← Chapters

အခန်း (၁၃၈၃-၁၃၈၄)

Vol. 139 Ch. 1383-1384

အခန်း (၁၃၈၃-၁၃၈၄)

Vol. 139 Ch. 1383-1384

အခန်း (၁၃၈၃) - လွတ်လပ်စွာ စူးစမ်းလေ့လာခြင်း

လီရှမ်းဇီ ၏ နဂါးနက်အစီရင်သည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ဟောဟောဒိုင်းဒိုင်း ချီတက်လာသည့် စစ်သည်တော်အုပ်စုကြီးနှင့်အတူ သတ်ဖြတ်ကွင်းထဲသို့ အတူတကွ ဝင်ရောက်သွားတော့သည်။

ထိုနေရာတွင် ဖန့်ချန် ပါဝင်လုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍမှာ အလွန်သေးငယ်လှပြီး စာဖွဲ့လောက်စရာပင် မရှိချေ။

သူသည် အစီရင်အတွက် လိုအပ်သည့် စွမ်းအားများ အဆက်မပြတ် ရရှိစေရန် ဝိညာဉ်စွမ်းအား ပံ့ပိုးပေးရသည့် တာဝန်ကိုသာ ယူထားရသည်။

သူကဲ့သို့သော ကျင့်ကြံသူပေါင်းမှာ သောင်းနှင့်ချီ၍ ရှိနေပြီး ထိုအထဲတွင် လင်းတုန်း ကဲ့သို့သော အဝေးစူးစမ်းရေးကြယ်တာရာ စောင့်ကြပ်ရေးမှူးများလည်း ပါဝင်သည်။

အစီရင်များ ထိပ်တိုက်ရင်ဆိုင်ရသည့် စစ်ပွဲမျိုးတွင် မသေမျိုး များပင်လျှင် ဇာတ်ပို့နေရာ၌သာ ရှိနေနိုင်တော့ပုံရသည်။

တကယ့်ဇာတ်ဆောင်အစစ်အမှန်များမှာ မသေမျိုးလှေအစီရင်များကို စိတ်ကြိုက်ခြယ်လှယ်နိုင်သည့် အမာခံတပည့်များသာ ဖြစ်ကြသည်။

“ကြာနီမိတ်ဆွေ... ငါတို့ရော တစ်နေ့မှာ အဲဒီလို ဇာတ်ဆောင်တွေ ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိမလား”

ဖန့်ချန်သည် ဝိညာဉ်စွမ်းအားများ ပို့လွှတ်နေရင်း ဘေးနားရှိ ကြာနီနတ်မိမယ်ငယ်ကို ပြုံး၍ မေးလိုက်သည်။

“ရှင်လည်း အခွင့်အရေးရှိသလို ကျမလည်း ရှိမှာပါ”

ကြာနီနတ်မိမယ်ငယ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

လင်းယွမ်က တဟဲဟဲ ရယ်မောရင်း

“အဲဒါဆိုရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ အကယ်၍ ခေါင်းဆောင်နဲ့ ကြာနီမိတ်ဆွေတို့သာ အမာခံတပည့်တွေ ဖြစ်သွားရင် နောက်ဆို ကျုပ်တို့လည်း နဂါးနက်လှေပေါ်မှာ ဝိညာဉ်စွမ်းအား ပို့လွှတ်ခွင့်ရမယ်လေ၊ အခုလို အကြေးခွံတစ်ခုအဆင့်မှာပဲ ရှိနေရမှာ မဟုတ်တော့ဘူး”

“အကြေးခွံတောင် မကပါဘူး”

ယွီဝူရှီးက စိတ်ပျက်အားငယ်ဟန်ဖြင့် ဖြည့်စွက်ပြောလိုက်သည်။

ဆယ်ရက်ကျော် ကြာပြီးနောက်... လီရှမ်းဇီ ခြယ်လှယ်ထားသည့် နဂါးနက်အစီရင်သည် တစ်ဖက်ပြိုင်ဘက်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရဆဲ ဖြစ်သည်။

နှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦး လှောင်ပြောင် သရော်နေကြသော်လည်း မည်သူကမျှ အသာမစီး ရနိုင်ကြသေးပေ။

လီရှမ်းဇီ နှင့် ရင်ဆိုင်နေရသည့် အစီရင်မှာ နဂါးနက်အစီရင်နှင့် ဆင်တူသော်လည်း ပုံသဏ္ဌာန်မှာ မြွေကြီးတစ်ကောင်နှင့် ပိုတူသည်။

တစ်ဖက်အဖွဲ့သည် အသွေးသားနန်းတော် မှ ဖြစ်သည်။

ဖန့်ချန်သည် လမ်းခရီးတွင် ထိုလောကရှိ ထိပ်တန်းအင်အားစုကြီးများအကြောင်း သတင်းအချက်အလက်အချို့ စုံစမ်းထားပြီးဖြစ်သည်။

အသွေးသားနန်းတော်ဆိုသည်မှာ စိတ်ဝိညာဥ်နယ်မြေ ထဲတွင် လူသားကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများ ပူးပေါင်းတည်ထောင်ထားသည့် ထိပ်တန်းအင်အားစုကြီး တစ်ခုဖြစ်သည်။

ထိုနေရာရှိ အမာခံကျင့်ကြံသူများသည် မသေမျိုးလမ်းစဉ် နှစ်သွယ်ကိုသာ လျှောက်လှမ်းကြသည် ပထမတစ်ခုမှာ အသွေးသားမိစ္ဆာမသေမျိုး ဖြစ်ပြီး ဒုတိယတစ်ခုမှာ ဝိညာဉ်အနှစ်မိစ္ဆာမသေမျိုးဖြစ်သည်။

