အခန်း (၄၀၁-၄၀၄)
Vol. 21 Ch. 401-404
Chapter 401 : အကြီးအကဲ
ရှောင်တောက်အန်းသည် အနည်းငယ် နောင်တရနေ၏။ အကယ်၍ သူသည် ကျင်းယွင်ကျောင်းနှင့် အကြီးအကဲ ထန် ရင်းနှီးကြောင်းကို ကြိုသိထားပါက အကြီးအကဲ ထန်အား သူ၏ အိမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမည် ဖြစ်သည်။ ထိုအခါ စကားအနည်းငယ် ပြောရုံဖြင့်ပင် အကျိုးအမြတ်များစွာ ရနိုင်၏။
ထိုကဲ့သို့ အကြီးအကဲတစ်ယောက်နှင့် တွေ့ခွင့်ရရန်မှာ ခက်ခဲလှသည်။
“အမြင်ပွင့်အောင် ဟုတ်လား”
အကြီးအကဲ ထန်က တည်ကြည်စွာမေးလာ၏။
“ငါတို့ရဲ့ရှောင်ယွင်ကျောင်းက အမြင်ပွင့်အောင်လို့ မစ္စတာ ရှောင်ကို အားကိုးနေစရာလိုလို့လား”
ကျင်းယွင်ကျောင်း ဤနေရာသို့ ရောက်လာခြင်းသည် ရှောင်မျိုးနွယ် မိန်းကလေးကြောင့်သာ ဖြစ်၏။ ရှောင်မိသားစုမှ မိန်းကလေးသည် အနည်းငယ် ခေါင်းမာသော်လည်း အသိတရားရှိပုံပေါ်၍ ဖခင်ဖြစ်သူထက် အများကြီး ပို၍ စိတ်ဓါတ်ခိုင်မာသည်။ ရှောင်တောက်အန်းသည် သမီးဖြစ်သူအား အကြောင်းရင်းမသိဘဲ အပြစ်တင်စွပ်စွဲခဲ့၏။ သူသည် သမီးဖြစ်သူအား မယုံကြည်ရုံသာမက သူမအား အပြစ်ပေးရန် ကြိုးစားနေသည့်သူစိမ်းများကိုပင် ကူညီပေးခဲ့သည်။ သူသည် အမှန်တကယ်ပင် မိမိ၏ အကျိုးစီးပွားကိုသာ ကြည့်တတ်သူ ဖြစ်၏။
အကြီးအထဲထန်သည် အသက်အရွယ်အရ ကိစ္စများစွာကို တွေ့ကြုံဖြတ်သန်းခဲ့ပြီးသား ဖြစ်သည်။
ပိုက်ဆံရှာတာ ဘာလုပ်ဖို့လဲ။ သားသမီးတွေနဲ့မိသားစုအတွက် မဟုတ်ဘူးလား။
သို့သော် ရှောင်တောက်အန်းသည် သူ၏ သားသမီးအရင်းအချာကိုပင် ကောင်းမွန်စွာ ကာကွယ်မပေးနိုင်ပေ၊ သူသည် ဘဝ၌ ဦးစားပေးသင့်သည့် အရာများကို ကောင်းစွာခွဲခြားနိုင်ပုံ မပေါ်သဖြင့် စီးပွားရေး လုပ်ရာတွင်လည်း ယခုထက်ပို၍ အောင်မြင်ဖြစ်ထွန်းလာမည် မဟုတ်ပေ။
ထိုအခါ ရှောင်တောက်အန်းသည် အကြီးအကဲ ထန်၏ စကားကြောင့် ကြောင်အ,သွား၏။
“ရှောင်ယွင်ကျောင်း၊ နင်းမြို့တော်မှာ စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီးရှိတယ်။ နောက်ကျရင် လူတစ်ယောက်ကို သွားစုံစမ်းခိုင်းပြီး မင်းအတွက် ဗွီအိုင်ပီ အသင်းဝင်ကဒ်တွေလုပ်ပေးမယ်၊ ဒါဆိုရင် နောက်တစ်ခါ မင်း ဘယ်သူ့ကိုမှ အားကိုးနေစရာ မလိုတော့ဘူး။ တောသူ ငတုံးမလို့ အခေါ်ခံရတာ ဘယ်လောက် ဒေါသထွက်စရာကောင်းလဲ။ ဒါပေမယ့် တခြားသူတွေက အမြင်မရှိလို့ပါ။ မင်းလိုမျိုး အရမ်းလှတဲ့ တောသူလေး ဘယ်မှာရှိလို့လဲ”
အကြီးအကဲ ထန်က ပြုံး၍ ပြောလိုက်၏။
သူ၏ သူမအပေါ် ဆက်ဆံပုံသည် ဟုန်ထျန်းနှင့်ရှောင်တောက်အန်းတို့အား ဆက်ဆံပုံနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်၊ အဖိုးထန်။ ဒါပေမယ့် နောက်ကျ ကျွန်မ တစ်ခုခုလုပ်ချင်ရင် အစ်ကိုကြီးပိုင်ကို တောင်းဆိုလိုက်ရုံနဲ့တင် အဆင်ပြေပါပြီ။ များသောအားဖြင့် ကျွန်မက ဒီကို လာနေကျလည်း မဟုတ်ဘူးလေ၊ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ အတူတူ သွားရ၊ လာရတာလည်း အဆင်ပြေပါတယ်”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီတစ်ခုလုံးက သူမ၏ အပိုင်ဖြစ်၍ သူမ၌ ငွေကြေး မပြတ်လပ်သည့်အပြင် နေ့စဥ်နေ့တိုင်း ငွေများစွာရှာနိုင်၏။
ထိုအခါ အကြီးအကဲ ထန်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး ...
