အခန်း (၄၇၃-၄၇၆)
Vol. 24 Ch. 473-476
အပိုင်း (၄၇၃) : မောင်လေး မဟုတ်ဘူး ညီမလေး
ဝိုင်ပါ၀င်မှုက ငါးဆယ် ထပ်ပိုများတဲ့ ပုလင်းပဲ။ အရသာ ကောင်းပေမယ့် သောက်ပြီးရင် တောင် မြောက်တောင် ခွဲနိုင်ပါ့မလား။
ရှောင်ချင်းက ငြင်းလိုက်သည်။ “မသောက်ဘူး”
“မိန်းကလေး၊ မင်း အဆင့်ကို မင်း မသိဘူးလား။ အရက် သောက်ဖော် သောက်ဖက် လုပ်ပေးမယ်လို့ စပြောခဲ့တာ ဘယ်သူလဲ။ ငါတို့က သာမန်လူတွေမလို့ မင်းကို ဖိအား မပေးနိုင်ပေမယ့် အစ်မ ယွမ်ကတော့ မင်းကို သင်ပြဖို့ စိတ်အား ထက်သန်နေမယ်ဆိုတာ ငါ ကျိန်းသေတယ်” တုလင်းက တည့်တိုးဆန်စွာ ပြောလိုက်သည်။
တုလင်း၏ ပုံစံက နူးညံ့သည့် အိမ်နီးနားချင်း အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ခင်မင်နှစ်သက်ဖွယ်ကောင်းသော အပြုအမူ ရှိပုံရလေသည်။ ထို့ကြောင့် ယခုကဲ့သို့ အပြုအမူက ရှောင်ချင်းအား တုန်လှုပ်သွားစေ၏။
တစ်ခါတရံ ပြင်ပသည် အတွင်းစိတ် အလှတရားနှင့် ထပ်တူ မကျနိုင်ပေ။ တုလင်းသည် ဖော်ရွေပျူငှာသောသူ ဖြစ်သော်ငြား လီရှောက်ယွင်နှင့် နီးကပ်လာသည်မှာ နှစ်ချီရှိလေပြီ။ လီရှောက်ယွင်တစ်ယောက် အကောင်းတကာ့ အကောင်းဆုံး လူကောင်း တစ်ယောက်သည် သူ့ ဘေးနား၌ လေသံကျယ်လာသည့်အခါ သူက ထိုသူနှင့် အပေါင်းအသင်း မလုပ်ချင်တော့မှာကို သူ(မ) စိုးရိမ်မိသည်။
အရာသေးသေးလေးတွေက စုကာ ကြီးမားလာတတ်ပေသည်။ တုလင်းသည်လည်း သူ၏ အသိစိတ် လက်ကျန်လေး ကျန်ရှိနေသေးသည်။
လီရှောက်ယွင်သည် ထိုမူယာ ပိုသော ရှောင်ချင်နှင့် အပိုအလုပ်တွေ မလုပ်ချင်ပေ။ သူ့ဘာသာ အတွေးများနေမိသည်။ သူ ရှောင်ချင်းကို မကူလိုက်တာက လီရှောက်ယွင်နဲ့ ကျင်းယွင်ကျောင်းတို့ ဆက်ဆံရေးကို ဖော်ထုတ်လိုက်မိသလို ဖြစ်သွားလို့လား။ သူ ပျော်ရွှင်တော့ချေ။
လီရှောက် ဂရုတစိုက်တွေးလေ သူ့အတွက် အဖြေဟာ ပိုရှင်းလင်းလေ ဖြစ်သည်။
ထိုအချိန်၌ တုလင်းသည် ရှောင်ချင်၏ ဖြူဖွေးဖွေးမျက်နှာကို ကြည့်ကာ မကျေနပ်ချက်များကို မြိုသိပ်လို့နေသည်။ “သောက် ... သောက်ထားကွ”
သိပ်မကြာခင်မှာပင် ဝိုင်ပုလင်း တစ်ခုကို ကောက်ကာ ပါးစပ်၀သို့ တေ့လိုက်သည်။
ဝိုင်သည် ပြင်းလွန်း၍ သူ (မ) အား ရဲတင်းစွာပြုမူစေသည်။
သို့သော်လည်း ရှောင်ချင်သည် ပို၍ စိတ်ပျက်ဖွယ်ရာကို ပြုလုပ်ခဲ့၏။ သူမသည် နီရဲရဲမျက်၀န်းတစ်စုံဖြင့် ဝိုင်များကို ဆက်လက်သောက်နေခဲ့သည်။ ကူကယ်ရာမဲ့နေသည့် လူတစ်ယောက်အသွင် ဖြစ်သွားစေသည်။ သူတို့သုံးယောက်ကတော့ ပုံမှန်အတိုင်းသာ ဖြစ်နေခဲ့သည်။
ထိုဝိုင်ကို သောက်ပြီးသည့်တိုင် လီရှောက်ယွင်သည် အကြည့် တစ်ခုမျှ မစွန့်ကြဲခဲ့သည်မှာ သနားစရာပင်။
