← Chapters

အခန်း (၄၆၉-၄၇၂)

Vol. 24 Ch. 469-472

အခန်း (၄၆၉-၄၇၂)

Vol. 24 Ch. 469-472

Chapter 469 : သူရဲကောင်း

လီရှောက်ယွင် ဘာကို ပြချင်နေမှန်း ကျင်းယွင်ကျောင်း မသိသော်လည်း သူ ပြောသလို စိတ်ရှည်ရှည်နှင့်သာ စောင့်နေလိုက်သည်။ ထို အခိုက်အ

တန့်အတွင်း အချိန် အကုန်မြန်အောင် သုံးယောက်သား အန်စာလှိမ့်တမ်း ကစားနေကြသေး၏။

သို့သော် ဆယ်မိနစ်ခန့် ကြာပြီးနောက် သူတို့ ဘေးရှိစားပွဲဝိုင်း တစ်ခုမှ ဆူဆူညံညံ ရုတ်ရုတ်သဲသဲ ဖြစ်နေသံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်စဥ်တွင် ရှောင်ချင်းဟူသော မိန်းကလေးကို ယောကျာ်းကြီး တစ်ဦးက ဆွဲထုတ်သွား၏။

တုလင်း တစ်ယောက်ထို မြင်ကွင်းကို ကြည့်ရင်းမျက်မှောင်ကြုတ်သွားမိသည်။ "တစ်ယောက်ယောက် သွားမကူကြဘူးလား။ ဟိုကောင်မလေးက ဘာအပြစ်မှ မလုပ်ထားသလိုပဲ"

လီရှောင်ယွင်နှင့် ကျင်းယွင်ကျောင်းတို့ နှစ်ယောက်လုံး တုတ်တုတ်မျှ မလှုပ်ကြပဲ ပြုံးရင်းသာကြည့်နေသည်။

"ဘာလို့ အဲ့လိုကြီး ကြည့်နေကြတာလဲ။ အစ်မ ယွမ်အဲ့ကောင်မလေးကို ခေါ်လာတုန်းက သူ့ မျက်နှာက ရဲပလောင်းခတ်နေတာပဲ။ ဒီလို အလုပ်မျိုးတွေ မလုပ်ဖူးဘူးနဲ့ တူတယ်၊ သနားစရာလေး" တုလင်းက ထိုမိန်းကလေးထံမှ အကြည့်မလွှဲနိုင်ပဲ ပြောလာသည်။

ရှောင်ချင်းဟူသော မိန်းမပျိုလေးကကိုယ်လုံးကိုယ်ပေါက် သေးသွယ် ကျစ်လျစ်ပြီး ချစ်ခင်ဖွယ် ကောင်း၏။ သူ စိတ်မဝင်စားသော်လည်း အားနည်းသော မိန်းကလေး တစ်ယောက်က ဤသို့ အနိုင်ကျင့်ခံနေရသည်ကို သူမကြည့်ရက်ပေ။

လီရှောက်ယွင်က ဤသို့သော ကိစ္စမျိုးတွင် ဝင်ပါလေ့ မရှိသောကြောင့် သူ့ထံမှ အကူအညီကို မျှော်လင့်မထားသော်လည်း အားနည်းသူ တစ်ဖက်မှ အမြဲ ရပ်တည်တတ်သော ကျင်းယွင်ကျောင်းက ထိုမိန်းကလေးကို အကူအညီပေးလိမ့်မည်ဟု သူ မျှော်လင့်ခဲ့မိသည်။

သူ (မ) ဆီသို့ မသိမသာ လှမ်းလှမ်း ကြည့်နေသော တုလင်းကြောင့် ကျင်းယွင်ကျောင်းလည်း မနေသာတော့ပေ။

"အစ်ကို တုလင်း၊ အဲ့ကောင်မလေးကို ကယ်ချင်တယ်ဆိုရင် ကျွန်မ မတားပါဘူး။ ဒါပေမယ့် အရင်ဆုံး ငွေပမာဏ များများ ရှိထားရမယ်။ ပြီးတော့ အပြစ်တင် ခံရဖို့သာ ပြင်ထားတော့"

"ဘာလို့ အဲ့လိုမျိုး ပြောရတာလဲ။ အဲ့ကောင်မလေးပုံစံက ဆိုးမယ့်ပုံလည်း မပေါ်ဘူး။ လိမ္မာမယ့်ပုံလေး"