“ဒီကလေးကတော့ တကယ့်ကို သူ့အကန့်နဲ့သူ နေတတ်တာပဲ”
အကြီးအကဲ ထန်၏ စိတ်ထဲ၌ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီနှင့် လက်ဖက်ရည်ဆိုင်၌ ကျင်းယွင်ကျောင်း၏ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်နေနိုင်ကြောင်း ရိပ်စားမိ၍ ထိုလုပ်ငန်းနှစ်ခုလုံးသည် သူမ၏အပိုင် ဖြစ်နိုင်သည်ဟုပင် တွေးမိ၏။
သူမသည် သမားတော်တစ်ယောက်ဖြစ်၍ ဆေးပညာစွမ်းရည်ကလည်း သာမန် မဟုတ်ပေ။ သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့သည့် လက်ဖက်ရည်ဆိုင် ဖွင့်ပွဲအား ကြည့်ရုံဖြင့်ပင် သူမ၌ အဆက်အသွယ်ကောင်းများစွာရှိကြောင်း သိနိုင်၏။ ထို့ကြောင့် သူမသည် ငွေကြေး ပြတ်လပ်နေမည့်သူ မဟုတ်။
ထို့အပြင် သူမသည် အမှီအခိုကင်းစွာ ရပ်တည်တတ်သူတစ်ယောက် ဖြစ်သည်။ အကယ်၍ သူမသာ ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီနှင့် ပတ်သတ်မှုမရှိပါက ပိုင်ယွီအန်းတစ်ယောက် သူမအား ကူညီလုပ်ကိုင်ပေးသည်များကို လက်ခံလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ပိုင်ယွီအန်းသည်လည်း သူမနှင့် ထပ်တူပင် ဖြစ်၏။ ယနေ့ သူသည် ကျင်းယွင်ကျောင်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ပိုင်ယွီအန်းအား ဆက်သွယ်ခဲ့၏။ ထိုအကြောင်းကို ကြားသောအခါ ပိုင်ယွီအန်းသည် သူ့ထက်ပင် ပို၍ စိတ်ပူပန်သွားပုံရပြီး ကျင်းယွင်ကျောင်း၏ နာမည်ကို ပြောသည့်အခါတိုင်းလည်း သူ၏ အသံ၌ ရိုသေလေးစားမှုများ ရောယှက်နေသည်။
အကြီးအကဲ ထန်သည် စကားများများ မပြောသော်လည်း သူပြောလိုက်သည့် စကားတိုင်းသည် ကျင်းယွင်ကျောင်းကိုသာ ရည်ရွယ်၏။
သူသည် ယခင်က ဟယ့်မိသားစု၏ အရေးကိစ္စကို တိုက်ရိုက် မဖြေရှင်းပေးနိုင်ခဲ့သော်လည်း ဤတစ်ကြိမ်၌မူ မတူပေ။ ထို့ကြောင့် ယခုအချိန်တွင် ဘေး၌ရပ်နေသည့် ဟုန်ထျန်းနှင့် ရှောင်တောက်အန်းတို့သည် လုံးဝ လျစ်လျူရှုခံနေရ၍ ထိုနှစ်ယောက် အပြန်အလှန် စကားစမြည်ပြောနေသည်များကိုသာ နားထောင်နေရကာ ကြားဖြတ်ဝင်ပြောနိုင်သည့် အခွင့်အရေးလည်း မရှိပေ။
လူကြီးနှစ်ယောက်ပင် ထိုကဲ့သို့ဖြစ်နေရာ စန်းရန်ကမူ ဆိုဖွယ်ရာပင် မရှိတော့။
ရဲများက ဟုန်ဝမ်အား ခေါ်သွားသည်နှင့် စန်းရန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွား၏။
သူမသည် ကျင်းယွင်ကျောင်းအား ကြည့်ရင်း စိတ်ထဲ၌ မနာလိုခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းအစရှိသည့် ခံစားမှုများအားလုံး ရောယှက်လာသည်။
ယနေ့မှစ၍ သူမ မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားစေကာမူ ဟုန်မိသားစု၌ နေရာရနိုင်တော့မည် မဟုတ်ပေ၊ ဟုန်ဝမ်သည် မောက်မာသော်လည်း ဉာဏ်ကောင်းသူဖြစ်၏။ ယခု ဖြစ်ရပ်အပြီးတွင် ဟုန်ဝမ်၏ စိတ်ထဲ၌ သေချာပေါက် တမင်သက်သက် ရန်စခံလိုက်ရသကဲ့သို့ ခံစားနေရမည်ဖြစ်၍ သူမ၏ အပေါ်၌ ဒေါသပုံချပြီး ပေါက်ကွဲတော့မည် ဖြစ်သည်။
ထိုအခါ စန်းရန်သည် ရုတ်တရက် သူမက အမှန်တကယ် ကံခေလွန်းလှသည်ဟု ခံစားလိုက်ရ၏။
ထို့အပြင် ကျင်းယွင်ကျောင်း ရှိနေသမျှကာလပတ်လုံး သူမသည် ကံဆိုးနေလိမ့်မည်သာ ဖြစ်၍ သူမ မူလက ပိုင်ဆိုင်ထားသည့်အရာများကိုပင် ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။ သို့သော် ကျင်းယွင်ကျောင်းကမူ သူမနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်ပြီး လူတိုင်း၏ အံ့သြချီးမွမ်းမှုများကိုသာ ရရှိနေလိမ့်မည်ဖြစ်၏။
ဒါပေမယ့် ဘာလို့ သူပဲဖြစ်နေရတာလဲ။
Chapter 402 : ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်
ထို့နောက် စန်းရန်သည် သူမ၏ စိတ်ထဲရှိ ဒေါသများ မျက်နှာပေါ်၌ ပေါ်မသွားစေရန် ထိန်းချုပ်လိုက်ရင်း ဘေးသို့ အသာကပ်သွားကာ လူအများသတိမထားမိချိန်၌ ထွက်သွားရန် ဟန်ပြင်လိုက်သည်။
