← Chapters

အခန်း (၃၃၃-၃၃၆)

Vol. 17 Ch. 333-336

အခန်း (၃၃၃-၃၃၆)

Vol. 17 Ch. 333-336

Chapter 333 : မရိုးသားသော နည်းလမ်းများ

သူမသည် ဤနေရာ၌ တစ်ညသာနေရသေး၍ ထိုအချိန်အတောတွင်း၌လည်း မည်သူနှင့်မှ မတွေ့ဆုံခဲ့ပေ။ သူမသည်လည်း စည်းမျဥ်းစာရွက်ကို ဤမနက်တွင်မှ လက်ခံရှိခြင်းဖြစ်၍ သူမက မည်သို့ အမြတ်ထုတ်ခဲ့သနည်း။

နောက်မှ တကောက်ကောက်အလိုက်ခံရ၍ အရိုက်နှက်ခံရခြင်းကို အမြတ်ထုတ်သည်ဟု ခေါ်နိုင်ပါသလား။

ကျင်းယွင်ကျောင်းသည် လုံးလုံးလျားလျား စိတ်ရှုပ်သွား၍ ...

"သေသေချာချာ ရှင်းပြပါဦး။ သူက ဘာလို့ ကျွန်မကို လိုက်ကြည့်ပြီး အာရုံစိုက်နေတာလဲ"

ထိုအခါ ကျီရှန်းရှန်း၏ အစ်ကိုဖြစ်သူ မျက်လုံးထဲ၌ လှောင်ပြောင်နေသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး ...

"လူတိုင်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိကြတယ်။ မင်းလည်း ဒီနေရာမှာရောက်နေမှတော့ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ မင်းက ဖိတ်ကြားလွှာကိုသုံးပြီးတော့ အကြီးအကဲအတွက် ပြင်ဆင်ထားတဲ့အခန်းမှာတောင် နေခဲ့တယ်။ ဒီတော့ လူတွေက မင်းအတွက် လက်ဆောင်တစ်ခုပြင်ပေးထားဖို့ သေချာပေါက်လိုတာပေါ့"

"မင်းက အကြီးအကဲရဲ့ကိုယ်စားလာတာဆိုတော့ မင်းကလည်း အကြီးအကဲပေါ့။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ မင်းက အကြီးအကဲမှ မဟုတ်တာ။ ဒါကြောင့် နောက်ပိုင်း ပြိုင်ပွဲရောက်ရင် လူတိုင်းက မင်းကို အလျှော့ပေးရမှာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက နောက်ကွယ်ကနေ ပုံသေသတ်မှတ်ထားခံရပြီးသား အနိုင်ရရှိသူပဲလေ။ နောက်ပိုင်းမှာ မင်းက နာမည်ကျော်ကြားမှုတွေ၊ လက်ဆောင်တွေ မရေမတွက်နိုင်အောင် လက်ခံရရှိလာလိမ့်မယ်၊ လူတိုင်းက မင်းနဲ့တွေ့ဖို့ စောင့်နေကြလိမ့်မယ်၊ မင်းနဲ့ပိုပြီးတော့ နီးစပ်ဖို့ နည်းလမ်းတွေတောင် ရှာလာကြလိမ့်မယ်"

(T/N : နောက်ကွယ်ကနေ ပုံသေသတ်မှတ်ထားခံရပြီးသား အနိုင်ရရှိသူဆိုတာ ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တွေ၊လူကြီးတွေက လက်ဝါးချင်းရိုက်၊ မျက်နှာလိုက်ပြီး နိုင်တဲ့သူကို ကြိုရွေးထားတာမျိုးပါ။)

တစ်ဖက်လူက လိုရင်းရောက်အောင် ထိထိမိမိရှင်းပြလာရာ သူ၏ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်း၏ မျက်နှာက မည်းမှောင်သွားတော့သည်။

ထို့နောက် သူမသည် ကျန်သုံးယောက်ကိုလှည့်ကြည့်လိုက်ရာ သူတို့၏ အမူအယာများမှာလည်း မြင်မကောင်းလောက်အောင် ပျက်ယွင်းနေသည်ကို မြင်လိုက်ရ၏။

"ဒါဆိုရင် သူတို့က ကျွန်မကို အနိုင်တောင်ပေးပြီးသားကို ဘာလို့ လက်ဆောင်တစ်ခုပြင်ဆင်ထားရတာလဲ"

ကျင်းယွင်ကျောင်း၏ အမူအယာက အေးစက်စိမ်းကားလှသည်။

"ကျွန်မက အကြီးအကဲရှုရဲ့တပည့်ဆိုတာကို ရှင်တို့အားလုံးက သံသယရှိနေကြတယ်။ ဒါကြောင့် ရှင်တို့က သူ့ကို မျက်နှာလုပ်ဖို့ လိုတာလား"

"မင်းလည်း ဒီအကြောင်းကို နားလည်သွားပြီပဲ၊ ဒါကြောင့် လူတိုင်းက သူ့တို့ရဲ့မချင့်မရဲဖြစ်နေတဲ့စိတ်တွေကို တတ်နိုင်သလောက် ထိန်းထားရတာ။ ဒါပေမယ့် ရှန်းရှန်းကကျတော့ အခုမှ ကလေးပဲရှိသေးတာလေ။ မနက်အစောကြီးတုန်းက ချွေ့ကျွင်းက မင်းရဲ့အခန်းရှေ့မှာ တစ်နာရီကျော်လောက် စောင့်နေရတာကိုလည်းမြင်လိုက်တော့ သူက သေချာပေါက် ဒေါသထွက်သွားမှာပေါ့"

ထိုအခါ ကျင်းယွင်ကျောင်းသည် အတော်လေး မချိမခံသာဖြစ်သွား၏။

သူမသည် သူမ၌ အမှန်တကယ် အရည်အချင်းရှိသည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည်။ ထို့ကြောင့် အကြီးအကဲရှုက သူမအား ဖိတ်ကြားလွှာပေးလိုက်၍ လာရောက်ရခြင်းဖြစ်သော်လည်း သူမသည် အနိုင်ရရှိရန်အတွက် အစွမ်းကုန်ကြိုးစားရန် အဆင်သင့်ဖြစ်နေ၏။ သို့သော် ပြိုင်ပွဲ၌ ဤကဲ့သို့သော ခြေရှုပ်မှုများရှိမည်ဟု သူမ တစ်ခါမှ မတွေးမိခဲ့ပေ။

