အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)- ဘယ်လောက်တောင် ရဲတင်းလိုက်လဲ...အခြေတည်အဆင့်နဲ့ ဓားအင်မော်တယ်ကို ဓားချက်တောင်းရဲတယ် ဟုတ်လား
လီတိရှန်းသည် လင်းရီအား အဝေးမှ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ လျှပ်တစ်ပြက် တောက်ပသွားခဲ့၏။
"စစ်မှန်တဲ့ဝိညာဉ် ပြန်လည်ရှင်သန်ခြင်း နည်းလမ်းဆိုတာက ဒဏ္ဍာရီတွေထဲမှာပဲ ရှိတာပါ..."
"ဘယ်သူကမှ တကယ် အောင်မြင်ခဲ့တာ မရှိသေးဘူး..."
"တကယ်လို့ လူတစ်ယောက်က တကယ်ပဲ ဒီပစ္စည်းသုံးခုကို စုဆောင်းနိုင်ခဲ့ရင်တောင် စစ်မှန်တဲ့ ဝိညာဉ်အစအနလေး ပျောက်ကွယ်မသွားအောင် ကာကွယ်ဖို့ အသက်ရေပန်းကို အသုံးပြုပြီး၊ အဲဒီနောက် ၎င်းရဲ့ ခန္ဓာကိုယ်ကို စုစည်းဖို့ ကောင်းကင်နဲ့ မြေကြီးဆီက ဖန်တီးမှုကို လုယူနိုင်တဲ့ အသက်ချုပ်ငြိမ်းရတနာရည် ကို အသုံးပြုကာ နောက်ဆုံးမှာ ၎င်းရဲ့ ဝိညာဉ်ကို ပြန်လည်ရှင်သန်စေဖို့ ဖုန်းလိုင် အင်မော်တယ်ဆေးလုံးကို အသုံးပြုရမယ်..."
"ဒါမှသာ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုရှိလာနိုင်တာ..."
လီတိရှန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ရာ သူ့အသံမှာ လင်းရီ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့လေသည်။
"ဒီလိုကိုး..."
"ဒီပစ္စည်းသုံးခုလုံးရှိနေရင်တောင် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုပဲ ရနိုင်တာလား..."
လင်းရီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ကံကြမ္မာပဲ..."
"ငါ့ရဲ့ တာအိုက ငါ့ရဲ့ ကံကြမ္မာဟာ ငါ့လက်ထဲမှာပဲရှိတယ်လို့ အခိုင်အမာ ယုံကြည်ထားပေမယ့် စစ်မှန်တဲ့ ဝိညာဉ် အစအနလေးတစ်ခုကို ပြန်လည်ရှင်သန်စေတယ်ဆိုတာက ကောင်းကင်ဘုံဆီကနေ အသက်ကို လုယူတာပဲမို့လို့ သဘာဝကျကျပဲ ရိုးရှင်းမှာ မဟုတ်ဘူး..."
လီတိရှန်းက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူ၏ မျက်တောင်နှစ်ထပ် မျက်လုံးတစ်စုံတွင် သတိမထားမိနိုင်လောက်အောင် ခါးသက်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် တောက်ပသွားခဲ့လေသည်။
"စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်..."
လင်းရီက အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။
"သူမက ဆူညံတာကို မကြိုက်ဘူး..."
"ဆယ်ရက်ကျော်ဆိုတာက ကန့်သတ်ချက်ပဲ..."
"မင်းတို့အားလုံး လူစုခွဲကြတော့..."
လီတိရှန်းသည် ရုတ်တရက် စိတ်ဝင်စားမှု ကုန်ဆုံးသွားပုံ ရလေသည်။ သူ၏ အကြည့်များ ပတ်ဝန်းကျင်သို့ ရောက်သွားသောအခါ တိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူအားလုံး သူတို့၏ နှလုံးသားများ အေးစက်သွားသည်ကို ခံစားလိုက်ရ၏။
လီတိရှန်း စကားပြောပြီးသည်နှင့် နောက်တစ်ကြိမ် ထပ်မကြည့်တော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။
"စီနီယာ၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး..."
လီတိရှန်း ထွက်သွားချင်သော်လည်း လင်းရီက ထပ်မံ စကားပြောလိုက်ပြန်၏။
ဝှစ်!
ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် လင်းရီ၏ သရီရဓာတ်တော် သုံးဆယ့်ခြောက်ဆူ ကြာပန်းပလ္လင်သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
"ဒီတောင်သခင်လင်းရီက တကယ်ကြီး လီတိရှန်းကို ဝိုင်သောက်ဖို့ ဖိတ်ချင်နေတာတော့ မဟုတ်ပါဘူးနော်..."
ကျဲစဲ့က သူ၏ မက်မွန်ပွင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ သူ၏ နှလုံးသားထဲတွင် အဓိပ္ပာယ်မရှိမှု တစ်ခု ထွက်ပေါ်လာခဲ့၏။
"ပြီးတော့... ဓားချက်တစ်ချက်လောက် တောင်းချင်တာလား..."
ကျန်းဝမ်က မသေချာစွာဖြင့် ပြောလိုက်သည်။
"ဘာလိုချင်သေးလို့လဲ..."
လီတိရှန်းက ရပ်တန့်သွားပြီး လင်းရီအား ကြည့်လိုက်၏။
"စီနီယာ့မှာရော ကယ်တင်ချင်တဲ့ သူတစ်ယောက်ရှိနေတယ် မဟုတ်လား..."
လင်းရီက လီတိရှန်း၏ အကြည့်ကို ရင်ဆိုင်ကာ တောက်ပစွာ ပြုံးလိုက်သည်။
လီတိရှန်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"မင်း ဘယ်လိုလုပ် သိတာလဲ..."
"စီနီယာက ပန်းတစ်ပွင့်အတွက် တစ်ချိန်တုန်းက ဦးညွှတ်ခဲ့ဖူးတယ်ဆိုတာ ဒီမျိုးဆက်သစ် ကြားခဲ့ရပါတယ်..."
