အခန်း (၂၅၁-၂၅၂)
Vol. 16 Ch. 251-252
အခန်း ၂၅၁ ။ ရပ်တည်မှု ခိုင်မာခြင်း
ဧကရာဇ်အိပ်ဆောင်ရေးရာဌာန တာဝန်ခံ အသစ်လဲလိုက်သော်လည်း ညဘက်တွင် ယဲ့ယွင် အိပ်ဆောင်ဝင်ခွင့် ဆက်၍ရရှိခြင်းသည် နင်ချန်၏ သဘောထားကို မိဖုရားခေါင်ကြီးအား ရှင်းလင်းစွာ ပြသလိုက်ခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး မျက်နှာပျက်သွားသော်လည်း အရှင်မင်းကြီးကို မမုန်းတီးရဲသဖြင့် ယဲ့ယွင်ကိုသာ ပိုမို မုန်းတီးသွားသည်။ သို့သော် ယဲ့ယွင်သည် ဒီအဖြစ်အပျက်ကြောင့် လူသစ်များရှေ့တွင် မျက်နှာပန်းလှသွားသည်။
နင်ချန်သည် ယဲ့ယွင်ကို အချစ်ဆုံးဖြစ်သော်လည်း တစ်ယောက်တည်းကိုသာ မျက်နှာသာပေးမည် မဟုတ်ပေ။ နောက်တစ်နေ့တွင် ယိရွှင်ရုန်ထံတွင် အိပ်စက်ခဲ့သည်။ အချစ်တော်ဟောင်း နှစ်ဦးစလုံး အခွင့်အရေး ရရှိခဲ့ကြသည်။
ဤလုပ်ရပ်သည် အခြားကိုယ်လုပ်တော်များကို မနာလိုဝန်တို ဖြစ်စေခဲ့သည်။
ယိရွှင်ရုန်ထံတွင် တစ်ညအိပ်စက်ပြီးနောက် နင်ချန်သည် အလုပ်များသွားသဖြင့် ဆယ်ရက်ခန့် အနောက်ဆောင်သို့ မလာနိုင်ခဲ့ပေ။
မယ်တော်ကြီးက လူသစ်များကို လစ်လျူရှုမထားရန် သတိပေးမှသာ ပထမဆုံး အိပ်ဆောင်ဝင်ခွင့် ပြုခဲ့သည်။
ထင်ထားသည့်အတိုင်းပင် အိမ်ရှေ့စံဆရာ၏ တူမ ချီချိုက်ရန်ဖြစ်သည်။
ဆရာတပည့် သံယောဇဉ်ကို ခဏထားပါဦး။ အိမ်ရှေ့စံဆရာသည် မင်းဆက်နှစ်ဆက်တိုင် အမှုထမ်းခဲ့သူ ဖြစ်၍ အရှိန်အဝါကြီးမားသည်။ သူ့မှာ မြေးမ မရှိလို့သာ တူမကို နန်းသွင်းခဲ့တာဖြစ်မယ်။
အိမ်ရှေ့စံဆရာသည် အနားယူသွားပြီ ဖြစ်သော်လည်း သားအကြီးဆုံး ချီဟောက်သည် ရုံးတော်၏အရေးပါသော နေရာတွင်ရှိနေဆဲဖြစ်သည်။
မနှစ်ကမှ လန်ကျိုးဒေသ၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရပြီး တောင်ဘက်ဒေသကို ထိန်းချုပ်ပေးထားသူ ဖြစ်သည်။ ချီချိုက်ရန်၏ ဖခင်သည်လည်း အဆင့်သုံး အရာရှိကြီး ဖြစ်သည်။
ချီမိသားစု၏ ဂုဏ်သိက္ခာကြောင့် ချီချိုက်ရန်သည် အရေးပါသူ ဖြစ်လာသည်။
အိပ်ဆောင်ဝင်ပြီးနောက် နေ့စဉ် ဂါရဝပြုပွဲ တက်ရောက်ခွင့်ရရှိလာသောအခါ သူမသည် ရေခဲမယ်လေးဖြစ်ကြောင်း သိလိုက်ရသည်။ ပညာတတ်မျိုးရိုးမှ ဆင်းသက်လာသူမို့ မာနကြီးပြီး အေးစက်စက်နိုင်သော်လည်း ဉာဏ်ကောင်းသူ ဖြစ်သည်။
ပထမဆုံးအကြိမ် ဂါရဝပြုပွဲတွင် ဘယ်သူမှ အပြစ်မရှာရဲကြပေ။ ရှူးဖေးတစ်ယောက်သာ မကျေမနပ် ပြောဆိုခဲ့သည်။
မိသားစုနောက်ခံ ကောင်းမွန်သူကို အရှင်မင်းကြီးက အလေးပေးမှာ သေချာသဖြင့် အစကတည်းက ရန်သူမဖြစ်စေချင်ကြပေ။ ချီချိုက်ရန် ပြီးနောက် ဒုတိယ အိပ်ဆောင်ဝင်ခွင့်ရသူမှာ ရှန်ကျိုးဒေသ မြို့စားသမီး ဝမ်ချိုက်ရန်ဖြစ်သည်။
