← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁) - တျန်းမိစ္ဆာ မပျက်စီးနိုင်သောကိုယ် ၊ ကိုးကြိမ်တိုင်တိုင် အဆင့်မြှင့်တင်ထားသော ကျန့်ကျောင်းဓား ၊ တာအိုမိတ်ဆွေ... ညှာတာပေးပါဦး

​ဗုဒ္ဓဘာသာ စိပ်ပုတီး၏ တားဆီးမှုကြောင့် ဘိုင်သခင်မ ခေတ္တမျှ တန့်သွားသည့် ခဏမှာပင် လီယန်ချူသည် တိမ်စီး၍ အမီလိုက်လာတော့သည်။

​အုန်း

​မီးနဂါး ငါးကောင်မှာ ဟိန်းဟောက်ကာ ပြေးဝင်လာပြီး၊ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း မြင့်မားလှသော အပူရှိန်ကြောင့် လိမ်ဖည်ကွေးကောက်သွားရသည်။

​နဂါးငါးပါးစက်ဝန်း

​ဘိုင်သခင်မက လက်ကို ဝှေ့ယမ်းကာ ဒုက္ခပင်လယ်တန်ခိုးစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး မီးနဂါးငါးကောင်ကို ထိုအထဲတွင် ပိတ်လှောင်လိုက်သည်။

​ဟိန်း

​ထိုစဉ် သတ်ဖြတ်လိုစိတ် ပြင်းထန်လှသော ရှေးဟောင်းသားရဲကြီး လေးကောင်၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်

၎င်းတို့က ဘိုင်သခင်မကို တိုက်ရိုက်ပင် ဝိုင်းရံထားလိုက်ကြသည်။

ထိုသားရဲများကြားတွင် မမြင်ရသော ဆက်နွှယ်မှုများ ဖြစ်ပေါ်လာပြီး သဘာဝအလျောက် ဖြစ်တည်လာသည့် အစီရင်ကြီးတစ်ခုအလားပင်

​ရှူး

​ဘိုင်သခင်မမှာ အေးစိမ့်သော လေကို ရှူသွင်းလိုက်မိပြီး သူမ၏ မျက်ဝန်းများ ပြောင်းလဲသွားရသည်။

​"ပါးရှ ၊ ချောင်ဖုန်း ၊ ယာကျစ် ၊ ဆွန်းနီ "

​သူမသည် လီယန်ချူကို အံ့အားသင့်တုန်လှုပ်ဖွယ်ရာ အကြည့်ဖြင့် ကြည့်လိုက်မိသည်။

ထိုတာအိုဆရာလေးက အဘယ်ကြောင့် ဤရှေးဟောင်းသားရဲကြီး လေးကောင်၏ ပုံရိပ်ယောင်များကို ဆင့်ခေါ်နိုင်ရသနည်း။

​ဝုန်း... ဝုန်း... ဝုန်း

​မြေပြင်နှင့် တောင်များမှာ တုန်ခါနေတော့သည်

ဘိုင်သခင်မသည် သားရဲကြီးလေးကောင်၏ ဝိုင်းရံမှုကို ခံထားရပြီး သူမ၏ ထူထပ်လှသော မိစ္ဆာအငွေ့အသက်များမှာလည်း ဖိနှိပ်ခံထားရသည်။

သူမသည် ကျင့်ကြံမှုစွမ်းအားများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်ကာ ထိုသားရဲကြီးများနှင့် အပြင်းအထန် တိုက်ခိုက်နေရတော့သည်။

​ဝုန်း

​ထိုစဉ် သတ်ဖြတ်လိုစိတ် ပြင်းထန်ပြီး တောက်ပလှသော မိုးတိမ်တိုက်ကြီးတစ်ခု ပေါ်ထွက်လာသည်။

​မိုးကြိုးသဲနု

​တားမြစ်ချက်များ အားလုံးကို ဖြေလျှော့ထားသော ထို စင်ကြယ်သော ယန်ရတနာ မှာ စွမ်းအား အလွန်ပင် ကြီးမားလှပေသည်။

ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည့် မိုးကြိုးမီးလျှံများမှာ...

လေဆင်နှာမောင်းတစ်ခုအလား လည်ပတ်ကာ ဘိုင်သခင်မကို ရစ်ပတ်ထားလိုက်တော့သည်။

​လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများမှာလည်း စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည်

နားစည်များမှာလည်း အဆက်မပြတ် မြည်ဟီးနေပြီး၊ ဝိညာဉ်မှာ မတည်မငြိမ် ဖြစ်လာကာ လူ၏ ဝိညာဉ်သုံးပါးနှင့် လိပ်ပြာခုနစ်ပါး ကို ကြိတ်ဆုံကြီးထဲ ထည့်ကာ ထပ်ခါတလဲလဲ ကြိတ်ချေနေသကဲ့သို့ ခံစားရစေသည်။

​တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ကြီး တစ်ဦးမှာ တစ်ခဏအတွင်း ပိတ်လှောင်ခြင်း ခံလိုက်ရပြီ

​ဝုန်း

​မိုးကြိုးအလင်းများ ပေါက်ကွဲသွားပြီး နားစည်ပင် ကွဲထွက်မတတ် မြည်ဟီးသွားသည်

တောင်ကြားထဲတွင် အသားကင်နံ့များ ပျံ့လွင့်လာပြီး ဘိုင်သခင်မ၏ ကိုယ်မှာ ပေါက်ကွဲမှုကြောင့် အရေပြားများ လန်ကာ အသားများမှာလည်း မည်းတူးသွားရသည်။

ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ပြာအဖြစ် ပြောင်းလဲသွားတော့၏။

​သို့သော်လည်း ယန်ဝိညာဉ်ကို ဖွဲ့စည်းထားသော ပညာရှင်မှာ အလွန်ပင် အစွမ်းထက်လှပေသည်။

မိုးကြိုးသဲနု နှင့် သားရဲကြီးလေးကောင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုအောက်မှာပင် သူမ၏ ကိုယ်ထည်ကို မပျက်စီးသွားအောင် အတင်းအကျပ် ထိန်းထားနိုင်ဆဲပင်