"စီနီယာ ခုနကလည်း ပြောခဲ့တယ်လေ၊ အသက်ချုပ်ငြိမ်းရတနာရည်က စီနီယာ့အတွက် အသုံးဝင်တယ်လို့..."
"စီနီယာရဲ့ လက်ရှိ ပြိုင်ဘက်ကင်း အနေအထားကို ကြည့်ရရင် စီနီယာက အသက်ချုပ်ငြိမ်းရတနာရည်ကို သဘာဝကျကျ လိုအပ်မှာ မဟုတ်ဘူး..."
"ဒါဆိုရင် စီနီယာ ကယ်တင်ချင်တဲ့သူက အဲဒီပန်းလေးပဲဖြစ်ရမယ်..."
လင်းရီက အလျင်စလို မရှိဘဲ ပြောလိုက်ပြီး သူ့မျက်နှာပေါ်တွင် နှစ်သိမ့်ပေးလိုသော အပြုံးတစ်ခု အမြဲတမ်း ရှိနေခဲ့၏။
ဝှစ်!
လင်းရီ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သွေးပင်လယ် ကမ်းစပ်တွင် ကြည့်ရှုနေကြသော ကျင့်ကြံသူအားလုံး ရူးသွပ်စွာ ထွက်ပြေးကုန်ကြလေသည်။
အချို့ဆိုလျှင် မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်သောင်းချီ အကွာအဝေးသို့ ဆုတ်ခွာသွားခဲ့ကြ၏။
လင်းရီ၏ စကားများက ကောင်းကင်ကပ်ဘေးတစ်ခုကို ဖိတ်ခေါ်လိုက်သကဲ့သို့ပင်။
"ဒါက ဆိုးရွားသွားပြီ..."
ရှန်ကွမ်းယွီ ၏ လှပသော မျက်နှာလေး အရောင်ပြောင်းသွားပြီး သူမ၏ အမူအရာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
ဖာတောင်သခင်၏ အသက်ရှူသံများ ရပ်တန့်သွားပြီး သူမ၏ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ လင်းရီ၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။
သူမက လင်းရီအား ကာကွယ်ပေးလိုက်သည်။
"ဒီကိစ္စကို ပြောလို့မရဘူး..."
ဖာတောင်သခင်သည် ထိုစကားလုံး အနည်းငယ်ကို သူမ၏ သွားများကြားမှ မနည်း ညှစ်ထုတ်ကာ ပြောလိုက်လေသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
ယန်ကျန်းနှင့် သူ့ညီမတို့သည် လူတိုင်း ပြင်းထန်သော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ အမူအရာမျိုး ဖြစ်နေသည်ကို ကြည့်ကာ သူတို့၏ မျက်လုံးများမှာ ရှင်းလင်းနေသော်လည်း မိုက်မဲနေပုံ ရလေသည်။
"လီတိရှန်းက ဘာလို့ လူတစ်ယောက်၊ ဓားတစ်လက်နဲ့ သွေးပင်လယ်ထဲမှာ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ် ကျင့်ကြံသူ သောင်းချီကို သတ်ဖြတ်ပြီး အမြင့်မြတ်ဆုံး ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်မှာ ဒသမနေရာ ရခဲ့တာလဲဆိုတာ မင်းတို့ သိလား..."
ရှန်ကွမ်းယွီက လေးနက်စွာ ပြောလိုက်၏။
"ပန်းတစ်ပွင့်အတွက်လား..."
ကျဲစဲ့က မျက်ခွံပင့်လိုက်သည်။
"သွေးပင်လယ်ဆိုတာ ဝိညာကုန်းမြေရဲ့ ပင်လယ်လေးခုထဲက တစ်ခုပဲ..."
"အရင်တုန်းက အဲဒါကို သွေးပင်လယ်လို့ မခေါ်သေးဘူး..."
"ပီးလော့ပင်လယ်လို့ ခေါ်တယ်..."
"ကောင်းကင်ဘုံကနေ ကျဆင်းလာတဲ့ အပြာရောင်ကျောက်စိမ်းတစ်တုံးလို့ ဒဏ္ဍာရီတွေက ဆိုကြတယ်..."
"အပြာရောင်ကျောက်စိမ်းရဲ့ ဝိညာဉ်က ဖုယောင်ပန်းလို့ခေါ်တဲ့ ပန်းတစ်ပွင့်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်..."
"အဲဒါကို စားသုံးမယ်ဆိုရင် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းပြီး အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်တယ်..."
"အဲဒါကို ဝိညာဉ်ကုန်းမြေရဲ့ နံပါတ်တစ် ဆန်းကြယ်ထူးခြားတဲ့ပန်းလို့ ချီးကျူးခဲ့ကြတယ်..."
"ကောင်းကင်ဘုံရဲ့အလိုကို ဆန့်ကျင်တဲ့ ပစ္စည်းတစ်ခုက သဘာဝကျကျ လိုချင်တပ်မက်တဲ့ အကြည့်တွေကို ဆွဲဆောင်နိုင်တာပေါ့..."
"ဖုယောင်ပန်း ထွက်ပေါ်လာတဲ့အခါ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ပန်းကို ရှာဖွေဖို့ ပင်လယ်ထဲ ဝင်ရောက်ခဲ့ကြတယ်၊ အဲဒီထဲမှာ အမြင့်မြတ်ဆုံး ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်မှာ ဒသမနေရာရှိတဲ့သူလည်း ပါဝင်တယ်..."
"ဖုယောင်ပန်းကို ရယူဖို့အတွက် ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ် ကျင့်ကြံသူ သောင်းချီက ပီးလော့ပင်လယ် ကို သန့်စင်ဖို့ ကောင်းကင်သန့်စင်ခြင်း မဟာဝင်္ကပါ ကြီးကို တည်ဆောက်ခဲ့ကြတယ်..."