ဝမ်မျိုးရိုးသည် ချီမျိုးရိုးထက် ပိုမိုသွက်လက်တက်ကြွသည်။ သူဌေးသမီးလေးပုံစံမျိုး လှပပြီး မက်မွန်ပွင့် မျက်ဝန်းများ ပိုင်ဆိုင်ထားသဖြင့် ပြုံးလိုက်လျှင် အလွန် လှပသည်။ သို့သော် သူမ၏ ဝတ်စားဆင်ယင်မှုက တည်ငြိမ်ရင့်ကျက်ဟန် ဆောင်နေသဖြင့် သူမ၏ ရုပ်ရည်နှင့် မလိုက်ဖက်ပေ။
ယဲ့ယွင်အမြင်အရဆိုရင် မြေခွေးမလေးလို ပြင်ဆင်တာကမှ ပိုလိုက်ဖက်အုံးမယ်။
ချီမျိုးရိုး၏ အေးစက်မှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဝမ်မျိုးရိုးသည် လူပေါင်းဆံ့ပြီး စကားပြောကောင်းသူလေးဖြစ်သည်။ ပထမဆုံး ဂါရဝပြုပွဲတွင် စကားနာထိုးတတ်သော ရှူးဖေးကိုတောင် ရယ်မောအောင် ပြောဆိုနိုင်ခဲ့သည်။ လောလောဆယ် ကြည့်ရသလောက် တော်တော် ထက်မြက်သူ ဖြစ်ပုံရသည်။
ပထမနှစ်ယောက်က စာပေပညာရှင် မျိုးရိုးက ဖြစ်ပြီး ကျန်နှစ်ယောက်မှာ စစ်ဘက်မျိုးရိုးက ဖြစ်သည်။ နင်ချန်သည် ဟိုပေါင်လင်ကို အရင် ရွေးချယ်လိုက်ပြီး နောက်ဆုံးမှ လီပေါင်လင်ကို ရွေးချယ်သည်။
မိသားစုနောက်ခံ ကောင်းမွန်သူ လေးဦး ပြီးသွားသောအခါ နင်ချန် အလုပ်ရှုပ်ပြန်သဖြင့် ကျန်လေးဦးကို ခေါ်ယူရန် အချိန်မရှိတော့ပေ။
....
လဝက်ခန့်ကြာအောင် အနောက်ဆောင်သို့ မလာနိုင်ခဲ့ပေ။ နင်ချန် အားလပ်ချိန်ရလာသောအခါ ၈လပိုင်းသို့ ရောက်နေပြီဖြစ်သည်။ ဒီနှစ်တွင် လင်ရှီးဥယျာဉ်တော်သို့ မသွားဖြစ်တော့ပေ။
ရွေးချယ်ပွဲအတွက် ငွေကုန်ကြေးကျများထားပြီး ၉လပိုင်းတွင် စာမေးပွဲ ကျင်းပရဦးမည်ဖြစ်၍ အပျော်အပါးအတွက် အချိန်မပေးနိုင်ပေ။ ဆောင်းဦးလယ်ပွဲတော်ကိုလည်း အကျဉ်းချုံးသာကျင်းပခဲ့သည်။
ယွီမျိုးရိုးသည် မိဖုရားခေါင်ကြီးဘက်သို့ ပါသွားပြီ ဖြစ်သည်။ ပွဲတော်တွင် ကပြဖျော်ဖြေပြီး နောက်တစ်နေ့တွင် အိပ်ဆောင်ဝင်ခွင့်ရရှိခဲ့သည်။
နင်ချန်သည် မျက်နှာလိုက်ခြင်းမရှိဘဲ ကျန်သုံးဦးကိုလည်း အလှည့်ကျ ခေါ်ယူခဲ့သည်။
ဒီကာလအတွင်း လူဟောင်းများထဲမှ ယဲ့ယွင်နှင့် ယိရွှင်ရုန်တို့သာ အရှင်မင်းကြီးနှင့် တွေ့ဆုံခွင့် ရခဲ့သည်။
ယောင်ကျယ်ယွီ၊ ကျန်းဝမ်ရုန်နှင့် ရှမိန်ရန်တို့ တစ်ခေါက်၊ နှစ်ခေါက်ခန့် တွေ့ခွင့်ရသည်။ ကျန်လူများမှာ မတွေ့ရပေ။
လူသစ်များထဲတွင် နင်ချန်သည် ချီချိုက်ရန်ကို သဘောကျပြီး ဝမ်ချိုက်ရန်ကို ဒုတိယနေရာတွင် ထားသည်။ အံ့ဩစရာ ကောင်းသည်မှာ ချင်ပေါင်လင်သည် ထင်သလောက်နေရာမရဘဲ သာမန်ရုပ်ရည်ရှိသော ဟိုပေါင်လင်က ပိုမိုထင်ရှားလာသည်။
.....
