အခန်း (၄၇၇-၄၈၀)
Vol. 24 Ch. 477-480
Space and Rebirth - 477
Trans: Esth
အစောပိုင်းကပင် ရှောင်ချင်းသည် လီရှောက်ယွင်အား ညှို့ငင်အား အပြည့်ဖြင့် ကြည့်နေသေး၏။ ရုတ်ချည်းဆိုသလို သူမသည် မုံ့လင်း၏ ရိုက်ချက်ကြောင့် သုံးပတ်ခန့် လည်သွားလေသည်။ သူမသည် ကြယ်များ၊ လများပင် မြင်သွားသကဲ့သို့ဖြစ်ကာ မြေပြင်ပေါ် လဲကျသွားတော့၏။
မုံ့လင်းသည် သူမအား သည်းခံနေသည်မှာ အတော်ကြာပြီဖြစ်သည်။ သူ၏ လက်အောက်ခံအနေဖြင့် သူမသည် အပြင်လူ တစ်ဦးဘက်သို့ ပါသည့်အပြင် လီရှောက်ယွင်အားလည်း တဏှာ မျက်လုံးများဖြင့် ကြည့်လိုက်သေးသည်။ သူ့ကို သေပြီဟုများ ထင်နေသလော။
ရှောင်ချင်းမှ အံစာတုံးကို မညစ်ထားမှန်း မုံ့လင်းအလိုလို သိပေသည်။ သူမတွင် ထိုသို့လုပ်ရန် အခွင့်အရေးလည်း မရှိသလို လုပ်နိုင်စွမ်းလည်း မရှိချေ။ သို့သော် ယခုတွင် သူ့အတွက် ထွက်ပေါက်ရနိုင်ရန် တစ်စုံတစ်ယောက်ကိုတော့ စတေးရပေမည်။
ရှောင်ချင်းသည် ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သောအခါ မုံ့လင်း၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရသည်။ သခင်လေး မုံ့လင်းအား စိတ်ငြိမ်စေရန် လာရောက် နှစ်သိမ့်ကြသော မိန်းမပေါင်း များစွာကိုလည်း မြင်လိုက်ရ၏။ သူမ၏ နှလုံးသား တုန်လှုပ်သွားလေသည်။
“ကျ-ကျွန်မ မလုပ်ပါဘူး...”
ရှောင်ချင်း မတရားသလို ခံစားလိုက်ရသည်။
သူမ လူဆိုးကြီးအား ကြည့်သည့်အကြောင်းရင်းမှာ သူသည် အမှန်ပင် မျက်စိ အစာကျွေးစရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤသည်မှာ သူမ၏ အလုပ်စဝင်သောနေ့ ဖြစ်သော်လည်း သခင်လေး မုံ့သည် မိန်းမလိုက်စားသော လူဟု အစ်မ ယွင်ဆီမှ ကြားထားသည်။ သူမသည် ထိုသို့သော သူမျိုးကို အမုန်းဆုံး ဖြစ်၏။ ထို့ကြောင့် သူမသည် အဘယ်သို့ သခင်လေး မုံ့ဘက်တွင် ပါနိုင်မည်နည်း။
“မင်းကများ မလုပ်ဘူးလို့ ပြောတယ်။ ဝန်မခံချင်ဘူးပေါ့လေ။ မင်းကို သင်ခန်းစာ ပေးရမယ်”
သခင်လေး မုံ့မှ မှုန်တေတေဖြင့် ပြောလိုက်သည်။ သူ စကား ဟလိုက်သည်နှင့် တစ်စုံတစ်ယောက်မှ ရှောင်ချင်းအား ဆွဲခေါ်သွားတော့၏။
ရှောင်ချင်းသည် အချိန်တိုအတွင်း အန္တရာယ်ထဲသို့ ကျရောက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူမသည် ချက်ချင်း ကုတ်ခြစ် ကန်ကျောက်ရင်း ပြောလိုက်သည်။
“လူဆိုးကြီး၊ ကျွန်မကို ကယ်ပါဦး။ ရှင့်ကြောင့် ကျွန်မ အနိုင်ကျင့်ခံနေရတာ”
လီရှောက်ယွင် မျက်ခုံးပင့်ကြည့်လိုက်သည်။ သူသည် ကျောက်ဆောင် တစ်ခုကဲ့သို့ လုံးဝ မရွေ့ချေ။
ကျင်းယွင်ကျောင်းမှာ ပို၍ပင် စိတ်ရှုပ်ထွေးနေသေးသည်။ မုံ့လင်းသည် ရှောင်ချင်းကို သင်ခန်းစာပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ရှောင်ထွက်သွားသည်မှာ သိသာသည် မဟုတ်လော။ သူ့တွင်နိုင်ချေ မရှိသည်ကို သိသွားသောကြောင့် ထွက်သွားရန် တမင် အကြောင်းရှာခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် လီရှောက်ယွင်သည် သူ့အား အဘယ်ကြောင့် မတားသနည်း။
မုံ့လင်း၏ မျက်နှာ အသွင်အပြင်သည် အလွန်အကျည်းတန်နေသည်။ သူသည် ရှောင်ချင်းအား ဓာတ်လှေကားထဲသို့ ဆွဲခေါ်ရန် တစ်ယောက်ယောက်အား ခိုင်းလိုက်သည်။
“လီရှောက်ယွင်နဲ့ တခြား နှစ်ယောက်ဆီ တစ်ခုခု ပို့ပေးဖို့ အစ်မ ယွင်ကို ပြောလိုက်စမ်း”
သူသည် ကျင်းယွင်ကျောင်းအား ရတနာတစ်ခုကဲ့သို့ သဘောထား ဆက်ဆံသော်လည်း သူမသည် သူ့အား ထပ်ခါထပ်ခါ မျက်နှာသာ မပေးပေ။ ထိုသို့ဖြစ်သောကြောင့် သူလည်း ဤအမျိုးသမီးအား မလိုချင်တော့။
ထိုအမိန့်ပေးပြီးနောက် မုံ့လင်းသည် ယုတ်မာသည့်အသံဖြင့် ရယ်မောပြီး ရှောင်ချင်းအား အောက်ထပ်ရှိ သီးသန့် အခန်း တစ်ခုသို့ ဆွဲခေါ်သွားတော့၏။ သူမအား ထိုအခန်းထဲသို့ ပစ်ထည့်ပြီးနောက် စက္ကန့်ပိုင်းအတွင်း သူ၏ နက်ကတိုင်အား ဆွဲချွတ်လိုက်သည်။
ရှောင်ချင်းသည် ၎င်းကို တွေ့ပြီး အကြောက်တရားဖြင့် မျက်နှာတွင် သွေးဆုပ်သွားလေသည်။ သူမ လျင်မြန်စွာ အော်လိုက်၏။
“မလာနဲ့။ ရှင် ဘာလုပ်နေတာလဲ။ လူဆိုးကြီး...လူဆိုးကြီး၊ ကျွန်မကို ကယ်ပါဦး...”
