← Chapters

အခန်း (၂၉၂)

Vol. 30 Ch. 292

အခန်း (၂၉၂)

Vol. 30 Ch. 292

အပိုင်း (၂၉၂)

ကမ္ဘာဦးခေတ်ကာလတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ လူသားမျိုးနွယ်ဦးရေသည် အလွန်ပင် နည်းပါးလှသည်။ ထိုစဉ်က ကမ္ဘာလောကကြီးတွင် အင်အားကြီးမားသော မျိုးနွယ်ခြားများ၏ နတ်ဘုရားများသာ စိုးမိုးထားကြပြီး လူသားမျိုးနွယ်မှာမူ သေးငယ်သော ထောင့်စွန်းလေးတစ်ခု၌သာ မှီတင်းနေထိုင်ခဲ့ကြရ၏။

ရှေးဟောင်းခေတ်အဆုံးမှသာ လူသားမျိုးနွယ်သည် ရုတ်တရက် အင်အားကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ နယ်မြေများ ရုတ်တရက် ကျယ်ပြန့်လာရခြင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ကောင်းကင်တာအိုပြင်ပမှ ဖြစ်ပေါ်လာသော အပြောင်းအလဲတစ်ခုကြောင့် ပင်ဖြစ်သည်။

လူသားမျိုးနွယ်များသာ နေထိုင်သည့် ကုန်းမြေတိုက်ကြီး တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အလယ်ဗဟိုသို့ ကျရောက်လာခဲ့သည်။ ထိုကုန်းမြေတိုက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ မူလနယ်မြေများနှင့် ပေါင်းစပ်သွားခဲ့သဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် ပိုမိုကြီးမားလာခဲ့ရလေသည်။

ထိုကဲ့သို့ ကောင်းကင်တာအိုပြင်ပမှ ရုတ်တရက် ကျရောက်လာသော ကုန်းမြေတိုက်ကြီးသည် ရှန့်ကျိုးပြည်နယ် ကိုးဆယ့်ကိုးခု သို့မဟုတ် အလယ်ပိုင်းနတ်ဘုရားနယ်မြေ ကိုးဆယ့်ကိုးခု ဟု ခေါ်ဆိုသော နေရာပင် ဖြစ်သည်။ လက်ရှိ တည်နေရာအရ ဆိုပါက ထိုနယ်မြေအများစုသည် ယခုအခါ အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်ကြီးအတွင်း၌ တည်ရှိနေလေသည်။

ရှန့်ကျိုးလူသားမျိုးနွယ်၏ မှတ်တမ်းများအရ သူတို့သည် အနန္တကုန်းမြေတိုက်ကြီး ဟု ခေါ်ဆိုသော နေရာမှ လာခဲ့ကြခြင်း ဖြစ်သည်။ အနန္တကုန်းမြေတိုက်ကြီးသည် မဟာတာအိုအဆင့် ကမ္ဘာကြီးများထက်အဆင့်မြင့်မားသည့် ကမ္ဘာတစ်ခု ဖြစ်ကာ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် ရောက်နေသော သူများပင်လျှင် ထိုကုန်းမြေတိုက်ကြီး၏ အဆုံးသတ်ကို မရှာဖွေနိုင်ကြချေ။

ယင်းသည် ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီးထက် အဆပေါင်းများစွာ ပိုမို ကြီးမားလှကာ ကမ္ဘာနှစ်ခု၏ အဆင့်အတန်းသည် လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားလှပေသည်။

အနန္တကုန်းမြေတိုက်ကြီးမှ ဆင်းသက်လာကြသော ရှန့်ကျိုး လူသားမျိုးနွယ်များသည် ထူးကဲလှသော ပါရမီများ ရှိကြရုံသာမက အစွမ်းထက်လှသော ကျင့်စဉ်မျိုးစုံကိုလည်း ပိုင်ဆိုင်ထားကြလေသည်။ အံ့ဩစရာ အကောင်းဆုံးအချက်သည် ရှန့်ကျိုးနယ်မြေသည် ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းသို့ ကျရောက်လာပြီးနောက် ကောင်းကင်တာအို၏ စောင့်ရှောက်မှုကို ရရှိလာခြင်း ဖြစ်သည်။

