အခန်း (၄၅၁-၄၅၂)
Vol. 23 Ch. 451-452
အပိုင်း(၄၅၁) ချီဖောင်ဝတ်စုံနှင့် အလှပိုင်ရှင်
လင်းယွမ်က ထိုအသံကို ကြားလိုက်ရချိန်တွင် မနေနိုင်ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
တစ်ဖက်သို့ မော့ကြည့်လိုက်ရာ အပြာရောင် ပန်းပွင့်များ ရေးဆွဲထားသည့် ကြွေထည်ဒီဇိုင်း ချီဖောင်ဝတ်စုံကို ဝတ်ဆင်ထားသော အလှပိုင်ရှင်လေးတစ်ဦးက ကောပိုင်ကျွမ်းဆိုင်၏ ရှေ့တွင် မှီလျက် သူ့ကို ပြုံးရွှင်စွာ ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။
ကျွမ်းရှုယွမ်၏ အသွင်အပြင်က ယခင်ကထက် ပို၍ ကျက်သရေရှိကာ ခမ်းနားလှပနေပြီး ထိုခမ်းနားလှပမှုအောက်တွင် ထူးခြားသော မြှူဆွယ်လိုသည့် အရိပ်အယောင်တစ်ခုလည်း ရှိနေသည်။
ဤမြှူဆွယ်လိုသည့် အရိပ်အယောင်ကို ပုံမှန်အချိန်များတွင် မည်သို့မျှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
သူမက လင်းယွမ်၏ အရှေ့တွင်သာ ဤအရာများကို အနည်းငယ် ထုတ်ဖော်ပြသတတ်သည်။
ဤမိန်းမ၏ သွေးကြောထဲတွင် အင်အားကြီးသူများကို အားကျမြတ်နိုးတတ်သည့် ဗီဇ ရှိနေပေသည်။
လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြောလိုက်သည်။ "တင်ပြစရာရှိတာတွေကို လွန်ခဲ့တဲ့ နှစ်ရက်က အစည်းအဝေးမှာ တင်ပြခဲ့ပြီးပြီ မဟုတ်ဘူးလား"
ကျွမ်းရှုယွမ်က နှုတ်ခမ်းနီနီလေးကို ခပ်ဖွဖွ ကိုက်လိုက်ပြီး ညည်းတွားသံလေးဖြင့် ပြောလိုက်သည်။ "ကျွန်မမှာ သီးသန့် တင်ပြစရာ ကိစ္စလေးတွေ ရှိသေးလို့ပါရှင်"
လင်းယွမ်က ခပ်အေးအေးပင် မေးလိုက်သည်။ "အရေးတကြီး ကိစ္စလား"
ကျွမ်းရှုယွမ်က ချက်ချင်း တိုးတိတ်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "တော်တော် အရေးကြီးတယ်ရှင့်... ရှင် အားမယ်ဆိုရင် ခဏနေ ကျွန်မဆီ လာခဲ့ပါလား... ကျွန်မ သေသေချာချာလေး တင်ပြပေးပါ့မယ်"
လင်းယွမ်မှာ ချက်ချင်း ဆွံ့အသွားရသည်။ ကျွမ်းရှုယွမ်က "တင်ပြ" ဆိုသည့် စကားလုံးအပေါ်တွင် အသံဖိကာ ပြောလိုက်သည်ကို သူ နားမလည်ဘဲ နေပါ့မလား။
တကယ်ကိုပဲ... ဤမိန်းမက အခွင့်အရေး ရသည်နှင့် သူ့အရှေ့တွင် မျက်နှာလာပြချင်နေတော့သည်။
သူက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ "ကိုယ့်အလုပ်ကို သေသေချာချာ လုပ်ပါ"
ထိုသို့ပြောပြီးနောက် သူက ထွက်သွားရန် ပြင်လိုက်သည်။
ကျွမ်းရှုယွမ်၏ ရင်ထဲတွင် ချက်ချင်း ကြီးမားသော ထိတ်လန့်မှုများ ဖြစ်ပေါ်လာတော့သည်။
သူမအနေဖြင့် တစ်ကြိမ် အကစားခံလိုက်ရပြီးနောက် စွန့်ပစ်ခံလိုက်ရသည့် ခံစားချက်မျိုး ခံစားလိုက်ရသဖြင့် သူမ၏ ကျက်သရေရှိသော အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းမထားနိုင်တော့ဘဲ လင်းယွမ်နှင့်အတူ ယန်ကွမ်းမြို့သစ်ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် လိုက်ပါသွားတော့သည်။
"ကိုလင်းယွမ်... ကျွန်မ တကယ်ကို တင်ပြစရာ ရှိလို့ပါရှင်"
"ဟုတ်လား... ဘာကိစ္စလဲ"
"လျှို့ဝှက်ကိစ္စမို့လို့ ဒီနေရာမှာ ပြောဖို့က သိပ်မကောင်းဘူးလေ"
လင်းယွမ်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမကို ခေါင်းစောင်းကြည့်ကာ မေးလိုက်သည်။ "ဒါဆို ဘယ်သွားပြောရမှာလဲ"
ကျွမ်းရှုယွမ်၏ မျက်နှာပေါ်တွင် နီရဲသော အရိပ်အယောင်များ ပေါ်လာပြီး ရေစိုနေသကဲ့သို့ တောက်ပနေသော မျက်ဝန်းများက အတိုင်းအဆမရှိသော ချစ်မေတ္တာများ ပါဝင်နေသယောင် ထင်မှတ်ရသည်။
"ညကျရင် ကျွန်မဆီ လာမလားဟင်"
"ဒီည မအားဘူး"
လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး တိုက်ရိုက်ပင် ထွက်သွားလေသည်။
ကျွမ်းရှုယွမ်က စိုးရိမ်တကြီးဖြင့် ခြေစောင့်လိုက်ရာ ဒေါက်မြင့်ဖိနပ်မှ တဒေါက်ဒေါက် မြည်သံများ ထွက်ပေါ်လာပြီးနောက် ထပ်မံ၍ အမြန်ပြေးလိုက်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "ဒါဆို ရှင် ဘယ်အချိန် အားမှာလဲဟင်"
လင်းယွမ်က ပြုံးစိစိဖြင့် ပြောလိုက်သည်။ "ဒီလောက်တောင် အလောတကြီး ဖြစ်နေတာလား"
ကျွမ်းရှုယွမ်က သူ၏ ရွဲ့စောင်းစောင်း အမူအရာကို ရိပ်မိသွားပြီး ချက်ချင်းပင် ဆွဲဆောင်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "ကျွန်မလည်း မိန်းမတစ်ယောက်ပဲလေ... ရှင့်ရဲ့ ဟိုမိန်းမတွေထက် ဘယ်နေရာများ သေးသိမ်နေလို့လဲ... ရှင် တကယ်ပဲ မလိုချင်တော့ဘူးလား"
"တော်တော့... ငါ အရင်တစ်ခေါက်က မင်းကို ပြောပြီးပြီလေ... မင်း လိုချင်တာကို ငါ ပေးနိုင်တယ်... ဒါပေမဲ့ မလိုလားအပ်တာတွေကိုတော့ လျှောက်မတွေးမိစေနဲ့"
ကျွမ်းရှုယွမ်က နှုတ်ခမ်းမဲ့လိုက်ပြီး နောက်ဆုံးတွင် ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံ မစမ်းသပ်တော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "ခေါင်းဆောင်ရဲ့ စံအိမ်ကိုပဲ သွားရအောင်... ကျွန်မ တကယ် ရှင့်ကို ပြောစရာ ရှိလို့ပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "သွားရအောင်"
ညအမှောင်ထုထဲတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ယန်ကွမ်းမြို့သစ်ဘက်တွင်မူ အလင်းရောင်များ လင်းထိန်နေဆဲ ဖြစ်သည်။
သူတို့နှစ်ယောက်က အထင်လွဲခံရမည်ကို ရှောင်ရှားရန်အတွက် တစ်ယောက်အရှေ့ တစ်ယောက်အနောက်ဖြင့် ယန်ကွမ်းမြို့သစ်ထဲသို့ ခွဲ၍ ဝင်ရောက်သွားကြသည်။
