← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 16 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 16 Ch. 255-256

အခန်း ၂၅၅ ။ အံ့အားသင့်စရာ

ယဲ့ယွင် ကိုယ်ဝန် နှစ်လပြည့်ပြီဖြစ်သောကြောင့် သူငယ်ချင်းနှစ်ယောက်ကို ဆက်လက်ဖုံးကွယ်ထားရန် အစီအစဉ် မရှိတော့ပေ။ ထို့ကြောင့် မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း တွေ့ဆုံလိုက်သည်။

ဝမ်ရွှင်ရုန် နှင့် ကျိုးဝမ်ရုန်တို့ ရောက်လာသောအခါ ယဲ့ယွင်၏မျက်နှာသည် နီရဲတွတ်ပြီး ကျန်းမာရွှင်လန်းနေသည်ကို တွေ့လိုက်ရသည်။ သူမတို့ အံ့ဩနေသည်ကို ကြည့်ပြီး ယဲ့ယွင် ရယ်မောလိုက်သည်။

မဆိုင်သော အစေခံများကို အပြင်ထုတ်လိုက်ပြီး ဟွေယွဲ့ နှင့် နန်ကျစ်ကိုသာ ထားခဲ့သည်။

"တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ လူများရင် သတင်းပေါက်ကြားမှာ စိုးလို့ပါ။ လုံခြုံရေးအတွက်မို့ နားလည်ပေးပါအုံး။”

ဝမ်ရွှင်ရုန် နားမလည်နိုင်ပေ။

"ညီမလေး... ဘာတွေဖြစ်နေတာလဲ။ အစ်မတော့ နားမလည်တော့ဘူး"

ကျိုးဝမ်ရုန်လည်း ထို့အတူပင်။

"ညီမမှာ ကိုယ်ဝန်ရှိနေပြီ။ နှစ်လပြည့်တော့မယ်"

ယဲ့ယွင် တိုးတိုးလေး ပြောလိုက်သည်။

ဒီစကားသည် သူမတို့နှစ်ယောက်အတွက် မိုးကြိုးပစ်လိုက်သလို ဖြစ်သွားပြီးပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"အို... ညီမလေးရယ်။ တော်တော် လုံအောင် ဖုံးထားတာပဲ။ စောစောသိရင် မကြာခဏ လာကြည့်ပြီး ကလေးပြုစုနည်းတွေ သင်ပေးမှာပေါ့။”

ဝမ်ရွှင်ရုန် ရယ်မောလိုက်သည်။ ဗိုက်ကို ကြည့်ပြီး တွက်ချက်လိုက်သည်။

"တွက်ကြည့်ရသလောက်ဆိုရင် ဖန်းကျယ်ယွီရဲ့ ကိုယ်ဝန်နဲ့ ရက်သိပ်မကွာဘူးပဲ။ ကံကောင်းလိုက်တာ။”

ကျိုးဝမ်ရုန်လည်း ဝမ်းသာသွားသည်။ သို့သော် ချက်ချင်း စိတ်ပူလာသည်။

"အစ်မတော်က ဒီလို ဖုံးကွယ်ထားတာ အရှင်မင်းကြီး သိရဲ့လား။ နောက်မှ သိသွားရင် အပြစ်ပေးမှာ စိုးလို့ပါ"

"နင်က တုံးလိုက်တာ။ အရှင်မင်းကြီးက ရက်ပိုင်းခြားပြီး လူလွှတ်ကြည့်နေတာ မသိဘူးလား။”

ဝမ်ရွှင်ရုန်က ကျိုးဝမ်ရုန်၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်သည်။ ကျိုးဝမ်ရုန် ရှက်သွားသည်။ ဝမ်ရွှင်ရုန်သည် အချစ်ခံရမှုကို စိတ်မဝင်စားတော့ဘဲ သမီးလေးအတွက်သာ အာရုံစိုက်နေသည်။ ယဲ့ယွင်နှင့် ကျိုးဝမ်ရုန်ကို ညီမအရင်းလို သဘောထားသည်။ ညီမလေးတွေ အဆင်ပြေရင် သူလည်း မျက်နှာပွင့်တာပဲလေ။

သူမတို့နှစ်ယောက် တစ်နာရီခန့် စကားပြောပြီး ပြန်သွားကြသည်။ ယဲ့ယွင် အနားယူစေရန် နေ့လည်စာ အတူမစားတော့ပေ။

.....