ယခု စူးစမ်းရေးကြယ်မြွေအစီရင်ကို ခြယ်လှယ်နေသည့် အမာခံတပည့်မှာ အစွမ်းအစပိုင်းတွင် လီရှမ်းဇီ နှင့် မတိမ်းမယိမ်းပင် ဖြစ်သည်။

သို့သော် နှစ်ဖက်စလုံး ဆယ်ရက်ကျော်ကြာ အပြန်အလှန် ထိန်းချုပ်ထားပြီးနောက် လီရှမ်းဇီခြယ်လှယ်ထားသည့် နဂါးနက်အစီရင်သည် ရုတ်တရက် ချွန်ထက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။

ဖန့်ချန်တို့မှာ အပြင်းထန်ဆုံး ခံစားလိုက်ရသည်။

သူတို့၏ ဝိညာဉ်စွမ်းအား အများစုမှာ တစ်ခဏအတွင်း စုပ်ယူခံလိုက်ရသကဲ့သို့ပင်။

ထို့နောက် ထိုကြယ်မြွေအစီရင်ကြီးမှာ ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားတော့သည်။

“အဲဒါ အစီရင်မသေမျိုးအတတ်ပဲ အဲဒါ ကျွယ်မင်နန်းတော်က လီရှမ်းဇီ ပဲ၊ သူ အစီရင်မသေမျိုးအတတ်ကို သုံးနိုင်သွားပြီ ”

“တောက် တိုက်ပွဲအလယ်မှာမှ ဘယ်လိုဖြစ်ပြီး အဆင့်တက်သွားရတာလဲ ”

“မြန်မြန်... လီညီလေးဆီ သွားပြီး ပူးပေါင်းကြ ”

လီရှမ်းဇီ ၏ မျက်နှာတွင် အံ့အားသင့်ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် အဆင့်တက်သွားသည့် ပီတိကို ခံစားရန်ပင် အချိန်မရသေးမီမှာပင် အမာခံတပည့် အများအပြားက သူတို့၏ အစီရင်များကို သူရှိရာသို့ ဦးတည်မောင်းနှင်လာကြသည်ကို မြင်လိုက်ရသည်။

ထိုအရာက ဘာကိုဆိုလိုသနည်းဆိုသည်ကို သူ ကောင်းကောင်းသိသည်။

ရှေ့ဆက်မည့် တိုက်ပွဲတွင် သူသည် ဗဟိုချက်မ ဖြစ်လာတော့မည်ဖြစ်ပြီး ကျန်ရှိသော တပည့်များက သူ့ကို ကာကွယ်ပေးသည့် တာဝန်ကို ယူကြရတော့မည်ဖြစ်သည်။

“အစီရင်မသေမျိုးအတတ်...”

ဘေးက ကြည့်နေသည့် ဖန့်ချန်၏ စိတ်ထဲတွင်လည်း လှိုင်းတံပိုးအချို့ ထသွားသည်။

လီရှမ်းဇီ အဆင့်တက်သွားပြီ။

ခုနက နဂါးနက်အစီရင်သည် ဓားအဖြစ် ပြောင်းလဲသွားစဉ် ထွက်ပေါ်လာသည့် အရှိန်အဝါမှာ အရင်ကထက် များစွာ သာလွန်လှသည်။

အကယ်၍ အရင်က လီရှမ်းဇီ ခြယ်လှယ်သည့် နဂါးနက်အစီရင်မှာ ရှေးဟောင်းမသေမျိုး အဆင့်နီးပါး ရှိခဲ့လျှင် ယခုအခါတွင်မူ သူသည် ရှေးဟောင်းမသေမျိုး တစ်ဦး၏ တိုက်ခိုက်မှုစွမ်းရည်မျိုးကို အမှန်တကယ် ပိုင်ဆိုင်သွားပြီဖြစ်သည်။

ကြည့်ရတာ အစီရင်တွေ အပြန်အလှန် တိုက်ခိုက်နေတာလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ရှေးဟောင်းမသေမျိုးအဆင့်တွေ အချင်းချင်း ယှဉ်ပြိုင်နေကြသလိုပါပဲ

ဖန့်ချန်သည် ကြယ်တာရာစစ်တလင်းကြီးကို ကြည့်ရင်း ထိုအဆင့်အတန်းရှိသော တိုက်ပွဲများအပေါ် ပထမဆုံးအကြိမ် နားလည်သဘောပေါက်သွားမိသည်။

ထိုက်ရွှီးမသေမျိုးအရှင် တို့ကဲ့သို့ အဆင့်မျိုးဆိုလျှင် မြေပြင်ပေါ်တွင် တိုက်ခိုက်ရန်ပင် သင့်တော်တော့မည်မဟုတ်ချေ။

ထိုသို့တိုက်ခိုက်ပါက နယ်မြေတစ်ခုလုံး ပျက်စီးသွားနိုင်ပြီး ဟင်းလင်းပြင် ကြယ်တာရာကမ္ဘာသည်သာ သူတို့အတွက် တကယ့်စစ်တလင်း ဖြစ်ပေလိမ့်မည်။

ထို့နောက်တွင် လီရှမ်းဇီ မှာ ပိုမိုရဲရင့်လာပြီး နန်မင်ရုယွဲ့နှင့် အချိတ်အဆက်မိမိ ပူးပေါင်းကာ အကြီးမားဆုံးသော နဂါးနက်အစီရင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားကြသည်။