သို့သော် သူမ ခြေတစ်လှမ်းသာ လှမ်းရသေးစဥ်မှာပင် လူတစ်ယောက်က သူမအား လှမ်းဆွဲလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ကျီရှန်းရှန်းအား တွေ့လိုက်ရ၏။
“စန်းရန်၊ နင် ဘယ်သွားမလို့လဲ။ နင် အစောပိုင်းတုန်းကတော့ စကားတွေအများကြီးပြောနေတာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ အသံတိတ်နေတာလဲ။”
“နင် ဘာတွေပြောနေတာလဲ၊ ငါ နားမလည်ဘူး”
စန်းရန်၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ် တုန်ယင်လာ၏။
“နင် နားမလည်ဘူးလား။ ငါကတော့ အခု နင် သူရဲဘောကြောင်တာကို ဝန်ခံနေတယ်လို့ပဲ ထင််တယ်။ နင် ကျင်းယွင်ကျောင်းကို လွယ်လွယ်နဲ့ သွားရှုပ်လို့မရဘူးဆိုတာ သိသွားလို့လား။ ငါ သေသေချာချာ မှတ်မိပါတယ်။ ခုနတုန်းကမှ ကျင်းယွင်ကျောင်းက မိဘမဲ့ဆိုပြီး မမလေး ဟုန်ကို နင်ပြောပြလိုက်တာ မဟုတ်ဘူးလား။ ဟုတ်တယ်နော်၊ အဲဒါက အမှန်ပဲ။ ပြီးတော့ ငါတို့က သတ္တိကောင်းလွန်းတယ်ဆိုပြီးတော့လည်း မမလေး ဟုန်ကို ပြောလိုက်သေးတယ်လေ။ နင်လည်း အဲ့လိုပြောပြီးရော မမလေး ဟုန်က ငါတို့ကို ကြာပွတ်နဲ့ရိုက်ပြီး ခြိမ်းခြောက်တော့တာပဲ။ တကယ်လို့ နင်သာ လျှာမရှည်ရင် မမလေး ဟုန်က ငါတို့ကို အရင်ကတည်းက လျစ်လျူရှုထားလိုက်ပြီ၊ အဲဒါဆို ဒီလိုပြဿနာတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အခု နင်က ဝန်မခံသေးဘူးလား”
ဤတစ်ကြိမ်၌ ကျီရှန်းရှန်းသည် အလွန်အစီအစဥ်ကျ၍ အချိန်ကိုက် လှုပ်ရှားလိုက်သည်။
သူမသည် တမင်သက်သက် အသံမြှင့်၍ ပြောလိုက်ရာ ဟုန်ထျန်းသည်လည်း ထိုစကားကို ကြားသွား၏။
ထိုအခါ ဟုန်ထျန်းသည် စန်းရန်အား စားမတတ်ဝါးမတတ် စိုက်ကြည့်လိုက်ပြီး ရုတ်တရက် သတိရသွားသည်။
ဟုန်ဝမ်က ကျင်းယွင်ကျောင်းအား အကြောင်းရင်းမရှိဘဲ ဇွတ်အတင်းရန်လိုနေခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။ သူ၏ သမီးဖြစ်သူသည် အသုံးချခံလိုက်ရခြင်းသာ ဖြစ်၏။
“အကြီးအကဲ ထန်၊ ကြားလိုက်လား ခင်ဗျ။ ကျွန်တော့်ရဲ့သမီးကလည်း တခြားသူရဲ့အသုံးချခံရတာ ...”
ဟုန်ထျန်းက ကပျာကယာ ဖြေရှင်းလိုက်သော်လည်း သူ၏ စကားမဆုံးမီမှာပင် အကြီးအကဲ ထန်က စကားဖြတ်ပြောလိုက်သည်။
“ရှောင်ယွင်ကျောင်း၊ မင်းလည်း ဒီရောက်နေပြီဆိုမှတော့ ငါတို့အိမ်ကို ဘာလို့ လာမလည်တာလဲ။ မင်းရဲ့သူငယ်ချင်းတွေကိုပါ ခေါ်ခဲ့လိုက်။ အိမ်မှာ ဧည့်သည်အခန်းတွေ အများကြီးပဲ။ ဒါကြောင့် မင်းကြိုက်တာ လုပ်လို့ရတယ်”
ထိုအခါ ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်းအားကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါပြီ။ ဒါဆိုရင် ကျွန်မ ရှောင်အိမ်ကို ပစ္စည်းတွေသွားယူပြီးရင် လာခဲ့ပါမယ်။ ကျွန်မကို ဂရုစိုက်စောင့်ရှောက်ပေးလို့ အဖိုးထန်ကို ကျေးဇူးတင်ပါတယ်နော်”
အကြီးအကဲထန်က ပြုံးလိုက်၏။
ထိုအချိန်၌ ရှောင်တောက်အန်းသည် အနည်းငယ် ခါးသီးစွာ ခံစားလိုက်ရသည်။
သည် ကျင်းယွင်ကျောင်းဆိုတဲ့ မိန်ကလေးက အတော် ဉာဏ်များတာပဲ။
သူမသည် ရှောင်တောက်အန်းက အကြီးအကဲ ထန်နှင့် ပတ်သတ်၍ အခွင့်ကောင်း မယူနိုင်စေရန်အတွက် တမင် ရှောင်ထွက်သွားခြင်း ဖြစ်၏။ ထို့ကြောင့် ယခုအချိန်တွင် ရှောင်တောက်အန်း မကျေနပ်လျှင်တောင်မှ ဘာမှမတတ်နိုင်တော့ပေ။
ကျင်းယွင်ကျောင်းအား နှုတ်ဆက်ပြီးသည်နှင့် အကြီးအကဲ ထန်သည် ချက်ချင်း ထွက်ခွာသွား၍ ဒုတိယ မြို့တော်ဝန်လုလည်း လိုက်ပါသွား၏။
ထိုအခါ ဤနေရာ၌ အဓိကလူသုံးယောက် ကျန်နေခဲ့သော်လည်း လူတိုင်းက ကျင်းယွင်ကျောင်းကိုသာ ရိုသေလေးစားသည့် အမူအယာဖြင့် ကြည့်နေကြသည်။ ဟုန်ထျန်းကမူ ရှက်ရွံ့နေသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ထို့နောက် သူမတို့သည် ထိုနေရာမှ လှည့်ထွက်လာခဲ့၍ ရှောင်တောက်အန်းသည် ခဏမျှ စဥ်းစားနေပြီး နောက်မှ အမြန်လိုက်လာသော်လည်း ထိုသုံးယောက်သည် သူ့အား ဂရုမစိုက်ဘဲ ပိုင်ယွီအန်း၏ ကားပေါ်သို့ တက်သွားကြသည်ကိုသာ မြင်လိုက်ရ၏။