နေ့လည်ခင်းတွင် နင်ချန် ရောက်လာပြီး ယဲ့ယွင် လက်ကိုင်ပဝါ ထိုးနေချိန် ဖြစ်သည်။

ပုံမှန်အားဖြင့် သူမ မကြိုက်သော်လည်း ကလေးမွေးလာရင် ကိုယ်တိုင်ချုပ်ပေးချင်သဖြင့် လေ့ကျင့်နေခြင်း ဖြစ်သည်။

ဟွေယွဲ့ ဆွဲပေးထားသော ပုံကြမ်းအတိုင်း လိုက်ထိုးနေသည်။

"ဘာလို့ ပန်းထိုးနေတာလဲ။ မျက်လုံးထိခိုက်လိမ့်မယ်။ အနားယူသင့်တယ်လေ။”

နင်ချန် ဝင်လာသည်နှင့် ပြောလိုက်သည်။

ယဲ့ယွင် ပန်းထိုးဘောင်ကို ချထားပြီး မတ်တတ်ရပ်လိုက်သည်။

"အရှင်မင်းကြီး လာတာ ကြိုမပြောဘူး။ ဒီတိုင်း အပျင်းပြေ လုပ်နေတာပါ။ မပင်ပန်းပါဘူး"

"ကြိုပြောလိုက်ရင် နေ့လည်စာ ပြင်ဆင်နေရမှာစိုးလို့ မပြောခိုင်းလိုက်တာ"

နင်ချန် လက်ဆွဲပြီး ပြတင်းပေါက်ဘေးရှိ ဆိုဖာပေါ်တွင် အတူထိုင်လိုက်သည်။

"ဒီနေ့ မင်းမွေးနေ့လေ။ ရွှေငွေလက်ဝတ်ရတနာတွေက ရိုးနေပြီ။ ဒီတစ်ခါ ထူးခြားတာ ပေးမယ်။”

"ဘာလဲဟင်"

ယဲ့ယွင် မျက်လုံးများ အရောင်တောက်လာပြီး သကြားလုံး လိုချင်သော ကလေးလေးနှင့် တူနေသည်။

တကယ်တမ်းတွင် ယဲ့ယွင်သည် ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန် တက်လာပြီး မျက်နှာလေး ပြည့်ဖောင်းလာသဖြင့် ပိုပြီး ငယ်ရွယ်နုပျိုပုံ ပေါက်နေသည်။ မိခင်လောင်းနှင့် မတူဘဲ အပျိုစင်လေးနှင့် တူနေသည်။

နင်ချန် မနေနိုင်ဘဲ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်သည်။ အထိအတွေ့က ကောင်းလိုက်တာ။ နန်းတွင်းတွင် ကိုယ်ဝန်ဆောင်ဖူးသူများ ရှိသော်လည်း ယဲ့ယွင်လောက် ကျန်းမာရွှင်လန်းသူ မရှိပေ။ ချစ်စရာကောင်းလိုက်တာ။

"ကျန်းက နေရာသစ် ပြောင်းပေးမယ် ပြောထားတယ်လေ။ အခု မင်းကြိုက်တဲ့နေရာ ရွေးလိုက်တော့"

နင်ချန် ပြုံးပြီး ပြောလိုက်သည်။

ယွမ်ကျို လက်ထဲမှ စာလိပ်ကို ယူပြီး စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။ ထိုစာလိပ်မှာအနောက်ဆောင် မြေပုံဖြစ်ပြီး အဆောင်အားလုံး ပါဝင်သည်။

ဒီလို အံ့အားသင့်စရာကို ယဲ့ယွင် မမျှော်လင့်ထားပေ။ ကိုယ်လုပ်တော်များ၏ နေထိုင်ရာကို ဧကရာဇ် သို့မဟုတ် မိဖုရားခေါင်ကြီးက သတ်မှတ်ပေးလေ့ရှိသည်။ ကိုယ်တိုင် ရွေးချယ်ခွင့်ရခြင်းသည် ကြီးမားသော မျက်နှာသာပေးမှု ဖြစ်သည်။