ယခုအချိန်က ညခုနစ်နာရီ၊ ရှစ်နာရီခန့်သာ ရှိသေးသဖြင့် ယန်ကွမ်းမြို့သစ်အတွင်း၌ မအိပ်သေးသော လူများစွာ ရှိနေပြီး ဤနေရာတွင် နေပူဆာလှုံနေကြဆဲ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် လင်းယွမ်ကို မြင်တွေ့ရသူများက တက်ကြွစွာ နှုတ်ဆက်ကြပြီး အသက်ငယ်ရွယ်သူများကမူ လင်းယွမ်အား လေးစားကြည်ညိုမှုနှင့် ရူးသွပ်မှု အပြည့်ပါသော မျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။
လင်းယွမ်က လမ်းတစ်လျှောက်လုံး ပြုံးရွှင်စွာဖြင့် ခေါင်းဆောင်စံအိမ်အတွင်းရှိ ရုံးခန်းဆီသို့ ပြန်လာခဲ့သည်။
ရုံးခန်းအတွင်း၌ နေ့လယ်ဘက်တွင် အလုပ်လုပ်သော အတွင်းရေးမှူးမလေး တစ်ယောက် ရှိသော်လည်း ယခုအချိန်တွင်မူ ရုံးဆင်းသွားပြီ ဖြစ်သည်။
လင်းယွမ်က ထမင်းဗူးကို ချကာ ဖွင့်လိုက်သည်နှင့် ရုံးခန်းတံခါး တွန်းဖွင့်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။
ကျွမ်းရှုယွမ်က ခြေဖွဖွနင်းကာ အပြေးလေး ဝင်လာလေသည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်။ "တိုးတိုးတိတ်တိတ်နဲ့ ဘာလုပ်နေတာလဲ... တစ်ယောက်ယောက် မြင်သွားရင် တစ်ခုခု လုပ်နေတယ်လို့ ထင်သွားဦးမယ်"
ကျွမ်းရှုယွမ်က သူမ၏ ဆံပင်ကောက်ကောက်လေးများကို ဆွဲဆောင်မှုရှိစွာ သပ်တင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါဆို ရှင် တစ်ခုခုများ လုပ်ချင်နေလို့လား"
"ဟက်... ငါ ထမင်းစားတော့မှာ" လင်းယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။
သူက ထမင်းဗူးကို ဖွင့်ကာ ထမင်းစားရန် ပြင်လိုက်သည်။
ကျွမ်းရှုယွမ်က နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်လိုက်ပြီး ရုတ်တရက် တောင့်တင်းလှပသော တင်ပါးများကို လှုပ်ခါကာ သူ၏ ရုံးခန်းစားပွဲ အနီးသို့ ရောက်လာပြီး ပြောလိုက်သည်။ "ကျွန်မလည်း မစားရသေးဘူးရှင့်"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ခုနက စားသောက်ခန်းမမှာ ထမင်းစားနေတာ မဟုတ်ဘူးလား"
"ဝအောင် မစားခဲ့ရလို့ပါ"
လင်းယွမ်မှာ ဆွံ့အသွားရသည်။ "မဝသေးရင် စားသောက်ခန်းမကို သွားလေ"
ကျွမ်းရှုယွမ်က ရုတ်တရက် ခန္ဓာကိုယ်ကို ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းမော့ကာ သူ၏ ထိုင်ခုံအရှေ့သို့ ရောက်လာလေသည်။
"ကျွန်မက တခြားဟာကို စားချင်တာ"
နောက်ဆုံးတွင် လင်းယွမ်၏ ဤထမင်းတစ်နပ်မှာ အဆုံးတိုင်အောင် မစားနိုင်ခဲ့ဘဲ အားအင်များကို စတင် ထုတ်သုံးရပြန်တော့သည်။
အချိန်အခါကို နားမလည်သော ဤမိန်းမအား ကောင်းကောင်းကြီး ဆုံးမပြီးနောက် တစ်နာရီခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ထိုင်ခုံပေါ်တွင် ပြိုလဲနေသော မောက်မာလှသည့် မိန်းမလှလေးကို ကြည့်ရင်း လင်းယွမ်က ထူးခြားသော ကျေနပ်မှုမျိုးကို ခံစားလိုက်ရသည်။
သူက လက်ထဲရှိ အဝတ်အစားများကို တစ်ဖက်လူထံသို့ ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။ "ကိုယ်တိုင်က အရည်အချင်း မရှိရင် လာပြီး ဇာတ်လမ်းမစနဲ့"
ထို့နောက် သူက ဆက်လက်၍ ထမင်းစားနေပြီး ကျွမ်းရှုယွမ် အမောပြေမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
အတော်ကြာပြီးမှသာ ကျွမ်းရှုယွမ်က သတိပြန်လည်လာပြီး ရှုပ်ပွနေသော ဆံပင်များကို ပြန်လည် သပ်တင်လိုက်သည်။
သူမက နာကျင်ကိုက်ခဲနေသော ခြေထောက်များကို အံကြိတ်ခံရင်း ခန္ဓာကိုယ်ကို မတ်မတ် ထိုင်လိုက်သော်လည်း ထိုင်ခုံပေါ်မှတော့ မဆင်းသေးပေ။
သူမ၏ မျက်နှာအမူအရာက သနားစရာကောင်းလောက်အောင် ညည်းညူချင်စရာ ဖြစ်နေသော်လည်း စိတ်ထဲတွင်မူ လင်းယွမ်၏ သားရေအစစ် ထိုင်ခုံကြီးကို အလွန်အမင်း သဘောကျနေပေသည်။
ဒါက ထိုက်ယန်တောင်ရဲ့ နံပါတ်တစ် လူပုဂ္ဂိုလ်ရဲ့ နေရာပေါ့လေ...
သူမ ကျွမ်းရှုယွမ်လည်း ဒီအပေါ်မှာ ထိုင်ဖူးသွားပြီပဲ။
ခုနကဆိုလျှင် သူမက ထိုက်ယန်တောင်၏ နံပါတ်တစ် လူပုဂ္ဂိုလ်၏ အပေါ်သို့ပင် ရဲတင်းစွာ ခွစီးခဲ့သေးသည်။
ထိုက်ယန်တောင်၏ အစွမ်းထက်ဆုံး အမျိုးသား၏ အပေါ်တွင် ခွစီးရသည့် စိုးမိုးနိုင်မှု ခံစားချက်က သူမကို အမှန်တကယ်ပင် အတိုင်းမသိ စိတ်လှုပ်ရှားစေခဲ့သည်။
၎င်းသည် အာဏာအပေါ်ထားရှိသော ပုံမှန်မဟုတ်သည့် ကျေနပ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများ တစ်ပြိုင်နက်တည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့်ပင် သူမက ဤမျှလောက် အလွယ်တကူ အရှုံးပေးလိုက်ရခြင်း ဖြစ်သည်။
သေချာပေါက် သူမက ထိုအရာများကို မျက်နှာပေါ်တွင် ထုတ်ပြလောက်အောင် မမိုက်မဲပေ။ သူမ၏ မျက်နှာပေါ်တွင် သနားစရာကောင်းပြီး ရိုက်နှက်ခံထားရသကဲ့သို့ အမူအရာမျိုးသာ ရှိနေဆဲ ဖြစ်သည်။
"ရှင် ကျွန်မကို လာမတွဲပေးနိုင်ဘူးလား"
"ဟက်... မင်းလည်း အစွမ်းပိုင်ရှင်တစ်ယောက်ပဲလေ... ဒီလောက် အချိန်အကြာကြီးတောင် ရှိနေပြီကို မသက်သာသေးဘူးလား"
"ဟွန့်... မိန်းမတွေရဲ့ စိတ်ကို နားမလည်လိုက်တာ"
ကျွမ်းရှုယွမ်က စိတ်ဆိုးချင်ယောင်ဆောင်ကာ ချွဲနွဲ့တော့သည်။
သို့သော် လင်းယွမ်က သူမ၏ အကွက်များကို လုံးဝ စိတ်မဝင်စားဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။ "စားလည်း စားပြီးသွားပြီဆိုတော့ မင်းမှာ ဘာကိစ္စရှိသေးလို့လဲ"
