← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 23 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 23 Ch. 441-442

အပိုင်း(၄၄၁) အမဝမ်က အခုဆို လူတောင် မရှောင်တော့ဘူး

"ဆိပ်ကမ်းဘက်မှာ ဘာတွေဖြစ်နေတာလဲ... လူတွေအများကြီး အဲ့ဒီဘက်ကို သွားနေကြတာ တွေ့လိုက်တယ်"

"မင်း မသိသေးဘူးလား... ဆရာလင်း ပြန်လာပြီလေ... ပြီးတော့ သင်္ဘောကြီးတွေ အများကြီး ယူလာတယ်... အဲ့ဒီထဲမှာ စူပါအပျော်စီးသင်္ဘောကြီး တစ်စီးတောင် ပါတယ်တဲ့"

"ဟာ... ဆရာလင်း ပြန်လာပြီလား... ဆရာလင်း ဘယ်တုန်းက ထွက်သွားတာလဲ"

"ဝိုး... ဆရာလင်းက ပစ္စည်းကောင်းတွေ အများကြီး ထပ်ယူလာပြန်ပြီပေါ့"

"ဆရာလင်းဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်တာပဲ... ဆရာလင်း တစ်ယောက်တည်းပဲ အပြင်ထွက်သွားတိုင်း ဒီလို အပြည့်အဝ ပြန်သယ်လာနိုင်တာနေမှာ"

"သွားမယ် သွားမယ်... ငါတို့ ဆိပ်ကမ်းဘက်သွားပြီး အဲ့ဒီ အပျော်စီးသင်္ဘောကြီးကို သွားကြည့်ရအောင်"

...

ထိုက်ယန်တောင်၊ မိန်တောင်နှင့် အနည်းငယ် ဝေးကွာသော လင်းယွင်တောင်စောင်း ဘက်တွင်ပင် ဆိပ်ကမ်းဘက်မှ သတင်းများကို လူအများက ပြောဆိုနေကြသည်။

မွန်းလွဲပိုင်း အချိန်လေးအတွင်းမှာပင် လင်းယွမ်က အစွမ်းပိုင်ရှင် ထောင်ပေါင်းများစွာနှင့် သင်္ဘောကြီး အများအပြားကို ခေါ်ဆောင်လာခဲ့သည်ဟူသော သတင်းက အတောင်ပံပေါက်လာသည့်အလား ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

လူအားလုံးက ဆိပ်ကမ်းဘက်သို့ ပြေးသွားကြပြီး စူပါအပျော်စီးသင်္ဘောကြီး ဆိုသည်ကို သွားရောက် ငေးမောကြည့်ရှုကြသည်။

ထိုအချိန်အတွင်း ဆိပ်ကမ်းရှိ လမ်းဘေးဈေးသည်များမှာ ဝင်ငွေများစွာ ရရှိခဲ့ကြပြီး လူတိုင်းက ဆရာလင်း၏ ကြီးမြတ်မှုကို ချီးကျူးနေကြသည်။

လင်းယွမ်ကမူ ယခုအချိန်တွင် သားသတ်ရုံသို့ ချက်ချင်း အပြေးအလွှား သွားရောက်ခဲ့ပြီ ဖြစ်သည်။

သားသတ်ရုံတွင် သူ သတ်ဖြတ်ရန် စောင့်ဆိုင်းနေသော သန္ဓေပြောင်း သတ္တဝါ သောင်းနှင့်ချီ၍ စုပုံနေသည်။

ကံကောင်းသည်မှာ ယခုအခါ သူ၏ စိတ်စွမ်းအင်က အလွန်တရာ အစွမ်းထက်နေပြီ ဖြစ်ရာ သန္ဓေပြောင်း သားရဲများကို သတ်ဖြတ်ရသည်မှာ အလွန် လွယ်ကူနေခြင်း ဖြစ်သည်။

သို့သော်လည်း လင်းယွမ်က အလွန် ခေါင်းခဲစရာကောင်းသော ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရသည်။ သူ ထွက်သွားသည့် ရက်များစွာအတွင်း သူ ပြန်လာမှ သန္ဓေပြောင်း သားရဲများကို သတ်ရန် အထပ်ထပ် အခါခါ မှာကြားခဲ့သော်လည်း...

သန္ဓေပြောင်း ငါးနှင့် ပုစွန် အများအပြားမှာ သူ ပြန်လာသည်အထိ မစောင့်နိုင်ဘဲ ပတ်ဝန်းကျင် အခြေအနေကြောင့် သေဆုံးသွားခဲ့ကြသည်။

သားသတ်ရုံတွင် အပူချိန်နိမ့် အအေးခန်းနှင့် အောက်ဆီဂျင်စက်များကို အထူး တည်ဆောက်ထားသော်လည်း တစ်ဝက်ကျော်ခန့် သေဆုံးသွားခဲ့သေးသည်။

ဤအရာက လင်းယွမ်ကို အလွန် နှမြောတသ ဖြစ်စေခဲ့သည်။

"ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမှ ရမယ်... မဟုတ်ရင် ငါ ထိုက်ယန်တောင်မှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာ"

လင်းယွမ်က မျက်မှောင်ကြုတ်လျက် ဤငါးများကို ရှင်းလင်းလိုက်ရာ ငါးကောင်ရေ သုံးသောင်းကျော်ခန့်က သူ့အား အမှတ် သုံးသိန်းနီးပါး ရရှိစေခဲ့သည်။

သို့သော် ဤအရာက လင်းယွမ်ကို ဝမ်းသာစေခြင်း မရှိဘဲ ပို၍ပင် နှမြောတသ ဖြစ်စေခဲ့သည်။

အကယ်၍ ထိုသေဆုံးသွားသော ငါးများကိုသာ သူ ကိုယ်တိုင် သတ်ဖြတ်ခဲ့ပါက သူ ရရှိမည့် အမှတ်များက အနည်းဆုံး နှစ်ဆခန့် ပိုများလာမည် ဖြစ်သည်။

အမှတ် ခြောက်သိန်း... အကယ်၍ ၎င်းတို့အားလုံးကို မျိုးရိုးဗီဇ အရည်အသွေးမှတ်များ မြှင့်တင်ရန် အသုံးပြုပါက အနည်းဆုံး အမှတ် ခြောက်ဆယ်ခန့် ရရှိနိုင်ပေသည်။

အရည်အသွေး အသီးသီးတွင် မျှတစွာ ခွဲဝေပေးလျှင်တောင်မှ အရည်အသွေး တစ်ခုစီအတွက် ဆယ့်ငါးမှတ်အထိ ရရှိနိုင်ပေသည်။

"တခြားသူတွေ ငါးသတ်တာကိုပါ ငါ့အကောင့်ထဲ ထည့်တွက်ပေးလို့ရရင်... ငါ ထိုက်ယန်တောင်ကနေ လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရပြီ"

"စနစ်ထဲမှာရော ဒီလိုနည်းလမ်းမျိုး ရှိမလား မသိဘူး"

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ထိုအကြံအစည်ကို မှတ်သားထားလိုက်ကာ အိမ်သို့ အမြန် ပြန်လာခဲ့သည်။

အိမ်ထဲတွင် မည်သူမျှ မရှိပေ။ ရန်မေနှင့် တင်းယန်တို့ အပြင်ဘက်တွင် အလုပ်များနေကြပုံရသည်။

ဆုန့်ဝမ်လည်း အပြင်ရောက်နေမည်ဟု ခန့်မှန်းရပြီး တုံယန်ပင်လျှင် အိမ်တွင် မရှိပေ။

လင်းယွမ်က ခေတ္တမျှ အံ့သြသွားပြီး လူတိုင်း ဤမျှလောက် အလုပ်များနေကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက အိမ်ရှိ ရေခဲသေတ္တာကို ဖွင့်ကာ စားစရာအချို့ကို ရှာဖွေပြီး ရိုးရိုးရှင်းရှင်း စားသောက်လိုက်သည်။

ထို့နောက် ရေချိုးခန်းထဲတွင် ရေချိုးရန် ပြင်ဆင်နေစဉ် တံခါးပွင့်လာကာ အလောတကြီး ဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။

"အစ်ကိုလင်း... အစ်ကိုလင်း... ပြန်ရောက်ပြီလား"

ဝင်လာသူက ကပျာကယာဖြင့် ရေချိုးခန်း တံခါးကို ဆွဲဖွင့်လိုက်သည်။

သို့သော် နုပျိုသွက်လက်သော တုံယန်က ဝမ်းသာအားရ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

သို့သော် သူမ ဝင်လာသည်နှင့် တစ်ပြိုင်နက် မမြင်သင့်သော မြင်ကွင်းကို ချက်ချင်း မြင်လိုက်ရသည်။

လင်းယွမ်က သူ၏ တောင့်တင်းသော ကြွက်သားများနှင့်အတူ ရေပန်းအောက်တွင် ရေချိုးနေခြင်း ဖြစ်သည်။

