← Chapters

အခန်း (၂၉၄)

Vol. 30 Ch. 294

အခန်း (၂၉၄)

Vol. 30 Ch. 294

အပိုင်း (၂၉၄)

''တကယ့်ကို အရာခပ်သိမ်းကျမ်း ပဲကိုး...''

''အဆွေက ဒီကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲမှာ ပုန်းအောင်းနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...''

ကျုံးရှန်၏ နှုတ်ခမ်းအစုံသည် အပေါ်သို့ အနည်းငယ် ကွေးညွှတ်သွားကာ အဓိပ္ပာယ်ပါလှသော လှောင်ပြုံးတစ်ခုကို ဖော်ပြနေသည်။

သူ၏ ရှေ့မှောက်တွင်ရှိသော အရာခပ်သိမ်းကျမ်းသည် တစ်ကိုယ်လုံးတွင် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ဝန်းရံလျက် မူလနေရာ၌ပင် လေထဲတွင် လွင့်မျောနေသည်။

''လူငယ်လေး... မင်းက ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို သိနေရုံတင်မကဘူး... ငါရဲ့ အရှင်သခင်ဖြစ်တဲ့ ဖာလွီသူတော်စင်ကိုပါ သိနေတာလား...''

''ငါတို့ ဖာကျားဂိုဏ်းဟာ အနန္တကုန်းမြေတိုက်ကြီးဆီက ခွဲထွက်လာခဲ့ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးလို့ ခေါ်တဲ့ မဟာကမ္ဘာကြီးအတွင်းကို ပေါင်းစပ်သွားခဲ့တယ်... အဲဒီနောက်မှာတော့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားခဲ့ရတယ်...''

''အဲဒီအချိန်ကစလို့ အခုဆိုရင် နှစ်ပေါင်း သန်းပေါင်းများစွာတောင် ကုန်လွန်သွားခဲ့ပြီပဲ...''

အရာခပ်သိမ်းကျမ်း၏ အသံအတွင်း၌ အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်။

တတိယအထပ်တစ်ထောင်ဟင်းလင်းပြင်ရှိ ဤဖာကျိုးမြို့ပျက်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖာကျားဂိုဏ်း ပြိုကွဲပျက်စီးသွားခဲ့ချိန်တွင် အရာခပ်သိမ်းကျမ်းမှ မိမိ၏ စွမ်းအားကို အသုံးပြု၍ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဟင်းလင်းပြင်အတွင်း လွင့်မျောနေစဉ်တွင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်နှင့် တွေ့ကြုံခဲ့ရကာ မျှော်စင်၏ စုပ်ယူခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်လေသည်။

ထိုသို့ စုပ်ယူခြင်းခံရသည့် လုပ်ငန်းစဉ်အတွင်း၌ အရာခပ်သိမ်းကျမ်း၏ နိယာမ အစိတ်အပိုင်းအချို့သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများနှင့် ပေါင်းစပ်သွားခဲ့လေသည်။ ထို့ကြောင့်ပင် ယင်းသည် မျှော်စင်အတွင်း၌ အလွန်ထူးခြားဆန်းကြယ်လှသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ရသည်။

ရှည်လျားလှသော နှစ်ကာလများတစ်လျှောက်၌ အရာခပ်သိမ်းကျမ်းသည် မျှော်စင်အတွင်းသို့ ရောက်ရှိလာကြသော တက်လှမ်းသူ အုပ်စုပေါင်းများစွာကို မြင်တွေ့ခဲ့ရလေသည်။ ထိုသူများသည် အများအားဖြင့် ငရဲကမ္ဘာမှ မိစ္ဆာအရှင်သခင်များသာ ဖြစ်ကြပြီး သူချမှတ်ထားသော တားမြစ်ချက် အကာကွယ်များကို ဖျက်ဆီးနိုင်စွမ်း မရှိကြချေ။

ယခုအခါ သူ၏ တားမြစ်ချက်ကို ပထမဆုံးအကြိမ် ဖျက်ဆီးနိုင်ခဲ့သူသည် လူသားမျိုးနွယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေသဖြင့် သူသည် အံ့အားသင့်နေရခြင်း ဖြစ်သည်။