​လီယန်ချူမှာ ထိုအခွင့်အရေးကို အရယူကာ အနားသို့ တိုးကပ်သွားပြီး လေးလံ၍ စူးရှလှသော ကျန့်ကျောင်းဓားကို မြှောက်ကာ သူမ၏ကိုယ်ပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ထိုမမျှော်လင့်ထားသော တိုက်ခိုက်မှုနှင့်အတူ ကျန့်ကျောင်းဓားပေါ်ရှိ ဆန်းကြယ်သော တုန်ခါမှုကြောင့် ပြိုင်ဘက်၏ ဝိညာဉ်မှာ ကိုယ်ပြင်ပသို့ပင် ထွက်သွားလုနီးပါး ဖြစ်သွားရသည်။

​ဖလပ်

​ကျန့်ကျောင်းဓားမှာ ဘိုင်သခင်မ၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခုကို ဖန်တီးလိုက်သည်။

ဘယ်ဘက်ပခုံးမှ ညာဘက်ခါးအထိ တစ်ကိုယ်လုံးကို နှစ်ပိုင်းပြတ်လုနီးပါး ခုတ်ပိုင်းခံလိုက်ရပြီး အရိုးများပင် ပေါ်ထွက်နေတော့သည်။

​ဤသည်မှာ ကြီးမားလှသော အရှက်တရားပင်

ယန်ဝိညာဉ်အဆင့်ကို ရောက်ရှိကာ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အချိန်မှစ၍ ဘိုင်သခင်မမှာ ဤကဲ့သို့သော အရှက်ရမှုကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။

​သားရဲကြီးလေးကောင်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရသည်မှာ တစ်မျိုး၊ မိုးကြိုး၏ ပေါက်ကွဲမှုကို ခံရသည်မှာ တစ်ဖုံ၊ ယခုလည်း ထိုကြမ်းတမ်းလှသော ဓားချက်ကိုပါ ခံလိုက်ရပြန်သည်။

စောစောက အလစ်အငိုက် အတိုက်ခံရသဖြင့် မှင်တက်သွားသော်လည်း ယခုမှပင် သတိပြန်ဝင်လာတော့သည်။

​သူမမှာ အလွန်အမင်း ဒေါသထွက်သွားကာ...

ပါးစပ်မှ သွေးတစ်လုပ်ကို အရှိန်ဖြင့် ထွေးထုတ်လိုက်သည်။

​ရှူး

​၎င်းမှာ ပေါက်ကွဲထွက်လာသည့် သွေးမြားတစ်စင်းအလားပင်၊ ထူထပ်လှသော ယင်အငွေ့အသက်များနှင့် သွေးအငွေ့အသက်များမှာ လီယန်ချူ၏ မျက်နှာဆီသို့ တိုက်ရိုက် ဦးတည်လာတော့သည်

အရှိန်မှာ အလွန်ပင် မြန်ဆန်လှပေသည်။

​ဝုန်း

​သွေးမြားမှာ ပေါက်ကွဲသွားတော့သည်

အနားတွင် ရှိနေသော လီယန်ချူမှာ ထိုပေါက်ကွဲမှု၏ ဒဏ်ကို တိုက်ရိုက် ခံလိုက်ရသည်။

ယန်ဝိညာဉ် ပညာရှင်တစ်ဦး၏ အသက်သွေး ပေါက်ကွဲမှုအတွင်း၌ မရေမတွက်နိုင်သော ကျိန်စာစွမ်းအားများ ပါဝင်နေပြီး ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို တိုက်စားနိုင်ပေသည်။

​လီယန်ချူမှာ ရှောင်တိမ်းခြင်း မရှိဘဲ သူ၏ သန်မာလှသော ကိုယ်ခန္ဓာနှင့် တာအိုဂိုဏ်း၏ အဆောင်အကာအကွယ်များကို အားကိုးကာ ထိုသွေးမြားပေါက်ကွဲမှုကို အတင်းပင် အောင့်ခံလိုက်သည်။

နတ်ဘုရား၏ စိတ်ဆန္ဒမှာ ရဲရင့်ပြတ်သားရမည် ဖြစ်ရာ၊ သူသည် နောက်ဆုတ်မသွားဘဲ ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်ခြင်းမှာ နတ်ဘုရား၏ စိတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျသွားခြင်းပင်။

​သူသည် သတ်ဖြတ်လိုစိတ် အရှိန်အဝါများဖြင့် ဓားကို မြှောက်ကာ အတင်းဝင်တိုက်လိုက်ရာ လက်ထဲရှိ ကျန့်ကျောင်းဓားမှာ အဆက်မပြတ် ခုတ်ပိုင်းနေတော့သည်။

ဘိုင်သခင်မမှာ နာကျင်စွာဖြင့် ညည်းတွားနေရတော့သည်။

​ကွဲ... ကွဲ

​သူမ၏ ကိုယ်ပေါ်ရှိ အရိုးများစွာမှာ အပိုင်းပိုင်း ပြတ်သွားရပြီး အသားများမှာလည်း ကြောက်မက်ဖွယ်ရာ လန်ထွက်နေတော့သည်။

သူမ၏ ဝိညာဉ်က ကိုယ်ခန္ဓာကို အတင်းအကျပ် ထိန်းမထားနိုင်ခဲ့လျှင် စောစောကပင် အပိုင်းပေါင်း ရာနှင့်ချီ ပြတ်တောက်ကာ အလောင်းပင် ကျန်ခဲ့မည် မဟုတ်ချေ

​ဘိုင်သခင်မမှာ လီယန်ချူကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သူမ၏ သွေးမြားပေါက်ကွဲမှုကြားမှာ သူ ဘာလို့ အသက်ရှင်နေနိုင်ရသနည်း

ပြီးတော့ သူမ၏ တျန်းမိစ္ဆာ မပျက်စီးနိုင်သောကိုယ် ကို ဘာလို့ အလွယ်တကူ ဖျက်ဆီးနိုင်ရသနည်း ဆိုသည်ကို သူမ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။