“ကျင်းယွင်ကျောင်း၊ ငါတော့ ဘာမှမပြောနိုင်တော့ဘူး။ နင့်မှာ အဆက်အသွယ် အကြီးကြီး ရှိတယ်ဆိုတာ ငါ ဒီနေ့ လက်ခံသွားပြီ”
ကားပေါ်၌ ကျီရှန်းရှန်းသည် အော်ဟစ်ရယ်မောနေသည်။ သူမတို့သည် ကံကောင်း၍ အနိုင်ရရှိလာခြင်း ဖြစ်၏။
ကျီရှန်းရှန်းက စကားဆုံးသည်နှင့် ရှောင်ဟိုင်ချင်းအား ကြည့်လိုက်ပြီး ထပ်ပြောလာ၏။
“နင်နဲ့ နင့်အဖေ ထပ်ပြီးတော့ ဒီလိုမျိုး ရန်ဖြစ်ကြပြန်ပြီ။ သူက နင့်ကို ဟွားနင်ခရိုင် ပြန်ခွင့်ပြုပါဦးမလား”
“ငါ့မှာ အကြံကောင်း ရှိပါတယ်”
ရှောင်ဟိုင်ချင်းသည် အလွန်ခေါင်းမာ၏။ ထိုအခါ ကျီရှန်းရှန်းက ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
သူမသည် ရှောင်တောက်အန်းအား မြင်မြင်ချင်း သဘောမကျသော်လည်း ယမန်နေ့ ညနေက သူ၏ လုပ်ဆောင်မှုများက ကောင်းမွန်သည်ကို မြင်သောအခါ စဥ်းစားဆင်ခြင်တတ်သူဟု ထင်လိုက်မိ၏။ သို့သော် သူသည် တစ်ရက်တည်းနှင့် မူလ အကျင့်စရိုက်များပြန်ပေါ်လာလိမ့်မည်ဟု သူမ လုံးဝမျှော်လင့်မထားခဲ့ပေ။
ရှောင်ဟိုင်ချင်း၏ မျက်ဝန်းများသည် အနည်းငယ် အသက်မဲ့နေ၍ မျက်နှာ မကောင်းသော်လည်း ပိုင်ယွီအန်းနှင့် ကျီရှန်းရှန်း၏ အရှေ့၌မူ ဘာမှမဖြစ်သလို ဟန်ဆောင်နေ၏။
သူမသည် ကျင်းယွင်ကျောင်း၏ လက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းတစ်ယောက်တည်းကသာ သူမ၏ ရင်ထဲရှိ ဒေါသများနှင့် စိတ်ပျက်မှုများကို ခံစားမိနေပုံပေါ်၏။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွား၍ မကြာမီမှာပင် ကားသည် ရှောင်မိသားစု၏ ခြံပေါက်ဝ၌ ရပ်သွားသည်။
သူမတို့သုံးယောက်တည်း ပြန်လာသဖြင့် ဧည့်ခန်းထဲ၌ ထိုင်နေသည့် ကျန်ရုံသည် အနည်းငယ် အံ့အားသင့်သွား၏။ သို့သော် ဘာမှမပြောပေ။ ထို့နောက် ရှောင်ဟိုင်ချင်းသည် အပေါ်ထပ်သို့ အေးအေးဆေးဆေး တက်သွား၍ သူမ၏ ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။
Chapter 403 : ကံကြမ္မာကသတ်မှတ်ထားသည့် သွေးသားတော်စပ်မှု
ရှောင်ဟိုင်ချင်း၏ ပစ္စည်းများမှာ မရှိသလောက်ပင် နည်း၏။ သူမသည် ကျန်းရုံ ဝယ်ပေးထားသည့် လှပသည့် အဝတ်အစားများကို မယူဘဲ ပုံမှန်ဝတ်နေကျ အဝတ်အစားများနှင့် စာအုပ်အနည်းငယ်ကိုသာ ယူလိုက်သည်။
သို့သော် ခဏကြာသောအခါ ကျန်းရုံက တံခါးဖွင့်၍ ဝင်လာပြီး ခပ်တိုးတိုးပြောလာ၏။
“ဟိုင်ချင်း၊ မင်း အခု ထွက်သွားမလို့လား။ မင်းရဲ့အဖေက ခုနတုန်းက ငါ့ကိုဖုန်းခေါ်ပြီး မင်းကို မရရအောင် တားထားပေးဖို့ လှမ်းပြောတယ်။ ဘာဖြစ်တာလဲ။ ဒါပေမယ့် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ မင်းအဖေ ထပ်ပြောမယ့်စကားကိုတော့ နားထောင်သင့်တယ်။ မင်းအဖေက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ တအားကြိုးစားရတာ၊ ပြီးတော့ ဒီနှစ်တွေအတွင်းမှာလည်း မင်းက သူ့ကို နေ့တိုင်း ဒေါသထွက်အောင် လုပ်ခဲ့တယ်၊ ဒါပေမယ့် သူက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတုန်းပဲ။ ဒါကြောင့် မင်းက သူ့ကို ပြန်ပြီးတော့ လိမ်လိမ်မာမာ ဆက်ဆံသင့်တယ် မဟုတ်လား”
ထိုအချိန်၌ ရှောင်ဟိုင်ချင်းသည် ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးသားဖြစ်၍ ခရီးဆောင်အိတ်တစ်လုံးစာသာ ရှိသည်။
ထို့နောက် သူမသည် အိတ်ကိုဆွဲရင်း ကျန်းရုံအား ကြည့်လိုက်၏။
“အန်တီ ကျန်း၊ ရှင်လည်း ဒီနှစ်တွေအတွင်းမှာ အလုပ်ကြိုးစားခဲ့တယ် မဟုတ်လား။ ကျွန်မနဲ့အဖေ ရန်ဖြစ်နေတာကို မြင်တိုင်း ရှင်ရယ်ချင်နေတာ အသိသာကြီးလေ၊ ဒါပေမယ့် မရယ်မိအောင် အတင်းထိန်းထားရတာ မဟုတ်လား။ ဒါကြောင့် ရှင် ဆေးခန်းသွားပြဖို့ ကျွန်မ အကြံပေးချင်တယ်၊ ရှင့် ရောဂါကို ထိန်းမထားပါနဲ့”
ထိုအခါ ကျန်းရုံက မျက်နှာပျက်သွားပြီး ...