"မူလကတော့ ဒီကိစ္စက သေချာပေါက် အောင်မြင်မယ့် ကိစ္စပဲ..."
"ဒါပေမဲ့ ဘယ်သူက သိမှာလဲ၊ လီတိရှန်းက လူတစ်ယောက်၊ ဓားတစ်လက်နဲ့ ပီးလော့ပင်လယ်ထဲကို ဝင်ရောက်လာပြီး ကောင်းကင်သန့်စင်ခြင်း မဟာဝင်္ကပါကို ဖျက်ဆီးကာ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်နဲ့အထက် ကျင့်ကြံသူ သောင်းချီကို သတ်ဖြတ်ခဲ့တယ်..."
"သူ ကိုယ်တိုင်က အလွန်လှပတဲ့ ကျောက်စိမ်းနဲ့တူတဲ့ ပီးလော့ပင်လယ်ကို သွေးနီရောင် ပြောင်းသွားအောင် လုပ်ခဲ့တာ..."
"အဲဒီကနေ သွေးပင်လယ်ဆိုတာ ထွက်ပေါ်လာတာပဲ..."
"မူလကတော့ လောကကြီးက လီတိရှန်းလည်း ဖုယောင်ပန်းအတွက် လာတာလို့ ထင်ခဲ့ကြတယ်..."
"ရလဒ်အနေနဲ့ လီတိရှန်းက ဖုယောင်ပန်းကို မစားသုံးခဲ့တဲ့အပြင် အဲဒီအချိန်ကစပြီး သွေးပင်လယ်ထဲမှာ တိတ်ဆိတ်စွာ နေထိုင်သွားခဲ့တယ်..."
"သူက ဖုယောင်ပန်းကို သူ့ရဲ့ ဓားနဲ့ ကာကွယ်ပေးရုံတင်မကဘူး၊ သန့်စင်ခံလိုက်ရတဲ့ မူလအစကို ပြန်လည်ကောင်းမွန်လာစေဖို့ အသက်ချုပ်ငြိမ်းရတနာရည်နဲ့ပါ နေ့တိုင်း ပြုစုပျိုးထောင်ပေးခဲ့တယ်..."
"လီတိရှန်း ဘာလို့ ဒီလို လုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး..."
"အဲဒီအချိန်ကစပြီး ဘယ်သူကမှ ဖုယောင်ပန်းကို မလိုချင်ရဲတော့ဘူး..."
"ဘယ်လိုပဲဖြစ်ဖြစ် လီတိရှန်းကို တိုက်ခိုက်နိုင်စွမ်း ရှိတဲ့သူတွေက သူတို့ကိုယ်တိုင် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း လုပ်နိုင်တယ်လို့ ယုံကြည်မှု ရှိကြပြီး၊ ဖုယောင်ပန်းကို လိုချင်တဲ့သူတွေကတော့ လီတိရှန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလေ..."
"ဖုယောင်ပန်းက လီတိရှန်းရဲ့ ပြောင်းပြန်အကြေးခွံပဲ၊ အဲဒါကို ထိတာနဲ့ သေခြင်းပဲ..."
"ဒါကြောင့် လီတိရှန်းက သူ့ရဲ့ ကြင်နာမှု အားလုံးကို ပန်းတစ်ပွင့်အတွက် ပေးအပ်ထားတယ်လို့ လောကကြီးက ပြောကြတာပေါ့..."
ရှန်ကွမ်းယွီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင် သူမ၏ နှလုံးသားသည် ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ ခုန်ပေါက်နေပြီး လီတိရှန်း ရူးသွပ်သွားမည်ကို စိုးရိမ်နေခဲ့၏။
"ဆက်ပြောပါဦး..."
သို့သော် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ လီတိရှန်း
သည် ဒေါသမထွက်ခဲ့ဘဲ လင်းရီအား စဉ်းစားဟန်ဖြင့် ကြည့်လိုက်ခြင်းပင် ဖြစ်လေသည်။
"စီနီယာက သူမရဲ့ အသက်ကို ဆက်လက် ရှင်သန်နိုင်ဖို့ အသက်ချုပ်ငြိမ်းရတနာရည် ကို အသုံးပြုခဲ့မှတော့ ဒီမျိုးဆက်သစ်ကလည်း အနည်းငယ် ခန့်မှန်းကြည့်ပါ့မယ်..."
"ဒီပန်းလေးရဲ့ ပုံသဏ္ဍာန်က ပျက်စီးသွားပြီး ဝိညာဉ်ကလည်း ပြန့်ကျဲသွားခဲ့တယ်..."
"အသက်ချုပ်ငြိမ်းရတနာရည်က အသက်ကို ဆက်လက်ရှင်သန်နိုင်ဖို့ပဲ လုပ်ပေးနိုင်ပြီး လုံးဝတော့ မကုသပေးနိုင်ဘူး..."
"သူမရဲ့ စစ်မှန်တဲ့ဝိညာဉ် ထိခိုက်သွားတာ၊ ဒါမှမဟုတ် သူမရဲ့ နတ်ဘုရား အနှစ်သာရ ထိခိုက်သွားတာပဲ ဖြစ်ရမယ်..."
လင်းရီက လေးနက်စွာ ပြောလိုက်၏။
"မှန်တယ်..."
"ကောင်းကင်သန့်စင်ခြင်းမဟာဝင်္ကပါက သက်ရှိတွေရဲ့ စစ်မှန်တဲ့ဝိညာဉ်ကို သန့်စင်နိုင်စွမ်း ရှိတယ်..."
လီတိရှန်းက ခေါင်းညိတ်လိုက်သည်။
"တကယ်လို့ သူမရဲ့ နတ်ဘုရား အနှစ်သာရသာ ထိခိုက်သွားတာဆိုရင်တော့ ဒီမျိုးဆက်သစ်မှာ လက်ရှိတခြား နည်းလမ်း မရှိသေးပါဘူး..."