ယဲ့ယွင် မထိန်းနိုင်တော့ဘဲ နင်ချန်၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်သည်။

"အရှင်မင်းကြီးက ဒီချန်းချဲ့အပေါ် အရမ်းကောင်းတာပဲ။”

အစေခံများရှေ့တွင် နမ်းလိုက်သဖြင့် နင်ချန် မျက်နှာရဲသွားပြီး ရင်ခုန်သွားသော်လည်ဍ ချောင်းဟန့်လိုက်ပြီး ယဲ့ယွင်ကို နေရာရွေးခိုင်းလိုက်သည်။

ယဲ့ယွင် သေချာကြည့်ရှုပြီးနောက် နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"ကျောက်ချွန်းနန်းဆောင်?"

နင်ချန် ဖတ်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

"ဘာလို့ ရယ်တာလဲဟင်"

"အို... ရှိုးရုန်နဲ့ အရှင်မင်းကြီးက တကယ် စိတ်ချင်းဆက်နေတာပဲ။ ဒီနေ့ ကျိုချန်နန်းဆောင်မှာ အရှင်မင်းကြီးက ရှိုးရုန် ဒီနေရာကို ရွေးမယ်လို့ ပြောနေတာ။”

ယွမ်ကျို ဝင်ရှင်းပြလိုက်ရာ ယဲ့ယွင်လည်း ရယ်မောလိုက်သည်။

နင်ချန် လက်ဖက်ရည် တစ်ငုံသောက်ပြီး ရှင်းပြသည်။

"ကျောက်ချွန်းနန်းဆောင်က မူလက နန်းတော်အဆင့် ရှိတယ်။ ဒါပေမဲ့ ခြံဝင်းက သေးငယ်ပြီး အဆောင်ထက် ကြီးနေလို့ ဧကရာဇ်ဟောင်းလက်ထက်မှာ အဆောင်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာ။ ဘေးနားမှာ ပန်းခြံငယ်လေးနဲ့ ရေကန် ရှိတယ်။ ဒါပေမဲ့ ကျိုချန်နန်းဆောင်နဲ့ ဖုန်းရှီးနန်းဆောင်နဲ့တော့ နည်းနည်းဝေးတယ်"

"ဒါဆိုရင် ရတနာရလိုက်တာပေါ့။ တခြားနေရာတွေထက် ပိုကျယ်တာပဲ။ အရှင်မင်းကြီး စိတ်ထဲမှာ ဒီချန်းချဲ့ ရှိနေသရွေ့ ဝေးတယ်ဆိုတာ မရှိပါဘူး။”

ယဲ့ယွင် ပြုံးလိုက်သည်။ မြေပုံကြည့်တုန်းက ဒီနေရာက အေးဆေးဆိတ်ငြိမ်လို့ ရွေးလိုက်တာ။ ဘေးနားမှာ ပန်းခြံနဲ့ ရေကန်ပဲ ရှိတယ်။ တခြားလူနေအိမ်တွေနဲ့ လည်း ဝေးတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ အနားယူဖို့ အသင့်တော်ဆုံးပဲ။

နင်ချန် သူမလက်ကို ဆော့ကစားရင်း ပြောလိုက်သည်။

"အခုမှ နှစ်လပဲ ရှိသေးတယ်။ သုံးလပြည့်မှ ကြေညာမယ်။ အဲ့ဒီအချိန်ကျရင် ၁၁လပိုင်း ရောက်နေပြီ။ ဆောင်းတွင်းကြီး ပြောင်းရွှေ့ရတာ အဆင်မပြေလောက်ဘူး။ အဲ့ဒါကြောင့် နေရာဦးထားပြီး နောက်နှစ် ၂ လပိုင်းကျမှ ပြောင်းကြတာပေါ့။ နဂါးခေါင်းထောင်တဲ့ လဆိုတော့ နိမိတ်ကောင်းတယ်လေ"ဍ။”