ဤကောင်မလေးက ဤမျှ ရမ်းကားလိမ့်မည်ဟု သူ မထင်ထားခဲ့သဖြင့် အလိုအလျောက်ပင် မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း ကို အသုံးပြုလိုက်သည်။

ချက်ချင်းပင် ရေစီးကြောင်းများက သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လျင်မြန်စွာ စုရုံးလာပြီး ရှက်ရွံ့ဖွယ် မြင်ကွင်းကို ဖုံးကွယ်ပေးလိုက်သည်။

"အို... ညီမ... ညီမ ဘာမှ မမြင်လိုက်ရဘူး... ဘာမှ မမြင်ဘူးနော်"

ထိုအခါမှ တုံယန်က သတိပြန်ဝင်လာပြီး ခေါင်းကို အမြန်လွှဲကာ ရေချိုးခန်းထဲမှ ပြန်ထွက်သွားရာ သူမ၏ မျက်နှာလေးမှာ ချက်ချင်း နီရဲသွားတော့သည်။

ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော သူမအနေဖြင့် ဤသို့သော အခြေအနေမျိုးကို မည်သည့်နေရာတွင် မြင်ဖူးခဲ့မည်နည်း။ သူမ တကယ်ပင် မျက်နှာပူပြီး ရှက်သွေးဖြာသွားခဲ့သည်။

ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သူမက ရုတ်တရက် အနည်းငယ် နောင်တရသွားသည်။

"အာ... ခုနက ငါ သတ္တိနည်းနည်းလေး ပိုကောင်းလိုက်ရင်... ကိုယ့်ကိုယ်ကိုယ် ပေးအပ်ပြီးသား ဖြစ်သွားမှာများလား"

တုံယန်၏ ခေါင်းထဲတွင် အတွေးတစ်ချက် ဝင်လာပြီး ထူးဆန်းသော အတွေးများ ပေါ်ထွက်လာခဲ့သည်။

ထိုအချိန်တွင် အိမ်တံခါးဝမှ လူရိပ်တစ်ခု ထပ်မံ ပြေးဝင်လာပြန်သည်။

ဆုန့်ဝမ်က ဖုန်တလူးလူးဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရပြီး တုံယန်ကို မြင်သောအခါ အမြန် မေးလိုက်သည်။ "ယန်ယန်... အစ်ကိုလင်း ပြန်ရောက်ပြီလား... သူ ဘယ်မှာလဲ"

တုံယန်က ရေချိုးခန်းကို အမြန် လက်ညှိုးထိုးပြလိုက်သည်။ "အစ်ကိုလင်း ရေချိုးနေတယ်"

ဆုန့်ဝမ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "သူ တကယ် ပြန်ရောက်လာတာပဲ... ငါက အပြင်က လူတွေ လျှောက်ပြောနေတယ် ထင်နေတာ"

တုံယန်က အမြန် ပြောလိုက်သည်။ "တကယ် ပြန်ရောက်လာတာပါ"

ဆုန့်ဝမ်က အလိုအလျောက် ဝင်သွားရန် ပြင်လိုက်သဖြင့် တုံယန်က အမြန် တားလိုက်သည်။

"အမဝမ်... အစ်ကိုလင်း ရေချိုးနေတယ်လေ"

ဆုန့်ဝမ်က ထိုစကားကို ကြားသောအခါ ခြေလှမ်း ရပ်တန့်သွားပြီး မျက်တောင်တဖျပ်ဖျပ် ခတ်ကာ တုံယန်အား ရုတ်တရက် ပြောလိုက်သည်။

"ယန်ယန်... အမလည်း လယ်ထဲကနေ အခုလေးတင် ပြန်လာတာဆိုတော့ ကိုယ်တွေ ညစ်ပတ်နေပြီ... အမလည်း ဝင်ပြီး ရေချိုးလိုက်ဦးမယ်"

ထိုသို့ပြောရင်း တုံယန် မည်သို့ တွေးမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အခန်းထဲသို့ ဝင်ကာ အဝတ်အစား တစ်စုံကို ယူ၍ ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်။

တုံယန်က ဤမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမ၏ နုနယ်သော နှလုံးသားလေးမှာ ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

"အမဝမ်... အမ... အမတို့တွေ... ဟွန့်... ဟွန့်"

သူမက အလောတကြီးဖြင့် ခြေဆောင့်လိုက်သည်။ အရင်တုန်းက အမဝမ်က ရှက်တတ်သေးပြီး လူကိုတောင် နည်းနည်း ရှောင်တတ်သေးသည်။

အခုတော့... သူမကိုတောင် မရှောင်တော့ဘူးပဲ။

တုံယန်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေသည်။ သူမက အရင် အိမ်ပြန်ရောက်တာလေ။

အချိန်သိပ်မကြာမီ ရေချိုးခန်းထဲမှ ရေကျသံများ ရုတ်တရက် ကျယ်လောင်လာပြီးနောက် ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။

တုံယန်က ကြားရသည်နှင့် မျက်နှာများ နီရဲလာပြီး မိမိအခန်းထဲသို့ အမြန် ပြေးဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။ ခြေလှမ်း အနည်းငယ်မျှသာ လျှောက်လိုက်ရသော်လည်း သူမ၏ နှလုံးမှာ တဒုတ်ဒုတ် ခုန်နေပြီး အသက်ရှူနှုန်းများလည်း များစွာ မြန်ဆန်နေခဲ့သည်။

သူမ၏ ခေါင်းထဲတွင် ရေကျသံများက ဖယ်ရှားပစ်၍ မရနိုင်အောင် တွယ်ကပ်နေသည်။

"ဟာ... အမဝမ်က အရမ်း ရဲတင်းတာပဲ"

သူမက ကုတင်ပေါ်သို့ မှောက်ချလိုက်ပြီး သွယ်လျသော ခြေတံရှည်နှစ်ချောင်းဖြင့် ကန်ကြောက်ကာ ခေါင်းကို စောင်ထဲတွင် ဖွက်ထားလိုက်သည်။ ဤသို့လုပ်ခြင်းဖြင့် ထိုထူးထူးဆန်းဆန်း မြင်ကွင်းများက သူမ၏ ခေါင်းထဲသို့ ဝင်ရောက်လာမည် မဟုတ်သည့်အလားပင်။

နာရီဝက်ခန့် အကြာတွင် လင်းယွမ်က ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီး ဆုန့်ဝမ် တစ်ယောက်တည်း ရေချိုးကန်ထဲတွင် တသိမ့်သိမ့် တုန်ရီကျန်ရစ်ခဲ့သည်။

ဤမျှ တိုတောင်းသော အချိန်လေးအတွင်း လင်းယွမ်က တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့မည် မဟုတ်သည်မှာ သေချာလှသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ကြာရှည်စွာ ခွဲခွာနေရပြီးနောက် ပြန်လည် ဆုံတွေ့ချိန်တွင် ဆုန့်ဝမ်၏ တိုက်ခိုက်ရေးအစွမ်းက များစွာ ကျဆင်းသွားခဲ့သည်။

နာရီဝက်လေးနဲ့တင် သူမ မခံနိုင်တော့ပေ။

လင်းယွမ်မှာ တပ်ဆုတ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် အဝတ်အစားများ ဝတ်ဆင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

သူ မီးဖိုချောင်ထဲတွင် စားစရာ အနည်းငယ် လုပ်နေစဉ် ရန်မေလည်း အိမ်ပြန်ရောက်လာသည်။

"မောင်လေး... မောင်လေး"

ရန်မေ ပြန်ရောက်လာသည်နှင့် လင်းယွမ်ကို နေရာအနှံ့ အမြန် လိုက်ရှာတော့သည်။

လင်းယွမ်က မီးဖိုချောင်ထဲမှ ထွက်လာပြီး ပြုံးကာ ခေါ်လိုက်သည်။ "အမမေ"

သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်မိပြီး အလိုလို ပြုံးလိုက်မိကြသည်။

အမမေက တောအုပ်ထဲသို့ ပျံသန်းဝင်ရောက်သွားသော ပျံလွှားငှက်ငယ်လေးပမာ လင်းယွမ်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့သည်။

လင်းယွမ်က သူမ၏ ခေါင်းပေါ်မှ ခေါင်းလျှော်ရည် ရနံ့ကို ရှူရှိုက်ရင်း သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ခံစားကာ ဝမ်းသာအားရဖြင့် မေးလိုက်သည်။ "အမမေ... ဒီရက်ပိုင်း အဆင်ပြေရဲ့လား"

ရန်မေက ခေါင်းမော့ကာ သူ့ကို ချစ်မြတ်နိုးစွာ ကြည့်ရင်း ဖြေလိုက်သည်။ "အမ အရမ်း အဆင်ပြေပါတယ်... မောင်လေးကို လွမ်းနေတာကလွဲရင် ကျန်တာ အကုန် အဆင်ပြေတယ်... မောင်လေးရော"