ကံကြမ္မာအရှိန်အဝါ ကြီးမားသူများနှင့် နတ်ဘုရားမများသည် မိုးရွာပြီးနောက်ထွက်ပေါ်လာသည့် မှိုများအလား အဆက်မပြတ် ပေါ်ထွက်လာခဲ့ကြသည်။

မကြာမီအတွင်းပင် များပြားလှသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာခဲ့ကာ အစပိုင်းတွင် လူသားမျိုးနွယ် အင်အားစုကြီး ခုနစ်ခုအဖြစ် ကွဲပြားနေခဲ့သော်လည်း နောက်ဆုံးတွင်မူ ယင်အမည်ရှိ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး လူသားအင်အားစု ခုနစ်ခုလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်လိုက်လေသည်။

ထို့နောက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးကို စတင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ မျိုးနွယ်ခြား နတ်ဘုရားများသည် တွန်းလှန်ရဲခြင်းမရှိဘဲ နယ်မြေများကိုလက်လွတ်အရှုံးပေးခဲ့ကြရသည်။ ထိုမျိုးနွယ်ခြားနတ်ဘုရားများသည် သတ်မှတ်ထားသော နယ်မြေအချို့အတွင်း၌သာ နေထိုင်ခဲ့ကြရကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် လူသားမျိုးနွယ်၏ လက်ထဲသို့ လွှမ်းမိုးမှုအောက်သို့ရောက်ရှိသွားခဲ့သည်။

ယင် သည် ဧကရာဇ်အဖြစ် ဘိသိက်ခံခဲ့ကာ လူသားမျိုးနွယ်၏ ရှေးဦးဧကရာဇ်ခေတ်ကို စတင်ခဲ့သည်။ လူသားမျိုးနွယ်များသည်လည်း အင်အားကြီးထွားလာကာ နယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့ကြသဖြင့် ဝမ်ရှန့်လူသားမျိုးနွယ်နှင့် ရှန့်ကျိုးလူသားမျိုးနွယ်ဟူ၍ ခွဲခြားရန် မလိုအပ်တော့ချေ။

ဖာကျားဂိုဏ်း ဆိုသည်မှာ ရှန့်ကျိုးပြည်နယ် ကိုးဆယ့်ကိုးခုရှိ လူသားမျိုးနွယ်များအနက် ရှေးအကျဆုံးသော မျိုးရိုးမြင့်မိသားစုကြီး ခုနစ်ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သူတို့သည် ရှန့်ကျိုးလူသားမျိုးနွယ်၏ တရားဥပဒေ စနစ်ကို စတင် တည်ထောင်ခဲ့သူများ ဖြစ်ကြသည်။

ဖာကျားဂိုဏ်းကို စတင် တည်ထောင်ခဲ့သူသည် အလွန်ကျော်ကြားလှသော ဖာလွီသူတော်စင် ဖြစ်သည်။ သူသည် အရာခပ်သိမ်းတရား စီရင်ကွင်း ဟု ခေါ်ဆိုသော အဖိုးတန် ရတနာတစ်ပါးကို ကိုင်ဆောင်ထားလေ့ရှိကာ အစွမ်းထက်လှသော အရာခပ်သိမ်းတရားလောက ဟု အမည်ရသည့် အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

မှတ်တမ်းများအရ ဖာလွီသူတော်စင်သည် ကောင်းကင်တာအိုနှင့် တစ်သားတည်း ဖြစ်သွားပြီးနောက်တွင် မိမိ၏ အသိစိတ်ကို ကောင်းကင်တာအိုမှ ခွဲထုတ်ကာ ပြန်လည် နိုးထလာနိုင်ခဲ့သော ပထမဆုံးသော ပုဂ္ဂိုလ် ဖြစ်လေသည်။ သူသည် လွတ်မြောက်ခြင်းအဆင့်ကို ကျော်လွန်ကာ ကောင်းကင်အရှင် အဆင့်အထိ ရောက်ရှိသွားသော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။

အရာခပ်သိမ်းတရားလောကနှင့် အရာခပ်သိမ်းတရား စီရင်ကွင်းအပြင် အခြားသော မဟာတာအိုအဆင့်ရှိ ရတနာများစွာ ရှိနေသေးသော်လည်း ဖာကျားဂိုဏ်း ဆုတ်ယုတ်သွားသည်နှင့်အမျှ ထိုရတနာများသည်လည်း ပျောက်ကွယ်သွားခဲ့ကြလေသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ဖာကျားဂိုဏ်းနှင့် သက်ဆိုင်သော မြို့ပျက်ကြီး၏ အစိတ်အပိုင်းအချို့ကို မြင်တွေ့ရလိမ့်မည်ဟု ကျုံးရှန်အနေဖြင့် ထင်မှတ်ထားခြင်းမရှိခဲ့ချေ။