"ဒါပေမဲ့ သူမရဲ့ စစ်မှန်တဲ့ ဝိညာဉ်ထိခိုက်သွားတာဆိုရင်တော့ ဒီ မျိုးဆက်သစ်မှာ သူမရဲ့ စစ်မှန်တဲ့ ဝိညာဉ်ကို ကုသပေးနိုင်တဲ့ ဝိုင်တစ်အိုး ရှိပါတယ်..."
လင်းရီက ထပ်မံ ပြောလိုက်၏။
"အသက်ရေပန်လား..."
လီတိရှန်းက မျက်ခွံပင့်လိုက်သည်။
"အတိအကျပဲ..."
"ဒီမျိုးဆက်သစ်က သေခြင်းရှင်ခြင်းတံခါး ထဲကနေ အသက်ရေပန်းတစ်ခွက်စာ ရခဲ့ပါတယ်၊ တစ်ဝက်ကို ဆရာသခင်ရဲ့ ဇနီးကို ပြန်လည်ရှင်သန်စေဖို့ ချန်ထားပြီး ကျန်တာကိုတော့ ရှင်သန်ခြင်းဖန်တီးမှုဝိုင်တစ်အိုး ဖော်စပ်လိုက်ပါတယ်..."
"ဒီမျိုးဆက်သစ်က ဒီဝိုင်တစ်ဝက်ကို စီနီယာ့ဆီ ဆက်သချင်ပါတယ်..."
လင်းရီက စကားပြောနေစဉ်မှာပင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိုင်အိုးတစ်အိုး ပျံသန်းထွက်ပေါ်လာပြီး လီတိရှန်း၏ ရှေ့တွင် ကျဆင်းသွားလေသည်။
လီတိရှန်းက ဝိုင်အိုးကို ယူကာ အဝကို ဖွင့်လိုက်၏။ ချက်ချင်းဆိုသလိုပင် ဝိုင်နံ့များ ထွက်ပေါ်လာပြီး ၎င်းအတွင်း ပါဝင်နေသော အသက်စွမ်းအားများက လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်တဲ့ ဝိညာဉ်ကို ထာဝရရှင်သန်နေစေနိုင်စွမ်း ရှိပေသည်။
"ရှင်သန်ခြင်းဖန်တီးမှုဝိုင်..."
"ဘယ်လောက်တောင် ကောင်းမွန်တဲ့ ရှင်သန်ခြင်းဖန်တီးမှုဝိုင် တစ်အိုးလဲ..."
လီတိရှန်း၏ မျက်လုံးများ အရောင်လင်းသွားပြီး ရှင်သန်ခြင်းဖန်တီးမှုဝိုင်ကို သိမ်းဆည်းလိုက်၏။
"အခြေအနေတွေ..."
လီတိရှန်းက လင်းရီအား တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒီမျိုးဆက်သစ်မှာ အရည်အချင်း မရှိပါဘူး..."
"ခုနလေးတင် စီနီယာနဲ့ ဆရာသခင်တို့ရဲ့ ဓားရှည်နဲ့ ဓားတွေ ရိုက်ခတ်သွားတာကို မြင်လိုက်ရတော့ ကျွန်တော့် နှလုံးသားထဲမှာ တုန်လှုပ်သွားပြီး တာအိုမေးမြန်းခြင်းကို လုပ်ချင်တဲ့ ဆန္ဒလည်း ဖြစ်ပေါ်လာခဲ့ပါတယ်..."
"ဒါကြောင့်..."
"မျိုးဆက်သစ်လင်းရီက လီတိရှန်း ဆီကနေ ဓားချက်တစ်ချက် တောင်းချင်ပါတယ်..."
လင်းရီက လေးစားစွာ ဦးညွှတ်လိုက်၏။
လင်းရီ၏ စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူအားလုံး အံ့သြမှင်သက်သွားကြသည်။
လင်းရီက တကယ်ပဲ လီတိရှန်းဆီကနေ ဓားချက်တစ်ချက် တောင်းချင်တာလား...
အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်က ဓားအင်မော်တယ်ဆီကနေ ဓားချက်တစ်ချက် တောင်းတယ် ဟုတ်လား...
ဒါက တကယ်ကို လောကမှာ အကြီးမားဆုံး နောက်ပြောင်မှုကြီးတစ်ခုပဲ...
"မင်းရဲ့ တာအိုက တခြားသူတွေထက် အောက်မကျပါဘူး..."
"မင်းဆီက ဒီဝိုင်တစ်ဝက်က ငါ့ကို မင်းအပေါ် ကျေးဇူးတင်စရာ ဖြစ်သွားစေနိုင်တယ်..."
"နောက်တစ်နေ့ မင်းမှာ တောင်းဆိုစရာတစ်ခုခု ရှိလာရင် ကောင်းကင်အင်မော်တယ်တစ်ပါး ငါ့ရှေ့မှာ ရပ်နေရင်တောင် ငါ သူ့ကို သတ်ပေးနိုင်တယ်..."
"ဓားချက်တစ်ချက် တောင်းတာနဲ့ ပတ်သက်ပြီးတော့ မင်းက မလုံလောက်သေးပါဘူး..."
"နောက်ထပ် နှစ်ငါးရာကြာမှ ပြန်လာခဲ့ပါ..."
လီတိရှန်းက ခေါင်းခါယမ်းလိုက်၏။
လီတိရှန်း။
ဤခေတ်တွင် ဓားတာအို၌ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လေသည်။
သူ့ထံမှ ဓားချက်တစ်ချက် တောင်းဆိုရန် မည်သူမဆို အရည်အချင်း ပြည့်မီနေခြင်း မဟုတ်ချေ။
ဖာတောင်သခင်အား သူမ၏ ဓားအတွက် ဓားသွေးကျောက်အဖြစ် သတ်မှတ်ထားသောကြောင့် ဖာတောင်သခင်ကို ဆယ်ရက်ကြာ အရှိန်အဟုန် စုစည်းခွင့် ပေးခဲ့ခြင်းဖြစ်၏။
အကယ်၍ လင်းရီက ဓားချက်တစ်ချက် တောင်းချင်သည်ဆိုလျှင် သူသည် ဓားတာအိုတွင် လုံလောက်သော အခြေခံအုတ်မြစ် ရှိရန် လိုအပ်ပေသည်။
ဤသည်မှာ ဓားတာအိုနံပါတ်တစ်၏ မာနပင် ဖြစ်လေသည်။
"စီနီယာ၊ အလျင်မလိုပါနဲ့..."