သူမ မတ်တပ်ရပ်ကာ ယိမ်းထိုးနေပြီး ဆက်လက်သောက်နေခဲ့သည်။ ထိုအရာက လူအများကြီးကို ဆွဲဆောင်နိုင်ခဲ့ကာ မနီးမဝေးရှိ မုံ့လင်းသည်လည်း သတိထားမိခဲ့သည်။ ဂရုတစိုက် ကြည့်ချိန်၌ ကျင်းယွင်ကျောင်း၏ အေးစက်ကြည်လင်သည့် မျက်နှာလေးအား မြင်တွေ့လိုက်ရသည်။ သူ့ဘေးမှ အမျိုးသမီးအား တွန်းလိုက်ကာ သူမ ခြေထောက်များကို ဖယ်ပြီး ထိုနေရာသို့ ဦးတည်လိုက်၏။
“သခင်ကြီးက ပျောက်နေတာကို” မုံ့လင်းက အော်ဟစ်လိုက်သည်။
သို့သော် ဘေးရှိ လီရှောက်ယွင်အား မြင်လိုက်ချိန်၌ သူ့ မျက်နှာသည် မည်းမှောင်သွားပြီး နှုတ်ခမ်းများ တွန့်ချိတ်ကုန်သည်။
သူသည် သူ့လူများကို သုံးရက်တိတိ လိုက်ရှာခိုင်းသော်လည်း ထိုလူ၏ နောက်ခံကို သေချာ မသိရပေ။ နာမည်ကိုပင် မသိခဲ့ပါချေ။ ပြောရလျှင် မည်သည့် သတင်းမျှ မရခဲ့ခြင်းဖြစ်သည်။ အခုတော့ကောင်းရော သူတောင် မရှာရသေးခင် သူ့ရှေ့ပေါ်လာတာပဲ။ သူက ဘယ်က ရောက်လာတဲ့ ဂြိုလ်ဆိုးလဲ။
သခင်လေး မုံ့ကို ရန်စရဲတယ်။ ရဲတင်းလိုက်တာ။
လီရှောင်ယွင်က သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။ “သခင်လေး မုံ့လား။ ဒီက ထွက်သွားပေးလို့ ရမလား။ ရှူရတဲ့လေ မသန့်တော့လို့”
“ကလေးတွေ ထားပါတော့။ အရည်အချင်းနဲ့ ရလဒ်က ပိုအရေးကြီးတယ်” မုံ့လင်းသည် အံကြိတ်လိုက်၏။ “တစ်ယောက်ချင်း ရှင်းတာပဲ ကောင်းတယ်။ ဒီမှာ တွေ့တယ်ဆိုတော့လည်း ရှင်းစရာရှိတာရှင်းရမှာပေါ့”
“ကျင်းယွင်ကျောင်း၊ မင်း ဒီလူကို ဘယ်လိုများ တွေးပြီး လက်ခံတာလဲ။ ပိုက်ဆံကြောင့်တော့ မဟုတ်ဘူးမလား။ ငါပြောမယ် ဒီသခင်လေးကို ဘယ်သူမှ မယှဉ်ရဲဘူး။ ငါ့ ကမ်းလှမ်းချက်ကို လက်မခံဘူးလား။ မင်း ကြိုးစားတာ အောင်မြင်တယ်။ ကျေနပ်ပြီလား” မုံ့လင်းက ထပ်မံ သည်းတွားလေသည်။
မုံ့လင်း ထိုသို့ ပြောပြီးနောက် ရှောင်ချင်သည် ယိမ်းထိုးနေရင်း ကျင်းယွင်ကျောင်းကို လက်ညိုးထိုးကာ ပြောလိုက်သည်။ “ဟေး မောင်လေး၊ မဟုတ်ဘူး။ ညီမလေး”
“ထားပါတော့။ မင်း ဖိအားပေးခံရတာလား” ကြည်လင်သည့် အကြည့်တစ်ချက်ဖြင့် ကြည့်လို့အပြီး၌ သူမ ခြေထောက်ကို ရွှေ့ကာ ကျင်းယွင်ကျောင်းကို ဆွဲယူပြီး ထိုသို့ ပြောလေသည်။ “ညီမလေး၊ စိတ်မပူနဲ့နော်။ ငါတို့ ရုံးတော်ကို တိုင်ချက်ဖွင့်ပြီး ဒီကောင်စုတ်ကို ထောင်ထဲပို့ပစ်မယ်”
အပိုင်း (၄၇၄) : ကြည့်လိုက်ဦး
ရှောင်ချင်က ထိုသို့ အော်လိုက်ချိန်မှာ သူမ ဘေးရှိ လူများဟာ ထိတ်လန့်သွားလေသည်။ မုံ့လင်းသည် ဆွံ့အနေကာ လူ အချို့ဟာလည်း သူမကို နားမလည်နိုင် ဖြစ်နေကြသည်။