ဖန့်ချန်၏ အကဲခတ်ချက်အရ ကျွယ်မင်နန်းတော်ဘက်တွင် လီရှမ်းဇီ အပါအဝင် အစီရင်မသေမျိုးအတတ်ကို သုံးနိုင်သည့် နဂါးနက်အစီရင် လေးခု ရှိနေသည်။

သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ စစ်တလင်းတွင် အမြင့်ဆုံးဖြစ်ပြီး စစ်ဆင်ရေး၏ ဗဟိုချက်မများလည်း ဖြစ်ကြသည်။

ထိုနဂါးနက်အစီရင် လေးခုသည် တိုက်စစ်နှင့် ခံစစ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လိုက်နိုင်ပြီး ကျန်ရှိသော အစီရင်များနှင့် ပူးပေါင်းလိုက်သောအခါ စစ်ပွဲ၏ အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။

ထိုတိုက်ပွဲသည် ဆယ်နှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။

အသွေးသားနန်းတော်၊ နဂါးမင်းကျောင်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း ၊ ကြယ်တစ်သောင်းနန်းတော် ၊ ဝိညာဉ်သုတ်သင်ခြင်းဌာန နှင့် ဝိညာဉ်နတ်ဘုရားဂိုဏ်း... စိတ်ဝိညာဥ် နယ်မြေရှိ ထိပ်တန်းအင်အားစုကြီး အများအပြားမှ အမာခံတပည့်များသည် ကျွယ်မင်နန်းတော်၏ သုံ့ပန်းများအဖြစ် ဖမ်းဆီးခံလိုက်ရသည်။

ယနေ့တွင် စစ်ပွဲသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

လင်းယွမ်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သူတို့သည် ဤမျှလောက် ကြာရှည်ပြီး အကျပ်အတည်းဖြစ်စေသည့် တိုက်ပွဲမျိုးကို အလွန်တွေ့ရခဲသည်။

နေ့စဉ်နှင့်အမျှ၊ နှစ်နှင့်ချီ၍ ဝိညာဉ်စွမ်းအားများ ပို့လွှတ်နေရခြင်းမှာ ခန္ဓာကိုယ် မပင်ပန်းသော်လည်း စိတ်ကတော့ အကြီးအကျယ် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် နားလည်မှုရှိရှိဖြင့် အစီရင်များထဲမှ ထွက်ခွာလာပြီး အလယ်ဗဟိုတွင် ညှိနှိုင်းဆွေးနွေးရန် စုဝေးလိုက်ကြသည်ကို မြင်သောအခါ လူတိုင်း သက်ပြင်းချနိုင်တော့သည်။

“ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲကတော့ ပြီးပြီလို့ ပြောလို့ရတယ်။ ပြန်ရောက်ရင်တော့ ငါ အကြာကြီး တရားထိုင်ပြီး ကျင့်ကြံဦးမှပဲ၊ ခဏတဖြုတ်တော့ အပြင်မထွက်တော့ဘူး”

လင်းယွမ်က လူတိုင်းကို ပြောလိုက်သည်။

ယွီဝူရှီးနှင့် မုံချင့်လင်တို့မှာလည်း ထိတ်လန့်တုန်လှုပ်နေဆဲပင်။

ထိုကဲ့သို့သော တိုက်ပွဲမျိုးမှာ ပင်ပန်းရုံသာမက စိတ်ဓာတ်ကျစရာလည်း ကောင်းလှသည်။

သူတို့သည် ငယ်စဉ်ကတည်းက ပါရမီရှင်များအဖြစ် အားလုံးက သတ်မှတ်ခံခဲ့ရသော်လည်း၊ ဤနှစ်များအတွင်းတွင်မှ ပါရမီရှင်များကြားတွင်ပင် အဆင့်အတန်း အလွှာပေါင်းစုံ ကွဲပြားနေသည်ကို သိရှိသွားကြရသည်။

တကယ့် ပါရမီရှင်အစစ်အမှန်များ၏ ရှေ့တွင်မူ သူတို့မှာ ဝိညာဉ်စွမ်းအား ပို့လွှတ်ရသည့် တာဝန်ကိုသာ ယူနိုင်ကြသည်။

ထိုသို့ လုပ်ခွင့်ရခြင်းမှာပင် သူတို့က တော်နေ၍ ဖြစ်သည်။

သာမန်ကျင့်ကြံသူများဆိုလျှင် ထိုကဲ့သို့သော အခွင့်အရေးမျိုးပင် ရလိမ့်မည်မဟုတ်သလို ဤမျှကြီးမားသည့် စစ်ပွဲမျိုးတွင်လည်း ပါဝင်ခွင့်ရလိမ့်မည်မဟုတ်ပေ။

ညှိနှိုင်းဆွေးနွေးမှုမှာ ရက်အနည်းငယ်ကြာအောင် ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်စလုံး သုံ့ပန်းလဲလှယ်ခြင်းကို စတင်ခဲ့ကြသည်။

ကျွယ်မင်နန်းတော်ဘက်မှ ဖမ်းဆီးရမိထားသော ရန်သူအရေအတွက်မှာ သိသိသာသာ ပိုမိုများပြားသဖြင့် သုံ့ပန်းများကို အသုတ်လိုက် ပြန်လွှတ်ပေးခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သူတို့ဘက်မှ သုံ့ပန်းများကိုလည်း ပြန်လည် လက်ခံရရှိခဲ့သည်။