"အရှင်မင်းကြီး စီစဉ်တာ ပြည့်စုံပါတယ်။ ဒီချန်းချဲ့က အရှင်မင်းကြီး ရင်ခွင်ထဲက ငှက်ကလေးလိုပဲ နေလိုက်ပါ့မယ်။”

ယဲ့ယွင် နွဲ့ပြီး မှီလိုက်သည်။ နင်ချန်လည်းသူမကို ဖက်ထားပြီး ရယ်မောလိုက်သည်။

"မင်းက ငှက်ကလေး မဟုတ်ပါဘူး။ ပျင်းရိလွန်းတဲ့ မြေခွေးမလေး ကျန်း စီစဉ်ပေးတာကို စောင့်နေတာမလား။”

"ပျင်းတာ ကောင်းတာပေါ့။ အရှင်မင်းကြီးက ချစ်တာပဲဟာ။”

ယဲ့ယွင် မျက်လုံးမှေးပြီး ပြုံးကာ လည်ပင်းကို သိုင်းဖက်လိုက်သည်။

ဒီကောင်မလေးတော့ ကိုယ်ဝန်ရှိနေတာတောင် မငြိမ်ဘူး။ ဒီနေ့ နင်ချန် နေ့လည်စာ အတူစားပြီး တစ်နာရီခန့် အတူအိပ်စက်ကာ ပြန်သွားသည်။ သူ နေချင်သော်လည်း ယဲ့ယွင်က ဖျားနာသည်ဟု သတင်းလွှင့်ထားသဖြင့် ညအိပ်၍ မရပေ။ ထို့အပြင် ကိုယ်ဝန်ရှိနေသဖြင့် စိတ်မထိန်းနိုင်ဘဲ မှားယွင်းမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော် ယွီရှို့အဆောင်တွင် နေ့ဝက်ခန့်နေသွားသဖြင့် အခြားကိုယ်လုပ်တော်များက မနာလို ဖြစ်နေကြသည်။ နေမကောင်းတာတောင် မငြိမ်ဘဲ အရှင်မင်းကြီးကို မြှူဆွယ်နေတယ်လို့ ပြောကြတော့သည်။

ယဲ့ယွင် ဂရုမစိုက်ပေ။ ကိုယ်ဝန်အတွက်သာတိတ်တဆိတ် အားမွေးနေခဲ့သည်။

သုံးလပြည့်ပြီး ကိုယ်ဝန်ရှိကြောင်း ကြေညာလိုက်ရင် လူတွေ ဘယ်လို မျက်နှာထား ဖြစ်သွားမလဲ ဆိုတာ ကြိုမြင်ယောင်နေမိသည်။

....

ယဲ့ယွင် အေးဆေးနေနိုင်သော်လည်း ကိုယ်ဝန်ဆောင်ထားသော ယောင်ရှန်းမှာမူ စိတ်မချမ်းသာပေ။

ဒီနေ့ သူမ၏ အဝတ်အစားသစ်များပေါ်တွင် မသန့်ရှင်းသော အရာများ တွေ့ရှိခဲ့သည်။

အဝတ်အစား တစ်ထည်ဖြစ်လာဖို့ အဆင့်ဆင့် ဖြတ်သန်းရသဖြင့် ဘယ်သူ့လက်ချက်လဲ ဆိုတာ စုံစမ်းရခက်သည်။

ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း မန်ကျည်းဖျော်ရည်ထဲမှာ ဆေးခတ်ခံရသေးတယ်။ အဲ့တာကို ကျီကျူးက အရသာထူးခြားနေလို့ သတိထားမိလိုက်လို့တော်သေးတယ်။

ကိုယ်ဝန်ရှိတာ သိပြီး တစ်လလောက်အတွင်း နှစ်ကြိမ်တောင် လုပ်ကြံခံရပြီ။

တကယ်ကို ကာကွယ်ရ ခက်ခဲလှပေသည်။

***

wunzinnosp

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -256

အခန်း ၂၅၆ ။ စမ်းသပ်ခြင်း

"ချီအန်းနန်းဆောင်ကို သွားပြီး ထိုက်ကွေ့ဖေးကို ပြောလိုက်ပါ။ ငါ ဆေးပညာ နားလည်တဲ့ အစေခံတစ်ယောက် လိုအပ်နေတယ်လို့"