"ကျေးဇူးပြုပြီး ကြည့်ပါဦး... စီနီယာက ဒီမျိုးဆက်သစ်ရဲ့ ဒီဓားကို တစ်ချက်လောက် ကြည့်ပေးနိုင်မလား..."
လင်းရီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။ သူ၏ အတွေးတစ်ချက်ဖြင့် ဝိုင်တာအို အစစ်အမှန်ချီ များသည် ရေတံခွန်တစ်ခုကဲ့သို့ အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် အစစ်အမှန်ချီ ဓားရှစ်လက်အဖြစ် အသွင်ပြောင်းသွားလေသည်။
အခန်း( ၈၀)- ချွေ့ဖုန်း၏ ဓားရှစ်လက်၊ ဆရာသခင် ချန်ဖျင်ဖန်း၏ ဓားများ.
ချီတစ်ရပ်တည်းက ဓားရှစ်လက်အဖြစ် အသွင်ပြောင်းသွားပြီး ဓားတစ်လက်စီက သူတို့၏ စစ်မှန်သော ပုံစံများသို့ ပြန်လည်ရောက်ရှိသွားကြ၏။
"ရတနာရှစ်ပါး ဓားသေတ္တာ..."
လီတိရှန်းသည် လင်းရီ၏ ရှေ့တွင် တစ်ပြိုင်နက်တည်း ပျံသန်းနေသော ဓားရှစ်လက်ကို ကြည့်လိုက်ရာ ထိုအချိန်တွင် သူ့မျက်လုံးများထဲ၌ ထက်မြက်သော အလင်းတန်းတစ်ခု လျှပ်တစ်ပြက် တောက်ပသွားခဲ့သည်။
ရတနာရှစ်ပါး ဓားသေတ္တာ။
၎င်းသည် လက်နက်တောင်၏ ရတနာဖြစ်ပြီး အမွေအနှစ် ရတနာလည်း ဖြစ်လေသည်။
၎င်းသည် အမြင့်ဆုံးသော လက်နက်တာအို ဖြစ်ပြီး လက်နက်တောင်၏ ထူးခြားသော ဓားတာအို လည်း ဖြစ်ပေသည်။
ယခုအချိန်တွင် လင်းရီသည် ချီတစ်ရပ်တည်းကို အသုံးပြုကာ ဓားရှစ်လက်အဖြစ် အသွင်ပြောင်းလိုက်ပြီး ဓားတစ်လက်စီတိုင်းတွင် လက်နက်တောင်၏ ဓားရှစ်လက်၏ နတ်ဘုရားဆန်သော စည်းချက်များ ပါဝင်နေလေသည်။
အကယ်၍ ရတနာရှစ်ပါး ဓားသေတ္တာ ၏ စစ်မှန်သော ပုံစံသာ ကျဆင်းလာမည်ဆိုလျှင်...
"ဒီဓားရဲ့ နတ်ဘုရားဆန်တဲ့ စည်းချက်က ရတနာရှစ်ပါး ဓားသေတ္တာနဲ့ ခွဲခြားလို့ မရနိုင်တော့ဘူး..."
"တောင်သခင်လင်းရီက တကယ်ပဲ လက်နက်တောင်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာပဲ..."
"လက်နက်တွေကနေတစ်ဆင့် ဓားထဲကို ဝင်ရောက်တာက သမားရိုးကျ မဟုတ်တဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပေမယ့် ဒီရတနာရှစ်ပါးဓားတာအိုက အမြင့်ဆုံး တာအိုတစ်ခု ဖြစ်နေဆဲပဲ..."
"ဒီလိုဓားတာအိုမျိုးကို အခြေတည်အဆင့် ကနေ မြေကမ္ဘာအင်မော်တယ်အထိ ဘယ်သူမဆို အသုံးပြုနိုင်တယ်..."
တိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူ အားလုံးသည် လင်းရီအား အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
အခြေတည်အဆင့် ကျင့်ကြံခြင်းဖြင့် ရတနာရှစ်ပါး ဓားတာအိုတွင် မဟာပြီးပြည့်စုံခြင်း၏ စစ်မှန်သော စိတ်ဆန္ဒကို ရရှိရန်မှာ တကယ်ကို အံ့မခန်း ဖြစ်လေသည်။
"အစ်ကို၊ ငါ ပြောသားပဲ... တောင်သခင်လင်းရီက အစ်ကို့ထက် သေချာပေါက် ပိုစွမ်းတယ်လို့..."
"ဒီဓားရှစ်လက်ထဲက ဘယ်ဓားအတွက်မဆို အစ်ကိုက အစွမ်းကုန် ကြိုးစားရမှာပဲ..."
ယန်ချန်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်၏။
"အဓိပ္ပာယ်မရှိတာ..."
ယန်ကျန်းက သွားတင်းတင်းကြိတ်ကာ ကျယ်လောင်စွာ ပြန်လည် ချေပလိုက်သည်။
"ငါက အနည်းဆုံးတော့ ဓားနှစ်လက်လောက်ကို တားဆီးနိုင်ပါတယ်..."
ကျဲစဲ့နှင့် အခြားသူများသည် ဤစကားကို ကြားသောအခါ ယန်ကျန်းအား ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
ဓားတစ်လက်ကို တားဆီးနိုင်တာနဲ့ ဓားနှစ်လက်ကို တားဆီးနိုင်တာကြားမှာ ဘာကွာခြားချက်များရှိလို့လဲ။
"ကျင့်ကြံခြင်းဆိုတာ ပေါ့ဆလို့ မရဘူး..."