ဖာကျားဂိုဏ်းသည် သမိုင်းမြစ်ကြောင်းအတွင်း၌ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သကဲ့သို့ ရှေးဟောင်းမှတ်တမ်းများတွင်ပင် သူတို့၏ အကြောင်းအရာသည် အနည်းငယ်မျှသာ ပါရှိသည်။

သို့သော်လည်း သူ၏ ရှေ့မှောက်တွင်ရှိသော ဤလူငယ်သည် ဖာလွီသူတော်စင်အကြောင်းကို သိရှိနေရုံတင်မကဘဲ အရာခပ်သိမ်းကျမ်းကိုပါ မှတ်မိနေသည်။ ထိုကိစ္စသည် သာမန်ကိစ္စတစ်ခု မဟုတ်ပေ။ ထို့အပြင် သူ၏ အမြင်သည် အလွန် ထက်မြက်လှသဖြင့် ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်သည် သူတော်စင်တစ်ပိုင်းအဆင့်မျှသာ ရှိသေးသည်ကို အတိအကျ သိမြင်နိုင်လေသည်။

သူတော်စင်တစ်ပိုင်းအဆင့် ဟူသည် နိယာမနယ်ပယ် ၂၈ အဆင့်သို့ ရောက်ရှိနေသူများကိုခေါ်ဆိုခြင်း ဖြစ်ပြီး သူတို့သည် မိမိကိုယ်ပိုင် နယ်ပယ် ကို စတင် နားလည်သဘောပေါက်နေသူများ ဖြစ်ကြသည်။ နယ်ပယ်ဆိုသည်မှာ သူတော်စင်ဘုံ၏ အစဦး ပုံသဏ္ဌာန်မျှသာ ဖြစ်သည်။ ထိုအဆင့်ရှိ ကျင့်ကြံသူများ၏ သက်တမ်းသည် နှစ်ပေါင်း ငါးသောင်းမှ ခြောက်သောင်းခန့်သာ ရှိတတ်ကြလေသည်။

အကယ်၍ အသက်ရှည်ဆေးများ သို့မဟုတ် ထူးခြားလှသော ရတနာများကို သောက်သုံးမည် ဆိုပါက နှစ်ပေါင်း သုံးသောင်းမှ ငါးသောင်းခန့်အထိ ထပ်မံ တိုးမြှင့်နိုင်သော်လည်း နှစ်ပေါင်း တစ်သိန်းဆိုသည့် အချိန်ကာလသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများနှင့် နှိုင်းယှဉ်လျှင် လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့သော ကျင့်ကြံသူတစ်ဦးသည် ရှေးဟောင်းခေတ်မှ ဆင်းသက်လာသော မျိုးရိုးမြင့် မိသားစုကြီးများ သို့မဟုတ် ထိုခေတ်ကာလမှ လူသားမျိုးနွယ် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဖာကျားဂိုဏ်းနှင့် ဖာလွီသူတော်စင်အကြောင်းကို သိရှိနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

အံ့ဩစရာ အကောင်းဆုံး အချက်မှာ ကျုံးရှန်သည် သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအားဖြင့်ပင် သူကိုယ်တိုင်ပင်လျှင် မည်သည့်အဆင့်မှန်းခန့်မှန်းနိုင်ခြင်းမရှိသော ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို ထိန်းချုပ်ထားလေသည်။

ထို့အပြင် နိယာမရေနွေးကြမ်းကိုလည်း ပေါ့ပါးစွာသောက်သုံးနိုင်ခဲ့သဖြင့် အရာခပ်သိမ်းကျမ်းအနေဖြင့် ကျုံးရှန်ကို သတိထား၍ ဆက်ဆံရန် ဆုံးဖြတ်လိုက်ရလေသည်။

''ကြည့်ရတာ စီနီယာက ကျုပ်အပေါ်မှာ သံသယအချို့ ရှိနေပုံရတယ်...''

''ဒါဆိုရင် စီနီယာအနေနဲ့ ဒါကိုရော မှတ်မိပါ့မလား...''