"အင်း၊ သူက အတော်လေး လိမ္မာတဲ့ ပုံတော့ ပေါက်ပါရဲ့။ ဒါပေမယ့် တကယ် လိမ္မာပြီး အပြစ်ကင်းတဲ့သူသာဆိုရင် ဒီနေရာကို ရောက်လာပါ့မလား။ မိသားစု စားဝတ်နေရေး အဆင်မပြေလို့

နေစရာ မရှိလို့ ဒီနေရာကို ရောက်လာတယ်ပဲ ထားပါ။ ဒါပေမယ့် လူတစ်ယောက်ဆိုရင် ဂုဏ်သိက္ခာ ရှိရမယ်လေ။ ဆင်းရဲတာ၊ ခက်ခဲ ရုန်းကန်နေရတာတွေကို အကြောင်းပြပြီး ကိုယ့်ကိုကိုယ် ရောင်းစားတာရော ဖြစ်သင့်ရဲ့လား"

"သူကိုယ်တိုင် ဒီကို လာဖို့ ရွေးချယ်ခဲ့တာမလို့ ဖြစ်လာတဲ့ အခြေအနေတိုင်းကို တာဝန်ယူ ဖြေရှင်းဖို့ သူ့မှာ သတ္တိရှိရမယ်။ ပြီးတော့ သူက သိပ်ဖြူစင်နေတာမျိုးမှ မဟုတ်တာ ဟိုဘက်ဝိုင်းက ယောကျာ်းတွေရဲ့အထိအတွေ့ကို ခါးခါးသီးသီး ငြင်းပေမယ့် သူ့ကို ထိတဲ့ သူက အစ်ကို တုလင်း၊ ဒါမှမဟုတ် သခင်လေး လီသာ ဖြစ်ကြည့်ပါလား။ သူ အဲ့လို ငြင်းမှာတောင် မဟုတ်ဘူး။ အမိအရကို ခွင်ဆင်မှာလေ"

နင်းမြို့တော်က စီးပွားရေးကောင်းပြီး စည်ပင်သာယာ ဖွံ့ဖြိုးသော မြို့ကြီး တစ်မြို့ ဖြစ်သည်။ ဤသို့သော မြို့ကြီးတွင် အလုပ်အကိုင် အခွင့်အလမ်းများက မရေမတွက်နိုင်အောင် ပေါများ၏။

အစ်မ ယွမ်၏ အပြောအရ ထိုရှောင်ချင်းဟူသောမိန်းကလေးက ဂုဏ်သတင်း ကြီးမားသောတက္ကသိုလ် တစ်ခုတွင် ပညာ သင်ယူခဲ့သောကျောင်းသူ တစ်ဦး ဖြစ်သည်။ ထိုသို့သောပညာတတ် မိန်းမပျိုလေး တစ်ဦးက အလုပ်အကိုင် ကောင်းကောင်း ရှာနိုင်ပါလျက် ဘာကြောင့်များကလပ်တွင် အလုပ် ဝင်လုပ်နေရတာပါလိမ့်။

ကျင်းယွင်ကျောင်း၏ စကားကြောင့် တုလင်း တစ်ယောက်ဆွံ့ အသွားသည်။ ထိုမိန်းကလေးကို အပြစ်ကင်းစင်သည်ဟု သူ တကယ်ယုံခဲ့တာ။

"ယွင်ကျောင်း၊ မင်းက ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အမြဲ တည်ငြိမ်နေတာနေနော်။ တစ်ခုခု မလုပ်ခင်မှာလည်း တစ်ခြားသူတွေထက် ချင့်ချိန် စဥ်းစားတတ်တယ်" တုလင်းက ကျင်းယွင်ကျောင်းကိုကြည့်ရင်း တွေးတွေးဆဆ ပြောလိုက်သည်။

"အခု အခြေအနေမှာလည်း ကျွန်မ ငြိမ်နေတယ်ဆိုတာက ဘာမှ လုပ်လို့ မရတဲ့ အနေအထား ဖြစ်နေလို့လေ။ တွေ့တဲ့ လူတိုင်းကို အပြေးအလွှား ကယ်ချင်နေတဲ့ ဦးနှောက် မရှိတဲ့ ဇာတ်လိုက် မင်းသမီးတွေလိုမျိုး ကျွန်မ မဟုတ်ဘူး။ ကိုယ်နဲ့ မဆိုင်ရင် ဝင်မပါတာ ကောင်းပါတယ်လေ"

