဖွယ် ကောင်းနေခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အမျိုးသမီးအိပ်ဆောင်၏ နုနယ်နွေးထွေးသော အငွေ့အသက်မျိုး လုံးဝမရှိခဲ့ချေ။

သူ အာရုံစိုက်၍ ကြည့်လိုက်သောအခါ...

ကုတင်ပေါ်တွင် ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးတစ်ဦး ကျောပေး၍ လဲလျောင်းနေသည်ကို တွေ့ရသော်လည်း မျက်နှာကိုမူ မမြင်ရပေ။

သူ မျက်မှောင်ကြုတ်သွားပြီး အခြေအနေကို စစ်ဆေးရန် ထမည်အပြုတွင် သူ၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှား၍မရကြောင်း သိလိုက်ရသည်။

လက်ခြေ၊ ကိုယ်ထည်၊ လည်ပင်း၊ ဦးခေါင်း... အာရုံခံစားမှု အားလုံး ပျောက်ဆုံးသွားသလိုပင်။

စကားပြောရန် ပါးစပ်ဟဖို့ပင် မတတ်နိုင်တော့ချေ။

မျက်လုံးအိမ်လေးကိုသာ မနည်း လှုပ်ရှား၍ ရတော့သည်။

ရှေ့မှ မြင်ကွင်းမှာ လူကို အငိုက်မိစေသော်လည်း လီယန်ချူသည် တည်ငြိမ်မှုကို မဆုံးရှုံးခဲ့ပေ။

ကျွီ...

အခန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သံ ထွက်ပေါ်လာသည်။

မုတ်ဆိတ်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး လမ်းလျှောက်ဝင်လာပြီး သူ၏ မျက်ဝန်းများထဲတွင် ရမ္မက်ဇောများ တောက်လောင်နေသည်။

လီယန်ချူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဒါက ရွှီသမီးလေး မသေခင်က ဖြစ်ရပ်တွေလား...

မုတ်ဆိတ်နှင့် လူလတ်ပိုင်းသည် ကုတင်ဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

ထို့နောက် ကုတင်ပေါ်မှ စောင်ကို ဆွဲလှန်ကာ အပေါ်သို့ အုပ်မိုးလိုက်တော့သည်။

"အား"

ကုတင်ပေါ်မှ အမျိုးသမီးမှာ အလန့်တကြား အော်ဟစ်လိုက်သော်လည်း မကြာခင်မှာပင် ပါးစပ်ကို ပိတ်ဆို့ခြင်း ခံလိုက်ရကာ "အု... အု..." ဆိုသည့် အသံများသာ ထွက်ပေါ်လာတော့သည်။

သူမ၏ ခန္ဓာကိုယ်မှာ အငြိမ်မနေဘဲ ရုန်းကန်နေရှာသည်။

"လိမ္မာစမ်းပါ... မရုန်းပါနဲ့တော့၊ ဒီတစ်ခါတော့ မင်းကို ငါ သေသေချာချာ ဂရုစိုက်ပေးမှာပါ"

မုတ်ဆိတ်နှင့် လူလတ်ပိုင်းမှာ အသက်ရှူသံများ ပြင်းထန်နေပြီး ပြုံး၍ ပြောလိုက်သည်။

သူသည် လက်ထဲမှ အနီရောင်ကြိုးကို ထုတ်ယူကာ အမျိုးသမီးကို ချည်နှောင်ရန် ပြင်လိုက်သော်လည်း အမျိုးသမီးမှာ ပို၍ ပြင်းထန်စွာ ရုန်းကန်လာသည်။

ထိုအခါ လူလတ်ပိုင်း အမျိုးသားမှာ ပို၍ပင် စိတ်လှုပ်ရှားလာပုံရသည်

လီယန်ချူ မျက်မှောင်များ ပို၍ ကြုတ်သွားသည်။

ထိုလူလတ်ပိုင်း အမျိုးသားမှာ သူဌေးရွှီ ဖြစ်နေနိုင်သလား

သူဌေးရွှီ၏ အလောင်းကို သူ မြင်ဖူးသော်လည်း ထိုစဉ်က သွေးအိုင်ထဲတွင် လူပုံမပေါ်တော့သဖြင့် ရုပ်ရည်ကို အတိအကျ မမှတ်မိခဲ့ပေ။