နောက်ဆုံးတွင်တော့ သူမသည် အစီရင်၏ ဖိနှိပ်မှုကို ခံထားရသဖြင့် ကျင့်ကြံမှုစွမ်းအားများ ကုန်ခန်းနေသောကြောင့် ထိုကျိန်စာသွေးမြားနှင့် တျန်းမိစ္ဆာကိုယ်ထည်၏ စွမ်းအားများ လျော့နည်းသွားခြင်းဖြစ်မည်ဟုသာ အကြောင်းပြချက် ရှာလိုက်ရတော့သည်။

​တျန်းမိစ္ဆာ မပျက်စီးနိုင်သောကိုယ် မှာ ရှေးကျလှသော အမွေအနှစ်မှ ဆင်းသက်လာသည့် ပြင်းထန်သော တန်ခိုးစွမ်းအားတစ်ခု ဖြစ်ပြီး၊ ဒဏ်ရာမှန်သမျှကို လျစ်လျူရှုနိုင်ကာ ခေတ္တမျှ ဒဏ်ရာမရရှိနိုင်သော အာနိသင် ကို ရရှိစေသည်။

​သို့သော် ထိုတာအိုဆရာလေး၏ လက်ထဲမှာ တစ်ခုပြီးတစ်ခု အပြင်းအထန် ဒဏ်ရာရလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

​"မဖြစ်နိုင်တာ "

ဘိုင်သခင်မမှာ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။

​လီယန်ချူမှာလည်း မျက်မှောင်ကြုတ်နေမိသည်၊ ထိုဘိုင်သခင်မ၏ ကိုယ်ပေါ်တွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေပုံရပြီး ခုတ်ပိုင်းလိုက်လျှင် အသားထဲသို့ နက်နက်မဝင်ဘဲ ခုတ်ရခက်နေသောကြောင့်ပင်

​လီယန်ချူ၏ ကိုယ်မှာ လှုပ်ရှားသွားပြီး ပါးရှ၊ ယာကျစ်၊ ချောင်ဖုန်း နှင့် ဆွန်းနီ သားရဲကြီး လေးကောင်မှာ ဟိန်းဟောက်ကာ ဘိုင်သခင်မကို ဝိုင်းရံလိုက်ကြပြန်သည်။

​တစ်ချိန်တည်းမှာပင် အနီရောင် ဓားအလင်း နှစ်တန်းမှာလည်း ဘိုင်သခင်မကို အဆက်မပြတ် တိုက်ခိုက်နေတော့သည်။

ဖေးယန်ဓား

​အဆင့်မြှင့်တင်စမ်း

​သူသည် စိတ်ထဲမှ အမိန့်ပေးလိုက်ရာ သူ၏ ဦးနှောက်အတွင်းရှိ တာအိုလှိုင်းတံပိုး ကို လှုံ့ဆော်ကာ ကျန့်ကျောင်းဓားကို အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။

​ကုသိုလ်အမှတ် ၆,၀၀၀ ကို အသုံးပြုလိုက်သည်

​ကျန့်ကျောင်းဓားပေါ်တွင် ဆန်းကြယ်လှသော တာအိုတုန်ခါမှုများ ပေါ်ထွက်လာပြီး ဓားသွားမှာလည်း အလွန်ပင် စူးရှသွားတော့သည်။

​ခုတ်မရဘူး ဟုတ်လား

​အဆင့်မြှင့်တင်စမ်း

​ကုသိုလ်အမှတ် ၇,၀၀၀ ကို အသုံးပြုလိုက်သည်

​အဆင့်မြှင့်တင်စမ်း

​ကုသိုလ်အမှတ် ၈,၀၀၀ ကို အသုံးပြုလိုက်သည်

​လက်နက်များကို အဆင့်မြှင့်တင်ခြင်းမှာ မိုးကြိုးငါးပါးအဆောင် ကဲ့သို့ စွမ်းအား ချက်ချင်းကြီး တိုးမလာသော်လည်း

အဆင့်မြှင့်ထားသမျှမှာ အမြဲတမ်း တည်ရှိနေပြီး အသုံးပြုလိုက်လျှင် ကုန်ဆုံးသွားမည့် အရာမဟုတ်ခြင်းကပင် အားသာချက် ဖြစ်သည်။

​လီယန်ချူသည် တစ်ဆက်တည်းမှာပင် ကျန့်ကျောင်းဓားကို ကိုးကြိမ်မြောက် အထိ အဆင့်မြှင့်တင်လိုက်တော့သည်။

​ဝုန်း

​ဘိုင်သခင်မမှာ ကျင့်ကြံမှုစွမ်းအားများကို အသုံးပြုကာ သားရဲကြီးလေးကောင်ကို ရိုက်ခွဲပစ်လိုက်ပြီ

၎င်းတို့မှာ နတ်ဘုရားအရှိန်အဝါပါသော သစ်သားတံဆိပ်ပြားအတွင်းသို့ အလင်းတန်းများအဖြစ် ပြန်လည်ဝင်ရောက်သွားကြသည်။

​"ဒုတိယအဆင့် ကျင့်ကြံသူကများ... ကိုယ့်အဆင့်ကို မသိဘဲ ငါနဲ့ လာတိုက်ချင်နေတယ်ပေါ့၊ နင်က သေချင်နေတာပဲ "

​ဘိုင်သခင်မ၏ မျက်ဝန်းထဲတွင် နာကျည်းနေသည့် အရိပ်အယောင်များ ပေါ်လာပြီး လေသံမှာလည်း အေးစက်လှပေသည်။

​သူမသည် ကိုယ်တွင်းရှိ ကျင့်ကြံမှုစွမ်းအားများကို စုစည်းလိုက်ကာ ထိုတာအိုဆရာလေးကို တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် ပြင်ဆင်လိုက်သည်။

မဟုတ်လျှင် သူမ၏ လက်ရှိ အခြေအနေနှင့်ဆိုလျှင် ထိုနေရာမှာပင် အသက်ပျောက်သွားရပေလိမ့်မည်။

စွမ်းအားတွေ ပြန်မရသေးခင်မှာတင် သေဆုံးသွားရတော့မည် မဟုတ်ပါလား

​သူမ၏ ပတ်ဝန်းကျင်တွင် ထူးဆန်းသော စွမ်းအားလှိုင်းများ လှုပ်ခတ်လာပြီး ကောင်းကင်နှင့် မြေကြီးမှာ အရောင်ပြောင်းသွားရသည်

