← Chapters

အခန်း (၄၃၃-၄၃၆)

Vol. 22 Ch. 433-436

အခန်း (၄၃၃-၄၃၆)

Vol. 22 Ch. 433-436

Chapter 433 : သူ့ကို ကျွန်တော့်ဆီပေးပါ

မုံ့သခင်လေးသည် သူ၏ အရှေ့ရှိ ဝိုင်နီခွက်ကို အေးအေးဆေးဆေး လှုပ်ယမ်းနေရင်း ပိုင်ယွီအန်း၏ ဖျော့တော့နေသည့် မျက်နှာကို ကြည့်ကာ အလွန်အမင်း ကျေနပ်နေ၏။

ဒါက မိန်းမတစ်ယောက်ပဲ မဟုတ်လား။ ပိုင်ယွီအန်းက မိန်းမတစ်ယောက်အတွက်နဲ့ စွန့်စားတဲ့အထိ တုံးမယ်လို့တော့ ငါ မယုံဘူး။ ခဏကြာတာနဲ့ သူက ငါ့စကားကို ရို့ရို့ကျိုးကျိုး နာခံလာလိမ့်မယ်လို့ ငါယုံကြည်တယ်။

ထိုကဲ့သို့ မုံ့လင်း ကြိုတင် စဥ်းစားတွေးတောနေစဥ်မှာပင် ပိုင်ယွီအန်းက စကားပြန်ပြောလာ၏။ သို့သော် သူ မျှော်လင့်ထားသကဲ့သို့ မဟုတ်ဘဲ ပိုင်ယွီအန်းက ဒေါသတကြီး ရယ်လိုက်သည်။

"တကယ်လို့ မုံ့သခင်လေးက စစ်ဆေးချင်တယ်ဆိုရင်လည်း လူလွှတ်လိုက်ပါ။ ကျွန်တော်တို့ ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီက စည်းမျဥ်းတွေအားလုံးနဲ့ ကိုက်ညီမှု ရှိတယ်ဆိုတာကို အာမခံနိုင်ပါတယ်။ အကယ်လို့ မသင့်တော်တာ တစ်ခုခုတွေ့ခဲ့ရင်တော့ သေချာပေါက် ပြန်ပြင်ပေးသင့်တာပေါ့။ အဲ့အချိန်ကျရင် မုံ့သခင်လေး ပြောနေစရာကို မလိုပါဘူး။ အရောင်းကောင်တာတွေကနေ ဖယ်ပစ်သင့်တဲ့ ကျွန်တော်တို့ရဲ့ထုတ်ကုန်အားလုံးကို ပြန်သိမ်းမှာပါ။ သြော်...ဟုတ်သားပဲ။ လူကြီးမင်းမုံ့ရဲ့လက်ထဲက ဝိုင်တွေ အားလုံးလည်း အပါအဝင်ပေါ့လေ။ ပြီးတော့ ကျွန််တော်တို့က ပြန်သိမ်းတဲ့အချိန်ကျရင် နစ်နာကြေးလည်း ပေးဦးမှာပါ။ လူကြီးမင်းမုံ့ မနစ်နာစေရပါဘူး"

ပိုင်ယွီအန်း၏ စကားကို ကြားသောအခါ မုံ့သခင်လေး၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။

"ပိုင်ယွီအန်း၊ ခင်ဗျား ထပ်ပြောကြည့်လိုက်စမ်း"

မုံ့လင်းသည် သူ့ နား သူပင် မယုံနိုင်ချေ။

သည်လူက တကယ်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ ငါ့ရဲ့ခြိမ်းခြောက်မှုကို အာခံနေတာလား။

သူ၏ အရည်အချင်းနှင့်သာ ဆိုပါက အထက်ပါ စကားများကို ပြောနေစရာပင်မလိုပဲ အလို ရှိသမျှအရာအားလုံးကို လုပ်ဆောင်နိုင်သည်။

"ဆယ်ခါ ပြန်ပြောခိုင်းလည်း ကျွန်တော်က ဒီလိုတစ်ထပ်တည်းတူတဲ့ စကားကိုပဲ ပြောနေဦးမှာပါ။ ကျွန်တော့်ဆီမှာ ကျင်းယွင်ကျောင်းကို ခင်ဗျားဆီပေးနိုင်တဲ့အထိ လုပ်ပိုင်ခွင့် မရှိပါဘူး။ တကယ်လို့ရှိရင်တောင်မှ ဒီလိုမျိုး ပေးပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သူက လူတစ်ယောက်ပါ၊ ပစ္စည်းတစ်ခု မဟုတ်ဘူး။ ကျေးဇူးပြုပြီးတော့ မုံ့သခင်လေးကို အကြံပေးပါရစေ။ ကျွန်တော့်ကို ခြိမ်းခြောက်နေမယ့်အစား မုံ့သခင်လေး အပြင်သွားပြီးတော့ တခြားတစ်ယောက်ကို ရှာလိုက်ပါ။ မုံ့သခင်လေးရဲ့ခြေရင်းမှာ ခစားချင်နေတဲ့ ယောက်ျား၊ မိန်းမတွေအများကြီးရှိမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ကျင်းယွင်ကျောင်းကိုတော့ မေ့ပစ်လိုက်ပါ"

ပိုင်ယွီအန်းက တည့်တိုးပင် ပြောလိုက်၏။

ကျင်းယွင်ကျောင်းသည် သူ၏ ညီမလေး ဖြစ်ရုံသာမက သူ၏ သူဌေးလည်း ဖြစ်သည်။ သူမသည် သာမန် ညီမတစ်ဦး ဖြစ်နေလျှင်တောင်မှ သူမအား သက်မဲ့ပစ္စည်း တစ်ခုသဖွယ် လက်ဆောင်အနေနှင့် ပေးပစ်၍ မရပေ။

သူက ငါ့ကို ရှောင်တောက်အန်းလိုများ ထင်နေတာလား။

ရှောင်တောက်အန်းသည် နာမည်ဂုဏ်သတင်းအတွက် သူ့ကိုယ်သူ ရောင်းစားသည့် လူဖျင်းလူညံ့တစ်ဦး ဖြစ်သည်။ အမျိုးသမီးတစ်ယောက်အပေါ်၌ မှီခို၍ အခွင့်အရေး ရှာခြင်းသည် သူရဲဘောကြောင်သော အလုပ်ဖြစ်၍ ယခု လက်ရှိ ဖြစ်နေသည့်ကိစ္စများနှင့် လုံးဝ မအပ်စပ်ပေ။