ရွှီသမီးလေးမှာလည်း သင်္ဂြိုဟ်ပြီးသားဖြစ်ရာ သူမ၏ ရုပ်ရည်ကိုလည်း သူ မမြင်ဖူးခဲ့ချေ။

ပတ်ဝန်းကျင် မြင်ကွင်းမှာ လီယန်ချူ၏ အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားမိသွားသလား မသိဘဲ မြင်ကွင်းများမှာ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

လူလတ်ပိုင်း အမျိုးသားမှာ နောက်သို့ ဆုတ်သွားပြီး အမျိုးသမီးမှာမူ သူ၏ အနီရောင်ကြိုးဖြင့် အသက်ရှူကျပ်ကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မျက်လုံးများ ပြူးလျက်နှင့်ပင်

လီယန်ချူ မျက်မှောင်ကြုတ်မိပြန်သည်။

ရုံးတော်က ထုတ်ပြန်ထားသည့် ရလဒ်အရ ရွှီသမီးလေးသည် ကြိုးဆွဲချ၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်း ဖြစ်သည်။

ယခု ဤအတိတ်ဖြစ်ရပ် ပြန်လည်ပေါ်ပေါက်လာသည်ကို မြင်ရသောအခါ သံသယများ မဖြစ်ဘဲ မနေနိုင်တော့ချေ။

"တကယ်တော့ ရွှီသမီးလေးက တစ်ယောက်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာပဲ"

ရုတ်တရက်

ပတ်ဝန်းကျင် မြင်ကွင်းမှာ ရေမျက်နှာပြင် လှိုင်းထသွားသလို ကွဲကြေသွားပြီး အေးစက်ခြောက်ခြားဖွယ်ကောင်းသော အထပ်ခိုးအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။

လီယန်ချူ၏ ခန္ဓာကိုယ်မှာလည်း ပြန်လည် လှုပ်ရှား၍ ရသွားပြီဖြစ်သည်။

တိတ်ဆိတ်ခြောက်ကပ်နေသော စင်္ကြံလမ်းပေါ်တွင် မည်သူမျှ မရှိတော့ပေ။

သရဲရိပ် ဆိုသည်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ။

"စောစောက အမည်းရောင် လူရိပ်က ရွှီသမီးလေးရဲ့ မကျွတ်မလွတ်တဲ့ ဝိညာဉ်လား "

လီယန်ချူ၏ မျက်ဝန်းထဲတွင် စဉ်းစားဟန်များ ပေါ်လာသည်။

သူ၏ မျက်ဝန်းအစုံတွင် နတ်အလင်းများ ဝင်းလက်လာကာ ဝိညာဉ်မျက်စိ နှင့် အရှိန်အဝါကြည့်အတတ် ကို အသုံးပြုလိုက်သည်။

ထိုအထပ်ခိုး၌ ယင်အငွေ့အသက်နှင့် နာကျည်းချက်များ ထူထပ်နေခြင်းမှာ အမှန်တကယ်ပင် အလွန်တရာ မင်္ဂလာမရှိသော နေရာ ဖြစ်နေသည်။

ညဖက်တွင် မိစ္ဆာအငွေ့အသက်များကို ဖုံးကွယ်ရန် ခဲယဉ်းလှရာ ဝိညာဉ်မျက်စိပိုင်ဆိုင်သည့် လီယန်ချူအတွက်မူ နေ့ခင်းဘက်ထက်စာလျှင် ခြေရာခံရန် ပို၍ပင် လွယ်ကူနေသေးသည်။

မကြာမီမှာပင်

ရွှီအိမ်တော်အတွင်း၌ မိစ္ဆာအငွေ့အသက် တစ်ခုကို သူ ရှာတွေ့လိုက်သည်။

တွေ့ပြီ

လီယန်ချူ မျက်လုံးများ တောက်ပသွားကာ သူ၏ အစွမ်းကုန် လျင်မြန်သော ကိုယ်ခံပညာဖြင့် ပြေးဝင်သွားတော့သည်။