ယောင်ရှန်း မျက်နှာထား တင်းမာစွာဖြင့် ကျီကျူးကို အမိန့်ပေးလိုက်သည်။

သမားတော်ဟူ နန်းတော်မှ ထွက်ခွာသွားရခြင်းကြောင့် သူမတွင် ယုံကြည်ရမည့် သမားတော် မရှိတော့ပေ။ စဉ်းစားလေ ဒေါသထွက်လေပင်။

ဘဝနှစ်ခုလုံး အားကိုးခဲ့ရသော သမားတော်ကို ယဲ့မျိုးရိုး နှင့် ဝူမျိုးရိုး တို့ ပူးပေါင်းပြီး မောင်းထုတ်လိုက်ကြသည့်အတွက် ယခုအခါသူမ တစ်ကောင်ကြွက် ဖြစ်နေခဲ့သည်။

သူမ မပြောပေမဲ့လည်း မယ်တော်ကြီးက အမြဲ သတိရနေသည်။ ကျီကျူး ပြန်ရောက်လာသောအခါ ရုပ်ရည် သာမန်သာရှိသော မိန်းမစိုးတစ်ဦး ပါလာသည်။

အသက် ၃၀ ကျော်ခန့် ရှိပြီး အသားဖြူကာ မျက်နှာဝိုင်းဝိုင်းလေးနှင့် ပြုံးနေကာ အင်အားကြီးသူကို ရင်ဆိုင်ရန် အားနည်းသူ ဟန်ဆောင်ထားသကဲ့သို့ ရှိသည်။

"ကျယ်ယွီ... ဒါက ဟိုင်ကုန်းကုန်း ပါ"

"ကျွန်တော်မျိုး ဟိုင်ရှန်း ပါ။ ဖန်းကျယ်ယွီ ကို ဂါရဝပြုပါတယ်။”

ဟိုင်ကုန်းကုန်း ဒူးညွှတ်အရိုအသေပြုလိုက်သည်။

"ထပါ။ မယ်တော်ကြီး ညွှန်ပေးလိုက်တယ်ဆိုတော့ အရည်အချင်းရှိမှာ သေချာပါတယ်။”

ယောင်ရှန်း လက်ကာပြလိုက်သည်။

"ကျယ်ယွီ မြှောက်ပင့်လွန်းပါပြီ။ ကျွန်တော်မျိုးက အဆိပ်အတောက် ခွဲခြားတတ်ရုံ သက်သက်ပါ။ နန်းတွင်းမရောက်ခင်က ဆေးဆိုင်ဖွင့်ခဲ့ဖူးပါတယ်။ နန်းတွင်းရောက်တော့ သမားတော်ဆောင်မှာ ၁၀ နှစ်လောက် အလုပ်ကြမ်း လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း မယ်တော်ကြီးဆီ ရောက်လာတာပါ။ အခု ကျယ်ယွီကို ပြုစုဖို့ ရောက်လာပါပြီ။”

၎င်းကနှိမ့်ချပြောဆိုခြင်း ဖြစ်သည်။

ယောင်ရှန်းကလည်း ဆေးပညာ ကျွမ်းကျင်သူကို မျှော်လင့်မထားပါဘူး။ အဆိပ်အတောက် ခွဲခြားတတ်ရင် လုံလောက်ပါပြီ။

"ဟိုင်ကုန်းကုန်းမှာ ဒီလိုအရည်အချင်း ရှိနေမှတော့ ငါ စိတ်ချလက်ချ အိပ်လို့ရပြီ။ နောက်နောင် ဝေ့ရွယ်ဆောင်ထဲ ဝင်လာသမျှ ပစ္စည်းတွေကို သေချာ စစ်ဆေးပေးပါ။”

"စိတ်ချပါ။ ကျွန်တော်မျိုး တာဝန်ယူပါ့မယ်။”

ဟိုင်ကုန်းကုန်း ဒူးထောက်ပြီး ဦးခိုက်လိုက်သည်။ ၎င်းမှာသစ္စာခံလိုက်ခြင်း ဖြစ်သည်။

အာဏာမရှိတော့သော ထိုက်ကွေ့ဖေးနှင့် အနာဂတ်ရှိသော ကိုယ်ဝန်ဆောင် ကိုယ်လုပ်တော်ယှဉ်လိုက်လျှင် ဒုတိယလူက ပိုကောင်းသည် မဟုတ်လား။

