← Chapters

အခန်း (၅၇၅-၅၇၆)

Vol. 58 Ch. 575-576

အခန်း (၅၇၅-၅၇၆)

Vol. 58 Ch. 575-576

အခန်း (၅၇၅) နားလည်သဘောပေါက်ခြင်း စာလိပ်

​လုံချန်းသည် အကြီးအကဲ မူယွမ်၏ နေအိမ်ဝင်းအတွင်းသို့ ရောက်ရှိလာပြီး သူတည်းခိုနေသည့် အခန်းထဲသို့ တိုက်ရိုက် နေရာရွှေ့ပြောင်းဝင်ရောက်လိုက်သည်။

​အခန်းထဲသို့ ရောက်သွားချိန်တွင် မင်ယုသည် တစ်ကိုယ်လုံးကို စောင်ဖြင့် ခြုံထားသည်ကို သူ သတိပြုမိသည်။ ၎င်းမှာ သူတို့၏ အမှတ်အသားကို ဖုံးကွယ်ရန် ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်ပင် ဖြစ်သည်။

​"ငါ ပြန်လာပြီ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

​သူသည် သူမ၏ စောင်ကို အသာအယာ ဖယ်လိုက်ရာ မူလင်း၏ ရုပ်သွင်ကို ဆောင်ထားသော မင်ယု၏ မျက်နှာ ပေါ်လာသည်။ မင်ယုသည် လှည့်စားခြင်း မျက်နှာဖုံးကို အသုံးပြုထားခြင်း ဖြစ်သည်။

"ပြန်ရောက်လာပြီပဲ" ​သူမသည် လုံချန်း၏ မျက်နှာကို မြင်လိုက်ရသောအခါ ပြုံးရွှင်သွားပြီး ဆိုသည်။

​မင်ယုသည် မျက်နှာဖုံး၏ အစွမ်းကို ပိတ်လိုက်ပြီး မျက်နှာဖုံးကို ချွတ်လိုက်သည်။

​"သွားရှာတဲ့ အရာကော တွေ့ခဲ့ရဲ့လား" မင်ယုက လုံချန်းကို စူးစမ်းမေးမြန်းသည်။ လုံချန်း၏ မျက်နှာရိပ်မျက်နှာကဲက ဘာမှ ထုတ်မပြောသဖြင့် သူမ သိချင်နေခြင်း ဖြစ်သည်။

​"ရှာတာတော့ မတွေ့ခဲ့ဘူး၊ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ တခြားအရာတစ်ခုကိုတော့ တွေ့ခဲ့တယ်။ အဲဒါကို နင် သိထားသင့်တယ် ထင်တယ်" လုံချန်းက ရှုံ့မဲ့မဲ့ အပြုံးလေးဖြင့် ပြောလိုက်သည်။ သူ့ဖခင်နှင့် ပတ်သက်သည့် သဲလွန်စအား မတွေ့ခဲ့သော်လည်း ဇနီးသည် နှစ်ယောက် တိုးလာခဲ့သည်ကို သူမအား မည်သို့ ရှင်းပြရမှန်း သူ မဝေခွဲနိုင်ဖြစ်နေသည်။

​"ဘာလို့ အဲဒီလို မျက်နှာနဲ့ ပြောနေတာလဲ၊ ဘာဖြစ်လို့လဲ" မင်ယုက မျက်မှောင်ကြုတ်ကာ မေးသည်။

​သူမသည် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး လုံချန်းကိုလည်း စကားပြောရင်း ထိုင်နိုင်ရန် နေရာဖယ်ပေးကာ ပုတ်ပြလိုက်သည်။

​"၂၅ ထပ်မြောက်ကိုသွားတဲ့ ဝင်ပေါက်ကို ရှာနေတုန်းက ထူးဆန်းတဲ့ ဖြစ်ရပ်အချို့ ကြုံခဲ့ရတယ်။ နေရာရွှေ့ပြောင်းတဲ့ ဝင်ပေါက်တစ်ပေါက်ပေါ်မှာ ထူးဆန်းတဲ့ အပင်တစ်ပင် ပေါက်နေတာကို တွေ့ခဲ့တယ်။ အဲဒီဝင်ပေါက်က ပျက်နေပြီး အပင်ကလည်း ထူးခြားနေပုံရတာနဲ့ ငါ သွားထိမိလိုက်တာ၊ တကယ်လည်း အဲဒီအပင်က အထူးအဆန်းပဲ။ ငါ့ကို မတူညီတဲ့ ယဉ်ကျေးမှုတွေ နေထိုင်တဲ့ ထူးဆန်းတဲ့ ဟင်းလင်းပြင်တစ်ခုဆီ ပို့လိုက်တယ်" လုံချန်းက ဖြစ်ပျက်ခဲ့သမျှကို စတင်ရှင်းပြတော့သည်။