ပြီးတော့ သူဌေးကို သူများဆီ ပေးလိုက်ရင် ငါတို့ကုမ္ပဏီရဲ့အနာဂတ်က ဘယ်လိုဖြစ်သွားမှာလဲ။

ထိုအခါ မုံ့လင်းသည် ပိုင်ယွီအန်းအား အံ့သြတကြီး ကြည့်လာပြီးနောက် ချက်ချင်း မျက်နှာပျက်သွားသည်။

"မပြောကောင်း၊ မဆိုကောင်း ဘော့စ် ပိုင်က အချစ်ရူး, ရူးနေတာလား။ ဒါပေမယ့် ခင်ဗျားရဲ့ညီမလေးက အသက် မပြည့်သေးဘူး မဟုတ်လား။ နွားအိုမြက်နုကြိုက်နေတာ ခင်ဗျား မရှက်ဘူးလား"

ကျင်းယွင်ကျောင်းရဲ့ ရုပ်ရည်၊ ကိုယ်နှုတ် အမူအယာ၊ အရည်အချင်းတွေက သည်ပိုင်ယွီအန်းလို အဖိုးကြီးနဲ့ တန်လို့လား။

သူ၊ မုံ့လင်းသည် အရာရှိ မိသားစုမှ မွေးဖွားလာခြင်း ဖြစ်၍ အဖိုးဖြစ်သူသည် စစ်အရာရှိဟောင်း တစ်ဦး ဖြစ်ကာ သူ၏ ဦးလေးသည် တောက်ပသောအနာဂတ်နှင့် မြို့တော်ဝန်တစ်ဦး ဖြစ်သည်။ သူ၏ အဒေါ်ဖြစ်သူသည်လည်း ယခုအချိန်၌ အဆက်အသွယ်ကောင်း များစွာရှိသည့် လူချမ်းသာ အမျိုးသမီးတစ်ဦး ဖြစ်ရာ သူ၏ အဆင့်အတန်းနှင့် ယှဥ်ပါက ကျင်းယွင်ကျောင်းကဲ့သို့ မိန်းကလေးငယ်လေး တစ်ယောက်အား သဘောကျသည်မှာ ယုတ္တိပင် မရှိချေ။

ဒါက ဖြစ်သင့်လို့လား။

ထို့အပြင် သူသည် ကျင်းယွင်ကျောင်းအပေါ်၌ ချိုချိုသာသာ ဆက်ဆံ၍ ပိုင်ယွီအန်းကသာ သူမအား သူ့ထံသို့ ကြည်ကြည်ဖြူဖြူ ပေးအပ်ပါက အနာဂတ်၌ သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံမည် ဖြစ်သည်။

အနာဂတ်မှာ သူသာ ငါ့ဘေးမှာ နေရင် သူ လိုချင်တာသမျှ အကုန်ရမှာလေ။

ဒါပေမယ့် သည်ပိုင်ယွီအန်းကလည်း တကယ့်ကို လူရည်လည်တဲ့ ပုဂ္ဂိုလ်ပဲ။ ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီရဲ့စုစုပေါင်း ရှယ်ယာ တန်ဖိုးက အချိန်တိုလေးအတွင်းမှာကို သန်းတစ်ရာ ကျော်သွားတာ။ ဒါပေမယ့် ငါ သိထားသလောက်တော့ ပိုင်ယွီအန်းက အရင်က အိမ်ထောင် ကျဖူးပြီးသားပါ။ သူက နှစ်ခါပြန် လက်ထပ်ချင်နေတဲ့ အဖိုးကြီးပဲ။ ဘာများကောင်းလို့လဲ။

"မုံ့သခင်လေးကို ပြောပြရရင် ကျင်းယွင်ကျောင်းက ခင်ဗျား စိတ်ကူးထားသလို လူစားမျိုး မဟုတ်ဘူး။ ပြီးတော့ သူနဲ့ ကျွန်တော်ကလည်း ခင်ဗျားထင်နေသလို စက်ဆုပ်စရာ ကောင်းတဲ့ ဆက်ဆံရေးမဟုတ်ဘူး။ အကယ်လို့ မုံ့သခင်လေးကသာ တကယ် သဘောကျတယ်ဆိုရင် ကျွန်တော် ပိုင်ယွီအန်းက ကြားဝင်ပြီး မနှောက်ယှက်ပါဘူး၊ ခံစားချက်တွေကိုပဲ အပြစ်တင်ရမှာပေါ့။ ဒါပေမယ့် ကျွန်တော်က မုံ့သခင်လေးကို အကြံပေးချင်တယ်၊ ခင်ဗျားရဲ့ ရိုမန်တစ်ဆန်တဲ့ အမူအကျင့်တွေကြောင့် ယွင်ကျောင်းက ခင်ဗျားကို ပြန်သဘောကျအောင်ရော လုပ်နိုင်မှာတဲ့လား။ မဖြစ်နိုင်ဘူးနော်"

ပိုင်ယွီအန်းက လုံးဝ အကြောက်အလန့် မရှိပေ။

အကယ်၍ မုံ့လင်းသည် ကျင်းယွင်ကျောင်းနှင့် တစ်ဆင့်ချင်း အဆင့်တက်ချင်သူ ဖြစ်၍ ရိုးရှင်းသော သဘောထားရှိပါက ယခုကဲ့သို့ အလွန် စက်ဆုပ်ဖွယ်ကောင်းသည့် စိတ်ထားကို ထုတ်ပြလိမ့်မည်မဟုတ်။ သို့သော် သူသည် အလုပ်ကို သင့်တင့်လျောက်ပတ်စွာ မလုပ်ကိုင်တတ်သူ ဖြစ်၍ ကိုယ်ရည်သွေးလွန်းသူသာ ဖြစ်သည်။