“သောက်ရူးမ”
မုံ့လင်း တံတွေး ထွေးလိုက်သည်။ အစက သူသည် လီမျိုးနွယ်ကောင်မှ ရှောင်ချင်းအား မျက်စိကျသွားသည်ဟု ထင်ခဲ့သော်လည်း ခဏတာ ကြောင်အ,ပြီးနောက်တွင် ဤမိန်းမကသာ စိတ်ကူးယဥ်နေမှန်း သူ သိလိုက်လေသည်။ ရှက်စရာပင်။
သို့သော် ရှောင်ချင်းမှာမူ ထိုသို့ မထင်ချေ။ ယခု ဤအချိန်တွင်ပင် တုနှိုင်းမရလောက်အောင် ချောမောသော ထိုအမျိုးသားသည် သေချာပေါက်ပေါ်လာလိမ့်မည်ဟု သူမ ထင်နေဆဲ ဖြစ်သည်။
သူမ၏ ရည်းစားသည် သူမအား နတ်သမီးလေးနှင့်တူသည်ဟု ပြောခဲ့သည်။ သူမလည်း ထိုကဲ့သို့ထင်သည်။ ထို့ကြောင့် သူမ ဘာလုပ်လုပ် အကောင်းဆုံးသာ ဖြစ်သည်။ ထို့အပြင် ထိုလူဆိုးကြီးသာ သူမအပေါ် စိတ်ဝင်စားမှု မရှိလျှင် သူမအား အဘယ်ကြောင့် ကူညီမည်နည်း။
သူမကို သဘောကျနေသောကြောင့် ကူညီခြင်းသာဖြစ်မည်။ ထို့အပြင် ထိုမိန်းကလေးလည်း ရှိနေသောကြောင့် သူသည် စိတ်ရှိ လက်ရှိ မလာနိုင်ခဲ့ခြင်း ဖြစ်လောက်သည်။ မိနစ် အနည်းငယ်ကြာသောအချိန်တွင် သူ့တွင် လုပ်စရာ တစ်ခု ရှိသည်ဟုဆိုကာ သူမ၏ ရှေ့မှောက်သို့ နတ်ဘုရား တစ်ပါးနှယ် ဆင်းသက်လာလိမ့်မည်...
ရှောင်ချင်းသည် စိတ်ကူးယဥ်ကာ အာခေါင်ခြစ်အော်ဟစ်နေသည်။ သူမသည် သီးသန့်ခန်းထဲရှိ ဆိုဖာပေါ်မှ ကမန်းကတန်း ထပြီး ခေါင်းအုံး တစ်ခုကို ဆွဲယူကာ မုံ့လင်းထံသို့ ဆက်တိုက်ပစ်နေ၏။
အချိန် ဆွဲထားချင်သောကြောင့် ဖြစ်သည်။ မကြာခင်တွင် သူမအား ကယ်တင်မည့် လူ လာလိမ့်မည်။ အခြား ယောက်ျားများမှ သူမအား ချည်းကပ်နေသည်ကို သူမ အလွန်ရွံရှာမှန်း ထိုသူမြင်မှ ဖြစ်မည်။
ရှောင်ချင်းသည် ထိတ်ပြာနေပြီး စိတ်ပူပန်နေသော်လည်း တစ်ပြိုင်နက်တည်း ရင်ခုန် စိတ်လှုပ်ရှားနေမိသည်။ ထိုယောက်ျားအား စမြင်သည်မှစ၍ သူမ ရင်မခုန်ဘဲ မနေနိုင်ချေ။ ထိုကဲ့သို့ ထူးချွန်သော လူမျိုးကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုသူသည် လှုပ်ရှားမှု မရှိဘဲ ဤအတိုင်း ထိုင်နေလျှင်ပင် သူမ၏ ရင်ခုန်သံအစုံကို ပိုမြန်စေနိုင်လေ၏။
Space and Rebirth - 478
Trans: Esth
ရှောင်ချင်း၏ တုံ့ပြန်ပုံကြောင့် မုံ့လင်း ပို၍ပင် စိတ်မရှည်တော့ချေ။ ယခင်ကဆိုလျှင် ဤကဲ့သို့သောအမျိုးသမီးအား သူ စိတ်ဝင်စားကောင်း ဝင်စားလိမ့်မည်။ သို့သော် ယခုမူ ထိုသို့ မဟုတ်တော့ချေ။ သူသည် သိက္ခာရှိ သခင်လေး မုံ့ ဖြစ်နေလေပြီ။ ကျင်းယွင်ကျောင်းမှ သူ့အား ဂရုမစိုက်သည်မှာ ကိစ္စမရှိသော်လည်း တော်ဝင်မိသားစု၏ သခင်လေး တစ်ယောက်အား ဤကဲ့သို့ ဆက်ဆံနိုင်ပါသလော။
ရှောင်ချင်း ပစ်ပေါက်လိုက်သော ခေါင်းအုံးအားဖမ်းမိသည်နှင့် သူသည် ၎င်းကို မြေပြင်ပေါ် လွှင့်ပစ်လိုက်သည်။ နောက်စက္ကန့်ပိုင်း အတွင်းတွင် သူသည် မိမိကိုယ်ကို ထိန်းမနေတော့ဘဲ သူမဆီသို့ အလျင်အမြန် သွားကာ ကောင်းကောင်း ရိုက်တော့သည်။