​"အဲဒီမှာ လူသားနဲ့တူပေမယ့် နတ်မိမယ်တောင်ပံတွေ ပါတဲ့ မျိုးနွယ်စုတစ်ခုနဲ့ ငါ နေခဲ့ရတယ်။ သူတို့ကိုသူတို့ အမှောင်နတ်မိမယ်တွေလို့ ခေါ်ကြတယ်။ သူတို့က သူတို့အတွက်ရော ငါ့အတွက်ပါ အကျိုးရှိမယ့် ကိစ္စတစ်ခုကို ကူညီခိုင်းတာနဲ့ ငါကလည်း ကူညီဖို့ သဘောတူလိုက်တာပေါ့။ အဲဒီအတွက် ငါက ရတနာအချို့ ပြန်တောင်းခဲ့ပေမယ့် အထင်လွဲမှုတစ်ခုကြောင့် သူတို့က ငါ့ကို သူတို့မျိုးနွယ်စုရဲ့ သမီးနဲ့ လက်ထပ်ချင်တယ်လို့ ထင်သွားကြတယ်" သူက ဆက်ပြောသည်။ ထိုနေရာသို့ ရောက်သောအခါ မင်ယု၏ မျက်နှာမှာ သိသိသာသာ ပျက်သွားတော့သည်။

​"နင် လက်ထပ်ခဲ့တယ်လို့တော့ မပြောနဲ့နော်" သူမက သံသယမျက်လုံးများဖြင့် မေးသည်။

​"အင်း... လက်ထပ်ခဲ့ရတယ်။ အဲဒါက မတော်တဆ ဖြစ်သွားတာပါ။ သူတို့က ငါ့ကို သူတို့သမီးနဲ့ လက်ထပ်ချင်တယ်အထင်နဲ့ လက်ထပ်ပွဲ ပုံဆောင်ခဲကို ငါ့ဆီ ပစ်ပေးလိုက်တာ။ ငါက ဘာမှန်းမသိဘဲ ဖမ်းလိုက်မိတာပေါ့။ အဲဒီနောက်မှာ အဲဒီပုံဆောင်ခဲက ငါ့ကိုယ်ထဲ စိမ့်ဝင်သွားပြီး အဲဒီမိန်းကလေးနဲ့ ငါ့ကြားမှာ အဆက်အသွယ်တစ်ခု ဖြစ်သွားတယ်။ အဲဒီကမ္ဘာထဲမှာ ရှိနေတုန်းက နင့်ကို အသိပေးဖို့ စောင့်နေခဲ့ရပေမယ့် ငါ့မိသားစုနဲ့ တခြားမိန်းကလေးတွေကိုတော့ ပြောပြထားပြီးသားပါ" လုံချန်းက ရှင်းပြသည်။ "ဪ... ဒါနဲ့၊ ကျိချင်းကလည်း နင့်ကို ပြောပြတဲ့အချိန်မှာ သူပါ ရှိနေချင်တယ်လို့ ပြောထားသေးတယ်"

​သူသည် သူ၏ ကမ္ဘာတု လက်စွပ်အတွင်းမှ ကျိချင်းကို ထုတ်လိုက်သည်။ ကျိချင်းသည် အခန်းထဲတွင် ပေါ်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

​"သူ့ကို ပြောပြပြီးပြီလား။ သူ့ရဲ့ မျက်နှာကို ကြည့်ရတာတော့ နင် ပြောပြပြီးပြီ ထင်တယ်" ကျိချင်းက စိတ်ဝင်တစားဖြင့် ဆိုသည်။ သူမသည် ကုတင်ပေါ်သို့ တက်ကာ မင်ယု၏ ဘေးတွင် ထိုင်လိုက်ပြီး မင်ယု၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသည်။

​"အဲဒီမိန်းကလေးကိုကော ခေါ်လာခဲ့လား" မင်ယုက မေးသည်။

​"အင်း... ခေါ်လာခဲ့တယ်။ ဒါက အထင်လွဲမှုကြောင့် ဖြစ်သွားတာဆိုပေမယ့် လက်ထပ်လိုက်တာကတော့ အစစ်အမှန်ပဲလေ။ ငါ သူ့ကို ထားခဲ့လို့ မရဘူး" လုံချန်းက သက်ပြင်းချရင်း ရှင်းပြသည်။