"မကြာခင် ချုံးယန်ပွဲတော် ရောက်တော့မယ်။ ဆောင်းဦးလယ်ပွဲတော်တုန်းက အကြီးအကျယ် မလုပ်ခဲ့တော့ ဒီပွဲကို ကြီးကြီးကျယ်ကျယ် လုပ်လောက်တယ်။”
ယွီရှို့အဆောင်တွင် ဟွေယွဲ့က ယပ်တောင်ခတ်ပေးရင်း ပြောလိုက်သည်။
"သေချာပေါက် လုပ်မှာပေါ့။ ဒီတစ်ခါတော့ ပျော်စရာ ကောင်းတော့မယ်။”
ယဲ့ယွင် မျက်လုံးမှေးရင်း ပြောလိုက်သည်။
နန်ကျစ်က ပိုက်ဆံအိတ် ချုပ်ရင်း ဂရုမစိုက်သလို ပြောလိုက်သည်။
"နှစ်တိုင်း ဒီလိုပါပဲ။ ထူးခြားတာမှ မပါတာ။ အိမ်မှာတုန်းကမှ ပိုပျော်ဖို့ ကောင်းသေးတယ်။”
အိမ်မှာတုန်းက ယဲ့ယွင်က ဆရာတစ်ဆူလေ။ အစေခံနှစ်ယောက်ကို ခေါ်ပြီး လျှောက်သွားနေကျ။ ယဲ့ယွင် ရယ်မောလိုက်ပြီး ဖရဲသီးတစ်တုံး စားလိုက်သည်။
"ဒီပျော်စရာက ဟိုပျော်စရာနဲ့ မတူဘူး။ လူသစ်တွေ ရောက်နေတာ ကြာပြီ။ အိပ်ဆောင်ဝင်ပြီးကြပြီ။ ဒါပေမဲ့ ရာထူးမတိုးပေးရသေးဘူး။ ဒီပွဲတော်မှာ တချို့ကို ရာထူးတိုးပေးလောက်တယ်။”
ရာထူးမြင့်လာရင် အချစ်ခံရမှု ကွာခြားလာပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတော့မယ်။
ခုထိတော့ လူသစ်တွေနဲ့ တကယ် မယှဉ်ပြိုင်ရသေးဘူး။ နောက်ပိုင်း ဘာတွေဖြစ်လာမလဲ မသိနိုင်သေးဘူး။
သို့သော် ယဲ့ယွင် မထင်မှတ်ထားသည်မှာ ချုံးယန်ပွဲတော်တွင် ထိုထက်ပိုသော အဖြစ်အပျက်များ ရှိနေခြင်းပင်။
....
