← Chapters

အခန်း (၁၃၈၅-၁၃၈၆)

Vol. 139 Ch. 1385-1386

အခန်း (၁၃၈၅-၁၃၈၆)

Vol. 139 Ch. 1385-1386

အခန်း (၁၃၈၅) - ထိုက်ဟောက် နတ်မှန်ပြောင်း

ယခုအချိန်တွင် ထိုအမျိုးသမီးမှလွဲ၍ ဤအနီးအနားတွင် မည်သူမျှမရှိချေ။

တစ်ဖက်လူကလည်း မိမိကို စိုက်ကြည့်နေသဖြင့် ဖန့်ချန်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။

သို့သော် သူသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ဘေးဘက်သို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။

မှန်းဆထားသည့်အတိုင်းပင် အမျိုးသမီး၏ အကြည့်မှာ သူ ရွှေ့လျားရာနောက်သို့ လိုက်မလာခဲ့ချေ။

“တကယ်ပဲ မင်းကို ဖုံးကွယ်လို့ မရဘူးပဲ ”

ကျောက်တုံးတစ်တုံးက စကားပြောဆိုလိုက်သည်။

ဖန့်ချန်သည် ထိုကျောက်တုံးဆီသို့ လှည့်ကြည့်လိုက်မိသည်။

ယခုအချိန်ကျမှသာ ထိုကျောက်တုံး၏ အရှိန်အဝါမှာ တစ်မျိုးတစ်ဖုံ ထူးခြားနေသည်ကို သူ သတိပြုမိတော့သည်။

နောက်တစ်ခဏတွင် ကျောက်တုံးသည် လူငယ်တစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။

သူသည် မိမိကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို အသာအယာ ခါချလိုက်ပြီးနောက် အမျိုးသမီးကို ပြုံး၍ ကြည့်ကာ ဆိုလိုက်သည်

“အာမန်... မတွေ့တာ ကြာပြီနော်"

“ငါ့ကို အဲဒီ အိမ်ခေါ်နာမည်နဲ့ မခေါ်နဲ့ ”

အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ကောင်းပါပြီ အာမန် ”

လူငယ်က ခေါင်းညိတ်ပြသည်။

“ပြောစမ်းပါဦး...နင် ဘယ်တုန်းက ရောက်နေတာလဲ။ အထက်သုံးနယ်မြေ က လူအများကြီးက နင့်ရဲ့ခြေရာကို လိုက်ရှာနေကြတာ သိရက်နဲ့၊ ပြန်လာရဲသေးတယ်ပေါ့ ”

အမျိုးသမီးက တည်ငြိမ်စွာ မေးလိုက်သည်။

လူငယ်က သက်ပြင်းအသာချကာ

“မပြန်လာလို့ မရလို့ပါ၊ ငါ့အတွက် အစီရင်ဗဟိုချက် တစ်ခု လိုအပ်နေတယ် ”

“ဒါဆိုရင်တော့ နင် စိတ်ပျက်ရလိမ့်မယ်။ ကျွယ်မင်နန်းတော်ရဲ့ အစီရင်ဗဟိုချက်ကို ပြင်ပလူကို ဘယ်တော့မှ ပေးမှာမဟုတ်ဘူး ”

အမျိုးသမီးက ပြန်ပြောလိုက်သည်။

“အဲလိုမလုပ်ပါနဲ့ အာမန်ရာ... ငါတို့ရဲ့ ခင်မင်မှုအရဆို မင်း ငါ့ကို ဒီတစ်ခါ ကူညီသင့်ပါတယ်။ ဒီဝူရှန့်ငရဲမှာ အနည်းဆုံး အစီရင်ဗဟိုချက် အခုပေါင်း ဆယ်ဂဏန်းလောက် တူးဖော်ရရှိနိုင်တာပဲ၊ ငါ့ကို တစ်ခုလောက် ပေးပါဦး ”

လူငယ်က ပြုံးစိစိဖြင့် ဆိုသည်

“ဘယ်သူမှ သိမှာမဟုတ်ပါဘူး၊ ကျွယ်မင်နန်းတော်က ငါ့ကို လျော်ကြေးပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့ ”

“နင် က အစီရင်ဗဟိုချက်ကို ဘယ်မှာ သုံးမလို့လဲ နင် က မြေနဂါးစီးရီး မသေမျိုးလှေတွေကို အသုံးပြုခွင့်မှ မရှိတာ ”

အမျိုးသမီး၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားဟန် ရှိသည်

“နင် အစီရင်ဗဟိုချက်ကို ရသွားရင်တောင် လူပုံအလယ်မှာ ထုတ်သုံးလို့ရတာ မဟုတ်ဘူး၊ အဲဒါက နင့် အတွက် ဘာအသုံးဝင်မှာမလို့လဲ ”

“အစီရင်ဗဟိုချက်ရဲ့ စွမ်းအားက နည်းနည်းတော့ ထူးခြားတယ်။ အဲဒါမှ အသုံးတည့်မယ့် ကိစ္စတစ်ခု ရှိလို့ပါ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ မင်းကို အတိအလင်း ပြောပြလို့ မရသေးဘူး။ ပြောလိုက်ရင် မင်းရော ငါရော အန္တရာယ်ရှိနိုင်တယ်။ ငါ့ကို ယုံစမ်းပါ၊ ငါက မင်းကို ဘယ်လိုလုပ် ဒုက္ခပေးမလဲ ”