ထို့ကြောင့် ကျင်းယွင်ကျောင်းက သူ့အား ပြန်သဘောကျပါက ထူးဆန်းနေလိမ့်မည်။

သို့သော် မုံ့လင်းသည် ဆိုလိုရင်းကို သေချာသဘောမပေါက်ဘဲ မျက်မှောင်ကြုံ့လိုက်၏။

"ဒါဆိုရင် ခင်ဗျားပြောတဲ့ စကားအရ ကျင်းယွင်ကျောင်းနဲ့ တကယ်ပဲ ပတ်သတ်မှု မရှိဘူးပေါ့။"

Chapter 434 : ချစ်သူအစစ််အမှန်

မုံ့လင်းက သံသယဝင်နေပုံရ၏။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျင်းယွင်ကျောင်းလို မိန်းမလှလေး တစ်ယောက်လုံး ရှိနေတာကို ပိုင်ယွီအန်းက ဘာကြောင့် စိတ်မယိုင်ရတာလဲ။

ဒါပေမယ့် သည်အကြောင်းကို စဥ်းစားကြည့်လိုက်ရင် ပိုင်ယွီအန်းက လိင်ကိစ္စနဲ့ပတ်သတ်လို့ စည်းကမ်းတင်းကြပ်တဲ့ အဖိုးကြီးဆိုတော့ သည်လိုမျိုး ပရမ်းပတာ လုပ်မှာ မဟုတ်ဘူး။ ကျင်းယွင်ကျောင်းကို သူ့ရဲ့ညီမ အရင်းလို သဘောထားတာလည်း ဖြစ်နိုင်တယ်။

ထို့ကြောင့် မုံ့လင်းသည် ရုတ်တရက် အပျော်လွန်သွား၏။ ကျင်းယွင်ကျောင်းအား တစ်စုံတစ်ယောက်က ကစားပြီး ထားခဲ့သည်ဟု တွေးနေမိခြင်းသည် သူ့အား အနည်းငယ် စိတ်မသက်မသာ ဖြစ်နေစေခဲ့သည်။ သို့သော် သူမသည် ယခုအချိန်၌ အလွန် ဖြူစင် သန့်ရှင်းသူ ဖြစ်နေသေးရာ အခြေအနေများက မတူတော့ပေ။

ထိုမျှနှင့်ပင် သူမသည် ယာယီခန့် သူ၏ ချစ်သူအစစ်ဖြစ်ရန် လုံလောက်နေပြီ ဖြစ်သည်။

ထိုအခါ မုံ့လင်း၏ အမူအယာကြောင့် ပိုင်ယွီအန်းဝေခွဲမရဖြစ်သွားပြီး ...

"မုံ သခင်လေး၊ ကျွန်တော့်ကို လာရှာတာ ကျင်းယွင်ကျောင်းရဲ့ကိစ္စကြောင့်ဆိုရင်တော့ ကျွန်တော့်မှာ ထပ်ပြီး ပြောစရာ မရှိတော့ပါဘူး"

စကားဆုံးသည်နှင့် ပိုင်ယွီအန်းသည် ဤနေရာမှ ထထွက်လာခဲ့၏။

ယခု ပိုင်ယွီအန်း ဤနေရာသို့လာရသည့် အဓိက အကြောင်းအရင်းမှာ မုံ့ သခင်လေး ကျင်းယွင်ကျောင်းအား မည်သို့ အနှောက်အယှက် ပေးရန် ကြံစည်ထားသည်နှင့် ဤကိစ္စအပေါ် သဘောထားကို သိလိုသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူသည် ကုမ္ပဏီသို့ အပြန်လမ်းတွင် ကျင်းယွင်ကျောင်းအား ဖုန်းလှမ်းဆက်လိုက်၏။

"ဒီ မုံ့ သခင်လေးက တကယ့်ကို စဥ်းစားဉာဏ် မရှိတဲ့သူပဲ၊ ပြီးတော့ သူ့ရဲ့မိသားစုနောက်ခံကလည်း အရမ်းကောင်းတယ်။ အခု သူက မင်းကို မျက်စိကျနေတာဆိုတော့ အလွယ်တကူ အလွတ်ပေးမှာမဟုတ်ဘူး။ ယွင်ကျောင်း၊ မကြာခင်မှာ တရုတ်နှစ်သစ်ကူးလည်း နီးလာပြီ။ ဟုန်မိသားစုရဲ့ကိစ္စတွေကို ငါ ကြည့်ပြီး ရှင်းလိုက်မယ်။ အရင်ဆုံး မင်း ဟွားနင်ခရိုင်ကို ပြန်သွားတာ ပိုပြီးတော့ အဆင်ပြေမယ်"

ပိုင်ယွီအန်းက ပြောလာသည်။

မုံ့လင်းသည် တဏှာစိတ် အားကြီးသော လူ့တိရိစ္ဆာန်တစ်ကောင် ဖြစ်၍ ပြဿနာရှာရန် တွေးလျှင် မိန်းကလေးများကိုသာ ပထမဆုံး ပစ်မှတ်ထားလိမ့်မည်ဖြစ်ပြီး လိုချင်သည့်အရာကို မရမချင်း ဘယ်တော့မှ ရပ်မည် မဟုတ်ပေ။

ထို့အပြင် မုံ့မိသားစုသည် ဟုန်မိသားစုနှင့် မတူဘဲ မုံ့လင်း၏ ဦးလေးက မြို့တော်ဝန် တစ်ဦးဖြစ်ရာ တတ်နိုင်သမျှ ရှောင်သည်ကသာ အကောင်းဆုံးပင်။

"ဟုတ်ကဲ့၊ ကျွန်မ သဘောပေါက်ပြီ"

ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။

သူမသည် မုံ့လင်းအား လုံးဝမကြောက်ပေ။ သို့သော် နှစ်သစ်ကူး အချိန်ကာလအတွင်း၌ သူမသည် ဖိတ်ကြားမှုအချို့ကို လက်ခံရရှိထားပြီး ဖြစ်၏။