မကြာခင်မှာပင်

စောစောက အမည်းရောင် လူရိပ်ကို တံတိုင်းထောင့်တစ်ခု၌ ပိတ်ဆို့လိုက်နိုင်သည်

ဆံပင်ဖရိုဖရဲနှင့် မျက်နှာကိုပင် မမြင်ရဘဲ ယောက်ျားလား၊ မိန်းမလား ခွဲမရသေးပေ

ထိုအမည်းရောင်ရိပ်က ဟိန်းသံတစ်ချက် ပေးလိုက်သည်။

လီယန်ချူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

ဤအရာမှာ အားကောင်းသော မိစ္ဆာဆိုးတစ်ခု မဟုတ်ပုံရပေ

ခန့်မှန်းခြေအားဖြင့် သူ ချန်အိမ်တော်မှာ နှိမ်နင်းခဲ့သည့် ကာမသရဲ အဆင့်လောက်သာ ရှိသည်။

သူ လက်ငါးချောင်းကို ဖြန့်လိုက်ကာ...

တာအိုတတ်

ဝိညာဉ်ကို ထိန်းချုပ်ခြင်း

အားကောင်းလှသော တားမြစ်ချက် စွမ်းအားမှာ ထိုအမည်းရောင်ရိပ်ကို ချက်ချင်းပင် ချုပ်နှောင်ထားလိုက်သည်။

သူ၏ နက်နဲလှသော စွမ်းအားများဖြင့် ဤကဲ့သို့သော သရဲအသေးအမွှားကို ဖမ်းချုပ်ရန်မှာ လက်ဖျားခါလောက်အောင် လွယ်ကူလှသည်။

သူသည် ထိုအမည်းရောင်ရိပ်ကို မိမိရှေ့သို့ ဆွဲယူလိုက်သည်။

အတွင်းအားများကို လှုပ်ခတ်လိုက်မှသာ ထိုလူရိပ်၏ ရုပ်သွင်ကို သေသေချာချာ မြင်ရတော့သည်။

မျက်နှာမှာ ဖြူလျော့နေပြီး မျက်စိ၊ နား၊ နှာ၊ ပါးစပ် မှ သွေးများ ထွက်နေကာ လျှာကြီးမှာလည်း အပြင်သို့ ရှည်လျားစွာ ထွက်နေသည်။

ဤသူမှာ စောစောက ကုတင်ပေါ်တွင် အသက်ရှူကျပ်၍ အသတ်ခံခဲ့ရသော အမျိုးသမီးငယ်ပင် ဖြစ်သည်။

တစ်နည်းအားဖြင့် ရွှီအိမ်တော် သမီးလေးပင်။

"ဟိန်း..."

ယခုအချိန်တွင် ရွှီသမီးလေးမှာ မိစ္ဆာဆိုးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ လီယန်ချူကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်နေသည်။

ဝိညာဉ်တစ်ခုသည် မိစ္ဆာဆိုးအဖြစ် ပြောင်းလဲသွားပြီဆိုလျှင် ပြန်လည်ဝင်စားရန် အခွင့်အရေး မရှိတော့ဘဲ သတ်ဖြတ်ခြင်းများကိုသာ ပြုလုပ်တော့မည်ဖြစ်သည်။

သို့သော်လည်း...

လီယန်ချူ မျက်မှောင်ကြုတ်မိသည်။

ရွှီသမီးလေး ပြောင်းလဲသွားသည့် ဤမိစ္ဆာမှာ အလွန်ပင် အားနည်းလွန်းနေသည်။

သူဌေးရွှီနှင့် ရွှီအိမ်တော်က အမျိုးသားအားလုံးကို ရက်စက်စွာ သတ်ဖြတ်နိုင်ခဲ့သည်ဆိုပါက သူမ၏ ကိုယ်ပေါ်တွင် သွေးဆာနေသည့် အငွေ့အသက် များ အလွန်ပင် ထူထပ်နေရမည် မဟုတ်ပါလား။