လူငယ်က ခါးသက်စွာ ပြုံးလိုက်သည်။

“နင် အရင်က ငါ့ကို ဒုက္ခပေးခဲ့တာ မနည်းဘူးလေ။ ထိုက်ဟောက် နတ်မှန်ပြောင်း ဆိုရင်လည်း နင့်ကြောင့်ပဲ အခုထိ ဘယ်ရောက်နေမှန်း မသိရတာ။ နန်းတော်သခင်ကိုယ်တိုင် ကာကွယ်မပေးခဲ့ရင် အကြီးအကဲများအဖွဲ့ က ငါ့ကို အစ်မကြီး ရာထူးကနေ ဖယ်ရှားပစ်မှာ ”

အမျိုးသမီးက လှောင်ပြုံးပြုံးလျက်

“ဝမ်ချုံစန်း... အခုဆိုရင် အထက်သုံးနယ်မြေက လူတွေက နင့်ကို မေ့လုနီးပါး ဖြစ်နေကြပြီ၊ နင် ဘာလို့ ပြန်လာတာလဲ နင်က အရင်ကတည်းက လျှို့ဝှက်ချက်တွေ အရမ်းများတာပဲ၊ တကယ်တမ်းကျတော့ ဘာတွေ အလုပ်ရှုပ်နေတာလဲ"

"တစ်နေရာရာမှာ အေးအေးဆေးဆေး ကျင့်ကြံနေတာ မကောင်းဘူးလား အထက်သုံးနယ်မြေမှာ သဘောတူညီချက် ရှိပြီးသားပဲ၊ အောက်ခြေခြောက်နယ်မြေ ထဲကို မသေမျိုးလှေအစီရင်တွေ ပေါ်မလာစေရဘူးဆိုတာလေ။ ဒါကြောင့် နင်သာ အထက်သုံးနယ်မြေကို မလာရင် အစီရင်ဗဟိုချက်က နင် နဲ့ ဘာဆိုင်မှာမလို့လဲ ”

“နင့် ရဲ့ ပါရမီနဲ့ဆိုရင် အစကနေ ပြန်စရင်တောင် အဆင့် ၆ မသေမျိုးအဆင့်အထိ ရောက်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ် ”

“အဆင့် ၆ ပြီးရင်ကော ”

“အင်း...နင် မသေမျိုးစားရင်းဝင်ခွင့် ကိုတော့ ရမှာမဟုတ်ဘူး၊ ဒါပေမဲ့ အဆင့် ၆ မသေမျိုးက နင့်ကို မကျေနပ်စေသေးဘူးလား ”

“မကျေနပ်တာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့... သိထားတဲ့ ကိစ္စတွေက နည်းနည်း များနေတော့လေ၊ ငါကိုယ်တိုင်လည်း ကျေနပ်ချင်ပါတယ်၊ ဒါပေမဲ့ ငါ့ရဲ့ စိတ်ရင်းက ခွင့်မပြုဘူးဖြစ်နေတယ်။ အဲဒီစိတ်ရင်းက ငါ့ကို ပြောနေတယ် တကယ်လို့ မင်းသာ ဒီကိစ္စကို မလုပ်ရင်၊ ဒီလောကမှာ ဒီအလုပ်ကို လုပ်ချင်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်တော့ဘူး လို့လေ”

လူငယ်က သက်ပြင်းအသာချလိုက်သည်။

ဝမ်ချုံစန်း

ဖန့်ချန်သည် ထိုလူငယ်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

ထိုအရာက ဝမ်ချုံစန်း၏ နောက်ထပ် ကိုယ်ပွား တစ်ခုလား ဒါမှမဟုတ် မူလကိုယ်လား

“အာမန်... မင်း ငါ့ကို ဒီတစ်ခါ ကူညီပေးပါ၊ အပြန်အလှန်အနေနဲ့ ငါ မင်းကို ထိုက်ဟောက် နတ်မှန်ပြောင်း ရဲ့ သဲလွန်စကို ပြောပြမယ် ”

ဝမ်ချုံစန်းက အလေးအနက် ဆိုလိုက်သည်။

“ထိုက်ဟောက် နတ်မှန်ပြောင်းက ဘယ်မှာလဲ ”

အမျိုးသမီး၏ မျက်နှာထား လှုပ်ရှားသွားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝိညာဥ်နယ်မြေ ထဲမှာတော့ မရှိဘူး ”

ဝမ်ချုံစုန်းက ခေါင်းခါပြသည်

“အဲဒါ ပျောက်သွားတာမှာ ငါ့မှာလည်း တာဝန်ရှိတာ အမှန်ပဲ၊ ဒါကြောင့် ဒီနှစ်တွေမှာ ငါ အမြဲတမ်း စုံစမ်းနေခဲ့တာ၊ အခုတော့ အောင်မြင်မှုအချို့ ရနေပြီ"

"ဒါပေမဲ့ အဲဒါ ရှိနေတဲ့နေရာက မင်းအတွက်တော့ အရမ်း အန္တရာယ်များတယ်။ နန်းတော်သခင်ကိုယ်တိုင် ထွက်လာမှပဲ ပြန်တောင်းလို့ ရနိုင်လိမ့်မယ်၊ အဲဒါတောင် ဖြစ်နိုင်ခြေ ရှိရုံပဲ ရှိသေးတာ ”