သည်ကောင်မလေးက ကျပ်မပြည့်ဘူးလား။
တိုင်ချက်ဖွင့်မယ်၊ သည်နေရာကို ဘာထင်နေလဲ။
ကျင်းယွင်ကျောင်းသည် သူမ နှုတ်ခမ်းကို ပြုံးရုံမျှ တွန့်လိုက်ကာ သူမ လက်မောင်းကို ပြန်ဆွဲပြီး ပြောလိုက်သည်။ “မိန်းကလေး၊ ပြောရရင် အရင်ဆုံး တို့က ဘာမှ ဖိအားပေး မခံရဘူး။ ကြောက်လည်း ကြောက်မနေဘူး။ ပြီးတော့ မင်း ပြောတဲ့ ကောင်စုတ်က ငါ့ သူငယ်ချင်းပဲ။ သူက မင်းကို ဘာမှ မလုပ်ရသေးဘူး။ မင်းက အစ်မ ယွမ် လက်က လွတ်တောင် မင်းရဲ့ ညစ်တီးညစ်ပတ် ပါးစပ်ကြောင့် ပြဿနာ တက်မှာပဲ။ ကိုယ့်တာ၀န်ကို ကျေသင့်တယ်။ မင်းသာ တကယ်ကို ကိုယ့်ကိုကို ချစ်ပြီးလေးစားမယ်ဆို ငါတို့လည်း မင်းကို အကောင်းမြင်ပေးလို့ ရပါတယ်။ ဒါပေမယ့် မင်းက ဒီက အခြားလူတွေထက်တောင် မသာဘူး”
အချို့အမျိုးသား၊ အမျိုးသမီးတွေဟာလည်း ဖိအားပေးခံရတာပဲ။ ဒါပေမယ့် သူတို့က သူတို့အသိဉာဏ်လေး ရှိသေးတယ်။ ကိုယ့်ကိုကိုယ် ဒုက္ခတွင်းထဲနစ်အောင် မလုပ်ဘူး။ သည်တစ်ယောက်ကတော့ အခြားလူတွေရဲ့ ရွေးချယ်မှုကို ဝေဖန်ပြီး ကိုယ့်ကိုကိုယ် ထူးခြားတယ် ထင်နေတာ။
သူမလည်း ဘာကွာလဲ။
တကယ့် ကွာခြားချက်ကို ပြောရမယ်ဆို သူမသာ ရည်မှန်းချက်မြင့်မြင့်ထားပြီး အခွင့်ကောင်းယူပြီး လူတစ်ယောက် နှလုံးသားထဲ နေရာယူထားရင် အဲ့တာက လုံး၀ အသစ် ပြန်လည်မွေးဖွားခြင်းလို့တောင် ပြောလို့ရတယ်။
အခြားတစ်ယောက်ပေါ်မှီခိုမှ နေနိုင်မယ်ဆို အခြားတစ်ယောက်ပေါ် မှီခိုလေ။ မြို့တော်မှာ ဘာအရည်အချင်းမှ မရှိဘဲ မွေးဖွားလာမှတော့ ဘယ်တတ်နိုင်မလဲ။
ကျင်းယွင်ကျောင်း ပြောပြီးချိန်၌ ရှောင်ချင်သည် ယိုင်ထိုးနေကာ သူမ မျက်နှာသည် မတရားခံရသည့်ပုံဖြစ်နေလေသည်။ “ကျွန်မကို ဘယ်လိုပြောရက်ရတာလဲ။ ဘယ်လိုလုပ် သူတို့နဲ့ တူရမှာလဲ။ ကျွန်မက ကျောင်းတော် ကောင်းကောင်းကနေ ပညာသင် တတ်မြောက်ထားတာ။ အခွင့်အရေးရှိခဲ့ရင် ကျွန်မက ကောင်းကင်နဲ့ မြေကြီးကို လွယ်လွယ် ဆွတ်ယူနိုင်တယ်။ သူတို့ကတော့ သူတို့ ကိုယ်ထည်လှလှလေးတွေကိုပဲ မှီခိုနေရတာ။ မတူဘူး”
“ကျောင်းကောင်းကတဲ့လား။ မင်း သွားစရာ မရှိရင် ဒီကိုလာဖို့ မသင်ပေးခဲ့လောက်ပါဘူး။ မင်းကိုကြည့်ရတာ ကျောင်းမှာ စာမလုပ်ခဲ့ပုံပဲ။ ဘာလဲ အချစ်ရေးမှာပဲ အချိန်ဖြုန်းခဲ့တာလား” ကျင်းယွင်ကျောင်းက ရယ်လိုက်လေသည်။
မင်းသာ ကျောင်းတတ် မမှန်သူ ဖြစ်မယ်ဆို စာသင်နှစ်အပြီး အလုပ်ရဖို့ မလွယ်ကြောင်း သိမှာ မဟုတ်ပေ။
အလုပ်တစ်ခုက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကို သွေးဖို့ အကောင်းဆုံးပဲ။ ရှောင်ချင်လိုသာဆိုရင်တော့ မင်း သူဌေးက အမြင်ကြည်မှာ မဟုတ်တော့ဘူး။