တိမ်တိုက်များအထက်မှ အလင်းတိုင်ကြီးတစ်ခု ကျဆင်းလာတော့သည်။

မိစ္ဆာအရှိန်အဝါ ဖိအားကြီးက မျက်နှာဆီသို့ တိုးဝင်လာပြီး

​ဘိုင်သခင်မ၏ ပတ်ဝန်းကျင်ရှိ သွေးပင်လယ်ကြီးမှာ အေးစက်၊ လေးလံ၍ ပျစ်ချွဲနေပြီး နာကျည်းမှုများဖြင့် ပြည့်နှက်နေတော့သည်။

သူမ၏ အရှိန်အဝါမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာတော့သည်။

​ချွင်

​ကျန့်ကျောင်းဓားမှ ကြည်လင်လှသော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းမှာ တောက်ပကာ ဓားဓာတ်များမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေတော့သည်။

ဘိုင်သခင်မမှာ မျက်မှောင်ကြုတ်သွားရသည်၊ ဒါက ဘာဖြစ်တာလဲ

​လီယန်ချူ၏ မျက်ဝန်းများမှာ လျှပ်စီးအလား အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များမှာ အထင်အရှားပင်

​"တတိယအဆင့် ပညာရှင်ရဲ့ ကိုယ်ထည်က ဘယ်လောက်တောင် ခုတ်လို့ကောင်းမလဲဆိုတာ ငါကြည့်ချင်သေးတယ် "

​သူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်

​တတိယအဆင့် ပညာရှင်၏ အာရုံခံနိုင်စွမ်းမှာ အလွန်ပင် စူးရှလှပေရာ၊ ဘိုင်သခင်မမှာ ထိုစကားကို ကြားသောအခါ ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး ကိုယ်ပေါ်ရှိ အမွေးအမျှင်များပင် ထောင်ထသွားရသည်။

​ဓားအလင်း ရောက်ရှိလာပြီ

လီယန်ချူမှာ ခြေလှမ်းကျဲကြီးဖြင့် အနားသို့ တိုးကပ်ကာ ဓားကို မြှောက်လိုက်ရာ၊ ကျန့်ကျောင်းဓား၏ အေးစက်လှသော ဓားသွားမှာ ဘိုင်သခင်မ၏ လည်ပင်းကို တိုက်ရိုက်ပင် ဖြတ်ကျော်သွားတော့သည်။

​ဖလပ်

​ကျန့်ကျောင်းဓားသည် လည်ပင်းကို အောင်မြင်စွာ ဖြတ်တောက်သွားနိုင်ခဲ့ပြီ

​တျန်းမိစ္ဆာ မပျက်စီးနိုင်သောကိုယ် ၏ ခေတ္တမျှ ဒဏ်ရာမရရှိနိုင်သော စွမ်းအားမှာလည်း ကိုးကြိမ်တိုင်တိုင် အဆင့်မြှင့်တင်ထားသော ကျန့်ကျောင်းဓားကို မခုခံနိုင်တော့ချေ

​ဓားအလင်းမှာ ဘိုင်သခင်မ၏ ကိုယ်ထည်ကို အပိုင်းပိုင်း ကြိတ်ချေလိုက်ရုံသာမက ဆန်းကြယ်သော တုန်ခါမှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ကိုယ်ထည်ကို ပြာမှုန့်အဖြစ်သို့ လုံးဝ ပြောင်းလဲပစ်လိုက်တော့သည်။

​အလင်းတန်းတစ်ခု ပျံထွက်လာသည်၊ ၎င်းမှာ သူမ၏ ယန်ဝိညာဉ် ပင် ဖြစ်သည်

တတိယအဆင့် ပညာရှင်များကို သတ်ရန် ခက်ခဲရခြင်းမှာ၊ မိစ္ဆာအကြီးစား အများအပြားကို တာအိုဂိုဏ်းမှ ပညာရှင်များက ဖိနှိပ်ရုံသာ ပြုလုပ်နိုင်ခြင်းမှာ...

ယန်ဝိညာဉ်ကို ဖွဲ့စည်းပြီးနောက်တွင် အလွန်ပင် ခိုင်မာသွားပြီး

ဖျက်ဆီးပစ်ရန် ခက်ခဲသောကြောင့်ပင်

ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ဘုံအသိပင် ဖြစ်ပေသည်။

​သို့သော်လည်း...

​ယနေ့တွင် ဘိုင်သခင်မမှာ ထိုတာအိုဆရာလေး၏ လက်ထဲရှိ ဓားက ယန်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်ကြောင်း မြင်တွေ့လိုက်ရပြီ

ယခင်က ထိုတာအိုဆရာကြီးပင်လျှင် သူမကို ဖျက်ဆီးရန် ခက်ခဲသဖြင့် တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်ကြီးကို ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရပြီး

ဒဏ္ဍာရီလာ မီးဓာတ်ရတနာများနှင့် မြေအောက်မီးများကို အသုံးပြုကာ သူမကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

​"တာအိုမိတ်ဆွေ အသက်ချမ်းသာပေးပါ၊ ကျမ တာအိုမိတ်ဆွေရဲ့ တပည့်အဖြစ် ခံယူပြီး ဘေးနားမှာ အစေခံပါ့မယ်၊ ကျမကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါဦး "

​ဘိုင်သခင်မသည် အသက်ရှင်ရန်အတွက် ယခုအချိန်တွင် အလွန်ပင် နှိမ့်ချစွာ ပြောဆိုနေတော့သည်။

တစ်ချိန်တည်းမှာပင် သူမသည် ညှို့ယူဖမ်းစားအတတ် ကိုလည်း မသိမသာ အသုံးပြုလိုက်သည်။

​နှမြောစရာပင်

​လီယန်ချူ၏ စိတ်နှလုံးမှာ သံကျောက်ခဲကဲ့သို့ ခိုင်မာလှသည်၊ သူသည် မည်သည့် ညှာတာမှုမှ မရှိဘဲ ဓားဖြင့် တစ်ချက် တိုက်ရိုက် ခုတ်ပိုင်းလိုက်တော့သည်။

​ဝုန်း

​ထိုစဉ် ကောင်းကင်စွန်းမှ အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပျံသန်းလာသည်၊ အလွန်ပင် ပူပြင်းလှပေသည်။

၎င်းမှာ လီယန်ချူ၏ ဓားအလင်းနှင့် တိုက်ရိုက်ပင် ထိမှန်သွားတော့သည်။

​ကြီးမားလှသော ပေါက်ကွဲမှုမှာ မှိုပွင့်ကြီးတစ်ခုအလား ပွင့်ထွက်သွားတော့သည်

​အနက်ရောင် မြူခိုးထုကြီးတစ်ခု ပေါ်ထွက်လာပြီး၊ ထိုအထဲတွင် မကျေနပ်မှုနှင့် နာကျည်းမှု အငွေ့အသက်များ ပြည့်နှက်နေတော့သည်...