“နင် က ဘယ်လို အလဲအလှယ် လုပ်ချင်တာလဲ အခု ငါ့လက်ထဲမှာ ပိုလျှံနေတဲ့ အစီရင်ဗဟိုချက် မရှိသေးဘူး ”

အမျိုးသမီးက ဆိုသည်။

“ငါ ဝံပုလွေတစ္ဆေ ကြယ်တာရာနယ်မြေ မှာ မင်းကို စောင့်နေမယ်။ မင်းဆီမှာ ပိုလျှံတဲ့ အစီရင်ဗဟိုချက် ရပြီဆိုရင် အဲဒီကို လာခဲ့ပါ၊ ငါတို့ အလဲအလှယ် လုပ်ကြတာပေါ့ ”

ဝမ်ချုံစန်းက ဖြဲ၍ ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် မှုန့်မှုန့်ညက်ညက် ကြေမွကာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားတော့သည်။

အာမန်ဟု ခေါ်ဝေါ်ခံရသည့် အမျိုးသမီးသည် ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် ဟင်းလင်းပြင်ကို ခွင်း၍ ထွက်ခွာသွားတော့သည်။

ဝမ်ချုံစန်းက သူ သိထားတာတွေ အရမ်းများတယ်လို့ ပြောတာက... ဟို သော့နဲ့ ပတ်သက်တဲ့ သဲလွန်စတွေလား

ဖန့်ချန်သည် မြေပြင်ပေါ်ရှိ အမှုန့်ပုံကို စိုက်ကြည့်နေမိသည်။

ဤအရာက မည်သည့် နည်းဗျူဟာမျိုးလဲဆိုသည်ကို သူ နားမလည်နိုင်ချေ။

တစ်ဖက်လူက ထိုနေရာကို ကြိုတင်လာရောက် ပြင်ဆင်ထားပြီးမှ ကျွယ်မင်နန်းတော်၏ အစ်မကြီးနှင့် စကားပြောရန် စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို ချန်ထားရစ်ခဲ့ခြင်းလား သို့မဟုတ် သူသည် ဟင်းလင်းပြင် အထပ်ထပ်ကို ကျော်ဖြတ်ပြီး ဝံပုလွေတစ္ဆေ ကြယ်တာရာနယ်မြေ မှနေ၍ ဤကဲ့သို့ ထူးခြားသည့် နတ်ဘုရားအတတ်ကို သုံးလိုက်ခြင်းလား။

မည်သည့်နည်းလမ်းပင် ဖြစ်စေ၊ ဖန့်ချန်၏ အမြင်တွင်မူ အလွန်ပင် ခက်ခဲလှသည်။

အိပ်မက်ဆန်လှသည့် အစွမ်းပင် ဖြစ်ပေလိမ့်မည်။

နေဦး... အကယ်၍ ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်တွေထဲမှာ ဝမ်ချုံစန်းကို ကူညီပေးနေတဲ့သူ ရှိနေရင်ကော...

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ခုနက ကျောက်တုံးအနီးတွင် ရပ်နေသည့် အမာခံတပည့် အချို့ကို သူ သတိရလိုက်သည်။

ထိုသူများထဲက တစ်ယောက်ယောက်များ ဖြစ်နေမလား

ကံမကောင်းစွာဖြင့် ထိုမေးခွန်းကို အဖြေပေးနိုင်မည့်သူ လောလောဆယ် မရှိသေးချေ။

သူသည်လည်း အမာခံတပည့်များကို တိုက်ရိုက် စစ်ဆေးမေးမြန်းနိုင်စွမ်း မရှိသေးပေ။

ပထမအချက်မှာ ထိုသို့လုပ်ရန် စွမ်းအားမရှိခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ထိုသို့လုပ်ရန် အခြေအနေ မပေးခြင်းကြောင့် ဖြစ်သည်။

ဖန့်ချန်သည် သူ၏ စိတ်ဝိညာဉ်ကို ကိုယ်ထဲသို့ ပြန်လည်သွင်းလိုက်သည်။

ထို့နောက် မသေမျိုးလှေကို သိမ်းလိုက်ပြီး ဘေးနားရှိ ကြာနီနတ်မိမယ်ငယ်ကို ပြုံး၍ ဆိုလိုက်သည်

“ကြာနီမိတ်ဆွေ... ငါတို့ ဟိုဟိုဒီဒီ လျှောက်ကြည့်ရအောင်၊ ဒီတစ်ခါရော ငါတို့ ကံကောင်းမလားလို့”

ကံကောင်းမှုဆိုသည်မှာ တကယ်ရှိသော်လည်း တစ်ချိန်တည်းမှာပင် ရယူရန်မှာ မလွယ်ကူလှချေ။

သူတို့နှစ်ဦး ဝူရှန့်ငရဲပေါ်တွင် လျှောက်သွားရင်း စူးစမ်းခဲ့သည်မှာ တစ်နှစ်နီးပါးခွဲခန့် ရှိလာသောအခါ ယွီဝူရှီး၊ လင်းယွမ် နှင့် မုံချင့်လင် တို့ သုံးဦးကို တွေ့ရှိခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် ထိုသုံးဦးမှာ ဝိုင်းရံတိုက်ခိုက်ခံနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