' ဖာကျိုးမြို့ပျက်က ဘာကြောင့် မျှော်စင်ထဲမှာ ရောက်နေလဲဆိုတာ မသိရပေမဲ့... ဒီနေရာမှာ ဖာလွီသူတော်စင် ချန်ရစ်ခဲ့တဲ့ သဲလွန်စအချို့ကိုတော့ ရှာတွေ့နိုင်ရင်ကောင်းမယ်...'

ကျုံးရှန်တစ်ယောက် ဖာလွီသူတော်စင်နှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေလေသည်။

ကောင်းကင်တာအိုနှင့် တစ်သားတည်း ဖြစ်သွားခြင်း ဆိုသည်မှာ မိမိကိုယ်ကို ကောင်းကင်တာအို၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုံးဝ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ကောင်းကင်တာအို၏ နိယာမတစ်ခုဖြင့်ပေါင်းစည်းလိုက်ခြင်းဖြစ်ကာ ကောင်းကင်အာဏာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်းကို ဆိုလိုပေသည်။

သို့သော်လည်း ဖာလွီသူတော်စင်သည် ကောင်းကင်တာအိုမှ မိမိ၏အသိစိတ်ကို အတင်းအကျပ် ခွဲထုတ်ကာ ပြန်လည် နိုးထလာနိုင်ခဲ့သည်။ ထို့အပြင် သူသည် လွတ်မြောက်ခြင်းကို ကျော်လွန်ကာ ထိပ်တန်း စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့၏။

လွတ်မြောက်ခြင်းအဆင့်ရှိသော ပုဂ္ဂိုလ်များသည် ပိုင်ရွှီနယ်မြေအတွင်း၌ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ကြသော်လည်း အခြားသော မဟာကမ္ဘာများ၏ အကာအကွယ် နံရံများကို ဖောက်ထွက်ရန်မူ အလွန်ပင် ခက်ခဲလှသေးသည်။ လွတ်မြောက်ခြင်းအဆင့်၏ အထက်တွင် အဆင့်ကြီး သုံးဆင့် ရှိနေသေးသည်ဟု ဆိုကြလေသည်။

ကောင်းကင်အရှင်အဆင့်။

ထာဝရအရှင်သခင်အဆင့်။

ထျန်းယွမ်အဆင့်။

သို့သော်လည်း ထိုအဆင့်ကြီး သုံးဆင့်သည် ဝေဝါးလှသော ဒဏ္ဍာရီများသာ ဖြစ်ကာ ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် ထိုအဆင့်ရှိသူ တစ်ဦးတစ်ယောက်မျှ ရှာမတွေ့နိုင်ချေ။ လွတ်မြောက်ခြင်းအဆင့် ရှိသူများနှင့် ပတ်သက်၍သာ ရံဖန်ရံခါတွင် မှတ်တမ်းအချို့ တွေ့ရှိရတတ်လေသည်။

အစစ်အမှန် နတ်ဘုရားများအနက် ကိုးဆယ့်ကိုးရာခိုင်နှုန်းသော သူများသည် နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်မှ လွတ်မြောက်ခြင်းအဆင့်သို့ တက်လှမ်းရန်ပင်လျှင် အလွန်ခက်ခဲစွာ ကြိုးပမ်းနေကြရသည်။ အစွမ်းထက်သော နတ်ဘုရားအများစုသည် နှစ်ပေါင်းများစွာ အသက်ရှင်နေကြသော်လည်း ထိုအဆင့်တွင်သာ တစ်သက်လုံး ရပ်တန့်နေကြရလေသည်။

ဒဏ္ဍာရီများအရ လွတ်မြောက်ခြင်းအဆင့်ကို ရောက်ရှိရန်အတွက် ကောင်းကင်တာအို၏ နက်ရှိုင်းသောသဘောတရားအချို့ကို နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု ဆိုကြသည်။ ထိုသို့ နားလည်မှသာလျှင် မဟာကမ္ဘာ၏ ကောင်းကင်တာအိုကို ကျော်လွန်နိုင်သော အခွင့်အရေးကို ရရှိကာ ကမ္ဘာသစ်များဆီသို့ သွားရောက်နိုင်မည် ဖြစ်၏။