အခန်း (၃၈၂) - မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို ၊အဆင့်သုံး ကျင့်ကြံသူမျှသာလား ၊ ဝေမြို့မှ ကျင့်ကြံသူများ စုဝေးလာခြင်း ၊ နဂါးကြီးအမြီးခါ

​"ဒါက ဘာကြီးလဲ"

​ယွန်းနျန်းသည် ထိုထူးဆန်းလှသော မြူခိုးထုကြီးကို ကြည့်ရင်း အလွန်အမင်း အံ့အားသင့်နေမိသည်။

​ဆိုင်ရှင်မမှာလည်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပြီး သူမ၏ မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။

ထိုအနက်ရောင် မြူခိုးထုမှာ အလွန်ပင် ထူးဆန်းလှပေသည်၊ အထူးသဖြင့် စောစောက ထွက်ပေါ်လာသော ပူပြင်းလှသော အနီရောင်အလင်းတန်းမှာ ယခင်က ဘိုင်သခင်မကို တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်ကြီး ကို ဖောက်ထွက်နိုင်အောင် ကူညီပေးခဲ့သည့် နည်းလမ်းနှင့် တစ်ထေရာတည်းပင် ဖြစ်သည်။

​"တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်တစ်ယောက် ဖြစ်ပြီးတော့မှ... လူငယ်လေးတစ်ယောက်ရဲ့ ဖိအားပေးတာကို ဒီလောက်အထိ ခံနေရတာလား၊ ဒါက တကယ်ကို ရယ်စရာကောင်းတဲ့ ဟာသကြီးပဲ "

​အနက်ရောင် မြူခိုးများထဲမှ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး ထွက်ပေါ်လာသည်။

သူ၏ အပြုံးမှာ အေးစက်ခက်ထန်လှပေသည်။

​"တာအိုမိတ်ဆွေ... ကျမကို ကယ်ပါဦး "

​ဘိုင်သခင်မ၏ အသံမှာ နွဲ့နှောင်းနေပြီး ညှို့ယူဖမ်းစားလိုသည့် အငွေ့အသက်များ ပါဝင်နေသည်။

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုမှာ အေးစက်စွာ တစ်ချက်ရယ်လိုက်ပြီး၊ လီယန်ချူကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

​"ဒီအမျိုးသမီးကို ငါ အာမခံတယ်၊ နင် အခုပဲ ထွက်သွားတော့ "

​စကားပြောနေစဉ်မှာပင် သူ၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်လာပြီး၊ ယင်အငွေ့အသက်များမှာ ကောင်းကင်ယံအထိ ထိုးတက်သွားတော့သည်။

အသံမှာ မကျယ်သော်လည်း အရပ်မျက်နှာ အနှံ့အပြားမှ လူပေါင်းများစွာ စကားပြောနေသကဲ့သို့ပင်...

စိတ်ဝိညာဉ်ကို တုန်လှုပ်ချောက်ချားစေတော့သည်။

​ထိုကဲ့သို့ ကြမ်းတမ်း၍ ထူထပ်လှသော အရှိန်အဝါမှာ အလွန်ပင် အံ့အားသင့်စရာကောင်းလှပေသည်။

​ယန်ဝိညာဉ်

​ယခင်က ဘိုင်သခင်မ အစီရင်မှ ဖောက်ထွက်လာစဉ်ကထက်ပင် ပို၍ အစွမ်းထက်လှပေသည်။

ဘိုင်သခင်မမှာ တတိယအဆင့် ယန်ဝိညာဉ်၏ အစောပိုင်းအဆင့်တွင် ရှိသော်လည်း သူမ၏ အစွမ်းများ အပြည့်အဝရှိနေချိန် မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့်...

သူမသည် တာအိုဂိုဏ်း၏ အဆင့်မြင့်ပညာရှင်များ၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းသုံးဆယ်ခန့် ခံထားရသဖြင့် ကျင့်ကြံမှုစွမ်းအားများ ကုန်ခန်းနေပြီး တကယ့်ကို အင်အားကုန်ခမ်းနေသည့် အခြေအနေပင် ဖြစ်သည်။

​သူမသည် ကျင်းကွမ်းကျောင်းတော်မှ အနှစ်တစ်ထောင် နဂါးထက် အနည်းငယ်မျှသာ ပို၍ အစွမ်းထက်ပေသည်။

သို့သော် ဤအဖိုးအို၏ အရှိန်အဝါမှာမူ အလွန်ပင် ထက်မြက်လှပြီး၊ အရာဝတ္ထုထိန်းချုပ်ခြင်း အဆင့်တွင် ရှိကာ ယန်ဝိညာဉ်ကို ဖွဲ့စည်းထားသည့် အစောပိုင်းအဆင့်တွင် ရှိနေသည်။

​သို့သော် ယခင်က ဘိုင်သခင်မကဲ့သို့ လူမျိုး နှစ်ယောက်လောက် ထပ်လာလျှင်ပင် ဤအဖိုးအိုကို ယှဉ်နိုင်မည် မဟုတ်ချေ

ထိုသည်မှာ အရှိန်အဝါ အပြည့်အဝရှိနေသော တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ကြီးပင်

​သူ့တွင် ဤလူငယ်တာအိုဆရာလေးကို တားဆီးနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိသော်လည်း အလုပ်ရှုပ်မခံလိုခြင်းပင် ဖြစ်သည်။

ထိုအမျိုးသမီးကို တောင်ပေါ်သို့ ပြန်ခေါ်သွားရုံဖြင့် သူ့အလုပ် ပြီးမြောက်မည် မဟုတ်ပါလား။

​သို့သော်လည်း...