ကိုယ့်ကိုကိုယ် တောက်ပပြီး တရားမျှတတယ် ထင်ပေမယ့် အရာ အားလုံးက မှားယွင်းနေပြီး ကိုယ့်ကိုကိုယ်ကြောင့်ပဲ ဒုက္ခ ပြန်ရောက်ရတယ်။ ငါသာ အဲ့လို အလုပ်သမားနဲ့ တွေ့မယ်ဆိုရင် စိတ်မဆိုးသင့်ဘူးလား။
ထို့အပြင် သူမ လက်များက ကြည်လင် သန့်ရှင်းကာ ကိုယ်နေဟန်ထားမှာလည်း သာမန်ဖြစ်နေသည်။ မျက်၀န်းများ ထောင်လွှားနေသည်ကိုကြည့်လျှင် သေချာ လေ့ကျင့်မှု မခံယူရသေးမှန်းသိသာပေသည်။
ရှောင်ချင်၏ နှုတ်ခမ်းထောင့်မှ ဝိုင်များသည် တစ်စက်ပြီး တစ်စက် စီးကျနေရင်း အင်မတန် လှပပေသည်။ မျက်၀န်းများသည် လိပ်ပြာများ ပျံဝဲနေသယောင် အရိပ်ထင်နေကာ သူတို့အား ခဏတာတုန်လှုပ်သွားစေသည်။ ထိုအရာများနှင့် ဆန့်ကျင်စွာ သူမပါးစပ်မှ ကျယ်လောင်စွာ အော်ဟစ်နေ၏။ “ရှင် ရှင်၊ ညီမလေးက စိတ်ထားမကောင်းဘူးပဲ။ ကူညီပေးမလို့ဟာကို ဘာလို့ ရန်လိုနေတာလဲ”
ထို့နောက် ဘေးရှိအမျိုးသားသုံးယောက်အား အကူအညီမဲ့စွာ ကြည့်လိုက်သည်။
မုံ့လင်းသည် ခဏတာ မှင်သက်သွား၏။ သည်ကောင်မလေးက နဂါး အရေးခွံခြုံထားလို့ အဲ့လောက် ခေါင်းမာရတာလား။
နှုတ်ခမ်းကို ခဏမျှ တွန့်လိုက်ကာ ပြောကို ပြောရမည်ဆိုလျှင် လှပေမယ့် ခေါင်းက နည်းနည်းလိုနေတယ်လို့ပင် ပြောရပေမည်။
သို့သော်လည်း လွန်စွာအဆုံး သူ(မ)သည် ဤနေရာရှိ အမျိုးသမီးသာ ဖြစ်သည်။
မုံ့လင်းသည် နှာခေါင်းရှုံ့လိုက်ကာ “မစ္စ ကျင်း၊ မင်းက ထက်မြတ်ပြီး ယောက်ျားလေးတွေနဲ့ တွဲဖက် ပြောဆိုနိုင်သားပဲ။ ကျုပ် အရင် တစ်ခါ အပေါ်ယံပဲသိခဲ့ရတာ။ ဒါနဲ့ ဒီဘက်က လူကြီးမင်းကိုတော့ မမြင်ဖူးဘူး။ နာမည်လေးများ သိခွင့်ရှိမလား”
မုံ့လင်း၏ အပြုအမူသည် အထက်စီးဆန်လွန်းပေသည်။ အတိတ်ကို သေချာ ပြောပြရရင် သူ့ မျက်နှာသူ ပိတ်ထိုးသလို ဖြစ်နေလိမ့်မည်။ “လူကြီးမင်း နှစ်ယောက်ရဲ့ အကြည့်က စူးရှပြီး မိန်းကလေးက လှပဖြူစင်တယ်။ မစ္စ ကျင်းသာ ကျွန်တော်နဲ့ အတူ ရှိမယ်ဆို မင်း မျက်စိရှေ့မှာ ဘယ် အခြားအမျိုးသမီးမှ မရှာဘူးဆိုတာကို ကျွန်တော် ကတိပြုနိုင်တယ်”
Space and Rebirth - 475
Trans: Esth
ရှောင်ချင်းသည် သူမ၏ အထိအတွေ့ကြောင့် ချက်ချင်း ဒေါသပုန် ထသွားပြီး ပြောလိုက်၏။
“ဘာလုပ်နေတာလဲ။ ငါ့ကို မထိနဲ့”
ကျင်းယွင်ကျောင်း ချက်ချင်း ပြုံးမိသွား၏။
မုံ့လင်း အံကြိတ်လိုက်သည်။ ကျင်းယွင်ကျောင်းနှင့် ဤဦးနှောက် မရှိသော မိန်းမသည် လုံးဝဆန့်ကျင်ဘက်ပင်။ ဤမျှလောက် တုံးအသောမိန်းမသည် အဘယ်သို့ သူ့အတွက် အလုပ်လုပ်ပေးရန် ထိုက်တန်မည်နည်း။ မည်သည့် အရူးမှ သူမအား အလုပ်ခန့်ခဲ့မှန်း တကယ်မသိချေ။