သို့သော်လည်း လက်ရှိအချိန်တွင် ဤအကြောင်းအရာများသည် ကျုံးရှန်အတွက်အလွန်ပင် ဝေးကွာနေသေးသည်ဟု ဆိုရပေမည်။ သူ့အတွက်မူ ယခုအချိန်တွင် တစ်လှမ်းချင်းစီ တည်ငြိမ်စွာ လျှောက်လှမ်းရန်သာ အရေးကြီးလေသည်။ အကယ်၍ ကျုံးရှန်အနေဖြင့် ဖာလွီသူတော်စင်၏ အမွေအနှစ် အချို့ကို ရရှိခဲ့ပါက ကောင်းကင်တာအို၏ လေးနက်ဆန်းကြယ်‌ သောသဘောတရားအချို့ကို နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။

ကျုံးရှန်သည် ထိုသို့ စဉ်းစားရင်းမှ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ ဖာကျားဂိုဏ်း၏ စံအိမ်တော်အပျက်အဆီး ရှိရာသို့ စတင် ဝင်ရောက်လိုက်သည်။ စံအိမ်တော်ကြီးသည် အလွန်ပင် ကျယ်ဝန်းလှသဖြင့် ခြေကျင် လျှောက်လှမ်းပါက ကြာမြင့်စွာအချိန်ပေးရမည် ဖြစ်သော်လည်း ကျုံးရှန်၏ ခြေလှမ်းများသည် မြန်ဆန်လှသဖြင့် ပြဿနာ မရှိလှချေ။

သူ၏ အရှိန်သည် မြန်ဆန်လှကာ သိန်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်သောမျက်လုံးများဖြင့် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို သေချာစွာ ကြည့်ရှုစစ်‌ဆေးနေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ လမ်းတစ်လျှောက်တွင် သာမန်အိမ်ခန်းများကိုသာ တွေ့ရှိရပြီး ရှာဖွေစူးစမ်းရန် ထိုက်တန်သော အရာများ မတွေ့ရှိရပေ။ ထို့အပြင် ဖာကျိုးမြို့ပျက်ကြီးသို့ ယခင်က မျှော်စင်တက်လှမ်းသူများစွာ ရောက်ရှိခဲ့ဖူးသည်ဖြစ်ရာ အဖိုးတန် ရတနာများရှိခဲ့လျှင်ပင် ထိုသူများက ယူဆောင်သွားပြီ ဖြစ်သည်။

သို့သော်လည်း ထိုသူများ ယူဆောင်သွားသည်မှာ အပြင်ပန်းတွင် ရှိနေသော ရတနာများသာ ဖြစ်ပေလိမ့်မည်။ စစ်မှန်သော ရတနာများနှင့် အခွင့်အလမ်းများသည် ကံတရားနှင့် သက်ဆိုင်သူဆီသို့သာလျှင် ရောက်ရှိမည်ဖြစ်၏။ မည်သူမဆို အလွယ်တကူ ရရှိနိုင်သော အရာမျိုး မဟုတ်ချေ။

ထို့ကြောင့် ကျုံးရှန်အနေဖြင့် ဖာလွီသူတော်စင် ချန်ရစ်ခဲ့သော အမွေအနှစ်များကို ရှာတွေ့နိုင်ရန် မျှော်လင့်ချက် ရှိနေသေးသည်။

ကျုံးရှန်သည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့လျှင် စံအိမ်တော်ကြီး၏ အလယ်ဗဟိုသို့ မကြာမီ ရောက်ရှိသွားသည်။

ဖာထျန်းခြံဝင်း။

စံအိမ်တော်၏ အလယ်ဗဟိုတွင် သီးသန့် ခြံဝင်းကြီးတစ်ခု ရှိနေလေသည်။ ထိုခြံဝင်းအတွင်း၌ စံအိမ်တော်များ ရှိနေကာ ကျုံးရှန်သည် တံတိုင်းပေါ်မှ ရပ်ကြည့်လိုက်လျှင် ထိုခြံဝင်းကြီးအတွင်းရှိ အရာအားလုံးသည် သန့်ရှင်းစင်ကြယ်နေသည်ကို အံ့ဩသင့်ဖွယ်တွေ့မြင်လိုက်ရသည်။