"ဓားတစ်လက်ကို တားဆီးတာနဲ့ ဓားနှစ်လက်ကို တားဆီးတာမှာ သဘာဝကျကျပဲ စွမ်းအားကွာခြားချက် အများကြီး ရှိတာပေါ့..."
ယန်ကျန်းက သေချာပေါက် ပြောလိုက်၏။
"ဆရာဘိုးဘေး ချန်ဖျင်ဖန်းရဲ့ ဓားရှစ်လက် ဟုတ်လား..."
"ဒါဆိုရင် သူက ဓားနဲ့ တာအိုမေးမြန်းခြင်း လုပ်ဖို့ အရည်အချင်း ပြည့်မီတာပဲ..."
လီတိရှန်းက အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်လိုက်သည်။
တာအိုမေးမြန်းခြင်းဆိုသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု မဟုတ်ချေ။
၎င်းမှာ ကျင့်ကြံခြင်းအကြောင်း မဟုတ်ဘဲ မတူညီသော ဓားတာအို များကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုသာ ဖြစ်၏။
"ပထမဓား..."
"တာအိုမေးမြန်းခြင်း..."
လင်းရီသည် သူ၏ လက်ကို အနည်းငယ် မြှောက်လိုက်ရာ နှလုံးသားမေးမြန်းခြင်းဝိုင်တစ်အိုး သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
လင်းရီသည် သူ့ခေါင်းကို နောက်သို့ လှန်လိုက်ပြီး အိုးထဲရှိ ဝိုင်အားလုံးကို သောက်ချလိုက်၏။ ကျယ်ပြန့်သော ဝိုင်နံ့များ အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားကာ အရပ်ရပ်မှ ကျင့်ကြံသူများအား သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းတာအိုကို ပြန်လည် ဆင်ခြင်သုံးသပ်စေခဲ့သည်။
"ချွေ့ဖုန်း..."
"သွားစမ်း..."
လင်းရီက သူ့လက်ချောင်းဖြင့် ညင်သာစွာ ညွှန်ပြလိုက်ရာ ရတနာရှစ်ပါး ဓားသေတ္တာမှ ပထမဆုံး ဓား ပျံသန်းထွက်ပေါ်လာခဲ့၏။
ချွေ့ဖုန်း။
အချိုးမကျသော ဓားတစ်လက်တွင် အစွန်းမရှိချေ။ ကြီးမားသော ကျွမ်းကျင်မှုသည် မည်သည့် အလှဆင်မှုမျှ မလိုအပ်ပေ။
ဤဓားသည် အတိအကျပင် ဆရာဘိုးဘေးချန်ဖျင်ဖန်း၏ တာအိုမေးမြန်းခြင်းဓားပင် ဖြစ်လေသည်။
သူသည် ဤဓားကို အသုံးပြုကာ လက်နက်တာအိုထဲသို့ ဝင်ရောက်ခဲ့ပြီး၊ ထို့နောက် လက်နက်တာအို ကို အသုံးပြုကာ ဓားတာအိုထဲသို့ ဝင်ရောက်ခဲ့၏။
ဤဓား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် လင်းရီ၏ နှလုံးသားမေးမြန်းခြင်း ဝိုင်စိတ်ဝိညာဉ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီသွားခဲ့သည်။
တာအိုမေးမြန်းခြင်းဆန္ဒသည် ချွေ့ဖုန်း ဓားထဲသို့ အပြည့်အဝ ဝင်ရောက်သွားကာ ကောင်းကင်ယံမှ ပျံသန်းလာသော အင်မော်တယ်တစ်ပါးကဲ့သို့ လီတိရှန်း၏ နဖူးဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။
"ဘုရားျရ ဒါက ဘယ်လို ဓားမျိုးလဲ..."
ချွေ့ဖုန်း ထွက်ပေါ်လာချိန်တွင် လီတိရှန်း လှုပ်ရှားခြင်း မရှိသော်လည်း အရပ်မျက်နှာ အားလုံးမှ ကျင့်ကြံသူများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။
သူတို့၏ နှလုံးသားထဲတွင် ထူးဆန်းသော ထင်ယောင်ထင်မှား မြင်ကွင်းတစ်ခု ထွက်ပေါ်လာပုံ ရလေသည်။
သူတို့သည် သူတို့၏ ငယ်ဘဝသို့၊ အင်မော်တယ်ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်ခဲ့သည့် အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
ထိုအချိန်က သူတို့သည် ရိုးအပြီး အသိဉာဏ် မရှိသေးသော်လည်း အဖြူစင်ဆုံး တာအိုမေးမြန်းခြင်းဆန္ဒကို ပိုင်ဆိုင်ထားခဲ့ကြသည်။
သူတို့သည် ကြောက်ရွံ့ခြင်းကင်းမဲ့ကြပြီး ကောင်းကင်ဘုံသို့ တက်လှမ်းရန်သာ ဆန္ဒရှိခဲ့ကြ၏။
ယခုအချိန်တွင် လီတိရှန်း၏ မျက်လုံးများပင်လျှင် အရောင်လင်းသွားခဲ့လေသည်။
"မင်းက အခြေတည်အဆင့်ဆိုတော့ ငါက မင်းရဲ့ ဓားကို အခြေတည်အဆင့် စွမ်းအားနဲ့ပဲ ရင်ဆိုင်ပေးမယ်..."
လီတိရှန်းက ပြောလိုက်၏။
ဤတစ်ကြိမ်တွင် လီတိရှန်း၏ လှုပ်ရှားမှုမှာ ရိုးရှင်းနေဆဲ ဖြစ်သည်။
သူသည် သူ၏ဓားအိမ်ကို မြှောက်ကာ ကာကွယ်လိုက်၏။
ဓားသည် ဓားအိမ်ထဲမှ ထွက်မလာသေးသော်လည်း ၎င်းအတွင်း၌ ဓားစိတ်ဆန္ဒများ အဟုန်ပြင်းစွာ ထွက်ပေါ်နေခဲ့သည်။
ချလွင်!