ထို့နောက် အင်အားစုအသီးသီးမှာ တစ်ခုပြီးတစ်ခု ထွက်ခွာသွားကြတော့သည်။

နံပါတ် (၁၅၇) မြောက် ရှေးဟောင်းတားမြစ်နယ်မြေ၏ ဗဟိုချက်မဖြစ်သော ဝူရှန့်ငရဲ တွင် ယခုအခါ ကျွယ်မင်နန်းတော်၏ မသေမျိုးလှေအစီရင်များသာ ကျန်ရှိတော့သည်။

“နိုင်ပြီ... ဒီရှေးဟောင်းတားမြစ်နယ်မြေက ငါတို့ ကျွယ်မင်နန်းတော်ရဲ့ ပိုင်နက် ဖြစ်သွားပြီ”

လင်းယွမ်က သက်ပြင်းချလိုက်ရင်း မျက်နှာတွင် ပျော်ရွှင်သည့် အပြုံးများ ပေါ်လာသည်။

“နောက်ထပ်လာမယ့်အပိုင်းကမှ တကယ့် အဓိကအပိုင်း ဖြစ်လိမ့်မယ်”

ယွီဝူရှီးသည် မသေမျိုးလှေအစီရင်မှာ အနားယူနေရင်း ဝူရှန့်ငရဲဆီသို့ ဦးတည်ချီတက်နေသည်ကို သတိပြုမိလိုက်သည်။

“ရိတ်သိမ်းရမယ့်အချိန် ရောက်ပြီပေါ့၊ ငါတို့ ဘယ်လောက်များ ခွဲတမ်းရမလဲ မသိဘူး။ ပြန်ရောက်ရင် ၇၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရဦးမလား မသိဘူးနော်”

မုံချင့်လင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

“ဒီဗဟိုချက်နယ်မြေက ပိုင်နက်သတ်မှတ်မှု မလုပ်ခင်အထိ ဘယ်သူမှ အတွင်းကျကျ မစူးစမ်းရသေးဘူး။ ဒါကြောင့် ငါတို့မှာ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်သလို တစ်ညတည်းနဲ့ ချမ်းသာသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အကယ်၍...”

ကြာနီနတ်မိမယ်ငယ်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်သူများကိုပါ ဝေ့ကြည့်ကာ

“ငါတို့ ကံကောင်းမယ်ဆိုရင် ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်အဖြစ် တိုက်ရိုက် ရာထူးတိုးနိုင်မယ့် အခွင့်အရေးမျိုးလည်း ရှိနိုင်တယ်”

“ဘာ... ဘယ်လို ”

ယွီဝူရှီးနှင့် အခြားသူများ မှင်တက်သွားကြပြီး ကြာနီနတ်မိမယ်ငယ်ကို ကြည့်လိုက်ကြသည်။

“ကြာနီမိတ်ဆွေ... နင် ဘာတွေပြောနေတာလဲ မဟုတ်ဘူး... နင် ဘာတွေ သိထားလို့လဲ ”

လင်းယွမ်၏ မျက်လုံးများက အလွန်စိုးရိမ်တကြီး ဖြစ်နေသည်။

“ငါလည်း သတင်းအချို့ ကြားဖူးတာပါ၊ ဒါပေမဲ့ အဲဒါက အမှန်လား၊ အမှားလားဆိုတာတော့ မသိဘူး။ ဒီအတိုင်း ပြောကြည့်တာပါ၊ နင်တို့လည်း နားထောင်ရုံပဲ နားထောင်လိုက်ကြပေါ့။ ဒီလို ကောင်းကင်ကျတဲ့ အခွင့်အရေးမျိုးက ငါတို့ခေါင်းပေါ် ကျလာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ”

ကြာနီနတ်မိမယ်ငယ်က ခေါင်းခါပြလိုက်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။

လူတိုင်းက သူမကို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတယ်လို့ ထင်နေကြသော်လည်း ဝူရှန့်ငရဲပေါ်တွင် စွန့်စားရကျိုးနပ်သည့် ကံထူးမှုများ ရှိနေလိမ့်မည်ဆိုသည်ကိုတော့ အသေအချာ ယုံကြည်သွားကြသည်။

မကြာမီမှာပင် မသေမျိုးလှေအစီရင်များသည် ဝူရှန့်ငရဲပေါ်သို့ ဆင်းသက်လိုက်ကြသည်။

လီရှမ်းဇီ ၏ အသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်လာသည်

“မင်းတို့အတွက် အချိန် အနှစ် (၃၀) ရှိတယ်။ အဲဒီအချိန်အတွင်း ဝူရှန့်ငရဲပေါ်မှာ လွတ်လပ်စွာ သွားလာနိုင်တယ်။ မင်းတို့ ရှာတွေ့တဲ့အရာအားလုံးဟာ မင်းတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပဲ။ ဒါပေမဲ့ ပြန်ရောက်တဲ့အခါမှာတော့ ၇၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရမှာကိုတော့ မမေ့ကြနဲ့ဦး”

အခန်း (၁၃၈၄) - မင်း ဘယ်အချိန်ထိ ချောင်းကြည့်နေဖို့ ရည်ရွယ်ထားတာလဲ

လူတိုင်းသည် မိမိတို့၏ မသေမျိုးလှေများအပေါ် ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။