ဟိုင်ကုန်းကုန်း ရောက်လာပြီးနောက် ယောင်ရှန်း စိတ်ချသွားသည်။

သူက တကယ်ပင်အရည်အချင်း ရှိသည်။ သူ စစ်ဆေးပေးပြီးနောက် ယောင်ရှန်းထံသို့ မသန့်ရှင်းသော ပစ္စည်းများ မရောက်လာတော့ပေ။

....

အချိန်သည်လျင်မြန်စွာကုန်လွန်ခဲ့ပြီး ၁၁လပိုင်းသို့ ရောက်လာသည်။

ကိုယ်ဝန်ရှိကြောင်း ကြေညာရမည့်အချိန် နီးကပ်လာပြီ ဖြစ်၍ ယဲ့ယွင်သည် ကျန်းမာရေး ပြန်ကောင်းလာကြောင်း တဖြည်းဖြည်း သတင်းဖြန့်လိုက်သည်။

အခန်းထဲ အောင်းနေရတာ ကြာပြီဖြစ်သောကြောင့် အပြင်ထွက် လမ်းလျှောက်ချင်

နေသည်။ ဆောင်းတွင်းရောက်၍ နှင်းကျလာပါက ကိုယ်ဝန်ကြောင့်ချော်လဲမှာစိုးသည့်အတွက် အပြင်မထွက်ရန်ကြိုတင်စဉ်းစားထားခဲ့သည်။ ထို့ကြောင့် အခု နှင်းမကျခင်လမ်းလျှောက်ထွက်ခြင်းသည်ပိုကောင်းပေသည်။ အစေခံများနှင့်အတူ ဥယျာဉ်တော်သို့ ထွက်လာခဲ့သည်။

ဆောင်းရာသီတွင် မက်မွန်ပွင့်များသာ ပွင့်လေ့ရှိသည်။ သခင်မများ စိတ်မညစ်စေရန် ဥယျာဉ်တော်ထဲတွင် ရောင်စုံ မက်မွန်ပွင့်များ စိုက်ပျိုးထားသည်။ လှပသော်လည်း ဆန်းသစ်မှု မရှိပေ။

နန်းတွင်းသူတွေ အပြင်ထွက်ချင်ကြတာ မဆန်းပါဘူး။ နီရဲသော တံတိုင်းနှင့် စိမ်းလန်းသော ကြွေပြားတွေက ကြည့်ရတာ ငြီးငွေ့စရာ ကောင်းတယ်လေ။

ညန်ကောင်းသည် သူမ၏ ရှေ့နောက်တွင် ပြေးလွှားဆော့ကစားနေသည်။ အစေခံများသည် ယဲ့ယွင် ထိခိုက်မည်စိုး၍ ဝိုင်းရံထားကြသည်။ ပိုင်ရှုက ရှေ့က သွားသည်။ ဟွေယွဲ့ နှင့် နန်ကျစ် က ဘေးတစ်ဖက်စီတွင် နေသည်။ လုကျီ နှင့် လုဟယ်က နောက်က လိုက်သည်။

လူအုပ်ကြီးနှင့် သွားရသဖြင့် ယဲ့ယွင် နေရခက်နေသည်။ ခဏလမ်းလျှောက်ပြီးနောက် မောပန်းလာသဖြင့် ဇရပ်တစ်ဆောင်တွင် နားခိုလိုက်သည်။ ထိုအချိန်ကျမှ အစေခံများ ပြင်ဆင်လာသော ပစ္စည်းများကို တွေ့လိုက်ရသည်။

နန်ကျစ်က စောင်ထူထူ နှစ်ထည် ယူလာသည်။ တစ်ထည်က ထိုင်ဖို့နှင့်နောက်

တစ်ထည်က ခြေထောက်လွှမ်းဖို့ပင်။

ဟွေယွဲ့က လက်ကိုင်မီးဖိုယူလာခဲ့သည်။ အချိန်ကြာသော်လည်း နွေးနေဆဲ ဖြစ်သည်။ လုကျီနှင့် လုဟယ်က မီးဖိုငယ်လေး တစ်လုံးနှင့် မီးသွေးများ ယူလာသည်။ ထိုင်လိုက်သည်နှင့် မီးဖိုမွှေးပြီး ခြေထောက်နားတွင် ချပေးလိုက်သည်။