သူတို့ကို ဝိုင်းထားသူများမှာလည်း ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ အနီးအနားတွင် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ကာ အခြေအနေကို အေးဆေးစွာ ကြည့်နေသည်။

သူတို့ရှိနေသည့် နေရာတွင် မြေပြင်ပေါ်၌ ပေါ်လွင်နေသည့် ဝိညာဉ်ကျောက်သတ္တုကြောတစ်ခု ရှိနေသည်။

ထိုအထဲတွင် အဆင့်နိမ့် ၊ အလယ်လတ် နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်များ ပါဝင်သည်။

ရောထွေးနေသော်လည်း မျက်စိရှိသူတိုင်းက ထ်ုသတ္တုကြောကိုသာ အကုန်တူးဖော်နိုင်ပါက တန်ဖိုးမည်မျှ ကြီးမားမည်ကို သိကြသည်။

အဆင့် ၁ မသေမျိုးများပင်လျှင် မျက်စိကျလောက်သည့် တန်ဖိုးမျိုး ဖြစ်သည်။

သို့သော် ဤနေရာမှာ ဝူရှန့်ငရဲ ဖြစ်သည်။

ပစ္စည်းကောင်းများစွာ ရှိနေသဖြင့် အဆင့် ၁ မသေမျိုးများအတွက်မူ ထိုထက် ပိုကောင်းသည့်အရာများက သူတို့ကို စောင့်ကြိုနေပေလိမ့်မည်။

“မတိုက်တော့ဘူး၊ မတိုက်တော့ဘူး ဒီနေရာကို မင်းတို့ပဲ ယူလိုက်တော့ ”

လင်းယွမ်က ရုတ်တရက် အော်ဟစ်လိုက်ပြီး တိုက်ပွဲကို ရပ်တန့်ရန် တောင်းဆိုလိုက်သည်။

အားလုံးက ကျွယ်မင်ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အရှုံးပေးလိုက်ပါက သေလောက်အောင် တိုက်ခိုက်စရာ မလိုတော့ချေ။

လွန်ခဲ့သည့် နှစ်ဝက်အတွင်း သူတို့ ဤကဲ့သို့သော အခြေအနေမျိုး အကြိမ်အနည်းငယ် ကြုံခဲ့ရပြီးဖြစ်သည်။

ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အုပ်စုသည် လက်ရပ်ရန် ပြင်လိုက်သော်လည်း တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကမူ ခပ်အေးအေး ပြုံးကာ

“ဆက်တိုက်စမ်း... မသေစေနဲ့ ဆိုရင် ရပြီ ”

“မင်းတို့ စည်းကမ်းမလိုက်နာဘူးလား ”

လင်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

မုံချင့်လင် နှင့် ယွီဝူရှီး တို့ကလည်း ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို ကြည့်လိုက်ကြသည်။

မုံချင့်လင်က တိုက်ရိုက်ပင် အော်ဟစ်လိုက်သည်

“မင်းက ဘယ်အမာခံတပည့် ခေါ်လာတဲ့သူလဲ လီအမာခံတပည့် (လီရှမ်းဇီ) သာ သိသွားရင် မင်းကို အပြစ်ပေးလိမ့်မယ် ”

“ဘယ် လီအမာခံတပည့်လဲ ”

“အခုလေးတင် အစီရင်မသေမျိုးအတတ်ကို နားလည်သွားတဲ့ လီရှမ်းဇီ အမာခံတပည့်ပဲ ”

“ဪ... သူက ဒီလို ကိစ္စသေးသေးလေးတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။ ပြီးတော့ ငါက မင်းတို့ကို သတ်မှာလည်း မဟုတ်ပါဘူး၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ရုံပါပဲ။ မင်းတို့ သုံးယောက် ခုနက အရမ်း ခေါင်းမာနေကြတာကိုး ”

တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက ရယ်မောလိုက်သည်။

ထို့နောက် သူသည် ဘေးမှ အခြေအနေကို ကြည့်နေသည့် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ငယ်တို့ဆီသို့ လှည့်ကြည့်ကာ

“မင်းတို့ နှစ်ယောက်လည်း ဆက်မကြည့်နေနဲ့တော့၊ ဒီကိစ္စက မင်းတို့နဲ့ မဆိုင်ဘူး ”

“ဟင်... ခေါင်းဆောင်ပါလား ”

လင်းယွမ်၏ မျက်နှာတွင် အရိပ်အယောင်တစ်ခု ဖြစ်သွားသော်လည်း အသံထွက်၍ မခေါ်ဘဲ မျက်ရိပ်မျက်ကဲသာ ပြလိုက်သည်။

မုံချင့်လင် နှင့် ယွီဝူရှီး တို့မှာလည်း ထိုနည်းတူပင်။ အဆိုးဆုံးမှာ သူတို့ အရိုက်ခံရရုံသာ ဖြစ်ပြီး မသေနိုင်ချေ။

အကယ်၍ တစ်ဖက်လူက သူတို့အားလုံး တစ်ဖွဲ့တည်းမှန်း သိသွားပါက ငါးယောက်လုံး အရိုက်ခံရပေလိမ့်မည်။