အနှစ် ၃၀ လွတ်လပ်စွာ သွားလာခွင့်ဆိုသည်မှာ လီရှမ်းဇီတို့က လူတိုင်းကို ထိုအနှစ် ၃၀ အတွင်း မိမိတို့ဘာသာ ရိတ်သိမ်းမှုများ ပြုလုပ်နိုင်ရန် အချိန်ပေးလိုက်ခြင်းပင် ဖြစ်သည်။

အနှစ် ၃၀ ပြည့်လျှင်မူ လီရှမ်းဇီတို့နှင့်အတူ ဤနေရာမှ ပြန်လည်ထွက်ခွာကြရပေမည်။

နောက်တစ်ကြိမ် ပြန်လာဖို့ဆိုသည်မှာ... လုံးဝမဖြစ်နိုင်သလောက်ပင်။

အမာခံတပည့်များမှလွဲ၍ သာမန်ကျင့်ကြံသူများ၏ မသေမျိုးလှေများသည် ဤမျှဝေးကွာလှသော အရပ်ဒေသသို့ ကိုယ်ပိုင်အစွမ်းဖြင့် ခရီးနှင်နိုင်စွမ်း မရှိကြချေ။

“မင်းတို့ ဒီတစ်ခါ ကံကောင်းကြတာပဲ”

လူတိုင်း၏ ရှေ့မှ ဟင်းလင်းပြင်သည် တုန်ခါသွားပြီးနောက် လင်းတုန်းသည် ဝမ်ရွှမ်၊ ရွှီချန့် နှင့် အခြားတပည့်သုံးဦးကို ခေါ်ဆောင်၍ ဖန့်ချန်၏ မသေမျိုးလှေပေါ်သို့ ရောက်ရှိလာသည်။

သူက ပြုံးရွှင်စွာဖြင့် ဆိုသည်

“ပထမဆုံးအကြိမ် အပြင်ထွက် စူးစမ်းတာမှာတင် တားမြစ်နယ်မြေ လုပွဲနဲ့ တိုးတာပဲ။ ငါတို့ ကျွယ်မင်နန်းတော်ကလည်း အနိုင်ရရှိသွားပြီး အနည်းဆုံး အနှစ်တစ်ရာ ပိုင်ဆိုင်ခွင့် ရလိုက်တယ်။ အဲဒီအထဲက အနှစ် ၃၀ က မင်းတို့အတွက် ကံထူးမှု ပဲ။ ဒီအနှစ် ၃၀ ကို အလဟဿ မဖြစ်စေနဲ့ဦး၊ ဒီလိုအခွင့်အရေးမျိုးက ဘယ်နေရာမှာပဲဖြစ်ဖြစ် လူတိုင်း မနာလိုဖြစ်လောက်တဲ့ အရာမျိုးပဲ”

“ညီငယ်လေးရဲ့ ကံက တကယ်ကောင်းတာပဲ။ ငါက ကျွယ်မင်ကျင့်ကြံသူ ဖြစ်တာ ညီငယ်လေးထက် စောပေမဲ့ တားမြစ်နယ်မြေ လုပွဲနဲ့ တိုးတာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ”

ဝမ်ရွှမ်က ရယ်မောရင်း

“ငါတို့တွေ အတူတူ စူးစမ်းကြမလား ရသမျှကိုလည်း အညီအမျှ ခွဲယူကြတာပေါ့”

စကားအဆုံးတွင် သူက လင်းတုန်းကို တစ်ချက်ကြည့်လိုက်ကာ

“ဒါပေမဲ့ ဆရာ့ကို ဦးဆောင်သူအဖြစ် ထားရှိရမယ့် အခြေခံနဲ့ပေါ့လေ”

“အဲ... ကျမကတော့ တစ်ကိုယ်တော်ပဲ စူးစမ်းဖို့ ရည်ရွယ်ထားတယ်”

ကြာနီနတ်မိမယ်ငယ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

ထို့နောက် သူမက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ

“ဖန့်မိတ်ဆွေ... ကျမနဲ့အတူ လိုက်မလား ”

“ဆရာ... ကျနော် ကြာနီမိတ်ဆွေနဲ့အတူ ဒီနယ်မြေထဲမှာ လှည့်ပတ်ကြည့်ဖို့ ရည်ရွယ်ထားပါတယ်”

ဖန့်ချန်က လင်းတုန်းကို ကြည့်ကာ လက်အုပ်ချီ၍ ဆိုလိုက်သည်။

လင်းတုန်းက သူတို့နှစ်ဦးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ပြုံးလျက်

“ကောင်းပြီလေ”

သူသည် အပိုစကားများ မပြောတော့ဘဲ ဝမ်ရွှမ်တို့ကို ခေါ်ဆောင်ကာ လှည့်ထွက်သွားတော့သည်။

ထိုအခြေအနေကြောင့် လင်းယွမ်မှာ စကားပြောချင်သော်လည်း ပြန်မျိုချလိုက်ရသည်။

တကယ်တမ်းတွင် သူသည် အင်အားကြီးသူများနောက်မှ လိုက်ပါလိုခြင်းဖြစ်သည်။

အားကိုးရာရှိခြင်းက တစ်ကိုယ်တော် စူးစမ်းခြင်းထက် ပို၍ ဘေးကင်းသည်မဟုတ်ပါလား။

သို့သော် လင်းတုန်း လာရောက်နှုတ်ဆက်ခြင်းမှာ သူတို့၏ ခေါင်းဆောင်ကြောင့်သာဖြစ်ပြီး သူတို့ကဲ့သို့သော လူများကို ခေါ်ဆောင်ရန် ရည်ရွယ်ချက်မရှိသည်ကို သူ ရိပ်မိလိုက်သည်။