“မင်း....စေတနာကို မစော်ကားနဲ့။”
“ရှင်က လူကောင်းမှ မဟုတ်တာ”
ရှောင်ဟိုင်ချင်းက သူမ၏ ဘေးမှ ဖြတ်လျှောက်လာရင်း ခဏရပ်၍ ပြောလိုက်ပြန်သည်။
“ဒါပေမယ့် နောက်ကျရင် ကျွန်မ ရှင့်ကို စိတ်ပျက်အောင် လုပ်မိမှာ၊ စိတ်ညစ်အောင် လုပ်မိမှာ စိုးရိမ်မိတယ်နော်။ ဒါကြောင့် အတူတူ စောင့်ကြည့်ကြတာပေါ့။ အနာဂတ်က အရှည်ကြီး ကျန်ပါသေးတယ်။ နောက်ကျရင် ဘာတွေဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး မဟုတ်ဘူးလား”
သူမသည် ငယ်ရွယ်သေး၏။ တစ်နေ့ ကျန်းရုံသည် သူမ၏ရှေ့၌ ရပ်တည်စရာ နေရာရှိတော့မည် မဟုတ်ပေ။
ထိုအခါ ကျန်းရုံက စိတ်ထဲမှ မထီမဲ့မြင် ပြုံးလိုက်သည်။
ရှောင်ဟိုင်ချင်းသည် အပြင်လူများ၏ အကူအညီကြောင့် အိမ်၌ နေရာပြန်ရလာတော့မည်ဟု ကျန်းရုံ တွေးထားခဲ့၏။ သို့သော် သူမသည် ဖခင်ဖြစ်သူနှင့် ဆက်လက်၍ အဆင်ပြေအောင် ထိန်းမထားနိုင်သည့်အပြင် သူမ၏ မောက်မာမှုက ယခင်ကထက်ပင် ပို၍ ဆိုးဝါးလာသည်။
ရှောင်တောက်အန်းက ရှောင်ဟိုင်ချင်းအား တားခိုင်းသည့် အကြောင်းအရင်းကို သူမ, မသိသော်လည်း အသံအနေအထားအရ သူသည် အလွန် ဒေါသထွက်နေပုံရ၍ ပုံမှန် မဟုတ်ပေ။
သို့သော် မည်သို့ပင်ဆိုစေကာမူ နောက်ဆုံး၌ ဤစိတ်ရှုပ်စရာကောင်းသည့် မိန်းကလေးသည် အိမ်မှထွက်သွားတော့မည် ဖြစ်၍ ဤအိမ်သည် သူမတစ်ယောက်တည်း၏ အပိုင် ဖြစ်လာတော့မည် ဖြစ်၏။ ရှောင်ဟိုင်ချင်းသည် အိမ်သို့ အချိန်အကြာကြီး ပြန်မလာဘဲ နေသင့်သည်။
ထို့နောက် သူမတို့ သုံးယောက်သည် အထုပ်များကိုဆွဲ၍ အပြင်သို့ထွက်လာခဲ့ကြ၏။ သို့သော် သူတို့ အပြင်ဘက်သို့ ခြေချလိုက်မိသည်နှင့် ရှောင်တောက်အန်းသည် အပြေးအလွှားရောက်လာသည်။
“ဟိုင်ချင်း”
“အားရုံ၊ မင်း ဘာလို့ သူ့ကို မတားတာလဲ”
သူက သူ့ရဲ့ပစ္စည်းတွေကိုတောင် ထုပ်ပိုးပြီးသွားပြီပဲ။ သည်လိုမျိုး ခရီးဆောင်အိတ်တစ်လုံးနဲ့ထည့်ထားဆိုတော့ သူက သည်နေရာကို ပြန်မလာတော့ဖို့များ စီစဥ်ထားတာလား။
“ရှင်လည်း ဟိုင်ချင်းရဲ့ဒေါသကို မသိတာ မဟုတ်ဘူး။ ကျွန်မ ဘယ်လိုလုပ်ပြီး တားလို့ရမှာလဲ”
ကျန်းရုံက ခပ်တိုးတိုး ပြောလာ၏။
ထိုစကားကို ကြားသောအခါ ရှောင်တောက်အန်းက ဘာမှ ထပ်မပြောတော့ဘဲ ရှောင်ဟိုင်ချင်းကိုသာ ဆွဲခေါ်လိုက်သည်။
“မင်း ထန်အိမ်တော်ကို သွားမလို့လား။ ဘယ်အချိန်ပြန်လာမှာလဲ”
ထိုအခါ ရှောင်ဟိုင်ချင်းက မျက်ခုံးပင့်လိုက်ပြီး ဆောင့်ကြွားကြွား ပြုံးပြလိုက်၏။
“အဖေ၊ သူ့ စကားကို ထပ်ပြီးတော့ ယုံပြန်ပြီလား။ သူက အဖေ့ကို ကျွန်မက ဒေါသကြီးလို့ တားမရဘူးလို့ပြောတာကို အဖေ့ရဲ့မသိစိတ်ကနေ ထောက်ခံနေတာပဲ မဟုတ်လား။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဘာမှ ပြောစရာ မရှိတော့ဘူး၊ ကျွန်မ မျက်စိစပါးမွေးစူး မခံနိုင်ဘူး။ ဒါကြောင့် ကျွန်မနဲ့ ယွင်ကျောင်း ထန်အိမ်တော်ကို ဒီည သွားနေမယ်။ အဖေက ကျွန်မ ဟွားနင်ခရိုင် ပြန်ဖို့ကိစ္စတွေ စီစဥ်ထားပေးပါ။ ကျွန်မ အခုချိန်ကစပြီး ဟွားနင်ခရိုင်မှာပဲ နေမယ်။ ဒီလောက်ပါပဲ”