လင်းယွမ်က ပြုံးရင်း ဖြေလိုက်သည်။ "ကျွန်တော်လည်း အတူတူပါပဲ"

ရန်မေက မီးဖိုချောင်ထဲတွင် မီးမွှေးထားသည်ကို မြင်သောအခါ အမြန် ပြောလိုက်သည်။ "မောင်လေး ဘာမှ မစားရသေးဘူးလား... အမ ထမင်း နည်းနည်း လုပ်ပေးမယ်လေ"

လင်းယွမ်က ပြောလိုက်သည်။ "စောစောက နည်းနည်း စားထားတယ်... ဒါပေမဲ့ ပြန်ဆာလာလို့... ကျွန်တော့်ဘာသာ လုပ်စားလိုက်ပါ့မယ်"

ရန်မေက သူ့ကို တားလိုက်သည်။ "အိမ်ပြန်ရောက်နေတာကို ဘယ်လိုလုပ် မောင်လေးကို ထမင်းဟင်း ချက်ခိုင်းလို့ ဖြစ်မလဲ... မောင်လေး သွားနားနေလိုက်... အမ လုပ်လိုက်မယ်"

လင်းယွမ်က ပြုံးလိုက်ပြီး သူမနှင့် ဘာမှ မလုတော့ပေ။ သို့သော်လည်း သူမ ထမင်းချက်သည်ကို သွားထိုင်စောင့်မနေဘဲ မီးဖိုချောင် တံခါးဝတွင် မှီကာ သူမနှင့် စကားစမြည် ပြောနေလိုက်သည်။

"အဲ့ဒီ အပျော်စီးသင်္ဘောကြီးကို မောင်လေး ဘယ်ကနေ ယူလာတာလဲ... တကယ်ကို အကြီးကြီးပဲနော်"

"အဲ့ဒါက သမ္မတ ၇ သင်္ဘောလေ... ရေကြီးမှုကြီး မဖြစ်ခင်တုန်းကဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ နာမည်ကြီးတဲ့ ထိပ်တန်း အပျော်စီးသင်္ဘောကြီးပဲ"

"ထိပ်တန်း အပျော်စီးသင်္ဘောကြီး"

"ဟုတ်တယ်... ကျွန်တော် ကြားဖူးတာကတော့ တစ်ညကို သောင်းဂဏန်းလောက် ပေးရတယ်တဲ့... အဲ့ဒါတောင် သာမန်အခန်းပဲ ရှိသေးတာ... တကယ့် ပိုက်ဆံရှိတဲ့ လူတွေမှ သွားပြီး ဇိမ်ခံနိုင်တဲ့ နေရာမျိုးလေ"

ရန်မေက လျှာလေးသပ်ကာ ပြောလိုက်သည်။ "တစ်ညကို တစ်သောင်းတဲ့လား... အမလေး... အမတို့အိမ်က နောက်ထပ် အိမ်နှစ်လုံးလောက် ဖျက်ခံရပြီး လျော်ကြေးရရင်တောင် သွားမနေနိုင်ဘူး"

(မြန်မာငွေနဲ့ဆို သိန်း၃၀ကျော်)

လင်းယွမ်က အလိုလို ရယ်မောလိုက်မိသည်။ "အမတို့လို အိမ်ဖျက်ခံရလို့ လျော်ကြေးရတဲ့သူတွေက ချမ်းသာတဲ့အထဲ ပါနေပြီလေ... ကျွန်တော်တို့လို အိမ်ဝယ်ဖို့ ချေးငွေယူရတဲ့ သူတွေကမှ တကယ့် အောက်ခြေလူတန်းစားတွေပါ"

"ရေကြီးမှုကြီးသာ မဖြစ်ခဲ့ဘူးဆိုရင်... ကျွန်တော့် တစ်သက်မှာ အဲ့ဒီ အပျော်စီးသင်္ဘောကြီးပေါ် တက်ခွင့်ရမှာ မဟုတ်ဘူး"

"မဟုတ်သေးဘူး... အဲ့ဒီအချိန်က ကျွန်တော့် အသိုင်းအဝိုင်းနဲ့ဆိုရင် အဲ့ဒီသင်္ဘောကြီးရဲ့ သတင်းကိုတောင် ကြားရမှာ မဟုတ်ဘူး"

ရန်မေက နူးညံ့စွာ ပြောလိုက်သည်။ "မောင်လေးက အရည်အချင်းရှိတဲ့သူပါ... အမ မောင်လေးကို ယုံတယ်... ရေကြီးမှုကြီး မဖြစ်ခဲ့ဘူးဆိုရင်တောင် မောင်လေးက တစ်နေ့ကျရင် အောင်မြင်လာမယ့် သူပါ"

လင်းယွမ်မှာ အလိုလို ပြုံးလိုက်မိသည်။ ၎င်းက နှစ်သိမ့်စကားမှန်း သူ သိသော်လည်း သူ့ကို တကယ် ဝမ်းသာစေခဲ့သည်မှာ အမှန်ပင်။

သူတို့နှစ်ယောက် စကားတပြောပြောဖြင့် ရှိနေစဉ် အချိန်အနည်းငယ် ကြာသောအခါ ရေချိုးခန်းထဲတွင် အမောဖြေပြီးသော ဆုန့်ဝမ်လည်း အဝတ်အစားများ ဝတ်ဆင်ကာ မျက်နှာတွင် နီရဲသော အရောင်အဆင်းများဖြင့် ပြေးထွက်လာပြီး စကားဝိုင်းထဲသို့ ဝင်ရောက်လာသည်။

တုံယန်လည်း အပြင်မှ အသံများကို ကြားသောအခါ နောက်ဆုံးတွင် အခန်းထဲမှ ထွက်လာခဲ့သည်။

ခဏချင်းအတွင်း အိမ်ထဲတွင် စကားသံများဖြင့် ဆူညံသွားကာ အလွန် စည်ကားသွားတော့သည်။

အချိန်အနည်းငယ် ထပ်ကြာသွားပြီး မွန်းတည့်ချိန်သို့ ရောက်ခါနီးတွင် တင်းယန်လည်း အလောတကြီး ပြန်ရောက်လာခဲ့သည်။

လင်းယွမ်နှင့် ရန်မေတို့ ရှိနေသည်ကို မြင်သောအခါ သူမ၏ စိုးရိမ်တကြီး ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် အလိုလို အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ပြန်ရောက်ပြီလား"

လင်းယွမ်က ပြုံးရင်း ဖြေလိုက်သည်။ "အင်း... ပြန်ရောက်ပြီ"

ရန်မေက လှမ်းခေါ်လိုက်သည်။ "တင်းယန်... မြန်မြန် လက်ဆေးပြီး လာစားလှည့်... နင် အကြိုက်ဆုံး ကြက်သားနဲ့ ပဲတောင့်ရှည် ချက်ထားတယ်"

တင်းယန်က ရယ်မောလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ငါ့ကို စောင့်ဦး"

သူမ အိမ်ထဲသို့ ဝင်ကာ လက်ဆေးလိုက်ပြီး သားရေချပ်ဝတ်ကို ချွတ်လိုက်ရာ ပြည့်စုံလှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းက ပေါ်ထွက်လာသည်။

အမြန် မျက်နှာသစ် လက်ဆေးပြီးနောက် သူမ ထမင်းစားပွဲသို့ ပြန်လာခဲ့သည်။

လင်းယွမ်က ဆုန့်ဝမ်ကို ပဲတောင့်ရှည်အကြောင်း မေးမြန်းနေသည်။

"စိုက်ခင်းက ပဲတောင့်ရှည်တွေတောင် စိုက်ပျိုးနိုင်နေပြီလား" လင်းယွမ်က အံ့သြစွာ မေးလိုက်သည်။

ပြီးခဲ့သည့်အကြိမ် သူ ထွက်သွားစဉ်က ဤပဲတောင့်ရှည်မျိုးကို မတွေ့ခဲ့ရသေးပေ။

ဆုန့်ဝမ်က ဖြေလိုက်သည်။ "အင်း... ပဲတောင့်ရှည်တင် မကဘူး... ပဲနီလေး၊ ပဲစင်းငုံ၊ ပဲလွန်း အကုန်ရှိတယ်"

"ကျွန်မတို့ မိန်တောင်ဘက်က လယ်ကွင်းတွေထဲမှာ အများကြီး ရှာတွေ့ခဲ့တာလေ... သန္ဓေပြောင်း စိုက်ပျိုးရေး မျိုးစေ့ တော်တော်များများကို ကျွန်မတို့ ပျိုးထောင်နိုင်ခဲ့တယ်... နောက်ဆိုရင် ကျွန်မတို့ ထိုက်ယန်တောင်က ဟင်းသီးဟင်းရွက်တွေကို အားရပါးရ စားနိုင်ပြီ"