လီရှောက်ယွင်သည် ကျီစယ်ဟန်ဖြင့် ကြည့်လိုက်သည်။
“ငါ့ မျိုးရိုးနာမည်က လီ”
“လီ၊ ဟုတ်လား”
၎င်းမှာ ရှားပါးသော မျိုးရိုးနာမည် ဖြစ်သည်။ မုံ့လင်းသည် သူ၏ အပြောအဆိုအား အနည်းငယ် သဘောမကျသော်လည်း အနည်းဆုံးတော့ သူသည် နားလည်ပါးရိုက် လုပ်နိုင်သည့် သူတော့ မဟုတ်ပေ။ သူသည် ခြေထောက်ကို မြှောက်ပြီး ထိုသူ၏ ဘေးရှိ ဆိုဖာပေါ် ထိုင်ချလိုက်သည်။
ထို့နောက် သူသည် စားပွဲပေါ်ရှိ အံစာတုံးအား ကြည့်လိုက်၏။
“မစ္စတာ လီက ဘယ်ကများလဲ။ မြို့တော်ကလား”
“ဟုတ်တယ်”
လီရှောက်ယွင်သည် လွန်စွာပွင့်လင်းပေသည်။
မုံ့လင်း ဟက်ခနဲ အသံပြုလိုက်၏ : အဲ့တာကြောင့်ကိုး
ဤသူသာ နင်းမြို့တော်မှ လာသောသူဖြစ်လျှင် သူ့အား ကြောက်ဒူးတုန်ပြီး တောင်းပန်တိုးလျှိုးသော အခြေအနေထိ ရောက်နေရမည် မဟုတ်လော။ ရာရာစစ သူ သဘောကျနေသော အမျိုးသမီးအား နှောင့်ယှက်ရဲသည်။
သို့သော် မြို့တော်မှ လာလျှင်ပင် ဘာလုပ်ရမည်နည်း။ မုံ့မိသားစုတွင် အဆက်အသွယ်များစွာရှိလေသည်။ မြို့တော်မှ လာသောသူဖြစ်လျှင်ပင် သူစိတ်ရှိပါက ဤလူအား ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားအောင် လုပ်နိုင်သည်။
“အလောင်းအစား တစ်ခု လုပ်ကြမလား”
မုံ့လင်းသည် ဒေါသကို မြိုချပြီး အတွေးများကိုရပ်လိုက်ကာ ကျင်းယွင်ကျောင်းနှင့် ရှောင်ချင်းအားလက်ညှိုးထိုးရင် ပြောလိုက်သည်။
“သူတို့ကို လောင်းကြေး ထပ်ကြတာပေါ့”
“ငါ နိုင်ရင် မင်းဘက်က ကျင်းယွင်ကျောင်းကို ပေးပြီး သူနဲ့အဝေးဆုံးနေရာကို ထွက်သွားရမယ်။ မင်းနိုင်ရင် ငါ ရှောင်ချင်းကို ပေးမယ်။ မင်း သူ့ကို လုပ်ချင်တာ လုပ်လို့ရတယ်၊ ဘယ်လိုလဲ”
မုံ့လင်း ထပ်ပြောလိုက်သည်။
လီရှောက်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုဟန်များပြေးသွားပြီး အေးစက်သော လေသံဖြင့် ဟက်ခနဲ ရယ်ကာ ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး အရှက်မရှိတဲ့ မိန်းမက သူနဲ့ယှဥ်နိုင်မှာလဲ”
“လောင်းကြေးထပ်ချင်ရင် ကိုယ့်ဘာသာကိုယ်လောင်းကြေးထပ်လေ။ လက်မောင်း တစ်ဖက်ကြေး လောင်းကြတာပေါ့”
လီရှောက်ယွင်မှ ထပ်ပြောလိုက်သည်။
ထိုစကားအား မုံ့လင်းကြားလိုက်သည်နှင့် အနည်းငယ် စိတ်ဆိုးသွားလေ၏။
“မင်း ပြောတာနော်။ ၅ ပွဲကစားမယ်။ မင်း ရှုံးတာနဲ့ မင်း လက်တွေ၊ ခြေတွေ အကုန် ဖြတ်ပစ်ပြီး လူဖြစ် ရှုံးအောင် လုပ်ပေးလိုက်မယ်”
မုံ့လင်းသည် လောင်းကစား ဝိုင်းတွင် ကြီးပြင်းလာသူ ဖြစ်သည်။ သူသာ သူ့ကိုယ်သူ ဒုတိယဟုပြောလျှင် မည်သူမျှ သူ့ အရှေ့တွင် ပထမဟု ကိုယ့်ကိုယ်ကို မခေါ်ရဲလောက်သည်ထိ ကျွမ်းကျင်သောသူဖြစ်သည်။