နှလုံးသားမေးမြန်းခြင်း ဝိုင်စိတ်ဝိညာဉ်၏ စွမ်းအားကို သယ်ဆောင်လာသော ချွေ့ဖုန်းဓားသည် လီတိရှန်း ၏ ဓားအိမ်ပေါ်သို့ ဖျက်ဆီးနိုင်စွမ်းရှိသော အင်အားဖြင့် ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့၏။
လီတိရှန်း၏ လက်ထဲရှိ ဓားသည် သားရဲတစ်ကောင်ကဲ့သို့ မြည်ဟည်းသွားပြီးနောက် အတိုင်းအတာမရှိသော တာအို အလင်းတန်းများ လင်းလက်လာကာ သွေးပင်လယ် ကို လင်းထိန်သွားစေသည်ကို မြင်တွေ့လိုက်ရလေသည်။
ကွဲအက်သွား၏။
လူတိုင်း၏ အကြည့်အောက်တွင် ချွေ့ဖုန်း ဓားသည် တုံ့ပြန်မှုကြောင့် ကွဲအက်သွားခဲ့၏။
လီတိရှန်း၏ အမူအရာသာ ပြောင်းလဲသွားခဲ့သည်။
ဓားကွဲအက်သွားသည်။
သို့သော် စိတ်ဆန္ဒက မကွဲအက်သွားချေ။
လီတိရှန်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ကွဲအက်သွားသော ချွေ့ဖုန်း ဓားသည် ဓားအိမ်တစ်ခုကဲ့သို့ အလျှော့မပေးသော စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်၏။
ထိုစိတ်ဆန္ဒ အစွန်းအစလေးသည် တောက်ပနေသော နေမင်းကြီးကဲ့သို့ အဆုံးမရှိသော အလင်းရောင်များ ပါဝင်နေပြီး သံမဏိကဲ့သို့လည်း ခိုင်မာကာ ဖျက်ဆီး၍မရနိုင်ချေ။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၎င်းသည် လီတိရှန်း အပေါ်သို့ ကျရောက်သွားခဲ့သည်။
ဝုန်း!
မျက်တောင်တစ်ခတ်အတွင်းမှာပင် လီတိရှန်း၏အတွင်းမှ အဆုံးမရှိသော ဓားစိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့၏။
ပြီးတော့ ထိုစိတ်ဆန္ဒနှင့်အတူ ပဲ့တင်ထပ်သွားခဲ့သည်။
"ဆန္ဒ..."
"ဒါက တာအိုမေးမြန်းခြင်းဆန္ဒပဲ..."
"လင်းရီက လီတိရှန်းရဲ့ စိတ်ကို တုန်လှုပ်သွားစေဖို့ တာအိုမေးမြန်းခြင်းဆန္ဒကို တကယ်ပဲ အသုံးပြုခဲ့တာလား..."
"ဒါက... လီတိရှန်းလေ..."
ကျင့်ကြံသူအားလုံး လီတိရှန်း၏ အပြောင်းအလဲကို မြင်တွေ့လိုက်ရပြီး မနေနိုင်ဘဲ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။
ဤသူသည် ဤခေတ်၏ နံပါတ်တစ် သတ်ဖြတ်ခြင်းအင်မော်တယ်ပင် ဖြစ်လေသည်။
သူသည် သူတော်စင်ဖြစ်ရန် နတ်ဆိုးခုနစ်ပါးထဲသို့ ဝင်ရောက်ခဲ့ပြီး တာအိုထဲသို့ ဝင်ရောက်ရန် အခက်အခဲခြောက်ခုကို ချိုးဖျက်ခဲ့သူ ဖြစ်၏။
သို့တိုင် ယခုအခါ သူသည် လင်းရီ၏ တာအိုမေးမြန်းခြင်းဓားကြောင့် တုန်လှုပ်သွားခဲ့ရပြီး သူ၏ ကိုယ်ပိုင် ဓားစိတ်ဆန္ဒသည်ပင် ၎င်းနှင့်အတူ ပဲ့တင်ထပ်သွားခဲ့ရလေသည်။
၎င်းမှာ မျက်တောင်တစ်ခတ်မျှသာ ဖြစ်သော်လည်း အံ့မခန်းဖြစ်နေဆဲပင်။
"အစ်ကို၊ ဓားနှစ်လက်ကို တားဆီးနိုင်တယ်ဆိုတာ သေချာရဲ့လား..."
ယန်ချန်က သူ့နှလုံးသားကို ထိမှန်စေမည့် စကားကို ထပ်မံ ပြောလိုက်ပြန်၏။
"ငါ မရှုံးနိမ့်သေးသရွေ့ ငါ ကိုင်တွယ်နိုင်တယ်လို့ ဆိုလိုတာပဲ..."
ယန်ကျန်းက သွားတင်းတင်းကြိတ်ကာ ရှက်ရွံ့မှုကင်းမဲ့စွာ ပြောဆိုလိုက်သည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ လီတိရှန်းသည် ဖြည်းညင်းစွာ မျက်လုံးများကို မှိတ်လိုက်ပြီး လင်းရီ၏ တာအိုမေးမြန်းခြင်း၏ စစ်မှန်သောဆန္ဒ အစွန်းအစလေးကို သေချာစွာ အရသာခံနေသကဲ့သို့ ပေါ်နေခြင်းပင် ဖြစ်လေသည်။
လင်းရီသည် ထိုနေရာတွင် ရပ်နေပြီး မည်သည့်အချိန်ကမှန်း မသိဘဲ နောက်ထပ် ဝိုင်တစ်အိုးကို ထုတ်ယူကာ ထပ်မံ၍ အကုန်သောက်ချလိုက်၏။
ဝိုင်နှစ်အိုးသောက်ပြီးနောက် လင်းရီ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိုင်နံ့များ ပိုမို ပြင်းထန်လာပြီး သူ၏ မျက်လုံးများထဲတွင် အိပ်ချင်နေသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဝှစ်..."
