← Chapters

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အခန်း (၇၃၆-၇၃၈)

Vol. 50 Ch. 736-738

အခန်း (၇၃၆) - ဆွေးနွေးတိုင်ပင်ခြင်း (အပိုင်း ၄)

~တစ်ချိန်တည်းမှာပင် သူတို့သည်လည်း ကန့်သတ်ချုပ်ချယ်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်၏။

ယခုအချိန်က ဤကိစ္စများကို လုပ်ဆောင်ရန် အကောင်းဆုံး အချိန်အခါ မဟုတ်သည်မှာ ထင်ရှားလှပေသည်။ အကြောင်းမူကား သူတို့ဆီသို့ ချဉ်းကပ်လာနေသော အုပ်စုသည် အကွာအဝေး လီနှစ်ဆယ်ခန့်သာ လိုတော့သောကြောင့်ပင်တည်း။

ဓားဘိုးဘေးကြီး သည် နင်ချီ ၏ ဘေးတွင် မားမားမတ်မတ် ရပ်လိုက်ပြီး ခပ်လှမ်းလှမ်းမှ ချဉ်းကပ်လာနေသော ပုံရိပ်များဆီသို့ ဓားတစ်ချက် ခုတ်ပိုင်းလိုက်၏။

ဤဓားချက်သည် တည့်တည့်မတ်မတ် ထိုးခုတ်လိုက်သော တိုက်ခိုက်မှုမျိုး မဟုတ်ချေ။

ဓားချီ အလင်းတန်းများက မီတာ ထောင်ပေါင်းများစွာ အထိ ယှက်နွှယ် ဖြတ်သန်းသွားပြီးနောက်၊ တစ်ကီလိုမီတာခန့် အကွာအဝေးတွင် ဧရာမ ဓားနံရံကြီး တစ်ခုအဖြစ် ဖွဲ့တည်လာကာ ဟင်းလင်းပြင်ကို နှစ်ပိုင်း ခွဲခြားပစ်လိုက်တော့သည်။

"ရပ်လိုက်စမ်း"

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်က ရှေ့သို့ ချဉ်းကပ်လာနေသော ချီခယ်ချင်း နှင့် အခြားသူများကို သဘာဝကျကျပင် အလွန်တရာ အံ့အားသင့် တုန်လှုပ်သွားစေသည်။

သူတို့သည် ဓားဘိုးဘေးကြီး ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို အာရုံခံကြည့်လိုက်ရာ ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ သို့သော် သူ၏ ဤဓားချက် တစ်ချက်တည်းက အထွတ်အထိပ် ဘိုးဘေးကြီး များ ဖြစ်ကြသော သူတို့ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

ထိုတစ်ဖက်လူမှာ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း လူတိုင်း ချက်ချင်း သဘောပေါက်သွားကြတော့သည်။

အကယ်၍ သူသာ ဤမျှ အစွမ်းထက်နေလျှင် သူ၏ဘေးတွင် ရပ်နေသော နင်ချီ မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်မှာ သေချာလှပေသည်။

မည်သို့ပင်ဆိုစေ ယခုလေးတင် စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ စစ်ခုန်လန် သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်းရှိ အခြေအနေ အချို့ကို သူတို့အား ထုတ်ဖော် ပြောပြထားခဲ့ပြီး ဖြစ်သည် မဟုတ်ပါလော။

စစ်ခုန်လန် ၏ ပြောစကားများတွင် ဘက်လိုက်မှုများနှင့် ချဲ့ကား ပြောဆိုမှုများ ပါဝင်နေသော်ငြားလည်း၊ ဓားဘိုးဘေးကြီး ၏ ဘေးတွင် ရပ်နေသော နင်ချီ သည် အဓိက ပုဂ္ဂိုလ်၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ ခေါင်းဆောင် ဖြစ်ကာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ နယ်မြေအရှင်သခင်လည်း ဖြစ်ကြောင်းကိုမူ ချီခယ်ချင်း ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်၏။

နယ်မြေအရှင်သခင် ဟူသော ဘွဲ့နာမမှာ ချီခယ်ချင်း အတွက် အစိမ်းသက်သက်ကြီးတော့ မဟုတ်ပေ။

ဖူယောင် နယ်မြေ နှင့် အခြားသော ပတ်ဝန်းကျင်ရှိ ဝိညာဉ်နယ်မြေ များတွင် နယ်မြေအရှင်သခင် များ မရှိကြ။

သို့သော်လည်း၊

ယခင်က နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို နှစ်ပိုင်း ကွဲသွားစေခဲ့သော မဟာစစ်ပွဲကြီးမှာ နယ်မြေအရှင်သခင် နေရာအတွက် အားပြိုင်မှုများမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသောကြောင့် အိမ်နီးချင်း ဝိညာဉ်နယ်မြေ များ အားလုံးနီးပါးတွင် ထိုအကြောင်းနှင့် ပတ်သက်သော မှတ်တမ်းများ ရှိနေကြပေသည်။

ဤ ဝိညာဉ်နယ်မြေ များကို တောင်နှင့် ပင်လယ် ကမ္ဘာ ၏ တောင်ဘိုးဘေးကြီး လက်အောက်ရှိ ဝေးလံခေါင်ဖျားသော ဒေသမှ အင်အားစုများအဖြစ် သတ်မှတ်နိုင်သော်လည်း၊ တောင်ဘိုးဘေးကြီး ဦးဆောင်သော ဗဟို ဝိညာဉ်နယ်မြေ များတွင်မူ နယ်မြေအရှင်သခင် အများအပြား ရှိနေကြောင်း သူတို့ သိထားကြ၏။

ဤ ဝေးလံခေါင်ဖျားသော ဝိညာဉ်နယ်မြေ များရှိ အင်မော်တယ် ဂိုဏ်းများသည်လည်း နယ်မြေအရှင်သခင် ဟူသော ဘွဲ့နာမကို သိမ်းပိုက်လိုသည့် ရည်မှန်းချက် ကိုယ်စီ ရှိနေကြသည်မှာ သဘာဝပင် ဖြစ်၏။

သို့သော် ဂိုဏ်းတိုင်းက ကြိုးစားကြည့်ပြီးနောက်တွင်မူ နယ်မြေအရှင်သခင် တစ်ဦး ဖြစ်လာရန်မှာ အလွန်တရာမှ ခက်ခဲလွန်းလှကြောင်း သဘောပေါက်သွားကြတော့သည်။

ပထမအချက် အနေဖြင့် ဝိညာဉ်နယ်မြေ တစ်ခုလုံးကို အပြည့်အဝ စုစည်း သိမ်းသွင်းရမည် ဖြစ်၏။