သူမသည် ရုတ်တရက် စိတ်လွတ်သွားသော်လည်း ချက်ချင်းပင် စိတ်ပြန်ထိန်းလိုက်သည်။

အဖိုးရှုက ဤအခြေအနေအား သူမထက်ပို၍ ရှင်းရှင်းလင်းလင်း နားလည်မည်မှာ အသေအချာပင်။ သို့သော် သူက သူမအား ဤပြိုင်ပွဲသို့စေလွှတ်လိုက်သည်ဖြစ်ရာ သူ့တွင် သေချာပေါက် ကိုယ်ပိုင်အကြောင်းပြချက်များ ရှိလိမ့်မည်။

"ရှင်တို့ အကြီးအကဲရှုကို မျက်နှာလုပ်ချင်ရင် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ရှင်တို့ရဲ့သဘောထားတွေနဲ့ စကားလုံးတွေကို ပိုပြီးတော့ ယဥ်ကျေးလိုက်ရုံနဲ့တင်ကို ရတယ်။ ပြီးတော့ လက်ဆောင်တွေပေးတာနဲ့ ပြိုင်ပွဲကို တမင်သက်သက် အရှုံးပေးတာကလည်း ရှင်တို့ ဆန္ဒနဲ့ ရှင်တို့လုပ်တဲ့ ကိစ္စတွေပဲ။ အဲ့လိုတွေလုပ်ပေးပါလို့ ကျွန်မက တစ်ခါမှ မတောင်းဆိုဖူးဘူး။ ရှင်တို့က အဲ့လိုအရှက်မရှိလုပ်ချင်နေတာက ရှင်တို့ရဲ့ပြဿနာလေ။ ပြီးတော့ ချွေ့ကျွင်းက ကျွန်မရဲ့အခန်းရှေ့မှာရပ်စောင့်နေတာကလည်း သူ့ရွေးချယ်မှုနဲ့သူ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရပ်စောင့်နေတာလေ။ ကျွန်မနဲ့ ဘာဆိုင်လဲ။ အကြီးအကဲရှုကို လောဘကြီးပြီးတော့ အကျိုးအမြတ်တွက်တတ်တဲ့သူလို့ သတ်မှတ်ဝံ့တာကိုက ရှင်တို့ရဲ့ပထမဆုံးအမှားပဲ"

ကျင်းယွင်ကျောင်းက အော်ပစ်လိုက်၍ သူမ၏ အသံမှာ အေးစက်စိမ်းကားနေကာ တွေးထားသည်ထက်ပင် ပို၍ ဒေါသထွက်နေကြောင်း သူမကိုယ်သူမ ရုတ်တရက် ခံစားလိုက်ရ၏။

ယခု သူမသည် ဤကဲ့သို့သောကိစ္စများနှင့် ကြုံတွေ့နေသောအခါမှ အကြီးအကဲရှုက ဤနေရာသို့မလာချင်ရသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။

အကြီးအကဲရှုသည် ဆေးဖော်စပ်ခြင်းအား ရူးသွပ်၍ ဆေးပင်များအား စိတ်ရင်းနှင့် တရိုတသေ ကိုင်တွယ်အသုံးပြု၏။ ထိုအချိန်၌ ဤလူများက သူသည် အကြီးအကဲတစ်ယောက်ဖြစ်သောကြောင့် သူ့အား သေချာပေါက် ဖော်လံဖားရမည်ဟု တွေးနေကြ၍ ထိုနည်းလမ်းသည် သူနှင့် နီးစပ်လာရန်အတွက် အကောင်းဆုံးနည်းလမ်းဟု ယူဆနေကြသည်။ သို့ရာတွင် လက်တွေ့၌ ထိုလုပ်ရပ်များအားလုံးသည် အကြီးအကဲရှုအား အရှက်ခွဲစော်ကားနည်းတစ်မျိုးပင် ဖြစ်၏။

သူတို့သည် သူ၏ တပည့်အပေါ်၌ မလေးစားသလို ဆေးဖော်စပ်ခြင်းအပေါ်၌ ထားရှိသည့် သူ၏ စိတ်အားထက်သန်မှုကိုလည်း မလေးစားခြင်းဖြစ်သည်။

အကြီးအကဲရှုသည် အပြင်ပန်း၌ ခံစားချက်ကင်းမဲ့ပုံပေါ်သော်လည်း သူ၏ နှလုံးသားကမူ နွေးထွေး၏။ သို့ရာတွင် သူသည် လူများအပေါ်၌ အနည်းငယ် ယုံမှား သံသယလွန်ကဲတတ်သူဖြစ်၍ အခြားသူများနှင့် ပေါင်းသင်းလေ့မရှိပေ။ သူမသည် သူ့အား အချိန်အတော်ကြာအောင် သိလာခဲ့သဖြင့် မျိုးဆက်သစ်လေးများအား ဆေးဖော်စပ်သည့်ပညာရပ်တွင် သူ့ထက်ပို၍ အောင်မြင်တတ်ကျွမ်းစေချင်သော သူ၏ မျှော်လင့်ချက်ကို အခြားသူများထက် ပို၍ နက်နက်ရှိုင်းရှိုင်းနားလည်သည်။

သူမအား ဥပမာအနေဖြင့် ကြည့်နိုင်၏။ သူမသည် အကြီးအကဲရှု၏ ဆေးဖော်စပ်သည့်နည်းလမ်းများ၌ ပြဿနာအချို့ရှိသည်ကို မကြာခဏ ရှာဖွေတွေ့ရှိတတ်၏။ ဤသို့ဖြစ်သည့်အခါတိုင်း အကြီးအကဲရှုက စိတ်မဆိုးရုံသာမက သူပြုလုပ်ခဲလှသောကိစ္စဖြစ်သည့် သူမအား ချီးကျူးအမွှမ်းတင်ခြင်းကိုပင် အနည်းအကျဥ်း ပြုလုပ်ပေးလေ့ရှိသည်။

ထို့ကြောင့် ထိုကဲ့သို့သော လူတစ်ယောက်အား ဖော်လံဖားရန်အတွက် မရိုးသားသည့်နည်းလမ်းကို အသုံးပြုခြင်းသည် မျက်နှာချိုသွေးသူများအား ထိုက်သင့်သည်ထက်ပင် ပို၍ ဒုက္ခရောက်စေ၏။

ကျင်းယွင်ကျောင်း၏ စကားဆုံးသည်နှင့် မျက်နှာချင်းဆိုင်၌ရှိနေကြသော မောင်နှမနှစ်ယောက်နှင့် ချွေ့ကျွင်းတို့သည် မျက်နှာပျက်သွားကြသည်။

ငါတို့လည်း အကြီးအကဲကို အပြစ်ပြုမိကြမှာ ကြောက်တာပဲလေ။ ဒါကို သည်မိန်းကလေးက ဘာလို့ ငါတို့အပြစ်ဆိုပြီး ပြောင်းပစ်တာလဲ။