ခဏတာ အရသာခံပြီးနောက် လီတိရှန်း သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ ထိုမျက်လုံးများထဲတွင် လေးစားမှုနှင့် တန်ဖိုးထားမှုများ ပြည့်နှက်နေခဲ့၏။
"တာအိုမေးမြန်းခြင်းဆန္ဒနဲ့ ဓားထဲကို ဝင်ရောက်တာ..."
"တာအိုမေးမြန်းခြင်းဆန္ဒဆိုတာ လောကမှာ အလွယ်တကူ ကျိုးပဲ့ပျက်စီးလွယ်ဆုံးအရာဖြစ်သလို လောကမှာ ဖျက်ဆီးလို့မရနိုင်ဆုံး အရာလည်း ဖြစ်တယ်..."
"ဒီဓားက တကယ်ပဲ၊ စီနီယာကျယ်ရှန်းက ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှု လွန်ကဲနေခဲ့တာပဲ..."
တာအိုမေးမြန်းခြင်းဆန္ဒ။
အလွန်ကျိုးပဲ့ပျက်စီးလွယ်ပြီး အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ ပြိုကွဲသွားတတ်၏။
နှစ်စဉ်နှစ်တိုင်း ဝိညာဉ်ကုန်းမြေတွင် အင်မော်တယ် လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းသူများသည် မြစ်ကို ဖြတ်ကူးနေသော ငါးကြင်းများကဲ့သို့ များပြားလှပြီး သူတို့၏ တာအိုမေးမြန်းခြင်းဆန္ဒ ပျောက်ကွယ်သွားရသူများမှာလည်း မရေမတွက်နိုင်အောင် များပြားလှပေသည်။
သို့တိုင် တာအိုမေးမြန်းခြင်းဆန္ဒသည် ခိုင်မာပြီး ဖျက်ဆီး၍မရနိုင်ချေ။
၎င်းသည် အခက်အခဲ ရာပေါင်းများစွာကို အရှုံးမပေးဘဲ ခံနိုင်ရည်ရှိပြီး သူ၏ ရည်မှန်းချက်ကို မပြောင်းလဲဘဲ လမ်း၏ အဆုံးသတ်အထိ ရောက်ရှိနိုင်လေသည်။
ဤကဲ့သို့သော စိတ်ဆန္ဒမျိုးကို ဓားအဖြစ် အသွင်ပြောင်းသွားသောအခါ သဘာဝကျကျပင် ဖျက်ဆီး၍မရနိုင်ချေ။
ဤစကားကို ကြားသောအခါ လူတိုင်း ပို၍ပင် အံ့အားသင့်သွားကြ၏။
လီတိရှန်းသည် အခြားသူများကို ချီးကျူးခဲလှသည်။ ဖာတောင်သခင်မှာ တစ်ယောက်ဖြစ်ပြီး ယခု လင်းရီမှာ ဒုတိယမြောက် ဖြစ်လေသည်။
ထို့အပြင် ဤသည်မှာ ချီးကျူးမှု သက်သက်သာ မဟုတ်ဘဲ လင်းရီအား အသိအမှတ်ပြုခြင်းတစ်ခုလည်း ဖြစ်ပေသည်။
"အင်မော်တယ်ကျယ်ရှန်း..."
"ကျွန်တော် ဓားတစ်လက်ပဲ ထုတ်လွှတ်ရသေးတယ်..."
"စီနီယာ၊ တကယ်လို့ စီနီယာက ဓားကို ထပ်မထုတ်ဘူးဆိုရင် တူညီတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေအနေနဲ့ စီနီယာရှုံးသွားလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်တယ်..."
လင်းရီက အကုန်သောက်ချလိုက်ပြီး သူ၏ ပတ်လည်ရှိ ကျန်ရှိနေသော ဓားခုနစ်လက်မှာ အဆက်မပြတ် တုန်ခါနေခဲ့၏။
သူ၏ အနီရောင်ဝတ်ရုံက လေထဲတွင် လွင့်ဝဲနေပြီး အနီရောင်ဝတ် ဓားအင်မော်တယ်တစ်ပါးကဲ့သို့ သွေးပင်လယ်နှင့် ချောမွေ့စွာ ပေါင်းစပ်သွားကာ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေကြလေသည်။
"မင်းက ငါ့ကို ဓားဆွဲထုတ်လာအောင် လုပ်နိုင်တဲ့ အခွင့်အရေး အပြည့်အဝ ရှိပါတယ်..."
လီတိရှန်းက လင်းရီ၏ စကားကို အသိအမှတ်ပြုကာ သူ၏ လက်ထဲရှိ ဓားကို ဖြည်းညင်းစွာ မြှောက်လိုက်၏။
ချလွင်...
ဓားမြည်သံ ထွက်ပေါ်လာသည်။
ဓားက ဓားအိမ်ထဲမှ ထွက်လာခဲ့ပြီ ဖြစ်၏။
လူတိုင်းသည် ပြိုင်ဘက်ကင်း သွေးနီရောင် ဓားအလင်းတန်းတစ်ခုက မျက်တောင်တစ်ခတ်အတွင်း သွေးပင်လယ်ကို လင်းထိန်သွားစေသည်ကို မြင်တွေ့လိုက်ရလေသည်။
နံပါတ်တစ် သတ်ဖြတ်ခြင်းအင်မော်တယ်။
နှစ်တစ်ထောင်ကြာပြီးနောက် နောက်ဆုံးတွင် သူ၏ ဓားကို အမှန်တကယ် ဆွဲထုတ်လိုက်ပြီဖြစ်၏။