ဒုတိယအချက် အနေဖြင့် ဂိုဏ်းအားလုံးနှင့် ကျင့်ကြံသူ အားလုံးက ထိုသို့ စုစည်း သိမ်းသွင်းလိုက်သော ဂိုဏ်းကို သူတို့၏ နှလုံးသားထဲမှ အမှန်တကယ် အသိအမှတ်ပြု လက်ခံကြရမည် ဖြစ်၏။

ဝေးလံခေါင်ဖျားသော ဝိညာဉ်နယ်မြေ များတွင် အင်မော်တယ် ဂိုဏ်းများ သိပ်မများလှပေ။ အင်မော်တယ် ဂိုဏ်း အများအပြားက ဝိညာဉ်နယ်မြေ တစ်ခုတည်းတွင် အတူတကွ တည်ရှိနေလေ့ရှိသော ဗဟိုဒေသများနှင့် မတူညီချေ။

ထို့ကြောင့် ဝိညာဉ်နယ်မြေ တစ်ခုကို စုစည်း သိမ်းသွင်းရန်မှာ သိပ်မခက်ခဲလှသော်လည်း၊ တကယ့် အခက်အခဲမှာ ဒုတိယမြောက် လိုအပ်ချက်ပင် ဖြစ်ပေသည်။

ဗဟို ဝိညာဉ်နယ်မြေ များရှိ နယ်မြေအရှင်သခင် များနှင့် ပတ်သက်၍မူ၊ အင်မော်တယ် ဂိုဏ်း အများအပြား ရှိနေပါလျက်နှင့် သူတို့က ဝိညာဉ်နယ်မြေ တစ်ခုလုံးကို မည်သို့မည်ပုံ စုစည်း သိမ်းသွင်းနိုင်ခဲ့ကြသနည်း ဆိုသည်ကို ဝေးလံခေါင်ဖျားသော ဒေသများမှ ကျင့်ကြံသူများ အနေဖြင့် လုံးဝ နားလည်နိုင်စွမ်း မရှိကြချေ။

နယ်မြေအရှင်သခင် ၏ ကိစ္စကို ပြန်လည် တွေးတောမိသောအခါ ချီခယ်ချင်း ၏ ရင်တွင်း၌ ယခုမှ အသစ် ပေါ်လာသော နင်ချီ အပေါ် အနည်းငယ် ပိုမို လေးစားသွားမိ၏။

နင်ချီ သည် အင်မော်တယ် မျိုးစိတ် ၏ အရည်အချင်းများကို ပိုင်ဆိုင်ထားပြီး၊ အသက်မှာ နှစ်နှစ်ရာပင် မပြည့်သေးသော်ငြားလည်း ဤမျှကြီးမားသော အောင်မြင်မှုများကို ရယူနိုင်ခဲ့သည်ဟု ကြားသိထားရ၏။ အမှန်တကယ်ပင် ထူးခြား ပြောင်မြောက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

နောက်ဆုံးတွင်တော့ ချီခယ်ချင်း နှင့် အခြားသူများသည် ဓားဘိုးဘေးကြီး ၏ ဓားနံရံကြီး အပြင်ဘက်တွင် ရပ်တန့်လိုက်ကြ၏။

ချီခယ်ချင်း က လက်နှစ်ဖက်ကို ယှက်ကာ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်၏။

"ကျွန်မကတော့ ဖူယောင် နယ်မြေ က ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ရဲ့ ချီခယ်ချင်း ပါ ရှင်။ ဒီနားတစ်ဝိုက်မှာ ဆုံမှတ် တစ်ခု ရှိနေတယ်လို့ သတင်းရလို့ ကျွန်မရဲ့ စစ်တပ်ကို ဦးဆောင်ပြီး လာခဲ့တာပါ"

ဓားဘိုးဘေးကြီး က ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"မင်းတို့က ဒီဆုံမှတ်ကို လုယူဖို့ ရည်ရွယ်ချက် ရှိနေလို့လား"

ထိုစဉ်၊ စစ်ခုန်လန် က ချီခယ်ချင်း ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်သည်။ သေချာပေါက် သူက ချီခယ်ချင်း ကို ထိုဆုံမှတ်အား ဝင်လုစေချင်နေ၏။

နင်ချီ ကို မှတ်မိသွားချိန်မှစ၍ သူသည် ချီခယ်ချင်း ဦးဆောင်သော ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း စစ်တပ်နှင့် နင်ချီ ဦးဆောင်သော နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်တို့ကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားလာစေရန် အားတက်သရော… ဆန္ဒရှိနေခဲ့သည်။

သို့သော် ချီခယ်ချင်း မှာ လူမိုက် တစ်ယောက် မဟုတ်ဘဲ အလွယ်တကူ မြှောက်ပင့်ပေး၍ ရမည့်သူမျိုးလည်း မဟုတ်ပေ။

ထို့အပြင် စစ်ခုန်လန် အနေဖြင့်လည်း ဤမျှ အချိန်တိုအတွင်း နင်ချီ နှင့် လာရောက် ဆုံတွေ့လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် သူ၏ ခေါင်းထဲတွင် အကြံကောင်း ဉာဏ်ကောင်းများ မရှိသေးဘဲ လောလောဆယ်တွင် သူ၏ အကြံအစည်ကို လက်လျှော့ထားရ၏။

ချီခယ်ချင်း က ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟဝန်ခံလိုက်သည်။

"ရိုးရိုးသားသားပဲ ပြောရရင်... ရှင်တို့သာ ဒီဆုံမှတ်ကို မသိမ်းပိုက်ရသေးဘူး ဆိုရင် ကျွန်မရဲ့ စစ်တပ်ကို ဦးဆောင်ပြီး သေချာပေါက် ဝင်လုမှာပဲ၊ ဒါပေမယ့် အခု.. ရှင်တို့က ဒီဆုံမှတ်ကို သိမ်းပိုက်ပြီးသွားပြီ ဆိုတော့.. ကျွန်မရဲ့ လူတွေကို ခေါ်ပြီး လာကြည့်ရုံ သက်သက်ပါပဲ"

နင်ချီ က ချီခယ်ချင်း ကို မမှိတ်မသုန် အကဲခတ်လိုက်၏။

သူသည် ဖူယောင် နယ်မြေ အတွင်း၌ အစစ်အမှန်သိုင်း ကမ္ဘာ ၏ မျိုးစေ့ အများအပြားကို ကြဲချထားခဲ့ပြီး ဖြစ်ကာ၊ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း အတွင်း၌လည်း သူ၏ လျှို့ဝှက် သူလျှိုများ ရှိနေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် နင်ချီ အနေဖြင့် ချီခယ်ချင်း ၏ အချက်အလက်များနှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ သိရှိထားပြီး ဖြစ်ပေသည်။