သည် လီမျိုးရိုးနာမည်နဲ့ကောင်က ငါ့ကိုနိုင်ချင်သေးတယ်၊ စိတ်ကူးယဥ်နေလိုက်။
“လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
လီရှောက်ယွင် စိတ်ပျော်နေပေသည်။
စကားပြောပြီးနောက်တွင် မုံ့လင်းသည် လူများအားဝိုင်း ပြင်ခိုင်း၏။ သူ၏ ဘေးရှိ ရှောင်ချင်းသည် ယခုထိ စိတ်ရှုပ်ထွေးနေပြီး အခြေအနေကို နားမလည်နိုင်သေးပေ။ အစောပိုင်းက သူတို့သည် သူမအား လောင်းကြေးအနေဖြင့် သုံးမည်ဟု သေချာပေါက် ပြောခဲ့သော်လည်း အဘယ်ကြောင့် ရုတ်ချည်းဆိုသလို ခြေလက်များကို လောင်းကြေးထပ်ကြသနည်း။
ကျင်းယွင်ကျောင်းအား ကြည့်ကာ ရှောင်ချင်းသည် သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်သည်။
ဘာလို့လဲ။ ငါက ဘာလို့ ဒီကောင်မလေးနဲ့ ယှဥ်လို့ မရတာလဲ။
ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်၏ လောင်းကစား စွမ်းရည်ကို အနည်းငယ် နားလည်ထားသည်။ မုံ့လင်းနှင့် ရှောင်ချင်း မရောက်ခင်က သူတို့ သုံးဦးသား ခဏတာ ကစားခဲ့ဖူး၏။ သူမနှင့် လီရှောက်ယွင်သည် တစ်ကြိမ်မျှ အမှား မလုပ်သဖြင့် ခဏတာ ကစားပြီးနောက်တွင် သူတို့ အနည်းငယ် ပျင်းလာခဲ့ကြသည်။
ဤသည်မှာ သူတို့တွင် အလွန် အံ့သြဖွယ်ကောင်းသော လောင်းကစား စွမ်းရည်ရှိသောကြောင့် မဟုတ်ပေ။ သူတို့သည် ကိုယ်ခံပညာများ တတ်မြောက်ထားသောကြောင့် သာမန်လူများထက် အကြားစွမ်းရည် ပိုကောင်းသောကြောင့်သာ ဖြစ်သည်။ ဤနေရာသည် ကာစီနို မဟုတ်သောကြောင့် ခမ်းနားသော လောင်းကစား နည်းလမ်းများ သိပ်မရှိချေ။ လောင်းကြေး ကြီးခြင်း၊ သေးခြင်း အပေါ်သာ မူတည်သည်။
မုံ့လင်း မည်မျှပင် အတွေ့အကြုံရှိပါစေ၊၊ သူသည် သာမန် လူတစ်ယောက်သာ ဖြစ်ပြီး ဤကဲ့သို့ရှုပ်ထွေးသော အခြေအနေမျိုးတွင် သူ၏ အမှားလုပ်နိုင်ချေသည် အလွန် မြင့်မားပေသည်။ ထို့ကြောင့် သူမ၏ အမြင်တွင် နှိုင်းယှဥ်စရာ မရှိဟု မြင်မိ၏။ ထို့အပြင် လီရှောက်ယွင် နိုင်ခဲ့လျှင်ပင် ဤမုံ့လင်းသည် အေးအေးချမ်းချမ်း လက်ခံမည်လော။ လူအုပ် တောင့်သောကြောင့် ထွက်ပြေးချင်လျှင် ထွက်ပြေးရန် လွယ်ကူလှပေသည်။
သို့သော် ဤကိစ္စကို လီရှောက်ယွင် မသိစရာအကြောင်း မရှိ။ သူသာ ဆက်လက်အလောင်းအစား လုပ်ချင်လျှင် သူ့တွင်အကြောင်းအရင်း ရှိသောကြောင့်သာ ဖြစ်မည်။
ကျင်းယွင်ကျောင်းမှ လောကကြီးနှင့် အဆက်ပြတ်နေချိန်တွင် သူ့ အရှေ့မှ စားပွဲဝိုင်းအား ရှင်းလင်းထားပြီး ဖြစ်သည်။ သခင်လေး မုံ့လင်းသည် အနိုင်ရရှိပြီး သူ ကဲ့သို့ ယုံကြည်ချက် အပြည့်ဖြင့် ...