ဤနှစ်ကူး၌ သူမတစ်ယောက်တည်း အထီးကျန်နေမည်စိုး၍ နှစ်သစ်ကူး မရောက်ခင် ရက်အနည်းငယ်အလိုကတည်းကပင် ပိုင်ယွီအန်း၏ မိဘများနှင့် ကန်မိသားစုက သူမအား ကြိုတင်၍ ဖိတ်ကြားထားပြီးသား ဖြစ်သည်။ သို့ရာတွင် ပိုင်မိသားစုသည် နင်းရှန်မြို့၌ နေထိုင်ပြီး ချောင်မိသားစုနှင့် အိမ်နီးချင်းများ ဖြစ်၏။ ယခုအချိန်၌ ချောင်မိသားစုတွင် သူမအား ခြိမ်းခြောက်နိုင်သူ တစ်ယောက်မှ မရှိတော့သော်လည်း ဒုက္ခိတ ချောင်ဝေ့မင်သည် အိမ်၌ ရှိနေသေးသည်ဖြစ်ရာ ထိုလူနှင့်ရင်ဆိုင်ရပါက သူမ၏ နောက်ထပ်ပျော်စရာကောင်းသည့်အချိန်တစ်ခု ပျက်စီးသွားနိုင်သည်။

ထို့အပြင် နင်းရှန်မြို့ရှိ လူများသည် သူမနှင့် မျက်မှန်း တန်းမိနေသူများဖြစ်ရာ အပြင်ထွက်ရန် အဆင်မပြေဘဲ သူမနှင့် ပိုင်ယွီအန်း၏ မိဘများကလည်း သိပ်မရင်းနှီးပေ။

သို့သော် ကျင်းယွင်ကျောင်းသည် ကန်မိသားစု၏ ဖိတ်ကြားချက်ကိုလည်း ငြင်းပယ်ခဲ့၏။

အဖိုးကန်သည် သူမအား မြေးအရင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသော်လည်း ကန်မိသားစု၌ အဖိုးကန်တစ်ယောက်တည်းရှိသည် မဟုတ်ရာ ကန်ကျင်းချန်၏ မိဘများသည်လည်း သူမအပေါ်၌ မလွဲမသွေ ဂရုစိုက်ပေးကြမည် ဖြစ်သည်။ သူတို့သည် သူမအား ထိုကဲ့သို့ ကောင်းမွန်သောရည်ရွယ်ချက်များနှင့် ဆက်ဆံပေးကြသော်လည်း သူမသည် သူစိမ်းတစ်ယောက် ဖြစ်နေသေသဖြင့် မိသားစုဝင်များ အနေဖြင့် အနည်းငယ် စိတ်မသက်မသာ ခံစားကြရလိမ့်မည် ဖြစ်သည်။

ထို့အပြင် ရှောင်ဟိုင်ချင်းသည် ရှောင်မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ထားပုံပေါ်သော်လည်း စိတ်ခံစားချက် ပြောင်းလဲသွားရုံသာဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့ နှစ်သစ်ကူး ပွဲတော် အိမ်ပြန်ရမည့် အချိန်သို့ ရောက်သောအခါ ရှောင်တောက်အန်းနှင့် ကျန်းရုံအား စိတ်ညစ်စေချင်သဖြင့် အိမ်ပြန်မည် ဖြစ်သည်။ ထို့ကြောင့် တကယ်တမ်းတွင် တစ်ဖက်လူများ၏ အမြင်၌ အနှောက်အယှက်ဖြစ်နေစေရန်အတွက် သူမကိုယ်တိုင် အထီးကျန်နေရဦးမည် ဖြစ်သည်။

ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် အကြီးအကဲရှုအား မစဥ်းစားမိဘဲ မနေနိုင်ချေ။

ထိုခြံဝန်းငယ်လေးထဲ၌ နေထိုင်သော အဖိုးအိုသည် သူမအား နှစ်သစ်ကူးပွဲသို့ လာရောက်ရန် မဖိတ်ကြားခဲ့သော်လည်း သေချာပေါက်ပင် တစ်ကိုယ်တည်း အထီးကျန်နေလိမ့်မည် ဖြစ်သည်။

ယခုအချိန်၌ မုံ့လင်း၏ ကိစ္စကြောင့် ကျင်းယွင်ကျောင်းသည် အိမ် စောစောပြန်လာရသော်လည်း မပြန်ခင်တွင် ပိုင်ယွီအန်းအား ဟုန်ဝမ်၏ ဖုန်းနံပါတ်ကို စုံစမ်းခိုင်းပြီး အမည်မဲ့ ဖုန်းနံပါတ်တစ်ခုဖြင့် ဓါတ်ပုံများ ပို့ပေးလိုက်၏။

သေချာပေါက် ထိုပုံများသည် ဟုန်ဝမ် ယောက်ျားများစွာအား မြူဆွယ်နေခဲ့သည့် ပုံများပင်ဖြစ်သည်။

ဟုန်မိသားစု စံအိမ်တွင် ဟုန်ဝမ်သည် အိပ်ယာပေါ်၌ လဲလျောင်းနေပြီး ဘေး၌ မိသားစုဆရာဝန်က သူမအား ကုသပေးနေ၏။ ထို့နောက် သူမသည် ခက်ခက်ခဲခဲ လက်မြှောက်၍ ဖုန်းကို ယူကြည့်လိုက်ပြီး ချက်ချင်းပင် ဒေါသတကြီး ပစ်ပေါက်လိုက်သည်။

သမီးဖြစ်သူ ဒေါသ ထွက်နေသည်ကို မြင်သောအခါ ဟုန်ထျန်းသည် အနည်းငယ် ပျာယာခတ်သွားပြီး ...