လင်းယွမ်က ဤမျှလောက်အထိ ရက်စက်နေသည်ကို မြင်လိုက်ရသဖြင့် ကျွမ်းရှုယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်လက်၍ ဟန်မဆောင်တော့ဘဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "ဟိုနေ့က အစည်းအဝေးမှာ လူတိုင်းရဲ့ ပင်မ အရည်အသွေးက အမှတ် ငါးဆယ်ကို ရောက်မှ မျိုးရိုးဗီဇမျိုးစေ့ကို ဘေးကင်းကင်းနဲ့ စုစည်းနိုင်မယ်လို့ ရှင် ပြောခဲ့တာ တကယ်ပဲလား"
"အင်းပေါ့... ငါက ဒီလိုကိစ္စမျိုးကို အစည်းအဝေးမှာ နောက်ပြောင်ပြီး ပြောပါ့မလား"
"ဒါဆို ရှင် လူတစ်ယောက်ရဲ့ ပင်မ အရည်အသွေး အမှတ်ကို စမ်းသပ်နိုင်တဲ့ နည်းလမ်းများ ရှိလား" ကျွမ်းရှုယွမ်က အမြန်မေးလိုက်သည်။
ထိုအခါမှသာ လင်းယွမ်က ချက်ချင်း သဘောပေါက်သွားတော့သည်။ ဤမိန်းမက သူ့ဆီသို့ အပင်ပန်းခံ လာရောက်ကာ သွေးဆောင်ဖြားယောင်းပြီး အစပျိုးပေးနေခဲ့ခြင်းက ဤရည်ရွယ်ချက်ကြောင့်ပင် ဖြစ်သည်။
သူက ကျွမ်းရှုယွမ်ကို ကြည့်ကာ မေးလိုက်သည်။ "ဘာလဲ... မင်းလည်း မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းချင်နေလို့လား"
ကျွမ်းရှုယွမ်က ချက်ချင်း မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။ "ရှင်ပြောမှပဲ... မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းပြီး ပိုအစွမ်းထက်တဲ့ အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်မလာချင်တဲ့သူ ဘယ်သူရှိလို့လဲ"
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ငါက မင်း အာဏာကိုပဲ စိတ်ဝင်စားတယ်လို့ ထင်နေတာ"
ကျွမ်းရှုယွမ်က နှုတ်ခမ်းနီနီလေးများကို ဖွင့်ဟကာ ပြောလိုက်သည်။ "လုံလောက်တဲ့ အစွမ်းအစသာ မရှိရင် ကျွန်မက ဒီနေရာမှာ ထိုင်နေရရင်တောင်မှ အောက်ခြေက လူတွေက ကျွန်မကို နာခံမှာ မဟုတ်ဘူးလေ"
လင်းယွမ်မှာ အံ့သြသွားရသည်။ ဤမိန်းမက တကယ်ကို အသိတရား ရှိလှပေသည်။
ကမ္ဘာပျက်ကပ် ကာလတွင် လူသားများက အင်အားကြီးမားသူများကိုသာ ကိုးကွယ်ယုံကြည်ကြပေသည်။
အကယ်၍ ကျွမ်းရှုယွမ်၌သာ တိုက်ခိုက်နိုင်စွမ်း မရှိဘဲ၊ လုံလောက်သော အစွမ်းအစ မရှိဘဲနှင့် ရာထူးမြင့်မြင့်တွင် နေရပါက လူအများအပြား၏ မကျေနပ်မှုများကို အမှန်တကယ်ပင် ဖြစ်ပေါ်စေနိုင်ပေသည်။
သူမက ဤအချက်ကို စဉ်းစားမိခြင်းမှာ သူမက ကျင့်ကြံခြင်းကို အလွန်အမင်း မြတ်နိုးနေ၍၊ အဆင့်ဖောက်ထွက်လိုစိတ် ပြင်းပြနေ၍ မဟုတ်ပေ။
သူမက သူမ၏ လက်ထဲရှိ အာဏာကို ရေရှည် ခိုင်မြဲစေရန်သာ လိုလားခြင်း ဖြစ်သည်။
တကယ်ကိုပင် ကျွမ်းရှုယွမ်သည် လင်းယွမ်၏ မှတ်ဉာဏ်ထဲရှိ ကျွမ်းရှုယွမ်သာ ဖြစ်ပြီး သူမ၌ မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။
လင်းယွမ်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒါကြောင့် မင်းရဲ့ ပင်မ အရည်အသွေးကို ငါ့ကို စမ်းသပ်ခိုင်းချင်တာလား"
"ရမလားဟင်" ကျွမ်းရှုယွမ်က လှပသော မျက်ဝန်းများကို လှုပ်ခတ်လိုက်ပြီး ဆွဲဆောင်မှုရှိစွာဖြင့် သူ့ကို ကြည့်လိုက်သည်။
လင်းယွမ်က ပြုံးလိုက်သည်။ ထမင်းစားပြီးခါစ ဖြစ်သဖြင့် ပန်းကန်ကို မည်သို့ ခွဲပစ်၍ ရမည်နည်း။
သူက ချက်ချင်းပင် ပြောလိုက်သည်။ "ရပါတယ်"
လင်းယွမ်က စွမ်းအင်တိုင်းမျက်မှန်ကို ထုတ်ယူလိုက်ပြီး မျက်လုံးတွင် တပ်ဆင်ကာ ကြည့်လိုက်သည်။
ထို့နောက် သူက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး အနည်းငယ် အံ့သြသွားတော့သည်။
"စိတ်စွမ်းအင်က ၄၇ မှတ်တောင်ပဲ"
ကျွမ်းရှုယွမ်၏ ပင်မ အရည်အသွေးက ဤမျှလောက်အထိ မြင့်မားနေမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကျွမ်းရှုယွမ်က ပို၍ပင် ဝမ်းသာအံ့သြသွားပြီး အမြန် မတ်တတ်ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ဘယ်လောက်တဲ့လဲ"
လင်းယွမ်က သူမ၏ တုန်ခါနေသော ရင်သားများကို ကြည့်လိုက်ရာ ချီဖောင်ဝတ်စုံတွင် ကြယ်သီးနှစ်လုံး မတပ်ရသေးဘဲ ကြီးမားဖြူဖွေးနေသော အသားအရည်များက မျက်စိကျိန်းလောက်အောင် ဖြစ်နေသည်။
သူက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "၄၇ မှတ်ပဲ... ကြည့်ရတာ ဒီရက်ပိုင်းအတွင်း မင်းရဲ့ အစွမ်းကို တော်တော်လေး အာရုံစိုက်ပြီး လေ့ကျင့်နေခဲ့တာပဲ"
ကျွမ်းရှုယွမ်က အလွန် ဝမ်းသာသွားပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားတော့သည်။ "၄၇ မှတ်တောင် မြင့်နေတာလား... ကျွန်မ နေ့တိုင်း လုယွီယန် ကောင်မလေးဆီကနေ မျိုးရိုးဗီဇ နိုးထ ကျင့်စဉ်ကို အပင်ပန်းခံ သင်ယူခဲ့ရကျိုး နပ်သွားတာပဲ... ခစ်ခစ်ခစ်"
သို့သော် လင်းယွမ်ကတော့ သိနေသည်။ ကျွမ်းရှုယွမ်သည် နိုးထခြင်း ကျင့်စဉ်ကို ပင်ပန်းဆင်းရဲစွာ လေ့ကျင့်နေရုံမျှသာ မကဘဲ၊ သူမက ပုံမှန်အချိန်များတွင်လည်း စုံစမ်းစစ်ဆေးရမည့်သူများ၏ စိတ်ပိုင်းဆိုင်ရာ အချက်အလက်များကို သိရှိနိုင်ရန်အတွက် သူမ၏ စိတ်ဖတ်နိုင်သော အစွမ်းကို အများအပြား အသုံးပြုခဲ့မည်မှာ သေချာပေသည်။
ဒါကမှ သူမ၏ သန္ဓေပြောင်းစွမ်းအင်များ အလျင်အမြန် တိုးတက်လာခြင်း၏ အဓိက သော့ချက်ပင် ဖြစ်သည်။
ဆုန့်ဝမ်တို့နှင့် အတူတူပင် ဖြစ်ပြီး ၎င်းသည် အချိန်တိုင်း အသုံးပြုနေရသော စွမ်းရည်မျိုး ဖြစ်သောကြောင့် သင်က တမင်တကာ မလေ့ကျင့်လျှင်တောင်မှ အမှန်တကယ်တွင် သဘာဝအလျောက် အစွမ်းကျွမ်းကျင်မှု အဆင့်ကို တိုးတက်စေမည် ဖြစ်သည်။