အမျိုးသမီးတစ်ဦး၏ အင်အားမှာ အမျိုးသား တစ်ယောက်ထက်များစွာ အားနည်းပေသည်။ ထို့အပြင် မုံ့လင်းသည် အမျက် ဒေါသကြီးနေသော အခြေအနေတွင် ရှိနေသေးသည်။ ထို့ကြောင့် ရှောင်ချင်းသည် သူ့ အောက်တွင် ခွေလဲကျသွားရန် အချိန် သိပ်မကြာလိုက်ပေ။ သူမ၏ လက်များသည် တင်းကြပ်စွာ အောက်သို့ ဖိချထားပြီး သူမ၏ မျက်နှာမှာလည်း ပါးရိုက်ချက်များကြောင့် အကျည်းတန်စွာ နီမြန်းနေ၏။ သောက်ထားသော အရက်ရှိန်ကြောင့် သူမသည် ပို၍ လေးလံမူးဝေသွားသည်။
သူမ ခန္ဓာကိုယ်တွင်ရှိနေသော မစို့မပို့ အဝတ်အစားများသည် ချက်ချင်းပင် ဆုတ်ဖြဲခံလိုက်ရသည်။ ဤအဝတ်အစားများ၏ ဒီဇိုင်းသည် အလွန်ထူးခြားပေသည်။ မုံ့လင်းသည် ပန်းချွေသည့် နေရာ၌လည်း ဆရာကြီး ဖြစ်သည်။ ထို့ကြောင့် အချိန်ပိုင်းအတွင်းတွင် သူမသည် လုံးဝ ဝတ်လစ်စားလစ် ဖြစ်သွားတော့သည်။
ရှောင်ချင်းသည် လေထဲရှိ အအေးဓာတ်အား ထိတွေ့လိုက်ရသောကြောင့် တုန်ယင်သွား၏။
သူ ဘာလို့ အခုထိ မရောက်သေးတာလဲ...
သူ အဘယ်ကြောင့် မရောက်သေးရသနည်း။ သူမတွင် အဝတ်အစားများ ကင်းမဲ့ကုန်လေပြီ။ သူအခုမလာလျှင် အရာ အားလုံး နောက်ကျသွားချေတော့မည်....
သူမသည် တံခါးကို စူးစိုက် ကြည့်နေသော်လည်း တံခါးမှာ တုပ်တုပ်မျှမလှုပ်ချေ။ ရုတ်တရတ်ဆိုသလို သူမ၏ ခန္ဓာကိုယ် အတွင်းမှ နာကျင်မှုများ တဟုန်ထိုး ထွက်လာလေသည်။ သူမ၏ တစ်ကိုယ်လုံးတုန်ယင်သွားပြီး ကြောက်စိတ်ဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။
ဇာတ်သိမ်းသွားချေပြီ။
“ဒီကောင်မက တကယ် အဆော်ခံချင်နေတာပဲ။ အဲ့လီမျိုးနွယ် ကောင်စုတ်ကို ကြိုက်နေတာ မှတ်လား။ ဟုတ်ပြီလေ၊ ငါ မင်းကို သင်ခန်းစာ ပေးလို့ ဝတာနဲ့ အဲ့ကောင်ကို ပြန်ကြည့်လို့ရအောင် မင်းကို အပေါ်ပြန်ခေါ်သွားပေးမယ်”
မုံ့လင်းသည် အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။ သူ၏ လှုပ်ရှားမှုများတွင် နူးညံ့မှုအရိပ်အယောင် မတွေ့ရချေ။ ရှောင်ချင်းသည် အံကြိတ်ငိုလိုက်၏။ ဤသို့ မဖြစ်သင့်ပေ။ ဤသို့အဆုံးသတ်သင့်သည်မဟုတ်ပေ။ ထိုသူသည် သူမအား လာကယ်ရမည် မဟုတ်လော။
သူမသည် အရာ အားလုံးကို နာကျင်စွာတောင့်ခံလေသည်။ ထိုအခိုက်အတန့်တွင် လီရှောက်ယွင်သည် ရုတ်တရတ် ပြုံးလိုက်၏။ သူ၏ လက်ကိုမြှောက်ပြီး နာရီကို ကြည့်လိုက်သောအခါ ညဘက် ၁၀ နာရီအတိဟု နာရီလက်တံမှ ညွှန်ပြနေ၏။
နောက်စက္ကန့်ပိုင်း အတွင်းတွင် အဆောက်အဦးတစ်ဝိုက်၌ ရဲကား ဥသြသံများ ညံသွားလေသည်။