“ခေါင်းဆောင်... ခင်ဗျားတို့ တကယ်ပဲ နှစ်ယောက်တည်း သွားကြမှာလား ကျုပ်တို့ကို မခေါ်တော့ဘူးလား ”

လင်းယွမ်က ဖန့်ချန်ကို လှမ်းကြည့်မေးမြန်းသည်။

“မင်းတို့ အရမ်းဝေးဝေးမသွားကြနဲ့။ အားလုံး စုပြုံပြီး သွားနေရင် အခွင့်အရေးတွေ အများကြီး လွတ်သွားလိမ့်မယ်။ ခွဲပြီးသွားတာကမှ ပိုတွက်ခြေကိုက်မယ်”

ဖန့်ချန်က ဆိုသည်။

“ဒါဆိုလည်း ပြီးတာပါပဲ...”

လင်းယွမ်က သက်ပြင်းအသာချလိုက်သည်။

ထို့နောက် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ စတင်လှုပ်ရှားနေကြသည်ကို မြင်သောအခါ သူ ချက်ချင်း စိတ်အားတက်ကြွလာပြီး

“ဒါဆို မဆိုင်းမတွဘဲ ကျုပ်တို့လည်း အရင်ထွက်နှင့်တော့မယ်။ နောက်ဆုံးကျမှ ဒီနေရာမှာ ပြန်ဆုံကြတာပေါ့”

ဤတစ်ကြိမ်တွင် ကျွယ်မင်ကျင့်ကြံသူ သန်းနှင့်ချီ၍ ထိုနေရာ၌ စူးစမ်းနေကြသည်။

ထိုအထဲတွင် တက်လှမ်းခြင်းအဆင့် ၊ အဆင့် ၁ မသေမျိုး မှ အဆင့် ၅ မသေမျိုး အထိ အစွမ်းထက်သူများလည်း ပါဝင်နေသည်။

သူတို့ကဲ့သို့ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်များမှာ နှေးကွေးနေပါက ဟင်းရည်ကျန်လေးတောင် သောက်ရတော့မည် မဟုတ်ချေ။

မကြာမီမှာပင် ယွီဝူရှီး၊ လင်းယွမ် နှင့် မုံချင့်လင် တို့ သုံးဦးသည် လမ်းခွဲ၍ ထွက်ခွာသွားကြတော့သည်။

“ကြာနီမိတ်ဆွေ... ငါ ခဏလောက် အသက်ရှူနှုန်း ထိန်းညှိဦးမယ်၊ ခဏလောက် စောင့်ပေးပါဦး”

ဖန့်ချန်က ဆိုသည်။

“ရှင့်အတွက် ကျမ အစောင့်အရှောက် လုပ်ပေးမယ်”

ကြာနီနတ်မိမယ်ငယ်က ခပ်အေးအေး ခေါင်းညိတ်ပြသည်။

ထိုအချိန်တွင် လီရှမ်းဇီ အပါအဝင် ကျွယ်မင်နန်းတော်၏ အမာခံတပည့်များသည် တစ်နေရာတည်း၌ စုဝေးနေကြသည်။

ဒီတစ်ကြိမ်တွင် ကျွယ်မင်နန်းတော်မှ အမာခံတပည့် ရာနှင့်ချီ၍ ရောက်ရှိလာကြရာ ကျိရှန့် မှာမူ ကျင့်ကြံမှုအဆင့် အလွန်နိမ့်ပါးပြီး ဝင်ရောက်လာသည်မှာ မကြာသေးသဖြင့် အလွန်ပင် သတိမမူမိလောက်အောင် ဖြစ်နေသည်။

သူ့ဘေးရှိ ကျိထျန်းကျွင်းသည် ကြာနီနတ်မိမယ်ငယ်ရှိရာဘက်သို့ ခဏခဏ ခိုးကြည့်နေသည်။

သူမက ဖန့်ချန်အတွက် အစောင့်အရှောက် လုပ်ပေးနေသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းနက်ရှိုင်းသော နေရာတွင် မနှစ်မြို့သည့် အရိပ်အယောင်များ ပေါ်လာသည်။

ဖန့်ချန်၏ အာရုံစိုက်မှုမှာမူ အလယ်ဗဟိုရှိ ပုဂ္ဂိုလ်အချို့ဆီသို့ ရောက်ရှိနေသည်။

နန်မင်ရုယွဲ့ နှင့် လီရှမ်းဇီ တို့ကိုမူ သူ ရင်းနှီးပြီးသားဖြစ်သည်။

လီရှမ်းဇီ၏ ဆန့်ကျင်ဘက်တွင် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရပ်နေသည်။

သူမ၏ ကျင့်ကြံမှုမှာ လီရှမ်းဇီနှင့် တန်းတူ အဆင့် ၄ မသေမျိုး ဖြစ်သည်။

သူမသည်လည်း အစီရင်မသေမျိုးအတတ်ကို သုံးနိုင်သည့် လေးဦးအနက် တစ်ဦးဖြစ်သည်။

ထိုအမျိုးသမီး၏ ဘေးတွင်မူ နောက်ထပ် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှိနေသေးသည်။

သူမသည်သာ ယခုရောက်ရှိနေသော အမာခံတပည့် ရာပေါင်းများစွာ၏ ခေါင်းဆောင်ဖြစ်သည်။

သူမ၏ ကျင့်ကြံမှုမှာ တိုင်းတာ၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပြီး ရှေးဟောင်းမသေမျိုးအဆင့်သို့ ခြေစုံပစ် ဝင်နေပြီဖြစ်သည်။