ဤသူသည် အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ဖြစ်သော်ငြားလည်း သူမ၏ နှလုံးသားမှာ ကြီးမြတ် ကျယ်ပြန့်လှသည်။ အညတရ ဘဝမှ ဆင်းသက်လာသော်လည်း ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း တွင် အလွန် ထင်ပေါ်ကျော်ကြားအောင် ကြိုးစားနိုင်ခဲ၏။ ယခင်က မကြုံဖူးသေးသော အောင်မြင်မှုများကို တည်ဆောက်လိုသော ရည်မှန်းချက် ကြီးမားသူ တစ်ဦး ဖြစ်ရာ သူမသည် အလွန် ရှားပါးလှသော ပါရမီရှင် တစ်ဦး ဖြစ်ပေသည်။

သူမတွင် ရည်မှန်းချက် ကြီးမားမှုများ ရှိသော်လည်း ချီခယ်ချင်းသည် အတော်လေး ဖြောင့်မတ် မှန်ကန်သူ တစ်ဦးလည်း ဖြစ်၏။

ထို့ကြောင့် ချီခယ်ချင်း၏ စကားများထဲတွင် အမှန်တရား အချို့ ပါဝင်နေကြောင်း နင်ချီ အကဲဖြတ်မိလိုက်သည်။

အခန်း (၇၃၇) - မဟာမိတ် ဖွဲ့မလား (အပိုင်း ၁)

~"ဒါနဲ့ ကျွန်မတို့ ထိုင်ပြီး ဆွေးနွေးတိုင်ပင်ကြရင် မကောင်းဘူးလား ရှင်"

ချီခယ်ချင်း က ချိုလွင်သောအသံ ဖြင့် မေးလိုက်သည်။

သူမ၏ စကားကြောင့် သူမနောက်မှ လိုက်ပါလာသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၈၀) ယောက်စလုံး ရုတ်တရက် ငိုင် သွားကြ၏။

စီနီယာအစ်မကြီး ချီ ၏ မူလ အစီအစဉ်မှာ ဤဆုံမှတ်ကို လုယူရန် ဖြစ်သော်ငြားလည်း၊ အနီးသို့ ရောက်ရှိလာချိန်တွင်မူ သူမ၏ စိတ်ကူးကို ရုတ်တရက် ပြောင်းလဲလိုက်ပြီ ဖြစ်၏။

ထိုသို့ ပြောင်းလဲသွားခြင်းမှာ နင်ချီ ကြောင့် ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။

သူတို့၏ အကြည့်များက နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ စစ်တပ်ကြီးဆီသို့ လှမ်းသွားကြသည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ ယေဘုယျ အင်အားမှာ သူတို့ရှေ့တွင် အထင်အရှား ပေါ်လွင်နေပြီး၊ အရေအတွက်ပိုင်းတွင် ဖူယောင် နယ်မြေ စစ်တပ်ကြီးကို မယှဉ်နိုင်သည်မှာ အမှန်ပင် ဖြစ်၏။

အမှန်တကယ်တော့ တစ်ယောက်ချင်းစီ၏ စွမ်းအားကို ယှဉ်ကြည့်မည် ဆိုလျှင်ပင် ဖူယောင် နယ်မြေ မှ လူများထက် များစွာ နိမ့်ကျနေသေးသည်။

သို့သော် အံ့ဩစရာ ကောင်းသည်မှာ သူတို့ အားလုံး စုစည်းလိုက်သောအခါ ဖူယောင် နယ်မြေ စစ်တပ်ကြီး၏ ယေဘုယျ အင်အားထက် လုံးဝ မညံ့သော စွမ်းအားတစ်ခုကို ထုတ်လွှတ်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်ချေသည်။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ၏ အကြည့်များက နင်ချီ ဆီသို့ ရောက်ရှိသွားကြပြန်သည်။

ယခင်က သူတို့ မျက်စိထဲတွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများ ဆိုသည်မှာ တန်ဖိုးမရှိသော နယ်မြေငယ် နှစ်ခုမှ ကျင့်ကြံသူများကို စုပေါင်းထားသည့် အမှိုက်ပုံ တစ်ခုမျှသာ ဖြစ်ပေသည်။

သို့သော် ယခုအခါ လူတိုင်းက သူတို့၏ ယခင်က မာနများကို ဘေးဖယ်ထားလိုက်ကြပြီ ဖြစ်၏။

စီနီယာအစ်မကြီး ချီ ပင်လျှင် ဤလူငယ်လေးကြောင့် သူမ၏ သဘောထားကို ပြောင်းလဲလိုက်သေးသည် မဟုတ်ပါလော။ သူတို့ကရော မာနထောင်လွှားနေရန် လိုသေးသလား။

ဓားဘိုးဘေးကြီး က နင်ချီ ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်သည်။ သူက ယတိပြတ် မဆုံးဖြတ် ဘဲ အရာအားလုံးကို နင်ချီ စီမံခန့်ခွဲရန် လွှဲအပ်ထားလိုက်၏။

စကားပြောမည်လား၊ တိုက်ခိုက်မည်လား။ သူက မည်သို့ပင် ဖြစ်စေ အပြည့်အဝ ထောက်ခံပေလိမ့်မည်။

သူတို့ နောက်ကွယ်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးမှာလည်း ဓားဘိုးဘေးကြီး ၏ စိတ်ဓာတ်မျိုး သဘာဝကျကျ ရှိနေကြ၏။

နင်ချီ က ရှေ့သို့ အကြည့်ပို့လွှတ်လိုက်သည်။

ချီခယ်ချင်း ဦးဆောင်သော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များသည် ဓားဘိုးဘေးကြီး ဖန်တီးထားသော ဓားနံရံကြီး၏ အပြင်ဘက်သို့ ရောက်ရှိနေကြပြီး၊ သူမက နင်ချီ ကို ဖိအားပေးနေသယောင် အကြည့်များဖြင့် မမှိတ်မသုန်ကြည့် နေ၏။

ဤကဲ့သို့သော အကြည့်မျိုးသည် အာဏာကို အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားနိုင်သူများသာ ပိုင်ဆိုင်လေ့ရှိသော အကြည့်မျိုး ဖြစ်ပေသည်။

သူတို့ နှစ်ဦး၏ အကြည့်များ လေထဲတွင် ဆုံတွေ့သွားကြပြီး၊ ဟင်းလင်းပြင်မှာ ဂျုံနယ်နေသည့်အလား သိမ်မွေ့စွာ တွန့်လိမ် ကောက်ကွေးသွားသလို ခံစားလိုက်ကြရသည်။