​"ပြီးတော့ အဲဒီမျိုးနွယ်စုတစ်ခုလုံးကိုလည်း ငါ့ရဲ့ ကမ္ဘာတုထဲကို ပို့ပေးလိုက်ပြီ။ သူတို့ အဲဒီမှာ ကိုယ်ပိုင်လူ့အဖွဲ့အစည်းကို ပြန်စလို့ရတာပေါ့။ အဲဒီမှာ ရှိနေနှင့်ပြီးသား လူတွေအတွက်လည်း ကမ္ဘာကြီးက ပိုပြီး စည်ကားသွားတာပေါ့" သူက ထပ်လောင်းပြောသည်။

​"နင် လုပ်နိုင်သမျှ လုပ်ခဲ့ပြီးပြီဆိုတော့ ဖြစ်ခဲ့တာတွေအတွက် နင့်ကို အပြစ်မတင်တော့ပါဘူး။ သူ့ကို မထားခဲ့တာက မှန်ကန်တဲ့ လုပ်ရပ်ပါပဲ" မင်ယုက ခေါင်းညိတ်ကာ ဆိုသည်။

​"ငါလည်း အဲဒီလိုပဲ ပြောခဲ့တာပါ။ ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီဆိုတော့ အခုကစပြီး ဒီလို အထင်လွဲမှုမျိုးတွေ ထပ်မဖြစ်ဖို့ပဲ မျှော်လင့်ရတော့မှာပေါ့။ အထင်လွဲလို့ မိန်းမရတာ တစ်ခါဆိုရင်တော့ ဟုတ်ပါပြီ၊ ဒုတိယတစ်ခါဆိုရင်တော့ ပိုဆိုးသွားပြီး ပိုပြီးတော့တောင် သံသယဖြစ်စရာ ကောင်းလာလိမ့်မယ်" ကျိချင်းက ရယ်မောရင်း ပြောလိုက်သည်။

​လုံချန်းက သူမကို ကြည့်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မပြပေ။

​"သူ နိုးလာတော့မယ်။ နင်တို့ အခု ပြန်သွားတာ အကောင်းဆုံးပဲ" အကြီးအကဲမူ နိုးလာပြီဖြစ်ကြောင်း လုံချန်း သတိပြုမိလိုက်သဖြင့် ရေရွတ်လိုက်သည်။

​ကျိချင်းနှင့် မင်ယုတို့သည် လုံချန်း၏ လက်တစ်ဖက်စီကို ကိုင်လိုက်ကြသည်။ လုံချန်းက သူတို့ကို ကမ္ဘာတုထဲသို့ ပြန်ပို့လိုက်ပြီး သူကိုယ်တိုင်လည်း လှည့်စားခြင်း မျက်နှာဖုံးကို ပြန်ဝတ်ကာ အစွမ်းအား ဖွင့်လိုက်သည်။ သူသည် ကုတင်ပေါ်တွင် လှဲကာ မျက်လုံးမှိတ်ထားလိုက်သည်။

​မကြာမီမှာပင် မူယွမ်သည် တံခါးဖွင့်ကာ အခန်းထဲသို့ ဝင်လာသည်။

​"လင်အာ... အိပ်နေတုန်းပဲလား" သူမက လုံချန်း၏ ဘေးတွင် ထိုင်ရင်း ဆိုသည်။

​"ထတော့လေ အချစ်လေး။ သား ဆေးရေချိုးရဦးမယ်။ အဲဒါက သယးရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်။ မနက်လည်း ရောက်တော့မယ်။ အဲဒါပြီးရင် သားရဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်ကြမယ်လေ" သူမက ဆိုသည်။

​လုံချန်း မျက်လုံးဖွင့်ကာ ထထိုင်လိုက်ပြီး မူယွမ်ကို ကြည့်လိုက်သည်။

​"မင်္ဂလာနံနက်ခင်းပါ အမေ" လုံချန်းက မူယွမ်ကို နှုတ်ဆက်လိုက်သည်။

​"မင်္ဂလာနံနက်ခင်းပါ" မူယွမ်က ပြုံးလျက် ပြန်ပြောသည်။ "ကဲ... ထတော့၊ ရေသွားချိုးတော့လေ။ မြန်မြန်လုပ်။ ကျောင်းတော်ယဇ်ပူဇော်ပွဲမှာ သား အနိုင်ရအောင် လေ့ကျင့်ခန်းတွေ စရဦးမယ်"

​လုံချန်း ကုတင်ပေါ်မှ ဆင်းကာ ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။ ဆေးဖက်ဝင် ရေများဖြင့် ပြည့်နေသော ရေချိုးကန်ထဲတွင် စိမ်ပြီးနောက် သူ အခန်းထဲသို့ ပြန်ထွက်လာခဲ့သည်။ သူသည် မူယွမ်နှင့်အတူ မနက်စာ စားလိုက်သည်။