စကားဆုံးသည်နှင့် သူမသည် ထိုနေရာမှ ထွက်လာခဲ့သည်။
“မဟုတ်ဘူး၊ ဟိုင်ချင်း၊ မင်းက ငါ့သမီး ဖြစ်နေတုန်းပဲ မဟုတ်ဘူးလား”
ရှောင်တောက်အန်းသည် အလွန်ဒေါသထွက်နေ၏။
“ကျွန်မကတော့ မဖြစ်တော့ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် နည်းလမ်းမှ မရှိတာ။ ဘယ်သူကများ သွေးသားတော်စပ်ရမယ့် ကြမ္မာကို ဖန်တီးခဲ့လဲ မသိဘူးနော်။ မစိုးရိမ်ပါနဲ့။ ယွင်ကျောင်းက အကြီးအကဲထန်ကို အဖေ့ကို ပစ်မှတ်ထားခိုင်းမှာ မဟုတ်ပါဘူး”
သူမက ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဟုန်မိသားစုကတော့ ဖြစ်ချင်တာ ဖြစ်၊ ကျွန်မ ဂရုမစိုက်ဘူး”
ထို့နောက် ပြန်မကြည့်တော့ဘဲ ချက်ချင်း လှည့်ထွက်လာခဲ့ရာ ထိုမြင်ကွင်းအား ကားပေါ်မှ မြင်နေရသည့် ပိုင်ယွီအန်းသည် အနည်းငယ် အံ့အားသင့်နေ၏။
ရှောင်တောက်အန်းသည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ယင်နေသော်လည်း ရှောင်ဟိုင်ချင်းပြောလိုက်သည့်စကားများသည် သူမျှော်လင့်နေသည့် စကားများဖြစ်သည်ကိုတော့ ဝန်ခံရပေမည်။
သူသည် အပြင်ပန်းတွင်မူ ရှောင်ဟိုင်ချင်းအား ထွက်သွားခွင့် မပြုသကဲ့သို့ ပြုမူနေသော်လည်း စိတ်ထဲ၌မူ ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်၏။ အိမ်အပြန်လမ်း၌ သူသည် ထိုအကြီးအကဲ၏ အကြောင်းကို စုံစမ်းခဲ့၍ ထိုပုဂ္ဂိုလ်ကြီးသည် နင်းမြို့တော်တစ်ခုလုံးကိုပင် ကိုင်လှုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ယခုအချိန်၌ သူ၏ သမီးဖြစ်သူသည် ကျင်းယွင်ကျောင်းနှင့် ခင်မင်ရင်းနှီးနေဆဲဖြစ်ရာ ယခင်က သူ အမှားလုပ်ခဲ့လျှင်တောင်မှ အကြီးအကဲထန်က သူ့အား ဒုက္ခပေးမည် မဟုတ်။
ဤသည်မှာ သွေးသားတော်စပ်မှုမှ ရရှိလာသည့် အကျိုးအမြတ်ပင် ဖြစ်သည်။
ဟုန်မိသားစုဘက်မှ ကြည့်လျှင်လည်း သူတို့သည် တစ်လမ်းတည်း လျှောက်နေသည့် အကျိုးတူ စီးပွားဖက်များဖြစ်သဖြင့် ထိုအကြောင်းအား သေချာ စဥ်းစားသုံးသပ်ပြီးသည့်နောက်တွင် သူတို့၏ အစုရှယ်ယာများကို အလွယ်တကူ ပြန်ထုတ်တော့မည် မဟုတ်ပေ။
Chapter 404 : ဆန်ကုန်မြေလေး၏ ဖုန်းခေါ်ဆိုမှု
ရှောင်ဟိုင်ချင်းသည် ရှောင်တောက်အန်း၏ အခက်တွေ့နေသည့် မျက်နှာထားအား နောက်ကြည့်မှန်တဆင့် မြင်လိုက်ရသဖြင့် လှောင်ရယ်လိုက်၏။
သူသည် ချစ်စရာကောင်းသည့် ဖခင်တစ်ယောက် မဟုတ်သဖြင့် သူ့အား မနှောက်ယှက်ဘဲ အချိန်တစ်ခုပေးလိုက်သည်က ပို၍ ကောင်းမွန်သည်။ သို့သော် ယခုအချိန်၌ သူမသည် တည်တည်ငြငြိမ်ငြိမ်ဖြင့် ရှေ့ဆက်သွားနေသော်လည်း နှလုံးသားကမူ လှိုင်းထန်နေ၏။
ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်း စိတ်မသက်မသာဖြစ်နေသည်ကို သိသော်လည်း သူမ၏ အကျင့်စရိုက်ကို နားလည်သဖြင့် လုံးဝ မနှစ်သိမ့်ပေးချေ။ ရှောင်ဟိုင်ချင်းသည် သန်မာချင်သူတစ်ယောက်ဖြစ်၍ အားနည်းပျော့ညံ့မှုကို ဘယ်သောအခါမှ ထုတ်မပြတတ်သူ ဖြစ်၏။ ထို့ကြောင့် ယခုအချိန်၌ အခြားလူများ၏ နှစ်သိမ့်မှုသည် လုံးဝအသုံးမဝင်သဖြင့် နှစ်သိမ့်ပေးရန် မလိုအပ်။ လက်တွေ့၌ နှစ်သိမ့်ပေးခြင်းဟူသည် အဖြူရောင်မုသားတစ်ခုသာဖြစ်သည်။ ထိုကဲ့သို့ စိတ်ကူးယဥ်ဆန်သည့် မျှော်လင့်ချက်များသည် သူမကဲ့သို့သော လူတစ်ယောက်အတွက် လုံးဝ အသုံးမဝင်ပေ။