လီယန်ချူက အေးစက်စွာ တစ်ချက်ရယ်လိုက်သည်။

​"မင်း အဖေရှေ့မှာ လာပြီး ဆရာကြီး လုပ်မနေနဲ့ "

​သူသည် ထိုမီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုကို လုံးဝ မျက်နှာမသာချေ

ဘာလဲ... ကွယ်ရာက ကြိုးကိုင်နေတဲ့ လူမိုက်ကြီး အထာ လာဖမ်းနေတာလား

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုမှာ ဒေါသအလွန်ထွက်သွားကာ မျက်နှာမှာ ရေကဲ့သို့ အေးစက်ညိုမှောင်သွားတော့သည်။

"ငါ လောကကြီးထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ၊ မင်းလို ရိုင်းစိုင်းတဲ့ လူငယ်မျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး "

​"အခုပဲ တွေ့လိုက်ရပြီ မဟုတ်လား၊ အဆင့်သုံး ကျင့်ကြံသူမျှသာကို... ငါ့ရှေ့မှာ လာပြီး ဆရာကြီး လုပ်ရဲသေးတယ်ပေါ့ "

လီယန်ချူက လှောင်ပြောင်လိုက်သည်။

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုမှာ မျက်မှောင်ကြုတ်သွားရသည်၊ အဆင့်သုံး ကျင့်ကြံသူမျှသာ ဟုတ်လား

သူ၏ မျက်နှာမှာ ပြင်းထန်စွာ တုန်ခါသွားပြီး၊ စောစောက ပညာရှင်အရှိန်အဝါများမှာ ပျောက်ကွယ်သွားကာ မျက်နှာမှာလည်း စိမ်းပုပ်သွားတော့သည်။

​သူ ဒေါသ မပေါက်ကွဲနိုင်သေးခင်မှာပင်...

လီယန်ချူမှာ ခြေလှမ်းကျဲကြီးများဖြင့် ဓားကို ကိုင်ဆောင်ကာ အနားသို့ တိုးကပ်လာပြီး တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်တော့သည်။

​ဖလပ်

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက ဘိုင်သခင်မ၏ ရှေ့တွင် ကာကွယ်ထားသော အစီရင်မှာ တစ်ခဏအတွင်း ပြတ်တောက်သွားတော့သည်။

ဘိုင်သခင်မမှာ မမျှော်လင့်ထားသဖြင့် ကျန့်ကျောင်းဓား၏ ခုတ်ပိုင်းမှုကို ခံလိုက်ရသည်။

​နာကျင်လှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

"အား "

​သူမမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကျန့်ကျောင်းဓားဖြင့် တိုက်ရိုက်ပင် အသတ်ခံလိုက်ရတော့သည်။

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို : "..."

​ထို့နောက်တွင် သူသည် အလွန်ပင် အရှက်ရသွားသည်ဟု ခံစားလိုက်ရသည်။

ထိုမျိုးဆက်သစ် လူငယ်လေးက သူကိုယ်တိုင် အာမခံထားသော လူကို သူ့မျက်စိရှေ့မှာတင် သတ်ပစ်လိုက်ခြင်းပင်

ဒါဟာ သူ့မျက်နှာကို တိုက်ရိုက် ဖြတ်ရိုက်လိုက်တာ မဟုတ်ပါလား။

​"ရိုင်းစိုင်းလှချည်လား "

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက အမျက်ဒေါသဖြင့် ဟိန်းဟောက်လိုက်ပြီး၊ လက်ချောင်းများကို လက်သည်းကဲ့သို့ ဖြန့်ကာ လှမ်းထုတ်လိုက်သည်။

ပေ ၁၀၀ ခန့် ကြီးမားလှသော ကြောက်မက်ဖွယ်ရာ သရဲလက်သည်းကြီးတစ်ခု ပေါ်ထွက်လာပြီး လီယန်ချူဆီသို့ အရှိန်အဟုန်ဖြင့် ဖမ်းဆုပ်လိုက်တော့သည်။

​ချွင်

​လီယန်ချူက ကျန့်ကျောင်းဓားကို မြှောက်ကာ အရှိန်ပြင်းပြင်းဖြင့် ခုတ်ပိုင်းချလိုက်ရာ၊ ထိုသရဲလက်သည်းကြီးမှာ ချက်ချင်းပင် ကြေမွသွားပြီး ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

​"ဒီလောက် အစွမ်းလေးနဲ့များ... ငါ့ရှေ့မှာ လာပြီး လူကယ်ချင်နေသေးတယ် "

​လီယန်ချူက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက လက်ကို ဝှေ့ယမ်းကာ ပူပြင်းလှသော အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။

​ဝုန်း

​အနီရောင်အလင်းတန်းနှင့် ဓားအရှိန်အဝါတို့ ထိမှန်သွားပြီး ကြီးမားလှသော ပေါက်ကွဲမှုလှိုင်းကြီး တစ်ဖန် ဖြစ်ပေါ်လာပြန်သည်။

နားစည်ပင် ကွဲထွက်မတတ် မြည်ဟီးသွားသည်

မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်၊ အနီးကပ် တိုက်ခိုက်မှသာ လီယန်ချူ၏ လက်ထဲမှ ထိုဓား၏ စွမ်းအားကို သူ ခံစားလိုက်ရခြင်းပင်

မြန်လည်းမြန်သလို ပြင်းလည်းပြင်းလှပေသည်

​ထို့ပြင် ဘိုင်သခင်မ ဘာကြောင့် ဤမျှအထိ အထိနာခဲ့ရသနည်း ဆိုသည်ကို သူ နောက်ဆုံးတော့ သိသွားပြီ