ကျင့်ကြံသူများ အားလုံးက ထိုအကြည့်များမှတစ်ဆင့် ပစ်လွှတ်လိုက်သော မျက်စိဖြင့် မမြင်နိုင်၊ လက်ဖြင့် စမ်းသပ်၍ မရနိုင်သော မူလဝိညာဉ် စွမ်းအားများ လေထဲတွင် ထိတိုက်မိသွားကြောင်း ချက်ချင်း အာရုံခံမိလိုက်ကြ၏။

ဤအရာမှာ သူတို့ နှစ်ဦးကြားရှိ သိမ်မွေ့သော ထိပ်တိုက်ရင်ဆိုင်မှု တစ်ခု ဖြစ်ပြီး၊ တစ်ယောက်ကို တစ်ယောက် လေ့လာ အကဲခတ်သည့် နည်းလမ်း တစ်ခုလည်း ဖြစ်ပေသည်။

ချီခယ်ချင်း ၏ နောက်မှ လိုက်ပါလာသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ၏ မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့်ရှိသော အမူအရာများ ပေါ်လွင်နေကြသည်။

ချီခယ်ချင်း သည် အလွန်တရာ ခိုင်မာသော စိတ်ဆန္ဒကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ သေမျိုး ခန္ဓာကိုယ်ဖြင့် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ၏ အကြီးအကဲ အဖြစ်သို့ တက်လှမ်းလာနိုင်ခဲ့ကာ ဖူယောင် နယ်မြေ တစ်ခုလုံးကို ငြိမ်းချမ်းရေး ရရှိစေရန် တွန်းအားပေးခဲ့သူ ဖြစ်ရာ၊ သူမ အနေဖြင့် နင်ချီ ကို လုံးဝ အရှုံးပေးလိမ့်မည် မဟုတ်ချေ။

စစ်ခုန်လန် က သူတို့ နှစ်ဦး၏ လျှို့ဝှက် အားပြိုင်မှုကို ကြည့်ရင်း ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်နေကာ၊ 'ချကြ... ချကြစမ်း...' ဟု ရင်တွင်း ရေရွတ်နေ၏။

သူ့အနေဖြင့် မည်သူ နိုင်သည် ရှုံးသည်ကို ဂရုမစိုက်ပေ။ ထိုနှစ်ဦး သည်းကြီးမည်းကြီးတိုက်ခိုက် ကြသရွေ့ သူတို့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း က အကျိုးအမြတ် ရရှိမည် မဟုတ်ပါလော။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများ အနေဖြင့်လည်း နင်ချီ အပေါ် အလားတူ ယုံကြည်မှု အပြည့် ရှိနေကြ၏။

အထူးသဖြင့် မကြာသေးမီကမှ နင်ချီ ၏ ယဉ်ပါးအောင် ဆုံးမခြင်းကို ခံလိုက်ရသော ပျားမိစ္ဆာ ဘုရင်မကြီး ဖုန်းပိုင်ဟွာ ပင် ဖြစ်၏။ သူမသည် ကြောက်မက်ဖွယ်ကောင်းသော အထွတ်အထိပ် ဘိုးဘေးကြီး ၏ စွမ်းအားနှင့် နတ်ဘုရား မှော်နည်းစနစ် အများအပြားကို ပိုင်ဆိုင်ထားသော်ငြားလည်း နင်ချီ ၏ အကြည့်တစ်ချက်အောက်တွင် အလွယ်တကူ အရှုံးပေးလိုက်ရသည် မဟုတ်ပါလော။

ထို့ကြောင့် ချီခယ်ချင်း တစ်ယောက် သူမ၏ သခင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမ လုံးဝ မယုံကြည်နိုင်ချေ။

နင်ချီ နှင့် ချီခယ်ချင်း တို့၏ အားပြိုင်မှုမှာ သိမ်မွေ့သော်ငြားလည်း၊ တွန့်လိမ်နေသော ဟင်းလင်းပြင် ၏ အလယ်ဗဟိုကို ကြည့်ခြင်းအားဖြင့် မည်သူက အသာစီး ရနေကြောင်းကို လူတိုင်း ပိုင်းခြား သိမြင်နိုင်ပေသည်။

အစပိုင်းတွင် ချီခယ်ချင်း ၏ ထိုးစစ်ဆင်လိုသော ရည်ရွယ်ချက်မှာ ထင်ရှားလှပြီး၊ တွန့်လိမ်နေသော ဟင်းလင်းပြင် မှာ နင်ချီ ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာကာ ဆက်လက် ဖိအားပေးနေ၏။

လူတိုင်းက နင်ချီ ကို အကြည့်ပို့လွှတ်လိုက်ရာ သူ၏ မျက်နှာသွင်ပြင်မှာ ရေပြင်အလား တည်ငြိမ်နေပြီး မျက်လုံးများတွင် မည်သည့် အားလှိုင်းမျှ မရှိကြောင်း တွေ့လိုက်ရ၏။

လူတိုင်းက စိတ်ထဲမှ ကြိတ်ပြီး ဟားတိုက်လိုက်ကြသည်။ 'နင်ချီ က တည်ငြိမ်တဲ့ဟန် ဆောင်တဲ့ နေရာမှာ တကယ်ကို ကျွမ်းကျင်တာပဲ...'

ထို့နောက် တွန့်လိမ်နေသော ဟင်းလင်းပြင် သည် နင်ချီ ရှိရာဘက်၏ သုံးပုံတစ်ပုံ အကွာအဝေးသို့ ရောက်ရှိလာတော့သည်။

ထိုအခိုက်အတန့်၌ ချီခယ်ချင်း မှာ ရှေ့သို့ ဆက်လက် မတိုးနိုင်တော့သလို ဖြစ်သွားပြီး၊ သူမ၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွား၏။ ဧရာမ ရေလှိုင်းကြီးများအလား ကြီးမားလှသော ဝိညာဉ်စွမ်းအား တစ်ခုက အဟုန်ပြင်းစွာ ဝင်ရောက်လာပြီး သူမ၏ မူလဝိညာဉ် စွမ်းအားကို နောက်သို့ တွန်းထုတ်လိုက်သည်ကို သူမ အာရုံခံမိလိုက်တော့သည်။

တွန့်လိမ်နေသော ဟင်းလင်းပြင် မှာ အလယ်မျဉ်းဆီသို့ ပြန်လည် ရောက်ရှိသွားပြီး ချီခယ်ချင်း ရှိရာဘက်သို့ လျင်မြန်စွာ လွင့်စဉ်သွား၏။

ချီခယ်ချင်း ၏ မျက်နှာ ကွက်ခနဲ ပျက် သွားပြီး နှာခေါင်းထိပ်တွင် ချွေးစေးများ သီးလာတော့သည်။