လင်းယွမ်က အလိုလို ရယ်မောလိုက်မိသည်။ "အဲ့ဒါဆိုရင် နင့်ကို အကြီးကြီး ဂုဏ်ပြုရမှာပေါ့"

ဆုန့်ဝမ်က ဟားဟားဟဲဟဲ ရယ်မောလိုက်ပြီး အလွန် ပျော်ရွှင်နေပုံရသည်။

နေ့လယ်စာက အလွန် စုံလင်လှသဖြင့် လင်းယွမ်က ပန်းကန်များစွာ စားလိုက်သည်။

ထို့နောက် မိန်းကလေးများကို သူ၏ ယခုအကြိမ် အပြင်ထွက်ခဲ့သည့် အခြေအနေများကို စတင် ပြောပြတော့သည်။

"ဘာ... ရှင် ပြောချင်တာက အဲ့ဒီ ရေပေါ်ကျွန်းဆိုတာက သက်ရှိတစ်ကောင်ကောင်ရဲ့ အလောင်းကြီးပေါ့" တင်းယန်က ထိတ်လန့်တကြား မေးလိုက်သည်။

ရန်မေကလည်း မနေနိုင်ဘဲ မေးလိုက်သည်။ "အဲ့ဒီကျွန်းကြီးက ဘယ်လောက်တောင် ကြီးလို့လဲ... အရင်တုန်းက အမတို့ တွေ့ခဲ့တဲ့ လိပ်ကျွန်းကြီးနဲ့ သိပ်မကွာဘူးလား"

လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။ "အဲ့ဒီ လိပ်ကျွန်းကြီးထက် အများကြီး ပိုကြီးတယ်... ခန့်မှန်းရမယ်ဆိုရင် မြို့လယ်ခေါင်လောက်ကို ကြီးတယ်"

"အပေါ်မှာ သစ်တောတွေ ရှိရုံတင်မကဘူး... ရေခဲပြင်တွေတောင် ရှိသေးတယ်"

"အို... အဲ့ဒီလောက် ကြီးတဲ့ ဧရိယာကြီးလား... ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ သန္ဓေပြောင်း သားရဲကြီး ရှိနိုင်မှာလဲ"

"ဟုတ်ပါ့... ရေဘေးကြီး ဖြစ်တာ ဘယ်လောက်မှ မကြာသေးဘူး... ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါကြီး ရှိနေပြီလား"

မိန်းကလေးများက အဆက်မပြတ် အံ့သြတကြီး ရေရွတ်နေကြသည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။ "ဒီသတ္တဝါကြီးက ရေဘေးကြီး ပြီးမှ ဆင့်ကဲပြောင်းလဲလာတာ မဟုတ်လောက်ဘူး... ကျွန်တော် သံသယရှိတာက အဲ့ဒါက သမိုင်းမတင်မီခေတ်က သတ္တဝါ ဒါမှမဟုတ် အပြင်ဘက်ကနေ လာတာများလားလို့"

"အပြင်ကနေ လာတာ"

"သမိုင်းမတင်မီခေတ်က သတ္တဝါ"

မိန်းကလေးများ အားလုံး ကြက်သေ သေသွားကြပြီး ခဏချင်းအတွင်း အလွန် အံ့အားသင့်သွားကြသည်။

ထို့နောက် လင်းယွမ်က ရေပေါ်ကျွန်း၏ ခန္ဓာကိုယ်ထဲသို့ မည်သို့ ဝင်ရောက်ခဲ့ကာ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို မည်သို့ သွားရောက် ရှာဖွေခဲ့ပုံ အတွေ့အကြုံများကို ပြောပြလေသည်။

ကြီးမားလှသော အလောင်းကြီး၏ အတွင်းပိုင်းမှ အကြောင်းအရာများကို ဖော်ပြချက်က မိန်းကလေးများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပြီး အဆက်မပြတ် အံ့သြတကြီး ရေရွတ်စေခဲ့သည်။

မျိုးရိုးဗီဇမျိုးစေ့ အကြောင်းကို ရောက်လာသောအခါ တင်းယန်၊ ဆုန့်ဝမ်နှင့် ရန်မေတို့ သုံးယောက်စလုံး၏ မျက်နှာများ ချက်ချင်း လေးနက်သွားကြသည်။

"ဒါဆိုရင် ကျွန်မတို့ သန္ဓေပြောင်း သားရဲတွေရဲ့ အသွေးအသားကို လျှော့ပြီးစားတာက... ကောင်းတဲ့ကိစ္စ ဖြစ်သွားတာပေါ့" တင်းယန်က အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။ "ကောင်းတယ် ဆိုးတယ်လို့တော့ ပြောလို့မရပါဘူး... ရွေးချယ်မှု မတူတာလောက်ပါပဲ"

"သန္ဓေပြောင်း သားရဲတွေရဲ့ သွေးသားကို မစားရင် အစွမ်း တိုးတက်တာ အရမ်း နှေးလိမ့်မယ်... သန္ဓေပြောင်း သားရဲတွေရဲ့ သွေးသားကို စားရင် အစွမ်း တိုးတက်တာ မြန်တယ်"

"ဒါပေမဲ့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းတဲ့အခါမှာ... မသက်ဆိုင်တဲ့ မျိုးရိုးဗီဇတွေရဲ့ လွှမ်းမိုးမှုကို ခံရတာလည်း ပိုများလာလိမ့်မယ်"

"ဒါပေမဲ့ ငါ ရထားတဲ့ သတင်းတွေအရဆိုရင်တော့ အဓိက အရည်အသွေးက အမှတ် ၅၀ ပြည့်သွားရင်... မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းတဲ့နေရာမှာ အခြေခံအားဖြင့် အောင်မြင်နိုင်ခြေက ကိုးဆယ် ရာခိုင်နှုန်း အထက်မှာ ရှိတယ်"

"ဒါနဲ့... ထမင်းစားပြီးရင် နင်တို့ရဲ့ လက်ရှိ အဓိက အရည်အသွေး အမှတ်တွေကို စမ်းသပ်ကြည့်ရအောင်"

တင်းယန်က ထိုစကားကို ကြားသောအခါ ထမင်းပင် ဆက်မစားနိုင်တော့ဘဲ ထမင်းပန်းကန်နှင့် တူကို ချက်ချင်း ချကာ ပြောလိုက်သည်။ "ဘယ်လို စမ်းရမှာလဲ... ကျွန်မကို အရင် စမ်းပေး"

သူမက ဇွဲလုံ့လကြီးမားသော မိန်းမတစ်ယောက် ဖြစ်ပြီး လေ့ကျင့်ရာတွင် တစ်ခါမှ ပေါ့လျော့ခြင်း မရှိခဲ့ပေ။

မိန်းကလေးများထဲတွင် သူမ တစ်ယောက်တည်းသာ နေ့စဉ် ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် ကို ကြိုးကြိုးစားစား လေ့ကျင့်နေပြီး သူမ တစ်ယောက်တည်းသာ ကင်းလှည့်အဖွဲ့ထဲတွင် နေကာ မိမိ၏ အစွမ်းကို သွေးနေခြင်း ဖြစ်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ သူမ၏ စွမ်းအားအပေါ် တောင့်တမှုကိုလည်း နားလည်သွားသည်။

ချက်ချင်းပင် ပစ္စည်းသိုလှောင်ခန်း ထဲမှ စွမ်းအင်တိုင်းမျက်မှန် ကို ထုတ်ယူကာ ပြောလိုက်သည်။ "ဒါက စွမ်းအင်တိုင်းမျက်မှန်ပဲ... ခန္ဓာကိုယ်ထဲက အဓိက အရည်အသွေး အမှတ်တွေကို တိုင်းတာပေးနိုင်တယ်"

တင်းယန်က မျက်မှန်ကို အမြန် လှမ်းယူလိုက်ပြီး မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။

သူမက ပထမဆုံး အနေဖြင့် မိမိ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။

ကြီးမားသော ရင်သားပေါ်တွင် ဂဏန်းတစ်တန်း ချက်ချင်း ပေါ်လာသည်။

"၄၈"

တင်းယန်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး အံ့သြဝမ်းသာသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

သူမ၏ အဓိက အရည်အသွေးက ၄၈ မှတ်တောင် ရောက်နေပြီပဲ။

ထို့နောက် သူမက တစ်ခုခုကို သတိရသွားပုံရပြီး လင်းယွမ်ကို အမြန် ခေါင်းမော့ ကြည့်လိုက်သည်။

အမြဲတမ်းလိုလို သူမက လင်းယွမ်ကို လိုက်မီရန် ကြိုးစားနေခဲ့ပြီး လင်းယွမ်၏ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် လင်းယွမ်၏ အဓိက အရည်အသွေးက ယခု ဘယ်လောက်အထိ ရောက်နေပြီလဲ ဆိုသည်ကို သူမ အလွန် သိချင်မိသည်။

ဆက်ရန်...