အချို့ စစ်သားများသည် လက်ထဲတွင် သေနတ်များကို ကိုင်ဆောင်ပြီး ဓာတ်လှေကားထဲ ဝင်လာကာ လေပေါ်သို့ နှစ်ချက်မျှ ပစ်လိုက်၏။ ထိုအခါ လူတိုင်းသည် ကြောက်ဒူးတုန်ကုန်ကြသည်။ ထိုမှသာ စစ်သားများသည် အေးတိအေးစက်ဖြင့် စကားစပြောလိုက်သည်။
“လက်တွေကို ခေါင်းပေါ်မှာ တင်ထား။ မဟုတ်ရင် အားလုံး ဒုက္ခ ရောက်ကုန်မယ်”
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်း အနည်းငယ်တုန်လှုပ်သွားသည်။ ဤလူများသည် အနည်းငယ်ကြမ်းတမ်းသည်ဟု သူမ ထင်မိ၏။ ဘာတွေဖြစ်နေကြသနည်း။
မုံ့လင်း၏ ဦးလေးသည် နင်း မြို့တော်၏ ခေါင်းဆောင် မဟုတ်သလော။ ယုတ္တိရှိရှိ ပြောရလျှင် ဤထဲသို့ မည်သည့် ရဲအရာရှိမှ လာရဲမည်မဟုတ်ချေ၊ စစ်သားများသည်လည်း ထိုကဲ့သို့ပင်မဟုတ်လော။
“သခင်လေး လီ”
ကျင်းယွင်ကျောင်းမှ သံသယ ရှိနေသော လေသံဖြင့် မေးလိုက်သည်။
“ပွဲစတော့မယ်။ ကျေနပ်ရဲ့လား”
လီရှောက်ယွင်သည် မြေခွေးအို တစ်ကောင်ကဲ့သို့ ပြောလိုက်သည်။
ကျင်းယွင်ကျောင်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသေး၏။
“ဒီလူတွေကို ဒီနေရာ ခေါ်လိုက်တဲ့ လူက ရှင်လား”
“ဒီနေရာက ရာဇဝတ် ဝိုင်း မဟုတ်ဘူးလား။ အဲ့တော့ ဒီနေရာကို ရှင်းထုတ်ဖို့ဆိုတာ ဖြစ်သင့်တာပဲလေ”
လီရှောက်ယွင်သည် စကားလည်း ပြောရင်း သူ၏ သေရည်ခွက်အားလည်း ဖြည်းညှင်းစွာ မြှောက်လိုက်၏။ သို့သော် သူ သောက်ခါနီးတွင် ထူးဆန်းသော အနံ့ တစ်ခုကို ရလိုက်သည်။ သူ၏ နှုတ်ခမ်းစမှ အပြုံး တစ်ခု ကွေးညွှတ်သွားပြီး မသိသလို ဟန်ဆောင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
ဤအခိုက်အတန့်တွင် ရုတ်တရတ် ရောက်ရှိလာသော စစ်သားများသည်လည်း အလွန် ထူးဆန်းနေပေသည်။ သူတို့သည် ၉ လွှာအောက်ရှိ လူများအားလုံးကို ဖမ်းလိုက်လေ၏။ သူမ၊ လီရှောက်ယွင်နှင့် တုလင်းတို့သာ ၉ လွှာတွင် ကျန်ခဲ့သော အချိန်မှ သူတို့သည် သူမတို့အား ကြည့်ပြီး ချောင်းဟန့်လိုက်သည်။ ထူးဆန်းသော အပြုံးနှင့်အတူ သူတို့သည် အနောက်သို့ လှည့်ပြီး အောက်သို့ ဆင်းသွားတော့၏။
အလွန် သိသာနေသောကြောင့် ဤကိစ္စကို သံသယဝင်နေစရာ မလိုတော့ချေ။ သို့သော် ကျင်းယွင်ကျောင်းသည် ယခင်က သူ့အား လူမိုက်ဟု ထင်ခဲ့ဖူးသည်။ ယခုတွင် သူသည် ဆန့်ကျင်ဘက် ဖြစ်နေလေ၏။ သူကဲ့သို့ စိမ်ပြေ နပြေ ရှိသော စစ်သား တစ်ဦးမှာ အနည်းငယ် မူမမှန် ဖြစ်နေရုံသာ ဖြစ်သည်။
“အောက်ဆင်းပြီး သွားကြည့်ကြရအောင်။ ပထမထပ်က အခုချိန်လောက်ဆို လူစည်နေလောက်ပြီ”
လီရှောက်ယွင်သည် အမျိုးကောင်း ပီသသည့် ဟန်ပန်ဖြင့် လက်တစ်ဖက် ကမ်းပေးလိုက်လေသည်။
Space and Rebirth - 479
Trans: Esth