"ကဲ... ပင်မ အရည်အသွေးကိုလည်း သိသွားပြီဆိုတော့ မင်းပြန်လို့ရပြီ မဟုတ်လား"
လင်းယွမ်က အကြောင်းအကျိုးဆက် စွမ်းရည်များကို ဆက်လက် လေ့လာရန် ပြင်ဆင်နေသဖြင့် တစ်ဖက်လူအား ချက်ချင်းပင် နှင်လွှတ်လိုက်တော့သည်။
ကျွမ်းရှုယွမ်က အနည်းငယ် မပျော်မရွှင် ဖြစ်သွားတော့သည်။ ဒီခွေးကောင်က ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ။
သူမအပေါ်ကို ခုနလေးတင် အလွန်အကျွံ ကိစ္စတွေကို လုပ်ခဲ့ပြီးတာတောင် မျက်နှာပြောင်တိုက်ပြီး သူမကို နှင်ထုတ်နေတာလား။
သူမ၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး မေးလိုက်သည်။ "ရှင်က ကျွန်မကို ဒီလောက်တောင် ထွက်သွားစေချင်နေတာလား"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ဒီမှာ ဆက်နေပြီး ဘာလုပ်ဦးမလို့လဲ"
"ရှင်... ရှင်က ကျွန်မနဲ့ စကားလေးဘာလေး မပြောချင်ဘူးလား"
လင်းယွမ်၏ မျက်နှာက ချက်ချင်း တင်းမာသွားသည်။ "မင်းက ငါတို့ အရင်တုန်းက သဘောတူထားခဲ့တဲ့ ကတိကို မေ့သွားပြီလား"
"အပျော်ကစားတာက ရပေမဲ့ ငါတို့တွေ စိတ်ခံစားချက် မပါစေနဲ့လေ"
ကျွမ်းရှုယွမ်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားတော့သည်။ ထိုအချိန်က လင်းယွမ်ကို မြှူဆွယ်ကာ နေရာတစ်ခု အမြန်ရရန်အတွက် သူမက ဤကဲ့သို့သော ကတိမျိုးကို အမှန်တကယ် ပေးခဲ့မိသည်။
သို့သော် သူမက အာဏာရမ္မက် အလွန်ကြီးမားသော မိန်းမတစ်ယောက် ဖြစ်သဖြင့် အခြားသူ၏ တိတ်တိတ်ပုန်း မယားငယ်အဖြစ် မည်သို့ ကျေနပ်နေနိုင်မည်နည်း။
သဘာဝအားဖြင့် အချိန်တိုင်း သူမက ပိုမို များပြားသော အခွင့်အရေးများကို လိုချင်နေမိသည်။
သို့ရာတွင် ပို၍ လိုချင်ပါက ခန္ဓာကိုယ်ဆိုင်ရာ ပတ်သက်မှု သက်သက်သာ မကဘဲ ပိုမို နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း လိုအပ်ပေသည်။
သို့သော် သူမဘက်မှ ဤအရိပ်အယောင် အနည်းငယ် ပြလိုက်သည်နှင့် လင်းယွမ်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ဟောက်မာန်ကာ ဖြတ်တောက်လိုက်လေသည်။
ထို့ကြောင့် သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး အနည်းငယ် ထိတ်လန့်သွားကာ အကြောက်တရားပင် ဝင်လာခဲ့သည်။
သူမက အခက်အခဲများစွာဖြင့် ရရှိထားသော အာဏာများက အရှေ့ရှိ အမျိုးသား၏ ဒေါသတစ်ချက်ကြောင့် ပြာကျသွားမည်ကို စိုးရိမ်နေမိသည်။
ဤနေရာအထိ တွေးမိသောအခါ သူမက သူမ၏ စိတ်နေစိတ်ထားကို ချက်ချင်း ပြုပြင်လိုက်ပြီး ထိုင်ခုံပေါ်မှ အမြန် မတ်တတ်ရပ်လိုက်သည်။
ချီဖောင်ဝတ်စုံက ရှုပ်ပွပြီး တွန့်ကြေနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဟန်ဆောင်ပြုံးရယ်ကာ ပြောလိုက်သည်။ "ကျွန်မက တစ်ယောက်တည်း အထီးကျန်နေလို့ ရှင့်ဆီက ဂရုစိုက်မှုကို နည်းနည်းလောက် ပိုလိုချင်ရုံလေးပါ... ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
လင်းယွမ်က ချက်ချင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ဤမိန်းမ၏ စကားများကို သူ တစ်ခွန်းမှ မယုံကြည်ပေ။
ကျွမ်းရှုယွမ်ကဲ့သို့သော မိန်းမမျိုးက အထီးကျန်တယ်လို့ ခံစားရမှာတဲ့လား။
သူမ၏ စိတ်ထဲတွင် အထက်သို့ မည်သို့ တက်လှမ်းရမည်နှင့် အာဏာဗဟိုချက်ထဲသို့ မည်သို့ ဝင်ရောက်ရမည်ကိုသာ တွေးတောနေပေသည်။
မိန်းမငယ်လေးများ၏ စိတ်ခံစားချက်မျိုးထဲတွင် နစ်မွန်းနေရန် သူမ၌ အချိန်ရှိပါမည်လား။
မိန်းမတစ်ယောက်၏ နူးညံ့သိမ်မွေ့မှုက သူမ၏ လက်နက်တစ်ခုသာ ဖြစ်ပေသည်။
လင်းယွမ်က ကျွမ်းရှုယွမ်၏ ခန္ဓာကိုယ်ပေါ်မှတစ်ဆင့် ယခင်က ဟန်ဆောင်ကောင်းလှသော ကျန်းယွမ်ယွမ်ကို မြင်ယောင်သွားသည်။
ထိုသူမှာ ယခင်က အမှတ် (၇၆) အဆောက်အအုံတွင် သာမန်လူတစ်ယောက်၏ အဆင့်အတန်းဖြင့် စိတ်ပိုင်းဆိုင်ရာ ထင်ယောင်ထင်မှား အစွမ်းကို ကျွမ်းကျင်သော အစွမ်းပိုင်ရှင် ဝမ်ကျဲအား လှည့်စားကာ ကစားခဲ့သည့် မိန်းမပင် ဖြစ်သည်။
သို့သော် ကျန်းယွမ်ယွမ်၏ အဆင့်အတန်းက ကျွမ်းရှုယွမ်နှင့် တစ်တန်းတည်း မဟုတ်သည်မှာ ထင်ရှားပေသည်။
ကျွမ်းရှုယွမ်က သူမ ဘာလိုချင်သည်ကို သိပြီး မည်သို့ လုပ်ဆောင်ရမည်ကို အလွန် ရှင်းလင်းစွာ သိရှိရုံသာမက သူမကိုယ်တိုင်တွင်လည်း တိကျသော စွမ်းရည်တစ်ခု ရှိနေပေသည်။
ကျန်းယွမ်ယွမ် ဆိုသည့် မိန်းမကမူ ရုပ်ရည်အသွင်အပြင်ကို အားကိုးကာ အိမ်တွင်းအောင်းနေတတ်သော ဝမ်ကျဲ၏ စိတ်ကို ကစားရုံမျှသာ ဖြစ်သည်။
သေချာပေါက် သူမက ထိုဝမ်ကျဲကိုသာ ကစားနိုင်မည် ဖြစ်သည်။ ကမ္ဘာပျက်ကပ် ကာလက တစ်နေ့တခြား ပိုမို လျင်မြန်စွာ ပြောင်းလဲလာပြီး အင်အားကြီးသူကိုသာ လေးစားရမည့် အယူအဆက လူအများကြားတွင် ပိုမို လက်ခံလာကြပြီ ဖြစ်သည်။
ထိုသို့သော သာမန်လူမျိုးက မည်မျှပင် ဟန်ဆောင်ကောင်းနေစေကာမူ အနာဂတ်တွင် မည်သည့် လုပ်ပိုင်ခွင့်မျှ ရှိလာတော့မည် မဟုတ်ပေ။
သို့သော် ကျွမ်းရှုယွမ်ကိုယ်တိုင်က အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်ပြီး စိတ်ဖတ်နိုင်သော အစွမ်းမျိုးကိုလည်း ပိုင်ဆိုင်ထားသဖြင့် လူတို့၏ စိတ်ကို ထိန်းချုပ်ခြင်းက သူမ၏ အားသာချက်ပင် ဖြစ်သည်။
သူမက အထက်သို့ တက်လှမ်းရန်သာ စိတ်အားထက်သန်နေမည်ဆိုပါက အောင်မြင်ရန် အလွန် လွယ်ကူပေလိမ့်မည်။
ဆက်ရန်...