အပိုင်း(၄၄၂) မိန်းကလေးများ၏ အဓိက အရည်အသွေးမှတ်များ

တင်းယန်က လင်းယွမ်ကို ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် စွမ်းအင်တိုင်းမျက်မှန်ထဲရှိ ကိန်းဂဏန်းများက ပြင်းထန်စွာ ခုန်ပေါက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၅၀ မှတ် အမှတ်အသားကို တိုက်ရိုက် ကျော်လွန်သွားတော့သည်။

သို့တိုင်အောင် ရပ်တန့်မသွားသေးဘဲ ဆက်လက် မြင့်တက်လာကာ ၅၇ မှတ်သို့ ရောက်ချိန်တွင် နောက်ထပ် တစ်မှတ်ကို ခက်ခဲစွာ ခုန်တက်သွားပြီး ၅၈ မှတ်တွင် ရပ်တန့်သွားလေသည်။

တင်းယန်၏ သူငယ်အိမ်က ချက်ချင်း ကျုံ့ဝင်သွားပြီး အံ့သြတုန်လှုပ်သည့် အမူအရာများ ထွက်ပေါ်လာသည်။

"ရှင်... ရှင့်ရဲ့ အဓိက အရည်အသွေးမှတ်က... ၅၈ မှတ်တောင် ရောက်နေတာလား"

လင်းယွမ်က သူမ စွမ်းအင်တိုင်းမျက်မှန် တပ်ကာ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူမ ဘာလုပ်နေသည်ကို ချက်ချင်း သိလိုက်သည်။

သို့သော်လည်း သူက တားဆီးခြင်း မပြုဘဲ သူမကို ပြုံးရွှင်စွာဖြင့်သာ ကြည့်နေလိုက်သည်။

သူမ၏ ဤမျှ အံ့အားသင့်နေသော ပုံစံကို မြင်လိုက်ရချိန်တွင် လင်းယွမ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဒီလောက်ပါပဲ... ခုတလော နည်းနည်း ပျင်းနေလို့ပါ"

ထိုစကားကို ကြားလိုက်ရချိန်တွင် တင်းယန်မှာ ချက်ချင်း ဆွံ့အသွားရသည်။

ပျင်းနေတာတောင် ၅၈ မှတ် ရောက်နေတာလား...

ရှင်သာ နည်းနည်းလေး ပိုကြိုးစားလိုက်ရင် ၆၀ မှတ်ကိုတောင် ကျော်သွားမှာ မဟုတ်ဘူးလား...

လင်းယွမ်ကို အသေအလဲ လိုက်မီအောင် ကြိုးစားလေလေ ပိုပြီး ဝေးကွာသွားလေလေဟု ခံစားရသဖြင့် သူမ၏ စိတ်ထဲတွင် တစ်ခဏမျှ စိတ်ပျက်အားငယ်မှု တစ်ခု ဖြစ်ပေါ်လာသည်။

လင်းယွမ်က သူ၏ အရည်အသွေးမှတ် ဇယားကွက်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ရာ အဓိက အရည်အသွေးမှတ် အမြင့်ဆုံးမှာ စိတ်စွမ်းအင် ဖြစ်နေသည်။

လတ်တလော စိတ်စွမ်းအင် အရည်အသွေးမှတ် ကိန်းဂဏန်းမှာ ၅၇.၅ ဖြစ်သည်။

စွမ်းအင်တိုင်းမျက်မှန်၏ စစ်ဆေးမှုက အတိုင်းအတာ တစ်ခုအထိ ကွာဟချက် ရှိနေပုံရသော်လည်း ထိုကွာဟချက် ပမာဏက သိပ်မကြီးမားလှပေ။

သေချာပေါက် ဝ.၅ မှတ် ကွာဟချက်က နားထောင်ကြည့်လျှင် သိပ်မကြီးမားလှဟု ထင်ရသော်လည်း အစောပိုင်း ကာလများတွင် တကယ့် လက်တွေ့ စွမ်းရည်အပေါ် သက်ရောက်မှုအရ ကွာဟချက်က တော်တော်လေး ကြီးမားလှသည်။

ဥပမာအားဖြင့် ခွန်အား ၅ မှတ်နှင့် ခွန်အား ၅.၅ မှတ်ကြားတွင် ဆယ်ပေါင်၊ ပေါင်နှစ်ဆယ်ခန့် ကွာဟချက် ရှိနိုင်ပြီး ၎င်းက များသောအားဖြင့် ကျော်လွှား၍ မရနိုင်သော ကွာဟချက်ကြီး တစ်ခု ဖြစ်ပေသည်။

သေချာပေါက် နောက်ပိုင်းကာလများသို့ ရောက်လာချိန်တွင် ဤကဲ့သို့သော ကွာဟချက်များကို အခြေခံအားဖြင့် လျစ်လျူရှုထား၍ ရသွားပေမည်။

မည်သို့ပင်ဆိုစေကာမူ ၅၀ မှတ် နောက်ပိုင်းတွင် ဝ.၅ မှတ် အရည်အသွေး ကွာဟချက်က တကယ်ကို အလွန် နည်းပါးသွားလေပြီ။

တိုက်ခိုက်သည့် အချိန်တွင်လည်း ဤမျှလေးသော ကွာဟချက်လေးကြောင့် တစ်ခုလုံး၏ တိုက်ပွဲရလဒ်ကို သက်ရောက်မှု ရှိစေမည် မဟုတ်ပေ။

လင်းယွမ်တို့၏ ဤအဆင့်သို့ ရောက်လာချိန်တွင် အများအားဖြင့် အစွမ်းများ၏ အရည်အသွေးကို ယှဉ်ပြိုင်ရခြင်း၊ အရည်အသွေးစွမ်းရည်များက တစ်ဖက်လူကို ဖိနှိပ်နိုင်စွမ်း ရှိမရှိ ယှဉ်ပြိုင်ရခြင်း စသည့် အကြောင်းရင်းပေါင်းစုံ ပါဝင်လာပြီ ဖြစ်သည်။

"ကျွန်မရော... ကျွန်မရော... အမတင်း... ကျွန်မရော ဘယ်လောက်လဲ" တုံယန်က လက်မြှောက်ကာ အလျင်စလို အော်မေးလိုက်သည်။

တင်းယန်က ကြားလိုက်ရချိန်တွင် ခေါင်းလှည့်ကာ တုံယန်၏ ကိန်းဂဏန်းများကို အကဲခတ်လိုက်သည်။

ထိုသို့ ကြည့်လိုက်ချိန်တွင် သူမက အနည်းငယ် အံ့သြသွားပြီး ပြောလိုက်သည်။ "နင်တောင် ၄၁ မှတ် ရောက်နေပြီလား"

တုံယန်က ကြားလိုက်ရချိန်တွင် ချက်ချင်း ဝမ်းသာအားရ ပြုံးရွှင်သွားပြီး ခါးထောက်ကာ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။ "ဟမ်းဟမ်း... ကျွန်မလည်း ၄၀ မှတ်ကို ကျော်သွားပြီပေါ့"

တင်းယန်က အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။ "နင် လေ့ကျင့်နေတာကို ငါ သိပ်မတွေ့မိပါဘူး... ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျော်တက်သွားရတာလဲ"

တုံယန်က ကြားလိုက်ရချိန်တွင် ချက်ချင်း ပြန်လည် ချေပလိုက်သည်။ "ကျွန်မက ဘယ်လိုလုပ် မလေ့ကျင့်ဘဲ နေမှာလဲ... နေ့တိုင်း ကျွန်မတို့ရဲ့ ထိုက်ယန်တောင် စာသင်ကျောင်းကို သွားပြီး ယွီယန်တို့၊ ယိုယိုတို့နဲ့ အတူတူ ကလေးတန်းက ကလေးတွေကို ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် လေ့ကျင့်ဖို့ သင်ပေးနေရတာလေ"

"ဒါ့အပြင် ကျွန်မက အခု လင်းယွင်တောင်စောင်း ဘက်က ပိုးစာပင် စိုက်ခင်း ကိစ္စတွေကို တာဝန်ယူထားရတာ... နေ့တိုင်းနီးပါး စိတ်အာရုံဆက်သွယ်အစွမ်းနဲ့ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ဆက်သွယ်နေရတာ တော်တော် ပင်ပန်းတာနော်"

လူတိုင်းက ချက်ချင်း သဘောပေါက်သွားကြသည်။ တုံယန်၏ အစွမ်းက တိုက်ခိုက်ရေး အမျိုးအစား မဟုတ်ဘဲ စိတ်အာရုံဆက်သွယ်မှု ဖြစ်သဖြင့် ပုံမှန် အသုံးပြုချိန်တွင် မိုးနှင့် မြေကို တုန်လှုပ်စေနိုင်လောက်သည့် အစွမ်းသတ္တိများ မရှိပေ။

ဤကဲ့သို့ သိသာထင်ရှားမှု မရှိလှသော အစွမ်းမျိုးကို သူမ အသုံးပြုနေသလား မပြုနေဘူးလားဆိုတာကို လုံးဝ မသိနိုင်ပေ။