Chapter 334 : ငတုံးလေး

ကျီရှန်းရှန်းနှင့် သူမ၏ အစ်ကို နှစ်ဦးစလုံးသည် မျက်နှာပျက်နေကြ၍ မရိုးသားသော ရည်ရွယ်ချက်များရှိသူဟု ကျင်းယွင်ကျောင်းထံမှ ထုတ်ပြောခံရသည့် ချွေ့ကျွင်းမှာမူ ဒေါသတကြီးဖြစ်နေ၏။

အစပိုင်းက သူသည် ယနေ့မနက်ကကဲ့သို့ ဤမိန်းကလေးအား မျက်နှာချိုသွေးရန် တစ်ခါမှမတွေးခဲ့ဖူးပေ။ သို့သော် ထိုသို့ကြိုးစားကြည့်ရန် သူ၏ ဖခင်ဖြစ်သူက တင်းတင်းကြပ်ကြပ် ညွှန်ကြားလာ၏။ အကြောင်းမှာ သာမန်ဆေးဖော်စပ်သူတစ်ယောက် မဟုတ်သည့် အကြီးအကဲရှု၏ အဆင့်အတန်းကြောင့်ပင်။ ထို့အပြင် အကြီးအကဲသည် ဤညီလာခံသို့ တစ်ကြိမ်သာ တက်ရောက်ခဲ့ဖူး၍ ထို့နောက်တွင် ထပ်မံ၍ တက်ရောက်ခြင်းမရှိတော့ဘဲ သူ၏ ကိုယ်စားတက်ရောက်လာသူလည်း တစ်ခါမှ မရှိခဲ့ဖူးပေ။

ယခုအကြိမ်က ပထမဆုံးဖြစ်၏။

ထို့ကြောင့် လူတိုင်း အတွေးမလွန်မိဘဲ မနေနိုင်ကြ။

ဤမိန်းကလေးသည် အကြီးအကဲရှု၏ ဆက်ခံသူတစ်ဦးဖြစ်နိုင်၍ အတွင်းတပည့်တစ်ဦးပင် ဖြစ်နိုင်သေး၏။ သူမနှင့် အကြီးအကဲရှု၏ ကြားရှိ ပတ်သတ်ဆက်နွယ်မှုက ထူးခြားဆန်းပြားလှသည်ဖြစ်ရာ လူတိုင်းနီးပါးသည် ထိုအကြောင်းကို အဖြေရှာကြည့်ရန် တွေးမိကြသည်။ သို့ရာတွင် သူမသည် တပည့်တစ်ဦးသာဖြစ်၍ သူတို့ကိုယ်တိုင် စုံစမ်းကြည့်ရန်မသင့်လျော်သဖြင့် သူတို့၏ သားသမီးများ၊ တပည့်များကိုသာ စုံစမ်းရန် လွှတ်လိုက်ခြင်းဖြစ်၏။

ထို့အပြင် ချွေ့ကျွင်းသည် အမြဲတမ်း အထက်စီးဆန်၍ မောက်မာသူဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူက သူ့အား ဤကဲ့သို့ သူစိမ်းတစ်ယောက်နှင့် သွားရောက်ပတ်သတ်ရန် ခိုင်းစေခဲ့သော်လည်း တစ်ဖက်လူကမူ သူ့အား လုံးဝလျစ်လျူရှုခဲ့၏။ ထို့ကြောင့် သူ၏ ရင်ထဲ၌ ချက်ချင်းပင် ဒေါသများပြည့်နှက်လာ၍ ကျင်းယွင်ကျောင်းသည် အထက်စီးဆန်၍ သူ့အပေါ်၌ အထင်သေးနေသည်ဟု ထင်မြင်သွား၏။ ကျီရှန်းရှန်းကမူ ချွေ့ကျွင်းကြောင့် ကျင်းယွင်ကျောင်းအပေါ်၌ အကောင်းမြင်စိတ် မရှိတော့ခြင်းဖြစ်၏။

နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် သူမ၏ ပတ်ဝန်းကျင်ရှိ အခြေအနေများကို သဘောပေါက်သွား၍ နောက်ပိုင်းတွင် သူမအပေါ် ကျီရှန်းရှန်း၏ သဘောထားကိုလည်း နားလည်သွားသည်။

ထိုကိစ္စသည် အမှန်တကယ်ပင် ရယ်စရာကောင်းလှသည်ဟု သူမ တွေးလိုက်မိ၏။

အကယ်၍ သူတို့သည် သူမ၏ ဖော်ရွေကောင်းမွန်သော တုံ့ပြန်မှုကို အလိုရှိပါက သူတို့သည်လည်း စိတ်ရင်းကိုဖော်ပြသင့်သည် မဟုတ်လား။ ယခုအခါ ကိစ္စများသည် ဤသို့ဖြစ်လာ၍ သူတို့သည် သူမအား ပြဿနာလာရှာကြခြင်းသာဖြစ်သည်။ ဤကဲ့သို့သော စိတ်ရင်းစေတနာမျိုးကို သူမ တစ်ခါမှမတွေ့ခဲ့ဖူးပေ။

"အစ်ကို၊ သူက ဒီဖိတ်ကြားလွှာကို တကယ်ပဲ ခိုးလာတာ ဟုတ်၊ မဟုတ်ဆိုတာ ဘယ်သူသိမှာလဲ။ အကြီးအကဲရှုက ဒီညီလာခံကို တစ်ခါပဲ လာတက်ဖူးတယ်လို့ ကျွန်မတို့အဖေ ပြောခဲ့တယ် မဟုတ်လား။ သူက ဖိတ်ကြားလွှာကို ဘယ်လိုလုပ်ပြီး တခြားတစ်ယောက်ကို ပေးမှာလဲ။ ဒီမိန်းမက အယောင်ဆောင်တစ်ယောက်လို့ပဲ ကျွန်မ ထင်တယ်"

ကျီရှန်းရှန်းသည် အရှက်ကွဲထားသဖြင့် ဒေါသတကြီးဖြစ်နေ၏။

သူက တကယ်ပဲ ငါ့ရဲ့ချွေ့ကျွင်းကိုများ မရိုးသားတဲ့ရည်ရွယ်ချက်ရှိတယ်လို့ ပြောရဲသေးတယ်။

သူ့လိုမျိုး ဘယ်နေရာကထွက်လာမှန်းမသိတဲ့ ခွေးမတစ်ကောင်က အကြီးအကဲရှုရဲ့ကျောထောက်နောက်ခံကိုသုံးပြီး ချွေ့ကျွင်းကို မဖျားယောင်းရဲဘူးဆိုတော့ ချွေ့ကျွင်းက အရမ်းစိတ်မာလို့များလား။