ကျင်းယွင်ကျောင်းက တုလင်းအား ဖြေရှင်းချက်ပေးလိုက်သည်။

တုလင်း တစ်ယောက် ကျင်းယွင်ကျောင်းကိုအကဲခတ်နေမိ၏။ ပိန်ပိန်သေးသေးလေးနှင့် ဆိုဖာပေါ်တွင်ထိုင်နေသည့် ကျင်းယွင်ကျောင်းက သူနှင့်လီရှောက်ယွင် အကြား မြှုပ်နေသည်။ အခန်းအပြင်နှင့် အတွင်းဘက်ရှိ လေထု ကွာခြားမှု

ကြောင့် သူ (မ) ၏ ပါးပြင်က အနည်းငယ် နီရဲနေ၏။ ဝိုင်ကို တမြုံ့မြုံ့ သောက်ကာ ပုံ့ပုံ့ကလေးထိုင်နေသည့် သူ (မ) က ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ချစ်စဖွယ် ကောင်းလှသည်။ သို့သော်ထွက်သမျှ စကားတိုင်းက လက်ပေါက်ကပ်ကာအရွဲ့ တိုက်လွန်းသောကြောင့် ထိုချစ်စရာကောင်းသော ပုံရိပ်က ပျောက်လုလု ...

ပြီးတော့ လီရှောက်ယွင် …

Chapter 470 : ကူညီဖို့တောင်းဆိုပါတယ်

ပြိုးပြိုး ပျက်ပျက် မီးအလင်းရောင်များ ကြားတွင်

ရှောင်ချင်းက သူ (မ) အား ထိကပါး ရိကပါး လုပ်နေခဲ့သော ယောကျာ်း တစ်ဦးကို ဝိုင်ခွက်ဖြင့် လှမ်းပက်လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ကျင်းယွင်ကျောင်းဘက်သို့ ပြေးဝင်လာ၏။ သူ (မ) ၏ ပစ်မှတ်က ရှင်းလင်း တိကျပြီး လှုပ်ရှားမှုတို့ကလည်း သွက်လက် လျင်မြန်လှသည်။

သို့သော် လီရှောက်ယွင်က ကျင်းယွင်ကျောင်းကိုဘေးသို့ တွန်းလှဲလိုက်၏။ လီရှောက်ယွင်၏ ရုတ်တရက် အပြုအမူကြောင့် မိန်းမငယ်လေးမှာတစ်ခဏမျှ မှင်သက်သွားရသော်လည်း မကြာလိုက်ပါ။ မျက်ရည်များ တစ်သွင်သွင် ကျဆင်းလာသည်။ ထို့နောက် ယူကျုံး မရစွာ ပြောလာသည်။

"လူကြီးမင်းတို့၊ ညီမကို ကူညီကြပါ။ ကျေးဇူးပြုပြီးတော့"

ထိုမိန်းကလေးက နူးညံ့သိမ်မွေ့ပြီး အလွန် သနားချစ်ခင်ဖွယ် အသွင် ရှိသည်။ ပြောပုံဆိုပုံကလည်း ကလပ်တွင် အလုပ်လုပ်သော မိန်းကလေး အများစုကဲ့သို့ ရဲတင်းမနေပဲ ယဥ်ယဥ်ကျေးကျေး ရှိ၏။

"လူကြီးမင်းတို့ကို ညီမ တောင်းဆိုပါတယ်။ ဒီတစ်ခေါက်တော့ မျက်နှာ မလွှဲလိုက်ပါနဲ့။ ကူညီပေးပါ"

တစ်ငိုငို တစ်ရယ်ရယ် ဖြစ်နေသော မိန်းကလေးက ရှိုက်သံများ ကြားမှ အော်ဟစ် ပြောဆိုလာသည်။

"ကူညီဖို့ ဒီလောက် တောင်းဆိုနေတာတောင် ရှင်တို့က ဘာလို့ ဒီအတိုင်း ကြည့်နေနိုင်ရက်တာလဲ။ ဒီလို နေရာမျိုးမှာ ကျွန်မ အပျိုရည် မပျက်ချင်ဘူး။ ရှင်တို့ ယောကျာ်းတွေက အပျော်ရှာဖို့ပဲ သိတယ်။ ကျွန်မတို့ မိန်းမသားတွေ ဘယ်လောက် ခက်ခဲရုန်းကန်နေရလဲဆိုတာ ရှင်တို့ မသိဘူး"

တစ်ဖက် စားပွဲဝိုင်းရှိ လူများ၏ လီရှောက်ယွင်၏ အရှိန်အဝါကြောင့် အနားသို့ မကပ်လာရဲကြပေ။ သို့သော် ထိုမိန်းကလေးကို မကူညီပဲ မဆိုင်သလိုသာနေသည့် လီရှောက်ယွင်ကို ကြည့်ကာ တဖြေးဖြေး အနားသို့ ချဥ်းကပ်လာသည်။