နှစ်ပေါင်းသုံးဆယ်ခန့် ဖိနှိပ်ခံထားရသဖြင့် ကျင့်ကြံမှုစွမ်းအားများ ကုန်ခန်းနေခြင်းကြောင့်သာ မဟုတ်ဘဲ၊ အဓိက ပြဿနာမှာ ထိုကောင်လေးက တကယ့်ကို မာ လွန်းနေခြင်းကြောင့်ပင်

​ဝိညာဉ်ကျိန်စာအတတ်များက သူ့အပေါ်မှာ အလုပ်မလုပ်ချေ

ကိုယ်ခန္ဓာ အကာကွယ်ကလည်း အလွန်ပင် မြင့်မားလှပေသည်။

သူ့ရှေ့မှာ ရတနာတွေကိုတောင် မထုတ်ရဲချေ

ယင်လေပြင်း တွေရဲ့ အာနိသင်ကိုတောင် မပြနိုင်ချေ

​ထိုကောင်လေးမှာ မီးတောက်ဒဏ်ကိုလည်း လျစ်လျူရှုနိုင်ရုံသာမက ဗုဒ္ဓဘာသာ၏ ဗုဒ္ဓခြေလှမ်း နှင့် ဆင်တူသော အတတ်ပညာများကိုလည်း တတ်မြောက်ထားသဖြင့် သူ၏ လှုပ်ရှားမှုများကို ခန့်မှန်းရန် ခက်ခဲလှပေသည်။

​"ဒါက ဘာကောင်လဲဟ "

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို၏ စိတ်ထဲတွင် လေးလံသွားရသည်။

သို့သော်လည်း သူ၏ ကျင့်ကြံမှုစွမ်းအားမှာ ဘိုင်သခင်မထက် ပို၍ မြင့်လှပေရာ၊ ခေတ္တမျှတော့ လီယန်ချူနှင့် အရှုံးအနိုင် မပေါ်ဘဲ တိုက်ခိုက်နေနိုင်သည်။

သူသည် အနုစိပ်လှသော လှုပ်ရှားမှုများကို အသုံးပြုကာ လီယန်ချူနှင့် အနီးကပ် မတိုက်ဘဲ အဝေးမှသာ အဆက်မပြတ် တိုက်ခိုက်နေတော့သည်။

လီယန်ချူကို အနားကပ်ခွင့် လုံးဝ မပေးချေ

​"ခွေးအိုကြီး... စောစောကတော့ ဘေးကနေ ကြည့်နေပြီး မင်းကိုယ်မင်း ဘယ်လောက် အစွမ်းထက်တယ် ထင်နေတာလဲ၊ ဒီလောက် အစွမ်းအစလေးနဲ့ဆိုရင် ဟိုမိန်းမယုတ်နဲ့ ပေါင်းပြီး တိုက်တာကမှ ငါ့အတွက် နည်းနည်း ပိုပြီး အလုပ်ရှုပ်ဦးမယ် "

​လီယန်ချူ၏ အသံမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းထွက်သွားသည်။

လူကို သတ်ရုံတင်မကဘဲ စိတ်ကိုပါ နာကျင်အောင် ပြောဆိုလိုက်ခြင်းပင်

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို၏ မျက်နှာမှာ စိမ်းပုပ်သွားတော့သည်။

ထိုကဲ့သို့သော တိုက်ပွဲမျိုးကို သူ တစ်ခါမှ မကြုံဖူးချေ၊ ပြိုင်ဘက်က တကယ့်ကို ကြမ်းတမ်းလှသလို တကယ့်ကိုလည်း မာ လွန်းလှပေသည်။

ဒါက သူ့ကို တကယ့်ကို အသက်ရှူကျပ်စေသည်။

​"တော်သေးတာပေါ့... အခု ဒီမှာ တခြားလူတွေ မရှိလို့၊ မဟုတ်ရင် ငါ့ရဲ့ တစ်သက်တာ တည်ဆောက်ခဲ့တဲ့ နာမည်ကျော်ကြားမှုတွေ ဒီနေရာမှာတင် ပျက်စီးတော့မှာပဲ "

ဟု အဖိုးအိုက စိတ်ထဲမှ တွေးလိုက်သည်။

​ရုတ်တရက်

​သူသည် မျက်ဝန်းများ မှေးစပြုသွားကာ မယုံကြည်နိုင်စွာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။

တိုက်ခိုက်မှု၏ ပြင်းထန်လှသော အသံများကြောင့် ကျင့်ကြံသူ အများအပြားမှာ ဆွဲဆောင်ခြင်း ခံလိုက်ရပြီး...

အဝေးမှနေ၍ လှမ်းကြည့်နေကြခြင်းပင်

​ထိုအထဲတွင် ဒုတိယအဆင့် ရောက်ရှိနေသည့် ဝိညာဉ်ပုံရိပ် အဆင့် ပညာရှင်များ ပါဝင်သလို၊

မျိုးဆက်သစ် လေ့ကျင့်သူ တပည့်များလည်း ပါဝင်နေသည်။

ဂိုဏ်းတစ်ခုခုမှ လေ့ကျင့်ရန် ထွက်လာသည့် ပုံစံမျိုးပင်။

​ထိုအချိန်တွင်လည်း အခြားသော ကျင့်ကြံသူများစွာ၏ အရှိန်အဝါများမှာလည်း တရစပ် ရောက်ရှိလာကြပြီး၊ အဝေးမှနေ၍ တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ကြီးများ၏ တိုက်ပွဲကို လှမ်းကြည့်နေကြတော့သည်။

ဝေမြို့မှာ မူလက သေးငယ်သော နေရာလေး ဖြစ်သော်လည်း၊ မကြာသေးမီက ကျန်းထင်ရှန်း နှင့် ချင်းယွဲ့ထန် ဆိုသည့် နတ်ဘုရားနယ်မြေ နှစ်ခု ပေါ်ထွက်လာခဲ့သဖြင့်...