၉လပိုင်း ၉ ရက်တွင် ပွဲတော် ကျင်းပသည်။
ကိုယ်လုပ်တော် အရေအတွက်တိုးလာသဖြင့် အနောက်ဆောင်သည် ပိုမိုစည်ကားသိုက်မြိုက်နေသည်။ မိသားစုမေတ္တာကြောင့်လား မသိပေမဲ့ မယ်တော်ကြီးသည် ယခင်ကထက် ပိုမိုနူးညံ့သိမ်မွေ့လာသည်။
အဓိက ထိုင်ခုံတွင်ထိုင်ပြီး ပြုံးရွှင်စွာ စကားပြောနေသည်။
"ရွေးချယ်ပွဲပြီးကတည်းက လူသစ်တွေကို မတွေ့ရတော့ဘူး။ အခုကြည့်ရတာ အားလုံးက ကျက်သရေ ရှိကြတဲ့မိန်းမလေးတွေပဲ။”
မယ်တော်ကြီး ချီးကျူးလိုက်ပြီး ကိုယ်လုပ်တော်များကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
"ချီချိုက်ရန် ဘယ်မှာလဲ။ ထွက်ပြပါဦး"
"ဒီချန်းချဲ့... မယ်တော်ကြီးကို ဂါရဝပြုပါတယ်။”
ချီချိုက်ရန် မတ်တတ်ရပ်လိုက်သည်။
အစိမ်းဖျော့ရောင် ဂါဝန်နှင့် ရိုးရှင်းသော ကျောက်စိမ်း၊ ငွေထည် လက်ဝတ်ရတနာများကို ဝတ်ဆင်ထားသဖြင့် ကြည်လင်သန့်ရှင်းသော အလှတရား ပေါ်လွင်နေသည်။ သူမ၏ မျက်ဝန်းအေးအေးများနှင့် လိုက်ဖက်ညီလှသည်။
ဘယ်သူမှ ဟန်ဆောင်တယ်လို့ မထင်ရလောက်အောင် သဘာဝကျသည်။
"တကယ် လှပတာပဲ။ အိုက်ကျား မြင်မြင်ချင်း သဘောကျသွားပြီ။”
မယ်တော်ကြီး ပြုံးလိုက်ပြီးလက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ချွတ်ပေးလိုက်သည်။
"ပထမဆုံး တွေ့တွေ့ချင်း မျက်စိကျသွားလို့ ဒီလက်ကောက်ကို ဆုချလိုက်မယ်။”
ချီချိုက်ရန် အံ့ဩသွားသော်လည်း ရိုသေစွာ လက်ခံလိုက်သည်။ သို့သော် မယ်တော်ကြီး၏ နောက်စကားက ရည်ရွယ်ချက်ကို ဖော်ပြလိုက်သည်။
"ချန်ကျယ်ယွီလည်း အေးဆေးတည်ငြိမ်ပြီး စာပေလိုက်စားသူပါ။ မင်းတို့နှစ်ယောက် တူညီကြတယ်။ အားရင် သူ့ဆီ သွားလည်ကြပါ။”
ချီချိုက်ရန် မျက်ဝန်းများ အေးစက်သွားပြီး မယ်တော်ကြီး၏ ရည်ရွယ်ချက်ကို နားလည်လိုက်၍ နောက်တစ်ကြိမ် အရိုအသေ ပြုလိုက်သည်။
"အချိန်ရရင် ချန်ကျယ်ယွီဆီ သွားလည်ပါ့မယ်။”
ထိုစကားမှာ ကတိပေးတာလည်း မဟုတ်သလို၊ ငြင်းတာလည်း မဟုတ်ပေ။ သို့သော်ပွဲတော်ထဲမှာဖြစ်သည့်အတွက်မယ်တော်ကြီးက အတင်းအကျပ် ရက်ချိန်းခိုင်းလို့ မရဘူးလေ။ ချန်ကျယ်ယွီ နေရခက်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် မုန့်နဲ့ လက်ဖက်ရည် ပြင်ဆင်ပြီး စောင့်နေပါ့မယ်။”
လူအားလုံးက ချီချိုက်ရန်ကို အာရုံစိုက်နေစဉ် တစ်နေရာမှ အော့အန်သံ ကြားလိုက်ရသည်။
မိဖုရားခေါင်ကြီး မျက်မှောင်ကြုတ်လိုက်ပြီး ကြည့်လိုက်သည်။
"ယောင်ကျယ်ယွီ... ကောင်းကောင်းနေရင်း ဘာဖြစ်တာလဲ။”