"လူကြီးမင်း၊ ဒီမိန်းကလေးက ကျွန်တော်တို့ရဲ့ ဝိုင်းကပါ။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်တယ်"

"အဲဒါဆိုရင်လည်း သူ့ကို မြန်မြန် ခေါ်သွားလိုက်ကြတော့"

တုလင်းက အမြန် ဝင်ပြောလိုက်သည်။ ထိုမိန်းကလေးက သိပ်လည်၏။ ရုပ်ဆိုးပန်းဆိုးနှင့် ငွေ သိပ်မရွှင်သော ယောကျာ်းများကို အနား အကပ်မခံပဲ အသေအလည်း ငြင်းဆန်နေသော်လည်း လီရှောက်ယွင် ကဲ့သို့ ငယ်ရွယ် ချမ်းသာပြီး ချောမောသည့် ယောကျာ်းမျိုးကိုမူ တမ်းတမ်းတတ မျှော်လင့်နေပြန်သည်။ အစပိုင်းတွင် ထိုမိန်းကလေးငယ်ကို တုလင်း သနားဂရုဏာသက်မိသော်လည်း အကြောင်း သိလိုက်ရချိန်တွင် စက်ဆုပ်ရွံ့ရှာမိသည်။

တစ်ဖက်ဝိုင်းရှိ ယောကျာ်းများက ရှောင်ချင်းကိုဆွဲထုတ်သွားကြ၏။ ထိုလူများလည်း ဒေါသထွက်နေဟန်။ တန်ဖိုးကြီးသော ဝိုင်ကို ရှောင်ချင်းက သူတို့အပေါ် ပေပွသွားအောင် ပက်ပစ်ခဲ့သည်လေ။

ရှောင်ချင်းက တကယ့်ကို အကျိုးအကြောင်း မဆင်ခြင်တတ်သော မိန်းကလေး ဖြစ်သည်။ သူ (မ) ၏ လုပ်ရပ်ကြောင့် ကလပ် တာဝန်ရှိသူများပါ ဧည့်သည်များကို တောင်းပန်လိုက်ရ၏။

သို့သော် ရှောင်ချင်းက သူ (မ) ၏ အမှားကို သဘောပေါက်သေးပုံ မရ။ လီရှောက်ယွင်ကိုသာ အားကိုးတကြီး ကြည့်နေသည်။ "အစ်ကိုတို့ရယ်၊

ကျေးဇူးပြန်ဆပ်ပါ့မယ်။ ဒီလူတွေနဲ့ မလိုက်သွားပါရစေနဲ့"

ကျင်းယွင်ကျောင်းလည်း ဝိုင်ကို တစ်မော့ သောက်လိုက်ရင်း အသနားခံနေသော မိန်းကလေးကို မမြင်ချင်ယောင်ဆောင်ကာ မျက်နှာ လွှဲနေလိုက်သည်။ သူ (မ) ပုံစံက အကြင်နာတရား မဲ့သလို ဖြစ်နေသော်လည်း ဤအခြေအနေတွင် ဝင်မပါသင့်သည်ကို သူ (မ) ကောင်းကောင်း သိ၏။

ထို့ကြောင့် ဘာမှ ဝင်မပြောပဲ နှုတ်ဆိတ်၍သာ နေလိုက်သည်။ သို့သော် လီရှောက်ယွင်က ထိုမိန်းကလေး၏ အသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာသည့်ဟန်။ စားပွဲထိုးများကို လှမ်းခေါ်ကာအေးစက်စွာ ပြောလိုက်၏။

"ဒီမိန်းကလေးကို အခုချက်ချင်း ဆွဲထုတ်သွား။

ငါ့ အရှေ့ ထပ်ပေါ်မလာစေနဲ့"

Chapter 471 : အလွတ်မပေးနိုင်ဘူး

လီရှောက်ယွင်၏ လေသံက အေးစက်နေပြီး ခြိမ်းခြောက်မှု အရိပ်အယောင်တို့ ပါဝင်နေ၏။ စားပွဲထိုးလေးမှာ အထိတ်ထိတ် အလန့်လန့်နှင့် အခြား အစောင့်အကြပ် နှစ်ယောက်နှင့် အတူရောက်ချလာကာ ရှောင်ချင်းကို ဆွဲထုတ်သွားကြသည်။

ရုတ်ရုတ်သဲသဲ မြင်ကွင်းကြောင့် အစ်မ ယွမ်လည်းသူတို့ရှိရာသို့ ရောက်လာသည်။ "ရှောင်ချင်း...ဘယ်လိုဖြစ်တာလဲ"