“ရိုးရိုးရှင်းရှင်းပဲ ကစားတာပေါ့။ မိန်းမလှလေး နှစ်ယောက်က အံစာကို ခေါက်မယ်။ မှန်မှန် ခန့်မှန်းနိုင်တဲ့ သူက နိုင်မယ်”
မုံ့လင်း၏ စကားထွက်ပြီးသည်နှင့် ရှောင်ချင်း၏ မျက်လုံးများ တောက်ပသွားသည်။
“ဒါဆို ကျွန်မ လုပ်ပြီနော်”
ထို့သို့ ပြောပြီးနောက် သူမ၏ မျက်နှာလေး နီမြန်းသွားပေသည်။
ကျင်းယွင်ကျောင်းမှာမူ ပုခုံးသာ တွန့်ကာ အရေးမကြီးဟု ပြောလိုက်သည်။ မုံ့လင်း၏ မျက်မှောင် ကြုတ်သွားသော်လည်း ဘာစကားမျှ သိပ်မပြောချေ။
Space and Rebirth - 476
Trans: Esth
မုံ့လင်းသည် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ရှောင်ချင်းသည် အံစာတုံးကို ချက်ချင်းကောက်ကာ ခေါက်လိုက်၏။ သူမက သေရည်များစွာ သောက်သုံးထားသဖြင့် အင်အားများစွာသုံးမိလိုက်လေသည်။ ခဏအကြာတွင် သူမ အံစားခေါက်ခြင်း ပြီးဆုံးသွားလေသည်။
သို့သော် သူမသည် အံစာတုံးအား စားပွဲပေါ်ချလိုက်သည်နှင့် ထပ်မံ လှုပ်ရှားပြန်သည်။ သူမ၏ မျက်လုံးကို မှေးလိုက်ကာ ချစ်စရာ အပြုံးတစ်ပွင့်အား လှစ်ဟာပြလိုက်သည်။
မုံ့လင်းသည် သူမကို ကြည့်ပြီး စိတ်ထဲ၌ ရွံရှာမှုများ တဖွားဖွား တိုးလာ၏။ သူသည် အမျိုးသမီးများစွာကို အရသာခံခဲ့ဖူးပြီး အမျိုးအစားလည်း စုံခဲ့ပေသည်။ ဤရှောင်ချင်းမှာ သူ၏ အရှေ့တွင် ပုန်းစရာနေရာ မရှိပေ။ အခြားအချိန်သာ ဖြစ်ခဲ့လျှင် သူသည် ဤသို့သော အမျိုးသမီးဖြင့် ကစားရန် စိတ်အခြေအနေ ပေးလောက်ပေသည်။ သို့သော် ကျင်းယွင်ကျောင်းကို တွေ့ပြီး ရှောင်ချင်းအားကြည့်လိုက်သောအခါ သူ့တွင် ဘာအတွေးမျှ မရှိတော့ချေ။
သူမသည် ရိုးသားပြီး အပြစ်ကင်းစင်ပုံပေါက်သော်လည်း အလှဂုဏ် ဖော်ရသည်ကို နှစ်သက်ပေသည်။ သူမ၏ အပိုလုပ်မှုသည် အနည်းငယ်လွန်လွန်းလှသည်။
သို့သော် ရှောင်ချင်းမှာ ၎င်းကို သတိထားမိပုံမပေါ်ပေ။ သူမသည် အံစာတုံးအား ချပြီး ချိုသာစွာ ပြောလိုက်သည်။
“ခန့်မှန်းကြည့်။ လူဆိုးကြီး၊ ရှင့်ကို မကူညီလို့ဆိုပြီး အပြစ်မတင်နဲ့နော်။ အခုလေးတင် ရှင့်အနား တမင်ကပ်လိုက်တာ”
သူမက ကျေးဇူး အတင်ခံချင်နေသည့်ပုံပေါက်သည်။ ကျင်းယွင်ကျောင်းမှ မျက်မှောင်ကြုတ်ကာ ရွံရှာဟန်ဖြင့် ပြောလိုက်၏။
“ညစ်ဖို့ စဥ်းစားမနေနဲ့။ နောက်တစ်ခါ ပြန်လုပ်”
လီရှောက်ယွင် အနားကို ပိုကပ်တယ်ပေါ့။ လီရှောက်ယွင်အတွက် ညစ်ပေးမယ်လို့ပြောတာလား။
သူမ အမှား မဟုတ်ဟု ကျင်းယွင်ကျောင်း ထင်ခဲ့သည်။ လီရှောက်ယွင် ရှုံးသည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူမသာ ဤကဲ့သို့ပြုမူပါက မုံ့လင်းသည် သူရှုံးလျှင်ပင် အရှုံးကို လက်ခံမည် မဟုတ်။
“ဘာလို့လဲ၊ ကောင်မလေးရဲ့။ ငါ့ကိုချည်းပဲ အပြစ် ရှာမနေနဲ့၊ ဟုတ်ပြီးလား။ ငါ့ဘာသာ ငါ အဆင်ပြေနေတာ။ ပြီးတော့ အဲ့လူဆိုးကိုတောင် ကူညီပေးထားတာကို”
ရှောင်ချင်းက ထပ်ပြောပြန်သည်။
ကျင်းယွင်ကျောင်း တွေ့ခဲ့သမျှ လူများထဲတွင် သူသဘောမကျသော လူအရေအတွက်သည် နည်းလှသည် မဟုတ်သော်လည်း ဤရှောင်ချင်းမှာမူ ထိုလူများထဲတွင် ထိပ်ဆုံးနေရာ၌ ရှိ၏။ သူသည် သူမအား အေးတိအေးစက်ဖြင့် ကြည့်ပြီး ...
“ပြန်လုပ်ရင် လုပ်၊ မလုပ်ရင် အစ်မ ယွင်ကို ခေါ်ပြီး နင့်ကို ပြန်ခေါ်သွားခိုင်းမယ်၊ သဘောပဲ”
ဟု ပြောလိုက်သည်။
ရှောင်ချင်းသည် ထိုစကားကို ကြားသောအခါ မျက်လုံးထဲတွင် မျက်ရည်များ စို့လာပြီး ပြောလိုက်၏။
“အင်းပါ...သိပါပြီ။ ပြန်လုပ်တာပေါ့၊ ဘာဖြစ်လဲ...”