"ရှောင်ဝမ်၊ ဘာဖြစ်လို့လဲ။ သမီးကို ဘယ်သူက စိတ်တိုအောင် လုပ်တာလဲ"

"ဘယ်သူဖြစ်ရမှာလဲ။ ကျင်းယွင်ကျောင်းက လွဲရင် ဘယ်သူရှိလို့လဲ"

ဟုန်ဝမ်က အံကြိတ်၍ ဖြေလိုက်ရာ သူမ၏ နောက်ကျောရှိ အာရုံကြောများကို တင်းအောင်လုပ်မိသွားပုံပေါ်၍ ရုတ်တရက် နာကျင်သွားရပြီး သူမ၏ မျက်နှာက ပို၍ပင် ကြောက်စရာကောင်းလာသည်။

Chapter 435 : ဂုဏ်သတင်းပျက်ပြားခြင်း

ထိုညမှစ၍ ဟုန်ဝမ်၏ အသိုင်းအဝိုင်းထဲ၌ သူမ၏ ဂုဏ်သတင်းသည် လုံးဝ ပျက်ပြားသွားခဲ့ပြီး သူငယ်ချင်းများက သူမအား အသုံးမကျသူဟုပင် ပြောခဲ့ကြ၏။

ကျင်းယွင်ကျောင်းသည် သူမအား ဝိုင် သုံး၊ လေးပုလင်းခန့်တိုက်ခဲ့ရာ ဝိုင်များ၏ ဂုဏ်သတ္တိက ပြင်းလွန်းလှ၍ သူမသည် တစ်နေ့လုံး ဆေးအစွမ်းကြောင့် ရူးသွပ်သွားခဲ့သည်။

စိတ်ရှုပ်စရာ အကောင်းဆုံးမှာ ထိုနေရာ၌ ယောက်ျားသား တစ်ယောက်မက ရှိနေခဲ့ခြင်းပင်။ ထိုယောက်ျားများအနက် တစ်ယောက်သည် သူမအား အချိန်အတော်ကြာအောင် လိုက်လံ ပိုးပန်းခဲ့၍ သူမက ခါးခါးသီးသီး ငြင်းပယ်ထားသူ ဖြစ်သည်။ သို့သော် သူမသည် အဆုံး၌ ဤပုံစံအား ထိုလူ၏ရှေ့တွင် ထုတ်ဖော်ပြသမိသွားသဖြင့် တစ်ဖက်လူက သူမသည် အရှက်မဲ့၍ ရမ္မက်ကြီးလွန်းလှသည်ဟု လှောင်ပြောင် စော်ကားတော့သည်။

ထိုအချိန်က ဆေးအရှိန် ပြင်းလွန်းလှသဖြင့် အခြားလူများအားလုံး ကိစ္စ ပြီးစီး၍ ထွက်သွားကြသော်လည်း ဟုန်ဝမ်သည် ဆေးအရှိန် မပြေသေးပေ။ ထို့ကြောင့် သူမသည် နောက်ဆုံးကျန်ခဲ့သူအား ဇွတ်အတင်းအကြပ် ဆွဲထားခဲ့၏။ သို့သော် ထိုသူကလည်း သူမအား ပြင်းပြင်းထန်ထန် ဆက်ဆံပြီးနောက် လှောင်ပြောင်ဟန်ဖြင့် ကြည့်၍ သူမအတွက် ကလပ်ထဲမှ နောက်ထပ် ယောက်ျား ငါးယောက်၊ ခြောက်ယောက်ခန့် ရှာထားပေးခဲ့သည်။

ထို့ကြောင့် ထို ငါးယောက်၊ ခြောက်ယောက်အပြင် ယခင်တစ်ယောက်ကိုပါ ထည့်ပေါင်းပါက....

ဟုန်ဝမ်သည် အလွန်အမင်း အရှက်ရ၍ ခံပြင်းနေ၏။

ငါ အရင်တုန်းက သည်လို သောက်ရူး အလုပ်မျိုး လုပ်ဖူးလို့လား။

သူမသည် သူမ၏ စိတ်ဆန္ဒကို ဖြေလျှော့ချင်လျှင်တောင်မှ ထို့ကဲ့သို့ ညစ်ပတ် စုတ်ပဲ့သည့် ယောက်ျားမျိုးကို ရှာမည် မဟုတ်ပေ။ ထိုကလပ်ရှိ ယောက်ျားအဖော်များသည် လူ ဘယ်လောက်များများ အသုံးပြုထားပြီးသား ဖြစ်ကြောင်း မည်သူသိမည်နည်း။

ဤသည်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးပင်။ ထို့နေ့က သူမ အသိစိတ် ပြန်ဝင်လာသောအခါ သူမ၏ တစ်ကိုယ်လုံးသည် ပွန်းပဲ့ စုတ်ပြတ်နေ၍ ခါးနေရာက အဆိုးဆုံးပင်။ ထိုအချိန်က သူမသည် အိမ်သို့ လမ်းလျှောက်ပြန်ရန်ပင် အားမရှိတော့။ သူမ၏ ခန္ဓာကိုယ်၊ ကြမ်းပြင်နှင့် အခန်းတစ်ခုလုံးသည် ရှုပ်ပွနေ၍ နေရာတိုင်းက မသတီစရာ ဖြစ်နေ၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူမကို လာခေါ်ရင်း တွေ့သွားပါက သူမသည် ကျန်သည့်ဘဝတစ်လျှောက်လုံး၌ ခေါင်းမော့ရဲတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် နောက်ဆုံးလူအား သူမ၏ ခန္ဓာကိုယ်ကို ဆေးကြော သန့်စင်ပေး၍ အဝတ်အစားသစ်များ သွားဝယ်ပေးရန် နှိမ့်ချစွာ တောင်းပန်ခဲ့ရသည်။ ထိုလူက သူမအား အိမ်အထိ ပြန်လိုက်ပို့သောကြောင့်သာ ဟုန်မိသားစု စံအိမ်သို့ ပြန်ရောက်လာနိုင်ခြင်း ဖြစ်၏။

သို့သော် ထိုနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အချိန်ကြာကြာ လျှို့ဝှက် မထားနိုင်ပေ။ ထို သီးသန့်ခန်းထဲမှ ထွက်သွားသူတိုင်းသည် ဟုန်ဝမ်က မိန်းမပျက် တစ်ဦးဖြစ်ကြောင်း သိသွားကြ၏။

ထို့အပြင် သူမသည် အိမ်ပြန်ရောက်လာသည့်အချိန်မှ စ၍ နှစ်ရက်ကြာသည်အထိ အိပ်ယာပေါ်တွင်သာ အချိန်ပြည့် လှဲနေရ၍ တစ်ကိုယ်လုံး ပွန်းပဲ့ရာများ ပြည့်နေကာ ခန္ဓာကိုယ် အောက်ပိုင်းသည် ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရသွားသည်။ သူမ၏ ခါးသည်လည်း အနည်းငယ် လှုပ်ရှားရုံဖြင့်ပင် အသည်းခိုက်မတတ် နာကျင်နေ၏။ ထိုကဲ့သို့အခြေအနေ ဆိုးရွားနေသော်လည်း သူမ ဆေးရုံသို့ပင် မသွားရဲချေ။

ထို့ကြောင့် သူမသည် မိသားစုဆရာဝန်ဖြင့်သာ ကုသနိုင်၍ နောက်ဆုံး၌ အနည်းငယ် သက်သာလာခဲ့သည်။ သို့သော် ယခုအခါတွင်မူ...