​မနက်စာ စားပြီးနောက် မူယွမ်သည် လုံချန်းကို လုံးဝ လွတ်နေသော အခြားအခန်းတစ်ခန်းသို့ ခေါ်သွားသည်။

​"အလယ်မှာ ထိုင်လိုက်ပါ။ သားက ကျင့်ကြံခြင်း နည်းစနစ်တွေရော၊ အရင်က နားလည်ထားတဲ့ ဗဟုသုတတွေပါ မမှတ်မိတော့ဘူးဆိုတော့၊ ကျောင်းတော်ယဇ်ပူဇော်ပွဲမှာ အသုံးဝင်မယ့် အခြေခံကိစ္စအချို့ကို အစကနေ အမေ ပြန်သင်ပေးမယ်" မူယွမ်က အခန်းအလယ်ကို ညွှန်ပြရင်း ဆိုသည်။

​လုံချန်းသည် အခန်းအလယ်တွင် ထိုင်လိုက်ပြီး သူမ ပေးမည့် ပညာရပ်များကို စောင့်ဆိုင်းနေသည်။ သူမက အတိအလင်း မပြောသော်လည်း တိုက်ခိုက်ရေးပညာရပ်များ ပေးလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ မည်သို့ဆို​စေ ပညာရပ်များ အလကား ရသည်က မဆိုးလှပေ။

​မူယွမ်သည် လုံချန်း၏ ရှေ့တွင် ထိုင်လိုက်ပြီး သူမ၏ သိုလှောင်အိတ်ထဲမှ စာလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။

​"ဒါက နားလည်သဘောပေါက်ခြင်း စာလိပ်ပဲ။ အရင်ကတော့ သား ဒါအကြောင်း သိထားပြီးသား။ အခုကော တစ်ခုခု မှတ်မိသေးလား" သူမက လုံချန်းကို မေးသည်။

​"မမှတ်မိတော့ဘူး" လုံချန်းက ခေါင်းခါပြသည်။

​"အင်း... အမေ ထင်တဲ့အတိုင်းပါပဲ။ ဒါဆို ရှင်းပြမယ်။ နားလည်သဘောပေါက်ခြင်း စာလိပ်တွေဆိုတာ ပညာရပ်တွေရဲ့ ဗဟုသုတတွေ ပါဝင်တဲ့ စာလိပ်တွေပေါ့။ ဒါတွေက တိုက်ခိုက်ရေးကျမ်းစာအုပ်တွေထက် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက ကျင့်ကြံပုံ နည်းစနစ်တွေကိုပဲ ဖော်ပြတာမဟုတ်ဘဲ အဲဒီပညာရပ်တွေရဲ့ စစ်မှန်တဲ့ အနှစ်သာရတွေကိုပါ ထည့်သွင်းပေးထားလို့ပဲ"

​"ဒါကြောင့်လည်း ဒါတွေက သာမန်စာအုပ်တွေထက် ပိုတန်ဖိုးရှိတာပေါ့။ ဒီအထောက်အပံ့နဲ့ဆိုရင် ပညာရပ်တစ်ခုကို ကိုယ့်ဘာသာ ဖတ်ရှုနားလည်ဖို့ ကြိုးစားတာထက် ပိုပြီး လွယ်လွယ်ကူကူ နားလည်သဘောပေါက်နိုင်တယ်"

​"အကြမ်းဖျင်း ပြောရရင် ပုံမှန် ကျင့်ကြံနားလည်ဖို့ သုံးလလောက် ကြာမယ့် ပညာရပ်တစ်ခုကို ဒီစာလိပ်နဲ့ဆိုရင် သုံးရက် ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ အချိန်အတွင်းမှာ သင်ယူနိုင်တယ်။ အမေတို့ဆီမှာ ယဇ်ပူဇော်ပွဲအတွက် တစ်ပတ်ပဲ အချိန်ရှိတော့တယ်။ အရင်က သား နားလည်ထားပြီးသား ပညာရပ်တွေ ပါဝင်တဲ့ ဒီလိုစာလိပ် သုံးစောင်ကို သား နားလည်အောင် လုပ်ရမယ်။ သား မမှတ်မိတော့ဘူးဆိုပေမယ့် သားရဲ့ ခန္ဓာကိုယ်ကတော့ ဒါတွေကို မှတ်မိနေဦးမှာပဲ။ ဒုတိယအကြိမ် ပြန်ပြီး နားလည်ဖို့က ပိုလွယ်လိမ့်မယ်။ သား ဒါကို လုပ်နိုင်မယ်လို့ အမေ ယုံကြည်တယ်" သူမက ထပ်လောင်း ပြောကြားလိုက်တော့သည်။