"အစ်မယွမ်၊ ဒီကောင်မလေးက ဖောက်သည် တစ်ယောက်ကို ဝိုင်နီတွေနဲ့ လှမ်းပက်လိုက်လို့ပါ

တော်တော်လေး ပြဿနာ တက်သွားတယ်" ဝိုင်များလောင်းချခံထား၍ စိုရွှဲနေသူမှာ ရှောင်ချင်းကို မျက်လုံးစိမ်းစိမ်းဖြင့် မကျေနပ်သလို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

အစ်မ ယွမ်က အခြေအနေကို ချက်ချင်း နားလည် သဘောပေါက်သွားကာ အလျင်အမြန် ပြောလာသည်။ "ဒီက လူကြီးမင်းတို့ကို ကျွန်မကပဲ ကိုယ်စားတောင်းပန်ပါတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ လူကြီးမင်းတို့ ဝိုင်းအတွက် နောက်ထပ် မိန်းကလေးအချောအလှ နှစ်ယောက် ခေါ်လာပေးမယ်လေ။ စားသောက်စရာတွေကိုလည်း သုံးဆယ် ရာခိုင်နှုန်း လျှော့စျေးနဲ့ ဧည့်ခံပါ့မယ်"

"ကျုပ် ကံမကောင်းလို့ ဖြစ်တာလို့ပဲ မှတ်ယူလိုက်တော့မယ်"

ထိုသို့ ပြောပြီး ရှောင်ချင်းကို တစ်ချက် ကြည့်ကာ သူ့ နဂို နေရာသို့ စိတ်ဆိုး မာန်ဆိုးဖြင့် ပြန်သွားထိုင်နေသည်။

ဖောက်သည် အမျိုးသား ထွက်သွားလိုက်သည် နှင့် အစ်မ ယွမ်က ရှောင်ချင်းဘက်သို့ လှည့်လာကာ စိတ်ကုန်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

"ဒီမိန်းမကို အမြန် ဆွဲထုတ်သွားတော့၊ ဒီနေရာကိုထပ်ပြီး ခြေမချမိစေနဲ့"

အစောင့်အကြပ်များက ခေါင်းညိတ်ကာ ရှောင်ချင်းကို ကလပ် အပြင်ဘက်သို့ ဆွဲထုတ်ရန် အရှေ့တစ်လှမ်း တိုးလာသည်။

သူ (မ) ကို ဆွဲထုတ်ရန် အဆင်သင့် ဖြစ်နေသောယောကျာ်းသားများကြောင့် ရှောင်ချင်းမှာ ထိတ်လန့်ပြီး အော်ဟစ် ငိုယိုတော့၏။ "လူကြီးမင်းရ

ကျွန်မကို ကူညီပါ၊ ကျေးဇူးပြုပြီးတော့ ကူညီပါ"

လီရှောက်ယွင်က သူ (မ) ကို စက်ဆုပ်ရွံ့ရှာစွာ

ကြည့်နေ၏။

ရှောင်ချင်းမှာ ကူကယ်ရာမဲ့နေသည်။ ငယ်ရွယ်

စဥ်တည်းက လူကြီးသူမများ၏ အလိုကျ နေပေးကာ သမီး အလိမ္မာလေး လုပ်ခဲ့ရသည်။ သူ (မ) ၏ရအသွင်အပြင်က ချစ်ခင် နှစ်သက်စဖွယ်ကောင်းပြီး ဘယ်နေရာ ရောက်ရောက် လူအများ၏ အာရုံစိုက်မှု စိတ်ဝင်စားမှုကို ရလေ့ရှိ၏။ သို့သော် ကံကြမ္မာ၏ ကျီစယ် လှည့်ဖြားမှုကြောင့် သူ(မ)၏ ဘဝက လောကဓံများ ကြားတွင် အလူးအလဲ ခံခဲ့ရသည်။ မိဘများနှင့် ဝေးခဲ့ရပြီး အဒေါ်ဖြစ်သူ၏ အုပ်ထိန်းမှုအောက်တွင် လူလား မြောက်ခဲ့ရသည်။ သူ (မ) အောက်က မောင်လေး နှစ်ယောက်ကိုလည်း ပြန်လည် ထောက်ပံ့ရသေး၏။