"နင်တို့ကလည်း... အပြင်ထွက်တာ အိမ်ပြောင်းသလိုပဲ။ မပင်ပန်းဘူးလား။”

ယဲ့ယွင် ရယ်မောလိုက်သည်။

"အို... ရှိုးရုန်ရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ။ အအေးမိလို့ မဖြစ်ဘူး။ ဒါတောင် နည်းနေသေးတယ်။”

ပိုင်ရှု ပြုံးပြီး ပြောလိုက်သည်။

ဒီလောက် ဂရုစိုက်ခံရတော့ ယဲ့ယွင် ကိုယ့်ကိုယ်ကိုယ် ကျိုးပဲ့လွယ်သော ကြွေရုပ်လေးလို ခံစားနေရသည်။ သူမတို့ ပျော်ရွှင်စွာ စကားပြောနေစဉ် လူနှစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ဒီချန်းချဲ့ ဝမ်ဝမ်ရုန်... မင်ရှိုးရုန်ကို ဂါရဝပြုပါတယ်။”

အနားရောက်မှ မကြာသေးမီက နာမည်ကြီးနေသော လူသစ်ဖြစ်ကြောင်း ယဲ့ယွင် သိလိုက်ရသည်။

"ထပါ။ ဝင်ထိုင်ပါ"

ယဲ့ယွင် လက်ကာပြလိုက်သည်။

ဝမ်မျိုးရိုး ပြုံးပြီး ဇရပ်ထဲဝင်ကာ ယဲ့ယွင်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

ထို့နောက်ယဲ့ယွင်ကို အကဲခတ် ကြည့်ရှုလိုက်သည်။

"ဒီရက်ပိုင်း မင်ရှိုးရုန် နေမကောင်းဘူး ကြားတယ်။ အခုကြည့်ရတာ မျက်နှာအဆင်း ကောင်းမွန်နေပါပြီ။ သက်သာသွားပြီ ထင်တယ်။ နှောင့်ယှက်မိမှာစိုးလို့ မလာခဲ့တာပါ"

"အနားယူလိုက်လို့ သက်သာသွားပါပြီ"

ယဲ့ယွင် တည်ငြိမ်စွာ ဖြေလိုက်သည်။

ဝမ်မျိုးရိုး မျက်လုံးကစားလိုက်ပြီး အစေခံလက်ထဲမှ မက်မွန်ပန်းစည်းကို ယူလိုက်သည်။

"ဒီနေ့ အပြင်ထွက်ရင်း မက်မွန်ပန်းတွေ ခူးလာတယ်။ လှတာလေးတွေ ရွေးထားတာ။ ရှိုးရုန်ကို ပေးပါရစေ။ မြန်မြန် ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။”

ယဲ့ယွင် တစ်ချက်ကြည့်လိုက်သည်။

ပန်းစည်းက လှပပြီး သေချာရွေးချယ်ထားကြောင်း သိသာသည်။ သို့သော် စိတ်မဝင်စားပေ။ ပြုံးပြီး ငြင်းဆန်လိုက်သည်။

"ဝမ်ရုန် ကြိုးစားပမ်းစား ရွေးထားတာကို မယူရက်ပါဘူး။ ပြန်ယူသွားပြီး အလှဆင်လိုက်ပါ။ စေတနာကိုတော့ လက်ခံပါတယ်"

ဝမ်မျိုးရိုး ရယ်မောလိုက်သည်။

"ရှိုးရုန် အထင်လွဲနေပြီ။ ဒီချန်းချဲ့က မက်မွန်ပန်းကို သိပ်မကြိုက်ပါဘူး။ဆောင်းတွင်းမှာ ဒါပဲ ပွင့်လို့ အခန်းအလှဆင်ဖို့ ခူးလာတာပါ။ မက်မွန်ပန်း ကြိုက်တာက ချီဝမ်ရုန်လေ။ မကြာသေးခင်က အရှင်မင်းကြီးက သူ့ကို 'ဆောင်းမက်မွန်ပန်းချီကား' ဆုချလိုက်တယ် ကြားတယ်။”