အပိုင်း(၄၅၂) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ တိုးတက်မှုများ
ကျွမ်းရှုယွမ်ကို နောက်ဆုံးတွင် ပြန်လွှတ်လိုက်နိုင်သဖြင့် လင်းယွမ်က စိတ်အေးလက်အေး သက်ပြင်းချလိုက်သည်။
ထိုမိန်းမက တကယ်ကို အရည်အချင်းရှိသော်လည်း ရည်မှန်းချက်လည်း မသေးလှပေ။
သူမကို အလိုလိုက်ထား၍ မဖြစ်ဘဲ ပြတ်ပြတ်သားသား ဖိနှိပ်ထားရန် လိုအပ်သည်။
သို့မဟုတ်ပါက တစ်နေ့နေ့တွင် သူမက အတင့်ရဲလာပေလိမ့်မည်။
တစ်ဝက်သာ ကျန်တော့သည့် ထမင်းဟင်းများကို ကြည့်ကာ လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး ဆက်မစားတော့ဘဲ သိမ်းဆည်းလိုက်ကာ ဟွမ်မင်ခိုင်၏ သင်္ကေတအရိုးကို ဆက်လက် လေ့လာရန် ပြင်ဆင်လိုက်သည်။
ယခုအချိန်တွင် လင်းယွမ်က စနစ်ထဲမှ လဲလှယ်ရရှိထားသော သန္ဓေပြောင်းစွမ်းအင် စစ်ဆေးခြင်း အစွမ်း ဖြင့် ဤသင်္ကေတအရိုးသည် အကြောင်းအကျိုး သင်္ကေတအရိုး ဖြစ်ကြောင်း ခွဲခြားသိမြင်နိုင်ပြီ ဖြစ်သည်။
သူကိုယ်တိုင်လည်း စနစ်မှတစ်ဆင့် အကြောင်းအကျိုး အစွမ်းများစွာကို ရှာဖွေဖတ်ရှုခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် ဝန်ခံရမည်ဆိုလျှင် အကြောင်းအကျိုး အစွမ်းများက အလွန်တရာ ဈေးကြီးလွန်းလှပြီး အရှင်းလင်းဆုံး အကြောင်းအကျိုး အစွမ်းတစ်ခုကပင် အမှတ် သိန်းနှင့်ချီ၍ ပေးရပေသည်။
လက်ရှိ သူ၏ အနေအထားအရ ထိုမျှလောက် များပြားသော အမှတ်များကို အကုန်အကျ မခံနိုင်သေးပေ။
ထို့ကြောင့် လင်းယွမ်က လောလောဆယ်တွင် ဟွမ်မင်ခိုင်၏ ဤသင်္ကေတအရိုးကိုသာ ဆက်လက် လေ့လာနေရသည်။
အကယ်၍ ဤသင်္ကေတအရိုးပေါ်ရှိ အစွမ်းကိုသာ ကျွမ်းကျင်သွားပါက သူ၏ အမှတ်သိန်းပေါင်းများစွာ သက်သာသွားစေမည် ဖြစ်သည်။
"အကြောင်းအကျိုး အစွမ်းတွေက နက်နဲဆန်းကြယ်လွန်းတယ်... သန္ဓေပြောင်းစွမ်းအင် စစ်ဆေးတဲ့ အစွမ်းကနေ ခွဲခြမ်းစိတ်ဖြာထားတဲ့ ရလဒ်တွေအရ ဒီအစွမ်းက စိတ်စွမ်းအင်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေး နှစ်ခုနဲ့ အဓိက သက်ဆိုင်နေတယ်"
ထိုအထဲတွင် စိတ်စွမ်းအင်က အဓိက အရည်အသွေး ဖြစ်နေသဖြင့် စိတ်စွမ်းအင်ဘက်မှ စတင်၍ ကြိုးစားရမည်ဟု ထင်ရသည်။
လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး သင်္ကေတများကို သေချာစွာ စတင် တွက်ချက်ကာ စိတ်စွမ်းအင်ဖြင့် သင်္ကေတ လမ်းကြောင်းများကို အဆက်မပြတ် ပုံဖော်ကြည့်လိုက်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် ပြဿနာတစ်ခုကို သူ တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားသည်။
အကြောင်းအကျိုး အစွမ်းများက ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် အတိုင်းအတာတစ်ခုအထိ လိုအပ်ချက် ရှိနေခြင်းမှာ စိတ်စွမ်းအင် သုံးစွဲမှု များပြားလွန်းသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် ကြီးမားသော သက်ရောက်မှု ရှိနေသောကြောင့် ဖြစ်ပေမည်။
အနည်းဆုံးတော့ လက်ရှိ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် အချိန်ကြာမြင့်စွာ တွက်ချက်ပုံဖော်ပြီးနောက်တွင်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရသည်။
ညဆယ်နာရီကျော် အချိန်အထိ ရောက်သောအခါ လင်းယွမ်က ဤလေ့လာမှုကို ရပ်တန့်လိုက်ပြီး အိမ်သို့ ပြန်လာခဲ့သည်။
ရန်မေတို့ လူစုလည်း ပြန်ရောက်နေကြပြီ ဖြစ်သည်။
နောက်ရက်များတွင် လင်းယွမ်က သုတေသနခန်းနှင့် ခေါင်းဆောင်အိမ်တော်တို့တွင်သာ အာရုံစိုက်၍ လေ့ကျင့်နေခဲ့သည်။
နေ့စဉ် အချိန်လုကာ သားသတ်ရုံသို့ သွားရောက်၍ အမှတ်များကို ရယူခဲ့သည်။
ရက်အနည်းငယ် အတွင်းမှာပင် သူ၏ အမှတ်များက နှစ်သိန်းကျော်အထိ ထပ်မံ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် လင်းယွမ်၏ စိတ်ထဲတွင် အတော်လေး ကျေနပ်သွားမိသည်။
"လောစရာ မလိုပါဘူး... ငါ ဘာမှမလုပ်ဘဲ ထိုက်ယန်တောင်မှာ အေးအေးဆေးဆေး နေပြီး ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်မယ်... အမှတ်တွေ အများကြီး စုဆောင်းမယ်ဆိုရင်တောင် မျိုးရိုးဗီဇ အရည်အသွေးတွေကို အစောကြီး မဟုတ်ရင်တောင် တစ်နေ့နေ့မှာ အပြည့် ဖြည့်နိုင်မှာပါ"
"အဲ့ဒီအချိန်ကျရင် ဘာသာရေးဂိုဏ်းကြီး သုံးခုဖြစ်ဖြစ် စစ်တပ်ဖြစ်ဖြစ် ဘယ်သူမှ ငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး"
လင်းယွမ်က လုံးဝ အလျင်စလို မဖြစ်ပေ။ အချိန်သည် အမြဲတမ်း သူ၏ မိတ်ဆွေ ဖြစ်နေခဲ့သည်။
နေ့စဉ် အမှတ် တစ်သောင်းကျော် ရရှိနေသဖြင့် သူက တစ်လအတွင်း အမှတ် သုံးသိန်းကျော် စုဆောင်းနိုင်မည် ဖြစ်သည်။
မဟုတ်သေး။ ယခု လင်းယွမ် ခေါ်ဆောင်လာသော လူအင်အား အမြောက်အမြားကြောင့် အမှတ်တက်လာသည့် နှုန်းက နှစ်ဆအထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် နေ့စဉ် အနည်းဆုံး အမှတ် နှစ်သောင်းခန့် ရရှိနေပြီ ဖြစ်ရာ တစ်လဆိုလျှင် အမှတ် ခြောက်သိန်းအထိ ရောက်ရှိသွားမည် ဖြစ်သည်။
အခြေခံ ပစ္စည်းများနှင့် စက်ပစ္စည်း အမျိုးမျိုး လဲလှယ်သည့်စရိတ် ဖယ်လိုက်လျှင်ပင် လင်းယွမ်က တစ်လလျှင် အနည်းဆုံး အမှတ် ငါးသိန်းခန့် စုဆောင်းမိမည် ဖြစ်သည်။
နှစ်လသာ အချိန်ယူလိုက်မည်ဆိုပါက လင်းယွမ်က အမှတ် တစ်သန်းအထိ ထပ်မံ စုဆောင်းနိုင်မည် ဖြစ်သည်။