အောက်ထပ်ရှိ ထည်ဝါသောခန်းမထဲတွင် လူများဖြင့် ပြည့်နှက်နေသည်။ ရဲများသည် ကွန်ပြူတာများမှတဆင့် လိုအပ်သော အချက်အလက်များကို ရယူပြီးဖြစ်၏။ ထွက်လာသော တရားခံစာရင်းသည် မနက်ဖြန်လောက်ဆိုလျှင် နင်း မြို့တော်တစ်မြို့လုံးသာမက တစ်နိုင်ငံလုံးကိုပါ လှုပ်ခါနိုင်စွမ်း ရှိလေသည်။
ကလပ်ထဲတွင် အထပ်ပေါင်း ၉ ထပ်ရှိပြီး ရာချီသော သီးသန့်ခန်းများဖြင့် ဖွဲ့စည်းထားသည်။ ထိုအခန်းများထဲတွင်ရှိ မရေတွက်နိုင်အောင် များပြားသော အမျိုးသား၊ အမျိုးသမီးများထဲတွင် ဝန်ထမ်းများသာမက အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရာဂဏန်းထိရှိနေကြ၏။
“ခွေးမျိုးတွေ။ မင်းတို့ကို ဘယ်သူ ဝင်ခွင့်ပေးလို့လဲ။ ငါ့ ဦးလေး ဘယ်သူလဲဆိုတာ မင်းတို့ သိလား"
ကျင်းယွင်ကျောင်းသည် အောက်ထပ်သို့ ဆင်းသည်နှင့် မုံ့လင်း၏ ဟိတ်ဟန်ကြီးပြီး ဒေါသပုန်ထနေသော အသံကို ကြားလိုက်ရသည်။ သူ၏ ဘေးတွင်မူ ဖရိုဖရဲ ဖြစ်နေသော အမျိုးသမီး တစ်ဦး ရှိ၏။ ထိုအမျိုးသမီးမှာ ရှောင်ချင်းအပြင် မည်သူ ဖြစ်နိုင်သေးသနည်း။
ရှောင်ချင်းသည် သူ့အား ရွံရှာစက်ဆုပ်သောအကြည့်ဖြင့် ကြည့်နေလေ၏။ သူမကို တားဆီးသော လူတိုင်းကို လျစ်လျူရှုပြီး လီရှောက်ယွင်ထံ တဟုန်ထိုး ပြေးသွားတော့သည်။
“ကျွန်မကို ဘာလို့ လာမကယ်တာလဲ။ ရှင့်ကို မုန်းတယ်”
လီရှောက်ယွင်သည် သူမအား ကြည့်တောင် မကြည့်ချေ။ သူသည် ကျင်းယွင်ကျောင်းနှင့်အတူ ထိုနေရာသို့ လျှောက်လာလိုက်သည်။
“သူ့ကို...”
လီရှောက်ယွင်ရှေ့တွင် ရပ်နေသော အရာရှိ တစ်ဦးမှ ရှောင်ချင်းအား လက်ညှိုး ထိုးကာ ပြောလိုက်သည်။
“သူ့ကို လွှတ်ပေးရမှာလား”
“ဒီကို လာတာ ပြည့်တန်ဆာတွေကို ရှောင်တခင်ဖမ်းဖို့ မဟုတ်ဘူးလား။ အဲဒါကို သူ့ကို လွှတ်ပေးသင့်တယ်လို့ ထင်နေသေးတာလား”
လီရှောက်ယွင်မှ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
အရာရှိသည် တံထွေးမြိုချလိုက်ပြီး ...
“စတာပါ။ ဟားဟားဟား...” ဟု ပြန်ပြောလိုက်၏။
လီရှောက်ယွင်မှ သူ့အား ဝေ့ကြည့်လိုက်သည်နှင့် ထိုအရာရှိသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားသည်။ ပါးစပ်ပိတ်ပြီး စက္ကန့်ပိုင်းအတွင်းတွင် သူသည် တည်ငြိမ်ဟန်ဆောင်ကာ ကျင်းယွင်ကျောင်အား ကြည့်လိုက်၏။
“စိတ်မရှိပါနဲ့။ မပြောသင့်တာတွေ ပြောမိသွားတယ်။ ကျွန်တော်က ဒီအတိုင်း သခင်လေး လီရဲ့ ပုဝါက အရမ်း ရုပ်ဆိုးလွန်းတယ်လို့ ထင်လို့ပါ။ သူ ရုပ်ဆိုးတာ ဝတ်တယ်ဆိုရင် ဒီနေ့ စိတ်ကြည်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ...”
“မင်း ပါးစပ်ပိတ်ပေးရင် သေမှာ မို့လို့လား”
လီရှောက်ယွင်သည် သူ့အား စကား မပြောချင်တော့ချေ။
“ရှင်တို့က...သူငယ်ချင်းတွေလား” ကျင်းယွင်ကျောင်းက မေးလိုက်သည်။
“ကျွန်တော်က သခင်လေး လီရဲ့ ငယ်သူငယ်ချင်းပါ။ နာမည်က...”