ယောင်မျိုးရိုး အမြန်ထလိုက်ပြီး ပါးစပ်သုတ်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။
"ဒီချန်းချဲ့ နေမကောင်းလို့ပါ။ သိုးသားနံ့ ရလိုက်တော့ ပျို့ချင်လာလို့ပါ"
ပြောပြီးသည်နှင့် တစ်ဖက်လှည့်ကာ ထပ်မံ အော့အန်လိုက်ပြန်သည်။
***
wunzinnosp
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-252
အခန်း ၂၅၂ ။ ကြိုတင်အကြောင်းကြားခြင်း
ယဲ့ယွင်က သူမဘေးတွင် ထိုင်နေသည်။
ပွဲစကတည်းက ယောင်မျိုးရိုး အစားအသောက်နည်းပြီး အရက်မသောက်သည်ကို သတိထားမိသည်။ အခု ထပ်အန်နေတော့ တစ်ခုခုကို ဆက်စပ်တွေးမိလိုက်သည်။
"ယောင်ကျယ်ယွီ... အစားမှားတာလား။ ဒါမှမဟုတ် တခြားအကြောင်းအရင်းများရှိနေတာလား၊ အို…ဟုတ်သားပဲ ကိုယ်ဝန်ဆောင်ရင်လည်း အော့အန်တတ်
တယ် ကြားဖူးတယ်။”
ယဲ့ယွင် စကားစလိုက်သည်နှင့် အားလုံးက ဝိုင်းကြည့်ကြသည်။ ယောင်ရှန်း သညါယဲ့ယွင်စကားကြောင့် မျက်မှောင်ကြုတ်ပြီးအနေရခက်စွာ ပြုံးလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်ရမှာလဲ။”
"မင်ရှိုးရုန် ပြောတာလည်း ဟုတ်တယ်။ ယောင်ကျယ်ယွီ... ဘေးဆောင်မှာ သွားနားလိုက်ဦး။ သမားတော် သွားခေါ်ခိုင်းလိုက်မယ်"
မိဖုရားခေါင်ကြီး၏စကားက သူမအတွက်လမ်းကြောင်းပိတ်လိုက်သလို ဖြစ်သွားသည်။ ယောင်ရှန်းသည် မတတ်သာဘဲ ထွက်ခွာသွားရသည်။
မကြာမီ သတင်းထွက်ပေါ်လာသည်။ ယောင်ကျယ်ယွီတွင် အမှန်ပင်ကိုယ်ဝန် တစ်လခွဲရှိနေခဲ့သည်။
ကာယကံရှင်ဖြစ်သောကြောင့် ကိုယ်ဝန်ရှိမှန်း သူမကိုယ်တိုင်သိထားသည်။ သို့သော် စောစောစီးစီး ထုတ်မပြောချင်သေးပေ။ ဒီနေ့ သိုးသားနံ့ကြောင့် မထိန်းနိုင်ဘဲအော့အန်မိသွားခြင်း ဖြစ်သည်။
ယဲ့ယွင် ပါးစပ်သရမ်းလိုက်သည့်အတွက်
မိဖုရားခေါင်ကြီးက သမားတော် ခေါ်စစ်ဆေးခိုင်းလိုက်လို့ ပေါ်သွားခဲ့သည်။ မဟုတ်ရင် သုံးလပြည့်ပြီး ကိုယ်ဝန်ခိုင်မာမှ ပြောမလို့ စိတ်ကူးထားတာ။ အခုတော့ စောစောစီးစီး ကြေညာလိုက်ရပြီ။
ကိုယ်လုပ်တော် ကိုယ်ဝန်ရခြင်းသည် မင်္ဂလာသတင်း ဖြစ်သည်။ အားလုံးက ဝိုင်းဝန်းဂုဏ်ပြုကြသော်လည်း နင်ချန် သိပ်မပျော်ရွှင်ပေ။
သူ့အကြည့်များက ယောင်ရှန်း ရှိရာဘက်သို့ ရောက်သွားပြီးနောက် ယဲ့ယွင်ထံတွင် ရပ်တန့်သွားသည်။ သူနဲ့ အတူနေတာ ယဲ့ယွင်က အများဆုံးပဲကို ဘာလို့ ကိုယ်ဝန်မရသေးတာလဲ။
နောက်ဆုံးတွင်ပွဲ၏အဓိက ဇာတ်ဆောင်က ယောင်မျိုးရိုး ဖြစ်သွားသည်။ မူလက စီစဉ်ထားသော ရာထူးတိုးစာရင်းတွင် ယောင်ရှန်း ပါဝင်လာသည်။