တုံယန် နေ့စဉ် လင်းယွင်တောင်စောင်းသို့ သွားကာ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၊ မီးဝါးပိုးဘုရင်မတို့နှင့် ဆက်သွယ်ရသည့် အလုပ်ပမာဏက တကယ်တော့ အလွန်တရာ ကြီးမားလှသည်။

ဤသို့ မကြာခဏ အစွမ်းကို အသုံးပြုနေရခြင်းက အစွမ်းကို လေ့ကျင့်သည့် နည်းလမ်းတစ်မျိုး မဟုတ်ဘူးဟု မည်သူက ပြောနိုင်မည်နည်း။

ထို့ကြောင့် မူလက အစွမ်းနိုးထမှု နောက်ကျခဲ့သော တုံယန်မှာ ယခုအချိန်တွင် အမီလိုက်လာနိုင်ခဲ့ပြီး ၄၁ မှတ်အထိ ကျော်လွန်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဆုန့်ဝမ်ကလည်း ဤအချိန်တွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ကျွန်မရော... အမတင်း... ကျွန်မရဲ့ အဓိက အရည်အသွေးမှတ်က ဘယ်လောက်လဲ"

တင်းယန်က ဆုန့်ဝမ်ကို ကြည့်လိုက်ရာ ချက်ချင်းပင် ထပ်မံ အံ့သြသွားရပြန်သည်။ "၄၉ မှတ်"

ဤသို့ ကြည့်လိုက်ရချိန်တွင် သူမက ပို၍ပင် အံ့အားသင့်သွားတော့သည်။

ဆုန့်ဝမ်၏ အဓိက အရည်အသွေးမှတ်က ၄၉ မှတ်အထိ မြင့်မားနေပြီး သူမထက်ပင် တစ်မှတ် ပိုများနေသေးသည်။

၎င်းက တင်းယန်ကို စွမ်းအင်တိုင်းမျက်မှန်ကို ချွတ်လိုက်စေပြီး ဤအရာများတွင် ပြဿနာများ ရှိနေသလားဟု စစ်ဆေးချင်စိတ် ပေါက်သွားစေသည်။

သူမ ကိုယ်တိုင် ထိုမျှ ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့တာတောင် ဆုန့်ဝမ်၏ အဓိက အရည်အသွေးမှတ်လောက် မမြင့်ဘူးလား...

ဆုန့်ဝမ်မှာ ချက်ချင်း အလွန် ဝမ်းသာသွားပြီး လင်းယွမ်ကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် "မြန်မြန် ချီးကျူးပေးပါဦး" ဆိုသည့် အဓိပ္ပါယ်များ အပြည့် ပါဝင်နေသည်။

လင်းယွမ်က ပြုံးရင်း သူမ၏ ချောမွတ်နေသော လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "မဆိုးဘူးပဲ... နင် ဘယ်လို လေ့ကျင့်တာလဲ... အဓိက အရည်အသွေးမှတ်က ဘယ်လိုလုပ် ဒီလောက် မြင့်နေရတာလဲ"

ဆုန့်ဝမ်က မျက်နှာအပြည့် အပြုံးများဖြင့် ပြောလိုက်သည်။ "ကျွန်မက နေ့တိုင်း အဲဒီ စိုက်ပျိုးရေးသီးနှံတွေကို မြန်မြန် ရင့်မှည့်အောင် လုပ်ပေးရတယ်လေ... ပြီးတော့ စိုက်ခင်းထဲက ရှားပါးမျိုးစိတ် တချို့ကိုလည်း ရင့်မှည့်အောင် လုပ်ပေးရသေးတယ်"

"ဒါ့အပြင် သန္ဓေပြောင်း နေကြာပန်း တွေဘက်ကိုလည်း နေ့တိုင်း ဂရုစိုက်ပေးရသေးတယ်"

"အကြိမ်တိုင်း ကျွန်မ ခွန်အားတွေ ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်သွားမှပဲ နားရတယ်... စိုက်ပျိုးရေး အရှိန်အဟုန် မြန်ဆန်ဖို့အတွက် ကျွန်မက ကျင့်စဉ်ကို အားကိုးပြီး ခန္ဓာကိုယ် အားပြန်ပြည့်လာအောင် အရှိန်မြှင့်ရတယ်... ပြီးတော့ အားပြန်ပြည့်စေတဲ့ ဆေးရည်တွေကိုလည်း အများကြီး ဝယ်ရသေးတယ်"

"ဟူး... အခုဆိုရင် ဒေါက်တာရန်တို့ ဖော်စပ်ထားတဲ့ အစွမ်း ပြန်ပြည့်စေတဲ့ ဆေးရည်တွေအပေါ်တောင် အတိုင်းအတာ တစ်ခုအထိ ဆေးယဉ် သွားပြီ"

"ကောပိုင်ကျွမ်းဆီက အာဟာရဖြည့်ရည်နဲ့ပဲ အစွမ်းပြန်ပြည့်ဖို့ အားကိုးရတော့တယ်"

ထိုအခါမှသာ လင်းယွမ်က ဆုန့်ဝမ် နေ့စဉ် ဤမျှ ပင်ပန်းနေခဲ့ရကြောင်းကို သိလိုက်ရသည်။

သူမ၏ အစွမ်းကလည်း တိုက်ပွဲများတွင် အသုံးပြုရသည် မဟုတ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုရာ၌ တူညီသော သိသာထင်ရှားသည့် ရလဒ်များကို ရရှိစေသည်။

ယခုအခါ ထိုက်ယန်တောင် စိုက်ခင်းနှင့် မိန်တောင်ရှိ လယ်ကွင်း အများစုကို သူမက ကိုယ်တိုင် သွားရောက် ဂရုစိုက်ပေးခဲ့ရသည်။

သူမနှင့် အဒေါ်ကြီးလီတို့၏ ဂရုစိုက်မှုအောက်တွင်သာ ထိုက်ယန်တောင်က ဟင်းသီးဟင်းရွက် အမြောက်အများကို လျင်မြန်စွာ ရိတ်သိမ်းနိုင်ခဲ့ပြီး ဟင်းသီးဟင်းရွက် လွတ်လပ်ခွင့်ကို ဤမျှ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအထဲမှ ပင်ပန်းဆင်းရဲမှုများကို အပြင်လူများက မမြင်တွေ့နိုင်သော်လည်း သူမ၏ အစွမ်းများ လေ့ကျင့်ရာမှ ထွက်ပေါ်လာသော ရလဒ်များကမူ လိမ်ညာ၍ မရနိုင်ပေ။

တစ်ဖက်တွင် တင်းယန်ဘက်ကို ပြန်ကြည့်မည်ဆိုလျှင် သူမက နေ့စဉ် ကင်းလှည့်ကာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေသော်လည်း တကယ်တမ်းတွင်မူ ထိုက်ယန်တောင် အနီးတစ်ဝိုက်ရှိ တိုက်ခိုက်နိုင်သော သန္ဓေပြောင်း သတ္တဝါများမှာ ဖမ်းဆီးခံရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူမ လှုပ်ရှားနိုင်မည့် အခွင့်အရေးမှာ သိပ်မများလှသဖြင့် သူမ ကိုယ်တိုင် တက်တက်ကြွကြွ လေ့ကျင့်မှသာလျှင် တိုးတက်လာနိုင်မည် ဖြစ်သည်။

လူဆိုသည်မှာ ပျင်းရိတတ်သော သဘာဝ ရှိကြောင်း သိထားရပေမည်။

လူအများစုက သက်သောင့်သက်သာ ရှိနေသော အခြေအနေများအောက်တွင် အေးအေးဆေးဆေး အနားယူ ခံစားရန်သာ ရွေးချယ်ကြမည် ဖြစ်ပြီး မည်ကဲ့သို့ ဤမျှ ပြင်းပြင်းထန်ထန် ကြိုးစားနိုင်မည်နည်း။

တင်းယန်က ဤကဲ့သို့ အခြေအနေမျိုးအောက်တွင်ပင် အားကောင်းသော မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ပြီး အဓိက အရည်အသွေးမှတ် ၄၈ မှတ်အထိ မြင့်တက်လာခဲ့ခြင်းက ထိုက်ယန်တောင်ရှိ လူအားလုံးထဲတွင် သေချာပေါက် ထူးချွန်သူ တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။

တုံယန်၊ ဆုန့်ဝမ်တို့ကဲ့သို့သော အစွမ်းအမျိုးအစားများမှာမူ နေ့စဉ်ဘဝတွင် အသုံးမပြုရသည့် နေရာဟူ၍ လုံးဝ မရှိသလောက်ပင် ဖြစ်ပြီး ဘဝထဲသို့ ဝင်ရောက် ပေါင်းစပ်သွားပြီဟုပင် ပြောနိုင်ပေသည်။