ထိုအရာရှိမှ စကားဆုံးအောင် မပြောနိုင်ခင်ပင် လီရှောက်ယွင်သည် ကျင်းယွင်ကျောင်းအား ဘေးသို့ ဆွဲခေါ်သွားလိုက်သည်။
“သူ့ နာမည်က ဘာလဲဆိုတာ ဂရုမစိုက်နဲ့။ သိလည်း အရေးမပါဘူး။ သူ အတည်ပြောနေတာ မဟုတ်ဘူး”
အရာရှိမှ ပြုံးစိစိ ဖြစ်သွားသည်။ ဤလူ၏ စိတ်အခြေအနေသည် ထူးထူးဆန်းဆန်း ကောင်းနေလေသည်။ သူသည် ထိုသူတို့နောက်ကို မလိုက်ချေ။ ၎င်းအစား အနောက်သို့ လှည့်ကာ မုံ့လင်း၏ မျက်ခွက်တည့်တည့်သို့သာ ကန်လိုက်၏။
“ဘာကြည့်နေတာလဲ။ ခေါင်းကို ငုံ့ထားစမ်း”
ရဲနှင့် စစ်သား အဖွဲ့များသည် အတူတကွ အလုပ်လုပ်နေကြခြင်း ဖြစ်သောကြောင့် လူအရေအတွက် အတော်များပေသည်။ ရဲကားများသည် တစ်စီးပြီးတစ်စီးလာကာ လူများအား ရဲစခန်းဆီသို့ ဆွဲခေါ်သွားကြ၏။ ခရိုင်ရဲမှူးသည် စိတ်ပူနေခဲ့သော်လည်း မည်သို့ လုပ်ရမည်မှန်း မသိချေ။
မုံ့မိသားစုသည် မြို့တော်ထဲတွင် အာဏာရှင်တစ်ပါးဖြစ်သော်လည်း ယခုအကြိမ်တွင်မူ အကွက်ရွှေ့သူမှာ မြို့တော်၏ အင်အားစုများ မဟုတ်ပေ။ ထိပ်သီးမှ လူများ၏ လက်ချက် ဖြစ်သည်။ သူ၏ တစ်ဘဝစာလုံးတွင် မည်သို့မှ ထိပါးနိုင်မည် မဟုတ်သော ထိပ်သီး လူများ ဖြစ်သည်။ ထို့အပြင် သူသည် ရှောင်တခင် ဝင်စစ်ပြီးနောက် ဖုန်းတစ်ချက်သာ ခေါ်လိုက်သည်။ အားလုံးသည် မထင်မှတ်ထားသောကြောင့် လွန်စွာ အံ့သြထိတ်လန့်သွားလေ၏။
မုံ့လင်းသည် ပို၍ပင် စကားစ ရှာမရဖြစ်နေ၏။ သူသည် ဘောင်းဘီပင် သေချာ မဝတ်ရသေးခင် အကျဥ်းချ ခံလိုက်ရသည်။ တော်ဝင်နန်းတွင်းမှ ရာချီသော အုပ်ချုပ်ရေး အဖွဲ့ဝင်များ အားလုံးလည်း ဖမ်းချုပ်ခံလိုက်ရပြီး နေရာတွင်ရှိ မနေသည့် လူများလည်း အဖမ်းခံလိုက်ရသည်။ တော်ဝင်နန်းတွင်း၏ ခေါင်းဆောင်ကြီး တစ်ဦးအနေဖြင့် သူသည် အနီးကပ် စောင့်ကြည့်ခြင်းကို ခံနေရ၏။
“ကြည့်စမ်း။ ဒါက ငါတို့ ခေါင်းဆောင်ရဲ့ အမျိုးသမီးကို ခိုးဖို့ကြိုးစားနေတဲ့ ကောင်ပဲ... ကျွတ် ကျွတ် ကျွတ်...”
မုံ့လင်းသည် အခန်းတစ်ခုတွင် တစ်ယောက်တည်း အကျဥ်းချခံထားရသည်။ သူ့ ပတ်ပတ်လည်တွင် စစ်ဝတ်စုံအား ချွတ်ထားကြသော ယောက်ျားအချို့ဝန်းရံထား၏။
“ဒီကောင် သေချင်နေတာ မှတ်လား”
သူတို့ထဲမှ တစ်ယောက်သည် ပါးစပ်ကို ဟကာ ပြောလိုက်သည်။
“ခိုးလို့ ရသွားရင်တောင် ယောက်ျား တစ်ယောက်အနေနဲ့ မင်းကို လေးစားဦးမယ်။ အခုက မင်း သူ့ကို မရလိုက်ရုံမက ငါတို့ ခေါင်းဆောင် ရှေ့မှာလည်း ဥပဒေကို ဖောက်ဖျက်ရဲတယ်...”
“နတ်ဘုရားတွေတောင် မင်းကို မကယ်နိုင်ဘူး။ အခုလေးတင် မင်း အလောင်းအစား လုပ်တာ ရှုံးသွားတယ်လို့ ငါတို့ ခေါင်းဆောင် ပြောတယ်။ မင်းခြေထောက်နဲ့ လက်တွေကို...”
သူတို့ စကားပြောသည်နှင့် မုံ့လင်း၏ ခေါင်းသည် တစီစီ မြည်သွား၏။
“မင်းကများ ငါ့ကို ထိရဲတယ်။ ငါ့အဖေရဲ့ အဖွဲ့ဝင်ဟောင်းတွေက အခု မြို့တော်ထဲမှာ ရှိနေတယ်။ သူတို့က အာဏာရှိတဲ့ လူတွေကွ...”