အခန်း (၅၇၆) မူလင်း၏ ရှားပါးကျင့်စဉ်များ

​"ဒါက သားရဲ့ ကျင့်ကြံခြင်း ပါရမီကို အားလုံးက သိသွားကြတုန်းက သားကို ဆုလာဘ်အနေနဲ့ ပေးခဲ့တဲ့ ပထမဆုံး နားလည်သဘောပေါက်ခြင်း စာလိပ်ပဲ။ ဒါက တစ္ဆေကျောင်းတော်ရဲ့ အကောင်းဆုံး ကျင့်စဉ်တစ်ခုပေါ့" မူယွမ်က ပြောရင်း လုံချန်းကို ပထမဆုံးစာလိပ်အား ကမ်းပေးလိုက်သည်။

​"ဒါကို တစ္ဆေကိုးပါးကျင့်စဉ်လို့ ခေါ်တယ်။ ဒီကျင့်စဉ်က တကယ်ကို ထိရောက်ပြီး ကျင့်ကြံခြင်းအရှိန်ကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ကျောင်းတော်သခင် ကိုယ်တိုင်တောင် ဒီကျင့်စဉ်ကို သုံးပြီး ကျင့်ကြံတာ။ သားရဲ့ ကျင့်ကြံခြင်းကို ပြန်စနိုင်ဖို့ ဒါကို အရင်ဆုံး နားလည်အောင် လုပ်တာ အကောင်းဆုံးပဲ" သူမက လုံချန်းကို ဆိုသည်။

​"ဖွင့်ကြည့်လိုက်လေ" သူမက ခိုင်းလိုက်သည်။

​လုံချန်းသည် စာလိပ်ကို ကြည့်ကာ စတင်ဖွင့်လိုက်သည်။

​'တစ္ဆေကျောင်းတော်ရဲ့ အကောင်းဆုံးကျင့်စဉ် ဟုတ်လား။ ငါကျင့်ကြံနေတဲ့ အမည်မဲ့ကျင့်စဉ်ထက် တကယ်ပဲ ပိုကောင်းနိုင်ပါ့မလား' လုံချန်းက တွေးတောရင်း စာလိပ်ကို ဖြန့်လိုက်သည်။

စာ​လိပ် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လုံချန်းသည် ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ပတ်လည်တွင် ဧရာမ တစ္ဆေကြီး ကိုးကောင် ပျံဝဲနေသည်ကို မြင်လိုက်ရသည်။ လုံချန်း၏ ရှေ့တွင်မူ ဧရာမ ကျောက်ဂူသင်္ချိုင်းကြီးတစ်ခုရှိပြီး ၎င်းပေါ်တွင် ကျင့်စဉ်နည်းလမ်းများကို ရေးထိုးထားသည်။

​'ကောင်းကင်ဖျက်ဆီးခြင်း တစ္ဆေကိုးကောင်လို သန်မာလာစေဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို မျိုတဲ့ နည်းလမ်းပေါ့... ဒီကျင့်စဉ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းသလို ကျင့်ကြံပုံကလည်း သိပ်မခက်လှဘူး။ ကျင့်ကြံတဲ့အရှိန်ကလည်း မဆိုးဘူး။ ငါမြင်ဖူးသမျှ ကျင့်စဉ်တွေထက် အများကြီး ပိုမြန်ပေမဲ့ အမည်မဲ့ကျင့်စဉ်နဲ့တော့ ယှဉ်လို့မရသေးဘူး' လုံချန်းက တွေးရင်း ခေါင်းခါလိုက်သည်။

​'ဒါက ဖြစ်သင့်တာပါပဲ။ အဆင့်မြင့်ကမ္ဘာက ပညာရပ်တစ်ခုက နတ်ဘုရားတွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတာ၊ နောက်တစ်ခုကတော့ သာမန်လူသားတွေအတွက် ကျင့်စဉ်လေ။ ဒီကမ္ဘာက ပညာရပ်တွေနဲ့ ယှဉ်ရင်တော့ ကောင်းပေမဲ့ ငါ့မှာ ရှိပြီးသားအရာထက်တော့ မသာနိုင်ဘူး' သူ တွေးမိသည်။