ကျင်းယွင်ကျောင်းက သူမအား ထပ်မံ၍ ဒေါသထွက်အောင် လုပ်လာပြန်၏။

ဖုန်းနံပါတ်က ထူးဆန်းနေရင်တောင်မှ သည်လို ကိစ္စမျိုးကို လုပ်မှာက သူက လွဲရင် တခြားသူ မရှိဘူး။

ထိုအချိန်က အခန်းထဲတွင် ရှိနေသည့် မိန်းကလေးများသည်လည်း သူမအား ဓါတ်ပုံရိုက်ထားနိုင်သည။၊ သို့သော် ထိုမိိန်းကလေးများကသာ ဓါတ်ပုံရိုက်ခဲ့ပါက ထိုဓါတ်ပုံများကို ဖြန့်ရန်အတွက် ယနေ့အထိ စောင့်နေလိမ့်မည် မဟုတ်ဘဲ သူတို့၏ သူငယ်ချင်းများကြား၌ တိုက်ရိုက် ဖြန့်ပစ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ပုံပို့သည့် လုပ်ရပ်မျိုးက သူမအား ရန်စရန်အတွက် ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းသာ လုပ်နိုင်မည့် ကိစ္စမျိုးပင်။

ထို့နောက် ဟုန်ဝမ်၏ မျက်နှာသည် ပြာနှမ်းနှမ်း ဖြစ်သွား၍ အကြိမ်ရေ အနည်းငယ်ခန့် ပင့်သက်ရှိုက်လိုက်၏။ အစောပိုင်းက ကျယ်လောင်စွာ အော်မိသည့် ဒဏ်ကြောင့် သူမ၏ လည်ချောင်းက ပြန်၍ နာကျင်လာသည်။ ထို့နောက် သူမ ပါးစပ်ကိုပိတ်၍ ခါးသီးစွာ ငိုကြွေးလိုက်၏။

"ဖေဖေ၊ ကျွန်မကို ဘယ်လိုမျိုး လက်စားချေပေးမှာလဲ။ ကျင်းယွင်ကျောင်း...သူရဲ့ကျောထောက်နောက်ခံက ဘော့စ်ပိုင် မဟုတ်လား။ ဖေဖေ၊ ဘော့စ်ပိုင်ကို ဒေဝါလီခံရအောင် လုပ်ပေး၊ ကျင်းယွင်ကျောင်းကို သတ်ဖို့ လူတစ်ယောက် ရှာပေး။ ကျွန်မ ဘာမှ ဂရုမစိုက်တော့ဘူး"

ဟုန်ဝမ်က ခပ်အက်အက်အသံဖြင့် အော်လိုက်ရာ ထွက်လာသော အသံသည် ခပ်လေးလေး ဖြစ်နေ၍ အခြားသူများ၏ တုံ့ပြန်ချက်များက သူမအား ဒေါသထွက်လာစေသည်။

သူမသည် ဟုန်မိသားစု၏ ဂုဏ်သိက္ခာရှိသည့် သခင်မလေး ဖြစ်သော်လည်း ယခုကဲ့သို့ ကြုံတွေ့ခဲ့ရကာ လူမဆန်သည့် စော်ကားပြောဆိုမှုများကို တွေ့ကြုံခံစားခဲ့ရသည်။ သို့သော် သူမသည် သူမ၏ ရန်ငြိုးများအားလုံးကို မြိုသိပ်ထားရသည့်အကြောင်း မည်သူ့ကိုမှ ပြောမပြနိုင်ပေ။ အဘယ်ကြောင့်နည်း။

ထို့ကြောင့် ကျင်းယွင်ကျောင်းက ဤဖြစ်ရပ်များအားလုံးကို တာဝန်ယူသင့်သည်။ ထိုဝိုင်များ၊ ဆေးများနှင့် ယောက်ျားများအားလုံးသည် ကျင်းယွင်ကျောင်းအတွက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း သူမသည် အကောင်းအတိုင်း ရှိနေသေး၏။

"ရှောင်ဝမ်၊ မင်း ပြဿနာ ရှာနေတာတွေ ဘာလို့ မရပ်သေးတာလဲ။ အဖေက အခု ရက်ပိုင်း တကယ် အလုပ်ရှုပ်နေတာ။ ပြီးမှ မင်းဆီကို ပြန်လာပြီး အဖော်လုပ်ပေးမယ်"

ဟုန်ထျန်းက စိတ်မရှည် ဖြစ်လာပုံရသည်။

ဤသမီးဖြစ်သူသည် အမြဲတမ်း အလွန်ထက်မြက်ပါးနပ်သူဖြစ်၍ သူသည် ငယ်စဥ်ကတည်းက သူမအတွက် တစ်ခါမှ မစိုးရိမ်ခဲ့ရပေ။ သူမသည် ဘယ်သောအခါမှ အပြင်၌ ပြဿနာ မရှာခဲ့သော်လည်း မကြာသေးမီကစ၍ သူမက အမှားအမှန် မခွဲခြားတတ်တော့ဘဲ အရာအားလုံး အဆင်မပြေ ဖြစ်လာခဲ့သည်။

ယခုတစ်ကြိမ်၌ သူ၏ သမီးဖြစ်သူသည် ယောက်ျားတစ်စု၏ အစော်ကားခံခဲ့ရ၏။ ထိုကိစ္စသည် ပြန့်မသွားသော်လည်း သီးသန့် လျှိူ့ဝှက်ချက်တစ်ခု မဟုတ်၍ အနာဂတ်၌ သူမ မည်သို့ ဆက်လက် ရှင်သန်ရမည်မှန်း သူ မသိတော့ပေ။ သို့ရာတွင် သူမကိုယ်တိုင်ကမူ ထိုအကြောင်းကို လျစ်လျူရှုထားဆဲပင်။