"အခုလောလောဆယ် အကြောင်းအကျိုး အစွမ်းကို သဘောမပေါက်သေးဘူးဆိုရင်တောင် အချိန်တန်ရင် အမှတ် ငါးသိန်း ပေးပြီး တိုက်ရိုက် လဲပစ်လိုက်မယ်... မရဘူးဆိုတာ ငါ မယုံဘူး"
လင်းယွမ်က စိတ်ထဲတွင် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် နောက်ရက်များတွင် သူက ထိုက်ယန်တောင်ကို အုပ်ချုပ်ရင်း တစ်ဖက်မှလည်း သွေးရေခဲထဲရှိ ရေခဲဓာတ် မျိုးရိုးဗီဇကို သူကိုယ်တိုင် ထုတ်ယူနိုင်မည့် လုပ်ငန်းစဉ်ကို စတင် လေ့လာနေခဲ့သည်။
ထိုအချိန်အတောအတွင်း သူက ကျောက်ခိုင်ကို သွားရှာခဲ့သည်။
"အစ်ကိုလင်း... ကျွန်တော့်ကို ရှာနေတာလား"
"အင်း... ခုတလော အစွမ်းလေ့ကျင့်တဲ့ဘက်မှာ ဘယ်လိုနေလဲ" လင်းယွမ်က ပြုံးရင်း မေးလိုက်သည်။
ကျောက်ခိုင်က ခေါင်းကုတ်လိုက်သည်။ သူက အပြင်ဘက်တွင် အေးစက်စက် နေတတ်သော်လည်း လင်းယွမ်၏ အရှေ့တွင်မူ လင်းယွမ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရသကဲ့သို့ အမြဲတမ်း လူငယ်လေး တစ်ယောက်လို ဖြစ်နေတတ်သည်။
"ဒီအတောအတွင်း စစ်စခန်းက ကိစ္စတွေ နည်းနည်းများနေလို့ တကယ်ကို မအားလပ်တာနဲ့ လေ့ကျင့်တဲ့နေရာမှာ နည်းနည်း ပေါ့လျော့သွားတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်၏ မျက်နှာက ချက်ချင်း တည်ကြက်သွားပြီး ပြောလိုက်သည်။ "အဲ့ဒီကိစ္စတွေကို လက်အောက်ငယ်သားတွေဆီ လွှဲပေးထားလိုက်ရင် ရပြီလေ... မင်းရဲ့ အစွမ်း တိုးတက်နှုန်းကို ကျဆင်းမသွားအောင် သေချာပေါက် ဂရုစိုက်ရမယ်"
ကျောက်ခိုင်က ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် နည်းပြအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပါတယ်... သူတို့က လူသစ်တွေကို ခွဲပြီး စီမံခန့်ခွဲပေးနေတော့ ကျွန်တော့်အတွက် အချိန်တော်တော် သက်သာသွားပါတယ်"
လင်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိစ္စတိုင်းကို ကိုယ့်လက်ထဲမှာချည်းပဲ ဆုပ်ကိုင်မထားသင့်ဘူး... အဓိကနဲ့ သာမည... အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားတတ်အောင် သင်ယူရမယ်... ပြီးတော့ လူကို သုံးတတ်အောင်လည်း သင်ယူရမယ်"
"မင်းက ငါ့နောက်ကို အစောဆုံး လိုက်ခဲ့တဲ့ လူတွေထဲက တစ်ယောက်ပဲ... ငါကလည်း မင်းကို အဓိကထားပြီး ပျိုးထောင်ပေးဖို့ အမြဲတမ်း စဉ်းစားထားတာ"
"ဒါကြောင့် မင်းရဲ့ စွမ်းရည်တွေ လုံးဝ ကျဆင်းသွားလို့ မဖြစ်ဘူး... အထူးသဖြင့် အခုဆို ထိုက်ယန်တောင် တစ်တောင်လုံးမှာ ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ သိပ်မရှိဘူး... မင်းက အရည်အသွေး အမှတ် ၅၀ အထိ ရောက်အောင် အစွမ်းကုန် ကြိုးစားသင့်တယ်... နားလည်လား"
ကျောက်ခိုင်က ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်သည်။ "ကျွန်တော် နားလည်ပါပြီ အစ်ကိုလင်း"
ပြီးခဲ့သည့် အစည်းအဝေး ပြီးကတည်းက လင်းယွမ်က ကျောက်ခိုင်၏ အဓိက အရည်အသွေး အမှတ်ကို ပထမဆုံးအကြိမ် စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်သည်။
ကျောက်ခိုင်၏ အဓိက အရည်အသွေးက သဘာဝအရ စိတ်စွမ်းအင် ဖြစ်ပြီး လက်ရှိတွင် ၄၅ မှတ် ရှိနေပြီ ဖြစ်သည်။
အလွန်အမင်း မြင့်မားသည်ဟု မဆိုနိုင်သော်လည်း သူက မိန်တောင် တည်ဆောက်ရေးတွင် အလုပ်များနေသဖြင့် စွမ်းရည်များကို လျင်မြန်စွာ မမြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လင်းယွမ် နားလည်ပေးနိုင်သည်။
နောက်ပိုင်းတွင် လူချင်းတွေ့ဆုံ ဆွေးနွေးပြီးနောက် သူ၏ လက်ထဲရှိ အလုပ်များကို ခဏချထားကာ အစွမ်းများကို အာရုံစိုက် မြှင့်တင်ရန် ပြောခဲ့ပြီးနောက် ဤရက်အနည်းငယ်အတွင်း မည်သို့ ဖြစ်နေပြီလဲဟု သူ မသိခဲ့ပေ။
ထိုအကြောင်းကို တွေးမိသောအခါ လင်းယွမ်က စွမ်းအင်တိုင်းမျက်မှန်ကို ထုတ်ယူကာ စစ်ဆေးကြည့်လိုက်သည်။
"မဆိုးပါဘူး... ၄၆ မှတ်တောင် ရောက်နေပြီပဲ... မင်း မြန်မြန် လေ့ကျင့်လိုက်... အမှတ် ၅၀ ပြည့်သွားတဲ့အချိန်ကျရင် မျိုးရိုးဗီဇ အမွေအနှစ် နိုးထလာပြီး မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူနိုင်တဲ့ အမွေအနှစ် မှတ်ဉာဏ်တွေ ရလာလိမ့်မယ်"
"အခု ငါ့လက်ထဲမှာ ရေခဲဓာတ် သွေးတွေ အလုံအလောက် ရှိတယ်... မင်းအတွက် ရေခဲဓာတ် မျိုးရိုးဗီဇ အမြောက်အမြား ထောက်ပံ့ပေးဖို့ လုံလောက်တယ်... မင်း မျိုးရိုးဗီဇမျိုးစေ့ကို မြန်မြန် စုစည်းနိုင်လေလေ ငါတို့ ထိုက်ယန်တောင်မှာ ဒုတိယမြောက် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းရှင် တစ်ယောက် ထပ်ရလာလေလေပဲ"
ကျောက်ခိုင်က လင်းယွမ်၏ စေတနာကို နားလည်သဖြင့် ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ "စိတ်ချပါ အစ်ကိုလင်း... ကျွန်တော် အမြန်ဆုံး အဓိက အရည်အသွေးကို မြှင့်တင်လိုက်ပါ့မယ်"
လင်းယွမ်က ပြုံးရယ်လိုက်ပြီး သူနှင့် အတန်ကြာ စကားပြောဆိုပြီးနောက် မိန်တောင်မှ ထွက်ခွာလာခဲ့သည်။
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာသောအခါ ဤနေရာရှိ လေထုက အတော်လေး အသက်ဝင်နေသည်။
ပါမောက္ခ လီဟန်ကျုံး မရှိသည်မှအပ ဖုချီပေါ်အပါအဝင် အခြားသူများအားလုံး ဤနေရာတွင် ရှိနေကြသည်။