​'ဒီလောကမှာ ငါ့ကျင့်စဉ်နဲ့ ယှဉ်နိုင်မယ့် တစ်ခုတည်းသော ပညာရပ်က သူတော်စင်ဘုရင် ရှန်းဝူရဲ့ ပညာရပ်ပဲ ရှိလိမ့်မယ်။ ကံမကောင်းတာက အဲဒီသူတော်စင်ဘုရင် ဘာကျင့်စဉ်ကို ကျင့်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိကြတော့တာပဲ'

​'အခုလောလောဆယ်တော့ ကျင့်စဉ်ပြောင်းနေဖို့ မလိုပါဘူး။ ဒါကို နားလည်သွားသလိုမျိုးပဲ ဟန်ဆောင်လိုက်ရုံပေါ့' သူ ဆုံးဖြတ်လိုက်သည်။

​"ဒီ ကောင်းကင်ဖျက်ဆီးခြင်း တစ္ဆေကိုးကောင်က ဘယ်သူတွေလဲ သိချင်မိတယ်။ သူတို့နာမည်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဖျက်ဆီးသူတွေလို့တောင် အမည်ပေးရဲတယ်ဆိုတော့ ဒီပညာရပ်ကို ဖန်တီးခဲ့တုန်းက သူတို့ တကယ်ပဲ သန်မာခဲ့ကြမှာပဲ" လုံချန်းက သူ့ပတ်လည်တွင် ပျံဝဲနေသော တစ္ဆေကိုးကောင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​"ကဲ... ဒီနေရာကနေ ဘယ်လိုထွက်ရမလဲ။ ဒီကျင့်စဉ်က ငါ့အတွက် အသုံးမဝင်တော့ ဒီမှာ အချိန်ဖြုန်းနေတာပဲ ရှိမှာ" လုံချန်းက ဆိုကာ ကျင့်စဉ်ကို နားလည်အောင် ကြိုးစားမည့်အစား မတ်တပ်ရပ်လိုက်သည်။ သို့သော် သူ မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဖိအားတစ်ခုက သူ့ကို မြေပြင်ပေါ်သို့ ဖိချရန် ကြိုးစားလာသည်။ သူ လှည့်ကြည့်လိုက်ရာ တစ္ဆေကိုးကောင်စလုံးမှာ မျက်လုံးများ ပွင့်လာသည်ကို မြင်လိုက်ရသည်။

​"ဒီကျင့်စဉ်ကို အသုံးမဝင်ဘူးလို့ ပြောလိုက်လို့ မင်းတို့က စိတ်ဆိုးနေကြတာလား။ ဟုတ်တယ်... အသုံးမဝင်ဘူး။ ပိုကြီးမားတဲ့ အရာတွေနဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်ဘူး။ ငါ မကစားချင်တဲ့ သာမန်လူတွေရဲ့ ကစားစရာတစ်ခုပဲ။ ငါ့ကို နှောင့်ယှက်နေတာ ရပ်လိုက်စမ်း၊ မဟုတ်ရင် မင်းတို့က ဒီပညာရပ်ရဲ့ အနှစ်သာရတွေပဲ ဖြစ်နေပါစေဦး၊ ငါ အကုန်လုံးကို ပိုင်းဖြတ်ပစ်မယ်" လုံချန်းက ကြုံးဝါးရင်း သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်အား အသက်သွင်းကာ ထိုဖိအားကို တွန်းလှန်လျက် မတ်မတ်ရပ်လိုက်သည်။

​သူ ပြောသော်လည်း သူ့ကို ဖိချနေသည့် အားက ရပ်မသွားဘဲ ပိုမိုပြင်းထန်လာသည်။ လုံချန်း၏ ခြေထောက်များမှာ မြေကြီးထဲသို့ ကျွံဝင်သွားသော်လည်း သူ၏ ဒူးကိုမူ အကွေးမခံပေ။

​"တော်ပြီ၊ မင်းတို့က ငါ့ကို ဒူးထောက်ခိုင်းနိုင်မယ် ထင်နေတာလား။ မင်းတို့က ကျင့်စဉ်တစ်ခုရဲ့ အနှစ်သာရတွေပဲ ရှိသေးတာ။ တကယ့် တစ္ဆေကိုးကောင် ရှိနေရင်တောင် ငါ့ကို ဒူးထောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ သေစမ်း" လုံချန်းက ဟိန်းဟောက်လိုက်ရာ သူ၏ ကျောပြင်တွင် လှပသော တောင်ပံများ ထွက်ပေါ်လာသည်။ ထိုတောင်ပံများကြောင့် ပြင်းထန်သော ဖိအားများ ရှိနေလင့်ကစား သူသည် မြေကြီးထဲမှ ရုန်းထွက်ကာ လေထဲသို့ ပျံတက်သွားနိုင်ခဲ့သည်။