ကားလေးသည် ထန်အိမ်တော်နှင့် တရွေ့ရွေ့ နီးကပ်လာ၏။
ကျင်းယွင်ကျောင်း ထန်အိမ်တော်သို့ လာလည်ရန် လက်ခံလိုက်ခြင်းသည် ထန်မိသားစုကို စိတ်ဝင်စားသောကြောင့် မဟုတ်ဘဲ ရှောင်တောက်အန်းအား ရှိန်သွားစေချင်သောကြောင့် ဖြစ်သည်။
အနာဂတ်တွင် ရှောင်ဟိုင်ချင်းသည် ကိုယ့်သဘောနှင့် ကိုယ် နေထိုင်လိုပါက ထန်အိမ်တော်သို့ သွားနေခြင်းဖြင့် အခွင့်ကောင်းယူရန် လိုအပ်၏။ အကယ်၍ သူမသာ ဟွားနင်ခရိုင်သို့ အရှုံးသမားအဖြစ်နှင့် ပြန်သွားပါက ကျန်းရုံ ဝမ်းသာနေလိမ့်မည် မဟုတ်လား။
ယခုအချိန်တွင်မူ ရှောင်တောက်အန်းသည် သူမအား မတားနိုင်ရုံသာမက ဤကိစ္စအား လေးလေးနက်နက် အာရုံစိုက်နေရပြီ ဖြစ်သည်။
ဘဝသည် အမှန်တကယ်ပင် တွက်ချက်မှုများနှင့် ပြည့်နှက်နေ၏။
မကြာမီ သူမတို့ သုံးယောက်သည် ထန်အိမ်တော်သို့ ရောက်ရှိလာကြသည်။ ကျီရှန်းရှန်းသည် ကျင်းယွင်ကျောင်းအား ထပ်ခါတလဲလဲ ဒုက္ခပေးနေမိသဖြင့် ရှားရှားပါးပါး ရှက်ရွံ့နေ၏။ သူမသည် ဤနှစ်ရက်အတွင်း၌ အံ့အားသင့်စရာများနှင့် ကြုံခဲ့ရပြီး ရင်ထိတ်စရာကောင်းသည့် မတော်တဆမှုနှင့်လည်း ကြုံခဲ့ရကာ ယခုအချိန်၌မူ အလွန်ကြွယ်ဝချမ်းသာသည့် အိမ်တော်သို့ သွားရောက်လည််ပတ်ရန် အခွင့်အရေးရခဲ့သည်။
ထန်အိမ်တော်သည် နေရာတိုင်း၌ ခမ်းနာထည်ဝါလှ၏။
ခြံထဲ၌ အလွန်ကျယ်ဝန်းလှပသည့် ပန်းဥယျာဥ်များရှိ၍ ခြံနောက်ဘက်တွင် ဂေါ့ဖ်ကွင်းတစ်ခုလည်းရှိကာ ပင်မအိမ်တော်၏ ဘေးတွင် ရေကူးကန်တစ်ခုရှိသည်။ အကြီးအကဲ ထန် ပြင်ဆင်ပေးသည့် ဧည့်သည်ခန်းမှာလည်း အလွန်ကျယ်ဝန်းလှ၍ ရှောင်မိသားစုမှ ဧည့်သည်ခန်းနှင့် တခြားစီပင်။
အမှန်တကယ်ပင် အနားယူ၍ကောင်းသည့် နေရာတစ်ခု ဖြစ်သည်။
ထန်မိသားစုဝင်များမှာမူ ထန်ကျစ်ဟွားသည် ဟွားနင်ခရိုင်၌သာ ရှိနေသေး၍ ကျန်သည့်မိသားစုဝင်များကလည်း အလုပ်ကိုယ်စီရှိကြသဖြင့် စောစောထသွားပြီး နောက်ကျမှ ပြန်လာကြရာ အိမ်၌ သိပ်မနေကြရသဖြင့် သူမတို့နှင့် တစ်ခါမှ မဆုံဖြစ်ကြပေ။ ထို့ကြောင့် သူမတို့သည် ရှားရှားပါးပါး စိတ်အေးလက်အေးနေရ၍ ပြီးပြည့်စုံသည့် အပန်းဖြေခရီး ဖြစ်လာသည်။
ရှောင်ဟိုင်ချင်းသည် ပေါ့ပေါ့ပါးပါးနေတတ်သူ တစ်ယောက်ဖြစ်၍ ခဏကြာသောအခါ အရာအာလုံး ပုံမှန် ပြန်ဖြစ်သွား၏။
သူမသည် ရှောင်တောက်အန်းနှင့် နှစ်ပေါင်းများစွာ ရန်ဖြစ် ငြင်းခုံခဲ့ရသည် ဖြစ်ရာ ဝမ်းနည်းသော်လည်း ဤအခြေအနေနှင့် အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင်လည်း သူမ၏ ရင်ထဲရှိ မျှော်လင့်ချက်များ ဆုံးရှုံးသွားရုံသာဖြစ်၍ တစ်ရက် သူမ၏ ဖခင်ဖြစ်သူနှင့်ပြန်လည် ပေါင်းစည်းနိုင်ရမည်ဟူသော အတွေးကိုမူ ထပ်မံ၍ မတွေးတော့ပေ။ စိတ်ကူးယဥ်ဆန်လွန်းလှ၏။