လီယွဲ့ကျင်းနှင့် ဦးလေးရန်တို့က ထောက်လှမ်းရေး သင်္ကေတများကို အတူတကွ လေ့လာနေကြပြီး ထောက်လှမ်းရေး သင်္ကေတများ ထပ်မံ ပွားယူကာ စွမ်းအင်တိုင်းမျက်မှန်နှင့် ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင် စသည့် စက်ပစ္စည်းများကို ပိုမို ထုတ်လုပ်ရန် ရည်ရွယ်ထားကြသည်။
ရမ်ကျဲနှင့် ဖုချီပေါ်တို့ကမူ စွမ်းအင်ချိတ်ပိတ် သင်္ကေတများကို လက်နက်များနှင့် ပေါင်းစပ်ရန် ကြိုးစားနေကြပြီး ပိုမို အစွမ်းထက်သော လက်နက်ကိရိယာများကို ဖန်တီးရန် ရည်ရွယ်ထားကြသည်။
ပါမောက္ခ လီဟန်ကျုံးအတွက်မူ သူက မျိုးရိုးဗီဇ မီးဖို ကိစ္စနှင့် ပတ်သက်၍ အမြဲတမ်း စဉ်းစားနေခဲ့သည်။
သို့သော် လင်းယွမ်က အနည်းငယ် အံ့သြသွားသည်။ ယနေ့တွင် သူက ရှိမနေခဲ့ပေ။
လင်းယွမ်က ဖုချီပေါ်ကို ရှာတွေ့သွားပြီး မေးလိုက်သည်။ "ပါမောက္ခလီရော"
ဖုချီပေါ်က ပြန်ဖြေလိုက်သည်။ "ရှန်ယွင်ရှီး ဆိုတဲ့ မိန်းမတစ်ယောက်က ပါမောက္ခလီရဲ့ သူငယ်ချင်းဆိုပြီး လာရှာသွားတယ်... သူက အဲ့ဒီနာမည်ကို ကြားတာနဲ့ ချက်ချင်း ထွက်သွားတာ အခုထိ ပြန်မလာသေးဘူး"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဘာဖြစ်သွားသည်ကို လင်းယွမ်က ချက်ချင်း နားလည်သွားသည်။
ရှန်ယွင်ရှီးနှင့် လင်းယာတို့က စစ်မှုထမ်းရန် စီစဉ်ပေးခံရပြီးနောက် ရှန်ယွင်ရှီးက သိပ်မနေနိုင်တော့ဘဲ သူငယ်ချင်းဟောင်းများနှင့် တွေ့ဆုံရန် မစောင့်နိုင်တော့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသောအခါ လင်းယွမ်က ဒေါသမထွက်မိပေ။ ကမ္ဘာ့ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားချိန်မှ စတင်ကာ ယခုအချိန်အထိ အိမ်ရာမဲ့ဖြစ်သွားသူ မည်မျှပင် ရှိနေပြီနည်း။
ရင်းနှီးသော သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့ခြင်းက သဘာဝအရ မည်သည့်အရာထက်မဆို ပို၍ စိတ်လှုပ်ရှား ဝမ်းသာစရာ ကောင်းလှသည်။
လင်းယွမ်က ဤသို့သော ခံစားချက်မျိုးကို သဘာဝကျကျ နားလည်ပေးနိုင်သဖြင့် ပြုံးရုံသာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "စွမ်းအင်ချိတ်ပိတ် သင်္ကေတ လေ့လာတာကရော ဘယ်လိုနေပြီလဲ"
ဖုချီပေါ်က ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေကို ပွားယူနိုင်နေပါပြီ... ဒီစွမ်းအင်ချိတ်ပိတ် သင်္ကေတက တကယ်ကို ထူးခြားဆန်းကြယ်ပြီး သန္ဓေပြောင်းစွမ်းအင်တွေရဲ့ စီးဆင်းမှုကို ပိတ်လှောင်ထားနိုင်တယ်"
"ဒီနည်းလမ်းကတစ်ဆင့် အစွမ်းတွေကို ချိတ်ပိတ်ထားနိုင်တဲ့ အာနိသင်ကို ဖြစ်ပေါ်စေတယ်"
"ဒါက တစ်ယောက်ယောက်ရဲ့ အစွမ်းကို တိုက်ရိုက် ဖယ်ရှားပစ်တာ မဟုတ်ဘဲ ချိတ်ပိတ်လိုက်တာ... စွမ်းအင်ချိတ်ပိတ် သင်္ကေတဆိုတဲ့ နာမည်က တကယ်ကို မှန်ကန်လွန်းတယ်"
လင်းယွမ်က ပြုံးရင်း မေးလိုက်သည်။ "ခင်ဗျားတို့က ဒီသင်္ကေတကို သုံးပြီး ဘယ်လို စက်ပစ္စည်းတွေ လုပ်ဖို့ ရည်ရွယ်ထားတာလဲ"
ဖုချီပေါ်က ချက်ချင်း ပြောလိုက်သည်။ "ဒီသင်္ကေတက အစွမ်းပိုင်ရှင်တွေကို ဖမ်းဆီးချုပ်နှောင်ဖို့ အသင့်တော်ဆုံးပါပဲ"
"လက်ထိတ်တွေ... လှောင်ချိုင့်တွေ... ထောင်ချောက်တွေ စတာတွေ အားလုံးမှာ ဒီသင်္ကေတကို အသုံးပြုလို့ ရတယ်"
"ပြီးတော့ ခေါင်းဆောင် ယူလာတဲ့ အစီအရင် သဘောတရားကိုလည်း စွမ်းအင်ချိတ်ပိတ် သင်္ကေတနဲ့ ပေါင်းစပ်ပြီး ခေါင်းဆောင် ပြောခဲ့တဲ့ စွမ်းအင်ချိတ်ပိတ် အစီအရင်ကြီးကို ဖန်တီးလို့ ရတယ်"
"ဒီအစီအရင်ကြီးရဲ့ နည်းလမ်းက အစွမ်းပိုင်ရှင်တွေအတွက် တားမြစ်နယ်မြေကို လူလုပ် ဖန်တီးနိုင်ပြီး... တစ်ဖက်လူရဲ့ အစွမ်းတွေကို ချိတ်ပိတ်ထားနိုင်တဲ့ ရည်ရွယ်ချက်ကို ရောက်ရှိစေနိုင်တယ်"
"နောက်တစ်ချက်က လက်နက်အနေနဲ့ သုံးမယ်ဆိုရင် သူ့ရဲ့ အကြီးမားဆုံး အသုံးဝင်မှုက အကာအကွယ်ဖျက်ဆီးတဲ့ နေရာမှာ အသုံးပြုသင့်တယ်လို့ ကျွန်တော် ထင်တယ်"
လင်းယွမ်က ချက်ချင်း စိတ်ဝင်စားသွားသည်။ "အကာအကွယ် ဖျက်ဆီးတာလား"
"ဟုတ်ပါတယ်... အစွမ်းပိုင်ရှင်တော်တော်များများမှာ အကာအကွယ် နည်းလမ်းတွေ ရှိကြတယ်... ဒါပေမဲ့ ဒီအကာအကွယ် နည်းလမ်းတွေက အခြေခံအားဖြင့် အစွမ်းကို အခြေခံပြီး အသုံးပြုထားကြတာ... တစ်ဖက်လူရဲ့ အစွမ်းကိုသာ ချိတ်ပိတ်နိုင်ခဲ့ရင် ဒီအကာအကွယ် နည်းလမ်းတွေက ချက်ချင်း အသုံးမဝင်တော့ဘူး"
"အဲ့ဒီအချိန်မှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ ပါရှိတဲ့ လက်နက်တွေက တစ်ဖက်လူကို သာမန်လူ အခြေအနေအထိ အတင်းအဓမ္မ ဆွဲချပြီး တိုက်ခိုက်လို့ ရနိုင်တယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ ပြုံးလိုက်သည်။
ဖုချီပေါ်က တကယ်ကို လက်နက်ဒီဇိုင်းပိုင်းတွင် ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ဤအတွေးအခေါ်က အလွန် မှန်ကန်လှသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ချိတ်ပိတ်မြှားများတွင်လည်း ဤကဲ့သို့သော အကာအကွယ် ဖျက်ဆီးသည့် လုပ်ဆောင်ချက်များ ပါဝင်နေသည်။
ထိုအချိန်တွင် ရမ်ကျဲက စကားစပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော်တို့ဘက်မှာလည်း စွမ်းအင်သုံး သေနတ်တွေကို ထုတ်လုပ်နိုင်ခဲ့ပါပြီ... ဒါပေမဲ့ ရလဒ်က သိပ်ပြီး အားရစရာ မကောင်းသေးဘူး... စွမ်းအင် ပေါက်ကွဲအားက မဆိုးပေမဲ့ ဒါက အရင်က သာမန်လူတွေအတွက် နှိုင်းယှဉ်ရင်ပဲ အဆင်ပြေတယ်"
"အခုခေတ်က အစွမ်းပိုင်ရှင်တွေအတွက်ဆိုရင် သေနတ်တွေက အသက်အန္တရာယ် ပေးနိုင်တဲ့ ခြိမ်းခြောက်မှု မဟုတ်တော့ဘူး"