တက်လှမ်းခြင်းအဆင့်၏ အစွမ်းမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ထက် များစွာ သာလွန်လွန်းလှသည်မဟုတ်ပါလား။

အခန်း (၁၃၈၆) - ဟုတ်တယ်လေ၊ နင့်ကို ရိုက်မလို့ပဲ

ကြာနီနတ်မိမယ်ငယ်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး

“သွားမလား၊ ဒါမှမဟုတ် ချမလား ”

“ချမယ် ”

နောက်တစ်ခဏတွင် သူတို့နှစ်ဦးစလုံးသည် နည်းဗျူဟာများကို ပြိုင်တူ ထုတ်ဖော်လိုက်ကြသည်။

ကြာနီနတ်မိမယ်ငယ်သည် တိုက်ပွဲထဲသို့ ဝင်ရောက်သွားပြီး မုံချင့်လင်တို့အဖွဲ့၏ ဖိအားကို ကူညီလျှော့ချပေးလိုက်သည်။

ဖန့်ချန်သည်လည်း မိမိနှင့်အတူ တိုက်ပွဲဝင်လိမ့်မည်ဟု သူမ ထင်မှတ်ထားသော်လည်း၊ သူမ၏ မျက်လုံးထောင့်မှတစ်ဆင့် ဖန့်ချန်သည် ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်ကို မြင်လိုက်ရသည်။

“သတ္တိတော့ ရှိသားပဲ၊ စိတ်ဝင်စားစရာပဲ။ ကြေးညိုတံဆိပ်ပြား ပိုင်ရှင်ဆိုရုံနဲ့ ငါ့ကို အဆင့်တစ်ခုကျော်ပြီး တိုက်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား ”

ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူသည် ဖန့်ချန်၏ ခါးတွင်ချိတ်ထားသော ကြေးညိုတံဆိပ်ပြားကို မြင်သောအခါ လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

သို့သော် နောက်တစ်ခဏတွင်မူ သူ၏ မျက်နှာထားသည် ရုတ်တရက် ပြောင်းလဲသွားပြီး ဖန့်ချန်ကို ဒေါသတကြီး ဟောက်လိုက်သည်

“ငါ့အနားကို မလာနဲ့ ”

ကောင်းကင်ယံတွင် လျှပ်စီးတန်းများ တဖျတ်ဖျတ် လက်လာသည်။

၎င်းမှာ ထင်ရှားလှသော ကောင်းကင်ဘေးဒုက္ခ ပင်

၎င်းမှာ သူ၏ ဘေးဒုက္ခမဟုတ်ဘဲ ရှေ့တွင်ရှိနေသော ထိုဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ၏ ဘေးဒုက္ခသာဖြစ်သည်။

တစ်ဖက်လူသည် ဘေးဒုက္ခကို ရင်ဆိုင်ရတော့မည့်ဆဲဆဲမှာပင် တစ်ပါးသူကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။

ကောင်းကင်ဘေးဒုက္ခသည် ဘေးဒုက္ခခံယူမည့်သူကိုသာ ပစ်မှတ်ထားသော်လည်း၊ အနီးအနားတွင် ကျင့်ကြံမှုအဆင့် တူညီသူ သို့မဟုတ် နီးစပ်သူ ရှိနေပါက ထိုသူကိုပါ ဘေးဒုက္ခ၏ နယ်ပယ်ထဲသို့ ဆွဲသွင်းသွားတတ်ပြီး ဘေးဒုက္ခ၏ အစွမ်းမှာလည်း ထပ်မံတိုးပွားလာမည်ဖြစ်သည်။

“သွားကြမယ် ဒီကောင်က အရူးပဲ ”

ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာရင်း သူ၏ အဖွဲ့ဝင်များကိုပါ လှမ်းခေါ်လိုက်သည်။

ဖန့်ချန်က ဘေးဒုက္ခကို ခံယူတော့မည်ကို မြင်သောအခါ အခြားကျင့်ကြံသူများသည်လည်း တိုက်ခိုက်နေသည်များကို ရပ်တန့်ကာ ဝေးရာသို့ အမြန်ပြေးကြတော့သည်။

ဖန့်ချန်ကမူ သူတို့ကို လိုက်မဖမ်းဘဲ မူလနေရာမှာပင် ရပ်လျက် ဒုတိယအကြိမ် ကောင်းကင်ဘေးဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

ထိုဘေးဒုက္ခ ပြီးဆုံးသွားပါက သူသည် ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်နောက်ပိုင်းသို့ တက်လှမ်းနိုင်မည်ဖြစ်ရာ တက်လှမ်းခြင်းအဆင့်သို့ တစ်လှမ်း ပိုနီးကပ်သွားပေလိမ့်မည်။

မုံချင့်လင်တို့အဖွဲ့မှာလည်း ဤကဲ့သို့သော အပြောင်းအလဲကို ထင်မထားခဲ့ကြချေ။

သူတို့သည်လည်း ဖန့်ချန်၏အနားသို့ မကပ်ရဲကြပေ။

ဘေးဒုက္ခ၏ အစွမ်းကို သွားရောက် ထိခိုက်မိမည်ကို စိုးရိမ်သလို၊ မိမိတို့ပါ ဘေးဒုက္ခအတွင်း ပါသွားမည်ကိုလည်း ကြောက်ရွံ့ကြသည်။

“ခေါင်းဆောင်က ဘေးဒုက္ခ ခံယူတော့မှာလား မြန်လိုက်တာဗျာ... ကျုပ်တို့ ရှေ့တင် သူ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို တက်လှမ်းခဲ့ပြီး ပထမဆုံး ဘေးဒုက္ခကို ခံယူခဲ့တာ၊ အခုတော့ ဒုတိယအကြိမ်တောင် ရောက်နေပြီ...”