"ကျီရှန်းရှန်း၊ ပြဿနာမရှာစမ်းနဲ့။ ချွေကျွင်းကိုယ်တိုင်တောင် ဒီအကြောင်းကို ဘာမှမပြောတာ။ နင်က ဘယ်သူမို့လို့ အခြေအနေကို ပိုဆိုးအောင် တဇွတ်ထိုးလုပ်နေတာလဲ"

ကျီရှန်းရှန်း၏ အစ်ကိုဖြစ်သူသည် အနည်းငယ် ဒေါသထွက်လာ၏။

သည်ချွေ့ကျွင်းက သူ့ရဲ့ဒေါသတွေကိုဖွင့်ထုတ်ဖို့ ငါ့ညီမကို အသုံးချနေတယ်ဆိုတာ အသိသာကြီး။

ချွေ့ကျွင်းက သည်မိန်းကလေးနဲ့ပတ်သတ်ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ပေမယ့် စိတ်မပါလက်မပါဖြစ်နေတုန်းပဲ။ ဒါကြောင့် သူက ငါ့ညီမကို အထူးတလည် ပြဿနာရှာခိုင်းနေတာ။

ယုတ်မာပက်စက်လိုက်တာ။

အော်ဟစ်နေသော ကျီရှန်းရှန်းသည် အစ်ကိုဖြစ်သူထံမှ ရုတ်တရက် အစွပ်စွဲခံလိုက်ရသည်။

"အခြေအနေကိုရှုပ်အောင် ဘယ်လိုများ တဇွတ်ထိုးလုပ်နေလို့လဲ။ သူက အကြီးအကဲရှုရဲ့တပည့်ဆိုတာ ကျွန်မ, မယုံဘူး။ အကြီးအကဲရှုက ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တယ် ပြောပြော၊ သူက ကျွန်မတို့တွေထက် အသက်ပိုကြီးရုံပဲ မဟုတ်လား။ ကျွန်မတို့က ဘာလို့ သူ့အကြိုက်ကို လိုက်ရမှာလဲ"

ကျင်းယွင်ကျောင်းက ရုတ်တရက် ပြုံးလိုက်သည်။

တကယ်ပါပဲ၊ ဘာလို့လဲဟုတ်လား။

အကြောင်းမှာ သူတို့သည် သူတို့ကိုယ်သူတို့ ပညာမပြည့်ဝသေးဟု တွေးနေ၍ အကြီးအကဲရှုထံမှ ပညာထပ်လိုချင်နေသောကြောင့် ဖြစ်၏။

"ငါက တကယ်ပဲ အကြီးအကဲရှုရဲ့တပည့် မဟုတ်ဘူး"

ကျင်းယွင်ကျောင််းက စပြောလိုက်သည်။

"ဒါကြောင့် နောက်ပိုင်း ပြိုင်ပွဲအတွင်း အမှန်တရားကိုမြင်ရဖို့ ရှင်တို့ရဲ့အရည်အချင်းတွေကို အပြည့်အဝသုံးကြပါ။ ကျွန်မ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ အကြီးအကဲက ဝင်မပါဘူးလို့ ကျွန်မလည်း အာမခံနိုင်တယ်"

ထိုနေရာ၌ရှိ နေသူတိုင်းသည် အံ့သြထိတ်လန့်သွားကြသော်လည်း ကျင်းယွင်ကျောင်း ဆက်ပြောသည်အား ကြားလိုက်ရပြန်၏။

"လက်ဆောင်တွေအနေနဲ့ကတော့ ရှင်တို့က ပို့ပေးချင်တယ်ဆိုရင်လည်း ကျွန်မက မတားပါဘူး။ ဒါပေမယ့် အရင်ဆုံး နားဝင်မချိုမယ့် အမှန်တရားကို ပြောပြထားဦးမယ်။ အဲ*လက်ဆောင်တွေ ကျွန်မလက်ထဲရောက်ရင်တောင်မှ ကျွန်မက အကြီးအကဲရှုရဲ့ရှေ့မှာ ထုတ်ပြောပြမှာ မဟုတ်ဘူး။ ဖော်လံဖားတဲ့ နည်းဗျူဟာကလည်း ကျွန်မနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ ကျွန်မက ဒီနေရာကို ပြိုင်ပွဲဝင်ဖို့လာတာ၊ ယောက်ျား ရွေးဖို့လာတာ မဟုတ်ဘူး။ တကယ်လို့ ကျွန်မ ရွေးချင်တယ်ဆိုရင်တောင်မှ ဒီလိုမျိုး အမှိုက်ကိုတော့ ရွေးမှာ မဟုတ်ဘူး"

သည်လိုမျိုး ကိုးယို့ကားယား အကွက်ဆင်ပြီး ထောင်ဖမ်းတာမျိုးကို တစ်ခါမှမမြင်ဖူးဘူး။ သူတို့က ဘယ်လောက်များ ခံ့ညားချောမောနေလို့လဲ။ ဘဝင်မြင့်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ပြီးတော့ အကြံအစည်တွေပြည့်နေတာ။ အဲ့လူတွေကို အလကားပေးရင်တောင်မှ မလိုချင်ဘူး။

စိတ်မမှန်တဲ့ ကျီရှန်းရှန်းလို လူတွေကသာ သူတို့လိုလူစားမျိုးတွေကို ရတနာသိုက်လို သဘောထားပြီး ဆက်ဆံတာ။

ထိုအခါ ချွေ့ကျွင်း၏ မျက်နှာအမူအယာက ပို၌ပင် အကျည်းတန်သွားပြီး ကျီရှန်းရှန်းက စူးစူးဝါးဝါး အော်လိုက်သည်။

"နင်က ဘယ်သူ့ကို အမှိုက်လို့ခေါ်လိုက်တာလဲ။ အဲဒါ နင့်ကိုယ်နင် ပြောနေတယ်လို့ ငါထင်တာပဲ။ နင် မိုးကောင်းတုန်းတော့ ရွာထားလိုက်ဦးပေါ့။ နင့်မှာ တကယ်အရည်အချင်းရှိတယ်ဆိုရင် နင့်စကားနင်တည်ပါစေ။ အခုချိန်မှာတော့ အသံကောင်းဟစ်နေပေမယ့် ငါတို့ကွယ်ရာ အကြီးအကဲရှုရဲ့ အရှေ့မှာကျတော့ နင်က ငါတို့ကို ဘယ်လောက်တောင် အပုပ်ချနေမယ်ဆိုတာ ဘယ်သူက သိမှာလဲ"

ကျင်းယွင်ကျောင်းသည် အစပိုင်းက ဤကျီရှန်းရှန်းအား ရိုးရိုးတန်းတန်း သဘောမကျခြင်းဖြစ်သော်လည်း အခုအခါ သူမသည် ကျီရှန်းရှန်းအပေါ်၌ အမြင်တစ်မျိုးရှိနေပြီဖြစ်၏။