သို့သော် နင်ချန် စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေသဖြင့် ရာထူးမတိုးပေးဘဲ ဘွဲ့ထူးဂုဏ်ပုဒ်သာ ပြန်ပေးလိုက်သည်။ ဖန်းကျယ်ယွီအဖြစ် ဆက်လက်ထားရှိခဲ့သည်။
ချီချိုက်ရန် နှင့် ဝမ်ချိုက်ရန် တို့သည် ဝမ်ရုန်ရာထူးသို့ တိုးမြှင့်ခံရပြီး ဟိုပေါင်လင် နှင့် လီပေါင်လင်တို့သည် ချိုက်ရန် ဖြစ်လာကာယွီချိုက်နွီသည် ပေါင်လင် ဖြစ်လာသည်။
ယဲ့ယွင် ခန့်မှန်းထားသည့်အတိုင်း အားလုံး ရာထူးတိုးသွားကြသည်။ နင်ချန်က မျှတအောင် လုပ်ပေးသည့်အတွက် မိသားစုနောက်ခံ ကောင်းမွန်သူ လေးဦးစလုံး ရာထူးတိုးကြသည်။
ပွဲတော် ပြီးဆုံးချိန်တွင် ညဉ့်နက်နေပြီဖြစ်သောကြောင့် မယ်တော်ကြီးနှင့် မိဖုရားခေါင်ကြီးတို့ ပြန်သွားကြသည်။
မယ်တော်ကြီးက အသက်ကြီးပြီဖြစ်သဖြင့် ပွဲတော်တွင်မနေနိုင်တော့၍ပြန်သွားတာဖြစ်ပြီး မိဖုရားခေါင်ကြီးကတော့ အရှင်မင်းကြီး ဖန်းကျယ်ယွီဆီ သွားလောက်တယ်ထင်လို့ လမ်းဖယ်ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် ယွမ်ကျိုသည် ယဲ့ယွင်ထံသို့ တည့်တည့်လျှောက်လာသည်။
"မင်ရှိုးရုန်... ဒီည ကျိုချန်နန်းဆောင်မှာ အိပ်ဆောင်ဝင်ဖို့ အရှင်မင်းကြီး ခေါ်ခိုင်းလိုက်ပါတယ်။ အရှင်မင်းကြီးနဲ့အတူ လိုက်ခဲ့ပေးပါ။”
ယဲ့ယွင် အဓိက ထိုင်ခုံဘက်သို့ လှမ်းကြည့်လိုက်သည်။ အရှင်မင်းကြီး ဘာတွေ စိတ်ကူးပေါက်နေလဲ မသိသော်လည်း ခေါင်းညိတ်လိုက်သည်။
ကိုယ်လုပ်တော်များသည် ဧကရာဇ်၏ ဝေါယာဉ်ကို စီးခွင့်မရှိသဖြင့် နောက်မှ လိုက်သွားရသည်။
.....
ကျိုချန်နန်းဆောင် ရောက်သည်နှင့် နင်ချန်သည် ယဲ့ယွင်ကို ဆွဲခေါ်သွားပြီး အစေခံအားလုံးကို အပြင်ထုတ်လိုက်သည်။
သူ မူးနေပုံရသည်။ မျက်နှာရဲနေပြီး မျက်လုံးများ မှေးစင်းနေသည်။ ဝင်လာသည်နှင့် ယဲ့ယွင်၏ပခုံးကို ဆုပ်ကိုင်ပြီး အထက်အောက် သေချာ ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် ဗိုက်နေရာ၌ အကြည့်ရပ်သွားသည်။
"ဘာလို့ မရသေးတာလဲ။”
ယဲ့ယွင် ကြောင်သွားပြီး ရယ်မောလိုက်သည်။
"ဒီချန်းချဲ့ ဘယ်သိမလဲ။ ကြည့်ရတာအရှင်မင်းကြီး မကြိုးစားလို့ နေမှာပေါ့။”
ပြောပြီးသည်နှင့် နောင်တရသွားသည်။
နင်ချန်က သူမကို ပွေ့ချီလိုက်ပြီး အတွင်းခန်းဆောင်သို့ ခေါ်သွားတော့သည်။ခန့်ညားလှသူဖြစ်သဖြင့် အရက်မူးနေသော်လည်း ဆွဲဆောင်မှု ရှိနေသည်။ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ချင်းချင်း ပြောတာ ဟုတ်တယ်။ ဒါဆို ဒီည ကျန်း ကြိုးစားပေးမယ်။”