သို့သော် ကလပ်တွင် အပျော်မယ်အဖြစ် အလုပ်လုပ်ရန် စာချုပ်ချုပ်ပြီးနောက် ချက်ချင်း နောင်တရမိသွားသည်။ အပျော်မယ် အားလုံးက ဖောက်သည်များများ ရပြီး ငွေရွှင်ရန် မူယာ မာယာများ ထုတ်သုံးကာ အပြိုင်အဆိုင် မြှူစွယ်ကြ၏။ မြေခွေးများ ကျက်စားသည့် နေရာတွင် သူ (မ) လိုပျော့တိ ပျော့ဖတ်နှင့် အဖြူထည်လေးက ကြာကြာမရှင်သန်နိုင်ပေ။ ဖောက်သည်များကလည်း အလွန်စက်ဆုပ်ဖွယ် ကောင်းလှသည်။ အပျော်မယ်မိန်းကလေးများကို တစ်ကိုယ်ရည် တစ်ကာယ ဆန္ဒအတွက်သာ အသုံးချကြပြီး အထင်သေး ရှုံ့ချကြသည်။ သူ (မ) တွင် တစ်သက်တာ လက်တွဲရန်ရည်ရွယ်ထားသည့် ချစ်သူ ကောင်လေး ရှိပါသော်လည်း ဤ ညစ်နွမ်းသည့် အလုပ်က သူ (မ) တို့ နှစ်ဦးကြား ဆက်ဆံရေးကို ဖျက်ဆီးပစ်လိုက်၏။

လီရှောက်ယွင်က သူ (မ) အား ရွံ့ရှာသလို ကြည့်နေကာ လစ်လျူရှုလိုက်သောကြောင့် ရှောင်ချင်းတစ်ယောက် အမှောင်ထုကြီးက သူ (မ) ကို လွှမ်းမိုးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကြောက်လွန်းသဖြင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။

တစ်ချိန်လုံး နှုတ်ဆိတ်နေသော ကျင်းယွင်ကျောင်းကို အားကိုးတကြီး ကြည့်နေမိ၏။

"ညီမငယ်လေး၊ အစ်မကို ကယ်ပါဦး။ အစ်မက တစ်ခြား အပျော်မယ်တွေလို မဟုတ်ပါဘူး။ အစ်မ သေရင်တောင် အဲ့ယောကျာ်းတွေကို အစ်မခန္ဓာကိုယ်ကို ထိခွင့် မပေးနိုင်ဘူး။ ပြီးတော့ အစ်မမှာ ချစ်သူ ကောင်လေး ရှိတယ်။ တကယ် ပြောတာပါ"

ရှောင်ချင်း၏ စကားကြောင့် ကျင်းယွင်ကျောင်း၏ မျက်နှာ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားသည်။ ချစ်သူရည်းစား ရှိလျက်နှင့် ကလပ်တွင် အပျော်မယ် ဝင်လုပ်နေသော ထိုအမျိုးသမီးကိုသူ (မ) အတော်လေး အံ့သြမိပါသည်။

"အားနာပါတယ်။ ကျွန်မက တစ်ခြားသူတွေရဲ့ ကိစ္စမှာ ရှုပ်ရှုပ်ရှပ်ရှပ် ဝင်မပါတတ်လို့ပါ..."

ကျင်းယွင်ကျောင်းက ဂရုမစိုက်သလို ပြောလိုက်သည်။

ထိုစကားကြောင့် တစ်ဖက်တွင် အားကိုးတကြီး ကြည့်နေသော ရှောင်ချင်း၏ မျက်နှာ အမူအရာမှာ တဖြေးဖြေး ပျက်ယွင်းသွား၏။ ထို့နောက်

ကျင်းယွင်ကျောင်းကို လက်ညှိုး ငေါက်ငေါက်ထိုးရင်း အော်ဟစ် ပြောဆိုတော့သည်။ "ဒီက ညီမလေးက မိန်းကလေးချင်း မစာမနာနဲ့ ပြောရက်တယ်နော်။ အစ်မကို အခု မကူညီရင် ဝဋ်ပြန်လည်မှာ၊ စောင့်ကြည့်နေလိုက်"

ဘေးတွင်ရပ်နေသည့် လီရှောက်ယွင်ကိုလည်း တစ်ချက် လှမ်းကြည့်ကာ နာကျည်းသလို ပြောလိုက်၏။ "ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး လူကြီးလူကောင်း ပုံစံ ပေါက်နေလို့ အထင်ကြီးမိတာ သိပ်မှားသွားတယ်။ ရှင်က သိုးရေ ခြုံထားတဲ့ဝံပုလွေပဲ။ ကျွန်မ ဒုက္ခ ရောက်နေတာကို တွေ့ရဲ့သားနဲ့ မကူညီပဲ လစ်လျူရှုတယ်။ ကျွန်မ သေလို့ တစ္ဆေတစ်ကောင် ဖြစ်သွားရင်တောင် ရှင့်ကိုအလွတ်မပေးဘူး။ ရှင့် ဘဝ တစ်လျှောက်လုံး မိန်းမတွေ အနားမကပ်နိုင်ပဲ နေစေရမယ်"