"အလျင်အစွမ်းပိုင်ရှင်တွေဆိုရင် သေနတ်တွေနဲ့ ကျည်ဆန်တွေကို အလွယ်တကူ ရှောင်တိမ်းနိုင်ကြတယ်... သူတို့ ခုတ်ပိုင်းလိုက်တဲ့ ဓားချက်တွေက ကျည်ဆန်ထက်တောင် ပိုမြန်နေသေးတယ်"
"တခြား အစွမ်းပိုင်ရှင်တွေကလည်း သေနတ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီး ရှိနေကြတယ်"
"သေနတ်တွေက တကယ်ပဲ ခေတ်နောက်ကျသွားတော့မယ် ထင်တယ်... အနည်းဆုံးတော့ အစွမ်းပိုင်ရှင်တွေ ကြားထဲမှာ ခေတ်စားလာဖို့ ခက်ခဲလိမ့်မယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်က သိပ်ပြီး စိတ်ပျက်မသွားဘဲ သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီလို အခြေအနေမျိုး ဖြစ်လာမယ်ဆိုတာ ကျွန်တော် အစောကြီးကတည်းက သိတယ်"
ကမ္ဘာ့ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားပြီးနောက် သေနတ်များအတွက် ကျည်ဆန်နှင့် ယမ်းမှုန့်များ လိုအပ်လာသည်။ ဤသို့သော အခြေအနေမျိုးတွင် ယမ်းမှုန့်များကို ရှာဖွေရန် နေရာပင် မရှိတော့ဘဲ ရှာတွေ့ခဲ့လျှင်ပင် အစိုပြန်ရန် လွယ်ကူလှသည်။
ထို့ကြောင့် ယမ်းမှုန့် လက်နက်များက လုံးဝ ခေတ်နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
အစွမ်းများနှင့် ပေါင်းစပ်ထားသော လက်နက်သစ်များသာလျှင် တကယ်တမ်း ခေတ်စားလာနိုင်ပေလိမ့်မည်။
ရမ်ကျဲက ဆက်ပြောလိုက်သည်။ "ကျွန်တော် စဉ်းစားပုံကို ပြောင်းလဲပြီး သန္ဓေပြောင်းစွမ်းအင်သုံး သေနတ်တွေကို လေ့လာဖို့ ရည်ရွယ်ထားတယ်... အခု စွမ်းအင်ချိတ်ပိတ် သင်္ကေတက အရမ်းကောင်းတဲ့ သင်္ကေတတစ်ခုပဲ... သေနတ်တွေမှာ သုံးလိုက်ရင် အကာအကွယ် ဖျက်ဆီးတဲ့ အာနိသင်ကို ဖြစ်ပေါ်စေနိုင်တယ်"
"ဒါဆိုရင် သာမန်လူတွေတောင် အစွမ်းပိုင်ရှင်တွေကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာလိမ့်မယ်"
လင်းယွမ်က ခေါင်းညိတ်ကာ ပြုံးရင်း ပြောလိုက်သည်။ "ခင်ဗျားမှာ အကြံဉာဏ် ရှိရင်လည်း သေချာ လေ့လာကြည့်လိုက်ပါ"
လင်းယွမ် အလွန် ရှင်းလင်းစွာ သိထားသည်။ သူတို့၏ ထိုက်ယန်တောင်က မလေ့လာလျှင်ပင် ဘာသာရေးဂိုဏ်းကြီး သုံးခုနှင့် စစ်တပ်တို့က သေချာပေါက် လေ့လာနေကြပေလိမ့်မည်။
သန္ဓေပြောင်းစွမ်းအင်သုံး သေနတ်များက အစောကြီးမဟုတ်လျှင်တောင် တစ်နေ့နေ့တွင် ပေါ်ထွက်လာပေလိမ့်မည်။ အကယ်၍ သူသာ နောက်ကောက်ကျန်ခဲ့ပါက အစောကြီးမဟုတ်လျှင်တောင် တစ်နေ့နေ့တွင် အထိနာရပေလိမ့်မည်။
ယခင်က သူ အားနည်းနေသေးချိန်တွင် စနစ်ထဲမှ မဲဖောက်ရရှိသော သေနတ်များ ပြန့်နှံ့သွားပါက အခြားသူများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရမည်ကို စိုးရိမ်ခဲ့ရသည်။
ယခုအခါ သူက တစ်နေ့တခြား ပိုမို အစွမ်းထက်လာသည်နှင့်အမျှ သေနတ်များက သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ရန် ခက်ခဲသွားပြီ ဖြစ်သည်။
သန္ဓေပြောင်းစွမ်းအင်သုံး လက်နက်များ ဖြစ်လျှင်ပင် လင်းယွမ်က ယခုအချိန်တွင် ကာကွယ်နိုင်ရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသည်။
ထို့ကြောင့် သေနတ်လက်နက်များ ဖွံ့ဖြိုးတိုးတက်လာခြင်းကို သူက ပစ်ပယ်ထားခြင်း မရှိပေ။
"သေနတ်ကိစ္စတွေကို ကျွန်တော် နားမလည်ပါဘူး... ခင်ဗျား အေးအေးဆေးဆေးသာ လေ့လာပါ... ဘာလိုလဲဆိုတာကို ကျွန်တော့်ကို ပြောပြ... ကျွန်တော် နည်းလမ်း ရှာပေးမယ်"
ရမ်ကျဲက ချက်ချင်း ခေါင်းညိတ်ကာ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ဆရာလင်းရဲ့ အထောက်အပံ့အတွက် ကျေးဇူးတင်ပါတယ်"
လင်းယွမ်က ပြုံးရယ်ကာ ပြောလိုက်သည်။ "လောလောဆယ် အရေးအကြီးဆုံးက မျိုးရိုးဗီဇ မီးဖိုပဲ... ပါမောက္ခလီ ပြန်လာရင် ကျွန်တော့်ကို အကြောင်းကြားပါ... သူ့ဆီမှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ရှိလဲဆိုတာ ကျွန်တော် နားထောင်ချင်သေးတယ်"
ဖုချီပေါ်က ပြောလိုက်သည်။ "ဒီရက်ပိုင်းအတွင်း ပါမောက္ခလီက ဒီအကြောင်းအရာကိုပဲ အမြဲတမ်း လေ့လာနေခဲ့တာပါ... သူ မူကြမ်းတွေ အများကြီး ရေးထားတာကို ကျွန်တော် တွေ့လိုက်ရတယ်... သူ့မှာ အကြံဉာဏ်တွေ ရှိနေလောက်ပြီလို့ ထင်တယ်"
ရမ်ကျဲကလည်း ပြောလိုက်သည်။ "ဆရာလင်း... အထဲက ရုံးခန်းထဲမှာ အရင် သွားထိုင်နေပါလား... ခဏနေ ပါမောက္ခလီ ပြန်ရောက်လာရင် ကျွန်တော် လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါ့မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ တားမြစ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ဤနေရာတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သုတေသနပြုလုပ်၍ ထုတ်လုပ်ထားသော အဆင့်အမြင့်ဆုံး လက်နက်ကိရိယာ အမျိုးမျိုး ရှိနေသည်။
ထို့အပြင် သင်္ကေတအရိုး အမျိုးမျိုးကိုလည်း သိမ်းဆည်းထားပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဝန်ထမ်းများအနေဖြင့် ဤသင်္ကေတများကို မည်သည့်နေရာတွင် အသုံးပြုနိုင်မည်ဆိုသည်ကို ရည်ညွှန်းကိုးကားရန်နှင့် စိတ်ကူးပုံဖော်ရန်အတွက် အဆင်ပြေစေသည်။
လင်းယွမ် ယခုတစ်ကြိမ် လာရောက်ခြင်းမှာလည်း ဤနေရာရှိ သင်္ကေတအရိုးများထဲတွင် သူ့အတွက် စိတ်ကူးဉာဏ် ကွန့်မြူးစေမည့်အရာများ ရှိမရှိ ကြည့်ရှုချင်သောကြောင့် ဖြစ်သည်။
ဆက်ရန်...