ပြောပြီးသည်နှင့် နားရွက်ကို ကိုက်လိုက်သည်။ အရက်ရှိန်ကြောင့် အားရပါးရ လုပ်ဆောင်နေသဖြင့် ယဲ့ယွင် နောင်တရပြီး လျှာကို ကိုက်ဖြတ်ချင်စိတ် ပေါက်သွားသည်။
ဗိုက်ဆာနေသော ဝံပုလွေရှေ့တွင် ယုန်
ကလေးက မည်သို့တတ်နိုင်မည်နည်း။ တစ်ညလုံး အနိုင်ကျင့်ခံလိုက်ရသဖြင့် လက်ချောင်းလေးများပင် နာကျင်ကိုက်ခဲနေသည်။ နင်ချန် မူးနေသဖြင့် ကိစ္စပြီးသည်နှင့် အားကုန်သွားသည်။
နှစ်ယောက်သား အဝတ်မပါဘဲ ပူးကပ်အိပ်စက်နေကြသည်။ ယဲ့ယွင်က ချွေးတွေနှင့် စေးကပ်နေသဖြင့် ရေမချိုးရမချင်း မအိပ်နိုင်ဟု ဂျီကျနေသည့်အတွက် နင်ချန် မလွန်ဆန်နိုင်ဘဲ ဝတ်ရုံရှည်ဖြင့် နှစ်ယောက်လုံး ပတ်ပြီး ရေချိုးကန်သို့ ခေါ်သွားသည်။
အဲ့ဒီမှာလည်း အိပ်စရာရှိသဖြင့် ရေချိုးပြီး အိပ်ဆောင်သို့ ပြန်မသွားတော့ဘဲ ထိုနေရာမှာသာ အိပ်လိုက်ကြသည်။
.....
နောက်တစ်နေ့ မနက်တွင် ယွမ်ကျို လာနှိုးမှ နင်ချန် နိုးလာပြီးခေါင်းကိုက်နေသည်။
မနေ့ညက သောက်ထားတာ များသွားပြီး အမူးပြေဟင်းရည် မသောက်ခဲ့သဖြင့် မသက်မသာဖြစ်နေသည်။ ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မိန်းမလှလေးကို ကြည့်ပြီး စိတ်နူးညံ့သွားသည်။
သူမ နိုးသွားမည်ကို စိုးရိမ်သောကြောင့်အပြင်ထွက်ပြီး အဝတ်အစားလဲလိုက်
သည်။
"ယွမ်ကျို ဖုန်းရှီးနန်းဆောင်ကို သွားပြီး မင်ရှိုးရုန် ဒီနေ့ ဂါရဝပြုပွဲ မလာနိုင်ကြောင်း ပြောလိုက်ပါ။”
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"
ယွမ်ကျို ထွက်သွားရန် ပြင်လိုက်သည်။
"နေဦး... ခဏနေရင် သမားတော်ချုပ်ကျန်းကို ခေါ်ပြီး မင်ရှိုးရုန်ကို စစ်ဆေးခိုင်းလိုက်။”
ဒီလောက်ကြာတာတောင် ကိုယ်ဝန်မရသေးသဖြင့် ယဲ့ယွင် ကျန်းမာရေးမကောင်းဘူးလားဟု စိုးရိမ်နေသည်။ ပုံမှန်စစ်ဆေးပေးနေသော သမားတော်ရှန်က ငယ်ရွယ်သူမို့ ရောဂါမတွေ့တာ ဖြစ်နိုင်သည်ဟု တွေးမိသည်။
ယွမ်ကျို သဘောပေါက်ပြီး ထွက်ခွာသွားသည်။
......
ဖုန်းရှီးနန်းဆောင်တွင် အခြားကိုယ်လုပ်တော်များသည် အရှင်မင်းကြီးက ယဲ့ယွင်ကို အထူးအခွင့်အရေးပေးထားကြောင်း ကြားသိရသောအခါ မနာလို ဖြစ်နေကြသည်။
ထို့ကြောင့်ယဲ့ယွင် မရှိခိုက် အတင်းပြောကြသည်။ သို့သော် ဝမ်ရွှင်ရုန်နှင့် ကျိုးဝမ်ရုန်တို့က ယဲ့ယွင်ဘက်မှ ကာကွယ်ပေးကြသည်။
တကယ်တမ်းတွင် လက်ရှိ အာရုံစိုက်ခံရဆုံးသူမှာ ဖန်းကျယ်ယွီ ဖြစ်သည်။ ဗိုက်ထဲက ကလေးက အဖိုးတန် ရတနာပဲလေ။
....