လင်းယွမ်က တအံ့တဩ ရေရွတ်နေမိသည်။

သူတို့မှာမူ ယခုထိ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်ဦးပိုင်းမှာပင် ရှိနေသေးပြီး ပထမဆုံး ဘေးဒုက္ခပင် ကျမလာသေးချေ။

ဒုတိယအကြိမ်ဆိုသည်မှာ ဝေးနိုင်သေးသည်။

“အခြေအနေက နည်းနည်းတော့ မကောင်းဘူး။ ခေါင်းဆောင်သာ ဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ရင်တောင် ကျင့်ကြံမှုကို တည်ငြိမ်အောင်လုပ်ဖို့ ရက်အနည်းငယ် လိုဦးမယ်။ အဲဒီအချိန်မှာ သူက အရမ်း အားနည်းနေမှာ၊ ဟိုလူတွေကလည်း သိပ်ဝေးဝေး ထွက်မသွားကြသေးဘူး ”

ယွီဝူရှီးက တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် အဝေးသို့ လှမ်းကြည့်ကာ ဆိုသည်။

ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူသည် ဝေးဝေးမသွားဘဲ သူ၏ အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ အဝေးမှနေ၍ လှောင်ပြုံးဖြင့် စောင့်ကြည့်နေသည်။

“အခုတော့ ဘာမှလုပ်လို့မရဘူး၊ ခေါင်းဆောင် ဘေးဒုက္ခကို အောင်မြင်အောင် စောင့်ရုံပဲ ရှိတော့တယ်။ အဲဒီကျရင် ကျုပ်တို့ဘက်က စကားနာလေး ဘာလေး ပြောကြည့်ပြီး အရိုက်ခံရတာကို ရှောင်နိုင်မလား ကြည့်ရမှာပဲ။ အဓိကက ခေါင်းဆောင်ပဲ၊ သူက ကျင့်ကြံမှု မတည်ငြိမ်သေးတဲ့အချိန်မှာ အတိုက်ခံရလို့ အဆင့်ပြန်ကျသွားရင် အခြေခံ ထိခိုက်သွားလိမ့်မယ် ”

မုံချင့်လင်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

“နင်တို့ ခုနက ဒီလိုမျိုး ဝင်မပါသင့်ဘူး ”

မုံချင့်လင်က ကြာနီနတ်မိမယ်ငယ်ကို တစ်ချက်ကြည့်ကာ

“ကျုပ်တို့ အလွန်ဆုံး အရိုက်ခံရရုံပဲ၊ မသေနိုင်ပါဘူး။ နင်က ဘာလို့ ခေါင်းဆောင်ကို ခေါ်ပြီး ထွက်မသွားတာလဲ ”

“သူက ခေါင်းဆောင်လေ ”

ကြာနီနတ်မိမယ်ငယ်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိုစကား၏ အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။

ကြာနီနတ်မိမယ်ငယ်က မသွားချင်၍ မဟုတ်ဘဲ၊ ခေါင်းဆောင်၏ စကားကို နားထောင်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။

“ဒီနှစ်အနည်းငယ်အတွင်း ကျုပ်တို့နဲ့ ခေါင်းဆောင်ကြားမှာ ခိုင်မာတဲ့ သံယောဇဉ်တွေ တည်ဆောက်မိသွားပြီ ထင်တယ်ဗျာ။ ခေါင်းဆောင်က ကျုပ်တို့ အရိုက်ခံရမှာကို မကြည့်ရက်လို့ ဘေးဒုက္ခ ခံယူရတော့မယ့် အခြေအနေမှာတောင် ကျုပ်တို့ကို ဝင်ကူညီပေးတာပဲ ”

လင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့်

“ခဏနေရင် ကျနော်ပဲ သွားပြီး အရိုက်ခံလိုက်မယ်၊ ဟိုလူတွေ စိတ်ပြေသွားအောင်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်ရဲ့ အမွေးတစ်ပင်ကိုတောင် အထိမခံနိုင်ဘူး ”

“ကောင်းပြီ ”

ကျန်သူများကလည်း ချက်ချင်းပင် သဘောတူညီလိုက်ကြသည်။

ဟင်းလင်းပြင်ထဲတွင် လျှပ်စီးတန်းများ တဖွဲဖွဲ ပေါ်ထွက်လာပြီး အချိန်မရွေး ကျရောက်လာတော့မည့် အနေအထား ဖြစ်နေသည်။

ဤလှုပ်ရှားမှုကြောင့် အနားရှိ ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ခဏအတွင်းမှာပင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းနှင့် တက်လှမ်းခြင်းအဆင့် အချို့ ဤနေရာသို့ ရောက်ရှိလာကြသည်။