ခြံဝင်းကြီးသည် ဖုန်မှုန့် သို့မဟုတ် အမှိုက်တစ်စပင် မရှိဘဲ တစ်စုံတစ်ဦးမှ အမြဲတစေ ပြုစုစောင့်ရှောက်ထားသည့်အလား ရှိနေပေသည်။ ယင်းသည် ဖာကျိုးမြို့ပျက်ကြီး၏ အခြားသော အစိတ်အပိုင်းများနှင့် လုံးဝ ကွာခြားနေခဲ့၏။

ပုံမှန်မဟုတ်သော အခြေအနေများနောက်တွင် ထူးဆန်းသော အရာများ ရှိနေတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဤခြံဝင်းအတွင်း၌ တစ်စုံတစ်ရာသော လျှို့ဝှက်ချက် ရှိနေမည်မှာ သေချာလှပေသည်။ သို့သော် ထိုအရာသည် ကောင်းကျိုး ဖြစ်မည်လား၊ ဆိုးကျိုး ဖြစ်မည်လား ဆိုသည်ကိုမူ မည်သူမျှ မပြောနိုင်ပါချေ။

ကျုံးရှန်သည် သူ၏ အရှိန်ကို အနည်းငယ် လျှော့ချလိုက်ကာ ခြေလှမ်းကျဲကြီးများဖြင့် ခြံဝင်းရှိရာသို့ ဦးတည်လျှောက်လှမ်းသွားသည်။

သူသည် ဖာထျန်းခြံဝင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ ခဏမျှ ရပ်တန့်လိုက်၏။ ထို့နောက် အနီရောင်သုတ်ထားသော ထူထဲလှသည့် သစ်သားတံခါးကြီးကို တွန်းဖွင့်ရန် လက်ကို ဆန့်ထုတ်လိုက်လေသည်။

သို့သော်လည်း သူ၏ လက်ဖဝါးများ တံခါးနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးအတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကျုံးရှန်၏ လက်ဖဝါးများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုစွမ်းအားသည် တွန်းလှန်ရန် ခဲယဉ်းလှသော စွမ်းအားမျိုးပင်ဖြစ်သည်။

ကျုံးရှန်၏ စွမ်းအားသည် အားနည်းခြင်းမရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းပင် ထိုရွှေရောင်အလင်းတန်း၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။

အရာခပ်သိမ်းအလင်း။

ထိုအလင်းတန်းသည် ဖာကျားဂိုဏ်း၏နည်းစနစ်တစ်ခု ဖြစ်ကာ သူ၏အရှေ့ရှိ ဖာထျန်းခြံဝင်းသည် ဖာကျားဂိုဏ်း၏ အရေးကြီးသော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဖာထျန်းခြံဝင်းသို့ ယခင်က မည်သည့် မျှော်စင်တက်လှမ်းသူမျှ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိသေးသည့်ပုံရှိသည်။

သို့ဖြစ်ရာ ထိုခြံဝင်းအတွင်း၌ ရှာဖွေစူးစမ်းရန် ထိုက်တန်သော အရာများစွာ ရှိနေ‌ပေလိမ့်မည်။

ကျုံးရှန်အတွက်မူ လမ်းတစ်လျှောက်လုံး အဆင်ပြေချောမွေ့နေခြင်းကိုသာ ပို၍ စိုးရိမ်မိလေသည်။ အဟန့်အတား မရှိဘဲ လွယ်ကူနေခြင်းသည် ထိုနေရာ၌ရှိသော ရတနာများကို တစ်စုံတစ်ဦးမှ အရင်ဦးအောင် ယူဆောင်သွားပြီ ဖြစ်ကြောင်း ပြသနေလေသည်။

အဟန့်အတားဆိုသည်မှာ ကျုံးရှန် အကြောက်ရွံ့ဆုံးသော အရာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော်တားမြစ်ချက်များကို ဖျက်ဆီးနိုင်သော နည်းလမ်းများ သူ၏ လက်ထဲတွင် အမြောက်အမြား ရှိနေသောကြောင့်ပင်ဖြစ်သည်။

All Chapters