မုံ့လင်းသည် ကြောက်လွန်းသဖြင့် ဒူးများပင် တုန်နေပြီး သူ့ကိုယ်သူ ဖက်ကာ ပြောလိုက်သည်။
“ခေါ်ကြည့်လိုက်လေ။ ညီအစ်ကိုတို့၊ ဒီကောင်ကို အရင် ဆော်ရအောင်”
ထိုစကားကို ပြောပြီးနောက် မုံ့လင်းသည် သူ့အရှေ့သို့ လူအချို့၏ မျက်နှာတိုးလာသည်ကို တွေ့လိုက်ရသည်။
မုံ့လင်း မသိလိုက်သည်မှာ သူ့ ဖခင်၏ ရဲဘော်ရဲဘက်များသည်လည်း သေမိန့်ကျ ခံနေရခြင်းဖြစ်သည်။ သူတို့သည် ဘာမှ မလုပ်ပေးနိုင်ချေ။ ထို့အပြင် မုံ့လင်း၏ ပြစ်မှုမှာ ကြီးလွန်းသဖြင့် သူ့ ဖခင်ထက် ကြီးသောသူများပင် သူ့အား ဖုံးဖိနေရသည့် အခြေအနေ ဖြစ်သည်။ သူသည် ယခုအချိန်၌ နဂါးဘုရင်အဖြစ်သို့ ပြောင်းလျှင်ပင် ဤအခြေအနေအား ပြောင်းပြန်လှန်နိုင်မည် မဟုတ်ချေ။
Space and Rebirth - 480
Trans: Esth
မုံ့လင်း၏ စူးဝါးစွာ အော်ဟစ်သံများသည် တော်တော်နှင့် မစဲချေ။ မကြာမီတွင် မြေပြင်ပေါ်၌ သွေးများ အိုင်ထွန်းလာလေသည်။ သူ၏ လက်ကြောနှင့် ခြေကြောများလည်း အားလုံး ပြတ်တောက်ကုန်ပြီ ဖြစ်သည်။
လီရှောက်ယွင်မှာမူ ဟိုတယ်၌ ရှိနေကာ သုံးဦးသားသည် အနားယူလျက်ရှိသည်။ ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းအား အခြေအနေကို ရှင်းပြလိုက်၏။ ပိုင်ယွီအန်းလည်း သတင်းကြားသောအခါ အလွန် အံ့သြ တုန်လှုပ်သွားလေသည်။
သူသည် မကြာသေးမီက ဖွင့်သော တော်ဝင်နန်းတော် အကြောင်းကို ကြားဖူးခဲ့သည်။ ၎င်း ဖွင့်စက သူ့ကို လာရန်ပင် ဖိတ်ကြားခံခဲ့ရသည်။ သို့သော် ထိုနေရာသည် မုံ့လင်း၏ လက်ခုပ်ထဲတွင်ရှိကြောင်း ကြားလိုက်ရသောအခါ သူသည် တည့်တိုးပင် ငြင်းဆန်ခဲ့၏။ ထိုကဲ့သို့သော နေရာမျိုးသည် မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
တော်ဝင်နန်းတော် ဆောက်လုပ်စဥ်က ငွေကြေးအကုန်အကျ အလွန်များပြားခဲ့သည်။ အတွင်း အပြင် ဆင်ယင်မှု စရိတ်ဖြင့်ပင် သိန်းသန်းချီကုန်ဆုံးနေပြီ ဖြစ်သည်။ လူများစွာသည် အတွင်းထဲမှ အရောင်းအဝယ် ကိစ္စများကို သိနေခဲ့သော်လည်း အနောက်တွင် လက်မည်းကြီး ရှိနေသဖြင့် မည်သူမျှ ဝင်ရောက် မစွက်ဖက်ရဲချေ။
အနည်းဆုံးတော့ နင်း မြို့တော်ထဲတွင် မည်သူမျှ မုံ့လင်းအား ဤကဲ့သို့ မစော်ကားရဲ။ သူတို့သည် ထိုကဲ့သို့ မုံ့လင်းအား စော်ကားရုံမက ဖမ်းပင် ဖမ်းချုပ်လိုက်သေးသည်။ ရဲစခန်းတွင် လူအုပ်ကြီးဖြင့် ပြည့်လျှံနေသည်။
ချောမောလှပသော အမျိုးသား၊ အမျိုးသမီးများကြောင့် လူများ၏ မျက်လုံးများ ဝင်းလက်ကုန်သည်။ တော်ဝင်နန်းတော်တွင်းကို အပြည့်အဝ ရှင်းလင်းထားခြင်း ဖြစ်သည်။ အတွင်းရှိ လူများအားလုံး၏ စာရင်းသည်လည်း ရဲ လက်ထဲတွင် ရှိနေ၏။ ဒါရိုက်တာ များစွာ၏ ရှေ့တွင် ၎င်းစာရင်းကို ချပြလိုက်သောအခါ သူတို့သည် အံ့သြထိတ်လန့်လွန်း၍ ဆွံ့အကုန်ကြသည်။
ပြည်သူ့ဆက်ဆံရေး ဌာန စတင်ဖွင့်လှစ်သည့်အချိန်မှ စ၍ ဤအမျိုးသား၊ အမျိုးသမီးများ ပါဝင် ပတ်သတ်ထားသော ဧည့်သည်များ၊ အချိန် မှတ်တမ်းများ၊ အရောင်းအဝယ် ပမာဏများအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထား၏။ အဆင့်လိုက်ပင် ခွဲခြားထားသေးသည်။ ထို့အပြင် အထူးအဆင့်အတန်း ရှိသော အချို့ဧည့်သည်များအကြောင်းကိုလည်း မှတ်တမ်းတင်ထားသည်။ သူတို့၏ အကြိုက်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ထိုစာရင်းထဲ ထည့်သွင်းထား၏။