အဆင့် ၇ လား၊ အဆင့် ၈ လား ဆိုသည်ကိုမူ ဖန့်ချန် မခွဲခြားနိုင်သေးချေ။

နန်မင်ရုယွဲ့ အပါအဝင် အမာခံတပည့်အားလုံးသည် ထိုအမျိုးသမီးကို ရင်ဆိုင်ရာတွင် အလွန်ပင် ရိုသေကိုင်းညွတ်ကြသည်။

၎င်းမှာ ရွယ်တူချင်းကို ဆက်ဆံနေခြင်းမျိုး မဟုတ်ဘဲ လူကြီးသူမတစ်ဦးကို ဆက်ဆံနေသကဲ့သို့ပင် ဖြစ်သည်။

“ငါတို့ ဒီတစ်ခါ နံပါတ် (၁၅၇) မြောက် ရှေးဟောင်းတားမြစ်နယ်မြေရဲ့ ပိုင်ဆိုင်ခွင့်ကို ရလိုက်ပြီ။ ဒါပေမဲ့ အချိန်က အနှစ်တစ်ရာပဲ ရှိတယ်။ အနှစ်တစ်ရာ ပြည့်ရင် နောက်ထပ် လုပွဲတစ်ခုကို ထပ်ပြီး ရင်ဆိုင်ရဦးမယ်။ အဲဒီတစ်ကြိမ်မှာသာ ထပ်နိုင်ရင်တော့ ပိုင်ဆိုင်ခွင့်က အနှစ်တစ်ထောင်အထိ ဖြစ်သွားလိမ့်မယ်။ အခု နိုင်လိုက်ပေမဲ့ အနှစ်တစ်ရာဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာပဲ၊ အနှစ်တစ်ထောင်တောင်မှ သိပ်မကြာလှဘူး။ အဓိကကတော့ တတိယအကြိမ် တိုက်ပွဲပဲ။ တတိယအကြိမ်မှာ နိုင်မှ အနှစ်တစ်သောင်းအထိ ပိုင်ဆိုင်ခွင့် ရမှာ”

အမျိုးသမီးက အေးစက်တည်ငြိမ်စွာ ဆိုသည်။

လူတိုင်းက အသေအချာ နားထောင်နေကြသည်။

ဖန့်ချန်လည်း နားထောင်နေသော်လည်း ဤအချက်အလက်များကို စိတ်မဝင်စားချေ။

သူ သိလိုသည်မှာ ထူခြားသူ များ၏ သတင်း သို့မဟုတ် အစီရင်ဗဟိုချက် ၏ သတင်းသာဖြစ်သည်။

ကြာနီနတ်မိမယ်ငယ်က တစ်ကိုယ်တော် စူးစမ်းလိုခြင်းမှာ ထိုနေရာ၏ တစ်နေရာရာတွင် အစီရင်ဗဟိုချက် ကို ရရှိနိုင်ကြောင်း သိထား၍ ဖြစ်ဖို့ အလားအလာ အလွန်များသည်။

“အစ်မကြီး... ဒီတစ်ခါ တိုက်ပွဲက အရမ်းကမန်းကတန်း ဖြစ်သွားလို့ပါ။ နောက်တစ်ကြိမ် လုပွဲကျရင် တခြား အစ်ကိုကြီး၊ အစ်မကြီးတွေလည်း ရောက်လာကြမှာဆိုတော့ ကာကွယ်ဖို့က ပြဿနာရှိမှာ မဟုတ်ပါဘူး”

နန်မင်ရုယွဲ့က ရိုသေစွာ ဆိုသည်။

အမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်

“သူတို့ ရောက်လာနိုင်ရင်တော့ ကာကွယ်ဖို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ သူတို့ မလာနိုင်ရင် ငါလည်း ဒီမှာ အကြာကြီး စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး”

“မလာနိုင်ဘူး ဟုတ်လား ဘာလို့လဲ ”

တစ်ယောက်က အံ့အားသင့်စွာ မေးလိုက်သည်။

“တခြား ရှေးဟောင်းတားမြစ်နယ်မြေ အချို့ရဲ့ သက်တမ်းကလည်း ပြည့်တော့မယ်၊ သူတို့က အဲဒီဘက်က လုပွဲတွေကို တာဝန်ယူရမယ်။ ဒါကြောင့် မင်းတို့ထဲမှာ အစီရင်မသေမျိုးအတတ်ကို နားလည်တဲ့သူ ပိုပြီး များလာဖို့ လိုအပ်တယ်။ ဒီတစ်ခါ လီမောင်လေး လုပ်ပြနိုင်တာ တော်တော်လေး ကောင်းတယ်”

အမျိုးသမီးက ဆိုသည်။

လီရှမ်းဇီက နှိမ့်ချသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

လူတိုင်းက သူ့ကို ဝိုင်း၍ ဂုဏ်ပြုကြသလို မနာလိုသော မျက်လုံးများဖြင့်လည်း ကြည့်နေကြသည်။