ယဲ့ယွင်သည် မနက် ၉ နာရီအထိ အိပ်နေသည်။ အစေခံများ လာနှိုးသော်လည်း အိပ်ရေးမဝသဖြင့် ခေါင်းအုံးနှင့် ပစ်
ပေါက်လိုက်ကာ ဆက်အိပ်နေသည်။ ဘယ်သူမှ ထပ်မနှိုးရဲတော့ပေ။ နင်ချန် ပြန်ရောက်လာချိန်တွင် သူမ ဆံပင်ဖြီးနေသည်ကို တွေ့လိုက်ရသည်။
ခေါင်းအုံးနှင့် ပစ်ပေါက်သည့်ကိစ္စကို နင်ချန် ကြားထားပြီး ဖြစ်၍ ပြုံးစစဖြင့် ဝင်လာသည်။
"ကြောင်ပျင်းလေး... ဒီအချိန်ထိ အိပ်နေတာ နန်းတော်ထဲမှာ မင်းတစ်ယောက်ပဲ ရှိတယ်။”
"အရှင်မင်းကြီးက သန်မာပေမဲ့ ဒီချန်းချဲ့က နုနယ်တယ်လေ။ အရှင်မင်းကြီး ညှာတာရင် အိပ်ရာမထနိုင်လောက်အောင်ဖြစ်မှာ မဟုတ်ဘူး။”
ယဲ့ယွင် နှာမှုတ်လိုက်သော်လည်း နင်ချန်ကို လက်လှမ်းပြပြီး ချွဲလိုက်သည်။ လက်ကို ဆွဲပြီး ဘေးတွင် ထိုင်စေကာ မိတ်ကပ်လိမ်းတာ ကြည့်ခိုင်းသည်။ ဟွေယွဲ့က ကျွမ်းကျင်စွာ ပြင်ဆင်ပေးနေသည်။
ထိုအချိန်တွင် အပြင်ဘက်၌ စောင့်ဆိုင်းနေသော သမားတော်ချုပ်ကျန်း ဝင်ခွင့်ရလာသည်။ သို့သော်ယဲ့ယွင် သံသယမဝင်စေရန် နင်ချန် ကြိုတင်စီစဉ်ထားသည်။
သမားတော်ကျန်း ဝင်လာပြီး လျှောက်တင်သည်။
"အရှင်မင်းကြီးကို ကျန်းမာရေး စစ်ဆေးဖို့ လာပါတယ်"
"ကောင်းပြီ။ စစ်ဆေးလိုက်ပါ။ မင်ရှိုးရုန်လည်းရှိနေတာနဲ့ တစ်ခါတည်း စစ်ဆေးပေးလိုက်ပါ။”
"ဟုတ်ကဲ့ပါ"
သမားတော်ကျန်း နင်ချန်ကို အရင်စစ်ဆေးသည်။
အသည်းမီးဟုန်းထနေသဖြင့် အပူကျဆေး ပေးလိုက်သည်။ ထို့နောက် ယဲ့ယွင်ကို စစ်ဆေးရာ မျက်နှာထား လေးနက်သွားသည်။
ဘယ်ဘက်လက်ကို စမ်းကြည့်ပြီး မျက်လုံး အရောင်တောက်လာသည်။ ထို့နောက် ညာဘက်လက်ကို ပြောင်းစမ်းသည်။
ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီချန်းချဲ့ ကျန်းမာရေး တစ်ခုခုဖြစ်နေလို့လား။ ဘာလို့ နှစ်ခါပြန်စမ်းနေတာလဲ။”
သမားတော်ကျန်း ပြုံးပြီး ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး။ ရှိုးရုန်ရဲ့ ကျန်းမာရေး ကောင်းပါတယ်။ သွေးခုန်နှုန်းက ကိုယ်ဝန်ဆောင် လက္ခဏာ ပြနေလို့ပါ။ ဒါပေမဲ့ တစ်လမပြည့်သေးတော့ မသေချာလို့ နောက်တစ်ဖက် ပြန်စမ်းကြည့်တာပါ။”
"ဘာပြောလိုက်တယ်။”
ယဲ့ယွင်နှင့် ဟွေယွဲ့ ပြိုင်တူ အော်လိုက်ကြကာ အံ့ဩသွားကြသည်။
နင်ချန်လည်း အံ့ဩသွားပြီးနောက် ဝမ်းသာအားရဖြစ်သွားကာ သမားတော်ကျန်းကို အတင်းမေးလိုက်သည်။
"သေချာရဲ့လား။ ကိုယ်ဝန်အခြေအနေ ကောင်းရဲ့လား။ ရှောင်ရန်ဆောင်ရန်တွေ ရှိလား"
***