ကျုံးရှန်သည် အရာခပ်သိမ်းကျမ်း၏ အတွေးကို ရိပ်မိလိုက်သကဲ့သို့ ပြုံးလိုက်လေသည်။

အရာခပ်သိမ်းကျမ်းသည် ရှေးယခင်ကတည်းကပင် မဟာတာအိုအဆင့်ရှိ အဖိုးတန် ရတနာတစ်ပါး ဖြစ်ခဲ့သည်။ ယင်း၏ အတွင်း၌ရှိသော သိစိတ်ဝိညာဉ်သည်လည်း မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိနေသူနှင့်ပင် တိုက်ခိုက်နိုင်သော စွမ်းအား ရှိသည်။

ထို့ကြောင့် နှစ်ပေါင်း သန်းပေါင်းများစွာ အသက်ရှင်နေခဲ့သော ထိုအရာကို စီနီယာဟု ခေါ်ဆိုခြင်းသည် ကျိုးကြောင်းဆီလျော်လှပေသည်။ ထို့အပြင် အရာခပ်သိမ်းကျမ်းသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ အချိန်ကြာမြင့်စွာ အနားယူ ကျင့်ကြံနေခဲ့ခြင်း ဖြစ်ရာ ယခုအခါ ယင်း၏ အစစ်အမှန် ကျင့်ကြံစဉ်အဆင့်သည် မည်မျှအထိ ရှိနေမည်ကို ကျုံးရှန်ပင်လျှင် အတိအကျ မသိရှိချေ။

သို့သော်လည်း အနှီကျမ်းစာသိစိတ်ဝိညာဉ်၏ကျင့်ကြံခြင်းအဆင့်သည် လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျုံးရှန် ကိုးဆယ်ရာခိုင်နှုန်းခန့် အတည်ပြုနိုင်လေသည်။ ကျုံးရှန်သည် စကားပြောပြီးနောက်တွင် သူ၏ နဂါးမဲ့နှလုံးသားကျင့်စဉ် ကို စတင် လှည့်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ၈၁၀သန်း သော စစ်မှန်သော အတ္တအမှုန်အမွှားများသည် တစ်ပြိုင်နက်တည်း လင်းလက်လာကာ ဦးခေါင်းအထက်၌ စစ်မှန်သော အတ္တ၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။

''ဝုန်း...''

လေထုသည် ချက်ချင်းပင် အေးခဲသွားကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်လည်း တုန်ခါသွားရသည်။

အရာခပ်သိမ်းကျမ်း၏ အပြင်ဘက်တွင် ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများသည်ပင် ရပ်တန့်သွားရလေသည်။

''ဒါ... ဒါက...''

''ရှေးဟောင်း...''

''မ... မဖြစ်နိုင်ဘူး...''

''သူက နတ်ဘုရားဘုရင် ရာထူးကို ရယူပြီး ငရဲမဟာကမ္ဘာကြီးကို နှိမ်နင်းပြီးတဲ့နောက်မှာ... ဒီကမ္ဘာကနေ ထွက်ခွာသွားတာ ကြာလှပြီပဲ... အနန္တကမ္ဘာကြီးကနေတောင် ထွက်သွားတာလေ...''

''ဒါပေမဲ့ မင်းက ဘာလို့ နဂါးမဲ့နှလုံးသားကျင့်စဉ် ကို တတ် မြောက်နေရတာလဲ...''

''သူက ဘာအမွေအနှစ်မှ ချန်မထားခဲ့ဘူးလို့ ဆိုတယ်လေ...''

''သူ့ရဲ့ ကျင့်စဉ်ကို ဆက်ခံသူဟာ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ လောကက လူသားအားလုံး ဖြစ်ရမယ်လို့ သူ ပြောခဲ့ဖူးတယ်...''

''ဒါပေမဲ့ အဲဒီဆန္ဒက ဒီကမ္ဘာမှာတော့ မပြည့်ဝသေးဘူး မဟုတ်လား...''

အရာခပ်သိမ်းကျမ်းသည် အလွန်ပင် အံ့ဩထိတ်လန့်တုန်လှုပ်သွားသည်။

နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံသည် ဖာကျားဂိုဏ်းနှင့် ခေတ်ပြိုင် ပေါ်ထွန်းခဲ့သော အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူသည် ရှန့်ကျိုးနယ်မြေ၏ ပြောင်းလဲမှုများအတွင်း၌ သမိုင်းမှတ်တိုင်ကြီးတစ်ခုကို စိုက်ထူနိုင်ခဲ့သူပင် ဖြစ်သည်။ သူ၏ ကျင့်စဉ်နှင့် စွမ်းအားသည် မှန်းဆ၍မရနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။