ဤကဲ့သို့ နေ့စဉ် အစွမ်းများကို အသုံးပြုနေရသော ပြင်းထန်သည့် အခြေအနေများအောက်တွင် သူမတို့၏ အစွမ်းအဆင့်များက သဘာဝကျကျပင် အလွန် မြန်ဆန်စွာ မြင့်တက်လာခဲ့သည်။

ဤအချိန်တွင် ဆုန့်ဝမ်က ရုတ်တရက် ပြောလိုက်သည်။ "အမတင်း... အမမေကိုရော ကြည့်ကြည့်ပါဦး... အမမေရဲ့ အဓိက အရည်အသွေးမှတ်က အခု ဘယ်လို အခြေအနေ ရှိနေပြီလဲ"

တင်းယန်က ကြားလိုက်ရချိန်တွင် ခေါင်းလှည့်ကာ ရန်မေကို ချက်ချင်း ကြည့်လိုက်သည်။

အခြားသူများကလည်း သူတို့၏ အကြည့်များကို ရန်မေထံသို့ ပို့လွှတ်လိုက်ကြသည်။

ရန်မေက ပြုံးလိုက်ပြီး မေးလိုက်သည်။ "ဘယ်လိုလဲ"

တင်းယန် ကြည့်ရှုပြီးသွားချိန်တွင် သူမ၏ မျက်နှာအမူအရာက အနည်းငယ် မှင်သက်သွားပြီး တုံ့ဆိုင်းဆိုင်းဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ "လင်းယွမ်... ရှင့်ရဲ့ စွမ်းအင်တိုင်းမျက်မှန်က တကယ် တိကျရဲ့လား... ကျွန်မ ကြည့်ရတာတော့ ကွာဟချက်တွေ ရှိနေမယ် ထင်တယ်နော်"

လင်းယွမ်က ပြုံးရင်း မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

တင်းယန်က မျက်မှန်ကို ချွတ်လိုက်ပြီး လင်းယွမ်ထံသို့ ကမ်းပေးကာ သူ့ဘာသာ ကြည့်ရန် အချက်ပြလိုက်သည်။

လင်းယွမ်က မျက်မှန်ကို တပ်လိုက်ပြီး ရန်မေကို ကြည့်လိုက်သည်။

ရန်မေက သိချင်စိတ် ပြင်းပြနေသော အမူအရာဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... ဒါက ပြောလို့မရတဲ့ ကိစ္စများလား"

လင်းယွမ် ကြည့်ရှုပြီးသွားချိန်မှသာ တင်းယန် ဘာကြောင့် စကားမပြောရသလဲဆိုတာကို နားလည်သွားတော့သည်။

တကယ်တော့ ရန်မေ၏ အဓိက အရည်အသွေးမှတ်က သနားစရာကောင်းလောက်အောင် ၃၆ မှတ်သာ ရှိနေခဲ့သည်။

လင်းယွမ်က မျက်မှန်ကို ချွတ်လိုက်ပြီး ပြောလိုက်သည်။ "အမမေ... အမရဲ့ အဓိက အရည်အသွေးမှတ်က ၃၆ မှတ်ပဲ ရှိတယ်"

ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဆုန့်ဝမ်၊ တုံယန်နှင့် အခြားသူများမှာ ချက်ချင်းပင် အံ့သြတကြီး ရေရွတ်လိုက်ကြသည်။

"ဘာ... အမမေရဲ့ အဓိက အရည်အသွေးမှတ်က ဘယ်လိုလုပ် ဒီလောက် နိမ့်နေရတာလဲ"

"ဟင်... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ"

ရန်မေက ထိုစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် မှင်သက်သွားပြီး ချက်ချင်းပင် ငိုရခက် ရယ်ရခက် ဖြစ်သွားကာ ပြောလိုက်သည်။ "နင်တို့တွေက ဘာကို အဲဒီလောက်တောင် အံ့သြနေကြတာလဲ"

"ငါက အပြင်ထွက်ပြီး သတ်ဖြတ်နေရတာမှ မဟုတ်တာ... ပြီးတော့ နင်တို့ နှစ်ယောက်လို နေ့တိုင်း အစွမ်းတွေ သုံးပြီး ဟိုဟာလုပ် ဒီဟာလုပ်နဲ့ အလုပ်ရှုပ်နေရတာမှ မဟုတ်တာ... အဓိက အရည်အသွေးမှတ်က ၃၆ မှတ်တောင် ရှိနေတာဆိုတော့ တော်တော်လေး မဆိုးလှဘူးလို့ ပြောရမှာပဲ"

ရန်မေ၏ အစွမ်းကလည်း ရေခဲဓာတ် အစွမ်းဟု သတ်မှတ်၍ ရသော်လည်း သူမ၏ ရေခဲဓာတ် အစွမ်းမှာ ရေခဲများကို ဖန်တီးနိုင်ရုံသာမက သူမ၏ စိတ်စွမ်းအင်များကိုပါ ရေခဲဓာတ် ပါဝင်လာစေရန် ဆောင်ကြဉ်းပေးနိုင်သည်။

သူမ၏ စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်မည်ဆိုပါက ရန်သူ၏ စိတ်စွမ်းအင်များကိုပင် အေးခဲသွားစေနိုင်သည်။

လင်းယွမ်က သူမ၏ ဤအစွမ်းကို ခံစားဖူးပြီး သူမ၏ ဤအစွမ်းမှာ မျိုးရိုးဗီဇထဲတွင် မိမိကိုယ်ကိုယ် နှင်းရေခဲ နတ်ဘုရားမ ဟု ခေါ်ဆိုသော မျိုးရိုးဗီဇ လက်ဆင့်ကမ်း အချက်အလက် တစ်ခု၏ သက်ရောက်မှုကို ခံနေရပုံရသည်။

အချိန်ကြာမြင့်စွာကတည်းက ရန်မေမှာ ထို နှင်းရေခဲ နတ်ဘုရားမ ဟု ခေါ်ဆိုသော အသိစိတ် ထွက်ပေါ်လာမည်ကို ကြောက်ရွံ့နေသဖြင့် အစွမ်းကို လေ့ကျင့်ရန် သိပ်ဆန္ဒမရှိခဲ့ပေ။

ထိုက်ယန်တောင် မျိုးရိုးဗီဇကျင့်စဉ် ပေါ်ထွက်လာပြီးနောက်တွင်ပင် ရန်မေက ဤမျိုးရိုးဗီဇကျင့်စဉ်ကို ကိုယ်တိုင် သွားရောက် လေ့ကျင့်လေ့ သိပ်မရှိခဲ့ပေ။

သူမ၏ အဓိက အရည်အသွေးမှတ် ယခု ၃၆ မှတ်အထိ မြင့်တက်လာနိုင်ခြင်းမှာ လင်းယွမ်၏ တိုက်ခိုက်မှုအောက်တွင် အရေးနိမ့်မသွားစေရန် အိပ်ခန်းတွင်း ကိစ္စရပ်များကို ရေရှည် ရင်ဆိုင်ဖြေရှင်းရခြင်းကြောင့် မလွှဲမရှောင်သာ လေ့ကျင့် ဖွံ့ဖြိုးလာခဲ့ခြင်းသာ ဖြစ်သည်။

ထို့အပြင် အလုပ်ထဲတွင် ကုန်တိုက်မှ ကုန်ပစ္စည်းများကို ရေရှည် စာရင်းစစ်ဆေးခြင်း၊ ကုန်တိုက်၏ ကိစ္စရပ် အမျိုးမျိုးကို စီမံခန့်ခွဲရာတွင် အလုပ်ရှုပ်နေခြင်းတို့ကလည်း သူမ၏ ခွန်အားများကို အတိုင်းအတာ တစ်ခုအထိ ကုန်ခမ်းစေသည်။

ထို့ကြောင့် သူမ၏ စိတ်စွမ်းအင်မှာ ထိုကာလအတွင်း အနည်းငယ် တိုးတက်မှုများ ရှိခဲ့သည်။

သို့သော်လည်း ဤမျှသာ ဖြစ်သည်။ သူမက ပုံမှန်အချိန်များတွင် သန္ဓေပြောင်း သတ္တဝါများ၏ သွေးသားများကို မစားဘဲ လင်းယွမ်နှင့် အတူ ကံစမ်းမဲမှ ရရှိလာသော ပစ္စည်းများကိုသာ စားသောက်သည်။

သန္ဓေပြောင်း မျိုးရိုးဗီဇများကို စားသုံးမှု မရှိသောကြောင့် သူမ၏ စွမ်းရည် တိုးတက်မှု နှေးကွေးနေခြင်း၊ ထို့ထက်ပို၍ ရပ်တန့်နေခြင်းကလည်း အလွန် ပုံမှန်ဆန်သော ကိစ္စရပ် တစ်ခုပင် ဖြစ်သည်။