“သတ္တုကြောကတော့ ကျုပ်တို့နဲ့ မဆိုင်တော့ဘူး၊ ဒါပေမဲ့ ခေါင်းဆောင်သာ ဘေးဒုက္ခကို အောင်မြင်အောင် ကျော်ဖြတ်နိုင်ရင် ဒါဟာ ဝမ်းသာစရာ ကိစ္စပဲ ”

လင်းယွမ်က ထိုလူအုပ်ကြီးကို ဝေ့ကြည့်ကာ ရေရွတ်လိုက်သည်။

ထို့နောက် သူသည် လူအုပ်ထဲမှ လူရင်းတစ်ဦးကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်

“ယွီမိတ်ဆွေ ”

ယွီဝူရှီးတို့လည်း ယွီထျန်းကော် ကို မြင်လိုက်ကြသည်။

သူ့ဘေးတွင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိသည့် ရှေ့ပြေးအဖွဲ့ဝင်အချို့ ပါဝင်လာသည်။

“ဖန့်မိတ်ဆွေက ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်နောက်ပိုင်းကို တက်လှမ်းတော့မှာလား ဘာလို့ ဘေးကင်းတဲ့နေရာ မရှာဘဲ ဒီမှာတင် တက်လှမ်းနေရတာလဲ ”

ယွီထျန်းကော် သည် သူ၏ အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ ယွီဝူရှီးတို့နှင့် လာရောက် ပူးပေါင်းလိုက်သည်။

သူက မြေပြင်ပေါ်ရှိ သတ္တုကြောကို တစ်ချက်ကြည့်ကာ ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်သည်။

“စကားကတော့ ရှည်တယ်ဗျာ ”

လင်းယွမ်က အလျင်အမြန်ပင်

“ကျုပ်တို့ စိုးရိမ်တာက ခေါင်းဆောင် ဘေးဒုက္ခ ကျော်ဖြတ်ပြီးတဲ့ အားနည်းနေတဲ့ အချိန်မှာ တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး တိုက်ခိုက်မှာကိုပဲ။ အဲဒါက အခြေခံကို ထိခိုက်စေနိုင်လို့ပါ။ ယွီမိတ်ဆွေ... ကျုပ်တို့ကို ကူညီပေးနိုင်မလား ”

ယွီထျန်းကဲ၏ အကြည့်မှာ ဖန့်ချန်ပေါ်သို့ ကျရောက်သွားသည်။

သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က တိုက်ပွဲမှာ မျက်စိထဲတွင် ပြန်လည် မြင်ယောင်လာသကဲ့သို့ပင်။

တစ်ဖက်လူက ထိုစဉ်က ပထမဆု မရခဲ့သော်လည်း သူ၏ ကပ်ဘေးကိုးဆင့်မိုးကြိုးခန္ဓာ ကို မြေဓာတ်စွမ်းအားဖြင့် အနိုင်ယူခဲ့သည်မှာ သူ့ကို အချိန်အတော်ကြာအောင် စိတ်ဓာတ်ကျစေခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူသည် စိတ်ဓာတ်ကို ပြန်လည် ပြင်ဆင်ပြီး ယုံကြည်မှု ပြန်လည်ရရှိနေပြီဖြစ်သည်။

“ကိစ္စမရှိပါဘူး၊ မင်းတို့သာ ဒီသတ္တုကြောကို မလုဘူးဆိုရင် သူတို့က အကြောင်းမဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ပြောရရင် အားလုံးက ကျွယ်မင်ကျင့်ကြံသူတွေပဲလေ၊ ကိစ္စတွေကို သိပ်ပြီး အစွန်းမရောက်စေပါဘူး ”

ယွီထျန်းကော် က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်

“ဒီနေ့ ငါနဲ့ လာတိုးတာဆိုတော့ ဖန့်မိတ်ဆွေ အဆင့်တက်တဲ့အထိ ငါလည်း အစောင့်အရှောက် လုပ်ပေးပါ့မယ် ”

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။ ယွီမိတ်ဆွေက တကယ့်ကို သစ္စာရှိတာပဲ၊ ကျုပ်တို့ မဟာမိတ်ဆိုတာကို မမေ့ဘူးပဲ ”

လင်းယွမ်က ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

ယွီဝူရှီးတို့ကလည်း ဝိုင်း၍ ကျေးဇူးတင်ကြသည်။

ထိုစဉ်က ယွီထျန်းကော် ၏ မဟာမိတ်အဖွဲ့ထဲ ဝင်ခဲ့သည်မှာ တကယ်ကို မှန်ကန်ခဲ့သည်။

ယခုကဲ့သို့ အကျိုးကျေးဇူးကို ခံစားရသည်မဟုတ်ပါလား။

သူသည် တက်လှမ်းခြင်းအဆင့် မဟုတ်သော်လည်း ငွေဖြူတံဆိပ်ပြား ပိုင်ရှင်ဖြစ်ရာ အားလုံးက မျက်နှာသာ ပေးရပေလိမ့်မည်။

လင်းယွမ်သည် ခုနက တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူဆီသို့ ခိုးကြည့်လိုက်ရာ၊ မှန်းထားသည့်အတိုင်းပင် ထိုသူသည် ယွီထျန်းကော် ၏ ငွေဖြူတံဆိပ်ပြားကို မြင်သောအခါ မျက်နှာထားမှာ အကြိမ်ကြိမ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

တစ်နာရီခန့် ကြာပြီးနောက်...