တကယ့်ကို ထူးခြားသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

​ဝေမြို့ ပတ်ဝန်းကျင်ရှိ တောတောင်များနှင့် မြို့နယ်များမှ ကျင့်ကြံသူ အများအပြားမှာလည်း ရောက်ရှိလာကြခြင်း ဖြစ်သည်၊ သူတို့မှာ နာမည်မကျော်ကြားကြရုံသာ ရှိခြင်းပင်။

ထိုအရေအတွက်မှာလည်း မနည်းလှပေ

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို၏ နှုတ်ခမ်းများမှာ တုန်ခါသွားရသည်၊ သူသည် ထိုဘေးမှ ကြည့်နေသည့် လူများကို အကုန် သတ်ပစ်ချင်သော်လည်း

လီယန်ချူက ပြင်းပြင်းထန်ထန် ခုတ်ပိုင်းနေပြီး သူ၏ စင်ကြယ်လှသော ယန်အရှိန်အဝါများကို အဆက်မပြတ် ထုတ်လွှတ်နေသဖြင့်...

အဖိုးအိုမှာ လက်မအား၊ စိတ်မအား ဖြစ်နေရတော့သည်။

​"အယ် "

​"ဒါက ရှင်ရှောင်းဂိုဏ်း က မော့ယွန်းကျိန့်ရန် မဟုတ်လား "

​"မော့ယွန်းကျိန့်ရန်က လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက လူ့ဘဝကို စွန့်ခွာသွားပြီ မဟုတ်လား ငါတောင် သူ မဆုံးခင် ကျင်းပတဲ့ အသုဘအခမ်းအနားကို တက်ခဲ့သေးတာ "

​"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက သေဆုံးသွားတဲ့ မော့ယွန်းကျိန့်ရန်က... ဘာလို့ ဒီလို မိစ္ဆာအရှိန်အဝါတွေနဲ့ အပြင်လမ်းစဉ်ကို ရောက်နေရတာလဲ၊ ဒါဆို သူက မိစ္ဆာလမ်းစဉ်ထဲ ဝင်သွားတာလား"

​"မဖြစ်နိုင်တာ... မော့ယွန်းကျိန့်ရန်ဆိုတာ ရှင်ရှောင်းဂိုဏ်းရဲ့ ဂုဏ်သရေရှိ အကြီးအကဲ တစ်ယောက်ပဲလေ၊ သူက ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး မိစ္ဆာလမ်းစဉ်ထဲ ဝင်ပါ့မလဲ "

​ထိုကျင့်ကြံသူများကြားတွင် အပြန်အလှန် ဆွေးနွေးနေကြတော့သည်။

လူအများအပြားမှာ ဤအဖိုးအို၏ မူလအထောက်အထားကို မှတ်မိသွားကြခြင်းပင်။

တကယ့်ကို မယုံကြည်နိုင်စရာပင်

​မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို၏ မျက်နှာမှာ ပြောင်းလဲသွားပြီး၊ သူ၏ မျက်နှာအိုကြီးမှာလည်း တုန်ယင်နေတော့သည်၊ သူ၏ တစ်သက်တာလုံး တည်ဆောက်ခဲ့သော နာမည်ကောင်းမှာ ပျက်စီးသွားရပြီ

တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်တိုင်းမှာ ရုပ်ဖျက်အတတ်ကို ကျွမ်းကျင်ကြသည် မဟုတ်ချေ၊ ထိုအဖိုးအိုမှာလည်း ထိုအတတ်ကို မကျွမ်းကျင်ပေ။

အဓိကမှာ ထိုတာအိုဆရာလေးက ဤမျှအထိ ကြမ်းတမ်းလိမ့်မည်ဟု သူ မထင်ထားခဲ့ခြင်းကြောင့်ပင်

​သူ၏ စိတ်ထဲတွင် အလွန်ပင် ရှုပ်ထွေးနေတော့သည်

သူသည် မိမိ၏ ကန့်သတ်ချက်ကို ကျော်လွန်ရန်နှင့် အသက်ရှည်ရန်အတွက် မိစ္ဆာလမ်းစဉ်၏ နတ်ဘုရားနယ်မြေထဲသို့ ဝင်ခဲ့သော်လည်း...

သူ၏ တစ်သက်တာလုံး နာမည်ကောင်းကိုမူ ဆက်လက် ထိန်းသိမ်းထားချင်သေးသည်။

​တာအိုဂိုဏ်း ရှင်ရှောင်းဂိုဏ်း၏ ဂုဏ်သရေရှိ အကြီးအကဲ

ကျော်ကြားလှသော နာမည်

ယနေ့တော့ လူမှုရေးအရ သေဆုံးသွားရပြီ

​သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များမှာ တကယ့်ကို ထင်ရှားနေတော့သည်။

​"ဒီတာအိုဆရာလေးကြောင့်ပဲ... ငါ့ကို ဒီလို အရှက်ရအောင် လုပ်နေတာ "

​မူလကတော့ အလွန်ပင် အရှိန်အဝါရှိသော ကွယ်ရာက ကြိုးကိုင်သူကြီး ဖြစ်သော်လည်း၊ ယခုတော့ လူမြင်ကွင်းမှာ အတင်းအကျပ် ဆွဲထားခြင်း ခံရရုံသာမက သူ့အထောက်အထားကိုပါ လူတွေက သိသွားကြပြီ

​လီယန်ချူ၏ ကိုယ်ပေါ်တွင် ရွှေရောင်မီးတောက်များ ထွက်ပေါ်နေပြီး၊ ဓားဖြင့် တစ်ချက် ခုတ်လိုက်ရာ လွဲချော်သွားသော်လည်း၊ ထိုအရှိန်နှင့်ပင် ခြေထောက်ကို ဝှေ့ယမ်းကာ ကန်လိုက်တော့သည်။

​နဂါးကြီးအမြီးခါ

​ဘုန်း

​ခြေထောက်တစ်ဖက်မှာ မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး၊ သူ့ကို ခေါင်းမူးနောက်သွားစေသည်အထိ ပြင်းထန်လှပေသည်

​တစ်ကွင်းလုံး တိတ်ဆိတ်သွားတော့သည်

ကျင့်ကြံသူ အများအပြားမှာလည်း အသက်ရှူပင် မဝကြတော့ချေ...

​တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ကြီး တစ်ယောက်က... လူတစ်ယောက်ရဲ့ မျက်နှာကို ခြေထောက်နဲ့ ကန်တာ ခံလိုက်ရတာလား

All Chapters