ကျီရှန်းရှန်းသည် ကျင်းယွင်ကျောင်းနှင့်အကြီးအကဲရှု ပတ်သတ်နေကြောင်းကို သိသော်လည်း ကျင်းယွင်ကျောင်းအား ပြဿနာရှာရဲသေးသည်။ ထို့ကြောင့် သူမသည် ငတုံးတစ်ယောက်သာ ဖြစ်ပုံပေါ်၍ လူမှုရေးဆက်ဆံရေး ကောင်းမွန်တိုးတက်အောင် မကြိုးစားတတ်ပေ။ သနားစရာကောင်းလှသည်။

Chapter 335 : ဘဝနာပြီး သနားစရာကောင်းတဲ့ ကျင်းယွင်ကျောင်း

ထို့နောက် ကျင်းယွင်ကျောင်းက သူမ၏ လက်ထဲတွင် ကျန်နေသော ကျောက်ခဲများကို အနောက်သို့လှမ်းပစ်လိုက်ပြီး လက်တွင်ကပ်နေသော ဖုန်များကိုခါလိုက်၍ ကျီရှန်းရှန်းအား တစ်ချက်အကဲခတ်လိုက်ပြီးနောက် ဆက်ပြောလာ၏။

"ဒီကိစ္စအပေါ် ကျွန်မရဲ့ရပ်တည်ချက်ကတော့ ရှင်းရှင်းလေးပဲ။ နောက်ပိုင်း ပြိုင်ပွဲမှာ ရှင်တို့ရှုံးရင် ဒါက ရှင်တို့မှာ အရည်အချင်း မရှိဘူးဆိုတာကို သက်သေပြနေတာပဲ။ ရှင်တို့အားလုံး ရှုံးသွားတဲ့အချိန်ကျမှ ကျွန်မကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှင်တို့အားလုံးကို ကျွန်မရဲ့အစွမ်းအစနဲ့ အနိုင်ယူရတာက ကျွန်မအတွက်တော့ သာမန်ကိစ္စပဲမို့လို့လေ"

စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းသည် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

သူမ၏ အနောက်၌ ကျီရှန်းရှန်းသည် ကလေးတစ်ယောက်ကဲ့သို့ ဒေါသအိုးပေါက်ကွဲနေ၍ အဖွဲ့ထဲမှ ကျန်လူများကမူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြ၏။

"ဒါဆိုရင် သူပြောသွားတာတွေက အမှန်ဆိုတဲ့ အဓိပ္ပါယ်လား"

သူတို့အုပ်စု တည်းခိုနေသောခြံဝန်းသို့ ပြန်လာပြီးနောက် အဖွဲ့ထဲမှ သတ်လတ်ပိုင်းအရွယ် လူကြီးအချို့က သူတို့အား ဝိုင်းလာ၍ သိချင်နေသောမျက်နှာထားများဖြင့် မေးလာသည်။

"သူကိုယ်တိုင် ပြောသွားတာပါ။ ကြည့်ရတာ သူက နည်းနည်း အစွမ်းအစရှိတဲ့သူထင်တယ်။ ဒါဆိုရင် ကျွန်တော်တို့လည်း သူနဲ့ ရည်ရွယ်ချက်ရှိရှိ အပေးအယူလုပ်စရာမလိုတော့ဘူး မဟုတ်လား"

ကျီရှန်းရှန်း၏ အစ်ကိုဖြစ်သူက ပြောလာ၍ သူ၏ အသံ၌ မသေချာမရေရာခြင်းများ ရောယှက်နေ၏။

ထိုအခါ ကျီရှန်းရှန်းက ဒေါသတကြီး နှာမှုတ်၍ ပြန်ပြောလိုက်သည်။

"ဘာလို့ ကျွန်မတို့က အပေးအယူလုပ်သင့်တာလဲ။ ဒါ့အပြင် ကျွန်မက သူ့ကိုပြဿနာရှာပြီးသွားပြီ။ တကယ်လို့ ကျွန်မက အပေးအယူလုပ်ချင်ရင်တောင်မှ သူက လုံးဝလက်ခံမှာ မဟုတ်ဘူး။ ငါတို့အပေးအယူလုပ်နေတဲ့ တစ်လျှောက်လုံး သူ ဘယ်လောက်အကြောတင်းတယ်ဆိုတာ အစ်ကို မမြင်ခဲ့ဘူးလား။ တစ်ကမ္ဘာလုံးမှာ သူ့ကိုယှဥ်နိုင်တဲ့သူမရှိတဲ့ အထာမျိုးနဲ့၊ တကယ်တမ်းကျ သူက အကြီးအကဲရှုရဲ့နောက်ခံကို မှီခိုနေပြီးတော့များ။ အကြီးအကဲရှုက သူ မလာလည်း အဆင်ပြေတာကို၊ ဘာလို့ သူ့ရဲ့ဖိတ်ကြားလွှာကို တခြားလူကို ပေးလိုက်တာလဲ"

သူမ၏ စကားကို ကြားသောအခါ ကျီမျိုးနွယ် သားအဖနှစ်ယောက်သည် ဒေါသထွက်စပြုလာကြ၏။

ထိုသားအဖနှစ်ယောက်သည် ချွေ့ကျွင်း၏မောက်မာ၍ သူတို့၏ မိသားစုမှ ရှန်းရှန်းကို မြှောက်ပင့်တိုက်တွန်းပြီး ကျင်းယွင်ကျောင်းအား ရန်စခိုင်းပုံများကို စဥ်းစားနေကြသည်။ သူတို့သည် အကြီးအကဲရှု၏ ဖိတ်ကြားလွှာဖြင့်လာသော ဤမိန်းကလေးအား မျက်နှာလုပ်လိုကြ၍ ချွေ့ကျွင်းကမူ ထိုသို့မလုပ်ချင်ပါက မလုပ်ဘဲနေ၍ရ၏။ သို့ရာတွင် သူကိုယ်တိုင်ကမူ ထိုမိန်းကလေးအား ဖော်လံဖားရန် ကြိုးစား၍ သူတို့မိသားစု၏ ရှန်းရှန်းကိုမူ အဘယ့်ကြောင့် ထိုမိန်းကလေး၏ ဒေါသကို စမ်းသပ်ရန် အသုံးချခဲ့သနည်း။ အကယ်၍ သူကိုယ်တိုင် ထိုမိန်းကလေး၏ ဒေါသကို စမ်းသပ်ချင်လျှင်တောင်မှ ထိုနည်းလမ်းအတိုင်း လုပ်လိမ့်မည်မဟုတ်ပေ။