သူမ၏ မျက်လုံးများ နက်ရှိုင်းသွားပြီး ပိုမိုများပြားသော မူလဝိညာဉ် စွမ်းအားများကို တဟုန်ထိုး ထုတ်လွှတ်လိုက်သော်ငြားလည်း၊ နင်ချီ ၏ ဝိညာဉ်စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ရလဒ်မှာ မပြောင်းလဲသွားခဲ့ချေ။

ချီခယ်ချင်း ၏ နောက်ကွယ်ရှိ ကျင့်ကြံသူ များမှာ ဤမျှ လျင်မြန်စွာ အားပြိုင်မှု ပြီးဆုံးသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အံ့အားသင့်ကာ အရောင်ပြောင်းသွားကြတော့သည်။

နောက်ဆုံးတွင် နင်ချီ က သူမ၏ ဝိညာဉ်စွမ်းအားကို သူမရှိရာဘက် လေးပုံတစ်ပုံ အကွာအဝေးသို့ ရောက်သည်အထိ တွန်းထုတ်လိုက်ပြီးမှ လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းသွား၏။

ချီခယ်ချင်း တစ်ယောက် ရုတ်တရက် ငိုင် သွားပြီး နင်ချီ က သူတို့၏ မူလဝိညာဉ် စွမ်းအား အားပြိုင်မှုကို ဤမျှ အလွယ်တကူ ဖြတ်တောက်လိုက်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ တစ်ဖက်လူက ရုတ်တရက် ရုပ်သိမ်းသွားသောအခါ သူမ၏ စွမ်းအားများက မထင်မှတ်ဘဲ နောက်ပြန် ရိုက်ခတ်လာသဖြင့် သူမ ကိုယ်တိုင်ပင် ယိမ်းယိုင်သွားရ၏။

မူလဝိညာဉ် သည် ခန္ဓာကိုယ်နှင့် တိုက်ရိုက် ဆက်နွှယ်နေသဖြင့် ချီခယ်ချင်း ၏ မှော်ခန္ဓာကိုယ် မှာ အနည်းငယ် ယိမ်းထိုးသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ချီခယ်ချင်း သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အလွန်တရာ မြင့်မားလှသဖြင့် သူမ၏ အရှုံးကို အပြင်ပန်းတွင် အထင်အရှား မပေါ်လွင်စေရန် ထိန်းသိမ်းထားနိုင်ခဲ့၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ နောက်ကွယ်ရှိ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များမှာ သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းခံလိုက်ရတော့သည်။

ချီခယ်ချင်း ပင်လျှင် မူလဝိညာဉ် စွမ်းအား အားပြိုင်မှုတွင် အရေးနိမ့်သွားခဲ့သည်တဲ့လား။ နင်ချီ ၏ ခွန်အားက တကယ်ပဲ ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား။

စစ်ခုန်လန် ၏ မျက်နှာသွင်ပြင်မှာ သိသိသာသာ ပြောင်းလဲသွား၏။ သူသည် ချီခယ်ချင်း ကို မယှဉ်နိုင်ကြောင်း သူ့ကိုယ်သူ ကောင်းကောင်း သိထား၏။ အကယ်၍ ချီခယ်ချင်း ပင်လျှင် နင်ချီ ၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင်၊ သူ့အနေဖြင့် မည်သည့် အခွင့်အရေးများ ရှိနိုင်တော့မည်နည်း။

သူက နင်ချီ ကို မသိမသာ ခိုးကြည့်လိုက်ပြီး၊ နင်ချီ နှင့် လုံးဝ ပြဿနာ မတက်ရန် ၊ ပိုကောင်းသည်က နင်ချီ ၏ အာရုံစိုက်မှုကို မခံရစေရန် ပညာရှိစွာ ဆုံးဖြတ်လိုက်တော့သည်။

နင်ချီ နှင့် ချီခယ်ချင်း တို့၏ အချိန်တိုလေး အတွင်း ဖြစ်ပွားခဲ့သော အားပြိုင်မှု ပြီးဆုံးသွားပြီ ဖြစ်၏။

"ဓားဘိုးဘေးကြီး... ဓားနံရံကို ရုပ်သိမ်းပြီး သူတို့ကို ဝင်လာခွင့် ပေးလိုက်ပါဗျာ"

ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး က သူ၏ ဓားလက်ညှိုး နှစ်ချောင်းကို ပူးလိုက်ပြီး သူ ထုတ်လွှတ်ထားသော ဓားအလင်းတန်း နံရံဆီသို့ ညွှန်ပြကာ လျင်မြန်စွာ ခေါက်သိမ်းလိုက်၏။

မီတာ ထောင်ပေါင်းများစွာ ရှည်လျားသော စက်ဝိုင်းပုံ ဓားနံရံကြီးမှာ လုံးဝ တည်ရှိမနေခဲ့သည့်အလား ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

ဤလုပ်ရပ်က ဖူယောင် နယ်မြေ မှ လူများကို အံ့အားသင့်သွားစေသည်။

နင်ချီ က မီတာ ငါးရာခန့် အကွာအဝေးသို့ ဝဲပျံသွားပြီးနောက် ဖိတ်ခေါ်သည့် လက်ဟန်အမူအရာ ပြုလုပ်ကာ ချော့မော့ပြောဆို လိုက်သည်။

"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါဗျာ"

ချီခယ်ချင်း က အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး သူမ၏ နောက်ကွယ်ရှိ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၈၀) ယောက်ကို အမိန့်ပေးလိုက်၏။

"မင်းတို့ ဒီမှာပဲ စောင့်နေကြ။ ငါ ခဏနေရင် ပြန်လာခဲ့မယ်"

"ဟုတ်.."

ထို့နောက် ချီခယ်ချင်း က နင်ချီ အနီးသို့ ချဉ်းကပ်သွား၏။

ချီခယ်ချင်း ၏ ဤမျှ ပွင့်လင်းမြင်သာသော လုပ်ရပ်ကို ကြည့်ရင်း နင်ချီ .. ကြိတ်၍ ခေါင်းညိတ်လိုက်မိသည်။

'ဒီမိန်းမက မိန်းမသား တစ်ယောက် ဖြစ်ပေမဲ့ တကယ့်ကို ခန့်ညား ထည်ဝါတဲ့ အရည်အချင်းတွေ ရှိတာပဲ…’

အခန်း (၇၃၈) - မဟာမိတ် ဖွဲ့မလား (အပိုင်း ၂)

~သူတို့နှစ်ဦး အောက်ဘက် မြေပြင်ပေါ်သို့ ဆင်းသက်သွားကြပြီးနောက်၊ နင်ချီက သူ၏ သိုလှောင် နေရာလပ် ထဲမှ တရားထိုင် (ဖျာ) နှစ်ချပ်ကို ထုတ်ယူလိုက်ကာ မျက်နှာချင်းဆိုင် နေရာယူ ထိုင်လိုက်ကြ၏။

"ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း က စီနီယာအစ်မကြီး ချီ ကို နင်ချီ က ဂါရဝပြုပါတယ် ခင်ဗျာ"

နင်ချီက လက်နှစ်ဖက်ကို ယှက်ကာ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။

"ရှင့်ကို အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လို့ ခေါ်ရမလား၊ ဒါမှမဟုတ် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ နယ်မြေအရှင်သခင် လို့ပဲ ခေါ်ရမလား" ချီခယ်ချင်း က မေးလိုက်၏။

ထိုအခါ၊ နင်ချီ ၏ နှုတ်ခမ်းထောင့်များ ကွေးသွားကာ ခပ်ပြုံးပြုံး ဖြင့် ပြန်ဖြေလိုက်သည်။

"ဒီနေရာမှာ အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လည်း မရှိပါဘူး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ နယ်မြေအရှင်သခင် လည်း မရှိပါဘူး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ က လူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားတဲ့ မဟာမိတ် ခေါင်းဆောင်ကြီး ပဲ ရှိပါတယ်ဗျ"

ချီခယ်ချင်း ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ "မဟာမိတ် ခေါင်းဆောင်ကြီးလား"

နင်ချီ ၏ ဦးဆောင်မှုအောက်တွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ စစ်တပ်ကြီးသည် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများနှင့် နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများကို မျိုးတုံး သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို သူမ ပြန်လည် မြင်ယောင်လာမိသည်။

နင်ချီ သည် သူ၏ စစ်တပ်ကြီးကို နတ်ဘုရား တစ်ပါးအလား လုံးဝ အပြည့်အဝ ခြယ်လှယ် ကွပ်ကဲနေခဲ့သည်။ ဤကဲ့သို့သော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိရန်မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်းရှိ ဂိုဏ်းအသီးသီး၏ အကြွင်းမဲ့ ယုံကြည်မှုကို ရရှိထားမှသာ ဖြစ်နိုင်ပေမည်။

သူမကလည်း နင်ချီ ကို လက်ယှက်ကာ ပြန်လည် ဂါရဝပြုလိုက်၏။

"မဟာမိတ် ခေါင်းဆောင်ကြီး နင်... အချိန်က တန်ဖိုးရှိလွန်းလှတဲ့အတွက် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ ရှင်"

"ပြောပါဗျာ"

ချီခယ်ချင်း က ဆက်ပြောလိုက်သည်။

"ကျွန်မတို့ နှစ်ယောက်စလုံးရဲ့ လက်အောက်မှာ အစွမ်းထက်တဲ့ စစ်တပ်တွေ ကိုယ်စီ ရှိနေကြတာပဲ။ ဒီ စစ်မြေပြင်နယ်မြေ ထဲမှာ ကျွန်မတို့ရဲ့ အင်အားတွေကို စုစည်းပြီး မဟာမိတ် အဖြစ် ပူးပေါင်းလိုက်ရင် မကောင်းဘူးလား ရှင်"

ချီခယ်ချင်း ၏ မူလ ရည်ရွယ်ချက်မှာ ဤဆုံမှတ်ကို လုယူရန် ဖြစ်သော်ငြားလည်း၊ နင်ချီ နှင့် သူ၏ စစ်တပ်ကြီးကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ ခွန်အားကို အကဲစမ်းပြီးချိန်တွင်တော့ သူမ၏ စိတ်ကူးကို မပြောင်းလဲဘဲ မနေနိုင်တော့ချေ။

ဝိညာဉ်ကမ္ဘာ စစ်ပွဲ စတင်လာပြီ ဖြစ်ရာ အဓိက အရေးကြီးဆုံး အချက်မှာ စစ်မြေပြင်နယ်မြေ အတွင်းရှိ ဆုံမှတ်များကို သိမ်းပိုက်ရန်ပင် ဖြစ်ပေသည်။

ထိုဆုံမှတ်များကို သိမ်းပိုက်နိုင်ရန်မှာ လူအင်အား များများ စေလွှတ်ရုံဖြင့် ပိုကောင်းမည်ဟု မဆိုနိုင်ပေ။

ဤနေရာသည် သေခြင်းတရားများ ပြည့်နှက်နေသော စစ်မြေပြင် တစ်ခု ဖြစ်၏။ လူအရေအတွက် နည်းပါးလေလေ၊ ပိုမို အထီးကျန်ဆန်လေလေ ဖြစ်ပြီး အသက်ရှင် ကျန်ရစ်ရန် အခွင့်အရေးမှာလည်း ပို၍ နည်းပါးသွားလေလေ ဖြစ်သည်။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းအသီးသီး ဖြစ်စေ၊ ဝိညာဉ်နယ်မြေ အသီးသီး ဖြစ်စေ... အားလုံး စည်းလုံး ညီညွတ်ရမည် ဟူသော အချက်တစ်ချက်ကို အသေအချာ သဘောပေါက်လာကြပေလိမ့်မည်။

မိမိကိုယ်ကိုယ် အစွမ်းထက်လှပြီဟု ထင်မှတ်ထားလျှင်တောင်မှ၊ အချင်းချင်း စည်းလုံးခြင်း မရှိဘဲ စည်းလုံးနေသော အခြား အစွမ်းထက်သည့် အုပ်စုများနှင့် တွေ့ဆုံလာရသောအခါ မည်သူက အနိုင်ရမည်ကို မေးနေစရာပင် လိုမည် မဟုတ်ချေ။

ယခင်က နင်ချီ တွေ့ဆုံခဲ့ရသော ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်း နှင့် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း တို့လိုပင် ဖြစ်၏။ သူတို့က ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်လှပြီဟု ထင်မှတ်ထားကြသဖြင့် တပ်ဖွဲ့ငယ်များ ခွဲကာ စစ်မြေပြင်နယ်မြေ ကို တိုက်ခိုက်မည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြပြီး နောက်ဆုံးတွင်တော့ နင်ချီ ၏ မျိုးတုံး သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။

အကယ်၍ သူတို့သာ တပ်ဖွဲ့ငယ်များ မခွဲဘဲ အစကတည်းက စည်းလုံးညီညွတ်စွာ ရှေ့သို့ ချီတက်လာခဲ့ကြမည် ဆိုပါက နင်ချီ အနေဖြင့် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့မည် မဟုတ်ပေ။

ထို့ကြောင့် ချီခယ်ချင်း က နင်ချီ ကို မဟာမိတ် ဖွဲ့ရန် ဖိတ်ခေါ်လိုက်ခြင်းမှာ စစ်မြေပြင်နယ်မြေ အတွင်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ကြိုတင် အကဲခတ်မိပြီး ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းပင် ဖြစ်ချေသည်။