“အနှစ်တစ်ရာနောက်ပိုင်း တိုက်ပွဲအတွက် ငါ စီစဉ်လိုက်မယ်။ ပိုင်ဆိုင်ခွင့်က သတ်မှတ်ပြီးသားဆိုတော့ စည်းမျဉ်းအတိုင်း သွားရုံပဲ၊ ဒါကတော့ တိုက်ပွဲ သုံးပွဲပေါ့။ ဒီသုံးပွဲမှာ ငါ ပါဝင်ဖို့ အချိန်မရှိဘူး၊ ဒါကြောင့် နန်မင်ရုယွဲ့၊ လီရှမ်းဇီ၊ လီယွီကျိန်း တို့ သုံးယောက်ကပဲ တိုက်ရမယ်။ လီမောင်လေး အစီရင်မသေမျိုးအတတ်ကို နားလည်သွားတာ ကံကောင်းလို့ပဲ၊ မဟုတ်ရင် ငါ လူအင်အား ထပ်ပြီး ရှာနေရဦးမယ်... လူအင်အားက တကယ့်ကို ပြဿနာကြီးပဲ”

အမျိုးသမီးက ဆိုသည်။

လူတိုင်းတွင် ကန့်ကွက်စရာ မရှိချေ။

ထိုနေရာတွင် ဤသုံးဦးနှင့် အစ်မကြီးသာလျှင် အစီရင်မသေမျိုးအတတ်ကို သုံးနိုင်ကြခြင်းဖြစ်သည်။

အစ်မကြီးမှာ စောင့်ရှောက်ရန် အချိန်မရှိသဖြင့် ထိုသုံးဦးကသာ တာဝန်ယူရမည် ဖြစ်သည်။

“ဆုလာဘ်ပိုင်းကတော့ အရင်အတိုင်းပဲ။ မင်းတို့ နိုင်ရင် နောက်ထပ် အဆင့် အတွက် လိုအပ်တဲ့ နတ်ဆေးပင်ကို ကျွယ်မင်နန်းတော်က တာဝန်ယူမယ်။ တကယ်လို့ မင်းတို့ ရှုံးရင်တော့ အစီရင်ဗဟိုချက်ကို ပြန်အပ်ရမယ်၊ ပြီးတော့ အမာခံတပည့်အဖြစ်ကနေ ရပ်စဲခံရမယ်။ ဘယ်သူ့မှာ ကန့်ကွက်စရာ ရှိသေးလဲ ”

အမျိုးသမီးက မေးလိုက်သည်။

ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသည်။

ရှုံးနိမ့်ခြင်းအတွက် ပြစ်ဒဏ်က ဤမျှ ပြင်းထန်သလော သို့သော် သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ နန်မင်ရုယွဲ့တို့ သုံးဦးစလုံးမှာ ကန့်ကွက်ခြင်း မရှိကြချေ။

သူတို့၏ မျက်ဝန်းထဲတွင် လေးနက်မှုများ ရှိနေသော်လည်း ငြင်းပယ်လိုသည့် အရိပ်အယောင် လုံးဝမရှိချေ။

ကျွယ်မင်နန်းတော်က ငါထင်ထားတာထက် ပိုပြီး စည်းလုံးနေတာပဲ ဖန့်ချန် စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

ဖြစ်နိုင်သည်မှာ ထိုကဲ့သို့ ပြင်းထန်သော စည်းမျဉ်းများ ရှိမှသာ ဤအမာခံတပည့်များမှာ ပို၍ အစွမ်းထက်လာမည်ဖြစ်ပြီး၊ လာဘ်ထိုးခံရခြင်း သို့မဟုတ် တမင်သက်သက် အရှုံးပေးခြင်းမျိုးကိုလည်း တားဆီးနိုင်မည်ဖြစ်သည်။

ရှေးဟောင်းတားမြစ်နယ်မြေတစ်ခု၏ ဗဟိုချက်မသည် မည်မျှ တန်ဖိုးရှိသနည်းဆိုသည်မှာ စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။

“ဒုတိယကိစ္စ... မင်းတို့လည်း ကြားဖူးကြမှာပါ။ ဒီနယ်မြေထဲမှာ ထူးခြားသူ အချို့ ပေါ်ထွက်လာတယ်လို့ သိရတယ်။ အဲဒီထဲက တစ်ယောက်ကတော့ အရင်တုန်းက လူသိနည်းတဲ့ တောက်ပသော လောကမသေမျိုးလမ်းစဉ် ကို လျှောက်လှမ်းခဲ့သူပဲ။ တကယ်လို့ သူတို့ကို ရှာတွေ့ရင် အဲဒီမသေမျိုးလမ်းစဉ်ကို ရရှိဖို့ အခွင့်အရေး ရှိတယ်။ ကျွယ်မင်နန်းတော်မှာ အဆင့် ၅ ကနေ အဆင့် ၇ အထိ လမ်းစဉ်အချက်အလက်တွေ ရှိပြီးသားဆိုတော့၊ အခု အဆင့် ၄ လမ်းစဉ်အချက်အလက်ကိုသာ ရလိုက်ရင် ဒီမသေမျိုးလမ်းစဉ်ကို အပြည့်အစုံ ဖြည့်စွက်နိုင်တော့မယ်”

အမျိုးသမီးက အေးစက်စွာ ဆိုသည်

“သွားကြတော့၊ သူတို့သာ ဝူရှန့်ငရဲပေါ်မှာ ရှိနေရင် သူတို့ကို ရှာထုတ်ကြ”

“ဟုတ်ကဲ့ပါ ”

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နဂါးနက်လှေများကို ခြယ်လှယ်၍ အရပ်မျက်နှာအသီးသီးသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။

ထို့နောက်တွင်... အမျိုးသမီးသည် ဖန့်ချန် ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကာ

“နင် ဘယ်အချိန်ထိ ချောင်းကြည့်နေဖို့ ရည်ရွယ်ထားတာလဲ ”

All Chapters