သို့သော် ယခု မည်သို့ဖြစ်သွားသနည်း။ သူတို့သည် ထိုမိန်းကလေးထံမှ မျက်နှာသာပေးခံရရန် ကြိုးစားရာတွင် အရေးနိမ့်ခဲ့ရုံသာမက ယခုအခါ ထိုမိန်းကလေးက သူတို့အားလုံးအပေါ်၌ အငြိုးထားတော့မည်မှာ သေချာသလောက်ပင်။

"မေ့လိုက်တော့။ သူကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့ရဲ့ရပ်တည်ချက်ကို ပြောပြီးပြီဆိုတော့ ငါတို့လည်း သူပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့၊ လက်ဆောင်တွေလည်း မပို့နဲ့တော့။ ပြိုင်ပွဲမှာ အားကုန်ထုတ်ပြီး အကောင်းဆုံးကြိုးစားကြ။ အဲ့မိန်းကလေးက တကယ် အရည်အချင်းမရှိရင် သူ သိက္ခာကျလိမ့်မယ်၊ အဲဒါဆိုရင် သူ အကြီးအကဲရှုကို မလေးမစားလုပ်မိသလို ဖြစ်မှာပဲ"

ထိုအုပ်စုထဲမှ တစ်ယောက်က ပြောလိုက်၏။

ထိုလူ၏ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်မှလူများက ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။

ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဆေးပင်စိုက်ခင်းများထဲ၌ ဟိုဟိုဒီဒီသွားလာ၍ အပြင်ဘက် ဆေးပင်စိုက်ခင်းနှင့် သူမ၏ နေရာလွတ်နယ်မြေထဲရှိ ဆေးပင်များ၏ ကွာခြားချက်ကို ဂရုတစိုက် လေ့လာနေ၏။ အကြောင်းမှာ မြေဆီလွှာအရည်အသွေး၊ လေထု၏ အရည်အသွေးနှင့် ရာသီဥတုကပင် ဆေးပင်များ၏ အရည်အသွေးအပေါ် အကျိုးသက်ရောက်နိုင်သည့် အချက်များဖြစ်နေသောကြောင့်ပင်။ လက်တွေ့၌ သူမသည် သူမ၏နေရာလွတ်နယ်မြေကိုသာ အမြဲတမ်း မှီခို၍ မနေနိုင်ပေ၊ အနာဂတ်၌ ပြင်ပလောကတွင် သူမ၏ ကိုယ်ပိုင်ဆေးပင်စိုက်ခင်းကို ပြုစုပျိုးထောင်ရန် လိုအပ်သည်။

အပြင်ဘက်၌ တစ်ချိန်လုံးအချိန်ဖြုန်းပြီးနောက် ကျင်းယွင်ကျောင်းသည် သူမတည်းခိုသောနေရာသို့ပြန်လာရာ ဂိုထောင်အနီး၌ လူများစုရုံးနေကြသည်ကို တွေ့လိုက်ရ၏။

ကျင်းယွင်ကျောင်းသည်လည်း တစ်ချက်စုံစမ်းကြည့်ရန်အတွက် ထိုနေရာသို့သွားကြည့်လိုက်ရာ ဂိုထောင်အပြင်ဘက်၌ ဆန်၊ ရှာလကာရည်နှင့် ဂျုံဖွဲနုများသာ ကျန်ရှိသည်ကို တွေ့လိုက်ရသည်။

သူမ ချဥ်းကပ်လာသည်ကို မြင်သောအခါ အနီးနားရှိလူများက သူမအတွက် လမ်းဖယ်ပေးကြ၏။

ထိုနေရာ၌ရှိနေသူအများစုမှာ လူငယ်များဖြစ်ကြ၍ သူတို့ထဲမှ အနည်းစုက ကျန်ရှိနေသည့်ပစ္စည်းများ၏ အရည်အသွေးကို လေ့လာစစ်ဆေးနေကြသည်။ ထိုလေ့လာနေသည့်အုပ်စုထဲတွင် သူမ နေ့လည်ခင်း အစောပိုင်းက ရင်ဆိုင်ခဲ့ရသည့်အုပ်စုကိုလည်း တွေ့လိုက်ရ၍ သူတို့က လေးလေးနက်နက် ဆွေးနွေးနေကြ၏။

"သည်ပစ္စည်းတွေအားလုံးကို ဆေးတွေရောတဲ့နေရာမှာ သုံးတာပဲ။ ဆေးပင်တွေအများစုကို လှော်လိုက်ဖို့လိုတယ်လေ၊ ဂျင်စင်းကိုတောင်မှ အဲဒီလိုနည်းနဲ့ပဲလုပ်ရတာ"

"ကျွန်မ ကြားဖူးတာ၊ ဂျင်စင်းကို ရေဆေးတဲ့အခါမှာ ရေရဲ့အပူချိန်က ဥတုရာသီအပေါ်မှာ မူတည်ပြီးတော့ အမျိုးမျိုးပြောင်းလဲနေတာတဲ့။ ဆောင်းရာသီမှာ ရေနွေးကိုသုံးပြီးတော့ နွေဦး၊ နွေရာသီနဲ့ ဆောင်းဦးမှာကျတော့ ရေအေးကိုပဲ သုံးဖို့ လိုတယ်တဲ့။ ပြီးတော့ အချို့ကိုကျ ပျားရည်နဲ့ကင်ဖို့ လိုတယ်လို့လည်း ကျွန်မ ကြားဖူးသေးတယ်၊ အဲဒါက အရမ်းရှုပ်တာပဲ"

ထို့နောက် သူတို့အုပ်စုသည် စကားပြောရင်း ရယ်လိုက်ကြ၍ ကျင်းယွင်ကျောင်းအား မြင်သွားကြ၏။ သူမအား မြင်ပြီးနောက် ကျီရှန်းရှန်းက ချက်ချင်း ထပြောလာသည်။

"အဲ့လူလည်း ဒီမှာရှိတာပဲ။ နင်ရော ဒီပစ္စည်းတွေရဲ့အသုံးပြုပုံကို သိလား"

ထိုအခါ ကျင်းယွင်ကျောင်း၏ မျက်နှာအမူအယာက ပြောင်းလဲမသွားဘဲ ပြန်ဖြေလိုက်၏။

"ငါ့ကို အဲ့လူလို့ မခေါ်နဲ့။ ငါ့မှာ ကျင်းယွင်ကျောင်းဆိုတဲ့ နာမည်ရှိတယ်"

သူမ၏ နာမည်ကိုကြားသောအခါ လူငယ်အချို့က ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"အာ...နင်က မွေးစားအဖေရဲ့ အနှိပ်စက်ခံရတဲ့ သနားစရာကောင်းပြီး ဘဝနာတဲ့ မိဘမဲ့လေး မဟုတ်လား"