သူမ ပြောပြောဆိုဆိုဖြင့် အံစာခွက်အား ထပ်ကောက်လိုက်ပြီး အားပြင်းပြင်း ခေါက်လိုက်သည်။ သူမ စိတ်လည်း ကြည်မနေသောကြောင့် အံစာတုံးအပေါ် ဒေါသ ပုံချလိုက်လေ၏။ မသိလျှင် အံစာတုံးအား အပိုင်းပိုင်းအစစ ဖြစ်အောင် ချခွဲချင်သလိုမျိုးပင်။ သူမ ပြီးသည်နှင့် ကျင်းယွင်ကျောင်းကို ကြည့်ကာ တမင် မဲ့ပြလိုက်သည်။
ကျင်းယွင်ကျောင်းက ကျွတ်စုတ်လိုက်၏။ ဤမိန်းကလေးသည် ကုစရာဆေး မရှိလောက်သည်ထိ ပိန်းတိန်းလွန်းသည်။ လူတိုင်းကို သူမကဲ့သို့ အရူးများ မှတ်နေသည်လော။ အခြားသူများကို သူမ၏ ချစ်စရာကောင်းမှုထဲ နစ်မြောပြီး သူမကို ထူးခြားသည်ဟု မြင်မည်များ ထင်နေလော။ တစ်ရက်ရက်တွင် တစ်စုံတစ်ယောက်၏ ချောင်းရိုက်ခြင်းကို ခံရပေတော့မည်။
ဤအချိန်တွင် မုံ့လင်း၏ အကြည့်များသည် လေးနက်နေ၏။ သူသည် ဘေးရှိ စာရွက်ပေါ်တွင် နံပါတ်တစ်ခုအား ရေးချလိုက်သည်။ လီရှောက်ယွင်လည်း ဖြည်းဖြည်းချင်း ရေးပြီးသွားသည်။ ထို့နောက်တွင် ရှောင်ချင်းသည် လူ နှစ်ဦးထံမှ စာရွက်များကို ချက်ချင်း ယူလိုက်၏။ ၎င်းတို့ကို ဖွင့်ကြည့်ပြီးသည်နှင့် သူမ ပြောလိုက်သည်။
“သခင်လေး မုံ့က ၁၈ မှတ်လို့ မှန်းပြီး။ လူဆိုးကြီးက ၂၂ မှတ်လို့ မှန်းထားတယ်။ ဘယ်သူ မှန်လောက်မလဲ။ ကဲ၊ အဖြေကို ကြည့်ကြတာပေါ့!”
သူမဘာသာ စကားပြောပြီးနောက်တွင် အံစာခွက်ကို ဖွင့်လိုက်လေသည်။
သို့သော် သခင်လေး မုံ့သည် အံစာတုံးကို မြင်လိုက်သည်နှင့် မျက်နှာ တစ်ခုလုံး မည်းမှောင်ကျသွားတော့၏။ သူ အမှား လုပ်မိလေပြီ။ အဓိက အချက်မှာ သူသည် ဤလီမျိုးနွယ်ကောင်မှ မှန်မှန် ခန့်မှန်းနိုင်မည်ဟု မထင်ခဲ့ခြင်းပေ။ ယုတ္တိရှိရှိ ပြောရလျှင် သူသည် တစ်မှတ်၊ နှစ်မှတ်ဖြင့် ကပ်မှားလျှင်ပင် ဘယ်လိုမှ ခံစားရမည် မဟုတ်ပေ။
လီရှောက်ယွင်သည် မျက်မှောင်ကြုတ်ပြီး နဖူးကိုပွတ်ကာ ပြောလိုက်သည်။
“ဆက်လုပ်ကြမယ်။ ဒါကို မြန်မြန် အပြီးသတ်ရအောင်”
မုံ့လင်းသည် ပို၍ပင် အရှက်ရသွားသည်။
“ဒီတစ်ခေါက် ငါ အမှား လုပ်မိသွားတာ။ မင်းအခေါက်တိုင်းတော့ မနိုင်နိုင်ပါဘူး”
သူ စကားပြောပြီးသည်နှင့် ဒုတိယ တစ်ချီ ပြန်စပြန်သည်။
လီရှောက်ယွင်ကို ကြည့်ရသည်မှာ ပျင်းနေပြီး ပြိုင်ဆိုင်လိုစိတ် သိပ်မရှိပေ။ တစ်ဖက်တွင်မူ မုံ့လင်းသည် ပထမအချီကို ရှုံးထားသောကြောင့် အထူး အာရုံစိုက်နေ၏။ သို့သော် ဒုတိယအချီတွင် နံပါတ်များ ထွက်လာသောအခါ သူသည် တစ်မှတ်မျှ ကွာခြားနေပြီး လီရှောက်ယွင်မှာတော့ ကွက်တိ မှန်းနိုင် ပြန်လေသည်။ သူ ရေးထားသော ဂဏန်း ပေါင်းစပ်ပုံကအစ မှန်နေ၏။
“လခွမ်းလိုပဲ၊ ဒီမိန်းမတော့။ မင်း ဒါကို ဘာလုပ်ထားသေးလဲ”
မုံ့လင်းသည် ရုတ်ချည်းဆိုသလို အရှက်ကင်းမဲ့စွာဖြင့် ရှောင်ချင်းအား ပါးရိုက်ချလိုက်လေသည်။