ယဲ့ယွင်၏ မျက်နှာထားကို အကဲခတ်ပြီး ဆက်ပြောသည်။

"ဒါပေမဲ့ ရှိုးရုန်ကသာ အရှင်မင်းကြီးရဲ့ အသည်းကျော်လေ။ အရှင်မင်းကြီး ပေးတဲ့ ပစ္စည်းတွေက ပန်းချီကားထက် အဆပေါင်းများစွာ သာလွန်မှာပါ။ ဒီချန်းချဲ့က ကံမကောင်းလို့ ကိုယ့်ဘာသာ ခူးရတာပါ။”

"ဝမ်ရုန်ရဲ့ စကားတွေက သဝန်တိုတဲ့ အနံ့တွေ ရနေပါလား။”

ယဲ့ယွင် ပြုံးသလိုလိုနှင့် ကြည့်ပြီး လက်အင်္ကျီစကို ပြင်ကာ အေးဆေးစွာ ပြောလိုက်သည်။

"အရှင်မင်းကြီးနား နေခွင့်ရတာက ကုသိုလ်ထူးပါပဲ။ ကံမကောင်းဘူးလို့ မပြောပါနဲ့။ တခြားလူတွေက နန်းတွင်းရောက်တာကို မကြိုက်ဘူးလို့ ထင်သွားပါဦးမယ်။ အရှင်မင်းကြီးရဲ့ ဆုလာဘ်တွေက စေတနာ အဓိကပါ။ တန်ဖိုး ဖြတ်လို့ မရပါဘူး။”

ဝမ်မျိုးရိုး မျက်နှာပျက်သွားပြီး အတင်းပြုံးလိုက်ရသည်။

"ရှိုးရုန် ဆုံးမတာ မှန်ပါတယ်။ ဒီချန်းချဲ့ မှားသွားပါတယ်။”

“ဆုံးမတာ မဟုတ်ပါဘူး။ စကားစမြည် ပြောရုံတင်ပါ။”

ယဲ့ယွင် ဆက်လက် တည်ငြိမ်နေသဖြင့်ဝမ်မျိုးရိုး နေရခက်လာသည်။

သူမ မနေတတ် ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ယွင် စကားဖြတ်လိုက်သည်။

"အချိန်လွန်နေပြီ။ ပြန်တော့မယ်။ ဝမ်ရုန်... သဘောရှိပါ"

"ကောင်းပါပြီ။ ဂါရဝပြုပါတယ်"

ဝမ်မျိုးရိုး အမြန်ထပြီး နှုတ်ဆက်လိုက်သည်။

ယဲ့ယွင် ပြုံးပြီး ကြည့်လိုက်သည်။

"နောက်တစ်ခါ တိုင်ချင်ရင် အရှင်မင်းကြီးဆီ သွားတိုင်ပါ။ ငါ့ဆီ မလာနဲ့။ ငါက မျက်စိထဲ အမှိုက်ဝင်တာ မကြိုက်ဘူး"

ဝမ်မျိုးရိုး ခေါင်းငုံ့ထားပြီး ပြန်မပြောရဲသော်လည်း မျက်နှာထား တင်းမာနေသည်။

ယဲ့ယွင် ထွက်သွားမှ သက်ပြင်းချလိုက်နိုင်သည်။ မင်ရှိုးရုန်က ရမ်းကားတယ်လို့ ကြားဖူးပေမဲ့ တည်ငြိမ်နေရင် ပိုကြောက်ဖို့ ကောင်းတာပဲ။ တော်တဲ့လူက ဘယ်အချိန်မဆို တော်တာပဲ။

ယဲ့ယွင်ကတော့ ဝမ်မျိုးရိုးရဲ့ လုပ်ရပ်ကို သိပ်ဂရုမစိုက်ပါဘူး။

လူသစ်က သူမကို လာစမ်းသပ်တာကိုသတိပေးလိုက်ရုံပါပဲ။

***

All Chapters