ထိုအုပ်စုထဲမှတစ်ယောက်က သူမအား လက်ညှိုးထိုး၍ ပြောလိုက်၏။

လက်တွေ့၌ ကျင်းယွင်ကျောင်းသည် နာမည်ကြီးတစ်ယောက်ဖြစ်သောကြောင့် လူအများက သူမအား မှတ်မိနေသည်မှာ အံ့သြစရာမဟုတ်ပေ၊ သို့သော် ထိုကဲ့သို့ လူအများက ကျင်းယွင်ကျောင်း၏ အကြောင်းကို ပြောလိုက်သည်အား ကြားသောအခါ အခြားသူများ၏ မျက်နှာအမူအယာများမှာ ထူးဆန်းသွားကြသည်။

Chapter 336 : မုန်းစရာကောင်းသော

ကျင်းယွင်ကျောင်းက သူမသည် အကြီးအကဲရှု၏တပည့် မဟုတ်ကြောင်း ပြောထားပြီးသားဖြစ်သော်လည်း သူတို့၏ အမြင်တွင်မူ သူမသည် အကြီးအကဲရှု၏ အရင်းနှီးဆုံး မိတ်ဆွေ၏ သမီး သို့မဟုတ် မြေးမလေးဖြစ်သင့်သည်ဟု ထင်ထားကြ၏။ ထိုသို့မဟုတ်ပါက သူမသည် ဤကဲ့သို့သော ဂုဏ်ပြုချီးမြှောက်မှုမျိုးအား လက်ခံရရှိရန် ခက်ခဲပေလိမ့်မည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ သူမသည် အမှန်တကယ်ပင် မည်သည့်နေရာမှ လာမှန်းမသိသည့် သာမန်လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားခဲ့ကြပေ။

သို့ရာတွင် ကျင်းယွင်ကျောင်းဟူသော အမည်အား လူတိုင်း မသိသော်လည်း ဤနေရာရှိလူအများစုမှာမူ လူငယ်များဖြစ်ကြ၍ အင်တာနက်ပေါ်မှ သတင်းများကို ဖတ်ရှုလေ့ရှိသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့က သူမအား မှတ်မိနေကြခြင်းဖြစ်သည်။

ကျီရှန်းရှန်းက သူမအား သံသယရှိစွာဖြင့် တစ်ချက်ကြည့်လာ၏။ ကျင်းယွင်ကျောင်း၏ပြောင်းလဲမှုမှာ ကြီးမားလွန်းလှသည်ဟု သူမ ခံစားနေရသည်။

သူမသည်လည်း အင်တာနက်သုံးစွဲသူတစ်ယောက်ဖြစ်၍ ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သော သတင်းများကို လိုက်လံဖတ်ရှုခဲ့၏။ သို့ရာတွင် ထိုဗီဒီယိုများမှာ တည်းဖြတ်ပြုပြင်ထားခြင်း မရှိရာ ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း တီဗီချန်နယ်များမှ လွှင့်သည့် ရုပ်ထွက်အရည်အသွေးနှင့်တော့ မယှဥ်နိုင်ပေ။ ထို့ကြောင့် ကျီရှန်းရှန်းသည် ထိုအချိန်က ကျင်းယွင်ကျောင်းသည် အတန်အသင့်သာ လှပသည်ဟု ခံစားမိခဲ့၍ သူမသည် ကျင်းယွင်ကျောင်း၏ မွေးဖွားရာဇာတ်ကြောင်းကိုသာ အများဆုံး အာရုံစိုက်ခဲ့မိသည်။

ထို့အပြင် အချိန်အတော်ကြာပြီးမှ ကျင်းယွင်ကျောင်းအား မြင်ရခြင်းဖြစ်ရာ သူမ လုံးဝမမှတ်မိသည်အား နားလည်ပေးနိုင်၍ စတွေ့ချိန်တွင်လည်း သူမသည် ချွေ့ကျွင်းကြောင့် ကျင်းယွင်ကျောင်းအား မုန်းစရာကောင်းသော မိန်းကလေးဟူ၍သာ ပုံသေ သတ်မှတ်မိခဲ့၏။

ထိုအင်တာနက်ပေါ်မှ ဗီဒီယိုအား ကြည့်ခဲ့သည့်အချိန်ကို ပြန်စဥ်းစားကြည့်ပါက သူမသည် ကျင်းယွင်ကျောင်း၏ ဆန်ကုန်မြေလေး မွေးစားအဖေအား ပြင်းပြင်းထန်ထန် ဆဲရေးကြိမ်းမောင်းခဲ့သည်။ ကျင်းယွင်ကျောင်း ခဲဖြင့်ပေါက်ခံရ၍ ဒဏ်ရာရသွားသည်ကို မြင်သောအခါ သူမသည် အချိန်အတော်ကြာအောင်ပင် ဝမ်းနည်း၍ မချိမခံသာဖြစ်ခဲ့ရ၏။ ထို့ကြောင့် သူမသည် သူမ၏ မိဘများကိုပင် ကျင်းယွင်ကျောင်းအတွက် အများသုံးဆေးဝါးများ ပို့ပေးရန် တောင်းဆိုခဲ့သည်။

နောက်ပိုင်း၌ ကျင်းယွင်ကျောင်းနှင့် သူမ၏ ကျောင်းက ဆေးများကိုပြန်လှူခဲ့သော်လည်း ကျီရှန်းရှန်းကမူ သူမ၏ ချစ်ခြင်းမေတ္တာကို သူမ တတ်နိုင်သည့်ဘက်မှ ဖော်ပြခဲ့ရပြီးပြီဟု ခံစားရသဖြင့် ပို၍ကျေနပ်ပျော်ရွှင်နေခဲ့၏။

သို့သော် ကျင်းယွင်ကျောင်းနှင့် မျက်နှာချင်းဆိုင် တွေ့ရသည့်နေ့သို့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

ဤနေရာ၌ ကျင်းယွင်ကျောင်းအား မှတ်မိသူများစွာမရှိသော်လည်း ထိုသုံးလေးယောက်နှင့်ပင် လုံလောက်နေပြီဖြစ်သည်။ ထို့နောက် ပတ်ဝန်းကျင်မှလူများသည် အချင်းချင်း တီးတိုးပြောစပြုလာကြ၍ လူတိုင်းသည် ရုတ်တရက် အံ့သြတုန်လှုပ်သွားကြ၏။

ကျီရှန်းရှန်း၏ စိတ်ခံစားချက်များသည် ရှုပ်ထွေးနေ၏။ ကွာဟချက်က လုံးဝကြီးမားလွန်းလှသည်။