​လုံချန်း၏ တောင်ပံများမှာ အမှောင်နတ်မိမယ်မျိုးနွယ်စုတွင် ရှိနေစဉ် ဟင်းလင်းပြင်အဆင့်သို့ တက်ရောက်ပြီးနောက် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်ထားခြင်းဖြစ်သည်။

​ယခင်က သူ၌ အရောင်မတူသော တောင်ပံနှစ်ဖက်သာ ရှိသည်။ တစ်ဖက်မှာ ရွှေရောင်ဖြစ်ပြီး အခြားတစ်ဖက်မှာ အနက်ရောင်ဖြစ်သည်။ သို့သော် ဆင့်ကဲပြောင်းလဲမှုဖြစ်ပြီးနောက် သူ၏ တောင်ပံများမှာ တိုးပွားလာခဲ့သည်။

​ယခုအခါ သူ၌ တောင်ပံလေးဖက် ရှိနေပြီဖြစ်သည်။ ဘယ်ဘက်တွင် တောင်ပံနှစ်ဖက်၊ ညာဘက်တွင် တောင်ပံနှစ်ဖက် ရှိသည်။ အရောင်များမှာမူ ရွှေရောင်နှင့် အနက်ရောင်အတိုင်းပင် ဖြစ်သော်လည်း ပိုမိုဆန်းကြယ်ပြီး ထူးခြားသော အသွင်ကို ဆောင်နေသည်။ လုံချန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားချိန်တွင် တောင်ပံလေးဖက်ပါသော ကောင်းကင်တမန်တစ်ပါးနှင့် တူနေတော့သည်။

​တစ္ဆေကိုးကောင်မှာ ခေါင်းမော့ကာ လုံချန်းကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာ နီရဲလာပြီး လေများမှာ အေးစက်လာကာ ကောင်းကင်မှ မိုးကြိုးများ စတင်ထစ်ချုန်းလာသည်။ မိုးကြိုးများမှာ နေရာအနှံ့သို့ ကျဆင်းလာသည်။

​လုံချန်းသည် ထိုမိုးကြိုးများကို ကျွမ်းကျင်စွာ ရှောင်တိမ်းနေသည်။

​"မင်းတို့က ကောင်းကောင်းပြောလို့ နားမလည်ဘူးပဲ။ တကယ့် မိုးကြိုးဆိုတာ ဘာလဲဆိုတာ ငါပြမယ်" လုံချန်းက ဆိုရင်း လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။

​"မိုးကြိုးဓားသွား" လုံချန်းက ဟိန်းဟောက်လိုက်သည်။

​ကောင်းကင်မှာ ပိုမိုမှောင်မိုက်လာပြီး တိမ်တိုက်အသစ်များ ဖုံးလွှမ်းသွားသည်။

​ယခင်က မိုးကြိုးများမှာ တစ္ဆေကိုးကောင်ကို ဘာမှ မထိခိုက်စေနိုင်သည်မှာ ၎င်းတို့မှာ ကောင်းကင်မိုးကြိုး မဟုတ်ဘဲ ကျင့်စဉ်အနှစ်သာရမှ ဖန်တီးထားသော မိုးကြိုးများကြောင့်ဖြစ်ကြောင်း လုံချန်း သိသည်။ အကယ်၍သာ တကယ့် ကောင်းကင်မိုးကြိုးဖြစ်ပါက တစ္ဆေများနှင့် ဝိညာဉ်များ၏ အဆိုးဝါးဆုံး ရန်သူဖြစ်သဖြင့် ထိုတစ္ဆေများကို ပြာဖြစ်အောင် လောင်ကျွမ်းစေမည် ဖြစ်သည်။

​လုံချန်းက တစ္ဆေတစ်ကောင်ကို လက်ညှိုးညွှန်လိုက်သည်။ ကောင်းကင်မှ မိုးကြိုးတစ်စင်းမှာ နတ်ဘုရားဧကရာဇ်၏ လှံတော်ကဲ့သို့ ကျဆင်းလာပြီး လုံချန်း ညွှန်ပြသည့် တစ္ဆေပေါ်သို့ ကျရောက်သွားသည်။

​ထိုတစ္ဆေမှာ စတင်လောင်ကျွမ်းသွားပြီး မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။