ထိုသူသည် မဟာကမ္ဘာအဆင့်ကိုသာမက အနန္တကမ္ဘာကြီးများ၏ အဆင့်ကိုပင် ကျော်လွန်သွားခဲ့ကာ အရာအားလုံးကို ငုံ့ကြည့်သော အဆင့်သို့ ရောက်ရှိသွားခဲ့သူ ဖြစ်သည်။ အထွတ်အထိပ် ရောက်ရှိနေသော ဖာလွီသူတော်စင် တစ်သန်းရှိလျှင်ပင် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ လက်သည်းခွံ တစ်ခုစာမျှကို ယှဉ်နိုင်စွမ်း မရှိချေ။

ထိုသည်မှာ ငြင်းမရသော အမှန်တရားပင် ဖြစ်သည်။

အရာခပ်သိမ်းကျမ်းသည် အတွေးများ ရှုပ်ထွေးသွားရသော်လည်း ကျုံးရှန် အသုံးပြုလိုက်သည့် ကျင့်စဉ်သည် နဂါးမဲ့နှလုံးသားကျင့်စဉ် အစစ်အမှန် ဖြစ်နေသည်ကို အသေအချာ သိရှိနေသည်။ သူသည် ယခင်က နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ အစွမ်းသတ္တိများကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသဖြင့် ထိုပုံရိပ်သည် သူ၏ မှတ်ဉာဏ်အတွင်း၌ နက်ရှိုင်းသောထင်မြင်ချက်တစ်ခုချန်ထားရစ်လေသည်။

ထို့အပြင် နဂါးမဲ့နှလုံးသားကျင့်စဉ်သည် အလွန် ထူးခြားလှသဖြင့် မည်သည့် ပုံရိပ်ယောင် နည်းစနစ်ဖြင့်မျှ အတုခိုး၍ မရနိုင်ချေ။ ထို့ကြောင့်ပင် သူသည် မှားယွင်းခန့်မှန်းမိရန် အကြောင်းအရင်းမရှိခြင်းလည်း ဖြစ်သည်။

''စီနီယာက နဂါးမဲ့နှလုံးသားကျင့်စဉ် ကို မှတ်မိနေတယ်ဆိုတော့... ကျုပ်မှာ စီနီယာနဲ့ တန်းတူ ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ရှိသွားပြီလို့ ယူဆလို့ ရမလား...''

ကျုံးရှန်သည် ပြုံးရွှင်စွာဖြင့် ဆိုသည်။

သူသည် သူ၏ ဦးခေါင်းအထက်ရှိ စစ်မှန်သော အတ္တ ပုံရိပ်ယောင်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ မျှော်စင်အတွင်းရှိ စည်းမျဉ်းနိယာမများ၏ ဖိနှိပ်မှုအောက်တွင် ထိုပုံရိပ်ယောင်ကို ထိန်းသိမ်းထားရန်အတွက် ပုံမှန်ထက် အဆပေါင်းများစွာသော စွမ်းအင်များကို သုံးစွဲနေရလေသည်။

အရာခပ်သိမ်းကျမ်းသည် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင် ရွှေရောင်အလင်းများ ထပ်မံ လင်းလက်သွားကာ ဖာလွီသူတော်စင်၏ ရုပ်သွင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။

ရှေးယခင်က အရာခပ်သိမ်းကျမ်းနှင့် အရာခပ်သိမ်းတရား စီရင်ကွင်းတို့သည် ဖာလွီသူတော်စင်နှင့်အတူ အချိန်အကြာမြင့်ဆုံး ရှိခဲ့သော ရတနာများဖြစ်ကြသည်။ ယင်းသည် လူသားလောကရှိ တရားဥပဒေ အားလုံးကို နှိမ်နင်းနိုင်သော စွမ်းအား ရှိလေသည်။

ယခုအခါ သူသည် လူသားပုံစံသို့ ပြန်လည် ပြောင်းလဲလိုက်ခြင်းသည် ကျုံးရှန်ကို အမှန်တကယ် လေးစား တန်ဖိုးထား၍ ဆက်ဆံရန် ဆုံးဖြတ်လိုက်ခြင်းကို ဖော်ပြနေသည်။

''အဆွေက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ နဲ့ ဘယ်လို ပတ်သက်မှု ရှိတာလဲ...''

''ဒီကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ...''

''အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့... အဆွေက ဒီမျှော်စင်ကြီးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာဆိုရင်တော့ သိပ်ပြီး ကူညီပေးနိုင်မှာ မဟုတ်ဘူး...''

အရာခပ်သိမ်းကျမ်း၏ သိစိတ်ဝိညာဉ်သည် သတိရှိစွာဖြင့် ပြောလိုက်သည်။

သူသည် နောက်ထပ် စမ်းသပ်မှုများ သို့မဟုတ် ဟန်ဆောင်မှုများ မပြုလုပ်တော့ဘဲ ကျုံးရှန်၏ ရည်မှန်းချက်ကို တိုက်ရိုက် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ကျုံးရှန်ကို ခေါ်ဆိုသော အသုံးအနှုန်းသည်လည်း လူငယ်လေး ဆိုသည့် အခေါ်အဝေါ်မှသည် အဆွေ ဆိုသော ရိုသေမှုရှိသည့် အသုံးအနှုန်းသို့ ပြန်လည်ပြောင်းလဲသွားလေသည်။ ရှေးဟောင်းခေတ်မှ ရတနာတစ်ခု၏သိစိတ်ဝိညာဉ် တစ်ဦးအနေဖြင့် သူသည် ကျုံးရှန်ပြသလိုက်သော အစွမ်းများကြောင့် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်ပေသည်။

ကျုံးရှန်၏ မျက်နှာထက်ရှိ အပြုံးသည် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သူသည် တည်ငြိမ်စွာပင် ရှိနေလေသည်။

''စီနီယာက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ...''

''ဒီမျှော်စင်ကိုတော့ ကျုပ် အထွတ်အထိပ်ထိတက်လှမ်းရောက်ရှိတဲ့အချိန်မှာ မလွဲမသွေ ယူမှာပါ...''

''အခုတော့ ကျုပ်က စီနီယာနဲ့ စကားစမြည် ပြောချင်ရုံသက်သက်ပါပဲ...''

''အမှန်အတိုင်း ပြောရရင် ကျုပ်က ရှေးဦးခေတ်တုန်းက ရှန့်ကျိုးနယ်မြေဟာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနဲ့ ပေါင်းစပ်သွားခဲ့တဲ့ အတိတ်သမိုင်းကြောင်းတွေကို စိတ်ဝင်စားလို့ပါ... အဲဒီခေတ်တုန်းက ထင်ရှားခဲ့တဲ့ မိသားစုကြီးတွေနဲ့ သူတော်စင်ကြီးတွေရဲ့ အကြောင်းကိုလည်း သိချင်နေမိတယ်လေ...''

ကျုံးရှန်သည် စားပွဲဘေး၌ ပြန်ထိုင်လိုက်ကာ မတ်တပ်ရပ်နေဆဲ ဖြစ်သော အရာခပ်သိမ်းကျမ်းကို ကြည့်ပြီး ပြောလိုက်သည်။

''စကားစမြည် ပြောချင်တာလား...''

''ဒါကတော့ ပြဿနာ မရှိပါဘူး...''

''အဆွေ သိချင်တာမှန်သမျှကို ကျုပ် သိသလောက် အကုန်အစင် ဖြေကြားပေးပါ့မယ်...''

အရာခပ်သိမ်းကျမ်းသည် နောက်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။ အတိုင်းအဆမရှိသော ဉာဏ်ပညာများကို ပိုင်ဆိုင်ထားသည့် ကျမ်းစာသိစိတ်ဝိညာဉ်တစ်ဦး ဖြစ်ပါသော်လည်း ကျုံးရှန်နှင့် ရင်ဆိုင်ရသော အချိန်၌မူ အသာစီးရရှိခြင်းမရှိချေ။

သို့သော်လည်း ဤသည်မှာလည်း သူ၏ အပြစ် မဟုတ်ပေ။ ကျုံးရှန်သည် မည်သည့် ကောက်ကျစ်သော နည်းလမ်းများကိုမျှ အသုံးပြုခြင်း မရှိဘဲ သူ၏ စမ်းသပ်မှုကိုတိုက်ရိုက် ရင်ဆိုင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သာမန် နည်းဗျူဟာများသည် ကျုံးရှန်အပေါ်၌ မည်သည့် သက်ရောက်မှုမျှ မရှိသည်မှာ အမှန်ပင် ဖြစ်လေတော့သည်။

All Chapters