သို့ရာတွင် အခြေအနေအပြည့်အစုံအား အမှန်တကယ်လိုက်မမှီကြတော့သော အခြားလူများကမူ စိတ်သက်သာရာရသွားသလို ခံစားနေကြရ၏။

သူမသည် မိသားစုနောက်ခံကောင်းရှိသူတစ်ယောက် မဟုတ်သလို အကြီးအကဲရှု၏ အလုပ်သင်တပည့်လည်း မဟုတ်ပေ၊ ထို့ကြောင့် သူမ ဤနေရာသို့လာရခြင်းမှာ အခြားအကြောင်းပြချက်များကြောင့်ဖြစ်ရန် အလားအလာများစွာရှိသည်။ ကျီရှန်းရှန်းပြောသကဲ့သို့ သူမသည် ဖိတ်ကြားလွှာအား ကောက်လာခြင်း သို့မဟုတ် ခိုးလာခြင်းပင် ဖြစ်နိုင်သေး၏။

ချက်ချင်းပင် လူအုပ်ထဲမှလူအများစု၏ သူမအပေါ်၌ ယဥ်ကျေးပျူငှာနေမှုများသည် ထက်ဝက်ခန့်လျော့ကျသွားသည်။

"ဒါဆိုရင် မင်းရဲ့နာမည်က ကျင်းယွင်ကျောင်းလို့ ခေါ်တာပေါ့။ အရင်က ကျီရှန်းရှန်းက မင်းအတွက် ဆေးတွေလှူဖူးသေးတယ်။ ကြည့်ရတာ မင်းတို့နှစ်ယောက်က တကယ်ရေစက်ပါတာပဲ"

ချွေ့ကျွင်းက အံ့အားသင့်စွာ စပြောလိုက်၏။

ထိုအခါ ကျီရှန်းရှန်းသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ကျင်းယွင်ကျောင်းကို ကြည့်ရင်း သူမ၏လေသံကလည်း ပြောင်းသွားသည်။

"အဲဒါက ဆေးလေးအနည်းအကျဥ်းပါပဲ။ သူသာ ဒီလိုဆေးပညာကျွမ်းကျင်မှန်းသိရင် ကျွန်မ အဲလိုတုံးအတာတွေ မလုပ်ပါဘူး။ အို ဟုတ်သားပဲ...ခုနက ငါ နင့်ကိုမေးတာလေး မြန်မြန်ပြန်ဖြေပေးဦး။ အနည်းဆုံးတော့ နင် အဲ့ပစ္စည်းတွေရဲ့အသုံးပြုပုံကို မသိဘူး မဟုတ်လား"

သူမ၏ စကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် မျက်ခုံးပင့်လိုက်၍ စိတ်ဝင်စားစရာကောင်းသည့်အချက်ကို ရှာဖွေတွေ့ရှိသွား၏။

ကျီရှန်းရှန်းသည် ဒေါသကြီး၍ သူမ၏ စကားများက တဲ့တိုးဆန်ကာ နှစ်သက်ဖွယ်ရာမကောင်းသော်လည်း သူမသည် လူယုတ်မာတစ်ယောက်မဟုတ်ပေ။

"ငါ ဆေးဖော်နည်းခုနစ်မျိုးကို သိတယ်။ အဲဒါတွေက လှော်တာ၊ အခိုးထုတ်တာ၊ အခြောက်ခံတာ၊ ကင်တာ၊ ကြော်ချက်တာ၊ အမှုန့်လုပ်တာ၊ သန့်စင်တာ၊ ပြင်ဆင်တာ၊ အပူပေးတာ၊ အအေးပေးတာ၊ လျှပ်စီးတာ၊ ထောင်းတာ၊ ပြင်းပြင်းထန်ထန် အပူပေးတာ၊ နေလှန်းတာ၊ လေသလပ်ခံတာ၊ ပြီးတော့ လှပ်ထားတာတွေပေါ့"

"နင် ခုနကပြောသွားတဲ့ ဂျင်စင်းကကျတော့ တကယ်ပဲ နည်းလမ်းတွေအများကြီးရှိတယ်၊ တစ်ခုချင်းစီမှာကို ဖော်စပ်နည်းမျိုးစုံရှိတာ။ သန်ရှန်းဂျင်စင်းက တကယ်ပဲ ဆောင်းရာသီမှာ ရေနွေးနဲ့ဆေးဖို့လိုပြီး နွေဦး၊ နွေနဲ့ ဆောင်းဦးမှာကျတော့ ရေအေးနဲ့ဆေးဖို့လိုတယ်၊ ဒါပေမယ့် အဲ့နည်းလမ်းက ကျန်တဲ့ဂျင်စင်းအမျိုးအစားတွေမှာတော့ အသုံးမဝင်ဘူး။ ခူးရှန်း၊ သန်းရှန်းနဲ့ ရွှမ်ရှန်းလိုမျိုး ဂျင်စင်းအမျိုးအစားတွေမှာပေါ့"

"ပြီးတော့ ဖြည့်စွက်ပစ္စည်းတွေကကျတော့..."

ကျင်းယွင်ကျောင်းက ဂျုံဖွဲနုများကို ညွှန်ပြ၍ ဆက်ပြောလိုက်သည်။

"ဂျုံဖွဲနုရဲ့သဘောသဘာဝက ချိုတယ်၊ နူးညံ့ပြီးတော့ ဓါတ်ပြယ်စေတဲ့အာနိသင်ရှိတယ်။ သူ့ကို ဆီပူပူနဲ့ ကြော်လိုက်ရင် အနံ့က အရမ်းမွှေးတာ၊ အစာအိမ်ကို သန့်ရှင်းလတ်ဆတ်စေပြီးတော့ အနံ့ဆိုးတွေကို ပျောက်စေတယ်။ ဒါကြောင့် သူ့ကို သရက်ရွက်နဲ့ အစာအိမ်ကို သန့်ရှင်းစေတဲ့ဆေးတွေဖော်တဲ့နေရာမှာ များသောအားဖြင့်သုံးတယ်။ ပြီးတော့ စပ်ဖြင်းဖြင်းနဲ့ ညှီစို့စို့ အနံ့ထွက်တဲ့အနာတွေအတွက်ကျတော့ ပရုတ်ရွက်ကြော်၊ ချည်ပိုးကောင်ကြော်၊ ဇာတိပ္ဖိုလ်သီးကြော်တွေက်ို ဆန်နဲ့တွဲပြီး ဆေးဖော်ရတယ်၊ အဓိကကတော့ ဆန်လုံးညိုနဲ့ ကောက်ညှင်းဆန်ကို သုံးတာပေါ့။ ဥပမာပြောရရင် ဆန််လုံးညိုကို သန်းရှန်းမြစ်နဲ့ တွဲပြီးတော့ ကြော်ရတယ်”

All Chapters