"တစ်ခုခုတော့ မှားနေပြီ"

လီယန်ချူ၏ မျက်ဝန်းထဲတွင် စဉ်းစားဟန်များ ပေါ်လာသည်။

"ဒုတိယမြောက် မိစ္ဆာ နောက်တစ်ကောင် ရှိနေသေးတယ် "

သူ ရိပ်မိသွားသည်။

ရွှီသခင်မသည် ရွှီသမီးလေး၏ ဝိညာဉ်ကို မြင်ခဲ့ရသည်မှာ မှန်ကောင်းမှန်နိုင်သော်လည်း ရွှီသမီးလေးသည် မနေ့ညက မိစ္ဆာဆိုးအဖြစ် မပြောင်းလဲသေးပေ။

လူသတ်သွားသည်မှာ အခြားသော မိစ္ဆာတစ်ကောင် ဖြစ်ရမည်

ရုတ်တရက်

ကောင်းကင်ယံမှ စူးရှသော အသံတစ်ချက် ထွက်ပေါ်လာသည်။

အမည်းရောင် အရိပ်တစ်ခုမှာ အပေါ်မှ ပျံဝဲဆင်းသက်လာပြီး...

၎င်းမှာ ဇီးကွက်တစ်ကောင် ဖြစ်သည်။

သူ၏ မျက်လုံးအစုံတွင် နတ်အလင်းများ တောက်ပနေသည်။

ထိုဇီးကွက်သည် ရွှီသမီးလေး၏ ဝိညာဉ်ကို တစ်လုတ်တည်းနှင့် ဝါးမျိုလိုက်ကာ ကျေနပ်သည့် အမူအရာ ပြနေတော့သည်။

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးတစ်ဦးမှာ တံတိုင်းပေါ်တွင် ပေါ်ထွက်လာသည်။

သူမသည် ရှည်လျားလှပသော မျက်ဝန်းအစုံရှိပြီး အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

သူမ၏ အငွေ့အသက်မှာမူ လောကီနှင့် မသက်ဆိုင်သလို မြင့်မြတ်လွန်းနေသည်။

"ဒီတာအိုဆရာ စိတ်မရှိပါနဲ့၊ ကျွန်မ မွေးထားတဲ့ ဒီတိရစ္ဆာန်လေးက မိစ္ဆာတွေကို စားရတာ ဝါသနာပါလို့ပါ၊ အခုနက ဒီနေရာမှာ ဝိညာဉ်တစ်ခု ရှိနေတာကို ခံစားမိလို့ ခဏလေး သတိလွတ်သွားတာနဲ့ သူ ပျံလာခဲ့တာပါ"

ဟု နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးက အားနာစွာ ပြောလိုက်သည်။

ဒီလောက်တောင် တိုက်ဆိုင်လှချေလား...လီယန်ချူ၏ မျက်ဝန်းများ ဝင်းလက်သွားကာ ဝိညာဉ်မျက်စိ ကို အသုံးပြုလိုက်သည်။

ဤအမျိုးသမီး၏ ကိုယ်ပေါ်တွင် သန့်စင်သော အငွေ့အသက်များသာ ရှိပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များ မရှိချေ။

အသေအချာပင် လမ်းမှန်မှ ပညာရှင်တစ်ဦး ဖြစ်ပေလိမည်။

လီယန်ချူ အနည်းငယ် ငြိမ်သက်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ လှည့်ထွက်လာခဲ့သည်။

လောလောဆယ်တွင် ထိုကိစ္စကို ခဏထားလိုက်ဦးမည်။

သူ၏ ကိုယ်ကို လှုပ်ရှားလိုက်သည်နှင့် ကမ္ဘာမြေပြင်မှ ပျောက်ကွယ်သွားကာ မှောင်မိုက်လှသော ညအမှောင်ထဲသို့ တိုးဝင်သွားတော့သည်။

ရွှီအိမ်တော် အမျိုးသမီးများကို ထားရှိသည့် လာဖုတည်းခိုးခန်း ဆီသို့ သူ လျင်မြန်စွာ ပြေးဝင်သွားသည်။

မကောင်းတော့ဘူး

ရွှီအိမ်တော်က မိစ္ဆာက ယောက်ျားတွေကိုပဲ သတ်တာ မဟုတ်နိုင်ဘူး...