Chapter 436 : ကျွန်မအနားမှာ အဖော်ပြုပေးစေချင်တာ

ဟုန်ထျန်းသည် သမီးဖြစ်သူအား ကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။ ယခု သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ကြည့်ရုံဖြင့်ပင် သူသည် အနာဂတ်၌ သူမအတွက် သင့်လျော်မည့် မိသားစုကောင်းတစ်ခုကို ရှာပေးနိုင်တော့မည်မဟုတ်ပေ။ ထို့အပြင် ယခုအချိန်၌ ဟုန်မိသားစု၏ စီးပွားရေး အခြေအနေမှာ အန္တရာယ်တွင်းထဲကျရောက်နေသည်ဖြစ်ရာ မည်သူက သူ၏ သမီးဖြစ်သူအား သဘောကျနိုင်မည်နည်း။

သူက ဤသမီးဖြစ်သူအား လင်ကောင်းသားကောင်းရစေချင်သည့် ရည်ရွယ်ချက်ဖြင့် ပြုစုပျိုးထောင်ခဲ့ခြင်း မဟုတ်သဖြင့် ထိုကဲ့သို့ဖြစ်ခြင်းက ပြဿနာ မရှိသော်လည်း ယခုအချိန်၌ သူမသည် အရေးကြီးသည့်ကိစ္စအား လုံးဝ ဂရုမစိုက်ခြင်းပင်။

ဟုန်မိသားစုပိုင် ကုမ္ပဏီသည် အချိန်မရွေး ဒေဝါလီခံရလုနီးပါး ဖြစ်နေသော်လည်း သူမသည် ကျင်းယွင်ကျောင်းအား လက်စားချေပေးရန် သူ့ကို ခြိမ်းခြောက်နေသေး၏။

ဟုန်ဝမ်က ဖခင်ဖြစ်သူ အနားမှထွက်သွားဟန်ပြင်နေသည်ကို မြင်သောအခါ အလွန်အမင်း စိတ်ထိခိုက်သွားပြီး ...

"ဖေဖေ၊ မသွားပါနဲ့၊ ကျွန်မနားမှာ နေပေးပါ့လား။ ဖေဖေ၊ ကျွန်မ တကယ် နေရဆိုးနေတာ။ ခန္ဓာကိုယ်တစ်ခုလုံး နာနေတယ်၊ တစ်ယောက်ယောက်က အပ်နဲ့ ထိုးနေသလိုပဲ"

"ဆရာဝန် ဒီမှာ ရှိတယ်လေ။ သက်သာသွားမှာပါ"

ဟုန်ထျန်းက ခေါင်းကိုက်ဟန်ဖြင့် ပြောလိုက်သည်။ ထိုအခါ ဟုန်ဝမ်က ခပ်သွက်သွက် ခေါင်းယမ်းလိုက်ပြီး ...

"မဟုတ်ဘူး ဖေဖေ၊ ကျွန်မ ဆရာဝန် မလိုချင်ဘူး၊ ဖေဖေ ကျွန်မကို အဖော်လုပ်ပေးတာပဲ လိုချင်တယ်။ အဖေကပါ ကျွန်မကို အထင်သေးနေတာလား။ အဖေ့သမီးက အဖေ့ကို အရှက်ရအောင် လုပ်တယ်လို့ တွေးနေတာလား။ အဖေလည်း ရှောင်တောက်အန်းနဲ့ အတူတူပဲ။ ပိုက်ဆံပဲ လိုချင်တာ၊ သမီးတစ်ယောက် လိုချင်တာ မဟုတ်ဘူး။ ကျွန်မက အခုလို ဖြစ်ထားတာတောင် အဖေက ပိုက်ဆံပဲ ရှာချင်နေပြီးတော့ အဖေ့ ကုမ္ပဏီကိုပဲ တွေးနေတာ။ အဖေ အရင်က ဒီလို လူစားမျိုး မဟုတ်ပါဘူး"

ထိုစကားကို ကြားသောအခါ ဟုန်ထျန်း ဒေါသထွက်လာ၏။

ဟုတ်တယ်၊ အရင်က ငါက သည်လိုမျိုး မဟုတ်ဘူး။ အရင်တုန်းက ဟုန်မိသားစုရဲ့အခြေအနေတွေအားလုံးက တည်ငြိမ်နေတာလေ။ မတော်တဆဖြစ်ရပ် သေးသေးမွှားမွှားလေးတွေ ရှိပေမယ့် စိုးရိမ်စရာမှ မလိုတာ၊ ဒါပေမယ့် အခု ဟုန်မိသားစုက အရင်တုန်းကနဲ့ တူလို့လား။

ပိုင်ဆိုင်မှုများ အားလုံးကို စီးပွားရေးလမ်းသွယ်စီမံကိန်း၌ ရင်းနှီးမြှုပ်နှံထားသော်လည်း ယခုအချိန်၌ ဆက်လက်တည်ဆောက်ရန် ခွင့်ပြုမိန့် ပြန်မရသေးပေ။ ထို့ကြောင့် ရှယ်ယာရှင်များက ရင်းနှီးမြှုပ်နှံငွေများကို ပြန်ထုတ်ယူသွားကြပြီး ဆိုင်ခန်းနေရာ ဝယ်ပြီးသား ဆိုင်ရှင်များကလည်း နေ့စဥ် ပြဿနာ ရှာနေကြသည်။ ယခုအချိန်၌ အလုပ်သမားများ၏ လုပ်အားခများကိုလည်း ရှင်းမပေးနိုင်ပေ။ ယခင်ကတည်းက စက်ရုံများ၌ ကြာရှည်စွာ အလုပ်ဆင်းနေသည့် အလုပ်သမားများ၏ လုပ်အားခကိုပင် မပေးချေနိုင်သည်ဖြစ်ရာ အလုပ်သမားများသည် ကုမ္ပဏီတံခါးဝ၌ လုပ်အားခပေးရန် ဆန္ဒပြ တောင်းဆိုနေကြသည်။