နောက်တစ်နေ့ မနက်စောစော၌ ကျင်းယွင်ကျောင်းသည် ကျီရှန်းရှန်း၏ အော်သံကြောင့် လန့်နိုးလာ၏။
ထို့နောက် ကျီရှန်းရှန်းသည် သူမ၏ အိပ်ယာဘေး၌ ဖုန်းတစ်လုံးကို ကိုင်၍ ခုန်ပေါက်နေသည်ကို မြင်လိုက်ရပြီး သူမအား အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။
“ကျင်း...ကျင်းယွင်ကျောင်း ငါ ဘာလုပ်သင့်လဲ။ ချွေ့...ချွေ့ကျွင်းက ငါ့ကို ဖုန်းခေါ်နေတယ်။ သူက တကယ်ကြီး ငါ့ကို ဖုန်းခေါ်နေတယ်”
ထိုစဥ် ရှောင်ဟိုင်ချင်းက မျက်လုံး ဖွင့်ကြည့်လာပြီး ကျီရှန်းရှန်းအား ခေါင်းအုံးဖြင့် ပေါက်လိုက်၏။
အကြီးအကဲထန်က ဤအခန်းထဲ၌ ကုတင်အကြီးကြီးသုံးခုကို အထူးပြင်ဆင်ပေးထားသည်။ သူသည် အဖိုးအိုတစ်ယောက် ဖြစ်သော်လည်း မိန်းကလေးငယ်လေးများ၏ သဘာဝ လွတ်လွတ်လပ်လပ်ဖြင့် သီးသန့်စကားပြောချင်ကြသည်ကို နားလည်၏။
ထိုအခါ ကျင်းယွင်ကျောင်းက ရှုံ့မဲ့ပြလိုက်ပြီး ...
“သူ နင့်ကို ဖုန်းခေါ်တာ ငါတို့နဲ့ ဘာဆိုင်လို့လဲ”
“နင် အဲ့လိုကြီး မရက်စက်ပါနဲ့။ ငါတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေလို့ ယူဆလို့ရနေပြီ မဟုတ်လား။ ဘယ်လို ဖြေရှင်းရမလဲဆိုတာ ငါ့ကို ကူပါဦး။ သူက ငါ့ကို ဘာလို့ဖုန်းဆက်တာလဲ။ သူ့ကို တောင်းပန်ခိုင်းလိုက်ရမလား”
ကျီရှန်းရှန်းသည် အနည်းငယ် ပျာယာခတ်နေသည်။
ထိုအခါ ကျင်းယွင်ကျောင်းက ထထိုင်လိုက်ပြီး ...
“နင် မနေ့က စန်းရန်ကို ဟုန်ထျန်းရဲ့ရှေ့မှာ အပြစ်တင် ရှုတ်ချခဲ့တယ်၊ ဒီနေ့ကျ ချွေ့ကျွင်းက နင့်ကို ဆက်သွယ်လာတယ်။ နင့်ဘာသာ နင်ပဲ စဥ်းစားကြည့်တော့လေ”
ဟုန်ဝမ် ဒုက္ခရောက်သွား၍ အကြီးအကဲ ထန်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ယောက်ကိုပါ အပြစ်ပြုမိသွားသည်ဖြစ်ရာ ဟုန်ထျန်းက စန်းရန်အား မည်သို့အလွတ်ပေးမည်နည်း။
ထို့အပြင် စန်းရန်သည် စိတ်ဓါတ်မကောင်းသူဖြစ်ရာ ကျီရှန်းရှန်းအား ပြဿနာ ရှာသည်မှာ အံ့သြစရာ မဟုတ်ပေ။
“ငါ ပြောမယ် ကျီရှန်းရှန်း၊ နင်က တကယ့်ကို အရူးပဲ။ နင် သူနဲ့ ပတ်သတ်ရင် ဘာကိုမှ ဂရုမစိုက်ဘူးလေ၊ ဒါတောင် နင်က ဘာလုပ်ရမလဲလို့ ငါတို့ကို မေးနေတုန်းလား။ နင် အခုထိ အဲ့ဆန်ကုန်မြေလေးကောင်မျိုးကို ချစ်နေတုန်းပဲ မဟုတ်လား။ ဒါဆိုရင်တော့ နင် အသုံးမကျလွန်းတာ ဖြစ်သွားပြီ။ နောက်ကျရင် နင်က ရှောင်ဟိုင်ချင်းရဲ့သူငယ်ချင်းလို့ မပြောနဲ့နော်၊ သောက်ကျိုးနည်း ရှက်စရာကောင်းလိုက်တာ”
ရှောင်ဟိုင်ချင်းက ဒေါသတကြီး ဝင်ပြောလာ၏။
ထိုအခါ ကျီရှန်းရှန်းက နှုတ်ခမ်းကိုက်လိုက်ပြီး ...
“ဒါဆိုရင်လည်း ငါ ဖုန်းမကိုင်တော့ဘူး”
“သေစမ်း”
ရှောင်ဟိုင်ချင်းက ချက်ချင်းပင် စောင်ကို ဆွဲလှန်၍ ကျီရှန်းရှန်း၏ အနားသို့ ကပျာကယာ ပြေးလာသည်။
“ကိုင်လိုက်၊ နင်က ဘာဖြစ်လို့ ဖုန်းမကိုင်ရမှာလဲ။ သူ ဘယ်လောက်တောင် အရှက်မရှိလဲဆိုတာ ကြည့်ရအောင်”
“လုပ်စမ်းပါ။ ဒီနေ့ နင်သာ ဖုန်းမကိုင်ရင် ငါ နင့်ဖုန်းနံပါတ်ကို အင်တာနက်ပေါ်တင်ပြီး နင့်ဆီ တစ်နေကုန် ဖုန်းတွေ ဝင်လာအောင် လုပ်လိုက်မယ်၊ ယုံလား မယုံဘူးလား”