လီရှောက်ယွင်က ပေါက်ပန်းလေးဆယ် အော်ဟစ်နေသော ရှောင်ချင်းကို ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။ ထို့နောက် နက်ဆွေးနေသော မျက်ဝန်းတစ်စုံဖြင့် ကျင်းယွင်ကျောင်းကို စိုက်ကြည့်လိုက်၏။ "ဘယ်လိုလုပ်မလဲ။ ကိုယ်ကတော့ ဒီတစ်ဘဝလုံးမိန်းမတွေ အနား မကပ်နိုင်တော့ဘူးပေါ့။ မင်း ကိုယ့်ကို မကူညီချင်ဘူးလား"

Chapter 472 : နောက်တစ်ကြိမ်အခွင့်အရေး

လီရှောက်ယွင်၏ စကားကြောင့် ရှောင်ချင်းမှာအတော်လေး အံ့အားသင့်သွားသည်။ ရှိုက်ငိုနေရာမှ ဗလုံးဗထွေးနှင့် ပြောလာ၏။ "ကျွန်...ကျွန်မ ရှင့်ကိုအရက် သောက်ဖော် သောက်ဖက် လုပ်ပေးလို့ ရပါတယ်"

ကျင်းယွင်ကျောင်း တစ်ယောက် စိတ်ထဲတွင်ကျိတ်၍ ပြုံးမိသွားသည်။ အရက် သောက်ဖော်သောက်က တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးရန်အတွက် ပထမအဆင့် ခြေလှမ်းပင်။

အရက် အတူ သောက်ရင်း တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသွားကြကာ ဖိုမ သဘာဝ ဆွဲဆောင်မှုကြောင့် သဘောကျ စိတ်ဝင်စားသည့် ခံစားချက်မျိုး ဖြစ်လာကြမည်။ ထိုမှ အဆင့်တက်၍ ချစ်သူရည်းစား ဘဝသို့ ရောက်သွားကြမည်။ ဤသည်ကစူချူး ဖတ်နေကျ အချစ်ဝတ္ထုများ၏ အပ်ကြောင်း ထပ်နေသော ဇာတ်ကွက်ပင်။

သူ (မ) သာ လီရှောက်ယွင်နှင့် မသိကျွမ်းခဲ့လျှင် လီရှောက်ယွင်က မိန်းမ ရှုပ်ပွေသူ၊ လူ့ပေါ်ကြော့ သခင်လေး တစ်ယောက်ဟု ထင်မိမည်မှာမလွဲမသွေပင်။ သို့သော် ရင်းနှီး သိကျွမ်းလာပြီးနောက် လီရှောက်ယွင်က ယောကျာ်းသားများ မော်ဖူးရသော မိန်းမမျိုးကိုပင် သူ စိတ်မဝင်စားလျှင်တစ်ချက်ကလေးမှ အဖက်မလုပ်သည်အထိ အသည်းမာကြောင်း သိလာခဲ့ရသည်။

"အဲ့လိုဆိုရင်လည်း မင်း ဒီမှာ နေခဲ့လို့ရပါတယ်"

တစ်အောင့်လောက် ကြာပြီးနောက် လီရှောက်

ယွင်က ရှောင်ချင်းအား ပြောလိုက်၏။

အစ်မ ယွမ်မှာ အပြောင်းအလဲ မြန်လွန်းလှသော လီရှောက်ယွင်နှင့် ရှောင်ချင်းတို့ကို နားမလည်နိုင်ကာ ဆွံ့အနေ၏။ သို့သော် ဖျစ်ညှစ် ပြုံးရင်း နားလည်သဘောပေါက်သလိို ပြောလာသည်။

"ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ကျွန်မ တကယ့်ကိုတောင်းပန်ပါတယ်။ ဒီတစ်ဝိုင်းလုံးကို ကျွန်မဘက်ကပဲ အကုန်အကျ ခံလိုက်ပါ့မယ်"

ထိုသို့ ပြောပြီးနောက် စိတ်သက်သာရာ ရသွားသကဲ့သို့ သက်ပြင်းဖွဖွချကာ တစ်နေရာသို့ ထွက်သွားတော့သည်။