ကုမ္ပဏီ၏ အရေးပါသည့် ဝန်ထမ်းများသည်လည်း နုတ်ထွက်သွားကြ၍ မနှုတ်ထွက်မီတွင်လည်း သူတို့အား ဒုက္ခပေးသွားရန် မမေ့ပေ။ ငွေချေးထားသည့် ဘဏ်ကပင် သူတို့အား စတင် ဖိအားပေးနေပြီဖြစ်၏။

ဤကဲ့သို့သာ ရှေ့ဆက်သွားပါက မကြာမီမှာပင် ဟုန်မိသားစုပိုင် ကုမ္ပဏီ၏ ပိုင်ဆိုင််မှုများ အားလုံး အကြွေးဖြင့် အသိမ်းခံရနိုင်ခြေရှိ၍ ဟုန်ထျန်းက ကုမ္ပဏီ ဒေဝါလီခံကြောင်း မကြေညာချင်လျှင်တောင်မှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ထိုကဲ့သို့ အကြွေးနစ်သွားပါက ကုမ္ပဏီသည်လည်း ရှေ့မဆက်နိုင်တော့သလို စီးပွားရေးလမ်းသွယ်သည်လည်း ရှေ့ဆက်နိုင်တော့မည် မဟုတ်ပေ။ စက်ရုံများ အားလုံးလည်း ရပ်ဆိုင်းသွား၍ ဤစံအိမ်ကြီးသည်ပင် လေလံတင် ခံရနိုင်သည်။

အဲ့တော့ အခု ငါ့သမီးကရော။ သူက အိပ်ယာထဲမှာ ငိုယိုနေပြီးတော့ သူ့ဒေါသတွေကို ငါ့အပေါ် ပုံချနေတယ်။ လက်စားချေခိုင်းနေတယ်။

အခုအချိန်မှာ သူ့အဖေ ဘယ်လို အခြေအနေရှိလဲဆိုတာကို မဆန်းစစ်ဘူး။ မကြာသေးခင်ကမှ ကုမ္ပဏီရဲ့အခြေအနေက ဆိုးလာတယ်၊ အဖေ၊ အရမ်း အလုပ်ရှုပ်နေလားလို့ တစ်ခွန်းတောင် မမေးဘူး။

အကြောင်းအရင်း မရှိ၊ ပြဿနာပဲ ရှာနေတယ်။

သို့သော် ဟုန်ဝမ်သည် ကုမ္ပဏီ ဤမျှ ပြောင်းလဲသွားကြောင်းကို မည်သို့သိမည်နည်း။ သူမ၌ တစ်နေကုန် တစ်နေခမ်း ဘာမှမလုပ်ဘဲ အလေလိုက်နေသည့် အစ်ကိုတစ်ယောက် ရှိ၏။ ထို့ကြောင့် ဟုန်ထျန်းသည် သမီးဖြစ်သူက ကုမ္ပဏီအား လောဘတက်လာပြီး သားဖြစ်သူအား စိတ်ထိခိုက်အောင်လုပ်မည်ကို စိုးရိမ်သဖြင့် ဟုန်ဝမ်အား ကုမ္ပဏီ၏ အရေးကိစ္စများတွင် ဘယ်သောအခါမှ ဝင်ပါခွင့် မပြုခဲ့ပေ။

ဟုန်ဝမ်က ကုမ္ပဏီ အကြောင်းကို ပြောသည့်အခါတိုင်း ဟုန်ထျန်းသည် အလွန် ဆတ်ဆတ်ထိမခံဖြစ်တတ်၍ အချိန်ကြာလာသောအခါ ဟုန်ဝမ်သည် ကုမ္ပဏီအား လုံးဝ စိတ်မဝင်စားတော့ဘဲ ကုမ္ပဏီနှင့် ဆိုင်သည့် မေးခွန်းများကိုပင် မမေးရဲတော့ချေ။

သို့သော် ယခုအချိန်၌ ဟုန်ထျန်းက ထိုအကြောင်းကို လုံးဝ မေ့သွားပြီ ဖြစ်သည်။

ထို့ကြောင့် ဟုန်ဝမ်၏ စကားကို ကြားသောအခါ သူက သက်ပြင်းချလိုက်ပြီး ...

"ငါက မင်းကို မချစ်ဘူးလို့ ပြောနေရအောင် မင်းမှာ အသိတရားရော ရှိသေးရဲ့လား။ မင်း ဒီလိုမျိုး ပြဿနာ အကြီးကြီး ဖြစ်လာတာတောင် ငါက မင်းကို အပြစ်တင်တဲ့ စကားတစ်ခွန်း ပြောသလားဆိုတာ မင်း စဥ်းစားကြည့်ဖူးလား။ အခု သက်သာနေပြီလေ၊ ဒါတောင် မင်းက ငါ့ကို ရှောင်တောက်အန်းနဲ့ နှိုင်းနေတာလား"

"အဖေက ကျွန်မကို တစ်ခွန်းမှ အပြစ် မပြောပေမယ့် ကျွန်မ အနားမှာ နေမပေးဘူးလေ။ အဖေက ကျွန်မကို ပစ်ထားတာ အရမ်းဝမ်းနည်းတယ်"

ဟုန်ဝမ်က သူမ ဖြစ်စေချင်သည်ကိုသာ ခေါင်းမာမာဖြင့် ဆက်ပြောနေ၏။

ထိုအခါ ဟုန်ထျန်းက မျက်နှာပျက်သွားပြီး ...

"မင်းကိုယ်မင်း ကလေးလို့ တွေးနေသေးလား။ ငါသာ ကုမ္ပဏီက ပြဿနာတွေကို မဖြေရှင်းရင် မင်းလည်း မိသားစု ဆရာဝန်နဲ့တောင် ဆေးကုနိုင်မှာ မဟုတ်ဘူး။ မင်းက ဝမ်းနည်းနေတယ်လို့ ပြောလိုက်တာလား။ ဘာလို့ မင်း မျက်နှာက ဝမ်းနည်းတဲ့ပုံပေါက်နေတာလဲ။ မင်းသာ ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီး အတ္တမကြီးရင် ဒီလိုမျိုး လုပ်နေနိုင်မှာလား။ မင်းက သေခါနီးမို့လို့လား။ ဒါဆိုရင်လည်း သွားသေလိုက်လေ။ တကယ်လို့ ကုမ္ပဏီသာ ပျက်ဆီးသွားရင် ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

All Chapters