ရွှီသမီးလေး ကလည်း သာမန်အတိုင်း မိစ္ဆာဖြစ်လာတာ မဟုတ်ဘဲ နောက်ကွယ်ကနေ လှည့်စားနေတဲ့ ဝိညာဉ်ဆိုးတစ်ခု ရှိနေတာပဲ

လာဖုတည်းခိုးခန်း

တိတ်ဆိတ်လှသော ခြံဝန်းတစ်ခုအတွင်း၌...

ရွှီအိမ်တော်မှ အမျိုးသမီးများကို ဤနေရာတွင် ထားရှိပြီး ဝမ်အရာရှိနှင့် ဓားကိုင်ရဲမက် လေးဦးတို့က အပြင်ကနေ စောင့်ကြပ်နေကြသည်။

ဘေးကင်းစေရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ဤသည်မှာ ဝမ်အရာရှိ၏ ဂရုတစိုက် စီစဉ်မှုသာ ဖြစ်သည်၊ မနေ့ညကလို ရက်စက်လှသော မြင်ကွင်းမျိုးမှာတောင် မသေခဲ့ကြသဖြင့် ယနေ့တွင် ဘာမှမဖြစ်နိုင်ဟု လူအများစုက တွေးတောနေကြသည်။

ရွှီသခင်မသည် လှပကျော့ရှင်းပြီး နုနယ်ပျိုမြစ်သည့်အပြင် မုဆိုးမလေး ဖြစ်သွားကာ ကြီးမားသော အမွေအနှစ်များကိုလည်း ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။

ဝမ်အရာရှိသည် ထိုမုဆိုးမလေးကို သေသေချာချာ နှစ်သိမ့်ပေးချင်နေသည်။

ကင်းလှည့်ခြင်း

၎င်းမှာ လူနှစ်ဦး ထိတွေ့ရန် အခွင့်အရေးတစ်ခုဖြစ်သလို မိမိ၏ ယောက်ျားပီသမှုကို ပြသရန်လည်း အခွင့်ကောင်းတစ်ခုပင်

သူသည် ခြံဝန်းအတွင်း၌ ခန့်ညားစွာ ထိုင်နေပြီး ဘေးမှ တပည့်လေးယောက်ကလည်း မြှောက်ပင့်ပြောဆိုနေကြသည်။

ဝမ်အရာရှိသည် မည်မျှ သတ္တိရှိကြောင်း၊ ဓားတစ်လက်တည်းနှင့် ဓားပြစခန်းကို နှိမ်နင်းခဲ့ပုံ၊ ကျားကို သတ်ခဲ့ပုံများကို ပြောဆိုနေကြသည်။

ဝမ်အရာရှိ၏ မျက်နှာပေါ်တွင် ပြုံးပန်းများ ဝေနေတော့သည်၊ ဤညီငယ်လေးများက တော်တော်လေး အကင်းပါကြသည် မဟုတ်ပါလား။

ရုတ်တရက်

ကောင်းကင်ယံမှာ ရုတ်ချည်း မှောင်မိုက်သွားပြီး တောက်ပနေသော လမင်းကြီးမှာလည်း တိမ်တိုက်များနောက်သို့ ကွယ်ပျောက်သွားသည်။

လေပြင်းများ အရှိန်အဟုန်ဖြင့် တိုက်ခတ်လာသည်

နားထဲတွင် ညည်းညူသံများ ကြားနေရသဖြင့် လူကို ကြက်သီးထစေသည်

ဝမ်အရာရှိ၏ အကြည့်များ တည်တင်းသွားကာ စိတ်ထဲတွင် "ဒိတ်" ခနဲ ဖြစ်သွားတော့သည်။

"မကောင်းတော့ဘူး "

"မင်္ဂလာမရှိတဲ့ အရာတွေနဲ့ တွေ့ပြီဟေ့"

All Chapters