​လုံချန်းသည် ဤနေရာမှ တစ္ဆေကိုးကောင်စလုံးကို ဖျက်ဆီးမှသာ ဤနေရာမှ ထွက်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း တစ်ကောင်ကို ဖျက်ဆီးလိုက်သည်နှင့် ဝန်းကျင်တစ်ခုလုံးမှာ ဝေဝါးလာသည်ကို မြင်လိုက်ရသည်။ ဤနေရာမှာ ပျက်စီးသွားပြီဖြစ်သဖြင့် သူ မကြာခင် ပြန်ထွက်ရတော့မည်မှာ ထင်ရှားသည်။

​'ဒါဆိုရင်တော့ အကုန်လုံးကို ဖျက်ဆီးနေဖို့ မလိုတော့ဘူးပေါ့။ ဒီပညာရပ်က တစ္ဆေကိုးကောင်အပေါ် အခြေခံထားတာဆိုတော့ တစ်ကောင် မရှိတော့တာနဲ့ ဒီကျင့်စဉ်က အရင်လို မဟုတ်တော့ဘူး၊ ဒါကြောင့် ဒီနားလည်သဘောပေါက်ခြင်း ကမ္ဘာကြီးလည်း ပျက်စီးသွားတာပဲ' လုံချန်းက တွေးတောရင်း ခေါင်းခါလိုက်သည်။

​မကြာမီမှာပင် သူ မျက်လုံးပွင့်လာပြီး မူယွမ်၏ ရှေ့တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

​"နားလည်သဘောပေါက်ခြင်း ကမ္ဘာထဲကနေ ဒီလောက်တောင် မြန်မြန် ပြန်ထွက်လာတာလား။ အရင်ကလည်း သား ဒါကို လုပ်ဖူးတာဆိုတော့ မြန်မယ်လို့ အမေ သိထားပေမဲ့ ဒါက အမေ မျှော်လင့်ထားတာထက်တောင် ပိုမြန်နေသေးတယ်။ တော်တယ် ငါ့သား" မူယွမ်က ဝမ်းသာအားရဖြင့် လုံချန်း၏ ခေါင်းကို ပွတ်သပ်ကာ ချီးကျူးလိုက်သည်။

​"ဟုတ်ကဲ့... ဒီကျင့်စဉ်ကို ကျွန်တော် သိနေသလိုပဲ ခံစားရတယ်။ ကျွန်တော့်အတွက် သီးသန့် ဖန်တီးထားတဲ့အတိုင်းပဲ" လုံချန်းက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။ သူသည် စာလိပ်ကို ပြန်လိပ်ကာ မူယွမ်အား ပေးလိုက်သည်။

​မူယွမ်သည် ထိုစာလိပ်ကို ပြန်သိမ်းကာ သူမ၏ သိုလှောင်အိတ်ထဲမှ အပြာရောင် စာလိပ်တစ်စောင်ကို ထပ်ထုတ်လိုက်သည်။

​"ဒါကတော့ အမေ့ရဲ့ အဖိုးတန်ဆုံး ရတနာတွေထဲက တစ်ခုပဲ။ ဒါက သားအဖေ မထွက်သွားခင်က ထားရစ်ခဲ့တဲ့ နားလည်သဘောပေါက်ခြင်း စာလိပ်ပဲ။ အဲဒီထဲမှာ တစ္ဆေကျောင်းတော်က တခြားဘယ်ပညာရပ်ထက်မဆို ပိုပြီး အစွမ်းထက်တဲ့ ထူးခြားတဲ့ ပညာရပ်တစ်ခု ပါဝင်တယ်။ ကဲ... ဒါကို ဖတ်ကြည့်လိုက်ဦး" ထိုသို့ ဆိုကာ သူမက လုံချန်းကို ပေးလိုက်သည်။

​လုံချန်းသည် စာလိပ်ကို ဖွင့်လိုက်ပြန်ရာ ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားပြန်သည်။ ဤစာလိပ်များသည် ကျင့်ကြံသူများ ပညာရပ်ကို လွယ်ကူစွာ နားလည်နိုင်ရန် စိတ်ကူးယဉ်ကမ္ဘာတစ်ခုအား ဖန်တီးပေးခြင်း ဖြစ်သည်။

​ယခုတစ်ကြိမ် လုံချန်း ရောက်ရှိသွားသော ကမ္ဘာမှာ ရေများသာ ရှိသည်။ နေရာအနှံ့တွင် ရေများသာ ရှိနေပြီး လုံချန်း ရပ်နေသည့် နေရာလေးမှာသာ ကုန်းမြေအနည်းငယ် ရှိနေသည်။ တစ်ကမ္ဘာလုံးက ရေများသာ ဖြစ်နေပြီး သူရပ်နေသည့် တစ်စတုရန်းမီတာလောက်သာ ကုန်းမြေ ရှိနေတော့သည်။

All Chapters