ဤစာရင်းမျိုးကို မြင်ရလျှင် မည်သူက စိတ်တည်ငြိမ်နိုင်မည်နည်း။
ကံကောင်းစွာဖြင့် ဤကိစ္စအား အထက်လူကြီးများကို တိုက်ရိုက် တင်ပြထားသောကြောင့် သူတို့သည် အချက်အလက်များကို မြင်သာမြင်ရပြီး ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ သို့သော် ဤနေရာတွင် အဖမ်းခံရသော ဧည့်သည်တိုင်းသည် လိင်မှုကိစ္စဆိုင်ရာ အရောင်းအဝယ်ကြောင့်သာ လာရောက်ခြင်း မဟုတ်ပေ။ အချို့သည် စီးပွားရေးကြောင့် လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် အဖော်ခေါ်ရန် တိုက်တွန်းခံရသော်လည်း ဘာမျှ မလုပ်ခဲ့ကြချေ။
ဤလူများကိုမူ စစ်ကြော မေးမြန်းပြီး သတိပေးခဲ့သော်လည်း ကြီးလေးစွာ မကိုင်တွယ်တော့။ မဟုတ်လျှင် ရဲ ဌာနသည် ယနေ့ ထိုင်ရတော့မည် မဟုတ်ပေ။
သို့တိုင်အောင် လူအရေအတွက်သည် နည်းလှသည် မဟုတ်။
အိပ်ရာထဲတွင် လက်ပူးလက်ကြပ် မိသော လူအရေအတွက်မှာ အလွန် များပြားလှပေသည် မဟုတ်လော။ ဓာတ်ပုံများ ရိုက်ထားသောကြောင့် ငြင်းဆန်၍ မရတော့ချေ။ မိန်းမလှများ၊ ယောက်ျားချောများ၏ သက်သေခံချက်နှင့် တွဲလိုက်လျှင် ပြစ်မှု ထင်ရှားနေပေပြီ။ ထောင်ချသင့်သူများကို ထောင်ချပြီး ပညာပေးသင့်သူကို ပေးကာ ဒဏ်ကြေးကောက်သင့်သူများကို ကောက်ပြီးနောက် ရဲ စခန်း တစ်ခွင်လုံးသည် ပျားပန်းခတ် အလုပ်ရှုပ်နေလေသည်။
ရှောင်ချင်းသည် အဝတ် မစို့မပို့ဖြင့် ချောင်တစ်နေရာတွင် ဆောင့်ကြောင့် ထိုင်ချနေ၏။ သူမသည် အလင်းရောင်နှင့် ထိတွေ့မိသည်နှင့် အနောက်သို့ ကျုံ့ကာ ပြန်ဝင်သွားလေသည်။ ဤသည်မှာ သူမအနေဖြင့် ရဲစခန်းသို့ ပထမဆုံးအကြိမ် လာခြင်း ဖြစ်သော်လည်း ဤသို့ပုံစံဖြင့် ဖြစ်နေသောကြောင့် သူမ လွန်စွာ စိတ်လှုပ်ရှားနေလေသည်။
“ရှောင်ချင်း”
လူအုပ်ထဲမှ ကောင်လေးတစ်ဦး အပြေးအလွှားဖြင့် ရောက်လာသည်။ ရှောင်ချင်းသည် သူ့ကို တွေ့သည်နှင့် ချုံးပွဲချ ငိုတော့၏။
“ယင်ဒိ...ငါ ဘာလုပ်ရမလဲ။ မြန်မြန် ရဲကို စကား ပြောပေးစမ်းပါ။ ငါ အိမ်ပြန်ချင်တယ်။ ငါ အရမ်းကြောက်နေပြီ...”
ယင်ဒိ အမည်ရှိ ကောင်လေးသည် သူ၏ ချစ်လှစွာသော ရည်းစား ကောင်မလေးမှ အဖမ်းခံရပြီး ရဲစခန်းသို့ ရောက်နေသည်ကို ကြားလိုက်သောအခါ သူ၏ ပထမဆုံး တုံ့ပြန်ချက်က အခြားသူများနှင့် နှိုင်းယှဥ်၍ မရနိုင်သည့် ဒေါသ ဖြစ်သည်။
သူ၏ နှလုံးသားထဲတွင် ရှောင်ချင်းမှာ အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းပေသည်။ ပုံမှန်ဆိုလျှင် သူမသည် ကြောက်တတ်လွန်းသဖြင့် ယောက်ျားလေးနှင့် မိန်းကလေးကြား အခြေခံ အကျဆုံး ထိတွေ့မှုမျိုးကိုပင် ငြင်းဆန်တတ်သူ ဖြစ်သည်။ သူမလိုလူမျိုးသည် ဤအရေးကိစ္စမျိုးတွင် အဘယ်သို့ ပါဝင် ပတ်သတ်နိုင်မည်နည်း။
သို့သော် သူမကို တွေ့လိုက်သောအခါ ယင်ဒိအနည်းငယ် မသေမချာ ဖြစ်သွားသည်။
သူမ၏ အကြည့်များသည် ရီဝေဝေ ဖြစ်နေပြီး ခန္ဓာကိုယ်မှာလည်း ပွန်းပဲ့နေသည့်အပြင် နှုတ်ခမ်းများမှာလည်း ဖူးယောင်ကိုင်းနေ၏။ သူမ၏ မျက်လုံးများမှာ ပန်းရောင်သန်းနေပြီး သူမ၏ ရင်ဘတ်မှာလည်း လှစ်ဟလျက်ရှိသည်။
သူမ၏ ခြေတံရှည်များမှာ ပေါင်ရင်းထိ ပေါ်လုမတတ် ဖြစ်နေ၏။
ယခုအချိန်မှာ လနှစ်အရ ပထမလသာ ရှိသေးပြီး အပူချိန်မှာလည်း အလွန် နိမ့်သေးသည်။ သူသာ ဤကိစ္စထဲတွင် ပါဝင်ပ တ်သတ်ခြင်း မရှိသူဆိုလျှင် အဘယ်ကြောင့် ထိုကဲ့သို့ ဝတ်စားဆင်ယင်ထားရသနည်း။