ချီခယ်ချင်း ၏ အကြံပြုချက်နှင့် ပတ်သက်၍ နင်ချီ ၏ မျက်နှာသွင်ပြင်မှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိဘဲ ပြတ်သားစွာပင် ပယ်ချလိုက်၏။

"ကျွန်တော် ငြင်းပါတယ်"

ဤမျှ ပြတ်သား ရှင်းလင်းလှသော တုံ့ပြန်မှုကြောင့် ချီခယ်ချင်း တစ်ယောက် သဘာဝကျကျပင် အံ့အားသင့်သွားတော့သည်။

သူမက နင်ချီ ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။

"ရှင်နဲ့ ကျွန်မ နှစ်ယောက်စလုံးက စစ်တပ် ခေါင်းဆောင်တွေချည်းပဲ။ စစ်မြေပြင်နယ်မြေ ထဲက စစ်တပ်တွေရဲ့ အနာဂတ် လမ်းကြောင်းက သေချာပေါက် စည်းလုံး ညီညွတ်ရေးဘက်ကို ဦးတည်သွားမယ် ဆိုတာ ကျွန်မတို့ သိထားသင့်တယ်လေ။ ကျွန်မရဲ့ ဖူယောင် နယ်မြေ စစ်တပ်ကြီးက ရှင့်ရဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ထက် လုံးဝ မညံ့ပါဘူး... ဘာလို့ သဘောမတူရတာလဲ"

နင်ချီ က ယုံကြည်မှု အပြည့်ဖြင့် တည်ကြည်လေးနက် စွာ ဆိုလိုက်၏။

"တောင်တစ်တောင်မှာ ကျားနှစ်ကောင် နေလို့ မရဘူးလေဗျာ... အကယ်လို့ ခင်ဗျားသာ ကွပ်ကဲမှု အာဏာကို စွန့်လွှတ်ပြီး ဖူယောင် နယ်မြေ စစ်တပ်ကြီး တစ်ခုလုံးကို ကျွန်တော့်ကို အပြည့်အဝ ဦးဆောင်ခွင့် ပေးမယ် ဆိုရင်တော့ ပူးပေါင်းဖို့ ဖြစ်နိုင်ချေ ရှိပါတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ချီခယ်ချင်း ၏ မျက်ခုံးများ ထိစပ်လုမတတ် တွန့်ချိုးသွားတော့သည်။

နင်ချီ က အင်အားစု နှစ်ခုကို ပူးပေါင်းရန် ဆန္ဒ မရှိခြင်း မဟုတ်ပေ။ သို့သော် သူမ အနေဖြင့် ကွပ်ကဲမှု အာဏာကို လုံးဝ စွန့်လွှတ်နိုင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထား၏။

နင်ချီ သည် အမှန်တကယ်ပင် အစွမ်းထက်ကြောင်းကို သူမ အသိအမှတ်ပြုထားသော်ငြားလည်း၊ ကွပ်ကဲမှု အာဏာကို စွန့်လွှတ်ကာ ဖူယောင် နယ်မြေ စစ်တပ်ကြီးကို နင်ချီ ၏ လက်အောက်သို့ လွှဲပြောင်းပေးရမည် ဆိုသည်ကိုမူ ချီခယ်ချင်း လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပေ။ သူမတွင်လည်း သူမ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိ၏။

အနည်းဆုံးတော့ သူမသည် စစ်တပ်ကြီး တစ်ခုကို ကွပ်ကဲနိုင်သော သူမ၏ ကိုယ်ပိုင် စွမ်းရည်ကို ယုံကြည်ထားပြီး၊ ဤကိစ္စတွင် သူမက နင်ချီ ထက် လုံးဝ မနိမ့်ကျကြောင်း ယုံကြည်ထားပေသည်။

ထို့အပြင် စစ်မြေပြင်နယ်မြေ ၏ အခြေအနေများ တည်ငြိမ်သွားပြီး တသားတည်းဖြစ်ခြင်း နယ်ပယ် ဘိုးဘေးကြီး များ ဝင်ရောက်လာနိုင်မည့် အချိန်ရောက်လာသောအခါ၊ သူတို့ကလည်း ဤစစ်ပွဲတွင် ပါဝင်လာကြမည် ဖြစ်၏။

ချီခယ်ချင်း သည် သူမ ကိုယ်တိုင်အတွက်သာမက ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း တစ်ခုလုံးကိုပါ ကိုယ်စားပြုနေသူ ဖြစ်သည်။

အနာဂတ်တွင် သူမသည် ဖူယောင် နယ်မြေ စစ်တပ်ကြီးကို သူမ ဂိုဏ်းအတွင်းရှိ တသားတည်းဖြစ်ခြင်း နယ်ပယ် ဘိုးဘေးကြီး ထံသို့ ဆက်လက် လွှဲပြောင်းပေးရဦးမည် ဖြစ်ရာ ယခုအချိန်တွင် နင်ချီ ထံသို့ မည်သို့လုပ်၍ လွှဲပြောင်းပေးနိုင်ပါမည်နည်း။

နင်ချီ အနေဖြင့်လည်း ချီခယ်ချင်း ၏ ဦးဆောင်မှုအောက်တွင် လုံးဝ နေမည် မဟုတ်ချေ။

သူ၏ ကွပ်ကဲမှုအောက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို ယနေ့ကဲ့သို့ စည်းလုံး ညီညွတ်သော အင်အားစု တစ်ခု ဖြစ်လာစေရန်အတွက် နင်ချီ က ဆယ်စုနှစ်များစွာ အချိန်ယူကာ သွေးစွန်းသော လေ့ကျင့်မှုများဖြင့် ပုံသွင်းထားခဲ့ရခြင်း ဖြစ်၏။

ယေဘုယျအားဖြင့် ပြောရလျှင် နင်ချီ ဦးဆောင်သော နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် အတွင်းရေး ပဋိပက္ခများ လုံးဝ ကင်းစင်နေသော ဂိုဏ်းကြီး တစ်ခုနှင့်ပင် ဆင်တူနေပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းရှိ သက်ရှိများအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းထက်ပင် သာလွန်နေသေးသည်။

ထို့ကြောင့် အကယ်၍ သူ၏ အင်အားစုများက ချီခယ်ချင်း ၏ စစ်တပ်နှင့် ပူးပေါင်းလိုက်ရပြီး တစ်ဖက် စစ်တပ်ကို သူက မကွပ်ကဲနိုင်ခဲ့လျှင် သူ၏ ကိုယ်ပိုင် စည်းချက်များ အားလုံး ပျက်ယွင်းသွားပေလိမ့်မည်။