ဖန့်ချန်သည် ဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း အလွန်အမင်း ဆိုးရွားပုံတော့ မရချေ။

ဘေးမှ ကြည့်နေသူအားလုံးကမူ ထိုဘေးဒုက္ခ ကျော်ဖြတ်သည့် ဖြစ်စဉ်ကြီးမှာ တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားရသော်လည်း ဘာလဲဆိုသည်ကိုတော့ တိတိကျကျ မပြောနိုင်ကြချေ။

“ဖန့်မိတ်ဆွေ... ဂုဏ်ယူပါတယ်ဗျာ ”

ယွီထျန်းကော် က ရှေ့သို့တိုးကာ ဂုဏ်ပြုစကား ဆိုသည်။

“ယွီမိတ်ဆွေ... ဒီနှစ်ဝက်အတွင်းမှာ ရိတ်သိမ်းမှုတွေ ရှိရဲ့လား ”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“အနည်းအကျဉ်းတော့ ရှိပါတယ်ဗျာ ”

ယွီထျန်းကဲက နှိမ့်ချစွာ ပြုံးပြသည်။

ရိတ်သိမ်းမှုသာ မရှိပါက သူသည် ဤနေရာတွင် အစောင့်အရှောက် လုပ်ပေးနေစရာ အကြောင်းမရှိချေ။

သူ၏ အဖွဲ့ဝင်များမှာလည်း ဂုဏ်ယူသော အမူအရာများ ဖြစ်နေကြသည်။

“မင်းတို့ မိတ်ဆက်နေတာတွေကို ခဏလောက် ရပ်ထားကြဦး ”

ကောင်းကင်ဘေးဒုက္ခအတွင်း ပါသွားမည်ကို ကြောက်ရွံ့ခဲ့သော တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူသည် လူအုပ်ရှေ့သို့ ရောက်လာပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ

“ခုနက မင်း ဘေးဒုက္ခ သယ်လာတာ သိရက်နဲ့ ငါ့ဆီကို တိုးလာတာက ငါ့ကို သေအောင် လုပ်ချင်လို့လား ”

ယွီထျန်းကော်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် အခြေအနေကို ရိပ်မိလိုက်သည်။

သူက တစ်ဖက်လူ၏ ခါးမှ တံဆိပ်ပြားကို ကြည့်လိုက်ရာ အရောင်မရှိသည်ကို တွေ့ရသဖြင့် လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်

“ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ်၊ ဖန့်မိတ်ဆွေက အခုမှ အဆင့်တက်ထားတာမို့လို့ ပြဿနာရှာချင်ရင် နောက်မှ လာခဲ့ပါ။ အခုတော့ ထွက်သွားပေးပါ ”

တစ်ဖက်လူက မျက်လုံးကို မှေးလိုက်သည်။

ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ လှောင်ပြောင်သော အကြည့်များကို သတိပြုမိပြီးနောက် သူသည် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ယွီထျန်းကော် ကို ကြည့်ကာ ပြုံးလိုက်သည်

“ငွေဖြူတံဆိပ်ပြား... တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ။ ဒါပေမဲ့ မင်းရဲ့ အသက်က သိပ်မကြီးသေးဘူး၊ ငါ့ရှေ့မှာတော့ နောက်ပေါက်လို့ပဲ ပြောလို့ရမယ်။ မင်းနဲ့ သူ့ကြားက ကိစ္စကို တကယ်ပဲ ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာလား ”

သူက ဖန့်ချန်ကို ညွှန်ပြကာ မေးလိုက်သည်။

“သူက ကြေးညိုတံဆိပ်ပြား၊ ငါက ငွေဖြူတံဆိပ်ပြား... ကျုပ်တို့က တစ်အုပ်စုတည်းက လူတွေဆိုတာ ခင်ဗျား သိသင့်တယ်။ ခင်ဗျားတို့လို လူတွေနဲ့ မတူဘူး။ ငါက ဝင်ပါတာ မဟုတ်ဘူး၊ ခင်ဗျားက သူ့ကို ထိလို့ မရတာ။ သူ့ကို ထိတာက ငါတို့ရဲ့ ဒီအဝိုင်းအဝန်းကို ထိတာပဲ ”

ယွီထျန်းကော် ၏ လေသံမှာ အေးစက်သွားသည်။

ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူသည် တစ်ဖက်လူက ဤမျှ တင်းမာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အခက်တွေ့သွားသည်။

သူသည် အရှက်ပြေစေရန်အတွက် မဲ့ပြုံးပြုံးလျက်

“ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ ငါ့ကို ရိုက်မလို့လား ”

“ဟုတ်တယ်လေ၊ နင့်ကို ရိုက်မလို့ပဲ ”

ရုတ်တရက်ပင် ဟင်းလင်းပြင်ကို ခွင်း၍ လူရိပ်အချို့ ရောက်ရှိလာသည်။

အားလုံးမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်များ ဖြစ်သော်လည်း သူတို့၏ ခါးတွင်မူ ကြေးညိုတံဆိပ်ပြားများ ချိတ်ဆွဲထားကြသည်။

သူတို့သည် ထိုတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို ရန်စသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ တိုက်ခိုက်လိုစိတ်များသာ ပြည့်နှက်နေလေသည်။

All Chapters