ရှောင်ချင်း၏ လုပ်ရပ်မှာ ကလပ်၏ စည်းမျဥ်းစည်းကမ်းများနှင့် ဆန့်ကျင်နေသော်လည်း လီရှောက်ယွင်ကဲ့သို့ အကြီးစား ဖောက်သည်တစ်ယောက်ကို ဆွဲဆောင်နိုင်လျှင် သူ (မ) အတွက် အခွင့်အရေး ရှိဦးမည်။

စားပွဲထိုးများနှင့် အတူ အစ်မ ယွမ် ထွက်သွားမှ ရှောင်ချင်းလည်း စိတ်အေးသွားသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် ကြမ်းပြင်ပေါ်မှ လူးလှိမ့် ထလိုက်သည်။ လီရှောက်ယွင်နှင့် ကျင်းယွင်ကျောင်းတို့ နှစ်ယောက် ကြားဝင်ထိုင်မည် အပြု လီရှောက်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလာ၏။ "ဘယ်သူက...ဒီနေရာမှာ မင်းကို ထိုင်ခွင့်ပြုလို့လဲ"

လီရှောက်ယွင်၏ စကားကြောင့် ရှောင်ချင်းမှာ ထိုင်ရမလို ထရမလိုနှင့် အို့တိုးအန်းတန်း ဖြစ်သွား၏။ သို့သော် မျက်နှာ မပျက်အောင် အတတ်နိုင်ဆုံး ထိန်းကာ ဣန္ဒြေဆယ်လိုက်သည်။

တုလင်းနှင့် ကျင်းယွင်ကျောင်းမှာ ရှောင်ချင်းကို ကြည့်ရင်း ခေါင်းကို သွင်သွင်ခါနေမိ၏။ အစောပိုင်းက ရှက်ရွံ့ကာ အပြစ်ကင်းစင်ပုံ ပေါ်

သည့် မိန်းကလေးက လီရှောက်ယွင် အရှေ့တွင် မူယာ မာယာများ ထုတ်သုံးကာ ကလူကျီစယ်နေသည်။

ယခုလည်း မျက်နှာပြောင် တိုက်ကာ တုလင်း ဘေးတွင် ဝင်ထိုင်၏။ "မင်းက အပျော်မယ်ဆိုတော့

အရက်တွေ ဘာတွေနဲ့ ပတ်သတ်ပြီး အကျွမ်းတဝင်ရှိမှာပဲ။ အဲ့တော့ ဒီစားပွဲပေါ်မှာ ရှိတဲ့ အရက်တွေအကုန်လုံးကို သောက်ပြပါဦး"

လီရှောက်ယွင်က မျက်စပစ်ရင်း အကဲစမ်းသလိုပြောလိုက်သည်။

"အဟက်၊ ကျွန်မအတွက် ဒီဟာတွေက အသေးအဖွဲလေးပါ။ ရှင်လည်း သောက်နိုင်တယ်ဆိုရင် ကျွန်မနဲ့ ပြိုင်သောက်ကြမလား"

လုံးဝ မတူတော့သည့် လူတစ်ယောက်လို ရဲတင်းနေသော ရှောင်ချင်းက လီရှောက်ယွင်ကို ပြန်လည်စိန်ခေါ်နေ၏။

သို့သော် လီရှောက်ယွင်က သူ (မ) ၏ စကားကိုလျစ်လျူရှုကာ ပန်းသီး အခွံကို စိတ်ရှည် လက်ရှည် ခွာပြီး ကျင်းယွင်ကျောင်းထံသို့ လှမ်းပေးလိုက်သည်။

"ကျွန်မ စကားပြောနေတာကို နည်းနည်းပါးပါးနားထောင်ပါဦး။ လူကို ခေါ်ထားပြီး အရေး မလုပ်ဘူး၊ ဟွန့်"

ရှောင်ချင်းက နှုတ်ခမ်းလေး ဆူကာ စိတ်ကောက်သလို ပြောလိုက်၏။

တုလင်း တစ်ယောက် မျက်စိ အရှေ့ရှိ မြင်ကွင်းကို မယုံနိုင် ဖြစ်နေမိသည်။ မိန်းကလေး တစ်ယောက်က ဤမျှလောက် အပြောင်းအလဲ မြန်သလား။ လီရှောက်ယွင်ကို ဆက်တိုက် အနှောင့်အယှက် ပေးနေသည့် ထိုမိန်းကလေးကို ကြည့်မရတော့သောကြောင့် ဝိုင်ပုလင်းကို ဖွင့်ကာ သူ (မ) အရှေ့သို့ ထိုးပေးလိုက်၏။ "ကဲ...ဒီဝိုင် အရသာလေး မြည်းကြည့်ပါဦး"

All Chapters