ဘာကြောင့် ဤသို့ အချိန်ဖြုန်းနေရမည်နည်း။ သူသည် အခြားသူများကို အလျှော့ပေးလိုက်လျောမည် မဟုတ်သလို၊ ဖြုန်းတီးပစ်စရာ အချိန်လည်း မရှိချေ။

သေချာသည်မှာ... သူ့တွင် တစ်ဖက် စစ်တပ်ကို ထိန်းချုပ်လိုသော ရည်မှန်းချက် မရှိဘူးဟု ပြောမည် ဆိုလျှင်တော့ ထိုအရာက လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။

သို့သော် ယခုအချိန်တွင်မူ ချီခယ်ချင်း သည် မာနခံနေဆဲ။ နင်ချီ၏ တောင်းဆိုချက်များကို သဘောတူလိမ့်မည် မဟုတ်ပေ။ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများ၏ သည်းကြီးမည်းကြီးတိုက်ခိုက် ခြင်းကို ခံရပြီး အထိနာသွားချိန်၊ သူမ ကိုယ်တိုင် လိုလိုလားလား ရှိလာမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ ပြန်လည် စဉ်းစားလျှင်လည်း နောက်ကျမည် မဟုတ်ချေ။

ထိုစဉ်၊ ချီခယ်ချင်း က မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်၏။

"လောလောဆယ်တော့ ကျွန်မတို့ သဘောတူညီမှု တစ်ခုကို ရနိုင်ဦးမှာ မဟုတ်သေးဘူး ထင်တယ်။ ဒါဆိုလည်း ကျွန်မ အချိန်မဖြုန်းတော့ဘူး... ပြန်ခွင့်ပြုပါဦး ရှင်"

နင်ချီ က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

သူ၏ ဝိညာဉ်အာရုံက နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဆက်လက် ဆင့်ခေါ်ရန် အမိန့်ပေးထားပြီး ဖြစ်၏။

ယခုအချိန်တွင် ကောင်းကင်ကြယ် မှာ အပြည့်အဝ ဖွဲ့စည်းပြီးစီးသွားပြီ ဖြစ်ပြီး တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ တည်ရှိမှု အစိတ်အပိုင်း အချို့လည်း ရောက်ရှိနေပြီ ဖြစ်ရာ၊ တစ်ဖက်လူက ဆုံမှတ် ကို ဝင်လုမည်ကို နင်ချီ လုံးဝ စိုးရိမ်မနေတော့ချေ။

အကယ်၍ တစ်ဖက်လူက အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်ဘဲ ဝင်လုရန် ကြိုးစားလာမည် ဆိုလျှင်ပင်၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ၎င်းဘာသာ ဝင်ရောက် စွက်ဖက် ရှင်းလင်းပေးလိမ့်မည်သာ ဖြစ်၏။

ထို့အပြင် ဤ ဆုံမှတ် တွင် စစ်တပ်ကြီး နှစ်ခုစလုံး ရှိနေပြီ ဖြစ်ရာ၊ အနီးအနားတွင် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများ ရှိနေလျှင်ပင် အနီးသို့ ချဉ်းကပ်ရဲကြမည် မဟုတ်ပေ။

ချီခယ်ချင်း က သူမ၏ တပ်ဖွဲ့များရှိရာသို့ ပြန်လည် ပျံသန်းသွား၏။

စစ်ခုန်လန် က ချော့မော့ပြောဆို လိုက်၏။

"စီနီယာအစ်မကြီး ချီ... နင်ချီ နဲ့ ဆွေးနွေးတာ အဆင်မပြေခဲ့ဘူးလားဗျ"

ချီခယ်ချင်း က သူ့ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ပြီး

"ငါတို့ ဘာတွေ ပြောခဲ့ကြလဲ ဆိုတာ မင်း သိလို့လား"

စစ်ခုန်လန် က ဟားတိုက်လိုက်ပြီး

"စီနီယာအစ်မကြီး ချီ က ကျွန်တော်တို့ကို အထင်သေးလွန်းနေပါပြီ... ကျွန်တော်တို့က ခန့်မှန်းကြည့်ရုံနဲ့တင် အစ်မကြီးရဲ့ အတွေးတွေကို သိနိုင်ပါတယ်ဗျာ... ဟုတ်တယ် မဟုတ်လား ကျင့်ကြံသူ မိတ်ဆွေတို့"

လူအုပ်ကြီးထဲမှ ထောက်ခံသံများ ပြိုင်တူ ထွက်ပေါ်လာကြသည်။ ထိုသူများ အားလုံးနီးပါးမှာ သူ၏ လက်အောက်ခံဟောင်းများသာ ဖြစ်ကြ၏။

သို့သော် ချီခယ်ချင်း ၏ တပ်ဖွဲ့များထဲမှမူ စစ်ခုန်လန် ကို တုံ့ပြန်သူ အလွန် နည်းပါးလှပေသည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ စစ်ခုန်လန် ၏ မျက်နှာသွင်ပြင်မှာ ပြောင်းလဲမသွားသော်ငြားလည်း၊ သူ၏ ရင်တွင်း၌ အနည်းငယ် တွက်ချက်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်၏။

ချီခယ်ချင်း ၏ လက်အောက်ခံ တစ်ဦးက မေးလိုက်သည်။

"စီနီယာအစ်မကြီး ချီ... အစ်မကြီးက နင်ချီ ကို မဟာမိတ် ဖွဲ့ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ရမယ်... ဒါပေမယ့် တစ်ဖက်လူက ငြင်းလိုက်တာ မဟုတ်လား"

ချီခယ်ချင်း က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး၊

"သူက သဘောတူညီမှုအတွက် အပေးအယူ အနေနဲ့ ကွပ်ကဲမှု အာဏာကို သူ့ဆီ လွှဲပေးရမယ်လို့ တောင်းဆိုနေတယ်လေ"

"ဘယ်လို..."

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ ဒေါသမီးများ ဟုန်းခနဲ တောက်လောင်သွားကြတော့သည်။

"ဒီကောင်က တကယ်ကို အခြေအနေမှန်ကို နားမလည်တဲ့ ကောင်ပဲ"

"ကျွန်တော်တို့ ဖူယောင် နယ်မြေ စစ်တပ်က သူတို့ထက် လူအင်အားရော စွမ်းအားရော သာတယ်လေ။ စစ်တပ် နှစ်ခုသာ ပူးပေါင်းလိုက်ရင် သူတို့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွက် အများကြီး အကျိုးရှိသွားမှာကို... နင်ချီ က ကျေးဇူးမတင်တဲ့အပြင် ကွပ်ကဲမှု အာဏာကိုတောင် အပိုင်စီးချင်သေးတယ် ဟုတ်လား”

All Chapters