လင်းယွမ်က သူမ၏ သေးသွယ်သော ခါးလေးကို ဖွဖွလေး ဖက်လိုက်ပြီး ပြောလိုက်သည်။ "ထိုက်ယန်တောင် မျိုးရိုးဗီဇကျင့်စဉ် ရှိနေတာပဲ... အမ နေ့တိုင်း အကြိမ်ရေ ပိုများများ လေ့ကျင့်လိုက်ရင် အဓိက အရည်အသွေးမှတ်က အစောကြီး မဟုတ်ရင်တောင် နောက်ပိုင်းမှာ မြင့်တက်လာမှာပါ"

ဆုန့်ဝမ်ကလည်း နှစ်သိမ့်ပေးလိုက်သည်။ "အမမေ... စိတ်ချပါ... ကျွန်မ နောက်ကြရင် စိုက်ခင်းကို သွားပြီး အစွမ်းစွမ်းအင်တွေကို တိုးပွားစေနိုင်တဲ့ စိုက်ပျိုးရေးသီးနှံတွေ ရှိမရှိ သွားကြည့်လိုက်မယ်... ပြီးတော့ အမအတွက် များများလေး စိုက်ပြီး ယူလာခဲ့မယ်နော်"

တုံယန်ကလည်း အလျင်အမြန် ပြောလိုက်သည်။ "ကျွန်မ မနက်ဖြန်ကျရင် ပိုးစာခင်းထဲ သွားကြည့်လိုက်ဦးမယ်... အဲဒီ ကျောက်နက်ပိုးစာသီးတွေထဲမှာ သန္ဓေပြောင်းစွမ်းအင်တွေ တော်တော်များများ ပါဝင်နေတယ်လေ... အဓိက အရည်အသွေးမှတ်ကိုများ မြင့်တက်စေနိုင်မလားလို့"

တင်းယန်က စကားမပြောသော်လည်း သူမ၏ ဂရုစိုက်သည့် အကြည့်များက ရန်မေထံသို့ အမြဲတမ်း ရောက်ရှိနေသည်။

ရန်မေမှာ လူတိုင်း၏ ဝိုင်းဝန်း ဂရုစိုက်မှုကို ခံရသဖြင့် ရင်ထဲတွင် နွေးထွေးသွားရသည်။

သူမက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ကဲပါ... ကဲပါ... ငါက စိတ်မကောင်း မဖြစ်ပါဘူး... အဓိက အရည်အသွေးမှတ် မမြင့်လာရင်လည်း မမြင့်နဲ့ပေါ့... ငါ့မှာ မောင်လေးလည်း ရှိတယ်လေ... ပြီးတော့ နင်တို့လို ညီမကောင်းလေးတွေလည်း ရှိနေတာပဲ... အဓိက အရည်အသွေးမှတ် မြင့်လာတာ မမြင့်လာတာက သိပ်ပြီး ကိစ္စမရှိပါဘူး"

သူမ၏ မျက်နှာအမူအရာက ဟန်ဆောင်နေပုံ မရသည်ကို လူတိုင်းက မြင်လိုက်ရချိန်တွင် ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်ကြသည်။

လင်းယွမ်က အမမေ၏ စရိုက်ကို တွေးကြည့်လိုက်သည်။ သူမက ငယ်စဉ်ကတည်းက ကြီးလာသည်အထိ လိုက်လျောတတ်သော စရိုက်ရှိကာ လုယက် ယှဉ်ပြိုင်ခြင်း မရှိဘဲ ရေလို နူးညံ့သိမ်မွေ့သူ ဖြစ်သည်။

အခြားသူများက မိမိတို့၏ စွမ်းရည်များ မြင့်တက်လာရန် စိတ်အားထက်သန်ကောင်း ထက်သန်နေနိုင်သော်လည်း ရန်မေကမူ သူမ၏ တစ်ကိုယ်လုံး စိတ်နှလုံးအပြည့်အဝဖြင့် သူ့အပေါ်၌သာ အာရုံစိုက်ထားသည်။

သူမက သူမ ချစ်ရသော သူများနှင့် အတူတကွ ရှိနေပြီး ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းချင်ရုံသာ ဖြစ်သည်။

သတ်ဖြတ်တိုက်ခိုက်ရခြင်းက သေချာပေါက် သူမ တောင့်တသည့် ဘဝမျိုး မဟုတ်ပေ။

လင်းယွမ်က ပြုံးရင်း ပြောလိုက်သည်။ "အမ အဲဒီလောက် ပင်ပန်းခံနေစရာ မလိုပါဘူး... အိမ်မှာ ကျွန်တော်တို့ အားလုံး ရှိနေတာပဲ... တကယ်လို့ အမ ရှေ့ထွက်ပြီး သတ်ဖြတ်တိုက်ခိုက်ရမယ့် အချိန် ရောက်လာပြီဆိုရင် အဲဒီအချိန်က ထိုက်ယန်တောင်က လူတွေ အကုန်လုံး သေကုန်တဲ့ အချိန်မှပဲ ဖြစ်နိုင်လိမ့်မယ်"

ရန်မေက သူ့ကို ညင်သာစွာ ပုတ်လိုက်သည်။ "လျှောက်မပြောနဲ့... အခု လူတိုင်းက တော်တော်လေး ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းချမ်းသာသာ နေထိုင်နေရတာ... အမတို့က ဒါတွေ အကုန်လုံးကို တန်ဖိုးထားသင့်တယ်"

တင်းယန်က ဘေးဘက်တွင် ထိုင်ကာ ရေတစ်ငုံ သောက်လိုက်ပြီး ပြောလိုက်သည်။ "ဒီလို ရဖို့ မလွယ်ကူတဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ကာကွယ်စောင့်ရှောက်ဖို့အတွက်လည်း အစွမ်းအစ လိုအပ်တယ်"

သူမက ခေါင်းလှည့်ကာ ရန်မေကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရန်မေ... နင်လည်း အရမ်းကြီး ပေါ့ပေါ့ဆဆ မနေနဲ့ဦး... လေ့ကျင့်သင့်တာကိုတော့ လေ့ကျင့်ရမှာပဲ... အစွမ်းတွေကို အစောကြီး မြင့်တက်လာအောင် လုပ်ပြီး အနာဂတ်မှာ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်မယ်ဆိုရင် သက်တမ်းရှည်လာနိုင်ပြီး ခန္ဓာကိုယ် အချိုးအစားနဲ့ အလှအပကိုလည်း ထိန်းသိမ်းထားနိုင်လောက်တယ်"

ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ရန်မေမှာ ချက်ချင်း မှင်သက်သွားပြီး လင်းယွမ်ကို အလျင်အမြန် ကြည့်လိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းလိုက်ရင် ခန္ဓာကိုယ် အချိုးအစားနဲ့ အလှအပကိုပါ ထိန်းသိမ်းထားနိုင်သေးတယ်ပေါ့"

လင်းယွမ်မှာ အံ့အားသင့်သွားရပြီး တွေးတောကာ ပြောလိုက်သည်။ "ဖြစ်နိုင်တယ်... မျိုးရိုးဗီဇမျိုးစေ့ ဆိုတာက မျိုးရိုးဗီဇ ကြံ့ခိုင်မှု အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားချိန်မှာ စုစည်းထွက်ပေါ်လာတာလေ... အဲဒါက အမရဲ့ ခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲနေပြီး သက်ရှိအဆင့်အတန်း မြင့်တက်လာတာကို ကိုယ်စားပြုတယ်"

"တစ်ကိုယ်လုံးရဲ့ သက်ရှိအဆင့်အတန်း ဆင့်ကဲပြောင်းလဲသွားပြီဆိုတာနဲ့ အသက် သက်တမ်းကလည်း ရှည်လာမှာဖြစ်သလို... နုပျိုမှုကလည်း အဲဒီအပေါ် မူတည်ပြီး ရှည်ကြာလာမှာပါ"

ရန်မေ၏ မျက်လုံးများထဲတွင် ချက်ချင်းပင် တောက်ပသော အလင်းရောင် တစ်ခု ထွက်ပေါ်လာသည်။

သတ်ဖြတ်တိုက်ခိုက်ရခြင်းကို သူမ ဂရုမစိုက်ဘဲ နေနိုင်သော်လည်း သက်တမ်းရှည်လာခြင်း၊ နုပျိုမှုနှင့် အလှအပကို ထိန်းသိမ်းထားနိုင်ခြင်းဆိုလျှင် မည်သူက ငြင်းဆန်နိုင်မည်နည်း။

ဤအခိုက်အတန့်တွင် အဓိက အရည်အသွေးမှတ်ကို မြှင့်တင်ခြင်းနှင့် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းခြင်းတို့က ရန်မေ၏ မျက်လုံးထဲတွင် အစွမ်းကို လေ့ကျင့်ခြင်း မဟုတ်တော့ပေ။

ဤသည်မှာ အလှအပကျင့်စဉ်တစ်ခုပင် ဖြစ်တော့သည်။

ဆက်ရန်...

All Chapters